Endless Summer🌞(Completed)

By EaintKyarNyo614

1.7K 234 28

"စီနီယာကို သဘောကျတယ်" (Kyungsoo) "Kyungsooကကိုယ့်ရဲ့အဆုံးမရှိတဲ့နွေဦးလေးလေ" (Chanyeol) ပေါ့ပေါ့ပါးပါးဇာတ်လမ်... More

ES(2)Happy❣️
ES(3)Little Unhappy💗
ES(4)Cute❣️
ES(5)Chan'pov
ES(6)Love❣️
Es(7)Candy🍭
ES(8)sweet❣️
ES(9)Broken💔
ES(10)Believe❣️
ES(11)Secret🤫
ES(12)Romance👨‍❤️‍👨
ES(13)🍭👨‍❤️‍👨
ES(14)👨‍❤️‍👨💕
ES(15)The End🤍

ES(1)Enjoy❣️

253 27 3
By EaintKyarNyo614


Endless Summer

"စီနီယာကို ကျွန်တော်သဘောကျတယ်"

မျက်မှန်အ၀ိုင်းလေးကိုတပ်ထားပြီး အပြာရောင်ကျောင်း၀တ်စုံလေးနဲ့Kyungsooက Chanyeolဆိုတဲ့စီနီယာကိုမနှစ်ကတည်းက သဘောကျနေခဲ့တာကြောင့် ဒီနှစ်တော့အရဲစွန့်ဖွင့်ပြောလိုက်မိတယ်

"၀ါး Chanyeolမင်းက ကောင်မလေးတွေပဲစွံတယ်မှတ်နေတာ ကောင်လေးတွေပါစွံနေတာကို"

"ဒါကိုယ့်ကိုပေးတဲ့လက်ဆောင်လား"

ခေါင်းလေးကိုမ၀ံ့မရဲငြိမ့်လိုက်ရင်းသူပြင်ဆင်လာတဲ့Handmade ချောကလက်ဗူးလေးကိုchanyeolကယူလိုက်ရင်း

"ချစ်စရာလေးပဲ လုပ်ထားတဲ့ချောကလက်တွေက.. ဒီချောကလက်လူရုပ်လေးကကိုယ်လား"

"ဟုတ်"

"ကျေးဇူးပဲနော် ကိုယ်စားလိုက်ပါမယ်"

စီနီယာChanyeolက အဲ့လိုပဲလူတိုင်းကိုကြင်နာတတ်သည်

နောက်ဆုံးနှစ်အထက်တန်းကျောင်းသားလေးchanyeolကကျောင်းသားခေါင်းဆောင်လည်းဖြစ် စာလည်းတော်အားကစားမှာလည်းတော်နေပြန်သည် အရာအရာပြည့်စုံနေတဲ့chanyeolကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးပေါ့

Kyungsooအတွက်သဘောကျတယ်ဆိုတဲ့စကားကသိပ်ကိုခက်ခဲတဲ့စကားပါ နောက်ဆုံးနှစ်ဖြစ်သွားပီဖြစ်တဲ့စီနီယာကို သူခွဲရတော့မာကြောင့် သူဖွင့်ပြောလိုက်မိတာပါ

"Kyungsoo မင်းစီနီယာchanyeolကိုသွားဖွင့်ပြောတယ်ဆို"

"မင်းကဘယ်လိုသိတာလဲ Baekhyun"

"တစ်ကျောင်းလုံးပွထနေတဲ့ကိတ်စကို"

"တစ်ကျောင်းလုံး!!!"

မျက်မှန်ကိုင်းလေးကိုလက်နဲ့ပင့်တင့်လိုက်ရင်းသူအော်လိုက်မိသည်

"ဖြေးဖြေးအော်ပါ လန့်လိုက်တာ "

"အဲ့တာမင်းကြောင့်Baekhyun ငါဒီမှာရှက်လို့သေတော့မယ်"

"ငါကမင်းအတည်ပြောလိမ့်မယ်လို့ဘယ်ထင်ပါ့မလဲ"

"မင်း​ကြောင့် မင်းကြောင့်!!!

ထုရိုက်ခံနေရတဲ့Baekhyunကတော့အော်ရုံကလွဲပြန်မလုပ်ပေ

"Kyungsoo ငါကြားလာတဲ့သတင်းကအမှန်ပဲလား"

အရေးကြီးသုတ်ပြာနဲ့ပြေးလာတဲ့အတန်းခေါင်းဆောင်Kaiကသူ့ကိုမေးလိုက်ခြင်းပင်

"ဟုတယ်"

စိတ်ညစ်နေတဲ့ပုံစံနဲ့သူ၀န်ခံလိုက်မိသည်

"တိုင်မာ မင်းအမေနဲ့အဖေကို"

"Yarr မင်းအကျင့်မပုတ်နဲ့လေ Kai"

ငယ်ကတည်းကKaiနဲ့သူနဲ့က အိမ်နီးချင်းကျောင်းသွားကျောင်းဖော်ဘက် အားနေအမေကိုလိုက်တိုင်တတ်တဲ့အဲ့အကောင်ကိုသူမေ့သွားတဲ့အထိ စီနီယာကိုသူသဘောကျနေမိတာပဲ

"ငါကတော့တိုင်မာပဲ အန်တီကငါ့ကိုတာ၀န်ပေးထားတာ မင်းမဟုတ်တာလုပ်တိုင်းတိုင်ဖို့ကို"

"ငါမုန့်၀ယ်ကျွေးပါမယ် မတိုင်ပါနဲ့ ဒီကိစ္စက တိုင်လို့ကောင်းတဲ့အရာမဟုတ်ဖူးလေ"

ဟုတယ်လေ သူကယောကျားလေးဖြစ်ရက်နဲ့ယောကျားလေးတစ်ယောက်ကို ချစ်ကြောင်း၀န်ခံထားတဲ့လူမဟုတ်လား အမေနဲ့အဖေ့အတွက်ဒါကဖြစ်နေကျသာမန်ကိတ်စရပ်မှမဟုတ်တာ သူဒါလေးတောင်မစဥ်းစားမိဖူးလား

"ဆောရီး ငါစချင်ရုံသက်သက်ပါ မင်းကို"

"ရပါတယ် "

သူတိတ်ဆိတ်နေမိတယ် သူစီနီယာကို၀န်ခံမိတာကိုသူနောင်တမရပါဖူးစီနီယာက သူ့ကိုမချစ်ရင်တောင် သူကမငြင်းခဲ့တာလေးနဲ့တင်သူကျေနပ်တယ်

Kaiကသူနေရာသူသွားထိုင်လိုက်ပြီးBaekhyunကတော့သူ့ကိုမေးခွန်းမေးချင်နေတဲ့ပုံနဲ့ကြည့်နေသည်

"ဘာမေးချင်နေတာလဲ"

"ငါစဥ်းစားမရလို့ စီနီယာChanyeolကိုဘာလို့သဘောကျသွားတာလဲဆိုတာ"

သူသဘောကျသွားတဲ့ဖြစ်စဥ်ကရိုးရှင်းပါတယ်

တစ်နေ့(အထက်တန်းပထမနှစ်)

စာမေးပွဲဖြေဖို့နီးလာတာကြောင့်သူစာကြည့်တိုက်ကိုအလောတကြီးလာခဲ့မိတယ်

မေးခွန်းဟောင်းတွေကိုလှန်လောရှာနေရင်း သူလိုချင်တဲ့စာအုပ်ကိုရှာတွေ့သွားတာကြောင့် သူအမှုမဲ့အမှတ်မဲ့သူထအော်မိတယ်

"Yah!!!"

စာကြည့်တိုက်ထဲကလူတွေအကုန်လုံးကသူ့ဘက်လှည့်လာပြီး တိတ်တိတိနေဖို့ပြောလာတာကြောင့် သူအသံတိတ်တောင်းပန်လိုက်ရသည်

လွတ်တဲ့ခုံမှာထိုင်လိုက်ရင်း သူစာလုပ်နေတယ် ၃နာရီလောက်အချိန်ယူလုပ်ပြီးတော့ သူအိပ်ငိုက်တာကြောင့်ခဏအိပ်လိုက်မိသည်
~~~~~~~~~~~~
နေစူးနေတာကြောင့်သူမျက်နှာတစ်ချက်ရှုံ့လိုက်ရင်း မျက်လုံးတွေကိုသူမှိတ်ထားဆဲ

ရုတ်တရက် နေကွယ်သွားတာကြောင့်သူပြုံးလိုက်ရင်း ပြန်အိပ်ပျော်သွားသည်

"ဟိတ်ဒီမှာ ဒီမှာ"

လှုပ်နိုးခံလိုက်ရတာကြောင့် သူအားယူပြီးမျက်လုံးဖွင့်လိုက်သည်

"ကိုယ်သွားရတော့မာမို့ နေကာပေးမဲ့လူမရှိတော့ဖူး နေစူးနေလိမ့်မယ် ပြောင်းအိပ်လိုက်ပါလား"

သူအဲ့လူကိုသဲသဲကွဲကွဲသိပ်မမြင်ရသေး.... ရှင်းရှင်းလင်းလင်းတွေ့လိုက်ရတဲ့အချိန်မှာတော့ သူ့ကိုရယ်ပြနေတဲ့ပါးချိုမ့်လေး

"Arr တောင်းပန်ပါတယ်... ကျွန်တော်အိပ်နေတဲ့တစ်လျှောက်လုံးနေကာပေးထားတာလား"

သူအံ့သြစွာနဲ့မေးလိုက်တော့

"အွန်း အိပ်နေတာလေးကချစ်ဖို့ကောင်းတာနဲ့ ကားထားပေးမိတာ လက်တွေတော်တော်ညောင်းသွားတယ်"

"ကျွန်တော် တောင်းပန်ပါတယ်"

"မဟုတ်တာ ဒါနဲ့မင်းက ဘယ်နှစ်တန်းကလဲ"

"အထက်တန်းပထမနှစ်ပါ"

"အား ဂျူနီယာလေးပဲ အစ်ကိုက အထက်တန်းဒုတိယနှစ်က ParkChanyeolပါတွေ့ရတာ၀မ်းသာပါတယ်"

"ဟုတ်ကဲ့ ၀မ်းသာပါတယ်"

"ကဲအစ်ကိုသွားပြီနော်"

ပခုံးလေးကိုနှစ်ချက်ပုတ်ရင်းစီနီယာထွက်သွားသည် ကျွန်တော့်နှလုံးသားလေးကအပုတ်ခံလိုက်ရလို့လှုပ်နိုးသွားတယ်ထင်ပါတယ် တဒုတ်ဒုတ်နဲ့အခုန်မြန်နေလိုက်တာ

~__________©©®______

ရေးမိပြန်ပြီစိတ်ကူးတည်းပေါ်လာတာနဲ့🤭မပြီးတာတွေကများ🤕

Continue Reading

You'll Also Like

213K 8.9K 24
Where Lewis Hamilton goes to a cafe after a hard year and is intrigued when the owner doesn't recognise him. "Who's Hamilton?" Luca says from the ba...
1M 18.7K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
155K 4.6K 48
matilda styles, will you be my valentine? (please reject me so i can move on) ⋆ ˚。⋆୨💌୧⋆ ˚。⋆ IN WHICH christopher sturniolo falls for nepo baby or...
491K 14.1K 106
"aren't we just terrified?" 9-1-1 and criminal minds crossover 9-1-1 season 2- criminal minds season 4- evan buckley x fem!oc