လရောင်ဖြာမှ...အေးသောကြောင့်(လ...

By Hsu_BlueRose

56.6K 4.6K 763

Unicode '' ကံကြမ္မာဆိုတဲ့ အရာတောင် အသက်အတွက်ဆို ပြောင်းပြန်လှန်ပစ်မှာ မို့ မောင့်လက်ကိုသာရဲရဲတွဲထားပါ အသက်ရယ်... More

Intro🧡
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
hello
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)

အပိုင်း (၁၅)

1.5K 145 13
By Hsu_BlueRose

'' မြို့အုပ်မင်း ´´

လရောင် နားမလည်စွာ ဖေဖေ့ ၏ အနောက်တွင်ရပ်နေသော သစ်ဦးထံသို့ အကြည့်ပို့လိုက်လေသည်။

'' ဒါက ဘယ်လိုဖြစ်ရတာလဲ မောင်ရင် အန်ကယ် ရဲ့ သမီးက ဘာဖြစ်လို့ မင်းဆီမှာ ရှိနေရတာလဲ မဟုတ်မှလွဲရော မင်း...´´

''  ဟုတ်ပါတယ် ကျုပ်က ခင်ဗျား တစ်ချိန်က ခင်မင်ရပါတယ်ဆိုတဲ့ သူဌေး ကြီး ဦးမိုးမောင်နဲ့ သူဌေးကတော် ဒေါ်ခင်သီတာဦး တို့ရဲ့ တစ်ဦးတည်းသောသား မိုးသစ်ဦးမောင် တစ်နည်း ဆိုရင် ​ဒီမေမြို့ရဲ့ မြို့အုပ်မင်း မိုးသစ်ဦးမောင် ပေါ့လေ ´´

သစ်ဦး ၏ အဖြေစကားကြောင့် မယုံနိုင်စွာ ကြောင်၍ ရပ်ကြည့်နေမိသည်ကတော့ လရောင်ပင်။

ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာအကြောင်းတွေပြောနေရတာလဲ လရောင် တကယ်ပင်နားမလည်နိုင်ပေ။

'' ဒါ..ဒါဖြင့်ရင် ကျုပ်သမီးကို...´´

'' အို သိပ်များအံ့သြသွားသလား ဦးကိုကိုကျော်။ဆန္ဒတွေစောပြီးကောက်ချက်မချပါနဲ့အုံးလားကွယ် ကျုပ်ဟာ မြို့အုပ်မင်းဆိုပေမဲ့ ဦးမိုးမောင်ရဲ့ သားဖြစ်နေတဲ့အတွက်ကြောင့်တော့ ဒီက ခင်ဗျားရဲ့ သမီး မော်လီ (ခေါ်) လရောင်ခင် ဟာဆိုရင်ဖြင့် ကျုပ်ရဲ့ တစ်ဦးတည်းသော ဇနီး လောင်းလျာပါပဲ ။ဆိုတော့က ကျုပ်ဟာ မြို့အုပ်မင်း ဖြစ်ပေမဲ့ ဦးမိုးမောင်ရဲ့သားဖြစ်တဲ့အတွက်ကြောင့် လူကြီးချင်းကတိပေးခဲ့ကြတဲ့ ကြောင်းလှမ်းမှုကိစ္စတွေတော့ အရင်အတိုင်းပါပဲ။ နည်းနည်းကလေးမှ မပြောင်းလဲသွားပေဘူး။ ပြောင်းလဲမှာကတော့ ဦးကိုကိုကျော်တို့ ရတနာစံအိမ်ကြီးရဲ့ အနာဂတ်ပါလေ။  ´´

သစ်ဦး ရယ်သံစွတ်၍ ပြောကာ လှောင်ပြုံးပြုံးလိုက်လေသည်။ ဖေဖေ၏ အနောက်တွင်ရပ်နေသော လရောင် သည်လက်ဖျားတွေပင်အေးစက်ကာလာလေသည်။ ဒါဖြင့် သူဟာ လရောင်ကို အသုံးချဖို့သက်သက် ဂရုစိုက်ပေးခဲ့တာပေါ့။ ဖေဖေ့ကို အနိုင်ယူဖို့သက်သက် လရောင်ဟာ အသုံးချခံပစ္စည်းပေါ့။

'' မောင်ရင့် ဆီမှာ ကျုပ်သမီးကိုမထားခဲ့နိုင်ဘူး။ ´´

'' ဦးက်ိုကိုကျော်မှာ ရွေးချယ်ပိုင်ခွင့်မရှိဘူး။
ဒါဟာ ကျုပ်ဆုံးဖြတ်ရမဲ့ ကိစ္စပါ ။ ကျုပ်ဇနီးလောင်းကို ဘယ်မှ သွားခွင့်မပေးဘူး။ ´´

လရောင် ဘာလုပ်ရမှန်းမသိအောင်ပင် မျက်ဝန်းထဲတွင်မျက်ရည်များရစ်သိုင်းလာလေသည်။ သြော် နောက်ဆုံးတော့လဲ လရောင်ခင်ဆိုတာ သူများနေရာ အစားထိုးခံ၊ အလှည့်စားခံ  အိမ်အစေရဲ့ သားတစ်ယောက်ပါပဲလား။ ဒီအိမ်ကြီးကို  အစားထိုးခံအနေနဲ့ စရောက်ခဲ့သည့်အချိန်ကစပြီး လရောင် ကို ဂရုစိုက်ပေးမဲ့သူ ၊ လရောင်ကို ကာကွယ်ပေးမဲ့သူ ရှိလာခဲ့ပြီလို့ ထင်ခဲ့ပေမဲ့ နောက်ဆုံးတော့ လရောင်အပေါ်ထားတဲ့ဂရုစိုက်မှု ၊ ကာကွယ်မှုတွေဟာ မောင် နဲ့ ဖေဖေ့ကြားမှာ ရှိတဲ့ ရန်ငြိုးတွေအတွက် မောင့်ဘက်က အရောင်ပြမှုတွေပေါ့လေ။'' မောင် ´´ သြော် လရောင်မခေါ်သင့်တဲ့ နာမ်စားကို ခေါ်မိသွားတာပဲ။ လရောင်ကို ဝန်ခံထားတဲ့ မေတ္တာသက်ဝင်နေပါတယ်ဆိုတဲ့စကားဟာလဲ လရောင် ဒီအိမ်မှာဆက်ရှိဖို့အတွက် အသုံးချလိုက်တဲ့ အသုံးချမှုတစ်ခုပါပဲ။

ဖြစ်ကြောင်း ကုန်စင်ကို အကုန်တက်အပ် မသိပေမဲ့ လရောင်အနည်းငယ်မျှသဘောပေါက်လာသည့် အခါတွင်တော့ ဘယ်ဘက်ရင်အုံမှ စစ်ခနဲ နာကျင်သွားလေသည်။

လရောင်၏ မျက်နှာပေါ်တွင် တစ်ခုပြီး တစ်ခု ဖြတ်ပြေးသွားသော ပုံရိပ်များကို သစ်ဦးတွေ့သွားသောအခါ လရောင်အထင်လွဲသွားမှန်း သစ်ဦးရိပ်မိပါသည်။ သိုပေမဲ့ ဦးကိုကိုကျော်အား အရင်အမှုကိစ္စများအားဖော်ပြီး ယခုအမှုကိစ္စများအား ဆက်၍ မလုပ်ရန် လရောင် မိမိဘေးနားရှိနေရန်လိုအပ်သည်ကတစ်ကြောင်း သူ့၏ သွေးသားဖြစ်သည့် သမီးဖြစ်သူ ရန်သူ့နားရောင်နေကြောင်း သတိချက်မိမှ တုန်လှုပ်သွားမည့် ဦးကိုကိုကျော်၏ မျက်နှာအား အရသာခံကြည့်ရန် သစ်ဦး လရောင်အား မရှင်းပြမိအောင်သာအံတင်း၍ မဲ့ပြုံးသာ ပြုံးနေမိသည်။

'' လရောင် .. လရောင် အဆင်ပြေပါတယ်ဖေဖေ။ လရောင်ကိုစိတ်မပူပါနဲ့။ ´´

လရောင် စိတ်အေးအေးထား၍ ဆုံးဖြတ်ချက်တစ်ခုချကာ ဖေဖေ့ လက်အားလွှတ်လိုက်ပြီး ပြောလိုက်လေသည်။

'' မဟုတ်သေးဘူးလရောင်။ ဖေဖေ စိတ်မချဘူး။ ´´

'' လရောင် နေသားကျနေပါပြီ ဖေဖေရယ်။ အဟင်းဖေဖေသာလရောင်ကို အစကတည်းက စိတ်ပူတဲ့စိတ်ကလေးများရှိခဲ့ရင် ဒီကိုဘယ်လွှတ်ပါ့မလဲနော်။ ´´

လရောင် ရင်နာနာနှင့်သာ ပြုံးပြီး ပြောလိုက်တော့ ဦးကိုကိုကျော်မျက်နှာပျက်သွားလေသည်။

'' လရောင် ကို စိတ်မပူပါနဲ့ အန်ကယ်။ ကျုပ်လက်အောက်မှာ အကြည့်နဲ့တောင်ထိပါးရဲတဲ့သူမရှိပါဘူး။ ကဲ ထွန်းတောက်ရေ မိုးတောင်ချုပ်ပါပေါ့လား။ ဧည့်သည်ကို ခြံရှေ့အထိလိုက်ပို့လိုက်ပါအုံးကွယ်။ ´´

မိမိအား နှင်နေမှန်း သိသောအခါတွင်တော့ ဦးကိုကိုကျော် ဘာမှဆက်မပြောနိုင်တော့ဘဲ သက်ပြင်းကလေးသာချကာ လရောင်အားတစ်ချက်ကြည့်လိုက်ပြီး လာလမ်းအတိုင်းသာမြန်းလေတော့သည်။

* တကယ် လရောင်မို့လို့သာ တော်သေးတာပေါ့ သမီးလေးမော်လီသာဆို ဘယ်နှဲ့လုပ်ကြပါ့မလဲ ။ မြင့်ကို ဘယ်လို ပြန်ပြောရပါတော့မလဲ ။ *

ဦးကိုကိုကျော် စိတ်ထဲမှ တစ်ချက်တွေးရင်းအပူလုံးကြီးအားချကာ သစ်ဦးအားကျောခိုင်းပြီး လာလမ်းအတိုင်းမြန်းလေတော့သည်။

>>>>>
<<<<<

ထွက်သွားသော ဖေ့ဖေ့၏ ကျောပြင်ကို လရောင် တဆုံးငေးကြည့်နေရင်း အသိပြန်ဝင်ကာမှ သစ်ဦးကို တစ်ချက်မော့မကြည့်ပါဘဲ အိမ်ထဲသို့ဝင်ရန် ဟန်ပြင်လိုက်သည်။

'' လရောင် ...´´

သစ်ဦး၏ လက်တစ်ဖက်သည် လရောင်၏ လက်တစ်ဖက်အား ဆွဲထားရင်း ခေါ်လိုက်လေသည်။

'' လရောင် ပင်ပန်းနေပြီမို့ နားချင်နေပါပြီ။ မြို့အုပ်မင်း အရေးရှိတယ်ဆိုရင် မနက်ဖြန်မှ ပြောပါ။ ´´

'' လရောင် မောင် ပြောစရာရှိတယ်။ ´´

'' အို မသုံးစမ်းပါနဲ့။ အဲ့ဒီနာမ်စားကို မသုံးစမ်းနဲ့။ နားကြားမြင်ကပ်တယ်။ ´´

'' ဖြစ်ပျက်သွားတဲ့ ကိစ္စတွေမှာ လရောင်ကို ကျုပ်ဖုံးကွယ်ထားတာတွေရှိပေမဲ့ လရောင်အပေါ်ထားတဲ့ ကျုပ်ရဲ့ ချစ်ခြင်းမေတ္တာတွေကတော့ မဖုံးမကွယ် အမှန်စင်စစ်တွေပါ။ ´´

'' လရောင်ဟာ အသုံးချ ခံလားကွယ်။ လရောင် ရေရေရာရာ မသိတဲ့ အမုန်းတွေ ၊ ရန်ငြိုးတွေရဲ့ အသုံးချခံလား။ မြို့အုပ်မင်းသိထားဖို့ဟာ လရောင်ကို အသုံးချလို့ ဖေဖေ့ကို အနိုင်ရမယ် မမှတ်လေပါနဲ့ ။ လရောင်ဟာ မိသားစုမှာ အရေးမပါတဲ့ လူမလို့။ လရောင် ဟာ မိသားစုမှာ ရှိတယ်ဆိုတဲ့ ဖြစ်တည်မှုလေးတောင် အသိအမှတ်မပြုခံရတဲ့ အသုံးမဝင်တဲ့လူမလို့။ ဒါကြောင့် လရောင်ကို အသုံးချခံအဖြစ် မြင်နေရင်တော့ မြို့အုပ်မင်းသိပ်မှားသွားပြီကွယ်။ ´´

နာနာကျင်ကျင် ပြောလာသော လရောင်၏ ရင်ထဲက စကားတွေကြောင့် သစ်ဦး ခဏ မျှ တွေဝေသွားသည်။ လရောင် တကယ့်ကို ဝမ်းနည်းနေတာပဲ။ လရောင် အဖြစ်မှန်ကိုသိသွားရင် စိတ်ဆိုးယုံလောက်လေးပဲလို့ထင်ထားပေမဲ့ လရောင် မျက်နှာမှာ စိတ်ဆိုးတဲ့ အရိပ်အရောင် တဆိုးတစ မျှ မရှိ။ ဝမ်းနည်း နာကျင်ရိပ်သာ သန်းနေလေသည်။

'' လရောင် မောင့်ကို အဲ့ဒီ မြို့အုပ်မင်းဆိုတဲ့အခေါ်အဝေါ်ကြီးမခေါ်စမ်းနဲ့ကွယ်။မောင်စိတ်ထဲဘဝင်မကျလှဘူး။ ´´

'' အားရဝမ်းသာဆက်ခေါ်နေပါ့မယ်။ ´´

'' လရောင်ကို မောင် တကယ် မေတ္တာသက်ဝင်တာပါ။ ´´

'' နားရှိလို့သာကြားရပါရဲ့။ ´´

'' လရောင်...´´

'' ပင်ပန်းနေပါပြီ။ လရောင်နားတော့မယ်။မေမေကြီးကိုလည်း ထမင်းကျွေးရအုံးမှမို့ လရောင်အရင်တက်နှင့်ပါ့မယ်။ ´´

အရင်ကဆိုလျှင် တစ်ခါမျှ ပြန်မပြောဖူးသောလရောင်သည်ယခုအခါတွင်တော့ အကန်တွေကြီးသာ ပြောလာလေသည်။ သစ်ဦး တကယ့်ကို စိတ်ထဲ ရှုပ်ထွေးကာဟငိုချင်လာလေပြီ။

'' ကို ထွန်းတောက်တို့လည်း သိပ်နေနိုင်တယ်နော်။ ´´

ခြံတံခါးပိတ်ပြီး ပြန်လာသော ထွန်းတောက်သည် အစ်မလေး၏ စကားကြောင့် မျက်လုံးကလေးပြူး၍သာခေါင်းကုတ်မိလေသည်။

'' မရည်ရွယ်ပါဘူး အစ်မလေးရယ် ဆရာက ´´

'' အို လရောင်ပြောတာ ဒီကိစ္စ မဟုတ်ပါဘူး။ ခုချိန်ထိ မေမေကြီးကို ထမင်းမကျွေးသေးလို့ နေနိုင်တယ်လို့ပြောတာပါလေ။ အိုးမလုံ အုံပွင့်နေသလားကွယ်။ ´´

လရောင် လှောင်ပြုံးကလေး ပြုံးကာပြောလိုက်ပြီး သစ်ဦးလက်ကို ဖြုတ်ချကာ အိမ်ထဲသို ဝင်သွားလေသည်။ သစ်ဦးနှင့် ထွန်းတောက်မှာကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ငိုမဲ့မဲ့နဲ့သာထြစ်နေလေတော့သည်။

''ဒါဟာ ကျုပ်တို့ကိုရွဲ့သွားတာပဲ။ အစ်မကလေးက ကျုပ်တို့ကိုတကယ် စိတ်ဆိုးသွားတယ်ထင်ပ ဆရာရေ။ ´´

'' အင်း ခက်လိုက်တာကွာ ။ ´´

ဆရာတပည့်နှစ်ယောက် မျက်နှာငယ်ကလေးများဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းသာ ကျန်နေခဲ့လေတော့သည်။

>>>>>>>
<<<<<>>

'' အဟင့် ....ဟင့် ´´

အခန်းထဲပြန်ရောက်ရောက်ချင်း လရောင် ရှိုက်ကြီးတငင်ငိုချမိလေတော့သည်။ လရောင် ရဲ့ ဖြစ်တည်မှု ၊ လရောင် ရဲ့ တည်ရှိနေမှုကို လရောင် ဝမ်းနည်းမိလေသည်။

ငိုမယ်။ လရောင် ဝအောင်ငိုမယ်။ ကိုသစ်ဦးက်ို စိတ်ဆိုးမိမေမဲ့ တကယ်က လရောင် ကိုယ့်ကို ကိုယ်သာ ပိုစိတ်ဆိုးမိသည်။ သူများဆန္ဒ တွေနဲ့သာ နေထိုင်နေရသည့် လရောင်ဘဝ၊ အသုံးချနေမှန်းမသိ ဂရုစိုက်ပေးမှုလေးတွေးမှာ ပျော်ဝင်နေသော မိမိကိုယ်ကိုသာ လရောင် စ်ိတ်ဆိုးပြီး ဝမ်းနည်းကာ ငိုမိလေတော့သည်။

* ဟုတ်တယ် လရောင်ဟာ ဒီမှာ ခဏ ပဲနေရမှာ။ လရောင်ရဲ့ ဖြစ်တည်မှုက်ို သူတို့သိသွားနေ့ လရောင်ဟာ ဘာမဟုတ်တဲ့ မိန်းမလျာ တစ်ယောက်ပဲ။ လရောင်ဟာယောကျ်ားလေးမှန်းသိသွားခဲ့ရင် လရောင်ကို မုန်းသွားမလား၊ အိုမဟုတ်လောက်ပါဘူး ရွံသွားမလား*

လရောင် ၏ဖြစ်တည်မှု တည်ရှိမှုကို အနည်းငယ် ဝမ်းနည်းကာ အတွေးပေါင်းဆုံဖြင့် ဟိုအတွေးဒီအတွေးဝင်ကာ ငိုချမိသည်မှာ ကုတင်ပေါ်ရှိမေမေကြီးကိုပင်လရောင် မေ့နေမိလေသည်။

'' ငို..ငိုနေတာ..လား ´´

မေမေကြီး၏ စကားသံကို လရောင်ကြားလိုက်ရသည့်အချိန်တွင်တော့ လရောင် ကမမ်းကတမ်း မျက်ရည်လေးများသုတ်မိလေသည်။

'' ဗိုက်ဆာ နေပြီလား မေမေကြီး လရောင်ကျွေးမယ်နော်။ ´´

'' ငို ..နေတာ ´´

'' ဟင် ဟင့်အင်း ။ လရောင်မငိုပါဘူး မေမေကြီးရဲ့ ခဏ လေးနော် လရောင်ထမင်းခူးပေးမယ်။ ´´

'' စား.. ပြီးပြီ ´´

'' ဟင် မေမေကြီးကစားတောင်ပြီးပါပေါ့လား။ ဒါဆို မေမေကြီး အိပ်တော့မလား လရောင်ဘာလုပ်ပေးရမလဲဟင် ´´

'' ဒီနား...´´

မိမိဘေးရှိနေရာအား လက်ဖြင့်ပုတ်ကာ ပြလာသော မေမေကြီးကြောင့် လရောင် ထကာ ထိုနေရာသို့ဝင်ထိုင်လိုက်သည်။

'' ဘာများလဲ ဟင် ´´

'' မ..ငိုတော့နဲ့။ မေမေကြီး ...ရှိ..ရှိတယ်။ ´´

တစ်လုံးချင်း ပီပီသသပြောလာသော မေမေကြီး၏ စကားသံ အဆုံးတွင်တော့ လရောင်မေမေကြီးအားဖတ်ကာ အားရပါးရ ငိုချမိလေတော့သည်။

>>>>>>
<<<<<<

'' ဘာ ဖြစ်သလဲ ´´

လရောင် ညက တစ်ဝငိုလိုက်ပြီး မနက်စောစောထကာ မနက်စာပြင်ဆင်နေတုန်း ဘေးနားသို့ မျက်နှာငယ်လေးများနှင်လြာရပ်နေကြသော ဆရာ ၊ တပည့် နှစ်ယောက်ကြောင့် လရောင်ခက်တည်တည်သာ မေးလိုက်လေသည်။

'' ဗိုက်..ဗိုက်ဆာလို့ပါ အစ်မလေး။ ´´

'' စားရင်စားပေါ့ကွယ်။´´

လရောင် ထိုစကားတစ်ခွန်းသာ ပြန်ပြောပြီး လုပ်လက်စ အလုပ်သာ ဆက်လုပ်နေလေသည်။ အေးစက်နေသည့် အခြေအနေကြောင့် ဆရာ၊ တပည့်နှစ်ယောက်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးထမင်းစားပွဲတွင် ငုတ်တုတ်ကလေးသာ ထိုင်နေကြလေသည်။

'' ဟို .. လရောင် ..မောင် ´´

''မြို့အုပ်မင်းတို့ ဆရာတပည့် နှစ်ယောက်အတွက် လရောင် ထမင်းကို ဆီလေးနဲ့ထိုးပေးထားတယ်။ စားလိုက်ကြပါအုံး ခူးခက်ပြီးသာပါ ထယူယုံပါပဲ ။ မထနိုင်ရင်တော့ဖြင့် ..´´

'' ကျုပ်ထယူလိုက်ပါ့မယ် အစ်မလေး ´´

သစ်ဦး ၏ မျက်စ ပြစ်မှုကြောင့် ထွန်းတောက် အလျင်အမြန် ထမင်ပန်းကန်လေးအား ယူကာ ပြောလိုက်လေသည်။

'' ဒီကနေ့ လရောင် စျေးသွားမှာ မဟုတ်တာမို့ ရှိတာလေးနဲ့းစားလိုက်ပါ ။ နောက်များ စားချင်တာ ရှိရင်က်ုထွန်းတောက်ရဲ့ဆရာကို ကြိုပြောခိုင်းပေါ့။ ´´

'' လရောင် ..´´

မထိခလုတ်ထိခလုတ်ဖြင့် အခြေအတင်ဖြစ်နေကြသော အစ်မလေးကြောင့် ထွန်းတောက် ထမင်းအား မနင်အောင်အတင်းမျိုချနေရလေသည်။

'' လရောင် မောင် ပြောစရာရှိ...´´

''  ချလွမ်! ´´

'' (အမယ်လေး မတ်တတ်သွား
       လရောင်လေးနဲ့ ငါနဲ့ ညား
       ကလေး ဆယ်ယောက်ဖွား !)´´

သစ်ဦး အရဲစွန့်ပြီးစကားပြောမလို့ရှိသေး ဟင်းခက်ယောက်မကို စောင့်ချလိုက်သည့် လရောင်ကြောင့် သစ်ဦး လန့်ကာ အကျယ်ကြီးရောင်မိသွားလေသည်။
လရောင် ပြန်လည်း ရန်တွေ့မိ။ ဘာဆက်ပြောရမှန်းမသိတော့ပါဘဲ မျက်နှာကလေးများသာ ရဲတက်သွားပြီး မျက်စောင်းကလေးထိုးကာ အိမ်ရှေ့ခန်းပြေးသွားလေတော့သည်။ ထွန်းတောက်မှာတော့ ကျိတ်ရယ်လျှက်သာ မျက်နှာပိုးမသတ်နိုင်ဖြစ်နေလေတော့သည်။

>>>>>
<<<<<

27.12.2022

TBC____

Zawgyi

'' ၿမိဳ႕အုပ္မင္း ´´

လေရာင္ နားမလည္စြာ ေဖေဖ့ ၏ အေနာက္တြင္ရပ္ေနေသာ သစ္ဦးထံသို႔ အၾကည့္ပို႔လိုက္ေလသည္။

'' ဒါက ဘယ္လိုျဖစ္ရတာလဲ ေမာင္ရင္ အန္ကယ္ ရဲ႕ သမီးက ဘာျဖစ္လို႔ မင္းဆီမွာ ရွိေနရတာလဲ မဟုတ္မွလြဲေရာ မင္း...´´

''  ဟုတ္ပါတယ္ က်ဳပ္က ခင္ဗ်ား တစ္ခ်ိန္က ခင္မင္ရပါတယ္ဆိုတဲ့ သူေဌး ႀကီး ဦးမိုးေမာင္နဲ႔ သူေဌးကေတာ္ ေဒၚခင္သီတာဦး တို႔ရဲ႕ တစ္ဦးတည္းေသာသား မိုးသစ္ဦးေမာင္ တစ္နည္း ဆိုရင္ ​ဒီေမၿမိဳ႕ရဲ႕ ၿမိဳ႕အုပ္မင္း မိုးသစ္ဦးေမာင္ ေပါ႔ေလ ´´

သစ္ဦး ၏ အေျဖစကားေၾကာင့္ မယုံႏိုင္စြာ ေၾကာင္၍ ရပ္ၾကည့္ေနမိသည္ကေတာ့ လေရာင္ပင္။

ဘာေတြ ျဖစ္ကုန္တာလဲ။ ဘာအေၾကာင္းေတြေျပာေနရတာလဲ လေရာင္ တကယ္ပင္နားမလည္ႏိုင္ေပ။

'' ဒါ..ဒါျဖင့္ရင္ က်ဳပ္သမီးကို...´´

'' အို သိပ္မ်ားအံ့ၾသသြားသလား ဦးကိုကိုေက်ာ္။ဆႏၵေတြေစာၿပီးေကာက္ခ်က္မခ်ပါနဲ႔အုံးလားကြယ္ က်ဳပ္ဟာ ၿမိဳ႕အုပ္မင္းဆိုေပမဲ့ ဦးမိုးေမာင္ရဲ႕ သားျဖစ္ေနတဲ့အတြက္ေၾကာင့္ေတာ့ ဒီက ခင္ဗ်ားရဲ႕ သမီး ေမာ္လီ (ေခၚ) လေရာင္ခင္ ဟာဆိုရင္ျဖင့္ က်ဳပ္ရဲ႕ တစ္ဦးတည္းေသာ ဇနီး ေလာင္းလ်ာပါပဲ ။ဆိုေတာ့က က်ဳပ္ဟာ ၿမိဳ႕အုပ္မင္း ျဖစ္ေပမဲ့ ဦးမိုးေမာင္ရဲ႕သားျဖစ္တဲ့အတြက္ေၾကာင့္ လူႀကီးခ်င္းကတိေပးခဲ့ၾကတဲ့ ေၾကာင္းလွမ္းမႈကိစၥေတြေတာ့ အရင္အတိုင္းပါပဲ။ နည္းနည္းကေလးမွ မေျပာင္းလဲသြားေပဘူး။ ေျပာင္းလဲမွာကေတာ့ ဦးကိုကိုေက်ာ္တို႔ ရတနာစံအိမ္ႀကီးရဲ႕ အနာဂတ္ပါေလ။  ´´

သစ္ဦး ရယ္သံစြတ္၍ ေျပာကာ ေလွာင္ၿပဳံးၿပဳံးလိုက္ေလသည္။ ေဖေဖ၏ အေနာက္တြင္ရပ္ေနေသာ လေရာင္ သည္လက္ဖ်ားေတြပင္ေအးစက္ကာလာေလသည္။ ဒါျဖင့္ သူဟာ လေရာင္ကို အသုံးခ်ဖို႔သက္သက္ ဂ႐ုစိုက္ေပးခဲ့တာေပါ႔။ ေဖေဖ့ကို အႏိုင္ယူဖို႔သက္သက္ လေရာင္ဟာ အသုံးခ်ခံပစၥည္းေပါ႔။

'' ေမာင္ရင့္ ဆီမွာ က်ဳပ္သမီးကိုမထားခဲ့ႏိုင္ဘူး။ ´´

'' ဦးက္ိုကိုေက်ာ္မွာ ေရြးခ်ယ္ပိုင္ခြင့္မရွိဘူး။
ဒါဟာ က်ဳပ္ဆုံးျဖတ္ရမဲ့ ကိစၥပါ ။ က်ဳပ္ဇနီးေလာင္းကို ဘယ္မွ သြားခြင့္မေပးဘူး။ ´´

လေရာင္ ဘာလုပ္ရမွန္းမသိေအာင္ပင္ မ်က္ဝန္းထဲတြင္မ်က္ရည္မ်ားရစ္သိုင္းလာေလသည္။ ေၾသာ္ ေနာက္ဆုံးေတာ့လဲ လေရာင္ခင္ဆိုတာ သူမ်ားေနရာ အစားထိုးခံ၊ အလွည့္စားခံ  အိမ္အေစရဲ႕ သားတစ္ေယာက္ပါပဲလား။ ဒီအိမ္ႀကီးကို  အစားထိုးခံအေနနဲ႔ စေရာက္ခဲ့သည့္အခ်ိန္ကစၿပီး လေရာင္ ကို ဂ႐ုစိုက္ေပးမဲ့သူ ၊ လေရာင္ကို ကာကြယ္ေပးမဲ့သူ ရွိလာခဲ့ၿပီလို႔ ထင္ခဲ့ေပမဲ့ ေနာက္ဆုံးေတာ့ လေရာင္အေပၚထားတဲ့ဂ႐ုစိုက္မႈ ၊ ကာကြယ္မႈေတြဟာ ေမာင္ နဲ႔ ေဖေဖ့ၾကားမွာ ရွိတဲ့ ရန္ၿငိဳးေတြအတြက္ ေမာင့္ဘက္က အေရာင္ျပမႈေတြေပါ႔ေလ။'' ေမာင္ ´´ ေၾသာ္ လေရာင္မေခၚသင့္တဲ့ နာမ္စားကို ေခၚမိသြားတာပဲ။ လေရာင္ကို ဝန္ခံထားတဲ့ ေမတၱာသက္ဝင္ေနပါတယ္ဆိုတဲ့စကားဟာလဲ လေရာင္ ဒီအိမ္မွာဆက္ရွိဖို႔အတြက္ အသုံးခ်လိုက္တဲ့ အသုံးခ်မႈတစ္ခုပါပဲ။

ျဖစ္ေၾကာင္း ကုန္စင္ကို အကုန္တက္အပ္ မသိေပမဲ့ လေရာင္အနည္းငယ္မွ်သေဘာေပါက္လာသည့္ အခါတြင္ေတာ့ ဘယ္ဘက္ရင္အုံမွ စစ္ခနဲ နာက်င္သြားေလသည္။

လေရာင္၏ မ်က္ႏွာေပၚတြင္ တစ္ခုၿပီး တစ္ခု ျဖတ္ေျပးသြားေသာ ပုံရိပ္မ်ားကို သစ္ဦးေတြ႕သြားေသာအခါ လေရာင္အထင္လြဲသြားမွန္း သစ္ဦးရိပ္မိပါသည္။ သိုေပမဲ့ ဦးကိုကိုေက်ာ္အား အရင္အမႈကိစၥမ်ားအားေဖာ္ၿပီး ယခုအမႈကိစၥမ်ားအား ဆက္၍ မလုပ္ရန္ လေရာင္ မိမိေဘးနားရွိေနရန္လိုအပ္သည္ကတစ္ေၾကာင္း သူ့၏ ေသြးသားျဖစ္သည့္ သမီးျဖစ္သူ ရန္သူ့နားေရာင္ေနေၾကာင္း သတိခ်က္မိမွ တုန္လႈပ္သြားမည့္ ဦးကိုကိုေက်ာ္၏ မ်က္ႏွာအား အရသာခံၾကည့္ရန္ သစ္ဦး လေရာင္အား မရွင္းျပမိေအာင္သာအံတင္း၍ မဲ့ၿပဳံးသာ ၿပဳံးေနမိသည္။

'' လေရာင္ .. လေရာင္ အဆင္ေျပပါတယ္ေဖေဖ။ လေရာင္ကိုစိတ္မပူပါနဲ႔။ ´´

လေရာင္ စိတ္ေအးေအးထား၍ ဆုံးျဖတ္ခ်က္တစ္ခုခ်ကာ ေဖေဖ့ လက္အားလႊတ္လိုက္ၿပီး ေျပာလိုက္ေလသည္။

'' မဟုတ္ေသးဘူးလေရာင္။ ေဖေဖ စိတ္မခ်ဘူး။ ´´

'' လေရာင္ ေနသားက်ေနပါၿပီ ေဖေဖရယ္။ အဟင္းေဖေဖသာလေရာင္ကို အစကတည္းက စိတ္ပူတဲ့စိတ္ကေလးမ်ားရွိခဲ့ရင္ ဒီကိုဘယ္လႊတ္ပါ႔မလဲေနာ္။ ´´

လေရာင္ ရင္နာနာႏွင့္သာ ၿပဳံးၿပီး ေျပာလိုက္ေတာ့ ဦးကိုကိုေက်ာ္မ်က္ႏွာပ်က္သြားေလသည္။

'' လေရာင္ ကို စိတ္မပူပါနဲ႔ အန္ကယ္။ က်ဳပ္လက္ေအာက္မွာ အၾကည့္နဲ႔ေတာင္ထိပါးရဲတဲ့သူမရွိပါဘူး။ ကဲ ထြန္းေတာက္ေရ မိုးေတာင္ခ်ဳပ္ပါေပါ႔လား။ ဧည့္သည္ကို ၿခံေရွ႕အထိလိုက္ပို႔လိုက္ပါအုံးကြယ္။ ´´

မိမိအား ႏွင္ေနမွန္း သိေသာအခါတြင္ေတာ့ ဦးကိုကိုေက်ာ္ ဘာမွဆက္မေျပာႏိုင္ေတာ့ဘဲ သက္ျပင္းကေလးသာခ်ကာ လေရာင္အားတစ္ခ်က္ၾကည့္လိုက္ၿပီး လာလမ္းအတိုင္းသာျမန္းေလေတာ့သည္။

* တကယ္ လေရာင္မို႔လို႔သာ ေတာ္ေသးတာေပါ႔ သမီးေလးေမာ္လီသာဆို ဘယ္ႏွဲ႔လုပ္ၾကပါ႔မလဲ ။ ျမင့္ကို ဘယ္လို ျပန္ေျပာရပါေတာ့မလဲ ။ *

ဦးကိုကိုေက်ာ္ စိတ္ထဲမွ တစ္ခ်က္ေတြးရင္းအပူလုံးႀကီးအားခ်ကာ သစ္ဦးအားေက်ာခိုင္းၿပီး လာလမ္းအတိုင္းျမန္းေလေတာ့သည္။

>>>>>
<<<<<

ထြက္သြားေသာ ေဖ့ေဖ့၏ ေက်ာျပင္ကို လေရာင္ တဆုံးေငးၾကည့္ေနရင္း အသိျပန္ဝင္ကာမွ သစ္ဦးကို တစ္ခ်က္ေမာ့မၾကည့္ပါဘဲ အိမ္ထဲသို႔ဝင္ရန္ ဟန္ျပင္လိုက္သည္။

'' လေရာင္ ...´´

သစ္ဦး၏ လက္တစ္ဖက္သည္ လေရာင္၏ လက္တစ္ဖက္အား ဆြဲထားရင္း ေခၚလိုက္ေလသည္။

'' လေရာင္ ပင္ပန္းေနၿပီမို႔ နားခ်င္ေနပါၿပီ။ ၿမိဳ႕အုပ္မင္း အေရးရွိတယ္ဆိုရင္ မနက္ျဖန္မွ ေျပာပါ။ ´´

'' လေရာင္ ေမာင္ ေျပာစရာရွိတယ္။ ´´

'' အို မသုံးစမ္းပါနဲ႔။ အဲ့ဒီနာမ္စားကို မသုံးစမ္းနဲ႔။ နားၾကားျမင္ကပ္တယ္။ ´´

'' ျဖစ္ပ်က္သြားတဲ့ ကိစၥေတြမွာ လေရာင္ကို က်ဳပ္ဖုံးကြယ္ထားတာေတြရွိေပမဲ့ လေရာင္အေပၚထားတဲ့ က်ဳပ္ရဲ႕ ခ်စ္ျခင္းေမတၱာေတြကေတာ့ မဖုံးမကြယ္ အမွန္စင္စစ္ေတြပါ။ ´´

'' လေရာင္ဟာ အသုံးခ် ခံလားကြယ္။ လေရာင္ ေရေရရာရာ မသိတဲ့ အမုန္းေတြ ၊ ရန္ၿငိဳးေတြရဲ႕ အသုံးခ်ခံလား။ ၿမိဳ႕အုပ္မင္းသိထားဖို႔ဟာ လေရာင္ကို အသုံးခ်လို႔ ေဖေဖ့ကို အႏိုင္ရမယ္ မမွတ္ေလပါနဲ႔ ။ လေရာင္ဟာ မိသားစုမွာ အေရးမပါတဲ့ လူမလို႔။ လေရာင္ ဟာ မိသားစုမွာ ရွိတယ္ဆိုတဲ့ ျဖစ္တည္မႈေလးေတာင္ အသိအမွတ္မျပဳခံရတဲ့ အသုံးမဝင္တဲ့လူမလို႔။ ဒါေၾကာင့္ လေရာင္ကို အသုံးခ်ခံအျဖစ္ ျမင္ေနရင္ေတာ့ ၿမိဳ႕အုပ္မင္းသိပ္မွားသြားၿပီကြယ္။ ´´

နာနာက်င္က်င္ ေျပာလာေသာ လေရာင္၏ ရင္ထဲက စကားေတြေၾကာင့္ သစ္ဦး ခဏ မွ် ေတြေဝသြားသည္။ လေရာင္ တကယ့္ကို ဝမ္းနည္းေနတာပဲ။ လေရာင္ အျဖစ္မွန္ကိုသိသြားရင္ စိတ္ဆိုးယုံေလာက္ေလးပဲလို႔ထင္ထားေပမဲ့ လေရာင္ မ်က္ႏွာမွာ စိတ္ဆိုးတဲ့ အရိပ္အေရာင္ တဆိုးတစ မွ် မရွိ။ ဝမ္းနည္း နာက်င္ရိပ္သာ သန္းေနေလသည္။

'' လေရာင္ ေမာင့္ကို အဲ့ဒီ ၿမိဳ႕အုပ္မင္းဆိုတဲ့အေခၚအေဝၚႀကီးမေခၚစမ္းနဲ႔ကြယ္။ေမာင္စိတ္ထဲဘဝင္မက်လွဘူး။ ´´

'' အားရဝမ္းသာဆက္ေခၚေနပါ႔မယ္။ ´´

'' လေရာင္ကို ေမာင္ တကယ္ ေမတၱာသက္ဝင္တာပါ။ ´´

'' နားရွိလို႔သာၾကားရပါရဲ႕။ ´´

'' လေရာင္...´´

'' ပင္ပန္းေနပါၿပီ။ လေရာင္နားေတာ့မယ္။ေမေမႀကီးကိုလည္း ထမင္းေကြၽးရအုံးမွမို႔ လေရာင္အရင္တက္ႏွင့္ပါ႔မယ္။ ´´

အရင္ကဆိုလွ်င္ တစ္ခါမွ် ျပန္မေျပာဖူးေသာလေရာင္သည္ယခုအခါတြင္ေတာ့ အကန္ေတြႀကီးသာ ေျပာလာေလသည္။ သစ္ဦး တကယ့္ကို စိတ္ထဲ ရႈပ္ေထြးကာဟငိုခ်င္လာေလၿပီ။

'' ကို ထြန္းေတာက္တို႔လည္း သိပ္ေနႏိုင္တယ္ေနာ္။ ´´

ၿခံတံခါးပိတ္ၿပီး ျပန္လာေသာ ထြန္းေတာက္သည္ အစ္မေလး၏ စကားေၾကာင့္ မ်က္လုံးကေလးျပဴး၍သာေခါင္းကုတ္မိေလသည္။

'' မရည္ရြယ္ပါဘူး အစ္မေလးရယ္ ဆရာက ´´

'' အို လေရာင္ေျပာတာ ဒီကိစၥ မဟုတ္ပါဘူး။ ခုခ်ိန္ထိ ေမေမႀကီးကို ထမင္းမေကြၽးေသးလို႔ ေနႏိုင္တယ္လို႔ေျပာတာပါေလ။ အိုးမလုံ အုံပြင့္ေနသလားကြယ္။ ´´

လေရာင္ ေလွာင္ၿပဳံးကေလး ၿပဳံးကာေျပာလိုက္ၿပီး သစ္ဦးလက္ကို ျဖဳတ္ခ်ကာ အိမ္ထဲသို ဝင္သြားေလသည္။ သစ္ဦးႏွင့္ ထြန္းေတာက္မွာကေတာ့ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ ငိုမဲ့မဲ့နဲ႔သာၾထစ္ေနေလေတာ့သည္။

''ဒါဟာ က်ဳပ္တို႔ကိုရြဲ႕သြားတာပဲ။ အစ္မကေလးက က်ဳပ္တို႔ကိုတကယ္ စိတ္ဆိုးသြားတယ္ထင္ပ ဆရာေရ။ ´´

'' အင္း ခက္လိုက္တာကြာ ။ ´´

ဆရာတပည့္ႏွစ္ေယာက္ မ်က္ႏွာငယ္ကေလးမ်ားျဖင့္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္းသာ က်န္ေနခဲ့ေလေတာ့သည္။

>>>>>>>
<<<<<>>

'' အဟင့္ ....ဟင့္ ´´

အခန္းထဲျပန္ေရာက္ေရာက္ခ်င္း လေရာင္ ရႈိက္ႀကီးတငင္ငိုခ်မိေလေတာ့သည္။ လေရာင္ ရဲ႕ ျဖစ္တည္မႈ ၊ လေရာင္ ရဲ႕ တည္ရွိေနမႈကို လေရာင္ ဝမ္းနည္းမိေလသည္။

ငိုမယ္။ လေရာင္ ဝေအာင္ငိုမယ္။ ကိုသစ္ဦးက္ို စိတ္ဆိုးမိေမမဲ့ တကယ္က လေရာင္ ကိုယ့္ကို ကိုယ္သာ ပိုစိတ္ဆိုးမိသည္။ သူမ်ားဆႏၵ ေတြနဲ႔သာ ေနထိုင္ေနရသည့္ လေရာင္ဘဝ၊ အသုံးခ်ေနမွန္းမသိ ဂ႐ုစိုက္ေပးမႈေလးေတြးမွာ ေပ်ာ္ဝင္ေနေသာ မိမိကိုယ္ကိုသာ လေရာင္ စ္ိတ္ဆိုးၿပီး ဝမ္းနည္းကာ ငိုမိေလေတာ့သည္။

* ဟုတ္တယ္ လေရာင္ဟာ ဒီမွာ ခဏ ပဲေနရမွာ။ လေရာင္ရဲ႕ ျဖစ္တည္မႈက္ိ သူတို႔သိသြားေန႔ လေရာင္ဟာ ဘာမဟုတ္တဲ့ မိန္းမလ်ာ တစ္ေယာက္ပဲ။ လေရာင္ဟာေယာက်္ားေလးမွန္းသိသြားခဲ့ရင္ လေရာင္ကို မုန္းသြားမလား၊ အိုမဟုတ္ေလာက္ပါဘူး ရြံသြားမလား*

လေရာင္ ၏ျဖစ္တည္မႈ တည္ရွိမႈကို အနည္းငယ္ ဝမ္းနည္းကာ အေတြးေပါင္းဆုံျဖင့္ ဟိုအေတြးဒီအေတြးဝင္ကာ ငိုခ်မိသည္မွာ ကုတင္ေပၚရွိေမေမႀကီးကိုပင္လေရာင္ ေမ့ေနမိေလသည္။

'' ငို..ငိုေနတာ..လား ´´

ေမေမႀကီး၏ စကားသံကို လေရာင္ၾကားလိုက္ရသည့္အခ်ိန္တြင္ေတာ့ လေရာင္ ကမမ္းကတမ္း မ်က္ရည္ေလးမ်ားသုတ္မိေလသည္။

'' ဗိုက္ဆာ ေနၿပီလား ေမေမႀကီး လေရာင္ေကြၽးမယ္ေနာ္။ ´´

'' ငို ..ေနတာ ´´

'' ဟင္ ဟင့္အင္း ။ လေရာင္မငိုပါဘူး ေမေမႀကီးရဲ႕ ခဏ ေလးေနာ္ လေရာင္ထမင္းခူးေပးမယ္။ ´´

'' စား.. ၿပီးၿပီ ´´

'' ဟင္ ေမေမႀကီးကစားေတာင္ၿပီးပါေပါ႔လား။ ဒါဆို ေမေမႀကီး အိပ္ေတာ့မလား လေရာင္ဘာလုပ္ေပးရမလဲဟင္ ´´

'' ဒီနား...´´

မိမိေဘးရွိေနရာအား လက္ျဖင့္ပုတ္ကာ ျပလာေသာ ေမေမႀကီးေၾကာင့္ လေရာင္ ထကာ ထိုေနရာသို႔ဝင္ထိုင္လိုက္သည္။

'' ဘာမ်ားလဲ ဟင္ ´´

'' မ..ငိုေတာ့နဲ႔။ ေမေမႀကီး ...ရွိ..ရွိတယ္။ ´´

တစ္လုံးခ်င္း ပီပီသသေျပာလာေသာ ေမေမႀကီး၏ စကားသံ အဆုံးတြင္ေတာ့ လေရာင္ေမေမႀကီးအားဖတ္ကာ အားရပါးရ ငိုခ်မိေလေတာ့သည္။

>>>>>>
<<<<<<

'' ဘာ ျဖစ္သလဲ ´´

လေရာင္ ညက တစ္ဝငိုလိုက္ၿပီး မနက္ေစာေစာထကာ မနက္စာျပင္ဆင္ေနတုန္း ေဘးနားသို႔ မ်က္ႏွာငယ္ေလးမ်ားႏွင္ၾလာရပ္ေနၾကေသာ ဆရာ ၊ တပည့္ ႏွစ္ေယာက္ေၾကာင့္ လေရာင္ခက္တည္တည္သာ ေမးလိုက္ေလသည္။

'' ဗိုက္..ဗိုက္ဆာလို႔ပါ အစ္မေလး။ ´´

'' စားရင္စားေပါ႔ကြယ္။´´

လေရာင္ ထိုစကားတစ္ခြန္းသာ ျပန္ေျပာၿပီး လုပ္လက္စ အလုပ္သာ ဆက္လုပ္ေနေလသည္။ ေအးစက္ေနသည့္ အေျခအေနေၾကာင့္ ဆရာ၊ တပည့္ႏွစ္ေယာက္တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီးထမင္းစားပြဲတြင္ ငုတ္တုတ္ကေလးသာ ထိုင္ေနၾကေလသည္။

'' ဟို .. လေရာင္ ..ေမာင္ ´´

''ၿမိဳ႕အုပ္မင္းတို႔ ဆရာတပည့္ ႏွစ္ေယာက္အတြက္ လေရာင္ ထမင္းကို ဆီေလးနဲ႔ထိုးေပးထားတယ္။ စားလိုက္ၾကပါအုံး ခူးခက္ၿပီးသာပါ ထယူယုံပါပဲ ။ မထႏိုင္ရင္ေတာ့ျဖင့္ ..´´

'' က်ဳပ္ထယူလိုက္ပါ႔မယ္ အစ္မေလး ´´

သစ္ဦး ၏ မ်က္စ ျပစ္မႈေၾကာင့္ ထြန္းေတာက္ အလ်င္အျမန္ ထမင္ပန္းကန္ေလးအား ယူကာ ေျပာလိုက္ေလသည္။

'' ဒီကေန႔ လေရာင္ ေစ်းသြားမွာ မဟုတ္တာမို႔ ရွိတာေလးနဲ႔းစားလိုက္ပါ ။ ေနာက္မ်ား စားခ်င္တာ ရွိရင္က္ုထြန္းေတာက္ရဲ႕ဆရာကို ႀကိဳေျပာခိုင္းေပါ႔။ ´´

'' လေရာင္ ..´´

မထိခလုတ္ထိခလုတ္ျဖင့္ အေျခအတင္ျဖစ္ေနၾကေသာ အစ္မေလးေၾကာင့္ ထြန္းေတာက္ ထမင္းအား မနင္ေအာင္အတင္းမ်ိဳခ်ေနရေလသည္။

'' လေရာင္ ေမာင္ ေျပာစရာရွိ...´´

''  ခ်လြမ္! ´´

'' (အမယ္ေလး မတ္တတ္သြား
       လေရာင္ေလးနဲ႔ ငါနဲ႔ ညား
       ကေလး ဆယ္ေယာက္ဖြား !)´´

သစ္ဦး အရဲစြန္႔ၿပီးစကားေျပာမလို႔ရွိေသး ဟင္းခက္ေယာက္မကို ေစာင့္ခ်လိုက္သည့္ လေရာင္ေၾကာင့္ သစ္ဦး လန္႔ကာ အက်ယ္ႀကီးေရာင္မိသြားေလသည္။
လေရာင္ ျပန္လည္း ရန္ေတြ႕မိ။ ဘာဆက္ေျပာရမွန္းမသိေတာ့ပါဘဲ မ်က္ႏွာကေလးမ်ားသာ ရဲတက္သြားၿပီး မ်က္ေစာင္းကေလးထိုးကာ အိမ္ေရွ႕ခန္းေျပးသြားေလေတာ့သည္။ ထြန္းေတာက္မွာေတာ့ က်ိတ္ရယ္လွ်က္သာ မ်က္ႏွာပိုးမသတ္ႏိုင္ျဖစ္ေနေလေတာ့သည္။

>>>>>
<<<<<

27.12.2022

TBC____

Continue Reading

You'll Also Like

398K 3K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
247K 36.9K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
844K 39.6K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
891K 59.6K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)