(Unicode)
မုန်တိုင်းထန်လို့ရင်ထဲဝယ် အပြုံးတစ်ပွင့်ကြောင့် ခွန်အားဖြစ်စေပြန်။ပန်းရောင်သွေးတဲ့ နှုတ်ခမ်းလွှာထက် မုန်းတယ်လို့ပြောမည့်အသံကိုသာ နားဆင်မိချင်။
နှုတ်ဆိတ်နေတဲ့ နှုတ်ခမ်းဖျား။တိတ်ဆိတ်နေတော့ ခက်ရတယ်။
မောင့်နှင်းဆီငယ်~...
________________________
" ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ...အချစ်မပျက်ဘဲ နှလုံးသားထဲက ဦးငယ်သာ..."
တစ်ပေါင်သာရှိသည့် ကိတ်မုန့်လေးပေါ်မှ ဖယောင်းတိုင်မီးလေးကို မှုတ်လိုက်သည်။
မျက်ရည်တွေက ဝဲခနဲပင်။
မီးဖိုခန်းထဲမှ တိုင်ကပ်နာရီကိုတစ်ချက်ကြည့်မိပြန်တော့ ညဆယ်နာရီ။အိမ်ပြန်ချိန်တွေနောက်ကျနေရောပေါ့။
မနက်အစောကြီးကတည်းက အလုပ်ကိုပဲအာရုံရောက်နေတဲ့
ဦးငယ်။
မောင့်နှင်းဆီငယ်လေးရယ်။မေ့ထားရက်တာလား။
Jungkookဝဲတက်လာသည့်မျက်ရည်ဥတွေကိုတင်းခံထားနေသည်။
စားပွဲပေါ်မှ မွေးနေ့ ကိတ်ကလေးကို လှီးလိုက်ရင်း တစ်ယောက်တည်းသားထိုင်စားနေလေသည်။
တိတ်ဆိတ်ငြိမ်သက်နေတဲ့ အိမ်ကလေး။အလုပ်တွေကအရမ်းပဲများလွန်းနေလေသလား။မောင့်ထက်အရေးပေးစရာသူတွေ ဦးငယ်စီရှိနေပြန်ပြီလား။
အတွေးတွေဟာကရောက်ကယက်ပါပဲ။
ကျနော့်မွေးနေ့ကလေးမှာတောင်ဦးငယ်ဿ ရှိမနေပြန်ပါဘူး။
မွေးနေ့မှာပျော်ရွှင်ရတယ်တဲ့ ကျနော့်မွေးနေ့ကတော့ မျက်ရည်တွေနဲ့သာ။
ပါးပြင်ပေါ်မှ မျက်ရည်တွေကိုဖိသုတ်လိုက်ရင်း ကျန်ရှိသေးသည့် ကိတ်မုန့်လေးကို ရေခဲသေတ္တာထဲထည့်နေသည့် Jungkook
အိမ်ပေါ်တက်မည်အပြု ကားစက်ရပ်သံက နားထဲနားစွန်နားဖျားပင်။
ဦးငယ်များလား?
Taehyung ပြန်လာပြီအထင်နဲ့တက်ကြွနေသည့် Jungkook မှာ
တစ်ခါပြန်ကာငြိမ်ကျသွားလေသည်။
မဖြစ်နိုင်ပါဘူးလေ။ဦးငယ်က
ညပြန်လာတာအရမ်းနောက်ကျမယ်လို့မှာသွားတာ။
လှေကားပေါ်လှမ်းနေသည့် ခြေလှမ်းတွေ။
"မောင်..."
နှလုံးသားတစ်ခုလုံးကို လှုပ်ခတ်စေတဲ့ ထိုနာမ်စား။
မြန်ဆန်လာသည့် နှလုံးခုန်နှုန်းတွေကလည်း ထိန်းမရဖြစ်စေခဲ့တယ်။
Jungkook ကျောက်ရုပ်ပမာ ရပ်နေမိစဲ။
သူ့အနောက်မှ အမြန်ပင် အနားကိုလာနေသည့် Taehyung
လက်မောင်းကိုလာထိတွေ့သည့် လက်ချောင်းသွယ်လေးတွေ။
ဦးငယ်ရဲ့အထိအတွေ့တိုင်းဟာ အမြဲတမ်းရင်ခုန်စေခဲ့တာ။
"မောင်..."
ထပ်ကာ ခေါ်လိုက်တော့ Jungkook ပြုံးလိုက်သည်။
မျက်ရည်တွေကလည်း ကျလာပြန်ပါ၏
အမြန်ပင် လက်ခုံနှင့်ဖြစ်သလိုသာဖိသုတ်လိုက်သည်။
လက်မောင်းပေါ်က လက်သွယ်သွယ်လေးကို Jungkook အုပ်မိုးကာအပေါ်မှ ထပ်ကိုင်လိုက်သည်။
ဖြည်းဖြည်းချင်းလှည့်လာရင်း
အပြုံးနိုင်ဆုံးပြုံးထားသည်။
ကျနော့်ရင်ထဲမွှန်းကြပ်နေတယ် ဦးငယ်ရယ်။
"ဦးငယ် ပြန်ရောက်ပြီလား...မောင်က အိပ်မပျော်လို့ ရေဆင်းသောက်တာလေ"
ဘာမှမဖြစ်သလိုထပ်ကာပြောလေသည့် Jungkook
"မျက်လုံးတွေအစ်နေတယ်..."
"အာ...တရေးနိုးမို့လို့နေမှာပါ..."
Taehyung ရိပ်မိလိုက်ပါသည်။
Jungkook ငိုထားသည်ကိုပေါ့။
"မောင်ပြောတော့ အိပ်မပျော်လို့ ရေဆင်းသောက်တာဆို..."
"အာ...အဲ့တာကလေ...ဟုတ်တယ်...အိပ်မပျော်လို့ရေဆင်းသောက်တာဆိုပေမဲ့လေ...ဟို..."
စကားလုံးတွေဟာ ရှာရခက်နေပြန်တယ်။ကျနော့်အရှေ့မှာရှိနေတဲ့ ဦးငယ်က ရိပ်မိနေပုံပါပဲ။
" ငိုထားပြန်တာပဲ... "
Taehyung Jungkook ပါးပြင်လေးနှစ်ဖက်ကို အုပ်မိုးကာကိုင်လိုက်သည်။
နောက်တော့ ခြေဖျားထောက်ကာ
မျက်ခွံအပေါ်လေးကို အနမ်းတစ်
ပွင့်စီပေးလေသည်။
"မောင့် မျက်ရည်တွေက ဦးငယ်ကို စိတ်ပူပန်စေတယ်...ရင်ထဲကမ္ဘာပျက်ရတယ်ဆိုတာ မသိလို့လား...အမြဲခိုးငိုနေတာ..."
ပြန်ပြောချင်တဲ့ နှလုံးသားထဲကစကားသံအချို့။
မောင့်ရင်ထဲကိုလည်း ဦးငယ်တစ်ချက်ဝင်ကြည့်လှည့်ပါလား...
Jungkook ၏ဆံနွယ်တွေကိုအနောက်သို့လှန်တင်ပေးရင်း
"ဖုန်းကိုဘာလို့ စစ်မကြည့်တာလဲ..."
ကျနော်နားမလည်သလိုကြည့်နေပြန်တဲ့ မောင်။
"မေးနေတယ်လေ... ဖုန်းကိုအနားမှာမထားမိလို့လား..."
"မောင်က သမီးလေးကို ချော့သိပ်နေတာနဲ့...ဖုန်းကိုကိုယ်နဲ့တစ်ပါတည်းဆောင်ထားဖို့မေ့သွားတာ..."
"ထင်သားပဲ..."
Jungkook နှုတ်ခမ်းကိုစူးစိုက်ကြည့်လာသည့် Taehyung
"ဗိုက်ဆာလာသလိုပဲ...အိမ်မှာတစ်ခုခုများရှိလား..."
"အင်း...ရှိတယ်...မောင်ခုနက ထမင်းဟင်းတွေကို ရေခဲသေတ္တာထဲထည့်ထားတာ...ဦးငယ်စားမယ်ဆို ပြန်နွေးပေးမယ်လေ"
အမြန်ပင် မီးဖိုခန်းထဲသွားဖို့ကြံရွယ်နေတဲ့ မောင်။
လက်မောင်းကိုဆွဲကိုင်ကာ မျက်နှာချင်းဆိုင်စေလိုက်တယ်။
ကျနော့်ကို ကြည့်နေတဲ့မျက်ဝန်းအိမ်တွေက ဝိုင်းစက်လာသည်။အံ့သြနေပုံပါပဲ။ထပ်ပြီး အံ့သြစရာတွေရှိလာအုံးမှာပါမောင်။
Taehyung Jungkook ကိုနံရံဘက်သို့တွန်းလိုက်မိသည်။
နောက်တော့ သူဦးတည်သွားလိုက်ရင်းကိုယ်ခန္ဓာလေးကို ဖိကပ်ထားသည်။
"ဦးငယ်..."
"အင်း..."
"မောင်...ဟို...ဟို...ဦးငယ်အရမ်းကပ်နေတယ်..."
"အင်း...သိတယ်"
ပန်းနုရောင်သမ်းနေတဲ့နှုတ်ခမ်း
သားလေးတွေစီအကြည့်ရောက်မိတော့ ခံစားချက်တွေက ထိန်းချုပ်ဖို့ခက်စေပြန်တယ်။
ဦးငယ်စူးစိုက်ကြည့်နေတဲ့အကြည့်တွေက ကျနော့်နှုတ်ခမ်းသားထံသို့သာ။
စကားပြောရန်လှုပ်ခတ်ဖို့ပြင်နေလေတဲ့ Jungkook နှုတ်ခမ်းလေးထံ နေရာယူသွားသည့် ပန်းနုရောင်နှုတ်ခမ်းလေးတစ်စုံ။
ထိကပ်ကာနမ်းလိုက်သည်။
အချိန်အတန်ကြာသည်အထိပေါ့။
"ကိတ်?...စတော်ဘယ်ရီ အရသာ?...ပြီးတော့..."
ထက်ကာနမ်းလာပြန်တယ်။
Taehyungပြန်ခွာသွားတော့
"ဗနီလာ?..."
ထပ်ကာပြောသည့် အရသာတစ်မျိုး။
Jungkook ထံမှ အပြုံးတစ်ပွင့်။
"အင်း...မောင်ကိတ်မုန့်စားထားတာပဲ..."
ကျနော့်ပါးပြင်ကိုထိတွေ့လေတဲ့
လက်ချောင်းသွယ်လေးတွေ။
အသက်ရှူမှားစေပြန်တယ်။
Jungkookအနားကိုတိုးသထက်တိုးလာသည့် Taehyung
နားဖျားလေးကို ခပ်ဖွဖွနမ်းလေသည်။
"ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ မောင်~..."
ခပ်တိုးတိုးလေးဆိုလေတယ်။
တစ်ကိုယ်လုံးကြက်သီးတွေဖြန်းခနဲထသွားစေတယ်။
မှတ်မိနေခဲ့တာလား?ဒါဆိုဘာလို့အိမ်ကိုစောစောပြန်မလာခဲ့တာလဲ?
မေးခွန်းပေါင်းစုံက အတွေးတွေထဲမှာပင်။
"အရူးလေး...မေ့နေမယ်လို့တွေးနေပြန်တာမလား..."
"အင်း...ဦးငယ်မောင့်ကိုမေ့နေပြီထင်နေတာ...တကယ်ကို မေ့နေပြီထင်နေခဲ့တာ..."
Jungkook Taehyung ကိုပွေ့ဖက်သည်။ခေါင်းကိုထိုးအပ်ကာ
ပခုံးပေါ် အနမ်းတွေခြွေမိသည်။
"ငိုနေပြန်ပြီလား...မောင်သာ ရေသူထီးဆို ဦးငယ်တို့ အရမ်းကိုချမ်းသာနေလောက်ပြီ..."
Jungkook ထံမှ ရယ်သံလေးနဲ့အတူ ငိုသံကရောယှက်နေသည်။
" ဘာလို့?..."
မေးလိုက်မိတော့ နားဖျားလေးကိုတစ်ဖန်ပြန်နမ်းလေသည်။
"ပုလဲတွေထွက်တယ်...ရေသူထီးမျက်ရည်က..."
" ဒါဆို ရေသူထီးလုပ်မှဖြစ်မဲ့ပုံပါပဲ..."
ပြန်ကာစမိပြန်တော့ ကျနော့်ဆံနွယ်တွေကိုထိုးဖွကာ ဦးငယ်ရယ်သည်။
မေ့မနေခဲ့ဘူးပဲ။ရပါပြီ။ကျနော်ဒီလောက်နဲ့ကျေနပ်မိပါ၏
ဦးငယ်နှလုံးသားထဲ မောင်ရှိနေသေးတယ်လေ။ဒါဆိုရင်လုံလောက်ခဲ့ပြီ။
Taehyung Jungkook လက်ကိုဆွဲကိုင်သည်။
"မွေးနေ့လက်ဆောင်ယူမယ်မဟုတ်လား..."
"လက်ဆောင်?...ဦးငယ်မောင့်အတွက် လက်ဆောင်ပါဝယ်ပေးခဲ့တာလား..."
"မောင်ကတော့လေ အသက်သာတစ်နှစ်ကြီးလာတာ ကလေးလေးအတိုင်းပဲ...မွေးနေ့ပါဆိုလက်ဆောင်ပေးရမှာပေါ့..."
"ဘာကြီးလဲ..."
"သိချင်ရင်လိုက်ခဲ့..."
ကျနော့် အရှေ့ကနေအိမ်အပြင်ကိုထွက်သွားသည့် ဦးငယ်။
အနောက်ကနေလိုက်သွားမိသည်။
ကားအနားရောက်တာနှင့်ရပ်တန့်သွားရသည်။
ဦးငယ်က ကားအနောက်ခန်းတံခါးကိုဖွင့်ကာရပ်ကြည့်နေသည်လေ။
"ဘာမို့လို့လဲ..."
"မပြောပြဘူး...မောင်ကိုယ်တိုင်ယူကြည့်ပေါ့..."
Jungkook ကားအနောက်ခန်းကိုလှမ်းကြည့်သည်။
သေတ္တာဗူးနဲ့အရှည်လေးက ဖဲကြိုးနီလေးစီးထားလေသည်။
"ဦးငယ်...ဘာပစ္စည်းလဲ..."
"ယူကြည့်ပါဆို...မောင်ကလည်း..."
Taehyung ကအထဲမှ လက်ဆောင်ကိုကိုယ်တိုင်သာယူပေးတော့သည်။
Jungkook က ကျောက်ရုပ်ကလေးလို အထူးအဆန်းဖြစ်ပြီး ရပ်နေတာကိုး။
"ရော့...မောင့်အတွက် ဦးငယ်ကိုယ်တိုင်ရွေးလာပေးတာ..."
ကျနော့်လက်ထဲရောက်လာသည့်
လက်ဆောင်ဗူး။
လေးလည်းလေးသည်။ဘာပစ္စည်းမို့လို့ပါလိမ့်။
Jungkook စဥ်းစားနေတုန်းရှိသေးသည် Taehyung က ကားတံခါးကိုပိတ်ကာ သူ့လက်မောင်းကိုလာချိတ်သည်။
"အိမ်ထဲရောက်မှဖွင့်ကြည့်...မောင်ကြိုက်မှာသေချာတယ်..."
-
-
-
အိပ်ခန်းထဲရောက်တော့လက်ဆောင်ဗူးလေးကို ဖွင့်ကြည့်ဖို့ပြင်လေသည်။
Jungkook သေတ္တာဗူးလေး၏တံခါးကိုဖွင့်လိုက်တော့...
"ဂီတာ?..."
"အင်း...မောင်မြတ်နိုးတဲ့အရာတစ်ခုပဲမဟုတ်လား..."
အနက်ရောင်ဂီတာတစ်လက်က ကျနော့်မျက်စိရှေ့ကိုရောက်လာခဲ့တယ်။ ဂီတနဲ့ပတ်သတ်တာတွေကို
စွန့်လွှတ်ပစ်ခဲ့တာနှစ်တွေအရမ်းကြာနေခဲ့ပြီလေ။
နှစ်ပေါင်းများစွာကြာမှ ဂီတာတစ်လက်က ကျနော့်လက်ထဲပြန်ရောက်လို့လာခဲ့တယ်။
ဒီတစ်ခါလည်း ဦးငယ်ကျနော့်အတွက်ပဲတွေးပေးနေခဲ့တာ။
ဂီတာကိုအရူးအမူးဖြစ်ခဲ့တာ။တစ်ချိန်ကပေါ့။အဆိုနဲ့အကရောပေါ့။
"ဘယ်လိုလဲ မောင်...ဦးငယ်သေချာရွေးပေးထားတာ အဆင်ပြေရဲ့လား..."
ဂီတာကိုငုံ့ကြည့်နေတဲ့ Jungkook
ဝမ်းသာမျက်ရည်တို့က ကျလာပြန်သည်။
"မောင်..."
ခေါ်လိုက်မိတော့ ဂီတာကိုအိပ်ယာပေါ်ချကာJungkook Taehyung ကိုဖက်လေသည်။
"ကျေးဇူးပါ...တကယ်ကိုကျေးဇူးတင်ပါတယ် ဦးငယ်..."
"ငိုပြန်ပြီ...ရေသူထီးလေးပဲ..."
"မောင့်ဘဝက ဦးငယ်ပါ...မောင့်အတွက်ပဲ ဦးငယ်က အမြဲငဲ့နေခဲ့တာ...အဲ့တာကိုမောင်က..."
"တော်လိုက်တော့ မောင်...အရင်ကအတိတ်ကိုပြန်မသွားကြရအောင်..."
Jungkook ဆက်ပြောမည့်စကားတွေကို Taehyung တားပစ်ခဲ့သည်။
မဟုတ်ရင် Jungkook ရူးမတတ်ခံစားနေရမည်ကို သူသိနေလို့ပင်။
အနာဂတ်လမ်းခရီးအစပြုရင် အတိတ်က အကြောင်းတွေကို ပြန်လှည့်မကြည့်သင့်ပေ။
ပြန်လှည့်မိရင် အတိတ်ဆိုးတွေက ဝါးမြိုတတ်သွားတတ်သည်လေ။
"မောင်...မျက်ရည်တွေထပ်မကျမိအောင်ထိန်း...မနက်ကျရင် ခေါင်းတွေကိုက်ပြီး မျက်လုံးတွေအစ်နေလိမ့်မယ်..."
"သိနေတာကို ဘာလို့အိမ်စောစောပြန်မလာတာလဲ ဦးငယ်..."
"ပြောပါတယ်...ဖုန်းကိုဘာလို့စစ်မကြည့်တာလဲလို့..."
Taehyung ထသွားကာ အပေါ်ဝတ်ကုတ်ကိုချွတ်နေသည်။
ရေချိုးသန့်စင်ဖို့အတွက်ပင်။
"ဖုန်းကိုသာစစ်ကြည့်...သိလိမ့်မယ်...ဦးငယ်ရေချိုးလိုက်အုံးမယ်..."
"ခန...မောင်မေးနေတာကိုပြန်ဖြေအုံးလေ..."
"ဖုန်းကိုတစ်ချက်ပြန်ကြည့် ရေသူထီးလေးရဲ့..."
Taehyung ရယ်ရင်းသာ ရေချိုးခန်းထဲဝင်သွားခဲ့သည်။
အိပ်ယာပေါ် ထိုင်လျက်ကျန်နေသည့် Jungkook မှာတော့စားပွဲပေါ်က ဖုန်းကိုယူကာကြည့်တော့သည်။
မက်ဆေ့တွေက သုံးစောင်တိတိ။
' Suprise ရှိတယ်...ညခုနှစ်နာရီ
Flower စားသောက်ဆိုင်...'
နောက်ထပ်တစ်စောင်...
'မောင်...သမီးလေးကိုပါခေါ်ခဲ့နော်...'
နောက်ထပ်...
'စာတွေလည်းဝင်မကြည့်ပြန်ဘူးပဲ...'
Jungkook ပြုံးလိုက်သည်။
အရူးလိုပါပဲ။ကျနော်က တကယ့်အရူး။ဦးငယ်က မွေးနေ့ကိုသိလို့တောင် ညစာစားဖို့အထိပြင်ဆင်ပေးနေခဲ့တာ။
ကျနော်က အိမ်မှာထိုင်ဆွေးနေတာကိုး။
Jeon Jungkook တို့ကတော့ တုံးနေပြန်ပါပြီ။
ဦးငယ်ပြောသလိုကျနော်က ရေသူထီးကြီးပါပဲ။
ဖုန်းကိုပိတ်ကာ စားပွဲပေါ်ပြန်တင်လေသည်။
အိပ်ယာပေါ်က ဂီတာလေးကိုယူကာ သေတ္တာလေးထဲပြန်ထည့်လေသည်။
Taehyung ရေချိုးပြီးထွက်လာတော့ ညဝတ်အင်္ကျီကို Jungkook က သူကိုယ်တိုင်ဝတ်ပေးပြန်သည်။
အချစ်တွေပိုနေပြန်တာပင်။
ဦးငယ်ကအိပ်ယာမဝင်ခင် သမီးလေးစီသွားကြည့်သေးသည်။
ပြီးတော့မှ အိပ်ခန်းထဲပြန်ဝင်လာလေသည်။
ထုံးစံအတိုင်း Taehyung ၏နွေးထွေးစေတဲ့ ရင်ခွင်ထဲ တိုးဝင်ကာခါးကိုဖက်တွယ်ထားရင်း အိပ်လေသည့်Jungkook
"ချစ်တယ်...ဦးငယ်..."
" အင်း...သိတယ်..."
နဖူးပေါ် အနမ်းတစ်ပွင့်ပေးမိတော့ ကျနော့်ရင်ဘတ်ကိုထိကပ်နမ်းလေတဲ့မောင်။
ဂီတာပေါ်က စာတန်းလေးကို မောင်မြင်သွားခဲ့ပြီလား။
Taehyung ပြုံးလိုက်သည်။
Jungkook ကိုထွေးပွေ့လေသည်။
"ဦးငယ်က မောင့်အပိုင်... "
"အမြဲတမ်းပါပဲ မောင်..."
ညအိပ်မီးရောင်ဖျော့ဖျော့လေးကြား အနာဂတ်ကိုသာ မျက်နှာမူထားသည့် နှင်းဆီဖြူလေးနဲ့ သူ၏ဥယျာဥ်မှူးလေး။
သိမ်းထားသည့် ဂီတာလေးထံက စာတန်းလေးကတော့လှပစေတယ်။ Jungkook မမြင်ခဲ့သည့်စာတန်းလေးပေါ့။
နှင်းဆီပန်းပုံထွင်းထားသည့် ဘေး
မှာရေးထားသည့်စာတန်းလေး...
'ချစ်တယ် မောင်...'
____________
Nora Rosalia
22.1.2023
>>>>>>>>
(Zawgyi)
မုန္တိုင္းထန္လို႔ရင္ထဲဝယ္ အၿပဳံးတစ္ပြင့္ေၾကာင့္ ခြန္အားျဖစ္ေစျပန္။ပန္းေရာင္ေသြးတဲ့ ႏႈတ္ခမ္းလႊာထက္ မုန္းတယ္လို႔ေျပာမည့္အသံကိုသာ နားဆင္မိခ်င္။
ႏႈတ္ဆိတ္ေနတဲ့ ႏႈတ္ခမ္းဖ်ား။တိတ္ဆိတ္ေနေတာ့ ခက္ရတယ္။
ေမာင့္ႏွင္းဆီငယ္~...
________________________
" ေပ်ာ္႐ႊင္စရာေမြးေန႕ေလးျဖစ္ပါေစ...အခ်စ္မပ်က္ဘဲ ႏွလုံးသားထဲက ဦးငယ္သာ..."
တစ္ေပါင္သာရွိသည့္ ကိတ္မုန့္ေလးေပၚမွ ဖေယာင္းတိုင္မီးေလးကို မႈတ္လိုက္သည္။
မ်က္ရည္ေတြက ဝဲခနဲပင္။
မီးဖိုခန္းထဲမွ တိုင္ကပ္နာရီကိုတစ္ခ်က္ၾကည့္မိျပန္ေတာ့ ညဆယ္နာရီ။အိမ္ျပန္ခ်ိန္ေတြေနာက္က်ေနေရာေပါ့။
မနက္အေစာႀကီးကတည္းက အလုပ္ကိုပဲအာ႐ုံေရာက္ေနတဲ့
ဦးငယ္။
ေမာင့္ႏွင္းဆီငယ္ေလးရယ္။ေမ့ထားရက္တာလား။
Jungkookဝဲတက္လာသည့္မ်က္ရည္ဥေတြကိုတင္းခံထားေနသည္။
စားပြဲေပၚမွ ေမြးေန႕ ကိတ္ကေလးကို လွီးလိုက္ရင္း တစ္ေယာက္တည္းသားထိုင္စားေနေလသည္။
တိတ္ဆိတ္ၿငိမ္သက္ေနတဲ့ အိမ္ကေလး။အလုပ္ေတြကအရမ္းပဲမ်ားလြန္းေနေလသလား။ေမာင့္ထက္အေရးေပးစရာသူေတြ ဦးငယ္စီရွိေနျပန္ၿပီလား။
အေတြးေတြဟာကေရာက္ကယက္ပါပဲ။
က်ေနာ့္ေမြးေန႕ကေလးမွာေတာင္ဦးငယ္ႆ ရွိမေနျပန္ပါဘူး။
ေမြးေန႕မွာေပ်ာ္႐ႊင္ရတယ္တဲ့ က်ေနာ့္ေမြးေန႕ကေတာ့ မ်က္ရည္ေတြနဲ႕သာ။
ပါးျပင္ေပၚမွ မ်က္ရည္ေတြကိုဖိသုတ္လိုက္ရင္း က်န္ရွိေသးသည့္ ကိတ္မုန့္ေလးကို ေရခဲေသတၱာထဲထည့္ေနသည့္ Jungkook
အိမ္ေပၚတက္မည္အျပဳ ကားစက္ရပ္သံက နားထဲနားစြန္နားဖ်ားပင္။
ဦးငယ္မ်ားလား?
Taehyung ျပန္လာၿပီအထင္နဲ႕တက္ႂကြေနသည့္ Jungkook မွာ
တစ္ခါျပန္ကာၿငိမ္က်သြားေလသည္။
မျဖစ္နိုင္ပါဘူးေလ။ဦးငယ္က
ညျပန္လာတာအရမ္းေနာက္က်မယ္လို႔မွာသြားတာ။
ေလွကားေပၚလွမ္းေနသည့္ ေျခလွမ္းေတြ။
"ေမာင္..."
ႏွလုံးသားတစ္ခုလုံးကို လႈပ္ခတ္ေစတဲ့ ထိုနာမ္စား။
ျမန္ဆန္လာသည့္ ႏွလုံးခုန္ႏႈန္းေတြကလည္း ထိန္းမရျဖစ္ေစခဲ့တယ္။
Jungkook ေက်ာက္႐ုပ္ပမာ ရပ္ေနမိစဲ။
သူ႕အေနာက္မွ အျမန္ပင္ အနားကိုလာေနသည့္ Taehyung
လက္ေမာင္းကိုလာထိေတြ႕သည့္ လက္ေခ်ာင္းသြယ္ေလးေတြ။
ဦးငယ္ရဲ႕အထိအေတြ႕တိုင္းဟာ အၿမဲတမ္းရင္ခုန္ေစခဲ့တာ။
"ေမာင္..."
ထပ္ကာ ေခၚလိုက္ေတာ့ Jungkook ၿပဳံးလိုက္သည္။
မ်က္ရည္ေတြကလည္း က်လာျပန္ပါ၏
အျမန္ပင္ လက္ခုံႏွင့္ျဖစ္သလိုသာဖိသုတ္လိုက္သည္။
လက္ေမာင္းေပၚက လက္သြယ္သြယ္ေလးကို Jungkook အုပ္မိုးကာအေပၚမွ ထပ္ကိုင္လိုက္သည္။
ျဖည္းျဖည္းခ်င္းလွည့္လာရင္း
အၿပဳံးနိုင္ဆုံးၿပဳံးထားသည္။
က်ေနာ့္ရင္ထဲမႊန္းၾကပ္ေနတယ္ ဦးငယ္ရယ္။
"ဦးငယ္ ျပန္ေရာက္ၿပီလား...ေမာင္က အိပ္မေပ်ာ္လို႔ ေရဆင္းေသာက္တာေလ"
ဘာမွမျဖစ္သလိုထပ္ကာေျပာေလသည့္ Jungkook
"မ်က္လုံးေတြအစ္ေနတယ္..."
"အာ...တေရးနိုးမို႔လို႔ေနမွာပါ..."
Taehyung ရိပ္မိလိုက္ပါသည္။
Jungkook ငိုထားသည္ကိုေပါ့။
"ေမာင္ေျပာေတာ့ အိပ္မေပ်ာ္လို႔ ေရဆင္းေသာက္တာဆို..."
"အာ...အဲ့တာကေလ...ဟုတ္တယ္...အိပ္မေပ်ာ္လို႔ေရဆင္းေသာက္တာဆိုေပမဲ့ေလ...ဟို..."
စကားလုံးေတြဟာ ရွာရခက္ေနျပန္တယ္။က်ေနာ့္အေရွ႕မွာရွိေနတဲ့ ဦးငယ္က ရိပ္မိေနပုံပါပဲ။
" ငိုထားျပန္တာပဲ... "
Taehyung Jungkook ပါးျပင္ေလးႏွစ္ဖက္ကို အုပ္မိုးကာကိုင္လိုက္သည္။
ေနာက္ေတာ့ ေျခဖ်ားေထာက္ကာ
မ်က္ခြံအေပၚေလးကို အနမ္းတစ္
ပြင့္စီေပးေလသည္။
"ေမာင့္ မ်က္ရည္ေတြက ဦးငယ္ကို စိတ္ပူပန္ေစတယ္...ရင္ထဲကမၻာပ်က္ရတယ္ဆိုတာ မသိလို႔လား...အၿမဲခိုးငိုေနတာ..."
ျပန္ေျပာခ်င္တဲ့ ႏွလုံးသားထဲကစကားသံအခ်ိဳ႕။
ေမာင့္ရင္ထဲကိုလည္း ဦးငယ္တစ္ခ်က္ဝင္ၾကည့္လွည့္ပါလား...
Jungkook ၏ဆံႏြယ္ေတြကိုအေနာက္သို႔လွန္တင္ေပးရင္း
"ဖုန္းကိုဘာလို႔ စစ္မၾကည့္တာလဲ..."
က်ေနာ္နားမလည္သလိုၾကည့္ေနျပန္တဲ့ ေမာင္။
"ေမးေနတယ္ေလ... ဖုန္းကိုအနားမွာမထားမိလို႔လား..."
"ေမာင္က သမီးေလးကို ေခ်ာ့သိပ္ေနတာနဲ႕...ဖုန္းကိုကိုယ္နဲ႕တစ္ပါတည္းေဆာင္ထားဖို႔ေမ့သြားတာ..."
"ထင္သားပဲ..."
Jungkook ႏႈတ္ခမ္းကိုစူးစိုက္ၾကည့္လာသည့္ Taehyung
"ဗိုက္ဆာလာသလိုပဲ...အိမ္မွာတစ္ခုခုမ်ားရွိလား..."
"အင္း...ရွိတယ္...ေမာင္ခုနက ထမင္းဟင္းေတြကို ေရခဲေသတၱာထဲထည့္ထားတာ...ဦးငယ္စားမယ္ဆို ျပန္ႏြေးေပးမယ္ေလ"
အျမန္ပင္ မီးဖိုခန္းထဲသြားဖို႔ႀကံ႐ြယ္ေနတဲ့ ေမာင္။
လက္ေမာင္းကိုဆြဲကိုင္ကာ မ်က္ႏွာခ်င္းဆိုင္ေစလိုက္တယ္။
က်ေနာ့္ကို ၾကည့္ေနတဲ့မ်က္ဝန္းအိမ္ေတြက ဝိုင္းစက္လာသည္။အံ့ၾသေနပုံပါပဲ။ထပ္ၿပီး အံ့ၾသစရာေတြရွိလာအုံးမွာပါေမာင္။
Taehyung Jungkook ကိုနံရံဘက္သို႔တြန္းလိုက္မိသည္။
ေနာက္ေတာ့ သူဦးတည္သြားလိုက္ရင္းကိုယ္ခႏၶာေလးကို ဖိကပ္ထားသည္။
"ဦးငယ္..."
"အင္း..."
"ေမာင္...ဟို...ဟို...ဦးငယ္အရမ္းကပ္ေနတယ္..."
"အင္း...သိတယ္"
ပန္းႏုေရာင္သမ္းေနတဲ့ႏႈတ္ခမ္း
သားေလးေတြစီအၾကည့္ေရာက္မိေတာ့ ခံစားခ်က္ေတြက ထိန္းခ်ဳပ္ဖို႔ခက္ေစျပန္တယ္။
ဦးငယ္စူးစိုက္ၾကည့္ေနတဲ့အၾကည့္ေတြက က်ေနာ့္ႏႈတ္ခမ္းသားထံသို႔သာ။
စကားေျပာရန္လႈပ္ခတ္ဖို႔ျပင္ေနေလတဲ့ Jungkook ႏႈတ္ခမ္းေလးထံ ေနရာယူသြားသည့္ ပန္းႏုေရာင္ႏႈတ္ခမ္းေလးတစ္စုံ။
ထိကပ္ကာနမ္းလိုက္သည္။
အခ်ိန္အတန္ၾကာသည္အထိေပါ့။
"ကိတ္?...စေတာ္ဘယ္ရီ အရသာ?...ၿပီးေတာ့..."
ထက္ကာနမ္းလာျပန္တယ္။
Taehyungျပန္ခြာသြားေတာ့
"ဗနီလာ?..."
ထပ္ကာေျပာသည့္ အရသာတစ္မ်ိဳး။
Jungkook ထံမွ အၿပဳံးတစ္ပြင့္။
"အင္း...ေမာင္ကိတ္မုန့္စားထားတာပဲ..."
က်ေနာ့္ပါးျပင္ကိုထိေတြ႕ေလတဲ့
လက္ေခ်ာင္းသြယ္ေလးေတြ။
အသက္ရႉမွားေစျပန္တယ္။
Jungkookအနားကိုတိုးသထက္တိုးလာသည့္ Taehyung
နားဖ်ားေလးကို ခပ္ဖြဖြနမ္းေလသည္။
"ေပ်ာ္႐ႊင္စရာေမြးေန႕ေလးျဖစ္ပါေစ ေမာင္~..."
ခပ္တိုးတိုးေလးဆိုေလတယ္။
တစ္ကိုယ္လုံးၾကက္သီးေတြျဖန္းခနဲထသြားေစတယ္။
မွတ္မိေနခဲ့တာလား?ဒါဆိုဘာလို႔အိမ္ကိုေစာေစာျပန္မလာခဲ့တာလဲ?
ေမးခြန္းေပါင္းစုံက အေတြးေတြထဲမွာပင္။
"အ႐ူးေလး...ေမ့ေနမယ္လို႔ေတြးေနျပန္တာမလား..."
"အင္း...ဦးငယ္ေမာင့္ကိုေမ့ေနၿပီထင္ေနတာ...တကယ္ကို ေမ့ေနၿပီထင္ေနခဲ့တာ..."
Jungkook Taehyung ကိုေပြ႕ဖက္သည္။ေခါင္းကိုထိုးအပ္ကာ
ပခုံးေပၚ အနမ္းေတြေႁခြမိသည္။
"ငိုေနျပန္ၿပီလား...ေမာင္သာ ေရသူထီးဆို ဦးငယ္တို႔ အရမ္းကိုခ်မ္းသာေနေလာက္ၿပီ..."
Jungkook ထံမွ ရယ္သံေလးနဲ႕အတူ ငိုသံကေရာယွက္ေနသည္။
" ဘာလို႔?..."
ေမးလိုက္မိေတာ့ နားဖ်ားေလးကိုတစ္ဖန္ျပန္နမ္းေလသည္။
"ပုလဲေတြထြက္တယ္...ေရသူထီးမ်က္ရည္က..."
" ဒါဆို ေရသူထီးလုပ္မွျဖစ္မဲ့ပုံပါပဲ..."
ျပန္ကာစမိျပန္ေတာ့ က်ေနာ့္ဆံႏြယ္ေတြကိုထိုးဖြကာ ဦးငယ္ရယ္သည္။
ေမ့မေနခဲ့ဘူးပဲ။ရပါၿပီ။က်ေနာ္ဒီေလာက္နဲ႕ေက်နပ္မိပါ၏
ဦးငယ္ႏွလုံးသားထဲ ေမာင္ရွိေနေသးတယ္ေလ။ဒါဆိုရင္လုံေလာက္ခဲ့ၿပီ။
Taehyung Jungkook လက္ကိုဆြဲကိုင္သည္။
"ေမြးေန႕လက္ေဆာင္ယူမယ္မဟုတ္လား..."
"လက္ေဆာင္?...ဦးငယ္ေမာင့္အတြက္ လက္ေဆာင္ပါဝယ္ေပးခဲ့တာလား..."
"ေမာင္ကေတာ့ေလ အသက္သာတစ္ႏွစ္ႀကီးလာတာ ကေလးေလးအတိုင္းပဲ...ေမြးေန႕ပါဆိုလက္ေဆာင္ေပးရမွာေပါ့..."
"ဘာႀကီးလဲ..."
"သိခ်င္ရင္လိုက္ခဲ့..."
က်ေနာ့္ အေရွ႕ကေနအိမ္အျပင္ကိုထြက္သြားသည့္ ဦးငယ္။
အေနာက္ကေနလိုက္သြားမိသည္။
ကားအနားေရာက္တာႏွင့္ရပ္တန့္သြားရသည္။
ဦးငယ္က ကားအေနာက္ခန္းတံခါးကိုဖြင့္ကာရပ္ၾကည့္ေနသည္ေလ။
"ဘာမို႔လို႔လဲ..."
"မေျပာျပဘူး...ေမာင္ကိုယ္တိုင္ယူၾကည့္ေပါ့..."
Jungkook ကားအေနာက္ခန္းကိုလွမ္းၾကည့္သည္။
ေသတၱာဗူးနဲ႕အရွည္ေလးက ဖဲႀကိဳးနီေလးစီးထားေလသည္။
"ဦးငယ္...ဘာပစၥည္းလဲ..."
"ယူၾကည့္ပါဆို...ေမာင္ကလည္း..."
Taehyung ကအထဲမွ လက္ေဆာင္ကိုကိုယ္တိုင္သာယူေပးေတာ့သည္။
Jungkook က ေက်ာက္႐ုပ္ကေလးလို အထူးအဆန္းျဖစ္ၿပီး ရပ္ေနတာကိုး။
"ေရာ့...ေမာင့္အတြက္ ဦးငယ္ကိုယ္တိုင္ေ႐ြးလာေပးတာ..."
က်ေနာ့္လက္ထဲေရာက္လာသည့္
လက္ေဆာင္ဗူး။
ေလးလည္းေလးသည္။ဘာပစၥည္းမို႔လို႔ပါလိမ့္။
Jungkook စဥ္းစားေနတုန္းရွိေသးသည္ Taehyung က ကားတံခါးကိုပိတ္ကာ သူ႕လက္ေမာင္းကိုလာခ်ိတ္သည္။
"အိမ္ထဲေရာက္မွဖြင့္ၾကည့္...ေမာင္ႀကိဳက္မွာေသခ်ာတယ္..."
-
-
-
အိပ္ခန္းထဲေရာက္ေတာ့လက္ေဆာင္ဗူးေလးကို ဖြင့္ၾကည့္ဖို႔ျပင္ေလသည္။
Jungkook ေသတၱာဗူးေလး၏တံခါးကိုဖြင့္လိုက္ေတာ့...
"ဂီတာ?..."
"အင္း...ေမာင္ျမတ္နိုးတဲ့အရာတစ္ခုပဲမဟုတ္လား..."
အနက္ေရာင္ဂီတာတစ္လက္က က်ေနာ့္မ်က္စိေရွ႕ကိုေရာက္လာခဲ့တယ္။ ဂီတနဲ႕ပတ္သတ္တာေတြကို
စြန့္လႊတ္ပစ္ခဲ့တာႏွစ္ေတြအရမ္းၾကာေနခဲ့ၿပီေလ။
ႏွစ္ေပါင္းမ်ားစြာၾကာမွ ဂီတာတစ္လက္က က်ေနာ့္လက္ထဲျပန္ေရာက္လို႔လာခဲ့တယ္။
ဒီတစ္ခါလည္း ဦးငယ္က်ေနာ့္အတြက္ပဲေတြးေပးေနခဲ့တာ။
ဂီတာကိုအ႐ူးအမူးျဖစ္ခဲ့တာ။တစ္ခ်ိန္ကေပါ့။အဆိုနဲ႕အကေရာေပါ့။
"ဘယ္လိုလဲ ေမာင္...ဦးငယ္ေသခ်ာေ႐ြးေပးထားတာ အဆင္ေျပရဲ႕လား..."
ဂီတာကိုငုံ႕ၾကည့္ေနတဲ့ Jungkook
ဝမ္းသာမ်က္ရည္တို႔က က်လာျပန္သည္။
"ေမာင္..."
ေခၚလိုက္မိေတာ့ ဂီတာကိုအိပ္ယာေပၚခ်ကာJungkook Taehyung ကိုဖက္ေလသည္။
"ေက်းဇူးပါ...တကယ္ကိုေက်းဇူးတင္ပါတယ္ ဦးငယ္..."
"ငိုျပန္ၿပီ...ေရသူထီးေလးပဲ..."
"ေမာင့္ဘဝက ဦးငယ္ပါ...ေမာင့္အတြက္ပဲ ဦးငယ္က အၿမဲငဲ့ေနခဲ့တာ...အဲ့တာကိုေမာင္က..."
"ေတာ္လိုက္ေတာ့ ေမာင္...အရင္ကအတိတ္ကိုျပန္မသြားၾကရေအာင္..."
Jungkook ဆက္ေျပာမည့္စကားေတြကို Taehyung တားပစ္ခဲ့သည္။
မဟုတ္ရင္ Jungkook ႐ူးမတတ္ခံစားေနရမည္ကို သူသိေနလို႔ပင္။
အနာဂတ္လမ္းခရီးအစျပဳရင္ အတိတ္က အေၾကာင္းေတြကို ျပန္လွည့္မၾကည့္သင့္ေပ။
ျပန္လွည့္မိရင္ အတိတ္ဆိုးေတြက ဝါးၿမိဳတတ္သြားတတ္သည္ေလ။
"ေမာင္...မ်က္ရည္ေတြထပ္မက်မိေအာင္ထိန္း...မနက္က်ရင္ ေခါင္းေတြကိုက္ၿပီး မ်က္လုံးေတြအစ္ေနလိမ့္မယ္..."
"သိေနတာကို ဘာလို႔အိမ္ေစာေစာျပန္မလာတာလဲ ဦးငယ္..."
"ေျပာပါတယ္...ဖုန္းကိုဘာလို႔စစ္မၾကည့္တာလဲလို႔..."
Taehyung ထသြားကာ အေပၚဝတ္ကုတ္ကိုခြၽတ္ေနသည္။
ေရခ်ိဳးသန့္စင္ဖို႔အတြက္ပင္။
"ဖုန္းကိုသာစစ္ၾကည့္...သိလိမ့္မယ္...ဦးငယ္ေရခ်ိဳးလိုက္အုံးမယ္..."
"ခန...ေမာင္ေမးေနတာကိုျပန္ေျဖအုံးေလ..."
"ဖုန္းကိုတစ္ခ်က္ျပန္ၾကည့္ ေရသူထီးေလးရဲ႕..."
Taehyung ရယ္ရင္းသာ ေရခ်ိဳးခန္းထဲဝင္သြားခဲ့သည္။
အိပ္ယာေပၚ ထိုင္လ်က္က်န္ေနသည့္ Jungkook မွာေတာ့စားပြဲေပၚက ဖုန္းကိုယူကာၾကည့္ေတာ့သည္။
မက္ေဆ့ေတြက သုံးေစာင္တိတိ။
' Suprise ရွိတယ္...ညခုႏွစ္နာရီ
Flower စားေသာက္ဆိုင္...'
ေနာက္ထပ္တစ္ေစာင္...
'ေမာင္...သမီးေလးကိုပါေခၚခဲ့ေနာ္...'
ေနာက္ထပ္...
'စာေတြလည္းဝင္မၾကည့္ျပန္ဘူးပဲ...'
Jungkook ၿပဳံးလိုက္သည္။
အ႐ူးလိုပါပဲ။က်ေနာ္က တကယ့္အ႐ူး။ဦးငယ္က ေမြးေန႕ကိုသိလို႔ေတာင္ ညစာစားဖို႔အထိျပင္ဆင္ေပးေနခဲ့တာ။
က်ေနာ္က အိမ္မွာထိုင္ေဆြးေနတာကိုး။
Jeon Jungkook တို႔ကေတာ့ တုံးေနျပန္ပါၿပီ။
ဦးငယ္ေျပာသလိုက်ေနာ္က ေရသူထီးႀကီးပါပဲ။
ဖုန္းကိုပိတ္ကာ စားပြဲေပၚျပန္တင္ေလသည္။
အိပ္ယာေပၚက ဂီတာေလးကိုယူကာ ေသတၱာေလးထဲျပန္ထည့္ေလသည္။
Taehyung ေရခ်ိဳးၿပီးထြက္လာေတာ့ ညဝတ္အကၤ်ီကို Jungkook က သူကိုယ္တိုင္ဝတ္ေပးျပန္သည္။
အခ်စ္ေတြပိုေနျပန္တာပင္။
ဦးငယ္ကအိပ္ယာမဝင္ခင္ သမီးေလးစီသြားၾကည့္ေသးသည္။
ၿပီးေတာ့မွ အိပ္ခန္းထဲျပန္ဝင္လာေလသည္။
ထုံးစံအတိုင္း Taehyung ၏ႏြေးေထြးေစတဲ့ ရင္ခြင္ထဲ တိုးဝင္ကာခါးကိုဖက္တြယ္ထားရင္း အိပ္ေလသည့္Jungkook
"ခ်စ္တယ္...ဦးငယ္..."
" အင္း...သိတယ္..."
နဖူးေပၚ အနမ္းတစ္ပြင့္ေပးမိေတာ့ က်ေနာ့္ရင္ဘတ္ကိုထိကပ္နမ္းေလတဲ့ေမာင္။
ဂီတာေပၚက စာတန္းေလးကို ေမာင္ျမင္သြားခဲ့ၿပီလား။
Taehyung ၿပဳံးလိုက္သည္။
Jungkook ကိုေထြးေပြ႕ေလသည္။
"ဦးငယ္က ေမာင့္အပိုင္... "
"အၿမဲတမ္းပါပဲ ေမာင္..."
ညအိပ္မီးေရာင္ေဖ်ာ့ေဖ်ာ့ေလးၾကား အနာဂတ္ကိုသာ မ်က္ႏွာမူထားသည့္ ႏွင္းဆီျဖဴေလးနဲ႕ သူ၏ဥယ်ာဥ္မႉးေလး။
သိမ္းထားသည့္ ဂီတာေလးထံက စာတန္းေလးကေတာ့လွပေစတယ္။ Jungkook မျမင္ခဲ့သည့္စာတန္းေလးေပါ့။
ႏွင္းဆီပန္းပုံထြင္းထားသည့္ ေဘး
မွာေရးထားသည့္စာတန္းေလး...
'ခ်စ္တယ္ ေမာင္...'
____________
Nora Rosalia
22.1.2023