ကမ္ဘာပျက်ကပ်မှာ ကျွန်​တော်ဝက်...

By MayPhyoThu

14.9K 1.6K 7

အချိုကြိုက်သူများအတွက် သကြားလုံး​လေးပါ​နော်❤ Oneshot ​လေးပါပဲ! More

Ch-1 (ပ)
(ဒု)
(စ)
Ch-2 🚨🚗🚨 (End)

(တ)

2.3K 311 0
By MayPhyoThu

[Unicode]
အခန်း ၁ (တ)

တံခါးကို သော့ခတ်ထားတာမို့ အန္တရာယ် မရှိ​ပါ​ပေ။

သူတစ်ရေးတစ်မော အိပ်မောကျနေစဉ်မှာ စွန်းလင်းသည် အေးစက်သည့်လက်တစ်စုံက သူ့မျက်နှာကို ပွတ်သပ်​နေသလို ခံစားလိုက်ရသည်။ အေးလွန်းတာမို့ သက်ရှိလက်လို့ပင် မခံစားရ​ပေ။

"!!!" သူခုန်ထလိုက်ရာ စစ်ဝမ်၏ ချောမောသော်လည်း ကြောက်စရာကောင်းသော မျက်နှာနှင့် မျက်နှာချင်းဆိုင်သွားရသည်။

"မိန်းမ နိုးလာပြီပဲ။" စစ်ဝမ်က အံ့အားသင့်သွားသော စွန်းလင်းကိုကူညီကာ ထိုင်​စေရင်း ပြုံးလိုက်သည်။

"ခင်ဗျားဒီမှာဘာလုပ်နေတာလဲ၊ ခင်ဗျားဘယ်လိုဝင်လာတာလဲ၊ ကျွန်​တော်တံခါးကိုသော့ခတ်ထားတာ​လေ!" စွန်းလင်းက ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။

ဖုတ်​ကောင်က တံခါးကို တိတ်တဆိတ်ဖွင့်လာနိုင်ခြေကို သူ ခဏလောက် စဉ်းစားမိခဲ့မည်ဆိုလျှင် သူ ဤမျှသက်တောင့်သက်သာဖြင့် အိပ်ပျော်သွားမှာ မဟုတ်​ပေ။

"ကိုယ့်မှာသော့တွေရှိတယ်။" စစ်ဝမ်က စွန်းလင်းကို လှောင်ပြောင်နေသလို စွန်းလင်း၏ မျက်နှာရှေ့တွင် သော့များ ဝှေ့ယမ်းပြလာသည်။

"...." အိုး...

"အိုး!" ဒီဖုတ်ကောင်စုတ်​ကတော့။

"မိန်းမ၊ စိတ်မဆိုးပါနဲ့၊ ကိုယ်မင်းအတွက် စားစရာတစ်ခုခုလုပ်ထား​​ပေးတယ်။" စစ်ဝမ်က စားပွဲပေါ်က ဗန်းကို ကောက်ကိုင်လိုက်ပြီး စွန်းလင်းရှေ့မှာ ချ​ပေးလိုက်သည်။ သူ၏​တောင့်တင်းသော မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သောအပြုံးတစ်ခုရှိ​နေသည်။

စွန်းလင်းသည် အရသာရှိသော အစားအစာ၏ ရနံ့ကို ရှူရှိုက်မိလိုက်သည်နှင့် ကြောက်ရွံ့မှုများအားလုံး ပျောက်ကွယ်သွားရသည်။

ဩော်၊ ဒီဖုတ်ကောင်က ဘယ်လောက်​တောင် ကြင်နာတတ်လဲ ကြည့်ကြည့်လိုက်စမ်း! ပြီး​တော့ ဒီအရသာရှိတဲ့ အစားအစာကိုလည်း ကြည့်​လိုက်ကြစမ်းပါ!

ဖုတ်ကောင်၏ ပခုံးကိုပုတ်​ပေးလိုက်ပြီး စားပွဲမှာထိုင်လိုက်ကာ သူ စတင်စား​သောက်​တော့သည်။

အင်၊ အရမ်းကောင်းတယ်! အရမ်းအရသာရှိတယ်၊ အရမ်း​ကျေနပ်တယ်!

အစားမက်သူသည် အမြဲတမ်း အစားမက်သူတစ်ဦးသာ ဖြစ်​နေမည်ဟု ခန့်မှန်းရသည်၊ ထို့အပြင် သူ၏အစားအသောက်​ပေါ် နှစ်သက်ခုံမင်မှုမှာ အလွန်ကြီးမားသည်။

"ကောင်းလိုက်တာ! အရမ်းကောင်းတယ်!" စွန်းလင်းက နှုတ်ခမ်းများကို အားရပါးရ သပ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရ​သော စစ်ဝမ်၏ မျက်ဝန်းများ ​မှောင်မိုက်သွားသည်။ စွန်းလင်းသည် အလွန်ဆွဲဆောင်မှုရှိသော လူသားတစ်ဦးဖြစ်ပြီး အဆိုးဆုံးမှာ ယခု​လော​လောဆယ် သူမည်မျှအထိ ဖြား​ယောင်းနေမိမှန်း သူ့ကိုယ်သူပင် မသိ​နေပေ။

"မင်းကြိုက်တာကောင်းတာ​ပေါ့။ မင်းလိုချင်တာမှန်သမျှ ကိုယ်လုပ်​ပေးမယ်။" စစ်ဝမ်သည် စွန်းလင်း၏ ဆံပင်များကို ဖွလိုက်ပြီး ရုံးခန်းထဲမှ ထွက်သွားသည်။

စွန်းလင်းက ဂရုမစိုက်​ပေ။ အလွန်အရသာရှိ​နေတာ​ကြောင့် ဆက်သာစား​နေသည်။ စား​​​သောက်ပြီးသောအခါ အ​ကြောဆန့်လိုက်ပြီး ပြန်အိပ်လိုက်သည်။

အခု​လော​လော​ဆယ်​တော့ ဤထူးခြားသောဖုတ်ကောင်သည် သူ့ကိုဝါးမျိုစား​သောက်ဖို့ မရည်ရွယ်ထားပုံပင်။ သူ့ကိုကျွေး​မွေးဖို့ပင် ဆန္ဒရှိ​သေးသည်။

မိန်းမဟု ခေါ်ခြင်းက နည်းနည်းတော့ အဆင်မပြေ​သော်လည်း အစားအသောက်ကောင်းများ ​ကျွေး​နေနိုင်သရွေ့ စွန်းလင်းသည် ထိုကိစ္စကို လျစ်လျူရှုထား​ပေးနိုင်သည်။

သူက ဝက်တစ်ကောင်လိုသာ နေထိုင်ချင်ပြီး တခြားဘာမှ အရေးမကြီး​ဘူး!

စွန်းလင်းနှင့် စစ်ဝမ်တို့သည် တစ်လနီးပါး အတူနေထိုင်ခဲ့ကြသည်။

စစ်ဝမ်သည် စွန်းလင်းအတွက် အရသာရှိသော အစားအစာများကို နေ့တိုင်း ပြင်ဆင်ပေးကာ သူ့ကို နည်းအမျိုးမျိုးဖြင့် အလိုလိုက်မြတ်နိုးကာ အမြဲတ​စေ ပွေ့ဖက်ပြီး အိပ်တတ်သည်။

    နောက်ဆုံးတော့၊ ​နောက်ဆုံး​​တော့ စွန်းလင်းသည် ​​ဝက်တစ်ကောင်လို ရှင်သန်နေထိုင်​နေရပြီ!

သူ့ဘဝမှာ စား​သောက်ပြီး အိပ်စက်ရုံသာ။ ထို့အပြင် စစ်ဝမ်သည် သူ့ကိုခစား​ပေးနေသည်။ စွန်းလင်းသည် ကြွက်သားများကို လှုပ်ရှားရန်ပင် မလိုအပ်ပေ၊ စစ်ဝမ်သည် သူ့ကို ကျွေးမွေးပြီး ရေချိုးပေးကာ အ၀တ်အစားပါ ဆင်ယင်ပေးသောကြောင့် ပင်။

ဟုတ်တယ်​လေ၊ တကယ့်ဝက်တစ်​ကောင်ရဲ့ဘဝ​ပေါ့!

"မိန်းမ၊ နေ့လည်စာ ဘာစားချင်လဲ။" စစ်ဝမ် ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် စွန်းလင်းသည် ဆိုဖာပေါ်တွင် ငါးသေတစ်ကောင်လို လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

သူက အဖြူရောင်တီရှပ်ပွ​ယောင်း​ယောင်း၊ မီးခိုးရောင်အတွင်းခံ​​​ဘောင်းဘီတိုနှင့် အဖြူရောင်ခြေအိတ်ရှည်တစ်စုံကို ၀တ်ဆင်ထားကာ သူ့ခန္ဓာကိုယ်သည် သန့်စင်ပြီး နူးညံ့သိမ်မွေ့ပုံ​ပေါ်​နေသည်။

ယုန်က​လေးနှယ် ချစ်စရာကောင်း၏၊ မြေခွေးလိုလည်း ညို့ဓါတ်ပြင်းသည်။

"အမ်၊ ကျွန်​တော် ပုဇွန်ဖက်ထုပ် စားချင်တယ်။" စွန်းလင်းက ခြေတံရှည်တွေကို ဆန့်ထုတ်ရင်း စကားဆိုလာ​တော့ စစ်ဝမ်မှာ ခက်ခက်ခဲခဲနှင့် တံ​တွေးမျိုချမိသွားသည်။

သူ အဲဒီခြေထောက်တွေကို နမ်းချင်တယ်...

"ခဏစောင့်​ပေး၊ ကိုယ်မင်းအတွက် ပြင်ဆင်​ပေးမယ်။"

စွန်းလင်း၏ ပျော့ပျောင်းသော ဆံပင်များကို နမ်းရင်း စစ်ဝမ် တစ်ဖက်လှည့်၍ မီးဖိုချောင်ထဲ ဝင်သွားသည်။

ထိုအ​တောအတွင်း စွန်းလင်းသည် ဆဲလ်ဖုန်းဖြင့် ဂိမ်းများကစားနေသည်။

ဂြိုလ်တုအချက်ပြမှုများ အလုပ်မလုပ်တော့​ပေ၊ လန်သဲ့တွင် လျှပ်စစ်စွမ်းအင်ရှိနေသေးသောကြောင့် စွန်းလင်းမှာ ပျင်းရိငြီးငွေ့မှုကို ​ဖြေ​ဖျောက်ရန်အတွက် နေ့တိုင်း ဖုန်းဖြင့် ဂိမ်းများဆော့ကစားနေတတ်သည်။

ဂိမ်းသံများကြားမှ ရုံးခန်းတံခါးပွင့်လာသည်။ စွန်းလင်းမှာ စစ်ဝမ် သူ့အတွက် နေ့လယ်စာ ယူလာပေးသည်ဟု ထင်မှတ်ပြီး ဝမ်းသာအားရ ခုန်ထလိုက်သည်။

စွန်းလင်းသည် သေနတ်သမားအုပ်စုကို ကြည့်လိုက်ပြီး သေနတ်သမားများကလည်း စွန်းလင်းကို ကြည့်လာကြသည်။

ဘာတွေဖြစ်​နေတာလဲ။

ကမ္ဘာပျက်ကပ်အလယ်မှာ တစ်ယောက်​ယောက်က ဘာလို့ဒီ​လောက်​တောင် စိတ်အေးလက်အေး နေနိုင်ရတာလဲ။

ဒီကောင်က ဘာလို့ စူပါမားကတ်ထဲမှာ ​အေး​အေး​ဆေး​ဆေး ​နေနေတာလဲ။

သူ့ကိုပဲကြည့်လိုက်စမ်းပါ!

ဖုတ်ကောင်​တွေ ပြည့်​နေတဲ့ ကမ္ဘာပျက်ကပ်မှာ ဒီ​လောက်သန့်ရှင်းပြီး နူးညံ့သိမ်မွေ့တဲ့ တစ်စုံတစ်ယောက် ဘယ်လိုရှိနေနိုင်ရတာလဲ။ သူ့ရဲ့ ပြီးပြည့်စုံတဲ့ မျက်နှာ၊ နူးညံ့ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်ကိုသာ ကြည့်လိုက်ကြပါဦး... အံ့သြဖို့​ကောင်းလိုက်တာ လွန်​ရော!

"ညီလေး၊ မင်းဒီမှာ ဘာလုပ်နေတာလဲ၊ မင်းနဲ့ တခြားသူ​ကောရှိ​သေးလား။" လက်နက်ကိုင်​​တွေရဲ့ အဖွဲ့ခေါင်းဆောင်က ရှေ့ကို တိုးလာပြီး တတ်နိုင်သမျှ အနူးညံ့ဆုံး ​မေးလိုက်သည်။

ကျောက်စိမ်းမင်းသားလေးကို ​ခြောက်လှန့်မိမည်ကို သူစိုးရွံ့သည်။

"မ-မင်းကဘယ်သူလဲ?" စွန်းလင်းက ကြောက်ရွံ့စွာဖြင့် မေးလိုက်ရာ သူ့မျက်လုံးရွဲကြီးများက ပို၍ဝိုင်းစက်လာပြီး ကြယ်​လေးများလို တောက်ပလာ​လေသည်။

ထိုကဲ့သို့ ချစ်စဖွယ်ကောင်းမှု​လေးကြောင့် ပုရိသယောက်ျားသားများ စိတ်လှုပ်ရှားသွားကြသည်။

သူတို့နေထိုင်သည့် အခြေစိုက်စခန်းတွင် အလှတရားတို့ မရှိ​ပေ။ လူတွေအားလုံး ညစ်ပတ်​နေကြပြီး မျက်နှာများညှိုးနွမ်းကာ ကြောက်လန့်နေကြသည်။ အလှဆုံးအမျိုးသမီးများပင် စား​သောက်ဖို့ရာအတွက် ပြည့်တန်ဆာအလုပ်ကို လုပ်ကြရသည်။

သို့​သော် သူတို့ရှေ့​မှောက်တွင် ဖြူစင်သန့်ရှင်း​သော ယုန်လေးတစ်ကောင်သည်၊ ဆွဲဆောင်မှုရှိ​သော အဝတ်အစားများဝတ်ထားပြီး လန်းဆန်း​မွေးပျံ့​သော ရေချိုးဂျယ်ရနံ့တို့ဖြင့် ​ထုံသင်း​နေတာမို့ ထိုအမျိုးသားများမှာ သ​ရေများပင် ကျလာရသည်။

"ညီလေး၊ မကြောက်ပါနဲ့၊ ကိုယ်တို့က လူဆိုးမဟုတ်ပါဘူး၊ ကိုယ်တို့က ဒီမှာ စားစရာလာရှာတာ။ မင်းရဲ့ အုပ်ထိန်းသူတစ်​ယောက်​ယောက်ရှိတယ်ဆိုရင် ကိုယ်တို့ သူတို့နဲ့ စကားပြောချင်တယ်၊ မဟုတ်ရင်လည်း ကိုယ်တို့ကို ထိုင်ခိုင်းလို့ရမလား၊ ပြီးရင် ဒီကိစ္စကို ကိုယ်တို့ ဆွေးနွေးကြမယ်​လေ။ စကားမစပ် ကိုယ့်နာမည်က ကျင်ခိုင်ပါ၊ မင်းကိုယ့်ကို ခိုင်​ကောလို့ ခေါ်လို့ရတယ်။" ခေါင်းဆောင်က ​တောင့်တင်းစွာဖြင့် ပြုံးလာသည်။

"ခိုင်​ကော..." စွန်းလင်းက မရဲတရဲဖြင့် ​ခေါ်လိုက်တာကြောင့် ထိုယောက်ျားများ၏ နှလုံးသားအစုံမှာ ယားယံလာရသည်။

သူတို့သည် ဤချစ်စရာလေးကို ပွေ့ဖက်နမ်းရှုပ်ချင်သည်။

"ကျွန်တော်က ဒီမှာ တစ်ယောက်တည်းနေတာ၊ ပြီး​တော့ ဘာပြဿနာမှ မဖြစ်ချင်ဘူး။ အစားအသောက်ကို​တော့ မျှဝေ​ပေးနိုင်တယ်၊ ဒါပေမယ့် ကျွန်တော် ဒီကို အရင်ရောက်တယ်ဆို​တော့ ၇၀% ကို သိမ်းထားချင်တယ်၊ ခင်ဗျားတို့က ၃၀% ယူပြီး ထွက်သွား​ပေးမှာလား။"

ထိုလူများသည် တုတ်ခိုင်သန်မာသည့်အပြင် လက်နက်တို့ပါ ကိုင်ဆောင်ထားသောကြောင့် စွန်းလင်းကြောက်ရွံ့စွာဖြင့် မေးလိုက်သည်။

*****
[Zawgyi]
အခန္း ၁ (တ)

တံခါးကို ေသာ့ခတ္ထားတာမို႔ အႏၲရာယ္ မရိွ​ပါ​ေပ။

သူတစ္ေရးတစ္ေမာ အိပ္ေမာက်ေနစဉ္မွာ စြန္းလင္းသည္ ေအးစက္သည့္လက္တစ္စံုက သူ႔မ်က္ႏွာကို ပြတ္သပ္​ေနသလို ခံစားလိုက္ရသည္။ ေအးလြန္းတာမို႔ သက္ရိွလက္လို႔ပင္ မခံစားရ​ေပ။

"!!!" သူခုန္ထလိုက္ရာ စစ္ဝမ္၏ ေခ်ာေမာေသာ္လည္း ေၾကာက္စရာေကာင္းေသာ မ်က္ႏွာႏွင့္ မ်က္ႏွာခ်င္းဆိုင္သြားရသည္။

"မိန္းမ ႏိုးလာၿပီပဲ။" စစ္ဝမ္က အံ့အားသင့္သြားေသာ စြန္းလင္းကိုကူညီကာ ထိုင္​ေစရင္း ၿပံဳးလိုက္သည္။

"ခင္ဗ်ားဒီမွာဘာလုပ္ေနတာလဲ၊ ခင္ဗ်ားဘယ္လိုဝင္လာတာလဲ၊ ကြၽန္​ေတာ္တံခါးကိုေသာ့ခတ္ထားတာ​ေလ!" စြန္းလင္းက ေၾကာက္ရြံ႔စြာ ေအာ္ဟစ္လိုက္သည္။

ဖုတ္​ေကာင္က တံခါးကို တိတ္တဆိတ္ဖြင့္လာႏိုင္ေျခကို သူ ခဏေလာက္ စဉ္းစားမိခဲ့မည္ဆိုလ်ွင္ သူ ဤမ်ွသက္ေတာင့္သက္သာျဖင့္ အိပ္ေပ်ာ္သြားမွာ မဟုတ္​ေပ။

"ကိုယ့္မွာေသာ့ေတြရိွတယ္။" စစ္ဝမ္က စြန္းလင္းကို ေလွာင္ေျပာင္ေနသလို စြန္းလင္း၏ မ်က္ႏွာေရ႔ွတြင္ ေသာ့မ်ား ေဝ႔ွယမ္းျပလာသည္။

"...." အိုး...

"အိုး!" ဒီဖုတ္ေကာင္စုတ္​ကေတာ့။

"မိန္းမ၊ စိတ္မဆိုးပါနဲ႔၊ ကိုယ္မင္းအတြက္ စားစရာတစ္ခုခုလုပ္ထား​​ေပးတယ္။" စစ္ဝမ္က စားပြဲေပၚက ဗန္းကို ေကာက္ကိုင္လိုက္ၿပီး စြန္းလင္းေရ႔ွမွာ ခ်​ေပးလိုက္သည္။ သူ၏​ေတာင့္တင္းေသာ မ်က္ႏွာေပၚတြင္ ႏူးညံ့သိမ္ေမြ့ေသာအၿပံဳးတစ္ခုရိွ​ေနသည္။

စြန္းလင္းသည္ အရသာရိွေသာ အစားအစာ၏ ရနံ႔ကို ရႉရိႈက္မိလိုက္သည္ႏွင့္ ေၾကာက္ရြံ႔မႈမ်ားအားလံုး ေပ်ာက္ကြယ္သြားရသည္။

ေဩာ္၊ ဒီဖုတ္ေကာင္က ဘယ္ေလာက္​ေတာင္ ၾကင္နာတတ္လဲ ၾကၫ့္ၾကၫ့္လိုက္စမ္း! ၿပီး​ေတာ့ ဒီအရသာရိွတဲ့ အစားအစာကိုလည္း ၾကၫ့္​လိုက္ၾကစမ္းပါ!

ဖုတ္ေကာင္၏ ပခံုးကိုပုတ္​ေပးလိုက္ၿပီး စားပြဲမွာထိုင္လိုက္ကာ သူ စတင္စား​ေသာက္​ေတာ့သည္။

အင္၊ အရမ္းေကာင္းတယ္! အရမ္းအရသာရိွတယ္၊ အရမ္း​ေက်နပ္တယ္!

အစားမက္သူသည္ အၿမဲတမ္း အစားမက္သူတစ္ၪီးသာ ျဖစ္​ေနမည္ဟု ခန႔္မွန္းရသည္၊ ထို႔အျပင္ သူ၏အစားအေသာက္​ေပၚ ႏွစ္သက္ခံုမင္မႈမွာ အလြန္ႀကီးမားသည္။

"ေကာင္းလိုက္တာ! အရမ္းေကာင္းတယ္!" စြန္းလင္းက ႏႈတ္ခမ္းမ်ားကို အားရပါးရ သပ္လိုက္သည္။

ထိုျမင္ကြင္းကို ျမင္လိုက္ရ​ေသာ စစ္ဝမ္၏ မ်က္ဝန္းမ်ား ​ေမွာင္မိုက္သြားသည္။ စြန္းလင္းသည္ အလြန္ဆြဲေဆာင္မႈရိွေသာ လူသားတစ္ဦးျဖစ္ၿပီး အဆိုးဆံုးမွာ ယခု​ေလာ​ေလာဆယ္ သူမည္မ်ွအထိ ျဖား​ေယာင္းေနမိမွန္း သူ႔ကိုယ္သူပင္ မသိ​ေနေပ။

"မင္းႀကိဳက္တာေကာင္းတာ​ေပါ့။ မင္းလိုခ်င္တာမွန္သမ်ွ ကိုယ္လုပ္​ေပးမယ္။" စစ္ဝမ္သည္ စြန္းလင္း၏ ဆံပင္မ်ားကို ဖြလိုက္ၿပီး ရံုးခန္းထဲမွ ထြက္သြားသည္။

စြန္းလင္းက ဂရုမစိုက္​ေပ။ အလြန္အရသာရိွ​ေနတာ​ေၾကာင့္ ဆက္သာစား​ေနသည္။ စား​​​ေသာက္ၿပီးေသာအခါ အ​ေၾကာဆန႔္လိုက္ၿပီး ျပန္အိပ္လိုက္သည္။

အခု​ေလာ​ေလာ​ဆယ္​ေတာ့ ဤထူးျခားေသာဖုတ္ေကာင္သည္ သူ႔ကိုဝါးမ်ိဳစား​ေသာက္ဖို႔ မရည္ရြယ္ထားပံုပင္။ သူ႔ကိုေကြၽး​ေမြးဖို႔ပင္ ဆႏၵရိွ​ေသးသည္။

မိန္းမဟု ေခၚျခင္းက နည္းနည္းေတာ့ အဆင္မေျပ​ေသာ္လည္း အစားအေသာက္ေကာင္းမ်ား ​ေကြၽး​ေနႏိုင္သေရြ့ စြန္းလင္းသည္ ထိုကိစၥကို လ်စ္လ်ူရႈထား​ေပးႏိုင္သည္။

သူက ဝက္တစ္ေကာင္လိုသာ ေနထိုင္ခ်င္ၿပီး တျခားဘာမွ အေရးမႀကီး​ဘူး!

စြန္းလင္းႏွင့္ စစ္ဝမ္တို႔သည္ တစ္လနီးပါး အတူေနထိုင္ခဲ့ၾကသည္။

စစ္ဝမ္သည္ စြန္းလင္းအတြက္ အရသာရိွေသာ အစားအစာမ်ားကို ေန့တိုင္း ျပင္ဆင္ေပးကာ သူ႔ကို နည္းအမ်ိဳးမ်ိဳးျဖင့္ အလိုလိုက္ျမတ္ႏိုးကာ အၿမဲတ​ေစ ေပြ့ဖက္ၿပီး အိပ္တတ္သည္။

    ေနာက္ဆံုးေတာ့၊ ​ေနာက္ဆံုး​​ေတာ့ စြန္းလင္းသည္ ​​ဝက္တစ္ေကာင္လို ရွင္သန္ေနထိုင္​ေနရၿပီ!

သူ႔ဘဝမွာ စား​ေသာက္ၿပီး အိပ္စက္ရံုသာ။ ထို႔အျပင္ စစ္ဝမ္သည္ သူ႔ကိုခစား​ေပးေနသည္။ စြန္းလင္းသည္ ႂကြက္သားမ်ားကို လႈပ္ရွားရန္ပင္ မလိုအပ္ေပ၊ စစ္ဝမ္သည္ သူ႔ကို ေကြၽးေမြးၿပီး ေရခ်ိဳးေပးကာ အ၀တ္အစားပါ ဆင္ယင္ေပးေသာေၾကာင့္ ပင္။

ဟုတ္တယ္​ေလ၊ တကယ့္ဝက္တစ္​ေကာင္ရဲ့ဘဝ​ေပါ့!

"မိန္းမ၊ ေန့လည္စာ ဘာစားခ်င္လဲ။" စစ္ဝမ္ ရံုးခန္းထဲသို႔ ဝင္လိုက္သည္ႏွင့္ စြန္းလင္းသည္ ဆိုဖာေပၚတြင္ ငါးေသတစ္ေကာင္လို လဲေလ်ာင္းေနသည္ကို ေတြ့လိုက္ရသည္။

သူက အျဖဴေရာင္တီရွပ္ပြ​ေယာင္း​ေယာင္း၊ မီးခိုးေရာင္အတြင္းခံ​​​ေဘာင္းဘီတိုႏွင့္ အျဖဴေရာင္ေျခအိတ္ရွည္တစ္စံုကို ၀တ္ဆင္ထားကာ သူ႔ခႏၶာကိုယ္သည္ သန႔္စင္ၿပီး ႏူးညံ့သိမ္ေမြ့ပံု​ေပၚ​ေနသည္။

ယုန္က​ေလးႏွယ္ ခ်စ္စရာေကာင္း၏၊ ေျမေခြးလိုလည္း ညို႔ဓါတ္ျပင္းသည္။

"အမ္၊ ကြၽန္​ေတာ္ ပုဇြန္ဖက္ထုပ္ စားခ်င္တယ္။" စြန္းလင္းက ေျခတံရွည္ေတြကို ဆန႔္ထုတ္ရင္း စကားဆိုလာ​ေတာ့ စစ္ဝမ္မွာ ခက္ခက္ခဲခဲႏွင့္ တံ​ေတြးမ်ိဳခ်မိသြားသည္။

သူ အဲဒီေျခေထာက္ေတြကို နမ္းခ်င္တယ္...

"ခဏေစာင့္​ေပး၊ ကိုယ္မင္းအတြက္ ျပင္ဆင္​ေပးမယ္။"

စြန္းလင္း၏ ေပ်ာ့ေပ်ာင္းေသာ ဆံပင္မ်ားကို နမ္းရင္း စစ္ဝမ္ တစ္ဖက္လွၫ့္၍ မီးဖိုေခ်ာင္ထဲ ဝင္သြားသည္။

ထိုအ​ေတာအတြင္း စြန္းလင္းသည္ ဆဲလ္ဖုန္းျဖင့္ ဂိမ္းမ်ားကစားေနသည္။

ၿဂိဳလ္တုအခ်က္ျပမႈမ်ား အလုပ္မလုပ္ေတာ့​ေပ၊ လန္သဲ့တြင္ လ်ွပ္စစ္စြမ္းအင္ရိွေနေသးေသာေၾကာင့္ စြန္းလင္းမွာ ပ်င္းရိၿငီးေငြ့မႈကို ​ေျဖ​ေဖ်ာက္ရန္အတြက္ ေန့တိုင္း ဖုန္းျဖင့္ ဂိမ္းမ်ားေဆာ့ကစားေနတတ္သည္။

ဂိမ္းသံမ်ားၾကားမွ ရံုးခန္းတံခါးပြင့္လာသည္။ စြန္းလင္းမွာ စစ္ဝမ္ သူ႔အတြက္ ေန့လယ္စာ ယူလာေပးသည္ဟု ထင္မွတ္ၿပီး ဝမ္းသာအားရ ခုန္ထလိုက္သည္။

စြန္းလင္းသည္ ေသနတ္သမားအုပ္စုကို ၾကၫ့္လိုက္ၿပီး ေသနတ္သမားမ်ားကလည္း စြန္းလင္းကို ၾကၫ့္လာၾကသည္။

ဘာေတျြဖစ္​ေနတာလဲ။

ကမ႓ာပ်က္ကပ္အလယ္မွာ တစ္ေယာက္​ေယာက္က ဘာလို႔ဒီ​ေလာက္​ေတာင္ စိတ္ေအးလက္ေအး ေနႏိုင္ရတာလဲ။

ဒီေကာင္က ဘာလို႔ စူပါမားကတ္ထဲမွာ ​ေအး​ေအး​ေဆး​ေဆး ​ေနေနတာလဲ။

သူ႔ကိုပဲၾကၫ့္လိုက္စမ္းပါ!

ဖုတ္ေကာင္​ေတြ ျပည့္​ေနတဲ့ ကမ႓ာပ်က္ကပ္မွာ ဒီ​ေလာက္သန႔္ရွင္းၿပီး ႏူးညံ့သိမ္ေမြ့တဲ့ တစ္စံုတစ္ေယာက္ ဘယ္လိုရိွေနႏိုင္ရတာလဲ။ သူ႔ရဲ့ ၿပီးျပၫ့္စံုတဲ့ မ်က္ႏွာ၊ ႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့ ခႏၶာကိုယ္ကိုသာ ၾကၫ့္လိုက္ၾကပါၪီး... အံ့ၾသဖို႔​ေကာင္းလိုက္တာ လြန္​ေရာ!

"ညီေလး၊ မင္းဒီမွာ ဘာလုပ္ေနတာလဲ၊ မင္းနဲ႔ တျခားသူ​ေကာရိွ​ေသးလား။" လက္နက္ကိုင္​​ေတြရဲ့ အဖြဲ႔ေခါင္းေဆာင္က ေရ႔ွကို တိုးလာၿပီး တတ္ႏိုင္သမ်ွ အႏူးညံ့ဆံုး ​ေမးလိုက္သည္။

ေက်ာက္စိမ္းမင္းသားေလးကို ​ေျခာက္လွန္႔မိမည္ကို သူစိုးရြံ႔သည္။

"မ-မင္းကဘယ္သူလဲ?" စြန္းလင္းက ေၾကာက္ရြံ႔စြာျဖင့္ ေမးလိုက္ရာ သူ႔မ်က္လံုးရြဲႀကီးမ်ားက ပို၍ဝိုင္းစက္လာၿပီး ၾကယ္​ေလးမ်ားလို ေတာက္ပလာ​ေလသည္။

ထိုကဲ့သို႔ ခ်စ္စဖြယ္ေကာင္းမႈ​ေလးေၾကာင့္ ပုရိသေယာက္်ားသားမ်ား စိတ္လႈပ္ရွားသြားၾကသည္။

သူတို႔ေနထိုင္သည့္ အေျခစိုက္စခန္းတြင္ အလွတရားတို႔ မရိွ​ေပ။ လူေတြအားလံုး ညစ္ပတ္​ေနၾကၿပီး မ်က္ႏွာမ်ားၫွိုးႏြမ္းကာ ေၾကာက္လန႔္ေနၾကသည္။ အလွဆံုးအမ်ိဳးသမီးမ်ားပင္ စား​ေသာက္ဖို႔ရာအတြက္ ျပၫ့္တန္ဆာအလုပ္ကို လုပ္ၾကရသည္။

သို႔​ေသာ္ သူတို႔ေရ႔ွ​ေမွာက္တြင္ ျဖဴစင္သန႔္ရွင္း​ေသာ ယုန္ေလးတစ္ေကာင္သည္၊ ဆြဲေဆာင္မႈရိွ​ေသာ အဝတ္အစားမ်ားဝတ္ထားၿပီး လန္းဆန္း​ေမြးပ်ံ့​ေသာ ေရခ်ိဳးဂ်ယ္ရနံ႔တို႔ျဖင့္ ​ထံုသင္း​ေနတာမို႔ ထိုအမ်ိဳးသားမ်ားမွာ သ​ေရမ်ားပင္ က်လာရသည္။

"ညီေလး၊ မေၾကာက္ပါနဲ႔၊ ကိုယ္တို႔က လူဆိုးမဟုတ္ပါဘူး၊ ကိုယ္တို႔က ဒီမွာ စားစရာလာရွာတာ။ မင္းရဲ့ အုပ္ထိန္းသူတစ္​ေယာက္​ေယာက္ရိွတယ္ဆိုရင္ ကိုယ္တို႔ သူတို႔နဲ႔ စကားေျပာခ်င္တယ္၊ မဟုတ္ရင္လည္း ကိုယ္တို႔ကို ထိုင္ခိုင္းလို႔ရမလား၊ ၿပီးရင္ ဒီကိစၥကို ကိုယ္တို႔ ေဆြးေနြးၾကမယ္​ေလ။ စကားမစပ္ ကိုယ့္နာမည္က က်င္ခိုင္ပါ၊ မင္းကိုယ့္ကို ခိုင္​ေကာလို႔ ေခၚလို႔ရတယ္။" ေခါင္းေဆာင္က ​ေတာင့္တင္းစြာျဖင့္ ၿပံဳးလာသည္။

"ခိုင္​ေကာ..." စြန္းလင္းက မရဲတရဲျဖင့္ ​ေခၚလိုက္တာေၾကာင့္ ထိုေယာက္်ားမ်ား၏ ႏွလံုးသားအစံုမွာ ယားယံလာရသည္။

သူတို႔သည္ ဤခ်စ္စရာေလးကို ေပြ့ဖက္နမ္းရႈပ္ခ်င္သည္။

"ကြၽန္ေတာ္က ဒီမွာ တစ္ေယာက္တည္းေနတာ၊ ၿပီး​ေတာ့ ဘာျပႆနာမွ မျဖစ္ခ်င္ဘူး။ အစားအေသာက္ကို​ေတာ့ မ်ွေဝ​ေပးႏိုင္တယ္၊ ဒါေပမယ့္ ကြၽန္ေတာ္ ဒီကို အရင္ေရာက္တယ္ဆို​ေတာ့ ၇၀% ကို သိမ္းထားခ်င္တယ္၊ ခင္ဗ်ားတို႔က ၃၀% ယူၿပီး ထြက္သြား​ေပးမွာလား။"

ထိုလူမ်ားသည္ တုတ္ခိုင္သန္မာသၫ့္အျပင္ လက္နက္တို႔ပါ ကိုင္ေဆာင္ထားေသာေၾကာင့္ စြန္းလင္းေၾကာက္ရြံ႔စြာျဖင့္ ေမးလိုက္သည္။

Continue Reading

You'll Also Like

473K 1.5K 47
🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞
15.7K 312 15
Twenty-five years after Billy Loomis and Stu Macher's killing spree in Woodsboro, high school student Celia Carpenter's close friends and family are...
159K 8.8K 27
V!Jujutsu Kaisen×Modern!Fem!Reader "Christina Aguilera?" "Who?" In which you try to save some in Jujutsu Kaisen, but chronologically correct. ______...
1.3K 77 6
I don't own this story.I fully credit to original author and translators. This story has 72 chapters. This story of English translation is completed.