အပိုင်း (၂၂)
" နင်ရှာခိုင်းထားတဲ့ဟာ.. "
မျက်လုံးတွေမို့အစ်နေတဲ့ လျှိရှီခွမ်းက သူ့ရှေ့ကိုသော့တွဲလေးထိုးပေးတယ်။ သော့တွဲရဖို့ ကြာဦးမယ်ထင်ထားပေမဲ့ တကယ်တော့ မကြာလိုက်ပါ။
စားပွဲပေါ်ကသော့တွဲလေးကို သူ့ဘက်ဆွဲယူလိုက်ရင်း လျှိရှီခွမ်းကို သူအကဲခတ်လိုက်မိတယ်။ သူနဲ့ အရှင့်သားရဲ့အကြောင်းကို လျှိုရှီခွမ်းက သိသွားပြီမဟုတ်လား။
သူငယ်ချင်းဖြစ်သူ လျှိုရှီခွမ်းကို သူအားနာမိပေမဲ့ တောင်းပန်စကားတွေကတော့ သူ့နှုတ်ဖျားကနေ ထွက်မကျခဲ့ပါ။ သူလည်းပြောမထွက်ခဲ့ပါ။ ဖြစ်နိုင်လျှင် သူနဲ့ အရှင့်သားက ရှီခွမ်းကွယ်ရာမှာ ပတ်သက်နေတဲ့ ဆက်နွယ်မှုကို သူအစမဖော်ချင်ပါ။
"ကျေးဇူးတင်ပါတယ် ရှီခွမ်း..."
"မလိုပါဘူး..."
လျှိုရှီခွမ်းက ဝမ်ရိပေါ် ကို ပြုံးပြလိုက်တယ်။ ရှီခွမ်းကိုယ်တိုင်ကလည်း သူနဲ့အရှင့်သားတို့ကြားက ဆက်ဆံရေးကို မသိချင်တာဖြစ်ပါလိမ့်မယ်။
လက်ထဲမှာရှိနေတဲ့ ကြေးနီရောင်သော့တွဲလေးကို သူဆုပ်ကိုင်လိုက်တယ်။ သူ့ဆီမှာ ကလေးလေးရှိမှန်း သိပြီးနောက်ပိုင်းမှာ သူက ဇိုင်ရယ်တန်ကို လွှတ်ပေးလိုက်ဖို့ တွေဝေနေမိတယ်။
အရှင့်သားအပြစ်ပေးတာကို သူမကြောက်ပေမဲ့ ကလေးလေး ထိခိုက်သွားမှာကိုတော့ သူစိုးရိမ်နေမိခြင်းကြောင့်။ ဒါပေမဲ့လည်း သူ့ဗိုက်ထဲက ကလေးလေးက အရှင့်သားကလေးပဲကို။
ကလေးရှိနေတဲ့သူ့ကို အရှင့်သားက အပြစ်တွေလျော့ပေါ့နိုင်ကောင်းပါရဲ့။
သူနဲ့အရှင့်သားမှာ ကလေးလေးရှိလာပြီမို့ နှစ်ဦးကြားကစိမ်းသက်သက်ဆက်ဆံရေးတွေဟာ ပြောင်းလဲသွားလောက်ပါတယ်။
ကိုယ့်အတွေးနဲ့ကိုယ် သဘောကျသွားတဲ့ ဝမ်ရိပေါ်က သူကိုယ်တိုင်တောင် သတိမထားပဲနဲ့ ပြုံးလိုက်မိတယ်။
"ဘာတွေကို သဘောကျနေတာလဲ ရိပေါ်.."
"အာ.. ဘာမှမဟုတ်ပါဘူး ရှီခွမ်း .. "
သူမရှေ့မှာ ရှက်ရမ်းရမ်းကာ ရယ်ပြုံးလိုက်တဲ့ဝမ်ရိပေါ်က ဒီကနေ့မှပိုပြီး နုယွနေသလို။ ဖွေးဥနေတဲ့ အသားအရည်ကိုပိုင်ဆိုင်ထားတဲ့ ဝမ်ရိပေါ်က မိန်းခလေးတွေထက်တောင် အသားအရည်က ပိုလှနေသေးတယ်။
ခပ်တန်းတန်းမျက်ခုံး၊ ခပ်လုံးလုံးနှာတံ၊ မကျဥ်းမကျယ်မျက်လုံးနဲ့ ပန်းဆီရောင် နှုတ်ခမ်းပါးတို့က နုဖက်နေတဲ့ မျက်နှာပေါ်မှာ ကျကျနန။
အရှင့်သားအကြိုက်က ဒီလိုပုံစံလေးဖြစ်သတဲ့..။
ဝမ်ရိပေါ်နဲ့ သူ(မ)ကတစ်နေရာမှ တူမနေခဲ့ပါ။
"ရိပေါ်..."
လျှိုရှိခွမ်းရဲ့ခေါ်လိုက်သံမှာ ဝမ်ရိပေါ် က နားထောင်ရန်အသင့်။
"နင်မရှိရင် သိပ်ကောင်းမှာပဲ.."
လျှိုရှီခွမ်းက မျက်ရည်တွေနဲ့ သူ့ကို စိုက်ကြည့်နေတယ်။
"ငါ..ငါ.. မပြောတော့ဘူး လုပ်ထားပေမဲ့ ငါသည်းမခံနိုင်တော့ဘူး။ နင့်ကိုယုံထားတာ။ နင်က ဒီလိုမလုပ်လောက်ဘူးဆိုပြီး နင့်ကိုယုံထားတာ .. "
"ရှီခွမ်း ငါထွက်ပြေးခဲ့ပါတယ်။ အရှင့်သားဆီကနေ ငါ ထွက်ပြေးခဲ့ဖူးပါတယ် ဒါပေမဲ့... "
"မအောင်မြင်ခဲ့ဘူးလို့ ပြောချင်တာလား.. "
ရှေ့က ရှီခွမ်းကို သူ ခေါင်းညိမ့်ပြလိုက်တယ်။ အရှင့်သားကို ရှီခွမ်းဆီကနေ လုယူဖို့ သူမကြိုးစားခဲ့ဖူးဘူး ။
"တောင်းပန်ပါတယ်.. "
"သူနဲ့အတူ ထွက်သွားပေးပါလား.."
"ဘယ်သူ.."
"သွေးစုပ်ဖုတ်ကောင်... အဲဒီသူနဲ့ အတူထွက်သွားလိုက်ပါလား.."
"ရှီခွမ်း!!"
"မလုပ်နိုင်ဘူးလားဟင်.. ငါ့အတွက်လေ... နင်လည်း အရှင့်သားကိုချစ်တာမှမဟုတ်ပဲ။ ငါကအရှင့်သားကို အရမ်းချစ်တာ..။ ငါ့အတွက် အရှင့်သားက မရှိလို့မဖြစ်ဘူးလေ"
"..."
"ရိပေါ်.."
လျှိုရှီခွမ်း ကသူ့လက်တစ်ဖက်ကို ဆုပ်ကိုင်ပြီးတော့
တောင်းဆိုလာခဲ့တယ်။
"ငါ.. မလုပ်နိုင်လောက်ဘူး.."
သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်ထားတဲ့ လျှိုရှီခွမ်းရဲ့ လက်နှစ်ဖက်ဟာ လျော့ရဲကာ လွှတ်ချလိုက်တယ်။ မယုံနိုင်သေးတဲ့ အကြည့်မျိုးဖြင့် ရှီခွမ်းက စိုက်ကြည့်နေလေရဲ့။
"တောင်းပန်ပါတယ်.."
စားပွဲအောက်က ကျန်လက်တစ်ဖက်ဖြင့် သူ့ဝမ်းဗိုက်ပွတ်သပ်လိုက်တယ်။သူ့မှာသာကိုယ်ဝန်မရှိခဲ့ရင်တော့...။
"ကိုကိုက ငါ့ကို ပိုချစ်တာပါ ရိပေါ်..။ ငါတို့က အရင်ချစ်ခဲ့ကြတာ.."
ရှီခွမ်းကသူ့ကို ပြိုင်ဖက်တစ်ယောက်လို့ သတ်မှတ်လိုက်လေသလား။ သူက လျှိုရှီခွမ်း နဲ့အပြိုင် အရှင့်သားကို လုယူချင်သူမှမဟုတ်ပဲ။
"ကိုကို့ဆီက အဦးဆုံးအရာတွေကို ငါကအရင်ပိုင်ခဲ့တာပါ
ရိပေါ်..."
နစ်စူးသွားတဲ့ ခံစားချက်တစ်ခုက မျိုသိပ်လိုက်ဖို့ ဖြစ်တည်ခဲ့လေရဲ့။ သူ့ရှေ့ကထွက်သွားလေတဲ့ ရှီခွမ်းက သူ့ကို မနှစ်မြို့တော့ဘူးထင်ပါတယ်။
"ငါသိပါတယ်.."
.
.
"အင့်.."
သူ့ခန္ဓာကိုယ်ပေါ်မှာ အဝတ်တွေကင်းမဲ့လို့။ သူ့ခြေဖဝါးကနေစတင်ကာ အိပ်ရာပေါ်ကို ပစ်တင်ခံရခြင်းနဲ့အတူ နမ်းရှိုက်လာသူ အရှင့်သားက တဖြည်းဖြည်း အထက်သို့တက်လာတယ်။
မနက်ဖြန်ဆိုလျှင် စျာပနအခမ်းအနားက ပြီးဆုံးလေပြီ။စျာပနပွဲပြီးလျှင်အရှင့်သားက အိမ်ရှေ့စံမင်းသားရဲ့ အရိုက်အရာကို ဆက်ခံတော့မည်။
"ဟင့်.."
ဝမ်းဗိုက်ကို နမ်းရှိုက်လိုက်တဲ့ အရှင့်သားကြောင့် ရိပေါ်ရင်ထဲမှာ တစ်မျိုးဖြစ်သွားလေရဲ့။ သူ့ဆီမှာ ကိုယ်ဝန်ရှိမှန်းသိရင် ဖြစ်ပျက်သွားမယ့် အရှင့်သားရဲ့မျက်နှာကို သူမြင်ချင်မိတယ်။
ဆူထောင်နေတဲ့ ရင်ဘတ်ကအသီးတွေကို စုပ်ယူနေတဲ့ အရှင့်သားက လက်တွေနဲ့လည်း သူ့ခန္ဓာကိုယ် အောက်ပိုင်းကို ပွတ်သပ်နေသေးတယ်။
"ဝင်လိုက်တော့မယ်နော်.."
အရှင့်သားက သူ့နှုတ်ခမ်းတွေကို စုပ်နမ်းလိုက်ရင်း အသိပေးလာခဲ့တယ်။
"ဖြည်းဖြည်း..."
ကြမ်းကြမ်းရမ်းရမ်းတိုးဝင်နေတဲ့ အရှင့်သားက သူ့အသွေးအသားကို စိတ်လွတ်ကိုယ်လွတ် စားသုံးနေလေရဲ့။
"အင်း..ဟင်း.."
"ဟာ့..."
ပြီးဆုံးသွားတဲ့အရှင့်သားက သူ့ကိုယ်ပေါ်မှာထပ်လျက်သား။
နောက်မှ လွတ်နေသည့် သူ့ဘေးဘက်မှာ နေရာယူလိုက်ရင်း သူ့ခန္ဓာကိုယ်ကို ပွေ့ဖက်ထားတယ်။
"လက်က ဒဏ်ရာကြီးက ပျောက်သွားတာလား.."
အရှင့်သားနဲ့တွေ့ကတည်းက မေးချင်ပေမဲ့ သူ့အခန်းထဲကို ဝင်လာကတည်းက အရှင့်သားက သူ့ကိုနမ်းရှိုက်နေတာမို့မမေးရသေး။
"အင်.."
အရှင့်သားကမျက်လုံးတွေ မှိတ်ထားလျက်ဖြင့်ဖြေလေတယ်။သူကတော့ အရှင့်သားကို ရင်ခွင်ထဲမှ မော့ကြည့်နေလျက်။
"အရှင့်သား..."
"..."
ချွေးတွေရွှဲနေတဲ့ အရှင့်သားက မောပန်းကာ အိပ်ချင်နေသည့်ဟန်။
"ကလေးလေးတွေကို သဘောကျလား..."
"အင်.."
ပြန်ဖြေလိုက်သံတိုးတိုးလေးကြောင့် ရင်ထဲမှာတော့ နွေးသွားသား။ လက်သီးဆုပ်လေးနဲ့ မြင်နေရတဲ့ ရင်ဘတ်ကျယ်ကို တစ်ချက်ထုလိုက်တယ်။
"လူကြမ်းကြီး..."
ပြုံးရယ်သွားတဲ့ နှုတ်ခမ်းတစ်စုံကို ဝမ်ရိပေါ်က ငေးမောနေခဲ့တယ်။ မျက်လုံးတွေမှိတ်ကာ အိပ်စက်နေတာတောင် အရှင့်သားက ချောရက်နိုင်လွန်းတယ်။
အချိန်တွေအကြာကြီး...
ငေးမောရခြင်းကြောင့် သူ့မှာအိပ်မပျော်နိုင်ခဲ့..။
"အရှင့်သားကြောင့် ဒီထဲမှာလေ..."
ငြိမ်သက်လွန်းနေတဲ့ အရှင့်သားက နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီမို့ သူဆက်မပြောဖြစ်တော့..။
ပွေ့ဖက်ထားတဲ့ သန်သန်မာမာလက်တွေကြားကနေ သူအသာအယာ ထွက်လိုက်တယ်။ခန္ဓာကိုယ်ကို သန့်ရှင်းလိုက်ပြီး အဝတ်ပြည့်ဝတ်တယ်။ အဆုံးသတ်အနေနဲ့ ဝတ်ရုံနက်ကို ကိုယ်ပေါ်မှာ လွှမ်းခြုံလိုက်ကာ ခေါင်းကိုလုံအောင် ဆောင်းလိုက်တယ်။
အရှင့်သားမမြင်အောင် ဖွက်ထားခဲ့တဲ့ သော့တွဲလေးကို ဆွဲယူလိုက်ရင်း ဇိုင်ရယ်တန်ရှိရာကို သူထွက်လာလိုက်တယ်။ ချင်းရန်ကလည်း အိပ်ပျော်နေလောက်ပြီဖြစ်တာမို့ သူခေါ်မနေတော့..။
အမှောင်ရိပ်ကောင်းတဲ့ လမ်းတွေကနေ ရွေးလာရင်း သီးသန့်အချုပ်ခန်းရှေ့ကိုရောက်တော့ နံရံအကွယ်မှာ ပုန်းခိုလိုက်တယ်။
"ဆောရက်စ်စလီး စလိ့.."
သီးသန့်အချုပ်စခန်းရှေ့မှာ စောင့်ကြပ်နေတဲ့ တပ်သားတွေကို မေ့မြောသွားအောင် သူမန္တာန်ရွတ်လိုက်တယ်။ ဘုတ်ခနဲကျသွားတဲ့ ခန္ဓာကိုယ်နှစ်ခုက မြေပြင်ပေါ်မှာ။
လက်ဖြောက်တီးလိုက်ချိန်မှာ အစိမ်းရောင် မီးတောက်တွေကသူ့ဘေးမှာဝဲလျက်။
"ဝမ်ရိပေါ်..."
အချုပ်ခန်းထဲ ဝင်လာတဲ့သူကို မြင်သွားတဲ့ ဇိုင်ရယ်တန်က သံတိုင်တွေရှေ့ကို တိုးလာတယ်။
"ခင်ဗျားကို လွှတ်ပေးမယ်။ ပြီးရင် ခင်ဗျားပြန်တော့..။
ဒီကို ဘယ်တော့မှ ပြန်မလာပါနဲ့.."
'ချောက်' ဆိုတဲ့အသံတစ်ခုနဲ့အတူ သော့ခလောက်လေးက သူ့ကြောင့် ပွင့်သွားခဲ့တယ်။ သော့ပွင့်သွားတာနဲ့ လှောင်အိမ်ပေါ်မှာ လွှမ်းခြုံထားတဲ့ အနီရောင်အငွေ့အသက်တွေက ပျောက်ကွယ်လို့..။
"ဝမ်ရိပေါ်.."
လှောင်အိမ်ထဲကထွက်လာတဲ့ ဇိုင်ရယ်တန်က သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်တယ်။
"ငါ တကယ်ပြန်မှဖြစ်မှာလား.."
"ပြန်ပါ.."
"မပြန်ရင်ရော.."
"ခင်ဗျားသေလိမ့်မယ်"
ဇိုင်ရယ်တန်က သူ့လက်တွေကို လွှတ်ချပြီး ကျောခိုင်းလိုက်တယ်။ ကျောခိုင်းထားရုံ အနေအထားလေးမှာတောင် ဝမ်ရိပေါ်ကို သူစိတ်မချနိုင်ပါ။
"ငါနဲ့လိုက်ခဲ့ပါ.."
"မလိုက်ဘူး..."
သူ့ကို ငုံ့ကြည့်လိုက်တဲ့ ဇိုင်ရယ်တန်က သူ့ဇက်ပိုးကို တစ်ချက်အရိုက်မှာ မြင်ကွင်းတွေက ပိတ်ကွယ်သွားပြန်တယ်။
________________𝔖𝔱𝔞𝔯𝔢 𝔞𝔫𝔡 𝔖𝔦𝔫
__________________𝔱𝔥𝔢𝔬𝔡𝔬𝔯𝔞 𝔱𝔥𝔢𝔞
18/12/2022