You💞💞💞(unicode + zawgyi)
By ToxicDaisy-2003
671 53 13
''ငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ်'' ''ကျွန်တော် အရမ်းချစ်ရတဲ့သူကလည်း'ချစ်သော' တစ်ယောက်ထဲပါ'' ''ငါအရမ္းခ်... More
Ep 6 unicode
Ep 7 part1 unicode
You💕💕💕 intro(uni+zaw)
Ep 1 unicode
Ep 1 Zawgyi
Ep 2 unicode
Ep2 Zawgyi
Ep 3 unicode
Ep 3 Zawgyi
Ep 4 unicode
Ep 3 Zawgyi
Ep 5 unicode
Ep 5 Zawgyi
Ep6 Zawgyi
Ep 7 part1 Zawgyi
Ep 7 part2 zawgyi
Ep7 part2 unicode
94 7 8
By ToxicDaisy-2003
ရှောင်ကျန့် နေ့လည်စာစားပြီးတဲ့နောက်မှာ ကလေးပေါက်ကို ဂေဟာဘေးက တောင်ကုန်းလေးကိုခေါ်လာခဲ့လိုက်တယ်
''ကျန့်ကော ဒါက ဘယ်နေရာလဲဟင် ဒီနေရာလေးက အေးတော့အေးချမ်းတယ်နော် လေလေးတွေတိုက်နေတော့😁''
''အင်း မား အကြိုက်ဆုံးနေရာလေးလေ မားက ဂေဟာလာတိုင်း ဒီနေရာလေးကို လာနေကျလေ''
''အော် ဟုတ်''
''မင်းသိလား မားက ဘဝကို လူနာတွေကိုအသက်မယ် မိသားစုနဲ့အတူကုန်ဆုံးပြီး အေးအေးချမ်းချမ်းလေး ဖြတ်သန်းချင်တာ ဒါပေမယ့် မားက ကံမကောင်းဘူး သူဖြတ်သန်းချင်တဲ့ ဘဝလေးကို မရလိုက်ဘူးလေ ဒါကလည်း ငါ့ရဲ့ နှစ်ယောက်မရှိတဲ့ မွေးသဖခင်ကြောင့် အဟက်''
''.....''
''ငါ မင်းကို ဘာလို့ အ့အကြောင်းတွေ ​ပြောမိနေတာပါလိမ့် မင်းလည်း သူနဲ့အတူတူ ရဲပဲဟာကို''
''.....''
''မင်းသိလား အမြဲတမ်း သူက အလုပ်ကိုပဲ ဂရုစိုက်တာ ငါတို့သားအမိကို ပစ်ထားတယ် အ့အထိ ငါ နားလည်ပေးလို့ရသေးတယ် ဒါပေမယ့် မင်းသိလား သူက မားရဲ့နောက်ဆုံးချိန်မှာတောင် မားအနား မရှိပေးနိုင်ခဲ့ဘူး''
''....''
''မားကလေ သူ့ကြောင့် ဆုံးသွားတာ သူသာ မိသားစုအတွက်တွေးပေးခဲ့ရင် မားလည်း အသက်ဆုံးမှာမဟုတ်ဘူး သူကလေ မားအပေါ်မှာသာ တာဝန်မကျေတာ အားလုံးအမြင်မှာတော့ ဇနီးရဲ့အသက်ကိုတောင် မမှုဘဲ ပြည်သူ့ဘက်က ရပ်တည်ပေးခဲ့တဲ့ စံပြရဲကောင်းတစ်ယောက်တဲ့လေ မင်း စဥ်းစားကြည့်စမ်း မရယ်ရဘူးလား''
''ဟို.....ကျန့်ကော ကျွန်တော် ပြောသင့်လား မသိပေမယ့် ကောရဲ့ပါးလည်း ကောရဲ့မားအတွက် အရမ်းစိတ်မကောင်းဖြစ်ခဲ့မယ်ထင်တယ်''
''ဟက် မင်းက အ့လိုထင်တယ်ပေါ့ မင်းမသိလို့ပါ အ့ ငါ့အဖေဆိုတဲ့သူကလေ မားရဲ့နာရေးကိုတောင် မလာနိုင်ဘဲ သတင်းစာရှင်းလင်းပွဲတော့တက်နိုင်တယ် သိလား မားအတွက် ပန်းစည်းတစ်ခြင်းပဲ တစ်ခြားလူနဲ့ ပို့ပေးနိုင်လောက်တဲ့အထိ အ့လူက ရာထူးတွေ ဂုဏ်တွေ မက်ခဲ့တာကွ ''
''.....''
''မင်း ဘာမှ ဆက်မပြောနိုင်တော့ဘူးမလား အပြင်လူ မင်းတောင် အ့လောက် ဖြစ်သွားရင် ငါက သူ့သားအရင်းလေ ပြီးတော့ ဆုံးသွားတာက ငါ့အမေအရင်း ငါ ဘယ်လောက် ခံစားခဲ့ရမလဲ မင်း စဥ်းစားကြည့် အမေကဆုံးသွားတဲ့အပြင်အဖေအရင်းခေါက်ခေါက်က ကိုယ့်မိန်းမရဲ့ စျာပနာကို မလာနိုင်တဲ့ ဆယ်နှစ်အရွယ် ကလေးတစ်ယောက်က ဘယ်လိုခံစားရမလဲ သူ့အမေရဲ့ စျာပနာကို လာကြတဲ့သူတွေကို မင်းရဲ့ပါးရောလို့ မေးတဲ့အခါ သူပြန်ဖြေနိုင်စွမ်းမရှိခဲ့ဘူး အမေရဲ့ရက်လည်ပြီးတော့မှ လာခဲ့တဲ့ သူရဲ့ ပါးအလှုပ်တွေရှုပ်နေလို့ပါသားရယ် ဆိုတဲ့စကားတွေက လက်ခံပေးနိုင်စရာကောင်းလားဆိုတာ မင်းတွေးကြည့်ပါ''
''ငါ့မားရဲ့ဝိညာဥ်သာ အ့လိုတွေ မြင်နေကြားနေရရင် ဘယ်လိုလုပ်မလဲ ငါက သားတစ်ယောက် တာဝန်ကျေပွန်ခဲ့တာ မဟုတ်ဘူး မားသာ ငါ့ကို အ့နေ့က မကာကွယ်ပေးခဲ့ရင်...''
''ကျန့်ကော ငိုချင်နေတာမလား ငိုချလိုက်ပါ ဒီမှာ ကျန့်ကောနဲ့ ကျွန်တော် အပြင် ဘယ်သူမှမရှိတာမလို့ အ့လိုကြီးတော့ နှုတ်ခမ်းကိုကိုက်ပြီး တင်းမထားပါနဲ့နော်''
(ချစ်သော တို့ မိသားစုကိစ္စကို ကျွန်တော် ဝင် မစွက်ဖက်တတ်ပေမယ့် ချစ်သော ခံစားနေရတာကို မြင်ရတာ ကျွန်တော့်ရင်တွေ ပေါက်ထွက်မတတ် ခံစားရတယ်)
''နော်...ကျန့်ကော ငိုချလိုက်ပါ''
''မားသာငါ့ကိုအ့နေ့က မကာကွယ်ပေးခဲ့ရင်....
တကယ်တမ်း အ့နေ့က သေသွားသင့်တာ ငါပါကွာ..😭''
''မဟုတ်ပါဘူး ကျန့်ကောရယ် ကျန့်ကောမားက ကျန့်ကောကို တအားချစ်လို့ အသက်ပေးကာကွယ်သွားတာလေ အ့လိုကြီး ကျန့်ကောကြောင့်လို့ မတွေးပါနဲ့''
''ဒါပေမယ့် မားကို အ့နေ့က ငါသာ မပူဆာခဲ့ရင်....😭''
''ငိုလိုက်ပါ ကျန့်ကော အခုငိုပြီးရင်တော့ ထပ်မငိုရတော့ဘူးနော်''
ဒါကတော့ ''ချစ်သော'' မကြားအောင် တိုးတိုးလေ ကျွန်တော် ပြောလိုက်သောစကားလေးပါ
ကျွန်တော်လည်း ''ချစ်သော'' ပခုံးလေးကိုဖက်ပြီး နောက်ကျောလေးကို ပွတ်ပေးလိုက်တယ်
အသားယူတာမဟုတ်ပေမယ့် အခုအချိန် ''ချစ်သော'' နှစ်သိမ့်မှုကို လိုအပ်နေတယ်ထင်လို့
အချိန်အနည်းငယ်လောက် ကြာအောင် ငိုပြီးတဲ့အခါမှာတော့
''ဆောရီး ငါ ဘာလို့ မင်းကို ပြောမိပြီး ငိုမိသွားလဲ မသိဘူး ငါ့ကို ယောကျာ်းလေးဖြစ်ပြီး ပျော့ညံ့တယ်လို့ထင်သွားလား''
''မထင်ပါဘူး မားက ပြောဖူးတယ် လူတွေက အရမ်းစိတ်ထိခိုက်လာတဲ့အခါ ဝမ်းနည်းပြီး ငိုတတ်ကြတယ်တဲ့ ယောကျာ်းလေးမလို့ မငိုရဘူးဆိုတာက မှားတယ်တဲ့ ဝမ်းနည်းစရာဆိုတာက လူတိုင်းမှာ ရှိတတ်တာမလို့ အ့လိုသတ်မှတ်ထားတာ မရှိဘူးတဲ့ ဒါပေမယ့် အရှုံးတော့မပေးနဲ့တဲ့''
''ဟုတ်လား မင်းရဲ့မားကလည်း စိတ်သဘောထားကောင်းတဲ့လူ ဖြစ်မယ်''
''ကျေးဇူးပါ မားက အရမ်းသဘောကောင်းတာ ကျွန်တော့်ကိုလည်း အရမ်းဂရုစိုက်ပြီး အလိုလိုက်ပေးတာ ခုတော့ မားလည်း မရှိတော့ဘူးလေ''
''မင်းနဲ့ငါက ဘဝတူတွေပါပဲ ကွာ ကဲပါ အချိန်ကလည်း လင့်နေပြီဆိုတော့ အန်တီယွဲ့ကို နှုတ်ဆက်ပြီး ပြန်ရအောင်လေ''
''ဟုတ်ကဲ့ ကျန့်ကော ''
အ့ဒီနောက်မှာတော့ အန်တီယွဲ့နဲ့ဂေဟာက ကလေးတွေကို နှုတ်ဆက်ပြီး ပြန်ခဲ့တော့တယ်
ပြန်ခါနီး မိန်းမိန်းက ကျန့်ကောကို ဘာတွေတိုးတိုးလေးပြောနေတယ်မသိပါဘူး
ချူးချူးကတော့ တခြားကလေးတွေ ရော အများကြီးနဲ့ ဆိုတော့ ထွက်မလာတော့ဘဲ အခန်းထဲမှာပဲ နေခဲ့တယ်
ဒီလိုနဲ့ဂေဟာလေးကနေပြန်လာပြီးတဲ့နောက်မှာတော့ ဆေးရုံက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပေးထားတဲ့ ဆေးသိပ္ပံhorrorကား ရုပ်ရှင်လက်မှတ်ကို အသုံးချလိုက်တယ် သူ့ရဲ့စိတ်ကို သေချာဆန်းစစ်ချင်တာကြောင့် ကလေးပေါက်နဲ့ ရုပ်ရှင်အတူတူကြည့်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ် အစက လုပ်ဖော်ကိုင်ဖက်ပေးတဲ့ လက်မှတ်က၂စောင်ဖြစ်နေပြီး သွားဖို့ အဖော်လည်းမရှိတာနဲ့ မသွားဖို့လုပ်ထားတာ ခုတော့ ကလေးပေါက်နဲ့သွားချင်စိတ်ဖြစ်လာမိလို့ အတူတူသွားခဲ့ကြတာပေါ့ ဒါပေမယ့် မထင်မှတ်ထားစွာနဲ့ပဲ ရဲစခန်းတစ်ခုလုံးက လူတွေကြောက်ပြီးရိုသေရတဲ့ အမှုတွေ မရေမတွက်နိုင်အောင် စုံစမ်းစစ်ဆေးခဲ့ရတဲ့ အများက တည်ငြိမ်ခန့်ညားလွန်းပါတယ်ဆိုတဲ့ ဒုရဲအုပ်ကြီးက သရဲကြောက်တတ်ပါသတဲ့
ဇာတ်ကားက ဆေးသိပ္ပံသရဲကားဖြစ်နေတော့ ဆရာဝန်သရဲတစ်ခါပေါ်လာတိုင်းတစ်ခါ ကြောက်ပြီး အော်ငိုနေတတ်တော့ ရုပ်ရှင်ရုံတစ်ခုလုံးကလူတွေကလည်း သူတို့၂ယောက်ကို ခဏခဏကြည့်နေတာနဲ့ ရုပ်ရှင်ကားမပြီးခင်ပဲ အပြင်ကိုထွက်လာခဲ့ရတော့တယ်
အပြင်ဘက်ရောက်တော့ ကလေးပေါက်ကို ဘာလို့ ငိုနေတာလဲမေးတော့ သူက သွေးထွက်သံယိုမှုခင်းကိစ္စတွေကို မကြောက်တတ်ပေမယ့် သူ့အကြောက်ဆုံးက သရဲနဲ့အမှောင်တဲ့
ကျွန်တော် ပြောသားပဲ ကလေးပေါက်က လူကြီးယောင်ဆောင်ထားတဲ့ ပေါက်စပါလို့
အခုလည်း ကျွန်တော့်မယ် ရေဘူးပြေးဝယ်ပြီး သူ့ကို တိုက်ရသေးတယ်
ရေဘူး တစ်ဝက်လောက်ကုန်သွားပြီးတဲ့နောက်မှာတော့ ကျွန်တော်လည်း ကလေးပေါက်ကို မေးကြည့်လိုက်တယ်
''အဆင်ပြေသွားပြီလား အခု''
''ဟုတ် ကော နည်းနည်း အဆင်ပြေသွားပါပြီ ''
''အေးအေး အ့ဆိုလည်း ပြီးတာပဲ ဒါနဲ့ အစကတည်းက မကြည့်နိုင်ရင်လည်း ပြောပါ့လား ခုကျတော့ ကြည့်ဖို့ခေါ်လာတဲ့ ငါက မကောင်းတဲ့သူကြီးကျလို့😒...ဟို ငါပြောတာက....''
''ရပါတယ် ကျန့်ကော ကျွန်တော်က သရဲကားမှန်း ရုံနားရောက်တော့မှသိတာ ပြီးတော့ ကောက တကူးတကခေါ်လာတာမလား ကျွန်တော်က အားနာလို့ မပြောလိုက်တာပါ ကောကြောင့် မဟုတ်ပါဘူးနော် 🥺''
ရှောင်ကျန့်တစ်ယောက် စောနက ပြောလိုက်မိတဲ့စကားကြောင့် ကလေးပေါက် ဝမ်းနည်းသွားတာသိလို့ ပြန်ပြောဖို့ပြင်လိုက်ပေမယ့် မမီတော့ဘူး
ရှောင်ကျန့် အပြောမတတ်တဲ့ကိုယ့်ပါးစပ်ကိုပဲ ပြန်ရိုက်ချင်တော့တယ်
ကိုယ်ကသာ ပြောလိုက်မိတာ
ကလေးပေါက်က ကိုယ့်ကိုတောင် အပြစ်မယူဘဲ သူ့ကြောင့်ပါ လုပ်နေတယ်
ခင်ဗျားတို့ စဥ်းစားကြည့်လေဗျာ ဒီလောက် ဖြူစင်လွန်းတဲ့ အကောင်ပေါက်ကိုမှ စိတ်ဝင်စားပြီး အသည်းယားမိတာ ကျွန်တော့်အပြစ်လား
ကျွန်တော့်နေရာမှာ ခင်ဗျားတို့သာဆို ပိုဆိုးမှာမလား😌
''ထားပါ ငါကလည်း ကြိုမမေးမိဘဲ ခေါ်လာမိတာကို
ဒါနဲ့ ခု ဘယ်သွားရင်ကောင်းမလဲ'
''ကျွန်တော် မသိဘူးလေ ကျန့်ကော သွားချင်တဲ့နေရာသာ သွားပါ ကျွန်တော် လိုက်ခဲ့မယ်လေ''
''အေးပါ မင်းက သိတာကို မရှိဘူး ဒါနဲ့ အခုဘယ်နှနာရီရှိပြီလဲ''
''ဟို သုံးနာရီခွဲတော့မယ် ကော''
''ဟုတ်လား အ့လောက်တောင် ရှိသွားပြီလား''
''ဟုတ်တယ် ကော ဟိုကပြန်လာကတည်းက ၁နာရီလောက်ရှိပြီဆိုတော့ ဇာတ်ကားက၂နာရီကျော်လောက်ကြာတော့ အချိန်က ညနေစောင်းသွားတာ''
''အင်း အ့ဆို ဒီနားက အအေးဆိုင်မှာ သွားထိုင်ရအောင်လေ ဟို ငါပြောချင်တာက မင်းက သရဲကားကြည့်ပြီး ရင်တုန်နေတာမလား အ့ကြောင့် ရင်အေးသွားအောင် အအေးလေးဘာလေးသောက်မလားလို့ မင်းမသောက်ချင်လည်း ရတယ်လေ''
''ချစ်သော'' က ကျွန်တော့်အတွက် စဥ်းစားပေးတာကို လက်မခံစရာလား ဒီလို အခွင့်အရေးက နှစ်ခါမရဘူးမလား
''ဟုတ် ရပါတယ် ကျန့်ကော အဆင်ပြေတဲ့ဆိုင်သာ ရွေးလိုက်ပါ''
''အင်း အ့ဆို ခဏစောင့် ငါ ဖုန်းသွားပြောလိုက်ဦးမယ်''
''ဟုတ်ဟုတ်''
''ချစ်သော'' နဲ့ ဒီနေ့ တစ်နေကုန် အတူတူ ရှိနေရတာက ရိပေါ်အတွက်တော့ တကယ်ကို ကြည်နူးရပါတယ် အရမ်းတန်ဖိုးရှိတဲ့အချိန်လေးဖြစ်ပြီးတော့ အချိန်တွေကို မြန်မြန် မကုန်ဆုံးစေချင်တော့ဘူး ရပ်တန့်ထားလိုက်ချင်တယ် ဒီနေ့အတွက်တော့
''ချစ်သော''နဲ့ သူနဲ့က ဂေဟာလေးကိုလည်း အတူတူသွားလှူကြတယ် ရုပ်ရှင်လည်း အတူတူကြည့်ကြတယ် ခုလည်း အတူတူ အအေးပါသောက်ရဦးမယ်
မသိရင် သူနဲ့ ''ချစ်သော''က ချစ်သူစုံတွဲတွေလိုပဲ😁
အတွေးထဲမှာ အရမ်းသဘောကျမိတော့ အပြင်မှာပါ ပြုံးမိတော့တာပဲ
အ့တာကို ဖုန်းပြောပြီးပြန်လာတဲ့ ရှောင်ကျန့်တစ်ယောက် မြင်ဖြစ်အောင် မြင်လိုက်ပါသေးတယ်
''ဘာတွေ အ့လောက်တောင် ပြုံးနေတာလဲ''
''ဟို ဘာမှမဟုတ်ပါဘူး ကောရဲ့😁''
**ဟော ဘာလို့ထပ်ပြီး ပြုံးနေရပြန်တာလဲ ဘယ်ကောင်မလေးအကြောင်းများ စဥ်းစားလို့ပြုံးနေရတာလဲ😒**
(ကျန့်ကော တို့ Jကိုက်နေတာ😌)
''ဘယ်မိန်းကလေးအကြောင်း စဥ်းစားပြီး ပြုံးနေတာလဲ''
''ကောကလည်း ကျွန်တော့်မှာ စဥ်းစားစရာ မိန်းကလေး မရှိပါဘူး ''
အ့လိုရိပေါ်ဖြေလိုက်တာကို ကျေနပ်သွားတဲ့ ရှောင်ကျန့် နှုတ်ခမ်းတွေ အနည်းငယ် ကော့ညွတ်သွားတာကို ရိပေါ်မသိလိုက်ပါဘူး
''အော် ''
''ဟို ဒါပေမယ့်.... ''
''ဒါပေမယ့် ဘာဖြစ်လဲ''
''ဘာမှမဟုတ်တော့ပါဘူး ''
''မဟုတ်ရင်လည်း ပြီးတာပဲ''
''ကျန့်ကော စောင့်ပါဦး''
ရိပေါ်ပြန်ဖြေလိုက်တာ ဘာအမှားပါသွားလဲမသိဘူး
ကျန့်ကော က သူ့ကို မစောင့်ဘဲ ခြေလှမ်းကျဲကြီးတွေနဲ့ အတင်းသွားတော့တာပဲ
ကလေးပေါက်ဆီက ဘယ်မိန်းကလေးမှ စဥ်းစားစရာမရှိဘူးဆိုတဲ့စကားနောက်က ဒါပေမယ့် ဆိုတာ ကြားရတော့ တစ်ခုခုကို အလိုမကျသလိုပဲ ဒါ့ကြောင့် ကလေးပေါက် ကို မစောင့်ဘဲ ထွက်လာခဲ့လိုက်တယ်
ရိပေါ်တို့၂ယောက်ရောက်လာခဲ့တာက ပန်းခြံတစ်ခုထဲက အအေးဆိုင်လေးရှေ့မှာ
ဒါပေမယ့် ဖြစ်ချင်တော့ ဆိုင်က ပိတ်ထားတယ်
''ဟို...ကျန့်ကော ဘယ်လိုလုပ်မလဲဟင် ဆိုင်က ပိတ်ထားတော့''
''ငါလဲ မသိဘူး ဟိုကောင်မလေးကိုမေးတုန်းက ဆိုင်ပိတ်တဲ့နေ့ရှိလားပါ မေးခဲ့ရမှာကိုကွာ''
''ဟို ဘယ်သူလဲမသိဘူး ကော''
''ဆေးရုံက လော့လော့ဆိုတဲ့ သူနာပြုမလေးလေ သူ့ရည်းစားနဲ့ dateတုန်းက အ့ဆိုင်မှာ သွားထိုင်တာ''
''......''
ကလေးပေါက်က dateဆိုတဲ့စကားကြောင့် နားရွက်လေးတွေနီပြီးရှက်နေတယ်ထင်ပါရဲ့
အ့တာနဲ့ ရှောင်ကျန့် လည်း စကားပြန်ပြောင်းပြောလိုက်ရတယ်
''အဟမ်းး...ဟို သူပြောတာက အ့ဆိုင်က အအေးနဲ့ကိတ်တွေက အရသာရှိတယ် ဆိုလို့ပါ ငါက မင်းသိတဲ့အတိုင်း ဆေးရုံနဲ့အိမ်ကလွဲလို့ အပြင်သိပ်မသွားတော့ သွားဖူးတဲ့သူတို့ပဲမေးလိုက်ရတာ အခုတော့ အပင်ပန်းခံပြီး လာရတာ အလကားဖြစ်သွားပြီ
ငါခေါ်လာတာဆိုတော့ ဆောရီးကွာ အအေးဆိုင်ထိ ရောက်ပြီးမှ အအေးမသောက်ရ ဖြစ်သွားတယ်''
''ရပါတယ် ကောရဲ့ ဘာမှမဖြစ်ပါဘူး ပန်းခြံလေးက သာသာယာယာ နဲ့ စိတ်အပန်းဖြေသလို ဖြစ်တာပေါ့ ကျွန်တော်လည်း ပိတ်ရက်ဆို အိမ်မှာပဲ နေဖြစ်တော့ အခုဟာက စိတ်အပြောင်းအလဲလေးဖြစ်တာပေါ့
ခေါ်လာပေးတဲ့ ကောကိုပဲ ကျေးဇူးတင်ပါတယ် 😁''
ဟော ကြည့် အ့ဒီကလေးပေါက်ကလေ ကျွန်တော့်ကို မငြိုငြင်ပေးတဲ့အပြင် ပြုံးပါ ပြနေသေးတာ ကြာရင် အဟင်းအဟင်း....
(ဟုတ်ပါ့ ဝမ်ကောရယ် ယုန်ကြီးကိုက်စားနေမှဖြင့်😜)
''ဟာ ဟိုနားမှာ ခုံတန်းလေး''ဆိုပြီး လှစ်ခနဲ ပြေးထွက်သွားတဲ့ ပေါက်စပါ
အ့မယ် သူက ခုံတန်းမှာသွားထိုင်ပြီး ကျွန်တော့်ပါ ခေါ်သေးတာ
''မတ်တပ်ရပ်ရတာ မမောဘူးလား ကျန့်ကောရယ် လာထိုင်ပါလား😁''
''အင်း''ဆိုပြီး ရှောင်ကျန့်လည်း ကလေးပေါက်ရဲ့ဘေးမှာ သွားထိုင်နေလိုက်တယ်
''ကော ဟိုနားက ကလေးတွေက ဆော့နေလိုက်ကြတာ အပူအပင်ကင်းတယ်နော် သူတို့အရွယ်လေးတွေက''
''အင်း''
''ဒါနဲ့ ကော ငယ်ငယ်က တအားဆော့လားဟင်
ကျွန်တော်ကတော့ အရမ်းဆော့တာတဲ့ လသားလောက်အရွယ် လေးဘက်ထောက်သွားတတ်ကတည်းက တတောက်တောက်လျှောက်သွားတတ်လို့ မားတို့က အမြဲ စောင့်ကြည့်နေရတာတဲ့လေ ဟဲ😅''
''အော် ငါကတော့ stateကျောင်းတုန်းက စာပဲ လုပ်နေခဲ့တာလေ ဆော့ဖြစ်တာ သိပ်မရှိဘူး''
''ဟုတ်လား အ့ဆို ပျင်းစရာကြီးပေါ့ ကလေးဘဝက နောက်တစ်ခါ ပြန်ရတာမှမဟုတ်တာ ကောရယ် အာ ကျွန်တော် တောင်းပန်ပါတယ် ငယ်ဘဝအကြောင်းပြောလိုက်တော့ ကောရဲ့မားကိုများ သတိရမိစေသွားလားဟင်''
''ရပါတယ် မင်းပြောတာလည်း မှန်တာပါပဲ ကလေးဘဝဆိုတာ ၂ခါမှ ပြန်မရနိုင်တာ မားကိုလည်း ပြန်မှမရနိုင်တာ အ့တော့ ရှေ့လျှောက် ဘဝကို ကောင်းကောင်းမွန်မွန်ပဲ ဖြတ်သန်းသွားရမှာပေါ့ ငါ့ရဲ့ အယူအဆတွေကို ပြောင်းလဲလိုက်တော့မလားလို့''
''ဗျာ''
''အင်း ငါ ရဲတွေကို ကြိုးစားပြီး အကောင်းမြင်ကြည့်မလားလို့ ဟိုလူမကောင်းတာနဲ့ပဲ ရဲတွေအားလုံးကို သိမ်းကျုံးပြီး မကောင်းမြင်တာတော့ မဟုတ်သေးဘူးလို့ ငါထင်လာမိလို့ မင်းပြောသလိုပဲလေ ရဲတွေမှာလည်း ကောင်းတဲ့ရဲ မကောင်းတဲ့ရဲ ရှိနိုင်တာပဲ ငါတို့ဆရာဝန်တွေတိုင်းကလည်း မကောင်းဘူးလေ ကောင်းတဲ့ဆရာဝန်လည်း ရှိသလို လူနာကို ကောင်းကောင်း မကုသဘဲ ငွေနောက်လိုက်ကြတဲ့သူတွေလည်းရှိတာပဲ ''
''အာ ဟုတ် ''
''မင်းကို ကြည့်ပြီးတော့ ငါ အ့လို အမြင်​ပြောင်းဖို့ ဆုံးဖြတ်လိုက်တာ ''
'' ဗျာ😳''
**ရှောင်ကျန့် အံ့သြသွားတဲ့ ကလေးပေါက်ရဲ့မျက်နှာလေးက အူယားဖို့ကောင်းလွန်းလို့ ဖျစ်ညှစ်ပစ်ချင်တဲ့စိတ်လေးကို မနည်းထိန်းထားရတယ်***
''အင်းလေ မင်းက စိတ်ကောင်းရှိတယ် ငါ မင်းကို ကောင်းကောင်း မဆက်ဆံပေးတဲ့အချိန်မှာတောင် မင်းက ငါ့အပေါ် ကောင်းပေးတယ် မင်းက လူတွေကိုလည်း ကယ်တင်ပေးတယ်မလား ဟိုကလေးမလေးကိုလည်း မင်းကယ်တာပဲလေ ငါ့အမြင်မှာတော့ မင်းက ပြည်သူတွေအပေါ် တာဝန်ကျေပါတယ် ငါမြင်ဖူးသမျှရဲထဲမှာ မင်းက အကောင်းဆုံးပဲ မင်းလိုမျိုး တာဝန်ကျေတဲ့ရဲကောင်းတွေ ငါတို့တိုင်းပြည်မှာ အများကြီး လိုအပ်တယ်''
''ဟို ကျွန်တော်က အ့လောက်လည်း မဟုတ်ပါဘူး ကြိုးစားဆဲပါ ကျွန်တော်လေးစားရတဲ့ဦးလေးကြီးက အကောင်းဆုံးပါ ကောရာ''
''ဘယ်လို...မင်းလေးစားရတဲ့ဦးလေးကြီး သူက ဘယ်သူလဲ''
''ကျွန်တော်ကို မီးထဲကနေ ကယ်တင်ပေးခဲ့တဲ့ ရဲဦးလေးကြီးပါ''
''မင်းကို ကယ်ပေးတာ မီးလောင်တာက မီးသတ်နဲ့ဆိုင်တာ မဟုတ်ဘူးလား ဘလိုလုပ် ရဲက ပါလာတာလဲ''
''ဟုတ်တယ် ကောရဲ့ မီးလောင်တာက ရိုးရိုးမဟုတ်ဘဲ
လုပ်ကြံခံရတာမလို့ ကျွန်တော်တို့အိမ်ကို ဗုံးခွဲခံခဲ့ရတာ''
''ဘာလို့ မင်းတို့အိမ်ကို အ့လိုလုပ်ကြတာလဲ''
''အင်း ပါးက အမတ်လောင်းအဖြစ် ဝင်အရွေးခံတာလေ တစ်ဖက်ပါတီဖက်က လုပ်ကြံတယ်ထင်တာပါပဲ ကောရယ် ပါးတို့က တအားအချမ်းသာကြီး မဟုတ်ဘူးလေ ပါးရဲ့ သူဌေးက ပါးကို ဝင်အရွေးကောက်ခံဖို့ ကူညီပေးတာ အစစအရာရာ ကို ဒါပေမယ့် ကံမကောင်းချင်တော့ ပါးတို့က လုပ်ကြံခံရပြီးနောက် အ့သူဌေးကလည်း နိုင်ငံခြားကို ဆေးကုသွားရတာတဲ့''
''အ့သူဌေးကော မဖြစ်နိုင်ဘူးလား လုပ်ကြံသူက''
''ဟင့်အင်း မဖြစ်နိုင်ဘူးထင်တယ် သူကိုယ်တိုင် အကုန်ပံ့ပိုးကူညီပေးခဲ့တဲ့သူကို အ့လို အလဟသအဖြစ်ခံမယ်မထင်ဘူး''
''အင်းပါ ဒါနဲ့ မင်းကို ကယ်ပေးတာက တကယ်ပဲ ရဲလား''
''omm အ့ဦးလေးကြီးက ကျွန်တော့်ကို မီးထဲကနေ ကယ်ထုတ်ပေးခဲ့တာ ပါးကတော့ ကယ်လို့မရခဲ့ဘူး မားကိုတော့ ကယ်လို့ရနိုင်ပေမယ့် မားရဲ့ ခြေထောက်ပေါ်ကို မျက်နှာကျက်ပေါ်က အတန်းက ပြိုကျတော့ မားက သားကိုပါ မကယ်နိုင်မှာစိုးလို့စိုးပြီး အ့ဦးလေးကြီးကို သားပဲ ကယ်ခိုင်းလိုက်တာ ကျွန်တော်လည်း အ့ကတည်းက အ့ဦးလေးကြီးလို ပြည်သူတွေရဲ့အသက်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ရဲ ဖြစ်ချင်လို့ ကြိုးစားခဲ့တာ အထက်တန်းအောင်တော့ ရဲသင်တန်းကျောင်းကိုပဲ တက်ဖြစ်တာလေ''
''အော်...''
**အရင်တုန်းက အကြောင်းတွေ ပြောရင်း ဝမ်းနည်းသလိုဖြစ်ချင်နေတဲ့ကလေးပေါက်ကြောင့် ရှောင်ကျန့် တစ်ယောက် ဘာလုပ်ရမှန်းမသိဖြစ်နေတယ် ဒါနဲ့ပဲ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ရေခဲမုန့်ဆိုင်လေးတစ်ခုကိုတွေ့တယ် ကလေးလူနာတွေ ငိုရင် တစ်ခုခုဝယ်ကျွေးပြီး အငိုတိတ်အောင် လုပ်နေကျဆိုတော့ ဒီကလေးပေါက်ကိုလည်း ရေခဲမုန့်ဝယ်ကျွေးပြီး ပျော်အောင် လုပ်ပေးရမယ် တကယ့်ကလေးမဟုတ်တော့ အလုပ်ဖြစ်မလားမသိပေမယ့် တကယ်လည်း သူပြောလိုက်ရော ကလေးပေါက်မျက်နှာလေးက နည်းနည်း ပျော်သယောင်လေး ဖြစ်သွားတယ်
ဒါနဲ့သူလည်း ကလေးပေါက်ကို ခုံတန်းမှာပဲ နေခဲ့ခိုင်းပြီး သူကိုယ်တိုင်ကတော့ ရေခဲမုန့်သွားဝယ်ရတော့တယ်**
ရေခဲမုန့်ဆိုင်ရှေ့ရောက်တော့
''ဦးလေး စတော်ဘယ်ရီနဲ့ chocolate mint​ရေခဲမုန့် နှစ်ခွက်ပေးပါ''
ရှောင်ကျန့်မှာနေတုန်း ကောင်မလေးတစ်ယောက်က အတင်းပြေးလာပြီး
''ဦးလေး ကျွန်တော့်ကိုလည်း စတော်ဘယ်ရီနဲ့ ရိုးရိုး chocolateအရသာရေခဲမုန့် အ့နှစ်မျိုး မြန်မြန်လေး လုပ်ပေးပါဗျ''
ရေခဲမုန့်ဆိုင်က ဦးလေးကြီးကလည်း
''ဘယ်လိုလုပ်မလဲ ကလေးတို့ ဒီနေ့ ပန်းခြံထဲက လာတဲ့ သူတွေများတော့ စတော်ဘယ်ရီက ၁ခွက်စာပဲ ကျန်တော့တယ် ''
''ဟာ ကျွန်တော် အရင်ရောက်တာလေ ဦးလေးရဲ့ ကျွန်တော့်ကိုပဲ ပေးလိုက်ပါ''
''ဒီမယ်''ဆိုပြီး ရန်တွေ့ဖို့ Zမော့လိုက်တော့ ဟိုတစ်ခါsupermarketမှာတုန်းက လူ့ဂွစာဖြစ်နေတယ်
''အော် ဘယ်သူများလဲလို့ ခင်ဗျားပါလား''
''အော် မင်းကိုး''
''ဒီမှာဗျ ခင်ဗျား အရင်ရောက်တာတော့မသိဘူး ကျွန်တော်လည်း မရမှာစိုးလို့ အပြေးလာတာပဲလေ
အရင်ရောက်တယ်ဆိုတာနဲ့ပဲ ခင်ဗျား အရင်ယူလိုက်လို့ ဘယ်ဖြစ်မလဲ''
''ဖြစ်တာပေါ့ ငါ အရင်မှာတာပဲဟာ ဦးလေး ကျွန်တော် အရင်ရောက်တာနော်''
''ဟို လူလေးတို့ အရင်ညှိလိုက်ပါလား ဒါမှမဟုတ် တစ်ယောက်က တစ်ခုခုကို ပြောင်းယူလိုက်ပါလား''
''အ့တာဆို ခင်ဗျား တခြားတစ်ခုခု ပြောင်းမှာလိုက်''
''ဟာ အ့လို ဘယ်ရမလဲ မင်းပြောင်းမှာပါလား''
''ကျွန်တော်က မှာလို့မရဘူးလေ ကျွန်တော့်သူငယ်ချင်းက ဒီအရသာတစ်မျိုးပဲ ကြိုက်လို့ဗျ''
''ငါကလည်း မပြောင်းပေးနိုင်ဘူး ငါ့ကောင်လေးက ဒီဟာဆိုလို့ ဒီဟာပဲ မှာမာ''
''ဟားဟားဟား ဘယ်ကောင်လေးလဲ အရင်တစ်ခါsupermarketမှာတုန်းကလို လှည့်ဖို့တော့ မကြိုးစားနဲ့ဗျ အရင်တစ်ခါက ခင်ဗျားနဲ့အတူ တွေ့လိုက်ရလို့လေ အခု ခင်ဗျားနဲ့ ဘယ်သူမှ မပါဘူးလေ''
''ပါတာပေါ့ ဟိုမှာ ထိုင်နေတယ်''ဆိုပြီး ခုံတန်းဘက်ကို လက်ညိုးညွှန်ပြလိုက်ပေမယ့် ခုံတန်းမှာ ဘယ်သူမှ မရှိနေ
''ဟားဟားဟား ခင်ဗျားကောင်လေးက သရဲလား ကျွန်တော်တော့ ဘာမှမမြင်ပါဘူး ''
**ကလေးပေါက်က ဘယ်ရောက်သွားတာလဲ**
တကယ်တမ်း ရှောင်ကျန့် တို့၂ယောက် စကားများနေတုန်းမှာ ရိပေါ်က ကလေးလေးတစ်ယောက် ဆော့ရင်း မှောက်လဲသွားလို့ သွားထူပေးနေတာဖြစ်တယ်
ကလေးလေးကို သွားထူပေးပြီးနောက်မှာ ရိပေါ်က ကောင်မလေးတစ်ယောက်နဲ့ဆုံပြီး စကားပြောနေခဲ့တာ ဖြစ်တယ်
''ဟို ရှောင်ကောကောရှင့်''
ရိပေါ်တစ်ယောက် မှောက်လဲနေတဲ့ကလေးလေးကို ထူပေးပြီး သူ့အမေလာလို့ အ့ကလေးလေးကို ခေါ်သွားလို့ ခုံတန်းဆီ ပြန်သွားမယ့်အချိန် ကောင်မလေးတစ်ယောက် ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တဲ့အခါ
''ဟို ကျွန်တော့်ကို ခေါ်တာလားဗျ ''
''အာ...ဟုတ် ဟိုလေ ညီမက ဓာတ်ပုံတွေရိုက်ရတာ ဝါသနာပါတယ်ရယ် ရှုခင်းပုံတွေတို့ လူတွေရဲ့သွားလာလှုပ်ရှားမှုပုံတွေရယ်ကို ရိုက်ရတာ ပိုသဘောကျတယ် ''
''အော် ဟုတ်လား ဒါနဲ့ အကို့ကို ဘာလို့ လာပြောပြတာလဲ မသိဘူး ''
''ဟို ညီမက ဒီနားမှာ လျှောက်ကြည့်ရင်းနဲ့ စောနက အကို့ပုံလေးကို ရိုက်မိသွားလို့ ဟို အကို့ကို မပြောဘဲ ညီမယူထားလိုက်ရင် အကို့ရဲ့privacyကို မလေးစားရာ ရောက်မှာကြောက်လို့ ညီမက ခွင့်တောင်းတဲ့သဘောပါ''
''အော် အ့လိုကိုး ရပါတယ် ညီမက ခိုးရိုက်တာ မဟုတ်ဘဲ အသိပေးပြီး ခွင့်တောင်းတာပဲ အကို ခွင့်ပြုပါတယ်''
''အာ ဟုတ် နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်နော် အကို့ကို ညီမနာမည်က ယန်ယန်ပါ''
''အကို့နာမည်က ဝမ်ရိပေါ်ပါ''
''ဟုတ် အ့ဆို ညီမကို သွားခွင့်ပြုပါဦး ''
''အော် အင်း''
ယန်နဲ့ရိပေါ်လည်း ခုံတန်းဘက်ကို ပြန်လာခဲ့တယ်
''ဟို ညီမ အကို့နောက်ကို လိုက်နေတာလား''
''မဟုတ်ပါဘူး အကိုရယ် ညီမသူငယ်ချင်းက သူ ရေခဲမုန့်သွားဝယ်မယ်ဆိုပြီး အ့ဘက်ကို ထွက်သွားလို့ပါ အကိုကကော အ့ဘက်ကို သွားမလို့လား''
''omm အကိုနဲ့ပါလာတဲ့...... ''
''ဘယ်သူလဲ အကို့ချစ်သူလား😁''
''မ..မဟုတ်ပါဘူး အကိုရဲ့မိတ်ဆွေတစ်ယောက်လေ သူလည်း ရေခဲမုန့်သွားဝယ်တာမလို့''
''ဟုတ်လား အ့ဆို လမ်းသင့်တာပေါ့ အတူသွားမယ်လေ''
''အာ..အင်း ''
ရီပေါ်တို့၂ယောက် ဆိုင်ရှေ့ရောက်တော့ စကားများနေကြတဲ့ သူ၂ဦး
''ကျန့်ကော''
''Z''
''အာရိပေါ်'' ''ယန်''
''ကျန့်ကောတို့ ဘာဖြစ်ကြတာလဲ''
''ဟုတ်သားပဲ Zရာ ဘာလို့ ရန်ဖြစ်နေတာလဲ''
''ယန်ကလည်း ငါ့အမှားမှ မဟုတ်တာကို ငါက နင့်အတွက် စတော်ဘယ်ရီရေခဲမုန့်ဝယ်မလို့ ခုက တစ်ခွက်တည်း ကျန်တော့တာကို အ့လူက သူအရင်ရောက်တယ်ဆိုပြီး လုနေတာ''
''ကျန့်ကောရယ် ရိပေါ် ဘာမှမဖြစ်ပါဘူး ကလေးတွေကို ဦးစားပေးလိုက်ပါ''
''ငါ အရင်ရောက်တာလေ ငါက မင်းကိုစားစေချင်လို့ ပြောနေရတာလေ''
''ကျွန်တော် သိပါတယ် ဒါပေမယ့် ကလေးတွေကို ဦးစားပေးလိုက်ပါလား''
''သိပ်ကောင်းတယ် ငါကတော့ မင်းအတွက် လုပေးလိုက်ရတာ မင်းကတော့ မေတ္တာရှင်ကြီးပေါ့ ဟုတ်ပါတယ် ငါကပဲ မကောင်းတဲ့သူပါ အသက်ကြီးပြီး နားမလည်တာ''
''သိရင်ပြီးတာပဲ''
''ဟဲ့ Zရာ အ့လိုမပြောနဲ့လေ''
''အမှန်အတိုင်း ပြောတာကို ယန်ကလည်း''
နည်းနည်း စိတ်တိုနေပုံရတဲ့ ရှောင်ကောကောနဲ့ အ့ရှောင်ကောကောအော်လိုက်လို့ ဝမ်းနည်းသွားပုံရတဲ့ ရိပေါ်ကောကြောင့် ယန်ကပဲ စကားစလိုက်ရတယ်
''ဟိုလေ ဒီလို လုပ်ကြရအောင်ပါ မျှမျှတတ ဖြစ်သွားအောင် strawberrry အရသာကို ယန်တို့လည်း မယူတော့ဘူး ကောတို့လည်း မယူနဲ့တော့လေ အ့ဆို ညီမျှသွားပြီပဲ ဟုတ်တယ်မလား ရိပေါ်ကော''
''omm''
ရိပေါ်တစ်ယောက် ယန်ပြောလိုက်တော့မှ မျက်လုံးလေးတွေကလင်းပြီး ထပြောရှာတယ်
''ယန် နင်က strawberrry အရသာပဲ စားတာမလား ဘာလို့ အလျှော့ပေးလိုက်ရတာလဲ''
''Zကလည်း ငါက ဘာမှမဖြစ်ပါဘူး တခါတလေ တခြားအရသာ ပြောင်းစားတော့ အပြောင်းအလဲလေး ဖြစ်တာပေါ့''
''နင်ကတော့ဟာ''ဆိုပြီး စိတ်ကောက်ကာ အရင်ထွက်သွားတဲ့ Zကြောင့် ယန်မှာ ရိပေါ်ကောတို့ကို နှုတ်ဆက်ပြီး Zနောက် အမြန်ပြေးလိုက်ရတယ်
မလိုက်ခင်မှာလည်း Zယူသွားတဲ့ ရေခဲမုန့်တစ်ခွက်စာလည်းရှင်းခဲ့ရသေးတယ်
အခုဆိုရေခဲမုန့်ဆိုင်မှာ ကျန်ခဲ့တာက ရိပေါ်တို့၂ယောက်တည်းပဲ
''ဟို..''
''ဘာလဲ''
''ကျန့်ကော စိတ်ဆိုးနေသေးတာလားဟင်''
''မင်းက ဘယ်လိုထင်လို့လဲ''
''ဟို စိတ်မဆိုးပါနဲ့တော့လို့ ကျွန်တော် တောင်းပန်ပါတယ် ဟို ကော စိတ်ဆိုးပြေအောင် ဘာလုပ်ပေးရမလဲဟင်''
''တကယ် စိတ်ဆိုးပြေစေချင်တာလား''
''omm''
''ငါ စိတ်ဆိုးပြေအောင် ဘာမဆို လုပ်ပေးမှာလား''
''ဟို...ဟုတ်''
''အ့ဆို ငါ့ကို ညစာလိုက်ကျွေး''
''ဗျာ''
''ဟားဟားဟား ငါက စတာပါ ငါ့မွေးနေ့ကို ငါက ကျွေးမှာပါ စိတ်က မဆိုးတော့ပါဘူး မင်းကို စချင်လို့😆''
''အာ...ဟုတ် ''
''ကဲပါ ထားလိုက်တော့ အခု မင်း strawberrry ဘဲ စားမှာလား ဟိုကောင်မလေးတွေမရှိတော့ဘူးဆိုတော့''
''အာ...မစားတော့ပါဘူး သူတို့မရှိတော့ဘူးဆိုပေမယ့် မကောင်းဘူးလေ ဟိုကလေးမက အကုန်လုံးအတွက် လုပ်ပေးသွားတာကို ကျွန်တော်က အ့လိုလုပ်လိုက်ရင် ဘယ်ကောင်းပါ့မလဲ လူကြီးဖြစ်ပြီးတော့ တခြားအရသာတစ်ခုခုပဲ မှာလိုက်ပါ''
''အေးပါ မင်းသဘောပါပဲ အ့ဆို ဦးလေး chocolate mintနဲ့ vanilla ပဲပေးပါတော့ မင်း အဆင်ပြေတယ်မလား''
''ဟုတ်''
ရိပေါ်တို့လည်း ရေခဲမုန့်ခွက်လေးတွေကိုင်ရင်း ပန်းခြံထဲလျှောက်လာလိုက်တာ တနေရာရောက်တော့ မျက်မမြင်ဖြစ်ပုံရတဲ့လူတစ်ယောက်က ဂစ်တာတီး​ပြီး အကြေးငွေတောင်းနေပုံရတယ်
(ဟို ယွမ်ပြောချင်တာက ဟိုလိုကွာ လမ်းဘေးမှာ ဂစ်တာတီးပြီးတောင်းကြတဲ့လူတွေရှိတယ်မလား ယွမ်ကသေချာမရေးတတ်လို့ပါ ဘယ်သူ့ကိုမှ နစ်နာလိုစေချင်စိတ်မရှိပါဘူးနော်)
''ဘာတွေကြည့်နေတာလဲ ''
''ဟိုမှာလေ အ့ဦးလေးကြီး ဂီတာတီးတာ နားထောင်ကောင်းတယ်မလား''
''အော် ဟိုဦးလေးကြီးကို ပြောတာလား''
''ommအ့ဦးလေးကြီးက ဂီတာ အတီးကောင်းတာကို လူတွေက ဘာလို့ ပိုက်ဆံမထည့်ကြတာလဲ မသိဘူး''
''လူတွေက ကိုယ်ချင်းစာစိတ်မရှိလို့နေမှာပေါ့ မင်းက ဘယ်လိုဖြစ်စေချင်လို့လဲ ငါတို့ သွားထည့်ကြမလား''
''ဟုတ် သွားထည့်ကြတာပေါ့ ကျွန်တော်က ငယ်ငယ်ကတည်းက ဂီတာတီးတတ်ချင်တာ မတီးတတ်ဘူးလေ ပါးက တီးတတ်တယ် ငယ်ငယ်ကဆို ပါးက ဂီတာတီး မားက သီချင်းဆို ကျွန်တော်က နောက်က အမူအရာလိုက်လုပ် ဟင်းးး ငယ်ဘဝကတော့ ပျော်ဖို့ကောင်းခဲ့ပါတယ်လေ''
ရှောင်ကျန့်လည်း ကလေးပေါက်ပြောတာတွေ ခဏကြာအောင် စဥ်းစားပြီးတဲ့နောက်မှာ
''ခဏ''ဆိုပြီး ရိပေါ်ကို ထားခဲ့ကာ ဟိုမျက်မမြင်ဦးလေးကြီးအနားကိုသွားပြီး အ့ဦးလေးကြီးကို တစ်ခုခုပြောနေတယ် ၂ယောက်ကြားရုံသာပြောနေတယ်ထင်ရတယ် ရိပေါ်မကြားရဘူး
အ့နောက်မှာ ရှောင်ကျန့်က ဦးလေးကြီးရဲ့ လက်ထဲက ဂီတာကို လွှဲပြောင်းယူပြီး သီချင်းတစ်ပုဒ်ကို စဆိုတော့တာပဲ
''zen me qu yong you  yi dao cai hong
သက်တန့်လေးကို ပိုင်ဆိုင်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
zen me qu yong bao  yi xia tian de feng
နွေလေပြေလေးကိုပွေ့ဖက်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
tian shang de xing xing  xiao di shang de ren
ကောင်းကင်ပေါ်က ကြယ်လေးတွေက မြေပြင်ပေါ်က လူတွေကို ရယ်နေပြီ
zong shi bu neng dong  bu neng jiao de zu gou
မပြည့်စုံသေးဘူးလို့ ဘာကြောင့် အမြဲတမ်း ခံစားနေရတာလဲဆိုတာ နားမလည်နိုင်ဘူး
ru guo wo ai shang  ni de xiao rong  yao
မင်းရဲ့အပြုံးတွေကို ကိုယ်ချစ်မိသွားရင်
zen me shou cang  yao zen me yong you
အ့အပြုံးလေးကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ် ဘယ်လိုလုပ်ရမလဲ
ru guo ni kuai le  bu shi wei wo
တကယ်လို့ မင်းပျော်ရွှင်ရတာ ကိုယ့်ကြောင့် မဟုတ်ဘူးဆိုရင်
hui bu hui fang shou  qi shi cai shi yong you
မင်းကို လက်လွှတ်ပေးလိုက်တာကလည်း တကယ်တမ်းဆိုရင် ကိုယ် ပိုင်ဆိုင်လိုက်ရထခင်းပဲမလား
dang yi zhen feng chui lai
လေညှင်းလေးတစ်ချက်ဝှေ့လိုက်တဲ့အခါ
feng zheng fei shang tian kong
ကောင်းကင်ထက်ကို စွန်လေး ဝဲပျံတက်သွားတယ်
wei le ni er qi dao er zhu fu er gan dong
မင်း အစစအရာရာ အဆင်ပြေဖို့ ကိုယ်ဆုတောင်းပေးနေမယ်
zhong yu ni shen ying  xiao shi zai ren hai jin tou
နောက်ဆုံး မင်းပုံရိပ်လေးက လူအုပ်ကြားထဲ ကွယ်ပျောက်သွားချိန်မှာတော့
cai fa xian  xiao zhe ku  zui tong
မျက်ရည်တွေနဲ့ ပြုံးနေရတာက အနာကျင်ဆုံးဆိုတာကို ကိုယ် နားလည်လိုက်ပါပြီ ''
(ရှောင်ကျန့်ဆိုလိုက်တဲ့သီချင်းက Maydayရဲ့ Contentment ပါ
ကောတို့၂ယောက် karaokeမှာ ဆိုဖူးတယ်လို့ သတင်းထွက်တဲ့ songလေးပါဗျ)
ရှောင်ကျန့် သီချင်းဆိုနေတဲ့အချိန် တစ်လျှောက်လုံး ကလေးပေါက်ကိုပဲ ကြည့်မိနေတာ
ကလေးပေါက်မျက်နှာကိုကြည့်ရင်း အကြိုက်ဆုံးသီချင်းကို ဆိုရတာက ဒီလောက် ကြည်နူးစရာကောင်းမှန်း အခုမှ သိတော့တယ်
ကလေးပေါက်ကို ချစ်နေမိပြီထင်တယ်ဗျာ
ကျွန်တော် ကလေးပေါက်ကို မဆုံးရှုံးချင်ဘူး
ဒါပေမယ့် ကျွန်တော် သူ့ကို ဖွင့်ပြောလိုက်လို့ သူ့ဘက်က လက်မခံခဲ့ရင်ကော
သူ့ဘက်က အစ်ကိုတစ်ယောက်လိုမျိုး သဘောထားပြီး ဆက်ဆံပေးတာကို အခွင့်ကောင်းယူတယ် ထင်သွားမလား သူကကော ကျွန်တော်ချစ်တာကို နားလည်ပေးပါ့မလား ကျွန်တော်တို့၂ယောက်လုံးက ယောကျာ်းလေးတွေလေ ကျွန်တော်က ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ပေမယ့် ကလေးပေါက် သူ့အတွက်ကကော သူ့လို ဂုဏ်သိက္ခာရှိပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန် အောင်မြင်နေတဲ့ ကောင်လေးက သူ့လို ယောကျာ်းတစ်ယောက်ထက်စာရင် နူးညံ့လှပသိမ်မွေ့တဲ့ မိန်းကလေး တစ်ယောက်နဲ့ပဲ ဖြစ်သင့်ပါတယ်လေ ကလေးပေါက်ရေ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ထိန်းရမှာပေါ့ကွာ မင်း ကိုယ့်ရင်ထဲက ခံစားချက်တွေကို သိသွားပြီး မုန်းသွားမှာထက်စာရင်
တစ်သက်လုံး ဖွင့်မပြောလိုက်တာက မင်းအနားမှာ ကိုယ်ရှိနေဖို့ နည်းလမ်းပါပဲ
ဟက် ရှောင်ကျန့် ပြောတော့ ရဲတွေကို မုန်းတယ် ဆိုပြီး မင်းအခု ရဲတစ်ယောက်ကို ချစ်မိနေတာမလား
မားကို ကျွန်တော် နားလည်နိုင်တော့မယ်ထင်တယ်ဗျာ ကျွန်တော် နောက်ဆုံးတော့ ကျွန်တော့်အချစ်ကို တွေ့ခဲ့ပြီ မား ဒါပေမယ့် ကျွန်တော် သူ့ကို ဘယ်တော့မှ ဖွင့်မပြောတော့ဘူး
ကလေးပေါက်က ဖြူစင်လွန်းပါတယ် ကျွန်တော့်ရဲ့ အရောင်စွန်းထင်းနေတဲ့ မေတ္တာတွေ ကြောင့် ကျွန်တော်တို့ဆက်ဆံရေးကို မပျက်စီးစေချင်ဘူး
မားး ကျွန်တော် ကလေးပေါက်ကို ချစ်တယ်ဆိုပေမယ့် သူသိစရာမလိုလောက်ပါဘူး ကျွန်တော့်အတွက်က သူ ပျော်ရွှင်နေရရင်ပြီးပါပြီ
ရှောင်ကျန့် မင်းက အသက် နှစ်ဆယ့်ခြောက်နှစ်မှာမှ
ပထမဆုံးအချစ်ကိုတွေ့ခဲ့တယ်
ပြီးတော့ မင်းရဲ့ ပထမဆုံး အချစ်က မင်းလိုပဲ မျိုးတူ ကောင်လေးတစ်ယောက်
ဒါ့အပြင် မင်းရဲ့ အချစ်ဇာတ်လမ်းက စလို့တောင်မရဘဲ ဇာတ်သိမ်းသွားခဲ့တာပဲ ဟူးးးးး
ရှောင်ကျန့် တစ်ယောက် အတွေးတွေလွန်နေတာ ကလေးပေါက် သူ့ကို လာတို့မှ အသိဝင်တော့တယ်
''ကော''
''အော်...အင်း''
''ကောကလည်း ကျွန်တော် ခေါ်နေတာ ကြာနေပြီကို သီချင်းဆိုပြီး ပြန်လာကတည်းက အတွေးတွေလွန်နေတာ ဘာတွေတွေးနေတာလဲဟင်''
''အာ...ဘာမှ မဟုတ်ပါဘူး ''
''ကောက ကျွန်တော့်ကို မယုံလို့လား ကျွန်တော် ဘယ်သူမှ ပြန်မပြောပါဘူး''
''အ့လို မဟုတ်ပါဘူးကွာ ဒီတိုင်း ဆေးရုံက လူနာတစ်ယောက်အကြောင်း တွေးမိလို့ပါ''
''အော် ဟုတ် ''
**ကလေးပေါက် မင်း သိလား ဒါက ငါ့ရဲ့ ဒုတိယမြောက် မုသားစကားပဲ လိမ်တာကို အရမ်းမုန်းတဲ့ ငါက ခု မင်းမေးတာကို လိမ်ပြောလိုက်ရတာ အမှန်အတိုင်း ပြောလိုက်ရင် မင်း ကိုယ့်ကို မုန်းသွားမှာ စိုးလို့ ဘာကိုမှ မကြောက်တတ်တဲ့ ဒီကကောင်က မင်း မုန်းမှာတော့ ကြောက်နေမိတယ်**
''ဒါနဲ့ အခု ကျွန်တော်တို့ ဘယ်သွားကြမှာလဲဟင် အိမ်ပဲ ပြန်ကြတော့မလား''
''ဟင့်အင်း အခုက ညနေရောက်နေပြီမလား ပြီးတော့ ဒီနေ့က ငါ့မွေးနေ့လေ မင်းကို ညစာလိုက်ကျွေးမယ်လေ မင်းအချိန်ရသေးလား''
''ဟုတ် ကော ကျွန်တော်က ဒီနေ့တနေ့လုံး အားပါတယ်''
''အ့ဆို သွားရအောင်လေ''
''ဟုတ်''
ရိပေါ်တို့လည်း ပန်းခြံထဲကနေထွက်ပြီး busကား တစ်ခါပြန်စီးလိုက်တော့တယ်
ရိပေါ်တို့ ပန်းခြံကနေထွက်လာတာ ၅နာရီထိုးခါနီးလောက်ဆိုပေမယ့် ရုံးဆင်းချိန်တွေဘာတွေနဲ့ ကားလမ်းက တအားကျပ်နေတော့ ၆နာရီကျော်မှပဲ ကော ညစာဝယ်ကျွေးမယ်ဆိုတဲ့နားကို ရောက်တော့တယ်
ရိပေါ်သေချာကြည့်လိုက်တော့ ညစျေးတန်းတစ်ခု
ဆိုင်သေးသေးလေးတွေ အများကြီးပဲ ဆိုင်လိုမျိုးမဟုတ်ဘဲ လမ်းဘေးမှာ ချရောင်းနေတဲ့အသည်တစ်ချို့လည်း ရှိတယ်
ကောဝင်သွားတဲ့ဆိုင်လေးကတော့ သေးတယ်ဆိုပေမယ့် ဆိုင်လေးက သပ်သပ်ရပ်ရပ်လေးနဲ့
ခုံလေးတွေကလည်း restaurant ကြီးတွေလိုမျိုး အဆင့်မြင့်မြင့်မဟုတ်ပေမယ့် ခုံအပု အဝိုင်းသေးသေးလေးတွေကို စနစ်တကျ နေရာချထားလေရဲ့
ဆိုင်ပိုင်ရှင်အန်တီကြီးက ကောကိုမြင်တော့ ဝမ်းသာအားရ နှုတ်ဆက်တယ်
''သားရှောင်းတို့ပါလား ထိုင်ကြလေ ဘာစားကြမလဲ
သားရှောင်းတောင် ဒီဘက် မလာဖြစ်တာ အတော်ကြာပြီနော်''
''ဟုတ်တယ် အန်တီမေရေ ကျွန်တော်လည်း လူနာတွေ များနေတာကော ကိစ္စလေးတစ်ချို့ ရှုပ်နေလို့ရော မလာဖြစ်တာ''
''ရပါတယ်ကွယ် သားက ဆရာဝန်ကြီးဆိုတော့ အလုပ်ဘာ်အားပါ့မလဲ လူနာတွေကို ကုသပေးနေရမှာပေါ့
အန်တီမေက ဘာမှမဖြစ်ပါဘူး ကွယ် ဒါနဲ့ သားမိတ်ဆွေလား ဒီကသားလေးက''
''အာ ဟုတ်သားပဲ အန်တီမေနဲ့စကားပြောနေတာနဲ့ မိတ်ဆက်ဖို့မေ့နေတာ သူက သား...မိတ်ဆွေ ဝမ်ရိပေါ်တဲ့''
''မင်္ဂလာပါ အန်တီ''
''အေးပါကွယ် အန်တီ့နာမည်က ဟွားမေပါ သားရှောင်းခေါ်သလို အန်တီမေလို့ပဲ ခေါ်လို့ရတယ်နော်''
''ဟုတ်ကဲ့ ခင်ဗျ ''
''အေးကွယ် ဒါနဲ့ သားရှောင်းတို့ ဘာစားကြမလဲ ''
''ထုံးစံအတိုင်း ခေါက်ဆွဲသုပ်ကို စပ်စပ်လေး မေ့လို့ အန်တီမေ တစ်ပွဲကို အစပ်မထည့်ပေးနဲ့နော် ခေါက်ဆွဲသုပ် ၂ပွဲ ပြီးတော့ ဖက်ထုပ်ပေါင်းရယ်
တုံ့ယမ်းဟင်းချိုကို အစပ်လျှော့ထည့်ပေးပါ''
''ဟုတ်ပြီ သားရေ ''
''ရှဲရှဲ အန်တီမေ ဒါနဲ့ ထုန်ထုန့်ကို မမြင်မိပါလား''
''ထုန်ထုန်က စာသင်နေတာ သားရဲ့ သူတို့ကျောင်းက ဆရာမလေးက ကျူရှင်မတတ်နိုင်တဲ့ကလေးတွေကို ညကျောင်းခေါ်သင်ပေးတယ်လေ ခဏနေလောက်မှ ပြန်လာမှာ''
''အော် ဟုတ် ''
''အေးအေးအေး ခဏစောင့်ကြနော် အန်တီမေ စားစရာတွေ သွားလုပ်လိုက်ဦးမယ်''
''ဟုတ်ကဲ့''(×2)
''ကောက အန်တီမေနဲ့ သိတာ ကြာပြီလား''
''omm အန်တီမေက ငယ်ငယ်က ကိုယ့်ကို ထိန်းဖူးတယ်လေ မားက ဆရာဝန်ဆိုတော့ အလုပ်များတော့ ကိုယ့်ကို သိပ်မကြည့်ပေးနိုင်ဘူး ကိုယ်မွေးပြီး၃လလောက်အထိတော့ မားက ရှိနေပေးပေမယ့် ဆေးရုံကိုပြန်သွားရတယ်လေ အိမ်နီးချင်းဖြစ်တဲ့ အန်တီမေတို့ကပဲ ထိန်းလာတာ ''
''အ့ဆို အန်တီမေကလည်း ချုံချင်ကပေါ့''
''omm ဒါနဲ့ မင်းက ဘယ်လိုသိတာလဲ''
''အာ...ဟို...''
''ကျိုးချန်ပြောပြတာလား''
''ဟုတ် ''
''omm ကိုယ်နဲ့အန်တီမေ ၂ယောက်လုံးက ချုံချင်ဇာတိတွေ မားက ချုံချင်သူလေ ပါးကတော့ ပေကျင်းကပဲ''
''အော်ဟုတ် ကျွန်တော် ချုံချင်ကိုတော့ တစ်ခါမှ မရောက်ဖူးသေးဘူးရယ် ''
''ဟုတ်လား အ့ဆို ကိုယ် ချုံချင်ကို ပြန်တဲ့အခါကျ မင်းကို ခေါ်မယ်လေ''
''ဗျာ😳''
**တကယ့်အူကြောင်ကြားလေး ကျွန်တော်က ကျွန်တော့်မွေးရပ်မြေကို အလည်ခေါ်တာကို အံ့သြနေတဲ့ရုပ်လေးက အူယားစရာလေး **
''ဘာလဲ မင်းက မလိုက်ချင်ဘူးလား''
''မ...မဟုတ်ပါဘူး ''
**ကိုယ်ချစ်တဲ့သူ့ရဲ့ မွေးရပ်မြေကို ကိုယ်ချစ်တဲ့သူနဲ့ အတူသွားဖို့ခေါ်နေတာကို ငြင်းစရာလား**
''အ့ဆိုလည်း ပြီးတာပါပဲ သွားတဲ့အခါ မင်းကို ခေါ်မယ်လေ''
''ဟုတ်''
''ခုနကဟာ ဆက်ပြောမယ် ကိုယ်တို့က ပေကျင်းကို ပြောင်းသွားတော့ အန်တီမေတို့နဲ့မတွေ့ဖြစ်ကြတော့ဘူး ပြန်တွေ့ဖြစ်တာက ၁နှစ်ကျော်ကျော်ပဲ ရှိဦးမယ် အန်တီမေရဲ့တူမရဲ့သားလေး ထုန်ထုန်က အစာအိမ်ဖြစ်ပြီး ဆေးရုံရောက်လာတာလေ အ့မှာ တာဝန်ကျနေတဲ့ကိုယ်နဲ့တွေ့ပြီး ပြန်ဆက်သွယ်မိကြတာ''
''အော် ဟုတ် ''
**ရိပေါ် စိတ်တွေ လှုပ်ရှားနေမိတယ် အရင်က ကျန့်ကောက စကားပြောရင် ငါ လို့သုံးတတ်ပေမယ့် အခုကကျတော့ ကိုယ် တဲ့ ပန်းခြံထဲက ပြန်လာကတည်းက ''ချစ်သော''က ထူးဆန်းနေတာ ဒါပေမယ့် အ့ထူးဆန်းတာကိုပဲ သဘောကျနေမိတာ ကိုယ်ချစ်တဲ့သူက သူ့ကိုယ်သူ 'ကိုယ်' လို့ သုံးတာကို ဘယ်သူကများ သဘောမကျဘဲနေပါ့မလဲဗျာ***
(ယွမ်လည်း အရမ်းသဘောကျတာ အ့လိုလေးတွေ သုံးရင်)
ခဏကြာတော့ အန်တီမေက စားစရာတွေနဲ့ ရောက်ချလာတယ်
''ရိပေါ် စားနော် အန်တီမေရဲ့ ခေါက်ဆွဲက တအားလက်ရာကောင်းတာ ဆိုင်ကြီးတွေထက်ကို အများကြီး သာတာရယ်''
''ဟုတ်ပါပြီ သားရှောင်းရယ် အ့လောက်ကြီးလည်း မြှောက်မနေပါနဲ့ အန်တီမေ မိုးပေါ် ရောက်သွားပါဦးမယ်ကွယ်''
''အန်တီမေကလည်း ကျွန်တော်က တကယ်ပြောတာ အပိုမပါပါဘူးဆို''
''ဟုတ်ပါပြီ သားရှောင်းရယ် သားရိပေါ်ကရော စားရတာ အဆင်ပြေရဲ့လား''
''ဟုတ် အဆင်ပြေပါတယ် အန်တီ''
''အေးအေးအေး စားကြနော် တစ်ခုခုလိုရင် အန်တီ့ကို လှမ်းခေါ်လိုက်နော်''
''ဟုတ် အန်တီမေ'' ''ဟုတ်ကဲ့ ခင်ဗျ ''
''ရှူး..ရှဲ... ရှူး...ရှဲ...''
''စပ်နေလို့လား ခေါက်ဆွဲသုပ်ထဲ အစပ်မထည့်ဖို့ ပြောလိုက်ပါတယ် အန်တီမေကို''
''ဟို ဟင်းရည်က နဲနဲစပ်လို့ပါ ရှူး..ရှဲ..''
''တအားစပ်နေရင် မသောက်နဲ့တော့လေ ကိုယ်က အစပ်စားနေကျမလို့ ဒီလိုမှန်းသိ ဟင်းရည်ကို အစပ် လုံးဝ မထည့်ဖို့ပြောလိုက်ပါတယ်''
''ရပါတယ် ရှူး...ရှဲ...ကောရဲ့ တုံ့ယမ်းဟင်းချိုက အစပ်မပါရင် ဘယ်စားကောင်းပါ့မလဲ ရှူး...ရှဲ.... ကျွန်တော်က ကိစ္စမရှိပါဘူး နည်းနည်းလေး စပ်တာပါ ကောက ဒါကို အရမ်းကြိုက်တာမလား စားပါ ရှူး...ရှဲ.. ကျွန်တော့်ကို စိတ်မပူပါနဲ့ဗျ ရှူး..ရှဲ..''
''ကဲ ဒီလောက် တရှူးရှူးတရှဲရှဲ ဖြစ်နေတာကို ဆက်မစားနဲ့တော့လေ ဗိုက်နာလိမ့်မယ်''
''ဟုတ် ရှူး....ရှဲ....''
''ခဏ ငါ အထဲမှာ သောက်စရာ တစ်ခုခု သွားယူပေးမယ်''
''ဟုတ် ''
ရှောင်ကျန့်လည်း ရိပေါ့်အတွက် အစပ်ပြေအောင်လို့ သောက်စရာသွားယူပေးလေရဲ့
ရိပေါ်တို့ထိုင်တဲ့နေရာက ဆိုင်ရဲ့အတွင်းပိုင်းမဟုတ်ဘဲ အပြင်ဘက် နည်းနည်းကျတယ်
ဒါ့ကြောင့် ရှောင်ကျန့်က အထဲကို သွားယူရတာဖြစ်တယ်
(ယွမ် သိပ်ရှင်းမပြတတ်လို့ပါ အမှားပါသွားရင် တောင်းပန်ပါတယ် နော် 🤧)
ရှောင်ကျန့် သောက်စရာ သွားယူနေတုန်း အန်တီမေက ရိပေါ်အနားကိုရောက်လာတယ်
''သားရိပေါ် သားရှောင်းရော''
''ကောက အထဲမှာ ကျွန်တော့်အတွက် သောက်စရာ သွားယူတယ်ဗျ''
''အော် ဟုတ်လား အန်တီလည်း တခြားဝိုင်းဘက် ရောက်နေတော့ မသိလိုက်ဘူးကွယ် ဒါနဲ့ ဟင်းရည်က အရမ်းစပ်သွားလို့လားကွယ်''
''ဟို အရမ်းစပ်တာတော့ မဟုတ်ပေမယ့် ကျွန်တော်က နဂိုကတည်းက အစပ်သိပ်မစားနိုင်လို့ပါဗျ''
''အော် အေးကွယ် သားရှောင်းက ဒီကိုလာရင် တစ်ယောက်တည်းလာတာလေ သားရိပေါ်က သားရှောင်းနဲ့အတူပါလာဖူးတဲ့ ပထမဆုံး ဧည့်သည် ပဲ
သားရှောင်းက သားရိပေါ်ကို အတော်ဂရုစိုက်တာပဲ
သားအတွက် ခေါက်ဆွဲကိုလည်း အစပ်မထည့်ခိုင်းဘူး ပြီးတော့ အန်တီတို့မြို့သူမြို့သားတွေက အစပ်တအားကြိုက်တာ သားရှောင်းရောပဲလေ သူလာစားရင် ဟင်းရည်က အမြဲစပ်စပ်လေး ချက်ခိုင်းတာ
ခုက အစပ်လျှော့ဆိုလို့ အန်တီက အံ့သြနေတာ ခုမှပဲ နားလည်တော့တယ်''
**ရိပေါ်ရဲ့နားထဲ ''ချစ်သော'' ပထမဆုံး ခေါ်လာဖူးတယ် ဆိုတာက လွဲပြီး ဘာမှမကြားရတော့သလိုပဲ
ဂေဟာတုန်းကလည်း ရိပေါ်က ပထမဆုံး ခေါ်လာဖူးတာတဲ့ အခုလည်း ပထမဆုံး ပဲတဲ့ ဒီကနေ့ကတော့ ရိပေါ်ရဲ့ အပျော်ဆုံးနေ့လေးပါပဲ**
''အော် သားရှောင်းတောင် လာပြီ''
''အန်တီမေကော ရှိနေတာလား ကျွန်တော်က ရိပေါ်စပ်နေတယ်ဆိုလို့ သောက်စရာ သွားယူပေးနေတာ''
''အန်တီလည်း ရောက်တာ မကြာသေးပါဘူး ကဲပါ သားရိပေါ် အစပ်ပြေသောက်လိုက်ဦးနော် အန်တီကို ခွင့်ပြုဦး''
''ဟုတ်ကဲ့ အန်တီ''
ရိပေါ်လည်း ကျန့်ကောပေးတဲ့ အချိုရည်ကို ယူသောက်လိုက်တော့တယ်
''သောက်ပြီးသွားပြီဆိုတော့ ပြန်ကြတာပေါ့''
''ဟင် မကုန်သေးဘူးလေ ကောရဲ့ ဒီမှာ အများကြီး ကျန်နေသေးတာကို''
''အရူးလေး ဒီလောက် စပ်နေတာကို ထပ်စားရင် မင်း ဗိုက်တွေနာလာမှာပေါ့ ထတော့ ဒီညစျေးတန်းက အစားအစာတွေ ပေါပါတယ် မင်းစားနိုင်လောက်မယ့် မစပ်တဲ့ တခြားဟာတွေ စားကြတာပေါ့''
''ဟွန့် ကျွန်တော်က အ့လောက်လည်း နုနေတာ မဟုတ်ပါဘူး နည်းနည်းလေး စပ်နေလို့ မစားနိုင်တာပါ''
**ချစ်စရာလေး😍 မျက်နှာတည်နဲ့ အမြဲနေတဲ့ ကလေးပေါက်က ဒီလိုလည်း စိတ်ကောက်တတ်သေးတာလား အူယားပြီး ကိုက်စားမိတော့မှာပဲ အ့ဆူနေတဲ့နှုတ်ခမ်းကော ပါးဖောင်းဖောင်းတွေကိုကော**
**အာ...''ချစ်သော'' ရှေ့မှာ ဘယ်လိုတွေတောင် ကလေးဆန်နေမိတာပါလိမ့်😣 ''ချစ်သော''ကတော့ စိတ်ပျက်သွားတော့မှာပဲ တည်တည်ကြည်ကြည်နေပါမယ်ဆိုမှ ဒီတိုင်းတောင် ''ချစ်သော'' က သိပ်ကြည်ချင်တာ မဟုတ်ဘူး ဒီလိုတွေသာ ကလေးဆန်တဲ့ပုံစံတွေ တွေ့ရင် ပိုဆိုးမှာ imageထိန်းစမ်း ဝမ်ရိပေါ် **
(အ့ယုန်ကြီးက စိတ်မပျက်တဲ့အပြင် အူတွေယားနေတာပါ ဝမ်ကောရေ 👀)
''ဟို...သွားကြတာပေါ့ ကော''
''omm သွားကြမယ်လေ''
သူ့ဘာသာသူ စိတ်ဆိုးပြီး သူ့ဘာသာသူ ပါးလေးတွေ ရဲပြီး ရှက်နေတဲ့ ကလေးပေါက်ကို မစချင်တော့လို့ ဆိုင်ကနေ ထဖို့ ပြင်လိုက်တယ်
ရိပေါ်တို့ ကျသင့်တာတွေ ရှင်းဖို့ အန်တီမေနဲ့ စကားပြောနေတုန်း ဆယ်နှစ်အရွယ် ကလေးလေးတစ်ယောက်က ဆိုင်ထဲကို ပြေးဝင်လာတယ်
''ကောကော''
''အာ..ထုန်ထုန်ပါလား စာသင်လို့ ပြီးသွားပြီလား''
''ဟုတ် ဒါနဲ့ ကောကောက ဘယ်လိုသိသွားတာလဲ''
''ဘွားမေ ပြောပြထားတာလေ''
''အော် ဟုတ် ဒါနဲ့ ဒီကောကောက''
''ဒီကိုကိုက ကောကောရဲ့ သူငယ်ချင်း ဝမ်ရိပေါ်တဲ့''
''အာ နိဟောင် ဝမ်ကောကော''
''နိဟောင် ထုန်ထုန်''
''ကောကောက ခေါက်ဆွဲလာစားတာလား''
''ဟုတ်တယ် ထုန်ထုန်ရဲ့ သားရှောင်းတို့က စားပြီးလို့ ပြန်တောင် ပြန်တော့မှာ''
''ဟုတ်လား ထုန်ထုန် ကျောင်းဆင်းတာနဲ့ နည်းနည်း လွဲသွားတာပဲ တော်သေးတာပေါ့ ကောကောတို့ကို တွေ့လိုက်ရလို့''
'' ဒါနဲ့ ထုန်ထုန် စာတွေကော ကြိုးစားရဲ့လား''
''ကြိုးစားတာပေါ့ ကောကောရဲ့ ထုန်ထုန်က ကြီးလာရင် ကောကောလို ဒေါက်တာကြီး လုပ်မှာ''
''ဟားဟားဟား ဟုတ်ပါပြီဗျာ ကြိုးစားပေါ့ ထုန်ထုန်ရဲ့ ထုန်ထုန်သာ ကြိုးစားရင် သေချာပေါက် တစ်နေ့ ဖြစ်လာမှာ ''
''ဟုတ်''
''အန်တီမေ ကျွန်တော်တို့လည်း သွားတော့မယ် ကျသင့်ငွေလေးတစ်ချက်လောက် ပြောပြပေးပါလား''
''မဟုတ်တာ သားရှောင်းရယ် အန်တီမေ မယူပါဘူး''
''ယူလိုက်ပါ အန်တီမေရယ် ဒီနေ့က ကျွန်တော့်မွေးနေ့လေ ပြီးတော့ ကျွန်တော်က ရိပေါ်ကို ညစာလိုက်ကျွေးမယ်လို့ ပြောပြီး ဒီကိုလာတာ အန်တီမေက ပိုက်ဆံမယူရင် အန်တီမေကပဲ ကျွေးသလို ဖြစ်သွားမှာပေါ့ ကျွန်တော် ကျွေးတာ ဘယ်ဟုတ်ပါတော့မလဲ ''
''ကဲ ဟုတ်ပါပြီ သားရှောင်းရယ် ဒီတစ်ခါတော့ ယူလိုက်ပါ့မယ် နောက်တစ်ခါတော့ အန်တီမေ မယူဘူးနော် ''
''ဟုတ်ကဲ့ပါ အန်တီမေရယ်''
''အေးပါကွယ် ပြီးတော့ သားရိပေါ်လည်း လာစားလှည့်နော် သားရှောင်းမပါလည်း လာခဲ့နော် အန်တီမေက အကောင်းဆုံးလုပ်ပေးမှာ''
''ဟုတ်ကဲ့ပါ အန်တီမေ''
''အ့ဆို ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး ထုန်ထုန် တာ့တာ''
''ဟုတ်ကဲ့ ကောကော တာ့တာ ဝမ်ကောကောလည်း တာ့တာနော် ''
''omm တာ့တာ ထုန်ထုန် ''
ရိပေါ်တို့လည်း အန်တီမေတို့ဆိုင်ကနေ ထွက်လာပြီး
ညစျေးတန်းထဲကို လျှောက်ကြည့်ဖြစ်တယ်
တနေရာရောက်တော့ အသက်၇၀ ကျော် အဘိုးတစ်ယောက် အကင်တွေရောင်းနေတဲ့နေရာကိုရောက်သွားတယ်
အဘိုးက အသက်အရွယ်ရနေပေမယ့် သားသမီးမရှိတဲ့အပြင် ဇနီးဖြစ်သူက မျက်စိကောင်းကောင်းမမြင်ရတော့ သူကပဲ အကင်ရောင်းပြီး စီးပွားရှာနေရတာ ဖြစ်ကြောင်း သိလိုက်ရတော့ ရိပေါ်လည်း သနားမိပြီး အဘိုးရဲ့အကင်တွေအားလုံးကို ဝယ်လိုက်တော့တယ် အဘိုးကတော့ စောစောစီးစီး အကင်တွေကုန်သွားတော့ ပျော်ပျော်ရွှင်ရွှင် နဲ့ အိမ်ပြန်သွားလေရဲ့
''အကင်တွေ အများကြီး မင်းတစ်ယောက်တည်း ကုန်မှာလား''
''အကုန်တော့ ကျွန်တော်လည်း ဘယ်စားနိုင်ပါ့မလဲ ဒါပေမယ့် အဘိုးရဲ့ပျော်ရွှင်နေတဲ့မျက်နှာကတော့ တကယ် ကြည်နူးဖို့ကောင်းတယ်လေ''
''omm''
''အဘိုးက သူ့မိန်းမကို တအားချစ်ပုံပဲနော် ဒီအရွယ်အထိရောက်တာတောင် သူ့မိန်းမကို ရှာကျွေးနေတုန်း''
''ဟုတ်မှာပေါ့ ''
''ကျွန်တော်လည်း အ့လိုချစ်တဲ့သူမျိုး လိုချင်မိတယ်
အာ....သွေ့ပုကျိ ကော ကျွန်တော် လျှောက်ပြောနေမိတယ်''
''ရပါတယ် ဒါနဲ့ မင်းက အ့လိုချစ်ရမယ့်သူ တွေ့နေပြီလား''
''ဟုတ် ဒါပေမယ့် သူက မသိပါဘူး ''ဆိုပြီး ရှောင်ကျန့်ရဲ့မျက်နှာကို ကြည့်ပြီး ပြောတယ်
''အော်''
**ကလေးပေါက်ရယ် မင်းမှာက ချစ်ရမယ့်သူရှိနေပြီတဲ့လား ဒါပေမယ့် သူက မသိသေးဘူးဆိုတော့ ကိုယ် ကြိုးစားခွင့်ရှိသေးတယ်မလား**
''ဟုတ် ဒါနဲ့ ကောကရော''
''မင်းလိုပဲ ရှိပေမယ့် သူက မရိပ်မိဘူးလေ''
''ဟုတ်လား ကောက ဒီလောက်ပြည့်စုံနေတာ ကောကိုရမယ့် မိန်းကလေး ကတော့ ကံကောင်းမှာပဲ''ဆိုပြီးပြောနေပေမယ့် မျက်လုံးမှာက မျက်ရည်တွေ ဝိုင်းနေတာကို သတိထားမိရင်တွေ့ရမှာပါ
**''ချစ်သော'' ရယ် ကျွန်တော် ကြိုးစားခွင့်လေးတောင်မရှိတော့ဘူးလားဟင် ကေညအချစ်ကိုရမယ့်သူကို ကျွန်တော် မနာလိုလိုက်တာဗျာ**
(လွဲနေလိုက်ကြတယ် ကောတို့ရေ ဝမ်ကော ကိုယ့်ကိုကိုယ် မနာလိုဖြစ်မိနေတာရယ်🤧)
ရိပေါ်တို့လည်း ညစျေးတန်းကနေ busကားစီးပြီးပဲ ပြန်လာလိုက်ကြတယ်
ကောရဲ့ အိမ်ရောက်တော့
''ဟို ကော''
''ပြောလေ''
''Happy birthday ပါ ကော ပြီးတော့ ဒါက ကောအတွက် ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်ပါ''
ရှောင်ကျန့်လည်း ရိပေါ်ပေးတဲ့လက်ဆောင်ဘူးလေးကို ဖွင့်ကြည့်လိုက်တော့
stethoscopeပုံစံ bracelet လေး ငွေရောင်ကြိုးနဲ့ (ဒီလိုလေး)
''ဟို ကော မကြိုက်ဘူးလားဟင် ကျွန်တော်က ကော ဘာကြိုက်မလဲ မသိလို့''
''ကြိုက်ပါတယ်''
ပုံမှန်ဆို ရှောင်ကျန့်က ဒီလို ပုံစံတွေ မကြိုက်ပေမယ့်
ကလေးပေါက်က ပေးတာဆိုတော့ အရမ်းသဘောကျနေမိတယ်
''အော် ဟုတ် ''
''omm ကျေးဇူး''
''ရပါတယ်ဗျ ''
''ဒါနဲ့ မင်းလက်ဆောင်ပေးတာဆိုတော့ မင်းပဲ ဝတ်ပေး''
''ဗျာ...ဟု...ဟုတ်''ဆိုပြီး ရိပေါ် တုန်တုန်ယင်ယင်နဲ့ ရှောင်ကျန့်ရဲ့လည်ပင်းမှာ ဝတ်ပေးရှာတယ်
ဝတ်ပေးပြီးတဲ့အချိန် ရုတ်တရက် ရိပေါ်အနား ပိုးဟပ်က ရောက်လာတယ်
ရိပေါ်လည်း လန့်ပြီး ရှောင်ကျန့်ကို တွန်းမိလိုက်တယ်
ပြီးတော့ ရှောင်ကျန့်ရဲ့ braceletနဲ့ ရိပေါ်အင်္ကျီအစနဲ့ချိတ်မိပြီး ရိပေါ်ပါ ရှောင်ကျန့်အပေါ်လဲကျသွားတယ်
ပြီးတော့ နှုတ်ခမ်းသားနှစ်စုံဟာ ထပ်တူကျသွားခဲ့တယ်
**''ချစ်သော''က ဘာလို့ ဒီလောက်ချောမောခန့်ညားနေတာလဲ ငါ့နှလုံးခုန်သံတွေက ဘာလို့ အခုန်မြန်နေရတာလဲ ပြီးတော့ ကျယ်လောင်နေတယ် ''ချစ်သော'' ကြားသွားရင် ဒုက္ခပါပဲ**
**ကလေးပေါက်က နီရဲနေတဲ့ စတော်ဘယ်ရီသီးလေးကျလို့ ဘာလို့ အ့လောက်အရမ်းချစ်ဖို့ကောင်းနေတာလဲ နှုတ်ခမ်းကကော အ့လောက်ချိုစရာလိုလို့လား ထိမိရုံတင်ကို အ့နှုတ်ခမ်းလုံးလေးကို ထိရုံသာမဟုတ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ မဖြစ်ဘူး စိတ်ထိန်းစမ်း ရှောင်ကျန့် ကလေးပေါက်က မင်းလို မရိုးမသား မဟုတ်ဘူး**
အချိန်အနည်းငယ်ကြာမှ နှစ်ယောက်သား သတိဝင်လာကြပြီး ခွာမိလိုက်ကြတယ်
''ဟို....ကျွန်တော် ပြန်တော့မယ်နော် စောနက ပိုးဟပ်တွေ့လိုက်မိလို့''
''အော် အင်း ''
''Gn ပါကော ''
''omm Gn ဂရုစိုက် ပြန်ဦး''
''ဟုတ်''
ရိပေါ်လည်း အခုန်မြန်နေတဲ့ရင်ဘတ်ကိုဖိပြီး အိမ်ကိုပြန်လာလိုက်တော့တယ်
အရမ်းစိတ်လှုပ်ရှားလွန်းလို့ အိမ်ပြန်မရောက်မှာစိုးရိမ်နေရတယ် လမ်းမှာ တစ်ခုခုaccident ဖြစ်မစိုးလို့ တိုက်ခန်းရှေ့ရောက်တော့မှပဲ စိတ်ချလက်ချနဲ့ အော်မိတော့တာပဲ
တိုက်ခန်းက အချို့မအိပ်သေးတဲ့သူတွေကတော့ ရိပေါ်ကို ရူးနေတယ်ဆိုနေတဲ့အကြည့်တွေနဲ့ကြည့်နေကြတယ်
ဒါကိုလည်း ရိပေါ်မှာ ဂရုမစိုက်အားဘဲ ကိုယ့်အခန်းရှိရာကိုပဲ ပြန်လာခဲ့တယ်
ဓာတ်လှေကားထဲမှာတုန်းကလည်း ပြုံးပဲ ပြုံးနေမိတယ် ဘေးကလူတွေအမြင်ကိုလည်း ဂရုမစိုက်မိဘူး
ကိုယ့်ရဲ့အိပ်ရာဆီရောက်တော့ စိတ်လှုပ်ရှားတာကောပျော်နေတာကောပေါင်းပြီး အိပ်ရာပေါ် ပစ်လဲမိတယ်
''အဟိ ငါ့ရဲ့ first kissလေးက ကောကောနဲ့ သဘောကျလိုက်တာ ဒါနဲ့ ကောကရော first kissများလား မဟုတ်ဘူးဆိုရင်ကော ကောက ဒီအသက်အရွယ်ထိ ရည်းစားမရှိတာတော့ မဖြစ်နိုင်လောက်ဘူးထင်တယ် အ့တာတွေက ထားပါဦး ကောက ဒီလိုနမ်းမိတာကို တစ်မျိုးတော့ မထင်လောက်ဘူးမလား မထင်လောက်ပါဘူး မတော်တဆဖြစ်တာပဲကို အား.... မသိတော့ဘူးကွာ အခုချိန် အ့တာတွေ မတွေးချင်တော့ဘူး ရင်တွေအရမ်းခုန်နေတာပဲသိတယ် အဟိ ပျော်လိုက်တာ ''
ရင်တွေအရမ်းခုန်ပြီး ကိုယ့်ကိုကိုယ် ရဲအရာရှိတစ်ယောက်ဆိုတာကို မေ့သွားလောက်တဲ့အထိ ကလေးတစ်ယောက်လို ပျော်နေတဲ့ကောင်လေးတစ်ယောက်ရှိသလို တစ်ဖက်မှာလည်း အ့နှုတ်ခမ်းလေးကို နောက်တစ်ခေါက်ထပ်ထိချင်နေပြီးတော့ စိတ်လှုပ်ရှားလို့ အိပ်မပျော်တဲ့ကောင်လေးလည်း ရှိသတဲ့
တူညီတာကတော့ ၂ယောက်လုံးအတွက်ကတော့ ရင်ခုန်ပြီး ပျော်ရတဲ့ညတစ်ခုဖြစ်ခဲ့တာပါပဲ
additional part**
''Zရာ အ့လောက်မပြေးနဲ့လေ ငါ မောနေပြီရယ်''
''မောမောပေါ့ နင်က ဟိုအတွဲပဲ ဦးစားပေးနေတာကို''
''အ့လို မဟုတ်ပါဘူး Zကလည်း နင်လည်း ငါ့အကြောင်း သိရဲ့သားနဲ့ ငါက သူတို့၂ယောက်လုံးကို ဒီတိုင်း စိတ်ဝင်စားမိလို့ပါဟာ''
''မသိဘူးကွာ လာမပြောနဲ့ ''
''Aigoo ယန်ယန်လေး သနားပါတယ် အချစ်ဆုံး soulmate လေးက သူ့ကို စိတ်ဆိုးပြီးမခေါ်တော့ဘူးတဲ့ သူ ဒီလောက် ချော့နေတာကို🥺🥺''
''ageyoတွေ လာလုပ်ပြနေလို့လည်း စိတ်ဆိုးပြေမှာ မဟုတ်ဘူးနော် ''
''ဟင့်....😢''
''ဟောဗျာ ယန် နင် ငိုနေတယ် ဘယ်သူက နင့်ကို ငိုအောင် လုပ်တာလဲ ငါ သွားရိုက်ပေးမယ်''
''Zကမှ ငါ့ကို စိတ်ဆိုးနေတာကိုလို့ ဟင့်...😥''
''ဟုတ်ပါပြီ ယန်ရယ် ငါ စိတ်မဆိုးတော့ဘူးနော် ငါက အ့၂ယောက်ကို နင်က ဦးစားပေးလိုက်တော့ နည်းနည်းလေး sensitive ဖြစ်သွားတာပါ ကဲပါ မငိုနဲ့တော့ ငါ စိတ်မဆိုးတော့ဘူးနော်''
''omm😁''
''အ့လိုလေး အမြဲ ပြုံးနေပါ ယန်ရယ် နင်က ပြုံးနေမှ ပိုလှတာ''
''ဟုတ်လား 😅''
''တကယ်ပြောတာ နင့်ကို ငိုအောင် လုပ်တဲ့သူမှန်သမျှ ငါ ခွင့်မလွှတ်ဘူး တကယ်လို့ အ့လိုလုပ်တဲ့သူက ငါဆိုရင်တောင် ခွင့်မလွှတ်ဘူး ''
''ဟုတ်ပါပြီဟာ ဒါနဲ့ နင့်လက်ထဲက ရေခဲမုန့် ကျွေးဦး ငါ့မှာ နင့်နောက်အမြန်လိုက်လာတာ ဘာမှမဝယ်ခဲ့ရဘူးရယ်''
''နင်က strawberrry ပဲ စားတာ မလား ဒါက ချောကလက်လေ''
''ဘာမှမဖြစ်ပါဘူး တခါတလေ အပြောင်းအလဲ ဖြစ်တာပေါ့ အမြဲ အ့တာကြီး စားနေရင် ဘယ်ကောင်းပါ့မလဲ ပြီးတော့ နင်ကြိုက်တဲ့အရသာကို စားကြည့်ချင်လို့''
''ဟုတ်ပါပြီ ''
''ဟီး...ဒါနဲ့လေ ငါ ရိပေါ်ကောရဲ့ပုံလေးတွေရိုက်လာတယ်''
''ရိပေါ်ကောဆိုတာက...''
''ငါနဲ့အတူပါလာတဲ့အကိုလေ သူ့နာမည်က ဝမ်ရိပေါ်တဲ့''
''အော် ဒါနဲ့ အ့လို ဓာတ်ပုံ ရိုက်တာ သူကော သိလိုက်လား တော်ကြာ နင် အမှုပတ်နေမယ်နော်''
''ငါ ခွင့်တောင်းပြီးမှ ရိုက်တာပါ Zရယ်''
''အေးပါ အ့ဆိုလည်း ပြီးတာပါပဲ
ခဏနေပါအုံး ယန် နင် ငါ့ရေခဲမုန့်တွေ အများကြီး ယူစားသွားတယ်''
''ဟဲဟဲဟဲ နည်းနည်းလေးပါ ဟာ နင်ကလည်း ''
''မသိဘူး နင် ထပ်မစားနဲ့တော့''
''Z နင်နော် ငါက ယူစားမှာပဲ blah blah 😝''
ဆိုပြီး Zရဲ့ရေခဲမုန့်ကို ယန်က ယူသွားလို့ Zကလည်း ပြန်လိုက်လုနေရတယ်
ဒီလိုနဲ့ ပန်းခြံထဲမှာ ရှေ့လျှောက်ဖြစ်လာမယ့်အရာတွေကိုမသိဘဲ ပျော်ပျော်ရွှင်ရွှင် နဲ့ ရေခဲမုန့်လုစားနေကြတဲ့ ကောင်မလေး၂ယောက်လည်း ရှိနေလေရဲ့
💙17.12.2022💙
Zsww is real 💚❤💛
sorryပါ ဒါဒါလေးတို့ကို အကြာကြီး ပစ်ထားမိတယ်
ယွမ့်မှာလည်း personal caseတွေကော family caseတွေကောနဲ့ စိတ်ရှုပ်နေရလို့ ဒီဘက်သိပ်မလှည့်နိုင်ဘူးမလို့😔
စောင့်ပေးနေကြတဲ့သူ တစ်ယေက်ချင်းစီကို ကျေးဇူးတင်ပါတယ် နော် 🤗
မရေးတာကြာတော့ အရေးအသားတွေက တအားစုတ်နေတယ် ကိုယ့်ကိုကိုယ်လည်း အားမရဘူး
သည်းခံပြီး ဖတ်ပေးကြပါနော်🤒
Take care,Xiao Tu Feis😊💛
plz vote and feedback 🤧🍀
စာလုံးပေါင်း မစစ်တော့ဘူးနော်😅
Love you:my readers😘💛💕💕💕
စာလုံးရေ တစ်သောင်းတောင် 🤕
ဒီတစ်ခါ အများကြီး ရေးပေးလိုက်တယ်နော်🤒
commentလေးတွေတော့လိုချင်မိ🥺🥺🥺
Continue Reading
You'll Also Like
115K 10.9K 29
သူကငါ့အပိုင်ဆိုတာ မင်းတို့လက်မခံချင်လည်းလက်ခံရမှာပဲ !
65.8K 5K 29
680K 50.9K 46
wang yibo💚 ခင်​ဗျားတို့ သိကြလားကျွန်​​တော်​ကအတ္တကြီးပြီး အချစ်​နဲ့အမုန်းကိုမခွဲခြားတတ်​တဲ့ အချစ်​ရှုံးသမားဆိုတာ..... ခင်ဗျားတို့သိကြလားကျွန်တော်ကအတ္တ...
46K 6.6K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...