ဒေါက် ဒေါက် ဒေါက်
"ဝင်ခဲ့ပါ "
ဖြိုးသူက တံခါးဝမှာ အပြုံးမျက်နှာနဲ့ ပေါ်လာသည်။
" OPD ကြည့်တော့မလား ဆရာ " ( ပြင်ပလူနာကြည့်)
ဖြိုးသူရဲ့စကားကြောင့် နာရီကို တစ်ချက်ကြည့်မိတော့ နေ့ခင်း တစ်နာရီပင်ရှိနေချေပြီ။ ကော်ဖီတစ်ခွက်သာ သောက်ထားရသေးသော်လည်း လူနာတွေစောင့်နေရမည်ကို အားနာသဖြင့် နေ့လည်စာကို နောက်မှသာစားရန်တွေးထားလိုက်သည်။
" အေး ကြည့်ကြတာပေါ့ "
ခွဲစိတ်ဆောင် အစွန်ဖျားရှိ OPD အခန်းထဲ ဝင်ကာ ထိုင်စောင့်လိုက်တော့ တာဝန်ကျ ဆရာမလေးတွေထဲက တစ်ယောက်ဖြစ်သည့် နန်းခမ်းနောင့် က အခန်းထဲဝင်လာသည်။ လူနာမှတ်တမ်းတစ်ခုကို ချပေးရင်း
" ဒီနေ့ လူနာများတယ်ဆရာ အခုက Follow up လာပြတဲ့ သူတွေကို အရင်ခေါ်လိုက်မယ်နော် " ( ရက်ချိန်းပြန်ပြသူ )
" ဟုတ်ပြီ ခေါ်လိုက်လေ ဆရာမ "
ဆရာမလေးက စာအုပ်ကို ချပေးပြီး အပြင်ပြန်ထွက်ကာ လူနာနာမည်ကို အော်ခေါ်လိုက်သည်။
" ခွန်ထွန်းအောင် ရှိပါသလား "
" ရှိတယ် ဆရာမ "
မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လာသော ခွန်ထွန်းအောင်ဟာ အသက်လေးဆယ်ရွယ်ရှိလောက်ပြီဖြစ်သော ဦးလေးကြီးပင်။ စာအုပ်ကို ကြည့်လိုက်တော့ အရင်တစ်ပတ်က ဆေးရုံဆင်းပေးလိုက်သည့်လူနာပင်။ အူအတက်ပေါက်သဖြင့် ခွဲစိတ်ထားရသည့် လူနာပေမို့ ချုပ်ရိုးဖြည်ရန် လာခြင်းသာ ဖြစ်မည်ဟုလည်း ခန့်မှန်းမိလိုက်သည်။
" ဘယ်လိုနေလဲ ဦးလေး "
" နေကောင်းသွားပြီဆရာ ချုပ်ရိုးဖြည်ဖို့ပြန်လာခဲ့တာ "
" ကဲ ဟုတ်ပါပြီ ဟိုဘက်က ကုတင်ပေါ် လှဲလိုက်ပါဦး အနာလည်း တစ်ချက်ကြည့်ရအောင် "
လူနာကုတင်ပေါ် လှဲအိပ်ခိုင်းလိုက်ပြီး အနီးနားရှိ လက်အိတ်တစ်စုံကိုစွပ်ကာ လူနာအနီးသို့သွားလိုက်သည်။ ဆရာမလေးကလည်း အလိုက်တသိပင် အနာဆေးထည့်ဖို့ရာ အသင့်ပြင်ထားပေးသည်။
" အင်္ကျီလှန်ဦးမယ်နော် "
ခွင့်တောင်းပြီးမှသာ အင်္ကျီကို လှန်လိုက်ပြီးနောက် ပတ်တီးစကို ခွာကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ အနာအခြေနေကောင်းသည်ကို မြင်မှ ဆရာမလေးကို ပြောလိုက်သည်။
" ဆရာမရေ STO လုပ်မယ် ပြင်ထားပြီးသားလား " ( ချုပ်ရိုးဖြည် )
" Dressing box ထဲမှာ အသင့်ပါပြီးသားပါ ဆရာ Glove လဲဦးမလား " (အနာဆေးထည့်ရန် ပိုးသတ်ထားသည့် box, Glove လက်အိတ် ).
" ဟုတ် ၇ ခွဲလေး တစ်စုံပေးပါ " ( ပိုးသတ်ထားသည့် လက်အိတ် size 7 1/2 )
ဆရာမလေး ကမ်းပေးလာသည့် လက်အိတ်ကို ဖောက်ဝတ်ပြီးမှ အနာချုပ်ရိုးများကို ဖြည်လိုက်သည်။ အပြီးသတ် betadine သုတ်လိမ်းပြီးနောက် လက်အိတ်ကို ချွတ်ကာ ဘေစင်တွင် လက်သွားဆေးလိုက်သည်။ လူနာသည်လည်း အရှေ့ခုံတွင် ပြန်ထိုင်သည်။
" အခုက ချုပ်ရိုးဖြည်ပြီးပြီဆိုတော့ ရပါပြီ သောက်လက်စဆေးတွေကုန်ရင် ရပ်လိုက်တော့ "
" ဘယ်ရက် ပြန်လာပြရဦးမလဲဆရာ "
"ပြန်လာပြဖို့ မလိုတော့ပါဘူး "
ဦးလေးကြီးက မေးစရာကျန်နေသေးသည့်ဟန် တွန့်ဆုတ်တွန့်ဆုတ် လုပ်နေခဲ့သဖြင့် သူကပင် အလိုက်တသိ မေးမြန်းလိုက်သည်။
" ရတယ် ဦးလေး မေးစရာရှိတာ မေးပါ "
" အစားအသောက် ဘာတွေစားရမလဲ ရေချိုးလို့ရော ရပြီလား ဆရာ "
" အပူအစပ်ကလွဲရင် စားလို့ရပြီ ရေလည်း ချိုးလို့ရပါတယ် ကဲ မေးစရာ မရှိရင် နောက်တစ်ယောက် ခေါ်လိုက်မယ်နော် "
" ခဏလေး ဆရာ ပိုက်ဆံ ဘယ်လောက်ပေးရမလဲ "
တိုင်းရင်းသားဦးကြီးတွေဆိုတော့လည်း စကားကို တည့်တိုးသာ ပြောတတ်ကြသည်။ ဆေးရုံလာလျှင် ပိုက်ဆံပေးရမည်ဆိုသည့် အသိသာ ရှိကြသည် မဟုတ်လား။
" အစိုးရဆေးရုံမှာ ပိုက်ဆံပေးဖို့ မလိုပါဘူး ဆေးရုံမှာမရှိတဲ့ဟာတွေ ဝယ်ရရင်သာ ပိုက်ဆံလိုတာပါ "
" ဟုတ်ပြီဆရာ ကျေးဇူးပဲနော့် သွားလိုက်ဦးမယ် "
ဦးလေးကြီး ထွက်သွားမှ ဘေးနားကဆရာမနှင့် အပြန်အလှန်ကြည့်ကာပြုံးလိုက်မိကြသည်။ ဆရာမလေးကလည်း ပစ္စည်းတွေကို အမြန်သိမ်းလိုက်ရင်း ပြောသည်။
" အရင်ကဆို ဒီဆေးရုံမှာ အခမဲ့ကုပေးတာ မရှိဘူးလေ ဆရာရဲ့ အခုနောက်ပိုင်း ဆရာတို့ရောက်လာပြီးမှသာ "
" ခေတ်ကလည်း ပြောင်းလာပြီလေ ဆရာမရဲ့ နောက်လူနာတစ်ယောက် ခေါ်လိုက်ပါဦး "
" စိုင်းခမ်း ရှိသလား "
" ရှိတယ် ဆရာမ "
ဒီတစ်ခါဝင်လာသည်ကတော့ လူငယ်တစ်ယောက်။ မှတ်တမ်းစာအုပ်ကို ကြည့်လိုက်တော့ လူနာအသစ်ပင်။ ပြင်ပလူနာဌာနဆီက ဆရာဝန်လေးရဲ့ စမ်းသပ်စစ်ဆေးချက် တချို့သာ ရေးမှတ်ထားသည်ကို ကြည့်ရင်း လူနာကို မေးလိုက်မိသည်။
" အူကျနေတာပဲ ဟုတ်လား "
" ဟုတ်ကဲ့ ဆီးခုံနားမှာ ဖောင်းနေတယ် ဆရာ "
" ကုတင်ပေါ်လှဲလိုက်ပါဦး"
ကုတင်ပေါ်လှဲအိပ်ခိုင်းပြီးနောက် ရှမ်းဘောင်းဘီကို အောက်လျှောခိုင်းတော့ ဘေးနာရှိ ဆရာမလေးကြောင့် ရှက်နေဟန်တူသည်။ မသိချင်ယောင်ဆောင် ကာ စမ်းသပ်စရာရှိသည်ကိုသာ စမ်းသပ်ပြီးနောက် လက်အိတ်ကို ချွတ်လိုက်ရင်း
" ခွဲစိတ်ခန်းဝင်ရမယ် အရမ်းကြီးစိုးရိမ်စရာမလိုပါဘူး သုံးရက်လောက်ပဲ ဆေးရုံတက်ရမှာ အဆင်ပြေလား "
" ဟုတ်ကဲ့ဆရာ "
" အူနံရံကို ကျွံပြီး အပြင်ထွက်နေတာ အဲ့တာ နံရံလေးကို ဇကာနဲ့ဖာပြီးရင် ပြီးပြီ လိုအပ်တဲ့ စစ်ဆေးမှုတွေတော့ လုပ်ရဦးမယ် အခုပဲဆေးရုံတက်မလား ညနေ ခွဲပေးမယ် "
" ဆရာ အဆင်ပြေသလိုသာ စီစဥ်ပါ "
လူနာဆီမှ သဘောတူညီချက်ရတော့ ဆေးရုံတက်ခိုင်းရန်ပြင်ဆင်ရသည်။ မှတ်တမ်းတွင် ရေးလိုက်ပြီးမှ ဆရာမလေးဆီ စာအုပ်ပြန်ကမ်းပေးရင်း တစ်ခါတည်းမှာလိုက်သည်။
" သူ့ကို Admit လုပ်မယ် Omit feed ကို အခုကနေ စပြီး လုပ်လိုက်တော့ OT team ကို inform တစ်ခါတည်းလုပ်ပါ infection ပါ စစ်ထားလိုက်မယ်နော် "
( admit- ဆေးရုံတက်
Omit feed _ အစာရေဖြတ် ၊ infection- ကူးစက်ရောဂါရှိမရှိ )
" ဟုတ်ကဲ့ဆရာ Pre med ပေးဦးမလား Drip ရောထည့်ဦးမလား "
( မခွဲစိတ်မီ ထိုးရမည့်ဆေး၊ Drip ပုလင်းကြီးချိတ် )
ဆရာမလေးအမေးကြောင့် လူနာနှင့်သင့်တော်မည့် ဆေးကို ပေးရမည့်အကြောင်း တွေးမိသည်။
" Drip တစ်လုံးပဲ Drop by drop ချပေးလိုက်ဆရာမ. ပြီးတော့ ceftriaxone test လုပ်ပြီး ထိုးပေးလိုက်ပါ "
( ဆေးပုလင်းကိုဖြည်းဖြည်းပဲ ချိတ် ပိုးသတ်ဆေး စမ်းသပ်ပြီးမှ ထိုး )
" 1hour before OT ပဲနော် ဆရာ "
" အင်း "
ဆရာမလေးက ထိုလူနာကိုခေါ်ကာ ထွက်သွားသည့်အချိန် ကျန်သည့် လူနာတွေကို သူ့ဘာသာ ခေါ်ကာ ကြည့်လိုက်တော့သည်။ လူနာတွေအကုန်လုံးကြည့်ပြီးသည့်အချိန် ညနေ ၄နာရီပင် ထိုးတော့မည်။ဗိုက်လည်း ဆာလှပြီမို့ လက်ဆေးကာ ဆိုင်တစ်ဆိုင်သို့ သွားစားရန် ထွက်လာခဲ့လိုက်သည်။ ဆေးရုံအဝင်ဝမှာပင် သူ့လို နေ့လည်စာစားရန် ထွက်လာသည့် အရုဏ်ဦးနှင့် တည့်တည့်တိုးတော့သည်။
" နေ့လည်စာ ခုမှစားမလို့လား "
" အင်း မင်းရောလား "
အေးတိအေးစက်သာ ဖြေပြီး အရှေ့က ထွက်သွားသဖြင့် လှမ်းအော်ရပြန်သည်။
" နေ့လည်စာ ငါကျွေးမယ်လေ ကော်ဖီတစ်ထုပ်အတွက် ပြန်ပေးတာပေါ့ "
သူ့စကားကို ကြားတော့ ရပ်သွားပေမယ့် နောက်ပြန်လှည့်မကြည့်ချေ။
" မလိုဘူး " ဟု သာ ဆိုကာ အပြင်ဘက်ကို ဆက်လျှောက်သွားတော့သည်။ ခေါင်းကိုသာ အသာရမ်းလိုက်မိပြီး စားနေကျ ထမင်းဆိုင်ကိုသာ ထွက်လာလိုက်တော့သည်။
အေးလွန်းတဲ့ဆောင်းရာသီတောင် အရုဏ်ဦးလောက် အေးစက်နေမည်မဟုတ်ပေ။
ဆက်ရန်
Zawgyi
ေဒါက္ ေဒါက္ ေဒါက္
"ဝင္ခဲ့ပါ "
ၿဖိဳးသူက တံခါးဝမွာ အၿပဳံးမ်က္ႏွာနဲ႕ ေပၚလာသည္။
" OPD ၾကည့္ေတာ့မလား ဆရာ " ( ျပင္ပလူနာၾကည့္)
ၿဖိဳးသူရဲ႕စကားေၾကာင့္ နာရီကို တစ္ခ်က္ၾကည့္မိေတာ့ ေန႕ခင္း တစ္နာရီပင္ရွိေနေခ်ၿပီ။ ေကာ္ဖီတစ္ခြက္သာ ေသာက္ထားရေသးေသာ္လည္း လူနာေတြေစာင့္ေနရမည္ကို အားနာသျဖင့္ ေန႕လည္စာကို ေနာက္မွသာစားရန္ေတြးထားလိုက္သည္။
" ေအး ၾကည့္ၾကတာေပါ့ "
ခြဲစိတ္ေဆာင္ အစြန္ဖ်ားရွိ OPD အခန္းထဲ ဝင္ကာ ထိုင္ေစာင့္လိုက္ေတာ့ တာဝန္က် ဆရာမေလးေတြထဲက တစ္ေယာက္ျဖစ္သည့္ နန္းခမ္းေနာင့္ က အခန္းထဲဝင္လာသည္။ လူနာမွတ္တမ္းတစ္ခုကို ခ်ေပးရင္း
" ဒီေန႕ လူနာမ်ားတယ္ဆရာ အခုက Follow up လာျပတဲ့ သူေတြကို အရင္ေခၚလိုက္မယ္ေနာ္ " ( ရက္ခ်ိန္းျပန္ျပသူ )
" ဟုတ္ၿပီ ေခၚလိုက္ေလ ဆရာမ "
ဆရာမေလးက စာအုပ္ကို ခ်ေပးၿပီး အျပင္ျပန္ထြက္ကာ လူနာနာမည္ကို ေအာ္ေခၚလိုက္သည္။
" ခြန္ထြန္းေအာင္ ရွိပါသလား "
" ရွိတယ္ ဆရာမ "
မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္လာေသာ ခြန္ထြန္းေအာင္ဟာ အသက္ေလးဆယ္႐ြယ္ရွိေလာက္ၿပီျဖစ္ေသာ ဦးေလးႀကီးပင္။ စာအုပ္ကို ၾကည့္လိုက္ေတာ့ အရင္တစ္ပတ္က ေဆး႐ုံဆင္းေပးလိုက္သည့္လူနာပင္။ အူအတက္ေပါက္သျဖင့္ ခြဲစိတ္ထားရသည့္ လူနာေပမို႔ ခ်ဳပ္ရိုးျဖည္ရန္ လာျခင္းသာ ျဖစ္မည္ဟုလည္း ခန့္မွန္းမိလိုက္သည္။
" ဘယ္လိုေနလဲ ဦးေလး "
" ေနေကာင္းသြားၿပီဆရာ ခ်ဳပ္ရိုးျဖည္ဖို႔ျပန္လာခဲ့တာ "
" ကဲ ဟုတ္ပါၿပီ ဟိုဘက္က ကုတင္ေပၚ လွဲလိုက္ပါဦး အနာလည္း တစ္ခ်က္ၾကည့္ရေအာင္ "
လူနာကုတင္ေပၚ လွဲအိပ္ခိုင္းလိုက္ၿပီး အနီးနားရွိ လက္အိတ္တစ္စုံကိုစြပ္ကာ လူနာအနီးသို႔သြားလိုက္သည္။ ဆရာမေလးကလည္း အလိုက္တသိပင္ အနာေဆးထည့္ဖို႔ရာ အသင့္ျပင္ထားေပးသည္။
" အကၤ်ီလွန္ဦးမယ္ေနာ္ "
ခြင့္ေတာင္းၿပီးမွသာ အကၤ်ီကို လွန္လိုက္ၿပီးေနာက္ ပတ္တီးစကို ခြာကာ အမွိုက္ပုံးထဲ ပစ္ထည့္လိုက္သည္။ အနာအေျခေနေကာင္းသည္ကို ျမင္မွ ဆရာမေလးကို ေျပာလိုက္သည္။
" ဆရာမေရ STO လုပ္မယ္ ျပင္ထားၿပီးသားလား " ( ခ်ဳပ္ရိုးျဖည္ )
" Dressing box ထဲမွာ အသင့္ပါၿပီးသားပါ ဆရာ Glove လဲဦးမလား " (အနာေဆးထည့္ရန္ ပိုးသတ္ထားသည့္ box, Glove လက္အိတ္ ).
" ဟုတ္ ၇ ခြဲေလး တစ္စုံေပးပါ " ( ပိုးသတ္ထားသည့္ လက္အိတ္ size 7 1/2 )
ဆရာမေလး ကမ္းေပးလာသည့္ လက္အိတ္ကို ေဖာက္ဝတ္ၿပီးမွ အနာခ်ဳပ္ရိုးမ်ားကို ျဖည္လိုက္သည္။ အၿပီးသတ္ betadine သုတ္လိမ္းၿပီးေနာက္ လက္အိတ္ကို ခြၽတ္ကာ ေဘစင္တြင္ လက္သြားေဆးလိုက္သည္။ လူနာသည္လည္း အေရွ႕ခုံတြင္ ျပန္ထိုင္သည္။
" အခုက ခ်ဳပ္ရိုးျဖည္ၿပီးၿပီဆိုေတာ့ ရပါၿပီ ေသာက္လက္စေဆးေတြကုန္ရင္ ရပ္လိုက္ေတာ့ "
" ဘယ္ရက္ ျပန္လာျပရဦးမလဲဆရာ "
"ျပန္လာျပဖို႔ မလိုေတာ့ပါဘူး "
ဦးေလးႀကီးက ေမးစရာက်န္ေနေသးသည့္ဟန္ တြန့္ဆုတ္တြန့္ဆုတ္ လုပ္ေနခဲ့သျဖင့္ သူကပင္ အလိုက္တသိ ေမးျမန္းလိုက္သည္။
" ရတယ္ ဦးေလး ေမးစရာရွိတာ ေမးပါ "
" အစားအေသာက္ ဘာေတြစားရမလဲ ေရခ်ိဳးလို႔ေရာ ရၿပီလား ဆရာ "
" အပူအစပ္ကလြဲရင္ စားလို႔ရၿပီ ေရလည္း ခ်ိဳးလို႔ရပါတယ္ ကဲ ေမးစရာ မရွိရင္ ေနာက္တစ္ေယာက္ ေခၚလိုက္မယ္ေနာ္ "
" ခဏေလး ဆရာ ပိုက္ဆံ ဘယ္ေလာက္ေပးရမလဲ "
တိုင္းရင္းသားဦးႀကီးေတြဆိုေတာ့လည္း စကားကို တည့္တိုးသာ ေျပာတတ္ၾကသည္။ ေဆး႐ုံလာလွ်င္ ပိုက္ဆံေပးရမည္ဆိုသည့္ အသိသာ ရွိၾကသည္ မဟုတ္လား။
" အစိုးရေဆး႐ုံမွာ ပိုက္ဆံေပးဖို႔ မလိုပါဘူး ေဆး႐ုံမွာမရွိတဲ့ဟာေတြ ဝယ္ရရင္သာ ပိုက္ဆံလိုတာပါ "
" ဟုတ္ၿပီဆရာ ေက်းဇူးပဲေနာ့္ သြားလိုက္ဦးမယ္ "
ဦးေလးႀကီး ထြက္သြားမွ ေဘးနားကဆရာမႏွင့္ အျပန္အလွန္ၾကည့္ကာၿပဳံးလိုက္မိၾကသည္။ ဆရာမေလးကလည္း ပစၥည္းေတြကို အျမန္သိမ္းလိုက္ရင္း ေျပာသည္။
" အရင္ကဆို ဒီေဆး႐ုံမွာ အခမဲ့ကုေပးတာ မရွိဘူးေလ ဆရာရဲ႕ အခုေနာက္ပိုင္း ဆရာတို႔ေရာက္လာၿပီးမွသာ "
" ေခတ္ကလည္း ေျပာင္းလာၿပီေလ ဆရာမရဲ႕ ေနာက္လူနာတစ္ေယာက္ ေခၚလိုက္ပါဦး "
" စိုင္းခမ္း ရွိသလား "
" ရွိတယ္ ဆရာမ "
ဒီတစ္ခါဝင္လာသည္ကေတာ့ လူငယ္တစ္ေယာက္။ မွတ္တမ္းစာအုပ္ကို ၾကည့္လိုက္ေတာ့ လူနာအသစ္ပင္။ ျပင္ပလူနာဌာနဆီက ဆရာဝန္ေလးရဲ႕ စမ္းသပ္စစ္ေဆးခ်က္ တခ်ိဳ႕သာ ေရးမွတ္ထားသည္ကို ၾကည့္ရင္း လူနာကို ေမးလိုက္မိသည္။
" အူက်ေနတာပဲ ဟုတ္လား "
" ဟုတ္ကဲ့ ဆီးခုံနားမွာ ေဖာင္းေနတယ္ ဆရာ "
" ကုတင္ေပၚလွဲလိုက္ပါဦး"
ကုတင္ေပၚလွဲအိပ္ခိုင္းၿပီးေနာက္ ရွမ္းေဘာင္းဘီကို ေအာက္ေလွ်ာခိုင္းေတာ့ ေဘးနာရွိ ဆရာမေလးေၾကာင့္ ရွက္ေနဟန္တူသည္။ မသိခ်င္ေယာင္ေဆာင္ ကာ စမ္းသပ္စရာရွိသည္ကိုသာ စမ္းသပ္ၿပီးေနာက္ လက္အိတ္ကို ခြၽတ္လိုက္ရင္း
" ခြဲစိတ္ခန္းဝင္ရမယ္ အရမ္းႀကီးစိုးရိမ္စရာမလိုပါဘူး သုံးရက္ေလာက္ပဲ ေဆး႐ုံတက္ရမွာ အဆင္ေျပလား "
" ဟုတ္ကဲ့ဆရာ "
" အူနံရံကို ကြၽံၿပီး အျပင္ထြက္ေနတာ အဲ့တာ နံရံေလးကို ဇကာနဲ႕ဖာၿပီးရင္ ၿပီးၿပီ လိုအပ္တဲ့ စစ္ေဆးမႈေတြေတာ့ လုပ္ရဦးမယ္ အခုပဲေဆး႐ုံတက္မလား ညေန ခြဲေပးမယ္ "
" ဆရာ အဆင္ေျပသလိုသာ စီစဥ္ပါ "
လူနာဆီမွ သေဘာတူညီခ်က္ရေတာ့ ေဆး႐ုံတက္ခိုင္းရန္ျပင္ဆင္ရသည္။ မွတ္တမ္းတြင္ ေရးလိုက္ၿပီးမွ ဆရာမေလးဆီ စာအုပ္ျပန္ကမ္းေပးရင္း တစ္ခါတည္းမွာလိုက္သည္။
" သူ႕ကို Admit လုပ္မယ္ Omit feed ကို အခုကေန စၿပီး လုပ္လိုက္ေတာ့ OT team ကို inform တစ္ခါတည္းလုပ္ပါ infection ပါ စစ္ထားလိုက္မယ္ေနာ္ " ( admit- ေဆး႐ုံတက္
Omit feed _ အစာေရျဖတ္ ၊ infection- ကူးစက္ေရာဂါရွိမရွိ )
" ဟုတ္ကဲ့ဆရာ Pre med ေပးဦးမလား Drip ေရာထည့္ဦးမလား " ( မခြဲစိတ္မီ ထိုးရမည့္ေဆး၊ Drip ပုလင္းႀကီးခ်ိတ္ )
ဆရာမေလးအေမးေၾကာင့္ လူနာႏွင့္သင့္ေတာ္မည့္ ေဆးကို ေပးရမည့္အေၾကာင္း ေတြးမိသည္။
" Drip တစ္လုံးပဲ Drop by drop ခ်ေပးလိုက္ဆရာမ. ၿပီးေတာ့ ceftriaxone test လုပ္ၿပီး ထိုးေပးလိုက္ပါ " ( ေဆးပုလင္းကိုျဖည္းျဖည္းပဲ ခ်ိတ္ ပိုးသတ္ေဆး စမ္းသပ္ၿပီးမွ ထိုး )
" 1hour before OT ပဲေနာ္ ဆရာ "
" အင္း "
ဆရာမေလးက ထိုလူနာကိုေခၚကာ ထြက္သြားသည့္အခ်ိန္ က်န္သည့္ လူနာေတြကို သူ႕ဘာသာ ေခၚကာ ၾကည့္လိုက္ေတာ့သည္။ လူနာေတြအကုန္လုံးၾကည့္ၿပီးသည့္အခ်ိန္ ညေန ၄နာရီပင္ ထိုးေတာ့မည္။ဗိုက္လည္း ဆာလွၿပီမို႔ လက္ေဆးကာ ဆိုင္တစ္ဆိုင္သို႔ သြားစားရန္ ထြက္လာခဲ့လိုက္သည္။ ေဆး႐ုံအဝင္ဝမွာပင္ သူ႕လို ေန႕လည္စာစားရန္ ထြက္လာသည့္ အ႐ုဏ္ဦးႏွင့္ တည့္တည့္တိုးေတာ့သည္။
" ေန႕လည္စာ ခုမွစားမလို႔လား "
" အင္း မင္းေရာလား "
ေအးတိေအးစက္သာ ေျဖၿပီး အေရွ႕က ထြက္သြားသျဖင့္ လွမ္းေအာ္ရျပန္သည္။
" ေန႕လည္စာ ငါေကြၽးမယ္ေလ ေကာ္ဖီတစ္ထုပ္အတြက္ ျပန္ေပးတာေပါ့ "
သူ႕စကားကို ၾကားေတာ့ ရပ္သြားေပမယ့္ ေနာက္ျပန္လွည့္မၾကည့္ေခ်။
" မလိုဘူး " ဟု သာ ဆိုကာ အျပင္ဘက္ကို ဆက္ေလွ်ာက္သြားေတာ့သည္။ ေခါင္းကိုသာ အသာရမ္းလိုက္မိၿပီး စားေနက် ထမင္းဆိုင္ကိုသာ ထြက္လာလိုက္ေတာ့သည္။
ေအးလြန္းတဲ့ေဆာင္းရာသီေတာင္ အ႐ုဏ္ဦးေလာက္ ေအးစက္ေနမည္မဟုတ္ေပ။
ဆက္ရန္