24/7 COOL KID

By yuppie_wang

10.8K 1.4K 566

This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don'... More

Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 8

Ep - 7

933 177 90
By yuppie_wang

(Unicode)

ရှောင်းကျင့်က ကားတံခါးကို အလိုက်တသိဖွင့်ပေးတော့ ရိပေါ်က ကားထဲ အလိုက်သင့်လေးဝင်ရုံ။

ခါးပတ် ပတ်နေဆဲမှာပဲ ဖုန်းသံမြည်လာသည်။ ခေါ်ဆိုသူက ဒီတစ်ခါမှ တကယ် ရှောင်းကျန့်ပဲဖြစ်၏။ contact ကို အသည်းပုံလေးနဲ့သာမှတ်ထားသည်မို့ တခြားသူကြည့်ရင် မည်သူမည်ဝါဆိုတာ မသိနိုင်။

ရိပေါ်လည်း စိတ်ရှုပ်ရှုပ်နဲ့ ဖုန်းချပစ်လိုက်သည်။ ဆက်တိုက်ခေါ်နေတာနဲ့ ဖုန်းပါပိတ်ပစ်လိုက်၏။

ရှောင်းကျင့်ကတော့ ရိပေါ်ကိုမသိမသာအကဲခတ်ရင်း ဖုန်းကိုပါခ်ိုးကြည့်လိုက်သေးသည်။ အသည်းပုံလေးကိုတွေ့တော့ ရင်ထဲ မကောင်းတောင်ဖြစ်သွား၏။

ကလေးလေးက သဘောကျနေတဲ့လူများရှိနေတာလား ?

" ဖုန်းမကိုင်ဘူးလား "

ရှောင်းကျင့်က ဘာမှမသိချင်ယောင်ဟန်ဆောင်ပြီး ရိပေါ်ကိုမေးလိုက်သည်။

" မကိုင်ဘူး "

" ဘယ်သူခေါ်တာလဲ "

မေးခွန်းက စည်းကျော်နေမလားမသိပေမယ့် သိချင်ဇောနဲ့ ထပ်မေးလိုက်သည်။

" ဒီတိုင်း ဘာမှ အရေးမပါတဲ့ လူတစ်ယောက်ပါ "

" သြော် "

ထို့နောက် ရှောင်းကျင့်လည်း ကားက််ိုသာ အာရုံစိုက်မောင်းနေလိုက်တော့သည်။

ရှောင်းကျင့်က ရိပေါ်ကို ကိတ်မုန့်ဆိုင်တစ်ဆိုင်ကိုခေါ်လာခဲ့သည်။ ဆိုင်ရှေ့ကားရပ်တာမြင်တော့ ရိပေါ်က အလိုလိုမျက်မှောင်ကုတ်သွားသည်။

" ဘာလို့ ဒီကိုခေါ်လာတာလဲ "

" ပျော်စေချင်လို့ပါ စိတ်ညစ်ရင် အချိုစားပေးရတယ်တဲ့ ဟီးဟီး "

ရှောင်းကျင့်က ရှေ့သွားတွေအကုန်ပေါ်တဲ့အထိ ရယ်ပြလာသည်။ ဦးနဲ့ ရုပ်တူနေတာကြီးကိုလည်း အမြင်ကတ်သည်။ အဲ့ဒီယုန်သွားလိုမျိုး သွားတွေကရော ဘာလို့ တူနေရတာလဲ။

ရှောင်းကျင့်ကို ဦးအမှတ်နဲ့ ပိတ်သာထိုးပစ်ချင်တော့သည်။ ဦးလေးကြီးတွေဖြစ်ပြီး ဘာလို့ အချိုတွေကြိုက်နေရတာလဲ။

ရိပေါ်က စိတ်ဆိုးလို့မှ ကိတ်မုန့်တောင် အမှိုက်ပုံးထဲထည့်ပစ်လ်ိုက်ပါတယ်ဆို ဦးလေးကြီးကလည်း ရိပေါ်ကို ခေါ်လာတာ ကိတ်မုန့်ဆိုင်ဆိုတော့ ရယ်ရအခက် ငိုရအခက်။

" ကျွန်တော်က အချိုမကြိုက်ဘူး ဦးလေးကြီး "

တကယ်ဆို ရိပေါ်က အချိုစားရတာ အရမ်းကြိုက်သည်။ ဦးလည်း ကြိုက်သည်လေ။ အဲ့လို ဦးက ကြိုက်တော့ ရိပေါ်က ဦးကို စိတ်တိုနေသည့်အတွက် အချိုမစားတော့ပါ။

ဒါဆို ဘာစားရမလဲ။ ဟုတ်တယ် ။ အချဥ် !

အချိုနဲ့ ဆန့်ကျင်ဘက် အချဥ်ပဲစားမည်။

ဦးကိုလည်း အမြင်ကတ်ပစ်လိုက်ဦးမည်။

" ဒါဆို ဘာစားမှာလဲ "

" အချဥ် "

" အမ် "

" သစ်သီးတွေချည်း ရောင်းတဲ့ဆိုင်တစ်ခုခုကို သွားရအောင် "

" ကလေးလေးသဘော "

ထို့နောက် ရှောင်းကျင့်က ရိပေါ်သဘောအတိုင်း သစ်သီးနဲ့ဖျော်ရည်ရောင်းတဲ့ဆိုင်တစ်ခုကို သွားလိုက်သည်။

ရှောင်းကျင့်ရောက်သွားတဲ့ ဆိုင်က luxury fruit တွေရောင်းတဲ့ဆိုင်ဖြစ်ပြီး သစ်သီးတွေက စျေးကြီးပြီး တကယ့် premium အဆင့်။

ရာသီစာမဟုတ်တဲ့ သစ်သီးတွေလည်း အစုံရသည်။

ရိပေါ်ကို ကြိုက်တာရွေးခိုင်းတော့ ရိပေါ်က လေးထောင့်ဖရဲသီးရယ် အစေ့မပါတဲ့ လိမ္မော်သီးရယ် မက်မွန်သီးရယ် စပျစ်သီးရယ်ကို ရွေးချလာသည်။

အသီးတွေ တစ်စိတ်ပြီး တစ်စိတ်ကောက်ဝါးနေတာ ရှောင်းကျင့်ကိုတောင်မကြည့်။ ရှောင်းကျင့်ကတော့ အစားစားနေတဲ့ ရိပေါ်ကိုကြည့်ရင်း ပီတိဖြာနေသည်။

" ချစ်စရာလေး "

" ဟမ် ဘာပြောတာ "

" ဝမ်ရိပေါ်က ဘာတွေစားလို့ ဒီလိုချစ်ဖို့ကောင်းနေတာလဲ ဟမ် "

ရှောင်းကျင့်က အသည်းတယားယားနဲ့ ရိပေါ်ရဲ့ ပါးကို ခပ်ဖွဖွဆွဲညှစ်လ်ိုက်သည်။

" ဦးလေးကြီးမြင်တဲ့အတိုင်းပဲ အသီးစားနေတာလေ "

" ဟာ ဦးလေးကြီးလို့ မခေါ်ပါနဲ့ဆိုကွာ "

ရှောင်းကျင့်က မဲ့ရှုံ့သွားတော့ ရိပေါ်က ဂရုမစိုက်သလို မျက်လုံးကိုလှန်ကြည့်ပြီး စားစရာရှိတာ ဆက်စားနေလိုက်သည်။ ရှောင်းကျင့်ရဲ့ ရုပ်က တကယ်ရယ်ချင်စရာကြီး။

ဦးလေးကြီးအရွယ်မို့ ဦးလေးကြီးခေါ်တာကို ဘာတွေဖြစ်။

တွေးကြည့်မှပဲ ဦးဆီ အတွေးရောက်သွားပြန်သည်။

ဦးလေးကြီး ရှောင်းကျင့် လိုပဲ ဦးလည်း သူ့ကို ဦးလို့ ခေါ်တာ မကြိုက်ဘူး။

ဟား ! ဘယ်သူ့ကို တွေးနေတာလဲ ဝမ်ရိပေါ်။အတွေးထဲက ပြန်ထုတ်စမ်း !

" ကလေးလေး ဒါနဲ့ မနက်ဖြန် ကိုယ့်မွေးနေ့ "

" ဟင် အင်း "

" ကိုယ့်မွေးနေ့လုပ်မှာလာခဲ့နော်။ လူလွှတ်လိုက်မယ် "

ရိပေါ်က စပျစ်သီးတစ်လုံးကိုကောက်ဝါးလိုက်သည်။

ရှောင်းကျင့်လို လူကြီးကိုကျ ရိပေါ်က ဘာလက်ဆောင်ပေးရမယ်မသိ။

ဒါနဲ့ ဦးမွေးနေ့ကရော ဘယ်တော့ပါလိမ့်။ ရိပေါ်က ဦးကိုကြောင်ချင်တာပဲသိပြီး တခြားဘာမှ ရေရေရာရာ မစုံစမ်းထားမိ။

" လာမယ်လေ "

" လက်ဆောင်မပေးတော့ဘူးလား "

" ဘာပေးရမယ်မသိလို့ "

ရိပေါ်က အားနာပါးနာနဲ့ပဲ ဖြည်းပြလိုက်သည်။

" ကိုယ့်ရည်းစားလုပ်ပေးပါလား "

" အဟွတ် "

ရှောင်းကျင့်ဆီက ရည်းစားစကားပြောခံလိုက်ရတာကြောင့် ရိပေါ်က တံတွေးပါသီးသွားသည်။

" စတာပါ ကိုယ်က ။ ရေသောက်လိုက်ဦး။ အင်း.... တကယ် ကိုယ့်ရည်းစားဖြစ်ပေးရင်လည်း ကောင်းတာပဲ ဟီးဟီး "

ရှောင်းကျင့်ကို ရိပေါ်က ဘာမှဆက်မပြောဖြစ်တော့ပါ။ ထိုအခါ ရှောင်းကျင့်လည်း ရှက်ရမ်းရမ်းပြီး စကားလွှဲပြီး ရောက်တတ်ရာရာတွေပြောတော့၏။

စားချင်တာတွေ အကုန်လျှောက်စားပြီးတော့ ရှောင်းကျင့်က အိမ်ကိုပြန်ပို့သည်။

ရိပေါ်က စက်ပိတ်ထားတဲ့ ဖုန်းကို ခုထိမဖွင့်ရသေး။ ဖွင့်လိုက်လို့ ဦးဆီက missed call တွေအများကြီးဝင်ထားရင်ဆိုပြီး တွေးမိတော့ ရင်ထဲမကောင်း။

အာရုံပြောင်းဖို့လိုတာမို့ တစ်ခုခုကို အာရုံစိုက်ကြည့်ဖို့ပြင်သည်။ ဒါနဲ့ပဲ သီချင်းနားထောင်ဖို့အကြံရသည်။ အိတ်ထဲရှာကြည့်တော့ နားကြပ်ကပါမလာ။ ဒါနဲ့ပဲ ကားမောင်းနေတဲ့ ရှောင်းကျင့်ကို အပူကပ်ဖို့လုပ်ရတော့သည်။

" ဦးလေးကြီး "

" အဲ့လိုမခေါ်ပါနဲ့ဆိုကွာ ။ စတွေ့တုန်းကလို ကိုကိုလို့ခေါ်ပါ့လား "

" မခေါ်ချင်ပါဘူး။ ဒါနဲ့ သီချင်းဖွင့်လို့ရလား "

" Bluetooth နဲ့ချိတ်ပြီး ကလေးလေးကြိုက်ရာဖွင့်လိုက်လေ "

" ဟုတ်ပြီ "

ရှောင်းကျင့်ရဲ့ အကြံကြောင့် ရိပေါ်လည်း ဖွင့်ချင်တဲ့ သီချင်းတွေဖွင့်ချလိုက်တော့သည်။ ဖွင့်လ်ိုက်တာက န်ိုင်ငံခြားက ပေါ့ပ်အဆိုတော် မိန်းကလေးအဖွဲ့ရဲ့ လတ်တလော ရေပန်းစားနေတဲ့ သီချင်း။

" ရိပေါ်က xxအဖွဲ့ကိုကြိုက်တာလား "

" အင်း "

" ကိုယ်ရောပဲ "

" တကယ် "

အကြိုက်ချင်းတူတယ်ဆိုတော့ ရိပေါ်ရဲ့ မျက်လုံးလေးတွေ အရောင်တောက်လာသည်။

" ဒါပေါ့ ကိုယ်က အဲ့ဒီထဲက visual ကိုကြိုက်တာ "

" ကျွန်တော်က main dancer ကို ဟီး။ ဒါဆ်ို bias မလုရတော့ဘူးပေါ့ "

ပြီးတော့ အိမ်ရောက်တဲ့အထိ ရှောင်းကျင့်နဲ့ စကားတပြောပြောဖြင့် အိမ်ရှေ့ကိုတောင်ရောက်လာခဲ့သည်။

သေချာပေါင်းကြည့်တော့လည်း ရှောင်းကျင့်နဲ့ ရိပေါ်နဲ့ က အကြိုက်တော်တော်များများတူသား။

ဦးက လူကြီးတအားဆန်ပေမယ့် ရှောင်းကျင့်ကတော့ လူငယ်ဆန်သည်။ ရိပေါ်တို့လို လူငယ်အကြိုက်တွေသာကြိုက်တတ်ပုံရသည်။

" ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေးကြီး "

" .... "

ရှောင်းကျင့်က ဦးလေးကြီးခေါ်ခံရတာကြောင့် မျက်နှာကြီးဆူပုပ်နေတာမို့ ရိပေါ်လည်း သဘောတကျရယ်ပစ်လိုက်သည်။ ခေါင်းကိုမော့ကာ တဟားဟား ရယ်ချလိုက်တော့ စိတ်ပေါ့ပါးသွားသည်။

" စတာပါ စတာပါ အစ်ကိုကြီးလို့ ခေါ်မယ်နော် "

" မနက်ဖြန်ကိုယ် လူလွှတ်လိုက်မယ်နော်။ ဘာလက်ဆောင်မှ မပေးလည်းရတယ် "

ရှောင်းကျင့်က ရိပေါ်ရဲ့ ခေါင်းကိုလက်နဲ့ ပုတ်ပြီး ပါးကို ခပ်ဖွဖွဆွဲဖဲ့သည်။

" အ်ိမ်ထဲဝင်တော့မယ်။ ကောင်းကောင်းပြန်ပါ "

ရိပေါ်က ရှောင်းကျင့်ကို နှုတ်ဆက်ပြီး ကားပေါ်က ဆင်းလိုက်၏။ ရိပေါ် အိမ်ထဲကိုဝင်သွားပြီဆိုမှ ရှောင်းကျင့်က မောင်းထွက်သွားလေသည်။

ရိပေါ်လည်း အိမ်မကြီးထဲအထိမဝင်သေးပဲ ခြံတံခါးနားမှာတင်ကပ်ပြီး ရပ်နေမိ၏။

ဦးက ရည်းစားရှိတယ်ဆို ရှောင်းကျင့်ကိုပဲ ကြိုက်လိုက်သင့်လား?

အဲ့လိုတွေးပြီး ‌ရိပေါ်က ခေါင်းယမ်းပစ်လိုက်သည်။

တော်ပြီ နောက်ထပ် ဘယ်သူ့ကိုမှ သဘောမကျချင်တော့ဘူး!
.
.
.
.
.
.
.

ရှောင်းကျင့်က လူလွှတ်ပြီးလာခေါ်တဲ့အတွက် ရိပေါ်လည်း ရှောင်းကျင့်ရဲ့ အိမ်ကိုလာခဲ့လိုက်သည်။

ခြံထဲရောက်တာနဲ့ ရိပေါ်ကိုလူတစ်ယောက်ကလာကြိုတော့ လာခေါ်တဲ့လူနောက်ကိုလိုက်သွားရ၏။ မွေးနေ့ပါတီပဲဆိုတော့ ရှောင်းကျင့်လည်း ပေါ့ပေါ့ပါးပါးဝတ်စားထား၏။

" ကျေးဇူးတင်ပါတယ် ကိုယ့်မွေးနေ့ကို လာပေးလို့ "

" အာ .... ရပါတယ် "

မွေးနေ့ရှင်က ကျေးဇူးတင်စကားဆိုလေတော့ ရိပေါ်က အားနာသွားရသည်။ နောက်ပြီး ရိပေါ်က ဘာလက်ဆောင်မှလည်း ဝယ်မလာမိပါ။ ဘာဝယ်ပေးရမှန်းမသိလို့ တကယ် ဝယ်မလာလိုက်တာဖြစ်သည်။

"ဒါနဲ့ ခဏနေ ကိုယ့်အမွှာအစ်ကိုနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒီနေ့မွေးနေ့က သူနဲ့ရော အတူတူလုပ်တာလေ "

အမွှာအစ်ကိုလို့ကြားလိုက်ရတော့ ရိပေါ်ရင်ထဲ ဒိတ်ခနဲ။ ဦးလေးကြီးအစ်ကိုက ဦးတော့ မဖြစ်နိုင်လောက်ပါဘူး ဟုတ်တယ်မလား။

" သူ့နာမည်က ရှောင်းကျန့်လေ။ ဒါနဲ့ သူက အခု ဘယ်မှာပါလိမ့် ။ အာ ဟိုမှာ "

ရိပေါ်ရပ်နေတဲ့နေရာကနေ ခပ်လှမ်းလှမ်းမှာရှိတဲ့ ရှောင်းကျန့်ကို ရှောင်းကျင့်က လက်ညှိုးထိုးပြသည်။

ဦး မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေခဲ့တာ ရိပေါ် ဆုတောင်းတွေမပြည့်ခဲ့။ ဦးလေးကြီး ရှောင်းကျင့်ရဲ့ အစ်ကိုက တကယ်ပဲ ဦး ဖြစ်နေခဲ့သည်။

ရှောင်းကျန့်ရဲ့ ဘေးမှာ မနေ့က အမျိုးသမီးကို မြင်လိုက်ရတော့ ရိပေါ်က အောက်နှုတ်ခမ်းကို ဖိကိုက်ပစ်လိုက်သည်။ ရှောင်းကျင့်ကလည်း ထိုအမျိုးသမီးကိုကြည့်ပြီး မကျေမနပ်သံဆိုလာသည်။

" ရှောင်းကျန့်ဘေးက အမျ်ိုးသမီးကို တွေ့လား။ ရှောင်းကျန့်က သူ့ကို လက်ထပ်ဖို့အထိ ပရိုပို့စ်ပါလုပ်ဖူးတာ ။ ဒါပေမယ့် အဲ့ဒီအမျိုးသမီးက ကိုယ့်အစ်ကိုလို ပြီးပြည့်စုံတဲ့လူကို ငြင်းပြီး တခြားယောကျာ်းယူလ်ိုက်တာလေ။ အခုတော့ အိမ်ထောင်ကွဲလာတယ်။ ကိုယ်တော့ အဲ့ဒီအမျိုးသမီးကို ကြည့်မရဘူး "

ရှောင်းကျင့်ကတော့ သွေးရိုးသားရိုးနဲ့ အတင်းတုတ်နေပေမယ့် ရိပေါ်ကတော့ ခံပြင်းစွာဖြင့်လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိသည်။ အောက် နှုတ်ခမ်းက်ိုလည်း သွားနဲ့ ကြိတ်ချေနေတာ သွေးအရသာတောင် ခံစားနေရပြီ။

ဦးက အဲ့ဒီအမျ်ိုးသမီးကို လက်ထပ်ခွင့်ပါတောင်းဖူးတယ်ဆိုတော့ ရိပေါ်ရင်ထဲမှာ နာကျင်ရသည်။

ရည်းစားစကားပြောထားတဲ့ ရိပေါ်ကိုကျ ဦးက မနူးမနပ်လေးပါကွာဆိုပြီး နောက်ကွယ်မှာ လှောင်ရယ်နေမလားတောင်မသိ။

ဦးကို မရမကတွယ်ကပ်နေခဲ့တာတွေ တွေးမိတော့ တကယ်ပဲရှက်လာရသည်။ ဦးကလည်း သူ့ကို ပြတ်ပြတ်သားသား ငြင်းမလွှတ်ခဲ့တာ ဘာသဘောလဲဆိုတာကိုလည်း မစဥ်းစားတတ်ပါ။

ဦးသာ ငါ့မှာချစ်ရတဲ့လူရှိတယ်လို့ ပြတ်ပြတ်သားသား ငြင်းလွှတ်ခဲ့ရင် ရိပေါ်လည်း အရှက်မရှိ တွယ်ကပ်နေမှာမဟုတ်။ ခုတော့ ဦးကို သံယောဇဉ်တွယ်သွားတာပဲ အဖတ်တင်သည်။

" လာ ကိုယ့်အစ်ကိုနဲ့ မိတ်ဆက်ပေးမယ် "

ရှောင်းကျင့်က ရှောင်းကျန့်ဆီသွားမယ်လုပ်တော့ ရိပေါ်က ရှောင်းကျင့်ရဲ့ လက်ကိုဖမ်းဆုပ်ပြီး လက်ချောင်းချင်းယှက်ပစ်လိုက်သည်။ ထိုအခါ ရှောင်းကျင့်က အံ့သြသလိုကြည့်လာ၏။ ရိပေါ်ကတော့ ဘာမှမပြောပဲ ခပ်တည်တည်ဖြင့် ရှေ့တည့်တည့်ကိုသာစိုက်ကြည့်နေလိုက်သည်။

ရှောင်းကျင့်ကတော့ ဘာပြောကောင်းမလဲ ။ ရိပေါ်လက်ကိုကိုင်ထားရတော့ အပျော်ကြီးပျော်လို့။ တစ်လောကလုံးမှာ အပျော်ဆူံးမွေးနေ့ရှင်က သူပဲလို့တောင် ခံစားလိုက်ရသလို။

" ရှောင်းကျန့် "

ရှောင်းကျင့်ကခေါ်လ်ိုက်တော့ ရှောင်းကျန့်က မုန့်ရှင်းရန်နဲ့ စကားတပြောပြောဖြစ်နေရင်းမှ လှည့်ကြည့်လာသည်။ ရိပေါ်ကိုတွေ့လိုက်ရတော့ အံ့သြသွားသလိုမျိူး မျက်လုံးတွေက ဝိုင်းစက်သွား၏။

တစ်ဆက်တည်းဆိုသလိုပဲ ရိပေါ်နဲ့ ရှောင်းကျင့် လက်တွဲထားတာကိုမြင်လိုက်ရတော့ ရှောင်းကျန့်ရဲ့ မျက်ခုံးတွေက ဟန်မဆောင်နိုင်အောင် တွန့်ချိုးသွားရသည်။

အမူအရာပျက်သွားတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး ရိပေါ်က ကျေနပ်နေလိုက်သည်။

" မင်းနဲ့ မိတ်ဆက်ပေးမလို့။ ဒါက ဝမ်ရိပေါ်တဲ့... ငါ့ရဲ့ "

သူငယ်ချင်းလေးလို့လား အသိလို့ပဲမိတ်ဆက်ရမလား တွေဝေနေဆဲမှာ ရိပေါ်က ဖြတ်ပြောလိုက်သည်။

" တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ကိုကို့ရဲ့ ကောင်လေးပါ "

" အမ် "

မျက်လုံးပြူးသွားရသည်မှာ ရှောင်းကျင့်ပဲဖြစ်၏။ ထို့နောက် ရှောင်းကျင့်လည်း အပျော်လုံးဆို့ပြီး ခြံတစ်ပတ် ခုန်ပေါက်ပြေးလွှားချင်စိတ်ပေါက်သွားသည်။

ကလေးလေးက ငါ့ကို ကိုကိုတဲ့ ယုံတောင်မယုံန်ိုင်ဘူး ! ပြီးတော့ ကောင်လေးလို့လည်း ပြောသေးတယ် ဒါက အိမ်မက်လား တကယ်လား !

ရှောင်းကျင့်က သူ့စိတ်သူထိန်း၍ ရှောင်းကျန့်ကို ပြန်မိတ်ဆက်ပေးလိုက်သည်။

" ဟုတ်တယ် ဒါ ငါ့ကောင်လေး "

ရှောင်းကျင့်က ခေါင်းကိုမော်ချီ၍ တစ်လောကလုံးက သူ့အပိုင်စားရထားသလို ပျော်ရွှင်နေသလောက် ရှောင်းကျန့်ရင်ထဲမှာတော့ ပေါက်ကွဲနေခဲ့သည်။

မထိတထိပြုံးနေတဲ့ ရိပေါ်ကို မျက်လုံးချင်းတိုက်စစ်ဆင်ရင်း လက်ထဲက ဖန်ခွက်ကိုကွဲတော့ မတတ်ဖိညှစ်ထားမိ၏။

ဝမ်ရိပေါ် ဒါ ဘာအချိူးချိုးတာလဲလို့ပဲဆောင့်ဆွဲပြီးမေးပစ်ချင်သည်။

တခြားလူတွေလည်းရှိနေတဲ့အပြင် က်ိုယ်ကလည်း မွေးနေ့ရှင်မို့ ဘာပြသနာမှမဖြစ်အောင် စိတ်ကို ထိန်းလိုက်ရ၏။

မနေ့က ရိပေါ်သူ့ဖုန်းကိုချပြီး စက်ပိတ်လိုက်ကတည်းက ရှောင်းကျန့်တစ်ယောက်တည်း ပေါက်ကွဲနေတာဖြစ်သည်။

" ကောင်လေးက ငယ်ဦးမယ်ထင်တယ် ချစ်စရာလေး။ ကျင့်ကျင့်က အရွေးတော်သားပဲ "

မုန့်ရှင်းရန်က အပြူံးချိုချ်ိုဖြင့် ဝင်ပြောသည်။ ရှောင်းကျန့်ကတော့ ဘာစကားမှမပြောနိုင်အောင်ဖြစ်လို့။ ရိပေါ်က အဲတာကိုပဲ သဘောတွေ့နေသည်။

" ဒါပေါ့ ဒါနဲ့ အကျဲ နင်ရော ရှောင်းကျန့်နဲ့ အခြေအနေ "

ရှောင်းကျင့်ကလည်း မကောင်းတတ်လို့သာ ရေလိုက်ငါးလိုက်လုပ်နေရသည်။ သူက မုန့်ရှင်းရန်ကို အမြင်ကတ်သည်လေ။

" ဒါကတော့ "

မုန့်ရှင်းရန်က ရှက်သွေးဖြန်းသလိုလေးဖြစ်ကာ ခေါင်းကို ရှောင်းကျန့်ဘက်စောင်းငဲ့လိုက်သည် ။

" ငါနဲ့ အကျဲနဲ့က ဘာမှမဟုတ်ဘူး ... ဒီအတိုင်း မိတ်ဆွေဟောင်းတွေပါပဲ "

ရှောင်းကျန့်က မုန့်ရှင်းရန်ဘာမှဆက်မပြောခင် စကားကိုဖြတ်ပြောပစ်လိုက်သည်။ မုန့်ရှင်းရန်က မျက်နှာပျက်သွားပေမယ့် ရှောင်းကျန့်က ဘာမှမဖြစ်သလို ဝိုင်ကိုပဲ အရသာခံသောက်နေလိုက်သည်။

ရင်ထဲမှာတော့ မီးတောက်နေပြီ။

မနေ့ကတောင် ချာတိတ်က အထင်လွဲသွားတာ ဒီနေ့လည်း အထင်ဆက်လွဲခံရဖို့ မလိုလားပါ။

ချာတိတ်က ရှောင်းကျင့်နဲ့ ဘယ်လိုသိကြနေတာလဲဆိုတာပဲ သိချင်သည်။ ပြီးတော့ နေ့တွင်း ညချင်း ရှောင်းကျင့်နဲ့ ရည်းစားဖြစ်သွားရတဲ့ အကြောင်းလေး။

" ဒါဆို ခဏနေ မွေးနေ့ပွဲစရအောင် "

ရှောင်းကျင့်က ရိပေါ်ရဲ့လက်ကို ဆွဲပြီးထွက်သွားတော့၏။ ထိုပုံရိပ်ကို ရှောင်းကျန့်က မမှိတ်မသုန်စိုက်ကြည့်နေခဲ့သည်။

ချာတိတ်က ရှောင်းကျင့်ရဲ့ ရည်းစားဆိုတာ ဟန်ဆောင်နေတာအသိသာကြီး။

ပြီးတော့ ချာတိတ်က သူ့ကိုပဲချစ်တာ ရှောင်းကျန့်သိသည်။

ကလေးတွေက ရိုးသားသည်။ ပြီးတော့ အစွဲအလမ်းကြီးသည်လေ။

ဒီအချက်တွေအရ ရှောင်းကျင့်နဲ့ သူနဲ့က ရုပ်တူနေရင်တောင်မှ ချာတိတ်က သူ့ကိုပဲ သဘောကျတာ သေချာသည်။

ဘယ်လိုပဲဖြစ်ဖြစ် ချာတိတ်က သူ့ကိုပဲ သဘောကျတာ ဖြစ်ရမည်။

" ဘာတွေတွေးနေတာလဲ ကျန့်ကျန့်။ ကိတ်မုန့်ခွဲကြမယ်တဲ့ "

မုန့်ရှင်းရန် အသိပေးမှ ရှောင်းကျန့်က အသိပြန်လည်လာသည်။ ခုနက သူလည်း နည်းနည်းအတွေးလွန်သွားတာပဲ။

ကိတ်မုန့်ခွဲပြီး အပြန်အလှန်ခွံ့ကျွေးနေကြတဲ့ ရှောင်းကျင့်နဲ့ ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်က မျက်စိနောက်နေသည်။ မုန့်ရှင်းရန်ကလည်း သူ့နား တစ်ချ်ိန်လုံးကပ်နေသည်မို့ အာရုံနောက်လာရသည်။

မနေ့က သူမကိုတွေ့လိုက်ရတော့ ပျော်ပေမယ့် ချာတိတ်က သူ့ကို အခုလိုစိမ်းစိမ်းကားကားဆက်ဆံတော့မုန့်ရှင်းရန်နဲ့ ပက်သက်တဲ့ ခံစားချက်တွေက လုံးဝမရှိတော့ကြောင်းသေချာသွားသည်။

ပြီးတော့ သူသဘောကျတာ ချာတ်ိတ်ပဲဖြစ်ကြောင်း အနှေးနှင့်အမြန် ဝန်ခံချင်သည် ။ ရှောင်းကျင့်က ကိုယ့်ညီဆိုပေမယ့်လည်း ချာတိတ်ကို အခြားတစ်ယောက်နဲ့ တွဲမြင်ရတာ သဝန်တိုသည်။

ချာတိတ်ကိုလည်း ရယ်ချင်သည်။ ဘာပဲနေနေ ချာတိတ်က ရှောင်းကျန့်ဆိုတဲ့ စက်ကွင်းအောက်ကနေ မလွတ်နိုင်ပါဘူး။

ခုပဲကြည့်လေ  ရည်းစားဆိုပြီး နှုတ်ဆက်တာကလည်း သူနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ အမွှာ ညီနဲ့။

မနေ့က ချာတိတ်က သူ့က်ို တော်တော် အထင်လွဲသွားတာလားမသိ။ ဒါကြောင့် ဒီကိစ္စကိုလည်း အမြန်ရှင်းပြဖို့လိုအပ်သည်။

နောက်နေ့ ချာတိတ်က စာအုပ်ဆိုင်ကိုလာရင် အဖြေပေးပြီး သဘောကျကြောင်းဝန်ခံလိုက်တော့မည်။

TBC....



(Zawgyi)

ေရွာင္းက်င့္က ကားတံခါးကို အလိုက္တသိဖြင့္ေပးေတာ့ ရိေပၚက ကားထဲ အလိုက္သင့္ေလးဝင္႐ုံ။

ခါးပတ္ ပတ္ေနဆဲမွာပဲ ဖုန္းသံျမည္လာသည္။ ေခၚဆိုသူက ဒီတစ္ခါမွ တကယ္ ေရွာင္းက်န့္ပဲျဖစ္၏။ contact ကို အသည္းပုံေလးနဲ႕သာမွတ္ထားသည္မို႔ တျခားသူၾကည့္ရင္ မည္သူမည္ဝါဆိုတာ မသိနိုင္။

ရိေပၚလည္း စိတ္ရႈပ္ရႈပ္နဲ႕ ဖုန္းခ်ပစ္လိုက္သည္။ ဆက္တိုက္ေခၚေနတာနဲ႕ ဖုန္းပါပိတ္ပစ္လိုက္၏။

ေရွာင္းက်င့္ကေတာ့ ရိေပၚကိုမသိမသာအကဲခတ္ရင္း ဖုန္းကိုပါခ္ိုးၾကည့္လိုက္ေသးသည္။ အသည္းပုံေလးကိုေတြ႕ေတာ့ ရင္ထဲ မေကာင္းေတာင္ျဖစ္သြား၏။

ကေလးေလးက သေဘာက်ေနတဲ့လူမ်ားရွိေနတာလား ?

" ဖုန္းမကိုင္ဘူးလား "

ေရွာင္းက်င့္က ဘာမွမသိခ်င္ေယာင္ဟန္ေဆာင္ၿပီး ရိေပၚကိုေမးလိုက္သည္။

" မကိုင္ဘူး "

" ဘယ္သူေခၚတာလဲ "

ေမးခြန္းက စည္းေက်ာ္ေနမလားမသိေပမယ့္ သိခ်င္ေဇာနဲ႕ ထပ္ေမးလိုက္သည္။

" ဒီတိုင္း ဘာမွ အေရးမပါတဲ့ လူတစ္ေယာက္ပါ "

" ေၾသာ္ "

ထို႔ေနာက္ ေရွာင္းက်င့္လည္း ကားက္္ိုသာ အာ႐ုံစိုက္ေမာင္းေနလိုက္ေတာ့သည္။

ေရွာင္းက်င့္က ရိေပၚကို ကိတ္မုန့္ဆိုင္တစ္ဆိုင္ကိုေခၚလာခဲ့သည္။ ဆိုင္ေရွ႕ကားရပ္တာျမင္ေတာ့ ရိေပၚက အလိုလိုမ်က္ေမွာင္ကုတ္သြားသည္။

" ဘာလို႔ ဒီကိုေခၚလာတာလဲ "

" ေပ်ာ္ေစခ်င္လို႔ပါ စိတ္ညစ္ရင္ အခ်ိဳစားေပးရတယ္တဲ့ ဟီးဟီး "

ေရွာင္းက်င့္က ေရွ႕သြားေတြအကုန္ေပၚတဲ့အထိ ရယ္ျပလာသည္။ ဦးနဲ႕ ႐ုပ္တူေနတာႀကီးကိုလည္း အျမင္ကတ္သည္။ အဲ့ဒီယုန္သြားလိုမ်ိဳး သြားေတြကေရာ ဘာလို႔ တူေနရတာလဲ။

ေရွာင္းက်င့္ကို ဦးအမွတ္နဲ႕ ပိတ္သာထိုးပစ္ခ်င္ေတာ့သည္။ ဦးေလးႀကီးေတြျဖစ္ၿပီး ဘာလို႔ အခ်ိဳေတြႀကိဳက္ေနရတာလဲ။

ရိေပၚက စိတ္ဆိုးလို႔မွ ကိတ္မုန့္ေတာင္ အမွိုက္ပုံးထဲထည့္ပစ္လ္ိုက္ပါတယ္ဆို ဦးေလးႀကီးကလည္း ရိေပၚကို ေခၚလာတာ ကိတ္မုန့္ဆိုင္ဆိုေတာ့ ရယ္ရအခက္ ငိုရအခက္။

" ကြၽန္ေတာ္က အခ်ိဳမႀကိဳက္ဘူး ဦးေလးႀကီး "

တကယ္ဆို ရိေပၚက အခ်ိဳစားရတာ အရမ္းႀကိဳက္သည္။ ဦးလည္း ႀကိဳက္သည္ေလ။ အဲ့လို ဦးက ႀကိဳက္ေတာ့ ရိေပၚက ဦးကို စိတ္တိုေနသည့္အတြက္ အခ်ိဳမစားေတာ့ပါ။

ဒါဆို ဘာစားရမလဲ။ ဟုတ္တယ္ ။ အခ်ဥ္ !

အခ်ိဳနဲ႕ ဆန့္က်င္ဘက္ အခ်ဥ္ပဲစားမည္။

ဦးကိုလည္း အျမင္ကတ္ပစ္လိုက္ဦးမည္။

" ဒါဆို ဘာစားမွာလဲ "

" အခ်ဥ္ "

" အမ္ "

" သစ္သီးေတြခ်ည္း ေရာင္းတဲ့ဆိုင္တစ္ခုခုကို သြားရေအာင္ "

" ကေလးေလးသေဘာ "

ထို႔ေနာက္ ေရွာင္းက်င့္က ရိေပၚသေဘာအတိုင္း သစ္သီးနဲ႕ေဖ်ာ္ရည္ေရာင္းတဲ့ဆိုင္တစ္ခုကို သြားလိုက္သည္။

ေရွာင္းက်င့္ေရာက္သြားတဲ့ ဆိုင္က luxury fruit ေတြေရာင္းတဲ့ဆိုင္ျဖစ္ၿပီး သစ္သီးေတြက ေစ်းႀကီးၿပီး တကယ့္ premium အဆင့္။

ရာသီစာမဟုတ္တဲ့ သစ္သီးေတြလည္း အစုံရသည္။

ရိေပၚကို ႀကိဳက္တာေ႐ြးခိုင္းေတာ့ ရိေပၚက ေလးေထာင့္ဖရဲသီးရယ္ အေစ့မပါတဲ့ လိေမၼာ္သီးရယ္ မက္မြန္သီးရယ္ စပ်စ္သီးရယ္ကို ေ႐ြးခ်လာသည္။

အသီးေတြ တစ္စိတ္ၿပီး တစ္စိတ္ေကာက္ဝါးေနတာ ေရွာင္းက်င့္ကိုေတာင္မၾကည့္။ ေရွာင္းက်င့္ကေတာ့ အစားစားေနတဲ့ ရိေပၚကိုၾကည့္ရင္း ပီတိျဖာေနသည္။

" ခ်စ္စရာေလး "

" ဟမ္ ဘာေျပာတာ "

" ဝမ္ရိေပၚက ဘာေတြစားလို႔ ဒီလိုခ်စ္ဖို႔ေကာင္းေနတာလဲ ဟမ္ "

ေရွာင္းက်င့္က အသည္းတယားယားနဲ႕ ရိေပၚရဲ႕ ပါးကို ခပ္ဖြဖြဆြဲညွစ္လ္ိုက္သည္။

" ဦးေလးႀကီးျမင္တဲ့အတိုင္းပဲ အသီးစားေနတာေလ "

" ဟာ ဦးေလးႀကီးလို႔ မေခၚပါနဲ႕ဆိုကြာ "

ေရွာင္းက်င့္က မဲ့ရႈံ႕သြားေတာ့ ရိေပၚက ဂ႐ုမစိုက္သလို မ်က္လုံးကိုလွန္ၾကည့္ၿပီး စားစရာရွိတာ ဆက္စားေနလိုက္သည္။ ေရွာင္းက်င့္ရဲ႕ ႐ုပ္က တကယ္ရယ္ခ်င္စရာႀကီး။

ဦးေလးႀကီးအ႐ြယ္မို႔ ဦးေလးႀကီးေခၚတာကို ဘာေတြျဖစ္။

ေတြးၾကည့္မွပဲ ဦးဆီ အေတြးေရာက္သြားျပန္သည္။

ဦးေလးႀကီး ေရွာင္းက်င့္ လိုပဲ ဦးလည္း သူ႕ကို ဦးလို႔ ေခၚတာ မႀကိဳက္ဘူး။

ဟား ! ဘယ္သူ႕ကို ေတြးေနတာလဲ ဝမ္ရိေပၚ။အေတြးထဲက ျပန္ထုတ္စမ္း !

" ကေလးေလး ဒါနဲ႕ မနက္ျဖန္ ကိုယ့္ေမြးေန႕ "

" ဟင္ အင္း "

" ကိုယ့္ေမြးေန႕လုပ္မွာလာခဲ့ေနာ္။ လူလႊတ္လိုက္မယ္ "

ရိေပၚက စပ်စ္သီးတစ္လုံးကိုေကာက္ဝါးလိုက္သည္။

ေရွာင္းက်င့္လို လူႀကီးကိုက် ရိေပၚက ဘာလက္ေဆာင္ေပးရမယ္မသိ။

ဒါနဲ႕ ဦးေမြးေန႕ကေရာ ဘယ္ေတာ့ပါလိမ့္။ ရိေပၚက ဦးကိုေၾကာင္ခ်င္တာပဲသိၿပီး တျခားဘာမွ ေရေရရာရာ မစုံစမ္းထားမိ။

" လာမယ္ေလ "

" လက္ေဆာင္မေပးေတာ့ဘူးလား "

" ဘာေပးရမယ္မသိလို႔ "

ရိေပၚက အားနာပါးနာနဲ႕ပဲ ျဖည္းျပလိုက္သည္။

" ကိုယ့္ရည္းစားလုပ္ေပးပါလား "

" အဟြတ္ "

ေရွာင္းက်င့္ဆီက ရည္းစားစကားေျပာခံလိုက္ရတာေၾကာင့္ ရိေပၚက တံေတြးပါသီးသြားသည္။

" စတာပါ ကိုယ္က ။ ေရေသာက္လိုက္ဦး။ အင္း.... တကယ္ ကိုယ့္ရည္းစားျဖစ္ေပးရင္လည္း ေကာင္းတာပဲ ဟီးဟီး "

ေရွာင္းက်င့္ကို ရိေပၚက ဘာမွဆက္မေျပာျဖစ္ေတာ့ပါ။ ထိုအခါ ေရွာင္းက်င့္လည္း ရွက္ရမ္းရမ္းၿပီး စကားလႊဲၿပီး ေရာက္တတ္ရာရာေတြေျပာေတာ့၏။

စားခ်င္တာေတြ အကုန္ေလွ်ာက္စားၿပီးေတာ့ ေရွာင္းက်င့္က အိမ္ကိုျပန္ပို႔သည္။

ရိေပၚက စက္ပိတ္ထားတဲ့ ဖုန္းကို ခုထိမဖြင့္ရေသး။ ဖြင့္လိုက္လို႔ ဦးဆီက missed call ေတြအမ်ားႀကီးဝင္ထားရင္ဆိုၿပီး ေတြးမိေတာ့ ရင္ထဲမေကာင္း။

အာ႐ုံေျပာင္းဖို႔လိုတာမို႔ တစ္ခုခုကို အာ႐ုံစိုက္ၾကည့္ဖို႔ျပင္သည္။ ဒါနဲ႕ပဲ သီခ်င္းနားေထာင္ဖို႔အႀကံရသည္။ အိတ္ထဲရွာၾကည့္ေတာ့ နားၾကပ္ကပါမလာ။ ဒါနဲ႕ပဲ ကားေမာင္းေနတဲ့ ေရွာင္းက်င့္ကို အပူကပ္ဖို႔လုပ္ရေတာ့သည္။

" ဦးေလးႀကီး "

" အဲ့လိုမေခၚပါနဲ႕ဆိုကြာ ။ စေတြ႕တုန္းကလို ကိုကိုလို႔ေခၚပါ့လား "

" မေခၚခ်င္ပါဘူး။ ဒါနဲ႕ သီခ်င္းဖြင့္လို႔ရလား "

" Bluetooth နဲ႕ခ်ိတ္ၿပီး ကေလးေလးႀကိဳက္ရာဖြင့္လိုက္ေလ "

" ဟုတ္ၿပီ "

ေရွာင္းက်င့္ရဲ႕ အႀကံေၾကာင့္ ရိေပၚလည္း ဖြင့္ခ်င္တဲ့ သီခ်င္းေတြဖြင့္ခ်လိဳက္ေတာ့သည္။ ဖြင့္လ္ိုက္တာက န္ိုင္ငံျခားက ေပါ့ပ္အဆိုေတာ္ မိန္းကေလးအဖြဲ႕ရဲ႕ လတ္တေလာ ေရပန္းစားေနတဲ့ သီခ်င္း။

" ရိေပၚက xxအဖြဲ႕ကိုႀကိဳက္တာလား "

" အင္း "

" ကိုယ္ေရာပဲ "

" တကယ္ "

အႀကိဳက္ခ်င္းတူတယ္ဆိုေတာ့ ရိေပၚရဲ႕ မ်က္လုံးေလးေတြ အေရာင္ေတာက္လာသည္။

" ဒါေပါ့ ကိုယ္က အဲ့ဒီထဲက visual ကိုႀကိဳက္တာ "

" ကြၽန္ေတာ္က main dancer ကို ဟီး။ ဒါဆ္ို bias မလုရေတာ့ဘူးေပါ့ "

ၿပီးေတာ့ အိမ္ေရာက္တဲ့အထိ ေရွာင္းက်င့္နဲ႕ စကားတေျပာေျပာျဖင့္ အိမ္ေရွ႕ကိုေတာင္ေရာက္လာခဲ့သည္။

ေသခ်ာေပါင္းၾကည့္ေတာ့လည္း ေရွာင္းက်င့္နဲ႕ ရိေပၚနဲ႕ က အႀကိဳက္ေတာ္ေတာ္မ်ားမ်ားတူသား။

ဦးက လူႀကီးတအားဆန္ေပမယ့္ ေရွာင္းက်င့္ကေတာ့ လူငယ္ဆန္သည္။ ရိေပၚတို႔လို လူငယ္အႀကိဳက္ေတြသာႀကိဳက္တတ္ပုံရသည္။

" ဒီေန႕အတြက္ ေက်းဇူးတင္ပါတယ္ ဦးေလးႀကီး "

" .... "

ေရွာင္းက်င့္က ဦးေလးႀကီးေခၚခံရတာေၾကာင့္ မ်က္ႏွာႀကီးဆူပုပ္ေနတာမို႔ ရိေပၚလည္း သေဘာတက်ရယ္ပစ္လိုက္သည္။ ေခါင္းကိုေမာ့ကာ တဟားဟား ရယ္ခ်လိဳက္ေတာ့ စိတ္ေပါ့ပါးသြားသည္။

" စတာပါ စတာပါ အစ္ကိုႀကီးလို႔ ေခၚမယ္ေနာ္ "

" မနက္ျဖန္ကိုယ္ လူလႊတ္လိုက္မယ္ေနာ္။ ဘာလက္ေဆာင္မွ မေပးလည္းရတယ္ "

ေရွာင္းက်င့္က ရိေပၚရဲ႕ ေခါင္းကိုလက္နဲ႕ ပုတ္ၿပီး ပါးကို ခပ္ဖြဖြဆြဲဖဲ့သည္။

" အ္ိမ္ထဲဝင္ေတာ့မယ္။ ေကာင္းေကာင္းျပန္ပါ "

ရိေပၚက ေရွာင္းက်င့္ကို ႏႈတ္ဆက္ၿပီး ကားေပၚက ဆင္းလိုက္၏။ ရိေပၚ အိမ္ထဲကိုဝင္သြားၿပီဆိုမွ ေရွာင္းက်င့္က ေမာင္းထြက္သြားေလသည္။

ရိေပၚလည္း အိမ္မႀကီးထဲအထိမဝင္ေသးပဲ ၿခံတံခါးနားမွာတင္ကပ္ၿပီး ရပ္ေနမိ၏။

ဦးက ရည္းစားရွိတယ္ဆို ေရွာင္းက်င့္ကိုပဲ ႀကိဳက္လိုက္သင့္လား?

အဲ့လိုေတြးၿပီး ‌ရိေပၚက ေခါင္းယမ္းပစ္လိုက္သည္။

ေတာ္ၿပီ ေနာက္ထပ္ ဘယ္သူ႕ကိုမွ သေဘာမက်ခ်င္ေတာ့ဘူး!
.
.
.
.
.
.
.

ေရွာင္းက်င့္က လူလႊတ္ၿပီးလာေခၚတဲ့အတြက္ ရိေပၚလည္း ေရွာင္းက်င့္ရဲ႕ အိမ္ကိုလာခဲ့လိုက္သည္။

ၿခံထဲေရာက္တာနဲ႕ ရိေပၚကိုလူတစ္ေယာက္ကလာႀကိဳေတာ့ လာေခၚတဲ့လူေနာက္ကိုလိုက္သြားရ၏။ ေမြးေန႕ပါတီပဲဆိုေတာ့ ေရွာင္းက်င့္လည္း ေပါ့ေပါ့ပါးပါးဝတ္စားထား၏။

" ေက်းဇူးတင္ပါတယ္ ကိုယ့္ေမြးေန႕ကို လာေပးလို႔ "

" အာ .... ရပါတယ္ "

ေမြးေန႕ရွင္က ေက်းဇူးတင္စကားဆိုေလေတာ့ ရိေပၚက အားနာသြားရသည္။ ေနာက္ၿပီး ရိေပၚက ဘာလက္ေဆာင္မွလည္း ဝယ္မလာမိပါ။ ဘာဝယ္ေပးရမွန္းမသိလို႔ တကယ္ ဝယ္မလာလိုက္တာျဖစ္သည္။

"ဒါနဲ႕ ခဏေန ကိုယ့္အမႊာအစ္ကိုနဲ႕ မိတ္ဆက္ေပးရဦးမယ္။ ဒီေန႕ေမြးေန႕က သူနဲ႕ေရာ အတူတူလုပ္တာေလ "

အမႊာအစ္ကိုလို႔ၾကားလိုက္ရေတာ့ ရိေပၚရင္ထဲ ဒိတ္ခနဲ။ ဦးေလးႀကီးအစ္ကိုက ဦးေတာ့ မျဖစ္နိုင္ေလာက္ပါဘူး ဟုတ္တယ္မလား။

" သူ႕နာမည္က ေရွာင္းက်န့္ေလ။ ဒါနဲ႕ သူက အခု ဘယ္မွာပါလိမ့္ ။ အာ ဟိုမွာ "

ရိေပၚရပ္ေနတဲ့ေနရာကေန ခပ္လွမ္းလွမ္းမွာရွိတဲ့ ေရွာင္းက်န့္ကို ေရွာင္းက်င့္က လက္ညွိုးထိုးျပသည္။

ဦး မဟုတ္ပါေစနဲ႕လို႔ ဆုေတာင္းေနခဲ့တာ ရိေပၚ ဆုေတာင္းေတြမျပည့္ခဲ့။ ဦးေလးႀကီး ေရွာင္းက်င့္ရဲ႕ အစ္ကိုက တကယ္ပဲ ဦး ျဖစ္ေနခဲ့သည္။

ေရွာင္းက်န့္ရဲ႕ ေဘးမွာ မေန႕က အမ်ိဳးသမီးကို ျမင္လိုက္ရေတာ့ ရိေပၚက ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ပစ္လိုက္သည္။ ေရွာင္းက်င့္ကလည္း ထိုအမ်ိဳးသမီးကိုၾကည့္ၿပီး မေက်မနပ္သံဆိုလာသည္။

" ေရွာင္းက်န့္ေဘးက အမ်္ိုးသမီးကို ေတြ႕လား။ ေရွာင္းက်န့္က သူ႕ကို လက္ထပ္ဖို႔အထိ ပရိုပို႔စ္ပါလုပ္ဖူးတာ ။ ဒါေပမယ့္ အဲ့ဒီအမ်ိဳးသမီးက ကိုယ့္အစ္ကိုလို ၿပီးျပည့္စုံတဲ့လူကို ျငင္းၿပီး တျခားေယာက်ာ္းယူလ္ိုက္တာေလ။ အခုေတာ့ အိမ္ေထာင္ကြဲလာတယ္။ ကိုယ္ေတာ့ အဲ့ဒီအမ်ိဳးသမီးကို ၾကည့္မရဘူး "

ေရွာင္းက်င့္ကေတာ့ ေသြးရိုးသားရိုးနဲ႕ အတင္းတုတ္ေနေပမယ့္ ရိေပၚကေတာ့ ခံျပင္းစြာျဖင့္လက္သီးကို က်စ္က်စ္ဆုပ္ထားမိသည္။ ေအာက္ ႏႈတ္ခမ္းက္ိုလည္း သြားနဲ႕ ႀကိတ္ေခ်ေနတာ ေသြးအရသာေတာင္ ခံစားေနရၿပီ။

ဦးက အဲ့ဒီအမ်္ိုးသမီးကို လက္ထပ္ခြင့္ပါေတာင္းဖူးတယ္ဆိုေတာ့ ရိေပၚရင္ထဲမွာ နာက်င္ရသည္။

ရည္းစားစကားေျပာထားတဲ့ ရိေပၚကိုက် ဦးက မႏူးမနပ္ေလးပါကြာဆိုၿပီး ေနာက္ကြယ္မွာ ေလွာင္ရယ္ေနမလားေတာင္မသိ။

ဦးကို မရမကတြယ္ကပ္ေနခဲ့တာေတြ ေတြးမိေတာ့ တကယ္ပဲရွက္လာရသည္။ ဦးကလည္း သူ႕ကို ျပတ္ျပတ္သားသား ျငင္းမလႊတ္ခဲ့တာ ဘာသေဘာလဲဆိုတာကိုလည္း မစဥ္းစားတတ္ပါ။

ဦးသာ ငါ့မွာခ်စ္ရတဲ့လူရွိတယ္လို႔ ျပတ္ျပတ္သားသား ျငင္းလႊတ္ခဲ့ရင္ ရိေပၚလည္း အရွက္မရွိ တြယ္ကပ္ေနမွာမဟုတ္။ ခုေတာ့ ဦးကို သံေယာဇဥ္တြယ္သြားတာပဲ အဖတ္တင္သည္။

" လာ ကိုယ့္အစ္ကိုနဲ႕ မိတ္ဆက္ေပးမယ္ "

ေရွာင္းက်င့္က ေရွာင္းက်န့္ဆီသြားမယ္လုပ္ေတာ့ ရိေပၚက ေရွာင္းက်င့္ရဲ႕ လက္ကိုဖမ္းဆုပ္ၿပီး လက္ေခ်ာင္းခ်င္းယွက္ပစ္လိုက္သည္။ ထိုအခါ ေရွာင္းက်င့္က အံ့ၾသသလိုၾကည့္လာ၏။ ရိေပၚကေတာ့ ဘာမွမေျပာပဲ ခပ္တည္တည္ျဖင့္ ေရွ႕တည့္တည့္ကိုသာစိုက္ၾကည့္ေနလိုက္သည္။

ေရွာင္းက်င့္ကေတာ့ ဘာေျပာေကာင္းမလဲ ။ ရိေပၚလက္ကိုကိုင္ထားရေတာ့ အေပ်ာ္ႀကီးေပ်ာ္လို႔။ တစ္ေလာကလုံးမွာ အေပ်ာ္ဆူံးေမြးေန႕ရွင္က သူပဲလို႔ေတာင္ ခံစားလိုက္ရသလို။

" ေရွာင္းက်န့္ "

ေရွာင္းက်င့္ကေခၚလ္ိုက္ေတာ့ ေရွာင္းက်န့္က မုန့္ရွင္းရန္နဲ႕ စကားတေျပာေျပာျဖစ္ေနရင္းမွ လွည့္ၾကည့္လာသည္။ ရိေပၚကိုေတြ႕လိုက္ရေတာ့ အံ့ၾသသြားသလိုမ်ိဴး မ်က္လုံးေတြက ဝိုင္းစက္သြား၏။

တစ္ဆက္တည္းဆိုသလိုပဲ ရိေပၚနဲ႕ ေရွာင္းက်င့္ လက္တြဲထားတာကိုျမင္လိုက္ရေတာ့ ေရွာင္းက်န့္ရဲ႕ မ်က္ခုံးေတြက ဟန္မေဆာင္နိုင္ေအာင္ တြန့္ခ်ိဳးသြားရသည္။

အမူအရာပ်က္သြားတဲ့ ေရွာင္းက်န့္ကို ၾကည့္ၿပီး ရိေပၚက ေက်နပ္ေနလိုက္သည္။

" မင္းနဲ႕ မိတ္ဆက္ေပးမလို႔။ ဒါက ဝမ္ရိေပၚတဲ့... ငါ့ရဲ႕ "

သူငယ္ခ်င္းေလးလို႔လား အသိလို႔ပဲမိတ္ဆက္ရမလား ေတြေဝေနဆဲမွာ ရိေပၚက ျဖတ္ေျပာလိုက္သည္။

" ေတြ႕ရတာ ဝမ္းသာပါတယ္။ ကြၽန္ေတာ္က ကိုကို႔ရဲ႕ ေကာင္ေလးပါ "

" အမ္ "

မ်က္လုံးျပဴးသြားရသည္မွာ ေရွာင္းက်င့္ပဲျဖစ္၏။ ထို႔ေနာက္ ေရွာင္းက်င့္လည္း အေပ်ာ္လုံးဆို႔ၿပီး ၿခံတစ္ပတ္ ခုန္ေပါက္ေျပးလႊားခ်င္စိတ္ေပါက္သြားသည္။

ကေလးေလးက ငါ့ကို ကိုကိုတဲ့ ယုံေတာင္မယုံန္ိုင္ဘူး ! ၿပီးေတာ့ ေကာင္ေလးလို႔လည္း ေျပာေသးတယ္ ဒါက အိမ္မက္လား တကယ္လား !

ေရွာင္းက်င့္က သူ႕စိတ္သူထိန္း၍ ေရွာင္းက်န့္ကို ျပန္မိတ္ဆက္ေပးလိုက္သည္။

" ဟုတ္တယ္ ဒါ ငါ့ေကာင္ေလး "

ေရွာင္းက်င့္က ေခါင္းကိုေမာ္ခ်ီ၍ တစ္ေလာကလုံးက သူ႕အပိုင္စားရထားသလို ေပ်ာ္႐ႊင္ေနသေလာက္ ေရွာင္းက်န့္ရင္ထဲမွာေတာ့ ေပါက္ကြဲေနခဲ့သည္။

မထိတထိၿပဳံးေနတဲ့ ရိေပၚကို မ်က္လုံးခ်င္းတိုက္စစ္ဆင္ရင္း လက္ထဲက ဖန္ခြက္ကိုကြဲေတာ့ မတတ္ဖိညွစ္ထားမိ၏။

ဝမ္ရိေပၚ ဒါ ဘာအခ်ိဴးခ်ိဳးတာလဲလို႔ပဲေဆာင့္ဆြဲၿပီးေမးပစ္ခ်င္သည္။

တျခားလူေတြလည္းရွိေနတဲ့အျပင္ က္ိုယ္ကလည္း ေမြးေန႕ရွင္မို႔ ဘာျပသနာမွမျဖစ္ေအာင္ စိတ္ကို ထိန္းလိုက္ရ၏။

မေန႕က ရိေပၚသူ႕ဖုန္းကိုခ်ၿပီး စက္ပိတ္လိုက္ကတည္းက ေရွာင္းက်န့္တစ္ေယာက္တည္း ေပါက္ကြဲေနတာျဖစ္သည္။

" ေကာင္ေလးက ငယ္ဦးမယ္ထင္တယ္ ခ်စ္စရာေလး။ က်င့္က်င့္က အေ႐ြးေတာ္သားပဲ "

မုန့္ရွင္းရန္က အၿပဴံးခ်ိဳခ်္ိုျဖင့္ ဝင္ေျပာသည္။ ေရွာင္းက်န့္ကေတာ့ ဘာစကားမွမေျပာနိုင္ေအာင္ျဖစ္လို႔။ ရိေပၚက အဲတာကိုပဲ သေဘာေတြ႕ေနသည္။

" ဒါေပါ့ ဒါနဲ႕ အက်ဲ နင္ေရာ ေရွာင္းက်န့္နဲ႕ အေျခအေန "

ေရွာင္းက်င့္ကလည္း မေကာင္းတတ္လို႔သာ ေရလိုက္ငါးလိုက္လုပ္ေနရသည္။ သူက မုန့္ရွင္းရန္ကို အျမင္ကတ္သည္ေလ။

" ဒါကေတာ့ "

မုန့္ရွင္းရန္က ရွက္ေသြးျဖန္းသလိုေလးျဖစ္ကာ ေခါင္းကို ေရွာင္းက်န့္ဘက္ေစာင္းငဲ့လိုက္သည္ ။

" ငါနဲ႕ အက်ဲနဲ႕က ဘာမွမဟုတ္ဘူး ... ဒီအတိုင္း မိတ္ေဆြေဟာင္းေတြပါပဲ "

ေရွာင္းက်န့္က မုန့္ရွင္းရန္ဘာမွဆက္မေျပာခင္ စကားကိုျဖတ္ေျပာပစ္လိုက္သည္။ မုန့္ရွင္းရန္က မ်က္ႏွာပ်က္သြားေပမယ့္ ေရွာင္းက်န့္က ဘာမွမျဖစ္သလို ဝိုင္ကိုပဲ အရသာခံေသာက္ေနလိုက္သည္။

ရင္ထဲမွာေတာ့ မီးေတာက္ေနၿပီ။

မေန႕ကေတာင္ ခ်ာတိတ္က အထင္လြဲသြားတာ ဒီေန႕လည္း အထင္ဆက္လြဲခံရဖို႔ မလိုလားပါ။

ခ်ာတိတ္က ေရွာင္းက်င့္နဲ႕ ဘယ္လိုသိၾကေနတာလဲဆိုတာပဲ သိခ်င္သည္။ ၿပီးေတာ့ ေန႕တြင္း ညခ်င္း ေရွာင္းက်င့္နဲ႕ ရည္းစားျဖစ္သြားရတဲ့ အေၾကာင္းေလး။

" ဒါဆို ခဏေန ေမြးေန႕ပြဲစရေအာင္ "

ေရွာင္းက်င့္က ရိေပၚရဲ႕လက္ကို ဆြဲၿပီးထြက္သြားေတာ့၏။ ထိုပုံရိပ္ကို ေရွာင္းက်န့္က မမွိတ္မသုန္စိုက္ၾကည့္ေနခဲ့သည္။

ခ်ာတိတ္က ေရွာင္းက်င့္ရဲ႕ ရည္းစားဆိုတာ ဟန္ေဆာင္ေနတာအသိသာႀကီး။

ၿပီးေတာ့ ခ်ာတိတ္က သူ႕ကိုပဲခ်စ္တာ ေရွာင္းက်န့္သိသည္။

ကေလးေတြက ရိုးသားသည္။ ၿပီးေတာ့ အစြဲအလမ္းႀကီးသည္ေလ။

ဒီအခ်က္ေတြအရ ေရွာင္းက်င့္နဲ႕ သူနဲ႕က ႐ုပ္တူေနရင္ေတာင္မွ ခ်ာတိတ္က သူ႕ကိုပဲ သေဘာက်တာ ေသခ်ာသည္။

ဘယ္လိုပဲျဖစ္ျဖစ္ ခ်ာတိတ္က သူ႕ကိုပဲ သေဘာက်တာ ျဖစ္ရမည္။

" ဘာေတြေတြးေနတာလဲ က်န့္က်န့္။ ကိတ္မုန့္ခြဲၾကမယ္တဲ့ "

မုန့္ရွင္းရန္ အသိေပးမွ ေရွာင္းက်န့္က အသိျပန္လည္လာသည္။ ခုနက သူလည္း နည္းနည္းအေတြးလြန္သြားတာပဲ။

ကိတ္မုန့္ခြဲၿပီး အျပန္အလွန္ခြံ႕ေကြၽးေနၾကတဲ့ ေရွာင္းက်င့္နဲ႕ ရိေပၚကိုၾကည့္ၿပီး ေရွာင္းက်န့္က မ်က္စိေနာက္ေနသည္။ မုန့္ရွင္းရန္ကလည္း သူ႕နား တစ္ခ်္ိန္လုံးကပ္ေနသည္မို႔ အာ႐ုံေနာက္လာရသည္။

မေန႕က သူမကိုေတြ႕လိုက္ရေတာ့ ေပ်ာ္ေပမယ့္ ခ်ာတိတ္က သူ႕ကို အခုလိုစိမ္းစိမ္းကားကားဆက္ဆံေတာ့မုန့္ရွင္းရန္နဲ႕ ပက္သက္တဲ့ ခံစားခ်က္ေတြက လုံးဝမရွိေတာ့ေၾကာင္းေသခ်ာသြားသည္။

ၿပီးေတာ့ သူသေဘာက်တာ ခ်ာတ္ိတ္ပဲျဖစ္ေၾကာင္း အေႏွးႏွင့္အျမန္ ဝန္ခံခ်င္သည္ ။ ေရွာင္းက်င့္က ကိုယ့္ညီဆိုေပမယ့္လည္း ခ်ာတိတ္ကို အျခားတစ္ေယာက္နဲ႕ တြဲျမင္ရတာ သဝန္တိုသည္။

ခ်ာတိတ္ကိုလည္း ရယ္ခ်င္သည္။ ဘာပဲေနေန ခ်ာတိတ္က ေရွာင္းက်န့္ဆိုတဲ့ စက္ကြင္းေအာက္ကေန မလြတ္နိုင္ပါဘူး။

ခုပဲၾကည့္ေလ  ရည္းစားဆိုၿပီး ႏႈတ္ဆက္တာကလည္း သူနဲ႕ ႐ုပ္ခ်င္းခြၽတ္စြပ္တူတဲ့ အမႊာ ညီနဲ႕။

မေန႕က ခ်ာတိတ္က သူ႕က္ို ေတာ္ေတာ္ အထင္လြဲသြားတာလားမသိ။ ဒါေၾကာင့္ ဒီကိစၥကိုလည္း အျမန္ရွင္းျပဖို႔လိုအပ္သည္။

ေနာက္ေန႕ ခ်ာတိတ္က စာအုပ္ဆိုင္ကိုလာရင္ အေျဖေပးၿပီး သေဘာက်ေၾကာင္းဝန္ခံလိုက္ေတာ့မည္။

TBC....



Continue Reading

You'll Also Like

202K 5.8K 71
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
1M 40.2K 93
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
705K 25.9K 101
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! ๐Ÿ˜‚๐Ÿ’œ my first fanfic...
1.1M 35.8K 62
๐’๐“๐€๐‘๐†๐ˆ๐‘๐‹ โ”€โ”€โ”€โ”€ โi just wanna see you shine, 'cause i know you are a stargirl!โž ๐ˆ๐ ๐–๐‡๐ˆ๐‚๐‡ jude bellingham finally manages to shoot...