ဝှီ..ဝီ...ဝှီ..ဝီ
ဆေးရုံနားမရောက်ခင်ကပင် ကြားနေရသော အရေးပေါ်ကားသံကြောင့် သောက်လက်စ ရေနွေးကြမ်းခွက်ကို ချကာ လှမ်းကြည့်လိုက်မိသည်။ မလှမ်းမကမ်းက စားပွဲဝိုင်းမှာ တစ်ယောက်တည်းထိုင်နေသော အရုဏ်ဦးကို အမှတ်တမဲ့ လှမ်းကြည့်မိတော့ အေးအေးဆေးဆေး ပင် ထမင်းစားလို့နေခဲ့သည်။ရေနွေးကြမ်းကိုသာ အရသာခံသောက်ရင်း ညနေခင်းအချိန် တောင်ကြီးမြို့ပေါ်ပြန်တက်ကာ ပြင်ပဆေးရုံကို သွားရဦးမည့်အကြောင်း တွေးမိပြန်သည်။ ဖုန်းသံခပ်တိုးတိုးကိုကြားရတော့မှ ပတ်ဝန်းကျင်ကို ပြန်ကြည့်မိသည်။ အရုဏ်ဦးဟာ ဖုန်းကိုချလိုက်ပြီး ဆိုင်ထဲကနေ ခပ်မြန်မြန်ထွက်သွားတော့ စောစောက အရေးပေါ်ကားဟာ medical ward နှင့်ဆိုင်သည့် လူနာတစ်ယောက်ဖြစ်မှန်း သေချာသွားသည်။
ဆေးရုံထဲ ပြန်ဝင်လိုက်သည်နှင့် အရေးပေါ်ဌာနတွင် ရှုပ်ယှက်ခပ်နေကြသည်ကို တွေ့ရသည်။
" CPR လုပ်မယ် Defit စက်ပါ ပြင်ထား " ( အရေးပေါ် အသက်ကယ် Defit က ရင်ဘတ်၊ နှလုံးကို လျှပ်စစ်ရှော့ခ်ရိုက်တဲ့ဟာပါ )
အရုဏ်ဦးရဲ့ ညွှန်ကြားသံဟာ ပြတ်သားလှသည်။ လက်ထောက်ဆရာဝန်တွေဟာ ညွှန်ကြားချက်ကို တစ်သွေမတိမ်းလိုက်နာရင်း လှုပ်ရှားမှုတွေကအစ မြန်ဆန်လို့နေကြသည်။ ဒါဟာ အရေးပေါ်ဌာနပင်။ နှေးနှေးကွေးကွေးအလုပ်လုပ်၍မရ၊ သတိမကပ်ဘဲ နေလို့မရသည့် ဌာနသာ ဖြစ်သည်။
" IV adrenaline ထိုးမယ် "
" IV adrenaline ထိုးပြီးပါပြီ "
" CPR ပြန်စ "
ဆရာဝန်လေး၏ နဖူးထက်တွင် ချွေးစက်များပင် သီးလို့နေခဲ့သည်။ လူနာ၏ရင်ဘတ်ပေါ်တွင် ယှက်တင်ထားသော လက်တို့ကတော့ စည်းချက်ကျကျ ဖိနေဆဲ။ အနားရှိ သူနာပြုဆရာမများကလည်း ညွှန်ကြားချက်အတိုင်း ဆေးဝါးများကို အချိန်မီ ထိုးသွင်းပေးနေခဲ့သည်။
သူကတော့ အနီးကပ်ညွှန်ကြားနေသည့် အရုဏ်ဦးကို တစ်ချက်လှမ်းကြည့်ပြီးမှ ခွဲစိတ်ဆောင်ဘက်ကိုသာ ဆက်လျှောက်ခဲ့တော့သည်။ ခွဲစိတ်ဆောင်ရောက်တော့ လူနာတွေအနား ပတ်သွားကာ အလုပ်များနေသည့် ဆရာမလေးတွေကို ပြန်တော့မည့်အကြောင်း ပြောကာ ပြန်ထွက်ခဲ့သည်။
" ဆရာမရေ တစ်ခုခုဆိုရင် ကျွန်တော့်ဆီ တိုက်ရိုက် inform လုပ်လို့ရတယ်နော် ဖြိုးသူက Emergency မှာ ကူပေးနေတော့လေ " ( Emergency အရေးပေါ်ဌာန )
" ဟုတ်ကဲ့ဆရာ "
ညနေဘက် နေကျသွားသည်နှင့် အအေးဓာတ်က ရောက်ရှိလာတတ်သည်။ ယနေ့လို မိုးရွာသွန်းခဲ့သော နေ့ဆိုလျှင်တော့ တစ်နေ့တာလုံး အေးစိမ့်လို့နေတော့သည်။ အေးသာယာကို ကျော်ကာ တောင်ကြီးမြို့ပေါ် တက်တော့ တောင်ထိပ်မှာ မြူတွေပင် ဆိုင်းနေခဲ့သည်။ ပြင်ပဆေးရုံကို ရောက်တော့ အသင့်စောင့်ဆိုင်းနေသည့် ဆရာမများနှင့်အတူ လူနာတွေကို သွားကြည့်ကာ ဆေးရုံဆင်းသင့်သည့်သူ ဆင်းခိုင်းသလို လိုအပ်သည်များကို ညွှန်ကြားပေးခဲ့သည်။ အချိန်ဟာ သိပ်မကြာလိုက်ပေ။ တာဝန်ကျ ဝန်ထမ်းတွေကို နှုတ်ဆက်ပြီး အိမ်ကိုသာ ပြန်လာခဲ့တော့သည်။
ရေချိုးပြီးနောက် ခေတ္တနားနေသည့်အချိန်မှာတော့ ဖုန်းကိုကိုင်ကာ ပျင်းရိလာပြန်သည်။ အလုပ်တွေသာ ရှိမနေခဲ့လျှင် သူ့ဘဝဟာ ငြီးငွေ့ဖွယ်ရာ အတိပင်။ အလုပ်မှာသာ အခြားဝန်ထမ်းများနှင့် ထွေရာလေးပါး စကားပြောဆိုစရာရှိပေမယ့် အိမ်ပြန်ရောက်လျှင်တော့ သူတစ်ယောက်တည်းသာရှိသည်။ တိတ်ဆိတ်နေသော အိမ်လေးဟာ အထီးကျန်ဆန်သော အငွေ့အသက်တွေ ဖုံးလွှမ်းထားခဲ့သည်။ အသက်သုံးဆယ်ကျော်လာခဲ့ပေမယ့် တစ်ကိုယ်တည်းသမား ဖြစ်နေဆဲမို့ လုပ်ဖော်ကိုင်ဖက်များက စနောက်ကြသည်မှာလည်း အမြဲလိုလိုပင်။
" ကဲ သည်တစ်နှစ်လည်း တို့ဆရာ မိုးသောက်က လူပျိုကြီးပါပဲ "
" ရုပ်ရည်လည်းရှိ ပညာလည်းတတ် ဥစ္စာလည်း ပေါပါလျက်နဲ့ တစ်ကိုယ်တည်းသမားဖြစ်နေတာ အံ့သြစရာပါပဲ "
" အဲ့သလို ပြည့်စုံနေလို့လည်း တစ်ကိုယ်တည်းဖြစ်နေတာဗျို့ "
အသက်အရွယ်တစ်ခုရောက်လာလျှင် လက်တွဲဖော်ရှိလာရမည်က သဘာဝဆိုသော်ငြား သူ့အတွက် လက်တွဲဖော်ဟာ မလိုအပ်။ မလိုအပ်တော့တာဟု ပြောရလျှင် ပိုမှန်မည်။ ဆွဲမထားနိုင်ခဲ့သော လက်တွေဟာ ဘယ်လက်ကိုများ တွဲထားနိုင်ပါဦးမည်လဲ။ အထီးကျန်ဆန်သော နှလုံးသားထဲတွင် ကွယ်ဝှက်ထားသော မျှော်လင့်ချက်တို့ဟာ ရှင်သန်နေဆဲ။ တစ်နေ့... တစ်နေ့တော့ သူ ဖမ်းဆုပ်မိမှာပါ။
ပျင်းရိလွန်းလှသဖြင့် ကားသော့ကို ယူကာ ထိုင်နေကျ ဘားဆီ ထွက်လာခဲ့သည်။ တီးဝိုင်းငယ်တစ်ခုသာ ရှိပြီး ခေါင်မိုးထပ်တွင် ဖွင့်လှစ်ထားသော ဘားငယ်လေးဟာ အမြဲလူပြည့်နေတတ်သည်။ လမ်းမကို စီးမိုးကြည့်နိုင်သည့် နေရာတွင် သွားထိုင်လိုက် ပြီးနောက် ဘားမှ သီးသန့်ဖျော်စပ်ပေးထားသည့် သောက်စရာတစ်ခွက်ကို မှာလိုက်ပြီး ပတ်ဝန်းကျင်ကိုသာ လိုက်ကြည့်နေမိတော့သည်။ ဆူညံနေသည့် ပတ်ဝန်းကျင်ကို ရောက်မှသာ သူဟာ အထီးကျန်မနေတော့သလို ခံစားမိလာရသည်။ စားပွဲထိုးလေး ချပေးလာသည့် ခွက်ကို အရသာခံသောက်နေတုန်း ဝင်ပေါက်မှ လူတစ်ယောက်ကို သတိထားမိသွားသည်။ ထိုလူဟာ အခြားသူမဟုတ် အရုဏ်ဦးပင်။
မီးရောင်တွေအောက်မှာ ထိုင်ရမည့်နေရာကို မျက်လုံးဝေ့ကာ လိုက်ရှာနေသည့် အရုဏ်ဦးကို ခဏလောက် ကြည့်နေပြီးမှ လက်မြှောက်ပြကာ လှမ်းခေါ်လိုက်သည်။ အရုဏ်ဦးကလည်း သူ့ကို မြင်သည်။ သူရှိရာ စားပွဲဆီရောက်လာကာ ဝင်ထိုင်လိုက်ရင်း ဘီယာတစ်ခွက်မှာသည်။ ကိုယ့်အာရုံနဲ့ကိုယ် လိုက်ငေးနေသည်မို့ နှစ်ယောက်စလုံးစကားမဆိုမိကြ။ ဘားရှိ ပတ်ဝန်းကျင်ကတော့ ပူလောင်တက်ကြွလို့နေဆဲ။
သူ့အရှေ့ရှိ အရုဏ်ဦးကို သတိထားကြည့်မိတော့ ဘီယာတစ်ခွက်ကုန်လို့ နောက်တစ်ခွက်ပင်မှာလို့နေချေပြီ။ အေးစက်စက်မျက်နှာဟာလည်း ယမကာအရှိန်ကြောင့် ခပ်ရဲရဲဖြစ်နေသည်။ ကြည့်ရသည်မှာ ညနေက လူနာကို လက်လျှော့လိုက်ပြီထင်သည်။ ဒါဟာ သူ သိသည့် အရုဏ်ဦးပင်။ လူနာတစ်ယောက် သူ့လက်ထဲ ဆုံးပါးသွားသည်နှင့် မူးအောင်သောက်တတ်သည်က. အရုဏ်ဦးရဲ့ အကျင့်တစ်ခု။ ဘီယာ သုံးခွက်မြောက် အရောက်မှာတော့ အရုဏ်ဦးရဲ့ လက်တွေကို လှမ်းဆွဲလိုက်ရသည်။
" မနက်ဖြန် ဂျူတီရှိတယ်မလား မသောက်နဲ့တော့လေ "
ရီဝေဝေမျက်လုံးများဟာ သူ့ကို မော့ကြည့်လာသည်။ မျက်ရည်စတချို့ ရစ်ဝိုင်းနေသော ထိုမျက်ဝန်းတွေဟာ သူနှင့်အရင်းနှီးဆုံးပင်။
" မိုးသောက် ငါ မူးသွားရင် မင်းအိမ်ခေါ်သွားပေး "
ထိုစကားတစ်ခွန်းတည်းသာ ပြောပြီးနောက် ဘီယာခွက်တွေ ဆက်တိုက်မှာကာ သောက်တော့သည်။ အရုဏ်ဦး နှုတ်ဖျားမှ သူ့နာမည်ထွက်လာသည်က ၅နှစ်ကျော် ၆နှစ်နီးပါးကြာမှ ပထမဆုံးအကြိမ်ပင်။ သူ့အိမ်တောင် လိုက်အိပ်ဦးမည်တဲ့လေ။ အရုဏ်ဦးရဲ့ သဘောထားကို သူမခန့်မှန်းနိုင်ခဲ့ပါ။ မဟုတ်သေး ဘယ်သောအခါကမှ အရုဏ်ဦးရဲ့ စိတ်ကို နားမလည်နိုင်ခဲ့ပါချေ။
ဆက်ရန်
Zawgyi
ဝွီ..ဝီ...ဝွီ..ဝီ
ေဆး႐ုံနားမေရာက္ခင္ကပင္ ၾကားေနရေသာ အေရးေပၚကားသံေၾကာင့္ ေသာက္လက္စ ေရႏြေးၾကမ္းခြက္ကို ခ်ကာ လွမ္းၾကည့္လိုက္မိသည္။ မလွမ္းမကမ္းက စားပြဲဝိုင္းမွာ တစ္ေယာက္တည္းထိုင္ေနေသာ အ႐ုဏ္ဦးကို အမွတ္တမဲ့ လွမ္းၾကည့္မိေတာ့ ေအးေအးေဆးေဆး ပင္ ထမင္းစားလို႔ေနခဲ့သည္။ေရႏြေးၾကမ္းကိုသာ အရသာခံေသာက္ရင္း ညေနခင္းအခ်ိန္ ေတာင္ႀကီးၿမိဳ႕ေပၚျပန္တက္ကာ ျပင္ပေဆး႐ုံကို သြားရဦးမည့္အေၾကာင္း ေတြးမိျပန္သည္။ ဖုန္းသံခပ္တိုးတိုးကိုၾကားရေတာ့မွ ပတ္ဝန္းက်င္ကို ျပန္ၾကည့္မိသည္။ အ႐ုဏ္ဦးဟာ ဖုန္းကိုခ်လိဳက္ၿပီး ဆိုင္ထဲကေန ခပ္ျမန္ျမန္ထြက္သြားေတာ့ ေစာေစာက အေရးေပၚကားဟာ medical ward ႏွင့္ဆိုင္သည့္ လူနာတစ္ေယာက္ျဖစ္မွန္း ေသခ်ာသြားသည္။
ေဆး႐ုံထဲ ျပန္ဝင္လိုက္သည္ႏွင့္ အေရးေပၚဌာနတြင္ ရႈပ္ယွက္ခပ္ေနၾကသည္ကို ေတြ႕ရသည္။
" CPR လုပ္မယ္ Defit စက္ပါ ျပင္ထား " ( အေရးေပၚ အသက္ကယ္ Defit က ရင္ဘတ္၊ ႏွလုံးကို လွ်ပ္စစ္ေရွာ့ခ္ရိုက္တဲ့ဟာပါ )
အ႐ုဏ္ဦးရဲ႕ ၫႊန္ၾကားသံဟာ ျပတ္သားလွသည္။ လက္ေထာက္ဆရာဝန္ေတြဟာ ၫႊန္ၾကားခ်က္ကို တစ္ေသြမတိမ္းလိုက္နာရင္း လႈပ္ရွားမႈေတြကအစ ျမန္ဆန္လို႔ေနၾကသည္။ ဒါဟာ အေရးေပၚဌာနပင္။ ႏွေးႏွေးေကြးေကြးအလုပ္လုပ္၍မရ၊ သတိမကပ္ဘဲ ေနလို႔မရသည့္ ဌာနသာ ျဖစ္သည္။
" IV adrenaline ထိုးမယ္ "
" IV adrenaline ထိုးၿပီးပါၿပီ "
" CPR ျပန္စ "
ဆရာဝန္ေလး၏ နဖူးထက္တြင္ ေခြၽးစက္မ်ားပင္ သီးလို႔ေနခဲ့သည္။ လူနာ၏ရင္ဘတ္ေပၚတြင္ ယွက္တင္ထားေသာ လက္တို႔ကေတာ့ စည္းခ်က္က်က် ဖိေနဆဲ။ အနားရွိ သူနာျပဳဆရာမမ်ားကလည္း ၫႊန္ၾကားခ်က္အတိုင္း ေဆးဝါးမ်ားကို အခ်ိန္မီ ထိုးသြင္းေပးေနခဲ့သည္။
သူကေတာ့ အနီးကပ္ၫႊန္ၾကားေနသည့္ အ႐ုဏ္ဦးကို တစ္ခ်က္လွမ္းၾကည့္ၿပီးမွ ခြဲစိတ္ေဆာင္ဘက္ကိုသာ ဆက္ေလွ်ာက္ခဲ့ေတာ့သည္။ လူနာေတြအနား ပတ္သြားကာ အလုပ္မ်ားေနသည့္ ဆရာမေလးေတြကို ျပန္ေတာ့မည့္အေၾကာင္း ေျပာကာ ျပန္ထြက္ခဲ့သည္။
" ဆရာမေရ တစ္ခုခုဆိုရင္ ကြၽန္ေတာ့္ဆီ တိုက္ရိုက္ inform လုပ္လို႔ရတယ္ေနာ္ ၿဖိဳးသူက Emergency မွာ ကူေပးေနေတာ့ေလ " ( Emergency အေရးေပၚဌာန )
" ဟုတ္ကဲ့ဆရာ "
ညေနဘက္ ေနက်သြားသည္ႏွင့္ အေအးဓာတ္က ေရာက္ရွိလာတတ္သည္။ ယေန႕လို မိုး႐ြာသြန္းခဲ့ေသာ ေန႕ဆိုလွ်င္ေတာ့ တစ္ေန႕တာလုံး ေအးစိမ့္လို႔ေနေတာ့သည္။ ေအးသာယာကို ေက်ာ္ကာ ေတာင္ႀကီးၿမိဳ႕ေပၚ တက္ေတာ့ ေတာင္ထိပ္မွာ ျမဴေတြပင္ ဆိုင္းေနခဲ့သည္။ ျပင္ပေဆး႐ုံကို ေရာက္ေတာ့ အသင့္ေစာင့္ဆိုင္းေနသည့္ ဆရာမမ်ားႏွင့္အတူ လူနာေတြကို သြားၾကည့္ကာ ေဆး႐ုံဆင္းသင့္သည့္သူ ဆင္းခိုင္းသလို လိုအပ္သည္မ်ားကို ၫႊန္ၾကားေပးခဲ့သည္။ အခ်ိန္ဟာ သိပ္မၾကာလိုက္ေပ။ တာဝန္က် ဝန္ထမ္းေတြကို ႏႈတ္ဆက္ၿပီး အိမ္ကိုသာ ျပန္လာခဲ့ေတာ့သည္။
ေရခ်ိဳးၿပီးေနာက္ ေခတၱနားေနသည့္အခ်ိန္မွာေတာ့ ဖုန္းကိုကိုင္ကာ ပ်င္းရိလာျပန္သည္။ အလုပ္ေတြသာ ရွိမေနခဲ့လွ်င္ သူ႕ဘဝဟာ ၿငီးေငြ႕ဖြယ္ရာ အတိပင္။ အလုပ္မွာသာ အျခားဝန္ထမ္းမ်ားႏွင့္ ေထြရာေလးပါး စကားေျပာဆိုစရာရွိေပမယ့္ အိမ္ျပန္ေရာက္လွ်င္ေတာ့ သူတစ္ေယာက္တည္းသာရွိသည္။ တိတ္ဆိတ္ေနေသာ အိမ္ေလးဟာ အထီးက်န္ဆန္ေသာ အေငြ႕အသက္ေတြ ဖုံးလႊမ္းထားခဲ့သည္။ အသက္သုံးဆယ္ေက်ာ္လာခဲ့ေပမယ့္ တစ္ကိုယ္တည္းသမား ျဖစ္ေနဆဲမို႔ လုပ္ေဖာ္ကိုင္ဖက္မ်ားက စေနာက္ၾကသည္မွာလည္း အၿမဲလိုလိုပင္။
" ကဲ သည္တစ္ႏွစ္လည္း တို႔ဆရာ မိုးေသာက္က လူပ်ိဳႀကီးပါပဲ "
" ႐ုပ္ရည္လည္းရွိ ပညာလည္းတတ္ ဥစၥာလည္း ေပါပါလ်က္နဲ႕ တစ္ကိုယ္တည္းသမားျဖစ္ေနတာ အံ့ၾသစရာပါပဲ "
" အဲ့သလို ျပည့္စုံေနလို႔လည္း တစ္ကိုယ္တည္းျဖစ္ေနတာဗ်ိဳ႕ "
အသက္အ႐ြယ္တစ္ခုေရာက္လာလွ်င္ လက္တြဲေဖာ္ရွိလာရမည္က သဘာဝဆိုေသာ္ျငား သူ႕အတြက္ လက္တြဲေဖာ္ဟာ မလိုအပ္။ မလိုအပ္ေတာ့တာဟု ေျပာရလွ်င္ ပိုမွန္မည္။ ဆြဲမထားနိုင္ခဲ့ေသာ လက္ေတြဟာ ဘယ္လက္ကိုမ်ား တြဲထားနိုင္ပါဦးမည္လဲ။ အထီးက်န္ဆန္ေသာ ႏွလုံးသားထဲတြင္ ကြယ္ဝွက္ထားေသာ ေမွ်ာ္လင့္ခ်က္တို႔ဟာ ရွင္သန္ေနဆဲ။ တစ္ေန႕... တစ္ေန႕ေတာ့ သူ ဖမ္းဆုပ္မိမွာပါ။
ပ်င္းရိလြန္းလွသျဖင့္ ကားေသာ့ကို ယူကာ ထိုင္ေနက် ဘားဆီ ထြက္လာခဲ့သည္။ တီးဝိုင္းငယ္တစ္ခုသာ ရွိၿပီး ေခါင္မိုးထပ္တြင္ ဖြင့္လွစ္ထားေသာ ဘားငယ္ေလးဟာ အၿမဲလူျပည့္ေနတတ္သည္။ လမ္းမကို စီးမိုးၾကည့္နိုင္သည့္ ေနရာတြင္ သြားထိုင္လိုက္ ၿပီးေနာက္ ဘားမွ သီးသန့္ေဖ်ာ္စပ္ေပးထားသည့္ ေသာက္စရာတစ္ခြက္ကို မွာလိုက္ၿပီး ပတ္ဝန္းက်င္ကိုသာ လိုက္ၾကည့္ေနမိေတာ့သည္။ ဆူညံေနသည့္ ပတ္ဝန္းက်င္ကို ေရာက္မွသာ သူဟာ အထီးက်န္မေနေတာ့သလို ခံစားမိလာရသည္။ စားပြဲထိုးေလး ခ်ေပးလာသည့္ ခြက္ကို အရသာခံေသာက္ေနတုန္း ဝင္ေပါက္မွ လူတစ္ေယာက္ကို သတိထားမိသြားသည္။ ထိုလူဟာ အျခားသူမဟုတ္ အ႐ုဏ္ဦးပင္။
မီးေရာင္ေတြေအာက္မွာ ထိုင္ရမည့္ေနရာကို မ်က္လုံးေဝ့ကာ လိုက္ရွာေနသည့္ အ႐ုဏ္ဦးကို ခဏေလာက္ ၾကည့္ေနၿပီးမွ လက္ျမႇောက္ျပကာ လွမ္းေခၚလိုက္သည္။ အ႐ုဏ္ဦးကလည္း သူ႕ကို ျမင္သည္။ သူရွိရာ စားပြဲဆီေရာက္လာကာ ဝင္ထိုင္လိုက္ရင္း ဘီယာတစ္ခြက္မွာသည္။ ကိုယ့္အာ႐ုံနဲ႕ကိုယ္ လိုက္ေငးေနသည္မို႔ ႏွစ္ေယာက္စလုံးစကားမဆိုမိၾက။ ဘားရွိ ပတ္ဝန္းက်င္ကေတာ့ ပူေလာင္တက္ႂကြလို႔ေနဆဲ။
သူ႕အေရွ႕ရွိ အ႐ုဏ္ဦးကို သတိထားၾကည့္မိေတာ့ ဘီယာတစ္ခြက္ကုန္လို႔ ေနာက္တစ္ခြက္ပင္မွာလို႔ေနေခ်ၿပီ။ ေအးစက္စက္မ်က္ႏွာဟာလည္း ယမကာအရွိန္ေၾကာင့္ ခပ္ရဲရဲျဖစ္ေနသည္။ ၾကည့္ရသည္မွာ ညေနက လူနာကို လက္ေလွ်ာ့လိုက္ၿပီထင္သည္။ ဒါဟာ သူ သိသည့္ အ႐ုဏ္ဦးပင္။ လူနာတစ္ေယာက္ သူ႕လက္ထဲ ဆုံးပါးသြားသည္ႏွင့္ မူးေအာင္ေသာက္တတ္သည္က. အ႐ုဏ္ဦးရဲ႕ အက်င့္တစ္ခု။ ဘီယာ သုံးခြက္ေျမာက္ အေရာက္မွာေတာ့ အ႐ုဏ္ဦးရဲ႕ လက္ေတြကို လွမ္းဆြဲလိုက္ရသည္။
" မနက္ျဖန္ ဂ်ဴတီရွိတယ္မလား မေသာက္နဲ႕ေတာ့ေလ "
ရီေဝေဝမ်က္လုံးမ်ားဟာ သူ႕ကို ေမာ့ၾကည့္လာသည္။ မ်က္ရည္စတခ်ိဳ႕ ရစ္ဝိုင္းေနေသာ ထိုမ်က္ဝန္းေတြဟာ သူႏွင့္အရင္းႏွီးဆုံးပင္။
" မိုးေသာက္ ငါ မူးသြားရင္ မင္းအိမ္ေခၚသြားေပး "
ထိုစကားတစ္ခြန္းတည္းသာ ေျပာၿပီးေနာက္ ဘီယာခြက္ေတြ ဆက္တိုက္မွာကာ ေသာက္ေတာ့သည္။ အ႐ုဏ္ဦး ႏႈတ္ဖ်ားမွ သူ႕နာမည္ထြက္လာသည္က ၅ႏွစ္ေက်ာ္ ၆ႏွစ္နီးပါးၾကာမွ ပထမဆုံးအႀကိမ္ပင္။ သူ႕အိမ္ေတာင္ လိုက္အိပ္ဦးမည္တဲ့ေလ။ အ႐ုဏ္ဦးရဲ႕ သေဘာထားကို သူမခန့္မွန္းနိုင္ခဲ့ပါ။ မဟုတ္ေသး ဘယ္ေသာအခါကမွ အ႐ုဏ္ဦးရဲ႕ စိတ္ကို နားမလည္နိုင္ခဲ့ပါေခ်။
ဆက္ရန္