အမုန်းပင်မှပွင့်သောအချစ်ပန်း...

By Aster_2122

277K 19.7K 1.1K

အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^ More

အပိုင်း {၁} (Uni+Zawgyi)
အပိုင်း {၂} (Uni+Zawgyi)
အပိုင်း {၃}
အပိုင်း {၄}
အပိုင်း {၅}
အပိုင်း {၆}
အပိုင်း {၇}
အသိပေးစာ❕
အပိုင်း {၈}
အပိုင်း {၉}
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) (ဇာတ်သိမ်း)
Extra

အပိုင်း (၂၁)

8.4K 621 29
By Aster_2122

အမုန်းပင်မှပွင့်သော အချစ်ပန်း
အပိုင်း (၂၁)

"ငှက်တစ်ကောင်ကိုပျံသန်းစေချင်တော့ရင် အတောင်ပံကိုချိုးပစ်မယ်"

"ဟဲလို မင်းမင်းပြော။အဆင်ပြေရဲ့လား မမကြီးတို့ လိုက်လာဖို့လုပ်နေကြပြီ"

"...."

"ဘယ်လို!! ဆုံးသွားပြီ ဟုတ်လား"

"အန်တီဘာဖြစ်တာလဲ"

အဝတ်အစားတစ်ချို့အားထည့်နေရင်း အန်တီရဲ့အသံကြောင့် ဟယ်ရီစိတ်ပူကာသွားမိသည်။အန်တီမျက်နှာက ချက်ချင်းပင် အရောင်ဖျော့ကာ သွားတော့သည်။

"သက်သေ..သက်သေလုပ်ပေးမဲ့သူက ဒီမနက်ပဲဆုံးသွားပြီတဲ့"

ပြောရင်း ကြမ်းပြင်ပေါ်ခွေခနဲအရုပ်ကြိုးပြတ်ဖြစ်သွားသည့်အန်တီ။ဟယ်ရီလည်း ထိုနည်းတူစွာပင်။အမှန်တရားအတွက်ဟယ်ရီတို့အများကြီး ကြိုးစားခဲ့ကြရတာ။ဒါပေမဲ့..ဒါပေမဲ့ ကံကြမ္မာက ဟယ်ရီတို့ကိုမျက်နှာမပေးခဲ့ဘူး။ဆယ်နှစ်ကြာ လှည့်စားပြီးတာတောင် ကံတရားက ဟယ်ရီ့ဘက်မှာမရှိခဲ့ဘူး။
"အန်တီ...ဘာမှမဖြစ်ဘူးနော်။ဟယ်ရီ..ဟယ်ရီတို့အတွက်နည်းလမ်းရှိအုံးမှာပါ"
"ဘယ်လိုလဲ..ဘယ်လိုနည်းလမ်းလဲ။ဒီသက်သေက တို့တွေအတွက်နောက်ဆုံးပဲသိလား။အခု..အခုတော့"
"ဟယ်ရီတို့နည်းရှိအုံးမှာပါ။ဒီတစ်ခုဆုံးရှုံးသွားလည်းဘာမှမဖြစ်ဘူးနော်။အန်တီနဲ့ဟယ်ရီ အတူတူဆက်ပြီးနည်းလမ်းရှာလို့ရပါသေးတယ်"

ပါးပြင်ပေါ်ရှိမျက်ရည်စတို့အား သုတ်ရင်း ဟယ်ရီဆိုမိသည်။ဒီအရာအတွက် ဒီအမျိုးသမီး ဘယ်လောက်ထိအပင်ပန်းခံခဲ့လဲဟယ်ရီအသိဆုံးပင်။နေ့ညမပြတ် မင်းမင်းရှာပေးသမျှအချက်အလက်တွေကိုစုလိုက်၊လေ့လာလိုက်နဲ့ မနားမနေကြိုးစားပြီးနောက်ဆုံးမှာ ဒီသက်သေဆီ လမ်းစပေါ်ခဲ့ခြင်းပင်။သက်သေနဲ့ဆက်သွယ်ပြီး ဖြောင်းဖြပေးခဲ့တာလည်းသူမကိုယ်တိုင်ပင်။ခါးခါးသီးသီးငြင်းဆန်နေသည့်သူအားသူမဘက်ရောက်အောင် ဆွဲခေါ်သိမ်းသွင်းနိုင်ခဲ့သည်။ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေး။သပ်သေဟာ ဆုံးပါးသွားခဲ့ပြီတဲ့။ကြိုမမြင်နိုင်တဲ့သေခြင်းတရားမလို့ ဟယ်ရီတို့ဘာလုပ်နိုင်မှာလဲလေ။

"ဟုတ်ကဲ့...အစ်ကိုပြောပါ"
"...."
"အဆင်ပြေတယ်ဆိုရုံပါပဲ။သူအများကြီးမျှော်လင့်ခဲ့တဲ့အရာဆိုတော့ အရမ်းဝမ်းနည်းနေတာ။"
"...."
"ဟုတ်။ဟယ်ရီဖြောင်းဖြပါ့မယ်။အစ်ကို အဲ့အိမ်ဘက်သွားအုံးမယ်မလား"
"..."
"ဟုတ်။သွားရင် တစ်ချက်ကူခဲ့လိုက်ပါအုံး။အန်တီအခြေအနေက အဲ့ကိုဟယ်ရီတို့လာဖို့မပြေလောက်ဘူး"
ဖုန်းချပြီးနောက် နာရီအားကြည့်မိတော့ ဆယ့်နှစ်နာရီစွန်းနေပေပြီ။အန်တီကတော့ ခုတင်ပေါ်တွင် ခပ်တွေတွေပြတင်းတံခါးအားငေးရင်း ထိုင်နေဆဲပင်။
"အန်တီ..."
အနောက်မှသိုင်းဖက်လိုက်ပြီး အန်တီ့ပုခုံးပေါ် မေးတင်ကာ ဟယ်ရီခေါ်လိုက်မိသည်။
"ဟယ်ရီတို့ နည်းလမ်းရှိအုံးမှာပါ။အမှန်တရားကအမြဲတမ်းတော့ ပျောက်ဆုံးမနေလောက်ပါဘူး နော်။လူတစ်ယောက်သေဆုံးမှုကို ဟယ်ရီတို့မှကြိုတင်မသိနိုင်တာပဲအန်တီရယ်"
"ဒီလူသေဆုံးမှုက သွေးရိုးသားရိုးလို့ ထင်နေတာလား ဟယ်ရီ"
ဟယ်ရီဘက်သို့လှည့်ရင်းဆိုလိုက်သည့်အန်တီ။ဟယ်ရီလက်ဖဝါးနှစ်ခုအား သူမပါးပြင်သို့ကပ်လိုက်ရင်း
"ဒီတိုင်းသေဆုံးသွားတာလို့တကယ်ပဲထင်နေတာလား။မနေ့ကထိကောင်းနေတဲ့​သူကလေ"
"သေဆုံးမှုက ကြိုတင်မှမသိနိုင်တာ အန်တီရဲ့"
"တို့သိနေတယ် ဒါက ရိုးရိုးသေဆုံးမှုမဖြစ်နိုင်ဘူး။မင်းမင်း အဲ့ဒီကိုသွားနေတယ်မလား"

"ဟုတ်တယ် အန်တီ"

"အင်း သူရောက်ရင်တစ်ခုခုတော့အကြောင်းထူးမှာပါ။အန်တီထင်တာသာမှန်ခဲ့ရင် အန်တီတို့တွေမှာ အချိန်သိပ်မကျန်တော့ဘူး"

အန်တီမျက်ဝန်းထဲတွင်စိုးရိမ်စိတ်တို့အား မြင်တွေ့ရသည်။ဟယ်ရီလည်း အန်တီလိုသာပင်။အကယ်ရျ်အန်တီပြောတာသာမှန်ခဲ့ရင် ဟယ်ရီတို့ရင်ဆိုင်ရမည့်ပြဿနာမှာမသေးလှပေ။
----
အနီရောင်ဆေးသုတ်ထားသည့် နှစ်ထပ်တိုက်၏ဧည့်ခန်းတွင်လူသုံးဦးမှာ စားသောက်ဖွယ်ရာများဖြင့် အောင်ပွဲခံနေကြတော့သည်။

"အောင်မြင်မှုအတွက် ချီးယားစ်"
သောက်လိုက်စားလိုက်ဖြင့်အတော်ပင်ပျော်ပါးနေကြသည်။
"အခုတော့ သူတို့ဘာတတ်နိုင်သေးလဲ"
"ခုချိန်လောက်ဆို အဓိကသက်သေ ဆုံးလို့သွေးရူးသွေးတန်းဖြစ်နေလောက်ပြီ ဟားဟားဟား"
အားပါးတရ ရယ်မောသံမှာ ဧည့်ခန်းထဲတွင်ပျံ့နှံ့သွားတော့သည်။
"ဒီပွဲက ဒီနေရာမှာပဲ ပြီးသွားလိမ့်မယ်လို့ ငါတော့ မထင်ဘူး"
"သက်သေမရှိဘဲ တရားရုံးကိုသူတို့ဘယ်လိုတက်မှာလဲ "
"နန်းရိပ်လွှာဆိုတဲ့မိန်းမကဒီလောက်နဲ့ရပ်တန့်သွားမှာမဟုတ်ဘူး။သူကထက်မြက်တဲ့မိန်းမတစ်ယောက်ပဲ။အခုတစ်နည်းမပြေရင် သူနောက်နည်းလမ်းကို စဥ်းစားနေလောက်ပြီ"
"သူစဥ်းစားလို့ပေါ်လည်းဘာအရေးလဲ ကျုပ်တို့ကလိုက်ဖျက်စီးရုံပေါ့။သူတို့ဘက်က တံခါးတစ်ချပ်ပွင့်နေတာဟာ သူတို့အတွက် ကျရှုံးမှုပဲ"

အသက်သုံးဆယ်ကျော်အရွယ် ထိုအမျိုးသားဟာ ဘာကိုမှဂရုမစိုက်ဟန်ဖြင့် ရယ်မောသည်။ထိုသူ့မျက်နှာထက်တွင် ကြည်နူးရိပ်တို့မှာ ဖြတ်ပြေးနေသည်။နိုင်ကွက်တစ်ခုအားရထားသည့်လူတစ်ယောက်၏အပြုံးမျိုးဖြင့်ပြုံးရင်း လက်ထဲရှိဝိုင်ခွက်အားမြှောက်ကာ ဇိမ်ဖြင့်သောက်နေတော့သည်။

"ဘာသတင်းရသေးလဲ ဦးနေရောင်လွင်"
"အခုထိတော့ဘာမှမရသေးဘူး။သက်သေ သေတာက မပေါ်နိုင်တာသေချာတယ်နော်"
"ပေါ်စရာလား ကျုပ်ကဘယ်သူမလို့လဲ ဟား နောက်ပြီး ပေါ်သွားလည်း ဘာကိစ္စလဲ ကျုပ်အဖေတစ်ယောက်လုံးရှိနေတာပဲ"
စကားဝိုင်းဟာခဏတိတ်ဆိတ်သွားသည်။
"ဦးနေရောင်လွင်ပြောတာ မှန်တယ်နော်•••.ငါအဲ့ဒီအမျိုးသမီးအကြောင်းသိတယ် ငါတို့ဘက်ကတစ်ခုခုကြိုတင်ကာကွယ်ထားမှရမယ်"
"နင်တို့က ကြောက်တတ်လိုက်တာ။ဘယ်လောက်ပဲတော်တော် ငါ့လက်အောက်ကို ရောက်လာမှာ ငါ့မှာအစီအစဥ်ရှိနေပြီးသား။"
"ဘာအစီအစဥ်လဲ"
"ငှက်တစ်ကောင်ကိုဖမ်းနိုင်မဲ့စီအစဥ်"
......
"တို့ပြောသားပဲ တို့သိနေတယ် ဒီလိုပဲဖြစ်မယ်ဆိုတာကို ရိုင်းစိုင်းလိုက်ကြတာ သူတို့လုပ်ရက်တွေမပေါ်ဖို့ လူ့အသက်တစ်ချောင်းကို သတ်ရက်ကြတယ်"

ဝမ်းနည်းသံနှင့်အတူ ဒေါသသံအနည်းငယ်စွတ်နေသည့်အသံဖြင့်အန်တီကပြောသည်။ဟယ်ရီလည်း တကယ်မယုံကြည်နိုင်ခဲ့။ဒီလောက်ကြီးထိလုပ်လိမ့်မယ်လို့တစ်ခါလေးတောင်မတွေးမိခဲ့ပေ။

"မမကြီးကတော့ Queen ပဲ။ကျွန်တော့်ထက်တောင်တော်သေးတယ်။မမကြီးသတိပေးလိုက်လို့ ကျွန်တော်သတိထားမိခဲ့တာ။မဟုတ်ရင် သူ့ကိုရိုးရိုးသေတာပဲထင်နေမိမှာ"

"ရဲတွေရော ဒီကိစ္စသိသွားပြီလား။သူ့မိသားစုရော"
"သိကြပြီမမကြီး။ရိုးရိုးသေတာမဟုတ်မှန်းသူတို့လည်းသိသွားတယ်။ဆေးစစ်ချက်တွေထုတ်နေကြတယ်။နောက်တစ်ပတ်ထဲရလောက်မယ်"

"အင်း။တို့တွေသိနေတယ်ဆိုတာကိုတော့ ဦးနေရောင်လွင်တို့မသိစေနဲ့။တို့တွေသိနေမှန်းသိရင် သူတို့နောက်တစ်ခုပြင်ဆင်ကြလိမ့်မယ်"

"ဟုတ်မမကြီး"

"တို့တွေလည်း မနက်ဖြန်လောက် အဲ့နယ်ဘက်သွားကြမယ် ဟယ်ရီ။သူတို့ကြောင့်ဆိုပေမဲ့လည်း တို့တွေရဲ့ပယောဂလည်းမကင်းဘူးမလား။ဟိုမှာကူစရာရှိတာကူပေး၊ထောက်ပံ့ပေးရအောင်"

"ဟုတ်..အန်တီ့သဘောပါ။"

"မင်းမင်းကတော့ လိုအပ်တာ ဆက်လေ့လာထားပေးပါ။နောက်ပြီး မမကြီးတို့ပြန်လာရင် နောက်အစီအစဥ်အသစ်ဆွဲရအောင်"

"ဟုတ်မမကြီး"

မင်းမင်းပြန်သွားတော့ ဟယ်ရီနှင့်အန်တီလည်းအပေါ်ထပ်ဆီတက်ရန်ပြင်သည်။လှေကားနားတွင်ဆူးနှင့်သစ်လွင်အားတွေ့တော့ ဟယ်ရီစကားပြောရင်းကျန်ခဲ့မိသည်။အန်တီကတော့ အခန်းဆီတန်းတက်သွားလေသည်။

"အန်တီအဆင်ပြေရဲ့လား မမလေး"

"အင်း ပြေသလိုလိုမပြေသလိုလိုပေါ့လေ။စိတ်မပူပါနဲ့ အန်တီကသန်မာပါတယ် သစ်လွင်"

"ဟုတ်ကဲ့မမလေး"

အပေါ်ထပ်ဆီမမလေးတက်သွားတော့ သစ်လွင်တစ်ချက်ငေးကြည့်မိသည်။မမလေးတို့ကိစ္စတွေအပြည့်အစုံမသိရပေမဲ့ဒီရက်ထဲ အန်တီနွမ်းနေတာတော့သတိထားမိသည်။သစ်လွင်တို့ကိုလည်းအရင်လိုစကားသိပ်မပြောဘဲ အခန်းထဲနေသည်ကများသည်။
"ဘယ်သူမှမရှိတော့ဘူးလေ သစ်လွင် ဘာတွေအဲ့လောက်ကြည့်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး ဒီအတိုင်း"

"နင်အန်တီ့ကိုချစ်နေတာမလား"

ဆူးက နားနားကပ်ကာ တိုးတိုးပြောပေမဲ့သစ်လွင်အတွက်တော့ ထိတ်လန့်စရာမလို့လက်ထဲတွင်ကိုင်ထားသည့်ဖန်ခွက်မှာကျကွဲသွားတော့သည်။

"ဘာ..ဘာတွေပြောနေတာလဲ ဆူး"

"ဟယ် ကြည့်ပါအုံး ဖြစ်သွားတဲ့ရုပ်ကို။ငါကသက်သက်မဲ့စနေတာကို"

သစ်လွင်ပုခုံးအားတစ်ချက်ရိုက်ပြီးမီးဖိုခန်းဆီထွက်သွားသည့်ဆူး။ဆူးမရှိတော့မှ လှေကားလက်ရန်းအားမှီရင်း ထိုင်ချလိုက်မိသည်။

"အမှန်တရားတစ်ခုကိုအချိန်ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်မှာလဲ။အမှန်တရားဆိုတာအချိန်တစ်ခုရောက်ရင်ပေါ်တတ်တာမလို့သစ်လွင် ဘာလုပ်ရမလဲအန်တီရယ်။ဆက်မချစ်ဘဲမေ့ပစ်နိုင်ဖို့ကြိုးစားလေ အန်တီကိုပိုတိုးလို့ချစ်မိနေခဲ့တယ်။ဒီချစ်ခြင်းတွေက အပြစ်ရှိမှန်းသိပေမဲ့ သစ်လွင်အတွက် ​ရပ်တန့်လိုက်ဖို့ခက်ခဲလှတယ်"

"ကဲ အစ်မတော် ဖယ် ကျွန်မတံမြက်စည်းလှဲမလို့"
"ရပါတယ် ငါ့ဘာသာလှဲမယ်"

"ပြီးတာပဲ ရော့ ဒါဆိုယူ။ငါ ခြံထဲဆင်းပြီး ပန်းသွားချိုးမလို့"

"အင်း သွားလေ"

ဖန်ကွဲစတို့မကျန်အောင်တံမြက်စည်းလှဲပြီးသည့်နောက် အခန်းထဲတွင်ထိုင်ကာ ရေးလက်စ ပန်းပွင့်အားကြည့်နေမိတော့သည်။တကယ်တော့ဒီပန်းက အန်တီ့မွေးနေ့အတွက်ရည်ရွယ်ပြီးရေးဆွဲခဲ့တာပင်။ဒါပေမဲ့သစ်လွင်မပေးဖြစ်တော့။ကိုယ်တိုင်ပဲသိမ်းထားဖို့စိတ်ကူးလိုက်ကာ ပုံအားပြီးအောင်ဆက်ဆွဲလိုက်မိသည်။
----
"ခက်ဆစ် စိတ်ချမယ်နော်"
"ဟုတ်ကဲ့ပါ မမလေး။စိတ်ချပါ"
"ဒါဆို သွားတော့မယ်။သစ်လွင်တို့လည်း ဂရုစိုက်နေနော်"
"ဟုတ်ကဲ့မမလေး.."
သက်သေဦးလေးကြီးရှိရာနယ်ဘက်သို့ဟယ်ရီနှင့်အန်တီအတူသွားဖို့ပြင်ဆင်ကြခြင်းသာ။ခရီးကအရမ်းကြီးဝေးတယ်လည်းမဟုတ်တာကြောင့်ဟယ်ရီကိုယ်တိုင်ကားမောင်းဖို့ပဲရွေးလိုက်တာပင်။နောက်ပြီး ညအိပ်ခရီးမလို့လည်းပါသည်။အန်တီနှင့်တစ်ခါမှမသွားဖူးတာကြောင့်လည်းပါလေသည်။
"ဟယ်ရီ ခဏလေး တို့အခန်းထဲမှာ အိတ်တစ်အိတ်ကျန်ခဲ့ပြီ"
"သစ်လွင်သွားယူပေးမယ်လေအန်တီ"
"ရတယ် နေ..နေ သစ်လွင် အန်တီသွားမယ် သစ်လွင်သိမှာမဟုတ်ဘူးရယ်"
အိမ်ပေါ်သို့ခြေလှမ်းသွက်သွက်များဖြင့်တက်သွားသည့်အန်တီ။ခဏကြာတော့ လက်ထဲတွင်အိတ်တစ်လုံးအား ကိုင်ကာ ပြန်ရောက်လာလေသည်။
"ဒါဆို အန်တီတို့သွားတော့မယ် ဂရုစိုက်ပြီးနေကြနော်"
"ဟုတ်ကဲ့အန်တီ"
ကားလေးမှာ အိမ်ထဲမှမောင်းထွက်ကာသွားတော့ သစ်လွင်တို့လည်း အလုပ်ကိုယ်စီ၊တာဝန်ကိုယ်စီဖြင့် ကိုယ့်ဘာသာလုပ်ကြရတော့သည်။
"အန်တီ..."
"ဟင်..ပြောလေ"
"ဒိတိုင်းခေါ်ကြည့်တာ အန်တီ့အသံကြားချင်လို့"
"ကြည့်..ကားမောင်းရင်းတောင်လိုက်နောက်နေတယ်"
"နောက်တာမဟုတ်ပါဘူး အန်တီ့အသံမကြားရရင် မနေနိုင်လို့"
"ကဲပါ တော်ပါ ကားကိုသာဂရုစိုက်မောင်း"
နန်းရိပ်ကျယ်ကျယ်လေးအော်လိုက်မှ ကားကိုဂရုစိုက်မောင်းသည့်ကလေးမ။လိုချင်တာမရလို့စိတ်ကောက်နေသည့်ကလေးလို နှုတ်ခမ်းမှာစူနေတော့သည်။
"အဆင်မပြေရင် ဆင်းလျှောက်မယ်လေ သိပ်မှမဝေးတော့တာ"
"ဟုတ် အဲ့တာဆို အဲ့လိုပဲလုပ်မယ်လေ အန်တီ"
လမ်းကကျဥ်းသည့်အပြင် ချိုင့်ခွက်တွေနဲ့မလို့ ကားဖြင့်သွားလျှင်မပြေလှတာကြောင့် ဟယ်ရီတို့ဆင်းလျှောက်ဖို့ရွေးလိုက်မိသည်။
"ဟယ်ရီ ထီးဆောင်းပေးမယ်"
"တို့လျှောက်နိုင်ပါတယ် အရမ်းပူနေတာမှမဟုတ်တာရပါတယ်"
"အန်တီကရပေမဲ့ ဟယ်ရီကတော့မရဘူး။အန်တီ့အပေါ် နေပြောက်​တောင်ထိုးစေချင်တာမဟုတ်ဘူး"
ဟယ်ရီပြောတော့ အန်တီကရယ်သည်။

အညိုရောင်ရင်ဖုံးလက်ရှည်ပြောင်သည် ပုလဲလုံးလေးများကြောင့်ပြောင်ရှင်းမနေဘဲ ကြည့်ရျ်ကောင်းလှသည်။အညိုရောင်အခံပေါ်တွင်ဇာပန်းခက်ပန်းနွယ်တို့ပါသည့်ခြေဖျားထိတိုက်သည့်လုံချည်မှ တစ်ချက်လမ်းလျှောက်လေတိုင်း ဖြတ်ခနဲပေါ်သွားတတ်သည့် ခြေမျက်စိကလေးဟာလည်းဟယ်ရီ့အတွက်ကြည့်ရျ်ကောင်းလှသည်။ကိုယ်ဟန်တစ်ချက်ယိမ်းနွဲ့လေတိုင်းလှစ်ဟာသွားသည့်ခါးဖွေးဖွေးလေးမှာတော့ မြတ်နိုးစရာအတိပင်။
အပင်များစိုက်ထားသည့်ကြားတွင်ရှိသည့်လမ်းသွယ်ထဲတွင်ဟယ်ရီတို့လျှောက်လှမ်းနေကြခြင်းပင်။လေအဝေ့တွင် အပင်တို့ယိမ်းနွဲ့နေသည်။အပင်တို့အားဖြတ်ကာတိုက်ခတ်လာသည့်လေနုအေးအား ဟယ်ရီရှူရှိုက်မိသည်။ဟယ်ရီ့ဆံနွယ်တို့ လေကြောင့် တဖျပ်ဖျပ်လှုပ်ခတ်နေပေမဲ့ အန်တီကတော့ တစ်ပတ်လျှိုဆံထုံးထုံးထားသည့်အတွက် အိန္ဒြေရလှသည်။
"အန်တီ..."
နှုတ်မှတစ်ခွန်းခေါ်လိုက်ပြီး လက်ဖဝါးနုနုအား ဆုပ်ကိုင်တော့ ပြုံးရောင်သန်းသည့်မျက်ဝန်းတို့ဖြင့် ဟယ်ရီအားကြည့်ပြီး လက်အားပြန်လည်ဆုပ်ကိုင်ထားလေသည်။
"အရမ်းတွေတက်ကြွနေသလိုပဲ"
"အန်တီ့ကြောင့်လေ...။အန်တီ့ကိုကြည့်ရင်းလျှောက်ရတော့ ဟယ်ရီမပင်ပန်ဘူး"
"ဟွန့်... စကားတတ်တိုင်းလျှောက်ပြောနေ"
"အန်တီနော် ရယ်ချင်ရင်လည်းရယ်ချလိုက်လေ။အဲ့လိုပြုံးစိစိလုပ်နေရင် ဟယ်ရီအသည်းယားတယ် ဖက်နမ်းချင်လာတာနော်"
"မင်းနော်...လမ်းကြီးမှာ ဖက်နမ်းလို့ကတော့ မင်းပါးနဲ့တို့လက်ဝါး မိတ်ဆက်ပြီးသားဖြစ်မှာ"
မျက်စောင်းလေးခဲရင်း ပြောသည့်ပုံမှာအသည်းယားစရာ။ခုချိန်ထနမ်းရင်တကယ်ရိုက်မဲ့ပုံမျိုး။
"လမ်းကြီးမှာဖက်နမ်းရင်ပဲရိုက်မှာမလား...ဟဲဟဲ"
"လွန်းဟယ်ရီ!!"
"အန်တီပြောတာကိုပြောပြတာလေ ဘာလို့အော်တာလဲ"
"မင်းတော့နော် အရိုက်ခံရတော့မယ်။ပေါက်ကရပြောမနေနဲ့ ဟိုမှာ အိမ်ကိုလှမ်းမြင်နေရပြီ"

သူ့ဘာသာပြောပြီး ဟယ်ရီကစကားအနက်ကောက်တော့ ရှက်သွားပြန်သည့်အမျိုးသမီး။ဦးလေးကြီးအိမ်ရောက်တော့မှာမလို့ ဟယ်ရီလည်း မျက်နှာအားတည်လိုက်မိသည်။
"ညီမတို့ရောက်လာကြတာပဲ လာလာ အိမ်အပေါ်ကိုကြွပါ။ဧည့်သည်တွေကိုဖျာလေးခင်းပေးလိုက်ကြပါအုံး"
ဟယ်ရီတို့အားမြင်သည်နှင့် ချက်ချင်းပင် အိမ်ထဲရှိလူများမှာလှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။
"ရတယ်အစ်မ အလုပ်ရှုပ်မခံပါနဲ့"
အလုပ်ရှုပ်မခံပါနဲ့လို့ဟယ်ရီတို့ပြောပေမဲ့ဖျာခင်းသူခင်း၊ရေနွေးကြမ်းအိုးချသူချ၊မုန့်ပန်းကန်ပြင်သူကပြင်နဲ့အိမ်ထဲတွင် ရှုပ်သွားတော့သည်။
"အလုပ်ကိစ္စတွေမပြတ်တာနဲ့ရက်လည်ပြီးမှပဲ လာဖြစ်တော့တယ်။ဖြစ်ခဲ့တာတွေအတွက် ကျွန်မတကယ်စိတ်မကောင်းပါဘူး"
"ဖြစ်ချိန်တန်လို့ဖြစ်တာပါ အနည်းဆုံးတော့ ကျွန်မတို့လူကြီးက နောက်ဆံမတင်းတော့ဘူး။ဒီကညီမတို့ကိုသူအမှန်တရားပြောခွင့်ရခဲ့လို့သူကျေနပ်နေမှာပါ"
ထိုအိမ်တွင်တစ်နာရီနီးပါးနေခဲ့ပြီး ဟယ်ရီတို့ ကားရှိရာဆီပြန်လျှောက်ခဲ့မိကြသည်။
"ဟယ်ရီ တစ်ခုခုမှားနေတယ်လို့ မထင်မိဘူးလား"
"ဘယ်နေရာမှာလဲအန်တီ"
"သက်သေ သေဆုံးတဲ့ကိစ္စလေ။တကယ်ဆို တို့တွေ ဒီသက်သေအကြောင်းဘယ်သူ့မှမပြောခဲ့မိဘူးမလား။ကိုကိုကြီးတောင်မသိခဲ့ဘူးလေ။အဲ့ဒါကို သူတို့ကဘယ်လိုသိသွားတာလဲ"
"အန်တီ ဆိုလိုချင်တာက..."
"ဟုတ်တယ် တို့တွေအနားမှာ သူတို့စောင့်ကြည့်ဖို့တစ်ယောက်ယောက်လွှတ်ထားတယ်ထင်တယ်"
"ဘယ်သူဖြစ်မလဲ..."
"ဒါကတော့ ပေါ်လာမှာပေါ့လေ"
"အန်တီကအရမ်းတော်တာပဲ"
ဟယ်ရီပြောတော့ အန်တီကပြုံးသည်။တကယ်ကိုအန်တီကတော်လွန်းလှပါသည်။ဒီကိစ္စတွေရုပ်လုံးပေါ်ပြီးအမှန်တရားကိုသိခွင့်ရခဲ့တာဟာ အန်တီ့ရဲ့ကျေးဇူးတွေအများကြီးပါသည်။အန်တီ့ရဲ့ထက်မြက်မှုကြောင့်သာ ဟယ်ရီလမ်းမှန်ကိုရှာဖွေတွေ့ရှိခဲ့ခြင်းသာ။
"ဟယ်ရီ..."
"ပြောလေ အန်တီ..."
"အမှန်တရားနဲ့တို့ တစ်ခုခုကိူယှဥ်ရွေးဖို့လိုလာတဲ့အခါ မင်းဘယ်အရာကိုရွေးမလဲ"
"ဘာကိုဆိုလိုချင်တာလဲ"
ကိုင်းမြေအစပ်တွင်အန်တီရပ်လိုက်သည်မလို့ ဟယ်ရီလည်းရပ်လိုက်မိသည်။
"အမှန်တရားနဲ့တို့နဲ့နှစ်ခုထဲကတစ်ခုရွေးချယ်ရမယ်ဆိုရင်ဘယ်အရာကိုရွေးချယ်မလဲ"
"အန်တီ့က်ုပဲပေါ့။ဟယ်ရီ့အတွက်အန်တီပဲလိုအပ်တာလေ"
"ဟင့်အင်း..။အမှန်တရားကိုရွေးချယ်ရမှာ။အပြစ်သားတွေကိုအပြစ်ပေစခွင့်ရမဲ့လမ်းကိုပဲမင်းရွေးချယ်ရမှာ။အမှန်တရားတိမ်မြုပ်သွားမဲ့အဖြစ်မျိုး မင်းမလုပ်ရဘူး"
"အန်တီဘာလို့ဒါတွေပြောရတာလဲ"
"ဟင့်အင်း ဒီတိုင်း အမှန်တရားနဲ့တို့ကိုယှဥ်ရွေးရမဲ့အချိန်ရှိလာတဲ့အခါ တို့က်ုမရွေးဖို့ ကြိုပြောရုံပါပဘဲ။ကဲ..သွားစို့ တို့အတော်ပူနေပြီကွယ်"

အရှေ့မှအန်တီကခပ်သွက်သွက်ထွက်သွားပေမဲ့ဟယ်ရီ့မှာတော့လေးလံနေသည်။အန်တီဘာလို့များဒီစကားတွေပြောရသလဲ။အမှန်တရားကိုပဲရွေးပါတဲ့လားအန်တီ။အန်တီမရှိမှတော့ အမှန်တရားက ဘာလို့လိုအုံးမှာလဲ။အမြဲတမ်းရှေ့ကိုကြိုမြင်ပြီးတွေးတတ်သည့်အန်တီ။ဒီတစ်ကြိမ်မှာရော ဟယ်ရီ့ကိုဘာတွေသိူဝှက်ပြီး ဘာတွေလုပ်ဖို့ကြံရွယ်နေသလဲ။သက်ပြင်းအားချရင်းကားတံခါးအားဖွင့်ကာထိုင်ပြီးနောက် ကားလေးအား မောင်းနှင်မိတော့သည်။

#Äster
18-12-2022 (6:39PM)

အမုန္းပင္မွပြင့္ေသာ အခ်စ္ပန္း
အပိုင္း (၂၁)

"ငွက္တစ္ေကာင္ကိုမပ်ံသန္းေစခ်င္ေတာ့ရင္ အေတာင္ပံကိုခ်ိဳးပစ္ရမယ္"

"ဟဲလို မင္းမင္းေျပာ။အဆင္ေျပရဲ႕လား မမႀကီးတို႔ လိုက္လာဖို႔လုပ္ေနၾကၿပီ"

"...."

"ဘယ္လို!! ဆုံးသြားၿပီ ဟုတ္လား"

"အန္တီဘာျဖစ္တာလဲ"

အဝတ္အစားတစ္ခ်ိဳ႕အားထည့္ေနရင္း အန္တီရဲ႕အသံေၾကာင့္ ဟယ္ရီစိတ္ပူကာသြားမိသည္။အန္တီမ်က္ႏွာက ခ်က္ခ်င္းပင္ အေရာင္ေဖ်ာ့ကာ သြားေတာ့သည္။

"သက္ေသ..သက္ေသလုပ္ေပးမဲ့သူက ဒီမနက္ပဲဆုံးသြားၿပီတဲ့"

ေျပာရင္း ၾကမ္းျပင္ေပၚေခြခနဲအ႐ုပ္ႀကိဳးျပတ္ျဖစ္သြားသည့္အန္တီ။ဟယ္ရီလည္း ထိုနည္းတူစြာပင္။အမွန္တရားအတြက္ဟယ္ရီတို႔အမ်ားႀကီး ႀကိဳးစားခဲ့ၾကရတာ။ဒါေပမဲ့..ဒါေပမဲ့ ကံၾကမၼာက ဟယ္ရီတို႔ကိုမ်က္ႏွာမေပးခဲ့ဘူး။ဆယ္ႏွစ္ၾကာ လွည့္စားၿပီးတာေတာင္ ကံတရားက ဟယ္ရီ႕ဘက္မွာမရွိခဲ့ဘူး။
"အန္တီ...ဘာမွမျဖစ္ဘူးေနာ္။ဟယ္ရီ..ဟယ္ရီတို႔အတြက္နည္းလမ္းရွိအုံးမွာပါ"
"ဘယ္လိုလဲ..ဘယ္လိုနည္းလမ္းလဲ။ဒီသက္ေသက တို႔ေတြအတြက္ေနာက္ဆုံးပဲသိလား။အခု..အခုေတာ့"
"ဟယ္ရီတို႔နည္းရွိအုံးမွာပါ။ဒီတစ္ခုဆုံးရႈံးသြားလည္းဘာမွမျဖစ္ဘူးေနာ္။အန္တီနဲ႕ဟယ္ရီ အတူတူဆက္ၿပီးနည္းလမ္းရွာလို႔ရပါေသးတယ္"

ပါးျပင္ေပၚရွိမ်က္ရည္စတို႔အား သုတ္ရင္း ဟယ္ရီဆိုမိသည္။ဒီအရာအတြက္ ဒီအမ်ိဳးသမီး ဘယ္ေလာက္ထိအပင္ပန္းခံခဲ့လဲဟယ္ရီအသိဆုံးပင္။ေန႕ညမျပတ္ မင္းမင္းရွာေပးသမွ်အခ်က္အလက္ေတြကိုစုလိုက္၊ေလ့လာလိုက္နဲ႕ မနားမေနႀကိဳးစားၿပီးေနာက္ဆုံးမွာ ဒီသက္ေသဆီ လမ္းစေပၚခဲ့ျခင္းပင္။သက္ေသနဲ႕ဆက္သြယ္ၿပီး ေျဖာင္းျဖေပးခဲ့တာလည္းသူမကိုယ္တိုင္ပင္။ခါးခါးသီးသီးျငင္းဆန္ေနသည့္သူအားသူမဘက္ေရာက္ေအာင္ ဆြဲေခၚသိမ္းသြင္းနိုင္ခဲ့သည္။ဒါေပမဲ့ ကံၾကမၼာက မ်က္ႏွာသာမေပး။သပ္ေသဟာ ဆုံးပါးသြားခဲ့ၿပီတဲ့။ႀကိဳမျမင္နိုင္တဲ့ေသျခင္းတရားမလို႔ ဟယ္ရီတို႔ဘာလုပ္နိုင္မွာလဲေလ။

"ဟုတ္ကဲ့...အစ္ကိုေျပာပါ"
"...."
"အဆင္ေျပတယ္ဆို႐ုံပါပဲ။သူအမ်ားႀကီးေမွ်ာ္လင့္ခဲ့တဲ့အရာဆိုေတာ့ အရမ္းဝမ္းနည္းေနတာ။"
"...."
"ဟုတ္။ဟယ္ရီေျဖာင္းျဖပါ့မယ္။အစ္ကို အဲ့အိမ္ဘက္သြားအုံးမယ္မလား"
"..."
"ဟုတ္။သြားရင္ တစ္ခ်က္ကူခဲ့လိုက္ပါအုံး။အန္တီအေျခအေနက အဲ့ကိုဟယ္ရီတို႔လာဖို႔မေျပေလာက္ဘူး"
ဖုန္းခ်ၿပီးေနာက္ နာရီအားၾကည့္မိေတာ့ ဆယ့္ႏွစ္နာရီစြန္းေနေပၿပီ။အန္တီကေတာ့ ခုတင္ေပၚတြင္ ခပ္ေတြေတြျပတင္းတံခါးအားေငးရင္း ထိုင္ေနဆဲပင္။
"အန္တီ..."
အေနာက္မွသိုင္းဖက္လိုက္ၿပီး အန္တီ့ပုခုံးေပၚ ေမးတင္ကာ ဟယ္ရီေခၚလိုက္မိသည္။
"ဟယ္ရီတို႔ နည္းလမ္းရွိအုံးမွာပါ။အမွန္တရားကအၿမဲတမ္းေတာ့ ေပ်ာက္ဆုံးမေနေလာက္ပါဘူး ေနာ္။လူတစ္ေယာက္ေသဆုံးမႈကို ဟယ္ရီတို႔မွႀကိဳတင္မသိနိုင္တာပဲအန္တီရယ္"
"ဒီလူေသဆုံးမႈက ေသြးရိုးသားရိုးလို႔ ထင္ေနတာလား ဟယ္ရီ"
ဟယ္ရီဘက္သို႔လွည့္ရင္းဆိုလိုက္သည့္အန္တီ။ဟယ္ရီလက္ဖဝါးႏွစ္ခုအား သူမပါးျပင္သို႔ကပ္လိုက္ရင္း
"ဒီတိုင္းေသဆုံးသြားတာလို႔တကယ္ပဲထင္ေနတာလား။မေန႕ကထိေကာင္းေနတဲ့သူကေလ"
"ေသဆုံးမႈက ႀကိဳတင္မွမသိနိုင္တာ အန္တီရဲ႕"
"တို႔သိေနတယ္ ဒါက ရိုးရိုးေသဆုံးမႈမျဖစ္နိုင္ဘူး။မင္းမင္း အဲ့ဒီကိုသြားေနတယ္မလား"

"ဟုတ္တယ္ အန္တီ"

"အင္း သူေရာက္ရင္တစ္ခုခုေတာ့အေၾကာင္းထူးမွာပါ။အန္တီထင္တာသာမွန္ခဲ့ရင္ အန္တီတို႔ေတြမွာ အခ်ိန္သိပ္မက်န္ေတာ့ဘူး"

အန္တီမ်က္ဝန္းထဲတြင္စိုးရိမ္စိတ္တို႔အား ျမင္ေတြ႕ရသည္။ဟယ္ရီလည္း အန္တီလိုသာပင္။အကယ္ရ်္အန္တီေျပာတာသာမွန္ခဲ့ရင္ ဟယ္ရီတို႔ရင္ဆိုင္ရမည့္ျပႆနာမွာမေသးလွေပ။
----
အနီေရာင္ေဆးသုတ္ထားသည့္ ႏွစ္ထပ္တိုက္၏ဧည့္ခန္းတြင္လူသုံးဦးမွာ စားေသာက္ဖြယ္ရာမ်ားျဖင့္ ေအာင္ပြဲခံေနၾကေတာ့သည္။

"ေအာင္ျမင္မႈအတြက္ ခ်ီးယားစ္"
ေသာက္လိုက္စားလိုက္ျဖင့္အေတာ္ပင္ေပ်ာ္ပါးေနၾကသည္။
"အခုေတာ့ သူတို႔ဘာတတ္နိုင္ေသးလဲ"
"ခုခ်ိန္ေလာက္ဆို အဓိကသက္ေသ ဆုံးလို႔ေသြး႐ူးေသြးတန္းျဖစ္ေနေလာက္ၿပီ ဟားဟားဟား"
အားပါးတရ ရယ္ေမာသံမွာ ဧည့္ခန္းထဲတြင္ပ်ံ့ႏွံ႕သြားေတာ့သည္။
"ဒီပြဲက ဒီေနရာမွာပဲ ၿပီးသြားလိမ့္မယ္လို႔ ငါေတာ့ မထင္ဘူး"
"သက္ေသမရွိဘဲ တရား႐ုံးကိုသူတို႔ဘယ္လိုတက္မွာလဲ "
"နန္းရိပ္လႊာဆိုတဲ့မိန္းမကဒီေလာက္နဲ႕ရပ္တန့္သြားမွာမဟုတ္ဘူး။သူကထက္ျမက္တဲ့မိန္းမတစ္ေယာက္ပဲ။အခုတစ္နည္းမေျပရင္ သူေနာက္နည္းလမ္းကို စဥ္းစားေနေလာက္ၿပီ"
"သူစဥ္းစားလို႔ေပၚလည္းဘာအေရးလဲ က်ဳပ္တို႔ကလိုက္ဖ်က္စီး႐ုံေပါ့။သူတို႔ဘက္က တံခါးတစ္ခ်ပ္ပြင့္ေနတာဟာ သူတို႔အတြက္ က်ရႈံးမႈပဲ"

အသက္သုံးဆယ္ေက်ာ္အ႐ြယ္ ထိုအမ်ိဳးသားဟာ ဘာကိုမွဂ႐ုမစိုက္ဟန္ျဖင့္ ရယ္ေမာသည္။ထိုသူ႕မ်က္ႏွာထက္တြင္ ၾကည္ႏူးရိပ္တို႔မွာ ျဖတ္ေျပးေနသည္။နိုင္ကြက္တစ္ခုအားရထားသည့္လူတစ္ေယာက္၏အၿပဳံးမ်ိဳးျဖင့္ၿပဳံးရင္း လက္ထဲရွိဝိုင္ခြက္အားျမႇောက္ကာ ဇိမ္ျဖင့္ေသာက္ေနေတာ့သည္။

"ဘာသတင္းရေသးလဲ ဦးေနေရာင္လြင္"
"အခုထိေတာ့ဘာမွမရေသးဘူး။သက္ေသ ေသတာက မေပၚနိုင္တာေသခ်ာတယ္ေနာ္"
"ေပၚစရာလား က်ဳပ္ကဘယ္သူမလို႔လဲ ဟား ေနာက္ၿပီး ေပၚသြားလည္း ဘာကိစၥလဲ က်ဳပ္အေဖတစ္ေယာက္လုံးရွိေနတာပဲ"
စကားဝိုင္းဟာခဏတိတ္ဆိတ္သြားသည္။
"ဦးေနေရာင္လြင္ေျပာတာ မွန္တယ္ေနာ္.ငါအဲ့ဒီအမ်ိဳးသမီးအေၾကာင္းသိတယ္ ငါတို႔ဘက္ကတစ္ခုခုႀကိဳတင္ကာကြယ္ထားမွရမယ္"
"နင္တို႔က ေၾကာက္တတ္လိုက္တာ။ဘယ္ေလာက္ပဲေတာ္ေတာ္ ငါ့လက္ေအာက္ကို ေရာက္လာမွာ ငါ့မွာအစီအစဥ္ရွိေနၿပီးသား။"
"ဘာအစီအစဥ္လဲ"
"ငွက္တစ္ေကာင္ကိုဖမ္းနိုင္မဲ့အစီအစဥ္"
......
"တို႔ေျပာသားပဲ တို႔သိေနတယ္ ဒီလိုပဲျဖစ္မယ္ဆိုတာကို ရိုင္းစိုင္းလိုက္ၾကတာ သူတို႔လုပ္ရက္ေတြမေပၚဖို႔ လူ႕အသက္တစ္ေခ်ာင္းကို သတ္ရက္ၾကတယ္"

ဝမ္းနည္းသံႏွင့္အတူ ေဒါသသံအနည္းငယ္စြတ္ေနသည့္အသံျဖင့္အန္တီကေျပာသည္။ဟယ္ရီလည္း တကယ္မယုံၾကည္နိုင္ခဲ့။ဒီေလာက္ႀကီးထိလုပ္လိမ့္မယ္လို႔တစ္ခါေလးေတာင္မေတြးမိခဲ့ေပ။

"မမႀကီးကေတာ့ Queen ပဲ။ကြၽန္ေတာ့္ထက္ေတာင္ေတာ္ေသးတယ္။မမႀကီးသတိေပးလိုက္လို႔ ကြၽန္ေတာ္သတိထားမိခဲ့တာ။မဟုတ္ရင္ သူ႕ကိုရိုးရိုးေသတာပဲထင္ေနမိမွာ"

"ရဲေတြေရာ ဒီကိစၥသိသြားၿပီလား။သူ႕မိသားစုေရာ"
"သိၾကၿပီမမႀကီး။ရိုးရိုးေသတာမဟုတ္မွန္းသူတို႔လည္းသိသြားတယ္။ေဆးစစ္ခ်က္ေတြထုတ္ေနၾကတယ္။ေနာက္တစ္ပတ္ထဲရေလာက္မယ္"

"အင္း။တို႔ေတြသိေနတယ္ဆိုတာကိုေတာ့ ဦးေနေရာင္လြင္တို႔မသိေစနဲ႕။တို႔ေတြသိေနမွန္းသိရင္ သူတို႔ေနာက္တစ္ခုျပင္ဆင္ၾကလိမ့္မယ္"

"ဟုတ္မမႀကီး"

"တို႔ေတြလည္း မနက္ျဖန္ေလာက္ အဲ့နယ္ဘက္သြားၾကမယ္ ဟယ္ရီ။သူတို႔ေၾကာင့္ဆိုေပမဲ့လည္း တို႔ေတြရဲ႕ပေယာဂလည္းမကင္းဘူးမလား။ဟိုမွာကူစရာရွိတာကူေပး၊ေထာက္ပံ့ေပးရေအာင္"

"ဟုတ္..အန္တီ့သေဘာပါ။"

"မင္းမင္းကေတာ့ လိုအပ္တာ ဆက္ေလ့လာထားေပးပါ။ေနာက္ၿပီး မမႀကီးတို႔ျပန္လာရင္ ေနာက္အစီအစဥ္အသစ္ဆြဲရေအာင္"

"ဟုတ္မမႀကီး"

မင္းမင္းျပန္သြားေတာ့ ဟယ္ရီႏွင့္အန္တီလည္းအေပၚထပ္ဆီတက္ရန္ျပင္သည္။ေလွကားနားတြင္ဆူးႏွင့္သစ္လြင္အားေတြ႕ေတာ့ ဟယ္ရီစကားေျပာရင္းက်န္ခဲ့မိသည္။အန္တီကေတာ့ အခန္းဆီတန္းတက္သြားေလသည္။

"အန္တီအဆင္ေျပရဲ႕လား မမေလး"

"အင္း ေျပသလိုလိုမေျပသလိုလိုေပါ့ေလ။စိတ္မပူပါနဲ႕ အန္တီကသန္မာပါတယ္ သစ္လြင္"

"ဟုတ္ကဲ့မမေလး"

အေပၚထပ္ဆီမမေလးတက္သြားေတာ့ သစ္လြင္တစ္ခ်က္ေငးၾကည့္မိသည္။မမေလးတို႔ကိစၥေတြအျပည့္အစုံမသိရေပမဲ့ဒီရက္ထဲ အန္တီႏြမ္းေနတာေတာ့သတိထားမိသည္။သစ္လြင္တို႔ကိုလည္းအရင္လိုစကားသိပ္မေျပာဘဲ အခန္းထဲေနသည္ကမ်ားသည္။
"ဘယ္သူမွမရွိေတာ့ဘူးေလ သစ္လြင္ ဘာေတြအဲ့ေလာက္ၾကည့္ေနတာလဲ"

"ဘာမွမဟုတ္ပါဘူး ဒီအတိုင္း"

"နင္အန္တီ့ကိုခ်စ္ေနတာမလား"

ဆူးက နားနားကပ္ကာ တိုးတိုးေျပာေပမဲ့သစ္လြင္အတြက္ေတာ့ ထိတ္လန့္စရာမလို႔လက္ထဲတြင္ကိုင္ထားသည့္ဖန္ခြက္မွာက်ကြဲသြားေတာ့သည္။

"ဘာ..ဘာေတြေျပာေနတာလဲ ဆူး"

"ဟယ္ ၾကည့္ပါအုံး ျဖစ္သြားတဲ့႐ုပ္ကို။ငါကသက္သက္မဲ့စေနတာကို"

သစ္လြင္ပုခုံးအားတစ္ခ်က္ရိုက္ၿပီးမီးဖိုခန္းဆီထြက္သြားသည့္ဆူး။ဆူးမရွိေတာ့မွ ေလွကားလက္ရန္းအားမွီရင္း ထိုင္ခ်လိဳက္မိသည္။

"အမွန္တရားတစ္ခုကိုအခ်ိန္ဘယ္ေလာက္ၾကာၾကာ ဖုံးကြယ္ထားနိုင္မွာလဲ။အမွန္တရားဆိုတာအခ်ိန္တစ္ခုေရာက္ရင္ေပၚတတ္တာမလို႔သစ္လြင္ ဘာလုပ္ရမလဲအန္တီရယ္။ဆက္မခ်စ္ဘဲေမ့ပစ္နိုင္ဖို႔ႀကိဳးစားေလ အန္တီကိုပိုတိုးလို႔ခ်စ္မိေနခဲ့တယ္။ဒီခ်စ္ျခင္းေတြက အျပစ္ရွိမွန္းသိေပမဲ့ သစ္လြင္အတြက္ ရပ္တန့္လိုက္ဖို႔ခက္ခဲလွတယ္"

"ကဲ အစ္မေတာ္ ဖယ္ ကြၽန္မတံျမက္စည္းလွဲမလို႔"
"ရပါတယ္ ငါ့ဘာသာလွဲမယ္"

"ၿပီးတာပဲ ေရာ့ ဒါဆိုယူ။ငါ ၿခံထဲဆင္းၿပီး ပန္းသြားခ်ိဳးမလို႔"

"အင္း သြားေလ"

ဖန္ကြဲစတို႔မက်န္ေအာင္တံျမက္စည္းလွဲၿပီးသည့္ေနာက္ အခန္းထဲတြင္ထိုင္ကာ ေရးလက္စ ပန္းပြင့္အားၾကည့္ေနမိေတာ့သည္။တကယ္ေတာ့ဒီပန္းက အန္တီ့ေမြးေန႕အတြက္ရည္႐ြယ္ၿပီးေရးဆြဲခဲ့တာပင္။ဒါေပမဲ့သစ္လြင္မေပးျဖစ္ေတာ့။ကိုယ္တိုင္ပဲသိမ္းထားဖို႔စိတ္ကူးလိုက္ကာ ပုံအားၿပီးေအာင္ဆက္ဆြဲလိုက္မိသည္။
----
"ခက္ဆစ္ စိတ္ခ်မယ္ေနာ္"
"ဟုတ္ကဲ့ပါ မမေလး။စိတ္ခ်ပါ"
"ဒါဆို သြားေတာ့မယ္။သစ္လြင္တို႔လည္း ဂ႐ုစိုက္ေနေနာ္"
"ဟုတ္ကဲ့မမေလး.."
သက္ေသဦးေလးႀကီးရွိရာနယ္ဘက္သို႔ဟယ္ရီႏွင့္အန္တီအတူသြားဖို႔ျပင္ဆင္ၾကျခင္းသာ။ခရီးကအရမ္းႀကီးေဝးတယ္လည္းမဟုတ္တာေၾကာင့္ဟယ္ရီကိုယ္တိုင္ကားေမာင္းဖို႔ပဲေ႐ြးလိုက္တာပင္။ေနာက္ၿပီး ညအိပ္ခရီးမလို႔လည္းပါသည္။အန္တီႏွင့္တစ္ခါမွမသြားဖူးတာေၾကာင့္လည္းပါေလသည္။
"ဟယ္ရီ ခဏေလး တို႔အခန္းထဲမွာ အိတ္တစ္အိတ္က်န္ခဲ့ၿပီ"
"သစ္လြင္သြားယူေပးမယ္ေလအန္တီ"
"ရတယ္ ေန..ေန သစ္လြင္ အန္တီသြားမယ္ သစ္လြင္သိမွာမဟုတ္ဘူးရယ္"
အိမ္ေပၚသို႔ေျခလွမ္းသြက္သြက္မ်ားျဖင့္တက္သြားသည့္အန္တီ။ခဏၾကာေတာ့ လက္ထဲတြင္အိတ္တစ္လုံးအား ကိုင္ကာ ျပန္ေရာက္လာေလသည္။
"ဒါဆို အန္တီတို႔သြားေတာ့မယ္ ဂ႐ုစိုက္ၿပီးေနၾကေနာ္"
"ဟုတ္ကဲ့အန္တီ"
ကားေလးမွာ အိမ္ထဲမွေမာင္းထြက္ကာသြားေတာ့ သစ္လြင္တို႔လည္း အလုပ္ကိုယ္စီ၊တာဝန္ကိုယ္စီျဖင့္ ကိုယ့္ဘာသာလုပ္ၾကရေတာ့သည္။
"အန္တီ..."
"ဟင္..ေျပာေလ"
"ဒိတိုင္းေခၚၾကည့္တာ အန္တီ့အသံၾကားခ်င္လို႔"
"ၾကည့္..ကားေမာင္းရင္းေတာင္လိုက္ေနာက္ေနတယ္"
"ေနာက္တာမဟုတ္ပါဘူး အန္တီ့အသံမၾကားရရင္ မေနနိုင္လို႔"
"ကဲပါ ေတာ္ပါ ကားကိုသာဂ႐ုစိုက္ေမာင္း"
နန္းရိပ္က်ယ္က်ယ္ေလးေအာ္လိုက္မွ ကားကိုဂ႐ုစိုက္ေမာင္းသည့္ကေလးမ။လိုခ်င္တာမရလို႔စိတ္ေကာက္ေနသည့္ကေလးလို ႏႈတ္ခမ္းမွာစူေနေတာ့သည္။
"အဆင္မေျပရင္ ဆင္းေလွ်ာက္မယ္ေလ သိပ္မွမေဝးေတာ့တာ"
"ဟုတ္ အဲ့တာဆို အဲ့လိုပဲလုပ္မယ္ေလ အန္တီ"
လမ္းကက်ဥ္းသည့္အျပင္ ခ်ိဳင့္ခြက္ေတြနဲ႕မလို႔ ကားျဖင့္သြားလွ်င္မေျပလွတာေၾကာင့္ ဟယ္ရီတို႔ဆင္းေလွ်ာက္ဖို႔ေ႐ြးလိုက္မိသည္။
"ဟယ္ရီ ထီးေဆာင္းေပးမယ္"
"တို႔ေလွ်ာက္နိုင္ပါတယ္ အရမ္းပူေနတာမွမဟုတ္တာရပါတယ္"
"အန္တီကရေပမဲ့ ဟယ္ရီကေတာ့မရဘူး။အန္တီ့အေပၚ ေနေျပာက္ေတာင္ထိုးေစခ်င္တာမဟုတ္ဘူး"
ဟယ္ရီေျပာေတာ့ အန္တီကရယ္သည္။

အညိုေရာင္ရင္ဖုံးလက္ရွည္ေျပာင္သည္ ပုလဲလုံးေလးမ်ားေၾကာင့္ေျပာင္ရွင္းမေနဘဲ ၾကည့္ရ်္ေကာင္းလွသည္။အညိုေရာင္အခံေပၚတြင္ဇာပန္းခက္ပန္းႏြယ္တို႔ပါသည့္ေျခဖ်ားထိတိုက္သည့္လုံခ်ည္မွ တစ္ခ်က္လမ္းေလွ်ာက္ေလတိုင္း ျဖတ္ခနဲေပၚသြားတတ္သည့္ ေျခမ်က္စိကေလးဟာလည္းဟယ္ရီ႕အတြက္ၾကည့္ရ်္ေကာင္းလွသည္။ကိုယ္ဟန္တစ္ခ်က္ယိမ္းႏြဲ႕ေလတိုင္းလွစ္ဟာသြားသည့္ခါးေဖြးေဖြးေလးမွာေတာ့ ျမတ္နိုးစရာအတိပင္။
အပင္မ်ားစိုက္ထားသည့္ၾကားတြင္ရွိသည့္လမ္းသြယ္ထဲတြင္ဟယ္ရီတို႔ေလွ်ာက္လွမ္းေနၾကျခင္းပင္။ေလအေဝ့တြင္ အပင္တို႔ယိမ္းႏြဲ႕ေနသည္။အပင္တို႔အားျဖတ္ကာတိုက္ခတ္လာသည့္ေလႏုေအးအား ဟယ္ရီရႉရွိုက္မိသည္။ဟယ္ရီ႕ဆံႏြယ္တို႔ ေလေၾကာင့္ တဖ်ပ္ဖ်ပ္လႈပ္ခတ္ေနေပမဲ့ အန္တီကေတာ့ တစ္ပတ္လွ်ိုဆံထုံးထုံးထားသည့္အတြက္ အိႏၵျေရလွသည္။
"အန္တီ..."
ႏႈတ္မွတစ္ခြန္းေခၚလိုက္ၿပီး လက္ဖဝါးႏုႏုအား ဆုပ္ကိုင္ေတာ့ ၿပဳံးေရာင္သန္းသည့္မ်က္ဝန္းတို႔ျဖင့္ ဟယ္ရီအားၾကည့္ၿပီး လက္အားျပန္လည္ဆုပ္ကိုင္ထားေလသည္။
"အရမ္းေတြတက္ႂကြေနသလိုပဲ"
"အန္တီ့ေၾကာင့္ေလ...။အန္တီ့ကိုၾကည့္ရင္းေလွ်ာက္ရေတာ့ ဟယ္ရီမပင္ပန္ဘူး"
"ဟြန့္... စကားတတ္တိုင္းေလွ်ာက္ေျပာေန"
"အန္တီေနာ္ ရယ္ခ်င္ရင္လည္းရယ္ခ်လိဳက္ေလ။အဲ့လိုၿပဳံးစိစိလုပ္ေနရင္ ဟယ္ရီအသည္းယားတယ္ ဖက္နမ္းခ်င္လာတာေနာ္"
"မင္းေနာ္...လမ္းႀကီးမွာ ဖက္နမ္းလို႔ကေတာ့ မင္းပါးနဲ႕တို႔လက္ဝါး မိတ္ဆက္ၿပီးသားျဖစ္မွာ"
မ်က္ေစာင္းေလးခဲရင္း ေျပာသည့္ပုံမွာအသည္းယားစရာ။ခုခ်ိန္ထနမ္းရင္တကယ္ရိုက္မဲ့ပုံမ်ိဳး။
"လမ္းႀကီးမွာဖက္နမ္းရင္ပဲရိုက္မွာမလား...ဟဲဟဲ"
"လြန္းဟယ္ရီ!!"
"အန္တီေျပာတာကိုေျပာျပတာေလ ဘာလို႔ေအာ္တာလဲ"
"မင္းေတာ့ေနာ္ အရိုက္ခံရေတာ့မယ္။ေပါက္ကရေျပာမေနနဲ႕ ဟိုမွာ အိမ္ကိုလွမ္းျမင္ေနရၿပီ"

သူ႕ဘာသာေျပာၿပီး ဟယ္ရီကစကားအနက္ေကာက္ေတာ့ ရွက္သြားျပန္သည့္အမ်ိဳးသမီး။ဦးေလးႀကီးအိမ္ေရာက္ေတာ့မွာမလို႔ ဟယ္ရီလည္း မ်က္ႏွာအားတည္လိုက္မိသည္။
"ညီမတို႔ေရာက္လာၾကတာပဲ လာလာ အိမ္အေပၚကိုႂကြပါ။ဧည့္သည္ေတြကိုဖ်ာေလးခင္းေပးလိုက္ၾကပါအုံး"
ဟယ္ရီတို႔အားျမင္သည္ႏွင့္ ခ်က္ခ်င္းပင္ အိမ္ထဲရွိလူမ်ားမွာလႈပ္လႈပ္ရွားရွားျဖစ္သြားေတာ့သည္။
"ရတယ္အစ္မ အလုပ္ရႈပ္မခံပါနဲ႕"
အလုပ္ရႈပ္မခံပါနဲ႕လို႔ဟယ္ရီတို႔ေျပာေပမဲ့ဖ်ာခင္းသူခင္း၊ေရႏြေးၾကမ္းအိုးခ်သဴခ်၊မုန့္ပန္းကန္ျပင္သူကျပင္နဲ႕အိမ္ထဲတြင္ ရႈပ္သြားေတာ့သည္။
"အလုပ္ကိစၥေတြမျပတ္တာနဲ႕ရက္လည္ၿပီးမွပဲ လာျဖစ္ေတာ့တယ္။ျဖစ္ခဲ့တာေတြအတြက္ ကြၽန္မတကယ္စိတ္မေကာင္းပါဘူး"
"ျဖစ္ခ်ိန္တန္လို႔ျဖစ္တာပါ အနည္းဆုံးေတာ့ ကြၽန္မတို႔လူႀကီးက ေနာက္ဆံမတင္းေတာ့ဘူး။ဒီကညီမတို႔ကိုသူအမွန္တရားေျပာခြင့္ရခဲ့လို႔သူေက်နပ္ေနမွာပါ"
ထိုအိမ္တြင္တစ္နာရီနီးပါးေနခဲ့ၿပီး ဟယ္ရီတို႔ ကားရွိရာဆီျပန္ေလွ်ာက္ခဲ့မိၾကသည္။
"ဟယ္ရီ တစ္ခုခုမွားေနတယ္လို႔ မထင္မိဘူးလား"
"ဘယ္ေနရာမွာလဲအန္တီ"
"သက္ေသ ေသဆုံးတဲ့ကိစၥေလ။တကယ္ဆို တို႔ေတြ ဒီသက္ေသအေၾကာင္းဘယ္သူ႕မွမေျပာခဲ့မိဘူးမလား။ကိုကိုႀကီးေတာင္မသိခဲ့ဘူးေလ။အဲ့ဒါကို သူတို႔ကဘယ္လိုသိသြားတာလဲ"
"အန္တီ ဆိုလိုခ်င္တာက..."
"ဟုတ္တယ္ တို႔ေတြအနားမွာ သူတို႔ေစာင့္ၾကည့္ဖို႔တစ္ေယာက္ေယာက္လႊတ္ထားတယ္ထင္တယ္"
"ဘယ္သူျဖစ္မလဲ..."
"ဒါကေတာ့ ေပၚလာမွာေပါ့ေလ"
"အန္တီကအရမ္းေတာ္တာပဲ"
ဟယ္ရီေျပာေတာ့ အန္တီကၿပဳံးသည္။တကယ္ကိုအန္တီကေတာ္လြန္းလွပါသည္။ဒီကိစၥေတြ႐ုပ္လုံးေပၚၿပီးအမွန္တရားကိုသိခြင့္ရခဲ့တာဟာ အန္တီ့ရဲ႕ေက်းဇူးေတြအမ်ားႀကီးပါသည္။အန္တီ့ရဲ႕ထက္ျမက္မႈေၾကာင့္သာ ဟယ္ရီလမ္းမွန္ကိုရွာေဖြေတြ႕ရွိခဲ့ျခင္းသာ။
"ဟယ္ရီ..."
"ေျပာေလ အန္တီ..."
"အမွန္တရားနဲ႕တို႔ တစ္ခုခုကိူယွဥ္ေ႐ြးဖို႔လိုလာတဲ့အခါ မင္းဘယ္အရာကိုေ႐ြးမလဲ"
"ဘာကိုဆိုလိုခ်င္တာလဲ"
ကိုင္းေျမအစပ္တြင္အန္တီရပ္လိုက္သည္မလို႔ ဟယ္ရီလည္းရပ္လိုက္မိသည္။
"အမွန္တရားနဲ႕တို႔နဲ႕ႏွစ္ခုထဲကတစ္ခုေ႐ြးခ်ယ္ရမယ္ဆိုရင္ဘယ္အရာကိုေ႐ြးခ်ယ္မလဲ"
"အန်တီ့က်ုပဲပေါ့။ဟယ်ရီ့အတွက်အန်တီပဲလိုအပ်တာလေ"
"ဟင့္အင္း..။အမွန္တရားကိုေ႐ြးခ်ယ္ရမွာ။အျပစ္သားေတြကိုအျပစ္ေပစခြင့္ရမဲ့လမ္းကိုပဲမင္းေ႐ြးခ်ယ္ရမွာ။အမွန္တရားတိမ္ျမဳပ္သြားမဲ့အျဖစ္မ်ိဳး မင္းမလုပ္ရဘူး"
"အန္တီဘာလို႔ဒါေတြေျပာရတာလဲ"
"ဟင့္အင္း ဒီတိုင္း အမွန္တရားနဲ႕တို႔ကိုယွဥ္ေ႐ြးရမဲ့အခ်ိန္ရွိလာတဲ့အခါ တို့က်ုမရွေးဖို့ ႀကိဳေျပာ႐ုံပါပဘဲ။ကဲ..သြားစို႔ တို႔အေတာ္ပူေနၿပီကြယ္"

အေရွ႕မွအန္တီကခပ္သြက္သြက္ထြက္သြားေပမဲ့ဟယ္ရီ႕မွာေတာ့ေလးလံေနသည္။အန္တီဘာလို႔မ်ားဒီစကားေတြေျပာရသလဲ။အမွန္တရားကိုပဲေ႐ြးပါတဲ့လားအန္တီ။အန္တီမရွိမွေတာ့ အမွန္တရားက ဘာလို႔လိုအုံးမွာလဲ။အၿမဲတမ္းေရွ႕ကိုႀကိဳျမင္ၿပီးေတြးတတ္သည့္အန္တီ။ဒီတစ္ႀကိမ္မွာေရာ ဟယ္ရီ႕ကိုဘာေတြသိူဝွက္ၿပီး ဘာေတြလုပ္ဖို႔ႀကံ႐ြယ္ေနသလဲ။သက္ျပင္းအားခ်ရင္းကားတံခါးအားဖြင့္ကာထိုင္ၿပီးေနာက္ ကားေလးအား ေမာင္းႏွင္မိေတာ့သည္။

#Äster
18-12-2022 (6:39PM)

Continue Reading

You'll Also Like

1.6M 291K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...