ကျောင်းမင်းသားလေးနဲ့ကာပယ်ဝတ်စ...

By onedaisyforyou

23.9K 3.2K 59

Title - The embarrassing days of accidentally wearing the same clothes as the campus prince (和校草撞衫的日子) Autho... More

Description
(1)
(2)
(3)
(5)
(6)
(7)
(8)
(9)
(10) - Final

(4)

1.8K 293 8
By onedaisyforyou

Unicode

Tong Yao က Jiang Jinyue ကို တစ်စုံတစ်ဦးရဲ့ချစ်ရေးဆိုမှုကနေ မတော်တဆ နှောင့်ယှက်မိခဲ့တယ်။  အဲ့နေ့က မေလ 20 ရက်၊ "520" ဖြစ်ခဲ့တယ်။

(5လပိုင်း20ရက်နေ့က တရုတ်မှာ ချစ်သူများနေ့ပါ။)

ထိုင်ခုံထီ ပြန်ရောက်ပြီးတဲ့အထိ Tong Yao က သူရဲ့ မရိုးသားမှုအပေါ် ငြီးတွားနေဆဲပဲ။ ဒါပေမယ့် သူပြန်စဉ်းစားကြည့်တော့ တကယ်လို့ သူတို့ကို မနှောင့်ယှက်ခဲ့ဘူးဆိုရင် မိန်းကလေးရဲ့ ချစ်ရေးဆိုတာ အောင်မြင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။

ကောလိပ်ဝင်ခွင့် စာမေးပွဲ မတိုင်မီ တစ်လခွဲပဲ ကျန်တော့တယ်။ Jiang Jinyue က 'ငယ်ရွယ်တဲ့အချစ်' လိုမျိုး အမျိုးမျိုးသော အရာတွေကြောင့် အာရုံပျံ့လွင့်သွားနိုင်တယ် ။  သူက နိုင်ငံရဲ့ အကောင်းဆုံး တက္ကသိုလ်တွေကို ဝင်ခွင့်ရှိသူဖြစ်ပြီးတော့ သူတိုရဲ့အတန်းတွေမှာ ပထမအဆင့်အနေနဲ့ ရှိနေရမဲ့သူပဲ။

ဒီအချက်ကို တွေးတောနေရင်း Tong Yao ရဲ့ နှလုံးသားလေးထဲမှာ တင်းမာမှုတွေ ပျောက်ကွယ်သွားခဲ့တယ်။  ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ သူ့နှာထိပ်လေးက နာကျင်လာတယ်။

Jiang Jinyue က တစ်နေ့မှာ ချစ်မိသွားလိမ့်မယ်။  အဲ့ဒီအချိန်ရောက်ရင် ကောလိပ်ဝင်ခွင့် စာမေးပွဲလည်း ရှိတော့မှာ မဟုတ်သလို 'ငယ်ရွယ်တဲ့အချစ်' လည်း ဖြစ်လာစရာအကြောင်း မရှိတော့ဘူး။Tong Yao က Jiang Jinyue ကို နှောင့်ယှက်စရာ အကြောင်းလည်းမရှိတော့ပေ။

စိတ်ပျက်အားလျော့စွာပဲ Tong Yao က သူ့စားပွဲပေါ်တွင် ခေါင်းလှဲချလိုက်တယ်။  အောက်ကိုငုံ့ကြည့်လိုက်တော့ စားပွဲခုံအံထဲကနေ ထွက်နေတဲ့ စာအိတ်ထောင့်ကို မထင်မှတ်ပဲ တွေ့လိုက်ရတယ်။  Tong Yao က အဲ့ဒါကို ကြည့်ဖို့ ဆွဲထုတ်လိုက်တယ်။

စာတစ်စောင်ဖြစ်နေခဲ့တယ်။  ဘယ်သူက သူ့ဆီ စာတစ်စောင် ရုတ်တရက် ရေးပေးတာပါလိမ့်။

Tong Yao က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ဘယ်သူမှ သူ့ကို အာရုံမစိုက်ဘူးဆိုတာ သိလိုက်ရတော့ စာအိတ်ကို ဖွင့်ကြည့်လိုက်သတယ် ။

“သုံးနှစ်ကျော်သွားပေမယ့် မင်းငါ့ကို ဘယ်တော့မှ ဂရုမစိုက်ဘူးထင်တာပဲ။  ငါ သည်းမခံနိုင်တော့ဘူး။  ဒီနေ့ မင်းကို ငါဝန်ခံတယ်- Tong Yao မင်းကို ငါသဘောကျတယ်။  ဇွန်လ 8 ရက်နေ့ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးရင် ကျောင်းရဲ့တောအုပ်ထဲမှာ ငါမင်းကိုစောင့်နေမယ်။"

Tong Yao ရဲ့ မေးရိုး ပြုတ်ကျသွားတော့မလိုပဲ။  ကောင်မလေးတစ်ယောာက်က သူ့ကို အမှန်အတိုင်း ဝန်ခံခဲ့တာ။

ဒါက Jiang Jinyue တစ်ဦးတည်းသာမှာ ရှိနိုင်တဲ့ ဂုဏ်တစ်ခု မဟုတ်ပေဘူးလား။  စာရွက်ပေါ်မှာရှင်းရှင်းလင်းလင်း ရေးထားတဲ့ "Tong Yao" စာလုံးနှစ်လုံးကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီစာက မှာ စားပွဲခုံထဲကို မှားပြီးလာထည့်ထားတဲ့ Jiang Jingyue အတွက် စာတစ်စောင်လို့ပဲ သူထင်မိလိမ့်မယ်။

လက်မှတ်ထိုးထားသေးတယ်။ 'Red Dot Bean'(ပဲနီစေ့အမှတ်လေး) တဲ့။  ဒါက နာမည်ပြောင်ဆိုတာ သိသာတယ်။ ဒါပေမယ့် ဒီလိုမျိုး နာမည်ပြောင် ဘယ်သူမှာရှိလို့လဲ။  Tong Yao က ဒီလက်ရေးနဲ့လည်း မရင်းနှီးဘူး။

သူ့အတန်းဖော် ကောင်မလေးတွေအကြောင်းကို သူ စပြီး တွေးနေမိတယ်။ အင်္ဂလိပ်စာ အတန်းကိုယ်စားပြု 
Mu Yuhong လား။

ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူ(မ)က Jiang Jinyue ကို ကြိုက်တယ်ဆိုတာ တစ်တန်းလုံးသိတယ်။

Li Hongmiao များဖြစ်နိုင်လား?

မဟုတ်ဘူး! အဲဒါက ပိုတောင် မဖြစ်နိုင်ဘူး။  သူ(မ)အားကစားကော်မတီကိုယ်စားလှယ်ရဲ့ချစ်သူတောင်ဖြစ်နေပြီ။

ဓာတုဗေဒဆရာက စာသင်ခန်းထဲကို အေးအေးဆေးဆေး ဝင်လာတာကို မြင်လိုက်တယ်။ Tong Yao သိချင်မိတယ်။ ဓာတုဗေဒဆရာ Chen Hongjuan ဖြစ်နေမလား?

ချက်ချင်းပဲ တုန်လှုပ်သွားတယ်။  ပြင်းပြင်းထန်ထန်ဖျားနာတဲ့အချိန်မှာ ရှာတွေ့လိုက်တဲ့ တစ်ဦးတည်းသောဆရာဝန်တစ်ယောက်အဖြစ်ဆီ တကယ်ကြီး ပြောင်းလဲတော့မလိုပဲ!  ညီမလေး Juan မှာ ကလေးနှစ်တောင်ယောက်ရှိနေပြီဟာကို!

ဒါပေမယ့် အဲဒါကို တွေးကြည့်ရင် ဘယ်သူလဲဆိုတာတော့ အရေးမကြီးပါဘူး။  ဘယ်သူဖြစ်ပါစေ Tong Yao က အဲ့ဒီလူကို ပြန်လည်တုံ့ပြန်ပေးနိုင်မှာ မဟုတ်ဘူး။

Jiang Jinyue ကိုမဟုတ်တဲ့ တခြားလူတွေကို သဘောကျမိတဲ့ ကမ္ဘာတစ်ခုကို သူ စိတ်ကူးမယဉ်နိုင်ခဲ့ဘူး။  Tong Yao က Jiang Jinyue ကို သုံးနှစ်ပတ်လုံးတောင် ချစ်မိနေခဲ့ပြီးပြီ။

Jiang Jinyue ကို ပထမဆုံးမြင်တွေ့လိုက်ရချိန်ကနေစပြီးအခုအချိန်အထိ သူ့ခံစားချက်တွေက တစ်စက္ကန့်မျှ ပျောက်ကွယ်သွားခြင်းမရှိသေးပေ။

Zawgyi

Tong Yao က Jiang Jinyue ကို တစ္စုံတစ္ဦးရဲ႕ခ်စ္ေရးဆိုမႈကေန မေတာ္တဆ ေႏွာင့္ယွက္မိခဲ့တယ္။  အဲ့ေန႔က ေမလ 20 ရက္၊ "520" ျဖစ္ခဲ့တယ္။

(5လပိုင္း20ရက္ေန႔က တ႐ုတ္မွာ ခ်စ္သူမ်ားေန႔ပါ။)

ထိုင္ခုံထီ ျပန္ေရာက္ၿပီးတဲ့အထိ Tong Yao က သူရဲ႕ မ႐ိုးသားမႈအေပၚ ၿငီးတြားေနဆဲပဲ။ ဒါေပမယ့္ သူျပန္စဥ္းစားၾကည့္ေတာ့ တကယ္လို႔ သူတို႔ကို မေႏွာင့္ယွက္ခဲ့ဘူးဆိုရင္ မိန္းကေလးရဲ႕ ခ်စ္ေရးဆိုတာ ေအာင္ျမင္သြားခဲ့ရင္ ဘယ္လိုလုပ္မလဲ။

ေကာလိပ္ဝင္ခြင့္ စာေမးပြဲ မတိုင္မီ တစ္လခြဲပဲ က်န္ေတာ့တယ္။ Jiang Jinyue က 'ငယ္႐ြယ္တဲ့အခ်စ္' လိုမ်ိဳး အမ်ိဳးမ်ိဳးေသာ အရာေတြေၾကာင့္ အာ႐ုံပ်ံ႕လြင့္သြားႏိုင္တယ္ ။  သူက ႏိုင္ငံရဲ႕ အေကာင္းဆုံး တကၠသိုလ္ေတြကို ဝင္ခြင့္႐ွိသူျဖစ္ၿပီးေတာ့ သူတိုရဲ႕အတန္းေတြမွာ ပထမအဆင့္အေနနဲ႔ ႐ွိေနရမဲ့သူပဲ။

ဒီအခ်က္ကို ေတြးေတာေနရင္း Tong Yao ရဲ႕ ႏွလုံးသားေလးထဲမွာ တင္းမာမႈေတြ ေပ်ာက္ကြယ္သြားခဲ့တယ္။  ဒါေပမယ့္ ခ်က္ခ်င္းဆိုသလိုပဲ သူ႕ႏွာထိပ္ေလးက နာက်င္လာတယ္။

Jiang Jinyue က တစ္ေန႔မွာ ခ်စ္မိသြားလိမ့္မယ္။  အဲ့ဒီအခ်ိန္ေရာက္ရင္ ေကာလိပ္ဝင္ခြင့္ စာေမးပြဲလည္း ႐ွိေတာ့မွာ မဟုတ္သလို 'ငယ္႐ြယ္တဲ့အခ်စ္' လည္း ျဖစ္လာစရာအေၾကာင္း မ႐ွိေတာ့ဘူး။Tong Yao က Jiang Jinyue ကို ေႏွာင့္ယွက္စရာ အေၾကာင္းလည္းမ႐ွိေတာ့ေပ။

စိတ္ပ်က္အားေလ်ာ့စြာပဲ Tong Yao က သူ႕စားပြဲေပၚတြင္ ေခါင္းလွဲခ်လိုက္တယ္။  ေအာက္ကိုငုံ႔ၾကည့္လိုက္ေတာ့ စားပြဲခုံအံထဲကေန ထြက္ေနတဲ့ စာအိတ္ေထာင့္ကို မထင္မွတ္ပဲ ေတြ႕လိုက္ရတယ္။  Tong Yao က အဲ့ဒါကို ၾကည့္ဖို႔ ဆြဲထုတ္လိုက္တယ္။

စာတစ္ေစာင္ျဖစ္ေနခဲ့တယ္။  ဘယ္သူက သူ႕ဆီ စာတစ္ေစာင္ ႐ုတ္တရက္ ေရးေပးတာပါလိမ့္။

Tong Yao က ပတ္ပတ္လည္ကို ၾကည့္လိုက္ၿပီး ဘယ္သူမွ သူ႕ကို အာ႐ုံမစိုက္ဘူးဆိုတာ သိလိုက္ရေတာ့ စာအိတ္ကို ဖြင့္ၾကည့္လိုက္သတယ္ ။

“သုံးႏွစ္ေက်ာ္သြားေပမယ့္ မင္းငါ့ကို ဘယ္ေတာ့မွ ဂ႐ုမစိုက္ဘူးထင္တာပဲ။  ငါ သည္းမခံႏိုင္ေတာ့ဘူး။  ဒီေန႔ မင္းကို ငါဝန္ခံတယ္- Tong Yao မင္းကို ငါသေဘာက်တယ္။  ဇြန္လ 8 ရက္ေန႔ ေကာလိပ္ဝင္ခြင့္စာေမးပြဲၿပီးရင္ ေက်ာင္းရဲ႕ေတာအုပ္ထဲမွာ ငါမင္းကိုေစာင့္ေနမယ္။"

Tong Yao ရဲ႕ ေမး႐ိုး ျပဳတ္က်သြားေတာ့မလိုပဲ။  ေကာင္မေလးတစ္ေယာာက္က သူ႕ကို အမွန္အတိုင္း ဝန္ခံခဲ့တာ။

ဒါက Jiang Jinyue တစ္ဦးတည္းသာမွာ ႐ွိႏိုင္တဲ့ ဂုဏ္တစ္ခု မဟုတ္ေပဘူးလား။  စာ႐ြက္ေပၚမွာ႐ွင္း႐ွင္းလင္းလင္း ေရးထားတဲ့ "Tong Yao" စာလုံးႏွစ္လုံးေၾကာင့္သာ မဟုတ္ဘူးဆိုရင္ ဒီစာက မွာ စားပြဲခုံထဲကို မွားၿပီးလာထည့္ထားတဲ့ Jiang Jingyue အတြက္ စာတစ္ေစာင္လို႔ပဲ သူထင္မိလိမ့္မယ္။

လက္မွတ္ထိုးထားေသးတယ္။ 'Red Dot Bean'(ပဲနီေစ့အမွတ္ေလး) တဲ့။  ဒါက နာမည္ေျပာင္ဆိုတာ သိသာတယ္။ ဒါေပမယ့္ ဒီလိုမ်ိဳး နာမည္ေျပာင္ ဘယ္သူမွာ႐ွိလို႔လဲ။  Tong Yao က ဒီလက္ေရးနဲ႔လည္း မရင္းႏွီးဘူး။

သူ႕အတန္းေဖာ္ ေကာင္မေလးေတြအေၾကာင္းကို သူ စၿပီး ေတြးေနမိတယ္။ အဂၤလိပ္စာ အတန္းကိုယ္စားျပဳ 
Mu Yuhong လား။

ဘယ္လိုမွမျဖစ္ႏိုင္ဘူး။ သူ(မ)က Jiang Jinyue ကို ႀကိဳက္တယ္ဆိုတာ တစ္တန္းလုံးသိတယ္။

Li Hongmiao မ်ားျဖစ္ႏိုင္လား?

မဟုတ္ဘူး! အဲဒါက ပိုေတာင္ မျဖစ္ႏိုင္ဘူး။  သူ(မ)အားကစားေကာ္မတီကိုယ္စားလွယ္ရဲ႕ခ်စ္သူေတာင္ျဖစ္ေနၿပီ။

ဓာတုေဗဒဆရာက စာသင္ခန္းထဲကို ေအးေအးေဆးေဆး ဝင္လာတာကို ျမင္လိုက္တယ္။ Tong Yao သိခ်င္မိတယ္။ ဓာတုေဗဒဆရာ Chen Hongjuan ျဖစ္ေနမလား?

ခ်က္ခ်င္းပဲ တုန္လႈပ္သြားတယ္။  ျပင္းျပင္းထန္ထန္ဖ်ားနာတဲ့အခ်ိန္မွာ ႐ွာေတြ႕လိုက္တဲ့ တစ္ဦးတည္းေသာဆရာဝန္တစ္ေယာက္အျဖစ္ဆီ တကယ္ႀကီး ေျပာင္းလဲေတာ့မလိုပဲ!  ညီမေလး Juan မွာ ကေလးႏွစ္ေတာင္ေယာက္႐ွိေနၿပီဟာကို!

ဒါေပမယ့္ အဲဒါကို ေတြးၾကည့္ရင္ ဘယ္သူလဲဆိုတာေတာ့ အေရးမႀကီးပါဘူး။  ဘယ္သူျဖစ္ပါေစ Tong Yao က အဲ့ဒီလူကို ျပန္လည္တုံ႔ျပန္ေပးႏိုင္မွာ မဟုတ္ဘူး။

Jiang Jinyue ကိုမဟုတ္တဲ့ တျခားလူေတြကို သေဘာက်မိတဲ့ ကမ႓ာတစ္ခုကို သူ စိတ္ကူးမယဥ္ႏိုင္ခဲ့ဘူး။  Tong Yao က Jiang Jinyue ကို သုံးႏွစ္ပတ္လုံးေတာင္ ခ်စ္မိေနခဲ့ၿပီးၿပီ။

Jiang Jinyue ကို ပထမဆုံးျမင္ေတြ႕လိုက္ရခ်ိန္ကေနစၿပီးအခုအခ်ိန္အထိ သူ႕ခံစားခ်က္ေတြက တစ္စကၠန္႔မွ် ေပ်ာက္ကြယ္သြားျခင္းမ႐ွိေသးေပ။

Continue Reading

You'll Also Like

4.5K 633 16
Title-Don't Pretend To Be Poor With Me Status in coo-82chapters + 9extras + 7 side stories I don't own this story Full credit to original author and...
953K 71.1K 37
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
714 81 4
original author : original title: Wake up!Stop dreaming ( Quick transmigration) total chapter: 200
1.1M 104K 41
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...