Unicode ✅
-HOW TO DATE WITH SINGLE FATHER-
အခါတိုင်းရက်တွေဆို ဂရီဖင်လ်အား နေ့လည်စာစားဖို့ ဒန်တီ ကိုယ်တိုင်း လာခေါ်ရပေမယ့် ဒီနေ့တော့ ထူးထူးခြားခြား ဂရီဖင်လ်ဘက်က ဒန်တီအား ဦးအောင် လာခေါ်တာမို့ ဒန်တီ တစ်ယောက် အံ့ဩနေလေရဲ့။
“ဆရာ နေကောင်းပါတယ်နော်”
“မင်းဆရာအလန်းကြီးကျန်သေးတယ် ပြီးတော့ ငါ့ပုံစံက နေမကောင်းတဲ့ရုပ်ပေါက်နေလို့လားကွ”
ဒန်တီခေါင်းခါပြတော့ ဂရီဖင်လ် ဘာမှဆက်မပြောတော့ပဲ ရှေ့ကနေဦးဆောင်ကာ ထွက်သွားလေရဲ့။ နောက်တော့ ထိုင်နေကြ ဆိုင်လေးဆီ သူတို့နှစ်ယောက် ရောက်လာခဲ့ကြပြန်သည်။
ဆိုင်ထဲရောက်တော့လည်း မှာစရာရှိတာမမှာပဲ လက်ထဲကနာရီအားကြည့်လိုက်။ ဆိုင်အပြင်ဘက်အား ကြည့်လိုက်နှင့် တစ်ယောက်ထဲ အလုပ်များနေသည့် သူ့ဆရာပုံစံဟာ မသိရင် ရည်းစားနှင့်ချိန်းထားသည့်အတိုင်းပင်။
“ဆရာ ဧည့်သည်လာစရာရှိလို့လား”
ဒန်တီ ဆိုင်အပြင်ဘက်ကို တစ်ချက်လှမ်းကြည့်ပြီး မေးလေတော့။
“ဟုတ်တယ် ယူကိုလေးတို့ လာမှာမို့လို့”
“သူတို့ကဘာလို့ လာမှာလဲ”
“မနေ့က ငါစပြီးမေးလိုက်တာကို ယူကိုလေးက စိတ်မကောင်းဖြစ်သွားတာ ငါပြန်ဆက်ပြီး ချော့မို့ကို မင်းဖုန်းကဝင်လာတော့ ချက်ချင်း ပြန်မဆက်ဖြစ်ဘူးလေ ပြီးတော့မှ ပြန်ဆက်ကြည့်တော့ ကလေးကဝမ်းနည်းပြီး အိပ်သွားတာလို့ သူ့ဒယ်ဒီကိုးလ်ကပြောတယ် ဒါကြောင့် ငါကလေးကို ပြန်ချော့ချင်လို့ ချိန်းထားတာ”
ဂရီဖင်လ်ရှင်းပြချက်အဆုံးမှာတော့ ဒန်တီဟာ မျက်ခုံးနှစ်ဖက်ပင့်တက်သွားပြီး သူ့ဆရာအား ပုံမှန်ရော ဟုတ်ရဲ့လားဟူသည့် သဘောမျိုးဖြင့် မှုန်ကုတ်ကုတ် စိုက်ကြည့်လေတော့ ဂရီဖင်လ်တစ်ယောက် ချောင်းတစ်ချက်ဟန်လေရဲ့။
“အဟမ်း ဒါကငါ့အမှားမို့ ငါပြန်ချော့ချင်တာ”
“ကျွန်တော် ဘာပြောရသေးလို့လဲ”
ဒန်တီအမေးနှင့်အတူ စာပွဲဝိုင်းထက် လာချသည့် နေ့လည်စာတွေကြောင့် သူတို့လည်း ထိုအကြောင်းအရာအား ဆက်မပြောဖြစ်တော့ပေ။ ဒီလိုနှင့် နေ့လည်စာမစားသေးပဲ ကိုးလ်တို့အား စောင့်နေသည့် ဂရီဖင်လ်အား ဒန်တီတစ်ယောက် မနိုင်သလို ခေါင်းခါလေသည်။
ခပ်ကြာကြာ စောင့်ပြီးသည်အထိ ပေါ်လာမသေးတဲ့ ကိုးလ်တို့ကြောင့် ဂရီဖင်လ်ဟာ အငြိမ်မနေတော့ပဲ နာရီအားကြည့်လိုက် ဆိုင်အပြင်ဘက်အား လှမ်းကြည့်လိုက်နှင့် အလုပ်ရှုပ်နေခဲ့လေ၏။
ထိုအချိန်မှာပဲ ဂရီဖင်လ်ဆီဝင်လာသည့် ဖုန်းနံပါတ်တစ်ခု။ ကြည့်လိုက်တော့ ကိုးလ်နံပါတ် ဖြစ်နေတာမို့ ဂရီဖင်လ်လည်း ချက်ချင်းကိုင်လိုက်လေ၏။
“ကိုးလ် ကိုယ်စောင့်နေတာကြာပြီ မရောက်လာ-”
“ဟင့် ဖင်လ်”
တစ်ဖက်ကရှိုက်သံတိုးတိုးနှင့်အတူ ခေါ်လာတဲ့ ကိုးလ်ကြောင့် ဂရီဖင်လ်သည် ခါးအားမတ်ခနဲဖြစ်သွားပြီး စိုးရိမ်ပူပန်သလို မေးခွန်းတွေမေးတော့သည်။
“ကိုးလ် အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား အခုဘယ်မှာလဲ”
“ဟင့်....ဖင်လ် သားလေးလေ ကိုယ်တွေအရမ်းပူပြီး ဖျားနေတယ် ကျွန်တော် ဘယ်လိုချော့ချော့ ဆေးလည်းမသောက်ဘူး အစာလည်းမစားဘူး ငိုပဲငိုနေတယ်”
တစ်ဖက်ကငိုရင်း ဆိုလာသည့် ကိုးလ်စကားတွေကြောင့် ဂရီဖင်လ်မျက်နှာ၌ စိုးရိမ်မှုအထင်းသားပင်။
“ကိုယ့်ကို မင်းတို့လိပ်စာပေး ကိုယ်အခုလာခဲ့မယ်”
“ဒါပေမယ့်-”
“ကိုးလ်”
“ဟုတ်”
“လိပ်စာပဲပေး ကျန်တာဘာမှမပြောနဲ့တော့”
ခပ်တည်တည်အသံဖြင့် လိပ်စာတောင်းနေသည့် ဖင်လ်ကြောင့် ကိုးလ်လည်း ဘာမှဆက်ပြောမနေတော့ပဲ လိပ်စာအားတန်းပေးလိုက်လေသည်။
“ကောင်းပြီ ဘေဘီလေးကို ခဏချော့ထားပေး ကိုယ်အခု မင်းတို့ဆီလာခဲ့မယ်”
ထိုသို့ဆိုကာ ဖုန်းအားချပြစ်လိုက်ပြီး ခုံးကနေထလိုက်တဲ့ ဖင်လ်အား ဒန်တီကြောင်တောင်တောင်လေး ကြည့်လေသည်။ ဒါကိုရိပ်မိတဲ့ ဖင်လ်ကလည်း ဒန်တီအား အကြောင်းဆုံး ရှင်းပြပြီး သူ့အားကိုးလ်တို့ဆီ လိုက်ပို့ဖို့ ပြောလေရဲ့။
“ဆရာ တကယ်သွားမို့လား”
“ဒန်တီ မေးခွန်းပြန်မထုတ်ပဲ ငါခိုင်းတာပဲလုပ်”
“ဟုတ်ကဲ့ ဆရာ”
သူ့ဆရာအခုလိုပုံစံဆိုတာ မြင်ရခဲသည်။ သူ့ဆရာက ဒေါသထွက်နေရင်တောင် ခပ်ပြုံးပြုံးနှင့် ဖြေရှင်းတက်သူဖြစ်တာကြောင့် အခုလို ခပ်တည်တည်ဖြစ်နေသည်မှာ ထိုကလေးအပေါ် အတော်လေး စိုးရိမ်နေပုံပင်။
ဖင်လ်မှာ စိတ်ပူတကြီးနှင့် ကိုးလ်တို့ဆီ လာနေသလို တစ်ဖက်ကိုးလ်မှာလည်း ခြံထဲ၌ တအိအိငိုပြီးဂျစ်တိုက်နေသည့် ယူကိုလေးအားချီထားကာ အမျိုးမျိုးချော့မြူနေတော့၏။
“တိတ်ပါတော့ ဒယ်ဒီသားလေရယ် ဒယ်ဒီမင်းအနားမှာ ရှိနေတယ်လေ ကလေးရယ်”
ကျောပြင်သေးသေးလေးအား အသာလေးပွတ်ကာ ချော့မြူနေသည့် ကိုးလ်ဟာ မျက်ရည်တွေလည်းဝဲနေသလို အသံတွေလည်း တုန်ရီလို့နေလေသည်။
အခုချိန်မှာ သူ့သားလေးအတွက် သူတစ်ယောက်ထဲက လုံလောက်မည်မဟုတ်ကြောင်း ကိုးလ်သိသည်။ ဖခင်ဟာ ဘယ်လောက်ပဲ ကောင်းကောင်း ကလေးတွေသဘာဝအရ မိခင်ကိုပိုတွယ်တာကြသလို အခုချိန်မှာလည်း သားလေးဟာ ထုတ်သာမပြောပေမယ့် သူ့မိခင်ကို လိုအပ်နေကြောင်း သူအတက်ရိပ်မိပါသည်။
နေမကောင်းဖြစ်တိုင်း မိခင်အား အနားရှိစေချင်သည့် သူ့သားလေးဟာ သူမကြိုက်မှန်းသိတော့ ထုတ်မပြောပဲ ကြိတ်ခံစားရှာသည်။ မိခင်အား အသေချာမမြင်ဖူးသည့် သားလေးဟာ သူလွှတ်ပြစ်ခဲ့သည့် ဓာတ်ပုံအပိုင်းအစလေးအား သူမသိအောင်သိမ်းထားလေရဲ့။
တစ်ခါတစ်လေ သူ့မိခင်ဓာတ်ပုံအား ရင်ဘတ်ပေါ်တင်ထားရင်း အိပ်ပျော်သွားတက်သည့် သားလေးကိုမြင်ရတိုင်း သူစိတ်မကောင်းဖြစ်မိပေမယ့် အတိတ်ကအကြောင်းအရာတွေကြောင့် သူထိုအမျိုးသမီးအား သိပ်မုန်းပါသည်။
“ဒယ်ဒီ”
“ဗျာ သားလေး ပြောလေ တစ်ခုခုစားချင်လို့ ဒယ်ဒီဘာလုပ်ပေးရမလဲ”
“ဒယ်ဒီ သားကိုချစ်ရဲ့လားဟင်”
ဒီစကားဟာ ယူကိုလေးဖျားတိုင်း မေးနေကြစကား။ ဘာကြောင့်ဒီစကားကို မေးရတာလဲဆိုတော့ ကိုးလ်ဟာ ယူကိုအမေအား ခါးခါးသီးသီး မုန်းတီးတာမို့ ယူကိုအပေါ်မှာလည်း ဒီလိုများ မုန်းနေမလားဆိုပြီး ယူကိုလေးအတွေးများပြီး မေးနေကြမေးခွန်းလေးပင်။
“ဒယ်ဒီက...ဒယ်ဒီက ဘာလို့...ဘာလို့ မင်းကို မချစ်ဘဲနေရမှာလဲ ကလေးလေးရဲ့”
ကိုးလ်မျက်ရည်တွေစီးကျလာကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေတော့ ယူကိုလေးဟာ သူ့လက်သေးသေးလေးတွေဖြင့် ကိုးလ်မျက်ရည်တွေအား သုတ်ပေးလေ၏။
“သားကြောင့်ပါ”
“ယူကို! သားလေး! တော်တော့ ဒီကိစ္စ ဆက်မပြောနဲ့တော့ ဒယ်ဒီအတွက် မင်းကအရေးကြီးဆုံးပဲ ဒယ်ဒီမင်းကိုချစ်တယ် ဒါကြောင့် မဟုတ်တဲ့အတွေးတွေကို မတွေးစမ်းနဲ့”
ထိုအချိန်မှာပဲ ကိုးလ်တို့ခြံဝန်းထဲ ဝင်လာသည့် ကားတစ်စီးနှင့် ကားပေါ်ကဆင်းလာသူမှာတော့ တခြားသူမဟုတ်။ ဂရီဖင်လ်နှင့် ဒန်တီပင်။
“Brother ffin”
ရုတ်တရက် ဂရီဖင်လ်အား မြင်လိုက်ရတဲ့ ယူကိုလေးဟာ နှုတ်ခမ်းလေးတွေမဲ့ကျလာပြီး လက်ကလေးတွေ ဆန့်တန်းပေးကာ ဂရီဖင်လ်အား ချီခိုင်းလေသည်။ အလိုက်သိလွန်းတဲ့ ဂရီဖင်လ်ဟာလည်း ယူကိုလေးအား ကိုးလ်လက်ထဲကနေယူကာ အသာလေးပွေ့ချီလေ၏။
“ဘေဘီလေး ဖျားနေတယ်ဆို”
“ဟင့် ဟုတ်”
မျက်ဝန်းဝိုင်းလေးတွေထက် မျက်ရည်စလေးတွေ ရစ်သိုင်းနေပြီး ခေါင်းညိတ်ပြတဲ့ ယူကိုလေးကြောင့် ဂရီဖင်လ်တစ်ယောက် သက်ပြင်းဖွဖွချလေရဲ့။
“မငိုနဲ့တော့နော် အခုကိုယ်ကဘေဘီလေးနဲ့ အဖော်လုပ်ပေးမှာမို့ တိတ်တော့နော်”
ထိုသို့ဆိုကာ ပါးဖောင်းဖောင်းလေးထက်က မျက်ရည်စလေးတွေအား သုတ်ပေးပြီး ပြုံးပြလာတဲ့ ဂရီဖင်လ်ကြောင့် ယူကိုလေးလည်း အခုမှ အငိုရပ်သွားပြီး ခပ်ယေးယေးပြုံးလေ၏။
“ဒန်တီ ကလေးအတွက် ဆန်ပြုတ် ဆေးတစ်ချို့ သွားဝယ်ခဲ့ပေး”
“ကောင်းပါပြီ ဆရာ”
ဒန်တီထွက်သွားတော့ ဂရီဖင်လ်က ဘေးမှာငြိမ်ပြီး မျက်နှာမကောင်းတဲ့ ကိုးလ်အား သတိထားမိသွားလေရဲ့။
“ကိုယ့်ကိုအိမ်ထဲ မခေါ်တော့ဘူးလား ကိုးလ်”
“ကျွန်တော်နောက်လိုက်ခဲ့ပါ”
ပုံမှန်ထက်ပိုပြီး တိတ်ဆိတ်နေတဲ့ ကိုးလ်ကြောင့် ဂရီဖင်လ်လည်း ကိုးလ်ပုံမှန် ပြန်ပျော်လာအောင် ဘယ်လိုလုပ်ပေးရမလဲ အတွေးများရင်း အိမ်ထဲဝင်လာလေရဲ့။ အိမ်ထဲရောက်တော့ ယူကိုလေးအား ပေါင်ပေါ်ပွေ့ချီကာ ဆိုဖာထက်ဝင်ထိုင်တော့ ကိုးလ်က မီးဖိုဆောင်ဘက် ဝင်သွားလေ၏။
“ဘေဘီလေး အခုနေရတာ အဆင်ပြေရဲ့လား”
“ဟုတ်”
“ဘာစားချင်လဲ ဘေဘီလေး ဒန်တီကို ကိုယ်ဖုန်းဆက်ပြီး လှမ်းမှာပေးမယ်”
ဂရီဖင်လ်အမေးအား ယူကိုလေးက ခေါင်းခါကာ ငြင်းတာမို့ ဂရီဖင်လ်လည်း ဆက်မမေးတော့ပေ။ ထိုအချိန်မှာပဲ ကော်ဖီတစ်ခွက်နှင့်အတူ သူ့ဘေးသို့ပြန်ရောက်လာတဲ့ ကိုးလ်။
“ကိုးလ် ကလေးကဘယ်လိုလုပ်ပြီး ဖျားသွားတာလဲ ကိုယ်သိလို့ရမလား”
သူမေးတော့ ကိုးလ်ကသူ့ကိုမကြည်သလို တစ်ချက်ကြည့်ကာ နှုတ်ခမ်းလေးတွေ ရှေ့ပို့ရင်း မကျေနပ်ချက်တွေ ထုတ်ပြောတော့၏။
“ခင်ဗျားကြောင့်ပေါ့ မနေ့ကညက ခင်ဗျားဆီ ဖုန်းဆက်ပြီးကတည်းက သားလေးက စိတ်မကောင်းဖြစ်ပြီး အခုလိုဖျားတော့တာပဲ”
“ဟင် ကိုယ့်ကြောင့်....”
ဂရီဖင်လ် တစ်ယောက် သံယောင်လိုက်ကာဆိုတော့ ကိုးလ်တစ်ယောက် ခေါင်းတစ်ချက်ညိတ်ပြကာ ယူကိုလေးအကြောင်း ဆက်ရှင်းပြလေရဲ့။
“သားလေးက ငယ်ငယ်ကတည်းက အဲ့ဒီအကျင့်ရှိတယ် သူတစ်ခုခုကို ဝမ်းနည်းသွားရင် အဲ့ကိစ္စကိုပဲ တွေးတောနေတက်ပြီး နောက်ရက်ကျတော့ဖျားတော့တာပဲ”
သူ့စကားဆုံးသွားတော့ ဖင်လ်ဟာ သူ့ပေါင်ပေါ်က သားလေးအား စိတ်မကောင်းဖြစ်သလို ငုံ့ကြည့်ကာ သားလေးရဲ့ လက်သေးသေးလေးတွေအား ယူလိုက်ပြီး တဖွဖွနမ်းလေသည်။
အခုလိုမြင်ကွင်းကို မြင်ရသည့်သူ့အဖို့ ဘာတွေကများ ကြည်နူးစရာကောင်းနေမှန်း မသိပေမယ့် သားလေးဘက်က ဖင်လ်အား အမှန်တကယ် ခင်မင်တွယ်တာသလို ဖင်လ်ဘက်ကလည်း သားလေးကို ဘယ်လောက်ခင်မင်တွယ်တာသလဲ သူကြည့်ရင်းမြင်နေရတာမို့ ဝမ်းသာမိတာတော့အမှန်ပင်။
“ဘေဘီလေးယူကို ကိုယ်တောင်းပန်တယ်နော် မနေ့ညက ဘေဘီလေးကို ကိုယ်ကဒီအတိုင်းစလိုက်တာပါ ဘေဘီလေး ဖုန်းဆက်လို့ အနှောင့်ယှက်ဖြစ်သွားတာမျိုး မဟုတ်ရပါဘူး ဒါကြောင့် စိတ်မကောင်းမဖြစ်နဲ့တော့နော်”
ဂရုဏာအသံ ခပ်တိုးတိုးနှင့် ယူကိုလေး လက်ဖောင်းကစ်လေးအား ခပ်ဖွဖွဆုပ်ကိုင်ကာ အသေးစိတ်ရှင်းပြနေသည့် ဂရီဖင်လ်ဟာ အပိုအလိုမရှိ တည်ကြည်ခန့်ညားလွန်းသည့် အမျိုးသားတစ်ယောက်ပင်။
“Brother ffin ဒါဆို ယူကိုနေ့တိုင်းဆက်လို့ရလား”
“ယူကို....မရဘူးလေ ဖင်လ်ကအလုပ်နဲ့လေ သားလေရဲ့”
ကိုးလ်ကြားဖြတ်ဝင်ပြောတော့ ယူကိုလေးမျက်နှာဟာ ညှိုးငယ်သွားပြီး ခေါင်းလေးငုံ့သွားကာ နှုတ်ခမ်းလေးကိုလည်း ရှေ့သို့ပို့ထားသေး၏။
“ကိုးလ်ကလည်းကွာ ကိုယ်တို့ကသိတာမကြာသေးပေမယ့် ကိုယ်မင်းတို့သားအဖကို တကယ်ခင်မင်တာပါ ဒါကြောင့် ယူကိုလေးကလည်း ကိုယ့်ဆီ ဘယ်အချိန်ပဲဖြစ်ဖြစ် ဆက်သွယ်လို့ရပါတယ် ကလေးကိုမပိတ်ပင်ပါနဲ့ သူပျော်သလိုနေပါစေ”
ဖင်လ်ပြောတာကို သူ့သားလေးက သဘောကျပုံပါပဲ။ မျက်လုံးလေးတွေ အရောင်တောက်သွားပြီး သဘောတကျပြုံးရင်း ဖင်လ်ကိုမော့ကြည့်နေလေရဲ့။ ဖင်လ်ကလည်း သားလေးကို သူ့ဆီအချိန်မရွေး ဖုန်းဆက်လို့ရကြောင်း တဖွဖွပြောပြီး ချော့မြူနေလိုက်ပုံများ ကိုယ်နဲ့သူမှာ ဘယ်သူက ကလေးရဲ့အဖေလဲဆိုတာ ဝေခွဲမရအောင်ပါပဲ။
နောက်တော့ ဒန်တီမလာသေးခင် ဖင်လ်ကသားလေးနဲ့ အတူတူဆော့ပေးနေတာမို့ အိမ်ထဲ၌ သားလေးငိုသံတွေကနေ ရယ်သံလေးတွေ နေရာယူလာပြီး ဖျားနေတဲ့သားလေးဟာလည်း နည်းနည်းသက်သာလာပုံပင်။
-HOW TO DATE WITH SINGLE FATHER-
ဒန်တီတစ်ယောက် ယူကိုလေးအတွက် ဆေးနှင့်ဆန်ပြုတ်အပြင် စားစရာတစ်ချို့ပါ ထပ်ဝယ်လေသည်။ ဂရီဖင်လ်မှာလိုက်တာ ဆေးနှင့်ဆန်ပြုတ်ပဲ ဆိုသော်လည်း သူသည် ဂရီဖင်လ်အနားမှာ နေလာသည်မှာ အချိန်တော်တော်ကြာခဲ့ပြီးမို့ ဂရီဖင်လ်ထုတ်မပြောလည်း သူဘာလုပ်သင့်လည်း သူအတက်သိလေ၏။
ဒါကြောင့် ယူကိုလေး စားလို့အဆင်ပြေလောက်မဲ့ ကလေးတွေစားသည့် အစားအသောက် တစ်ချို့နှင့်အတူ ကစားစရာအရုပ်တစ်ချို့ဝယ်ကာ ကားပေါ်သို့ ပြန်ရောက်လာလေသည်။
ဒန်တီအထုတ်တွေအား ကားနောက်ခန်းသို့ထည့်ပြီး အရှေ့ခန်းသို့ ပြန်လာကာ မောင်းထွက်ဖို့အလုပ် ကားတံခါးအားဆွဲဖွင့်ကာ သူ့ကားထဲဝင်လာသည့် အသက်ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်အား တွေ့လိုက်ရလေ၏။
ရုတ်တရက်ကြီး သူ့ကားထဲမပြောမဆို ဝင်ထိုင်လာတဲ့ ထိုကောင်လေးကြောင့် ဒန်တီကြောင်တောင်တောင်ဖြစ်နေတုံးမှာပဲ သူ့ကားအနားသို့ အသက်ခပ်ကြီးကြီး အမျိုးသားတစ်ယောက် ထပ်ရောက်လာလေရဲ့။
“အဒေး ဆင်းခဲ့ကွာ ကိုယ်မင်းနဲ့ ပြောလို့မပြီးသေးဘူးလေ ကိုယ်မင်းကိုရှင်းပြမယ်”
အပြင်ဘက်က ပိုက်ဆံရှိအသိုင်းအဝိုင်းကလို ထင်ရသည့် ခပ်ချောချော အမျိုးသား၏ စကားတွေအား သူ့ဘေးကကောင်လေးမှာ ဂရုမစိုက်သလိုပြုမှုနေပြီး လက်အားပိုက်ထားကာ သူ့စားလက်စသကြားလုံးအား တကျွတ်ကျွတ်မြည်အောင် ဝါစားနေလေရဲ့။
“အဒေး ကိုယ်ရှင်းပြမယ်လေကွာ”
“မလိုဘူး ကျွန်တော်မှာသူရှိနေပြီ ခင်ဗျားလစ်လိုက်တော့”
သူ့အားမေးငေါ့ပြကာ ပြောလာတဲ့ ထိုကောင်လေးရဲ့ စကားဟာ ဘာကိုဆိုလိုသလဲ သူမသိ။ ကားအပြင်ဘက်ကဘဲကြီးကတော့ သူ့ကိုမကြည်သလို စိုက်ကြည့်နေလိုက်ပုံများ ဒီဘဲဘာလားပဲ။
“အဒေး သူကဘယ်သူလဲ”
“သူက ကျွန်တော် ရည်းစားအသစ်လေ”
ခပ်ပေါ့ပေါ့ပြန်ဖြေလိုက်တဲ့ အဒေးဆိုတဲ့ ကောင်လေး၏စကားကြောင့် ဒန်တီမျက်မှောင်ကြုတ်သွားလေသည်။ အခုမှမြင်ဖူးတဲ့ ကောင်လေးတစ်ယောက်က သူ့အား “ကျွန်တော်ရည်စားအသစ်” ပါဆိုပြီး ခပ်ပေါ့ပေါ့မိတ်ဆက်ပေးလာပုံမှာ ယုတ္တိမရှိသည့် ကိစ္စရပ်ပင်။
“ဒါဆို ကိုယ်ကရော”
“ခင်ဗျားကတော့ ကျွန်တော်ရဲ့ ရည်းစားဟောင်းပေါ့”
“အဒေး!!”
“Fuck! နားညီးတယ်ဘဲကြီး ခင်ဗျားလစ်လိုက်တော့”
“ကိုယ်မသွားနိုင်ဘူး မင်းတွဲဖူးတဲ့ကောင်တွေလို ကိုယ့်ကိုဒီလိုပဲ လျှော်လိုက်လို့ရမယ် ထင်နေတာလား!”
“အိုကေလေ မသွားဘူးဆိုတော့ ကျွန်တော်တို့လည်း လုပ်စရာရှိတာ ဆက်လုပ်တာပေါ့”
ထိုကောင်လေးတို့ ရန်ပွဲအား သူနားမလည်သလို အကဲခတ်နေတုံးမှာပဲ သူ့မျက်နှာအား ဆွဲယူကာ သူ့နှုတ်ခမ်းတွေအား ထိကပ်လာသည့် နှုတ်ခမ်းပါးတစ်စုံ။
အခုဘယ်ကမှန်းမသိ။ ဘယ်သူမှန်းမသိတဲ့ သူစိမ်းကောင်လေးတစ်ယောက်ဆီက သူ့အနမ်းခံနေရတာလား။ ဒါကဘယ်လိုတောင် သောက်အဓိပ္ပာယ်မရှိတဲ့ အခြေအနေကြီးလဲ။ ပြီးတော့ သောက်ရူးလို့ သူ့စိတ်တွေလှုပ်ရှားနေလိုက်ပုံများ မျက်လုံးတွေတောင် မဖွင့်ရဲတဲ့အထိပဲ။
စတော်ဘယ်ရီ သကြားလုံး အရာသာ စွဲကပ်နေသည့် လျှာဖျားတွေဟာ သူ့လျှာဖျားထက် ရစ်ပတ်လာရင်း အနမ်းတွေအား သူ့စိတ်ကြိုက် ခြယ်လှယ်နေသည့် ထိုကောင်လေး၏ လုပ်ရက်တွေအား သူမတားဖြစ်ခဲ့သလို ထိုကောင်လေး၏ အနမ်းတွေအောက် အရူးတစ်ယောက်လို ပျော်ဝင်နေမိလေ၏။
နှစ်ယောက်သား အနမ်းထက်က ထွက်ကျလာသည့် အသံတွေမှာ နားရှက်ဖွယ်ရာအတိ ဖြစ်နေခဲ့သလို အနမ်းတွေအား လိုလိုလားလားဖြင့် ပုံဖော်နေသည့် ဒန်တီတို့ကြောင့် ကားအပြင်ဘက်က ဘဲကြီးဟာ တောက်ခ်ကျယ်ကျယ်ခေါက်ကာ ကားအနားကနေ ထွက်သွားလေရဲ့။
ထိုဘဲကြီး ထွက်သွားတော့မှာ အဒေးကဒန်တီအောက်နှုတ်ခမ်းအား သွားအဆွယ်တွေ နစ်ဝင်သည်အထိ ခပ်နာနာ တစ်ချက်ကိုက်ကာ အနမ်းတွေအားရပ်တန့်ပြစ်လိုက်ပြီး သူ့ပါးစပ်တစ်ဝိုက်၌ ပေကျန်နေသည့် ငွေမျှင်ရောင်အတန်းလေးတွေအား လက်ဖြင့်ဖိသုတ်ရင်း ခပ်ထေးထေးပြုံးတော့၏။
ထိုအချိန်၌ မထင်မှတ်ထားပဲ သူ့မျက်နှာချောချောဆီ ကျရောက်လာသည့် လက်သီးတစ်ချက်။
*ခွပ်!*
“ဆင်း! အခုငါ့ကားပေါ်ကဆင်းစမ်း!”
ထိလုမတက်ကြုတ်ထားသည့် မျက်ခုံးတွေနှင့်အတူ ခက်ထန်နေသည့် မျက်နှာချောချောနှင့် ဒန်တီဟာ အဒေးမျက်နှာအား ခပ်ကြမ်းကြမ်း တစ်ချက်ပိတ်ထိုးပြီး ကားပေါ်ကမောင်းချလေရဲ့။
သို့သော် အဒေးဆိုတဲ့ကောင်လေးဟာ ဒန်တီကားပေါ်က ဆင်းမသွားသေးပဲ ဒန်တီအား ခပ်ထေးထေးပြုံးရင်သာ စိုက်ကြည့်နေလေ၏။
အထိုးခံရလို့ နှုတ်ခမ်းထောင့်မှာ သွေးစတွေစို့နေတာတောင် သောက်ကျောတင်းပြီး ကားပေါ်ကမဆင်းသေးတဲ့ ဒီကောင်ကဘာလဲ။ သူ့လက်သီးထပ်မြည်းချင်နေတာလား။
“မင်းကို ငါ့ကားပေါ်ကဆင်းလို့ ပြောနေတယ်လေ! ဘယ်ကအစုတ်အပြတ်ကောင်လဲမသိ ငါ့ကားပေါ်ကြုံရာလူမတင်ဘူး ဆင်းသွားစမ်း မင်း!”
ထပ်မံပြီး စကားလုံးကြမ်းကြမ်းတွေဖြင့် တိုက်ခိုက်လာသည့် ဒန်တီဟာ အတော်လေး ဒေါသထွက်နေသည့်ပုံပင်။ အဒေးဆိုတဲ့ကောင်လေးကတော့ ကားပေါ်က မဆင်းသေးပဲ ဒန်တီမျက်နှာအနား တိုးကပ်လာပြန်ရဲ့။
“စကားလုံးကြမ်းတွေ ထွက်လာတဲ့ ဟော့ဒီနှုတ်ခမ်းပါးရဲ့ အရသာက ရူးလောက်တယ်”
*ခွပ်!*
“မင်းငါ့ကို စောနကဘဲလိုများထင်နေလား! ထွက်သွားစမ်း! အစုတ်အပြတ်ကောင်!”
နောက်ထပ် လက်သီးတစ်ချက်တဲ့အတူ ထပ်မံထွက်ကျလာတဲ့ စကားလုံးကြမ်းကြမ်းနောက်မှာတော့ အဒေးဆိုတဲ့ကောင်လေးဟာ နှုတ်ခမ်းထောင့်ကာ သွေးစတွေအား လက်ဖြင့်ဖိသုတ်ပြီး ဒန်တီအင်္ကျီစအားဆွဲကာ ဒန်တီနှုတ်ခမ်းတွေအား အကြမ်းပတမ်းထပ်နမ်းပြန်သည်။
“မင်း! အင့်!”
အကြမ်းပတမ်း လာနမ်းနေသည့် အဲ့ဒီနှုတ်ခမ်းတွေ သူသိပ်ရွံရှာပါသည်။ တွန်းထုတ်ကာ နောက်ထက် လက်သီးတစ်ချက်ထိုးမိတော့ ထိုကောင်လေး မျက်နှာဟာ တင်းမာသွားပြီး သူ့ကိုစားမတက်ဝါးမတက်စိုက်ကြည့်လာလေ၏။
“ကျွန်တော်မျက်နှာကို ထပ်ထိုးရဲထိုးကြည့်လိုက်စမ်း ခင်ဗျား နှုတ်ခမ်းတွေ စုတ်ပြတ်သတ်သွားတဲ့အထိ ကျွန်တော်ကြမ်းရမ်းပြမယ် အခုခင်ဗျားထိုးခဲ့တဲ့ သုံးချက်စာအတွက်လည်း ခင်ဗျား ပြန်ပေးဖို့ပြင်ထား”
ထိုသို့ဆိုကာ ဒန်တီလက်အားယူလိုက်ပြီး တစ်ချက်နမ်းကာ ကားပေါ်က ဆင်းသွားတဲ့ အဒေးဆိုတဲ့ကောင်လေးအားကြည့်ရင်း ထိုကောင်လေးနမ်းသွားသည့် သူ့လက်တွေအား ဒန်တီရွံရှာသလို အင်္ကျီစဖြင့်သုတ်ပြစ်လေ၏။
“လုပ်မနေနဲ့ နောက်တစ်ခါ ခင်ဗျားတစ်ကိုယ်လုံး ကျွန်တော်နမ်းပြစ်မှာ”
“Fuck!”
လက်ခလယ်ထောင်ပြကာ အကြမ်းပတမ်းမောင်းသွားတဲ့ ဒန်တီကားကြောင့် ကျန်ခဲ့သူ အဒေးဆိုတဲ့ကောင်လေးမှာ သူ့နှုတ်ခမ်းသူကိုင်ကြည့်ရင်း ခပ်ယေးယေးပြုံးနေလေရဲ့။
“ကျွန်တော်တို့ ဖာ့ခ်ဖို့ဆိုတာ စောလွန်းမနေဘူးလား ခင်ဗျားရဲ့”
ထို့နောက် ဘောင်းဘီအိတ်ကပ်ထဲက သကြားလုံးတစ်လုံးအားထုတ်ပြီး ဖောက်လိုက်ကာ ပါးစပ်ထဲကောက်ဝါးရင်း ထိုကောင်လေး ထွက်သွားလေရဲ့။
တစ်ဖက်က ဒန်တီမှာတော့ ကားပေါ်ရောက်သည်အထိ တစ်လမ်းလုံး ဒေါသတွေမပြေသေးပေ။ အခုအရွယ်ကာလအထိ ဘယ်သူ့ကိုမှ ထိတွေ့ခွင့်မပေးခဲ့သည့် သူ့နှုတ်ခမ်းတွေဟာ ဘယ်ကမှန်းမသိတဲ့ ယောင်္ကျားလေးတစ်ယောက်ဆီက အနမ်းခံလိုက်ရတာမို့ ခံပြင်းစိတ်တွေမှာထိန်းမရအောင်ပင်။
ဘာကြောင့် အဲ့ဒီနှုတ်ခမ်းတွေကို သူလက်ခံမိတာလဲ။ ဘာကြောင့် အဲ့ဒီယောင်္ကျားရဲ့ အနမ်းတွေအောက် သူပျော်ဝင်နေမိခဲ့တာလဲ။ ဘာကြောင့်လဲ။ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေမှာ သူခေါင်းထဲပတ်ပြေးနေလိုက်ပုံများ ရူးတော့မလိုပဲ။
“တောက်ခ်!!”
တောက်ခ်ကျယ်ကျယ်ခေါက်ကာ စီယာတိုင်အား ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည့် ဒန်တီဟာ သူ့နှုတ်ခမ်းအား ယောင်္ကျားတစ်ယောက် နမ်းသွားသည်ကို မကျေမနပ်ဖြစ်လို့နေ၏။
သူသည် ယောင်္ကျားလေးတွေကို စိတ်ဝင်စားသည့် သူမျိုးမဟုတ်။ ယောင်္ကျားလေးချင်း တွဲခုတ်တာမျိုးကိုလည်း အားမပေးသလို။ ထိုသို့တွဲတာကိုလည်း သဘောကျသည့်သူမျိုးလည်းမဟုတ်ပါချေ။
Straight စစ်စစ် တစ်ယောက်ထက် ယောင်္ကျားလေး မိန်းကလေး ဘယ်လိုလူမျိုးကိုမှ လက်တွဲဖို့ စဉ်းစားထားတာမဟုတ်မို့ ချစ်ကြည့်ဖို့ဆို ပိုလို့တောင်ဝေးသေး၏။
-HOW TO DATE WITH SINGLE FATHER-
“ဆရာ ကျွန်တော်ပြန်ရောက်ပြီ”
အထုတ်တွေအားဆွဲပြီး ဧည့်ခန်းထဲဝင်လာတဲ့ ဒန်တီမျက်နှာအား ဂရီဖင်လ် အကဲခတ်သလို တစ်ချက်ကြည့်ပြီး ခေါင်းတစ်ချက်ညိတ်ပြကာ အထုတ်တွေအား လှမ်းယူလေရဲ့။
“ကိုးလ် ဆန်ပြုတ်လေး သွားထည့်ပေးပါဦး”
ဖင်လ်လက်ထဲက ဆန်ပြုတ်အထုတ်အားယူပြီး ကိုးလ်သွားထည့်တော့ ဂရီဖင်လ်က ဒန်တီဝယ်လာတဲ့ အရုပ်တွေကိုထုတ်ပြီး ယူကိုလေးဆီကမ်းပေးလေရဲ့။
“Spider man!”
စပိုက်ဒါမန်းရုပ်လေးကိုမြင်တော့ ယူကိုလေးကပျော်သွားဟန်ဖြင့် အရုပ်ကလေးအား ယူဆော့ရင်း ပျော်နေရှာ၏။
“ဒန်တီ မင်းငါ့ကိုပြောပြဖို့ မလိုဘူးလား”
ဒန်တီတစ်ခုခုဖြစ်လာမှန်း အတက်ရိပ်မိတဲ့ ဖင်လ်တစ်ယောက် အင်္ကျီလက်အားခေါက်တင်ကာ မေးခွန်းထုတ်လာတော့ ဒန်တီ ဖင်လ်ဘေးမှာ ဝင်ထိုင်လာလေရဲ့။ ပြီးတာနဲ့ သူကြုံခဲ့ရတဲ့ ကိစ္စရပ်တွေအား တစ်ခုချင်းပြန်ပြောလေ၏။
ဒါပါပဲ။ ဂရီဖင်လ်ကိစ္စမှန်သမျှ ဒန်တီသိသလို။ ဒန်တီကိစ္စမှန်သမျှလည်း ဂရီဖင်လ်အား အမြဲပြောပြလေရဲ့။
“ဒါဘယ်လိုတောင် မနှစ်မြို့စရာလဲကိစ္စရပ်လဲ”
စိတ်ပျက်လက်ပျက် ပြောချလိုက်တဲ့ ဖင်လ်အပြောအား ဒန်တီ ထောက်ခံသလို ခေါင်းတစ်ချက်ညိတ်ပြသည်။ နှစ်ယောက်လုံးက ယောင်္ကျားလေးချင်း ချစ်ကြိုက်တာကို လက်မခံနိုင်သည့်သူမျိုးတွေ ဖြစ်ကြတာမို့ ဒီကိစ္စရပ်ဟာ သူတို့အတွက် အလွန်ဆိုးဝါးလေ၏။
“အမှန်ဆိုရင် မင်းအဲ့ဒီကောင်ကို တစ်ခါထဲ အသေသတ်ခဲ့သင့်တာ”
“ကျွန်တော်သတ်ဖို့မပြောနဲ့ သူကျွန်တော်ကို လာနမ်းတော့ ရှက်တာရော ရွံတာရော ကျွန်တော် စိတ်တွေထိန်းမရအောင် မျက်နှာတွေပူထူနေမိတာ ဆရာ”
“မင်းနေရာမှာ ငါသာဆိုရင်လည်း ကျိန်းသေပေါက် အဲ့ဒီလိုဖြစ်နေမှာပဲ Shit! တွေးကြည့်ရုံနဲ့တင် စိတ်ပျက်စရာကောင်းလွန်းတယ်”
*အုန်း!!*
ဂရီဖင်လ်နဲ့ ဒန်တီ စကားကောင်းနေတုံး ယူကိုလေးမှာ သူ့လက်ထဲက စပိုက်တာမန်းအရုပ်အား နံရံထက် ခပ်ကြမ်းကြမ်း ပြစ်ပေါက်လိုက်တာမို့ ဂရီဖင်လ်တို့ လန့်သွားလေရဲ့။
“ဘေဘီလေး ဘာဖြစ်လို့လဲ”
ယူကိုလေးပြစ်ပေါက်လိုက်လို့ စပိုက်တာမန်းအရုပ်လေးမှာ ကြမ်းပြင်ထက် ကွဲကြေနေပေမယ့် ဖင်လ်စိတ်မဆိုးနိုင်အား။ သူ့ပေါင်ပေါ်က ယူကိုလေးကိုသာ စိုးရိမ်ပူပန်သလို မေးခွန်းထုတ်နေလေရဲ့။
“ဒယ်ဒီ! ဒယ်ဒီ!”
ဖင်လ်အမေးအား ပြန်မဖြေ။ ဖင်လ်ကိုယ်ပေါ်ကနေ ကော့ထိုးကာ ပြေးဆင်းသွားတဲ့ ယူကိုလေးဟာ သူ့ဒယ်ဒီအား အော်ခေါ်လေရဲ့။ ရုတ်တရက်ကြီး ယူကိုလေး ဘာဖြစ်သွားတာလဲ နားမလည်သည့် ဖင်လ်နဲ့ဒန်တီကတော့ ကြောင်တောင်တောင်သာဖြစ်နေလေ၏။
“ဒယ်ဒီ! ဒယ်-”
ယူကိုလေးအော်ခေါ်ရင်း မီးဖိုဆောင်ဘက်ဝင်လာတော့ သူ့ဒယ်ဒီကိုးလ်ဟာ မီးဖိုဆောင်ထောင့်နား၌ ကြုတ်ကြုတ်ကလေးထိုင်နေကာ မျက်ရည်စတွေလည်းဝဲတက်နေလေ၏။
“ဒယ်ဒီ....ကြားသွားတာလား”
အနားပြေးလာကာ သူ့လက်ပိစိလေးတွေနှင့် ကိုးလ်မျက်နှာအား ထိတွေ့ကာ မေးလာသည့် ယူကိုလေးသည် တစ်ခါတစ်လေကျ ကလေးနှင့်ပင်မတူ။ လူကြီးတစ်ယောက်ပမာ ဖခင်လုပ်သူအား နှစ်သိမ့်ပေးတက်သေး၏။
“ငိုပါနဲ့ သားရှိတယ်လေ ဒယ်ဒီ~”
ကိုးလ်ပါးပေါ်က မျက်ရည်စလေးတွေအား သုတ်ပေးကာ ယူကိုလေး နှစ်သိမ့်သလို ဆိုလေတော့ ကိုးလ်ခပ်ယေးယေးပြုံးကာ သူ့သားလေးပါးတွေအား နှာခေါင်းတွေ နစ်ဝင်သည်အထိ နမ်းရှုံ့လေရဲ့။
“မင်းဒယ်ဒီ အဆင်ပြေပါတယ် ရုတ်တရက်ကြီး ကြားလိုက်ရတော့ နည်းနည်းလေး ရှော့ခ်ရသွားတာ”
“သားသိပြီ ဘာပဲဖြစ်ဖြစ် ဒယ်ဒီလိုချင်ရင် ရအောင်ယူ သားကူညီမယ်”
မျက်စိတစ်ဖက်မှိတ်ပြကာ ဆိုလာတဲ့ ယူကိုလေးကြောင့် ကိုးလ်ခပ်ဟဟရယ်တော့၏။
“သားအဖတွေ ဘာလုပ်နေတာလဲ”
သူတို့ဆီရောက်လာတဲ့ ဖင်လ်ကိုမြင်တော့ ကိုးလ်ထိုင်နေရာကနေထကာ။
“သားလေးက အပေါ့သွားချင်တယ်ဆိုလို့ ပို့ပေးနေတာ”
“အဲ့ဒါများ ကိုယ့်ကိုပြောတာမဟုတ်ဘူး”
“ဆန်ပြုတ် သောက်မယ် Brother ffin ခွံ့ပေး”
စာပွဲခုံပေါ်က ဆန်ပြုတ်ပန်းကန်အား လက်သေးသေးလေးတွေနှင့်ထိုးပြကာ ခွံ့ခိုင်းနေတဲ့ ယူကိုလေးကြောင့် ဖင်လ်လည်း သဘောတကျပြုံးရင်း ဆန်ပြုတ်ပန်းကန်အားယူကာ ယူကိုလေးနှင့် နှစ်ယောက်သား ဧည့်ခန်းထဲပြန်ရောက်သွားလေရဲ့။
ကျန်နေခဲ့သူ ကိုးလ်မှာတော့ သက်ပြင်းအားဖွဖွချကာ လောလောလတ်လတ်ကမှ ကြားလိုက်ရတဲ့ သူ့ Crush ကြီးဆီက စကားတွေကြောင့် သူရှေ့ဆက်တိုးလို့ အဆင်ပြေမလား စဉ်းစားနေလေရဲ့။
သူကလည်း ယောင်္ကျားလေးချင်း ကြိုက်တက်တဲ့သူမှမဟုတ်ပဲလေ။ ဖင်လ်ကိုတွေ့မှသာ မြင်မြင်ချင်း သဘောကျခဲ့မိတာ။
အစကတော့ ကိုယ်က ကလေးတစ်ယောက်အဖေဖို့ အနည်းငယ်သာ အားငယ်မိပေမယ့် အခုတော့ ယောင်္ကျားလေးချင်းကြိုက်တာကို လက်မခံတဲ့ Straight စစ်စစ်ကြီးကြောင့် လက်လျှော့လိုက်ရင် ကောင်းမလားဟု အတွေးများရလေပြီ။
“ဟုတ်တယ် အချိန်မှီ လက်လျှော့လိုက်တာ အကောင်းဆုံးပဲ သူကငါ့အတွက် မဟုတ်ဘူး”
TBC ✓
LTNS ပြောစရာ အထွေအထူးမရှိပါဘူး။ ကိုယ့်ကလေးတွေ ဒါကိုသိပ်မကြိုက်ဘူးထင်လို့ ဆက်ရေးဖို့ကို တွေဝေနေတာ။ အခုတော့ အရှည်ကြီး အပ်ပေးထားပါတယ်။ ကိုယ့်ကလေးတွေသာ သဘောကျရင်တော့ အဆုံးထိအကောင်းဆုံး ဖန်တီးပေးဖို့အသင့်ပဲ။ 🖤
____________________________
Zawgyi ✅
-HOW TO DATE WITH SINGLE FATHER-
အခါတိုင္းရက္ေတြဆို ဂရီဖင္လ္အား ေန႔လည္စာစားဖို႔ ဒန္တီ ကိုယ္တိုင္း လာေခၚရေပမယ့္ ဒီေန႔ေတာ့ ထူးထူးျခားျခား ဂရီဖင္လ္ဘက္က ဒန္တီအား ဦးေအာင္ လာေခၚတာမို႔ ဒန္တီ တစ္ေယာက္ အံ့ဩေနေလရဲ႕။
“ဆရာ ေနေကာင္းပါတယ္ေနာ္”
“မင္းဆရာအလန္းႀကီးက်န္ေသးတယ္ ၿပီးေတာ့ ငါ့ပုံစံက ေနမေကာင္းတဲ့႐ုပ္ေပါက္ေနလို႔လားကြ”
ဒန္တီေခါင္းခါျပေတာ့ ဂရီဖင္လ္ ဘာမွဆက္မေျပာေတာ့ပဲ ေရွ႕ကေနဦးေဆာင္ကာ ထြက္သြားေလရဲ႕။ ေနာက္ေတာ့ ထိုင္ေနၾက ဆိုင္ေလးဆီ သူတို႔ႏွစ္ေယာက္ ေရာက္လာခဲ့ၾကျပန္သည္။
ဆိုင္ထဲေရာက္ေတာ့လည္း မွာစရာရွိတာမမွာပဲ လက္ထဲကနာရီအားၾကည့္လိုက္။ ဆိုင္အျပင္ဘက္အား ၾကည့္လိုက္ႏွင့္ တစ္ေယာက္ထဲ အလုပ္မ်ားေနသည့္ သူ႔ဆရာပုံစံဟာ မသိရင္ ရည္းစားႏွင့္ခ်ိန္းထားသည့္အတိုင္းပင္။
“ဆရာ ဧည့္သည္လာစရာရွိလို႔လား”
ဒန္တီ ဆိုင္အျပင္ဘက္ကို တစ္ခ်က္လွမ္းၾကည့္ၿပီး ေမးေလေတာ့။
“ဟုတ္တယ္ ယူကိုေလးတို႔ လာမွာမို႔လို႔”
“သူတို႔ကဘာလို႔ လာမွာလဲ”
“မေန႔က ငါစၿပီးေမးလိုက္တာကို ယူကိုေလးက စိတ္မေကာင္းျဖစ္သြားတာ ငါျပန္ဆက္ၿပီး ေခ်ာ့မို႔ကို မင္းဖုန္းကဝင္လာေတာ့ ခ်က္ခ်င္း ျပန္မဆက္ျဖစ္ဘူးေလ ၿပီးေတာ့မွ ျပန္ဆက္ၾကည့္ေတာ့ ကေလးကဝမ္းနည္းၿပီး အိပ္သြားတာလို႔ သူ႔ဒယ္ဒီကိုးလ္ကေျပာတယ္ ဒါေၾကာင့္ ငါကေလးကို ျပန္ေခ်ာ့ခ်င္လို႔ ခ်ိန္းထားတာ”
ဂရီဖင္လ္ရွင္းျပခ်က္အဆုံးမွာေတာ့ ဒန္တီဟာ မ်က္ခုံးႏွစ္ဖက္ပင့္တက္သြားၿပီး သူ႔ဆရာအား ပုံမွန္ေရာ ဟုတ္ရဲ႕လားဟူသည့္ သေဘာမ်ိဳးျဖင့္ မႈန္ကုတ္ကုတ္ စိုက္ၾကည့္ေလေတာ့ ဂရီဖင္လ္တစ္ေယာက္ ေခ်ာင္းတစ္ခ်က္ဟန္ေလရဲ႕။
“အဟမ္း ဒါကငါ့အမွားမို႔ ငါျပန္ေခ်ာ့ခ်င္တာ”
“ကြၽန္ေတာ္ ဘာေျပာရေသးလို႔လဲ”
ဒန္တီအေမးႏွင့္အတူ စာပြဲဝိုင္းထက္ လာခ်သည့္ ေန႔လည္စာေတြေၾကာင့္ သူတို႔လည္း ထိုအေၾကာင္းအရာအား ဆက္မေျပာျဖစ္ေတာ့ေပ။ ဒီလိုႏွင့္ ေန႔လည္စာမစားေသးပဲ ကိုးလ္တို႔အား ေစာင့္ေနသည့္ ဂရီဖင္လ္အား ဒန္တီတစ္ေယာက္ မႏိုင္သလို ေခါင္းခါေလသည္။
ခပ္ၾကာၾကာ ေစာင့္ၿပီးသည္အထိ ေပၚလာမေသးတဲ့ ကိုးလ္တို႔ေၾကာင့္ ဂရီဖင္လ္ဟာ အၿငိမ္မေနေတာ့ပဲ နာရီအားၾကည့္လိုက္ ဆိုင္အျပင္ဘက္အား လွမ္းၾကည့္လိုက္ႏွင့္ အလုပ္ရႈပ္ေနခဲ့ေလ၏။
ထိုအခ်ိန္မွာပဲ ဂရီဖင္လ္ဆီဝင္လာသည့္ ဖုန္းနံပါတ္တစ္ခု။ ၾကည့္လိုက္ေတာ့ ကိုးလ္နံပါတ္ ျဖစ္ေနတာမို႔ ဂရီဖင္လ္လည္း ခ်က္ခ်င္းကိုင္လိုက္ေလ၏။
“ကိုးလ္ ကိုယ္ေစာင့္ေနတာၾကာၿပီ မေရာက္လာ-”
“ဟင့္ ဖင္လ္”
တစ္ဖက္ကရႈိက္သံတိုးတိုးႏွင့္အတူ ေခၚလာတဲ့ ကိုးလ္ေၾကာင့္ ဂရီဖင္လ္သည္ ခါးအားမတ္ခနဲျဖစ္သြားၿပီး စိုးရိမ္ပူပန္သလို ေမးခြန္းေတြေမးေတာ့သည္။
“ကိုးလ္ အဆင္ေျပရဲ႕လား ဘာျဖစ္လို႔လဲ တစ္ခုခုျဖစ္လို႔လား အခုဘယ္မွာလဲ”
“ဟင့္....ဖင္လ္ သားေလးေလ ကိုယ္ေတြအရမ္းပူၿပီး ဖ်ားေနတယ္ ကြၽန္ေတာ္ ဘယ္လိုေခ်ာ့ေခ်ာ့ ေဆးလည္းမေသာက္ဘူး အစာလည္းမစားဘူး ငိုပဲငိုေနတယ္”
တစ္ဖက္ကငိုရင္း ဆိုလာသည့္ ကိုးလ္စကားေတြေၾကာင့္ ဂရီဖင္လ္မ်က္ႏွာ၌ စိုးရိမ္မႈအထင္းသားပင္။
“ကိုယ့္ကို မင္းတို႔လိပ္စာေပး ကိုယ္အခုလာခဲ့မယ္”
“ဒါေပမယ့္-”
“ကိုးလ္”
“ဟုတ္”
“လိပ္စာပဲေပး က်န္တာဘာမွမေျပာနဲ႔ေတာ့”
ခပ္တည္တည္အသံျဖင့္ လိပ္စာေတာင္းေနသည့္ ဖင္လ္ေၾကာင့္ ကိုးလ္လည္း ဘာမွဆက္ေျပာမေနေတာ့ပဲ လိပ္စာအားတန္းေပးလိုက္ေလသည္။
“ေကာင္းၿပီ ေဘဘီေလးကို ခဏေခ်ာ့ထားေပး ကိုယ္အခု မင္းတို႔ဆီလာခဲ့မယ္”
ထိုသို႔ဆိုကာ ဖုန္းအားခ်ျပစ္လိုက္ၿပီး ခုံးကေနထလိုက္တဲ့ ဖင္လ္အား ဒန္တီေၾကာင္ေတာင္ေတာင္ေလး ၾကည့္ေလသည္။ ဒါကိုရိပ္မိတဲ့ ဖင္လ္ကလည္း ဒန္တီအား အေၾကာင္းဆုံး ရွင္းျပၿပီး သူ႔အားကိုးလ္တို႔ဆီ လိုက္ပို႔ဖို႔ ေျပာေလရဲ႕။
“ဆရာ တကယ္သြားမို႔လား”
“ဒန္တီ ေမးခြန္းျပန္မထုတ္ပဲ ငါခိုင္းတာပဲလုပ္”
“ဟုတ္ကဲ့ ဆရာ”
သူ႔ဆရာအခုလိုပုံစံဆိုတာ ျမင္ရခဲသည္။ သူ႔ဆရာက ေဒါသထြက္ေနရင္ေတာင္ ခပ္ၿပဳံးၿပဳံးႏွင့္ ေျဖရွင္းတက္သူျဖစ္တာေၾကာင့္ အခုလို ခပ္တည္တည္ျဖစ္ေနသည္မွာ ထိုကေလးအေပၚ အေတာ္ေလး စိုးရိမ္ေနပုံပင္။
ဖင္လ္မွာ စိတ္ပူတႀကီးႏွင့္ ကိုးလ္တို႔ဆီ လာေနသလို တစ္ဖက္ကိုးလ္မွာလည္း ၿခံထဲ၌ တအိအိငိုၿပီးဂ်စ္တိုက္ေနသည့္ ယူကိုေလးအားခ်ီထားကာ အမ်ိဳးမ်ိဳးေခ်ာ့ျမဴေနေတာ့၏။
“တိတ္ပါေတာ့ ဒယ္ဒီသားေလရယ္ ဒယ္ဒီမင္းအနားမွာ ရွိေနတယ္ေလ ကေလးရယ္”
ေက်ာျပင္ေသးေသးေလးအား အသာေလးပြတ္ကာ ေခ်ာ့ျမဴေနသည့္ ကိုးလ္ဟာ မ်က္ရည္ေတြလည္းဝဲေနသလို အသံေတြလည္း တုန္ရီလို႔ေနေလသည္။
အခုခ်ိန္မွာ သူ႔သားေလးအတြက္ သူတစ္ေယာက္ထဲက လုံေလာက္မည္မဟုတ္ေၾကာင္း ကိုးလ္သိသည္။ ဖခင္ဟာ ဘယ္ေလာက္ပဲ ေကာင္းေကာင္း ကေလးေတြသဘာဝအရ မိခင္ကိုပိုတြယ္တာၾကသလို အခုခ်ိန္မွာလည္း သားေလးဟာ ထုတ္သာမေျပာေပမယ့္ သူ႔မိခင္ကို လိုအပ္ေနေၾကာင္း သူအတက္ရိပ္မိပါသည္။
ေနမေကာင္းျဖစ္တိုင္း မိခင္အား အနားရွိေစခ်င္သည့္ သူ႔သားေလးဟာ သူမႀကိဳက္မွန္းသိေတာ့ ထုတ္မေျပာပဲ ႀကိတ္ခံစားရွာသည္။ မိခင္အား အေသခ်ာမျမင္ဖူးသည့္ သားေလးဟာ သူလႊတ္ျပစ္ခဲ့သည့္ ဓာတ္ပုံအပိုင္းအစေလးအား သူမသိေအာင္သိမ္းထားေလရဲ႕။
တစ္ခါတစ္ေလ သူ႔မိခင္ဓာတ္ပုံအား ရင္ဘတ္ေပၚတင္ထားရင္း အိပ္ေပ်ာ္သြားတက္သည့္ သားေလးကိုျမင္ရတိုင္း သူစိတ္မေကာင္းျဖစ္မိေပမယ့္ အတိတ္ကအေၾကာင္းအရာေတြေၾကာင့္ သူထိုအမ်ိဳးသမီးအား သိပ္မုန္းပါသည္။
“ဒယ္ဒီ”
“ဗ်ာ သားေလး ေျပာေလ တစ္ခုခုစားခ်င္လို႔ ဒယ္ဒီဘာလုပ္ေပးရမလဲ”
“ဒယ္ဒီ သားကိုခ်စ္ရဲ႕လားဟင္”
ဒီစကားဟာ ယူကိုေလးဖ်ားတိုင္း ေမးေနၾကစကား။ ဘာေၾကာင့္ဒီစကားကို ေမးရတာလဲဆိုေတာ့ ကိုးလ္ဟာ ယူကိုအေမအား ခါးခါးသီးသီး မုန္းတီးတာမို႔ ယူကိုအေပၚမွာလည္း ဒီလိုမ်ား မုန္းေနမလားဆိုၿပီး ယူကိုေလးအေတြးမ်ားၿပီး ေမးေနၾကေမးခြန္းေလးပင္။
“ဒယ္ဒီက...ဒယ္ဒီက ဘာလို႔...ဘာလို႔ မင္းကို မခ်စ္ဘဲေနရမွာလဲ ကေလးေလးရဲ႕”
ကိုးလ္မ်က္ရည္ေတြစီးက်လာကာ အထစ္ထစ္အေငါ့ေငါ့ျဖင့္ ျပန္ေျဖေတာ့ ယူကိုေလးဟာ သူ႔လက္ေသးေသးေလးေတြျဖင့္ ကိုးလ္မ်က္ရည္ေတြအား သုတ္ေပးေလ၏။
“သားေၾကာင့္ပါ”
“ယူကို! သားေလး! ေတာ္ေတာ့ ဒီကိစၥ ဆက္မေျပာနဲ႔ေတာ့ ဒယ္ဒီအတြက္ မင္းကအေရးႀကီးဆုံးပဲ ဒယ္ဒီမင္းကိုခ်စ္တယ္ ဒါေၾကာင့္ မဟုတ္တဲ့အေတြးေတြကို မေတြးစမ္းနဲ႔”
ထိုအခ်ိန္မွာပဲ ကိုးလ္တို႔ၿခံဝန္းထဲ ဝင္လာသည့္ ကားတစ္စီးႏွင့္ ကားေပၚကဆင္းလာသူမွာေတာ့ တျခားသူမဟုတ္။ ဂရီဖင္လ္ႏွင့္ ဒန္တီပင္။
“Brother ffin”
႐ုတ္တရက္ ဂရီဖင္လ္အား ျမင္လိုက္ရတဲ့ ယူကိုေလးဟာ ႏႈတ္ခမ္းေလးေတြမဲ့က်လာၿပီး လက္ကေလးေတြ ဆန႔္တန္းေပးကာ ဂရီဖင္လ္အား ခ်ီခိုင္းေလသည္။ အလိုက္သိလြန္းတဲ့ ဂရီဖင္လ္ဟာလည္း ယူကိုေလးအား ကိုးလ္လက္ထဲကေနယူကာ အသာေလးေပြ႕ခ်ီေလ၏။
“ေဘဘီေလး ဖ်ားေနတယ္ဆို”
“ဟင့္ ဟုတ္”
မ်က္ဝန္းဝိုင္းေလးေတြထက္ မ်က္ရည္စေလးေတြ ရစ္သိုင္းေနၿပီး ေခါင္းညိတ္ျပတဲ့ ယူကိုေလးေၾကာင့္ ဂရီဖင္လ္တစ္ေယာက္ သက္ျပင္းဖြဖြခ်ေလရဲ႕။
“မငိုနဲ႔ေတာ့ေနာ္ အခုကိုယ္ကေဘဘီေလးနဲ႔ အေဖာ္လုပ္ေပးမွာမို႔ တိတ္ေတာ့ေနာ္”
ထိုသို႔ဆိုကာ ပါးေဖာင္းေဖာင္းေလးထက္က မ်က္ရည္စေလးေတြအား သုတ္ေပးၿပီး ၿပဳံးျပလာတဲ့ ဂရီဖင္လ္ေၾကာင့္ ယူကိုေလးလည္း အခုမွ အငိုရပ္သြားၿပီး ခပ္ေယးေယးၿပဳံးေလ၏။
“ဒန္တီ ကေလးအတြက္ ဆန္ျပဳတ္ ေဆးတစ္ခ်ိဳ႕ သြားဝယ္ခဲ့ေပး”
“ေကာင္းပါၿပီ ဆရာ”
ဒန္တီထြက္သြားေတာ့ ဂရီဖင္လ္က ေဘးမွာၿငိမ္ၿပီး မ်က္ႏွာမေကာင္းတဲ့ ကိုးလ္အား သတိထားမိသြားေလရဲ႕။
“ကိုယ့္ကိုအိမ္ထဲ မေခၚေတာ့ဘူးလား ကိုးလ္”
“ကြၽန္ေတာ္ေနာက္လိုက္ခဲ့ပါ”
ပုံမွန္ထက္ပိုၿပီး တိတ္ဆိတ္ေနတဲ့ ကိုးလ္ေၾကာင့္ ဂရီဖင္လ္လည္း ကိုးလ္ပုံမွန္ ျပန္ေပ်ာ္လာေအာင္ ဘယ္လိုလုပ္ေပးရမလဲ အေတြးမ်ားရင္း အိမ္ထဲဝင္လာေလရဲ႕။ အိမ္ထဲေရာက္ေတာ့ ယူကိုေလးအား ေပါင္ေပၚေပြ႕ခ်ီကာ ဆိုဖာထက္ဝင္ထိုင္ေတာ့ ကိုးလ္က မီးဖိုေဆာင္ဘက္ ဝင္သြားေလ၏။
“ေဘဘီေလး အခုေနရတာ အဆင္ေျပရဲ႕လား”
“ဟုတ္”
“ဘာစားခ်င္လဲ ေဘဘီေလး ဒန္တီကို ကိုယ္ဖုန္းဆက္ၿပီး လွမ္းမွာေပးမယ္”
ဂရီဖင္လ္အေမးအား ယူကိုေလးက ေခါင္းခါကာ ျငင္းတာမို႔ ဂရီဖင္လ္လည္း ဆက္မေမးေတာ့ေပ။ ထိုအခ်ိန္မွာပဲ ေကာ္ဖီတစ္ခြက္ႏွင့္အတူ သူ႔ေဘးသို႔ျပန္ေရာက္လာတဲ့ ကိုးလ္။
“ကိုးလ္ ကေလးကဘယ္လိုလုပ္ၿပီး ဖ်ားသြားတာလဲ ကိုယ္သိလို႔ရမလား”
သူေမးေတာ့ ကိုးလ္ကသူ႔ကိုမၾကည္သလို တစ္ခ်က္ၾကည့္ကာ ႏႈတ္ခမ္းေလးေတြ ေရွ႕ပို႔ရင္း မေက်နပ္ခ်က္ေတြ ထုတ္ေျပာေတာ့၏။
“ခင္ဗ်ားေၾကာင့္ေပါ့ မေန႔ကညက ခင္ဗ်ားဆီ ဖုန္းဆက္ၿပီးကတည္းက သားေလးက စိတ္မေကာင္းျဖစ္ၿပီး အခုလိုဖ်ားေတာ့တာပဲ”
“ဟင္ ကိုယ့္ေၾကာင့္....”
ဂရီဖင္လ္ တစ္ေယာက္ သံေယာင္လိုက္ကာဆိုေတာ့ ကိုးလ္တစ္ေယာက္ ေခါင္းတစ္ခ်က္ညိတ္ျပကာ ယူကိုေလးအေၾကာင္း ဆက္ရွင္းျပေလရဲ႕။
“သားေလးက ငယ္ငယ္ကတည္းက အဲ့ဒီအက်င့္ရွိတယ္ သူတစ္ခုခုကို ဝမ္းနည္းသြားရင္ အဲ့ကိစၥကိုပဲ ေတြးေတာေနတက္ၿပီး ေနာက္ရက္က်ေတာ့ဖ်ားေတာ့တာပဲ”
သူ႔စကားဆုံးသြားေတာ့ ဖင္လ္ဟာ သူ႔ေပါင္ေပၚက သားေလးအား စိတ္မေကာင္းျဖစ္သလို ငုံ႔ၾကည့္ကာ သားေလးရဲ႕ လက္ေသးေသးေလးေတြအား ယူလိုက္ၿပီး တဖြဖြနမ္းေလသည္။
အခုလိုျမင္ကြင္းကို ျမင္ရသည့္သူ႔အဖို႔ ဘာေတြကမ်ား ၾကည္ႏူးစရာေကာင္းေနမွန္း မသိေပမယ့္ သားေလးဘက္က ဖင္လ္အား အမွန္တကယ္ ခင္မင္တြယ္တာသလို ဖင္လ္ဘက္ကလည္း သားေလးကို ဘယ္ေလာက္ခင္မင္တြယ္တာသလဲ သူၾကည့္ရင္းျမင္ေနရတာမို႔ ဝမ္းသာမိတာေတာ့အမွန္ပင္။
“ေဘဘီေလးယူကို ကိုယ္ေတာင္းပန္တယ္ေနာ္ မေန႔ညက ေဘဘီေလးကို ကိုယ္ကဒီအတိုင္းစလိုက္တာပါ ေဘဘီေလး ဖုန္းဆက္လို႔ အေႏွာင့္ယွက္ျဖစ္သြားတာမ်ိဳး မဟုတ္ရပါဘူး ဒါေၾကာင့္ စိတ္မေကာင္းမျဖစ္နဲ႔ေတာ့ေနာ္”
ဂ႐ုဏာအသံ ခပ္တိုးတိုးႏွင့္ ယူကိုေလး လက္ေဖာင္းကစ္ေလးအား ခပ္ဖြဖြဆုပ္ကိုင္ကာ အေသးစိတ္ရွင္းျပေနသည့္ ဂရီဖင္လ္ဟာ အပိုအလိုမရွိ တည္ၾကည္ခန႔္ညားလြန္းသည့္ အမ်ိဳးသားတစ္ေယာက္ပင္။
“Brother ffin ဒါဆို ယူကိုေန႔တိုင္းဆက္လို႔ရလား”
“ယူကို....မရဘူးေလ ဖင္လ္ကအလုပ္နဲ႔ေလ သားေလရဲ႕”
ကိုးလ္ၾကားျဖတ္ဝင္ေျပာေတာ့ ယူကိုေလးမ်က္ႏွာဟာ ညႇိဳးငယ္သြားၿပီး ေခါင္းေလးငုံ႔သြားကာ ႏႈတ္ခမ္းေလးကိုလည္း ေရွ႕သို႔ပို႔ထားေသး၏။
“ကိုးလ္ကလည္းကြာ ကိုယ္တို႔ကသိတာမၾကာေသးေပမယ့္ ကိုယ္မင္းတို႔သားအဖကို တကယ္ခင္မင္တာပါ ဒါေၾကာင့္ ယူကိုေလးကလည္း ကိုယ့္ဆီ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ဆက္သြယ္လို႔ရပါတယ္ ကေလးကိုမပိတ္ပင္ပါနဲ႔ သူေပ်ာ္သလိုေနပါေစ”
ဖင္လ္ေျပာတာကို သူ႔သားေလးက သေဘာက်ပုံပါပဲ။ မ်က္လုံးေလးေတြ အေရာင္ေတာက္သြားၿပီး သေဘာတက်ၿပဳံးရင္း ဖင္လ္ကိုေမာ့ၾကည့္ေနေလရဲ႕။ ဖင္လ္ကလည္း သားေလးကို သူ႔ဆီအခ်ိန္မေ႐ြး ဖုန္းဆက္လို႔ရေၾကာင္း တဖြဖြေျပာၿပီး ေခ်ာ့ျမဴေနလိုက္ပုံမ်ား ကိုယ္နဲ႔သူမွာ ဘယ္သူက ကေလးရဲ႕အေဖလဲဆိုတာ ေဝခြဲမရေအာင္ပါပဲ။
ေနာက္ေတာ့ ဒန္တီမလာေသးခင္ ဖင္လ္ကသားေလးနဲ႔ အတူတူေဆာ့ေပးေနတာမို႔ အိမ္ထဲ၌ သားေလးငိုသံေတြကေန ရယ္သံေလးေတြ ေနရာယူလာၿပီး ဖ်ားေနတဲ့သားေလးဟာလည္း နည္းနည္းသက္သာလာပုံပင္။
-HOW TO DATE WITH SINGLE FATHER-
ဒန္တီတစ္ေယာက္ ယူကိုေလးအတြက္ ေဆးႏွင့္ဆန္ျပဳတ္အျပင္ စားစရာတစ္ခ်ိဳ႕ပါ ထပ္ဝယ္ေလသည္။ ဂရီဖင္လ္မွာလိုက္တာ ေဆးႏွင့္ဆန္ျပဳတ္ပဲ ဆိုေသာ္လည္း သူသည္ ဂရီဖင္လ္အနားမွာ ေနလာသည္မွာ အခ်ိန္ေတာ္ေတာ္ၾကာခဲ့ၿပီးမို႔ ဂရီဖင္လ္ထုတ္မေျပာလည္း သူဘာလုပ္သင့္လည္း သူအတက္သိေလ၏။
ဒါေၾကာင့္ ယူကိုေလး စားလို႔အဆင္ေျပေလာက္မဲ့ ကေလးေတြစားသည့္ အစားအေသာက္ တစ္ခ်ိဳ႕ႏွင့္အတူ ကစားစရာအ႐ုပ္တစ္ခ်ိဳ႕ဝယ္ကာ ကားေပၚသို႔ ျပန္ေရာက္လာေလသည္။
ဒန္တီအထုတ္ေတြအား ကားေနာက္ခန္းသို႔ထည့္ၿပီး အေရွ႕ခန္းသို႔ ျပန္လာကာ ေမာင္းထြက္ဖို႔အလုပ္ ကားတံခါးအားဆြဲဖြင့္ကာ သူ႔ကားထဲဝင္လာသည့္ အသက္ခပ္ငယ္ငယ္ ေကာင္ေလးတစ္ေယာက္အား ေတြ႕လိုက္ရေလ၏။
႐ုတ္တရက္ႀကီး သူ႔ကားထဲမေျပာမဆို ဝင္ထိုင္လာတဲ့ ထိုေကာင္ေလးေၾကာင့္ ဒန္တီေၾကာင္ေတာင္ေတာင္ျဖစ္ေနတုံးမွာပဲ သူ႔ကားအနားသို႔ အသက္ခပ္ႀကီးႀကီး အမ်ိဳးသားတစ္ေယာက္ ထပ္ေရာက္လာေလရဲ႕။
“အေဒး ဆင္းခဲ့ကြာ ကိုယ္မင္းနဲ႔ ေျပာလို႔မၿပီးေသးဘူးေလ ကိုယ္မင္းကိုရွင္းျပမယ္”
အျပင္ဘက္က ပိုက္ဆံရွိအသိုင္းအဝိုင္းကလို ထင္ရသည့္ ခပ္ေခ်ာေခ်ာ အမ်ိဳးသား၏ စကားေတြအား သူ႔ေဘးကေကာင္ေလးမွာ ဂ႐ုမစိုက္သလိုျပဳမႈေနၿပီး လက္အားပိုက္ထားကာ သူ႔စားလက္စသၾကားလုံးအား တကြၽတ္ကြၽတ္ျမည္ေအာင္ ဝါစားေနေလရဲ႕။
“အေဒး ကိုယ္ရွင္းျပမယ္ေလကြာ”
“မလိုဘူး ကြၽန္ေတာ္မွာသူရွိေနၿပီ ခင္ဗ်ားလစ္လိုက္ေတာ့”
သူ႔အားေမးေငါ့ျပကာ ေျပာလာတဲ့ ထိုေကာင္ေလးရဲ႕ စကားဟာ ဘာကိုဆိုလိုသလဲ သူမသိ။ ကားအျပင္ဘက္ကဘဲႀကီးကေတာ့ သူ႔ကိုမၾကည္သလို စိုက္ၾကည့္ေနလိုက္ပုံမ်ား ဒီဘဲဘာလားပဲ။
“အေဒး သူကဘယ္သူလဲ”
“သူက ကြၽန္ေတာ္ ရည္းစားအသစ္ေလ”
ခပ္ေပါ့ေပါ့ျပန္ေျဖလိုက္တဲ့ အေဒးဆိုတဲ့ ေကာင္ေလး၏စကားေၾကာင့္ ဒန္တီမ်က္ေမွာင္ၾကဳတ္သြားေလသည္။ အခုမွျမင္ဖူးတဲ့ ေကာင္ေလးတစ္ေယာက္က သူ႔အား “ကြၽန္ေတာ္ရည္စားအသစ္” ပါဆိုၿပီး ခပ္ေပါ့ေပါ့မိတ္ဆက္ေပးလာပုံမွာ ယုတၱိမရွိသည့္ ကိစၥရပ္ပင္။
“ဒါဆို ကိုယ္ကေရာ”
“ခင္ဗ်ားကေတာ့ ကြၽန္ေတာ္ရဲ႕ ရည္းစားေဟာင္းေပါ့”
“အေဒး!!”
“Fuck! နားညီးတယ္ဘဲႀကီး ခင္ဗ်ားလစ္လိုက္ေတာ့”
“ကိုယ္မသြားႏိုင္ဘူး မင္းတြဲဖူးတဲ့ေကာင္ေတြလို ကိုယ့္ကိုဒီလိုပဲ ေလွ်ာ္လိုက္လို႔ရမယ္ ထင္ေနတာလား!”
“အိုေကေလ မသြားဘူးဆိုေတာ့ ကြၽန္ေတာ္တို႔လည္း လုပ္စရာရွိတာ ဆက္လုပ္တာေပါ့”
ထိုေကာင္ေလးတို႔ ရန္ပြဲအား သူနားမလည္သလို အကဲခတ္ေနတုံးမွာပဲ သူ႔မ်က္ႏွာအား ဆြဲယူကာ သူ႔ႏႈတ္ခမ္းေတြအား ထိကပ္လာသည့္ ႏႈတ္ခမ္းပါးတစ္စုံ။
အခုဘယ္ကမွန္းမသိ။ ဘယ္သူမွန္းမသိတဲ့ သူစိမ္းေကာင္ေလးတစ္ေယာက္ဆီက သူ႔အနမ္းခံေနရတာလား။ ဒါကဘယ္လိုေတာင္ ေသာက္အဓိပၸာယ္မရွိတဲ့ အေျခအေနႀကီးလဲ။ ၿပီးေတာ့ ေသာက္႐ူးလို႔ သူ႔စိတ္ေတြလႈပ္ရွားေနလိုက္ပုံမ်ား မ်က္လုံးေတြေတာင္ မဖြင့္ရဲတဲ့အထိပဲ။
စေတာ္ဘယ္ရီ သၾကားလုံး အရာသာ စြဲကပ္ေနသည့္ လွ်ာဖ်ားေတြဟာ သူ႔လွ်ာဖ်ားထက္ ရစ္ပတ္လာရင္း အနမ္းေတြအား သူ႔စိတ္ႀကိဳက္ ျခယ္လွယ္ေနသည့္ ထိုေကာင္ေလး၏ လုပ္ရက္ေတြအား သူမတားျဖစ္ခဲ့သလို ထိုေကာင္ေလး၏ အနမ္းေတြေအာက္ အ႐ူးတစ္ေယာက္လို ေပ်ာ္ဝင္ေနမိေလ၏။
ႏွစ္ေယာက္သား အနမ္းထက္က ထြက္က်လာသည့္ အသံေတြမွာ နားရွက္ဖြယ္ရာအတိ ျဖစ္ေနခဲ့သလို အနမ္းေတြအား လိုလိုလားလားျဖင့္ ပုံေဖာ္ေနသည့္ ဒန္တီတို႔ေၾကာင့္ ကားအျပင္ဘက္က ဘဲႀကီးဟာ ေတာက္ခ္က်ယ္က်ယ္ေခါက္ကာ ကားအနားကေန ထြက္သြားေလရဲ႕။
ထိုဘဲႀကီး ထြက္သြားေတာ့မွာ အေဒးကဒန္တီေအာက္ႏႈတ္ခမ္းအား သြားအဆြယ္ေတြ နစ္ဝင္သည္အထိ ခပ္နာနာ တစ္ခ်က္ကိုက္ကာ အနမ္းေတြအားရပ္တန႔္ျပစ္လိုက္ၿပီး သူ႔ပါးစပ္တစ္ဝိုက္၌ ေပက်န္ေနသည့္ ေငြမွ်င္ေရာင္အတန္းေလးေတြအား လက္ျဖင့္ဖိသုတ္ရင္း ခပ္ေထးေထးၿပဳံးေတာ့၏။
ထိုအခ်ိန္၌ မထင္မွတ္ထားပဲ သူ႔မ်က္ႏွာေခ်ာေခ်ာဆီ က်ေရာက္လာသည့္ လက္သီးတစ္ခ်က္။
*ခြပ္!*
“ဆင္း! အခုငါ့ကားေပၚကဆင္းစမ္း!”
ထိလုမတက္ၾကဳတ္ထားသည့္ မ်က္ခုံးေတြႏွင့္အတူ ခက္ထန္ေနသည့္ မ်က္ႏွာေခ်ာေခ်ာႏွင့္ ဒန္တီဟာ အေဒးမ်က္ႏွာအား ခပ္ၾကမ္းၾကမ္း တစ္ခ်က္ပိတ္ထိုးၿပီး ကားေပၚကေမာင္းခ်ေလရဲ႕။
သို႔ေသာ္ အေဒးဆိုတဲ့ေကာင္ေလးဟာ ဒန္တီကားေပၚက ဆင္းမသြားေသးပဲ ဒန္တီအား ခပ္ေထးေထးၿပဳံးရင္သာ စိုက္ၾကည့္ေနေလ၏။
အထိုးခံရလို႔ ႏႈတ္ခမ္းေထာင့္မွာ ေသြးစေတြစို႔ေနတာေတာင္ ေသာက္ေက်ာတင္းၿပီး ကားေပၚကမဆင္းေသးတဲ့ ဒီေကာင္ကဘာလဲ။ သူ႔လက္သီးထပ္ျမည္းခ်င္ေနတာလား။
“မင္းကို ငါ့ကားေပၚကဆင္းလို႔ ေျပာေနတယ္ေလ! ဘယ္ကအစုတ္အျပတ္ေကာင္လဲမသိ ငါ့ကားေပၚႀကဳံရာလူမတင္ဘူး ဆင္းသြားစမ္း မင္း!”
ထပ္မံၿပီး စကားလုံးၾကမ္းၾကမ္းေတြျဖင့္ တိုက္ခိုက္လာသည့္ ဒန္တီဟာ အေတာ္ေလး ေဒါသထြက္ေနသည့္ပုံပင္။ အေဒးဆိုတဲ့ေကာင္ေလးကေတာ့ ကားေပၚက မဆင္းေသးပဲ ဒန္တီမ်က္ႏွာအနား တိုးကပ္လာျပန္ရဲ႕။
“စကားလုံးၾကမ္းေတြ ထြက္လာတဲ့ ေဟာ့ဒီႏႈတ္ခမ္းပါးရဲ႕ အရသာက ႐ူးေလာက္တယ္”
*ခြပ္!*
“မင္းငါ့ကို ေစာနကဘဲလိုမ်ားထင္ေနလား! ထြက္သြားစမ္း! အစုတ္အျပတ္ေကာင္!”
ေနာက္ထပ္ လက္သီးတစ္ခ်က္တဲ့အတူ ထပ္မံထြက္က်လာတဲ့ စကားလုံးၾကမ္းၾကမ္းေနာက္မွာေတာ့ အေဒးဆိုတဲ့ေကာင္ေလးဟာ ႏႈတ္ခမ္းေထာင့္ကာ ေသြးစေတြအား လက္ျဖင့္ဖိသုတ္ၿပီး ဒန္တီအက်ႌစအားဆြဲကာ ဒန္တီႏႈတ္ခမ္းေတြအား အၾကမ္းပတမ္းထပ္နမ္းျပန္သည္။
“မင္း! အင့္!”
အၾကမ္းပတမ္း လာနမ္းေနသည့္ အဲ့ဒီႏႈတ္ခမ္းေတြ သူသိပ္႐ြံရွာပါသည္။ တြန္းထုတ္ကာ ေနာက္ထက္ လက္သီးတစ္ခ်က္ထိုးမိေတာ့ ထိုေကာင္ေလး မ်က္ႏွာဟာ တင္းမာသြားၿပီး သူ႔ကိုစားမတက္ဝါးမတက္စိုက္ၾကည့္လာေလ၏။
“ကြၽန္ေတာ္မ်က္ႏွာကို ထပ္ထိုးရဲထိုးၾကည့္လိုက္စမ္း ခင္ဗ်ား ႏႈတ္ခမ္းေတြ စုတ္ျပတ္သတ္သြားတဲ့အထိ ကြၽန္ေတာ္ၾကမ္းရမ္းျပမယ္ အခုခင္ဗ်ားထိုးခဲ့တဲ့ သုံးခ်က္စာအတြက္လည္း ခင္ဗ်ား ျပန္ေပးဖို႔ျပင္ထား”
ထိုသို႔ဆိုကာ ဒန္တီလက္အားယူလိုက္ၿပီး တစ္ခ်က္နမ္းကာ ကားေပၚက ဆင္းသြားတဲ့ အေဒးဆိုတဲ့ေကာင္ေလးအားၾကည့္ရင္း ထိုေကာင္ေလးနမ္းသြားသည့္ သူ႔လက္ေတြအား ဒန္တီ႐ြံရွာသလို အက်ႌစျဖင့္သုတ္ျပစ္ေလ၏။
“လုပ္မေနနဲ႔ ေနာက္တစ္ခါ ခင္ဗ်ားတစ္ကိုယ္လုံး ကြၽန္ေတာ္နမ္းျပစ္မွာ”
“Fuck!”
လက္ခလယ္ေထာင္ျပကာ အၾကမ္းပတမ္းေမာင္းသြားတဲ့ ဒန္တီကားေၾကာင့္ က်န္ခဲ့သူ အေဒးဆိုတဲ့ေကာင္ေလးမွာ သူ႔ႏႈတ္ခမ္းသူကိုင္ၾကည့္ရင္း ခပ္ေယးေယးၿပဳံးေနေလရဲ႕။
“ကြၽန္ေတာ္တို႔ ဖာ့ခ္ဖို႔ဆိုတာ ေစာလြန္းမေနဘူးလား ခင္ဗ်ားရဲ႕”
ထို႔ေနာက္ ေဘာင္းဘီအိတ္ကပ္ထဲက သၾကားလုံးတစ္လုံးအားထုတ္ၿပီး ေဖာက္လိုက္ကာ ပါးစပ္ထဲေကာက္ဝါးရင္း ထိုေကာင္ေလး ထြက္သြားေလရဲ႕။
တစ္ဖက္က ဒန္တီမွာေတာ့ ကားေပၚေရာက္သည္အထိ တစ္လမ္းလုံး ေဒါသေတြမေျပေသးေပ။ အခုအ႐ြယ္ကာလအထိ ဘယ္သူ႔ကိုမွ ထိေတြ႕ခြင့္မေပးခဲ့သည့္ သူ႔ႏႈတ္ခမ္းေတြဟာ ဘယ္ကမွန္းမသိတဲ့ ေယာက်ၤားေလးတစ္ေယာက္ဆီက အနမ္းခံလိုက္ရတာမို႔ ခံျပင္းစိတ္ေတြမွာထိန္းမရေအာင္ပင္။
ဘာေၾကာင့္ အဲ့ဒီႏႈတ္ခမ္းေတြကို သူလက္ခံမိတာလဲ။ ဘာေၾကာင့္ အဲ့ဒီေယာက်ၤားရဲ႕ အနမ္းေတြေအာက္ သူေပ်ာ္ဝင္ေနမိခဲ့တာလဲ။ ဘာေၾကာင့္လဲ။ ဘာေၾကာင့္လဲ ဆိုတဲ့ ေမးခြန္းေတြမွာ သူေခါင္းထဲပတ္ေျပးေနလိုက္ပုံမ်ား ႐ူးေတာ့မလိုပဲ။
“ေတာက္ခ္!!”
ေတာက္ခ္က်ယ္က်ယ္ေခါက္ကာ စီယာတိုင္အား ခပ္ၾကမ္းၾကမ္း ႐ိုက္ခ်လိုက္သည့္ ဒန္တီဟာ သူ႔ႏႈတ္ခမ္းအား ေယာက်ၤားတစ္ေယာက္ နမ္းသြားသည္ကို မေက်မနပ္ျဖစ္လို႔ေန၏။
သူသည္ ေယာက်ၤားေလးေတြကို စိတ္ဝင္စားသည့္ သူမ်ိဳးမဟုတ္။ ေယာက်ၤားေလးခ်င္း တြဲခုတ္တာမ်ိဳးကိုလည္း အားမေပးသလို။ ထိုသို႔တြဲတာကိုလည္း သေဘာက်သည့္သူမ်ိဳးလည္းမဟုတ္ပါေခ်။
Straight စစ္စစ္ တစ္ေယာက္ထက္ ေယာက်ၤားေလး မိန္းကေလး ဘယ္လိုလူမ်ိဳးကိုမွ လက္တြဲဖို႔ စဥ္းစားထားတာမဟုတ္မို႔ ခ်စ္ၾကည့္ဖို႔ဆို ပိုလို႔ေတာင္ေဝးေသး၏။
-HOW TO DATE WITH SINGLE FATHER-
“ဆရာ ကြၽန္ေတာ္ျပန္ေရာက္ၿပီ”
အထုတ္ေတြအားဆြဲၿပီး ဧည့္ခန္းထဲဝင္လာတဲ့ ဒန္တီမ်က္ႏွာအား ဂရီဖင္လ္ အကဲခတ္သလို တစ္ခ်က္ၾကည့္ၿပီး ေခါင္းတစ္ခ်က္ညိတ္ျပကာ အထုတ္ေတြအား လွမ္းယူေလရဲ႕။
“ကိုးလ္ ဆန္ျပဳတ္ေလး သြားထည့္ေပးပါဦး”
ဖင္လ္လက္ထဲက ဆန္ျပဳတ္အထုတ္အားယူၿပီး ကိုးလ္သြားထည့္ေတာ့ ဂရီဖင္လ္က ဒန္တီဝယ္လာတဲ့ အ႐ုပ္ေတြကိုထုတ္ၿပီး ယူကိုေလးဆီကမ္းေပးေလရဲ႕။
“Spider man!”
စပိုက္ဒါမန္း႐ုပ္ေလးကိုျမင္ေတာ့ ယူကိုေလးကေပ်ာ္သြားဟန္ျဖင့္ အ႐ုပ္ကေလးအား ယူေဆာ့ရင္း ေပ်ာ္ေနရွာ၏။
“ဒန္တီ မင္းငါ့ကိုေျပာျပဖို႔ မလိုဘူးလား”
ဒန္တီတစ္ခုခုျဖစ္လာမွန္း အတက္ရိပ္မိတဲ့ ဖင္လ္တစ္ေယာက္ အက်ႌလက္အားေခါက္တင္ကာ ေမးခြန္းထုတ္လာေတာ့ ဒန္တီ ဖင္လ္ေဘးမွာ ဝင္ထိုင္လာေလရဲ႕။ ၿပီးတာနဲ႔ သူႀကဳံခဲ့ရတဲ့ ကိစၥရပ္ေတြအား တစ္ခုခ်င္းျပန္ေျပာေလ၏။
ဒါပါပဲ။ ဂရီဖင္လ္ကိစၥမွန္သမွ် ဒန္တီသိသလို။ ဒန္တီကိစၥမွန္သမွ်လည္း ဂရီဖင္လ္အား အၿမဲေျပာျပေလရဲ႕။
“ဒါဘယ္လိုေတာင္ မႏွစ္ၿမိဳ႕စရာလဲကိစၥရပ္လဲ”
စိတ္ပ်က္လက္ပ်က္ ေျပာခ်လိုက္တဲ့ ဖင္လ္အေျပာအား ဒန္တီ ေထာက္ခံသလို ေခါင္းတစ္ခ်က္ညိတ္ျပသည္။ ႏွစ္ေယာက္လုံးက ေယာက်ၤားေလးခ်င္း ခ်စ္ႀကိဳက္တာကို လက္မခံႏိုင္သည့္သူမ်ိဳးေတြ ျဖစ္ၾကတာမို႔ ဒီကိစၥရပ္ဟာ သူတို႔အတြက္ အလြန္ဆိုးဝါးေလ၏။
“အမွန္ဆိုရင္ မင္းအဲ့ဒီေကာင္ကို တစ္ခါထဲ အေသသတ္ခဲ့သင့္တာ”
“ကြၽန္ေတာ္သတ္ဖို႔မေျပာနဲ႔ သူကြၽန္ေတာ္ကို လာနမ္းေတာ့ ရွက္တာေရာ ႐ြံတာေရာ ကြၽန္ေတာ္ စိတ္ေတြထိန္းမရေအာင္ မ်က္ႏွာေတြပူထူေနမိတာ ဆရာ”
“မင္းေနရာမွာ ငါသာဆိုရင္လည္း က်ိန္းေသေပါက္ အဲ့ဒီလိုျဖစ္ေနမွာပဲ Shit! ေတြးၾကည့္႐ုံနဲ႔တင္ စိတ္ပ်က္စရာေကာင္းလြန္းတယ္”
*အုန္း!!*
ဂရီဖင္လ္နဲ႔ ဒန္တီ စကားေကာင္းေနတုံး ယူကိုေလးမွာ သူ႔လက္ထဲက စပိုက္တာမန္းအ႐ုပ္အား နံရံထက္ ခပ္ၾကမ္းၾကမ္း ျပစ္ေပါက္လိုက္တာမို႔ ဂရီဖင္လ္တို႔ လန႔္သြားေလရဲ႕။
“ေဘဘီေလး ဘာျဖစ္လို႔လဲ”
ယူကိုေလးျပစ္ေပါက္လိုက္လို႔ စပိုက္တာမန္းအ႐ုပ္ေလးမွာ ၾကမ္းျပင္ထက္ ကြဲေၾကေနေပမယ့္ ဖင္လ္စိတ္မဆိုးႏိုင္အား။ သူ႔ေပါင္ေပၚက ယူကိုေလးကိုသာ စိုးရိမ္ပူပန္သလို ေမးခြန္းထုတ္ေနေလရဲ႕။
“ဒယ္ဒီ! ဒယ္ဒီ!”
ဖင္လ္အေမးအား ျပန္မေျဖ။ ဖင္လ္ကိုယ္ေပၚကေန ေကာ့ထိုးကာ ေျပးဆင္းသြားတဲ့ ယူကိုေလးဟာ သူ႔ဒယ္ဒီအား ေအာ္ေခၚေလရဲ႕။ ႐ုတ္တရက္ႀကီး ယူကိုေလး ဘာျဖစ္သြားတာလဲ နားမလည္သည့္ ဖင္လ္နဲ႔ဒန္တီကေတာ့ ေၾကာင္ေတာင္ေတာင္သာျဖစ္ေနေလ၏။
“ဒယ္ဒီ! ဒယ္-”
ယူကိုေလးေအာ္ေခၚရင္း မီးဖိုေဆာင္ဘက္ဝင္လာေတာ့ သူ႔ဒယ္ဒီကိုးလ္ဟာ မီးဖိုေဆာင္ေထာင့္နား၌ ၾကဳတ္ၾကဳတ္ကေလးထိုင္ေနကာ မ်က္ရည္စေတြလည္းဝဲတက္ေနေလ၏။
“ဒယ္ဒီ....ၾကားသြားတာလား”
အနားေျပးလာကာ သူ႔လက္ပိစိေလးေတြႏွင့္ ကိုးလ္မ်က္ႏွာအား ထိေတြ႕ကာ ေမးလာသည့္ ယူကိုေလးသည္ တစ္ခါတစ္ေလက် ကေလးႏွင့္ပင္မတူ။ လူႀကီးတစ္ေယာက္ပမာ ဖခင္လုပ္သူအား ႏွစ္သိမ့္ေပးတက္ေသး၏။
“ငိုပါနဲ႔ သားရွိတယ္ေလ ဒယ္ဒီ~”
ကိုးလ္ပါးေပၚက မ်က္ရည္စေလးေတြအား သုတ္ေပးကာ ယူကိုေလး ႏွစ္သိမ့္သလို ဆိုေလေတာ့ ကိုးလ္ခပ္ေယးေယးၿပဳံးကာ သူ႔သားေလးပါးေတြအား ႏွာေခါင္းေတြ နစ္ဝင္သည္အထိ နမ္းရႈံ႕ေလရဲ႕။
“မင္းဒယ္ဒီ အဆင္ေျပပါတယ္ ႐ုတ္တရက္ႀကီး ၾကားလိုက္ရေတာ့ နည္းနည္းေလး ေရွာ့ခ္ရသြားတာ”
“သားသိၿပီ ဘာပဲျဖစ္ျဖစ္ ဒယ္ဒီလိုခ်င္ရင္ ရေအာင္ယူ သားကူညီမယ္”
မ်က္စိတစ္ဖက္မွိတ္ျပကာ ဆိုလာတဲ့ ယူကိုေလးေၾကာင့္ ကိုးလ္ခပ္ဟဟရယ္ေတာ့၏။
“သားအဖေတြ ဘာလုပ္ေနတာလဲ”
သူတို႔ဆီေရာက္လာတဲ့ ဖင္လ္ကိုျမင္ေတာ့ ကိုးလ္ထိုင္ေနရာကေနထကာ။
“သားေလးက အေပါ့သြားခ်င္တယ္ဆိုလို႔ ပို႔ေပးေနတာ”
“အဲ့ဒါမ်ား ကိုယ့္ကိုေျပာတာမဟုတ္ဘူး”
“ဆန္ျပဳတ္ ေသာက္မယ္ Brother ffin ခြံ႕ေပး”
စာပြဲခုံေပၚက ဆန္ျပဳတ္ပန္းကန္အား လက္ေသးေသးေလးေတြႏွင့္ထိုးျပကာ ခြံ႕ခိုင္းေနတဲ့ ယူကိုေလးေၾကာင့္ ဖင္လ္လည္း သေဘာတက်ၿပဳံးရင္း ဆန္ျပဳတ္ပန္းကန္အားယူကာ ယူကိုေလးႏွင့္ ႏွစ္ေယာက္သား ဧည့္ခန္းထဲျပန္ေရာက္သြားေလရဲ႕။
က်န္ေနခဲ့သူ ကိုးလ္မွာေတာ့ သက္ျပင္းအားဖြဖြခ်ကာ ေလာေလာလတ္လတ္ကမွ ၾကားလိုက္ရတဲ့ သူ႔ Crush ႀကီးဆီက စကားေတြေၾကာင့္ သူေရွ႕ဆက္တိုးလို႔ အဆင္ေျပမလား စဥ္းစားေနေလရဲ႕။
သူကလည္း ေယာက်ၤားေလးခ်င္း ႀကိဳက္တက္တဲ့သူမွမဟုတ္ပဲေလ။ ဖင္လ္ကိုေတြ႕မွသာ ျမင္ျမင္ခ်င္း သေဘာက်ခဲ့မိတာ။
အစကေတာ့ ကိုယ္က ကေလးတစ္ေယာက္အေဖဖို႔ အနည္းငယ္သာ အားငယ္မိေပမယ့္ အခုေတာ့ ေယာက်ၤားေလးခ်င္းႀကိဳက္တာကို လက္မခံတဲ့ Straight စစ္စစ္ႀကီးေၾကာင့္ လက္ေလွ်ာ့လိုက္ရင္ ေကာင္းမလားဟု အေတြးမ်ားရေလၿပီ။
“ဟုတ္တယ္ အခ်ိန္မွီ လက္ေလွ်ာ့လိုက္တာ အေကာင္းဆုံးပဲ သူကငါ့အတြက္ မဟုတ္ဘူး”
TBC ✓
LTNS ေျပာစရာ အေထြအထူးမရွိပါဘူး။ ကိုယ့္ကေလးေတြ ဒါကိုသိပ္မႀကိဳက္ဘူးထင္လို႔ ဆက္ေရးဖို႔ကို ေတြေဝေနတာ။ အခုေတာ့ အရွည္ႀကီး အပ္ေပးထားပါတယ္။ ကိုယ့္ကေလးေတြသာ သေဘာက်ရင္ေတာ့ အဆုံးထိအေကာင္းဆုံး ဖန္တီးေပးဖို႔အသင့္ပဲ။ 🖤