ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်က...

Galing kay CharmZoey

230K 29.8K 418

ပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author... Higit pa

Description
အခန်း ၁ ဒီစနစ်က အမှိုက်ဆန်တယ်
အခန်း ၂ ဒီဆရာသခင် တစ်ခုခုတော့ မှားနေပြီ
အခန်း ၃ ဒီဆရာက နားလည်ရခက်လွန်းတယ်
အခန်း ၄ တပည့်တစ်ယောက်လက်ခံတာ ဒီလောက်အကျိုးများတာလား!
အခန်း ၅ သိုင်းဘုရင်အဆင့် အခင်းအကျင်း
အခန်း ၆ SSအဆင့်တပည့်
အခန်း ၇ ကြီးမြတ်သောကျိုး၏မင်းသမီး
အခန်း ၈ ငါ့နယ်မြေထဲမှာ ငါပဲဆုံးဖြတ်မယ်
အခန်း ၉ အလောင်းအစား
အခန်း ၁၀ စစ်မှန်သော ဇာမဏီကိုးပါးအသွင်ပြောင်းလဲခြင်း
အခန်း ၁၁ ဆရာသခင်ရဲ့ကျင့်ကြံဆင့်က အနည်းဆုံးသိုင်းဘုရင်အဆင့်ပဲ
အခန်း ၁၂ တုနှိုင်းမဲ့ကိုယ်ဖော့နည်းစနစ်
အခန်း ၁၃ ဂိုဏ်းမှဆင့်ခေါ်ခြင်း
အခန်း ၁၄ လူငယ်တွေကြိုးစားရမယ်
အခန်း ၁၅ ရှောင်ယန်က အခြေအနေကို အကဲခတ်တဲ့နေရာမှာ တော်သားပဲ
အခန်း ၁၆ အနားယူကြရအောင်
အခန်း ၁၇ အရမ်းစွမ်းတယ်
အခန်း ၁၈ အသက်ကယ်ကူးပြောင်းခြင်းအစီအရင်
အခန်း ၁၉ ရှင်းပါးရဲ့ကျင့်ကြံသူဇာတ်ကွက်လား?
အခန်း ၂၀ နတ်ဘုရားတစ်ပါးလား?
အခန်း ၂၁ မဟုတ်ဘူး, သူက အရူးပဲ
အခန်း ၂၂ ၉၉၈တန်၏နာကျင်မှု
အခန်း ၂၃ ပြဿနာအကြီးကြီးတက်ပြီ
အခန်း ၂၄ စီစဉ်ပေးခြင်း
အခန်း ၂၅ စီနီယာအစ်မ၏လျှို့ဝှက်ချက်
အခန်း ၂၆ ဘာလို့ငါတစ်ယောက်ပဲ နောက်ဆုံးမှာနာကျင်ရတာလဲ?
အခန်း ၂၇ ငါက ဆရာ့ရဲ့အားအကိုးရဆုံးတပည့်ပဲ
အခန်း ၂၈ ဒီတော့ ငါကတစ်ချိန်လုံး လူပြတ်ကြီးဖြစ်နေတာပေါ့
အခန်း ၂၉ 'ဖုချိုးကျဲယ်သွေးသောက်အဖွဲ့'
အခန်း ၃၀ အရိုးဖြူနတ်ဆိုးဂိုဏ်း
အခန်း ၃၁ ကျားပါးစပ်ထဲကိုမှ ခုန်ဆင်းသူ
အခန်း ၃၂ မင်းတို့ကျင့်ကြံခြင်းရလဒ်ကိုစမ်းသပ်ရမယ့်အချိန်ပဲ
အခန်း ၃၃ အရိုးဖြူနတ်ဆိုးဂိုဏ်းကိုဖျက်ဆီးမယ်
အခန်း ၃၄ မင်းကိုယ်မင်းအရမ်းထင်နေလား?
အခန်း ၃၅ ဆရာက အရမ်းတင်းကြပ်လွန်းတယ်
အခန်း ၃၆ လူမဆန်သောလုပ်ရပ်
အခန်း ၃၇ အန္တရာယ်ကျ​ရောက်ခြင်း...
အခန်း ၃၈ မင်းကအရမ်းစိတ်ထား ကျဉ်းမြောင်းလွန်းတယ်...
အခန်း ၃၉ သိုင်းဘုရင်အဆင့်လက်နက်
အခန်း ၄၀ လီတောက်ယန်၏ ကလဲ့စားချေမည့်အကြံ
အခန်း ၄၁ အကာအကွယ်အခင်းအကျင်းဆိုင်ရာ စုဝေးပွဲ...
အခန်း ၄၂ ဆရာဦးလေးလီကလည်း ပုန်းကွယ်​နေတဲ့သိုင်းအ​ကျော်အ​မော်ပဲလား...
အခန်း ၄၃ အကျင့်ပုတ်တဲ့ လီတောက်ယန်
အခန်း ၄၄ ဆရာက ဒီမှာပဲ
အခန်း ၄၅ ကျီရွှေ့​တောင်ထိပ်က မ​ကောင်းဆိုးဝါး​တွေပြည့်​နေတယ်...
အခန်း ၄၆ အနှစ်သာရခိုင်မြဲခြင်းအဆင့်သို့တက်လှမ်းခြင်း
အခန်း ၄၇ ဧကရာဇ်နန်းတော်မှ လူများ
အခန်း ၄၈ နတ်ဆိုးဂိုဏ်း
အခန်း ၄၉ ဒီတည်းခိုခန်းက တစ်ခုခုမှား​နေတယ်...
အခန်း ၅၀ ပရိယာယ်များ​သောတည်းခိုခန်း...
အခန်း ၅၁ မြန်မြန်​ပြေးတာ​ကောင်းတယ်...
အခန်း ၅၂ မတရားမှုကို​တွေ့ရင် ​ရှောင်သွားလိုက်...
အခန်း ၅၃ တခါတုန်းက ​ကြောင်တစ်​ကောင်ရှိသတဲ့..
အခန်း ၅၄ လတ်စသတ်​တော့ မင်းတို့နှစ်​ယောက်ပဲ...
အခန်း ၅၅ ရေ​နွေးအိုးကို မည်းသည်ဟု​ပြောသည့် အိုး...
အခန်း ၅၆ ပါရမီရှင်နှင့်​တွေ့ခြင်း...
အခန်း ၅၇ ဇာတ်လိုက်သည်သာ အကောင်းဆုံး
အခန်း ၅၈ ဒါနဲ့လဲ ဆုရနိုင်တယ်လား?
အခန်း ၅၉ ပြဿနာပဲဟေ့
အခန်း ၆၀ အစီအရင်ချပ်ပြား
အခန်း ၆၁
အခန်း ၆၂ သိုင်းဘုရင်အဆင့်သွေးဆေးလုံး
စာစဉ် ၅။ အခန်း ၆၃ မင်းနာမည်က လုရှောင်ယန်ပေါ့
စာစဉ် ၅။ အခန်း ၆၄ ခွေးတောင်မှ သူ့နေ့ရက်ရောက်လာနိုင်တယ်
စာစဉ် - ၅။ အခန်း ၆၅ လက်ထပ်ခွင့်တောင်းချင်တယ်
စာစဉ် - ၅။ အခန်း ၆၆ ရှောင်ပိုင်၏မကျေနပ်ချက်
စာစဉ် - ၅။ အခန်း ၆၇ ဆုံးဖြတ်ရခက်နေရင် ဆက်စဉ်းစားမနေပါနဲ့တော့
စာစဉ် - ၅။ အခန်း ၆၈
အခန်း ၆၉ ဒီတော့ ငါ့ကိုသဘောကျတယ်ပေါ့?
အခန်း ၇၀ မင်းရဲ့ကျင့်ကြံဖော်ဖြစ်စေချင်နေတာလား?
အခန်း ၇၁ လုရှောင်ယန်၏နည်းလမ်း
အခန်း ၇၂ ပထမဆုံးအကြိမ် လက်စားချေခြင်း၊ စတင်ပြီ!
အခန်း ၇၃ ပေါက်ကွဲထွက်မတတ် လက်ဆောင်အိတ်များ
အခန်း ၇၄ တာဝန်ချပေးခြင်း
အခန်း ၇၅ ငါးနှစ်အကြာမှာ ငါပြန်လာနိုင်ခဲ့ပြီ
အခန်း ၇၆ နတ်ဆိုးအ​ငွေ့အသက်​တွေအများကြီးပဲ..
အခန်း ၇၇ ဒေါသထွက်တယ်...
အပိုင်း ၇၈ ကံကြမ္မာတိုက်ပွဲ...
အပိုင်း ၇၉
အပိုင်း ၈၀ ငါလှည့်စားခံလိုက်ရတာဖြစ်ရမယ်
အပိုင်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅ အောင်မြင်သည့် အဆင့်မြှင့်တင်မှု...
အခန်း ၈၆ နတ်ဆိုးဂိုဏ်း ​ရောက်လာတယ်..
အခန်း ၈၇ သနားစရာ​ကောင်း​သောနတ်ဆိုးဂိုဏ်ကလူများ...
အခန်း ၈၈ သိုင်းကွက် တစ်ခု
အခန်း ၈၉ သူက ကြယ်​ကောင်းကင်ကလာတာ
အခန်း ၉၀ လိုက်​လျောညီ​ထွေ​နေတတ်ဖို့သင်ရမယ်
အခန်း ၉၁ ညဏ်အလင်းပွင့်ခြင်း..
အခန်း ၉၂ အရမ်းဖြူစင်မ​နေနဲ့...
အခန်း ၉၃ နန်း​တော်ထဲသို့ပထမဆုံးဝင်ခြင်း...
အခန်း ၉၄ မြင်းနက်တွေကိုမရှာခင် တပည့်အရင်ရှာမယ်
အခန်း ၉၅ လီချန်းရှန်
အခန်း ၉၆ ငါမင်း လက်စား​ချေဖို့ကူညီ​ပေးမယ်
အခန်း ၉၇ စတုတ္ထမြောက်တပည့်
အခန်း ၉၈ လင်းဖေး
အခန်း ၉၉ ကြောက်လန့်မှု
အခန်း ၁၀၀ ဆရာကအံ့မခန်းသန်မာတယ်
အခန်း ၁၀၁ ကြောင်အသွား​သော လီချန်းရှန်
အခန်း ၁၀၂ ယုံကြည်ချက်ရှိပြီ
အခန်း ၁၀၃ ပြန်လည်မွေးဖွားခြင်း
အခန်း ၁၀၄ နတ်ဘုရားအဆင့်ပစ္စည်း နောက်တစ်ခု...
အခန်း ၁၀၅ ဒုတိယပန်းတိုင်
အခန်း ၁၀၆ အကြံအစည်
အခန်း ၁၀၇ ဆရာ ကျွန်တော့်ကိုသနားပါဦး
အခန်း ၁၀၈ မြို့တော်ရောက်တာ သိပ်မကြာသေးပေမယ့် အဆက်အသွယ်ပြတ်ကုန်ပြီ
အခန်း ၁၀၉ သနားစရာ လီကော
အခန်း ၁၁၀ နတ်ဆိုးဂိုဏ်း​ရဲ့ဘော့စ်
အခန်း ၁၁၁ မင်းရဲ့အ​တွေးက စိတ်ကူးတစ်ခုသက်သက်ပဲ..
အခန်း ၁၁၂ လောင်မင်ရဲ့ ဆုံးရှုံးမှု
အခန်း ၁၁၃ လင်းဖေး၏အချက်အလက်
အခန်း ၁၁၄ ပထမတိုက်ပွဲ
အခန်း ၁၁၅ ခံစားချက်မကောင်းဘူး
အခန်း ၁၁၆ သူ့ကိုထောင်ချောက်ဆင်
အခန်း ၁၁၇ ချောက်ချရတာ နေလို့ကောင်းတယ်
အခန်း ၁၁၈ အကြံအစည်ကအဆုံးမရှိဘူး..
အခန်း ၁၁၉ ဒေါသထွက်နေတဲ့ လင်းဖေး
အခန်း ၁၂၀ ကြည့်ရတာ ငါဒီ လုရှောင်ယန်ကို သင်ခန်းစာပေးရမယ့်ပုံပဲ
အခန်း ၁၂၁ သနားစရာ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ..
အခန်း ၁၂၂ လုရှောင်ယန်က တကယ်​တော့ လူရိုးလေးတစ်​ယောက်ပါ..
အခန်း ၁၂၃ သူ့ကိုမဟက်​အောင် အရင်တားရမယ်
အခန်း ၁၂၄ မျိုးမစစ်အိုကြီးထောင်ချောက်ထဲဝင်ဖို့စောင့်ရမယ်
အခန်း ၁၂၅ သိုင်းဘုရင်အဆင့် ဝိညာဉ်တစ်ခုကိုသတ်ခြင်း
အခန်း ၁၂၆ ထိတ်လန့်သွားတဲ့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ..
အခန်း ၁၂၇ ပြင်းထန်တဲ့တိုက်ပွဲ..
အခန်း ၁၂၈ ဒေါသထွက်​နေတဲ့ သိုင်းဘုရင်အဆင့် ကျင့်ကြံသူ..
အခန်း ၁၂၉ မင်းကို ငါ့​ယောကျ်ားဖြစ်​စေချင်တယ်
အခန်း ၁၃၁ Go pokemon အဲ့တာမင်းပဲ
အခန်း ၁၃၂ နတ်ဆိုးကောင် ထောင်ထဲကထွက်လာပြီ..
အခန်း ၁၃၃ ငါ့ကိုရန်စပြီးပြေးလို့ရမယ်ထင်လား..
အပိုင်း ၁၃၄
အပိုင်း ၁၃၅
အပိုင်း ၁၃၆
အပိုင်း ၁၃၇
အပိုင်း ၁၃၈
အပိုင်း ၁၃၉+၁၄၀
အခန်း ၁၄၁ အခြေအနေကိုအခွင့်ကောင်းယူခြင်း
အခန်း ၁၄၂ ခြိမ်းခြောက်ခြင်း
အခန်း ၁၄၃ နတ်ဆိုးအရှင်
အခန်း ၁၄၄ ရှေးဟောင်းလူဝံနယ်မြေမှာ ငါမင်းကိုစောင့်နေမယ်
အခန်း ၁၄၅
အခန်း ၁၄၆ အကြီးဆုံးဆရာတူအစ်ကို တိုးတက်သွားပြီ
အခန်း ၁၄၇ ဒုတိယအကြိမ်တိုက်ပွဲ
အခန်း ၁၄၈ ရှေးဟောင်းလျှို့ဝှက်တားမြစ်နယ်မြေ ဖွင့်ခြင်း
အခန်း ၁၄၉ အရပ်မျက်နှာအစုံမှ စုစည်းခြင်း
အခန်း ၁၅၀ နံပါတ်4 တစ်ယောက်ပဲ နာမည်ကြီးတယ်
အခန်း ၁၅၁ သိုင်းဘုရင်အဆင့် တက်လှမ်းနိုင်ချေရှိသူ၏ အရည်အချင်း
အခန်း ၁၅၂ တိုက်ပွဲစတင်ပြီ
အခန်း ၁၅၃ ကမ္ဘာကြီးကို တစ်ယောက်တည်းရင်ဆိုင်မယ်
အခန်း ၁၅၄ သူမ ငါ့ကိုတကယ်သတ်ချင်တာလား
အခန်း ၁၅၅ နောက်ဆုံးအခြေအနေထိတွန်းပို့ခံရတယ်
အခန်း ၁၅၆ နောက်ဆုံး ဓါးချက်
အခန်း ၁၅၇ ဖမ်းစမ်း ဖမ်းကြစမ်း..
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း ၁၇၀
အခန်း ၁၇၁
အခန်း ၁၇၂
အခန်း ၁၇၃
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အပိုင်း ၁၇၇+၁၇၈
အပိုင်း ၁၇၉+၁၈၀
အပိုင်း ၁၈၁+၁၈၂
အပိုင်း ၁၈၃+၁၈၄
အပိုင်း ၁၈၅+၁၈၆
အပိုင်း ၁၈၇+၁၈၈
အပိုင်း ၁၈၉+၁၉၀
အပိုင်း ၁၉၁+၁၉၂
အပိုင်း ၁၉၃
ကျန့်ယိမဟာမိတ်အဖွဲ့
မင်း ဘယ်အရာပဲဖြစ်လာပါစေ ငါက ကျောက်တုံးလိုသန်မာနေမယ်
အပိုင်း ၁၉၆ သနားစရာ သုံးယောက်အဖွဲ့..
အပိုင်း ၁၉၇ ထောင်ချောက်..
အပိုင်း ၁၉၈ တိုက်ပွဲစတင်ပြီ..
အပိုင်း ၁၉၉ တိုက်ပွဲကိုလက်ခံခြင်း..
အပိုင်း ၂၀၀ တိုက်ပွဲအတွက်ပြင်ဆင်ခြင်း
အပိုင်း ၂၀၁-၂၁၀ (Unicode)
အပိုင်း ၂၀၁-၂၁၀ (Zawgyi)
!!!
လုရှောင်ယန် စ/ဆုံး
Merry Christmas & Happy New Year
Happy New Year 💝

အခန်း ၁၃၀ အစီအစဉ်

1K 122 2
Galing kay CharmZoey

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၉။ အခန်း ၁၃၀ အစီအစဉ်

"မင်းက ငါ့ကျွန်ဖြစ်ဖို့ မထိုက်တန်ဘူး။"

 လုရှောင်ယန် သူမစကားများကို လျစ်လျူရှုကာ ပြောလိုက်ခြင်းက ယွဲ့ယင်း၏နှလုံးကို ချက်ချင်း အေးခဲသွားစေသည်။

 ထို့နောက် လုရှောင်ယန်သည် နောက်ထပ်ကြီးမားသော သိုင်းဘုရင်အဆင့် အဂ္ဂိရတ်ဖိုလ်တစ်ခုကို ထုတ်ယူလိုက်သည်ကို သူမတွေ့လိုက်ရသည်။

 အကြောင်းတစ်ခုခုကြောင့် ကြီးမားသော အဂ္ဂိရတ်ဖိုလ်ကြီးကို မြင်သောအခါ ယွဲ့ယင်းသည် ချက်ချင်းပင် ဆိုးရွားသော ခံစားချက်ကို ရလိုက်သည်။

 "ဘာ... ဘာလုပ်နေတာလဲ။"

 "ဟုတ်တယ် မင်းကို သိုင်းဘုရင်အဆင့် စိတ်ဝိညာဉ်ဆေးလုံးအဖြစ် ပြုပြင်ပြီး ငါ့တပည့်တွေကို သူတို့ရဲ့ သိုင်းရည်မှန်းချက် တိုးမြင့်အောင် စားခွင့်ပေးမလို့..။"

 ယွဲ့ယင်း အံသြသွားသည်။ လုရှောင်ယန်ဟာ သူမကို သင်္ချိုင်းနေရာမရှိပဲ သေဆုံးအောင်လုပ်ခဲ့လျှင် အကြောင်းအရာတစ်ခုဖြစ်သည်။ သို့သော် သူတကယ်ပဲ သူမကို ဆေးဖက်ဝင်ဆေးလုံးအဖြစ် ပြုပြင်ချင်နေသည်လား။

 “မင်း… မင်းက လူမဆန်ဘူးပဲ။ ငါ ကိုယ့်ကိုယ်ကို ဖျက်စီးပစ်ရင်တောင် မင်းငါ့ကို အခွင့်ကောင်းယူခွင့်မပေးဘူး။"

 သို့သော်လည်း သူမကိုယ်တိုင် မဖျက်ဆီးနိုင်မီ လုရှောင်ယန်သည် ရုတ်တရက် ခြေထောက်ကို မြှောက်ကာ ရှင်းယွင်ချီတစ်ထောင်အိုး ထဲသို့ ကန်သွင်းပစ်လိုက်သည်။

 “ကိုယ့်ကိုယ်ကို ဖျက်စီးတာက မင်းကိစ္စပဲ။ ငါ့ရဲ့ ကြီးမားတဲ့ ဒီအိုးကြီးထဲမှာ မင်းကိုယ်တိုင် ဖျက်ဆီးပစ်ရင်တောင် မင်းရဲ့ ဝိညာဉ်စွမ်းအားက ပျံ့နှံ့မှာ မဟုတ်ဘူး။ ဒီနေ့ မင်းကို သေချာစားရမှဖြစ်မယ်။"

          

 ယွဲ့ယင်း လုံးဝပြိုလဲကျသွားတော့သည်။

 "လုရှောင်ယန်၊ မင်းလူယုတ်မာ၊ ငါမင်းကိုသတ်မယ်။"

 "မင်း.သေစမ်း.."

 "မင်းနဲ့ မင်းရဲ့ဘိုးဘေးတွေလည်း သေစမ်း.."

 “ငါ…”

 လုရှောင်ယန်သည် သူမအား စိတ်ထဲမထားဘဲ သူမအား သိုင်းဘုရင်အဆင့် ဝိညာဉ်ဆေးလုံးအဖြစ် သန့်စင်ရန်အတွက် ရှင်းယွင်ချီတစ်ထောင်အိုးကိုသာ အသက်သွင်းလိုက်သည်။

 အချိန်အနည်းငယ်မျှသာကြာသောအခါတွင် အသံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

 သိုင်းဘုရင်အဆင့် ဝိညာဉ်ဆေးလုံးသည် အလယ်အလတ်တန်းစား သိုင်းဘုရင်အဆင့် ဆေးဖက်ဝင်ဆေးဖြစ်ပြီး ၎င်းသည် သိုင်းဘုရင်အဆင့် ခြင်ဆီဆေးလုံးကဲ့သို့ပင် အဖိုးတန်သည်။

 သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးတွင် ရိုးတွင်းခြင်ဆီ အနည်းငယ်သာရှိသည်။ အလားတူပင် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ၏ဝိညာဉ်သည်လည်း ရှားပါးသည်။

 နေ့ရောညပါ ကုန်ဆုံးပြီးနောက် လုရှောင်ယန်သည် နောက်ဆုံးတွင် သိုင်းဘုရင်အဆင့် ဝိညာဉ်ဆေးလုံး ကို သန့်စင်နိုင်ခဲ့သည်။ သူ့တွင် အလွန်သနားစရာကောင်းသည့် ဆေးသုံးလုံးပဲရှိသည်။ လောင်ကျွမ်းကောင်းကင်ဧကရာဇ်၏ သိုင်းဘုရင်အဆင့်ခြင်ဆီကို သန့်စင်ပြီးရသည့် ဆေးတွေထက်တောင် ပိုနည်းနေသည်။

 "ဒီမိန်းမက သိပ်တန်ဖိုးမရှိဘူးပဲ။"

 လုရှောင်ယန် မထိန်းနိုင်ဘဲ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

 စင်စစ် ဒါဟာ ယွဲ့ယင်းရဲ့ အပြစ်မဟုတ်ခဲ့ပါ။ သူမ၏ ဝိညာဉ်သည် အစတည်းက အကြွင်းအကျန်ဝိညာဉ်ဖြစ်သည်။ ထို့အပြင် လုရှောင်ယန်၏ ပြင်းထန်စွာ ရိုက်နှက်ခြင်းခံခဲ့ရသည်။ ထို့အပြင်၊ သူမသည် တိုက်ခိုက်ရန် သူမ၏ ဝိညာဉ်စွမ်းအားကိုပင် လောင်ကျွမ်းစေခဲ့သည်။ သူမ၏ သိုင်းဘုရင်အဆင့်အရှိန်အဝါမှာ များစွာမကျန်တော့ပါ။

 ထို့ကြောင့် လုရှောင်ယန်သည် အဆုံးတွင် ဆေးသုံးလုံးသာ သန့်စင်နိုင်ခဲ့ခြင်းဖြစ်သည်။

 သို့သော် မေ့ပစ်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတော့ သူ၏တံခါးကို လာခေါက်သည် အရာတစ်ခုပါပဲ။ သူသည် ဤအရာမှ အမြတ်သာလျှင် ကျန်၏။

 ထို့အပြင် သူသည် သိုင်းဘုရင်အဆင့်  ငွေလခြမ်းတိုက်ပွဲ ဓားရှည်နှစ်ချောင်းကိုလည်း ရရှိခဲ့သည်။

 ဤဓါးနှစ်ချောင်းသည် အလွန်ထူးခြားသည်ဟု ဆိုရမည်ဖြစ်သည်။ နှစ်ချောင်းကို ပေါင်းစပ်လိုက်သောအခါတွင် ၎င်းတို့သည် ပင်လယ်ရေနက်ပိုင်း ဂုံးကောင်များကဲ့သို့ ခံစားရသည်။ သူတို့သည် ငွေရောင်တောက်ပနေသည်။

 ထိုသို့တွေးရင်း သူဒီနေ့ ပိုင်ဆိုင်မှုနည်းနည်းရ၍ ဝမ်းသာသွားသည်။

 သိုင်းဘုရင်အဆင့် ဝိညာဉ်ဆေးလုံးသည် ရှင်းယွင်ချီတစ်ထောင်အိုး၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ကြိုးပမ်းရင်း ဆေးမီးဖိုတွင် ခုန်ပေါက်နေခဲ့သည်။  သို့သော်၊ အားလုံးအချည်းနှီးပင်။

 ဤဆေးဝါးအနည်းငယ်သည် သိုင်းဘုရင်အဆင့်  ရှင်းယွင်ချီတစ်ထောင်အိုး၏ထိန်းချုပ်မှုမှ မည်သို့လွတ်မြောက်နိုင်မည်နည်း။

 ဆေးဖက်ဝင်ဆေးလုံးများကို ကြွေပုလင်းငယ်တစ်ခုထဲသို့ထည့်ကာ ချိတ်ပိတ်ရန် အစီအရင် ဖွဲ့စည်းပြီးနောက်၊ လုရှောင်ယန်သည် နောက်ဆုံးတွင် တောင်တန်းနှင့်မြစ် ပန်းချီကားမှ ထွက်ခွာသွားပြီး သူ၏နောက်ထပ်လှုပ်ရှားမှုကို စတင်စဉ်းစားလိုက်သည်။

 “ရှေးဟောင်းတားမြစ်နယ်မြေကို တစ်လအတွင်း ဖွင့်လှစ်တော့မှာ..။ အဲဒီအခါကျ လင်းဖေးကို ငါတို့သတ်ပစ်ရမယ်။”

 သီအိုရီအရ လင်းဖေးသည် တကယ့် မြင်းနက်ဖြစ်သည်။ ယွဲ့ယင်းသည် သူ၏ လျှို့ဝှက်စွမ်းအင် အရင်းအမြစ်အဖြစ်သာ ယူဆနိုင်ပြီး ၎င်း၏ အဓိက တိုက်ခိုက်ရေး ခွန်အား မဟုတ်ပေ။

 လင်းဖေး၏ လက်ရှိနည်းလမ်းများသည် မနိမ့်ကျပေ။ သန်မာသော ကျင့်ကြံသူများကို တိုက်ခိုက်ရန် သူ့အတွက် လွယ်ကူသည်။ သူ့တွင် နယ်ပယ်အဆင့်များစွာပိုမိုမြင့်မားသော သူများကို ချက်ချင်းသတ်ပစ်နိုင်သော နောက်ထပ်ဝှက်ဖဲတစ်ခု ရှိကောင်းရှိနိုင်သည်။

 လုရှောင်ယန်ကဲ့သို့ ဗီလိန်အတွက် ထိုလှုပ်ရှားမှုကို ပြင်ဆင်ထားပုံရသည်။  သူ လင်းဖေးကို ထိပ်တိုက်,တိုက်၍မဖြစ်သည်မှာ သေချာသည်။

 ထိုအခြေအနေတွင်၊ ရှောင်ပိုင်နှင့် ကိုင်တွယ်ရာတွင် သူအသုံးပြုသည့်နည်းလမ်းကိုသာ သုံးရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းမှာ ထိရောက်သွားလျှင် အလွန်အဆင်ပြေလှသည်။

 သို့သော်၊ နောက်ထပ်ပြဿနာကြီးတစ်ခုရှိသည်။ ရှောင်ပိုင်သည် ပြန်လည်မွေးဖွားလာသော သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး တစ်ဦးတည်း ကျော်ကြားလာသူဖြစ်သည်။ ကျောထောက်နောက်ခံနှင့် သူငယ်ချင်းများရှိသည့် လင်းဖေးကဲ့သို့ တစ်စုံတစ်ယောက်မှာမူ အလွန်ကြောက်စရာကောင်းသည်ဟုဆိုရမည်။ သူ၏ချစ်သူများထဲမှ တစ်ဦးသည် ကြီးကျယ်ခမ်းနားသော အထောက်အပံ့ဘော့စ်ကြီး သို့မဟုတ် တော်ဝင်မိသားစုတွင် အကြီးတန်းတစ်ဦးပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ့ကို ကယ်တင်ဖို့ ထိုမျှကြီးကျယ်သည့် သူမျိုး မရှိလျှင်တောင်မှ ထိုဘောမရူယန် ရှိနေသရွေ့ လင်းဖေးကို တိုက်ခိုက်မည်ဆိုလျှင် တော်ဝင်မိသားစုကို ရန်စမိမှာ သေချာသည်။

ဒါသည် လုရှောင်ယန် အမြဲတမ်း စိုးရိမ်နေခဲ့သည့်အရာဖြစ်သည်။

 ရူယန်က သေချာပေါက် တိုက်ခိုက်လိမ့်မည်။ ဤသည်မှာ သေချာသည်။

 ထိုအခါ သူဘာလုပ်ရမည်လဲ။ ရူယန်ကို သတ်ရမည်လား။

 သူမသည် လက်ရှိဧကရာဇ်မင်းမြတ်၏ တစ်ဦးတည်းသောသမီးတော်ဖြစ်သည်။ သူမကို တိုက်ခိုက်ပြီး သတ်လိုက်မယ်ဆိုလျှင် ဧကရာဇ်မိသားစုတစ်ခုလုံးနှင့် ပဋိပက္ခဖြစ်မှာ သေချာသည်။

 သူသည် ဧကရာဇ်မိသားစုရှိ လူတိုင်းကို မသတ်နိုင်ပေ။ နောက်ဆုံးတွင်၊ သူတို့တွင် ကျွမ်းကျင်သူများစွာရှိပြီး ထိုကဲ့သို့သော ကြီးမားသော ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသည်။ ၎င်းတို့သည် အခြေခံအားဖြင့် အရိုးဖြူနတ်ဆိုးဂိုဏ်းရာဂဏန်းနှင့် ညီမျှသည်။

 ထိုအချိန်တွင်၊ သူသည် မဟာကျိုး သို့မဟုတ် တိုက်ကြီးတစ်ခုလုံးတွင် ကျော်ကြားသော ပုဂ္ဂိုလ်ဖြစ်လာလိမ့်မည်။

 ထို့ကြောင့် ယခု ဧကရာဇ်မိသားစုကို တိုက်ခိုက်ပါက သူသည် သေလမ်းရှာနေခြင်းဖြစ်မည် မဟုတ်လော။

 တော်ဝင်မိသားစုကို အနိုင်ယူပြီး ဖျက်ဆီးနိုင်ခဲ့လျှင်တောင် အဲဒီနောက်မှာ ဘာဖြစ်မလဲ။ တခြားတိုင်းပြည်က မင်းဆက်တွေက သူ့ကို အတူတူ တိုက်ခိုက်ရင် သူ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပါခဲ့ရင်တောင် သူတို့အားလုံးကို တားနိုင်မှာ မဟုတ်ဘူး။

 ဒါက လုရှောင်ယန် ခေါင်းကိုက်စေသည်။

 "ကံမကောင်းစွာပဲ၊ ငါက ဇာတ်လိုက်မဟုတ်ဘူး။ ငါက ရုပ်ရည်ချောမောပေမယ့် လူတိုင်းကိုတော့ မချစ်နိုင်ဘူး။ ဘောမ အစုလိုက်ကြီးကို မဆွဲဆောင်နိုင်ဘူး။ ဧကရာဇ်မိသားစုက ကျွမ်းကျင်ပညာရှင် နည်းနည်းလောက်လေးပဲ ပံ့ပိုးပေးမယ်ဆိုရင်တောင် ငါ ယခုအချိန်မှာ စိုးရိမ်ပူပန်နေရမှာမဟုတ်ဘူး။”

 ခေတ္တရပ်ပြီးနောက် လုရှောင်ယန်သည် ရုတ်တရက် မျက်လုံးမှေးကျင်းလိုက်သည်။

 "အထောက်အပံ့ပေးမယ့်သူတွေမရှိရင် တစ်ချို့ကို ဘာလို့ဖန်တီးလို့မရမှာလဲ။"

 သူ့မှာမရှိလျှင်၊ သူကိုယ်တိုင်ဖန်တီးလို့ရသည်။ ထုတ်လုပ်မှုသည် လူမှုရေးတိုးတက်မှုကို မြှင့်တင်ပေးသည့် နံပါတ်တစ်အချက်ဖြစ်သည်။

 လုရှောင်ယန်မှာလည်း ရွေးချယ်စရာမရှိပေ။ သိုင်းဘုရင်အဆင့်ကို ကျင့်ကြံဖို့ ဤတပည့်အနည်းငယ်ကို အားကိုးဖို့ဆိုသည်မှာ အရူးတစ်ယောက်၏ အိပ်မက်သာသာပင်။

 ရှောင်ပိုင်နှင့် လင်းဖေးတို့လို မြင်းနက်တွေက သူတို့ထက် ပိုမြန်သည်။ သူတို့ သိုင်းဘုရင်အဆင့်ကို ကျင့်ကြံနိုင်သောအခါ၊ ထိုမြင်းနက်များသည် နတ်ဘုရားများ ဖြစ်လာပေလိမ့်မည်။ ကျင့်ကြံမှုတိုးတက်မှုနှင့်ပတ်သက်၍ ဟက်ကာတစ်ဦးနှင့် ယှဉ်ပြိုင်ခြင်းသည် အလွန်မိုက်မဲခြင်းသာဖြစ်သည်။

 ဤပြဿနာကို ကြိုတင်ဖြေရှင်းရန် သူ့အနေနှင့် ဆိုးရွားသော တစ်ခုခုကို လုပ်ရမည်မှာ သေချာသည်။

 သို့သော် သူ၏တပည့်များသည် ကောင်းစွာလုပ်ဆောင်နေကြဆဲဖြစ်သည်။ သူတို့အားလုံးမှာ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်၏ အရည်အချင်းတွေရှိကြသည်။ သူ၏ ကျင့်ကြံနည်းစနစ်နှင့် ဆေးဖက်ဝင် ဆေးလုံးများနှင့်အတူ ၎င်းတို့၏ တိုးတက်မှုများသည် အလွန်လျင်မြန်သည်။

 နောက်ပြဿနာတစ်ခုကတော့ သူ၏တပည့်တွေက သူ့ကိုသစ္စာမဖောက်ကြပါ။ သို့သော် အခြားသူများကတော့ ထိုသို့ မဟုတ်ပေ။

       နောက်ဆုံးတွင်၊ ဇာတ်လိုက်များသည်သာ သစ္စာဖောက်ခံရမည့် တစ်ဦးတည်းသောသူများ မဟုတ်ပေ။

 ဤ အထောက်အပံ့များကို ခိုင်မာစွာ ထိန်းချုပ်ရန် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုကို အသုံးပြုခြင်းကဲ့သို့သော နည်းလမ်းကို သူ စဉ်းစားရမည်။

 ဦးစွာ ယွဲ့ယင်းကဲ့သို့သော သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူပင်လျှင် စစ်မှန်သောအမြင်အာရုံသုံးပါး၏ ထင်ယောင်ထင်မှားနည်းပညာကြောင့် ထိခိုက်ခဲ့ပြီး ၎င်းကို မခွဲခြားနိုင်ပေ။

 ဒုတိယအနေဖြင့်၊ စစ်မှန်သောအမြင်အာရုံသုံးပါးသည် ပြန်မပြင်နိုင်သော မှတ်ဉာဏ်များကို ဖန်တီးနိုင်သည်။

 ထို့ကြောင့် သူ့ကို ကယ်တင်မည့် အထောက်အပံ့မျိုးရဖို့သည် သူ့အတွက် ပြဿနာ မဟုတ်တော့ပေ။

 ဥပမာ ဘုရင်ကျီနဉ်ကဲ့သို့ တစ်စုံတစ်ယောက်လား။

 လုရှောင်ယန်သည် ဒါဟာ အကြံကောင်းတစ်ခုဟု ခံစားရသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ထိုသူအား မထိခိုက်သရွေ့ ကျီဝူရှားကို စိတ်ပျက်စေမည်မဟုတ်ပေ။

 ထို့အပြင် သူ၏ ခွန်အားများ တိုးလာသည်နှင့်အမျှ၊ သူသည် ဆက်သွယ်ပြောဆိုနိုင်ပြီး သူ၏ အစီအစဉ်များကို အကောင်အထည် ဖော်နိုင်သူများ လိုအပ်နေသေးသည်။

 ကျီဝူရှားကို ဧကရီဖြစ်လာအောင် ကူညီရမလား။

 လုရှောင်ယန် ခေါင်းယမ်းလိုက်သည်။

          

 ကျီဝူရှားသည် ဧကရီဖြစ်လာပြီးနောက် သူမသည် ကျင့်ကြံရန် မဖြစ်နိုင်တော့ပါ။ ထိုနည်းအားဖြင့် သူသည် သူ၏ အမြတ်များကို ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။

 ထို့အပြင် ကျီဝူရှားသည် အနာဂတ်တွင် အခြားသော မြင်းနက်များနှင့် တိုက်ခိုက်ရန် လိုအပ်နေသေးသည်။ အကယ်၍ သူမသည် ဧကရီဖြစ်လာပါက၊ သူသည် အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ရေးအင်အားတစ်ခု ဆုံးရှုံးလိမ့်မည်မဟုတ်လော။

 ထိုအချိန်တွင် လုရှောင်ယန်၏တံခါးအပြင်ဘက်မှ ရင်းနှီးသောအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

 "အကြီးအကဲလု၊ ရှိလား။  ကျွန်တော့်မှာ စိတ်ကို အာဟာရဖြည့်ပေးပြီး သွေးလည်ပတ်မှုကို လျှော့ချပေးနိုင်တဲ့ ဖုန်းယွင်ဂိုဏ်းက ဝိုင်ကောင်းတွေရှိတယ်။ အကြီးအကဲရဲ့ ယန်ခွန်အားကိုလည်း တိုးစေနိုင်တယ်။ မြည်းစမ်းလို့ရအောင် ကျွန်တော်ယူလာပေးတာ။"

 လုရှောင်ယန် အံ့အားသင့်သွားကာ ပြီးမှမျက်လုံးများကို အနည်းငယ်မှေးကျင်းလိုက်ပြီး 

နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။ ဤလူသည် အသုံးချခံဖို့ သူ့ကိုယ်သူ ပေးပို့လာခြင်း မဟုတ်ဘူးလား။

 ကျီဝူရှင်းသည် မဟာကျိုး တော်ဝင်မိသားစု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ လုရှောင်ယန်သည် မဟာကျိုးကို သိမ်းပိုက်ရန် မရည်ရွယ်သော်လည်း တော်ဝင်မိသားစုမှ ကျွမ်းကျင်သူအချို့ကို ခေါ်ယူနိုင်သေးသည်။

 ထို့အပြင် ဤလူသည် အလိုရှိရင် ခေါ်ယူနိုင်ပြီး မကြာခဏ ခေါ်သွားရန် မလိုအပ်ပေ။

 အရေးအကြီးဆုံးမှာ သူ၏ ကျင့်ကြံဆင့်ဟာ နိမ့်ပါးပြီး ထိန်းချုပ်ရလွယ်ကူခြင်းပင်….

***

 

[Zawgyi]
ၿပိဳင္ဘက္ကင္းအသန္မာဆုံးသခင္ႀကီး

စာစဥ္ ၉။ အခန္း ၁၃၀ အစီအစဥ္

"မင္းက ငါ့ကြၽန္ျဖစ္ဖို႔ မထိုက္တန္ဘူး။"

 လုေရွာင္ယန္ သူမစကားမ်ားကို လ်စ္လ်ဴရႈကာ ေျပာလိုက္ျခင္းက ယြဲ႕ယင္း၏ႏွလုံးကို ခ်က္ခ်င္း ေအးခဲသြားေစသည္။

 ထို႔ေနာက္ လုေရွာင္ယန္သည္ ေနာက္ထပ္ႀကီးမားေသာ သိုင္းဘုရင္အဆင့္ အဂၢိရတ္ဖိုလ္တစ္ခုကို ထုတ္ယူလိုက္သည္ကို သူမေတြ႕လိုက္ရသည္။

 အေၾကာင္းတစ္ခုခုေၾကာင့္ ႀကီးမားေသာ အဂၢိရတ္ဖိုလ္ႀကီးကို ျမင္ေသာအခါ ယြဲ႕ယင္းသည္ ခ်က္ခ်င္းပင္ ဆိုး႐ြားေသာ ခံစားခ်က္ကို ရလိုက္သည္။

 "ဘာ... ဘာလုပ္ေနတာလဲ။"

 "ဟုတ္တယ္ မင္းကို သိုင္းဘုရင္အဆင့္ စိတ္ဝိညာဥ္ေဆးလုံးအျဖစ္ ျပဳျပင္ၿပီး ငါ့တပည့္ေတြကို သူတို႔ရဲ႕ သိုင္းရည္မွန္းခ်က္ တိုးျမင့္ေအာင္ စားခြင့္ေပးမလို႔..။"

 ယြဲ႕ယင္း အံၾသသြားသည္။ လုေရွာင္ယန္ဟာ သူမကို သခ်ႋဳင္းေနရာမရွိပဲ ေသဆုံးေအာင္လုပ္ခဲ့လွ်င္ အေၾကာင္းအရာတစ္ခုျဖစ္သည္။ သို႔ေသာ္ သူတကယ္ပဲ သူမကို ေဆးဖက္ဝင္ေဆးလုံးအျဖစ္ ျပဳျပင္ခ်င္ေနသည္လား။

 “မင္း… မင္းက လူမဆန္ဘူးပဲ။ ငါ ကိုယ့္ကိုယ္ကို ဖ်က္စီးပစ္ရင္ေတာင္ မင္းငါ့ကို အခြင့္ေကာင္းယူခြင့္မေပးဘူး။"

 သို႔ေသာ္လည္း သူမကိုယ္တိုင္ မဖ်က္ဆီးႏိုင္မီ လုေရွာင္ယန္သည္ ႐ုတ္တရက္ ေျခေထာက္ကို ေျမႇာက္ကာ ရွင္းယြင္ခ်ီတစ္ေထာင္အိုး ထဲသို႔ ကန္သြင္းပစ္လိုက္သည္။

 “ကိုယ့္ကိုယ္ကို ဖ်က္စီးတာက မင္းကိစၥပဲ။ ငါ့ရဲ႕ ႀကီးမားတဲ့ ဒီအိုးႀကီးထဲမွာ မင္းကိုယ္တိုင္ ဖ်က္ဆီးပစ္ရင္ေတာင္ မင္းရဲ႕ ဝိညာဥ္စြမ္းအားက ပ်ံ႕ႏွံ႔မွာ မဟုတ္ဘူး။ ဒီေန႔ မင္းကို ေသခ်ာစားရမွျဖစ္မယ္။"

          

 ယြဲ႕ယင္း လုံးဝၿပိဳလဲက်သြားေတာ့သည္။

 "လုေရွာင္ယန္၊ မင္းလူယုတ္မာ၊ ငါမင္းကိုသတ္မယ္။"

 "မင္း.ေသစမ္း.."

 "မင္းနဲ႔ မင္းရဲ႕ဘိုးေဘးေတြလည္း ေသစမ္း.."

 “ငါ…”

 လုေရွာင္ယန္သည္ သူမအား စိတ္ထဲမထားဘဲ သူမအား သိုင္းဘုရင္အဆင့္ ဝိညာဥ္ေဆးလုံးအျဖစ္ သန႔္စင္ရန္အတြက္ ရွင္းယြင္ခ်ီတစ္ေထာင္အိုးကိုသာ အသက္သြင္းလိုက္သည္။

 အခ်ိန္အနည္းငယ္မွ်သာၾကာေသာအခါတြင္ အသံသည္ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားသည္။

 သိုင္းဘုရင္အဆင့္ ဝိညာဥ္ေဆးလုံးသည္ အလယ္အလတ္တန္းစား သိုင္းဘုရင္အဆင့္ ေဆးဖက္ဝင္ေဆးျဖစ္ၿပီး ၎သည္ သိုင္းဘုရင္အဆင့္ ျခင္ဆီေဆးလုံးကဲ့သို႔ပင္ အဖိုးတန္သည္။

 သိုင္းဘုရင္အဆင့္ ကြၽမ္းက်င္သူတစ္ဦးတြင္ ႐ိုးတြင္းျခင္ဆီ အနည္းငယ္သာရွိသည္။ အလားတူပင္ သိုင္းဘုရင္အဆင့္ ကြၽမ္းက်င္သူ၏ဝိညာဥ္သည္လည္း ရွားပါးသည္။

 ေန႔ေရာညပါ ကုန္ဆုံးၿပီးေနာက္ လုေရွာင္ယန္သည္ ေနာက္ဆုံးတြင္ သိုင္းဘုရင္အဆင့္ ဝိညာဥ္ေဆးလုံး ကို သန႔္စင္ႏိုင္ခဲ့သည္။ သူ႔တြင္ အလြန္သနားစရာေကာင္းသည့္ ေဆးသုံးလုံးပဲရွိသည္။ ေလာင္ကြၽမ္းေကာင္းကင္ဧကရာဇ္၏ သိုင္းဘုရင္အဆင့္ျခင္ဆီကို သန႔္စင္ၿပီးရသည့္ ေဆးေတြထက္ေတာင္ ပိုနည္းေနသည္။

 "ဒီမိန္းမက သိပ္တန္ဖိုးမရွိဘူးပဲ။"

 လုေရွာင္ယန္ မထိန္းႏိုင္ဘဲ ေဒါသတႀကီး က်ိန္ဆဲလိုက္သည္။

 စင္စစ္ ဒါဟာ ယြဲ႕ယင္းရဲ႕ အျပစ္မဟုတ္ခဲ့ပါ။ သူမ၏ ဝိညာဥ္သည္ အစတည္းက အႂကြင္းအက်န္ဝိညာဥ္ျဖစ္သည္။ ထို႔အျပင္ လုေရွာင္ယန္၏ ျပင္းထန္စြာ ႐ိုက္ႏွက္ျခင္းခံခဲ့ရသည္။ ထို႔အျပင္၊ သူမသည္ တိုက္ခိုက္ရန္ သူမ၏ ဝိညာဥ္စြမ္းအားကိုပင္ ေလာင္ကြၽမ္းေစခဲ့သည္။ သူမ၏ သိုင္းဘုရင္အဆင့္အရွိန္အဝါမွာ မ်ားစြာမက်န္ေတာ့ပါ။

 ထို႔ေၾကာင့္ လုေရွာင္ယန္သည္ အဆုံးတြင္ ေဆးသုံးလုံးသာ သန႔္စင္ႏိုင္ခဲ့ျခင္းျဖစ္သည္။

 သို႔ေသာ္ ေမ့ပစ္ရန္ ဆုံးျဖတ္လိုက္သည္။ ေနာက္ဆုံးေတာ့ သူ၏တံခါးကို လာေခါက္သည္ အရာတစ္ခုပါပဲ။ သူသည္ ဤအရာမွ အျမတ္သာလွ်င္ က်န္၏။

 ထို႔အျပင္ သူသည္ သိုင္းဘုရင္အဆင့္  ေငြလျခမ္းတိုက္ပြဲ ဓားရွည္ႏွစ္ေခ်ာင္းကိုလည္း ရရွိခဲ့သည္။

 ဤဓါးႏွစ္ေခ်ာင္းသည္ အလြန္ထူးျခားသည္ဟု ဆိုရမည္ျဖစ္သည္။ ႏွစ္ေခ်ာင္းကို ေပါင္းစပ္လိုက္ေသာအခါတြင္ ၎တို႔သည္ ပင္လယ္ေရနက္ပိုင္း ဂုံးေကာင္မ်ားကဲ့သို႔ ခံစားရသည္။ သူတို႔သည္ ေငြေရာင္ေတာက္ပေနသည္။

 ထိုသို႔ေတြးရင္း သူဒီေန႔ ပိုင္ဆိုင္မႈနည္းနည္းရ၍ ဝမ္းသာသြားသည္။

 သိုင္းဘုရင္အဆင့္ ဝိညာဥ္ေဆးလုံးသည္ ရွင္းယြင္ခ်ီတစ္ေထာင္အိုး၏ ထိန္းခ်ဳပ္မႈမွ လြတ္ေျမာက္ရန္ ႀကိဳးပမ္းရင္း ေဆးမီးဖိုတြင္ ခုန္ေပါက္ေနခဲ့သည္။  သို႔ေသာ္၊ အားလုံးအခ်ည္းႏွီးပင္။

 ဤေဆးဝါးအနည္းငယ္သည္ သိုင္းဘုရင္အဆင့္  ရွင္းယြင္ခ်ီတစ္ေထာင္အိုး၏ထိန္းခ်ဳပ္မႈမွ မည္သို႔လြတ္ေျမာက္ႏိုင္မည္နည္း။

 ေဆးဖက္ဝင္ေဆးလုံးမ်ားကို ေႂကြပုလင္းငယ္တစ္ခုထဲသို႔ထည့္ကာ ခ်ိတ္ပိတ္ရန္ အစီအရင္ ဖြဲ႕စည္းၿပီးေနာက္၊ လုေရွာင္ယန္သည္ ေနာက္ဆုံးတြင္ ေတာင္တန္းႏွင့္ျမစ္ ပန္းခ်ီကားမွ ထြက္ခြာသြားၿပီး သူ၏ေနာက္ထပ္လႈပ္ရွားမႈကို စတင္စဥ္းစားလိုက္သည္။

 “ေရွးေဟာင္းတားျမစ္နယ္ေျမကို တစ္လအတြင္း ဖြင့္လွစ္ေတာ့မွာ..။ အဲဒီအခါက် လင္းေဖးကို ငါတို႔သတ္ပစ္ရမယ္။”

 သီအိုရီအရ လင္းေဖးသည္ တကယ့္ ျမင္းနက္ျဖစ္သည္။ ယြဲ႕ယင္းသည္ သူ၏ လွ်ိဳ႕ဝွက္စြမ္းအင္ အရင္းအျမစ္အျဖစ္သာ ယူဆႏိုင္ၿပီး ၎၏ အဓိက တိုက္ခိုက္ေရး ခြန္အား မဟုတ္ေပ။

 လင္းေဖး၏ လက္ရွိနည္းလမ္းမ်ားသည္ မနိမ့္က်ေပ။ သန္မာေသာ က်င့္ႀကံသူမ်ားကို တိုက္ခိုက္ရန္ သူ႔အတြက္ လြယ္ကူသည္။ သူ႔တြင္ နယ္ပယ္အဆင့္မ်ားစြာပိုမိုျမင့္မားေသာ သူမ်ားကို ခ်က္ခ်င္းသတ္ပစ္ႏိုင္ေသာ ေနာက္ထပ္ဝွက္ဖဲတစ္ခု ရွိေကာင္းရွိႏိုင္သည္။

 လုေရွာင္ယန္ကဲ့သို႔ ဗီလိန္အတြက္ ထိုလႈပ္ရွားမႈကို ျပင္ဆင္ထားပုံရသည္။  သူ လင္းေဖးကို ထိပ္တိုက္,တိုက္၍မျဖစ္သည္မွာ ေသခ်ာသည္။

 ထိုအေျခအေနတြင္၊ ေရွာင္ပိုင္ႏွင့္ ကိုင္တြယ္ရာတြင္ သူအသုံးျပဳသည့္နည္းလမ္းကိုသာ သုံးရန္ ဆုံးျဖတ္ခဲ့သည္။ ၎မွာ ထိေရာက္သြားလွ်င္ အလြန္အဆင္ေျပလွသည္။

 သို႔ေသာ္၊ ေနာက္ထပ္ျပႆနာႀကီးတစ္ခုရွိသည္။ ေရွာင္ပိုင္သည္ ျပန္လည္ေမြးဖြားလာေသာ သိုင္းဘုရင္အဆင့္ ကြၽမ္းက်င္သူတစ္ဦးျဖစ္ၿပီး တစ္ဦးတည္း ေက်ာ္ၾကားလာသူျဖစ္သည္။ ေက်ာေထာက္ေနာက္ခံႏွင့္ သူငယ္ခ်င္းမ်ားရွိသည့္ လင္းေဖးကဲ့သို႔ တစ္စုံတစ္ေယာက္မွာမူ အလြန္ေၾကာက္စရာေကာင္းသည္ဟုဆိုရမည္။ သူ၏ခ်စ္သူမ်ားထဲမွ တစ္ဦးသည္ ႀကီးက်ယ္ခမ္းနားေသာ အေထာက္အပံ့ေဘာ့စ္ႀကီး သို႔မဟုတ္ ေတာ္ဝင္မိသားစုတြင္ အႀကီးတန္းတစ္ဦးပင္ ျဖစ္ေကာင္းျဖစ္ႏိုင္သည္။ သူ႔ကို ကယ္တင္ဖို႔ ထိုမွ်ႀကီးက်ယ္သည့္ သူမ်ိဳး မရွိလွ်င္ေတာင္မွ ထိုေဘာမ႐ူယန္ ရွိေနသေ႐ြ႕ လင္းေဖးကို တိုက္ခိုက္မည္ဆိုလွ်င္ ေတာ္ဝင္မိသားစုကို ရန္စမိမွာ ေသခ်ာသည္။

ဒါသည္ လုေရွာင္ယန္ အၿမဲတမ္း စိုးရိမ္ေနခဲ့သည့္အရာျဖစ္သည္။

 ႐ူယန္က ေသခ်ာေပါက္ တိုက္ခိုက္လိမ့္မည္။ ဤသည္မွာ ေသခ်ာသည္။

 ထိုအခါ သူဘာလုပ္ရမည္လဲ။ ႐ူယန္ကို သတ္ရမည္လား။

 သူမသည္ လက္ရွိဧကရာဇ္မင္းျမတ္၏ တစ္ဦးတည္းေသာသမီးေတာ္ျဖစ္သည္။ သူမကို တိုက္ခိုက္ၿပီး သတ္လိုက္မယ္ဆိုလွ်င္ ဧကရာဇ္မိသားစုတစ္ခုလုံးႏွင့္ ပဋိပကၡျဖစ္မွာ ေသခ်ာသည္။

 သူသည္ ဧကရာဇ္မိသားစုရွိ လူတိုင္းကို မသတ္ႏိုင္ေပ။ ေနာက္ဆုံးတြင္၊ သူတို႔တြင္ ကြၽမ္းက်င္သူမ်ားစြာရွိၿပီး ထိုကဲ့သို႔ေသာ ႀကီးမားေသာ ဂုဏ္သတင္းကို ပိုင္ဆိုင္ထားသည္။ ၎တို႔သည္ အေျခခံအားျဖင့္ အ႐ိုးျဖဴနတ္ဆိုးဂိုဏ္းရာဂဏန္းႏွင့္ ညီမွ်သည္။

 ထိုအခ်ိန္တြင္၊ သူသည္ မဟာက်ိဳး သို႔မဟုတ္ တိုက္ႀကီးတစ္ခုလုံးတြင္ ေက်ာ္ၾကားေသာ ပုဂၢိဳလ္ျဖစ္လာလိမ့္မည္။

 ထို႔ေၾကာင့္ ယခု ဧကရာဇ္မိသားစုကို တိုက္ခိုက္ပါက သူသည္ ေသလမ္းရွာေနျခင္းျဖစ္မည္ မဟုတ္ေလာ။

 ေတာ္ဝင္မိသားစုကို အႏိုင္ယူၿပီး ဖ်က္ဆီးႏိုင္ခဲ့လွ်င္ေတာင္ အဲဒီေနာက္မွာ ဘာျဖစ္မလဲ။ တျခားတိုင္းျပည္က မင္းဆက္ေတြက သူ႔ကို အတူတူ တိုက္ခိုက္ရင္ သူ ေခါင္းသုံးလုံးႏွင့္ လက္ေျခာက္ဖက္ ပါခဲ့ရင္ေတာင္ သူတို႔အားလုံးကို တားႏိုင္မွာ မဟုတ္ဘူး။

 ဒါက လုေရွာင္ယန္ ေခါင္းကိုက္ေစသည္။

 "ကံမေကာင္းစြာပဲ၊ ငါက ဇာတ္လိုက္မဟုတ္ဘူး။ ငါက ႐ုပ္ရည္ေခ်ာေမာေပမယ့္ လူတိုင္းကိုေတာ့ မခ်စ္ႏိုင္ဘူး။ ေဘာမ အစုလိုက္ႀကီးကို မဆြဲေဆာင္ႏိုင္ဘူး။ ဧကရာဇ္မိသားစုက ကြၽမ္းက်င္ပညာရွင္ နည္းနည္းေလာက္ေလးပဲ ပံ့ပိုးေပးမယ္ဆိုရင္ေတာင္ ငါ ယခုအခ်ိန္မွာ စိုးရိမ္ပူပန္ေနရမွာမဟုတ္ဘူး။”

 ေခတၱရပ္ၿပီးေနာက္ လုေရွာင္ယန္သည္ ႐ုတ္တရက္ မ်က္လုံးေမွးက်င္းလိုက္သည္။

 "အေထာက္အပံ့ေပးမယ့္သူေတြမရွိရင္ တစ္ခ်ိဳ႕ကို ဘာလို႔ဖန္တီးလို႔မရမွာလဲ။"

 သူ႔မွာမရွိလွ်င္၊ သူကိုယ္တိုင္ဖန္တီးလို႔ရသည္။ ထုတ္လုပ္မႈသည္ လူမႈေရးတိုးတက္မႈကို ျမႇင့္တင္ေပးသည့္ နံပါတ္တစ္အခ်က္ျဖစ္သည္။

 လုေရွာင္ယန္မွာလည္း ေ႐ြးခ်ယ္စရာမရွိေပ။ သိုင္းဘုရင္အဆင့္ကို က်င့္ႀကံဖို႔ ဤတပည့္အနည္းငယ္ကို အားကိုးဖို႔ဆိုသည္မွာ အ႐ူးတစ္ေယာက္၏ အိပ္မက္သာသာပင္။

 ေရွာင္ပိုင္ႏွင့္ လင္းေဖးတို႔လို ျမင္းနက္ေတြက သူတို႔ထက္ ပိုျမန္သည္။ သူတို႔ သိုင္းဘုရင္အဆင့္ကို က်င့္ႀကံႏိုင္ေသာအခါ၊ ထိုျမင္းနက္မ်ားသည္ နတ္ဘုရားမ်ား ျဖစ္လာေပလိမ့္မည္။ က်င့္ႀကံမႈတိုးတက္မႈႏွင့္ပတ္သက္၍ ဟက္ကာတစ္ဦးႏွင့္ ယွဥ္ၿပိဳင္ျခင္းသည္ အလြန္မိုက္မဲျခင္းသာျဖစ္သည္။

 ဤျပႆနာကို ႀကိဳတင္ေျဖရွင္းရန္ သူ႔အေနႏွင့္ ဆိုး႐ြားေသာ တစ္ခုခုကို လုပ္ရမည္မွာ ေသခ်ာသည္။

 သို႔ေသာ္ သူ၏တပည့္မ်ားသည္ ေကာင္းစြာလုပ္ေဆာင္ေနၾကဆဲျဖစ္သည္။ သူတို႔အားလုံးမွာ သိုင္းဘုရင္အဆင့္ ကြၽမ္းက်င္သူတစ္ေယာက္၏ အရည္အခ်င္းေတြရွိၾကသည္။ သူ၏ က်င့္ႀကံနည္းစနစ္ႏွင့္ ေဆးဖက္ဝင္ ေဆးလုံးမ်ားႏွင့္အတူ ၎တို႔၏ တိုးတက္မႈမ်ားသည္ အလြန္လ်င္ျမန္သည္။

 ေနာက္ျပႆနာတစ္ခုကေတာ့ သူ၏တပည့္ေတြက သူ႔ကိုသစၥာမေဖာက္ၾကပါ။ သို႔ေသာ္ အျခားသူမ်ားကေတာ့ ထိုသို႔ မဟုတ္ေပ။

       ေနာက္ဆုံးတြင္၊ ဇာတ္လိုက္မ်ားသည္သာ သစၥာေဖာက္ခံရမည့္ တစ္ဦးတည္းေသာသူမ်ား မဟုတ္ေပ။

 ဤ အေထာက္အပံ့မ်ားကို ခိုင္မာစြာ ထိန္းခ်ဳပ္ရန္ စိတ္ပိုင္းဆိုင္ရာ ထိန္းခ်ဳပ္မႈကို အသုံးျပဳျခင္းကဲ့သို႔ေသာ နည္းလမ္းကို သူ စဥ္းစားရမည္။

 ဦးစြာ ယြဲ႕ယင္းကဲ့သို႔ေသာ သိုင္းဘုရင္အဆင့္ ကြၽမ္းက်င္သူပင္လွ်င္ စစ္မွန္ေသာအျမင္အာ႐ုံသုံးပါး၏ ထင္ေယာင္ထင္မွားနည္းပညာေၾကာင့္ ထိခိုက္ခဲ့ၿပီး ၎ကို မခြဲျခားႏိုင္ေပ။

 ဒုတိယအေနျဖင့္၊ စစ္မွန္ေသာအျမင္အာ႐ုံသုံးပါးသည္ ျပန္မျပင္ႏိုင္ေသာ မွတ္ဉာဏ္မ်ားကို ဖန္တီးႏိုင္သည္။

 ထို႔ေၾကာင့္ သူ႔ကို ကယ္တင္မည့္ အေထာက္အပံ့မ်ိဳးရဖို႔သည္ သူ႔အတြက္ ျပႆနာ မဟုတ္ေတာ့ေပ။

 ဥပမာ ဘုရင္က်ီနဥ္ကဲ့သို႔ တစ္စုံတစ္ေယာက္လား။

 လုေရွာင္ယန္သည္ ဒါဟာ အႀကံေကာင္းတစ္ခုဟု ခံစားရသည္။ မည္သို႔ပင္ဆိုေစကာမူ သူသည္ ထိုသူအား မထိခိုက္သေ႐ြ႕ က်ီဝူရွားကို စိတ္ပ်က္ေစမည္မဟုတ္ေပ။

 ထို႔အျပင္ သူ၏ ခြန္အားမ်ား တိုးလာသည္ႏွင့္အမွ်၊ သူသည္ ဆက္သြယ္ေျပာဆိုႏိုင္ၿပီး သူ၏ အစီအစဥ္မ်ားကို အေကာင္အထည္ ေဖာ္ႏိုင္သူမ်ား လိုအပ္ေနေသးသည္။

 က်ီဝူရွားကို ဧကရီျဖစ္လာေအာင္ ကူညီရမလား။

 လုေရွာင္ယန္ ေခါင္းယမ္းလိုက္သည္။

          

 က်ီဝူရွားသည္ ဧကရီျဖစ္လာၿပီးေနာက္ သူမသည္ က်င့္ႀကံရန္ မျဖစ္ႏိုင္ေတာ့ပါ။ ထိုနည္းအားျဖင့္ သူသည္ သူ၏ အျမတ္မ်ားကို ပိုင္ဆိုင္ႏိုင္လိမ့္မည္ မဟုတ္ေပ။

 ထို႔အျပင္ က်ီဝူရွားသည္ အနာဂတ္တြင္ အျခားေသာ ျမင္းနက္မ်ားႏွင့္ တိုက္ခိုက္ရန္ လိုအပ္ေနေသးသည္။ အကယ္၍ သူမသည္ ဧကရီျဖစ္လာပါက၊ သူသည္ အေၾကာင္းျပခ်က္မရွိဘဲ တိုက္ခိုက္ေရးအင္အားတစ္ခု ဆုံးရႈံးလိမ့္မည္မဟုတ္ေလာ။

 ထိုအခ်ိန္တြင္ လုေရွာင္ယန္၏တံခါးအျပင္ဘက္မွ ရင္းႏွီးေသာအသံတစ္ခု ႐ုတ္တရက္ထြက္ေပၚလာသည္။

 "အႀကီးအကဲလု၊ ရွိလား။  ကြၽန္ေတာ့္မွာ စိတ္ကို အာဟာရျဖည့္ေပးၿပီး ေသြးလည္ပတ္မႈကို ေလွ်ာ့ခ်ေပးႏိုင္တဲ့ ဖုန္းယြင္ဂိုဏ္းက ဝိုင္ေကာင္းေတြရွိတယ္။ အႀကီးအကဲရဲ႕ ယန္ခြန္အားကိုလည္း တိုးေစႏိုင္တယ္။ ျမည္းစမ္းလို႔ရေအာင္ ကြၽန္ေတာ္ယူလာေပးတာ။"

 လုေရွာင္ယန္ အံ့အားသင့္သြားကာ ၿပီးမွမ်က္လုံးမ်ားကို အနည္းငယ္ေမွးက်င္းလိုက္ၿပီး 

ႏႈတ္ခမ္းေထာင့္စြန္းမ်ား ေကြးၫြတ္သြားသည္။ ဤလူသည္ အသုံးခ်ခံဖို႔ သူ႔ကိုယ္သူ ေပးပို႔လာျခင္း မဟုတ္ဘူးလား။

 က်ီဝူရွင္းသည္ မဟာက်ိဳး ေတာ္ဝင္မိသားစု၏ တစ္စိတ္တစ္ပိုင္းလည္းျဖစ္သည္။ လုေရွာင္ယန္သည္ မဟာက်ိဳးကို သိမ္းပိုက္ရန္ မရည္႐ြယ္ေသာ္လည္း ေတာ္ဝင္မိသားစုမွ ကြၽမ္းက်င္သူအခ်ိဳ႕ကို ေခၚယူႏိုင္ေသးသည္။

 ထို႔အျပင္ ဤလူသည္ အလိုရွိရင္ ေခၚယူႏိုင္ၿပီး မၾကာခဏ ေခၚသြားရန္ မလိုအပ္ေပ။

 အေရးအႀကီးဆုံးမွာ သူ၏ က်င့္ႀကံဆင့္ဟာ နိမ့္ပါးၿပီး ထိန္းခ်ဳပ္ရလြယ္ကူျခင္းပင္….

***

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

223K 24.6K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
704K 109K 161
This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှိဘူးထင်လို့ပါ၊ ပြန်ထားတဲ့လူရှိတယ်ဆိုရင်...