" " ငါ ဒီလိုဘွဲ့တွေရအောင် ယူခဲ့ပေမယ့် အခုထိ လူ့အသက်တွေကို မကယ်နိုင်သေးဘူး "
မွေ့ယာပေါ် ငုတ်တုတ်ထိုင်ကာ ခေါင်းငိုက်စိုက်ကျရင်း ရေရွတ်နေသည့် အမူးသမားဆရာဝန်ဟာ အရုဏ်ဦးဖြစ်နေမည်မှန်း ဘယ်သူမှ တွေးမိကြမည်မဟုတ်။ သူသာလျှင် သိသည့် အချက်လေးတစ်ခုသာပင်။
" မမှားသော ရှေ့နေ မသေသော ဆေးသမား ဆိုပြီး ရှိတယ်မလား အရုဏ်ဦးရာ ငါတို့က နတ်ဆေးသမားတော်တွေမှ မဟုတ်တာ လူ့အသက်မှန်သမျှ အကုန်လုံးကို ကယ်နိုင်မှာ မဟုတ်ဘူးလေ "
" ဟူးးး ငါ အိပ်တော့မယ် ဒီကုတင်ပေါ်ပဲ အိပ်ရမှာလား "
မွေ့ယာကို တဘုတ်ဘုတ်ပုတ်ရင်း မေးလာတော့ ခေါင်းငြိမ့် ပြလိုက်သည်။ အိပ်ရာပေါ် ပစ်လှဲ လိုက်ပြီးမှ သူ့ကို စောင်းကြည့်လာကာ မေးသည်။
" မင်းကရော ဘယ်မှာ အိပ်မှာလဲ "
" ဒီနေရာ "
သူ့အဖြေကို ကြားတော့ မျက်မှောင်ကုတ်ကာ ကြည့်လာသည်။ အရက်သာမူးတယ်ရေခဲတုံးပုံစံကတော့ ခုထိမပျောက်သေး။
" ဘာလဲ အခြားအခန်းက သန့်ရှင်းရေး မလုပ်ထားဘူး အပြင်မှာလည်း မအိပ်နိုင်ဘူး အေးတယ် "
ထပ်ပြီးဘာမှပြောမလာတော့ ကျောပေးကာသာ အိပ်သွားတော့သည်။ မျက်နှာသစ် ခြေ လက်ဆေးပြီးနောက် အိပ်ရာထဲဝင်လိုက်တော့ အရုဏ်ဦးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ပြီ။ မိုးရွာထားသည်မို့ ညအချိန်မှာလည်း အေးစိမ့်နေဆဲ။ စောင်ပုံထဲ တိုးဝင်ကာ အိပ်ပျော်အောင်အိပ်ဖို့ မျက်လုံးမှိတ်လိုက်စဉ် တိုးကပ်လာသော ခန္ဓာကိုယ်ကြောင့် လူက တောင့်ကနဲ ဖြစ်သွားသည်။
" အရုဏ်ဦး ဟိုဘက်တိုး "
သူ့စကားဟာ အိပ်ပျော်နေသူနားထဲမဝင်နိုင်ပေ။ တစ်ဖက်ကို စောင်းငဲ့ကြည့်လိုက်တော့ ခပ်ကွေးကွေးလေး အိပ်နေသည့်သူ ကို တွေ့လိုက်ရသည်။ ဆံပင်တွေဟာလည်း ဖရိုဖရဲနှင့် အေးစက်စက်မျက်ဝန်းတွေဟာလည်း မှေးမှိတ်ထားသည်မို့ အရုဏ်ဦးရဲ့ အသွင်ဟာ ဆေးရုံမှာတွေ့ရသည့် ပုံစံနှင့် တစ်ခြားစီပင်။ တကယ်တော့ သည်လိုအသွင်မျိုးဟာ တစ်ချိန်က သူ ရင်းနှီးခဲ့ရသည့် ပုံရိပ်လေးပင်။
ခပ်ဖွာဖွာဆံပင်တွေကို ပွတ်သပ်လိုက်ပြီးနောက် ရင်ခွင်ထဲ ထည့်ကာ မျက်လုံးကို မှိတ်လိုက်တော့သည်။ တစ်ဖက်ကလည်း သက်တောင့်သက်သာ အနေအထားဖြင့် အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်နေခဲ့တော့သည်။
နံနက်ခင်းစောစော လမ်းထလျှောက်တတ်သည့် အကျင့်ကြောင့် မျက်လုံးတို့က သူ့အလိုလို ပွင့်လာခဲ့သည်။ လက်မောင်းတစ်ဖက်ကို ဖိထားသည်မို့ ထုံကျင်နေလေရာ အသာယာ ဆွဲထုတ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ခေတ္တမျှ နှိပ်နယ်ပေးလိုက်ရသည်။ အမူးသမားဆရာဝန်ကတော့ ခုထက်ထိ အိပ်ပျော်နေဆဲ။ ကုတင်ပေါ်မှဆင်းကာ မျက်နှာသစ်ရန် ထလိုက်တော့ စောင်အောက်မှ ထွက်နေသော ဖြူဖြူဖွေးဖွေး ခြေတစ်ဖက်ကို မြင်လိုက်ရသဖြင့် အသာလေးမကာ စောင်အောက်ထဲ ထည့်ပေးလိုက်ရသည်။
စူဠာမုဏိဘုရားသွားရာ ပတ်လမ်းတစ်လျှောက်တွင် သူ့ကဲ့သို့ လမ်းလျှောက်သူ၊ လေ့ကျင့်ခန်းလုပ်သူ ၊ စက်ဘီးစီးသူများဖြင့် ပြည့်နေခဲ့သည်။ ဘုရားရင်ပြင်ပေါ် ခဏဝင်လိုက်တော့ ထိုင်ခုံတန်းတွေဟာလည်း ထိုင်သူမရှိဘဲ လစ်ဟာနေသည်။ တောင်စဉ်တောင်တန်းတွေကို ခဏမျှ ငေးကြည့်ကာ ကိုယ်လက်လှုပ်ရှားမှုတချို့လုပ်ပြီးနောက် ပြန်ဆင်းလာခဲ့သည်။ သောက်နေကျ ကော်ဖီဆိုင်ကို ဝင်ကာ ကော်ဖီတစ်ခွက် ဝင်ဝယ်ခဲ့ပြီး အိမ်ကိုသာ ပြန်လာလိုက်တော့သည်။
အမူးမပြေသလို မျက်နှာမျိုးနှင့် အရုဏ်ဦးက မီးဖိုချောင်ထဲက ထွက်လာသည်။ လက်ထဲတွင် လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ကိုင်ထားရင်း ပြောသည်။
" လက်ဖက်ခြောက်က မွှေးသားပဲ ပင်လောင်းကလား "
" ခုထိ မူးနေတုန်းပဲလား "
ပုံမှန်အသိစိတ်နဲ့ အရုဏ်ဦးသာဆိုလျှင် ထိုသို့ လောကွတ်စကား ဆိုမည်မဟုတ်ချေ။ သူ့အမေးကို ကြားတော့ ဘာမှတုံ့ပြန်မလာ။ လက်ဖက်ရည်ကြမ်းကိုသာ ဆက်သောက်နေသည်။
" ငါ့ကို အိမ်ပြန်ပို့ပေးဦး "
" ခဏစောင့် အဝတ်အစားလဲဦးမယ် "
ဒီနေ့မနက်တော့ ရာသီဥတုက သာယာနေခဲ့သည်။ အရုဏ်ဦးရဲ့အိမ်ဟာ သူနှင့်တော့ အတော်ဝေးသေးသည်။ အိမ်ရှေ့ရောက်တော့ " ကျေးဇူး "ဟု တစ်ခွန်းသာဆိုပြီး ခြံထဲဝင်သွားတော့သည်။ တကယ်ကို ကူညီရကျိုး မနပ်သည့် ကောင်ပင်။ အိမ်ကို တစ်ခေါက်ပြန်ကာ သပ်သပ်ရပ်ရပ် အဝတ်စားကို ပြင်ဆင်ပြီး ဆေးရုံဆီ ထွက်လာလိုက်သည်။ တောင်ပေါ် အဆင်းလမ်းမှာတော့ တောင်နေကြာတချို့ ပွင့်လန်းနေသည်ကို တွေ့ရသည်။ မနေ့က ရွာခဲ့သော မိုးစက်တွေကြောင့် ခပ်စောစော ပွင့်လာခြင်း ဖြစ်နိုင်သည်။ ကားထဲမှာ ဖွင့်ထားသည့် သီချင်းကလည်း ပြင်ပပခြေနေနှင့် ကိုက်ညီနေခဲ့ရာ စိတ်ကို ကြည်နူးမှုဖြစ်လာစေသည်။
" တောပန်းကလေးများနဲ့... လှချင်တိုင်း လှနေပါတယ်.... လမ်းလေးကွေ့ကောက်ရာ ...ဘေး တစ်ဖက်မှာ.....
အဆင်းအတက် ခရီးဆက်လို့ ဖြတ်ကျော် မြင်ကွင်းးး ရှေ့မှာ... တောင်ပြာတန်းတွေ... ဆီးးးး..လို့ကာ "
သီချင်းကို ခပ်တိုးတိုးလိုက်ညည်းရင်း အေးအေးဆေးဆေး သာ မောင်းလာခဲ့သည်။ ဆေးရုံကားပါကင်မှာ သေချာ နေရာယူပြီးနောက် တာဝန်ကျရာ အဆောင်ဆီသွားသည်။ ပြင်ပလူနာဌာနရှိ ဝန်ထမ်းတွေအကုန် အေးအေးဆေးဆေး စကားတွေပြောနေရာမှ သူ့ကို မြင်တော့ နှုတ်ဆက်လာကြသည်။
" ဆရာ မိုးသောက် မင်္ဂလာပါ "
" ဆရာ မင်္ဂလာပါ "
" မင်္ဂလာပါ အေးဆေးဖြစ်နေကြတယ်ပေါ့ "
" ဟာ ဆရာ့ "
သူ့ရဲ့နှုတ်ဆက်စကားကြောင့် အကုန်လုံးဟာ အထိတ်တလန့်နဲ့ တစ်ပြိုင်တည်း အော်ဟစ်လာတော့သည်။ အပြာဝတ်ဆရာမလေး နန်းချယ်ရီကတော့ ခေါင်းလေးကို ရမ်းရင်း ငြီးတွားလာသည်။
" ဟူးး တို့ဆရာကတော့ဟေ့.... တို့တွေကို ရန်လာစနေတာပဲ မနေ့ကလည်း နှင်းဆီပန်းကြီး ယူလာတယ် အခုလည်းကြည့် "
ဆေးရုံမှာ အေးအေးဆေးဆေး ပဲနော် ဆိုသော စကားကို ပြောခွင့်မရှိပေ။ ထိုသို့ပြောလိုက်လျှင် လူနာရှုပ်တတ်သည်တဲ့လေ။ ကဲ ဒါဟာလည်း ဆေးရုံဝန်ထမ်းတွေရဲ့ အစွဲတစ်ခု။
" sorry ပါဗျာ နောက် သတိထားပါ့မယ် "
ပြောနေဆိုနေတုန်း ဆေးရုံရှေ့မှာ ကားတစ်စီးဆိုက်လာသည်။ လူနာကို ပွေ့ချီကာ အထဲဝင်လာသည့် လူတွေကြောင့် ထိုင်နေသည့် ဝန်ထမ်းတွေအကုန်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ကိုယ်စီကိုယ်စီ လုပ်ဆောင်ရမည့်တာဝန်တွေကို သေချာ လုပ်ကိုင်ကြတော့သည်။ ခွဲစိတ်ဆောင်ဆီ ဆက်သွားရန်ပြင်ပေမယ့် နန်းချယ်ရီက လှမ်းအော်သည်။
" ဆရာမိုးသောက် မသွားနဲ့ဦး ဒါ ဆရာ့လူနာ "
အမှန်စင်စစ်တော့ တာဝန်ကျ လက်ထောက်ဆရာဝန် သာ ကြည့်ပြီး လူနာကို ဆေးရုံတက်ခိုင်းလျှင်ရသည်။ ခွဲစိတ်ဆောင်ရောက်မှသာ သူ တစ်ချက်ပြန်ကြည့်ရုံပင်။ ယခုတော့ အေးဆေးပဲလား ဟု နှုတ်ဆက်မိသည့်အပြစ်ကြောင့် ဆရာမလေးပြောသည့်အတိုင်း လူနာကို တစ်ခါတည်းဝင်ကြည့်သွားရတော့သည်။
" H&M နဲ့လာတာ ဆရာ alcohol user ပါ "
( သွေးအန် သွေးဝမ်းသွားတဲ့ အရက်သမား )
" ဘယ်လောက် ပမာဏလောက် အန်ထားတာတဲ့လဲ "
" သောက်ရေခွက် နှစ်ခွက်စာလောက်တဲ့ ဆရာ အခု ကုတင်ပေါ်တင်ပြီးတော့ 10cc လောက် အန်သေးတယ် "
" Ryle'tube ထည့်ပြီး NBM ထားမယ် Ice irrigation လုပ်ဖို့ order ထည့်လိုက်ပါ အခြား history ဘာရှိသေးလဲ "
( နှာခေါင်းပိုက်ထည့် ၊ အစာရေဖြတ်ထား၊ ရေခဲရေနဲ့ နှာခေါင်းပိုက်ကနေ ဆေးမယ် ၊ အခြား ရောဂါ မှတ်တမ်းဘာရှိလဲ )
ဆရာဝန်လေးပြောသည်ကို နားထောင်နေရင်းကနေ ဖြတ်သွားသည့် အရုဏ်ဦးကို မြင်လိုက်သဖြင့် ကြည့်နေမိသည်။ နားထင်ကို နှိပ်နယ်ရင်း လျှောက်သွားသဖြင့် နေမကောင်းဖြစ်နေသလား ဟု တွေးမိသွားပြန်သည်။ ဆရာဝန်လည်း နေမကောင်းဖြစ်တတ်သည်မဟုတ်လား။ ဆရာဝန်လည်း ဂရုစိုက်ပေးမည့်သူ လိုအပ်သည်ပဲလေ။ ခက်တာက ဂရုစိုက်ပေးချင်လည်း လက်ခံမည်မဟုတ်သည့်အချက်ပင်။ အရုဏ်ဦးရေ.... မင်းကတော့ တကယ့် ရေခဲတုံးပါပဲကွာ ။
ဆက်ရန်
Zawgyi.
" " ငါ ဒီလိုဘြဲ႕ေတြရေအာင္ ယူခဲ့ေပမယ့္ အခုထိ လူ႕အသက္ေတြကို မကယ္နိုင္ေသးဘူး "
ေမြ႕ယာေပၚ ငုတ္တုတ္ထိုင္ကာ ေခါင္းငိုက္စိုက္က်ရင္း ေရ႐ြတ္ေနသည့္ အမူးသမားဆရာဝန္ဟာ အ႐ုဏ္ဦးျဖစ္ေနမည္မွန္း ဘယ္သူမြ ေတြးမိၾကမည္မဟုတ္။ သူသာလွ်င္ သိသည့္ အခ်က္ေလးတစ္ခုသာပင္။
" မမွားေသာ ေရွ႕ေန ေမေသသာ ေဆးသမား ဆိုၿပီး ႐ြိတယၼလား အ႐ုဏ္ဦးရာ ငါတို႔က နတ္ေဆးသမားေတာ္ေတြမွ မဟုတၱာ လူ႕အသက္မွန္သမွ် အကုႏႅဳံးကို ကယ္နိုင္မွာ မဟုတ္ဘူးေလ "
" ဟူးးး ငါ အိပ္ေတာ့မယ္ ဒီကုတင္ေပၚပဲ အိပ္ရမွာလား "
ေမြ႕ယာကို တဘုတ္ဘုတ္ပုတ္ရင္း ေမးလာေတာ့ ေခါင္းၿငိမ့္ ျပလိုက္သည္။ အိပ္ရာေပၚ ပစ္လွဲ လိုက္ၿပီးမွ သူ႕ကို ေစာင္းၾကည့္လာကာ ေမးသည္။
" မင္းကေရာ ဘယ္မွာ အိပ္မွာလဲ "
" ဒီေနရာ "
သူ႕အေျဖကို ၾကားေတာ့ မ်က္ေမွာင္ကုတ္ကာ ၾကည့္လာသည္။ အရက္သာမူးတယ္ေရခဲတုံးပုံစံကေတာ့ ခုထိမေပ်ာက္ေသး။
" ဘာလဲ အျခားအခန္းက သန႔္ရွင္းေရး မလုပၳားဘူး အျပင္မွာလည္း မအိပ္နိုင္ဘူး ေအးတယ္ "
ထပ္ၿပီးဘာမွေျပာမလာေတာ့ ေက်ာေပးကာသာ အိပ္သြားေတာ့သည္။ မ်က္ႏွာသစ္ ေခ လက္ေဆးၿပီးေနာက္ အိပ္ရာထဲဝင္လိုက္ေတာ့ အ႐ုဏ္ဦးက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနခဲ့ၿပီ။ မိုး႐ြာထားသည္မို႔ ညအခ်ိန္မွာလည္း ေအးစိမ့္ေနဆဲ။ ေစာင္ပုံထဲ တိုးဝင္ကာ အိပ္ေပ်ာ္ေအာင္အိပ္ဖို႔ မ်က္လုံးမွိတ္လိုက္စဥ္ တိုးကပ္လာေသာ ခႏၶာကိုယ္ေၾကာင့္ လူက ေတာင့္ကနဲ ျဖစ္သြားသည္။
" အ႐ုဏ္ဦး ဟိုဘကၱိုး "
သူ႕စကားဟာ အိပ္ေပ်ာ္ေနသူနားထဲမဝင္နိုင္ေပ။ တစၹကၠို ေစာင္းငဲ့ၾကည့္လိုက္ေတာ့ ခပ္ေကြးေကြးေလး အိပ္ေနသည့္သူ ကို ေတြ႕လိုက္ရသည္။ ဆံပင္ေတြဟာလည္း ဖရိုဖရဲႏွင့္ ေအးစက္စက္မ်က္ဝန္းေတြဟာလည္း ေမွးမွိတ္ထားသည္မို႔ အ႐ုဏ္ဦးရဲ႕ အသြင္ဟာ ေဆး႐ုံမွာေတြ႕ရသည့္ ပုံစံႏွင့္ တစ္ျခားစီပင္။ တကယ္ေတာ့ သည္လိုအသြင္မ်ိဳးဟာ တစ္ခ်ိန္က သူ ရင္းႏွီးခဲ့ရသည့္ ပုံရိပ္ေလးပင္။
ခပ္ဖြာဖြာဆံပင္ေတြကို ပြတ္သပ္လိုက္ၿပီးေနာက္ ရင္ခြင္ထဲ ထည့္ကာ မ္ကႅဳံးကို မွိတ္လိုက္ေတာ့သည္။ တစ္ဖက္ကလည္း သက္ေတာင့္သက္သာ အေနအထားျဖင့္ အသက္ရႉသံမွန္မွန္နဲ႕ အိပ္ေပ်ာ္ေနခဲ့ေတာ့သည္။
နံနက္ခင္းေစာေစာ လမ္းထေလွ်ာက္တတ္သည့္ အက်င့္ေၾကာင့္ မ်က္လုံးတို႔က သူ႕အလိုလို ပြင့္လာခဲ့သည္။ လက္ေမာင္းတစ္ဖက္ကို ဖိထားသည္မို႔ ထုံက်င္ေနေလရာ အသာယာ ဆြဲထုတ္လိုက္ၿပီး အျခားလက္တစ္ဖက္ျဖင့္ ေခတၱမွ် ႏွိပ္နယ္ေပးလိုက္ရသည္။ ကုတင္ေပၚမွဆင္းကာ မ်က္ႏွာသစ္ရန္ ထလိုက္ေတာ့ ေစာင္ေအာက္မွ ထြက္ေနေသာ ျဖဴျဖဴေဖြးေဖြး ေျခတစ္ဖက္ကို ျမင္လိုက္ရသျဖင့္ အသာေလးမကာ ေစာင္ေအာက္ထဲ ထည့္ေပးလိုက္ရသည္။
စူဠာမုဏိဘုရားၾသားရာ ပတ္လမ္းတစ္ေလွ်ာက္တြင္ သူ႕ကဲ့သို႔ လမ္းေလွ်ာက္သူ၊ ေလ့က်င့္ခန္းလုပ္သူ ၊ စက္ဘီးစီးသူမ်ားျဖင့္ ျပည့္ေနခဲ့သည္။ ဘုရားရင္ျပင္ေပၚ ခဏဝင္လိုက္ေတာ့ ထိုင္ခုံတန္းေတြဟာလည္း ထိုင္သူမရွိဘဲ လစ္ဟာေနသည္။ ေတာင္စဥ္ေတာင္တန္းေတြကို ခဏမြ္ ေငးၾကည့္ကာ ကိုယ္လက္လႈပ္ရွားမႈတခ်ိဳ႕လုပ္ၿပီးေနာက္ ျပန္ဆင္းလာခဲ့သည္။ ေသာက္ေနက် ေကာ္ဖီဆိုင္ကို ဝင္ကာ ေကာ္ဖီတစ္ခြက္ ဝင္ဝယ္ခဲ့ၿပီး အိမၠိုသာ ျပန္လာလိုက္ေတာ့သည္။
အမူးမေျပသလို မ်က္ႏွာမ်ိဳးႏွင့္ အ႐ုဏ္ဦးက မီးဖိုေခ်ာင္ထဲက ထြက္လာသည္။ လက္ထဲတြင္ လက္ဖက္ရည္ၾကမ္းတစ္ခြက္ကို ကိုင္ထားရင္း
" လက္ဖက္ေျခာက္က ေမႊးသားပဲ ပင္ေလာင္းကလား "
" ခုထိ မူးေနတုန္းပဲလား "
ပုံမွန္အသိစိတ္နဲ႕ အ႐ုဏ္ဦးသာဆိုလွ်င္ ထိုသို႔ ေလာကြတ္စကား ဆိုမည္မဟုတ္ေခ်။ သူ႕အေမးကို ၾကားေတာ့ ဘာမွတုံ႕ျပန္မလာ။ လက္ဖက္ရည္ၾကမ္းကိုသာ ဆက္ေသာက္ေနသည္။
" ငါ့ကို အိမ္ျပန္ပို႔ေပးဦး "
" ခဏေစာင့္ အဝတ္အစားလဲဦးမယ္ "
ဒီေန႕မနက္ေတာ့ ရာသီဥတုက သာယာေနခဲ့သည္။ အ႐ုဏ္ဦးရဲ႕အိမ္ဟာ သူႏွင့္ေတာ့ အေတာ္ေဝးေသးသည္။ အိမ္ေရွ႕ေရာက္ေတာ့ " ေက်းဇူး "ဟု တစ္ခြန္းသာဆိုၿပီး ၿခံထဲဝင္သြားေတာ့သည္။ တကယ္ကို ကူညီရက်ိဳး မနပ္သည့္ ေကာင္ပင္။ အိမ္ကို တစ္ေခါက္ျပန္ကာ သပ္သပ္ရပ္ရပ္ အဝတ္စားကို ျပင္ဆင္ၿပီး ေဆး႐ုံဆီ ထြက္လာလိုက္သည္။ ေတာင္ေပၚ အဆင္းလမ္းမွာေတာ့ ေတာင္ေနၾကာတခ်ိဳ႕ ပြင့္လန္းေနသည္ကို ေတြ႕ရသည္။ မေန႕က ႐ြာခဲ့ေသာ မိုးစက္ေတြေၾကာင့္ ခပ္ေစာေစာ ပြင့္လာျခင္း ျဖစ္နိုင္သည္။ ကားထဲမွာ ဖြင့္ထားသည့္ သီခ်င္းကလည္း ျပင္ပပေျခေနႏွင့္ ကိုက္ညီေနခဲ့ရာ စိတ္ကို ၾကည္ႏူးမႈျဖစ္လာေစသည္။
" ေတာပန္းကေလးမ်ားနဲ႕... လွခ်င္တိုင္း လွေနပါတယ္.... လမ္းေလးေကြ႕ေကာက္ရာ ...ေဘး တစ္ဖက္မွာ.....
အဆင္းအတက္ ခရီးဆက္လို႔ ျဖတ္ေက်ာ္ ျမင္ကြင္းးး ေရွ႕မွာ... ေတာင္ျပာတန္းေတြ... ဆီးးးး..လို႔ကာ "
သီခ်င္းကို ခပ္တိုးတိုးလိုက္ညည္းရင္း ေအးေအးေဆးေဆး သာ ေမာင္းလာခဲ့သည္။ ေဆး႐ုံကားပါကင္မွာ ေသခ်ာ ေနရာယူၿပီးေနာက္ တာဝန္က်ရာ အေဆာင္ဆီသြားသည္။ ျပင္ပလူနာဌာနရွိ ဝန္ထမ္းေတြအကုန္ ေအးေအးေဆးေဆး စကားေတြေျပာေနရာမွ သူ႕ကို ျမင္ေတာ့ ႏႈတ္ဆက္လာၾကသည္။
" ဆရာ မိုးေသာက္ မဂၤလာပါ "
" ဆရာ မဂၤလာပါ "
" မဂၤလာပါ ေအးေဆးျဖစ္ေနၾကတယ္ေပါ့ "
" ဟာ ဆရာ့ "
သူ႕ရဲ႕ႏႈတ္ဆက္စကားေၾကာင့္ အကုန္လုံးဟာ အထိတ္တလန့္နဲ႕ တစ္ၿပိဳင္တည္း ေအာ္ဟစ္လာေတာ့သည္။ အျပာဝတ္ဆရာမေလး နန္းခ်ယ္ရီကေတာ့ ေခါင္းေလးကို ရမ္းရင္း ၿငီးတြားလာသည္။
" ဟူးး တို႔ဆရာကေတာ့ေဟ့.... တို႔ေတြကို ရန္လာစေနတာပဲ မေန႕ကလည္း ႏွင္းဆီပန္းႀကီး ယူလာတယ္ အခုလည္းၾကည့္ "
ေဆး႐ုံမွာ ေအးေအးေဆးေဆး ပဲေနာ္ ဆိုေသာ စကားကို ေျပာခြင့္မရွိေပ။ ထိုသို႔ေျပာလိုက္လွ်င္ လူနာရႈပ္တတ္သည္တဲ့ေလ။ ကဲ ဒါဟာလည္း ေဆး႐ုံဝန္ထမ္းေတြရဲ႕ အစြဲတစ္ခု။
" sorry ပါဗ်ာ ေနာက္ သတိထားပါ့မယ္ "
ေျပာေနဆိုေနတုန္း ေဆး႐ုံေရွ႕မွာ ကားတစ္စီးဆိုက္လာသည္။ လူနာကို ေပြ႕ခ်ီကာ အထဲဝင္လာသည့္ လူေတြေၾကာင့္ ထိုင္ေနသည့္ ဝန္ထမ္းေတြအကုန္လုံး လႈပ္လႈပ္ရွားရွားျဖစ္သြားကာ ကိုယ္စီကိုယ္စီ လုပ္ေဆာင္ရမည့္တာဝန္ေတြကို ေသခ်ာ လုပ္ကိုင္ၾကေတာ့သည္။ ခြဲစိတ္ေဆာင္ဆီ ဆက္သြားရန္ျပင္ေပမယ့္ နန္းခ်ယ္ရီက လွမ္းေအာ္သည္။
" ဆရာမိုးေသာက္ မသြားနဲ႕ဦး ဒါ ဆရာ့လူနာ "
အမွန္စင္စစ္ေတာ့ တာဝန္က် လက္ေထာက္ဆရာဝန္ သာ ၾကည့္ၿပီး လူနာကို ေဆး႐ုံတက္ခိုင္းလွ်င္ရသည္။ ခြဲစိတ္ေဆာင္ေရာက္မွသာ သူ တစ္ခ်က္ျပန္ၾကည့္႐ုံပင္။ ယခုေတာ့ ေအးေဆးပဲလား ဟု ႏႈတ္ဆက္မိသည့္အျပစ္ေၾကာင့္ ဆရာမေလးေျပာသည့္အတိုင္း လူနာကို တစ္ခါတည္းဝင္ၾကည့္သြားရေတာ့သည္။
" H&M နဲ႕လာတာ ဆရာ alcohol user ပါ "
( ေသြးအန္ ေသြးဝမ္းသြားတဲ့ အရက္သမား )
" ဘယ္ေလာက္ ပမာဏေလာက္ အန္ထားတာတဲ့လဲ "
" ေသာက္ေရခြက္ ႏွစ္ခြက္စာေလာက္တဲ့ ဆရာ အခု ကုတင္ေပၚတင္ၿပီးေတာ့ 10cc ေလာက္ အန္ေသးတယ္ "
" Ryle'tube ထည့္ၿပီး NBM ထားမယ္ Ice irrigation လုပ္ဖို႔ order ထည့္လိုက္ပါ အျခား history ဘာရွိေသးလဲ "
( ႏွာေခါင္းပိုက္ထည့္ ၊ အစာေရျဖတ္ထား၊ ေရခဲေရနဲ႕ ႏွာေခါင္းပိုက္ကေန ေဆးမယ္ ၊ အျခား ေရာဂါ မွတ္တမ္းဘာရွိလဲ )
ဆရာဝန္ေလးေျပာသည္ကို နားေထာင္ေနရင္းကေန ျဖတ္သြားသည့္ အ႐ုဏ္ဦးကို ျမင္လိုက္သျဖင့္ ၾကည့္ေနမိသည္။ နားထင္ကို ႏွိပ္နယ္ရင္း ေလွ်ာက္သြားသျဖင့္ ေနမေကာင္းျဖစ္ေနသလား ဟု ေတြးမိသြားျပန္သည္။ ဆရာဝန္လည္း ေနမေကာင္းျဖစ္တတ္သည္မဟုတ္လား။ ဆရာဝန္လည္း ဂ႐ုစိုက္ေပးမည့္သူ လိုအပ္သည္ပဲေလ။ ခက္တာက ဂ႐ုစိုက္ေပးခ်င္လည္း လက္ခံမည္မဟုတ္သည့္အခ်က္ပင္။ အ႐ုဏ္ဦးေရ.... မင္းကေတာ့ တကယ့္ ေရခဲတုံးပါပဲကြာ ။
ဆက္ရန္