မောင့်ချယ်ရီ ဝေသောမြေ (Emerge...

By Milk_tea_94

47.9K 2.2K 138

ခွဲစိတ်ဆရာဝန်နဲ့ အထွေထွေရောဂါကုဆရာဝန် ကြားက ဇာတ်လမ်းတစ်ပုဒ် ပါ မတူညီတဲ့ပြိုင်မျဥ်းတွေဟာ လားရာတစ်ခုတည်းအတူသ... More

👨🏻‍⚕️👨🏻‍⚕️
Dr.
၁၀
၁၁
၁၂
၁၃
၁၄
၁၅
View
၁၆
၁၇
၁၈
၁၉
၂၀ (End)
View
ကလောမြေရဲ့ည

1.8K 95 11
By Milk_tea_94

" ဆရာ့အတွက် ယူခဲ့တာ စားလိုက်နော့် "

လက်ထဲကို ထည့်ပေးလာသည့် ဖက်ရွက်အထုပ်တွေဟာ အများကြီးပင်။ ပအို့ဝ်ခေါင်းပေါင်းပေါင်းထားသည့် အမိုးဟာ စကားသံဝဲဝဲဖြင့် ပြောရင်း မုန့်တွေကို အတင်းထိုးထည့်ပေးသည်။

" အမိုး ဒီလောက်အများကြီး မလိုဘူးလေ "

" များများစား များများစားမှ လူနာတွေကို များများကုနိုင်မှာ "

အမိုးစိတ်ကျေနပ်စေရန် မုန့်ထုပ်တွေကိုယူထားလိုက်ရသည်။ ရက်ချိန်းပြန်လာပြသည့်အမိုးဟာ သူ့ကိုပေးရန်အတွက် သီးသန့်လုပ်လာပေးသည့်ပုံပင်။ ရာသီဥတုက အေးနေသော်လည်း မုန့်ထုပ်တွေဟာ ပူနွေးနေဆဲ။ လူနာတွေကို အကုန်ကြည့်ပြီးသွားတော့မှ ဆရာမလေးတွေကို မုန့်ထုပ်တွေပေးလိုက်ရင်း

" အကုန်လုံး အတူတူစားကြတာပေါ့ဗျာ "

" ဟုတ်ကဲ့ဆရာ ကျွန်မတို့ နားနေခန်းထဲမှာ ပြင်ထားလိုက်မယ်နော် "

သူ့အခန်းထဲ ပြန်ကာ လက်ဆေးလိုက်ပြီးနောက် ဗီရိုထဲက ကော်ဖီထုပ်ကိုယူ၍ သောက်နေကျခွက်ထဲဖောက်ထည့်ကာ ဖျော်လိုက်သည်။ ကော်ဖီခွက်ကို ကိုင်ရင်း ဆရာမနားနေခန်းဘက်ရောက်တော့ ပန်းကန်ပြားတွေထဲ ထည့်ထားသည့် မုန့်တွေကို တွေ့လိုက်ရသည်။

"ဆရာရေ ဟင်းထုပ်တွေရော မုန်ညှင်းပေါင်းတွေရော ပေးခဲ့တာ အများကြီးပဲ "

ဆန်မှုန့်နှင့်သေချာပေါင်းထားသည့် မုန့်တွေဟာ အမြင်နှင့်ပင် စားချင်စရာကောင်းလှသည်။

" လာပြီဗျာ ဂျူးချောင်းနဲ့ ငရုပ်ကြော် ရလာပါပြီဗျာ "

ဖြိုးသူဟာ ကျွတ်ကျွတ်အိတ်တွေကို မြှောက်ရင်း အပြေးဝင်လာသည်။ သူ့ကို မြင်တော့ ကိုယ်ရှိန်သပ်ကာ စပ်ဖြီးဖြီးနှင့်ရယ်ရင်း ဆရာမလေးတွေအနား တိုးကပ်သွားသည်။ဂျူးမြစ်တွေကို ရေသေချာဆေးကာ ပန်းကန်ပြားထဲထည့်ပြီး ငရုပ်သီးတောင့်ကြော်တွေကိုပါ ပန်းကန်လုံးထဲ ထည့်လိုက်သည်။ မုန်ညှင်းချဥ်ဟာလည်း ပန်းကန်တစ်လုံးနှင့် သီးသန့်ရှိနေခဲ့သည်။ တာဝန်ကျ ဆရာဝန် ဆရာမစုစုပေါင်းမှ ၅ယောက်သာ ရှိသည်မို့ စားပွဲတစ်ခုတည်းမှာ အတူဝင်ထိုင်ကြလျှင်တောင် နေရာတွေက လွတ်နေသေးသည်။

" ကဲ ပူတုန်းစားကြရအောင် "

ကောက်ညှင်းဆန်မှုန့်စေးစေးနှင့် ရောထွေးနေသော မုန်ညှင်းရွက်ဟာ အခါးဓာတ်အနည်းငယ်ရနေပေမယ့် မုန်ညှင်းချဥ်၊ ငရုပ်သီးကြော်တို့နှင့် ရောစားလိုက်သောအခါ အရသာရှိလွန်းလှသည်။ ဂျူးမြစ်ကလည်း ဝါးလိုက်လျှင် ကျွတ်ဆတ်နေလေရာ အကုန်လုံးက အကြိုက်တွေ့ကြသည်။

ကလင်..ကလင်....လင်....

စားပွဲပေါ်ရှိ ဖုန်းမြည်သံကြောင့် နန်းခမ်းနောင့် က သွားကိုင်သည်။

" hello surgical ward ကပါရှင့် " ( ခွဲစိတ်ဆောင် )

" ဟုတ်ကဲ့ ရှိပါတယ် ဟုတ် ပြောလိုက်ပါ့မယ် "

ဖုန်းချလိုက်သော ဆရာမလေးက လှမ်းအော်သည်။

" ဆရာဖြိုးသူ OG ward က လာကူပေးပါဦးတဲ့ ဆရာအောင်နိုင်က LSCS ဝင်နေတာမို့ Normal labour အတွက် ကြည့်ပေးမယ့်သူ မရှိလို့ပါတဲ့ "

( OG ward သားဖွားမီးယပ် ၊ LSCS ခွဲစိတ် ပြီးမွေး၊ Normal labour ရိုးရိုးမွေး )

ဆရာမလေးရဲ့ အသံကို ကြားရတော့ ဖြိုးသူက ရှုံ့မဲ့သွားကာ ညည်းတော့သည်။

" Surgical ward မှာလည်း MO လုပ်ရသေး Emergency အတွက်လည်း တာဝန်ချထားပြီးတော့ ငါက OG ကိုပါ သွားကူရဦးမယ် "

" Emergency မှာပဲ သွားနေလိုက်ပါ ဖြိုးသူ OG ward ကို အစ်ကို သွားကြည့်ပေးမယ် "

သူ့စကားကိုကြားတော့ ပြုံးရယ်ကာ ဝမ်းသာအားရနဲ့ ပြောလာသည်။

" ကြည့်ပေးရင်တော့ ကောင်းတာပေါ့ ဆရာ ဒါပေမယ့် အစ်မ OG သိရင် အဆူခံရမှာဗျ "

" ငါပြောလိုက်ပါ့မယ် "

ဘေးချင်းကပ်လျက် အဆောင်ဆီရောက်တော့ မွေးခါနီးကိုယ်ဝန်ဆောင်သည်ရဲ့ အော်သံတွေက ဆီးကြိုနေခဲ့သည်။

" အားးးး အမေရေ..... နာလိုက်တာ... အမေရေ... အမလေးလေးးးး ကျွတ် ကျွတ် အမလေး ဆရာမရေ နာလိုက်တာ "

သူ့ကိုမြင်တော့ ဆရာမလေးက တအံ့တသြဖြင့် ကြည့်ကာ ပြောလာသည်။

" ဟယ် ဆရာမိုးသောက် ရောက်လာတာလား "

" ဟုတ်တယ် ဖြိုးသူက မအားသေးလို့လေ "

" ဟုတ်ကဲ့ဆရာ လူနာက G2 P1+0 ပါ " ( ဒုတိယအကြိမ် ကိုယ်ဝန်ဆောင် )

" pain ဝင်နေပြီလား "

" pain က 4in 10 mins ကိုမှ 40sec ရောက်နေပြီဆရာ " ( မွေးခါနီး ညှစ်အားကို တိုင်းတာ )

လက်အိတ်ကို ဝတ်ကာ လူနာ၏ အောက်ပိုင်းကို လှန်ကြည့်လိုက်သည်။ ခေါင်းက ဆံပင်စကို လှမ်းမြင်နေရပြီ ဖြစ်သဖြင့် မွေးခန်းထဲ ခေါ်သွားဖို့ကိုသာ ညွှန်ကြားလိုက်ရတော့သည်။

" head ဆင်းနေပြီပဲ labour room ထဲ ခေါ်သွားတော့ ဘယ်သူ မွေးပေးမှာလဲ "

" ရတယ် ဆရာ ကျွန်မတို့ပဲ မွေးလိုက်မယ် "

OG ward တာဝန်ကျနေသည့် ဆရာမများပေမို့ မွေးဖွားရာတွင် အခက်အခဲမရှိပေ။ စည်းကမ်းအရသာ ဆရာဝန်ကို ခေါ်ထားလိုက်ခြင်းမှန်း နားလည်ထားကြပေသည်။ ​မွေး ခန်းထဲရောက်ချိန်မှာတော့ မိခင်ဟာ ကုတင်ပေါ်တွင် ဒူးထောင်ပေါင်ကား အနေအထားဖြင့်လှဲနေချေပြီ။ ဆရာမနှစ်ယောက်ဟာ မွေးဖွားရန်အတွက် အသင့်ပြင်ကာ လက်အိတ်ကိုယ်စီစွတ်လျက် စတင်တော့သည်။ ထုံဆေးကို မွေးလမ်းကြောင်းချဲ့မည့်နေရာတွင် ထိုးကာ အမေကိုလည်း ညှစ်ဖို့တွန်းအားပေးကြသည်။ သန့်ရှင်းရေးဝန်ထမ်းတွေကပါ ဝိုင်းကူပြီး အားပေးကြသဖြင့် မွေးခန်းထဲတွင် အသံတွေဟာ ဆူညံနေခဲ့သည်။

" ညှစ်... ညှစ်.. ညှစ် "

" ဟုတ်ပြီ ထွက်တော့မယ် ထွက်တော့မယ် ညှစ်ထား ညှစ်ထား "

" အီးးးးးးးးး အစ်.... "

မိခင်ကလည်း ညှစ်တော့ညှစ်ရှာသည်။ အားက သေချာမသုံးတတ်။ ဘေးက စောင့်ကြည့်နေသည့် သူကလည်း မနေသာဘဲ တွန်းအားပေးရတော့သည်။

"အမေ လည်ချောင်းသံကြီးနဲ့ပဲ ညှစ်မနေနဲ့ အိမ်သာတက်သလို ညှစ်ချလိုက် "

" ဟဲ့ တင်ပါးကို အပေါ်​မြှောက်မပစ်နဲ့လေ တင်ပါးကို အောက်ချ အားနဲ့ ညှစ် လက်တွေက ကုတင်ကိုပဲ ကိုင်ထား အောက်ရောက်မလာနဲ့ "

" ဟုတ်ပြီ လာပြီ ညှစ်မယ် ထွက်အောင် ညှစ်မယ်... ဟုတ်ပြီ ညှစ် ညှစ် ညှစ်.. ထွက်လာပြီ ထွက်လာပြီ "

ကလေးခေါင်းထွက်လာတော့ ဆရာမက အလိုက်တသင့်ပင် ထိန်းကာ ကိုယ်လုံးလေးပါ ထွက်လာအောင် လှည့်ယူလိုက်သည်။ မိခင်ရဲ့ ဆီးစပ်ခုံပေါ် ကလေးကို တင်လိုက်တော့ ကလေးအော်ငိုသံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။

အူဝဲ .. အူဝဲ... အူဝဲ

ထိုအချိန်တွင် အခြားဆရာမတစ်ယောက်က အမေ၏လက်ထဲတွင် ဆေးထိုးပြီးသလို ချိတ်ထားသည့် ဆေးပုလင်းထဲတွင်လည်း ဆေးကို ထိုးသွင်းလိုက်သည်။

" synto 10 U နော် ညီမလေး " ( သားအိမ်ညှစ်အားကောင်းသောဆေး)

" ဟုတ်တယ် အစ်မ "

ဆရာမတွေဟာ သူ့အလုပ်သူ တာဝန်ကျရာ အချိန်မှီလုပ်ဆောင်နေသဖြင့် သူဟာ ရပ်ကြည့်နေရုံသာ။ အချင်းချပြီး ပြန်ချုပ်သည်အထိ စောင့်ကြည့်ပေးပြီးမှ မွေးခန်းထဲက ထွက်လာခဲ့သည်။ ခွဲစိတ်ဆောင်ဆီ ပြန်ရောက်တော့ ဖြိုးသူဟာ Emergency မှာ ပြေးလွှားနေပြီမှန်း သိလိုက်ရသည်။သူသည်လည်း အခန်းထဲက ကားသော့နဲ့ အိတ်ကိုယူကာ တောင်ကြီးမြို့ပေါ် တက်ရန် ပြင်တော့သည်။

" ဆရာမ သွားပြီနော် "

" ဟုတ်ကဲ့ ဆရာ "

တစ်နေ့တာဟာ သည်လိုနှင့်ပင် ကုန်ဆုံးခဲ့ရသည်။ ကားကို ဖြည်းဖြည်းမောင်းရင်း ဘေးပတ်ဝန်းကို ငေးကာ ဖွင့်ထားသည့် သီချင်းကို ပင် လိုက်ညည်းနေမိတော့သည်။ ရှမ်းပြည်ရဲ့ ရှုခင်းတွေဟာ သိပ်ကို လှပသည်မဟုတ်ပါလား။

" တောင်ပေါ်မြေမှာ... တော်ဝင်ပိတောက်ပန်း မရှိပေမယ့်.... ဖြူစင်စိတ်ထား အရိုးခံစိတ်ရင်း ရှိကြတယ်...... ချယ်ရီတွေရယ် ဧည့်ဝတ် မပျက်ပါဘူး ...ကွယ့် အချစ်ရယ် "

သြော် ချယ်ရီ ပွင့်ချိန်တောင် နီးလာပါပေါ့လား....

ဆက်ရန်

Zawgyi

" ဆရာ့အတြက္ ယူခဲ့တာ စားလိုက္ေနာ့္ "

လက္ထဲကို ထည့္ေပးလာသည့္ ဖက္႐ြက္အထုပ္ေတြဟာ အမ်ားႀကီးပင္။ ပအို႔ဝ္ေခါင္းေပါင္းေပါင္းထားသည့္ အမိုးဟာ စကားသံဝဲဝဲျဖင့္ ေျပာရင္း မုန့္ေတြကို အတင္းထိုးထည့္ေပးသည္။

" အမိုး ဒီေလာက္အမ်ားႀကီး မလိုဘူးေလ "

" မ်ားမ်ားစား မ်ားမ်ားစားမွ လူနာေတြကို မ်ားမ်ားကုနိုင္မွာ "

အမိုးစိတ္ေက်နပ္ေစရန္ မုန့္ထုပ္ေတြကိုယူထားလိုက္ရသည္။ ရက္ခ်ိန္းျပန္လာျပသည့္အမိုးဟာ သူ႕ကိုေပးရန္အတြက္ သီးသန့္လုပ္လာေပးသည့္ပုံပင္။ ရာသီဥတုက ေအးေနေသာ္လည္း မုန့္ထုပ္ေတြဟာ ပူႏြေးေနဆဲ။ လူနာေတြကို အကုန္ၾကည့္ၿပီးသြားေတာ့မွ ဆရာမေလးေတြကို မုန့္ထုပ္ေတြေပးလိုက္ရင္း

" အကုန္လုံး အတူတူစားၾကတာေပါ့ဗ်ာ "

" ဟုတ္ကဲ့ဆရာ ကြၽန္မတို႔ နားေနခန္းထဲမွာ ျပင္ထားလိုက္မယ္ေနာ္ "

သူ႕အခန္းထဲ ျပန္ကာ လက္ေဆးလိုက္ၿပီးေနာက္ ဗီရိုထဲက ေကာ္ဖီထုပ္ကိုယူ၍ ေသာက္ေနက်ခြက္ထဲေဖာက္ထည့္ကာ ေဖ်ာ္လိုက္သည္။ ေကာ္ဖီခြက္ကို ကိုင္ရင္း ဆရာမနားေနခန္းဘက္ေရာက္ေတာ့ ပန္းကန္ျပားေတြထဲ ထည့္ထားသည့္ မုန့္ေတြကို ေတြ႕လိုက္ရသည္။

"ဆရာေရ ဟင္းထုပ္ေတြေရာ မုန္ညွင္းေပါင္းေတြေရာ ေပးခဲ့တာ အမ်ားႀကီးပဲ "

ဆန္မႈန့္ႏွင့္ေသခ်ာေပါင္းထားသည့္ မုန့္ေတြဟာ အျမင္ႏွင့္ပင္ စားခ်င္စရာေကာင္းလွသည္။

" လာၿပီဗ်ာ ဂ်ဴးေခ်ာင္းနဲ႕ င႐ုပ္ေၾကာ္ ရလာပါၿပီဗ်ာ "

ၿဖိဳးသူဟာ ကြၽတ္ကြၽတ္အိတ္ေတြကို ျမႇောက္ရင္း အေျပးဝင္လာသည္။ သူ႕ကို ျမင္ေတာ့ ကိုယ္ရွိန္သပ္ကာ စပ္ၿဖီးၿဖီးႏွင့္ရယ္ရင္း ဆရာမေလးေတြအနား တိုးကပ္သြားသည္။ဂ်ဴးျမစ္ေတြကို ေရေသခ်ာေဆးကာ ပန္းကန္ျပားထဲထည့္ၿပီး င႐ုပ္သီးေတာင့္ေၾကာ္ေတြကိုပါ ပန္းကန္လုံးထဲ ထည့္လိုက္သည္။ မုန္ညွင္းခ်ဥ္ဟာလည္း ပန္းကန္တစ္လုံးႏွင့္ သီးသန့္ရွိေနခဲ့သည္။ တာဝန္က် ဆရာဝန္ ဆရာမစုစုေပါင္းမွ ၅ေယာက္သာ ရွိသည္မို႔ စားပြဲတစ္ခုတည္းမွာ အတူဝင္ထိုင္ၾကလွ်င္ေတာင္ ေနရာေတြက လြတ္ေနေသးသည္။

" ကဲ ပူတုန္းစားၾကရေအာင္ "

ေကာက္ညွင္းဆန္မႈန့္ေစးေစးႏွင့္ ေရာေထြးေနေသာ မုန္ညွင္း႐ြက္ဟာ အခါးဓာတ္အနည္းငယ္ရေနေပမယ့္ မုန္ညွင္းခ်ဥ္၊ င႐ုပ္သီးေၾကာ္တို႔ႏွင့္ ေရာစားလိုက္ေသာအခါ အရသာရွိလြန္းလွသည္။ ဂ်ဴးျမစ္ကလည္း ဝါးလိုက္လွ်င္ ကြၽတ္ဆတ္ေနေလရာ အကုန္လုံးက အႀကိဳက္ေတြ႕ၾကသည္။

ကလင္..ကလင္....လင္....

စားပြဲေပၚရွိ ဖုန္းျမည္သံေၾကာင့္ နန္းခမ္းေနာင့္ က သြားကိုင္သည္။

" hello surgical ward ကပါရွင့္ " ( ခြဲစိတ္ေဆာင္ )

" ဟုတ္ကဲ့ ရွိပါတယ္ ဟုတ္ ေျပာလိုက္ပါ့မယ္ "

ဖုန္းခ်လိဳက္ေသာ ဆရာမေလးက လွမ္းေအာ္သည္။

" ဆရာၿဖိဳးသူ OG ward က လာကူေပးပါဦးတဲ့ ဆရာေအာင္နိုင္က LSCS ဝင္ေနတာမို႔ Normal labour အတြက္ ၾကည့္ေပးမယ့္သူ မရွိလို႔ပါတဲ့ " ( OG ward သားဖြားမီးယပ္ ၊ LSCS ခြဲစိတ္ ၿပီးေမြး၊ Normal labour ရိုးရိုးေမြး )

ဆရာမေလးရဲ႕ အသံကို ၾကားရေတာ့ ၿဖိဳးသူက ရႈံ႕မဲ့သြားကာ ညည္းေတာ့သည္။

" Surgical ward မွာလည္း MO လုပ္ရေသး Emergency အတြက္လည္း တာဝန္ခ်ထားၿပီးေတာ့ ငါက OG ကိုပါ သြားကူရဦးမယ္ "

" Emergency မွာပဲ သြားေနလိုက္ပါ ၿဖိဳးသူ OG ward ကို အစ္ကို သြားၾကည့္ေပးမယ္ "

သူ႕စကားကိုၾကားေတာ့ ၿပဳံးရယ္ကာ ဝမ္းသာအားရနဲ႕ ေျပာလာသည္။

" ၾကည့္ေပးရင္ေတာ့ ေကာင္းတာေပါ့ ဆရာ ဒါေပမယ့္ အစ္မ OG သိရင္ အဆူခံရမွာဗ် "

" ငါေျပာလိုက္ပါ့မယ္ "

ေဘးခ်င္းကပ္လ်က္ အေဆာင္ဆီေရာက္ေတာ့ ေမြးခါနီးကိုယ္ဝန္ေဆာင္သည္ရဲ႕ ေအာ္သံေတြက ဆီးႀကိဳေနခဲ့သည္။

" အားးးး အေမေရ..... နာလိုက္တာ... အေမေရ... အမေလးေလးးးး ကြၽတ္ ကြၽတ္ အမေလး ဆရာမေရ နာလိုက္တာ "

သူ႕ကိုျမင္ေတာ့ ဆရာမေလးက တအံ့တၾသျဖင့္ ၾကည့္ကာ ေျပာလာသည္။

" ဟယ္ ဆရာမိုးေသာက္ ေရာက္လာတာလား "

" ဟုတ္တယ္ ၿဖိဳးသူက မအားေသးလို႔ေလ "

" ဟုတ္ကဲ့ဆရာ လူနာက G2 P1+0 ပါ " ( ဒုတိယအႀကိမ္ ကိုယ္ဝန္ေဆာင္ )

" pain ဝင္ေနၿပီလား "

" pain က 4in 10 mins ကိုမွ 40sec ေရာက္ေနၿပီဆရာ " ( ေမြးခါနီး ညွစ္အားကို တိုင္းတာ )

လက္အိတ္ကို ဝတ္ကာ လူနာ၏ ေအာက္ပိုင္းကို လွန္ၾကည့္လိုက္သည္။ ေခါင္းက ဆံပင္စကို လွမ္းျမင္ေနရၿပီ ျဖစ္သျဖင့္ ေမြးခန္းထဲ ေခၚသြားဖို႔ကိုသာ ၫႊန္ၾကားလိုက္ရေတာ့သည္။

" head ဆင္းေနၿပီပဲ labour room ထဲ ေခၚသြားေတာ့ ဘယ္သူ ေမြးေပးမွာလဲ "

" ရတယ္ ဆရာ ကြၽန္မတို႔ပဲ ေမြးလိုက္မယ္ "

OG ward တာဝန္က်ေနသည့္ ဆရာမမ်ားေပမို႔ ေမြးဖြားရာတြင္ အခက္အခဲမရွိေပ။ စည္းကမ္းအရသာ ဆရာဝန္ကို ေခၚထားလိုက္ျခင္းမွန္း နားလည္ထားၾကေပသည္။ ေမြး ခန္းထဲေရာက္ခ်ိန္မွာေတာ့ မိခင္ဟာ ကုတင္ေပၚတြင္ ဒူးေထာင္ေပါင္ကား အေနအထားျဖင့္လွဲေနေခ်ၿပီ။ ဆရာမႏွစ္ေယာက္ဟာ ေမြးဖြားရန္အတြက္ အသင့္ျပင္ကာ လက္အိတ္ကိုယ္စီစြတ္လ်က္ စတင္ေတာ့သည္။ ထုံေဆးကို ေမြးလမ္းေၾကာင္းခ်ဲ့မည့္ေနရာတြင္ ထိုးကာ အေမကိုလည္း ညွစ္ဖို႔တြန္းအားေပးၾကသည္။ သန့္ရွင္းေရးဝန္ထမ္းေတြကပါ ဝိုင္းကူၿပီး အားေပးၾကသျဖင့္ ေမြးခန္းထဲတြင္ အသံေတြဟာ ဆူညံေနခဲ့သည္။

" ညွစ္... ညွစ္.. ညွစ္ "

" ဟုတ္ၿပီ ထြက္ေတာ့မယ္ ထြက္ေတာ့မယ္ ညွစ္ထား ညွစ္ထား "

" အီးးးးးးးးး အစ္.... "

မိခင္ကလည္း ညွစ္ေတာ့ညွစ္ရွာသည္။ အားက ေသခ်ာမသုံးတတ္။ ေဘးက ေစာင့္ၾကည့္ေနသည့္ သူကလည္း မေနသာဘဲ တြန္းအားေပးရေတာ့သည္။

"အေမ လည္ေခ်ာင္းသံႀကီးနဲ႕ပဲ ညွစ္မေနနဲ႕ အိမ္သာတက္သလို ညွစ္ခ်လိဳက္ "

" ဟဲ့ တင္ပါးကို အေပၚျမႇောက္မပစ္နဲ႕ေလ တင္ပါးကို ေအာက္ခ် အားနဲ႕ ညွစ္ လက္ေတြက ကုတင္ကိုပဲ ကိုင္ထား ေအာက္ေရာက္မလာနဲ႕ "

" ဟုတ္ၿပီ လာၿပီ ညွစ္မယ္ ထြက္ေအာင္ ညွစ္မယ္... ဟုတ္ၿပီ ညွစ္ ညွစ္ ညွစ္.. ထြက္လာၿပီ ထြက္လာၿပီ "

ကေလးေခါင္းထြက္လာေတာ့ ဆရာမက အလိုက္တသင့္ပင္ ထိန္းကာ ကိုယ္လုံးေလးပါ ထြက္လာေအာင္ လွည့္ယူလိုက္သည္။ မိခင္ရဲ႕ ဆီးစပ္ခုံေပၚ ကေလးကို တင္လိုက္ေတာ့ ကေလးေအာ္ငိုသံက က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာသည္။

အူဝဲ .. အူဝဲ... အူဝဲ

ထိုအခ်ိန္တြင္ အျခားဆရာမတစ္ေယာက္က အေမ၏လက္ထဲတြင္ ေဆးထိုးၿပီးသလို ခ်ိတ္ထားသည့္ ေဆးပုလင္းထဲတြင္လည္း ေဆးကို ထိုးသြင္းလိုက္သည္။

" synto 10 U ေနာ္ ညီမေလး " ( သားအိမ္ညွစ္အားေကာင္းေသာေဆး)

" ဟုတ္တယ္ အစ္မ "

ဆရာမေတြဟာ သူ႕အလုပ္သူ တာဝန္က်ရာ အခ်ိန္မွီလုပ္ေဆာင္ေနသျဖင့္ သူဟာ ရပ္ၾကည့္ေန႐ုံသာ။ အခ်င္းခ်ၿပီး ျပန္ခ်ဳပ္သည္အထိ ေစာင့္ၾကည့္ေပးၿပီးမွ ေမြးခန္းထဲက ထြက္လာခဲ့သည္။ ခြဲစိတ္ေဆာင္ဆီ ျပန္ေရာက္ေတာ့ ၿဖိဳးသူဟာ Emergency မွာ ေျပးလႊားေနၿပီမွန္း သိလိုက္ရသည္။သူသည္လည္း အခန္းထဲက ကားေသာ့နဲ႕ အိတ္ကိုယူကာ ေတာင္ႀကီးၿမိဳ႕ေပၚ တက္ရန္ ျပင္ေတာ့သည္။

" ဆရာမ သြားၿပီေနာ္ "

" ဟုတ္ကဲ့ ဆရာ "

တစ္ေန႕တာဟာ သည္လိုႏွင့္ပင္ ကုန္ဆုံးခဲ့ရသည္။ ကားကို ျဖည္းျဖည္းေမာင္းရင္း ေဘးပတ္ဝန္းကို ေငးကာ ဖြင့္ထားသည့္ သီခ်င္းကို ပင္ လိုက္ညည္းေနမိေတာ့သည္။ ရွမ္းျပည္ရဲ႕ ရႈခင္းေတြဟာ သိပ္ကို လွပသည္မဟုတ္ပါလား။

" ေတာင္ေပၚေျမမွာ... ေတာ္ဝင္ပိေတာက္ပန္း မရွိေပမယ့္.... ျဖဴစင္စိတ္ထား အရိုးခံစိတ္ရင္း ရွိၾကတယ္...... ခ်ယ္ရီေတြရယ္ ဧည့္ဝတ္ မပ်က္ပါဘူး ...ကြယ့္ အခ်စ္ရယ္ "

ေၾသာ္ ခ်ယ္ရီ ပြင့္ခ်ိန္ေတာင္ နီးလာပါေပါ့လား....

ဆက္ရန္

Continue Reading

You'll Also Like

13.2K 968 31
Starting Date - 8.9.2020(Tue) Ending Date - 6.12.2020(Sun)
224K 9K 37
၁၉၈၀ခုနှစ်ပိုင်းကာလပိုင်းကရွာသူကြီးတစ်ယောက်မိမိထက်သက်၁၀ နှစ်ငယ်သောကောင်လေးတစ်ယောက်ကိုလက်ထက်ရန်အကြောင်းဖန်လာသောအခါ... "မင်းကိုချစ်ခင်မြတ်နိုးလွန်းလို့...
3M 192K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.1M 27.9K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...