(Unicode)
Step 1.6
Familiar one and unfamiliar one
Practice room က ပုံမှန်လိုပင် မိုးလင်းကတည်းက ဆူညံနေ၏။ လင်းက မနက်ထဲက ရုံးခန်းမှ အခေါ်ခံလိုက်ရကာ ပြန်မလာသေး။ အာရွန်က ခမ်းဝေနှင့် ငြင်းခုန်ရင်း အလုပ်များနေသည်။ Mistကတော့ ပုံမှန်အတိုင်းပင် သံစဉ်တစ်ခုကို ခပ်တိုးတိုးညည်းလျက် သီချင်းကျင့်ရန် warm up လုပ်နေသည်။ သို့သော် သီခကတော့ တနေ့က bar တွင် ဖြစ်ခဲ့သည့် အကြောင်းအရာအချို့ကို စိတ်ထဲမှ မထုတ်နိုင်ဖြစ်နေခဲ့၏။
နေသန်မိတ်ဆက်ပေးခဲ့သော တာရာဆိုသူမှာ Mist နှင့် အသံချင်းမတူသော်လည်း ဆိုပုံဆိုပေါက်ချင်းက တကယ်ကိုပင် ဆင်တူသည်။ ပြောရလျင် Mist၏ ဆိုဟန်ကိုမှ ပြီးပြည့်စုံအောင် ပြုပြင်ထားပြီးသည့်အနေအထားမျိုးဟုပင် ဆိုနိုင်၏။ ထူးဆန်းသည်က နေသန်က သူ့ကိုခေါ်လာကာ သူတို့နှင့် မိတ်ဆက်ပေးလိုက်ချိန် နှစ်ဦးသားမျက်နှာပေါ်တွင် တွေ့လိုက်ရသော ထူးဆန်းသည့်အမူအရာပင်ဖြစ်၏။ အခြားသူများကတော့ ဆူညံကာရှုပ်ယှက်ခတ်နေသော အနေအထားကြောင့် သတိထားလိုက်မိပါ့မလား မပြောတတ်သော်ငြား သူကတော့ အသေအချာကို မြင်လိုက်၏။
အချင်းချင်း သိနှင့်နေသည်မှာ ကျိန်းသေသော်ငြား မသိချင်ယောင်ဆောင်နေကြသည့် ဤအနေအထားက တကယ်ကို ထူးဆန်းသည်။ သီခသည် အခါအခွင့်ရှာကာ Mist ကို မသိမသာမေးရဦးမည်ဟု တေးထားလိုက်သော်လည်း ဤကိစ္စမှာ အတော်လေး ခက်ခဲမည့်ကိစ္စဖြစ်နိုင်သည်။ Mist သည် သည်လိုကိစ္စမျိုးကို ဖွင့်ဟပြောတတ်သူမျိုးမဟုတ်သလို သူကလည်း သည်လိုကိစ္စကို အစ်ထုတ်နိုင်လောက်အောင် စကားပြောလည်ဝယ်သူမဟုတ်။
သို့နှင့် မည်သို့ကြံရပါ့ အတွေးပွားနေစဉ်မှာပင် လင်းအသံက တံခါးဝမှနေ၍ ရုတ်တရက် ထွက်ပေါ်လာလေသည်။
"Hey hey ... attention please!"
လင်းနံဘေးတွင် ကိုဂျင်မီနှင့်အတူ အရပ်မြင့်မြင့်လူတစ်ယောက်လဲပါလာ၏။ အရပ်မြင့်ရုံမက အလွန်ကို ချောသည်။ ရှေ့ဆံပင်ကို နဖူးအပြည့်အုပ်ကာ မျက်မှန်ပါတပ်ထားပြီး ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသော်ငြား တစ်ချက်ကြည့်လိုက်ရုံနှင့် အတော်ချောသည်ဟူသော ခံစားမှုမျိုးကို အပြည့်အဝပေးစွမ်းနေသော ရုပ်ရည်မျိုးဖြစ်၏။
Trainee အသစ်များလား?
သီခသည် စိတ်ထဲမှနေ၍ တွေးလိုက်မိသော်လည်း ထိုအချိန်မှာပင် သူစိမ်းထံက စကားသံထွက်လာလေသည် ။
"ဒေမီယန် ပါ။ ဒီနေ့ကစပြီး ဒီအဖွဲ့ကို တာဝန်ယူပေးသွားမဲ့ မန်နေဂျာပါ"
ညင်သာပြီး အေးစက်သောအသံက ခပ်ပြတ်ပြတ်ပင် ထွက်လာ၏။
"မန်နေဂျာအသစ်? ကိုဂျင်မီကရော?"
"ကိုဂျင်မီက ရုံးချုပ်ရဲ့ စာရင်းအင်းပိုင်းသွားရတော့မှာမို့လို့ပါဗျ"
ဂျင်မီက ဝင်ဖြေ၏။
"ဟာ ရုတ်တရက်ကြီး?"
"K entertainmentမှာ ဘယ်ကိစ္စကို ဘယ်တုန်းကကြိုသတိပေးတာမျိုး ရှိဖူးလို့လဲ အမြဲ ရုတ်တရက်ပဲကို"
"..."
"ဟုတ်သားပဲနော်"
"ကဲ အဲ့တာဆိုလဲ နောက်နေ့မှ တစ်ဝိုင်းလောက်ကျွေးပြီး နှုတ်ဆက်ပွဲလုပ်ကြတာပေါ့ဗျာ"
"ဘာတစ်ဝိုင်းတုန်း အလုပ်ထွက်တာမှ မဟုတ်တာ"
"မသိဘူး ... စားမှာ ... ကျွေး"
အာရွန်က ဂျင်မီ့ခန္ဓာသေးသေးကို အတင်းတွယ်ဖက်ကာ စနောက်နေ၏။ အာရွန်မှာ ရယ်မော၍သာနေသော်ငြား စိတ်ထဲတွင်တော့ ဟာတာတာ ခံစားနေရလေသည်။ တွေ့တာသိပ်မကြာ၊ ၄-၅လသာရှိသေးသော်ငြား နေ့တိုင်း တွေ့နေကာ လက်ပွန်းတတီးနေခဲ့ရသူမို့ စိတ်ထဲတွင် အစ်ကိုတစ်ယောက်လို ရင်းနှီးလို့နေခဲ့တာတော့အမှန်ပင်။ ဂျင်မီပြောသလိုပင် အလုပ်ထွက်တော့ မဟုတ်သော်ငြား သည်လို ရုတ်တရက် ဝေးကွာသွားတော့မည်ဟု ကြားရသည့်အခါတွင်တော့ သူတင်မက အားလုံးလဲ ရင်ထဲ တမျိုးဖြစ်နေလိမ့်ကြမည်ထင်ပါ၏။
"သတိရနေတော့မှာပဲဗျာ"
သီခက ပြောလိုက်သည့်အခါ ဂျင်မီက သီခပုခုံးကို ကိုင်ကာ ပြုံးရင်းဆို၏။
"ဘယ်အဝေးကြီးမှသွားမှာလဲမဟုတ်တာကို အကဲပိုနေကြတယ် ဒီကောင်တွေ ... ညကျ ၅ယောက်လုံး လာဖက်အိပ်ကြဟေ့ ရပြီလား!"
ဂျင်မီက နှုတ်ဆက်ပြီး ထွက်သွားသည့်အခါတွင်တော့ အခန်း၏ အခြေအနေမှာ ရုတ်တရက် အေးစက်ကာသွားလေတော့သည်။ ထိုအခြေအနေကို ဖြိုခွင်းလိုက်သူမှာတော့ လင်းဖြစ်၏။
"ဪ ဒေမီယန်နဲ့ မိတ်ဆက်ပေးရဦးမယ် .... ဒေမီယန်က ကျောင်းတုန်းက ကိုယ့်ဂျူနီယာလေ။ အချစ်ဆုံးညီလေးပေါ့... နော် ဒေမီ ... ဟုတ်တယ်မလား"
လင်းက ဒေမီယန့်လည်ပင်းကိုသိုင်းဖက်ကာ ဆိုလိုက်သည့်အခါ ဒေမီယန်က ခပ်ဖွဖွရယ်ရင်း လင်း၏လက်မှ ရုန်းဟန်ပြု၏။ သို့သော် သူမရုန်းရခင်မှာပင် လင်း၏အားက သူ့ပုခုံးပေါ်မှ အလိုလိုလျော့သွားသည်ကို ခံစားလိုက်ရလေသည်။ အာရွန်က လင်း၏ ပုခုံးကို သိုင်းဖက်လိုက်တာကြောင့်ပင်ဖြစ်၏။
"ဟာ ဟုတ်လား ဒါဆို အတူတူပဲပေါ့။ ကျွန်တော်လည်း ကိုလင်းရဲ့ အချစ်ဆုံးညီလေးပဲလေ။ နောက်ကို တူတူခင်ကြတာပေါ့ ကိုဒေမီယန်"
အာရွန်က ပြုံးရင်း လက်တစ်ဖက်ကမ်းပေးကာ ဒေမီယန်ကို နှုတ်ဆက်သည်။
ဒေမီယန့်အပြုံးက ရုတ်တရက် တောင့်တင်းသွား၏။ ထို့နောက် စက္ကန့်ဝက်မျှကြာပါမှ သူက ထပ်ပြုံးလျက် ပြန်နှုတ်ဆက်၏။
"ဒေမီယန်ဆို ရပါတယ်။ ရွယ်တူပဲဟာ"
"ဟာ ဟုတ်လား ဒါဆို သူငယ်ချင်းပေါ့"
သီခနှင့်ခမ်းဝေကတော့ ခပ်လှမ်းလှမ်းမှနေကာ ထိုသုံးယောက်ကိုကြည့်ရင်း ပြိုင်တူသက်ပြင်းချလိုက်ဖြစ်ကြလေသည်။
"မနက်စောစောစီးစီး ဘာကေဒရာမာလေးများလဲ ညီကိုရေ"
သီခကပြောတော့ ခမ်းဝေက စိတ်ညစ်ညူးစွာဆို၏။
"အဲ့ကိုအာရွန်က တုံးတာလား လည်တာလားတောင် မပြောတတ်တော့ဘူးဗျာ။ ဒီလောက် ကျောင်းတုန်းထဲက အချစ်ဆုံးညီလေးပါ၊ ဂျူနီယာပါလို့ မိတ်ဆက်ပေးနေတာကို တူတူပဲပေါ့ သွားလုပ်နေတာ... ဟိုက သူ့ကိုကြိတ်တော့မယ်"
"အေးကွာ အစိမ်းလိုက်ဝါးစားတော့မလိုပဲ"
"အာလူးကြော် စားဦးမလား"
Mist က နံဘေးနေရင်း အာလူးကြော်ထုပ်ကို ကမ်းပေးသည်။ သုံးယောက်သားသည် ခပ်လှမ်းလှမ်းမှပင် အာလူးကြော်ကို ပြိုင်တူမြုံ့ရင်း တစ်ဖက်က သုံးယောက်ကို ကြည့်နေမိကြတော့၏။
×××
"သတ်သာသွားလိုက်ပါတော့"
အာရွန်သည် နောက်ကျောတွင် ကျောချင်းကပ်ထိုင်နေရာမှ ခြေပစ်လက်ပစ်နှင့် လင်းကျောပေါ်မှီချလိုက်ရင်း စိတ်ပျက်စွာဆို၏။
စင်စစ်တော့ သီခလည်း အနည်းငယ်တော့ စိတ်ထဲ မသက်မသာတော့ဖြစ်နေမိတာဖြစ်သည်။ သူတင်မက အခြားသော အဖွဲ့သားများလဲ သူ့လိုပင် ခံစားနေကြရလိမ့်မည်ထင်ပါ၏။
အကြောင်းရင်းမှာတော့ သူတို့လက်ထဲ ကိုယ်စီရှိနေသော အချိန်ဇယားစာရွက်များကြောင့်ပင်ဖြစ်လေသည်။
"ဒါ ဒီလအတွက် အချိန်ဇယားပါ။ အဆင်မပြေတာ တစ်ခုခုများရှိလားဗျ"
ဒေမီယန်က မျက်မှန်ကို ပင့်ရင်း ခပ်အေးအေးပင် မေးသည်။
အဆင်မပြေမှုကိုပြောရလျင်တော့ခက်၏။ အချိန်က အဆင်မပြေတာတော့ မဟုတ်သော်ငြား လေ့ကျင့်ချိန်တွေက အလွန်များလွန်းနေတာ ဖြစ်သည်။
"ဒေမီ ... အချိန်တွေက နည်းနည်း မများလွန်းနေဘူးလား?"
လင်းက ဆိုသည့်အခါ ဒေမီယန်က အချိန်ဇယားကို တစ်ခါပြန်ကြည့်ရင်း ဆို၏။
"များတယ်ထင်လို့လား?"
"နည်းနည်း..."
"Hmm...."
ဒေမီယန်က မျက်မှန်ကိုပင့်ရင်း တစ်ခဏငြိမ်သက်သွား၏။
"ဒီလောက်မှ မလုပ်ရင် ဒီအခြေနေကနေ တိုးတက်ဖို့ကမလွယ်ဘူးနော်။ Company က debut ကိုလဲ စီစဉ်နေပြီဆိုတော့ ဒီနှုန်းအတိုင်းဆို debut တာ နောက်ကျရင်ကျ မကျရင် ဒီလိုအဆင့်နဲ့ပဲ debut တဲ့ဆီ ရောက်တော့မှာ။ လင်းအတွက်က အဲ့လိုမျိုးလဲ အဆင်ပြေလို့လား?"
"ကျန်တဲ့memberတွေရော ဘယ်လိုထင်လဲဗျ? အားလုံးလဲ ကိုယ့်အခြေအနေကိုတော့ သိလောက်မယ်ထင်ပါတယ်။ ကိုယ့်ဘာသာ debutဖို့ အဆင်သင့်ဖြစ်ပြီလို့ ခံစားရလားဟင်? တကယ်ပဲ အားလုံးအဆင်ပြေတယ်ဆိုရင် ကျွန်တော့်အတွက်ကတော့ directorကို ပြန်ပြောပေးဖို့ မခက်ပါဘူးဗျ"
"တစ်ခုပဲ .... သေချာရဲ့လား? တကယ်ပဲ ဒါတွေဟာ မလိုအပ်ဘူးလားထင်လား? အဲ့တာလေးပါပဲ"
လင်းအပါအဝင် အားလုံးမှာ တံတွေးကို အသာမျိုချလိုက်မိကြသည်။ ဒေမီယန်ဆိုသော ကောင်လေးသည် ရုပ်လေးချောသလောက် အတော့်ကို ကြောက်စရာလေးပါလားဟူသော အတွေးသည် သူတို့အားလုံးခေါင်းထဲသို့ တညီတညွတ်ထဲ ဖြတ်ပြေးသွားခဲ့၏။ အားလုံးမှာ brainwashခံလိုက်ရသည့်အလားပင် ပြန်ချေပဖို့ မဆိုထားနှင့် မိမိကိုယ်ကိုအပြစ်ရှိသလိုပါ ခံစားမိသလိုဖြစ်ကာ တောင်းပန်မိမတတ်ပင်ဖြစ်ကုန်တော့သည်။
ကြောက်စရာအကောင်းဆုံးမှာတော့ ထိုစကားအားလုံးကို မျက်နှာအေးအေးဖြင့် သားချော့တေးဆိုနေသလို လေသံအေးအေးဖြင့် ညင်သာစွာ ပြောသွားတာပင် ဖြစ်လေသည်။
"ပြောစရာများ ရှိသေးလားဗျ?"
အားလုံးက တိတ်ဆိတ်နေကြသည်။ ထိုအခါမှ ဒေမီယန်က ခပ်ဖွဖွပြုံးလျက် မျက်မှန်ကိုပင့်ကာ ဆို၏။
"ဒါဆို အဆင်ပြေသွားပြီလို့ပဲ ထားလိုက်တော့မယ်နော်။ ဪ စကားမစပ် debutဖို့ စီစဉ်နေပြီဆိုတော့ ကျွန်တော်တို့ အဖွဲ့နာမည် စဉ်းစားထားဖို့လဲ လိုနေပြီဗျ၊ ကုမ္ပဏီကတော့ memberတွေကိုပဲ ဆန်ကာတင် ၃-၄ခုလောက် ရွေးခိုင်းစေချင်တယ်ပြောတယ်။ သူတို့က အဲ့ထဲကမှ ကူရွေးပေးမယ်ပေါ့...."
"အခုမရလဲ ရတယ်မလား ဒီနေ့တော့ ဦးနှောက်ကုန်သွားလို့ ခဏ...."
"ရတယ် အချိန်ကလိုပါသေးတယ်"
အာရွန်က ခေါင်းကို အုပ်ကာ မူးလဲတော့မယောင်လုပ်ပြနေ၏။ ဟန်ဆောင်ခြင်းမဟုတ်ပဲ အတည်လည်းဖြစ်ကောင်းဖြစ်နိုင်လောက်၏။ အဘယ်ကြောင့်ဆိုသော် အားလုံးလည်း ထိုသို့ ခံစားနေရတာကြောင့်ပင်ဖြစ်သည်။
ခမ်းဝေသည် နှာရိုးကို အသာညှစ်ကာ တင်းနေသော အကြောများကို ဖြေလျှော့လိုက်၏။
Debutဖို့အချိန် နီးကပ်လာပြီဆိုသော စကားက ခမ်းဝေအတွက်တော့ ရင်ခုန်မှုရော စိတ်ဖိစီးမှုပါ အတော်ရစေသောစကားဖြစ်၏။ အိပ်မက်နှင့် ခြေတစ်လှမ်း ပို၍နီးကပ်လာပြီဆိုသော အတွေးက သူ့ကို ပျော်ရွှင်စေသော်ငြား ထိုနောက်ပိုင်းတွင် ရှိလာမည့် အခက်အခဲများကလည်း ပြေးကြည့်စရာမလိုလောက်အောင်ပင် အတိုင်းသားသိသာနေတာဖြစ်၏။ ထို့ထက်ပို၍ အရေးကြီးသည်က ထိုအရာများအားလုံးကို ရင်ဆိုင်ရန် သူအသင့်ဖြစ်မဖြစ် ....။
ဒီအတွက် ရန်ကုန်အထိလာခဲ့ကာ ဒီအတွက်ပင် ကြိုးစားခဲ့သည်ဆိုသော်ငြား နဖူးတွေ့ဒူးတွေ့ကြုံရချိန်တွင်တော့ သူ့စိတ်ကို သူကိုယ်တိုင်ပင် မသိတော့သလို စိတ်ပူပန်မှုများက စတင်လာခဲ့တော့၏။
မမျှော်လင့်ထားသော ဧည့်သည်နှစ်ယောက် ရောက်လာသည်က ထိုအခိုက်အတန့်မှာပင် ဖြစ်လေသည်။
"အယ် ... ဆရာ .... ဒီနေ့ အတန်းမရှိဘူးထင်နေတာ?"
သီခက နေသန့်ကို တွေ့လျင်တွေ့ချင်း တအံ့တဩပင် မေးလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် အတန်းကမရှိဘူး ... ဒီနေ့က ဒီတိုင်း သူ့ကိုလိုက်ပြပေးဖို့ ရောက်လာတာ"
"သူ"ဆိုသည့် စကားကြောင့် ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်မိသည့်အခါတွင်တော့ တံခါးမှ ဝင်လာနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရလေ၏။
"ဟိုနေ့ကလည်း ဘားမှာ ခဏတွေ့လိုက်ပေမဲ့ အားလုံးကို သေချာပြန်နှုတ်ဆက်လိုက်မယ်နော်။ နာမည်က တာရာလို့ခေါ်ပါတယ်ဗျ။"
နေသန့်နံဘေးတွင် ပါလာသူက စူးရှသော မျက်ဝန်းများနှင့် လူငယ်တစ်ယောက်။ ဒါ တလောက သူတို့ဘားတွင်တွေ့ခဲ့သည့် သီချင်းဆိုသော နေသန့်မိတ်ဆွေပင်ဖြစ်လေသည်။
"တာရာက ကိုယ်ပိုင် band လဲ ရှိတယ်လေ။ Lead singerပေါ့။ Mist နဲ့ ဆိုပေါက်ချင်းဆင်တူတာ သတိထားမိလို့ နှစ်ယောက်တူတူ စကားလေးဘာလေးပြောကြည့်ရင် Mist အတွက်လည်း အထောက်အကူရနိုင်မလား တွေးမိလို့ ခေါ်လာတာ။ နောက်ကိုလည်း တာရာက တစ်ပတ်တစ်ကြိမ် နှစ်ကြိမ်လောက် လာပြီး လေ့ကျင့်တာဘာညာ ကူပေးလိမ့်မယ်။ ကျန်တဲ့လူတွေလဲ သိချင်တာ ဘာညာရှိရင်မေးကြည့်လေ စီနီယာဆိုတော့"
သီခသည် အလျင်အမြန်ပင် Mistရှိရာသို့ လှမ်းကြည့်လိုက်သည်။ Mist အမူအရာက မတုန်မလှုပ်။ သို့သော် တစ်စုံတစ်ခုကတော့ ပုံမှန်ထက် ထူးခြားနေ၏။ တာရာက Mist ရှိရာဆီသို့ တဖြည်းဖြည်း လျှောက်သွားကာ သူ့ရှေ့တွင် ရပ်လိုက်သည်။
"မတွေ့တာ ကြာပြီနော် Mist"
တာရာက Mist ကို ကြည့်ရင်း နှုတ်ဆက်လိုက်၏။
18/12/22
10:55pm
A/n
Hola~~~
အားလုံးပဲ မတွေ့တာ ကြာပါပြီ!!!!!
ပစ်ထားမိတာ အရမ်းကြာသွားမိတာ ကိုယ့်ဘာသာလည်း သိပါတယ်။ အဲ့အတွက် တအားလည်း အားနာရပါတယ်ရှင် 🥺
နေရာအပြောင်းအရွှေ့လေးနည်းနည်းရှိလို့ အသားကျအောင် ရုန်းကန်နေရလို့ပါ :'(
(ZawGyi)
Step 1.6
Familiar one and unfamiliar one
Practice room က ပုံမွန္လိုပင္ မိုးလင္းကတည္းက ဆူညံေန၏။ လင္းက မနက္ထဲက ႐ုံးခန္းမွ အေခၚခံလိုက္ရကာ ျပန္မလာေသး။ အာ႐ြန္က ခမ္းေဝႏွင့္ ျငင္းခုန္ရင္း အလုပ္မ်ားေနသည္။ Mistကေတာ့ ပုံမွန္အတိုင္းပင္ သံစဥ္တစ္ခုကို ခပ္တိုးတိုးညည္းလ်က္ သီခ်င္းက်င့္ရန္ warm up လုပ္ေနသည္။ သို႔ေသာ္ သီခကေတာ့ တေန႔က bar တြင္ ျဖစ္ခဲ့သည့္ အေၾကာင္းအရာအခ်ိဳ႕ကို စိတ္ထဲမွ မထုတ္ႏိုင္ျဖစ္ေနခဲ့၏။
ေနသန္မိတ္ဆက္ေပးခဲ့ေသာ တာရာဆိုသူမွာ Mist ႏွင့္ အသံခ်င္းမတူေသာ္လည္း ဆိုပုံဆိုေပါက္ခ်င္းက တကယ္ကိုပင္ ဆင္တူသည္။ ေျပာရလ်င္ Mist၏ ဆိုဟန္ကိုမွ ၿပီးျပည့္စုံေအာင္ ျပဳျပင္ထားၿပီးသည့္အေနအထားမ်ိဳးဟုပင္ ဆိုႏိုင္၏။ ထူးဆန္းသည္က ေနသန္က သူ႔ကိုေခၚလာကာ သူတို႔ႏွင့္ မိတ္ဆက္ေပးလိုက္ခ်ိန္ ႏွစ္ဦးသားမ်က္ႏွာေပၚတြင္ ေတြ႕လိုက္ရေသာ ထူးဆန္းသည့္အမူအရာပင္ျဖစ္၏။ အျခားသူမ်ားကေတာ့ ဆူညံကာရႈပ္ယွက္ခတ္ေနေသာ အေနအထားေၾကာင့္ သတိထားလိုက္မိပါ့မလား မေျပာတတ္ေသာ္ျငား သူကေတာ့ အေသအခ်ာကို ျမင္လိုက္၏။
အခ်င္းခ်င္း သိႏွင့္ေနသည္မွာ က်ိန္းေသေသာ္ျငား မသိခ်င္ေယာင္ေဆာင္ေနၾကသည့္ ဤအေနအထားက တကယ္ကို ထူးဆန္းသည္။ သီခသည္ အခါအခြင့္ရွာကာ Mist ကို မသိမသာေမးရဦးမည္ဟု ေတးထားလိုက္ေသာ္လည္း ဤကိစၥမွာ အေတာ္ေလး ခက္ခဲမည့္ကိစၥျဖစ္ႏိုင္သည္။ Mist သည္ သည္လိုကိစၥမ်ိဳးကို ဖြင့္ဟေျပာတတ္သူမ်ိဳးမဟုတ္သလို သူကလည္း သည္လိုကိစၥကို အစ္ထုတ္ႏိုင္ေလာက္ေအာင္ စကားေျပာလည္ဝယ္သူမဟုတ္။
သို႔ႏွင့္ မည္သို႔ႀကံရပါ့ အေတြးပြားေနစဥ္မွာပင္ လင္းအသံက တံခါးဝမွေန၍ ႐ုတ္တရက္ ထြက္ေပၚလာေလသည္။
"Hey hey ... attention please!"
လင္းနံေဘးတြင္ ကိုဂ်င္မီႏွင့္အတူ အရပ္ျမင့္ျမင့္လူတစ္ေယာက္လဲပါလာ၏။ အရပ္ျမင့္႐ုံမက အလြန္ကို ေခ်ာသည္။ ေရွ႕ဆံပင္ကို နဖူးအျပည့္အုပ္ကာ မ်က္မွန္ပါတပ္ထားၿပီး ႐ိုး႐ိုးရွင္းရွင္းသာ ဝတ္ဆင္ထားေသာ္ျငား တစ္ခ်က္ၾကည့္လိုက္႐ုံႏွင့္ အေတာ္ေခ်ာသည္ဟူေသာ ခံစားမႈမ်ိဳးကို အျပည့္အဝေပးစြမ္းေနေသာ ႐ုပ္ရည္မ်ိဳးျဖစ္၏။
Trainee အသစ္မ်ားလား?
သီခသည္ စိတ္ထဲမွေန၍ ေတြးလိုက္မိေသာ္လည္း ထိုအခ်ိန္မွာပင္ သူစိမ္းထံက စကားသံထြက္လာေလသည္ ။
"ေဒမီယန္ ပါ။ ဒီေန႔ကစၿပီး ဒီအဖြဲ႕ကို တာဝန္ယူေပးသြားမဲ့ မန္ေနဂ်ာပါ"
ညင္သာၿပီး ေအးစက္ေသာအသံက ခပ္ျပတ္ျပတ္ပင္ ထြက္လာ၏။
"မန္ေနဂ်ာအသစ္? ကိုဂ်င္မီကေရာ?"
"ကိုဂ်င္မီက ႐ုံးခ်ဳပ္ရဲ႕ စာရင္းအင္းပိုင္းသြားရေတာ့မွာမို႔လို႔ပါဗ်"
ဂ်င္မီက ဝင္ေျဖ၏။
"ဟာ ႐ုတ္တရက္ႀကီး?"
"K entertainmentမွာ ဘယ္ကိစၥကို ဘယ္တုန္းကႀကိဳသတိေပးတာမ်ိဳး ရွိဖူးလို႔လဲ အၿမဲ ႐ုတ္တရက္ပဲကို"
"..."
"ဟုတ္သားပဲေနာ္"
"ကဲ အဲ့တာဆိုလဲ ေနာက္ေန႔မွ တစ္ဝိုင္းေလာက္ေကြၽးၿပီး ႏႈတ္ဆက္ပြဲလုပ္ၾကတာေပါ့ဗ်ာ"
"ဘာတစ္ဝိုင္းတုန္း အလုပ္ထြက္တာမွ မဟုတ္တာ"
"မသိဘူး ... စားမွာ ... ေကြၽး"
အာ႐ြန္က ဂ်င္မီ့ခႏၶာေသးေသးကို အတင္းတြယ္ဖက္ကာ စေနာက္ေန၏။ အာ႐ြန္မွာ ရယ္ေမာ၍သာေနေသာ္ျငား စိတ္ထဲတြင္ေတာ့ ဟာတာတာ ခံစားေနရေလသည္။ ေတြ႕တာသိပ္မၾကာ၊ ၄-၅လသာရွိေသးေသာ္ျငား ေန႔တိုင္း ေတြ႕ေနကာ လက္ပြန္းတတီးေနခဲ့ရသူမို႔ စိတ္ထဲတြင္ အစ္ကိုတစ္ေယာက္လို ရင္းႏွီးလို႔ေနခဲ့တာေတာ့အမွန္ပင္။ ဂ်င္မီေျပာသလိုပင္ အလုပ္ထြက္ေတာ့ မဟုတ္ေသာ္ျငား သည္လို ႐ုတ္တရက္ ေဝးကြာသြားေတာ့မည္ဟု ၾကားရသည့္အခါတြင္ေတာ့ သူတင္မက အားလုံးလဲ ရင္ထဲ တမ်ိဳးျဖစ္ေနလိမ့္ၾကမည္ထင္ပါ၏။
"သတိရေနေတာ့မွာပဲဗ်ာ"
သီခက ေျပာလိုက္သည့္အခါ ဂ်င္မီက သီခပုခုံးကို ကိုင္ကာ ၿပဳံးရင္းဆို၏။
"ဘယ္အေဝးႀကီးမွသြားမွာလဲမဟုတ္တာကို အကဲပိုေနၾကတယ္ ဒီေကာင္ေတြ ... ညက် ၅ေယာက္လုံး လာဖက္အိပ္ၾကေဟ့ ရၿပီလား!"
ဂ်င္မီက ႏႈတ္ဆက္ၿပီး ထြက္သြားသည့္အခါတြင္ေတာ့ အခန္း၏ အေျခအေနမွာ ႐ုတ္တရက္ ေအးစက္ကာသြားေလေတာ့သည္။ ထိုအေျခအေနကို ၿဖိဳခြင္းလိုက္သူမွာေတာ့ လင္းျဖစ္၏။
"ဪ ေဒမီယန္နဲ႔ မိတ္ဆက္ေပးရဦးမယ္ .... ေဒမီယန္က ေက်ာင္းတုန္းက ကိုယ့္ဂ်ဴနီယာေလ။ အခ်စ္ဆုံးညီေလးေပါ့... ေနာ္ ေဒမီ ... ဟုတ္တယ္မလား"
လင္းက ေဒမီယန္႔လည္ပင္းကိုသိုင္းဖက္ကာ ဆိုလိုက္သည့္အခါ ေဒမီယန္က ခပ္ဖြဖြရယ္ရင္း လင္း၏လက္မွ ႐ုန္းဟန္ျပဳ၏။ သို႔ေသာ္ သူမ႐ုန္းရခင္မွာပင္ လင္း၏အားက သူ႔ပုခုံးေပၚမွ အလိုလိုေလ်ာ့သြားသည္ကို ခံစားလိုက္ရေလသည္။ အာ႐ြန္က လင္း၏ ပုခုံးကို သိုင္းဖက္လိုက္တာေၾကာင့္ပင္ျဖစ္၏။
"ဟာ ဟုတ္လား ဒါဆို အတူတူပဲေပါ့။ ကြၽန္ေတာ္လည္း ကိုလင္းရဲ႕ အခ်စ္ဆုံးညီေလးပဲေလ။ ေနာက္ကို တူတူခင္ၾကတာေပါ့ ကိုေဒမီယန္"
အာ႐ြန္က ၿပဳံးရင္း လက္တစ္ဖက္ကမ္းေပးကာ ေဒမီယန္ကို ႏႈတ္ဆက္သည္။
ေဒမီယန္႔အၿပဳံးက ႐ုတ္တရက္ ေတာင့္တင္းသြား၏။ ထို႔ေနာက္ စကၠန႔္ဝက္မွ်ၾကာပါမွ သူက ထပ္ၿပဳံးလ်က္ ျပန္ႏႈတ္ဆက္၏။
"ေဒမီယန္ဆို ရပါတယ္။ ႐ြယ္တူပဲဟာ"
"ဟာ ဟုတ္လား ဒါဆို သူငယ္ခ်င္းေပါ့"
သီခႏွင့္ခမ္းေဝကေတာ့ ခပ္လွမ္းလွမ္းမွေနကာ ထိုသုံးေယာက္ကိုၾကည့္ရင္း ၿပိဳင္တူသက္ျပင္းခ်လိုက္ျဖစ္ၾကေလသည္။
"မနက္ေစာေစာစီးစီး ဘာေကဒရာမာေလးမ်ားလဲ ညီကိုေရ"
သီခကေျပာေတာ့ ခမ္းေဝက စိတ္ညစ္ညဴးစြာဆို၏။
"အဲ့ကိုအာ႐ြန္က တုံးတာလား လည္တာလားေတာင္ မေျပာတတ္ေတာ့ဘူးဗ်ာ။ ဒီေလာက္ ေက်ာင္းတုန္းထဲက အခ်စ္ဆုံးညီေလးပါ၊ ဂ်ဴနီယာပါလို႔ မိတ္ဆက္ေပးေနတာကို တူတူပဲေပါ့ သြားလုပ္ေနတာ... ဟိုက သူ႔ကိုႀကိတ္ေတာ့မယ္"
"ေအးကြာ အစိမ္းလိုက္ဝါးစားေတာ့မလိုပဲ"
"အာလူးေၾကာ္ စားဦးမလား"
Mist က နံေဘးေနရင္း အာလူးေၾကာ္ထုပ္ကို ကမ္းေပးသည္။ သုံးေယာက္သားသည္ ခပ္လွမ္းလွမ္းမွပင္ အာလူးေၾကာ္ကို ၿပိဳင္တူၿမဳံ႕ရင္း တစ္ဖက္က သုံးေယာက္ကို ၾကည့္ေနမိၾကေတာ့၏။
×××
"သတ္သာသြားလိုက္ပါေတာ့"
အာ႐ြန္သည္ ေနာက္ေက်ာတြင္ ေက်ာခ်င္းကပ္ထိုင္ေနရာမွ ေျခပစ္လက္ပစ္ႏွင့္ လင္းေက်ာေပၚမွီခ်လိုက္ရင္း စိတ္ပ်က္စြာဆို၏။
စင္စစ္ေတာ့ သီခလည္း အနည္းငယ္ေတာ့ စိတ္ထဲ မသက္မသာေတာ့ျဖစ္ေနမိတာျဖစ္သည္။ သူတင္မက အျခားေသာ အဖြဲ႕သားမ်ားလဲ သူ႔လိုပင္ ခံစားေနၾကရလိမ့္မည္ထင္ပါ၏။
အေၾကာင္းရင္းမွာေတာ့ သူတို႔လက္ထဲ ကိုယ္စီရွိေနေသာ အခ်ိန္ဇယားစာ႐ြက္မ်ားေၾကာင့္ပင္ျဖစ္ေလသည္။
"ဒါ ဒီလအတြက္ အခ်ိန္ဇယားပါ။ အဆင္မေျပတာ တစ္ခုခုမ်ားရွိလားဗ်"
ေဒမီယန္က မ်က္မွန္ကို ပင့္ရင္း ခပ္ေအးေအးပင္ ေမးသည္။
အဆင္မေျပမႈကိုေျပာရလ်င္ေတာ့ခက္၏။ အခ်ိန္က အဆင္မေျပတာေတာ့ မဟုတ္ေသာ္ျငား ေလ့က်င့္ခ်ိန္ေတြက အလြန္မ်ားလြန္းေနတာ ျဖစ္သည္။
"ေဒမီ ... အခ်ိန္ေတြက နည္းနည္း မမ်ားလြန္းေနဘူးလား?"
လင္းက ဆိုသည့္အခါ ေဒမီယန္က အခ်ိန္ဇယားကို တစ္ခါျပန္ၾကည့္ရင္း ဆို၏။
"မ်ားတယ္ထင္လို႔လား?"
"နည္းနည္း..."
"Hmm...."
ေဒမီယန္က မ်က္မွန္ကိုပင့္ရင္း တစ္ခဏၿငိမ္သက္သြား၏။
"ဒီေလာက္မွ မလုပ္ရင္ ဒီအေျခေနကေန တိုးတက္ဖို႔ကမလြယ္ဘူးေနာ္။ Company က debut ကိုလဲ စီစဥ္ေနၿပီဆိုေတာ့ ဒီႏႈန္းအတိုင္းဆို debut တာ ေနာက္က်ရင္က် မက်ရင္ ဒီလိုအဆင့္နဲ႔ပဲ debut တဲ့ဆီ ေရာက္ေတာ့မွာ။ လင္းအတြက္က အဲ့လိုမ်ိဳးလဲ အဆင္ေျပလို႔လား?"
"က်န္တဲ့memberေတြေရာ ဘယ္လိုထင္လဲဗ်? အားလုံးလဲ ကိုယ့္အေျခအေနကိုေတာ့ သိေလာက္မယ္ထင္ပါတယ္။ ကိုယ့္ဘာသာ debutဖို႔ အဆင္သင့္ျဖစ္ၿပီလို႔ ခံစားရလားဟင္? တကယ္ပဲ အားလုံးအဆင္ေျပတယ္ဆိုရင္ ကြၽန္ေတာ့္အတြက္ကေတာ့ directorကို ျပန္ေျပာေပးဖို႔ မခက္ပါဘူးဗ်"
"တစ္ခုပဲ .... ေသခ်ာရဲ႕လား? တကယ္ပဲ ဒါေတြဟာ မလိုအပ္ဘူးလားထင္လား? အဲ့တာေလးပါပဲ"
လင္းအပါအဝင္ အားလုံးမွာ တံေတြးကို အသာမ်ိဳခ်လိုက္မိၾကသည္။ ေဒမီယန္ဆိုေသာ ေကာင္ေလးသည္ ႐ုပ္ေလးေခ်ာသေလာက္ အေတာ့္ကို ေၾကာက္စရာေလးပါလားဟူေသာ အေတြးသည္ သူတို႔အားလုံးေခါင္းထဲသို႔ တညီတၫြတ္ထဲ ျဖတ္ေျပးသြားခဲ့၏။ အားလုံးမွာ brainwashခံလိုက္ရသည့္အလားပင္ ျပန္ေခ်ပဖို႔ မဆိုထားႏွင့္ မိမိကိုယ္ကိုအျပစ္ရွိသလိုပါ ခံစားမိသလိုျဖစ္ကာ ေတာင္းပန္မိမတတ္ပင္ျဖစ္ကုန္ေတာ့သည္။
ေၾကာက္စရာအေကာင္းဆုံးမွာေတာ့ ထိုစကားအားလုံးကို မ်က္ႏွာေအးေအးျဖင့္ သားေခ်ာ့ေတးဆိုေနသလို ေလသံေအးေအးျဖင့္ ညင္သာစြာ ေျပာသြားတာပင္ ျဖစ္ေလသည္။
"ေျပာစရာမ်ား ရွိေသးလားဗ်?"
အားလုံးက တိတ္ဆိတ္ေနၾကသည္။ ထိုအခါမွ ေဒမီယန္က ခပ္ဖြဖြၿပဳံးလ်က္ မ်က္မွန္ကိုပင့္ကာ ဆို၏။
"ဒါဆို အဆင္ေျပသြားၿပီလို႔ပဲ ထားလိုက္ေတာ့မယ္ေနာ္။ ဪ စကားမစပ္ debutဖို႔ စီစဥ္ေနၿပီဆိုေတာ့ ကြၽန္ေတာ္တို႔ အဖြဲ႕နာမည္ စဥ္းစားထားဖို႔လဲ လိုေနၿပီဗ်၊ ကုမၸဏီကေတာ့ memberေတြကိုပဲ ဆန္ကာတင္ ၃-၄ခုေလာက္ ေ႐ြးခိုင္းေစခ်င္တယ္ေျပာတယ္။ သူတို႔က အဲ့ထဲကမွ ကူေ႐ြးေပးမယ္ေပါ့...."
"အခုမရလဲ ရတယ္မလား ဒီေန႔ေတာ့ ဦးေႏွာက္ကုန္သြားလို႔ ခဏ...."
"ရတယ္ အခ်ိန္ကလိုပါေသးတယ္"
အာ႐ြန္က ေခါင္းကို အုပ္ကာ မူးလဲေတာ့မေယာင္လုပ္ျပေန၏။ ဟန္ေဆာင္ျခင္းမဟုတ္ပဲ အတည္လည္းျဖစ္ေကာင္းျဖစ္ႏိုင္ေလာက္၏။ အဘယ္ေၾကာင့္ဆိုေသာ္ အားလုံးလည္း ထိုသို႔ ခံစားေနရတာေၾကာင့္ပင္ျဖစ္သည္။
ခမ္းေဝသည္ ႏွာ႐ိုးကို အသာညႇစ္ကာ တင္းေနေသာ အေၾကာမ်ားကို ေျဖေလွ်ာ့လိုက္၏။
Debutဖို႔အခ်ိန္ နီးကပ္လာၿပီဆိုေသာ စကားက ခမ္းေဝအတြက္ေတာ့ ရင္ခုန္မႈေရာ စိတ္ဖိစီးမႈပါ အေတာ္ရေစေသာစကားျဖစ္၏။ အိပ္မက္ႏွင့္ ေျခတစ္လွမ္း ပို၍နီးကပ္လာၿပီဆိုေသာ အေတြးက သူ႔ကို ေပ်ာ္႐ႊင္ေစေသာ္ျငား ထိုေနာက္ပိုင္းတြင္ ရွိလာမည့္ အခက္အခဲမ်ားကလည္း ေျပးၾကည့္စရာမလိုေလာက္ေအာင္ပင္ အတိုင္းသားသိသာေနတာျဖစ္၏။ ထို႔ထက္ပို၍ အေရးႀကီးသည္က ထိုအရာမ်ားအားလုံးကို ရင္ဆိုင္ရန္ သူအသင့္ျဖစ္မျဖစ္ ....။
ဒီအတြက္ ရန္ကုန္အထိလာခဲ့ကာ ဒီအတြက္ပင္ ႀကိဳးစားခဲ့သည္ဆိုေသာ္ျငား နဖူးေတြ႕ဒူးေတြ႕ႀကဳံရခ်ိန္တြင္ေတာ့ သူ႔စိတ္ကို သူကိုယ္တိုင္ပင္ မသိေတာ့သလို စိတ္ပူပန္မႈမ်ားက စတင္လာခဲ့ေတာ့၏။
မေမွ်ာ္လင့္ထားေသာ ဧည့္သည္ႏွစ္ေယာက္ ေရာက္လာသည္က ထိုအခိုက္အတန္႔မွာပင္ ျဖစ္ေလသည္။
"အယ္ ... ဆရာ .... ဒီေန႔ အတန္းမရွိဘူးထင္ေနတာ?"
သီခက ေနသန္႔ကို ေတြ႕လ်င္ေတြ႕ခ်င္း တအံ့တဩပင္ ေမးလိုက္သည္။
"ဟုတ္တယ္ ဟုတ္တယ္ အတန္းကမရွိဘူး ... ဒီေန႔က ဒီတိုင္း သူ႔ကိုလိုက္ျပေပးဖို႔ ေရာက္လာတာ"
"သူ"ဆိုသည့္ စကားေၾကာင့္ ပတ္ဝန္းက်င္ကို သတိထားၾကည့္လိုက္မိသည့္အခါတြင္ေတာ့ တံခါးမွ ဝင္လာေနသည့္ လူတစ္ေယာက္ကို ေတြ႕လိုက္ရေလ၏။
"ဟိုေန႔ကလည္း ဘားမွာ ခဏေတြ႕လိုက္ေပမဲ့ အားလုံးကို ေသခ်ာျပန္ႏႈတ္ဆက္လိုက္မယ္ေနာ္။ နာမည္က တာရာလို႔ေခၚပါတယ္ဗ်။"
ေနသန႔္နံေဘးတြင္ ပါလာသူက စူးရွေသာ မ်က္ဝန္းမ်ားႏွင့္ လူငယ္တစ္ေယာက္။ ဒါ တေလာက သူတို႔ဘားတြင္ေတြ႕ခဲ့သည့္ သီခ်င္းဆိုေသာ ေနသန႔္မိတ္ေဆြပင္ျဖစ္ေလသည္။
"တာရာက ကိုယ္ပိုင္ band လဲ ရွိတယ္ေလ။ Lead singerေပါ့။ Mist နဲ႔ ဆိုေပါက္ခ်င္းဆင္တူတာ သတိထားမိလို႔ ႏွစ္ေယာက္တူတူ စကားေလးဘာေလးေျပာၾကည့္ရင္ Mist အတြက္လည္း အေထာက္အကူရႏိုင္မလား ေတြးမိလို႔ ေခၚလာတာ။ ေနာက္ကိုလည္း တာရာက တစ္ပတ္တစ္ႀကိမ္ ႏွစ္ႀကိမ္ေလာက္ လာၿပီး ေလ့က်င့္တာဘာညာ ကူေပးလိမ့္မယ္။ က်န္တဲ့လူေတြလဲ သိခ်င္တာ ဘာညာရွိရင္ေမးၾကည့္ေလ စီနီယာဆိုေတာ့"
သီခသည္ အလ်င္အျမန္ပင္ Mistရွိရာသို႔ လွမ္းၾကည့္လိုက္သည္။ Mist အမူအရာက မတုန္မလႈပ္။ သို႔ေသာ္ တစ္စုံတစ္ခုကေတာ့ ပုံမွန္ထက္ ထူးျခားေန၏။ တာရာက Mist ရွိရာဆီသို႔ တျဖည္းျဖည္း ေလွ်ာက္သြားကာ သူ႔ေရွ႕တြင္ ရပ္လိုက္သည္။
"မေတြ႕တာ ၾကာၿပီေနာ္ Mist"
တာရာက Mist ကို ၾကည့္ရင္း ႏႈတ္ဆက္လိုက္၏။
18/12/22
10:55pm