Bแด€แด… Gแดœส || ๐—ž๐—ง๐—› [Complete]

By Mirella_Min

31.3K 2.9K 268

[ Kim Taehyung X OC ] He's a bad guy with a gun! { Unicode+Zawgyi } โ˜† 3สณแตˆ ๐Ÿ๐ข๐œ๐ญ๐ข๐จ๐งโ˜† 2021 ๐’๐ž๐ฉ 24 โžช 20... More

INTRO
BGG_1
BGG_2
BGG_3
BGG_4
BGG_5
BGG_6
BGG_7
BGG_8
BGG_9
BGG_10
BGG_11
BGG_12
BGG_13
BGG_14
BGG_15
BGG_16
BGG_17
BGG_18
BGG_19
BGG-20
BGG_21
BGG_22
BGG_23
BGG_24
BGG_25
BGG_26
BGG_28[The End]

BGG_27

430 48 4
By Mirella_Min

[ Unicode ]

" ယောင်း ကိုယ်ပြောတာသေချာနားထောင်နော် ကိုယ်အခုအလုပ်ရှိလို့အပြင်သွားရအုံးမယ် ၊ အိမ်မှာအစောင့်နှစ်ယောက်လောက်ပဲရှိမှာ အဲ့ဒါကြောင့်ဂရုစိုက်နော် .. "

ထယ်ဟျောင်းဒီကိစ္စကိုမှာနေတာမနေ့ညတည်းကပင် .. ဘာကိစ္စလဲမသိပေမယ့်သူအရမ်းစိုးရိမ်နေတာတွေ့နေရတယ် ၊ မေးရင်လည်းမဖြေပြန်ဘူး...။

သေနတ်တွေရှိနေတာနဲ့တင်သူမရိပ်မိနေပါပြီ...၊ ထယ်ဟျောင်းကရာဇဝတ်မှုတွေလုပ်နေတယ်ဆိုတာ...

" ကိုယ်မနေ့ကကတိတောင်းထားတာကိုမမေ့နဲ့နော် သေရင်တောင်ကိုယ်အရင်သေမှာမို့.. "

" ရှူးးး သေမယ့်အကြောင်းမပြောပါနဲ့လား.. ၊ ယောင်းလည်းထယ့်ကိုစိတ်ပူတယ် "

" ယောင်းရဲ့ယောကျ်ားကသန်မာပါတယ် မသိတာကျလို့ ဟဲဟဲ.. "

စကားကောင်းပြောနေရင်းထဖောက်တဲ့ထယ်ဟျောင်းကိုသူမမျက်စောင်းပစ်လိုက်သည်။

" ဒါပေမယ့် ယောင်းကကိုယ့်အားနည်းချက်ပဲ .. အဲ့ဒါကိုသိတဲ့လူတွေကယောင်းကိုပစ်မှတ်ထားကြမှာ ၊ ဖြစ်နိုင်ရင်ယောင်းကိုခေါက်ပြီးအိပ်ကပ်ထဲထည့်သွားချင်တယ်ကွာ.. "

ယောင်းခါးလေးကိုဆွဲပြီးပေါင်ပေါ်ထိုင်ခိုင်းလိုက်သည်။

" ကဲပါထယ်ရယ် ယောင်းလည်းမငယ်တော့တဲ့ဟာကို .. "

" မသိဘူးကွာ ယောင်းကိုစိတ်မချတာပဲသိတယ် ယောင်းမေမေတို့ဆီခဏလောက်သွားနေပါလား "

" မနေချင်ပါဘူး ထယ့်ကိုစိတ်မချဘူး "

သူမကလည်းဂျစ်ကန်ကန်နဲ့ပြောမရတာကြောင့်သူသက်ပြင်းသာချမိတော့သည်။
ဟိုမှာကဂျီမင်တို့နဲ့ပဲလွှတ်ထားလို့မဖြစ်ဘူးလေ .. ဟိုဆော့တစ်ယောက်လုံးပျောက်နေတာကိုသူလည်းထိုင်မနေနိုင်ဘူး ။

အကြိမ်ကြိမ်ချနေမိတဲ့သက်ပြင်းကိုနောက်ဆုံးအကြိမ်ရှူထုတ်လိုက်ကာ...

" အဲ့ဒါဆိုလည်း ကိုယ်နဲ့ဖုန်းအဆက်သွယ်မပြတ်စေနဲ့ ကိုယ်ဖုန်းခေါ်တိုင်းကိုင်ရမယ် ကိုယ့်ကိုစိတ်ပူအောင်မလုပ်နဲ့ ကြားလား.. "

" ဟုတ်ကဲ့ပါ ထယ်ရဲ့ "

ပေါင်ပေါ်ကသူမကိုရင်ခွင်ထဲထည့်ကာစိုးရိမ်မှုတွေကိုနည်းနည်းလျှော့ထားလိုက်ကာ သူမနှဖူးပြင်ကိုခပ်ဖွဖွအနမ်းပေးလိုက်ကာထိုအိမ်တော်မှထွက်လာခဲ့သည်။ ဒီကိုယ်လုံးလုံးလေးကိုသူမလွှတ်ချင်ပေမယ့် ခန့်မှန်းထားတဲ့အချိန်ထက်နောက်ကျနေတာကြောင့်အိမ်တော်မှမထွက်ချင်ပဲထွက်လာခဲ့ရသည်။

တစ်ဖက်မှာလည်းဂျေဟုတ်ကအန္တရာယ်ရှိနေတာမို့သူကားကိုဒုန်းဆိုင်းမောင်းလာခဲ့ရာ နာရီဝက်လောက်နဲ့ဂျီမင်တို့ဆီရောက်ခဲ့သည်။ ထိုနေရာတွင်ဂျောင်းကုလည်းရှိနေတာမို့သူတို့နှစ်ယောက်မျက်လုံးချင်းတိုက်ခိုက်နေရာကထသတ်တော့မည့်ပုံမြင်တာကြောင့် ယွန်းဂီက စကားလမ်းလွှဲရန်လုပ်လိုက်သည်။

မဟုတ်ရင်ဟိုနေ့ညကအဆက်ကိုသူပြန်နွှဲဖို့ဆန္ဒရှိနေတာ .. အဲ့ညက သူ့ကြောင့်သာယာမှုတွေအောက်မှာယစ်မူးရင်းရမက်ထန်နေရတဲ့ယောင်းပုံစံလေးကိုသေချာပေါက်ဂျောင်းကုကိုပြောပြပြီးမာန်တတ်ချင်သေးတာ ..

" ငါတို့ခြေရာခံမိသလောက်ကတော့ဂျေဟုတ်ကစာချုပ်ခိုးခဲ့တာကသူ့ကောင်မလေးကိုဖမ်းချုပ်ထားလို့လုပ်ခဲ့တဲ့ပုံပဲ.. ဒါပေမယ့်ချွဲဒယ်ဟွန်းတို့ကသူခိုင်းတာလုပ်ပြီးတာတောင်သူ့ကောင်မလေးကိုအပြတ်ရှင်းလိုက်ပုံပေါက်တယ်.. ၊ နောက်တော့သူ့ကိုသူလည်းမလုံလို့နေမယ်ငါတို့ဆီကထွက်သွားဖို့လုပ်တာ "

" ဒါဆိုသူကတမင်ထွက်သွားတာပေါ့ "

" တမင်ထွက်သွားတာတော့မှန်တယ် ဒါပေမယ့်လမ်းမှာသူ့ကိုကားတစ်စီးကအတင်းဆွဲခေါ်သွားတာကိုငါတို့cctvကနေမြင်ခဲ့ရတယ်.. "

" ဒါဆိုကားနံပါတ်ကရော.. "

" ကားနံပါတ်မတပ်ထားလို့ငါတို့ခေါင်းကိုက်နေတာပေါ့ "

" ငါကတော့ဟိုဆော့တစ်ခုခုဖြစ်ရင်အဲ့ကောင်တွေကိုအရှင်မထားဘူး "

ထိုအခါဆော့ဂျင်က...

" ချွဲဒယ်ဟွန်းကချွဲဆူဘင်းအကိုတဲ့လား.. ဟက်!ညီအတွက်လက်စားချေချင်နေတဲ့ပုံပဲ.. မင်းဘာလို့ချွဲဆူဘင်းဆိုတဲ့ကောင်ကိုသတ်လိုက်တာလဲ "

" သေချာပေါက်ယောင်းကြောင့်ပေါ့ "

ဆော့ဂျင်မေးတာကိုဂျီမင်ကထယ့်အစားတစ်ဆင့်ဖြေပေးလိုက်သည်။

" မင်နာရာကဘယ်လိုလုပ်ချွဲဒယ်ဟွန်းဘက်ကနေပြီးတော့ငါတို့ကိုစာချုပ်လာပြန်ပေးရတာလဲ "

" အဲ့တာတော့သူကိုယ်တိုင်ပဲသိလိမ့်မယ် မင်းရဲ့အသိမှတ်ပြုခံချင်လို့လဲနေမှာပေါ့ "

" ဟက်! အဲ့တာနဲ့ပဲတစ်ညပေးအိပ်လိုက်တယ်ဆိုပါတော့.. "

ဂျောင်းကုကခနဲ့သလိုပြောလာတာကြောင့်သူ့စိတ်ကထောင်းခနဲ..

" ဟျောင့် မင်းအပေါက်ကိုပိတ်ထား အကြောင်းသေချာမသိဘဲလာမစွပ်စွဲနဲ့ "

" အမှန်တရားကအမှန်တရားပဲလေ "

" အဲ့နေ့ကငါမူးပြီးယောင်းနဲ့မှားလုပ်လိုက်တယ်ကွာ ရပြီလား "

ခပ်ရိုင်းရိုင်းပြောလိုက်တဲ့ထယ်ယောင်းကြောင့် ဂျောင်းကုတော်တော်မျက်နှာပျက်သွားရသည်။

" ကျစ်! မင်းတို့ကကွာ ကလေးလည်းမဟုတ်တော့ဘူး အရေးထဲရန်လာဖြစ်နေတယ် "

တခြားသူတွေဝင်ပြောမှသူတို့တယောက်မျက်နှာတယောက်လွှဲကြသည်။

ထိုအချိန်သူတို့ဆီအမြန်ပြေးဝင်လာပြီး

" ဆရာဂျောင်ဟိုဆော့ရဲ့နေရာကိုသိရပါပြီခင်ဗျ "

မထင်မှတ်ထားသောစကားကြောင့်သူတို့ချက်ချင်းထရပ်ကာ ကားသော့ကိုယ်စီဆွဲခဲ့ကြသည်။

သူတို့မြေပုံအရလိုက်နေတာကဆိုးလ်မြို့ပြင်ကဂိုထောင်တစ်ခု... ၊

ပုန်းလျှိုးဝှက်လျှိုးလုပ်မနေတော့ဘဲသေနတ်ထုတ်ကာစတင်တိုက်ခိုက်ခဲ့ကြသည်။ သူတို့ဆိုသည်မှာဘယ်ကျည်ဆန်ကိုမှကြောက်ရွံခြင်းမရှိပေ...။

အပြင်ကပိုးမွှားလေးတွေကိုယွန်းဂီကတာဝန်ယူပေးထားတာကြောင့်ကျန်တဲ့လူတွေကဂိုထောင်အတွင်းသို့ဝင်လာခဲ့သည်။ ထိုတွင် သူတို့ထင်ထားတာထက်ပိုထူးဆန်းနေသည်ကမင်နာရာပါအဖမ်းခံထားရခြင်းပင်...။

" အော် ဒါမင်းတို့အသစ်ထွင်တဲ့ဇာတ်လမ်းပေါ့... "

မင်နာရာကတော့ ခေါင်းခါပြီးသာငြင်းဆိုနေသည်။

" အစကတော့ဇာတ်လမ်းပေါ့ အခုကတော့အတည်ဖြစ်သွားတာ... ဘယ်လိုလဲကိုယ့်မယားအဖမ်းခံထားရတော့... "

" သူဘာဖြစ်ဖြစ်ငါနဲ့မဆိုင်ဘူး ငါ့သူငယ်ချင်းဘယ်မှာလဲ "

ရင်းနှီးခဲ့သောအချိန်တွေကိုမထောက်ဘဲ ပြတ်သားလှတဲ့သူ့စကားကြောင့်သူမတိတ်တဆိတ်မျက်ရည်ကျမိသည်။

" ဟားးးးး ငါကမယားငယ်ကိုပြောတာမဟုတ်ဘူးသားရီး မင်းမယားချောချောလှလှလေးကိုပြောတာ "

" ဘာ! ခွေးကောင်! မင်းဘာစကားပြောတာလဲ "

ချွဲဒယ်ဟွန်းရဲ့လူယုံကပိတ်ကားပေါ်မှာဗီဒီယိုတစ်ခုဖွင့်ပြလာသည်။

အလောင်းတွေရှိသောရေခဲတိုက်တစ်ခုဟွာယောင်းနဲ့ဂျေဟုတ်တို့အတူရှိနေခြင်းပင်... ၊ အေးခဲလွန်းသောကြောင့်ကျုံ့ကျုံ့လေးဖြစ်နေတဲ့ချစ်ရသူနဲ့သူငယ်ချင်းတို့ကြောင့် သူ့ဒေါသတွေဟာအဆုံးမရှိတော့ပေ...။

စိတ်ထက်ပိုမြန်သောလက်ကချွဲဒယ်ဟွန်းရဲ့မျက်နှာတည့်တည့်ကိုကျည်ဆန်ပို့လိုက်ပေမယ့်အရှောင်ကောင်းတာကြောင့်လွဲချော်ခဲ့ရသည်။ ထိုချိန်ရုတ်ရုတ်သဲသဲနှင့်အပြန်အလှန်စတင်ပစ်ခက်ကြရာ.. ဂျောင်းကုကတော့ သူ့လုပ်ရပ်ကြောင့်ယောင်းရှိတဲ့နေရာကိုမသိရတော့ရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့စိတ်နဲ့ ထယ်ဟျောင်းကိုပဲကျိန်ဆဲနေမိသည်။

" ထယ်! အာ့ "

အရှေ့ကလူတွေကိုတိုက်ခိုက်နေရင်းကသူ့နမည်ကြားတာကြောင့်လှည့်ကြည့်လိုက်တော့မင်နာရာကသူ့အပေါ်ပုံကျလာသည်။ ထယ်ဟျောင်းလည်းသူမကိုပြန်ပွေ့ထားလိုက်သည်။ ကျန်တဲ့လူ​တွေကသူတို့နှစ်ယောက်ကိုကာပြီးပစ်ပေးနေသည်။

နောက်တော့မင်ယွန်းဂီနဲ့အပြင်ကသူ့တပည့်တွေပါလူအင်အားထပ်ရောက်လာလို့သူတို့အနိုင်ရခဲ့သည်။ ချွဲဒယ်ဟွန်းကိုဂျောင်းကုကိုယ်တိုင်အဆုံးသတ်နိုင်ခဲ့သည်။

" မင်းအဆင်ပြေရဲ့လား "

မင်နာရာရဲ့ဗိုက်ကိုဖိပေးထားကာမေးလိုက်သည်။

" အင်ချွန်းကရင်ခွဲရုံ...အာ့ "

" ဘာ ဘာပြောလိုက်တယ် .. "

" အင်ချွန်းက .. ရင်ခွဲရုံဟောင်းမှာ ထားထားတယ် "

" ယောင်းတို့လား ... "

သူမခေါင်းငြိမ့်ပြကာသတိမေ့သွားခဲ့သည်။

" ဆော့ဂျင် သူ့ကိုဆေးရုံရောက်အောင်ပို့ပေး ငါတို့လိုက်သွားလိုက်အုံးမယ် "

" အင်း ဂရုစိုက်ကြအုံး "

ကားအနက်၂စီးကရင်ခွဲရုံဟောင်းသို့တစိုက်မက်မက်လာခဲ့ကြသည်။
စိတ်အလျင်လိုနေတဲ့ထယ်ဟျောင်းကသူမောင်းနေတဲ့အမြန်နှုန်းကိုတောင်နှေးသည်အထင်နဲ့အရှိန်ထပ်တင်လိုက်သည်။

" ဟျောင့် ငါတို့အကုန်သေကုန်အုံးမယ် စိတ်အေးအေးထား "

ဂျီမင်လည်းအရမ်းမြန်နေတဲ့အရှိန်ကြောင့်ကျိန်ဆဲလိုက်သည်။

ရင်ခွဲရုံရောက်တော့အသေခတ်ထားတဲ့သော့ကိုသေနတ်တစ်ချက်ဖောက်ဖွင့်လိုက်တာကြောင့်ပတ်ဝန်းကျင်ကနည်းနည်းဆူညံသွားသည်။

တံခါးဖွင့်လိုက်တော့နှစ်ယောက်သားတနေရာဆီလဲနေတာတွေ့လိုက်ရသည်။အကုန်လုံးလည်းဟိုဆော့နဲ့ဟွာယောင်းကိုကားပေါ်အမြန်တင်ကာအင်ချွန်းဆေးရုံသို့အမြန်မောင်းနှင်ခဲ့သည်။

သူနဲ့ပတ်သတ်တည်းကဆေးရုံနဲ့အိမ်ဦးကြမ်းပြင်ဖြစ်နေသောယောင်းကြောင့်သူအရမ်းနောင်တရနေခဲ့သည်။တကယ်ကဟွာယောင်းကအခုလိုဒုက္ခတွေမခံစားသင့်ဘူး။
အရာရာတိုင်းကသူ့စိတ်တွေကြောင့်ဖြစ်ရတာ...။

" ယောင်းရယ် ဘာမှမဖြစ်ပါစေနဲ့ ကိုယ့်ကိုကတိပေးထားတယ်မလား အခုနောက်ဆုံးတောင်းပန်တာပါ ပြီးရင်ကိုယ်ဒီထက်ပိုပြီးဂရုစိုက်ပေးပါ့မယ်... "

" အားလုံးပဲ ဝမ်းနည်းပါတယ် လူနာဂျောင်ဟိုဆော့ကအအေးခန်းထဲအထည့်ခံထားရတာကြာနေပါပြီ သူ့နှလုံးကိုပြန်ခုန်အောင်မလုပ်ဆောင်နိုင်ခဲ့ပါဘူး လူနာဆုံးသွားပါပြီ ၊ မိန်းကလေးကတော့ကံကောင်းစွာပဲအသက်ရှင်နေပါတယ် "

အားလုံးပြိုလဲကာသွေးပျက်သွားခဲ့ရသည်။
သူတို့ဘဝတစ်လျှောက်လုံးအချစ်ရဆုံးသူငယ်ချင်းတစ်ယောက်ဆုံးရှုံးသွားရတဲ့ခံစားချက်...၊ ချွဲဒယ်ဟွန်းလိုလူနဲ့လဲလိုက်ရတယ်ဆိုတာကပိုခံပြင်းသည် ..။

" ထယ်ဟျောင်း!ဒါတွေအကုန်မင်းကြောင့် မင်းကြောင့်ဂျေဟုတ်ကိုငါတို့ဆုံးရှုံးလိုက်ရတာ ၊ မင်းစောက်ပြသနာတွေကြောင့် ! "

တစ်သက်လုံးသူငယ်ချင်းကိုလက်ဖျားနဲ့တောင်မရွယ်ဖူးတဲ့ဂျီမင်း .. အခုတော့ဘယ်သူတားတားသူ့ဒေါသကဘာကိုမှမမြင်တော့ဘဲထယ်ဟျောင်းကိုအဆက်မပြတ်ထိုးနေသည် ၊ ထယ်ဟျောင်းလည်းပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့ပေ။

" ဂျီမင် တော်တော့ ဆေးရုံကြီးမှာမဖြစ်သင့်ဘူး ငါတို့ဟွာယောင်းကိုသွားကြည့်ရအောင် "
ခဏကြာမှဂျောင်းကုကအတင်းဝင်ဆွဲကာထယ်ဟျောင်းကိုထူပေးလိုက်သည်။ဂျီမင်ကတော့ထိုဆေးရုံကနေထွက်လာခဲ့သည်။
ထယ်ဟျောင်းကသူ့ကိုတွဲထားတဲ့ဂျောင်းကုကိုတွန်းထုတ်လိုက်ကာ..

" ငါ့ကိုစာနာသလိုလာမလုပ်ပြနဲ့ ငါမင်းကိုမသတ်တာပဲကျေနပ်လိုက် "

" အင်း ငါကျေနပ်တယ် မင်းဘယ်လိုအခြေနေရောက်ရောက်ဟွာယောင်းကိုလက်မလွှတ်တာကို .. "

သူပြောတာကိုနားလည်တဲ့ထယ်ဟျောင်းကမျက်စောင်းထိုးကာလူနာနားနေခန်းထဲဝင်သွားခဲ့သည်။ ဂျောင်းကုသူ့နောက်ကိုမလိုက်သွားပဲဂျီမင့်ကိုရှာဖို့ဖုန်းနံပါတ်ကိုနှိပ်လိုက်သည်။

******

" ယောင်း... "

ကုတင်ပေါ်မှာသက်သာသလိုလဲလျောင်းနေတဲ့ယောင်းကိုခေါ်လိုက်တော့မျက်လုံးအသာဖွင့်ကာသူ့ဘက်လှည့်လာသည်။
သူ့မျက်ရည်များလည်းထိန်ချန်မထားဘဲကျဆင်းလာသည်။

" ယောင်းရယ် ကိုယ်မင်းကိုတစ်သက်လုံးဆုံးရှုံးရပြီထင်ခဲ့တာ... "

ယောင်းကသူ့ကိုငေးကြည့်ရင်းမျက်ရည်ဝဲနေခဲ့သည်။

" ထယ့်မျက်နှာမှာ ဒဏ်ရာတွေ... "

သူ့ပါးကိုထိတွေ့လာတဲ့သူမလက်ကလေးကိုပြန်လည်ဆုပ်ကိုင်လိုက်ရင်း...

" ကိုယ်... ဒီနေ့ကစပြီး .. သေနတ်မကိုင်တော့ဘူး... "

" ဟင်! ထယ် တကယ်ပြောနေတာလား "

သူမဝမ်းသာပြီးကျတဲ့မျက်ရည်စက်လေးတွေကိုသူတယုတယသုတ်ပေးလိုက်ကာ...

" ဒါပေမဲ့ ယောင်းရဲ့ ၊ ကိုယ်အရာအားလုံးကိုစွန့်လွှတ်လို့ရသွားပြီ ၊ ယောင်းသာကိုယ့်ဘေးနားမှာရှိရင်ကိုယ့်ဘဝပြည့်စုံနေပြီ...၊ ယောင်းသာပျော်မယ်ဆိုရင်ကိုယ်ပင်ပန်းလည်းကိစ္စမရှိဘူး ၊ ကိုယ်ယောင်းကိုစိတ်ဆင်းရဲအောင်မလုပ်တော့ဘူးလ်ု့ကတိပေးတယ် ၊ ကိုယ် ခုနကအထိအရမ်းစိုးရိမ်နေခဲ့တာ .. ယောင်းသာတစ်ခုခုဖြစ်သွားရင်ကိုယ့်ကိုကိုယ်ခွင့်လွှတ်နိုင်မှာမဟုတ်​တော့ဘူး "

" ထယ် .. ပြောင်းလဲသွားပြီပေါ့နော် "

" အင်း တကယ်တော့ကိုယ်ကယောင်းကိုချစ်လို့ဆွဲထားရင်းအမှားတွေဆက်တိုက်လုပ်နေခဲ့မိတာ ကိုယ့်ဘက်ကကျန်တဲ့သူတွေကိုမယုံရင်တောင်ယောင်းကိုယုံပေးခဲ့သင့်တာ .. အဲ့သံသယတွေကပဲကိုယ့်ကိုယောင်းနဲ့ဝေးအောင်တွန်းပို့နေခဲ့တာ... အခုစပြီးကိုယ်တို့အသစ်ကပြန်စရအောင် "

" ကျေးဇူးတင်ပါတယ် ထယ် .. ယောင်းအတွက်ပြောင်းလဲပေးလို့.. "

" တောင်းပန်ပါတယ် .. ကိုယ့်ဘက်ကအဲ့စကားပြောဖို့နောက်ကျနေလို့... "

" ရပါတယ်ထယ်ရယ် .. ဒါနဲ့ဟိုဆော့ရောဟင်.. သူလည်းယောင်းနဲ့အတူတူပိတ်မိနေခဲ့တာ "

မျက်ရည်စက်တွေခန်းခြောက်လုဆဲဆဲမှာပြန်သတိရလိုက်တဲ့သူ့သူငယ်ချင်းလေး...

" သူ.. သူ အခုကောင်းကင်ဘုံမှာအနားယူနေပြီ "

" ဟင် .. သူ ဆုံးသွားပြီလား "

အသံတိတ်ကာအဆက်မပြတ်ငိုနေတဲ့ထယ်ဟျောင်းကိုသူမပေါ်ကိုမှီစေကာအတူတူငိုကြွေးခဲ့သည်...။ သူမသိတာပေါ့ ထယ်ဟျောင်းကသူငယ်ချင်းတွေကိုဘယ်လောက်ထိချစ်လဲဆိုတာ ...

" အရာအားလုံး ယောင်းမှားတာပါ .. ယောင်းသာဆူဘင်းနဲ့မပတ်သတ်ခဲ့ရင် ဒီလိုကိစ္စတွေဖြစ်လာမှာမဟုတ်ဘူး "

" မဟုတ်ဘူး ကိုယ့်ဒေါသတွေရှေ့တန်းတင်မိလို့ဖြစ်သွားတာပါ ၊ ယောင်းကကိုယ်ဆိုးသမျှသည်းခံပေးခဲ့တာ.. အပြစ်အရှိဆုံးကကိုယ်ပါ "

သူသာချွဲဆူဘင်းကိုမသတ်ခဲ့ရင် .. အဖေ့လုပ်ငန်းတွေကိုလက်လွဲမယူခဲ့ရင် .. သူ့သူငယ်ချင်းတွေကိုဒီပြသနာတွေထဲဆွဲမထည့်ခဲ့ရင် သူဂျေဟုတ်ကိုဆုံးရှုံးရမှာမဟုတ်ဘူး...။

' မျက်နှာပြောင်တိုက်တယ်ပဲပြောပြော .. ငါ့ကိုခွင့်လွှတ်ပေးနိုင်မလား .. ဟိုဆော့ '

××××××

3.6.2023

နောက်တစ်ပိုင်းဆိုဇာတ်သိမ်းပါပြီနော်🤧

[ Zawgyi ]

" ေယာင္း ကိုယ္ေျပာတာေသခ်ာနားေထာင္ေနာ္ ကိုယ္အခုအလုပ္ရွိလို႔အျပင္သြားရအုံးမယ္ ၊ အိမ္မွာအေစာင့္ႏွစ္ေယာက္ေလာက္ပဲရွိမွာ အဲ့ဒါေၾကာင့္ဂ႐ုစိုက္ေနာ္ .. "

ထယ္ေဟ်ာင္းဒီကိစၥကိုမွာေနတာမေန႕ညတည္းကပင္ .. ဘာကိစၥလဲမသိေပမယ့္သူအရမ္းစိုးရိမ္ေနတာေတြ႕ေနရတယ္ ၊ ေမးရင္လည္းမေျဖျပန္ဘူး...။

ေသနတ္ေတြရွိေနတာနဲ႕တင္သူမရိပ္မိေနပါၿပီ...၊ ထယ္ေဟ်ာင္းကရာဇဝတ္မႈေတြလုပ္ေနတယ္ဆိုတာ...

" ကိုယ္မေန႕ကကတိေတာင္းထားတာကိုမေမ့နဲ႕ေနာ္ ေသရင္ေတာင္ကိုယ္အရင္ေသမွာမို႔.. "

" ရႉးးး ေသမယ့္အေၾကာင္းမေျပာပါနဲ႕လား.. ၊ ေယာင္းလည္းထယ့္ကိုစိတ္ပူတယ္ "

" ေယာင္းရဲ႕ေယာက်္ားကသန္မာပါတယ္ မသိတာက်လိဳ႕ ဟဲဟဲ.. "

စကားေကာင္းေျပာေနရင္းထေဖာက္တဲ့ထယ္ေဟ်ာင္းကိုသူမမ်က္ေစာင္းပစ္လိုက္သည္။

" ဒါေပမယ့္ ေယာင္းကကိုယ့္အားနည္းခ်က္ပဲ .. အဲ့ဒါကိုသိတဲ့လူေတြကေယာင္းကိုပစ္မွတ္ထားၾကမွာ ၊ ျဖစ္နိုင္ရင္ေယာင္းကိုေခါက္ၿပီးအိပ္ကပ္ထဲထည့္သြားခ်င္တယ္ကြာ.. "

ေယာင္းခါးေလးကိုဆြဲၿပီးေပါင္ေပၚထိုင္ခိုင္းလိုက္သည္။

" ကဲပါထယ္ရယ္ ေယာင္းလည္းမငယ္ေတာ့တဲ့ဟာကို .. "

" မသိဘူးကြာ ေယာင္းကိုစိတ္မခ်တာပဲသိတယ္ ေယာင္းေမေမတို႔ဆီခဏေလာက္သြားေနပါလား "

" မေနခ်င္ပါဘူး ထယ့္ကိုစိတ္မခ်ဘဴး "

သူမကလည္းဂ်စ္ကန္ကန္နဲ႕ေျပာမရတာေၾကာင့္သူသက္ျပင္းသာခ်မိေတာ့သည္။
ဟိုမွာကဂ်ီမင္တို႔နဲ႕ပဲလႊတ္ထားလို႔မျဖစ္ဘူးေလ .. ဟိုေဆာ့တစ္ေယာက္လုံးေပ်ာက္ေနတာကိုသူလည္းထိုင္မေနနိုင္ဘူး ။

အႀကိမ္ႀကိမ္ခ်ေနမိတဲ့သက္ျပင္းကိုေနာက္ဆုံးအႀကိမ္ရႉထုတ္လိုက္ကာ...

" အဲ့ဒါဆိုလည္း ကိုယ္နဲ႕ဖုန္းအဆက္သြယ္မျပတ္ေစနဲ႕ ကိုယ္ဖုန္းေခၚတိုင္းကိုင္ရမယ္ ကိုယ့္ကိုစိတ္ပူေအာင္မလုပ္နဲ႕ ၾကားလား.. "

" ဟုတ္ကဲ့ပါ ထယ္ရဲ႕ "

ေပါင္ေပၚကသူမကိုရင္ခြင္ထဲထည့္ကာစိုးရိမ္မႈေတြကိုနည္းနည္းေလွ်ာ့ထားလိုက္ကာ သူမႏွဖူးျပင္ကိုခပ္ဖြဖြအနမ္းေပးလိုက္ကာထိုအိမ္ေတာ္မွထြက္လာခဲ့သည္။ ဒီကိုယ္လုံးလုံးေလးကိုသူမလႊတ္ခ်င္ေပမယ့္ ခန့္မွန္းထားတဲ့အခ်ိန္ထက္ေနာက္က်ေနတာေၾကာင့္အိမ္ေတာ္မွမထြက္ခ်င္ပဲထြက္လာခဲ့ရသည္။

တစ္ဖက္မွာလည္းေဂ်ဟဳတ္ကအႏၱရာယ္ရွိေနတာမို႔သူကားကိုဒုန္းဆိုင္းေမာင္းလာခဲ့ရာ နာရီဝက္ေလာက္နဲ႕ဂ်ီမင္တို႔ဆီေရာက္ခဲ့သည္။ ထိုေနရာတြင္ေဂ်ာင္းကုလည္းရွိေနတာမို႔သူတို႔ႏွစ္ေယာက္မ်က္လုံးခ်င္းတိုက္ခိုက္ေနရာကထသတ္ေတာ့မည့္ပုံျမင္တာေၾကာင့္ ယြန္းဂီက စကားလမ္းလႊဲရန္လုပ္လိုက္သည္။

မဟုတ္ရင္ဟိုေန႕ညကအဆက္ကိုသူျပန္ႏႊဲဖို႔ဆႏၵရွိေနတာ .. အဲ့ညက သူ႕ေၾကာင့္သာယာမႈေတြေအာက္မွာယစ္မူးရင္းရမက္ထန္ေနရတဲ့ေယာင္းပုံစံေလးကိုေသခ်ာေပါက္ေဂ်ာင္းကုကိုေျပာျပၿပီးမာန္တတ္ခ်င္ေသးတာ ..

" ငါတို႔ေျခရာခံမိသေလာက္ကေတာ့ေဂ်ဟဳတ္ကစာခ်ဳပ္ခိုးခဲ့တာကသူ႕ေကာင္မေလးကိုဖမ္းခ်ဳပ္ထားလို႔လုပ္ခဲ့တဲ့ပုံပဲ.. ဒါေပမယ့္ခြၽဲဒယ္ဟြန္းတို႔ကသူခိုင္းတာလုပ္ၿပီးတာေတာင္သူ႕ေကာင္မေလးကိုအျပတ္ရွင္းလိုက္ပုံေပါက္တယ္.. ၊ ေနာက္ေတာ့သူ႕ကိုသူလည္းမလုံလို႔ေနမယ္ငါတို႔ဆီကထြက္သြားဖို႔လုပ္တာ "

" ဒါဆိုသူကတမင္ထြက္သြားတာေပါ့ "

" တမင္ထြက္သြားတာေတာ့မွန္တယ္ ဒါေပမယ့္လမ္းမွာသူ႕ကိုကားတစ္စီးကအတင္းဆြဲေခၚသြားတာကိုငါတို႔cctvကေနျမင္ခဲ့ရတယ္.. "

" ဒါဆိုကားနံပါတ္ကေရာ.. "

" ကားနံပါတ္မတပ္ထားလို႔ငါတို႔ေခါင္းကိုက္ေနတာေပါ့ "

" ငါကေတာ့ဟိုေဆာ့တစ္ခုခုျဖစ္ရင္အဲ့ေကာင္ေတြကိုအရွင္မထားဘူး "

ထိုအခါေဆာ့ဂ်င္က...

" ခြၽဲဒယ္ဟြန္းကခြၽဲဆူဘင္းအကိုတဲ့လား.. ဟက္!ညီအတြက္လက္စားေခ်ခ်င္ေနတဲ့ပုံပဲ.. မင္းဘာလို႔ခြၽဲဆူဘင္းဆိုတဲ့ေကာင္ကိုသတ္လိုက္တာလဲ "

" ေသခ်ာေပါက္ေယာင္းေၾကာင့္ေပါ့ "

ေဆာ့ဂ်င္ေမးတာကိုဂ်ီမင္ကထယ့္အစားတစ္ဆင့္ေျဖေပးလိုက္သည္။

" မင္နာရာကဘယ္လိုလုပ္ခြၽဲဒယ္ဟြန္းဘက္ကေနၿပီးေတာ့ငါတို႔ကိုစာခ်ဳပ္လာျပန္ေပးရတာလဲ "

" အဲ့တာေတာ့သူကိုယ္တိုင္ပဲသိလိမ့္မယ္ မင္းရဲ႕အသိမွတ္ျပဳခံခ်င္လို႔လဲေနမွာေပါ့ "

" ဟက္! အဲ့တာနဲ႕ပဲတစ္ညေပးအိပ္လိုက္တယ္ဆိုပါေတာ့.. "

ေဂ်ာင္းကုကခနဲ႕သလိုေျပာလာတာေၾကာင့္သူ႕စိတ္ကေထာင္းခနဲ..

" ေဟ်ာင့္ မင္းအေပါက္ကိုပိတ္ထား အေၾကာင္းေသခ်ာမသိဘဲလာမစြပ္စြဲနဲ႕ "

" အမွန္တရားကအမွန္တရားပဲေလ "

" အဲ့ေန႕ကငါမူးၿပီးေယာင္းနဲ႕မွားလုပ္လိုက္တယ္ကြာ ရၿပီလား "

ခပ္ရိုင္းရိုင္းေျပာလိုက္တဲ့ထယ္ေယာင္းေၾကာင့္ ေဂ်ာင္းကုေတာ္ေတာ္မ်က္ႏွာပ်က္သြားရသည္။

" က်စ္! မင္းတို႔ကကြာ ကေလးလည္းမဟုတ္ေတာ့ဘူး အေရးထဲရန္လာျဖစ္ေနတယ္ "

တျခားသူေတြဝင္ေျပာမွသူတို႔တေယာက္မ်က္ႏွာတေယာက္လႊဲၾကသည္။

ထိုအခ်ိန္သူတို႔ဆီအျမန္ေျပးဝင္လာၿပီး

" ဆရာေဂ်ာင္ဟိုေဆာ့ရဲ႕ေနရာကိုသိရပါၿပီခင္ဗ် "

မထင္မွတ္ထားေသာစကားေၾကာင့္သူတို႔ခ်က္ခ်င္းထရပ္ကာ ကားေသာ့ကိုယ္စီဆြဲခဲ့ၾကသည္။

သူတို႔ေျမပုံအရလိုက္ေနတာကဆိုးလ္ၿမိဳ႕ျပင္ကဂိုေထာင္တစ္ခု... ၊

ပုန္းလွ်ိုးဝွက္လွ်ိုးလုပ္မေနေတာ့ဘဲေသနတ္ထုတ္ကာစတင္တိုက္ခိုက္ခဲ့ၾကသည္။ သူတို႔ဆိုသည္မွာဘယ္က်ည္ဆန္ကိုမွေၾကာက္႐ြံျခင္းမရွိေပ...။

အျပင္ကပိုးမႊားေလးေတြကိုယြန္းဂီကတာဝန္ယူေပးထားတာေၾကာင့္က်န္တဲ့လူေတြကဂိုေထာင္အတြင္းသို႔ဝင္လာခဲ့သည္။ ထိုတြင္ သူတို႔ထင္ထားတာထက္ပိုထူးဆန္းေနသည္ကမင္နာရာပါအဖမ္းခံထားရျခင္းပင္...။

" ေအာ္ ဒါမင္းတို႔အသစ္ထြင္တဲ့ဇာတ္လမ္းေပါ့... "

မင္နာရာကေတာ့ ေခါင္းခါၿပီးသာျငင္းဆိုေနသည္။

" အစကေတာ့ဇာတ္လမ္းေပါ့ အခုကေတာ့အတည္ျဖစ္သြားတာ... ဘယ္လိုလဲကိုယ့္မယားအဖမ္းခံထားရေတာ့... "

" သူဘာျဖစ္ျဖစ္ငါနဲ႕မဆိုင္ဘူး ငါ့သူငယ္ခ်င္းဘယ္မွာလဲ "

ရင္းႏွီးခဲ့ေသာအခ်ိန္ေတြကိုမေထာက္ဘဲ ျပတ္သားလွတဲ့သူ႕စကားေၾကာင့္သူမတိတ္တဆိတ္မ်က္ရည္က်မိသည္။

" ဟားးးးး ငါကမယားငယ္ကိုေျပာတာမဟုတ္ဘူးသားရီး မင္းမယားေခ်ာေခ်ာလွလွေလးကိုေျပာတာ "

" ဘာ! ေခြးေကာင္! မင္းဘာစကားေျပာတာလဲ "

ခြၽဲဒယ္ဟြန္းရဲ႕လူယုံကပိတ္ကားေပၚမွာဗီဒီယိုတစ္ခုဖြင့္ျပလာသည္။

အေလာင္းေတြရွိေသာေရခဲတိုက္တစ္ခုဟြာေယာင္းနဲ႕ေဂ်ဟဳတ္တို႔အတူရွိေနျခင္းပင္... ၊ ေအးခဲလြန္းေသာေၾကာင့္က်ဳံ႕က်ဳံ႕ေလးျဖစ္ေနတဲ့ခ်စ္ရသူနဲ႕သူငယ္ခ်င္းတို႔ေၾကာင့္ သူ႕ေဒါသေတြဟာအဆုံးမရွိေတာ့ေပ...။

စိတ္ထက္ပိုျမန္ေသာလက္ကခြၽဲဒယ္ဟြန္းရဲ႕မ်က္ႏွာတည့္တည့္ကိုက်ည္ဆန္ပို႔လိုက္ေပမယ့္အေရွာင္ေကာင္းတာေၾကာင့္လြဲေခ်ာ္ခဲ့ရသည္။ ထိုခ်ိန္႐ုတ္႐ုတ္သဲသဲႏွင့္အျပန္အလွန္စတင္ပစ္ခက္ၾကရာ.. ေဂ်ာင္းကုကေတာ့ သူ႕လုပ္ရပ္ေၾကာင့္ေယာင္းရွိတဲ့ေနရာကိုမသိရေတာ့ရင္ဘယ္လိုလုပ္ရမလဲဆိုတဲ့စိတ္နဲ႕ ထယ္ေဟ်ာင္းကိုပဲက်ိန္ဆဲေနမိသည္။

" ထယ္! အာ့ "

အေရွ႕ကလူေတြကိုတိုက္ခိုက္ေနရင္းကသူ႕နမည္ၾကားတာေၾကာင့္လွည့္ၾကည့္လိုက္ေတာ့မင္နာရာကသူ႕အေပၚပုံက်လာသည္။ ထယ္ေဟ်ာင္းလည္းသူမကိုျပန္ေပြ႕ထားလိုက္သည္။ က်န္တဲ့လူေတြကသူတို႔ႏွစ္ေယာက္ကိုကာၿပီးပစ္ေပးေနသည္။

ေနာက္ေတာ့မင္ယြန္းဂီနဲ႕အျပင္ကသူ႕တပည့္ေတြပါလူအင္အားထပ္ေရာက္လာလို႔သူတို႔အနိုင္ရခဲ့သည္။ ခြၽဲဒယ္ဟြန္းကိုေဂ်ာင္းကုကိုယ္တိုင္အဆုံးသတ္နိုင္ခဲ့သည္။

" မင္းအဆင္ေျပရဲ႕လား "

မင္နာရာရဲ႕ဗိုက္ကိုဖိေပးထားကာေမးလိုက္သည္။

" အင္ခြၽန္းကရင္ခြဲ႐ုံ...အာ့ "

" ဘာ ဘာေျပာလိုက္တယ္ .. "

" အင္ခြၽန္းက .. ရင္ခြဲ႐ုံေဟာင္းမွာ ထားထားတယ္ "

" ေယာင္းတို႔လား ... "

သူမေခါင္းၿငိမ့္ျပကာသတိေမ့သြားခဲ့သည္။

" ေဆာ့ဂ်င္ သူ႕ကိုေဆး႐ုံေရာက္ေအာင္ပို႔ေပး ငါတို႔လိုက္သြားလိုက္အုံးမယ္ "

" အင္း ဂ႐ုစိုက္ၾကအုံး "

ကားအနက္၂စီးကရင္ခြဲ႐ုံေဟာင္းသို႔တစိုက္မက္မက္လာခဲ့ၾကသည္။
စိတ္အလ်င္လိုေနတဲ့ထယ္ေဟ်ာင္းကသူေမာင္းေနတဲ့အျမန္ႏႈန္းကိုေတာင္ႏွေးသည္အထင္နဲ႕အရွိန္ထပ္တင္လိုက္သည္။

" ေဟ်ာင့္ ငါတို႔အကုန္ေသကုန္အုံးမယ္ စိတ္ေအးေအးထား "

ဂ်ီမင္လည္းအရမ္းျမန္ေနတဲ့အရွိန္ေၾကာင့္က်ိန္ဆဲလိုက္သည္။

ရင္ခြဲ႐ုံေရာက္ေတာ့အေသခတ္ထားတဲ့ေသာ့ကိုေသနတ္တစ္ခ်က္ေဖာက္ဖြင့္လိုက္တာေၾကာင့္ပတ္ဝန္းက်င္ကနည္းနည္းဆူညံသြားသည္။

တံခါးဖြင့္လိုက္ေတာ့ႏွစ္ေယာက္သားတေနရာဆီလဲေနတာေတြ႕လိုက္ရသည္။အကုန္လုံးလည္းဟိုေဆာ့နဲ႕ဟြာေယာင္းကိုကားေပၚအျမန္တင္ကာအင္ခြၽန္းေဆး႐ုံသို႔အျမန္ေမာင္းႏွင္ခဲ့သည္။

သူနဲ႕ပတ္သတ္တည္းကေဆး႐ုံနဲ႕အိမ္ဦးၾကမ္းျပင္ျဖစ္ေနေသာေယာင္းေၾကာင့္သူအရမ္းေနာင္တရေနခဲ့သည္။တကယ္ကဟြာေယာင္းကအခုလိုဒုကၡေတြမခံစားသင့္ဘူး။
အရာရာတိုင္းကသူ႕စိတ္ေတြေၾကာင့္ျဖစ္ရတာ...။

" ေယာင္းရယ္ ဘာမွမျဖစ္ပါေစနဲ႕ ကိုယ့္ကိုကတိေပးထားတယ္မလား အခုေနာက္ဆုံးေတာင္းပန္တာပါ ၿပီးရင္ကိုယ္ဒီထက္ပိုၿပီးဂ႐ုစိုက္ေပးပါ့မယ္... "

" အားလုံးပဲ ဝမ္းနည္းပါတယ္ လူနာေဂ်ာင္ဟိုေဆာ့ကအေအးခန္းထဲအထည့္ခံထားရတာၾကာေနပါၿပီ သူ႕ႏွလုံးကိုျပန္ခုန္ေအာင္မလုပ္ေဆာင္နိုင္ခဲ့ပါဘူး လူနာဆုံးသြားပါၿပီ ၊ မိန္းကေလးကေတာ့ကံေကာင္းစြာပဲအသက္ရွင္ေနပါတယ္ "

အားလုံးၿပိဳလဲကာေသြးပ်က္သြားခဲ့ရသည္။
သူတို႔ဘဝတစ္ေလွ်ာက္လုံးအခ်စ္ရဆုံးသူငယ္ခ်င္းတစ္ေယာက္ဆုံးရႈံးသြားရတဲ့ခံစားခ်က္...၊ ခြၽဲဒယ္ဟြန္းလိုလူနဲ႕လဲလိုက္ရတယ္ဆိုတာကပိုခံျပင္းသည္ ..။

" ထယ္ေဟ်ာင္း!ဒါေတြအကုန္မင္းေၾကာင့္ မင္းေၾကာင့္ေဂ်ဟဳတ္ကိုငါတို႔ဆုံးရႈံးလိုက္ရတာ ၊ မင္းေစာက္ျပသနာေတြေၾကာင့္ ! "

တစ္သက္လုံးသူငယ္ခ်င္းကိုလက္ဖ်ားနဲ႕ေတာင္မ႐ြယ္ဖူးတဲ့ဂ်ီမင္း .. အခုေတာ့ဘယ္သူတားတားသူ႕ေဒါသကဘာကိုမွမျမင္ေတာ့ဘဲထယ္ေဟ်ာင္းကိုအဆက္မျပတ္ထိုးေနသည္ ၊ ထယ္ေဟ်ာင္းလည္းျပန္လည္တုံ႕ျပန္ျခင္းမရွိခဲ့ေပ။

" ဂ်ီမင္ ေတာ္ေတာ့ ေဆး႐ုံႀကီးမွာမျဖစ္သင့္ဘူး ငါတို႔ဟြာေယာင္းကိုသြားၾကည့္ရေအာင္ "
ခဏၾကာမွေဂ်ာင္းကုကအတင္းဝင္ဆြဲကာထယ္ေဟ်ာင္းကိုထူေပးလိုက္သည္။ဂ်ီမင္ကေတာ့ထိုေဆး႐ုံကေနထြက္လာခဲ့သည္။
ထယ္ေဟ်ာင္းကသူ႕ကိုတြဲထားတဲ့ေဂ်ာင္းကုကိုတြန္းထုတ္လိုက္ကာ..

" ငါ့ကိုစာနာသလိုလာမလုပ္ျပနဲ႕ ငါမင္းကိုမသတ္တာပဲေက်နပ္လိုက္ "

" အင္း ငါေက်နပ္တယ္ မင္းဘယ္လိုအေျခေနေရာက္ေရာက္ဟြာေယာင္းကိုလက္မလႊတ္တာကို .. "

သူေျပာတာကိုနားလည္တဲ့ထယ္ေဟ်ာင္းကမ်က္ေစာင္းထိုးကာလူနာနားေနခန္းထဲဝင္သြားခဲ့သည္။ ေဂ်ာင္းကုသူ႕ေနာက္ကိုမလိုက္သြားပဲဂ်ီမင့္ကိုရွာဖို႔ဖုန္းနံပါတ္ကိုႏွိပ္လိုက္သည္။

******

" ေယာင္း... "

ကုတင္ေပၚမွာသက္သာသလိုလဲေလ်ာင္းေနတဲ့ေယာင္းကိုေခၚလိုက္ေတာ့မ်က္လုံးအသာဖြင့္ကာသူ႕ဘက္လွည့္လာသည္။
သူ႕မ်က္ရည္မ်ားလည္းထိန္ခ်န္မထားဘဲက်ဆင္းလာသည္။

" ေယာင္းရယ္ ကိုယ္မင္းကိုတစ္သက္လုံးဆုံးရႈံးရၿပီထင္ခဲ့တာ... "

ေယာင္းကသူ႕ကိုေငးၾကည့္ရင္းမ်က္ရည္ဝဲေနခဲ့သည္။

" ထယ့္မ်က္ႏွာမွာ ဒဏ္ရာေတြ... "

သူ႕ပါးကိုထိေတြ႕လာတဲ့သူမလက္ကေလးကိုျပန္လည္ဆုပ္ကိုင္လိုက္ရင္း...

" ကိုယ္... ဒီေန႕ကစၿပီး .. ေသနတ္မကိုင္ေတာ့ဘူး... "

" ဟင္! ထယ္ တကယ္ေျပာေနတာလား "

သူမဝမ္းသာၿပီးက်တဲ့မ်က္ရည္စက္ေလးေတြကိုသူတယုတယသုတ္ေပးလိုက္ကာ...

" ဒါေပမဲ့ ေယာင္းရဲ႕ ၊ ကိုယ္အရာအားလုံးကိုစြန့္လႊတ္လို႔ရသြားၿပီ ၊ ေယာင္းသာကိုယ့္ေဘးနားမွာရွိရင္ကိုယ့္ဘဝျပည့္စုံေနၿပီ...၊ ေယာင္းသာေပ်ာ္မယ္ဆိုရင္ကိုယ္ပင္ပန္းလည္းကိစၥမရွိဘူး ၊ ကိုယ်ယောင်းကိုစိတ်ဆင်းရဲအောင်မလုပ်တော့ဘူးလ်ု့ကတိပေးတယ် ၊ ကိုယ္ ခုနကအထိအရမ္းစိုးရိမ္ေနခဲ့တာ .. ေယာင္းသာတစ္ခုခုျဖစ္သြားရင္ကိုယ့္ကိုကိုယ္ခြင့္လႊတ္နိုင္မွာမဟုတ္ေတာ့ဘူး "

" ထယ္ .. ေျပာင္းလဲသြားၿပီေပါ့ေနာ္ "

" အင္း တကယ္ေတာ့ကိုယ္ကေယာင္းကိုခ်စ္လို႔ဆြဲထားရင္းအမွားေတြဆက္တိုက္လုပ္ေနခဲ့မိတာ ကိုယ့္ဘက္ကက်န္တဲ့သူေတြကိုမယုံရင္ေတာင္ေယာင္းကိုယုံေပးခဲ့သင့္တာ .. အဲ့သံသယေတြကပဲကိုယ့္ကိုေယာင္းနဲ႕ေဝးေအာင္တြန္းပို႔ေနခဲ့တာ... အခုစၿပီးကိုယ္တို႔အသစ္ကျပန္စရေအာင္ "

" ေက်းဇူးတင္ပါတယ္ ထယ္ .. ေယာင္းအတြက္ေျပာင္းလဲေပးလို႔.. "

" ေတာင္းပန္ပါတယ္ .. ကိုယ့္ဘက္ကအဲ့စကားေျပာဖို႔ေနာက္က်ေနလို႔... "

" ရပါတယ္ထယ္ရယ္ .. ဒါနဲ႕ဟိုေဆာ့ေရာဟင္.. သူလည္းေယာင္းနဲ႕အတူတူပိတ္မိေနခဲ့တာ "

မ်က္ရည္စက္ေတြခန္းေျခာက္လုဆဲဆဲမွာျပန္သတိရလိုက္တဲ့သူ႕သူငယ္ခ်င္းေလး...

" သူ.. သူ အခုေကာင္းကင္ဘုံမွာအနားယူေနၿပီ "

" ဟင္ .. သူ ဆုံးသြားၿပီလား "

အသံတိတ္ကာအဆက္မျပတ္ငိုေနတဲ့ထယ္ေဟ်ာင္းကိုသူမေပၚကိုမွီေစကာအတူတူငိုေႂကြးခဲ့သည္...။ သူမသိတာေပါ့ ထယ္ေဟ်ာင္းကသူငယ္ခ်င္းေတြကိုဘယ္ေလာက္ထိခ်စ္လဲဆိုတာ ...

" အရာအားလုံး ေယာင္းမွားတာပါ .. ေယာင္းသာဆူဘင္းနဲ႕မပတ္သတ္ခဲ့ရင္ ဒီလိုကိစၥေတြျဖစ္လာမွာမဟုတ္ဘူး "

" မဟုတ္ဘူး ကိုယ့္ေဒါသေတြေရွ႕တန္းတင္မိလို႔ျဖစ္သြားတာပါ ၊ ေယာင္းကကိုယ္ဆိုးသမွ်သည္းခံေပးခဲ့တာ.. အျပစ္အရွိဆုံးကကိုယ္ပါ "

သူသာခြၽဲဆူဘင္းကိုမသတ္ခဲ့ရင္ .. အေဖ့လုပ္ငန္းေတြကိုလက္လြဲမယူခဲ့ရင္ .. သူ႕သူငယ္ခ်င္းေတြကိုဒီျပသနာေတြထဲဆြဲမထည့္ခဲ့ရင္ သူေဂ်ဟဳတ္ကိုဆုံးရႈံးရမွာမဟုတ္ဘူး...။

' မ်က္ႏွာေျပာင္တိုက္တယ္ပဲေျပာေျပာ .. ငါ့ကိုခြင့္လႊတ္ေပးနိုင္မလား .. ဟိုေဆာ့ '

××××

3.6.2023

ေနာက္တစ္ပိုင္းဆိုဇာတ္သိမ္းပါၿပီေနာ္




Continue Reading

You'll Also Like

161K 4.6K 64
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
986K 61.1K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.2M 54.3K 100
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
219K 5.4K 20
Your daughter runs off while you were in the middle of grocery shopping because she spotted Max, her favourite driver. Meeting you, Max wants to know...