24/7 COOL KID

By yuppie_wang

11.2K 1.4K 568

This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don'... More

Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 6
Ep - 7
Ep - 8

Ep - 5

1K 175 46
By yuppie_wang

(Unicode)

ရှောင်းကျန့်က အလိုလိုက်နေတော့ ရိပေါ်လည်း အဆင်ပြေနေသည်။အထက်တန်းစာမေးပွဲပြီးတော့ တက္ကသိုလ်မတက်ရသေးခင်စပ်ကြားမှာ ရိပေါ်က ဘာမှလုပ်စရာမရှိပါ။ ဒါကြောင့် နေ့တိုင်း စာအုပ်ဆိုင်ကိုလာပြီး ရှောင်းကျန့်က်ို ဖွန်လာကြောင်ရသည်။

ရှောင်းကျန့်က ရိပေါ်ကို ဖက်လိုက်နမ်းလိုက်သာလုပ်တာ အသက် ၂၀ မပြည့်သေးဘူးဆိုပြီး ခုထိအဖြေမပေးသေး။ ရိပေါ်ကသာ စိတ်ရှည်ရှည်နဲ့ ဦးက်ို စောင့်နေရသည်။

အခု ရိပေါ်က ရှောင်းကျန့်ရဲ့ တိုက်ခန်းကို အလည်ရောက်နေတာဖြစ်သည်။ ရှောင်းကျန့်နေတဲ့ နေရာကို လိုက်ချင်ပါတယ်လို့ အခါတစ်သိန်းလောက်ပူဆာလိုက်ရ၏။

အခုလည်း ရိပေါ်ကို သူ့အိမ်ခေါ်လာပြီး ဧည့်ခန်းထဲမှာ  စာအုပ်ထိုင်ဖတ်နေသတဲ့။

" ဦးက အစုတ်ပလုတ် အဖိုးကြီး "

ရိပေါ်က စားပွဲပေါ်လက်တင်ပြီး ရှောင်းကျန့်ကို မေးထောက်ကြည့်နေရင်း စိတ်ထဲကမကျေမနပ်သံက ပါးစပ်ကနေအလိုလိုထွက်သွားတာဖြစ်သည်။

" ဟေး ချာတ်ိတ် ဘာပြောလိုက်တာ "

ရှောင်းကျန့်က ကြားသွားတော့ ရိပေါ်က သူဘာမှမပြောသလို ဟန်ဆောင်လိုက်ရသည်။

" ဘာ... ဘာမှမဟုတ်ပါဘူး "

" ခုနက ကြားလိုက်ပါတယ် ဘာတဲ့ ..  "

" ဦးက အစုတ်ပလုတ်ကြီး အဖိုးကြီးလို့ပြောတာ သိပြီလား "

ရိပေါ်လည်း ဦးကို အမြင်ကတ်တာနဲ့ အမှန်ပဲပြောချလိုက်တော့သည်။

ဟုတ်တယ် လူက အိုနေပြီကို။ ရိပေါ်လို လတ်လတ်ဆတ်ဆတ် နုနုထွတ်ထွတ်လေးလာကြိုက်တာကို သေအောင် မူတုန်း!

ထိုအခါ ရှောင်းကျန့်က စာအုပ်ကိုချပြီး မျက်ခုံးတွေကို ကျုံ့ကာ ရိပေါ်ကိုကြည့်လိုက်သည်။

" နေပါဦးချာတိတ် ကိုယ်က ခုမှသုံးဆယ်ကျော်ကျော်ရှိသေးတာနော်။ ဦးအရွယ်တောင်မရောက်သေးတာ။ ဘယ့်နှယ့် အဖိုးကြီးတုန်း။ တကယ်ဆိုမင်းက ဦးလို့တောင်မခေါ်သင့်ဘူး။ ကိုကိုပဲဖြစ်ဖြစ် ခေါ်ရင်တောင် ဟုတ်ဦးမယ်။ "

ရိပေါ်က နှုတ်ခမ်းတွေကို မဲ့ရွဲ့ပစ်လိုက်သည်။ သူ့အဖေနဲ့ ဦးနဲ့မှ အသက်က ဘယ်လောက်မှ မကွာတာကို။

နေပါဦး ကွာတော့ ကွာတယ် ပါပါးထက် ကိုးနှစ်လား ဆယ်နှစ်လားငယ်တယ်ထင်တာပဲ။ ဦးက ပါပါးရဲ့ ဂျူနီယာ။

ပါပါးက အသက် လေးဆယ့်သုံးဆိုတော့ ဦးက သုံးဆယ့်လေးလောက်တော့ ရှိမည်။ သေချာစဥ်းစားကြည့်မှ ရိပေါ်က ဦးရဲ့ အသက်ကိုတောင် သေချာမသိသေးဘူး။ ဦးအကြောင်းကောပဲ ဘာဆိုဘာမှ ကောင်းကောင်းမသိသေးပဲ ရိပေါ်က ဦးကို လာကြောင်နေမိတာပင်။

တွေးကြည့်လိုက်ရင် ရိပေါ်က ဦးအကြောင်းစုံစမ်းဖို့ရာ အများကြီးလိုသေးသည်ပဲ။

" မခေါ်နိုင်ပါဘူး။ ဦး လို့ခေါ်တာ ပိုပြီး ရိုမက်တစ်ဆန်သလိုခံစားရတယ်လေနော်။ ဦး... ဦး။ ဦးလို့ "

ချက်ချင်းပဲ ရိပေါ်က ရှောင်းကျန့်ရဲ့ ပေါင်ပေါ်ကို တက်ထိုင်လိုက်သည်။ ရှောင်းကျန့်က ရိပေါ်ရဲ့ ခါးကို ပြန်ဖက်ထား၏။

မျက်လုံးလေးပေကလပ် ပေကလပ်နဲ့ ချစ်စရာကောင်းအောင်လုပ်ပြနေတဲ့ ဒီကောင်လေးက တကယ့်ကလေးလေးကျနေတာပဲဟု ရိပေါ်ရဲ့ မျက်နှာကို စေ့စေ့ကကြည့်ရင်း တွေးနေမိသည်။

" ကလေးပဲရှိတာကို လာရိုချင်နေသေးတယ် "

ရှောင်းကျန့်က က ရိပေါ် ရဲ့နှာခေါင်းလုံးလုံးလေးကို ဆွဲညှစ်ပစ်လိုက်သည်။ အရှုပ်ထုပ်လေးမှာ အသည်းယားစရာကောင်းတဲ့ ပါးဖောင်းဖောင်းလေးတွေလည်းရှိသည်။

" ဦး "

" ဦးလို့ "

ရှောင်းကျန့်ရဲ့လက်မောင်းကို ရိပေါ်က ကိုင်လှုပ်ပြီး ချွဲနေပေမယ့်ရှောင်းကျန့်က အင်းလည်းမလုပ်အဲလည်းမလုပ်။

ရိပေါ်ကို အဖြေပြန်ပေးသင့်လား မသင့်လားစဥ်းစားနေတာဖြစ်သည်။

ရိပေါ်က အသက် ၁၈ ပြည့်သွားပြီဆိုပေမယ့် အရမ်း ငယ်သေးသည်ဟုထင်သည်။
ပြီးတော့ ကိုယ့်အသက်ကလည်း ချာတိတ်ထက် ဆယ်စုနှစ်တစ်ခုစာလောက်ကြီးသည်။

ချာတိတ်နဲ့ ကိုယ်နဲ့က ဆယ်နှစ်ကျော်တောင်ကွာသည်။ ချာတိတ်ကို ပြန်သဘောကျခဲ့ရင်တောင် ကိုယ့်အသက်အရွယ်ကိုယ် ပြန်ငဲ့ညာရသေးသည်။

သူ့အရွယ်နဲ့ ချာတိတ်အရွယ်က တွဲဖို့ကော ထိုက်တန်ရဲ့လား။

တကယ်လို့သာ  ချာတိတ်နဲ့ ရည်းစားဖြစ်သွားပြီဆ်ိုပါစို့ ။ ရည်းစားတွေလုပ်မယ့်အရာတွေအပြင် အဆင့်လည်းပိုတက်နိုင်သွားသည့်အတွက် ကိုယ့်စိတ်ကို ထိန်းနေတာပဲဖြစ်သည်။

ရည်းစားဖြစ်သွားတာနဲ့ ဒီကောင်လေးကို အရယူမိမှာစိုးရိမ်သည်။ ဒါကြောင့် ဘာခေါင်းစဥ်မှ မရှိတဲ့ ဆက်ဆံရေးနဲ့ ချာတိတ်ကို ဖက်လိုက်နမ်းလိုက်သာလုပ်နေမိတာ မှားများမှားနေပြီလားလို့တွေးမိသည်။

ယတိပြတ် ငြင်းလိုက်ရင်လည်း ရိပေါ်စိတ်ထိခိုက်သွားမှာစိုးသည်။  ဒီလောက်ချစ်စရာကောင်းတဲ့ ချာတိတ်ကို ရှောင်းကျန့်လည်း သဘောကျပါသည်။

" ကိုကိုလို့ခေါ် "

" မခေါ်နိုင်ပါဘူး။ "

" မခေါ်ရင်ပြန်တော့ "

" မပြန်နိုင်ပါဘူး "

သူ့အသက်အရွယ်နဲ့များကိုကို အခေါ်ခံချင်သေးတယ်  !
ရိပေါ်က ဘုဆတ်ဆတ်တွေးလိုက်သည်။

ဦးနဲ့ ညားရင် ဒယ်ဒီလို့ ခေါ်ရမည်လေ။ ဟိဟိ။

" အဲတာဆို ငါအပြင်သွားတော့မယ်။ မင်းက ငါ့အိမ်ထဲ တစ်ယောက်တည်းနေချင်နေခဲ့ပေါ့ "

ရှောင်းကျန့်က သူ့ပေါ်ထိုင်နေတဲ့ ရိပေါ်ကို ဖယ်ခိုင်းတော့  ရိပေါ်က မဖယ်ပေးတဲ့အပြင် ရှောင်းကျန့်ကို အပီအပြင်ခွထားကာ ဖက်ပစ်လိုက်သည်။

" မုန့်လိုက်ဝယ်ကျွေး "

" ဦးလို့ခေါ်ရင် မဝယ်ကျွေးဘူး။ "

" ဟုတ်ပြီလေ "

ရိပေါ်က ရှောင်းကျန့်ရဲ့ ပါးနှစ်ဖက်ကိုကိုင်ပြီး     ပြွတ်ခနဲ နှုတ်ခမ်းကို ဖိနမ်းပစ်လိုက်၏။

" ကိုကို မုန့်လိုက်ဝယ်ကျွေးနော် နော်လ်ို့ "

ကိုကိုလို့ခေါ်ခံလိုက်ရတော့ ရှောင်းကျန့်က တောင့်တောင့်ကြီးဖြစ်သွားလေ၏ ။ ရိပေါ်ကတော့ ရှောင်းကျန့်ရဲ့ ပခုံးပေါ်မျက်နှာကို မှောက်ပြီး ဖွက်ထားလိုက်သည်။

ဦးကို ကိုကိုလို့ ခေါ်ရတာ လျှာယားချင်စရာကြီး။
.
.
.
.
.
.

အစားစားနေကြတုန်း ရှောင်းကျန့်တို့ဝိုင်းကို ကောင်မလေးနှစ်ယောက် ရောက်လာသည်။

ရှောင်းကျန့်က  သူတို့ စတိုင်ဖြစ်နေလို့ We chat အကောင့်လာတောင်းတာဖြစ်၏။

ရိပေါ်ကတော့ မျက်လုံးကိုမှေးကျဥ်းပြီး မမှိတ်မသုန်ကြည့်နေလိုက်သည်။ ရင်ထဲမှာတော့ ဗြောင်းဆန်နေပြီ။

ဦးက ဟိုအစ်မကြီးတွေကို အကောင့်ပေးလိုက်တော့မှာလားဆိုပြီး ရင်တဒိတ်ဒိတ်။

" ရှောင်ကောကောက ရည်းစားရှိလား။ လုံးဝညီမတို့ စတိုင်မို့ပါ ခင်လို့ရမလား ။ we chat အကောင့်ကော ပေးပါလား "

မိန်းကလေးတွေတန်မဲ့ အရှက်မရှိ အကောင့်လာတောင်းနေတဲ့ အစ်မကြီးတွေကို ရိပေါ်က မျက်စောင်းတွေပစ်သွင်းနေလိုက်သည်။

ပြုံးစိစိမျက်နှာပေးနဲ့ ဦးကိုလည်း ဆွဲကုတ်ပစ်ချင်သည် ။ official  ရည်းစားစကားပြောထားတဲ့ ရိပေါ်ကို ရှေ့တည့်တည့်မှာထားပြီး တခြားမိန်းကလေးတွေနဲ့ flirt နေသလို ခံစားရသည်။

" အားနာပါတယ် ညီမတို့ "

" အယ်ဘာလို့လဲ။ ရည်းစားရှိလို့လား "

ရှောင်းကျန့်က ငြင်းလိုက်တော့ ရိပေါ်ကပျော်သွားပေမယ့် ကောင်မလေးတွေကတော့ စစ်လားမေးလားလုပ်လာသည်။

ဦးက အကောင့်မပေးဘူးဆိုတော့ ကျန်တာက ရိပေါ်ကြည့်လုပ်လိုက်မည်။ အခက်တွေ့နေတဲ့ ဦးကို ရိပေါ်က ကာကွယ်ပေးသင့်သည်လေ။

" ရည်းစားမရှိဘူး။ ယောကျာ်းရှိတယ်လေ။ ကျွန်တော်က သူ့ယောကျာ်းပဲ "

ရိပေါ်က ပြောချလိုက်တော့  ရှောင်းကျန့်က ဟင်းရည်ပါသီးသွားလေသည်။

" လောင်ကုန်းကလည်း ဖြေးဖြေးစားလေ ဟင်းရည်တောင်သီးကုန်ပြီ "

ရိပေါ်လည်း ရတဲ့အခွင့်အရေးကိုအသုံးချပြီး လောင်ကုန်းလို့ပါ ခေါ်ချပစ်လိုက်သည်။ ဟင်းရည်ပေနေတဲ့ ရှောင်းကျန့်ရဲ့ နှုတ်ခမ်းထောင့်စွန်းကို တစ်ရှုးနဲ့ လှမ်းသုတ်ပေးလိုက်တော့ ကောင်မလေးတွေက အကြောင်သားဖြင့် ။

ပြီးမှ အားနာကြောင်းပြောပြီး အင်တင်တင်နဲ့ ထွက်သွားကြတော့သည်။

" ဘယ်လိုလဲ ကျွန်တော် တော်တယ်မလား ဟီးဟီး "

ရိပေါ်က မျက်လုံးတွေ မှိတ်ကျတဲ့အထိ ရယ်ပြလိုက်သည်။ ဦးကို လောင်ကုန်းလို့ခေါ်လ်ိုက်ရတဲ့အပြင် We chat အကောင့်တောင်းခံရတဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်လိုက်သည့်အတွက် ဂုဏ်ယူနေမိသည်။

.
.
.
.
.
.

" ကိုယ် ခနသန့်စင်ခန်းသွားဦးမယ်နော် "

စားပြီးသောက်ပြီး ရှောင်းကျန့်က သန့်စင်ခန်းသွားဖို့လုပ်သည်။

" ကျွန်တော်လည်းလိုက်မယ် "

ခုနကမှ ဦးကို ကောင်မလေးတွေက We chat အကောင့်တောင်းထားတာမို့ ရိပေါ်က စိတ်မချ ။ သူပါနောက်ကလိုက်စောင့်ရှောက်ရမည်လေ။

သန့်စင်ခန်းဝင်ပြီး ထွက်အလာ ကောင်မလေးတစ်ယောက်နဲ့ ရှောင်းကျန့်ကဝင်တ်ိုက်မိသည်။

"ဆောရီးနော် ဘယ်နားထိသွား ... အမ် ဝေ့ဝေ့ "

ဖြစ်ချင်တော့ အဲ့ကောင်မလေးက ရှောင်းကျန့်ရဲ့ရည်းစားဟောင်း ဝေ့ဝေ့  ။ ရည်းစားဟောင်းအပြင် ပြောမနာဆိုမနာ သူငယ်ချင်းအရင်းကြီးဖြစ်ဖူးသေးသည်။

" သြော ဘယ်သူပါလိမ့်လို့ ရှောင်းကျန့်ပဲကိုး။"

" အင်း နေကောင်းလား "

ရှောင်းကျန့်က ရည်းစားဟောင်းကိုပြန်တွေ့တော့ နည်းနည်းရှိန်နေသည်။ ယခုလိုပြန်တွေ့တော့ ရှက်သလိုလိုနဲ့ ဘာလိုလိုနဲ့ ဂုတ်ပိုးကို ပွတ်လို့။ ရိပေါ်က အိမ်သာထဲကထွက်မလာသေး။

" ကောင်းပါတယ် ။ ဒါနဲ့ တစ်ယောက်တည်းလား "

ဝေ့ဝေ့က မေးလာတော့  မကောင်းတတ်လို့သာပြန်ပြောလိုက်ရသည်။ ရည်းစားဟောင်းဖြစ်ပြီး မတွေ့ရတာလည်း အတော်ကြာပြီ။ 

" အင်း တစ်ယောက်တည်းမဟုတ်ဘူး .... ဟို "

ထိုအချိန်တွင် နောက်မှ ရိပေါ်ရဲ" ဦး " ဆိုပြီး လှမ်းခေါ်သံတစ်ခုကြားလိုက်ရသည်။ ရိပေါ်က  အပြေးလာပြီး ရှောင်းကျန့်ရဲ့ လက်မောင်းကို လက်နှစ်ဖက်နှင့်ဖက်တွယ်ထားလိုက်သည်။

နောက်ထပ်တစ်ယောက်က ဦးက်ိုလာပြီးကြောင်နေတာလားဟု ဒေါသတောင်ထွက်သွားသေးသည်။

အာ .... ဒါနဲ့ လောင်ကုန်းလို့အော်လိုက်ရမှာကို အကျင့်ပါနေတဲ့ပါးစပ်က ဦးတဲ့ ချီး ... သေလိုက်ပါတော့ ဝမ်ရိပေါ်။

ဒါပေမယ့် ဦးက  ရိပေါ်ရဲ့ အပိုင်ဆိုတဲ့ ပုံစံနဲ့ မျက်နှာကိုပါ မော့ချီထားလိုက်သည်။

" ဒါနင့်တူလေးလား "

ဦးက သူ့အပိုင်ပုံစံဖမ်းထားပါတယ်ဆိုမှ တူလေးလားလို့ဆိုတော့ ရိပေါ်ရဲ့ မျက်နှာကို ဖြတ်ရိုက်သွားသလိုပင်။ အခုက သူတို့က တူဝရီး ပုံစံပေါက်နေလို့လား။

ဝေ့ဝေ့က မေးလိုက်တော့ ရှောင်းကျန့် က တစ်ချက်ရယ်သည်။

" ခွီး " သောက်ကလေး ဦးနဲ့ကလေးဆိုပြီး ရိုမက်တစ်ဆန်ချင်ဦးလေ။ အစကတည်းက ခေါ်ခိုင်းသလိုကိုကိုလို့ပြောလိုက်ရင်ပြီးရောကို ။ ကောင်းတယ်  !

ရိပေါ်က ကစိတ်တိုပြီးမျက်နှာကိုရဲလို့။ ဘာတူလေးလဲ။ ဒီလောက်သိသာနေတာကြီးကို။

တူက ဦးလေးလက်မောင်းကို ချိတ်ပြီး ဒီလိုချွဲမလားလို့ စဥ်းစားကြည့်ကြပါဦး ノಠ_ಠノ

ဒါပေမယ့် ရှောင်းကျန့်က ဘာပြောမလဲသိချင်တာနဲ့ ရိပေါ် ဘာမှဖြတ်မပြောမိ။

ဦးကသာဘာမှပြန်မပြောရင် ကျွန်တော်က သူ့ယောကျာ်းပါလို့ မိတ်ဆက်လိုက်ရင်ကောင်းမလားလို့ တွေးနေတုန်း။

ရှောင်းကျန့် ကလည်း ရိပေါ် ကိုစချင်တာနဲ့ ဝေ့ဝေ့စကားကို ထောက်ခံလိုက်သည်။

" ဟုတ်တယ် ဒါကိုယ့်တူလေးလေ။ ဘယ်လိုလည်းချစ်စရာကောင်းရဲ့လား "

" အင်း ချစ်စရာလေး "

ဘာ... ဘယ်လို ဒီလူကြီးကဘယ်လိုဖြေလိုက်တာ !

ရိပေါ်က မယုံကြည်နိုင်စွာဖြင့် ရှောင်းကျန့်ရဲ့ မျက်နှာကို မော့ကြည့်လိုက်သည် ။ပြီတီတီနဲ့ ဦးကို လက်မောင်းတွေကို ဆွဲကိုက်ပစ်ချင်သည်။

ရိပေါ် စိတ်ထဲမှာတော့ ရှောင်းကျန့်ကို တဘုန်းဘုန်းနဲ့ရိုက်ပြီး ဆံပင်တွေပါဆောင့်ဆွဲပြီးနေပြီ။

" ရှောင်းကျန့် နင်တို့နှစ်ယောက်တည်းဆိုရင် ငါတို့ဝိုင်းလာထိုင်လေ။ ငါလည်း ငါ့သားနဲ့သမီးနဲ့သုံးယောက်တည်းလာတာ။ လူများတော့ ပိုစည်တာပေါ့။ မတွေ့ရတာကြာတော့ ရှေးဟောင်းနှောင်းဖြစ်တွေလည်းပြောရင်းစားကြမယ်လေ။ နင်လည်း အချိန်ရတယ်မလား "

Wait ! What နေပါဦး ဒါဆို ရှေ့ကမိန်းမက အပျိုမဟုတ်ဘူးပေါ့။ ဦးကို အကောင့်လာတောင်းပြီး ကြောင်တဲ့ မိန်းမ မဟုတ်ဘူးလား။

ဒါဆို ရိပေါ် တစ်ယောက်တည်း ဒရမ်မာချိုးနေမိတာပဲ။

ခုနက ရိပေါ် အတွေးထဲမှာ နှာခေါင်းသွေးယိုပြီး ခခယယတောင်းပန်နေတဲ့ ဦးကိုတောင်သနားလာသည် ။ စိတ်ကူးထဲမှာ ဦးကို အသားကုန်ထုရိုက်နေပြီး ဦးက ရိပေါ်ကို ဒူးထောက် တောင်းပန်နေတဲ့ပုံစံကို ပုံဖော်ကြည့်နေမိသည်လေ။

ရိပေါ် မကောင်းဘူးနော်။ဟုတ်တယ်မလား ဦး !

" သြော် ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါကိုယ့် သူငယ်ချင်းဟောင်း ဝေ့ဝေ့ တဲ့။ "

ရည်းစားဟောင်းလို့များမိတ်ဆက်ပေးလိုက်ရင် ချာတိတ်တို့ ဘယ်လိုပုံစံဖြစ်သွားမလဲ သိချင်လှသည်။

ဒါပေမယ့် ငိုမဲ့မဲ့ဖြစ်လာမယ့် မျက်နှာလေးကို မြင်ယောင်လာသည်မို့ မစတာကောင်းမယ်ဟုထင်သည်။ ရိပေါ်ကတော့ မပြုံးချင်ပြုံးချင်ပြုံးပြပြီး ဝေ့ဝေ့ဆိုတဲ့ အစ်မကြီးကို နှုတ်ဆက်လိုက်ရ၏။

သူ့ရဲ့ တူလေးဆိုပြီး သူများကို မိတ်ဆက်ပေးတဲ့ ဦးကို အပြန်ကျ စိတ်ဆိုးပစ်ပါဦးမည်။

နှုတ်ခမ်းရော ပါးရော အာဘွားမပေးခိုင်းတော့ပါ။

TBC......

(Zawgyi)

ေရွာင္းက်န့္က အလိုလိုက္ေနေတာ့ ရိေပၚလည္း အဆင္ေျပေနသည္။အထက္တန္းစာေမးပြဲၿပီးေတာ့ တကၠသိုလ္မတက္ရေသးခင္စပ္ၾကားမွာ ရိေပၚက ဘာမွလုပ္စရာမရွိပါ။ ဒါေၾကာင့္ ေန႕တိုင္း စာအုပ္ဆိုင္ကိုလာၿပီး ေရွာင္းက်န့္က္ို ဖြန္လာေၾကာင္ရသည္။

ေရွာင္းက်န့္က ရိေပၚကို ဖက္လိုက္နမ္းလိုက္သာလုပ္တာ အသက္ ၂၀ မျပည့္ေသးဘူးဆိုၿပီး ခုထိအေျဖမေပးေသး။ ရိေပၚကသာ စိတ္ရွည္ရွည္နဲ႕ ဦးက္ို ေစာင့္ေနရသည္။

အခု ရိေပၚက ေရွာင္းက်န့္ရဲ႕ တိုက္ခန္းကို အလည္ေရာက္ေနတာျဖစ္သည္။ ေရွာင္းက်န့္ေနတဲ့ ေနရာကို လိုက္ခ်င္ပါတယ္လို႔ အခါတစ္သိန္းေလာက္ပူဆာလိုက္ရ၏။

အခုလည္း ရိေပၚကို သူ႕အိမ္ေခၚလာၿပီး ဧည့္ခန္းထဲမွာ  စာအုပ္ထိုင္ဖတ္ေနသတဲ့။

" ဦးက အစုတ္ပလုတ္ အဖိုးႀကီး "

ရိေပၚက စားပြဲေပၚလက္တင္ၿပီး ေရွာင္းက်န့္ကို ေမးေထာက္ၾကည့္ေနရင္း စိတ္ထဲကမေက်မနပ္သံက ပါးစပ္ကေနအလိုလိုထြက္သြားတာျဖစ္သည္။

" ေဟး ခ်ာတ္ိတ္ ဘာေျပာလိုက္တာ "

ေရွာင္းက်န့္က ၾကားသြားေတာ့ ရိေပၚက သူဘာမွမေျပာသလို ဟန္ေဆာင္လိုက္ရသည္။

" ဘာ... ဘာမွမဟုတ္ပါဘူး "

" ခုနက ၾကားလိုက္ပါတယ္ ဘာတဲ့ ..  "

" ဦးက အစုတ္ပလုတ္ႀကီး အဖိုးႀကီးလို႔ေျပာတာ သိၿပီလား "

ရိေပၚလည္း ဦးကို အျမင္ကတ္တာနဲ႕ အမွန္ပဲေျပာခ်လိဳက္ေတာ့သည္။

ဟုတ္တယ္ လူက အိုေနၿပီကို။ ရိေပၚလို လတ္လတ္ဆတ္ဆတ္ ႏုႏုထြတ္ထြတ္ေလးလာႀကိဳက္တာကို ေသေအာင္ မူတုန္း!

ထိုအခါ ေရွာင္းက်န့္က စာအုပ္ကိုခ်ၿပီး မ်က္ခုံးေတြကို က်ဳံ႕ကာ ရိေပၚကိုၾကည့္လိုက္သည္။

" ေနပါဦးခ်ာတိတ္ ကိုယ္က ခုမွသုံးဆယ္ေက်ာ္ေက်ာ္ရွိေသးတာေနာ္။ ဦးအ႐ြယ္ေတာင္မေရာက္ေသးတာ။ ဘယ့္ႏွယ့္ အဖိုးႀကီးတုန္း။ တကယ္ဆိုမင္းက ဦးလို႔ေတာင္မေခၚသင့္ဘူး။ ကိုကိုပဲျဖစ္ျဖစ္ ေခၚရင္ေတာင္ ဟုတ္ဦးမယ္။ "

ရိေပၚက ႏႈတ္ခမ္းေတြကို မဲ့႐ြဲ႕ပစ္လိုက္သည္။ သူ႕အေဖနဲ႕ ဦးနဲ႕မွ အသက္က ဘယ္ေလာက္မွ မကြာတာကို။

ေနပါဦး ကြာေတာ့ ကြာတယ္ ပါပါးထက္ ကိုးႏွစ္လား ဆယ္ႏွစ္လားငယ္တယ္ထင္တာပဲ။ ဦးက ပါပါးရဲ႕ ဂ်ဴနီယာ။

ပါပါးက အသက္ ေလးဆယ့္သုံးဆိုေတာ့ ဦးက သုံးဆယ့္ေလးေလာက္ေတာ့ ရွိမည္။ ေသခ်ာစဥ္းစားၾကည့္မွ ရိေပၚက ဦးရဲ႕ အသက္ကိုေတာင္ ေသခ်ာမသိေသးဘူး။ ဦးအေၾကာင္းေကာပဲ ဘာဆိုဘာမွ ေကာင္းေကာင္းမသိေသးပဲ ရိေပၚက ဦးကို လာေၾကာင္ေနမိတာပင္။

ေတြးၾကည့္လိုက္ရင္ ရိေပၚက ဦးအေၾကာင္းစုံစမ္းဖို႔ရာ အမ်ားႀကီးလိုေသးသည္ပဲ။

" မေခၚနိုင္ပါဘူး။ ဦး လို႔ေခၚတာ ပိုၿပီး ရိုမက္တစ္ဆန္သလိုခံစားရတယ္ေလေနာ္။ ဦး... ဦး။ ဦးလို႔ "

ခ်က္ခ်င္းပဲ ရိေပၚက ေရွာင္းက်န့္ရဲ႕ ေပါင္ေပၚကို တက္ထိုင္လိုက္သည္။ ေရွာင္းက်န့္က ရိေပၚရဲ႕ ခါးကို ျပန္ဖက္ထား၏။

မ်က္လုံးေလးေပကလပ္ ေပကလပ္နဲ႕ ခ်စ္စရာေကာင္းေအာင္လုပ္ျပေနတဲ့ ဒီေကာင္ေလးက တကယ့္ကေလးေလးက်ေနတာပဲဟု ရိေပၚရဲ႕ မ်က္ႏွာကို ေစ့ေစ့ကၾကည့္ရင္း ေတြးေနမိသည္။

" ကေလးပဲရွိတာကို လာရိုခ်င္ေနေသးတယ္ "

ေရွာင္းက်န့္က က ရိေပၚ ရဲ႕ႏွာေခါင္းလုံးလုံးေလးကို ဆြဲညွစ္ပစ္လိုက္သည္။ အရႈပ္ထုပ္ေလးမွာ အသည္းယားစရာေကာင္းတဲ့ ပါးေဖာင္းေဖာင္းေလးေတြလည္းရွိသည္။

" ဦး "

" ဦးလို႔ "

ေရွာင္းက်န့္ရဲ႕လက္ေမာင္းကို ရိေပၚက ကိုင္လႈပ္ၿပီး ခြၽဲေနေပမယ့္ေရွာင္းက်န့္က အင္းလည္းမလုပ္အဲလည္းမလုပ္။

ရိေပၚကို အေျဖျပန္ေပးသင့္လား မသင့္လားစဥ္းစားေနတာျဖစ္သည္။

ရိေပၚက အသက္ ၁၈ ျပည့္သြားၿပီဆိုေပမယ့္ အရမ္း ငယ္ေသးသည္ဟုထင္သည္။
ၿပီးေတာ့ ကိုယ့္အသက္ကလည္း ခ်ာတိတ္ထက္ ဆယ္စုႏွစ္တစ္ခုစာေလာက္ႀကီးသည္။

ခ်ာတိတ္နဲ႕ ကိုယ္နဲ႕က ဆယ္ႏွစ္ေက်ာ္ေတာင္ကြာသည္။ ခ်ာတိတ္ကို ျပန္သေဘာက်ခဲ့ရင္ေတာင္ ကိုယ့္အသက္အ႐ြယ္ကိုယ္ ျပန္ငဲ့ညာရေသးသည္။

သူ႕အ႐ြယ္နဲ႕ ခ်ာတိတ္အ႐ြယ္က တြဲဖို႔ေကာ ထိုက္တန္ရဲ႕လား။

တကယ္လို႔သာ  ခ်ာတိတ္နဲ႕ ရည္းစားျဖစ္သြားၿပီဆ္ိုပါစို႔ ။ ရည္းစားေတြလုပ္မယ့္အရာေတြအျပင္ အဆင့္လည္းပိုတက္နိုင္သြားသည့္အတြက္ ကိုယ့္စိတ္ကို ထိန္းေနတာပဲျဖစ္သည္။

ရည္းစားျဖစ္သြားတာနဲ႕ ဒီေကာင္ေလးကို အရယူမိမွာစိုးရိမ္သည္။ ဒါေၾကာင့္ ဘာေခါင္းစဥ္မွ မရွိတဲ့ ဆက္ဆံေရးနဲ႕ ခ်ာတိတ္ကို ဖက္လိုက္နမ္းလိုက္သာလုပ္ေနမိတာ မွားမ်ားမွားေနၿပီလားလို႔ေတြးမိသည္။

ယတိျပတ္ ျငင္းလိုက္ရင္လည္း ရိေပၚစိတ္ထိခိုက္သြားမွာစိုးသည္။  ဒီေလာက္ခ်စ္စရာေကာင္းတဲ့ ခ်ာတိတ္ကို ေရွာင္းက်န့္လည္း သေဘာက်ပါသည္။

" ကိုကိုလို႔ေခၚ "

" မေခၚနိုင္ပါဘူး။ "

" မေခၚရင္ျပန္ေတာ့ "

" မျပန္နိုင္ပါဘူး "

သူ႕အသက္အ႐ြယ္နဲ႕မ်ားကိုကို အေခၚခံခ်င္ေသးတယ္  !
ရိေပၚက ဘုဆတ္ဆတ္ေတြးလိုက္သည္။

ဦးနဲ႕ ညားရင္ ဒယ္ဒီလို႔ ေခၚရမည္ေလ။ ဟိဟိ။

" အဲတာဆို ငါအျပင္သြားေတာ့မယ္။ မင္းက ငါ့အိမ္ထဲ တစ္ေယာက္တည္းေနခ်င္ေနခဲ့ေပါ့ "

ေရွာင္းက်န့္က သူ႕ေပၚထိုင္ေနတဲ့ ရိေပၚကို ဖယ္ခိုင္းေတာ့  ရိေပၚက မဖယ္ေပးတဲ့အျပင္ ေရွာင္းက်န့္ကို အပီအျပင္ခြထားကာ ဖက္ပစ္လိုက္သည္။

" မုန့္လိုက္ဝယ္ေကြၽး "

" ဦးလို႔ေခၚရင္ မဝယ္ေကြၽးဘူး။ "

" ဟုတ္ၿပီေလ "

ရိေပၚက ေရွာင္းက်န့္ရဲ႕ ပါးႏွစ္ဖက္ကိုကိုင္ၿပီး     ႁပြတ္ခနဲ ႏႈတ္ခမ္းကို ဖိနမ္းပစ္လိုက္၏။

" ကိုကို မုန့္လိုက္ဝယ္ေကြၽးေနာ္ ေနာ္လ္ို႔ "

ကိုကိုလို႔ေခၚခံလိုက္ရေတာ့ ေရွာင္းက်န့္က ေတာင့္ေတာင့္ႀကီးျဖစ္သြားေလ၏ ။ ရိေပၚကေတာ့ ေရွာင္းက်န့္ရဲ႕ ပခုံးေပၚမ်က္ႏွာကို ေမွာက္ၿပီး ဖြက္ထားလိုက္သည္။

ဦးကို ကိုကိုလို႔ ေခၚရတာ လွ်ာယားခ်င္စရာႀကီး။
.
.
.
.
.
.

အစားစားေနၾကတုန္း ေရွာင္းက်န့္တို႔ဝိုင္းကို ေကာင္မေလးႏွစ္ေယာက္ ေရာက္လာသည္။

ေရွာင္းက်န့္က  သူတို႔ စတိုင္ျဖစ္ေနလို႔ We chat အေကာင့္လာေတာင္းတာျဖစ္၏။

ရိေပၚကေတာ့ မ်က္လုံးကိုေမွးက်ဥ္းၿပီး မမွိတ္မသုန္ၾကည့္ေနလိုက္သည္။ ရင္ထဲမွာေတာ့ ေျဗာင္းဆန္ေနၿပီ။

ဦးက ဟိုအစ္မႀကီးေတြကို အေကာင့္ေပးလိုက္ေတာ့မွာလားဆိုၿပီး ရင္တဒိတ္ဒိတ္။

" ေရွာင္ေကာေကာက ရည္းစားရွိလား။ လုံးဝညီမတို႔ စတိုင္မို႔ပါ ခင္လို႔ရမလား ။ we chat အေကာင့္ေကာ ေပးပါလား "

မိန္းကေလးေတြတန္မဲ့ အရွက္မရွိ အေကာင့္လာေတာင္းေနတဲ့ အစ္မႀကီးေတြကို ရိေပၚက မ်က္ေစာင္းေတြပစ္သြင္းေနလိုက္သည္။

ၿပဳံးစိစိမ်က္ႏွာေပးနဲ႕ ဦးကိုလည္း ဆြဲကုတ္ပစ္ခ်င္သည္ ။ official  ရည္းစားစကားေျပာထားတဲ့ ရိေပၚကို ေရွ႕တည့္တည့္မွာထားၿပီး တျခားမိန္းကေလးေတြနဲ႕ flirt ေနသလို ခံစားရသည္။

" အားနာပါတယ္ ညီမတို႔ "

" အယ္ဘာလို႔လဲ။ ရည္းစားရွိလို႔လား "

ေရွာင္းက်န့္က ျငင္းလိုက္ေတာ့ ရိေပၚကေပ်ာ္သြားေပမယ့္ ေကာင္မေလးေတြကေတာ့ စစ္လားေမးလားလုပ္လာသည္။

ဦးက အေကာင့္မေပးဘူးဆိုေတာ့ က်န္တာက ရိေပၚၾကည့္လုပ္လိုက္မည္။ အခက္ေတြ႕ေနတဲ့ ဦးကို ရိေပၚက ကာကြယ္ေပးသင့္သည္ေလ။

" ရည္းစားမရွိဘူး။ ေယာက်ာ္းရွိတယ္ေလ။ ကြၽန္ေတာ္က သူ႕ေယာက်ာ္းပဲ "

ရိေပၚက ေျပာခ်လိဳက္ေတာ့  ေရွာင္းက်န့္က ဟင္းရည္ပါသီးသြားေလသည္။

" ေလာင္ကုန္းကလည္း ေျဖးေျဖးစားေလ ဟင္းရည္ေတာင္သီးကုန္ၿပီ "

ရိေပၚလည္း ရတဲ့အခြင့္အေရးကိုအသုံးခ်ၿပီး ေလာင္ကုန္းလို႔ပါ ေခၚခ်ပစ္လိုက္သည္။ ဟင္းရည္ေပေနတဲ့ ေရွာင္းက်န့္ရဲ႕ ႏႈတ္ခမ္းေထာင့္စြန္းကို တစ္ရႈးနဲ႕ လွမ္းသုတ္ေပးလိုက္ေတာ့ ေကာင္မေလးေတြက အေၾကာင္သားျဖင့္ ။

ၿပီးမွ အားနာေၾကာင္းေျပာၿပီး အင္တင္တင္နဲ႕ ထြက္သြားၾကေတာ့သည္။

" ဘယ္လိုလဲ ကြၽန္ေတာ္ ေတာ္တယ္မလား ဟီးဟီး "

ရိေပၚက မ်က္လုံးေတြ မွိတ္က်တဲ့အထိ ရယ္ျပလိုက္သည္။ ဦးကို ေလာင္ကုန္းလို႔ေခၚလ္ိုက္ရတဲ့အျပင္ We chat အေကာင့္ေတာင္းခံရတဲ့ အႏၲရာယ္မွ ကာကြယ္ေပးနိုင္လိုက္သည့္အတြက္ ဂုဏ္ယူေနမိသည္။

.
.
.
.
.
.

" ကိုယ္ ခနသန့္စင္ခန္းသြားဦးမယ္ေနာ္ "

စားၿပီးေသာက္ၿပီး ေရွာင္းက်န့္က သန့္စင္ခန္းသြားဖို႔လုပ္သည္။

" ကြၽန္ေတာ္လည္းလိုက္မယ္ "

ခုနကမွ ဦးကို ေကာင္မေလးေတြက We chat အေကာင့္ေတာင္းထားတာမို႔ ရိေပၚက စိတ္မခ် ။ သူပါေနာက္ကလိုက္ေစာင့္ေရွာက္ရမည္ေလ။

သန့္စင္ခန္းဝင္ၿပီး ထြက္အလာ ေကာင္မေလးတစ္ေယာက္နဲ႕ ေရွာင္းက်န့္ကဝင္တ္ိုက္မိသည္။

"ေဆာရီးေနာ္ ဘယ္နားထိသြား ... အမ္ ေဝ့ေဝ့ "

ျဖစ္ခ်င္ေတာ့ အဲ့ေကာင္မေလးက ေရွာင္းက်န့္ရဲ႕ရည္းစားေဟာင္း ေဝ့ေဝ့  ။ ရည္းစားေဟာင္းအျပင္ ေျပာမနာဆိုမနာ သူငယ္ခ်င္းအရင္းႀကီးျဖစ္ဖူးေသးသည္။

" ေၾသာ ဘယ္သူပါလိမ့္လို႔ ေရွာင္းက်န့္ပဲကိုး။"

" အင္း ေနေကာင္းလား "

ေရွာင္းက်န့္က ရည္းစားေဟာင္းကိုျပန္ေတြ႕ေတာ့ နည္းနည္းရွိန္ေနသည္။ ယခုလိုျပန္ေတြ႕ေတာ့ ရွက္သလိုလိုနဲ႕ ဘာလိုလိုနဲ႕ ဂုတ္ပိုးကို ပြတ္လို႔။ ရိေပၚက အိမ္သာထဲကထြက္မလာေသး။

" ေကာင္းပါတယ္ ။ ဒါနဲ႕ တစ္ေယာက္တည္းလား "

ေဝ့ေဝ့က ေမးလာေတာ့  မေကာင္းတတ္လို႔သာျပန္ေျပာလိုက္ရသည္။ ရည္းစားေဟာင္းျဖစ္ၿပီး မေတြ႕ရတာလည္း အေတာ္ၾကာၿပီ။ 

" အင္း တစ္ေယာက္တည္းမဟုတ္ဘူး .... ဟို "

ထိုအခ်ိန္တြင္ ေနာက္မွ ရိေပၚရဲ" ဦး " ဆိုၿပီး လွမ္းေခၚသံတစ္ခုၾကားလိုက္ရသည္။ ရိေပၚက  အေျပးလာၿပီး ေရွာင္းက်န့္ရဲ႕ လက္ေမာင္းကို လက္ႏွစ္ဖက္ႏွင့္ဖက္တြယ္ထားလိုက္သည္။

ေနာက္ထပ္တစ္ေယာက္က ဦးက္ိုလာၿပီးေၾကာင္ေနတာလားဟု ေဒါသေတာင္ထြက္သြားေသးသည္။

အာ .... ဒါနဲ႕ ေလာင္ကုန္းလို႔ေအာ္လိုက္ရမွာကို အက်င့္ပါေနတဲ့ပါးစပ္က ဦးတဲ့ ခ်ီး ... ေသလိုက္ပါေတာ့ ဝမ္ရိေပၚ။

ဒါေပမယ့္ ဦးက  ရိေပၚရဲ႕ အပိုင္ဆိုတဲ့ ပုံစံနဲ႕ မ်က္ႏွာကိုပါ ေမာ့ခ်ီထားလိုက္သည္။

" ဒါနင့္တူေလးလား "

ဦးက သူ႕အပိုင္ပုံစံဖမ္းထားပါတယ္ဆိုမွ တူေလးလားလို႔ဆိုေတာ့ ရိေပၚရဲ႕ မ်က္ႏွာကို ျဖတ္ရိုက္သြားသလိုပင္။ အခုက သူတို႔က တူဝရီး ပုံစံေပါက္ေနလို႔လား။

ေဝ့ေဝ့က ေမးလိုက္ေတာ့ ေရွာင္းက်န့္ က တစ္ခ်က္ရယ္သည္။

" ခြီး " ေသာက္ကေလး ဦးနဲ႕ကေလးဆိုၿပီး ရိုမက္တစ္ဆန္ခ်င္ဦးေလ။ အစကတည္းက ေခၚခိုင္းသလိုကိုကိုလို႔ေျပာလိုက္ရင္ၿပီးေရာကို ။ ေကာင္းတယ္  !

ရိေပၚက ကစိတ္တိုၿပီးမ်က္ႏွာကိုရဲလို႔။ ဘာတူေလးလဲ။ ဒီေလာက္သိသာေနတာႀကီးကို။

တူက ဦးေလးလက္ေမာင္းကို ခ်ိတ္ၿပီး ဒီလိုခြၽဲမလားလို႔ စဥ္းစားၾကည့္ၾကပါဦး ノಠ_ಠノ

ဒါေပမယ့္ ေရွာင္းက်န့္က ဘာေျပာမလဲသိခ်င္တာနဲ႕ ရိေပၚ ဘာမွျဖတ္မေျပာမိ။

ဦးကသာဘာမွျပန္မေျပာရင္ ကြၽန္ေတာ္က သူ႕ေယာက်ာ္းပါလို႔ မိတ္ဆက္လိုက္ရင္ေကာင္းမလားလို႔ ေတြးေနတုန္း။

ေရွာင္းက်န့္ ကလည္း ရိေပၚ ကိုစခ်င္တာနဲ႕ ေဝ့ေဝ့စကားကို ေထာက္ခံလိုက္သည္။

" ဟုတ္တယ္ ဒါကိုယ့္တူေလးေလ။ ဘယ္လိုလည္းခ်စ္စရာေကာင္းရဲ႕လား "

" အင္း ခ်စ္စရာေလး "

ဘာ... ဘယ္လို ဒီလူႀကီးကဘယ္လိုေျဖလိုက္တာ !

ရိေပၚက မယုံၾကည္နိုင္စြာျဖင့္ ေရွာင္းက်န့္ရဲ႕ မ်က္ႏွာကို ေမာ့ၾကည့္လိုက္သည္ ။ၿပီတီတီနဲ႕ ဦးကို လက္ေမာင္းေတြကို ဆြဲကိုက္ပစ္ခ်င္သည္။

ရိေပၚ စိတ္ထဲမွာေတာ့ ေရွာင္းက်န့္ကို တဘုန္းဘုန္းနဲ႕ရိုက္ၿပီး ဆံပင္ေတြပါေဆာင့္ဆြဲၿပီးေနၿပီ။

" ေရွာင္းက်န့္ နင္တို႔ႏွစ္ေယာက္တည္းဆိုရင္ ငါတို႔ဝိုင္းလာထိုင္ေလ။ ငါလည္း ငါ့သားနဲ႕သမီးနဲ႕သုံးေယာက္တည္းလာတာ။ လူမ်ားေတာ့ ပိုစည္တာေပါ့။ မေတြ႕ရတာၾကာေတာ့ ေရွးေဟာင္းေႏွာင္းျဖစ္ေတြလည္းေျပာရင္းစားၾကမယ္ေလ။ နင္လည္း အခ်ိန္ရတယ္မလား "

Wait ! What ေနပါဦး ဒါဆို ေရွ႕ကမိန္းမက အပ်ိဳမဟုတ္ဘူးေပါ့။ ဦးကို အေကာင့္လာေတာင္းၿပီး ေၾကာင္တဲ့ မိန္းမ မဟုတ္ဘူးလား။

ဒါဆို ရိေပၚ တစ္ေယာက္တည္း ဒရမ္မာခ်ိဳးေနမိတာပဲ။

ခုနက ရိေပၚ အေတြးထဲမွာ ႏွာေခါင္းေသြးယိုၿပီး ခခယယေတာင္းပန္ေနတဲ့ ဦးကိုေတာင္သနားလာသည္ ။ စိတ္ကူးထဲမွာ ဦးကို အသားကုန္ထုရိုက္ေနၿပီး ဦးက ရိေပၚကို ဒူးေထာက္ ေတာင္းပန္ေနတဲ့ပုံစံကို ပုံေဖာ္ၾကည့္ေနမိသည္ေလ။

ရိေပၚ မေကာင္းဘူးေနာ္။ဟုတ္တယ္မလား ဦး !

" ေၾသာ္ ဒါနဲ႕ မိတ္ဆက္ေပးရဦးမယ္။ ဒါကိုယ့္ သူငယ္ခ်င္းေဟာင္း ေဝ့ေဝ့ တဲ့။ "

ရည္းစားေဟာင္းလို႔မ်ားမိတ္ဆက္ေပးလိုက္ရင္ ခ်ာတိတ္တို႔ ဘယ္လိုပုံစံျဖစ္သြားမလဲ သိခ်င္လွသည္။

ဒါေပမယ့္ ငိုမဲ့မဲ့ျဖစ္လာမယ့္ မ်က္ႏွာေလးကို ျမင္ေယာင္လာသည္မို႔ မစတာေကာင္းမယ္ဟုထင္သည္။ ရိေပၚကေတာ့ မၿပဳံးခ်င္ၿပဳံးခ်င္ၿပဳံးျပၿပီး ေဝ့ေဝ့ဆိုတဲ့ အစ္မႀကီးကို ႏႈတ္ဆက္လိုက္ရ၏။

သူ႕ရဲ႕ တူေလးဆိုၿပီး သူမ်ားကို မိတ္ဆက္ေပးတဲ့ ဦးကို အျပန္က် စိတ္ဆိုးပစ္ပါဦးမည္။

ႏႈတ္ခမ္းေရာ ပါးေရာ အာဘြားမေပးခိုင္းေတာ့ပါ။

TBC......

Continue Reading

You'll Also Like

1.4M 32K 60
In which Daniel Ricciardo accidentally adds a stranger into his F1 group chat instead of Carlos Sainz.
814K 32.6K 38
On that fateful Halloween night, Lily and James survived while Voldemort apparently 'marked' Harry Potter as his equal. Aria Potter, twin sister of...
294K 7.2K 53
what will happen to ayasha (๐Ÿถ) after their marriage contract with mikael (๐ŸฆŠ) ended? Knowing that she's pregnant with the billionaire? This story a...
116K 6.4K 24
to love and be loved is to feel the sun from both sides. โ”โ” love island usa 2024, s6 โ”โ” kordell beckham x oc