ေမၿမိဳ႕ရိွ ကုန္သည္ႀကီးမ်ားအသင္းဌာန၌ ရံုးထိုင္ေနေသာ ကိုဘတင္သည္ သူ၏ ရံုးခန္းအတြင္း ကုန္စာရင္းမ်ားကိုၾကည့္ရင္း တြက္ခ်က္ေနေတာ့သည္ ။ ကိုဘတင္သည္ လူခ်မ္းသာ မ်ိဳးရိုးျမင့္မွ ဆင္းသက္လာသူျဖစ္တာေၾကာင့္ သူ၏ရာထူးရာခံမွာ အျမင့္တန္းမွ ျဖစ္ေနသည္ ။
ကိုဘတင္သည္ ဗမာ့စီးပြားေရးကို အေျခတည္ ခိုင္ၿမဲေစခ်င္သည္ေၾကာင့္ တစ္နိုင္တစ္ပိုင္ ထမ္းပိုးေပးေနျခင္းျဖစ္သည္ ။ အဂၤလိပ္မ်ား လက္ဝါးႀကီး အုပ္ခဲ့ေသာ ျမန္မာ့စီးပြားေရးဟာ ယိမ္းယိုင္ခဲ့သည္ေၾကာင့္ အေျခတည္ဖို႔အတြက္ အခ်ိန္ယူေနရျခင္း ျဖစ္သည္ ။
စားပြဲေပၚရိွ စာ႐ြက္တစ္႐ြက္ကို ယူကာျဖင့္ ကိုဘတင္သည္ ထိုစားပြဲကိုမွီရင္း အေၾကာင္းအရာတစ္စံုတစ္ခုအား စဥ္းစားေနေတာ့သည္ ။ ထိုအခ်ိန္ သူ၏ ရံုးခန္းထဲရိွ စားပြဲေပၚက တယ္လီဖုန္းဟာ အသံဆူဆူညံညံျဖင့္ အခ်က္ေပးပါေတာ့သည္ ။
" ဟာ ။ လန္႔လိုက္တာကြာ ။ "
ကိုဘတင္၏ အေတြးအာရံုကို ေပ်ာက္သြားေစေသာေၾကာင့္ ထိုတယ္လီဖုန္းအား အျပစ္တင္ ေျပာဆိုလိုက္ျခင္း ျဖစ္သည္ ။
အခ်က္ေပးသံျမည္ေနေသာ တယ္လီဖုန္းကို ကိုင္လိုက္သည္နွင့္ ကုန္သည္ႀကီးကိုဘတင္၏ နႈတ္ခ်ိဳသာေသာ ေလသံတစ္ခု ထြက္ေပၚလာေတာ့သည္ ။
" အမိန္႔ရိွပါခင္ဗ်ာ ။ ကုန္သည္ႀကီးဦးဘတင္ ေျပာေနပါတယ္ ။ "
" မဂၤလာပါဦးဘတင္ ။ ကြၽန္ေတာ္ ရာဇဝတ္အုပ္ဦးျမင့္ေမာင္ပါ ခင္ဗ်ာ ။ "
ရင္နွီးကြၽမ္းဝင္မႈရိွခဲ့ေသာ ထိုလူ၏ အသံအား ကိုဘတင္ သိေနသည္ ။ ကိုဘတင္ဟာ အနည္းငယ္မ်ွေတာ့ စိတ္ပ်က္ပါသည္ ။ ခ်စ္ေသာၿမိဳင့္အား ထိုေယာက္်ားလုယူခဲ့တာကို ေခါင္းငံု႔ခံခဲ့မိတဲ့ မိမိ၏အျဖစ္ကိုလည္း အျပစ္တင္ခ်င္မိခဲ့ေသးသည္ ။
" ေၾသာ္ ေၾသာ္ ဦးျမင့္ေမာင္ ။ ဘာအေၾကာင္းမ်ား ထူးလို႔ပါလဲခင္ဗ် ။ "
" ဘာအေၾကာင္းရယ္လို႔ေတာ့ မဟုတ္ပါဘူးဗ်ာ ။ တစ္ခ်ိန္က ရင္းနွီးကြၽမ္းဝင္ခဲ့ဖူးတဲ့ မိတ္ေဆြနဲ႔ ဝိုင္တစ္ခြက္ေလာက္ေသာက္ၿပီး စစ္တုရင္ထိုးရင္ ေကာင္းမလားလို႔ပါ ။
ေၾသာ္ ဒါနဲ႔ ခင္ဗ်ားအားပါရဲ႕လား မသိဘူး ။ ကြၽန္ေတာ့္က ကိုယ္ျဖစ္ခ်င္တာကို ဖန္တီးေနတဲ့လူစားမ်ိဳးဆိုေတာ့ ခင္ဗ်ားအခက္အခဲကို ျဖည့္မၾကည့္ေပးလိုက္မိဘူးပဲ ။ ၿမိဳင့္ေယာက္်ားဆိုၿပီး အားနာလို႔မ်ား လက္မခံလိုက္ပါနဲ႔ ေနာ္ ။ "
ကိုျမင့္ေမာင္ရဲ႕ထိုးနွက္မႈစကားမ်ားကို ကိုဘတင္သည္ အတိတ္ရဲ႕ေနွာင္ဖြဲ႕မႈမ်ားနွင့္ အလဲထိုးခံခဲ့ရေတာ့သည္ ။ ကိုဘတင္သည္ ျမန္မာ့လက္ေဝွ႔သမားမ်ားကဲ့သို႔ အလဲထိုးခံခဲ့ၿပီးတာေတာင္ ရိွေသာအင္အားနွင့္ ရေအာင္ျပန္ထူထသည္ ။
" ကြၽန္ေတာ္ အားပါတယ္ ဦးျမင့္ေမာင္ ။ "
" ဒါျဖင့္ ကြၽန္ေတာ္တို႔ ေတြ႕ၾကရေအာင္ ။ စံအိမ္ကိုပဲ လာခဲ့ပါ ။ ကြၽန္ေတာ္ ျမင္းရထားလံုးလႊတ္ေပးလိုက္ပါမယ္ ။ "
" ရပါတယ္ ။ ကြၽန္ေတာင္ ငွားစီးလာခဲ့လိုက္ပါ့မယ္ ။ "
" ေကာင္းပါၿပီ ေကာင္းပါၿပီ ။ "
" ကြၽန္ေတာ္ ဘယ္အခ်ိန္ လာခဲ့ရမလဲ ။ "
" ဦးဘတင္ အားတဲ့အခ်ိန္ပဲ လာခဲ့ပါေလ့ ။ "
" ဒါျဖင့္လည္း ကြၽန္ေတာ္ အလုပ္ကိစၥေလးၿပီးရင္ အေရာက္လာခဲ့ပါမယ္ ။ "
" ေကာင္းပါၿပီ ေကာင္းပါၿပီ ။ "
ဟု ေျပာကာျဖင့္ ကိုျမင့္ေမာင္သည္ တယ္လီဖုန္းအား ခြက္ခနဲျမည္ေအာင္ ခ်သြားခဲ့ေတာ့သည္ ။ က်န္ခဲ့ေသာ ကိုဘတင္မွာ အသက္ရယ္ဝဝရွဴလို႔ တယ္လီဖုန္းအား ဖုန္းခြက္ထဲခ်လိုက္ေတာ့သည္ ။
ၿပီးေနာက္ ရံုးခန္းထဲရွိ နံရံ၌ခ်ိတ္ထားေသာ သူ၏ အေပၚဝတ္အက်ႌရွည္အား ယူကာ ဝတ္ဆင္လိုက္ၿပီး အက်ႌအား ေသခ်ာသပ္ရပ္ေအာင္လုပ္ၿပီး သက္ျပင္းတိုခ်ကာျဖင့္ ဌာနမွ ထြက္လာခဲ့ေတာ့သည္ ။
သီရိၿမိဳင္စံအိမ္သို႔ မသြားခင္ ကိုဘတင္သည္ သူ၏အလုပ္ကိစၥအတြက္ လုပ္ငန္းရွင္ႀကီးမ်ားနွင့္ ေဆြးေႏြးတိုင္ပင္ၿပီးကာမွ သီရိၿမိဳင္စံအိမ္ေတာ္ဆီသို႔ ျမင္းရထားလံုးငွား၍ ထြက္လာခဲ့ေတာ့သည္ ။ အခ်ိန္အားျဖင့္ ၂ ခ်က္ထိုးၿပီ ။ ထို ၂ ခ်က္ထိုးအခ်ိန္ဟာ ကိုဘတင္၏ လက္ဖက္ရည္ သို႔မဟုတ္ ေကာ္ဖီေသာက္ေသာ အခ်ိန္ပင္ျဖစ္ေပသည္ ။
ကိုဘတင္သည္ သီရိၿမိဳင္စံအိမ္သို႔ သြားစဥ္လမ္းတစ္ေလ်ွာက္မွာ ေတာင္ေလွကားၿမိဳ႕ေတာ္ ေမၿမိဳ႕၏ ခ်ယ္ရီပန္းမ်ားကို ေငးငိုင္ရင္း ခ်စ္ေသာအမ်ိဳးသမီးငယ္ ညိဳေလးအား နွလံုးသား၌ ထည့္သိမ္းထားၿပီး ရထားလံုးစီးနွင္ေပေတာ့သည္ ။
" အခုေလာက္ဆို ငါေပးတဲ့စာကို ဖတ္ၿပီးေလာက္ၿပီ ထင္ပါရဲ႕ ။ ဒီစာကိုဖတ္တဲ့အခ်ိန္ ညိဳလည္း ငါ့လိုမ်ိဳး ရင္ခုန္ေနမွာလား ။ "
လြန္ခဲ့ေသာ ရက္ပိုင္းက စာေပးခဲ့ေသာ ျဖစ္ရပ္ကို ျပန္ေတြးရင္း အရွက္ႀကီးရွက္လို႔ ရင္ခုန္ေနျပန္သည့္ ကိုဘတင္ပါ ။ ကိုဘတင္လို ေယာက္်ားမ်ိဳးဟာ ပ်ိဳတိုင္းႀကိဳက္တဲ့ နွင္းဆီခိုင္ပါ ။ သူကေတာ့ျဖင့္ ညိဳေလးတစ္ေယာက္တည္း ႀကိဳက္တဲ့နွင္းဆီခိုင္ ျဖစ္ဖို႔သာ ေမ်ွာ္လင့္ေနရွာသည္ ။
ရထားလံုးဘီးဟာ တျဖည္းျဖည္းနွင့္ေ႐ြ႕သြားခဲ့သည္မွာ သီရိၿမိဳင္စံအိမ္ၿခံအေရွ႕သို႔ ေရာက္လာၿပီျဖစ္သည္ ။ ထိုအခ်ိန္ ၿခံဝန္းထဲ၌ ထိုင္ကာအနားယူေနေသာ မာလီကုလားေလးဟာ ၿခံတံခါးအနားသို႔အေျပးလာၿပီး ကိုဘတင္အား တံခါးဖြင့္ေပးေတာ့သည္ ။
ကိုဘတင္ဟာ ၿမိဳင့္ရဲ႕သူငယ္ခ်င္းျဖစ္မွန္း မာလီကုလားေလးဟာ သိထားေပသည္ ။ ေပါင္းသင္းဆက္ဆံမႈေကာင္းေသာ ကိုဘတင္ဟာ ထိုမာလီကုလားေလးနွင့္လည္း ရင္းနွီးသြားခဲ့ေခ်ၿပီ ။
" အစ္ကိုေလး ။ အစ္ကိုေလး သခင္မဆီ အလည္လာတာလား ။ "
ကိုဘတင္ ရထားလံုးေပၚ၌ဆင္းေနခိုက္ ၿခံတံခါးဖြင့္ရင္း ေမးလိုက္ျခင္း ျဖစ္သည္ ။ ကိုဘတင္သည္ ျမင္းရထားလံုးဆရာအား အေႂကြေစ့မ်ား ေပးကာျဖင့္ မာလီကုလားေလးရိွရာ ၿခံတံခါးအနားသို႔လာရင္း ၿပံဳးရယ္ျပေတာ့သည္ ။
" ဒီလိုလည္း ေျပာလို႔ရသား ။ မင္းတို႔ သခင္မေရာ ။ အေနအထိုင္ ေကာင္းရဲ႕လား ။ "
" ဟာ အစ္ကိုေလး ။ သခင္မကေတာ့ ဒီလိုကို ေနထိုင္ေကာင္းတာ ။ ေျပာမယ္ ေျပာမယ္ ။ တစ္ေန႔ကပဲ ၿခံဝန္းအေနာက္က သစ္ပင္ႀကီးေပၚမွာထိုင္ၿပီး စာဖတ္ေနတာကို က်ဳပ္ေတြ႕လိုက္တယ္ေနာ္ အစ္ကိုေလး ။ "
" ေၾသာ္ ေၾသာ္ ။ ၿမိဳင္က သစ္ပင္ေပၚတက္တဲ့အက်င့္ မေပ်ာက္ေသးဘူးကိုး ။ "
" ဒါတင္မကေသးဘူးေနာ္ အစ္ကိုေလး ။ သခင္မက မမေလးညိဳနဲ႔ေတာင္ ရန္ျဖစ္ေသးတာ အစ္ကိုေလးေနာ္ ။ "
" မမေလးညိဳ ။ မမေလးညိဳ ဆိုတာ ညိဳေလးကိုေျပာတာလား ။ "
မမေလးညိဳဆိုေသာအေခၚအေဝၚေၾကာင့္ ကိုဘတင္ ေဝခြဲရခက္သြားခဲ့ေတာ့သည္ ။ ထိုသို႔ မာလီကုလားေလး စကားစဖို႔ ဟန္ျပင္ခ်ိန္ အးစံအိမ္အမိုးေအာက္ရိွ ေဒၚေဒၚႏု၏ ေခၚသံအား ၾကားလိုက္ေတာ့သည္ ။
" အလီ ။ ေဟ့ အလီ ။ "
" ဗ်ာဗ် ။ လာၿပီ အရီးေလး ။ အလီ အခုပဲ လာၿပီ ။ "
ဟု ေျပာဆိုၿပီး ကိုဘတင္ကို လွည့္မၾကည့္နိုင္ဘဲ ေဒၚေဒၚႏုဆီသို႔ အေျပးလႊားသြားေပေတာ့သည္ ။
ကိုဘတင္သည္ သီရိၿမိဳင္စံအိမ္ႀကီးထဲသို႔ ပထမအႀကိမ္ လာခဲ့စဥ္ နွင့္ ဒုတိယအႀကိမ္ လာခဲ့စဥ္က ခံစားခ်က္မ်ိဳးနွင့္မတူသည္အား ခံစားမိသည္ ။ ထိုခံစားခ်က္မွာ တစ္ခ်ိန္က ခ်စ္ရေသာ သီရိၿမိင္စံအိမ္ေတာ္ဆီမွ မမေလးၿမိဳင္ကို ေတြ႕ခ်င္ျမင္ခ်င္သည့္ ပန္းေလးလိုႏူးညံ့ေသာ ခံစားခ်က္မ်ိဳးဟာ ယခုအခ်ိန္မွာ တစ္ဖန္ျပန္၍ ေမြးဖြားလာခဲ့သည္ ။ အဘယ္ေၾကာင့္ဆိုေသာ္ မိမိသည္ သီရိၿမိဳင္စံအိမ္ရိွ ခ်စ္ ေသာ မိန္းမပ်ိဳညိဳေလးအား ေမတၱာသက္ဝင္မိသည္ေၾကာင့္ ျဖစ္သည္ ။
" ေဟာ ေမာင္ဘတင္ ။ မေတြ႕ရတာ အေတာ္ၾကာေရာကြယ္ ။ ဘယ္အခ်ိန္ကတည္းက ေရာက္ေနတာလဲကြဲ႕ ။ "
" ဟုတ္ကဲ့ ေဒၚေဒၚႏု ။ ေမၿမိဳ႕ကိုတက္လာတာ တစ္ပတ္ေက်ာ္ နွစ္ပတ္ေလာက္ပဲ ရိွပါေသးတယ္ ။ အလုပ္ကိစၥေၾကာင့္ပါ ေဒၚေဒၚႏု ။ "
အလီဟာ ကိုဘတင္နွင့္ေဒၚေဒၚႏုတို႔ အေရွ႕မွ မည္သည့္အခ်ိန္က ထြက္သြားမွန္း မသိရေပ ။
ကိုဘတင္သည္ ငယ္စဥ္အခါကတည္းက ၿမိဳင္ နွင့္ ရင္းနွီးကြၽမ္းဝင္ခဲ့ၾကေသာ ငယ္သူငယ္ခ်င္း ျဖစ္သည့္အျပင္ နွစ္ဖက္မိသားစုကပါ သေဘာတူလက္ခံခဲ့ၾကေသာ သတို႔သားေလာင္းေလး ျဖစ္ခဲ့သည္ ဆိုသည္အား ေဒၚေဒၚႏု မေမ့ေလ်ာ့ခဲ့ ။ ၿမိဳင္ဟာ မာလီတစ္ေယာက္အတြက္နွင့္ လူေကာင္းကို စြန္႔ပစ္ခဲ့သည္ကိုကား ေဒၚေဒၚႏု ရင္နာမိခဲ့ေသးသည္ ။
" အထဲဝင္စမ္းပါဦး ငါ့တူရဲ႕ ။ ၿမိဳင့္ကို သြားေခၚေပးမယ္ေနာ္ ။ "
" ေနပါေစ ေဒၚေဒၚႏု ။ ကြၽန္ေတာ္ ဒီေန႔ေတာ့ ၿမိဳင့္ဆီလာတာ မဟုတ္ဘူးခင္ဗ် ။ "
" ေဟ ။ ၿမိဳင့္ဆီလာတာ မဟုတ္ရင္ ဘယ္သူ႔ဆီလာတာတုန္း ။ "
" ဦးျမင့္ေမာင္ဆီကိုပါ ။ "
" ဘုရား ။ ဘုရားကယ္ပါ ။ ဘယ္လိုျဖစ္ရတာလဲကြယ္ ။ ေဒၚေဒၚႏုေတာ့ ဒီမ်က္ခံုးေတြ လႈပ္လာၿပီ ။ "
ကိုဘတင္ဟာ သေဘာက်စြာျဖင့္ ရယ္မိေတာ့သည္ ။ ေဒၚေဒၚႏုဟာ မိမိ၏အေပၚ၌ အစိုးရိမ္ႀကီးေနသည္အား ကိုဘတင္ ေကာင္းေကာင္းနားလည္သည္ ။ သိသည္ ။
" ကြၽန္ေတာ္ ဦးျမင့္ေမာင္ဆီ သြားလိုက္ဦးမယ္ ေဒၚေဒၚႏု ။ "
" ေကာင္းပါၿပီ ။ ေၾသာ္ ဒါနဲ႔ ။ မျပန္ခင္ေလး ၿမိဳင္ နဲ႔ ေတြ႕သြားဦးေပါ့ ။ စံအိမ္ကိုေရာက္လာတာေတာင္ သူ႔ကိုမေတြ႕ဘဲ ျပန္သြားရင္ မင္း နွမက နႈတ္ခမ္းနဲ႔ထိုးေနလိမ့္မယ္ ။ "
" ဟားဟား ။ ဟုတ္ကဲ့ပါ ေဒၚေဒၚႏု ။ "
" ကဲ သြားသြား ငါ့တူ ။ "
ဟု ေျပာရင္း ေဒၚေဒၚျမင့္သည္လည္း သူလုပ္စရာရိွရာ လုပ္ရန္အတြက္ ၿခံဝန္းထဲသို႔ ဆင္းသြားေပေတာ့သည္ ။ က်န္ခဲ့ေသာ ကိုဘတင္သည္ စံအိမ္ေတာ္ထဲသို႔ ဝင္မိသည္နွင့္ ညိဳေလးအား ေတြ႕မ်ားေတြ႕နိုင္မလားဆိုေသာစိတ္နွင့္ စံအိမ္ထဲသို႔ မ်က္လံုးေဝွ႔ၾကည့္မိသည္ ။ သို႔ေပတည္း ညိဳေလးနွင့္တူေသာ အရိပ္အေယာင္ကို မေတြ႕ရိွသည့္အျပင္ ၿမိဳင္နွင့္တူေသာ အရိပ္တမ်ွကိုေတာင္ မေတြ႕ခဲ့ရ ။
ထိုအခ်ိန္ ေအာက္ထပ္ရိွ စာဖတ္ခန္းထဲမွာထြက္လာေသာ ညိဳေလးအား လွမ္းေတြ႕မိေတာ့သည္ ။ လက္ထဲ၌လည္း ေပါင္မုန္႔အႂကြင္းအက်န္မ်ားနွင့္ ေကာ္ဖီခြက္နွစ္ခြက္ကို ယြန္းလင္ဗန္းေပၚသို႔ ကိုင္တင္လာသည္အား ေတြ႕ေ့သည္ ။ ညိဳေလးသည္ မိမိအား ျမင္သည့္ပံုမေပၚ ။ သူမအေတြးနွင့္သာ ျဖစ္ေနေပသည္ ။
ညိဳ ။
ညိဳ႕ကို ေတြ႕လိုက္ေတာ့ ရင္မွာေအးခ်မ္းသြားတာပဲ ။
" ညိဳ ။ "
ႏူးညံ့ေသာေလသံနွင့္ ေခၚလိုက္ေပမယ့္လို႔ ညိဳေလးကေတာ့ အနည္းငယ္မ်ွ တုန္လႈပ္သြားရေတာ့သည္ ။ သူမ တုန္လႈပ္ထိတ္လန္႔သြားသည္ဆိုသည္ကိုကား ကိုဘတင္သိေနသည္ ။
" အို ။ ကြၽန္ေတာ့္ေၾကာင့္ ညိဳ လန္႔သြားတာလား ။ "
" မဟုတ္ ။ မဟုတ္ပါဘူး ကိုဘတင္ ။ ကြၽန္မ အေတြးလြန္ေနလို႔ပါ ။ "
" ေတြးတာလည္း ေတြးေပါ့ ညိဳရယ္ ။ ဒါျဖင့္ ဘာအေၾကာင္းမ်ား ေတြးေနတာလဲ ။ ကြၽန္ေတာ့အေၾကာင္းမ်ားလား ဟင္ ။ "
ကိုဘတင္ဟာ ညိဳေလးအနားသို႔ အနီးကပ္ဆံုးလာရင္း ေမးလိုက္ေတာ့သည္ ။ လူပ်ိဳတစ္ေယာက္ရဲ႕ ပိုးပန္းျခင္းကိုခံရသည္မွာ အပ်ိဳတစ္ေယာက္အတြက္ေတာ့ ရင္ခုန္စရာျဖစ္ေပမယ့္လို႔ ညိဳေလးမွာေတာ့ အိမ္ေထာင္သည္ျဖစ္သည္ကို ဖံုးကြယ္ထားမိသည္ေၾကာင့္ ေၾကာက္လန္႔ေနပါသည္ ။
" ကြၽန္ေတာ့္အေၾကာင္း မဟုတ္ဘူးထင္ပါရဲ႕ ။ ဒါ့ျဖင့္ရင္ ကြၽန္ေတာ္ေပးတဲ့စာကို ဖတ္ၿပီးေလာက္ၿပီေပါ့ေနာ္ ။ "
ကိုဘတင္ဟာ သူသိလိုရာကိုသာ ေမးလိုက္ေပမယ့္လို႔ ညိဳေလးမွာေတာ့ ထိုစာလႊာကို မဖတ္ရေသးေပ ။ မွန္တင္ခံုအေရွ႕မွာသာ မူမပ်က္ကို တည္ရိွေနဆဲပင္ ျဖစ္သည္ ။
ညိဳေလးဟာ ေခါင္းကို မသိမသာတစ္ခ်က္ၿငိမ့္လိုက္သည္ေၾကာင့္ ကိုဘတင္သေဘာက်လို႔ ၿပံဳးရယ္မိသည္ ။ သိုေပတည္း ညိဳေလးဟာ ကိုဘတင္ေနာက္ထပ္၍ ေမးခြန္းထုတ္လာမည္ကို စိုးရိမ္မိသည္ေၾကာင့္ ခ်က္ခ်င္းဆိုသလို ေမးခြန္းတစ္ခုထုတ္လိုက္မိေတာ့သည္ ။
" ကိုဘတင္ မမၿမိဳင္ဆီ လာတာလားဟင္ ။ ကြၽန္မ မမၿမိဳင္ကို သြားေခၚေပးပါမယ္ ။ "
" ဒီေန႔ေတာ့ ၿမိဳင့္ဆီလာတာ မဟုတ္ဘူး ။ "
" ရွင္ ။ "
" ဦးျမင့္ေမာင္ဆီကို လာခဲ့တာ ။ "
" ရွင္ ။ "
ထိုအသံမွာ ထိတ္လန္႔တၾကားျဖစ္သြားေသာ အသံမ်ိဳးျဖစ္သည္ ။ ညိဳေလးထိန္႔လန္႔သြားသည္ကိုကား ကိုဘတင္နားလည္မိသည္ ။
" ဒါျဖင့္ ဦးျမင့္ေမာင္ ဘယ္မွာရိွသလဲ ညိဳ ။ "
" စာၾကည့္ခန္းထဲမွာပါ ကိုဘတင္ ။ "
ဟု ညိဳေလးသည္ ယခင္က သူမထြက္လာေသာ အခန္းငယ္အား လက္ညႇိဳးထိုးၫႊန္ျပသည္ ။ ၿပီးေနာက္ ညိဳေလးသည္ ထမင္းစားခန္းထဲသို႔ သြားမည္ျပဳဟန္၌ ကိုဘတင္သည္ ညိဳေလးအား ဟန္႔တားလိုက္ေတာ့သည္ ။
" ခဏေလးေနပါဦး ညိဳရယ္ ။ ကိုဘတင္ရဲ႕ခံစားခ်က္ကို သိသြားၿပီဆိုေတာ့ ကိုဘတင္ကို ဘယ္အခ်ိန္မ်ား လက္ခံေပးမွာလဲ ဟင္ ။ "
" အို ကိုဘတင္ရယ္ ။ "
" မရွက္ပါနဲ႔ ညိဳရယ္ ။ ဒါဟာ ရွက္စရာမွ မဟုတ္ဘဲ ။ "
" ကိုဘတင္ရယ္ ။ မျဖစ္နိုင္တဲ့အေျခအေနႀကီးကို ကြၽန္မ ဘယ္လိုေျပာရမလဲ ဟင္ ။ "
" မျဖစ္နိုင္တဲ့အေျခအေနဆိုတာ မရိွပါဘူး ညိဳရယ္ ။ ျဖစ္နိုင္တဲ့အေျခအေနေတြ အမ်ားႀကီးပါ ။ "
ညိဳေလးဟာ သက္ျပင္းတစ္ခ်က္ ခပ္ဖြဖြခ်မိသည္ ။
" ကြၽန္မ ကိုဘတင္ကို ဆက္သြယ္လိုက္ပါ့မယ္ ။ ကြၽန္မကို သြားခြင့္ျပဳပါဦး ။ "
ဆိုကာျဖင့္ ခ်က္ခ်င္းဆိုသလို အနားမွထြက္သြားေတာ့သည္ ။ ကိုဘတင္ကေတာ့ျဖင့္ ညိဳေလး ရွက္သြားသည္အထင္ျဖင့္ အသည္းယားကာက်န္ခဲ့ၿပီးသည္နွင့္ ကိုျမင့္ေမာင္ရိွရာ စာဖတ္ခန္းထဲသို႔ဝင္ရန္ တံခါးေခါက္ေလေတာ့သည္ ။
" ဝင္ခဲ့ပါ ။ "
တံခါးဖြင့္လိုက္သည္နွင့္ စားပြဲဝိုင္းရိွ သစ္သားခံုေပၚ၌ ေျခခ်ိတ္ထိုင္ရင္း စစ္အာဏာရွင္မ်ားရဲ႕ တံဆိပ္အမွတ္အသာျဖစ္ေသာ အဂၤလိပ္ထုတ္ေဆးလိပ္ကိုဖြာေနသည့္ ကိုျမင့္ေမာင္အား အေငြ႕တေထာင္းေထာင္းၾကားမွ ေတြ႕လိုက္ရေတာ့သည္ ။
" ေၾသာ္ ေၾသာ္ ။ ဦးဘတင္ ။ ထိုင္ပါခင္ဗ်ာ ။ "
ဟု ေျပာၿပီး ကိုျမင့္ေမာင္သည္ သူ၏ အမူအရာကို ခ်က္ခ်င္းေျပာင္းကာျဖင့္ သူမဟုတ္သလို ေျပာလိုက္ေတာ့သည္ ။
စားပြဲရိွရာသို႔ ကိုဘတင္သြားၿပီး မ်က္နွာခ်င္းဆိုင္ထိုင္လိုက္ေတာ့သည္ ။ ေဆးလိပ္ေငြ႕တေထာင္းေထာင္းဟာ အနည္းငယ္ေပ်ာက္ကြယ္သြားေပမယ့္လို႔ ေဆးလိပ္အနံ႔မ်ားဟာေတာ့ ေပ်ာက္ကြယ္သြားျခင္း မရိွေသးပါ ။
ကိုဘတင္သည္ သူ၏လက္ပတ္နာရီအား ၾကည့္လိုက္ၿပီး
" ၂ ခ်က္ခြဲေနၿပီပဲ ဦးဘတင္ ။ ကြၽန္ေတာ္တို႔ စကားဘာညာေျပာမွာနဲ႔ဆို ညေနေစာင္းသြားမွာ ။ ညေန႔စာကို စံအိမ္မွာပဲ စားသြားပါ ဦးဘတင္ ။ "
ဟု ေလသံမေပ်ာ့တေပ်ာ့နွင့္ ေျပာလိုက္ေတာ့သည္ ။ ကိုဘတင္မွာေတာ့ျဖင့္ မိမိ၏ဦးေနွာက္အား စကၠန္႔မ်ွအလုပ္ေပးမိေတာ့သည္ ။
" ကြၽန္ေတာ္လည္း ဒီေန႔အလုပ္ကိစၥေတြ မရိွေတာ့ဘူးဆိုေတာ့ ဦးျမင့္ေမာင္ ေျပာသလိုပဲ လက္ခံလိုက္ပါေတာ့မယ္ ။ "
" ေကာင္းတယ္ ေကာင္းတယ္ ။ ၿမိဳင္လည္း ငယ္ကြၽမ္းေဆြနဲ႔ ထမင္းလက္ဆံုစားရလို႔ ေပ်ာ္ေနေလာက္မွာပါ ။ "
ခနဲ႔တဲ့တဲ့ေလသံျဖင့္ ေျပာလိုက္ေသာေၾကာင့္ ေယာက္်ားနွစ္ေယာက္ရဲ႕ ဂုဏ္သိကၡာခ်င္း အားၿပိဳင္မႈဟာ တစ္ၿပိဳင္နက္ထဲ ေပၚထြက္လာေပေတာ့သည္ ။
X X X X X
morA_nyein
8.12.2022
မေမြို့ရှိ ကုန်သည်ကြီးများအသင်းဌာန၌ ရုံးထိုင်နေသော ကိုဘတင်သည် သူ၏ ရုံးခန်းအတွင်း ကုန်စာရင်းများကိုကြည့်ရင်း တွက်ချက်နေတော့သည် ။ ကိုဘတင်သည် လူချမ်းသာ မျိုးရိုးမြင့်မှ ဆင်းသက်လာသူဖြစ်တာကြောင့် သူ၏ရာထူးရာခံမှာ အမြင့်တန်းမှ ဖြစ်နေသည် ။
ကိုဘတင်သည် ဗမာ့စီးပွားရေးကို အခြေတည် ခိုင်မြဲစေချင်သည်ကြောင့် တစ်နိုင်တစ်ပိုင် ထမ်းပိုးပေးနေခြင်းဖြစ်သည် ။ အင်္ဂလိပ်များ လက်ဝါးကြီး အုပ်ခဲ့သော မြန်မာ့စီးပွားရေးဟာ ယိမ်းယိုင်ခဲ့သည်ကြောင့် အခြေတည်ဖို့အတွက် အချိန်ယူနေရခြင်း ဖြစ်သည် ။
စားပွဲပေါ်ရှိ စာရွက်တစ်ရွက်ကို ယူကာဖြင့် ကိုဘတင်သည် ထိုစားပွဲကိုမှီရင်း အကြောင်းအရာတစ်စုံတစ်ခုအား စဉ်းစားနေတော့သည် ။ ထိုအချိန် သူ၏ ရုံးခန်းထဲရှိ စားပွဲပေါ်က တယ်လီဖုန်းဟာ အသံဆူဆူညံညံဖြင့် အချက်ပေးပါတော့သည် ။
" ဟာ ။ လန့်လိုက်တာကွာ ။ "
ကိုဘတင်၏ အတွေးအာရုံကို ပျောက်သွားစေသောကြောင့် ထိုတယ်လီဖုန်းအား အပြစ်တင် ပြောဆိုလိုက်ခြင်း ဖြစ်သည် ။
အချက်ပေးသံမြည်နေသော တယ်လီဖုန်းကို ကိုင်လိုက်သည်နှင့် ကုန်သည်ကြီးကိုဘတင်၏ နှုတ်ချိုသာသော လေသံတစ်ခု ထွက်ပေါ်လာတော့သည် ။
" အမိန့်ရှိပါခင်ဗျာ ။ ကုန်သည်ကြီးဦးဘတင် ပြောနေပါတယ် ။ "
" မင်္ဂလာပါဦးဘတင် ။ ကျွန်တော် ရာဇဝတ်အုပ်ဦးမြင့်မောင်ပါ ခင်ဗျာ ။ "
ရင်နှီးကျွမ်းဝင်မှုရှိခဲ့သော ထိုလူ၏ အသံအား ကိုဘတင် သိနေသည် ။ ကိုဘတင်ဟာ အနည်းငယ်မျှတော့ စိတ်ပျက်ပါသည် ။ ချစ်သောမြိုင့်အား ထိုယောက်ျားလုယူခဲ့တာကို ခေါင်းငုံ့ခံခဲ့မိတဲ့ မိမိ၏အဖြစ်ကိုလည်း အပြစ်တင်ချင်မိခဲ့သေးသည် ။
" သြော် သြော် ဦးမြင့်မောင် ။ ဘာအကြောင်းများ ထူးလို့ပါလဲခင်ဗျ ။ "
" ဘာအကြောင်းရယ်လို့တော့ မဟုတ်ပါဘူးဗျာ ။ တစ်ချိန်က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့ မိတ်ဆွေနဲ့ ဝိုင်တစ်ခွက်လောက်သောက်ပြီး စစ်တုရင်ထိုးရင် ကောင်းမလားလို့ပါ ။
သြော် ဒါနဲ့ ခင်ဗျားအားပါရဲ့လား မသိဘူး ။ ကျွန်တော့်က ကိုယ်ဖြစ်ချင်တာကို ဖန်တီးနေတဲ့လူစားမျိုးဆိုတော့ ခင်ဗျားအခက်အခဲကို ဖြည့်မကြည့်ပေးလိုက်မိဘူးပဲ ။ မြိုင့်ယောက်ျားဆိုပြီး အားနာလို့များ လက်မခံလိုက်ပါနဲ့ နော် ။ "
ကိုမြင့်မောင်ရဲ့ထိုးနှက်မှုစကားများကို ကိုဘတင်သည် အတိတ်ရဲ့နှောင်ဖွဲ့မှုများနှင့် အလဲထိုးခံခဲ့ရတော့သည် ။ ကိုဘတင်သည် မြန်မာ့လက်ဝှေ့သမားများကဲ့သို့ အလဲထိုးခံခဲ့ပြီးတာတောင် ရှိသောအင်အားနှင့် ရအောင်ပြန်ထူထသည် ။
" ကျွန်တော် အားပါတယ် ဦးမြင့်မောင် ။ "
" ဒါဖြင့် ကျွန်တော်တို့ တွေ့ကြရအောင် ။ စံအိမ်ကိုပဲ လာခဲ့ပါ ။ ကျွန်တော် မြင်းရထားလုံးလွှတ်ပေးလိုက်ပါမယ် ။ "
" ရပါတယ် ။ ကျွန်တောင် ငှားစီးလာခဲ့လိုက်ပါ့မယ် ။ "
" ကောင်းပါပြီ ကောင်းပါပြီ ။ "
" ကျွန်တော် ဘယ်အချိန် လာခဲ့ရမလဲ ။ "
" ဦးဘတင် အားတဲ့အချိန်ပဲ လာခဲ့ပါလေ့ ။ "
" ဒါဖြင့်လည်း ကျွန်တော် အလုပ်ကိစ္စလေးပြီးရင် အရောက်လာခဲ့ပါမယ် ။ "
" ကောင်းပါပြီ ကောင်းပါပြီ ။ "
ဟု ပြောကာဖြင့် ကိုမြင့်မောင်သည် တယ်လီဖုန်းအား ခွက်ခနဲမြည်အောင် ချသွားခဲ့တော့သည် ။ ကျန်ခဲ့သော ကိုဘတင်မှာ အသက်ရယ်ဝဝရှူလို့ တယ်လီဖုန်းအား ဖုန်းခွက်ထဲချလိုက်တော့သည် ။
ပြီးနောက် ရုံးခန်းထဲရှိ နံရံ၌ချိတ်ထားသော သူ၏ အပေါ်ဝတ်အင်္ကျီရှည်အား ယူကာ ဝတ်ဆင်လိုက်ပြီး အင်္ကျီအား သေချာသပ်ရပ်အောင်လုပ်ပြီး သက်ပြင်းတိုချကာဖြင့် ဌာနမှ ထွက်လာခဲ့တော့သည် ။
သီရိမြိုင်စံအိမ်သို့ မသွားခင် ကိုဘတင်သည် သူ၏အလုပ်ကိစ္စအတွက် လုပ်ငန်းရှင်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ပြီးကာမှ သီရိမြိုင်စံအိမ်တော်ဆီသို့ မြင်းရထားလုံးငှား၍ ထွက်လာခဲ့တော့သည် ။ အချိန်အားဖြင့် ၂ ချက်ထိုးပြီ ။ ထို ၂ ချက်ထိုးအချိန်ဟာ ကိုဘတင်၏ လက်ဖက်ရည် သို့မဟုတ် ကော်ဖီသောက်သော အချိန်ပင်ဖြစ်ပေသည် ။
ကိုဘတင်သည် သီရိမြိုင်စံအိမ်သို့ သွားစဉ်လမ်းတစ်လျှောက်မှာ တောင်လှေကားမြို့တော် မေမြို့၏ ချယ်ရီပန်းများကို ငေးငိုင်ရင်း ချစ်သောအမျိုးသမီးငယ် ညိုလေးအား နှလုံးသား၌ ထည့်သိမ်းထားပြီး ရထားလုံးစီးနှင်ပေတော့သည် ။
" အခုလောက်ဆို ငါပေးတဲ့စာကို ဖတ်ပြီးလောက်ပြီ ထင်ပါရဲ့ ။ ဒီစာကိုဖတ်တဲ့အချိန် ညိုလည်း ငါ့လိုမျိုး ရင်ခုန်နေမှာလား ။ "
လွန်ခဲ့သော ရက်ပိုင်းက စာပေးခဲ့သော ဖြစ်ရပ်ကို ပြန်တွေးရင်း အရှက်ကြီးရှက်လို့ ရင်ခုန်နေပြန်သည့် ကိုဘတင်ပါ ။ ကိုဘတင်လို ယောက်ျားမျိုးဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ ။ သူကတော့ဖြင့် ညိုလေးတစ်ယောက်တည်း ကြိုက်တဲ့နှင်းဆီခိုင် ဖြစ်ဖို့သာ မျှော်လင့်နေရှာသည် ။
ရထားလုံးဘီးဟာ တဖြည်းဖြည်းနှင့်ရွေ့သွားခဲ့သည်မှာ သီရိမြိုင်စံအိမ်ခြံအရှေ့သို့ ရောက်လာပြီဖြစ်သည် ။ ထိုအချိန် ခြံဝန်းထဲ၌ ထိုင်ကာအနားယူနေသော မာလီကုလားလေးဟာ ခြံတံခါးအနားသို့အပြေးလာပြီး ကိုဘတင်အား တံခါးဖွင့်ပေးတော့သည် ။
ကိုဘတင်ဟာ မြိုင့်ရဲ့သူငယ်ချင်းဖြစ်မှန်း မာလီကုလားလေးဟာ သိထားပေသည် ။ ပေါင်းသင်းဆက်ဆံမှုကောင်းသော ကိုဘတင်ဟာ ထိုမာလီကုလားလေးနှင့်လည်း ရင်းနှီးသွားခဲ့ချေပြီ ။
" အစ်ကိုလေး ။ အစ်ကိုလေး သခင်မဆီ အလည်လာတာလား ။ "
ကိုဘတင် ရထားလုံးပေါ်၌ဆင်းနေခိုက် ခြံတံခါးဖွင့်ရင်း မေးလိုက်ခြင်း ဖြစ်သည် ။ ကိုဘတင်သည် မြင်းရထားလုံးဆရာအား အကြွေစေ့များ ပေးကာဖြင့် မာလီကုလားလေးရှိရာ ခြံတံခါးအနားသို့လာရင်း ပြုံးရယ်ပြတော့သည် ။
" ဒီလိုလည်း ပြောလို့ရသား ။ မင်းတို့ သခင်မရော ။ အနေအထိုင် ကောင်းရဲ့လား ။ "
" ဟာ အစ်ကိုလေး ။ သခင်မကတော့ ဒီလိုကို နေထိုင်ကောင်းတာ ။ ပြောမယ် ပြောမယ် ။ တစ်နေ့ကပဲ ခြံဝန်းအနောက်က သစ်ပင်ကြီးပေါ်မှာထိုင်ပြီး စာဖတ်နေတာကို ကျုပ်တွေ့လိုက်တယ်နော် အစ်ကိုလေး ။ "
" သြော် သြော် ။ မြိုင်က သစ်ပင်ပေါ်တက်တဲ့အကျင့် မပျောက်သေးဘူးကိုး ။ "
" ဒါတင်မကသေးဘူးနော် အစ်ကိုလေး ။ သခင်မက မမလေးညိုနဲ့တောင် ရန်ဖြစ်သေးတာ အစ်ကိုလေးနော် ။ "
" မမလေးညို ။ မမလေးညို ဆိုတာ ညိုလေးကိုပြောတာလား ။ "
မမလေးညိုဆိုသောအခေါ်အဝေါ်ကြောင့် ကိုဘတင် ဝေခွဲရခက်သွားခဲ့တော့သည် ။ ထိုသို့ မာလီကုလားလေး စကားစဖို့ ဟန်ပြင်ချိန် အးစံအိမ်အမိုးအောက်ရှိ ဒေါ်ဒေါ်နု၏ ခေါ်သံအား ကြားလိုက်တော့သည် ။
" အလီ ။ ဟေ့ အလီ ။ "
" ဗျာဗျ ။ လာပြီ အရီးလေး ။ အလီ အခုပဲ လာပြီ ။ "
ဟု ပြောဆိုပြီး ကိုဘတင်ကို လှည့်မကြည့်နိုင်ဘဲ ဒေါ်ဒေါ်နုဆီသို့ အပြေးလွှားသွားပေတော့သည် ။
ကိုဘတင်သည် သီရိမြိုင်စံအိမ်ကြီးထဲသို့ ပထမအကြိမ် လာခဲ့စဉ် နှင့် ဒုတိယအကြိမ် လာခဲ့စဉ်က ခံစားချက်မျိုးနှင့်မတူသည်အား ခံစားမိသည် ။ ထိုခံစားချက်မှာ တစ်ချိန်က ချစ်ရသော သီရိမြိင်စံအိမ်တော်ဆီမှ မမလေးမြိုင်ကို တွေ့ချင်မြင်ချင်သည့် ပန်းလေးလိုနူးညံ့သော ခံစားချက်မျိုးဟာ ယခုအချိန်မှာ တစ်ဖန်ပြန်၍ မွေးဖွားလာခဲ့သည် ။ အဘယ်ကြောင့်ဆိုသော် မိမိသည် သီရိမြိုင်စံအိမ်ရှိ ချစ် သော မိန်းမပျိုညိုလေးအား မေတ္တာသက်ဝင်မိသည်ကြောင့် ဖြစ်သည် ။
" ဟော မောင်ဘတင် ။ မတွေ့ရတာ အတော်ကြာရောကွယ် ။ ဘယ်အချိန်ကတည်းက ရောက်နေတာလဲကွဲ့ ။ "
" ဟုတ်ကဲ့ ဒေါ်ဒေါ်နု ။ မေမြို့ကိုတက်လာတာ တစ်ပတ်ကျော် နှစ်ပတ်လောက်ပဲ ရှိပါသေးတယ် ။ အလုပ်ကိစ္စကြောင့်ပါ ဒေါ်ဒေါ်နု ။ "
အလီဟာ ကိုဘတင်နှင့်ဒေါ်ဒေါ်နုတို့ အရှေ့မှ မည်သည့်အချိန်က ထွက်သွားမှန်း မသိရပေ ။
ကိုဘတင်သည် ငယ်စဉ်အခါကတည်းက မြိုင် နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ကြသော ငယ်သူငယ်ချင်း ဖြစ်သည့်အပြင် နှစ်ဖက်မိသားစုကပါ သဘောတူလက်ခံခဲ့ကြသော သတို့သားလောင်းလေး ဖြစ်ခဲ့သည် ဆိုသည်အား ဒေါ်ဒေါ်နု မမေ့လျော့ခဲ့ ။ မြိုင်ဟာ မာလီတစ်ယောက်အတွက်နှင့် လူကောင်းကို စွန့်ပစ်ခဲ့သည်ကိုကား ဒေါ်ဒေါ်နု ရင်နာမိခဲ့သေးသည် ။
" အထဲဝင်စမ်းပါဦး ငါ့တူရဲ့ ။ မြိုင့်ကို သွားခေါ်ပေးမယ်နော် ။ "
" နေပါစေ ဒေါ်ဒေါ်နု ။ ကျွန်တော် ဒီနေ့တော့ မြိုင့်ဆီလာတာ မဟုတ်ဘူးခင်ဗျ ။ "
" ဟေ ။ မြိုင့်ဆီလာတာ မဟုတ်ရင် ဘယ်သူ့ဆီလာတာတုန်း ။ "
" ဦးမြင့်မောင်ဆီကိုပါ ။ "
" ဘုရား ။ ဘုရားကယ်ပါ ။ ဘယ်လိုဖြစ်ရတာလဲကွယ် ။ ဒေါ်ဒေါ်နုတော့ ဒီမျက်ခုံးတွေ လှုပ်လာပြီ ။ "
ကိုဘတင်ဟာ သဘောကျစွာဖြင့် ရယ်မိတော့သည် ။ ဒေါ်ဒေါ်နုဟာ မိမိ၏အပေါ်၌ အစိုးရိမ်ကြီးနေသည်အား ကိုဘတင် ကောင်းကောင်းနားလည်သည် ။ သိသည် ။
" ကျွန်တော် ဦးမြင့်မောင်ဆီ သွားလိုက်ဦးမယ် ဒေါ်ဒေါ်နု ။ "
" ကောင်းပါပြီ ။ သြော် ဒါနဲ့ ။ မပြန်ခင်လေး မြိုင် နဲ့ တွေ့သွားဦးပေါ့ ။ စံအိမ်ကိုရောက်လာတာတောင် သူ့ကိုမတွေ့ဘဲ ပြန်သွားရင် မင်း နှမက နှုတ်ခမ်းနဲ့ထိုးနေလိမ့်မယ် ။ "
" ဟားဟား ။ ဟုတ်ကဲ့ပါ ဒေါ်ဒေါ်နု ။ "
" ကဲ သွားသွား ငါ့တူ ။ "
ဟု ပြောရင်း ဒေါ်ဒေါ်မြင့်သည်လည်း သူလုပ်စရာရှိရာ လုပ်ရန်အတွက် ခြံဝန်းထဲသို့ ဆင်းသွားပေတော့သည် ။ ကျန်ခဲ့သော ကိုဘတင်သည် စံအိမ်တော်ထဲသို့ ဝင်မိသည်နှင့် ညိုလေးအား တွေ့များတွေ့နိုင်မလားဆိုသောစိတ်နှင့် စံအိမ်ထဲသို့ မျက်လုံးဝှေ့ကြည့်မိသည် ။ သို့ပေတည်း ညိုလေးနှင့်တူသော အရိပ်အယောင်ကို မတွေ့ရှိသည့်အပြင် မြိုင်နှင့်တူသော အရိပ်တမျှကိုတောင် မတွေ့ခဲ့ရ ။
ထိုအချိန် အောက်ထပ်ရှိ စာဖတ်ခန်းထဲမှာထွက်လာသော ညိုလေးအား လှမ်းတွေ့မိတော့သည် ။ လက်ထဲ၌လည်း ပေါင်မုန့်အကြွင်းအကျန်များနှင့် ကော်ဖီခွက်နှစ်ခွက်ကို ယွန်းလင်ဗန်းပေါ်သို့ ကိုင်တင်လာသည်အား တွေ့သေ့ည် ။ ညိုလေးသည် မိမိအား မြင်သည့်ပုံမပေါ် ။ သူမအတွေးနှင့်သာ ဖြစ်နေပေသည် ။
ညို ။
ညို့ကို တွေ့လိုက်တော့ ရင်မှာအေးချမ်းသွားတာပဲ ။
" ညို ။ "
နူးညံ့သောလေသံနှင့် ခေါ်လိုက်ပေမယ့်လို့ ညိုလေးကတော့ အနည်းငယ်မျှ တုန်လှုပ်သွားရတော့သည် ။ သူမ တုန်လှုပ်ထိတ်လန့်သွားသည်ဆိုသည်ကိုကား ကိုဘတင်သိနေသည် ။
" အို ။ ကျွန်တော့်ကြောင့် ညို လန့်သွားတာလား ။ "
" မဟုတ် ။ မဟုတ်ပါဘူး ကိုဘတင် ။ ကျွန်မ အတွေးလွန်နေလို့ပါ ။ "
" တွေးတာလည်း တွေးပေါ့ ညိုရယ် ။ ဒါဖြင့် ဘာအကြောင်းများ တွေးနေတာလဲ ။ ကျွန်တော့အကြောင်းများလား ဟင် ။ "
ကိုဘတင်ဟာ ညိုလေးအနားသို့ အနီးကပ်ဆုံးလာရင်း မေးလိုက်တော့သည် ။ လူပျိုတစ်ယောက်ရဲ့ ပိုးပန်းခြင်းကိုခံရသည်မှာ အပျိုတစ်ယောက်အတွက်တော့ ရင်ခုန်စရာဖြစ်ပေမယ့်လို့ ညိုလေးမှာတော့ အိမ်ထောင်သည်ဖြစ်သည်ကို ဖုံးကွယ်ထားမိသည်ကြောင့် ကြောက်လန့်နေပါသည် ။
" ကျွန်တော့်အကြောင်း မဟုတ်ဘူးထင်ပါရဲ့ ။ ဒါ့ဖြင့်ရင် ကျွန်တော်ပေးတဲ့စာကို ဖတ်ပြီးလောက်ပြီပေါ့နော် ။ "
ကိုဘတင်ဟာ သူသိလိုရာကိုသာ မေးလိုက်ပေမယ့်လို့ ညိုလေးမှာတော့ ထိုစာလွှာကို မဖတ်ရသေးပေ ။ မှန်တင်ခုံအရှေ့မှာသာ မူမပျက်ကို တည်ရှိနေဆဲပင် ဖြစ်သည် ။
ညိုလေးဟာ ခေါင်းကို မသိမသာတစ်ချက်ငြိမ့်လိုက်သည်ကြောင့် ကိုဘတင်သဘောကျလို့ ပြုံးရယ်မိသည် ။ သိုပေတည်း ညိုလေးဟာ ကိုဘတင်နောက်ထပ်၍ မေးခွန်းထုတ်လာမည်ကို စိုးရိမ်မိသည်ကြောင့် ချက်ချင်းဆိုသလို မေးခွန်းတစ်ခုထုတ်လိုက်မိတော့သည် ။
" ကိုဘတင် မမမြိုင်ဆီ လာတာလားဟင် ။ ကျွန်မ မမမြိုင်ကို သွားခေါ်ပေးပါမယ် ။ "
" ဒီနေ့တော့ မြိုင့်ဆီလာတာ မဟုတ်ဘူး ။ "
" ရှင် ။ "
" ဦးမြင့်မောင်ဆီကို လာခဲ့တာ ။ "
" ရှင် ။ "
ထိုအသံမှာ ထိတ်လန့်တကြားဖြစ်သွားသော အသံမျိုးဖြစ်သည် ။ ညိုလေးထိန့်လန့်သွားသည်ကိုကား ကိုဘတင်နားလည်မိသည် ။
" ဒါဖြင့် ဦးမြင့်မောင် ဘယ်မှာရှိသလဲ ညို ။ "
" စာကြည့်ခန်းထဲမှာပါ ကိုဘတင် ။ "
ဟု ညိုလေးသည် ယခင်က သူမထွက်လာသော အခန်းငယ်အား လက်ညှိုးထိုးညွှန်ပြသည် ။ ပြီးနောက် ညိုလေးသည် ထမင်းစားခန်းထဲသို့ သွားမည်ပြုဟန်၌ ကိုဘတင်သည် ညိုလေးအား ဟန့်တားလိုက်တော့သည် ။
" ခဏလေးနေပါဦး ညိုရယ် ။ ကိုဘတင်ရဲ့ခံစားချက်ကို သိသွားပြီဆိုတော့ ကိုဘတင်ကို ဘယ်အချိန်များ လက်ခံပေးမှာလဲ ဟင် ။ "
" အို ကိုဘတင်ရယ် ။ "
" မရှက်ပါနဲ့ ညိုရယ် ။ ဒါဟာ ရှက်စရာမှ မဟုတ်ဘဲ ။ "
" ကိုဘတင်ရယ် ။ မဖြစ်နိုင်တဲ့အခြေအနေကြီးကို ကျွန်မ ဘယ်လိုပြောရမလဲ ဟင် ။ "
" မဖြစ်နိုင်တဲ့အခြေအနေဆိုတာ မရှိပါဘူး ညိုရယ် ။ ဖြစ်နိုင်တဲ့အခြေအနေတွေ အများကြီးပါ ။ "
ညိုလေးဟာ သက်ပြင်းတစ်ချက် ခပ်ဖွဖွချမိသည် ။
" ကျွန်မ ကိုဘတင်ကို ဆက်သွယ်လိုက်ပါ့မယ် ။ ကျွန်မကို သွားခွင့်ပြုပါဦး ။ "
ဆိုကာဖြင့် ချက်ချင်းဆိုသလို အနားမှထွက်သွားတော့သည် ။ ကိုဘတင်ကတော့ဖြင့် ညိုလေး ရှက်သွားသည်အထင်ဖြင့် အသည်းယားကာကျန်ခဲ့ပြီးသည်နှင့် ကိုမြင့်မောင်ရှိရာ စာဖတ်ခန်းထဲသို့ဝင်ရန် တံခါးခေါက်လေတော့သည် ။
" ဝင်ခဲ့ပါ ။ "
တံခါးဖွင့်လိုက်သည်နှင့် စားပွဲဝိုင်းရှိ သစ်သားခုံပေါ်၌ ခြေချိတ်ထိုင်ရင်း စစ်အာဏာရှင်များရဲ့ တံဆိပ်အမှတ်အသာဖြစ်သော အင်္ဂလိပ်ထုတ်ဆေးလိပ်ကိုဖွာနေသည့် ကိုမြင့်မောင်အား အငွေ့တထောင်းထောင်းကြားမှ တွေ့လိုက်ရတော့သည် ။
" သြော် သြော် ။ ဦးဘတင် ။ ထိုင်ပါခင်ဗျာ ။ "
ဟု ပြောပြီး ကိုမြင့်မောင်သည် သူ၏ အမူအရာကို ချက်ချင်းပြောင်းကာဖြင့် သူမဟုတ်သလို ပြောလိုက်တော့သည် ။
စားပွဲရှိရာသို့ ကိုဘတင်သွားပြီး မျက်နှာချင်းဆိုင်ထိုင်လိုက်တော့သည် ။ ဆေးလိပ်ငွေ့တထောင်းထောင်းဟာ အနည်းငယ်ပျောက်ကွယ်သွားပေမယ့်လို့ ဆေးလိပ်အနံ့များဟာတော့ ပျောက်ကွယ်သွားခြင်း မရှိသေးပါ ။
ကိုဘတင်သည် သူ၏လက်ပတ်နာရီအား ကြည့်လိုက်ပြီး
" ၂ ချက်ခွဲနေပြီပဲ ဦးဘတင် ။ ကျွန်တော်တို့ စကားဘာညာပြောမှာနဲ့ဆို ညနေစောင်းသွားမှာ ။ ညနေ့စာကို စံအိမ်မှာပဲ စားသွားပါ ဦးဘတင် ။ "
ဟု လေသံမပျော့တပျော့နှင့် ပြောလိုက်တော့သည် ။ ကိုဘတင်မှာတော့ဖြင့် မိမိ၏ဦးနှောက်အား စက္ကန့်မျှအလုပ်ပေးမိတော့သည် ။
" ကျွန်တော်လည်း ဒီနေ့အလုပ်ကိစ္စတွေ မရှိတော့ဘူးဆိုတော့ ဦးမြင့်မောင် ပြောသလိုပဲ လက်ခံလိုက်ပါတော့မယ် ။ "
" ကောင်းတယ် ကောင်းတယ် ။ မြိုင်လည်း ငယ်ကျွမ်းဆွေနဲ့ ထမင်းလက်ဆုံစားရလို့ ပျော်နေလောက်မှာပါ ။ "
ခနဲ့တဲ့တဲ့လေသံဖြင့် ပြောလိုက်သောကြောင့် ယောက်ျားနှစ်ယောက်ရဲ့ ဂုဏ်သိက္ခာချင်း အားပြိုင်မှုဟာ တစ်ပြိုင်နက်ထဲ ပေါ်ထွက်လာပေတော့သည် ။
X X X X X
morA_nyein
8.12.2022