ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသ...

By suyinhtike

15.5K 1.3K 7

Reader လေးတစ်ယောက်က တောင်းဆိုထားလို့ပါ Both Uni and Zawgyi ************ လုခယ့်ဟာ သူ့ရဲ့အသက်သုံးဆယ်ပြည့်မွေးနေ... More

Prolouge
Chapter - 1
Chapter-4
Chapter-5
Chapter- 6
Chapter-7
Chapter-8,9
Chapter-10,11
Chapter-12,13
Chapter-14
Chapter-15
Chapter-16 (Mature)
Chapter-17
Chapter-18
Chapter-19,20
Chapter-21
The End

Chapter-2,3

1.1K 130 0
By suyinhtike


Unicode

Chapter-2

သုံးလလောက် ဝမ်ကျင်းအဖြစ်နေထိုင်ပြီးနောက် ရှင်းနိုင်ငံ‌တော်ရဲ့ အစွန်အဖျားနယ်မြေမှာနေထိုင်နေတယ်ဆိုတာ ငါသိလာတယ်... ဝမ်ကျင်းဟာ ဘယ်တုန်းကမှ ကျောင်းမသွားဖူးတဲ့အတွက် ဘာတွေဖြစ်နေလဲဆိုတာကိုအနည်းငယ်သာသိလေသည်...

မြို့တော်ထဲကိုသွားချင်တယ်ဆိုရင် ငွေပြားငါးဆယ်ပေးရမည်ဖြစ်သည်... ထိုငွေဟာ ပမာဏအများကြီးဖြစ်ကာ လူတစ်ချို့သာ တတ်နိုင်၏...

ငါနေတဲ့ အစွန်အဖျားဒေသက စစ်ပွဲကြီး မဖြစ်ခင်တုန်းကဆိုရင် စိုစိုပြေပြေနဲ့ ပွဲလမ်းသဘင်တွေရှိတတ်တဲ့ ပျော်စရာရွာလေး ဖြစ်ခဲ့ဖူးတယ်... အခုတော့ ဒီမှာနေတဲ့လူတွေအတွက် သရဲမြို့လို့တောင်ခေါ်လို့ရသည်....

ဝမ်ကျင်းမှာ အစ်မတစ်ယောက်ရှိပြီး စစ်ပွဲကြီးမဖြစ်ခင် စာလေ့လာဖို့အတွက် မြို့တော်ကိုသွားခဲ့သော်လည်း ပြန်ရောက်မလာခဲ့တော့ပေ...

အမေနဲ့ အဖေဟာ သူမ တစ်ခုခုဖြစ်နေတယ်လို့တွေးပြီး မြို့တော်ကိုလိုက်သွားခဲ့သော်လည်း သူမက အထက်တန်းလွှာအဖြစ် နေထိုင်နေပြီဖြစ်သည်...

အမေက သူမအား မိသားစုကိုပြန်ကြည့်ဖို့တောင်းဆိုပေမဲ့ သူမက ဒီကလူတွေကို သူမဟာ ချမ်းသာတဲ့နောက်ခံရှိတယ်လို့ပြောထားတာကြောင့် သူမ မျက်နှာမပျက်ရအောင် သူတို့အား နှင်ထုတ်ခဲ့လေ၏...

လူတစ်ချို့က ကောက်ကျစ်စဉ်းလဲတတ်ပြီး ထိုအထဲမှာ ဝမ်ကျင်းရဲ့အစ်မ ဝမ်ရှုလည်း အပါအဝင်ဖြစ်သည်...

သူ့မိဘတွေအိမ်ပြန်ရောက်လာတော့ သူတို့က ဝမ်ကျင်းက စာသင်နိုင်အောင် ပိုက်ဆံစုလေ၏...

သို့သော် ဝမ်ကျင်းက ထိုအခွင့်အရေးကိုငြင်းဆန်ကာ သူလယ်မှာပဲ အလုပ်လုပ်ပြီး မိဘတွေဆေးကုနိုင်အောင် ပိုက်ဆံရှာပေးလေသည်...

အခြားရွာသားတွေဆီကရတဲ့ ဆေးဖြစ်ဖြစ် စားစရာပဲဖြစ်ဖြစ် ဝမ်ကျင်းက သူ့မိဘတွေကိုသာ ပေးလေ့ရှိသည်... ထို့ကြောင့် ဝမ်ကျင်းဟာ တဖြည်းဖြည်းအားနည်းပြီး အာဟာရပြတ်လာလေ၏...

သူသေသွားအာ အံ့ဩစရာမရှိတော့ဘူး... ဒါပေမဲ့ အဲ့တာကောင်းပါတယ်... သူဒီမှာရောက်နေပြီဖြစ်တာကြောင့် ဘဝကိုပိုကောင်းအောင်နေပြီး ဝမ်ကျင်းရဲ့မိဘတွေကိုလည်း ကောင်းကောင်းပြုစုမယ်လို့ ကတိပေးတယ်.... ပထမဆုံး ငါစွန့်ပစ်ရမယ့်အရာက လယ်ကွင်းဖြစ်တယ်... အဲ့တာကို ပိုက်ဆံများများရှာမပေးနိုင်ချေ...

ရွာထဲရှိ ဈေးဆိုင်ကိုသွားပြီးနောက် မိဘတွေအတွက် အဝတ်အစားချုပ်ပေးဖို့ ပိတ်စတွေဝယ်လိုက်သည်... ငါ့နေရာလွတ်ထဲက ဘာလို့မယူလဲဆိုတာ သိချင်နေမှာပေါ့.. ဘာလို့လဲဆိုတော့ နေရာလွတ်ထဲက အဝတ်တွေအားလုံးက ငါ့ဆိုဒါအတိုင်းဖြစ်နေတာကြောင့်ပင်...

ပိတ်စတိုင်းက သင့်တော်တာကြောင့် မိဘတွေအတွက် ဝယ်လာခဲ့တယ်... ရွာမှာဘာမှတိုးတက်ရာတိုးတက်ကြောင်းမရှိတာကြောင့် ပိုကောင်းတဲ့ဘဝအတွက် မြို့တော်ကို ပြောင်းဖို့ စီစဉ်ထားသည်...

အဝတ်အစားတွေချုပ်ပြီးနောက် ထည့်ဖို့အတွက် ခေတ်သစ်က ကျောပိုးအိတ်တစ်လုံးကို လုပ်လိုက်သည်... ထို့နောက် ပြန်လည်အားဖြည့်ပေးတဲ့ဆေးနှစ်လုံးကို ကြိတ်ချေလိုက်၏...

ဆေးတွေကို ကြက်စွပ်ပြုတ်ပန်းကန်ထဲ ထည့်လိုက်ပြီး သေချာရောသမမွှေက ပန်းကန်လုံးနှစ်လုံးထဲသို့ ခွဲထည့်လိုက်၏... ထိုစွပ်ပြုပ်တွေကို ပေါင်မုန့်တွေနဲ့အတူ စားပွဲပေါ်တင်ပြီးနောက် အဖေနဲ့ အမေကို စားသောက်ဖို့အတွက် ခေါ်လိုက်သည်...

ဆေးတွေက အလုပ်ဖြစ်မယ်လို့တော့ မျှော်လင့်ရတာပဲ... "အဖေ...အမေ... ကျွန်တော်က အိမ်အတွက် ပိုက်ဆံရှာပေးတဲ့လူဖြစ်တာမလို့ ပိုပြီးတိုးတက်အောင် ရှင်းမြို့တော်ကို ပြောင်းရအောင်" သူပြောလိုက်တော့ နှစ်ယောက်လုံးက ပျော်ရွှင်စွာပြုံးပြီးကြည့်ပေမဲ့ အမေက မြို့တော်ဝင်ကြေးအတွက် ပိုက်ဆံမရှိဘူးဟု ဆိုသည်...

"စိတ်မပူပါနဲ့... ဒီသား က အမေတို့နှစ်ယောက်လုံးကို တစ်သက်လုံး ပျော်ရွှင်အောင်ထားမှာပါ... ဘိုးဘေးတွေရှေ့မှာ ပေးခဲ့တဲ့ကတိကိုတည်အောင် လုပ်ချင်ရုံပါ" သူ အဖေနဲ့ အမေရှေ့မှာ ဦးညွှတ်လိုက်သည်... ငါက အမြဲတမ်း မှန်ကန်တဲ့ရွေးချယ်မှုကိုလုပ်တာကြောင့် အဖေကငါ့ကို အကြွင်းမဲ့ယုံကြည်သည်ဟု ပြောလေ၏...

"အဖေတို့ဘဝက သားလက်ထဲမှာပါ... သားက အဖေတို့ကို အမြဲပြုစုပေးခဲ့တာမလို့ သားရဲ့ဆုံးဖြတ်ချက်ကို အဖေတို့ဘယ်တော့မှ မေးခွန်းမထုတ်ပါဘူး" နှစ်ယောက်လုံး အချစ်တွေ မြတ်နိုးမှုတွေနဲ့ ဝမ်ကျင်းအားပြောလေသည်...

****************

Chapter-2

လယ်ကို အိမ်နီးချင်းတစ်ယောက်ထံရောင်းလိုက်ပြီး ရှင်းမြို့တော်ကိုသွားဖို့အတွက် ငါးရက်စာ အစာနဲ့ရေကို ပြင်ဆင်ထုပ်ပိုးလိုက်တယ်... အဖေနဲ့ အမေကို ကျောပိုးအိတ်အကြောင်းမေးတော့ ကိုယ့်ဘာသာလုပ်ထားတာဟု ပြန်ဖြေလိုက်သည်...

ဟုတ်တယ်... ငါ့ဘာသာလုပ်တာဆိုပေမယ့် လက်ချောင်းမှာ တော်တော်လေး သွေးထွက်သွား၏... ပြီးနောက် ငါ့အတွက် အမျိုးသားအဝတ်ကိုမချုပ်ဘဲ အသစ်အဆန်းအနေနဲ့ ငါ့ကမ္ဘာတုန်းကလိုမျိုး အမျိုးသမီးဝတ်ကို လုပ်လိုက်သည်...

ဟုတ်တယ်... ဟိုကမ္ဘာမှာတုန်းက ငါဟာ cross dresser တစ်ယောက်ဖြစ်ခဲ့တယ်... ငါအဲ့အလုပ်ကို ချစ်မြတ်နိုးပြီး ငါ ဝမ်ကျင်းဖြစ်လာကတည်းက သူ့မှာ သွယ်သွယ်လျလျခန္ဓာကိုယ်လေးရှိတာကြောင့် ဒီလိုမျိုးပဲ ဆက်လုပ်မှာ...

ငါ့ရဲ့မိန်းမဆန်တဲ့အသံနဲ့ အသွင်အပြင်ကြောင့် ဒီအလုပ်ကို ဆက်လုပ်ဖို့ ဆုံးဖြတ်ထားပေမဲ့ ဝမ်ကျင်းလိုမျိုး မျက်နှာကို အုပ်ထားရမယ်... အဲ့တာမှ ငါ့မိသားစုကလွဲရင် ငါဘယ်သူဆိုတာကို ဘယ်သူမှမသိမှာ...

ကူရမာတောထဲမှာ တစ်ညနားဖို့လုပ်လိုက်ပြီး ထင်းရှာထွက်လိုက်သည်... စမ်းချောင်းရှိရာကိုရောက်တော့ မျက်နှာသစ်လိုက်၏... ထို့နောက် ကျောက်တုံးတွေနားမှာ လူငယ်တစ်ယောက်ကို တွေ့လိုက်လေသည်...

မြစ်ကိုကူးပြီး သူ့အခြေအနေကို သွားကြည့်လိုက်သည်... သွေးခုန်နှုန်းကိုစမ်းကြည့်လိုက်တော့ နှလုံးခုန်နေတုန်းဆိုပေမဲ့ တော်တော်လေး အားနည်းနေတာကို တွေ့လိုက်ရ၏... သူ့ချီဖို့ မနိုင်တာကြောင့် လက်ကနေဆွဲကာ ထင်းတွေကို ကျောမှာချီလျက် မိဘတွေရှိရာကို ပြန်သွားလိုက်သည်...

ငါ့အဖေက သူ့ကိုစစ်ကြည့်တော့ သွေးတွေတော်တော်ဆုံးရှုံးထားတာဟု ပြော၏... ငါ့အမေက သူ့ကိုသန့်ရှင်းပေးနေတုန်း အဖေက သူ့ဒဏ်ရာကို သေချာစည်းပေးနေသည်...

သူ့မှာ တခြားဒဏ်ရာတွေလည်းရှိသေးတာကြောင့် သူပြန်ကောင်းလာမယ်ဆိုတာ မသေချာပေ... ငါ့ကမ္ဘာမှာတုန်းက ငါဟာ သိပ္ပံအင်ဂျင်နီယာတစ်ယောက်ဖြစ်ခဲ့၏... အထက်တန်းကျောင်းမှာတုန်းက လူ့ခန္ဓာတွေအကြောင်းသင်ခဲ့ရဖူးပေမဲ့ သူ့မှာ ခွဲစိတ်ပေးဖို့ ကိရိယာတွေမရှိချေ...

ထို့ကြောင့် ပဋိဇီဝဆေးနဲ့ အားဖြည့်ဆေးတွေကို ကြိတ်ချေပြီး ပန်းကန်လုံးထဲမှာ ရေနဲ့ဖျော်ကာ ထိုလူကို တိုက်လိုက်၏...သို့ပေမဲ့ သူ့ပါးစပ်ထဲမဝင်ချေ...

သူ့ပါးစပ်ကိုဖွင့်ပြီး တိုက်ဖို့လုပ်ပေမဲ့ အဲ့လိုလုပ်လိုက်ရင် သူသီးပြီးသေသွားလိမ့်လို့ အဖေကပြောတယ်... ထို့ကြောင့် ခါးသက်တဲ့ဆေးရည်တွေကို ငါ့ပါးစပ်ထဲကတဆင့် သူ့ပါးစပ်ထဲကို ဖြည်းဖြည်းချင်ထည့်ပေးလိုက်သည်...

ဒီလိုပုံနဲ့ ဆေးတိုက်တာ အချိန်ကြာပေမဲ့ နောက်ဆုံး၌ သူ့ပါးစပ်ကို ဆေးတွေအကုန်ဝင်သွား၏... ထို့နောက် ငါ့နှုတ်ခမ်းကို သူ့နှုတ်ခမ်းကနေခွာလိုက်ပြီး မျက်နှာကို ပြန်ကာလိုက်၏... အဖေကတော့ သူ့ကို အဝတ်စားအသစ်လဲပေးနေသည်...

ဒီလူဘယ်သူလဲဆိုတာမသိပေမဲ့ အန္တရာယ်ဖြစ်နေတဲ့လူတွေကို ကူညီဖို့လိုတယ်... အပေါ့သွားပြီးပြန်လာတော့ သူစိမ်းလူငယ်က အအေးဒဏ်ကြောင့် တုန်ယင်နေတာကို တွေ့လိုက်ရသည်... မီးကသေသွားတာကြောင့် ထင်းတွေထပ်ပုံပြီး နေရာလွတ်ထဲကနေ မီးခြစ်ယူကာ မီးမွှေးလိုက်၏....

မီးခြစ်ပြန်ထားပြီး ကောင်းကောင်းအနွေးဓာတ်ရအောင် ထင်းတွေတော်တော်များများထပ်ထည့်လိုက်သည်... ငါ့စောင်ကို ထိုလူပေါ်တင်ပေးလိုက်တော့ သူတုန်နေရာရပ်သွားလေ၏... ထို့နောက် သူ့ရဲ့သွေးစွန်းနေတဲ့ အဝတ်ကိုယူလိုက်သည်....

သူ့အဝတ်ပုံစံက အရမ်းဈေးကြီးပုံပေါ်ပေမဲ့ သူဘယ်သူလဲဆိုတာကို ငါလုံးဝခန့်မှန်းလို့မရချေ... ပြဲနေတဲ့အဝတ်တွေကို မီးပုံထဲထည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်းလောင်ကျွမ်းနေတာကို ထိုင်ကြည့်နေလိုက်သည်...

မြစ်ထဲကဖမ်းလာတဲ့ ငါးတွေကို ငါ့အဖေရဲ့ဓားနဲ့ ဗိုက်ကိုခွဲ ကလီစာတွေထုတ်ပြီး အကြေးခွံတွေကို သန့်စင်လိုက်သည်...

အရသာမှုန့်အနည်းငယ်ကို ငါးအပေါ်တွင်ဖြူးပြီး တုတ်ချောင်းဆင်ကာ မီးကင်လိုက်၏... အခုဆိုရင် ငါ့အမေလည်းနိုးလာတာကြောင့် ငါရေချိုးဖို့မြစ်ကိုသွားလိုက်အုံးမယ်ဟု ပြောလိုက်သည်...

ငါရေချိုးပြီးပြန်လာတော့ လူစိမ်းမှာနိုးနေပြီဖြစ်ကာ ငါ့မိဘတွေနဲ့ စားသောက်ရင်း စကားပြောနေ၏... ငါ့မိဘတွေလက်ထဲမှာလည်း သောက်ဖို့ရေတစ်ဘူးစီကိုင်ထားသည်...

လူငယ်ရဲ့နာမည်က ထုံယန်ဖြစ်ပြီး ရှင်းနိုင်ငံ တော်ဝင်မိသားစုရဲ့ အစေခံတစ်ယောက်ဟု အဖေကပြော၏.... 'မင်းမေကို အစေခံ'... ငါ့အဖေ ငါ့ကိုမိတ်ဆက်ပေးတော့ ငါ့နာမည်ကို မင်ဟုသာ ပြောလိုက်သည်...

ငါ ဒီလူကို မယုံသေးတဲ့အပြင် ဒီလူက သူဘယ်သူဆိုတာကို လိမ်ပြောနေတယ်လို့ ခံစားရ၏...ငါ့မိဘတွေကလည်း ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ငါ့အလိမ်အညာတွေအတိုင်း အလိုက်သင့်နေပေးသည်... လူစိမ်းက သူ့ကိုကယ်ပေးတဲ့အတွက် ငါ့တို့ကိုကျေးဇူးတင်ကြောင်းပြောပြီး သူ့ဒဏ်ရာကိုကုဖို့ ဘာဆေးဝါးကို သုံးလဲဟုမေးလေသည်... သို့သော် ငါ ပြောပြဖို့ ငြင်းဆန်လိုက်၏...

ထို့နောက် သူ့ကို ကိုယ်လမ်းကိုသွားတော့ဖို့ပြောလိုက်ပေမဲ့ အမေက သူ့ကိုငါတို့နဲ့အတူခေါ်လာရန်ပြောလေသည်...

"ဟေး...မင်းအသက်ဘယ်လောက်လဲ" ငါသူ့ကို ကြည့်ရင်းမေးလိုက်သည်...

သူက ငါ့ကို ရင်းနှီးစွာ ငုံကြည့်ရင်းဆို၏... "၁၆နှစ်ရှိပြီ" ငါတို့ ရှင်းမြို့တော်ကို အတူတူဆက်သွားခဲ့သည်... သို့ပေမဲ့ မြို့တော်ကိုရောက်ရင် သူ့ကိုကိုယ့်လမ်းကိုသွားဖို့သေချာအောင် ပြောလိုက်၏...

ခရီးတစ်လျှောက် ထုံယန်မှာ ကောင်းမွန်တဲ့လူငယ်လေးပုံပေါ်ပေမဲ့ ငါ့မသိစိတ်ကနေ ဒီလူ တစ်ခုခုကိုဖုံးကွယ်ထားတယ်လို့ ပြောနေ၏... သူ့ကို နေရခက်အောင်လည်း မလုပ်ချင်တာကြောင့် အတင်းတွန်းအားပေး မမေးတော့ချေ...

ထုံယန်က တကယ်ခံ့ညားတဲ့လူဆိုတာပြောနိုင်ပေမဲ့ ငါက ရုပ်ရည်နဲ့ ဥစ္စာမှာ ကျရှုံးမယ့်လူမဟုတ်ပေ... ငါက ရိုးရှင်းတဲ့ပုံစံနဲ့ ရိုးရှင်းတဲ့လူမျိုးကိုသာ ပိုသဘောကျသည်...

ဒီအချိန်မှာ ဒိတ်ဖို့ တစ်ယောက်ယောက်ကိုမရှာချင်ပေမဲ့ ငါစိတ်ဝင်စားတဲ့လူကိုတွေ့ရင်တော့ ငါ့အချိန်တွေကို သူ့အတွက် ပေးကောင်းပေးနိုင်လောက်မယ်... ဒါပေမဲ့ အခုချိန်မှာတော့ ငါနဲ့ငါ့မိဘတွေရဲ့ဘဝကို ပိုကောင်းလာအောင် အလုပ်ကြိုးစားရမယ်....




Zawgyi

Chapter-2

သံုးလေလာက္ ဝမ္က်င္းအျဖစ္ေနထိုင္ၿပီးေနာက္ ရွင္းႏိုင္ငံ‌ေတာ္ရဲ့ အစြန္အဖ်ားနယ္ေျမမွာေနထိုင္ေနတယ္ဆိုတာ ငါသိလာတယ္... ဝမ္က်င္းဟာ ဘယ္တုန္းကမွ ေက်ာင္းမသြားဖူးတဲ့အတြက္ ဘာေတျြဖစ္ေနလဲဆိုတာကိုအနည္းငယ္သာသိေလသည္...

ၿမိဳ႔ေတာ္ထဲကိုသြားခ်င္တယ္ဆိုရင္ ေငျြပားငါးဆယ္ေပးရမည္ျဖစ္သည္... ထိုေငြဟာ ပမာဏအမ်ားႀကီးျဖစ္ကာ လူတစ္ခ်ိဳ႕သာ တတ္ႏိုင္၏...

ငါေနတဲ့ အစြန္အဖ်ားေဒသက စစ္ပြဲႀကီး မျဖစ္ခင္တုန္းကဆိုရင္ စိုစိုေျပျပေနဲ႔ ပြဲလမ္းသဘင္ေတြရိွတတ္တဲ့ ေပ်ာ္စရာရြာေလး ျဖစ္ခဲ့ဖူးတယ္... အခုေတာ့ ဒီမွာေနတဲ့လူေတြအတြက္ သရဲၿမိဳ႔လို႔ေတာင္ေခၚလို႔ရသည္....

ဝမ္က်င္းမွာ အစ္မတစ္ေယာက္ရိွၿပီး စစ္ပြဲႀကီးမျဖစ္ခင္ စာေလ့လာဖို႔အတြက္ ၿမိဳ႔ေတာ္ကိုသြားခဲ့ေသာ္လည္း ျပန္ေရာက္မလာခဲ့ေတာ့ေပ...

အေမနဲ႔ အေဖဟာ သူမ တစ္ခုခုျဖစ္ေနတယ္လို႔ေတြးၿပီး ၿမိဳ႔ေတာ္ကိုလိုက္သြားခဲ့ေသာ္လည္း သူမက အထက္တန္းလႊာအျဖစ္ ေနထိုင္ေနၿပီျဖစ္သည္...

အေမက သူမအား မိသားစုကိုျပန္ၾကၫ့္ဖို႔ေတာင္းဆိုေပမဲ့ သူမက ဒီကလူေတြကို သူမဟာ ခ်မ္းသာတဲ့ေနာက္ခံရိွတယ္လို႔ေျပာထားတာေၾကာင့္ သူမ မ်က္ႏွာမပ်က္ရေအာင္ သူတို႔အား ႏွင္ထုတ္ခဲ့ေလ၏...

လူတစ္ခ်ိဳ႕က ေကာက္က်စ္စဉ္းလဲတတ္ၿပီး ထိုအထဲမွာ ဝမ္က်င္းရဲ့အစ္မ ဝမ္ရႈလည္း အပါအဝင္ျဖစ္သည္...

သူ႔မိဘေတြအိမ္ျပန္ေရာက္လာေတာ့ သူတို႔က ဝမ္က်င္းက စာသင္ႏိုင္ေအာင္ ပိုက္ဆံစုေလ၏...

သို႔ေသာ္ ဝမ္က်င္းက ထိုအခြင့္အေရးကိုျငင္းဆန္ကာ သူလယ္မွာပဲ အလုပ္လုပ္ၿပီး မိဘေတြေဆးကုႏိုင္ေအာင္ ပိုက္ဆံရွာေပးေလသည္...

အျခားရြာသားေတြဆီကရတဲ့ ေဆးျဖစ္ျဖစ္ စားစရာပဲျဖစ္ျဖစ္ ဝမ္က်င္းက သူ႔မိဘေတြကိုသာ ေပးေလ့ရိွသည္... ထို႔ေၾကာင့္ ဝမ္က်င္းဟာ တျဖည္းျဖည္းအားနည္းၿပီး အာဟာရျပတ္လာေလ၏...

သူေသသြားအာ အံ့ဩစရာမရိွေတာ့ဘူး... ဒါေပမဲ့ အဲ့တာေကာင္းပါတယ္... သူဒီမွာေရာက္ေနၿပီျဖစ္တာေၾကာင့္ ဘဝကိုပိုေကာင္းေအာင္ေနၿပီး ဝမ္က်င္းရဲ့မိဘေတြကိုလည္း ေကာင္းေကာင္းျပဳစုမယ္လို႔ ကတိေပးတယ္.... ပထမဆံုး ငါစြန႔္ပစ္ရမယ့္အရာက လယ္ကြင္းျဖစ္တယ္... အဲ့တာကို ပိုက္ဆံမ်ားမ်ားရွာမေပးႏိုင္ေခ်...

ရြာထဲရိွ ေဈးဆိုင္ကိုသြားၿပီးေနာက္ မိဘေတြအတြက္ အဝတ္အစားခ်ဳပ္ေပးဖို႔ ပိတ္စေတြဝယ္လိုက္သည္... ငါ့ေနရာလြတ္ထဲက ဘာလို႔မယူလဲဆိုတာ သိခ်င္ေနမွာေပါ့.. ဘာလို႔လဲဆိုေတာ့ ေနရာလြတ္ထဲက အဝတ္ေတြအားလံုးက ငါ့ဆိုဒါအတိုင္းျဖစ္ေနတာေၾကာင့္ပင္...

ပိတ္စတိုင္းက သင့္ေတာ္တာေၾကာင့္ မိဘေတြအတြက္ ဝယ္လာခဲ့တယ္... ရြာမွာဘာမွတိုးတက္ရာတိုးတက္ေၾကာင္းမရိွတာေၾကာင့္ ပိုေကာင္းတဲ့ဘဝအတြက္ ၿမိဳ႔ေတာ္ကို ေျပာင္းဖို႔ စီစဉ္ထားသည္...

အဝတ္အစားေတြခ်ဳပ္ၿပီးေနာက္ ထၫ့္ဖို႔အတြက္ ေခတ္သစ္က ေက်ာပိုးအိတ္တစ္လံုးကို လုပ္လိုက္သည္... ထို႔ေနာက္ ျပန္လည္အားျဖၫ့္ေပးတဲ့ေဆးႏွစ္လံုးကို ႀကိတ္ေခ်လိုက္၏...

ေဆးေတြကို ၾကက္စြပ္ျပဳတ္ပန္းကန္ထဲ ထၫ့္လိုက္ၿပီး ေသခ်ာေရာသမေမႊက ပန္းကန္လံုးႏွစ္လံုးထဲသို႔ ခြဲထၫ့္လိုက္၏... ထိုစြပ္ျပဳပ္ေတြကို ေပါင္မုန႔္ေတြနဲ႔အတူ စားပြဲေပၚတင္ၿပီးေနာက္ အေဖနဲ႔ အေမကို စားေသာက္ဖို႔အတြက္ ေခၚလိုက္သည္...

ေဆးေတြက အလုပ္ျဖစ္မယ္လို႔ေတာ့ ေမ်ွာ္လင့္ရတာပဲ... "အေဖ...အေမ... ကြၽန္ေတာ္က အိမ္အတြက္ ပိုက္ဆံရွာေပးတဲ့လူျဖစ္တာမလို႔ ပိုၿပီးတိုးတက္ေအာင္ ရွင္းၿမိဳ႔ေတာ္ကို ေျပာင္းရေအာင္" သူေျပာလိုက္ေတာ့ ႏွစ္ေယာက္လံုးက ေပ်ာ္ရႊင္စြာၿပံဳးၿပီးၾကၫ့္ေပမဲ့ အေမက ၿမိဳ႔ေတာ္ဝင္ေၾကးအတြက္ ပိုက္ဆံမရိွဘူးဟု ဆိုသည္...

"စိတ္မပူပါနဲ႔... ဒီသား က အေမတို႔ႏွစ္ေယာက္လံုးကို တစ္သက္လံုး ေပ်ာ္ရႊင္ေအာင္ထားမွာပါ... ဘိုးေဘးေတြေရ႔ွမွာ ေပးခဲ့တဲ့ကတိကိုတည္ေအာင္ လုပ္ခ်င္ရံုပါ" သူ အေဖနဲ႔ အေမေရ႔ွမွာ ဦးၫႊတ္လိုက္သည္... ငါက အၿမဲတမ္း မွန္ကန္တဲ့ေရြးခ်ယ္မႈကိုလုပ္တာေၾကာင့္ အေဖကငါ့ကို အႂကြင္းမဲ့ယံုၾကည္သည္ဟု ေျပာေလ၏...

"အေဖတို႔ဘဝက သားလက္ထဲမွာပါ... သားက အေဖတို႔ကို အၿမဲျပဳစုေပးခဲ့တာမလို႔ သားရဲ့ဆံုးျဖတ္ခ်က္ကို အေဖတို႔ဘယ္ေတာ့မွ ေမးခြန္းမထုတ္ပါဘူး" ႏွစ္ေယာက္လံုး အခ်စ္ေတြ ျမတ္ႏိုးမႈေတြနဲ႔ ဝမ္က်င္းအားေျပာေလသည္...

****************

Chapter-2

လယ္ကို အိမ္နီးခ်င္းတစ္ေယာက္ထံေရာင္းလိုက္ၿပီး ရွင္းၿမိဳ႔ေတာ္ကိုသြားဖို႔အတြက္ ငါးရက္စာ အစာနဲ႔ေရကို ျပင္ဆင္ထုပ္ပိုးလိုက္တယ္... အေဖနဲ႔ အေမကို ေက်ာပိုးအိတ္အေၾကာင္းေမးေတာ့ ကိုယ့္ဘာသာလုပ္ထားတာဟု ျပန္ေျဖလိုက္သည္...

ဟုတ္တယ္... ငါ့ဘာသာလုပ္တာဆိုေပမယ့္ လက္ေခ်ာင္းမွာ ေတာ္ေတာ္ေလး ေသြးထြက္သြား၏... ၿပီးေနာက္ ငါ့အတြက္ အမ်ိဳးသားအဝတ္ကိုမခ်ဳပ္ဘဲ အသစ္အဆန္းအေနနဲ႔ ငါ့ကမ႓ာတုန္းကလိုမ်ိဳး အမ်ိဳးသမီးဝတ္ကို လုပ္လိုက္သည္...

ဟုတ္တယ္... ဟိုကမ႓ာမွာတုန္းက ငါဟာ cross dresser တစ္ေယာက္ျဖစ္ခဲ့တယ္... ငါအဲ့အလုပ္ကို ခ်စ္ျမတ္ႏိုးၿပီး ငါ ဝမ္က်င္းျဖစ္လာကတည္းက သူ႔မွာ သြယ္သြယ္လ်လ်ခႏၶာကိုယ္ေလးရိွတာေၾကာင့္ ဒီလိုမ်ိဳးပဲ ဆက္လုပ္မွာ...

ငါ့ရဲ့မိန္းမဆန္တဲ့အသံနဲ႔ အသြင္အျပင္ေၾကာင့္ ဒီအလုပ္ကို ဆက္လုပ္ဖို႔ ဆံုးျဖတ္ထားေပမဲ့ ဝမ္က်င္းလိုမ်ိဳး မ်က္ႏွာကို အုပ္ထားရမယ္... အဲ့တာမွ ငါ့မိသားစုကလြဲရင္ ငါဘယ္သူဆိုတာကို ဘယ္သူမွမသိမွာ...

ကူရမာေတာထဲမွာ တစ္ညနားဖို႔လုပ္လိုက္ၿပီး ထင္းရွာထြက္လိုက္သည္... စမ္းေခ်ာင္းရိွရာကိုေရာက္ေတာ့ မ်က္ႏွာသစ္လိုက္၏... ထို႔ေနာက္ ေက်ာက္တံုးေတြနားမွာ လူငယ္တစ္ေယာက္ကို ေတြ့လိုက္ေလသည္...

ျမစ္ကိုကူးၿပီး သူ႔အေျခအေနကို သြားၾကၫ့္လိုက္သည္... ေသြးခုန္ႏႈန္းကိုစမ္းၾကၫ့္လိုက္ေတာ့ ႏွလံုးခုန္ေနတုန္းဆိုေပမဲ့ ေတာ္ေတာ္ေလး အားနည္းေနတာကို ေတြ့လိုက္ရ၏... သူ႔ခ်ီဖို႔ မႏိုင္တာေၾကာင့္ လက္ကေနဆြဲကာ ထင္းေတြကို ေက်ာမွာခ်ီလ်က္ မိဘေတြရိွရာကို ျပန္သြားလိုက္သည္...

ငါ့အေဖက သူ႔ကိုစစ္ၾကၫ့္ေတာ့ ေသြးေတြေတာ္ေတာ္ဆံုးရႈံးထားတာဟု ေျပာ၏... ငါ့အေမက သူ႔ကိုသန႔္ရွင္းေပးေနတုန္း အေဖက သူ႔ဒဏ္ရာကို ေသခ်ာစည္းေပးေနသည္...

သူ႔မွာ တျခားဒဏ္ရာေတြလည္းရိွေသးတာေၾကာင့္ သူျပန္ေကာင္းလာမယ္ဆိုတာ မေသခ်ာေပ... ငါ့ကမ႓ာမွာတုန္းက ငါဟာ သိပၸံအင္ဂ်င္နီယာတစ္ေယာက္ျဖစ္ခဲ့၏... အထက္တန္းေက်ာင္းမွာတုန္းက လူ႔ခႏၶာေတြအေၾကာင္းသင္ခဲ့ရဖူးေပမဲ့ သူ႔မွာ ခြဲစိတ္ေပးဖို႔ ကိရိယာေတြမရိွေခ်...

ထို႔ေၾကာင့္ ပဋိဇီဝေဆးနဲ႔ အားျဖၫ့္ေဆးေတြကို ႀကိတ္ေခ်ၿပီး ပန္းကန္လံုးထဲမွာ ေရနဲ႔ေဖ်ာ္ကာ ထိုလူကို တိုက္လိုက္၏...သို႔ေပမဲ့ သူ႔ပါးစပ္ထဲမဝင္ေခ်...

သူ႔ပါးစပ္ကိုဖြင့္ၿပီး တိုက္ဖို႔လုပ္ေပမဲ့ အဲ့လိုလုပ္လိုက္ရင္ သူသီးၿပီးေသသြားလိမ့္လို႔ အေဖကေျပာတယ္... ထို႔ေၾကာင့္ ခါးသက္တဲ့ေဆးရည္ေတြကို ငါ့ပါးစပ္ထဲကတဆင့္ သူ႔ပါးစပ္ထဲကို ျဖည္းျဖည္းခ်င္ထၫ့္ေပးလိုက္သည္...

ဒီလိုပံုနဲ႔ ေဆးတိုက္တာ အခ်ိန္ၾကာေပမဲ့ ေနာက္ဆံုး၌ သူ႔ပါးစပ္ကို ေဆးေတြအကုန္ဝင္သြား၏... ထို႔ေနာက္ ငါ့ႏႈတ္ခမ္းကို သူ႔ႏႈတ္ခမ္းကေနခြာလိုက္ၿပီး မ်က္ႏွာကို ျပန္ကာလိုက္၏... အေဖကေတာ့ သူ႔ကို အဝတ္စားအသစ္လဲေပးေနသည္...

ဒီလူဘယ္သူလဲဆိုတာမသိေပမဲ့ အႏၲရာယ္ျဖစ္ေနတဲ့လူေတြကို ကူညီဖို႔လိုတယ္... အေပါ့သြားၿပီးျပန္လာေတာ့ သူစိမ္းလူငယ္က အေအးဒဏ္ေၾကာင့္ တုန္ယင္ေနတာကို ေတြ့လိုက္ရသည္... မီးကေသသြားတာေၾကာင့္ ထင္းေတြထပ္ပံုၿပီး ေနရာလြတ္ထဲကေန မီးျခစ္ယူကာ မီးေမႊးလိုက္၏....

မီးျခစ္ျပန္ထားၿပီး ေကာင္းေကာင္းအေနြးဓာတ္ရေအာင္ ထင္းေတြေတာ္ေတာ္မ်ားမ်ားထပ္ထၫ့္လိုက္သည္... ငါ့ေစာင္ကို ထိုလူေပၚတင္ေပးလိုက္ေတာ့ သူတုန္ေနရာရပ္သြားေလ၏... ထို႔ေနာက္ သူ႔ရဲ့ေသြးစြန္းေနတဲ့ အဝတ္ကိုယူလိုက္သည္....

သူ႔အဝတ္ပံုစံက အရမ္းေဈးႀကီးပံုေပၚေပမဲ့ သူဘယ္သူလဲဆိုတာကို ငါလံုးဝခန႔္မွန္းလို႔မရေခ်... ၿပဲေနတဲ့အဝတ္ေတြကို မီးပံုထဲထၫ့္လိုက္ၿပီးေနာက္ ျဖည္းျဖည္းခ်င္းေလာင္ကြၽမ္းေနတာကို ထိုင္ၾကၫ့္ေနလိုက္သည္...

ျမစ္ထဲကဖမ္းလာတဲ့ ငါးေတြကို ငါ့အေဖရဲ့ဓားနဲ႔ ဗိုက္ကိုခြဲ ကလီစာေတြထုတ္ၿပီး အေၾကးခြံေတြကို သန႔္စင္လိုက္သည္...

အရသာမႈန႔္အနည္းငယ္ကို ငါးအေပၚတြင္ျဖဴးၿပီး တုတ္ေခ်ာင္းဆင္ကာ မီးကင္လိုက္၏... အခုဆိုရင္ ငါ့အေမလည္းႏိုးလာတာေၾကာင့္ ငါေရခ်ိဳးဖို႔ျမစ္ကိုသြားလိုက္အံုးမယ္ဟု ေျပာလိုက္သည္...

ငါေရခ်ိဳးၿပီးျပန္လာေတာ့ လူစိမ္းမွာႏိုးေနၿပီျဖစ္ကာ ငါ့မိဘေတြနဲ႔ စားေသာက္ရင္း စကားေျပာေန၏... ငါ့မိဘေတြလက္ထဲမွာလည္း ေသာက္ဖို႔ေရတစ္ဘူးစီကိုင္ထားသည္...

လူငယ္ရဲ့နာမည္က ထံုယန္ျဖစ္ၿပီး ရွင္းႏိုင္ငံ ေတာ္ဝင္မိသားစုရဲ့ အေစခံတစ္ေယာက္ဟု အေဖကေျပာ၏.... 'မင္းေမကို အေစခံ'... ငါ့အေဖ ငါ့ကိုမိတ္ဆက္ေပးေတာ့ ငါ့နာမည္ကို မင္ဟုသာ ေျပာလိုက္သည္...

ငါ ဒီလူကို မယံုေသးတဲ့အျပင္ ဒီလူက သူဘယ္သူဆိုတာကို လိမ္ေျပာေနတယ္လို႔ ခံစားရ၏...ငါ့မိဘေတြကလည္း ကိုယ့္ကိုယ္ကိုကာကြယ္ဖို႔ ငါ့အလိမ္အညာေတြအတိုင္း အလိုက္သင့္ေနေပးသည္... လူစိမ္းက သူ႔ကိုကယ္ေပးတဲ့အတြက္ ငါ့တို႔ကိုေက်းဇူးတင္ေၾကာင္းေျပာၿပီး သူ႔ဒဏ္ရာကိုကုဖို႔ ဘာေဆးဝါးကို သံုးလဲဟုေမးေလသည္... သို႔ေသာ္ ငါ ေျပာျပဖို႔ ျငင္းဆန္လိုက္၏...

ထို႔ေနာက္ သူ႔ကို ကိုယ္လမ္းကိုသြားေတာ့ဖို႔ေျပာလိုက္ေပမဲ့ အေမက သူ႔ကိုငါတို႔နဲ႔အတူေခၚလာရန္ေျပာေလသည္...

"ေဟး...မင္းအသက္ဘယ္ေလာက္လဲ" ငါသူ႔ကို ၾကၫ့္ရင္းေမးလိုက္သည္...

သူက ငါ့ကို ရင္းႏွီးစြာ ငံုၾကၫ့္ရင္းဆို၏... "၁၆ႏွစ္ရိွၿပီ" ငါတို႔ ရွင္းၿမိဳ႔ေတာ္ကို အတူတူဆက္သြားခဲ့သည္... သို႔ေပမဲ့ ၿမိဳ႔ေတာ္ကိုေရာက္ရင္ သူ႔ကိုကိုယ့္လမ္းကိုသြားဖို႔ေသခ်ာေအာင္ ေျပာလိုက္၏...

ခရီးတစ္ေလ်ွာက္ ထံုယန္မွာ ေကာင္းမြန္တဲ့လူငယ္ေလးပံုေပၚေပမဲ့ ငါ့မသိစိတ္ကေန ဒီလူ တစ္ခုခုကိုဖံုးကြယ္ထားတယ္လို႔ ေျပာေန၏... သူ႔ကို ေနရခက္ေအာင္လည္း မလုပ္ခ်င္တာေၾကာင့္ အတင္းတြန္းအားေပး မေမးေတာ့ေခ်...

ထံုယန္က တကယ္ခံ့ညားတဲ့လူဆိုတာေျပာႏိုင္ေပမဲ့ ငါက ရုပ္ရည္နဲ႔ ဥစၥာမွာ က်ရႈံးမယ့္လူမဟုတ္ေပ... ငါက ရိုးရွင္းတဲ့ပံုစံနဲ႔ ရိုးရွင္းတဲ့လူမ်ိဳးကိုသာ ပိုသေဘာက်သည္...

ဒီအခ်ိန္မွာ ဒိတ္ဖို႔ တစ္ေယာက္ေယာက္ကိုမရွာခ်င္ေပမဲ့ ငါစိတ္ဝင္စားတဲ့လူကိုေတြ့ရင္ေတာ့ ငါ့အခ်ိန္ေတြကို သူ႔အတြက္ ေပးေကာင္းေပးႏိုင္ေလာက္မယ္... ဒါေပမဲ့ အခုခ်ိန္မွာေတာ့ ငါနဲ႔ငါ့မိဘေတြရဲ့ဘဝကို ပိုေကာင္းလာေအာင္ အလုပ္ႀကိဳးစားရမယ္....

Continue Reading

You'll Also Like

13.3K 1K 29
This is translation story. (Both Uni and Zawgyi) Cover photo -from Pinterest Title -I Love destroying worlds' plots.
42.2K 479 10
𝙋𝙡𝙚𝙖𝙨𝙚 𝙜𝙞𝙫𝙚 𝙧𝙚𝙦𝙪𝙚𝙨𝙩𝙨, 𝙬𝙞𝙡𝙡 𝙬𝙧𝙞𝙩𝙚 𝙖𝙣𝙮 𝙨𝙥𝙞𝙙𝙚𝙧 𝙥𝙚𝙧𝙨𝙤𝙣 𝙞𝙣 𝙖𝙣𝙮 𝙨𝙘𝙚𝙣𝙖𝙧𝙞𝙤, 𝙨𝙞𝙡𝙡𝙮 𝙤𝙧 𝙨𝙥𝙞𝙘𝙮...
10.7K 1.5K 22
သူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်
533K 19.1K 189
BOOK ONE | 87 Chapters | She's the girl who can't seem to have others keep their eyes off her. Not cause she's attractive, but because she isn't. She...