"အင့်"
အခန်းကအလုံဖြစ်သည့်အပြင် ခန်းစီးဖြူဖြူတွေပါတပ်ထားတာကြောင့် နေ့မှန်းမသိညမှန်းမသိ ဘယ်အချိန်ရောက်သွားသလဲသတိမထားမိအောင် ဂျေးကိုပဲငေးကြည့်နေခဲ့တဲ့ဆောင်ဟွန်းက ဂျေးရဲ့အင့်ခနဲအသံပိစိလေးနှင့်အတူ တလှုပ်လှုပ်ဖြစ်လာတဲ့လက်ကလေးတွေ မျက်တောင်လေးတွေကိုမြင်မှ အသိပြန်ဝင်လာတော့တယ်။
ဆောင့်တက်လာတဲ့နှလုံးခုန်သံအပြင် လူကပါရုတ်တရက်လန့်သွားတာမလို့ အလျင်အမြန်ခေါင်းအုံးဆွဲလို့ ကော်ဇောပွပွပေါ်အိပ်ဖို့ပြင်လိုက်ရာ စိတ်သွားတိုင်းမလိုက်နိုင်တဲ့ ခန္ဓာကိုယ်က ဂျေးကုတင်စောင်းနဲ့တိုက်မိတာ ဒုန်းခနဲ။
"အာ့" ပူထူသွားတဲ့မေးစေ့ကိုအုပ်ကိုင်လို့ ခပ်တိုးတိုးငြီးမိတော့ အခုမှအိပ်ယာနိုးလာတဲ့ဂျေးကအလန့်တကြားထလာတယ်။
"ဘာဖြစ်တာလဲ"
ကုတင်ပေါ်ကဂျေးကို ကုတင်အောက်ကနေမော့ကြည့်လို့ ဆောင်ဟွန်းကမေးစေ့ကိုအုပ်ထားပီး ခေါင်းခါတယ်။
"ခိုက်မိသွားတာလား ငါ့ကိုပြ"
ဂျေးကဆောင်ဟွန်းရဲ့မေးစေ့ပေါ်ကလက်ကိုအတင်းဆွဲခွာတော့ ဒဏ်ရာရထားတဲ့မေးစေ့ကပေါ်လာတယ်။
"ဆောင်ဟွန်း မင်းမေးစေ့ကွဲသွားတယ်။ခနလေး"
အလျင်အမြန်ပဲကုတင်ပေါ်ကမတ်တပ်ရပ်လို့ ခေါင်းရင်းဗီရိုထဲက ဆေးသေတ္တာကိုထုတ်ယူပီး ဆောင်ဟွန်းဘေးလာထိုင်တဲ့ဂျေး။ဆောင်ဟွန်းကကိုယ့်လက်ကိုပြန်ငုံ့ကြည့်မိတော့ ကပ်ပါလာတဲ့သွေးစအနည်းငယ်။
"ဒီလောက်ကပါးမွှားလေးပါ"
"ရိုးရိုးဒဏ်ရာမဟုတ်ဘူး မေးကွဲသွားတာ။ခေါင်းမမာစမ်းနဲ့"
ဆေးသေတ္တာကိုဖွင့်ပီး ဝါဂွမ်းအနည်းငယ်ကိုယူကာ အရက်ပြန်နဲနဲလောင်းလိုက်တယ်။လက်တစ်ဖက်ကဆောင်ဟွန်းပါးရိုးကိုထိန်းကိုင်လို့ခေါင်းမော့စေပီး လက်တစ်ဖက်က သန့်ရှင်းရေးလုပ်ပေးနေကာ စပ်သွားမှာစိုးသည့်ဟန် လေတဖူးဖူးလဲမှုတ်ပေးနေသေးတယ်။
လေမှုတ်လိုက်တိုင်း ချွန်ချွန်ထွက်လာတဲ့နှုတ်ခမ်းအစုံကိုလိုက်ငမ်းနေမိတာကြောင့် ဆောင်ဟွန်းကဒဏ်ရာဆီကစပ်လို့စပ်နေမှန်းတောင်မသိ။နီးကပ်လွန်းတဲ့ဂျေးနဲ့သူ့ရဲ့အကွာအဝေးကြားထဲမှာ နှင်းဆီနံ့သင်းသင်းလေးကပျံ့လွင့်လို့။
"အဲ့တာကြောင့်ငါမင်းကို ကုတင်ပေါ်တက်အိပ်လို့ပြောတာ"
ဂျေးက ဂွမ်းစကိုပစ်လိုက်ပီး နှစ်ဖက်ပါဝါဂွမ်းချောင်းကို လိမ်းဆေးသုတ်လို့ ပြောတယ်။ပီးနောက် အသာအယာလေး ဆောင်ဟွန်းဒဏ်ရာပေါ်တို့ထိလို့ ဆေးလိမ်းပေးတယ်။
အိပ်ယာထခါစဖြစ်တာကြောင့် ကြည်လင်နေတဲ့မျက်ဝန်းညိုညိုတွေကို အနီးကပ်မြင်နေရတဲ့ဆောင်ဟွန်းက နှလုံးသားပေါ်ပုရွက်ဆိတ်လေးတွေပြေးလွှားနေသလိုခံစားချက်မျိုးရနေတယ်။
"ဂျေး"
နာမည်ကိုခေါ်လိုက်တော့ အင်းခနဲလည်ချောင်းသံနဲ့ပြန်ဖြေပီး ဆေးလိမ်းနေတဲ့အမှုကိုပဲအာရုံစိုက်နေတဲ့ဂျေးက လှလွန်းလို့ဆွဲဖက်ပီးနမ်းပစ်ချင်စိတ်တွေက စိတ်အစုံဝယ်တဖွားဖွား။
"ငါမနေ့ညကပြောတဲ့စကား..."
ဆေးလိမ်းပေးအပီး ပလာစတာထုတ်လို့ ဒဏ်ရာကိုကပ်ပေးနေတဲ့လက်တို့က ဆောင်ဟွန်းစကားကြောင့် အနည်းငယ်တွန့်သွားတာကို သတိထားမိလိုက်ပါရဲ့။
"ငါတကယ်ပြောတာ။မင်းကိုတကယ်သဘောကျနေပီထင်တယ်"
မော့ကြည့်လာတဲ့မျက်ဝန်းတွေ။ဆောင်ဟွန်းကဖမ်းစားခံလိုက်ရသလိုစိုက်ကြည့်နေပေမယ့် ကြာကြာမကြည့်နိုင်သည့်ဟန် အနောက်ဘက်ကိုလက်ထောက်လို့ ခန္ဓာကိုယ်ကိုအနည်းငယ်နောက်တိုးယိုင်လိုက်ပီး အကြည့်လွှဲလိုက်တယ်။
"ငါမင်းမျက်လုံးတွေကိုကြာကြာမကြည့်နိုင်ဘူး ဂျေး"
"ဘာလို့လဲ"
"ကြာကြာကြည့်မိရင် ငါစိတ်လွတ်သွားပီးမင်းကိုနမ်းမိလိမ့်မယ်"
ပုံမှန်ထက်မြန်ဆန်သွားတဲ့အသက်ရှူသံ နောက်ပီးဆေးသတ္တာသိမ်းလို့ သူ့ရှေ့ကထသွားသံတို့ကိုရှေ့ဆင့်နောက်ဆင့်ကြားလိုက်ရတယ်။ဆောင်ဟွန်းအရှေ့ကိုပြန်ကြည့်မိတဲ့အခါ ဂျေးကရေချိုးခန်းထဲဝင်သွားပီ။
ဆောင်ဟွန်းလဲ ဂျေးရေချိုးပီးတာနဲ့ မနက်ဘက်ပါတခါထဲ ဂျေးအခန်းမှာပဲရေချိုးပီးညကအပိုယူလာတဲ့ ကျောင်းဝတ်စုံအသစ်ထုတ်ဝတ်လိုက်တယ်။
"သွားပီ ငါဝတ်စုံပဲအပိုယူခဲ့တာ။စာအုပ်တွေအိမ်မှာကျန်ခဲ့တယ်"
ကုတင်ပေါ်ထိုင်လို့ လက်နှစ်ဖက်နဲ့လည်ပင်းကိုတခုခုလိမ်းနေတဲ့ဂျေးကိုကြည့်ပီး အလန့်တကြားပြောလိုက်တော့ ဂျေးကဖွဖွလေးရယ်တယ်။
"မင်းရယ်တာ ပထမဦးဆုံးတွေ့ဖူးတာပဲ"
လွယ်အိတ်ကြီးကိုအိတ်သွန်ဖာမှောက်လုပ်နေရင်း သတိလက်လွတ်ဂျေးကိုစိုက်ကြည့်မိပြန်တယ်။ဘယ်လောက်ပဲကြည့်ထားကြည့်ထား ဆောင်ဟွန်းအနေနဲ့ဂျေးကိုကြည့်လို့ဝတယ်လို့ကိုမရှိဘူး။မဟုတ်သေးပါဘူး လူတစ်ယောက်ကဒီလောက်ကြီးကြည့်ကောင်းနေစရာလိုလို့လား။
"အဟမ်း" လွင့်မျောနေတဲ့လိပ်ပြာအစုံက ဂျေးရဲ့ချောင်းဟန့်သံမှာစိတ်ကိုပြန်ကပ်တယ်။
"မင်းဘာလိမ်းနေတာလဲ"
အရှက်ပြေ စကားလွှဲလိုက်ပီးဂျေးဘေးနားဝင်ထိုင်လို့မေးလိုက်တယ်။
"lotion မေမေကငါ့ကိုလိမ်းပေးနေကျမလို့အကျင့်ပါနေတာ။လိမ်းအုန်းမလား"
ပန်းရောင်ဖျော့ဖျော့ဗူးလေးကို သူ့ဆီထိုးပေးရင်းမေးလာတဲ့ဂျေးဆီကရတဲ့သင်းရနံ့။
"နှင်းဆီပန်းနံ့ပဲ။မင်းလိမ်းတဲ့lotionကလဲနှင်းဆီပန်းနံ့ မင်းအခန်းကလဲနှင်းဆီပန်းနံ့ မင်းဆီကလဲနှင်းဆီပန်းနံ့ရတယ်"
"မေမေကတော့ ငါ့ကိုယ်သင်းနံ့လို့ပြောတာပဲ။ကိုယ်သင်းနံ့ကိုတခြားအနံ့တွေနဲ့မရောစေချင်လို့ နှင်းဆီနံ့တွေသုံးပေးရင်းကနေ ငါလဲအလိုလိုအကျင့်ပါသွားတာ"
ဆောင်ဟွန်းက ကိုယ်ကိုဂျေးဆီအုပ်မိုးလိုက်ပီး လည်ဂုတ်ကိုအနီးကပ်ရှူရှိုက်တယ်။ရုတ်တရက်ကပ်လာတဲ့ဆောင်ဟွန်းကြောင့် lotionဗူးကိုင်ထားတဲ့ ဂျေးရဲ့လက်တို့ကတင်းမာသွားတာသိသိသာသာ။
"နှင်းဆီနံ့lotionသုံးနေကျမလို့ မင်းကိုယ်သင်းနံ့ကပိုပီးအနံ့ပြင်းလာတာဖြစ်မယ်။မွှေးတယ်ဂျေး lotionနံ့ထက်မင်းကိုယ်သင်းနံ့ကပိုမွှေးတယ်"
အနီးကပ်လည်ဂုတ်ကိုအနံ့ခံနေရင်း ခေါင်းလှည့်ချလိုက်တဲ့ဆောင်ဟွန်းနဲ့ ဆောင်ဟွန်းစကားကြောင့်ခေါင်းလှည့်လာတဲ့ဂျေး။တပြိုက်နက်ထဲလှည့်လာတဲ့ခေါင်းနှစ်လုံးကြားထဲမှာ ရှပ်တိုက်မိသွားတဲ့နှာဖျားလေးနှစ်ခုက တိခနဲ။နှာဖျားချင်းထိကပ်နေတဲ့အခြေအနေမှာ နှစ်ယောက်လုံးတုတ်တုတ်မှမလှုပ်နိုင်ပဲ တကယ်လို့တယောက်ယောက်ကသာခေါင်းကိုအနည်းငယ်ရှေ့တိုးလိုက်ရင် နှာဖျားတင်မက နှုတ်ခမ်းပါးတွေပါထိစပ်မိသွားမှာ မလွဲမသွေပေ။
အခန်းကျဉ်းကျဉ်းလေးထဲ တဒုန်းဒုန်းမြည်နေတဲ့နှလုံးခုန်သံက ကိုယ့်ဆီကလား သူ့ဆီကလားမသဲကွဲတော့။ဆောင်ဟွန်းကတော့ ဂျေးရဲ့ဟေဇယ်ရောင်မျက်ဝန်းညိုညိုတွေကိုစိုက်ကြည့်နေမိပီး ဂျေးကတော့ဆောင်ဟွန်းရဲ့မှည့်နက်နက်တို့ကိုစိုက်ကြည့်နေမိတယ်။
"မဖြစ်ဘူး ဂျေးငါမင်းမျက်လုံးတွေကိုကြာကြာကြည့်မိရင်ငါမင်းကိုနမ်းမိလိမ့်မယ်လို့"
စိတ်ကိုထိန်းလို့ကိုယ်ချင်းခွာလိုက်ပီး ကုတင်ပေါ်ကထရပ်လိုက်တဲ့ဆောင်ဟွန်းက ခေါင်းကိုလက်နှစ်ဖက်လုံးနဲ့အုပ်ကိုင်လို့ပြောတယ်။ဆောင်ဟွန်းကိုကြည့်ရတာသူ့စိတ်သူအတော်လေးထိန်းချုပ်ထားရသည့်ပုံပင်။
"ကျောင်းသွားရအောင်လေ ငါမင်းကိုလိုက်ပို့မယ်"
"အင်း" အပိုစကားမဆိုတော့တဲ့ဂျေးက ထလို့စာအုပ်များကိုလွယ်အိတ်ထဲထည့်သည်။လိုအပ်သည်များပြင်ဆင်ပီးသည်နှင့် နှစ်ယောက်သားဘာဆိုဘာမှထပ်မပြောဖြစ်တော့ပဲ အခန်းထဲကထွက်လာလိုက်သည်။ဆောင်ဟွန်းကတော့ သိသိသာသာပင်ဂျေးအကြည့်များကိုရှောင်ဖယ်လျက်။
ဆိုင်ကယ်စီးတော့လဲ ညတုန်းကလိုဂျေးရဲ့လက်တွေကို ဆွဲလို့မြဲမြဲဖက်စေတာမျိုးမလုပ်တော့ပဲ အရှိအတိုင်းအသာအယာလေးကိုင်ချင်သလိုသာကိုင်စေလိုက်သည်။အဲ့အစား ဆိုင်ကယ်ကိုသာဖြေးဖြေးမောင်းလို့။
~~~
"တစ်ညလေးသူများဆီသွားအိပ်တာ ဒဏ်ရာပါပါလာသလား ငါ့ကောင်ရာ"
စာအုပ်တခေါက်ပြန်ယူပီးကျောင်းဝန်းထဲဝင်ဝင်လာချင်း နီကိုးလ်ကပုခုံးကိုအတင်းခုန်ဖက်လို့ပြောသည်။
"ဟိတ်ကောင် နီကိုးလ်"
"ပြော"
"မင်း ဂျေးကိုကြိုက်လား"
ဆောင်ဟွန်းရဲ့အမေးစကားအဆုံး တိတ်ဆိတ်မှုကကြီးစိုးသွားသည်မှာ အလွန်ကိုကျယ်လောင်လွန်းသည်။
"ပေါက်ပေါက်ရှာရှာကွာ ဘယ်ကနေဘယ်လိုအဲ့အတွေးတွေဝင်လာတာလဲ"
"ဂျေးရဲ့မျက်လုံးတွေကအလှဆုံးလို့မင်းတစ်ခေါက်ပြောဖူးလို့လေ"
"အေးလေ လှလို့လှတယ်ပြောတာ။ငါကဂျေးကို ညီလေးတစ်ယောက်လိုပဲခင်တာပါကွာ။အဲ့တာကြောင့်အနိုင်ကျင့်မခံရအောင် စောင့်ရှောက်ပေးချင်ရုံပဲ"
"အော်"
"ဘာလို့မေးတာလဲ"
"ဘာလို့ဆို ငါဂျေးကိုကြိုက်လို့"
"ဘယ်လို!!!"
"တိုးတိုးနေစမ်းပါ"
နီကိုးလ်ကိုပါးစပ်ကအုပ်လို့ ကျောင်းဆောင်လမ်းကြားထဲအတင်းဆွဲခေါ်လာလိုက်တယ်။
"လွှတ်စမ်း မင်းလက်ကြီးကို"
အတင်းရုန်းကန်နေတဲ့နီကိုးလ်ကိုလွှတ်ပေးလိုက်ပီး ဆောင်ဟွန်းကသက်ပြင်းချလို့ ဖြစ်ဖြစ်သမျှရှင်းပြရတော့တယ်။
"ဆိုတော့ မနေ့ညကဂျေးကိုသဘောကျနေတာအတည်ပြုလိုက်နိုင်တယ်ပေါ့"
"အင်း အဲ့တာကြောင့်လဲတမင်လိုက်သွားလိုက်တာ။အတည်ပြုကြည့်ချင်လို့"
"ဟား အကြံတယ်ကြီးပါ့လား။ဒါဆိုမင်းရှေ့လျှောက်ဘာလုပ်မှာလဲ"
"ဂျေးကဖွင့်ပြောလိုက်ရင်ငြင်းမယ်ထင်တယ် အချိန်ပေးအုန်းမလားလို့"
"ဒါနဲ့ ဂျေးဆံပင်ညှပ်လိုက်တာနော်။မင်းအတော်လေးသတိထားရမယ် မင်းတင်မကဘူး ဂျေးမျက်လုံးတွေကိုမြင်ပီးဒုက္ခရောက်ကြအုန်းမဲ့လူတွေအများကြီး"
"အဲ့တာကြောင့်ဆုံးဖြတ်ရခက်နေတာ အနောက်လိုက်ပီးတောက်လျှောက်စောင့်ကြည့်ရအောင်လဲ ဂျေးကခွင့်ပြုမှာမဟုတ်ဘူး။ဘယ်လိုလုပ်ရမလဲမသိတော့ဘူးကွာ။ဂျေးကလှလွန်းတယ် ရူးတော့မှာပဲ"
ဆံပင်တွေကိုစိတ်ရှုပ်စွာနဲ့ဆွဲဖွလိုက်ပီး နက်တိုင်ကိုပါ အောက်ထိလျောကျသွားအောင်ဆွဲဖြည်လိုက်တယ်။နာရီဝက်နီးပါးကြာအောင် ဖြေရှင်းနည်းကိုခေါင်းပေါက်ထွက်မတတ်စဉ်းစားအပီးမှာ ဆောင်ဟွန်းကအသင့်တော်ဆုံးအရာကိုရှာတွေ့သွားသည့်ဟန် လှုပ်ရှားမှုတွေရပ်သွားပီးအပြုံးလေးပေါ်လာတယ်။
"သွားမယ် နီကိုးလ်။အခန်းထဲကို ဂျေးဆီကိုသွားမယ်"
သွားမယ်ဆိုတော့လဲဇွတ် သူ့ပုခုံးကိုဆွဲပီးလေအလျင်လိုလျောက်နေတဲ့ခြေလှမ်းကျဲကြီးတွေနောက် နီကိုးလ်တစ်ယောက် ယက်ကန်ယက်ကန်နဲ့ပါလာပါတော့တယ်။
~~~
"မနက်စာမစားရသေးဘူးမလား ဒီမှာခရင်မ်ပေါင်မုန့်နဲ့စတော်ဘယ်ရီနို့"
စာလုပ်နေတုန်း စာအုပ်ဘေးတွန်းပို့လာတဲ့ပေါင်မုန့်နဲ့နွားနို့ဗူးကို အံ့ဩသလိုကြည့်လိုက်ပီး ဘေးနားကလူကိုလှည့်ကြည့်လိုက်တယ်။စားပွဲကိုလက်ထောက်လို့ ခေါင်းကြီးစောင်းပီးစိုက်ကြည့်နေတဲ့ဆောင်ဟွန်းရယ် အရှေ့ခုံကနေဆွံ့အသလိုလည်ပြန်ကြီးလှည့်ကြည့်နေတဲ့နီကိုးလ်ရယ်။
မနက်အိပ်ယာနိုးကတည်းက ဗြောင်းဆန်အောင်တဒုန်းဒုန်းတဂွမ်းဂွမ်းလုပ် ရုတ်တရက်ကြီးသဘောကျကြောင်းပြောလာတဲ့အပြင်ကို စိတ်မထိန်းနိုင်ရင်နမ်းမိမဲ့အကြောင်းပါပြောလာတာမလို့ ဂျေးမှာတစ်မနက်လုံး စိတ်နဲ့ကိုယ်နဲ့မကပ်။အသက်ရှူမဝတဲ့ခံစားချက်ကြီးလို လေဟာပြင်ထဲရောက်နေတဲ့ခံစားချက်ကြီးလိုခံစားနေရတာမလို့ မနက်စာတောင်မစားနိုင်ခဲ့ပဲ ကျောင်းကိုအစောကြီးရောက်လာခြင်းဖြစ်သည်။
"ကျေးဇူးပဲ" ပြုံးပြုံးကြီးစိုက်ကြည့်နေတဲ့ဆောင်ဟွန်းကိုအကြည့်လွှဲလိုက်ပီး ပေါင်မုန့်ကိုဖောက်လို့စားလိုက်တယ်။နို့ဗူးကိုလဲ ပိုက်နဲ့ဖောက်ပီးသောက်လိုက်တော့ စတော်ဘယ်ရီနို့အေးအေးလေးက လည်ချောင်းဆီစီးဆင်းသွားလေရဲ့။
"ဂျေး ငါစဉ်းစားမိတာတခုရှိတယ်"
ပေါင်မုန့်ဝါးနေတဲ့ဂျေးကပြန်ဖြေဖို့ မအားတာကြောင့် မေးငေါ့ပြလိုက်တော့ ဆောင်ဟွန်းကသွားစွယ်တွေပေါ်လာတဲ့ထိရယ်တယ်။ပါးစောင်ကိုလျှာနဲ့ထိုးပီး ဝါးစားမတတ်စိုက်ကြည့်နေတဲ့မျက်လုံးတွေကိုလွှဲမသွားသေးပဲ ပြန်ဖြေလာတဲ့စကားတို့ကြောင့် ဂျေးမှာပေါင်မုန့်တောင်နင်မတတ်။
"မင်းကိုငါလိုက်မလို့"
"ဘ-ဘာပြောတယ်"
"ပြောတယ်မလား ငါကမင်းကိုသဘောကျတယ်လို့။အဲ့တာကြောင့်လိုက်မလို့လေ။မင်းကတော့ဖိအားများစရာမလိုပါဘူး။အဖြေပြန်ပေးဖို့လောစရာလဲမလိုဘူး။မင်းလုပ်နေကျတိုင်းကျောင်းစာကိုပဲအာရုံစိုက်။ငါကငါ့ဘာငါမင်းကိုလိုက်မယ်"
ဘယ်လိုတောင်ယုတ္တိမရှိတဲ့စကားကြီးလဲ။
အတွေးတွေကိုလိုက်မမှီတော့တဲ့ဂျေးက ပါးစပ်ထဲကပေါင်မုန့်ကိုတောင်ကုန်အောင်မဝါးနိုင်ပဲ မျက်ဝန်းညိုညိုတွေဝိုင်းစက်သွားတဲ့ထိပြူးကြည့်နေတယ်။ထိုအခိုက်ဆောင်ဟွန်းရဲ့လက်တစ်ဖက်က နှုတ်ခမ်းနားကပ်လာပီး နှုတ်ခမ်းထောင့်ကို လက်မနဲ့ခပ်ဖွဖွသုတ်ပေးသည်။
"ခရင်မ်တွေပေနေတယ်။နောက်ပီး ဂျေးငါ့ကိုအဲ့မျက်လုံးတွေနဲ့စိုက်မကြည့်ဖို့ပြောထားတယ်လေ"
အကြည့်တွေကို ဂျေးနှုတ်ခမ်းဆီပို့လို့ ဆောင်ဟွန်းကသူ့လက်မပေါ်ကပေနေတဲ့ခရင်မ်အနည်းငယ်ကို လျှာဖျားလေးထုတ်ကာလျက်သည်။မြင်လိုက်ရတဲ့ဂျေးမှာတော့ အကြောအခြင်တွေပါတောင့်သွားရတဲ့ထိ။
"အား! ! ! ပတ်ဆောင်ဟွန်းဘာလုပ်နေတာလဲ"
တချိန်လုံး ပြူးကြည့်နေခဲ့တဲ့နီကိုးလ်ဆီက အသံနက်ကြီးထွက်လာတော့မှ ဘေးနားမှာလူရှိမှန်းသတိရတော့သည်။
"မင်းပြောတော့ ဂျေးကိုရိုးရိုးသားသားလိုက်မယ်ဆို။အခု ၅မိနစ်တောင်မပြည့်သေးဘူး မဖွယ်မရာတွေလုပ်နေပီ"
"ဟေ့ကောင် တိုးတိုး တိုးတိုးနေစမ်း"
မမှီမကမ်းလက်ဆန့်လို့ တဖုန်းဖုန်းရိုက်နေသည့်တိုင် နီကိုးလ်ဆီကအော်သံကရပ်မသွား။ဂျေးကတော့ ခေါင်းကိုသာတွင်တွင်ငုံ့လို့ စတော်ဘယ်ရီနို့ကိုသာသောက်နေတော့သည်။ဟုတ်တယ်လေ ဒီလိုအချိန်မှာသူဘယ်လိုအင်အားနဲ့ခေါင်းထောင်ကြည့်ရဲမလဲ ပူထူနေပီ။
~~~
"နေ့လည်စာသွားစားမယ်လေ အချစ်ကလေး"
စာအုပ်တွေသိမ်းနေတုန်း ကောက်ခါငင်ကာကြီးဆိုလာတဲ့ ဆောင်ဟွန်းစကားကြောင့် ဂျေးကအသက်ပင်မရှူနိုင်တော့။
"မင်း"
လက်သီးသေးသေးလေးဆုပ်လို့ စကားလုံးများပျောက်ရှနေတဲ့ဂျေးရဲ့နီရဲနေတဲ့နားရွက်ဖျားတွေဟာ စိတ်တိုလို့ပဲဖြစ်မှာပါ။
"လာပါ စူပုတ်မနေနဲ့"
ဆောင်ဟွန်းကဂျေးလက်ကိုအတင်းဆွဲလို့ရှေ့က ဇွတ်သွားသည်။နီကိုးလ်ကတော့ ဂျေးပုခုံးကိုသာအသာပုတ်ပီး နှစ်သိမ့်ဟန်ပေါက်နေသည့်အကြည့်တွေနဲ့လာကြည့်သည်။
"ငါကပဲတောင်းပန်ပါတယ်။မင်းနောက်ကျရင် ကျင့်သားရသွားမှာပါ"
"ကျင့်သားရသွားမယ်?"
သွားရှာပီ။ဂျေးရဲ့ အေးဆေးလှတဲ့ကျောင်းတက်ရက်လေးတွေ ဆောင်ဟွန်းလက်ချက်ကြောင့်စုန်းစုန်းမြုပ်ရှာပီ။
~~~
ဆောင်ဟွန်းက ဂျေးရဲ့ဟေဇယ်ရောင်မျက်ဝန်းညိုညိုတွေနဲ့ ၅စက္ကန့်ထက်ပိုလို့စိုက်ကြည့်ရတာကလွဲရင် ကျန်တာအကုန်လက်ရဲဇက်ရဲ။စာသင်ချိန်ဆိုလဲ ဂျေးကိုမသိမသာသွားသွားတွန်းသည်။ပုံမှန်တစ်ယောက်ထဲနေ့လည်စာစားပီးစာဖတ်နေကျဖြစ်တဲ့ဂျေးဟာလဲ အခုဆိုနေ့လည်ရောက်တာနဲ့ဆောင်ဟွန်းဆွဲခေါ်ရာနောက်ပါသွားရစမြဲ။ထိုအချိန်တိုင်းနီကိုးလ်က အားနာသလိုအကြည့်တွေနှင့်ကြည့်သည်။ကျောင်းဆင်းပီဆိုလဲ ကျောင်းပေါက်ဝထိ သူ့ဆိုင်ကယ်ကြီးတွန်းပီး ဂျေးနားကအတင်းကပ်လျှောက်သည်။အိမ်ပြန်လိုက်ပို့ဖို့ထိ တွေးထားပေမယ့်အဲ့ကိစ္စကိုတော့ ဂျေးအတင်းတားထားတာမလို့ လက်လျော့ထားသည့်ပုံ။
နေ့လည်စာကိစ္စကိုလဲဂျေးကအေးဆေးစာဖတ်ချင်သေးတာကြောင့်ငြင်းသေးသည်။သို့သော်လဲလက်ခံလိုက်ရသည့်အကြောင်းကဒီလို။
"ဂျေး ငါနဲ့တူတူထမင်းစားပါဆိုကွာ"
"မရှုပ်နဲ့"
"ဂျေးလို့ အချစ်ကလေးကလဲ"
"ကျစ် ငါ့ကိုအဲ့လိုတွေမခေါ်ပါနဲ့ဆိုနေ"
"အဲ့တာဆိုငါနဲ့တူတူနေ့လည်စာလိုက်စားလေ"
"မင်းဖြေထားတဲ့စာမေးပွဲမှာ1 to 3 ဝင်ရင် လိုက်စားပေးမယ်"
"ဝါးဟားဟားဟား" နီကိုးလ်ဆီကထွက်လာသည့် ရင်ခေါင်းသံအော်ရယ်သံကြီး။
အဆင့်၁ကနေ ၃အတွင်းကို ဆောင်ဟွန်းက? ရပါလိမ့်အုန်းမယ် အားကြီးကြီး။ဂျေးကတော့ ချက်ကောင်းကိုထိထိမိမိကိုင်ချလိုက်တာပဲ။
အဲ့ဒီနေ့ ညနေမှာပဲအဆင့်ကြေညာတော့...
"ပထမဆုံးလပတ်စာမေးပွဲရဲ့အဆင့်တစ်ကတော့ ပတ်ဂျေး"
ဂျေးကခုံပေါ်ကထသွားလို့ အတန်းပိုင်ဆရာမလက်ထဲက အဖြေလွှာကိုသွားယူတယ်။
"တော်လိုက်တာနော် ဂျေးက။အမြဲစာလုပ်နေတာ အဆင့်တစ်ရသွားပီ"
"တိုးတိုးနေစမ်းပါ"
"အဆင့်နှစ် ပတ်ဆောင်ဟွန်း"
"ဘာ!!" အော်သံအကျယ်ကြီးထွက်သွားတဲ့နီကိုးလ်ရယ် မျက်လုံးတွေပြူးကျယ်သွားရတဲ့ဂျေးရယ်။
ပတ်ဆောင်ဟွန်းလို ကျောင်းမှာအိပ်တာနဲ့ ဂျေးကိုကလူတာနဲ့ ကန်တင်းပြေးဖို့ပဲချောင်းနေတဲ့ကောင်ကလေ။ညနေဘက်စာခိုးလုပ်တယ်ပြောရအောင်လဲ အမြဲလိုလို နီကိုးလ်နဲ့ဆိုင်ကယ်ကြီးတက်ခွပီးလမ်းသလားနေကျမလို့ ဘယ်နားအချိန်ရှိသလဲ စဉ်းစားလို့ကိုမရ။ဒါကဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ကိစ္စကြီးပဲ။
အဖြေလွှာစာရွက်ကိုင်ပီးမြောက်ကြွမြောက်ကြွပြန်လာတဲ့ ဆောင်ဟွန်းကို မေးငေါ့မေးတော့ သကောင့်သားကပြုံးစိစိသာလုပ်ပြသည်။
တကယ်တော့ ဆောင်ဟွန်းရဲ့ IQက 140ရှိပီး သာမန်ထက်ကျော်လွန်သည့် မှတ်ညဏ်ရှိသူဖြစ်သည်။ငယ်ငယ်လေးကတည်းက အရမ်းညဏ်ကောင်းပီး တော်လွန်းတာကြောင့် ဆရာဆရာမတွေအပြင် အိမ်ကပါ အတန်းတွေကျော်တက်လို့ ဘွဲ့စောစောယူစေချင်သည့်တိုင် ဆောင်ဟွန်းကတော့ပျင်းလို့ဆိုသည့်အကြောင်းပြချက်တခုထဲနဲ့ အတန်းမကျော်ခဲ့။နေ့တိုင်းပေါ့ပေါ့နေပေါ့ပေါ့စားပီး စာမေးပွဲဝင်ဖြေရင်တောင် ဦးနှောက်ကထက်နေတာမလို့ အမှတ်ကောင်းအမြဲရသည်။ဒီအကြောင်းကိုဂျေးမသိလိုက်တာ နှမြောစရာပဲ။အခုတော့ အင်တင်တင်ဖြင့်သာ နေ့တိုင်းနေ့လည်စာတူတူစားဖို့သဘောတူလိုက်ရတော့သည်။
~~~
"ဟေ့ ဂျေးမလာသေးဘူးလား"
အမြဲကျောင်းကိုစောလာတတ်တဲ့သူက ဆောင်ဟွန်းကျောင်းကိုရောက်တဲ့ထိအောင် ပေါ်မလာသေးတာမလို့ နီကိုးလ်ကိုမေးလိုက်မိတော့ ခေါင်းအသာခါသည်။
"အခန်းထဲရောက်ရောက်ချင်း အချစ်ကလေးမျက်နှာကိုမြင်ချင်တာကိုကွာ"
"မင်းအဲ့အခေါ်အဝေါ်ကြီးပြင်စမ်းပါ။နည်းနည်းပါးပါးအားနာမှုလေးရှိစမ်းပါအုန်း"
"အချစ်ကလေးမလို့ အချစ်ကလေးလို့ခေါ်တာဘာဖြစ်လဲ။မနာလိုရင် မင်းလဲရှာလေ"
"လူလိုပြောလဲလူလိုမသိတဲ့ကောင်"
"ဘလာဘလာဘလာ"
နှစ်ယောက်သားရယ်မောနေတုန်း အခန်းထဲဝင်လာတဲ့ဂျေး။ဆောင်ဟွန်းကရင်းနှီးနေတဲ့ နှင်းဆီနံ့လေးကြောင့် ခေါင်းကိုချာခနဲလှည့်ကြည့်တော့ ရင်းနှီးနေတဲ့အရိပ်ကလေးကိုတွေ့ရသည်။ခေါင်းငုံ့လို့လျောက်လာပီး ခုံပေါ်ထိုင်တဲ့ထိ မျက်တောင်များမခတ်လိုက်လို့ငေးကြည့်နေမိသည်။
"ဂျေး မောနင်း။မျက်နှာလေးမြင်ပါရစေအု-"
ခုံပေါ်ခေါင်းမှောက်လိုက်ပီး ကျီစားသည့်ဟန် မျက်နှာကို ဂျေးရှေ့တိုးသွားလိုက်သော်လည်း မြင်လိုက်ရသည့်အရာကြောင့် ဆောင်ဟွန်းစကားစတို့ကပြတ်တောက်သွားရသည်။
"ဂျေး ခေါင်းမော့"
ပျားရည်ရောင်သန်းနေတဲ့ နုနုကြည်ကြည်မျက်နှာလေးထက်ဝယ် ပါးပေါ်ကခရမ်းပုတ်ရောင်သန်းနေသည့်ဒဏ်ရာကထင်းလို့။နှုတ်ခမ်းထက်က နဂိုကွဲရာကြောင်းလေးကအလွန်ကြည့်ကောင်းသည့်တိုင်အောင် ယခုနှုတ်ခမ်းထောင့်က သွေးစို့နေတဲ့ကွဲရာကတော့ကြည့်ကောင်းမနေပါလေ။သပ်သပ်ရပ်ရပ်တပ်ထားတတ်တဲ့မျက်မှန်အမဲမှာလဲ ရေနဲ့သဲနဲ့ရောနေတဲ့အမှုန်တွေကပ်နေပီး ရှေ့ဆံပင်ထိပ်စတို့ကလဲ စိုနေသည်။
"တောက်ခ်"
ဂျေးပါးနှစ်ဖက်ကိုအုပ်ကိုင်ထားတဲ့ဆောင်ဟွန်းလက်တို့ကတုန်ရီနေပီး နှုတ်ခမ်းပါးတို့ကလဲ ဒေါသကြောင့်လှုပ်ခတ်နေသည်။ခပ်ကျယ်ကျယ်တောက်တချက်ခေါက်ပီး ခုံကိုအတင်းတွန်းဖယ်လို့ လက်သီးများဆုပ်ကာထွက်သွားတဲ့ဆောင်ဟွန်းနောက်ကို ကြောင်ကြည့်နေခဲ့မိသည့် နီကိုးလ်ကအလောတကြီးလိုက်ရတော့သည်။
"ဆောင်ဟွန်း" ဂျေးရဲ့တားမြစ်ခေါ်သံကတော့ နောက်ပါးဝယ်တိုးတိုးလေးကျန်ရစ်ခဲ့လျက်။
ခြေလှမ်းကျဲကြီးတွေလှမ်းလို့ ပေါက်ကွဲထွက်မတတ်အရှိန်အဝါတွေစိုးမိုးနေတဲ့ဆောင်ဟွန်းခြေလှမ်းတို့ရဲ့ ဦးတည်ရာက အတန်း၄ တန်းခွဲ၅ဆီ။
"မင်းလား ဂျေးကိုထိခိုက်အောင်လုပ်လိုက်တာမင်းလား"
အခန်းထဲဝင်ဝင်ချင်း ပြတင်းပေါက်ဘောင်နားမှာရပ်လို့ ရယ်မောနေတဲ့ ရင်းနှီးပီးသားမျက်နှာကိုမြင်တော့ အမြန်ပဲသွားလို့ အင်္ကျီလည်ပင်းစကနေဆွဲမလိုက်တယ်။
အဖြေပြန်မလာပဲ အကြောက်အကန်ရုန်းနေတဲ့ဂျောင်းဟာကြောင့် ဆောင်ဟွန်းစိတ်အခြေအနေကပိုဆိုးဝါးလာတော့တယ်။
"မင်းလားလို့မေးနေတယ်လေ။ဂျေးကိုထိခိုက်အောင်လုပ်တာမင်းလား"
ဆွဲထားတဲ့လည်ပင်းစကို ပိုတင်းတင်းဆွဲလိုက်ပီးအနားထပ်ဆွဲလိုက်တော့ ဂျောင်းဟာကငြိမ်ကျသွားသည်။မျက်ရည်တွေဝဲနေပီး ငိုချတော့မည်ဟန် ဂျောင်းဟာကဆောင်ဟွန်းမျက်စိထဲမှာတော့ သနားစရာကောင်းမနေပါလေ။
"ငါ ငါမဟုတ်ဘူး။စီနီယာယူဟို စီနီယာယူဟိုလုပ်တာ"
"နာယူဟို?"
"မင်းတို့ ကြာ-ကြားမိလားမသိပေမယ့် ငါနဲ့ စီနီယာယူဟိုကကတောက်ကဆဖြစ်ထားလို့"
"အဲ့တာနဲ့ ဂျေးနဲ့ဘာဆိုင်လဲ!!!"
"ငါပြောတာဆုံးအောင်နားထောင်ပါအုန်း"
ဘေးမှာရပ်နေတဲ့ နီကိုးလ်ကနားထောင်စေချင်သည့်ပုံ ဆောင်ဟွန်းလက်မောင်းကို အသာပုတ်သည်။
"တကယ်က ကတောက်ကဆဖြစ်တယ်ဆိုတာထက် စီနီယာယူဟိုက ငါ့ကိုအမြင်မကြည်ပီး ငယ်နိုင်လုပ်ချင်နေတာ။သူ့လက်ကလွတ်ချင်ရင် သူ့အတွက်ကစားစရာလူတစ်ယောက်ရှာပေးလေဆိုလို့။ငါလဲ တခြား-တခြားလူတွေကိုပြကြည့်ပေမယ့် စီနီယာက ဂျေးကိုမျက်စိကျသွားတာမလို့ အဲ့တာ-"
စကားတောင်ဆုံးအောင်မပြောရသေး ဆောင်ဟွန်းဒေါသတွေကငယ်ထိပ်ဆောင့်တက်လာတာမလို့ ခြေထောက်ကိုပိတ်ကန်ချလိုက်တယ်။မိုက်ရိုင်းလိုက်တာ ကိုယ်လွတ်ရုန်းချင်တာနဲ့ ဘာမှမဆိုင်တဲ့ဂျေးကိုထိုးကျွေးတယ်ပေါ့။ဒီကောင်ရော ဟိုကောင်ရော ငရဲသွားရမဲ့ကောင်တွေ။
"အဲ့ကောင်ဘယ်မှာလဲ"
"ကျောင်းဝန်းလမ်းကြားထဲမှာနေမယ်" ခြေထောက်ကိုအကန်ခံရလို့ နာကျင်နေသည့်ဂျောင်းဟာက ရှုံ့မဲ့မဲ့ပြန်ဖြေသည်။
အရေခွံဆုတ်ပစ်ချင်တဲ့ထိ စိတ်တိုနေပေမယ့် တကယ့်ကောင်ကတခြားကောင်ရှိနေသေးတာမလို့ ဆောင်ဟွန်းက အမြန်ပဲလှည့်ထွက်လာလိုက်တော့တယ်။လှေကားထပ်တွေကို နှစ်ထစ်ကျော် သုံးထစ်ကျော်တွေပြေးဆင်းပီး ဂျောင်းဟာပြောတဲ့လမ်းကြားထဲကို အမြန်မပြေးရုံတမယ်သွားလိုက်တယ်။
ဒေါသအကြီးအကျယ်ထွက်နေတာမလို့ လက်သီးဆုပ်ထားတဲ့ဆောင်ဟွန်းလက်ဆစ်တွေကနီရဲနေပီး သွေကြောတွေထောင်ထွက်နေတယ်။အံကြိတ်ထားတာမလို့ မေးရိုးကထိုးထွက်နေတဲ့အပြင် တုန်ရီနေသေးတယ်။မျက်လုံးထောင့်တွေကအနည်းငယ်နီရဲနေပီး နှဖူးကြောတွေကလဲ ထင်းရှင်းလို့။
"နာယူဟို!!!"
တွေ့ပါပီ လမ်းကြားထဲမှာသူ့ဘော်ဒါတွေနဲ့ စုစုပေါင်းသုံးယောက်ကျက်သရေမရှိလောက်အောင် ရယ်မောနေတာကို။
"အာ ဂျူနီယာလေး စာရင်းသွင်းဖို့လား"
သူ့ကိုကြည့်ပီးခပ်ပြုံးပြုံးမေးလာတဲ့ ကောင်ဆီအလျင်သွားပီး မျက်နှာကိုဆွဲထိုးလိုက်တယ်။ရုတ်တရက်မလို့လန်ကျသွားသည့် ယူဟိုပေါ် တက်ခွလိုက်ပီး မျက်နှာကိုအချက်ပေါင်းများစွာထိုးတယ်။
သူ့ဘော်ဒါနှစ်ယောက်က လှမ်းဆွဲဖို့လုပ်ပေမယ့် နီကိုးလ်လက်ချက်ကြောင့်အနားပင်ကပ်လို့မရသေး။
"ခွေးလိုကောင်!ဂျေးကို...အနိုင်...ကျင့်လို့...ရတယ်လို့....ဘယ်သူတောင်းစားက...မင်းကို...ပြောလိုက်တာလဲ" စကားပြောလိုက် ထိုးလိုက်နဲ့ဆောင်ဟွန်းက တားဆီးလို့မရတော့တဲ့ သားရဲတစ်ကောင်လို။
"ငါဘယ်လောက်တောင်...တန်ဖိုးထားရတဲ့လူလဲ...မင်းရဲ့ခွေးလက်တွေနဲ့...ထိရအောင်....တန်လို့လား...ခွေးသား!!"
"ဆောင်ဟွန်း တော်တော့" လေထဲပျံ့လွင့်လာတဲ့ ဂျေးအသံကိုရုတ်တရက်ကြားလိုက်တော့ ဆောင်ဟွန်းလက်တို့ကရပ်တန့်သွားပီးခေါင်းမော့ကြည့်လာသည်။ထိုနည်းတူရပ်တန့်သွားတဲ့ နီကိုးလ်ကြောင့် ယူဟို့သူငယ်ချင်းနှစ်ယောက်ကအပြေး ဆောင်ဟွန်းကိုတွန်းလို့ ယူဟို့ကိုထူသည်။
"အဆင်ပြေရဲ့လား" အနားကပ်မေးလာတဲ့နီကိုးလ်အမေးကို ခေါင်းငြိမ့်ပြလိုက်တယ်။ဒေါသအလွန်ထွက်သွားတာရယ် အားသုံးလိုက်ရတာရယ်ကြောင့် ဆောင်ဟွန်းကအနည်းငယ်အသက်ရှူမဝ။
ထို့သည့်တိုင် ရှေ့က နာယူဟိုကိုလက်ညိုးထိုးရင်း "နောက်ဆိုဂျေးကို လက်ဖျားလေးနဲ့ထိရဲထိကြည့်။မင်းကိုအရိုးနဲ့အသားတခြားဆီဖြစ်အောင်နွှာပစ်မယ်"
ဂျေးကတော့ သူ့နားလာပီးသူ့လက်ညိုးကို အသာဆွဲလို့ပြန်ချစေသည်။ရှေ့ကသုံးကောင်ကတော့ကြည့်ရတာမဟန်။ဒီပုံစံနဲ့များ ဂျေးကိုထိဖို့စဉ်းစားရဲသေးတယ်။
"ကျောင်းသားတွေ အဲ့တာဘာလုပ်နေတာလဲ!!!!"
ခပ်လှမ်းလှမ်းက ဆရာ့အော်သံကြားမှာ အကြီးအကျယ်ပြဿနာတက်တော့မဲ့အရိပ်အယောင်တွေမြင်နေရသည်။
ဆောင်ဟွန်းကဘေးကဂျေးကိုတစ်ချက်ကြည့်မိတော့ မျက်နှာနုနုထက်ကဒဏ်ရာကိုမြင်ပီး စိတ်မကောင်းဖြစ်သွားရပြန်သည်။
"တောင်းပန်ပါတယ် ငါကဒီ့ထက်ပိုကာကွယ်ပေးခဲ့ရမှာ"
ဂျေးကဘာမှပြန်မပြောခဲ့ပေမယ့် မျက်ဝန်းတွေထဲမှာတော့ "မင်းအမှားမဟုတ်ပါဘူး" ဆိုတဲ့အကြောင်းဖော်ပြလို့နေသည်။
ဆောင်ဟွန်း သံဓိဌာန်ချပါသည်။နောက်နောင်ဂျေးကို နည်းနည်းလေးတောင်ထိခိုက်စေမှာမဟုတ်သည့်အကြောင်း။
Zawgyi
"အင့္"
အခန္းကအလုံျဖစ္သည့္အျပင္ ခန္းစီးျဖဴျဖဴေတြပါတပ္ထားတာေၾကာင့္ ေန႔မွန္းမသိညမွန္းမသိ ဘယ္အခ်ိန္ေရာက္သြားသလဲသတိမထားမိေအာင္ ေဂ်းကိုပဲေငးၾကည့္ေနခဲ့တဲ့ေဆာင္ဟြန္းက ေဂ်းရဲ႕အင့္ခနဲအသံပိစိေလးႏွင့္အတူ တလႈပ္လႈပ္ျဖစ္လာတဲ့လက္ကေလးေတြ မ်က္ေတာင္ေလးေတြကိုျမင္မွ အသိျပန္ဝင္လာေတာ့တယ္။
ေဆာင့္တက္လာတဲ့ႏွလုံးခုန္သံအျပင္ လူကပါ႐ုတ္တရက္လန႔္သြားတာမလို႔ အလ်င္အျမန္ေခါင္းအုံးဆြဲလို႔ ေကာ္ေဇာပြပြေပၚအိပ္ဖို႔ျပင္လိုက္ရာ စိတ္သြားတိုင္းမလိုက္ႏိုင္တဲ့ ခႏၶာကိုယ္က ေဂ်းကုတင္ေစာင္းနဲ႔တိုက္မိတာ ဒုန္းခနဲ။
"အာ့" ပူထူသြားတဲ့ေမးေစ့ကိုအုပ္ကိုင္လို႔ ခပ္တိုးတိုးၿငီးမိေတာ့ အခုမွအိပ္ယာႏိုးလာတဲ့ေဂ်းကအလန႔္တၾကားထလာတယ္။
"ဘာျဖစ္တာလဲ"
ကုတင္ေပၚကေဂ်းကို ကုတင္ေအာက္ကေနေမာ့ၾကည့္လို႔ ေဆာင္ဟြန္းကေမးေစ့ကိုအုပ္ထားပီး ေခါင္းခါတယ္။
"ခိုက္မိသြားတာလား ငါ့ကိုျပ"
ေဂ်းကေဆာင္ဟြန္းရဲ႕ေမးေစ့ေပၚကလက္ကိုအတင္းဆြဲခြာေတာ့ ဒဏ္ရာရထားတဲ့ေမးေစ့ကေပၚလာတယ္။
"ေဆာင္ဟြန္း မင္းေမးေစ့ကြဲသြားတယ္။ခနေလး"
အလ်င္အျမန္ပဲကုတင္ေပၚကမတ္တပ္ရပ္လို႔ ေခါင္းရင္းဗီ႐ိုထဲက ေဆးေသတၱာကိုထုတ္ယူပီး ေဆာင္ဟြန္းေဘးလာထိုင္တဲ့ေဂ်း။ေဆာင္ဟြန္းကကိုယ့္လက္ကိုျပန္ငုံ႔ၾကည့္မိေတာ့ ကပ္ပါလာတဲ့ေသြးစအနည္းငယ္။
"ဒီေလာက္ကပါးမႊားေလးပါ"
"႐ိုး႐ိုးဒဏ္ရာမဟုတ္ဘူး ေမးကြဲသြားတာ။ေခါင္းမမာစမ္းနဲ႔"
ေဆးေသတၱာကိုဖြင့္ပီး ဝါဂြမ္းအနည္းငယ္ကိုယူကာ အရက္ျပန္နဲနဲေလာင္းလိုက္တယ္။လက္တစ္ဖက္ကေဆာင္ဟြန္းပါး႐ိုးကိုထိန္းကိုင္လို႔ေခါင္းေမာ့ေစပီး လက္တစ္ဖက္က သန႔္ရွင္းေရးလုပ္ေပးေနကာ စပ္သြားမွာစိုးသည့္ဟန္ ေလတဖူးဖူးလဲမႈတ္ေပးေနေသးတယ္။
ေလမႈတ္လိုက္တိုင္း ခြၽန္ခြၽန္ထြက္လာတဲ့ႏႈတ္ခမ္းအစုံကိုလိုက္ငမ္းေနမိတာေၾကာင့္ ေဆာင္ဟြန္းကဒဏ္ရာဆီကစပ္လို႔စပ္ေနမွန္းေတာင္မသိ။နီးကပ္လြန္းတဲ့ေဂ်းနဲ႔သူ႔ရဲ႕အကြာအေဝးၾကားထဲမွာ ႏွင္းဆီနံ႔သင္းသင္းေလးကပ်ံ႕လြင့္လို႔။
"အဲ့တာေၾကာင့္ငါမင္းကို ကုတင္ေပၚတက္အိပ္လို႔ေျပာတာ"
ေဂ်းက ဂြမ္းစကိုပစ္လိုက္ပီး ႏွစ္ဖက္ပါဝါဂြမ္းေခ်ာင္းကို လိမ္းေဆးသုတ္လို႔ ေျပာတယ္။ပီးေနာက္ အသာအယာေလး ေဆာင္ဟြန္းဒဏ္ရာေပၚတို႔ထိလို႔ ေဆးလိမ္းေပးတယ္။
အိပ္ယာထခါစျဖစ္တာေၾကာင့္ ၾကည္လင္ေနတဲ့မ်က္ဝန္းညိဳညိဳေတြကို အနီးကပ္ျမင္ေနရတဲ့ေဆာင္ဟြန္းက ႏွလုံးသားေပၚပု႐ြက္ဆိတ္ေလးေတြေျပးလႊားေနသလိုခံစားခ်က္မ်ိဳးရေနတယ္။
"ေဂ်း"
နာမည္ကိုေခၚလိုက္ေတာ့ အင္းခနဲလည္ေခ်ာင္းသံနဲ႔ျပန္ေျဖပီး ေဆးလိမ္းေနတဲ့အမႈကိုပဲအာ႐ုံစိုက္ေနတဲ့ေဂ်းက လွလြန္းလို႔ဆြဲဖက္ပီးနမ္းပစ္ခ်င္စိတ္ေတြက စိတ္အစုံဝယ္တဖြားဖြား။
"ငါမေန႔ညကေျပာတဲ့စကား..."
ေဆးလိမ္းေပးအပီး ပလာစတာထုတ္လို႔ ဒဏ္ရာကိုကပ္ေပးေနတဲ့လက္တို႔က ေဆာင္ဟြန္းစကားေၾကာင့္ အနည္းငယ္တြန႔္သြားတာကို သတိထားမိလိုက္ပါရဲ႕။
"ငါတကယ္ေျပာတာ။မင္းကိုတကယ္သေဘာက်ေနပီထင္တယ္"
ေမာ့ၾကည့္လာတဲ့မ်က္ဝန္းေတြ။ေဆာင္ဟြန္းကဖမ္းစားခံလိုက္ရသလိုစိုက္ၾကည့္ေနေပမယ့္ ၾကာၾကာမၾကည့္ႏိုင္သည့္ဟန္ အေနာက္ဘက္ကိုလက္ေထာက္လို႔ ခႏၶာကိုယ္ကိုအနည္းငယ္ေနာက္တိုးယိုင္လိုက္ပီး အၾကည့္လႊဲလိုက္တယ္။
"ငါမင္းမ်က္လုံးေတြကိုၾကာၾကာမၾကည့္ႏိုင္ဘူး ေဂ်း"
"ဘာလို႔လဲ"
"ၾကာၾကာၾကည့္မိရင္ ငါစိတ္လြတ္သြားပီးမင္းကိုနမ္းမိလိမ့္မယ္"
ပုံမွန္ထက္ျမန္ဆန္သြားတဲ့အသက္ရွဴသံ ေနာက္ပီးေဆးသတၱာသိမ္းလို႔ သူ႔ေရွ႕ကထသြားသံတို႔ကိုေရွ႕ဆင့္ေနာက္ဆင့္ၾကားလိုက္ရတယ္။ေဆာင္ဟြန္းအေရွ႕ကိုျပန္ၾကည့္မိတဲ့အခါ ေဂ်းကေရခ်ိဳးခန္းထဲဝင္သြားပီ။
ေဆာင္ဟြန္းလဲ ေဂ်းေရခ်ိဳးပီးတာနဲ႔ မနက္ဘက္ပါတခါထဲ ေဂ်းအခန္းမွာပဲေရခ်ိဳးပီးညကအပိုယူလာတဲ့ ေက်ာင္းဝတ္စုံအသစ္ထုတ္ဝတ္လိုက္တယ္။
"သြားပီ ငါဝတ္စုံပဲအပိုယူခဲ့တာ။စာအုပ္ေတြအိမ္မွာက်န္ခဲ့တယ္"
ကုတင္ေပၚထိုင္လို႔ လက္ႏွစ္ဖက္နဲ႔လည္ပင္းကိုတခုခုလိမ္းေနတဲ့ေဂ်းကိုၾကည့္ပီး အလန႔္တၾကားေျပာလိုက္ေတာ့ ေဂ်းကဖြဖြေလးရယ္တယ္။
"မင္းရယ္တာ ပထမဦးဆုံးေတြ႕ဖူးတာပဲ"
လြယ္အိတ္ႀကီးကိုအိတ္သြန္ဖာေမွာက္လုပ္ေနရင္း သတိလက္လြတ္ေဂ်းကိုစိုက္ၾကည့္မိျပန္တယ္။ဘယ္ေလာက္ပဲၾကည့္ထားၾကည့္ထား ေဆာင္ဟြန္းအေနနဲ႔ေဂ်းကိုၾကည့္လို႔ဝတယ္လို႔ကိုမရွိဘူး။မဟုတ္ေသးပါဘူး လူတစ္ေယာက္ကဒီေလာက္ႀကီးၾကည့္ေကာင္းေနစရာလိုလို႔လား။
"အဟမ္း" လြင့္ေမ်ာေနတဲ့လိပ္ျပာအစုံက ေဂ်းရဲ႕ေခ်ာင္းဟန႔္သံမွာစိတ္ကိုျပန္ကပ္တယ္။
"မင္းဘာလိမ္းေနတာလဲ"
အရွက္ေျပ စကားလႊဲလိုက္ပီးေဂ်းေဘးနားဝင္ထိုင္လို႔ေမးလိုက္တယ္။
"lotion ေမေမကငါ့ကိုလိမ္းေပးေနက်မလို႔အက်င့္ပါေနတာ။လိမ္းအုန္းမလား"
ပန္းေရာင္ေဖ်ာ့ေဖ်ာ့ဗူးေလးကို သူ႔ဆီထိုးေပးရင္းေမးလာတဲ့ေဂ်းဆီကရတဲ့သင္းရနံ႔။
"ႏွင္းဆီပန္းနံ႔ပဲ။မင္းလိမ္းတဲ့lotionကလဲႏွင္းဆီပန္းနံ႔ မင္းအခန္းကလဲႏွင္းဆီပန္းနံ႔ မင္းဆီကလဲႏွင္းဆီပန္းနံ႔ရတယ္"
"ေမေမကေတာ့ ငါ့ကိုယ္သင္းနံ႔လို႔ေျပာတာပဲ။ကိုယ္သင္းနံ႔ကိုတျခားအနံ႔ေတြနဲ႔မေရာေစခ်င္လို႔ ႏွင္းဆီနံ႔ေတြသုံးေပးရင္းကေန ငါလဲအလိုလိုအက်င့္ပါသြားတာ"
ေဆာင္ဟြန္းက ကိုယ္ကိုေဂ်းဆီအုပ္မိုးလိုက္ပီး လည္ဂုတ္ကိုအနီးကပ္ရွဴရႈိက္တယ္။႐ုတ္တရက္ကပ္လာတဲ့ေဆာင္ဟြန္းေၾကာင့္ lotionဗူးကိုင္ထားတဲ့ ေဂ်းရဲ႕လက္တို႔ကတင္းမာသြားတာသိသိသာသာ။
"ႏွင္းဆီနံ႔lotionသုံးေနက်မလို႔ မင္းကိုယ္သင္းနံ႔ကပိုပီးအနံ႔ျပင္းလာတာျဖစ္မယ္။ေမႊးတယ္ေဂ်း lotionနံ႔ထက္မင္းကိုယ္သင္းနံ႔ကပိုေမႊးတယ္"
အနီးကပ္လည္ဂုတ္ကိုအနံ႔ခံေနရင္း ေခါင္းလွည့္ခ်လိုက္တဲ့ေဆာင္ဟြန္းနဲ႔ ေဆာင္ဟြန္းစကားေၾကာင့္ေခါင္းလွည့္လာတဲ့ေဂ်း။တၿပိဳက္နက္ထဲလွည့္လာတဲ့ေခါင္းႏွစ္လုံးၾကားထဲမွာ ရွပ္တိုက္မိသြားတဲ့ႏွာဖ်ားေလးႏွစ္ခုက တိခနဲ။ႏွာဖ်ားခ်င္းထိကပ္ေနတဲ့အေျခအေနမွာ ႏွစ္ေယာက္လုံးတုတ္တုတ္မွမလႈပ္ႏိုင္ပဲ တကယ္လို႔တေယာက္ေယာက္ကသာေခါင္းကိုအနည္းငယ္ေရွ႕တိုးလိုက္ရင္ ႏွာဖ်ားတင္မက ႏႈတ္ခမ္းပါးေတြပါထိစပ္မိသြားမွာ မလြဲမေသြေပ။
အခန္းက်ဥ္းက်ဥ္းေလးထဲ တဒုန္းဒုန္းျမည္ေနတဲ့ႏွလုံးခုန္သံက ကိုယ့္ဆီကလား သူ႔ဆီကလားမသဲကြဲေတာ့။ေဆာင္ဟြန္းကေတာ့ ေဂ်းရဲ႕ေဟဇယ္ေရာင္မ်က္ဝန္းညိဳညိဳေတြကိုစိုက္ၾကည့္ေနမိပီး ေဂ်းကေတာ့ေဆာင္ဟြန္းရဲ႕မွည့္နက္နက္တို႔ကိုစိုက္ၾကည့္ေနမိတယ္။
"မျဖစ္ဘူး ေဂ်းငါမင္းမ်က္လုံးေတြကိုၾကာၾကာၾကည့္မိရင္ငါမင္းကိုနမ္းမိလိမ့္မယ္လို႔"
စိတ္ကိုထိန္းလို႔ကိုယ္ခ်င္းခြာလိုက္ပီး ကုတင္ေပၚကထရပ္လိုက္တဲ့ေဆာင္ဟြန္းက ေခါင္းကိုလက္ႏွစ္ဖက္လုံးနဲ႔အုပ္ကိုင္လို႔ေျပာတယ္။ေဆာင္ဟြန္းကိုၾကည့္ရတာသူ႔စိတ္သူအေတာ္ေလးထိန္းခ်ဳပ္ထားရသည့္ပုံပင္။
"ေက်ာင္းသြားရေအာင္ေလ ငါမင္းကိုလိုက္ပို႔မယ္"
"အင္း" အပိုစကားမဆိုေတာ့တဲ့ေဂ်းက ထလို႔စာအုပ္မ်ားကိုလြယ္အိတ္ထဲထည့္သည္။လိုအပ္သည္မ်ားျပင္ဆင္ပီးသည္ႏွင့္ ႏွစ္ေယာက္သားဘာဆိုဘာမွထပ္မေျပာျဖစ္ေတာ့ပဲ အခန္းထဲကထြက္လာလိုက္သည္။ေဆာင္ဟြန္းကေတာ့ သိသိသာသာပင္ေဂ်းအၾကည့္မ်ားကိုေရွာင္ဖယ္လ်က္။
ဆိုင္ကယ္စီးေတာ့လဲ ညတုန္းကလိုေဂ်းရဲ႕လက္ေတြကို ဆြဲလို႔ၿမဲၿမဲဖက္ေစတာမ်ိဳးမလုပ္ေတာ့ပဲ အရွိအတိုင္းအသာအယာေလးကိုင္ခ်င္သလိုသာကိုင္ေစလိုက္သည္။အဲ့အစား ဆိုင္ကယ္ကိုသာေျဖးေျဖးေမာင္းလို႔။
~~~
"တစ္ညေလးသူမ်ားဆီသြားအိပ္တာ ဒဏ္ရာပါပါလာသလား ငါ့ေကာင္ရာ"
စာအုပ္တေခါက္ျပန္ယူပီးေက်ာင္းဝန္းထဲဝင္ဝင္လာခ်င္း နီကိုးလ္ကပုခုံးကိုအတင္းခုန္ဖက္လို႔ေျပာသည္။
"ဟိတ္ေကာင္ နီကိုးလ္"
"ေျပာ"
"မင္း ေဂ်းကိုႀကိဳက္လား"
ေဆာင္ဟြန္းရဲ႕အေမးစကားအဆုံး တိတ္ဆိတ္မႈကႀကီးစိုးသြားသည္မွာ အလြန္ကိုက်ယ္ေလာင္လြန္းသည္။
"ေပါက္ေပါက္ရွာရွာကြာ ဘယ္ကေနဘယ္လိုအဲ့အေတြးေတြဝင္လာတာလဲ"
"ေဂ်းရဲ႕မ်က္လုံးေတြကအလွဆုံးလို႔မင္းတစ္ေခါက္ေျပာဖူးလို႔ေလ"
"ေအးေလ လွလို႔လွတယ္ေျပာတာ။ငါကေဂ်းကို ညီေလးတစ္ေယာက္လိုပဲခင္တာပါကြာ။အဲ့တာေၾကာင့္အႏိုင္က်င့္မခံရေအာင္ ေစာင့္ေရွာက္ေပးခ်င္႐ုံပဲ"
"ေအာ္"
"ဘာလို႔ေမးတာလဲ"
"ဘာလို႔ဆို ငါေဂ်းကိုႀကိဳက္လို႔"
"ဘယ္လို!!!"
"တိုးတိုးေနစမ္းပါ"
နီကိုးလ္ကိုပါးစပ္ကအုပ္လို႔ ေက်ာင္းေဆာင္လမ္းၾကားထဲအတင္းဆြဲေခၚလာလိုက္တယ္။
"လႊတ္စမ္း မင္းလက္ႀကီးကို"
အတင္း႐ုန္းကန္ေနတဲ့နီကိုးလ္ကိုလႊတ္ေပးလိုက္ပီး ေဆာင္ဟြန္းကသက္ျပင္းခ်လို႔ ျဖစ္ျဖစ္သမွ်ရွင္းျပရေတာ့တယ္။
"ဆိုေတာ့ မေန႔ညကေဂ်းကိုသေဘာက်ေနတာအတည္ျပဳလိုက္ႏိုင္တယ္ေပါ့"
"အင္း အဲ့တာေၾကာင့္လဲတမင္လိုက္သြားလိုက္တာ။အတည္ျပဳၾကည့္ခ်င္လို႔"
"ဟား အႀကံတယ္ႀကီးပါ့လား။ဒါဆိုမင္းေရွ႕ေလွ်ာက္ဘာလုပ္မွာလဲ"
"ေဂ်းကဖြင့္ေျပာလိုက္ရင္ျငင္းမယ္ထင္တယ္ အခ်ိန္ေပးအုန္းမလားလို႔"
"ဒါနဲ႔ ေဂ်းဆံပင္ညႇပ္လိုက္တာေနာ္။မင္းအေတာ္ေလးသတိထားရမယ္ မင္းတင္မကဘူး ေဂ်းမ်က္လုံးေတြကိုျမင္ပီးဒုကၡေရာက္ၾကအုန္းမဲ့လူေတြအမ်ားႀကီး"
"အဲ့တာေၾကာင့္ဆုံးျဖတ္ရခက္ေနတာ အေနာက္လိုက္ပီးေတာက္ေလွ်ာက္ေစာင့္ၾကည့္ရေအာင္လဲ ေဂ်းကခြင့္ျပဳမွာမဟုတ္ဘူး။ဘယ္လိုလုပ္ရမလဲမသိေတာ့ဘူးကြာ။ေဂ်းကလွလြန္းတယ္ ႐ူးေတာ့မွာပဲ"
ဆံပင္ေတြကိုစိတ္ရႈပ္စြာနဲ႔ဆြဲဖြလိုက္ပီး နက္တိုင္ကိုပါ ေအာက္ထိေလ်ာက်သြားေအာင္ဆြဲျဖည္လိုက္တယ္။နာရီဝက္နီးပါးၾကာေအာင္ ေျဖရွင္းနည္းကိုေခါင္းေပါက္ထြက္မတတ္စဥ္းစားအပီးမွာ ေဆာင္ဟြန္းကအသင့္ေတာ္ဆုံးအရာကိုရွာေတြ႕သြားသည့္ဟန္ လႈပ္ရွားမႈေတြရပ္သြားပီးအၿပဳံးေလးေပၚလာတယ္။
"သြားမယ္ နီကိုးလ္။အခန္းထဲကို ေဂ်းဆီကိုသြားမယ္"
သြားမယ္ဆိုေတာ့လဲဇြတ္ သူ႔ပုခုံးကိုဆြဲပီးေလအလ်င္လိုေလ်ာက္ေနတဲ့ေျခလွမ္းက်ဲႀကီးေတြေနာက္ နီကိုးလ္တစ္ေယာက္ ယက္ကန္ယက္ကန္နဲ႔ပါလာပါေတာ့တယ္။
~~~
"မနက္စာမစားရေသးဘူးမလား ဒီမွာခရင္မ္ေပါင္မုန႔္နဲ႔စေတာ္ဘယ္ရီႏို႔"
စာလုပ္ေနတုန္း စာအုပ္ေဘးတြန္းပို႔လာတဲ့ေပါင္မုန႔္နဲ႔ႏြားႏို႔ဗူးကို အံ့ဩသလိုၾကည့္လိုက္ပီး ေဘးနားကလူကိုလွည့္ၾကည့္လိုက္တယ္။စားပြဲကိုလက္ေထာက္လို႔ ေခါင္းႀကီးေစာင္းပီးစိုက္ၾကည့္ေနတဲ့ေဆာင္ဟြန္းရယ္ အေရွ႕ခုံကေနဆြံ႕အသလိုလည္ျပန္ႀကီးလွည့္ၾကည့္ေနတဲ့နီကိုးလ္ရယ္။
မနက္အိပ္ယာႏိုးကတည္းက ေျဗာင္းဆန္ေအာင္တဒုန္းဒုန္းတဂြမ္းဂြမ္းလုပ္ ႐ုတ္တရက္ႀကီးသေဘာက်ေၾကာင္းေျပာလာတဲ့အျပင္ကို စိတ္မထိန္းႏိုင္ရင္နမ္းမိမဲ့အေၾကာင္းပါေျပာလာတာမလို႔ ေဂ်းမွာတစ္မနက္လုံး စိတ္နဲ႔ကိုယ္နဲ႔မကပ္။အသက္ရွဴမဝတဲ့ခံစားခ်က္ႀကီးလို ေလဟာျပင္ထဲေရာက္ေနတဲ့ခံစားခ်က္ႀကီးလိုခံစားေနရတာမလို႔ မနက္စာေတာင္မစားႏိုင္ခဲ့ပဲ ေက်ာင္းကိုအေစာႀကီးေရာက္လာျခင္းျဖစ္သည္။
"ေက်းဇူးပဲ" ၿပဳံးၿပဳံးႀကီးစိုက္ၾကည့္ေနတဲ့ေဆာင္ဟြန္းကိုအၾကည့္လႊဲလိုက္ပီး ေပါင္မုန႔္ကိုေဖာက္လို႔စားလိုက္တယ္။ႏို႔ဗူးကိုလဲ ပိုက္နဲ႔ေဖာက္ပီးေသာက္လိုက္ေတာ့ စေတာ္ဘယ္ရီႏို႔ေအးေအးေလးက လည္ေခ်ာင္းဆီစီးဆင္းသြားေလရဲ႕။
"ေဂ်း ငါစဥ္းစားမိတာတခုရွိတယ္"
ေပါင္မုန႔္ဝါးေနတဲ့ေဂ်းကျပန္ေျဖဖို႔ မအားတာေၾကာင့္ ေမးေငါ့ျပလိုက္ေတာ့ ေဆာင္ဟြန္းကသြားစြယ္ေတြေပၚလာတဲ့ထိရယ္တယ္။ပါးေစာင္ကိုလွ်ာနဲ႔ထိုးပီး ဝါးစားမတတ္စိုက္ၾကည့္ေနတဲ့မ်က္လုံးေတြကိုလႊဲမသြားေသးပဲ ျပန္ေျဖလာတဲ့စကားတို႔ေၾကာင့္ ေဂ်းမွာေပါင္မုန႔္ေတာင္နင္မတတ္။
"မင္းကိုငါလိုက္မလို႔"
"ဘ-ဘာေျပာတယ္"
"ေျပာတယ္မလား ငါကမင္းကိုသေဘာက်တယ္လို႔။အဲ့တာေၾကာင့္လိုက္မလို႔ေလ။မင္းကေတာ့ဖိအားမ်ားစရာမလိုပါဘူး။အေျဖျပန္ေပးဖို႔ေလာစရာလဲမလိုဘူး။မင္းလုပ္ေနက်တိုင္းေက်ာင္းစာကိုပဲအာ႐ုံစိုက္။ငါကငါ့ဘာငါမင္းကိုလိုက္မယ္"
ဘယ္လိုေတာင္ယုတၱိမရွိတဲ့စကားႀကီးလဲ။
အေတြးေတြကိုလိုက္မမွီေတာ့တဲ့ေဂ်းက ပါးစပ္ထဲကေပါင္မုန႔္ကိုေတာင္ကုန္ေအာင္မဝါးႏိုင္ပဲ မ်က္ဝန္းညိဳညိဳေတြဝိုင္းစက္သြားတဲ့ထိျပဴးၾကည့္ေနတယ္။ထိုအခိုက္ေဆာင္ဟြန္းရဲ႕လက္တစ္ဖက္က ႏႈတ္ခမ္းနားကပ္လာပီး ႏႈတ္ခမ္းေထာင့္ကို လက္မနဲ႔ခပ္ဖြဖြသုတ္ေပးသည္။
"ခရင္မ္ေတြေပေနတယ္။ေနာက္ပီး ေဂ်းငါ့ကိုအဲ့မ်က္လုံးေတြနဲ႔စိုက္မၾကည့္ဖို႔ေျပာထားတယ္ေလ"
အၾကည့္ေတြကို ေဂ်းႏႈတ္ခမ္းဆီပို႔လို႔ ေဆာင္ဟြန္းကသူ႔လက္မေပၚကေပေနတဲ့ခရင္မ္အနည္းငယ္ကို လွ်ာဖ်ားေလးထုတ္ကာလ်က္သည္။ျမင္လိုက္ရတဲ့ေဂ်းမွာေတာ့ အေၾကာအျခင္ေတြပါေတာင့္သြားရတဲ့ထိ။
"အား! ! ! ပတ္ေဆာင္ဟြန္းဘာလုပ္ေနတာလဲ"
တခ်ိန္လုံး ျပဴးၾကည့္ေနခဲ့တဲ့နီကိုးလ္ဆီက အသံနက္ႀကီးထြက္လာေတာ့မွ ေဘးနားမွာလူရွိမွန္းသတိရေတာ့သည္။
"မင္းေျပာေတာ့ ေဂ်းကို႐ိုး႐ိုးသားသားလိုက္မယ္ဆို။အခု ၅မိနစ္ေတာင္မျပည့္ေသးဘူး မဖြယ္မရာေတြလုပ္ေနပီ"
"ေဟ့ေကာင္ တိုးတိုး တိုးတိုးေနစမ္း"
မမွီမကမ္းလက္ဆန႔္လို႔ တဖုန္းဖုန္း႐ိုက္ေနသည့္တိုင္ နီကိုးလ္ဆီကေအာ္သံကရပ္မသြား။ေဂ်းကေတာ့ ေခါင္းကိုသာတြင္တြင္ငုံ႔လို႔ စေတာ္ဘယ္ရီႏို႔ကိုသာေသာက္ေနေတာ့သည္။ဟုတ္တယ္ေလ ဒီလိုအခ်ိန္မွာသူဘယ္လိုအင္အားနဲ႔ေခါင္းေထာင္ၾကည့္ရဲမလဲ ပူထူေနပီ။
~~~
"ေန႔လည္စာသြားစားမယ္ေလ အခ်စ္ကေလး"
စာအုပ္ေတြသိမ္းေနတုန္း ေကာက္ခါငင္ကာႀကီးဆိုလာတဲ့ ေဆာင္ဟြန္းစကားေၾကာင့္ ေဂ်းကအသက္ပင္မရွဴႏိုင္ေတာ့။
"မင္း"
လက္သီးေသးေသးေလးဆုပ္လို႔ စကားလုံးမ်ားေပ်ာက္ရွေနတဲ့ေဂ်းရဲ႕နီရဲေနတဲ့နား႐ြက္ဖ်ားေတြဟာ စိတ္တိုလို႔ပဲျဖစ္မွာပါ။
"လာပါ စူပုတ္မေနနဲ႔"
ေဆာင္ဟြန္းကေဂ်းလက္ကိုအတင္းဆြဲလို႔ေရွ႕က ဇြတ္သြားသည္။နီကိုးလ္ကေတာ့ ေဂ်းပုခုံးကိုသာအသာပုတ္ပီး ႏွစ္သိမ့္ဟန္ေပါက္ေနသည့္အၾကည့္ေတြနဲ႔လာၾကည့္သည္။
"ငါကပဲေတာင္းပန္ပါတယ္။မင္းေနာက္က်ရင္ က်င့္သားရသြားမွာပါ"
"က်င့္သားရသြားမယ္?"
သြားရွာပီ။ေဂ်းရဲ႕ ေအးေဆးလွတဲ့ေက်ာင္းတက္ရက္ေလးေတြ ေဆာင္ဟြန္းလက္ခ်က္ေၾကာင့္စုန္းစုန္းျမဳပ္ရွာပီ။
~~~
ေဆာင္ဟြန္းက ေဂ်းရဲ႕ေဟဇယ္ေရာင္မ်က္ဝန္းညိဳညိဳေတြနဲ႔ ၅စကၠန႔္ထက္ပိုလို႔စိုက္ၾကည့္ရတာကလြဲရင္ က်န္တာအကုန္လက္ရဲဇက္ရဲ။စာသင္ခ်ိန္ဆိုလဲ ေဂ်းကိုမသိမသာသြားသြားတြန္းသည္။ပုံမွန္တစ္ေယာက္ထဲေန႔လည္စာစားပီးစာဖတ္ေနက်ျဖစ္တဲ့ေဂ်းဟာလဲ အခုဆိုေန႔လည္ေရာက္တာနဲ႔ေဆာင္ဟြန္းဆြဲေခၚရာေနာက္ပါသြားရစၿမဲ။ထိုအခ်ိန္တိုင္းနီကိုးလ္က အားနာသလိုအၾကည့္ေတြႏွင့္ၾကည့္သည္။ေက်ာင္းဆင္းပီဆိုလဲ ေက်ာင္းေပါက္ဝထိ သူ႔ဆိုင္ကယ္ႀကီးတြန္းပီး ေဂ်းနားကအတင္းကပ္ေလွ်ာက္သည္။အိမ္ျပန္လိုက္ပို႔ဖို႔ထိ ေတြးထားေပမယ့္အဲ့ကိစၥကိုေတာ့ ေဂ်းအတင္းတားထားတာမလို႔ လက္ေလ်ာ့ထားသည့္ပုံ။
ေန႔လည္စာကိစၥကိုလဲေဂ်းကေအးေဆးစာဖတ္ခ်င္ေသးတာေၾကာင့္ျငင္းေသးသည္။သို႔ေသာ္လဲလက္ခံလိုက္ရသည့္အေၾကာင္းကဒီလို။
"ေဂ်း ငါနဲ႔တူတူထမင္းစားပါဆိုကြာ"
"မရႈပ္နဲ႔"
"ေဂ်းလို႔ အခ်စ္ကေလးကလဲ"
"က်စ္ ငါ့ကိုအဲ့လိုေတြမေခၚပါနဲ႔ဆိုေန"
"အဲ့တာဆိုငါနဲ႔တူတူေန႔လည္စာလိုက္စားေလ"
"မင္းေျဖထားတဲ့စာေမးပြဲမွာ1 to 3 ဝင္ရင္ လိုက္စားေပးမယ္"
"ဝါးဟားဟားဟား" နီကိုးလ္ဆီကထြက္လာသည့္ ရင္ေခါင္းသံေအာ္ရယ္သံႀကီး။
အဆင့္၁ကေန ၃အတြင္းကို ေဆာင္ဟြန္းက? ရပါလိမ့္အုန္းမယ္ အားႀကီးႀကီး။ေဂ်းကေတာ့ ခ်က္ေကာင္းကိုထိထိမိမိကိုင္ခ်လိုက္တာပဲ။
အဲ့ဒီေန႔ ညေနမွာပဲအဆင့္ေၾကညာေတာ့...
"ပထမဆုံးလပတ္စာေမးပြဲရဲ႕အဆင့္တစ္ကေတာ့ ပတ္ေဂ်း"
ေဂ်းကခုံေပၚကထသြားလို႔ အတန္းပိုင္ဆရာမလက္ထဲက အေျဖလႊာကိုသြားယူတယ္။
"ေတာ္လိုက္တာေနာ္ ေဂ်းက။အၿမဲစာလုပ္ေနတာ အဆင့္တစ္ရသြားပီ"
"တိုးတိုးေနစမ္းပါ"
"အဆင့္ႏွစ္ ပတ္ေဆာင္ဟြန္း"
"ဘာ!!" ေအာ္သံအက်ယ္ႀကီးထြက္သြားတဲ့နီကိုးလ္ရယ္ မ်က္လုံးေတြျပဴးက်ယ္သြားရတဲ့ေဂ်းရယ္။
ပတ္ေဆာင္ဟြန္းလို ေက်ာင္းမွာအိပ္တာနဲ႔ ေဂ်းကိုကလူတာနဲ႔ ကန္တင္းေျပးဖို႔ပဲေခ်ာင္းေနတဲ့ေကာင္ကေလ။ညေနဘက္စာခိုးလုပ္တယ္ေျပာရေအာင္လဲ အၿမဲလိုလို နီကိုးလ္နဲ႔ဆိုင္ကယ္ႀကီးတက္ခြပီးလမ္းသလားေနက်မလို႔ ဘယ္နားအခ်ိန္ရွိသလဲ စဥ္းစားလို႔ကိုမရ။ဒါကဘယ္လိုမွ လက္ခံႏိုင္စရာမရွိတဲ့ကိစၥႀကီးပဲ။
အေျဖလႊာစာ႐ြက္ကိုင္ပီးေျမာက္ႂကြေျမာက္ႂကြျပန္လာတဲ့ ေဆာင္ဟြန္းကို ေမးေငါ့ေမးေတာ့ သေကာင့္သားကၿပဳံးစိစိသာလုပ္ျပသည္။
တကယ္ေတာ့ ေဆာင္ဟြန္းရဲ႕ IQက 140ရွိပီး သာမန္ထက္ေက်ာ္လြန္သည့္ မွတ္ညဏ္ရွိသူျဖစ္သည္။ငယ္ငယ္ေလးကတည္းက အရမ္းညဏ္ေကာင္းပီး ေတာ္လြန္းတာေၾကာင့္ ဆရာဆရာမေတြအျပင္ အိမ္ကပါ အတန္းေတြေက်ာ္တက္လို႔ ဘြဲ႕ေစာေစာယူေစခ်င္သည့္တိုင္ ေဆာင္ဟြန္းကေတာ့ပ်င္းလို႔ဆိုသည့္အေၾကာင္းျပခ်က္တခုထဲနဲ႔ အတန္းမေက်ာ္ခဲ့။ေန႔တိုင္းေပါ့ေပါ့ေနေပါ့ေပါ့စားပီး စာေမးပြဲဝင္ေျဖရင္ေတာင္ ဦးေႏွာက္ကထက္ေနတာမလို႔ အမွတ္ေကာင္းအၿမဲရသည္။ဒီအေၾကာင္းကိုေဂ်းမသိလိုက္တာ ႏွေျမာစရာပဲ။အခုေတာ့ အင္တင္တင္ျဖင့္သာ ေန႔တိုင္းေန႔လည္စာတူတူစားဖို႔သေဘာတူလိုက္ရေတာ့သည္။
~~~
"ေဟ့ ေဂ်းမလာေသးဘူးလား"
အၿမဲေက်ာင္းကိုေစာလာတတ္တဲ့သူက ေဆာင္ဟြန္းေက်ာင္းကိုေရာက္တဲ့ထိေအာင္ ေပၚမလာေသးတာမလို႔ နီကိုးလ္ကိုေမးလိုက္မိေတာ့ ေခါင္းအသာခါသည္။
"အခန္းထဲေရာက္ေရာက္ခ်င္း အခ်စ္ကေလးမ်က္ႏွာကိုျမင္ခ်င္တာကိုကြာ"
"မင္းအဲ့အေခၚအေဝၚႀကီးျပင္စမ္းပါ။နည္းနည္းပါးပါးအားနာမႈေလးရွိစမ္းပါအုန္း"
"အခ်စ္ကေလးမလို႔ အခ်စ္ကေလးလို႔ေခၚတာဘာျဖစ္လဲ။မနာလိုရင္ မင္းလဲရွာေလ"
"လူလိုေျပာလဲလူလိုမသိတဲ့ေကာင္"
"ဘလာဘလာဘလာ"
ႏွစ္ေယာက္သားရယ္ေမာေနတုန္း အခန္းထဲဝင္လာတဲ့ေဂ်း။ေဆာင္ဟြန္းကရင္းႏွီးေနတဲ့ ႏွင္းဆီနံ႔ေလးေၾကာင့္ ေခါင္းကိုခ်ာခနဲလွည့္ၾကည့္ေတာ့ ရင္းႏွီးေနတဲ့အရိပ္ကေလးကိုေတြ႕ရသည္။ေခါင္းငုံ႔လို႔ေလ်ာက္လာပီး ခုံေပၚထိုင္တဲ့ထိ မ်က္ေတာင္မ်ားမခတ္လိုက္လို႔ေငးၾကည့္ေနမိသည္။
"ေဂ်း ေမာနင္း။မ်က္ႏွာေလးျမင္ပါရေစအု-"
ခုံေပၚေခါင္းေမွာက္လိုက္ပီး က်ီစားသည့္ဟန္ မ်က္ႏွာကို ေဂ်းေရွ႕တိုးသြားလိုက္ေသာ္လည္း ျမင္လိုက္ရသည့္အရာေၾကာင့္ ေဆာင္ဟြန္းစကားစတို႔ကျပတ္ေတာက္သြားရသည္။
"ေဂ်း ေခါင္းေမာ့"
ပ်ားရည္ေရာင္သန္းေနတဲ့ ႏုႏုၾကည္ၾကည္မ်က္ႏွာေလးထက္ဝယ္ ပါးေပၚကခရမ္းပုတ္ေရာင္သန္းေနသည့္ဒဏ္ရာကထင္းလို႔။ႏႈတ္ခမ္းထက္က နဂိုကြဲရာေၾကာင္းေလးကအလြန္ၾကည့္ေကာင္းသည့္တိုင္ေအာင္ ယခုႏႈတ္ခမ္းေထာင့္က ေသြးစို႔ေနတဲ့ကြဲရာကေတာ့ၾကည့္ေကာင္းမေနပါေလ။သပ္သပ္ရပ္ရပ္တပ္ထားတတ္တဲ့မ်က္မွန္အမဲမွာလဲ ေရနဲ႔သဲနဲ႔ေရာေနတဲ့အမႈန္ေတြကပ္ေနပီး ေရွ႕ဆံပင္ထိပ္စတို႔ကလဲ စိုေနသည္။
"ေတာက္ခ္"
ေဂ်းပါးႏွစ္ဖက္ကိုအုပ္ကိုင္ထားတဲ့ေဆာင္ဟြန္းလက္တို႔ကတုန္ရီေနပီး ႏႈတ္ခမ္းပါးတို႔ကလဲ ေဒါသေၾကာင့္လႈပ္ခတ္ေနသည္။ခပ္က်ယ္က်ယ္ေတာက္တခ်က္ေခါက္ပီး ခုံကိုအတင္းတြန္းဖယ္လို႔ လက္သီးမ်ားဆုပ္ကာထြက္သြားတဲ့ေဆာင္ဟြန္းေနာက္ကို ေၾကာင္ၾကည့္ေနခဲ့မိသည့္ နီကိုးလ္ကအေလာတႀကီးလိုက္ရေတာ့သည္။
"ေဆာင္ဟြန္း" ေဂ်းရဲ႕တားျမစ္ေခၚသံကေတာ့ ေနာက္ပါးဝယ္တိုးတိုးေလးက်န္ရစ္ခဲ့လ်က္။
ေျခလွမ္းက်ဲႀကီးေတြလွမ္းလို႔ ေပါက္ကြဲထြက္မတတ္အရွိန္အဝါေတြစိုးမိုးေနတဲ့ေဆာင္ဟြန္းေျခလွမ္းတို႔ရဲ႕ ဦးတည္ရာက အတန္း၄ တန္းခြဲ၅ဆီ။
"မင္းလား ေဂ်းကိုထိခိုက္ေအာင္လုပ္လိုက္တာမင္းလား"
အခန္းထဲဝင္ဝင္ခ်င္း ျပတင္းေပါက္ေဘာင္နားမွာရပ္လို႔ ရယ္ေမာေနတဲ့ ရင္းႏွီးပီးသားမ်က္ႏွာကိုျမင္ေတာ့ အျမန္ပဲသြားလို႔ အက်ႌလည္ပင္းစကေနဆြဲမလိုက္တယ္။
အေျဖျပန္မလာပဲ အေၾကာက္အကန္႐ုန္းေနတဲ့ေဂ်ာင္းဟာေၾကာင့္ ေဆာင္ဟြန္းစိတ္အေျခအေနကပိုဆိုးဝါးလာေတာ့တယ္။
"မင္းလားလို႔ေမးေနတယ္ေလ။ေဂ်းကိုထိခိုက္ေအာင္လုပ္တာမင္းလား"
ဆြဲထားတဲ့လည္ပင္းစကို ပိုတင္းတင္းဆြဲလိုက္ပီးအနားထပ္ဆြဲလိုက္ေတာ့ ေဂ်ာင္းဟာကၿငိမ္က်သြားသည္။မ်က္ရည္ေတြဝဲေနပီး ငိုခ်ေတာ့မည္ဟန္ ေဂ်ာင္းဟာကေဆာင္ဟြန္းမ်က္စိထဲမွာေတာ့ သနားစရာေကာင္းမေနပါေလ။
"ငါ ငါမဟုတ္ဘူး။စီနီယာယူဟို စီနီယာယူဟိုလုပ္တာ"
"နာယူဟို?"
"မင္းတို႔ ၾကာ-ၾကားမိလားမသိေပမယ့္ ငါနဲ႔ စီနီယာယူဟိုကကေတာက္ကဆျဖစ္ထားလို႔"
"အဲ့တာနဲ႔ ေဂ်းနဲ႔ဘာဆိုင္လဲ!!!"
"ငါေျပာတာဆုံးေအာင္နားေထာင္ပါအုန္း"
ေဘးမွာရပ္ေနတဲ့ နီကိုးလ္ကနားေထာင္ေစခ်င္သည့္ပုံ ေဆာင္ဟြန္းလက္ေမာင္းကို အသာပုတ္သည္။
"တကယ္က ကေတာက္ကဆျဖစ္တယ္ဆိုတာထက္ စီနီယာယူဟိုက ငါ့ကိုအျမင္မၾကည္ပီး ငယ္ႏိုင္လုပ္ခ်င္ေနတာ။သူ႔လက္ကလြတ္ခ်င္ရင္ သူ႔အတြက္ကစားစရာလူတစ္ေယာက္ရွာေပးေလဆိုလို႔။ငါလဲ တျခား-တျခားလူေတြကိုျပၾကည့္ေပမယ့္ စီနီယာက ေဂ်းကိုမ်က္စိက်သြားတာမလို႔ အဲ့တာ-"
စကားေတာင္ဆုံးေအာင္မေျပာရေသး ေဆာင္ဟြန္းေဒါသေတြကငယ္ထိပ္ေဆာင့္တက္လာတာမလို႔ ေျခေထာက္ကိုပိတ္ကန္ခ်လိုက္တယ္။မိုက္႐ိုင္းလိုက္တာ ကိုယ္လြတ္႐ုန္းခ်င္တာနဲ႔ ဘာမွမဆိုင္တဲ့ေဂ်းကိုထိုးေကြၽးတယ္ေပါ့။ဒီေကာင္ေရာ ဟိုေကာင္ေရာ ငရဲသြားရမဲ့ေကာင္ေတြ။
"အဲ့ေကာင္ဘယ္မွာလဲ"
"ေက်ာင္းဝန္းလမ္းၾကားထဲမွာေနမယ္" ေျခေထာက္ကိုအကန္ခံရလို႔ နာက်င္ေနသည့္ေဂ်ာင္းဟာက ရႈံ႕မဲ့မဲ့ျပန္ေျဖသည္။
အေရခြံဆုတ္ပစ္ခ်င္တဲ့ထိ စိတ္တိုေနေပမယ့္ တကယ့္ေကာင္ကတျခားေကာင္ရွိေနေသးတာမလို႔ ေဆာင္ဟြန္းက အျမန္ပဲလွည့္ထြက္လာလိုက္ေတာ့တယ္။ေလွကားထပ္ေတြကို ႏွစ္ထစ္ေက်ာ္ သုံးထစ္ေက်ာ္ေတြေျပးဆင္းပီး ေဂ်ာင္းဟာေျပာတဲ့လမ္းၾကားထဲကို အျမန္မေျပး႐ုံတမယ္သြားလိုက္တယ္။
ေဒါသအႀကီးအက်ယ္ထြက္ေနတာမလို႔ လက္သီးဆုပ္ထားတဲ့ေဆာင္ဟြန္းလက္ဆစ္ေတြကနီရဲေနပီး ေသြေၾကာေတြေထာင္ထြက္ေနတယ္။အံႀကိတ္ထားတာမလို႔ ေမး႐ိုးကထိုးထြက္ေနတဲ့အျပင္ တုန္ရီေနေသးတယ္။မ်က္လုံးေထာင့္ေတြကအနည္းငယ္နီရဲေနပီး ႏွဖူးေၾကာေတြကလဲ ထင္းရွင္းလို႔။
"နာယူဟို!!!"
ေတြ႕ပါပီ လမ္းၾကားထဲမွာသူ႔ေဘာ္ဒါေတြနဲ႔ စုစုေပါင္းသုံးေယာက္က်က္သေရမရွိေလာက္ေအာင္ ရယ္ေမာေနတာကို။
"အာ ဂ်ဴနီယာေလး စာရင္းသြင္းဖို႔လား"
သူ႔ကိုၾကည့္ပီးခပ္ၿပဳံးၿပဳံးေမးလာတဲ့ ေကာင္ဆီအလ်င္သြားပီး မ်က္ႏွာကိုဆြဲထိုးလိုက္တယ္။႐ုတ္တရက္မလို႔လန္က်သြားသည့္ ယူဟိုေပၚ တက္ခြလိုက္ပီး မ်က္ႏွာကိုအခ်က္ေပါင္းမ်ားစြာထိုးတယ္။
သူ႔ေဘာ္ဒါႏွစ္ေယာက္က လွမ္းဆြဲဖို႔လုပ္ေပမယ့္ နီကိုးလ္လက္ခ်က္ေၾကာင့္အနားပင္ကပ္လို႔မရေသး။
"ေခြးလိုေကာင္!ေဂ်းကို...အႏိုင္...က်င့္လို႔...ရတယ္လို႔....ဘယ္သူေတာင္းစားက...မင္းကို...ေျပာလိုက္တာလဲ" စကားေျပာလိုက္ ထိုးလိုက္နဲ႔ေဆာင္ဟြန္းက တားဆီးလို႔မရေတာ့တဲ့ သားရဲတစ္ေကာင္လို။
"ငါဘယ္ေလာက္ေတာင္...တန္ဖိုးထားရတဲ့လူလဲ...မင္းရဲ႕ေခြးလက္ေတြနဲ႔...ထိရေအာင္....တန္လို႔လား...ေခြးသား!!"
"ေဆာင္ဟြန္း ေတာ္ေတာ့" ေလထဲပ်ံ႕လြင့္လာတဲ့ ေဂ်းအသံကို႐ုတ္တရက္ၾကားလိုက္ေတာ့ ေဆာင္ဟြန္းလက္တို႔ကရပ္တန႔္သြားပီးေခါင္းေမာ့ၾကည့္လာသည္။ထိုနည္းတူရပ္တန႔္သြားတဲ့ နီကိုးလ္ေၾကာင့္ ယူဟို႔သူငယ္ခ်င္းႏွစ္ေယာက္ကအေျပး ေဆာင္ဟြန္းကိုတြန္းလို႔ ယူဟို႔ကိုထူသည္။
"အဆင္ေျပရဲ႕လား" အနားကပ္ေမးလာတဲ့နီကိုးလ္အေမးကို ေခါင္းၿငိမ့္ျပလိုက္တယ္။ေဒါသအလြန္ထြက္သြားတာရယ္ အားသုံးလိုက္ရတာရယ္ေၾကာင့္ ေဆာင္ဟြန္းကအနည္းငယ္အသက္ရွဴမဝ။
ထို႔သည့္တိုင္ ေရွ႕က နာယူဟိုကိုလက္ညိဳးထိုးရင္း "ေနာက္ဆိုေဂ်းကို လက္ဖ်ားေလးနဲ႔ထိရဲထိၾကည့္။မင္းကိုအ႐ိုးနဲ႔အသားတျခားဆီျဖစ္ေအာင္ႏႊာပစ္မယ္"
ေဂ်းကေတာ့ သူ႔နားလာပီးသူ႔လက္ညိဳးကို အသာဆြဲလို႔ျပန္ခ်ေစသည္။ေရွ႕ကသုံးေကာင္ကေတာ့ၾကည့္ရတာမဟန္။ဒီပုံစံနဲ႔မ်ား ေဂ်းကိုထိဖို႔စဥ္းစားရဲေသးတယ္။
"ေက်ာင္းသားေတြ အဲ့တာဘာလုပ္ေနတာလဲ!!!!"
ခပ္လွမ္းလွမ္းက ဆရာ့ေအာ္သံၾကားမွာ အႀကီးအက်ယ္ျပႆနာတက္ေတာ့မဲ့အရိပ္အေယာင္ေတြျမင္ေနရသည္။
ေဆာင္ဟြန္းကေဘးကေဂ်းကိုတစ္ခ်က္ၾကည့္မိေတာ့ မ်က္ႏွာႏုႏုထက္ကဒဏ္ရာကိုျမင္ပီး စိတ္မေကာင္းျဖစ္သြားရျပန္သည္။
"ေတာင္းပန္ပါတယ္ ငါကဒီ့ထက္ပိုကာကြယ္ေပးခဲ့ရမွာ"
ေဂ်းကဘာမွျပန္မေျပာခဲ့ေပမယ့္ မ်က္ဝန္းေတြထဲမွာေတာ့ "မင္းအမွားမဟုတ္ပါဘူး" ဆိုတဲ့အေၾကာင္းေဖာ္ျပလို႔ေနသည္။
ေဆာင္ဟြန္း သံဓိဌာန္ခ်ပါသည္။ေနာက္ေနာင္ေဂ်းကို နည္းနည္းေလးေတာင္ထိခိုက္ေစမွာမဟုတ္သည့္အေၾကာင္း။