ချစ်မိပြန်ပြီ မမမြိုင် ( Comp...

Da morA_nyein

258K 22.7K 1.5K

‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.20... Altro

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
..
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန္း ၁၅
အခန္း ၁၆
အခန္း ၁၇
အခန္း ၁၈
အခန္း ၁၉
အခန္း ၂၀
မမၿမိဳင္ဆီသို႔
အခန္း ၂၁
အခန္း ၂၂
အခန္း ၂၃
အခန္း ၂၄
အခန္း ၂၅
အခန္း ၂၇
အခန္း ၂၈
အခန္း ၂၉
အခန္း ၃၀
အခန္း ၃၁
အခန္း ၃၂
အခန္း ၃၃
အခန္း ၃၄
အခန္း ၃၅
အခန္း ၃၆
အခန္း ၃၇
အခန္း ၃၈
အခန္း ၃၉
အခန္း ၄၀
အခန္း ၄၁
အခန္း ၄၂
အခန္း ၄၃
အခန္း ၄၄
အခန္း ၄၅
အခန္း ၄၆
အခန္း ၄၇ ( ဇာတ္သိမ္းခန္း )
.. 100K ..
မမမြိုင် character
ညိုလေး character
Attention plz‼️

အခန္း ၂၆

3.7K 340 11
Da morA_nyein

" ဘာ ။ ဘယ္လို ဘယ္လို ။ "

ကုတင္ေပၚ၌ထိုင္ေနေသာ ၿမိဳင္ဟာ ညိဳေလး၏စကားေၾကာင့္ အလန္႔တၾကားျဖစ္ကာ ထေအာ္လိုက္ျခင္း ျဖစ္သည္ ။ ေန႔ခင္းဘက္ တေရးတေမာအိပ္ေပ်ာ္ရင္းမွ နိုးထလာေသာ ၿမိဳင့္မွာ ထိုစကားေၾကာင့္ မ်က္လံုးမ်ား အျပဴးသားျဖစ္ခဲ့ရသည္ ။

" မျဖစ္ဘူး ။ မျဖစ္ဘူး ။ သင္းတို႔နွစ္ေယာက္ကို ဒီအတိုင္းလႊတ္ထားလိုက္ရင္ က်ားဖင္ကို နႈိက္မိတာထက္ ဆိုးေနလိမ့္မယ္ ။ "

" မသြားပါနဲ႔ ။ ဒီအတိုင္း လႊတ္ထားလိုက္ပါ မမၿမိဳင္ရယ္ ။ "

" ဟဲ့ ။ ဒါဟာ စိန္ကိုစိန္နဲ႔ ျဖတ္ေနတဲ့ကိစၥမဟုတ္ဘူး ။ ေတာမီးေလာင္မယ့္ကိစၥ ။ "

" မမၿမိဳင္သြားမွ ေတာမီးေလာင္ဖို႔ မီးျခစ္ဆံေပးလိုက္သလို ျဖစ္မယ္လို႔ မထင္ဘူးလား ဟင္ ။ "

" အို တကယ္ပါပဲေနာ္ ။ ငါေတာ့ စိတ္ဆင္းရဲၿပီး ေသခ်င္ေတာ့တာပဲ ။ "

" စိတ္ဆင္းရဲမေနပါနဲ႔ ။ ေရာ႕ ဒီမွာ ေရေအးေအးေလးေသာက္ၿပီး အေမာေျဖလိုက္ ။ "

အလိုက္သိေသာညိဳေလးဟာ ၿမိဳင္နႈိးလာသည္နွင့္ ေရတစ္ခြက္ယူၿပီးသား အဆင္သင့္ရိွေနစၿမဲပင္ျဖစ္သည္ ။ ၿမိဳင္သည္ ညိဳေလးေပးေသာ ေရခြက္ကိုလွမ္းယူကာျဖင့္ တစ္ငံုမ်ွေသာက္လိုက္ေတာ့သည္ ။

" အ႐ြယ္ေရာက္ေနတဲ့ ေယာက္်ားေတြျဖစ္ေနၿပီပဲ မမၿမိဳင္ ။ သူတို႔ အဆင္ေျပမွာပါ ။ "

" ေမ်ွာ္လင့္ရတာပဲေအ ။ "

" ကဲ ။ မမၿမိဳင္ ေရခ်ိဳးေတာ့ေနာ္ ။ ကြၽန္မ ေဒၚေဒၚႏုနဲ႔အတူတူ ညေနစာအတြက္ ျပင္ဆင္လိုက္ဦးမယ္ ။ "

" ဘယ္အခ်ိန္ရိွေနလို႔လဲ ။ အေစာႀကီး ရိွေသးတယ္ထင္တာပဲ ။ "

" ဒီေန႔ေတာ့ နည္းနည္းေစာတယ္ ။ ကိုဘတင္က ညေနစာကို စံအိမ္မွာစားမွာတဲ့ေလ ။ "

ေရေသာက္ေနမိသည့္ၿမိဳင့္မွာ ထိုအေျဖေၾကာင့္ ပါးစပ္ထဲကေရမ်ား ပန္းထြက္မိေတာ့သည္ ။

" ဟယ္ ဒုကၡပဲ မမၿမိဳင္ ။ "

ညိဳေလးသည္ ပုဝါတစ္ထည္ကို အလ်ွင္အျမန္ယူၿပီး ၿမိဳင့္နႈတ္ခမ္းတစ္ဝိုက္ကို သုတ္ေပးေတာ့သည္ ။ ရင္ခုန္သံ တဒုန္းဒုန္းဟာ ထိုအခ်ိန္မွ သိသာလာခဲ့သည္ ။ စည္းခ်က္မွန္ျခင္းမရိွတဲ့ ပီယာနိုသံစဥ္ကို တီးခတ္ေနသည့္အတိုင္းပါပင္ ။

" စံအိမ္မွာ ညစာစားမယ္ ။ တကယ္ပါပဲေနာ္ ။ ကိုျမင့္ေမာင္နဲ႔ေတာ့ ဒုကၡပါပဲ ။ ၿပီးၿပီးသားကိစၥေတြကို သင္းက ဘာ့ေၾကာင့္ ေျမလွန္တူးေနရတာလဲ ။ "

ကိုဘတင္နွင့္ ၿမိဳင္တို႔အား လူႀကီးမိဘမ်ား သေဘာတူထားေသာအေၾကာင္းအား ကိုျမင့္ေမာင္နွင့္ၿမိဳင္တို႔ စကားမ်ားေသာေန႔မွာ ညိဳေလးသိခဲ့ရသည္ ။

ၿမိဳင္ဟာ သူမရဲ႕သိကၡာက်လာခဲ့တာေၾကာင့္ ကိုျမင့္ေမာင္အား ေဒါသထြက္ေပမယ့္လည္း ဒီေဒါသဟာ ခဏတာမ်ွပဲတည္ရိွခဲ့သည္ဟု ညိဳေလး ထင္သည္ ။

တကယ္လည္း အဟုတ္ပါပင္ ။ ၿမိဳင့္ရဲ႕မ်က္နွာမွာ ေဒါသပံုရိပ္မ်ားရိွမေနဘဲ စိုးရိမ္စိတ္မ်ားသာ ရွင္သန္ေနသည္ ။

ၿမိဳင့္အား တစ္ခါတစ္ေလမ်ားမွာ သနားမိ၏ ။ ၿမိဳင္ဟာ အခ်စ္မခံရဘူးလား ။ ခ်စ္ဖို႔မထိုက္တန္လို႔လား ဆိုေသာ ေမးခြန္းမ်ားအား ေမးၾကည့္မိခဲ့သည္ ။ အေျဖဟာ ကိုယ္မလိုခ်င္ေသာ အေျဖမ်ိဳးသာျဖစ္ေနသည္ ။ ခ်စ္ေသာၿမိဳင္ ။ တစ္ေန႔ေသာအခါမွာ ထိုက္တန္တဲ့အခ်စ္တစ္ခု ၿမိဳင့္ဆီကို ေရာက္လာပါေစ ။ ေမ်ွာ္လင့္မိ၏ ။

သီရိၿမိဳင္စံအိမ္ထဲရိွ စာၾကည့္ခန္းမွာေတာ့ ေယာက္်ားနွစ္ေယာက္သည္ မာနခ်င္းၿပိဳင္ ဘယ္သူနိုင္ျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ အကဲစမ္းေနၾကေတာ့သည္ ။

ကိုျမင့္ေမာင္သည္ ေယာက္်ားဆန္စြာ ေျခခ်ိတ္ထိုင္ေနကာျဖင့္ ေဆးလိပ္ဖြာေနသည္ ။ ထို႔အတူ ကိုဘတင္သည္လည္း ကိုျမင့္ေမာင္ေပးေသာ ေဆးလိပ္အား ထပ္တူဖြာေနျပန္သည္ ။ ယင္းတို႔နွစ္ဦးၾကားမွာ တိတ္ဆိတ္ျခင္းမ်ားသာ လႊမ္းမိုးေနသည္ ။ ယင္တစ္ေကာင္ ၊ ျခင္တစ္ေကာင္မ်ွ ယင္းတို႔အနီးအနား၌ ပ်ံ႕သန္းဖို႔အေရးကို ေၾကာက္႐ြံေနမည္မွာ အမွန္ပင္ ။

အခ်ိန္အေတာ္ၾကာေသာ တိတ္ဆိတ္မႈေၾကာင့္ ကိုျမင့္ေမာင္သည္ ေဆးလိပ္မီးအား ဖန္ျပာခြက္ထဲသို႔ ဖိသတ္လိုက္ၿပီး တိတ္ဆိတ္မႈကို အသြင္ေျပာင္းလဲေစေတာ့သည္ ။

" ကြၽန္ေတာ္ မွတ္မိတာတစ္ခုရိွတယ္ ။ "

ကိုျမင့္ေမာင္ရဲ႕အသံကို ၾကားရသည္ေၾကာင့္ ကိုဘတင္သည္လည္း ထိုနည္းတူစြာ ေဆးလိပ္မီးကို ဖန္ျပာခြက္ထဲသို႔ ဖိသတ္လိုက္ေတာ့သည္ ။

" ဘာကို မွတ္မိတာမ်ားျဖစ္မလဲ ။ ေျပာၾကည့္စမ္းပါဦး ဦးျမင့္ေမာင္ ။ " ဟု စိတ္ဝင္စားစြာ ေမးလိုက္သည္ ။

" အဲ့ေန႔က ၿမိဳင့္ကို ခင္ဗ်ားတို႔မိသားစု လာေတာင္းတဲ့ေန႔ ထင္တာပဲ ။ ဦးဘတင္ ေျပာခဲ့တဲ့စကားကို ကြၽန္ေတာ္ၾကားလိုက္ရတယ္ ။ "

" ဆက္ပါဦး ဦးျမင့္ေမာင္ ။ "

" ဦးဘတင္က အသက္အ႐ြယ္တစ္ခုမွာ စစ္ဦးစီးမွဴး ျဖစ္ခ်င္တယ္လို႔ ေျပာခဲ့သလားလို႔ပါ ။ ကြၽန္ေတာ္ နားစြန္နားဖ်ားၾကားတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္ ။ "

ကိုျမင့္ေမာင္သည္ ကိုဘတင္အား ပညာရိွဆန္စြာ ေလွာင္ေျပာင္လိုက္သည္ကိုကား ကိုဘတင္သိေနသည္ ။ သူသည္ ငယ္စဥ္အခါက စစ္ဦးစီးမွဴးျဖစ္ခ်င္ခဲ့သည့္ ဆႏၵရိွခဲ့ဖူးပါသည္ ။ သို႔ေပတည္း ၿမိဳင့္ကိုဆံုးရႈံးရခဲ့သည့္ေန႔ကစလို႔ သူက ကမာၻပတ္နိုင္မည့္ကုန္သည္ႀကီးတစ္ဦးသာ ျဖစ္ခ်င္ေတာ့သည္ ။ အေၾကာင္းမွာ ၿမိဳင္နွင့္ ေဝးရာကို ထြက္ေျပးနိုင္မည့္တစ္ခုတည္းေသာ အေၾကာင္းျပခ်က္ျဖစ္သည္ ။

ေလွာင္ေျပာင္ခံရသည္ကို အခံရခက္ေပမယ့္လို႔ ၿပံဳးေနေသာသူ၏မ်က္နွာမွာ တစ္ခ်က္မဲ့သြားျခင္း မရိွခဲ့ ။

" ဟုတ္ပါတယ္ ။ ကြၽန္ေတာ္ ငယ္ငယ္က စစ္ဦးစီးမွဴး သိပ္ျဖစ္ခ်င္ခဲ့တာေပါ့ ။ "

" ဒါျဖင့္ရင္ ဘာလို႔ ဒီကုန္သည္အလုပ္ကို လုပ္ေနရသလဲ ဦးဘတင္ ။ ခင္ဗ်ားသာ စစ္ဦးစီးမွဴးျဖစ္ရင္ ကြၽန္ေတာ္ အကူညီေတြအမ်ားႀကီး ရမွာ ။ "

" လြတ္လြပ္မႈက ကြၽန္ေတာ္နဲ႔ ပိုလိုက္ပါတယ္ ။ ေၾသာ္ ဒါနဲ႔ ။ ဦးျမင့္ေမာင္က ရာဇဝတ္အုပ္ရာထူးမွာပဲ အေျခခ်ေနရတာ ေပ်ာ္ေနတဲ့ပံုပဲ ။ တစ္ေန႔ေတာ့ အင္စပက္ေတာ္ရာထူးဂုဏ္ျပဳပြဲတက္ရဖို႔ ေမ်ွာ္လင့္မိတယ္ဗ်ာ ။ "

" အဟားဟား အဟားဟား ။ ဟုတ္ပါ့ဗ်ာ ။ ကြၽန္ေတာ္လည္း ဂုဏ္ျပဳပြဲတစ္ပြဲေလာက္ လုပ္ရဦးမွာေပါ့ ။ ဟုတ္တယ္ ဟုတ္တယ္ ။ "

ကိုဘတင္၏ ထိုးနွက္ခ်က္ကိုလည္း ကိုျမင့္ေမာင္မွာ အခံရခက္သြားသည္ ။ ရာဇဝတ္အုပ္ရာထူးနွင့္ ၁၈ နွစ္ၾကာသည့္တိုင္ေအာင္ ထိန္းသိမ္းလာခဲ့ေပမယ့္ ကိုျမင့္ေမာင္အားရာထူးတိုးေပးျခင္းမရိွခဲ့သလို သူသည္လည္း မိန္းမေပြရႈပ္ေသာကိစၥမ်ားျဖင့္ အလုပ္ရႈပ္ခဲ့သူျဖစ္၍ ထိုကိစၥအား ေခါင္းထဲေရာက္ခဲ့သည္မရိွ ။

ထိုသို႔ တန္ျပန္သက္ေရာက္မႈျဖင့္ တိုက္ခိုက္ေနၾကေသာ ထိုအမ်ိဳးသားနွစ္ဦးကို မည္သူကမ်ား တားဆီးနိူင္မည္နည္း ။ မည္သူကမ်ား ဟန္႔တားနိုင္မည္နည္း ။ ရရာလက္နက္ဆြဲကိုင္၍ တိုက္ခိုက္ေၾကးဆို ေသြးထြက္ေစနိုင္မည္အထိ ျဖစ္လင့္တကားရိွမည္ ။ သို႔ေပတည္း နယ္ပယ္အသီးသီး၌ ေအာင္ျမင္ေနေသာ ေယာက္်ားမ်ားျဖစ္သည္ေၾကာင့္ ထိုအျပဳအမူမ်ိဳးအား လုပ္မိမဟုတ္ ။

ကိုျမင့္ေမာင္ဟာ ဦးေဆာင္၍ ဝိုင္ပုလင္းနွင့္ ဝိုင္ခြက္တစ္ခြက္ကို လွမ္္းယူကာျဖင့္ ဝိုင္ငွဲ႔ေတာ့သည္ ။ ပါသည္ဆိုရံုမ်ွ ပမာဏကို ထည့္ၿပီးသည္နွင့္ ေနာက္တစ္ခြက္ကို ယူငင္၍ ဝိုင္ငွဲ႔ျပန္သည္ ။

" ေနာက္တစ္ခြက္ ထပ္ေသာက္လိုက္ပါဦး ဦးဘတင္ ။ ကေန႔အဖို႔ မူးလဲရင္ေတာင္ စံအိမ္မွာအိပ္သြားနိုင္သားပဲ ။ "

" ဒီေလာက္ပမာဏနဲ႔ မူးလဲဖို႔ဆိုတာ မျဖစ္နိုင္ေပမယ့္ မနက္ျဖန္ခါအတြက္ အလုပ္လုပ္ရဖို႔ ရိွေသးေတာ့ စံအိမ္မွာအိပ္ဖို႔ မျဖစ္နိုင္ပါဘူး ။ ေနာက္ၿပီး ၿမိဳင့္ အေရွ႕မွာ ထမင္းစားရမွာဆိုေတာ့ ဣေျႏၵမဲ့လို႔လည္းမျဖစ္ဘူး မဟုတ္လား ။ ဒါ့ေၾကာင့္ ဒီတစ္ခြက္ကိုေတာ့ ဦးျမင့္ေမာင္ရဲ႕မ်က္နွာကိုေထာက္ၿပီး လက္ခံလိုက္ပါမယ္ ။ "

ကိုျမင့္ေမာင္ဟာ ၿပံဳးေနေပမယ့္ အေၾကာင္းသိေသာသူသာဆိုလ်ွင္ ကိုျမင့္ေမာင္၏အၿပံဳးအား ေကာင္းေကာင္းႀကီး နားလည္လိမ့္မည္ျဖစ္သည္ ။

ကိုျမင့္ေမာင္လွမ္းေပးေသာ ဝိုင္ခြက္ကိုယူၿပီး တစ္ငံုမ်ွေမာ့ေနသည့္ ကိုဘတင္ရဲ႕မ်က္နွာကို ကိုျမင့္ေမာင္သည္ ေစ့ေစ့ၾကည့္ရင္း အတြင္းစိတ္မွ အမ်က္ေဒါသထြက္ေနေပသည္ ။ ထိုေဒါသမ်ားဟာ မ်က္နွာ၌ေပၚလြင္ျခင္းမရိွ ။ မ်က္ဝန္းနက္နက္မ်ား၌သာ ထင္ဟပ္ေနျခင္းျဖစ္သည္ ။

စားပြဲေပၚက ဝိုင္ခြက္ကိုယူလိုက္ၿပီး ဝိုင္ရဲ႕အရသာအား ခံစားသက္ဝင္ျခင္းမရိွဘဲ တစ္ႀကိဳက္တည္း ေမာ့ခ်ခဲ့ေတာ့သည္ ။

ေဆာင္းဝင္ေနၿပီျဖစ္သည္ေၾကာင့္ မိုးခ်ဳပ္ေစာၿပီး အေအးဓာတ္ပိုကဲလာရသည္ ။ ေနသာေသာေန႔ဘက္မ်ားမွာေတာင္ ပူျပင္းလွေသာေန၏အပူဒါဏ္ဟာ ေမၿမိဳ႕၏ ေအးစိမ့္မႈအား ေအာင္နိုင္ျခင္းမရိွခဲ့ ။ ေအးခ်မ္းေသာလမင္းရိွရာ ညဘက္မွာဆို ပိုလို႔မွအခ်မ္းပိုကဲသည္ ။ ထိုအခါ မီးကိုလႈံ၍ ေနရသည္ ။

စံအိမ္ႀကီးထဲသို႔ေရာက္ေနေသာ ကိုဘတင္သည္လည္း သူ၏အေပၚဝတ္ကုတ္အက်ႌအရွည္အား ထပ္ဝတ္ထားရေတာ့သည္ ။

ထမင္းစားခန္းထဲ၌ လူစံုေနၾကၿပီျဖစ္သည္ ။ ကိုျမင့္ေမာင္သည္ ခံုတန္းရွည္၏ ထိပ္ဦးပိုင္းတြင္ထိုင္၍ သူ၏ေဘး၌ ၿမိဳင္နွင့္ညိဳေလးတို႔ ရိွေနသည္ ။ ကိုဘတင္သည္ မိသားစုဝင္မဟုတ္ေသာ ဧည့္သည္ျဖစ္သည္ေၾကာင့္ အလွမ္းေဝးေသာ ထိပ္ဦးပိုင္တြင္သာ ထိုင္ျဖစ္ခဲ့သည္ ။ ဤသည္မွာ သူ၏လူမႈေရးျဖစ္သည္ ။

သို႔ေပတည္း ကိုျမင့္ေမာင္နွင့္ၿမိဳင္တို႔အပါးမွာ ညိဳေလးသည္ ဘာ့ေၾကာင့္ထိုင္ေနသည္ဆိုတာအား နားမလည္ခဲ့ ။ တစ္ခ်ိန္က ညိဳေလးဟာ ၿမိဳင့္ရဲ႕အလုပ္သမားလို႔ နားလည္ပံုရခဲ့ေပမယ့္လို႔ ယခုအျပဳအမူေၾကာင့္ ကိုျမင့္ေမာင္၏ ေဆြမ်ိဳးျဖစ္မည္ဟု အထင္မွားျပန္သည္ ။

" စားပါ ဦးဘတင္ စားပါ ။ လိုရင္ထပ္ယူေပါ့ ။ ကြၽန္ေတာ့္ဇနီးေလးက ဟင္းခ်က္သိပ္ေကာင္းတာဗ် ။ "

ကိုျမင့္ေမာင္ဟာ ညိဳေလးအား ရည္ၫႊန္းၿပီးေျပာလိုက္ေပမယ့္လို႔ ကိုဘတင္သည္ေတာ့ ၿမိဳင္ဟုသာ အထင္မွားေနျပန္သည္ ။ သို႔ေပတည္း ၿမိဳင္ဟာ ဟင္းမခ်က္တတ္တဲ့သူေ႒းသမီးဟု သိထားသည္ ။ ကိုျမင့္ေမာင္နွင့္ယူၿပီး တစ္နွစ္အတြင္းဟာ " ၿမိဳင္လိမၼာေနၿပီ ။ သူ႔ေယာက္်ားကို သူကိုယ္တိုင္ျပဳစုယုယေနၿပီ " ဆိုေသာစကားကို ေဆြမ်ိဳးမ်ားဆီမွ နားစြန္နားဖ်ား ၾကားခဲ့ရသည္အား အမွတ္ရသြားေတာ့သည္ ။

ၿမိဳင္ဟာ သူ၏သူငယ္ခ်င္းတစ္ျဖစ္လည္း ဟုတ္သလို အစ္ကိုတစ္ျဖစ္လည္းဟုတ္သည့္ ကိုဘတင္အား စိုးရိမ္စိတ္ရိွမိသည္ ။ ပန္းကန္ထဲက ထမင္းပံုဟာ ထိျခင္းကိုင္ျခင္းပ်က္ယြင္းျခင္းမရိွဘဲ မူလအတိုင္းသာရိွေနၿပီး ကိုဘတင္အား ေငးစိုက္ၾကည့္မိသည္ ။ ၿမိဳင့္၏ စိုးရိမ္မႈအား သူ၏ေဘးရိွ ကိုျမင့္ေမာင္ဟာ တလြဲအဓိပၸါယ္ေကာက္ေနျပန္သည္ ။ ညိဳေလးမွာေတာ့ ၿမိဳင့္ကိုၾကည့္ရင္း ကိုျမင့္ေမာင္၏ေဒါသအား စိုးရိမ္မိေနျပန္သည္ ။

" စားလို႔ၿမိန္လိုက္တာ ၿမိဳင္ ။ နင့္လက္ရာကို ငါအခုမွပဲ စားဖူးေတာ့သည္ ။ "

့ကိုဘတင္ေျပာေသာ စကားမ်ားကို မွင္သက္မိကာ ၿမိဳင္သည္ ရယ္ဖို႔အတြက္ေတာင္ ေမ့ေလ်ာ့ေနျပန္ၿပီ ။ ကိုျမင့္ေမာင္သည္ မိမိအား အကဲခတ္ၾကည့္ေနသည္ကို ၿမိဳင္ သတိမထားမိ ။

" ၿမိဳင္ ။ စားစရာေတြ ေအးကုန္ေတာ့မွာပဲ ။ စားေတာ့ေလကြာ ။ "

ဟု ကိုျမင့္ေမာင္သတိေပးလိုက္ကာမွ သတိလက္လြတ္ျဖစ္ေနမိသည္အား မိမိကိုယ္ကိုယ္မိမိ သတိထားမိေတာ့သည္ ။ ထိုအခါမွ ဇြန္း ၊ ခရင္းကို လွမ္းကိုင္လိုက္ေပမယ့္လို႔ ၿမိဳင္သည္ ထိုအစားမ်ားကို ခံတြင္းထဲထည့္ဖို႔ရာ အင္အားမရိွ ျဖစ္ေနသည္ ။

မည္သို႔ေသာ ဆူညံသည့္စကားသံမ်ားကို မၾကားရသည့္ ထိုထမင္းစားပြဲဟာ ည ၇ နာရီအခ်ိန္၌ ၿပီးဆံုးသြားခဲ့ၿပီျဖစ္သည္ ။

" ဒါျဖင့္ ကြၽန္ေတာ္ ျပန္လိုက္ပါဦးမယ္ ။ မနက္ျဖန္အတြက္ အလုပ္ရိွေသးေတာ့ ေစာေစာအနားယူမလို႔ပါခင္ဗ်ာ ။ "

" ေကာင္းတာေပါ့ ။ ေကာင္းပါၿပီ ။ ကြၽန္ေတာ္ ျမင္းရထားလံုးကို ဦးဘတင္အိမ္အထိေရာက္ေအာင္ ပို႔ခိုင္းဖို႔ ေျပာလိုက္ပါ့မယ္ ။

ေဒၚေဒၚႏု ။ ျမင္းသမားကို သြားေျပာေပးပါ ။ ဦးဘတင္ကို အထိအခိုက္မရိွေစဘဲ အိမ္အထိလိုက္ပို႔ေပးပါလို႔ ။ "

ေဒၚေဒၚႏုသည္ ေခါင္းတစ္ခ်က္ၿငိမ့္ၿပီး ထမင္းစားခန္းထဲမွ ထြက္သြားသည္ ။ ထိုအခ်ိန္ ၿမိဳင္သည္ ကိုဘတင္အား မည္သည့္စကားတစ္ခြန္းမ်ွ မေျပာမိေသးသည္ေၾကာင့္ ကိုျမင့္ေမာင္ဆီမွ ေခၚထုတ္ဖို႔ ႀကိဳးစားေတာာသည္ ။

" ကိုဘတင္ ။ ၿမိဳင္ စံအိမ္အေရွ႕ထိ လိုက္ပို႔ေပးမယ္ေနာ္ ။ "

" ေကာင္းၿပီ ၿမိဳင္ ။

ဦးျမင့္ေမာင္ ကြၽန္ေတာ္ျပန္လိုက္ပါဦးမယ္ ။ ဒီေန႔အဖို႔ ထမင္းစားဖိတ္လို႔ ေက်းဇူးအထူးပါဗ်ာ ။ "

" ေကာင္းပါၿပီဗ်ာ ။ "

ကိုျမင့္ေမာင္ဟာ မ်က္ဝန္းတစ္ခ်က္မွိတ္ၿပီး ေခါင္းတစ္ခ်က္ၿငိမ့္သည့္အခိုက္၌ ခ်စ္ေသာအမ်ိဳးသမီး ညိဳေလးအား ၿပံဳး႐ႊင္စြာၾကည့္သည္ ။ ညိဳေလးသည္ ရိုေသသမႈျဖင့္ ၿပံဳးလည္၍ၿပံဳးျပသည္ ။ ထိုအၿပံဳးေလးဟာ ကိုဘတင္ရဲ႕နွလံုးသားတည့္တည့္ကို တံခါးလာေခါက္ေနဟန္ရိွသည္ ။

တံခါးဖြင့္ထားတာျဖစ္လို႔ ယံုၾကည္ၿပီး ဝင္လာခဲ့ပါ ညိဳ ။

အေတြးမ်ားဟာ ေပ်ာ္႐ႊင္ေစေသာေၾကာင့္ ကိုဘတင္ပို၍ၿပံဳးမိသည္ ။ ၿပီးေနာက္ ၿမိဳင့္ကိုၾကည့္ကာ ထိုင္ရာမွထလိုက္ၿပီး ...

" သြားရေအာင္ ၿမိဳင္ ။ "

" ဟုတ္ကဲ့ ။ "

ၿမိဳင္နွင့္ကိုဘတင္တို႔ ယွဥ္တြဲ၍ ထြက္သြားသည္အား ကိုျမင့္ေမာင္အခဲမေၾကျဖစ္ေနရွာသည္ ။ သူကိုယ္တိုင္ပဲ လက္ခံေပးခဲ့သည္မဟုတ္လား ။ တကယ္ပဲ ကိုျမင့္ေမာင္ရဲ႕အတြင္းစိတ္သည္ ၿမိဳင့္အတြက္သဝန္တိုမႈမ်ားျဖစ္ေနမလား ။ သို႔မဟုတ္ မည္သည့္အတြက္ျဖစ္ေနမည္နည္း ။ စေသာ သံသယစိတ္မ်ားဝင္လာေစပါသည္ ။

ထမင္းစားခန္းထဲမ ထြက္လ်ွင္ၿပီးခ်င္း ၿမိဳင္သည္ ကိုဘတင္၏လက္ေမာင္းကိုကိုင္ကာ ေလွကားအေရွ႕သို႔ အျမန္ဆန္သြားသည္ ။ ၿမိဳင္ဆြဲေခၚရာအေနာက္သို႔ လိုက္သြားရသည္ေၾကာင့္ ကိုဘတင္လန္႔မိသည္ ။

" ၿမိဳင္ ။ ဘာျဖစ္လို႔လဲကြဲ႕ ။ "

" ကိုဘတင္ ။ ကိုဘတင္ ဘာျဖစ္သြားေသးလဲ ဟင္ ။ "

" ကိုဘတင္က ဘာျဖစ္ရမွာလဲ ၿမိဳင္ရဲ႕ ။ ကိုဘတင္ အလက္ႀကီးရိွေသးတယ္ေလ ။ "

" ေတာ္ေသးတာေပါ့ ။ ဘုရားကယ္ေပလို႔ပဲ ။ "

" ၿမိဳင္ စိတ္ပူတာကို နားလည္တယ္ ။ အခုေတာ့ ကိုဘတင္ ၿမိဳင့္ကိုပဲ စိတ္ပူရေတာ့မယ္ ။ ကိုဘတင္ ျပန္သြားခ်ိန္ ၿမိဳင္နဲ႔ဦးျမင့္ေမာင္ ျပႆနာမျဖစ္ဖို႔ ေမ်ွာ္လင့္ပါတယ္ ။ "

" ျပႆနာျဖစ္လည္း ၿမိဳင္ အဆင္ေျပမွာပါ ။ ခဏေလာက္ေတာ့ နာက်င္ရတယ္ ဆိုေပမယ့္ေပါ့ ။ "

" ဦးျမင့္ေမာင္က မိန္းမေပြရႈပ္တယ္လို႔လည္း ၾကားမိတယ္ ။ ၿမိဳင္ အဆင္ေရာေျပရဲ႕လားကြာ ။ "

" ၿမိဳင္ အဆင္ေျပပါတယ္ ။ "

" အျပင္မွာေျခရႈပ္ေနေတာ့ ဦးျမင့္ေမာင္မယားငယ္ေခၚလာမွာကိုလည္း ၿမိဳင့္အတြက္ ေတြးပူမိတယ္ ။ "

ၿမိဳင္သည္ မသိမသာစြာျဖင့္ သက္ျပင္းအနည္းငယ္ခ်ကာ တိတ္ဆိတ္ေနမိသည္ ။ ညိဳေလးသည္သာ ကိုျမင့္ေမာင္ရဲ႕မယားငယ္မွန္းသိရင္ ကိုျမင့္ေမာင္အနားမွ ပထုတ္လို႔ရမွာမဟုတ္မွန္း သိသလို မိမိအားလည္း ကိုဘတင္စိုးရိမ္စဖြယ္ျဖစ္ရမည္ ။

" ေဟာ ကိုဘတင္ ။ အေရွ႕မွာ ရထားလံုးေရာက္ေနၿပီပဲ ။ လာ သြားရေအာင္ ။ မနက္ျဖန္ အလုပ္လုပ္ရမွာေတာ့ အိမ္မွာေစာေစာနားေပါ့ ။ "

ဟုေျပာၿပီး ရထားလံုးအနားသို႔ သြားေတာ့သည္ ။ ကိုဘတင္သည္ ရထားလံုးေပၚသို႔ မတက္မွီ ၿမိဳင့္အားလွည့္ၾကည့္သည္ ။ ၿမိဳင္ဟာ အရင္လိုကေလးတစ္ေယာက္ မဟုတ္ေတာ့မွန္း သူသိလိုက္ရသည္ ။ ၿမိဳင္ဟာ တကယ့္ပန္းပြင့္ေလးလို လွပေနသည္ ။

" ဘာျဖစ္လို႔လဲ ဟင္ ။ တကယ္ဆို ၿမိဳင္က စံအိမ္မွာ ညအိပ္ခိုင္းမလို႔ပါပဲ ။ ၿမိဳင္ မလုပ္နိုင္မိလို႔ အားနာမိရဲ႕ ။ "

" မဟုတ္တာ ၿမိဳင္ရယ္ ။ အကယ္၍ ဒီစံအိမ္မွာ ညအိပ္တယ္ပဲထားဦး ။ ကိုဘတင္ ဌာနကိုသြားရင္ တသီႀကီးသြားရမွာ ။ အခ်ိန္ေတြလင့္တယ္ေလ ။ "

" ဒါျဖင့္လည္း ပိတ္ရက္က်ရင္ တို႔ေတြေတြ႕ရေအာင္ကြာ ။ "

" ဟုတ္ၿပီ ။ ပိတ္ရက္မတိုင္ခင္ တယ္လီဖုန္းဆက္လိုက္မယ္ ။ ကဲ အခုေတာ့ သြားၿပီေနာ္ ။ "

" ဟုတ္ကဲ့ပါ ။ "

ကိုဘတင္သည္ ရထားလံုးေပၚသို႔ တက္သြားသည္နွင့္ ျမင္းရထားလံုးဟာ တေ႐ြ႕ေ႐ြ႕တအိအိျဖင့္ စံအိမ္နွင့္ေဝးရာသို႔ ခ်ီတက္ေတာ့သည္ ။

စံအိမ္အေရွ႕၌ က်န္ခဲ့ေသာၿမိဳင္ဟာ ေလးနက္ေသာခံစားခ်က္ ဘာသာျပန္ဆိုနိုင္ျခင္းမရိွေသာ မ်က္ဝန္းမ်ားနွင့္အတူတူ မႈိင္းေဝအံု႔ဆိုင္းေနေသာ ညေကာင္းကင္ယံအား ေမာ့ၾကည့္မိသည္ ။

" ကေန႔ ညဝကၤပါမွာ ၾကယ္စင္ေတြ ကင္းစင္ေနပါပေကာလား ။ "

X X X X X

morA_nyein
10.12.2022













" ဘာ ။ ဘယ်လို ဘယ်လို ။ "

ကုတင်ပေါ်၌ထိုင်နေသော မြိုင်ဟာ ညိုလေး၏စကားကြောင့် အလန့်တကြားဖြစ်ကာ ထအော်လိုက်ခြင်း ဖြစ်သည် ။ နေ့ခင်းဘက် တရေးတမောအိပ်ပျော်ရင်းမှ နိုးထလာသော မြိုင့်မှာ ထိုစကားကြောင့် မျက်လုံးများ အပြူးသားဖြစ်ခဲ့ရသည် ။

" မဖြစ်ဘူး ။ မဖြစ်ဘူး ။ သင်းတို့နှစ်ယောက်ကို ဒီအတိုင်းလွှတ်ထားလိုက်ရင် ကျားဖင်ကို နှိုက်မိတာထက် ဆိုးနေလိမ့်မယ် ။ "

" မသွားပါနဲ့ ။ ဒီအတိုင်း လွှတ်ထားလိုက်ပါ မမမြိုင်ရယ် ။ "

" ဟဲ့ ။ ဒါဟာ စိန်ကိုစိန်နဲ့ ဖြတ်နေတဲ့ကိစ္စမဟုတ်ဘူး ။ တောမီးလောင်မယ့်ကိစ္စ ။ "

" မမမြိုင်သွားမှ တောမီးလောင်ဖို့ မီးခြစ်ဆံပေးလိုက်သလို ဖြစ်မယ်လို့ မထင်ဘူးလား ဟင် ။ "

" အို တကယ်ပါပဲနော် ။ ငါတော့ စိတ်ဆင်းရဲပြီး သေချင်တော့တာပဲ ။ "

" စိတ်ဆင်းရဲမနေပါနဲ့ ။ ရော့ ဒီမှာ ရေအေးအေးလေးသောက်ပြီး အမောဖြေလိုက် ။ "

အလိုက်သိသောညိုလေးဟာ မြိုင်နှိုးလာသည်နှင့် ရေတစ်ခွက်ယူပြီးသား အဆင်သင့်ရှိနေစမြဲပင်ဖြစ်သည် ။ မြိုင်သည် ညိုလေးပေးသော ရေခွက်ကိုလှမ်းယူကာဖြင့် တစ်ငုံမျှသောက်လိုက်တော့သည် ။

" အရွယ်ရောက်နေတဲ့ ယောက်ျားတွေဖြစ်နေပြီပဲ မမမြိုင် ။ သူတို့ အဆင်ပြေမှာပါ ။ "

" မျှော်လင့်ရတာပဲအေ ။ "

" ကဲ ။ မမမြိုင် ရေချိုးတော့နော် ။ ကျွန်မ ဒေါ်ဒေါ်နုနဲ့အတူတူ ညနေစာအတွက် ပြင်ဆင်လိုက်ဦးမယ် ။ "

" ဘယ်အချိန်ရှိနေလို့လဲ ။ အစောကြီး ရှိသေးတယ်ထင်တာပဲ ။ "

" ဒီနေ့တော့ နည်းနည်းစောတယ် ။ ကိုဘတင်က ညနေစာကို စံအိမ်မှာစားမှာတဲ့လေ ။ "

ရေသောက်နေမိသည့်မြိုင့်မှာ ထိုအဖြေကြောင့် ပါးစပ်ထဲကရေများ ပန်းထွက်မိတော့သည် ။

" ဟယ် ဒုက္ခပဲ မမမြိုင် ။ "

ညိုလေးသည် ပုဝါတစ်ထည်ကို အလျှင်အမြန်ယူပြီး မြိုင့်နှုတ်ခမ်းတစ်ဝိုက်ကို သုတ်ပေးတော့သည် ။ ရင်ခုန်သံ တဒုန်းဒုန်းဟာ ထိုအချိန်မှ သိသာလာခဲ့သည် ။ စည်းချက်မှန်ခြင်းမရှိတဲ့ ပီယာနိုသံစဉ်ကို တီးခတ်နေသည့်အတိုင်းပါပင် ။

" စံအိမ်မှာ ညစာစားမယ် ။ တကယ်ပါပဲနော် ။ ကိုမြင့်မောင်နဲ့တော့ ဒုက္ခပါပဲ ။ ပြီးပြီးသားကိစ္စတွေကို သင်းက ဘာ့ကြောင့် မြေလှန်တူးနေရတာလဲ ။ "

ကိုဘတင်နှင့် မြိုင်တို့အား လူကြီးမိဘများ သဘောတူထားသောအကြောင်းအား ကိုမြင့်မောင်နှင့်မြိုင်တို့ စကားများသောနေ့မှာ ညိုလေးသိခဲ့ရသည် ။

မြိုင်ဟာ သူမရဲ့သိက္ခာကျလာခဲ့တာကြောင့် ကိုမြင့်မောင်အား ဒေါသထွက်ပေမယ့်လည်း ဒီဒေါသဟာ ခဏတာမျှပဲတည်ရှိခဲ့သည်ဟု ညိုလေး ထင်သည် ။

တကယ်လည်း အဟုတ်ပါပင် ။ မြိုင့်ရဲ့မျက်နှာမှာ ဒေါသပုံရိပ်များရှိမနေဘဲ စိုးရိမ်စိတ်များသာ ရှင်သန်နေသည် ။

မြိုင့်အား တစ်ခါတစ်လေများမှာ သနားမိ၏ ။ မြိုင်ဟာ အချစ်မခံရဘူးလား ။ ချစ်ဖို့မထိုက်တန်လို့လား ဆိုသော မေးခွန်းများအား မေးကြည့်မိခဲ့သည် ။ အဖြေဟာ ကိုယ်မလိုချင်သော အဖြေမျိုးသာဖြစ်နေသည် ။ ချစ်သောမြိုင် ။ တစ်နေ့သောအခါမှာ ထိုက်တန်တဲ့အချစ်တစ်ခု မြိုင့်ဆီကို ရောက်လာပါစေ ။ မျှော်လင့်မိ၏ ။

သီရိမြိုင်စံအိမ်ထဲရှိ စာကြည့်ခန်းမှာတော့ ယောက်ျားနှစ်ယောက်သည် မာနချင်းပြိုင် ဘယ်သူနိုင်ဖြင့် တစ်ယောက်ကိုတစ်ယောက် အကဲစမ်းနေကြတော့သည် ။

ကိုမြင့်မောင်သည် ယောက်ျားဆန်စွာ ခြေချိတ်ထိုင်နေကာဖြင့် ဆေးလိပ်ဖွာနေသည် ။ ထို့အတူ ကိုဘတင်သည်လည်း ကိုမြင့်မောင်ပေးသော ဆေးလိပ်အား ထပ်တူဖွာနေပြန်သည် ။ ယင်းတို့နှစ်ဦးကြားမှာ တိတ်ဆိတ်ခြင်းများသာ လွှမ်းမိုးနေသည် ။ ယင်တစ်ကောင် ၊ ခြင်တစ်ကောင်မျှ ယင်းတို့အနီးအနား၌ ပျံ့သန်းဖို့အရေးကို ကြောက်ရွံနေမည်မှာ အမှန်ပင် ။

အချိန်အတော်ကြာသော တိတ်ဆိတ်မှုကြောင့် ကိုမြင့်မောင်သည် ဆေးလိပ်မီးအား ဖန်ပြာခွက်ထဲသို့ ဖိသတ်လိုက်ပြီး တိတ်ဆိတ်မှုကို အသွင်ပြောင်းလဲစေတော့သည် ။

" ကျွန်တော် မှတ်မိတာတစ်ခုရှိတယ် ။ "

ကိုမြင့်မောင်ရဲ့အသံကို ကြားရသည်ကြောင့် ကိုဘတင်သည်လည်း ထိုနည်းတူစွာ ဆေးလိပ်မီးကို ဖန်ပြာခွက်ထဲသို့ ဖိသတ်လိုက်တော့သည် ။

" ဘာကို မှတ်မိတာများဖြစ်မလဲ ။ ပြောကြည့်စမ်းပါဦး ဦးမြင့်မောင် ။ " ဟု စိတ်ဝင်စားစွာ မေးလိုက်သည် ။

" အဲ့နေ့က မြိုင့်ကို ခင်ဗျားတို့မိသားစု လာတောင်းတဲ့နေ့ ထင်တာပဲ ။ ဦးဘတင် ပြောခဲ့တဲ့စကားကို ကျွန်တော်ကြားလိုက်ရတယ် ။ "

" ဆက်ပါဦး ဦးမြင့်မောင် ။ "

" ဦးဘတင်က အသက်အရွယ်တစ်ခုမှာ စစ်ဦးစီးမှူး ဖြစ်ချင်တယ်လို့ ပြောခဲ့သလားလို့ပါ ။ ကျွန်တော် နားစွန်နားဖျားကြားတာတော့ မဟုတ်လောက်ပါဘူးနော် ။ "

ကိုမြင့်မောင်သည် ကိုဘတင်အား ပညာရှိဆန်စွာ လှောင်ပြောင်လိုက်သည်ကိုကား ကိုဘတင်သိနေသည် ။ သူသည် ငယ်စဉ်အခါက စစ်ဦးစီးမှူးဖြစ်ချင်ခဲ့သည့် ဆန္ဒရှိခဲ့ဖူးပါသည် ။ သို့ပေတည်း မြိုင့်ကိုဆုံးရှုံးရခဲ့သည့်နေ့ကစလို့ သူက ကမ္ဘာပတ်နိုင်မည့်ကုန်သည်ကြီးတစ်ဦးသာ ဖြစ်ချင်တော့သည် ။ အကြောင်းမှာ မြိုင်နှင့် ဝေးရာကို ထွက်ပြေးနိုင်မည့်တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်သည် ။

လှောင်ပြောင်ခံရသည်ကို အခံရခက်ပေမယ့်လို့ ပြုံးနေသောသူ၏မျက်နှာမှာ တစ်ချက်မဲ့သွားခြင်း မရှိခဲ့ ။

" ဟုတ်ပါတယ် ။ ကျွန်တော် ငယ်ငယ်က စစ်ဦးစီးမှူး သိပ်ဖြစ်ချင်ခဲ့တာပေါ့ ။ "

" ဒါဖြင့်ရင် ဘာလို့ ဒီကုန်သည်အလုပ်ကို လုပ်နေရသလဲ ဦးဘတင် ။ ခင်ဗျားသာ စစ်ဦးစီးမှူးဖြစ်ရင် ကျွန်တော် အကူညီတွေအများကြီး ရမှာ ။ "

" လွတ်လွပ်မှုက ကျွန်တော်နဲ့ ပိုလိုက်ပါတယ် ။ သြော် ဒါနဲ့ ။ ဦးမြင့်မောင်က ရာဇဝတ်အုပ်ရာထူးမှာပဲ အခြေချနေရတာ ပျော်နေတဲ့ပုံပဲ ။ တစ်နေ့တော့ အင်စပက်တော်ရာထူးဂုဏ်ပြုပွဲတက်ရဖို့ မျှော်လင့်မိတယ်ဗျာ ။ "

" အဟားဟား အဟားဟား ။ ဟုတ်ပါ့ဗျာ ။ ကျွန်တော်လည်း ဂုဏ်ပြုပွဲတစ်ပွဲလောက် လုပ်ရဦးမှာပေါ့ ။ ဟုတ်တယ် ဟုတ်တယ် ။ "

ကိုဘတင်၏ ထိုးနှက်ချက်ကိုလည်း ကိုမြင့်မောင်မှာ အခံရခက်သွားသည် ။ ရာဇဝတ်အုပ်ရာထူးနှင့် ၁၈ နှစ်ကြာသည့်တိုင်အောင် ထိန်းသိမ်းလာခဲ့ပေမယ့် ကိုမြင့်မောင်အားရာထူးတိုးပေးခြင်းမရှိခဲ့သလို သူသည်လည်း မိန်းမပွေရှုပ်သောကိစ္စများဖြင့် အလုပ်ရှုပ်ခဲ့သူဖြစ်၍ ထိုကိစ္စအား ခေါင်းထဲရောက်ခဲ့သည်မရှိ ။

ထိုသို့ တန်ပြန်သက်ရောက်မှုဖြင့် တိုက်ခိုက်နေကြသော ထိုအမျိုးသားနှစ်ဦးကို မည်သူကများ တားဆီးနိူင်မည်နည်း ။ မည်သူကများ ဟန့်တားနိုင်မည်နည်း ။ ရရာလက်နက်ဆွဲကိုင်၍ တိုက်ခိုက်ကြေးဆို သွေးထွက်စေနိုင်မည်အထိ ဖြစ်လင့်တကားရှိမည် ။ သို့ပေတည်း နယ်ပယ်အသီးသီး၌ အောင်မြင်နေသော ယောက်ျားများဖြစ်သည်ကြောင့် ထိုအပြုအမူမျိုးအား လုပ်မိမဟုတ် ။

ကိုမြင့်မောင်ဟာ ဦးဆောင်၍ ဝိုင်ပုလင်းနှင့် ဝိုင်ခွက်တစ်ခွက်ကို လှမ်းယူကာဖြင့် ဝိုင်ငှဲ့တော့သည် ။ ပါသည်ဆိုရုံမျှ ပမာဏကို ထည့်ပြီးသည်နှင့် နောက်တစ်ခွက်ကို ယူငင်၍ ဝိုင်ငှဲ့ပြန်သည် ။

" နောက်တစ်ခွက် ထပ်သောက်လိုက်ပါဦး ဦးဘတင် ။ ကနေ့အဖို့ မူးလဲရင်တောင် စံအိမ်မှာအိပ်သွားနိုင်သားပဲ ။ "

" ဒီလောက်ပမာဏနဲ့ မူးလဲဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် မနက်ဖြန်ခါအတွက် အလုပ်လုပ်ရဖို့ ရှိသေးတော့ စံအိမ်မှာအိပ်ဖို့ မဖြစ်နိုင်ပါဘူး ။ နောက်ပြီး မြိုင့် အရှေ့မှာ ထမင်းစားရမှာဆိုတော့ ဣနြေ္ဒမဲ့လို့လည်းမဖြစ်ဘူး မဟုတ်လား ။ ဒါ့ကြောင့် ဒီတစ်ခွက်ကိုတော့ ဦးမြင့်မောင်ရဲ့မျက်နှာကိုထောက်ပြီး လက်ခံလိုက်ပါမယ် ။ "

ကိုမြင့်မောင်ဟာ ပြုံးနေပေမယ့် အကြောင်းသိသောသူသာဆိုလျှင် ကိုမြင့်မောင်၏အပြုံးအား ကောင်းကောင်းကြီး နားလည်လိမ့်မည်ဖြစ်သည် ။

ကိုမြင့်မောင်လှမ်းပေးသော ဝိုင်ခွက်ကိုယူပြီး တစ်ငုံမျှမော့နေသည့် ကိုဘတင်ရဲ့မျက်နှာကို ကိုမြင့်မောင်သည် စေ့စေ့ကြည့်ရင်း အတွင်းစိတ်မှ အမျက်ဒေါသထွက်နေပေသည် ။ ထိုဒေါသများဟာ မျက်နှာ၌ပေါ်လွင်ခြင်းမရှိ ။ မျက်ဝန်းနက်နက်များ၌သာ ထင်ဟပ်နေခြင်းဖြစ်သည် ။

စားပွဲပေါ်က ဝိုင်ခွက်ကိုယူလိုက်ပြီး ဝိုင်ရဲ့အရသာအား ခံစားသက်ဝင်ခြင်းမရှိဘဲ တစ်ကြိုက်တည်း မော့ချခဲ့တော့သည် ။

ဆောင်းဝင်နေပြီဖြစ်သည်ကြောင့် မိုးချုပ်စောပြီး အအေးဓာတ်ပိုကဲလာရသည် ။ နေသာသောနေ့ဘက်များမှာတောင် ပူပြင်းလှသောနေ၏အပူဒါဏ်ဟာ မေမြို့၏ အေးစိမ့်မှုအား အောင်နိုင်ခြင်းမရှိခဲ့ ။ အေးချမ်းသောလမင်းရှိရာ ညဘက်မှာဆို ပိုလို့မှအချမ်းပိုကဲသည် ။ ထိုအခါ မီးကိုလှုံ၍ နေရသည် ။

စံအိမ်ကြီးထဲသို့ရောက်နေသော ကိုဘတင်သည်လည်း သူ၏အပေါ်ဝတ်ကုတ်အင်္ကျီအရှည်အား ထပ်ဝတ်ထားရတော့သည် ။

ထမင်းစားခန်းထဲ၌ လူစုံနေကြပြီဖြစ်သည် ။ ကိုမြင့်မောင်သည် ခုံတန်းရှည်၏ ထိပ်ဦးပိုင်းတွင်ထိုင်၍ သူ၏ဘေး၌ မြိုင်နှင့်ညိုလေးတို့ ရှိနေသည် ။ ကိုဘတင်သည် မိသားစုဝင်မဟုတ်သော ဧည့်သည်ဖြစ်သည်ကြောင့် အလှမ်းဝေးသော ထိပ်ဦးပိုင်တွင်သာ ထိုင်ဖြစ်ခဲ့သည် ။ ဤသည်မှာ သူ၏လူမှုရေးဖြစ်သည် ။

သို့ပေတည်း ကိုမြင့်မောင်နှင့်မြိုင်တို့အပါးမှာ ညိုလေးသည် ဘာ့ကြောင့်ထိုင်နေသည်ဆိုတာအား နားမလည်ခဲ့ ။ တစ်ချိန်က ညိုလေးဟာ မြိုင့်ရဲ့အလုပ်သမားလို့ နားလည်ပုံရခဲ့ပေမယ့်လို့ ယခုအပြုအမူကြောင့် ကိုမြင့်မောင်၏ ဆွေမျိုးဖြစ်မည်ဟု အထင်မှားပြန်သည် ။

" စားပါ ဦးဘတင် စားပါ ။ လိုရင်ထပ်ယူပေါ့ ။ ကျွန်တော့်ဇနီးလေးက ဟင်းချက်သိပ်ကောင်းတာဗျ ။ "

ကိုမြင့်မောင်ဟာ ညိုလေးအား ရည်ညွှန်းပြီးပြောလိုက်ပေမယ့်လို့ ကိုဘတင်သည်တော့ မြိုင်ဟုသာ အထင်မှားနေပြန်သည် ။ သို့ပေတည်း မြိုင်ဟာ ဟင်းမချက်တတ်တဲ့သူဋ္ဌေးသမီးဟု သိထားသည် ။ ကိုမြင့်မောင်နှင့်ယူပြီး တစ်နှစ်အတွင်းဟာ " မြိုင်လိမ္မာနေပြီ ။ သူ့ယောက်ျားကို သူကိုယ်တိုင်ပြုစုယုယနေပြီ " ဆိုသောစကားကို ဆွေမျိုးများဆီမှ နားစွန်နားဖျား ကြားခဲ့ရသည်အား အမှတ်ရသွားတော့သည် ။

မြိုင်ဟာ သူ၏သူငယ်ချင်းတစ်ဖြစ်လည်း ဟုတ်သလို အစ်ကိုတစ်ဖြစ်လည်းဟုတ်သည့် ကိုဘတင်အား စိုးရိမ်စိတ်ရှိမိသည် ။ ပန်းကန်ထဲက ထမင်းပုံဟာ ထိခြင်းကိုင်ခြင်းပျက်ယွင်းခြင်းမရှိဘဲ မူလအတိုင်းသာရှိနေပြီး ကိုဘတင်အား ငေးစိုက်ကြည့်မိသည် ။ မြိုင့်၏ စိုးရိမ်မှုအား သူ၏ဘေးရှိ ကိုမြင့်မောင်ဟာ တလွဲအဓိပ္ပါယ်ကောက်နေပြန်သည် ။ ညိုလေးမှာတော့ မြိုင့်ကိုကြည့်ရင်း ကိုမြင့်မောင်၏ဒေါသအား စိုးရိမ်မိနေပြန်သည် ။

" စားလို့မြိန်လိုက်တာ မြိုင် ။ နင့်လက်ရာကို ငါအခုမှပဲ စားဖူးတော့သည် ။ "

့ကိုဘတင်ပြောသော စကားများကို မှင်သက်မိကာ မြိုင်သည် ရယ်ဖို့အတွက်တောင် မေ့လျော့နေပြန်ပြီ ။ ကိုမြင့်မောင်သည် မိမိအား အကဲခတ်ကြည့်နေသည်ကို မြိုင် သတိမထားမိ ။

" မြိုင် ။ စားစရာတွေ အေးကုန်တော့မှာပဲ ။ စားတော့လေကွာ ။ "

ဟု ကိုမြင့်မောင်သတိပေးလိုက်ကာမှ သတိလက်လွတ်ဖြစ်နေမိသည်အား မိမိကိုယ်ကိုယ်မိမိ သတိထားမိတော့သည် ။ ထိုအခါမှ ဇွန်း ၊ ခရင်းကို လှမ်းကိုင်လိုက်ပေမယ့်လို့ မြိုင်သည် ထိုအစားများကို ခံတွင်းထဲထည့်ဖို့ရာ အင်အားမရှိ ဖြစ်နေသည် ။

မည်သို့သော ဆူညံသည့်စကားသံများကို မကြားရသည့် ထိုထမင်းစားပွဲဟာ ည ၇ နာရီအချိန်၌ ပြီးဆုံးသွားခဲ့ပြီဖြစ်သည် ။

" ဒါဖြင့် ကျွန်တော် ပြန်လိုက်ပါဦးမယ် ။ မနက်ဖြန်အတွက် အလုပ်ရှိသေးတော့ စောစောအနားယူမလို့ပါခင်ဗျာ ။ "

" ကောင်းတာပေါ့ ။ ကောင်းပါပြီ ။ ကျွန်တော် မြင်းရထားလုံးကို ဦးဘတင်အိမ်အထိရောက်အောင် ပို့ခိုင်းဖို့ ပြောလိုက်ပါ့မယ် ။

ဒေါ်ဒေါ်နု ။ မြင်းသမားကို သွားပြောပေးပါ ။ ဦးဘတင်ကို အထိအခိုက်မရှိစေဘဲ အိမ်အထိလိုက်ပို့ပေးပါလို့ ။ "

ဒေါ်ဒေါ်နုသည် ခေါင်းတစ်ချက်ငြိမ့်ပြီး ထမင်းစားခန်းထဲမှ ထွက်သွားသည် ။ ထိုအချိန် မြိုင်သည် ကိုဘတင်အား မည်သည့်စကားတစ်ခွန်းမျှ မပြောမိသေးသည်ကြောင့် ကိုမြင့်မောင်ဆီမှ ခေါ်ထုတ်ဖို့ ကြိုးစားတောာသည် ။

" ကိုဘတင် ။ မြိုင် စံအိမ်အရှေ့ထိ လိုက်ပို့ပေးမယ်နော် ။ "

" ကောင်းပြီ မြိုင် ။

ဦးမြင့်မောင် ကျွန်တော်ပြန်လိုက်ပါဦးမယ် ။ ဒီနေ့အဖို့ ထမင်းစားဖိတ်လို့ ကျေးဇူးအထူးပါဗျာ ။ "

" ကောင်းပါပြီဗျာ ။ "

ကိုမြင့်မောင်ဟာ မျက်ဝန်းတစ်ချက်မှိတ်ပြီး ခေါင်းတစ်ချက်ငြိမ့်သည့်အခိုက်၌ ချစ်သောအမျိုးသမီး ညိုလေးအား ပြုံးရွှင်စွာကြည့်သည် ။ ညိုလေးသည် ရိုသေသမှုဖြင့် ပြုံးလည်၍ပြုံးပြသည် ။ ထိုအပြုံးလေးဟာ ကိုဘတင်ရဲ့နှလုံးသားတည့်တည့်ကို တံခါးလာခေါက်နေဟန်ရှိသည် ။

တံခါးဖွင့်ထားတာဖြစ်လို့ ယုံကြည်ပြီး ဝင်လာခဲ့ပါ ညို ။

အတွေးများဟာ ပျော်ရွှင်စေသောကြောင့် ကိုဘတင်ပို၍ပြုံးမိသည် ။ ပြီးနောက် မြိုင့်ကိုကြည့်ကာ ထိုင်ရာမှထလိုက်ပြီး ...

" သွားရအောင် မြိုင် ။ "

" ဟုတ်ကဲ့ ။ "

မြိုင်နှင့်ကိုဘတင်တို့ ယှဉ်တွဲ၍ ထွက်သွားသည်အား ကိုမြင့်မောင်အခဲမကြေဖြစ်နေရှာသည် ။ သူကိုယ်တိုင်ပဲ လက်ခံပေးခဲ့သည်မဟုတ်လား ။ တကယ်ပဲ ကိုမြင့်မောင်ရဲ့အတွင်းစိတ်သည် မြိုင့်အတွက်သဝန်တိုမှုများဖြစ်နေမလား ။ သို့မဟုတ် မည်သည့်အတွက်ဖြစ်နေမည်နည်း ။ စသော သံသယစိတ်များဝင်လာစေပါသည် ။

ထမင်းစားခန်းထဲမ ထွက်လျှင်ပြီးချင်း မြိုင်သည် ကိုဘတင်၏လက်မောင်းကိုကိုင်ကာ လှေကားအရှေ့သို့ အမြန်ဆန်သွားသည် ။ မြိုင်ဆွဲခေါ်ရာအနောက်သို့ လိုက်သွားရသည်ကြောင့် ကိုဘတင်လန့်မိသည် ။

" မြိုင် ။ ဘာဖြစ်လို့လဲကွဲ့ ။ "

" ကိုဘတင် ။ ကိုဘတင် ဘာဖြစ်သွားသေးလဲ ဟင် ။ "

" ကိုဘတင်က ဘာဖြစ်ရမှာလဲ မြိုင်ရဲ့ ။ ကိုဘတင် အလက်ကြီးရှိသေးတယ်လေ ။ "

" တော်သေးတာပေါ့ ။ ဘုရားကယ်ပေလို့ပဲ ။ "

" မြိုင် စိတ်ပူတာကို နားလည်တယ် ။ အခုတော့ ကိုဘတင် မြိုင့်ကိုပဲ စိတ်ပူရတော့မယ် ။ ကိုဘတင် ပြန်သွားချိန် မြိုင်နဲ့ဦးမြင့်မောင် ပြဿနာမဖြစ်ဖို့ မျှော်လင့်ပါတယ် ။ "

" ပြဿနာဖြစ်လည်း မြိုင် အဆင်ပြေမှာပါ ။ ခဏလောက်တော့ နာကျင်ရတယ် ဆိုပေမယ့်ပေါ့ ။ "

" ဦးမြင့်မောင်က မိန်းမပွေရှုပ်တယ်လို့လည်း ကြားမိတယ် ။ မြိုင် အဆင်ရောပြေရဲ့လားကွာ ။ "

" မြိုင် အဆင်ပြေပါတယ် ။ "

" အပြင်မှာခြေရှုပ်နေတော့ ဦးမြင့်မောင်မယားငယ်ခေါ်လာမှာကိုလည်း မြိုင့်အတွက် တွေးပူမိတယ် ။ "

မြိုင်သည် မသိမသာစွာဖြင့် သက်ပြင်းအနည်းငယ်ချကာ တိတ်ဆိတ်နေမိသည် ။ ညိုလေးသည်သာ ကိုမြင့်မောင်ရဲ့မယားငယ်မှန်းသိရင် ကိုမြင့်မောင်အနားမှ ပထုတ်လို့ရမှာမဟုတ်မှန်း သိသလို မိမိအားလည်း ကိုဘတင်စိုးရိမ်စဖွယ်ဖြစ်ရမည် ။

" ဟော ကိုဘတင် ။ အရှေ့မှာ ရထားလုံးရောက်နေပြီပဲ ။ လာ သွားရအောင် ။ မနက်ဖြန် အလုပ်လုပ်ရမှာတော့ အိမ်မှာစောစောနားပေါ့ ။ "

ဟုပြောပြီး ရထားလုံးအနားသို့ သွားတော့သည် ။ ကိုဘတင်သည် ရထားလုံးပေါ်သို့ မတက်မှီ မြိုင့်အားလှည့်ကြည့်သည် ။ မြိုင်ဟာ အရင်လိုကလေးတစ်ယောက် မဟုတ်တော့မှန်း သူသိလိုက်ရသည် ။ မြိုင်ဟာ တကယ့်ပန်းပွင့်လေးလို လှပနေသည် ။

" ဘာဖြစ်လို့လဲ ဟင် ။ တကယ်ဆို မြိုင်က စံအိမ်မှာ ညအိပ်ခိုင်းမလို့ပါပဲ ။ မြိုင် မလုပ်နိုင်မိလို့ အားနာမိရဲ့ ။ "

" မဟုတ်တာ မြိုင်ရယ် ။ အကယ်၍ ဒီစံအိမ်မှာ ညအိပ်တယ်ပဲထားဦး ။ ကိုဘတင် ဌာနကိုသွားရင် တသီကြီးသွားရမှာ ။ အချိန်တွေလင့်တယ်လေ ။ "

" ဒါဖြင့်လည်း ပိတ်ရက်ကျရင် တို့တွေတွေ့ရအောင်ကွာ ။ "

" ဟုတ်ပြီ ။ ပိတ်ရက်မတိုင်ခင် တယ်လီဖုန်းဆက်လိုက်မယ် ။ ကဲ အခုတော့ သွားပြီနော် ။ "

" ဟုတ်ကဲ့ပါ ။ "

ကိုဘတင်သည် ရထားလုံးပေါ်သို့ တက်သွားသည်နှင့် မြင်းရထားလုံးဟာ တရွေ့ရွေ့တအိအိဖြင့် စံအိမ်နှင့်ဝေးရာသို့ ချီတက်တော့သည် ။

စံအိမ်အရှေ့၌ ကျန်ခဲ့သောမြိုင်ဟာ လေးနက်သောခံစားချက် ဘာသာပြန်ဆိုနိုင်ခြင်းမရှိသော မျက်ဝန်းများနှင့်အတူတူ မှိုင်းဝေအုံ့ဆိုင်းနေသော ညကောင်းကင်ယံအား မော့ကြည့်မိသည် ။

" ကနေ့ ညဝင်္ကပါမှာ ကြယ်စင်တွေ ကင်းစင်နေပါပကောလား ။ "

X X X X X

morA_nyein
10.12.2022

Continua a leggere

Ti piacerà anche

268K 14.4K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
94.4K 10.7K 104
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
2.5M 189K 77
ျမတ္​ႏိုးစြာခ်စ္​ခ့ဲမိ​ေသာဤလူသားကို​"​ေမာင္​"ဟု႔​ေခၚသည္​ မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်
36.6K 4.4K 14
တို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ