အမုန်းပင်မှပွင့်သောအချစ်ပန်း...

By Aster_2122

278K 19.7K 1.1K

အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^ More

အပိုင်း {၁} (Uni+Zawgyi)
အပိုင်း {၂} (Uni+Zawgyi)
အပိုင်း {၃}
အပိုင်း {၄}
အပိုင်း {၅}
အပိုင်း {၆}
အပိုင်း {၇}
အသိပေးစာ❕
အပိုင်း {၈}
အပိုင်း {၉}
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) (ဇာတ်သိမ်း)
Extra

အပိုင်း (၁၉)

8.6K 679 24
By Aster_2122

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း (၁၉)

"သူတို့အဆင်ပြေသွားကြပြီမလို့ပူးပေါင်းနေကြပြီ"
တစ်ဖက်မှမကျေမချမ်း တောက်ခ် ခတ်သံကျယ်ကျယ်အားကြားလိုက်ရသည်။
"ဆက်ပြီးစောင့်ကြည့်ထား တစ်ခုခုအကြောင်းထူးတာနဲ့ ဖုန်းဆက်လိုက် ကြားလား"
"ဟုတ်ကဲ့"
"အထူးသဖြင့် ဒေါ်နန်းရိပ်လွှာဆိုတဲ့မိန်းမကိုစောင့်ကြည့်ထား။သူ့ကြောင့်သာမဟုတ်ရင် ဒီလိုအခြေအနေရောက်လာစရာအကြောင်းမရှိဘူး"
"ဟုတ်ကဲ့..."
----------
"လွန်းဟယ်ရီ နိုးနေရင်လည်း လက်ကိုဖယ်။တို့အောက်မှာလုပ်စရာတွေရှိသေးတယ်"
"အစောကြီးရှိသေးတာကို အန်တီကလည်း။အောက်မှာဆူးတို့၊သစ်လွင်တို့ရှိတယ်။သူတို့လုပ်လိမ့်မယ် အန်တီလုပ်ဖို့မလိုဘူး"
"မလိုလည်း ဖယ်။အိပ်တော့တာလည်းမဟုတ်ဘဲ"
နန်းရိပ် မိမိအားအနောက်မှသိုင်းဖက်ထားသည့်လက်အားဖယ်စေကာ ထဖို့ပြင်တော့ ပြန်ဆွဲပြီး ရင်ခွင်ထဲထည့်ဖက်ထားသည့်ကလေးမ။တစ်ညလုံးလည်း ဖက်ထားတာ တစ်ချက်ကလေးမလွှတ်။
"ဆောင်းရာသီက ဒီလောက်အေးနေတာကို အန်တီကဘာလို့အစောကြီးထချင်ရတာလဲ။ဟော့ဒီ ဟယ်ရီရင်ခွင်ကျယ်ထဲမှာ အနွေးဓာတ်ယူစမ်းပါ"
"လွန်းဟယ်ရီ!!"
"ထမယ် ထမယ် တကယ်ပါပဲ။အနွေးဓာတ်ပေးနေတာကိုမလိုချင်တဲ့အဒေါ်ကြီး။စေတနာကိုနားမလည်တဲ့အဒေါ်ကြီး"

ပါးစပ်ကနေ တတွတ်တွတ်ရေရွတ်ပြီး ရေချိုးခန်းထဲခြေဆောင့်ကာဝင်သွားတာကြောင့် နန်းရိပ်ရယ်လိုက်မိသည်။ဘယ်လိုလေးမှန်းမသိလေ ဒီကလေးမကတော့။

"ဆူး..."
"အမေ့..အန်..အန်တီ"
"ဟယ် ဘယ်လိုဖြစ်တာလဲ အန်တီခေါ်တာက အသံတိုးတိုးလေးပါ ဘာလို့အဲ့လောက်လန့်ရတာလဲ။စိတ်တွေဘယ်ရောက်နေသလဲ"
"ရုတ်..ရုတ်တရက်ဆိုတော့ ဆူးလန့်သွားလို့ပါ"
အောက်ပြုတ်ကျသွားသည့် ကြက်သွန်များအားကောက်ရင်း ပြောနေသည့်ဆူးအား နန်းရိပ်စနေမိတော့သည်။
"ကြက်သွန်ခွာနေတော့ ဘာချက်မလို့လဲ "
"ချက်မလို့မဟုတ်ပါဘူးအန်တီရဲ့။ဆူးနေ့လည်စာကျရင်အသုပ်သုပ်ဖို့လေ။ကိုင်းခရမ်းချဥ်သီးအလုံးကြီးတွေပေါ်နေပြီလေ။အဲ့တာမနက်ကအစိမ်းသုံးလုံးဝယ်လာတယ်။မမလေးက အဲ့တာသုပ်ရင်အရမ်းကြိုက်တာ"
"ဒါဆို မမလေးအတွက်ပဲပေါ့"
"အဲ့လိုမဟုတ်ပါဘူးအန်တီရဲ့။အန်တီကြိုက်ရင်အန်တီလည်းစားလို့ရတာပေါ့"
"အန်တီဘာကူရမလဲ"
"ရပါတယ်အန်တီ။မနက်စာစားလေ။သမီး ထမင်းကြော်ထားတယ်"
"အင်း လွန်းဟယ်ရီဖို့ပါ တစ်ခါတည်းယူသွားလိုက်မယ်"
ထမင်းကြော်အားပန်းကန်ထဲသို့ကုန်နိုင်ရုံထည့်ကာ ထမင်းစားခန်းဆီယူလာလိုက်မိသည်။ကြက်ဥကြော်လည်းရှိသေးတာမလို့ယူပြီးပြန်လာတော့ ထိုကလေးမက ထိုင်ခုံတွင်ဝင်ထိုင်ပြီးနေလေပြီ။
"ဒီနေ့ မင်းမင်းနဲ့ချိန်းထားတယ်နော် ပိတ်ရက်ဆိုတော့ အားတယ်မလား"
"ဟုတ် အားပါတယ်။အန်တီပါ လိုက်မှာမလား"
"အင်း လိုက်ရမှာပေါ့"
လိုက်ရမှာပေါ့။မလိုက်ရင် သူကပြေမှာကျလို့။တစ်လွဲတွေပဲလုပ်မှာ နန်းရိပ်သိတာပေါ့။
"အန်တီ..."
"ဟင်..."
"ဘာလို့ ဟယ်ရီကြိုအဲ့လိုကြည့်နေတာလဲ ဒီမှာရှက်နေပြီ"
"ဟင်...ဘယ်..ဘယ်မှာကြည့်လို့လဲ"
အထစ်ထစစ်အငေါ့ငေါ့ပြောကာ မျက်နှာတစ်ခုလုံးကလည်းရဲကာနေပြီး ထမင်းဝမှထထွက်သွားလေသည်။
သူ့ဘာသာအတွေးလွန်နေတယ်ဆိုတာ ဟယ်ရီသိသားပဲ။စချင်လို့ပြောလိုက်တာ။
"ကြည့်တုန်းကသူပဲကြည့်ပြီး ဘယ်ကိုပြေးတာလဲ"
ပန်းကန်အားယူကာ မီးဖိုခန်းဆီလိုက်လာရင်း အသံကျယ်ကျယ်ဖြင့်မေးလိုက်မိသည်။
"သစ်လွင်နဲ့ဆူးရေ ဒီအခန်းထဲမှာ သူများကိုကြည့်တုန်းကကြည့်ပြီး ပြောတော့ရှက်ပြေးသွားတဲ့အဒေါ်ကြီးတစ်ယောက်ရှိတယ်"
"လွန်းဟယ်ရီ...မဟုတ်တာလျှောက်မပြောနဲ့။ဖယ် အခန်းဝကနေ "
"ဟုတ်တာပြောလို့ရှင်နေတာမလား အန်တီ့ပါးနှစ်ဖက်ကို မှန်ထဲပြန်ကြည့်ကြည့်ပါအုံး"
"ဟာ!!မင်းနော်"
ပြေးဖို့ကြံနေသည့်သူအား ရင်ခွင်ထဲထည့်ဖက်လိုက်ရင်း
"သစ်လွင် အဲ့တာဘာချက်မှာလဲ"
"ဆူးက အသုပ်သုပ်ဖို့ဆိုတာကြောင့် သစ်လွင်ကူပြင်ပေးတာပါ"
"နေမကောင်းဘူးလား သစ်လွင် အသံတွေဘယ်လိုဖြစ်နေတာလဲ"
"ကောင်းပါတယ် မမလေး"

ကိုယ်မပိုင်ဆိုင်တဲ့အရာကို သဝန်တွေတို၊မနာလိုတွေဖြစ်ပြီး ဝမ်းနည်းစိတ်ကြောင့် ဒီလိုဖြစ်နေတာလို့ပြောလိုက်ရင် မမလေးစိတ်ဆိုးမှာမလား။မမလေးကစိတ်ဆိုးရုံဆိုးမှာပါ။အန်တီကတော့ သစ်လွင်ကိုစိတ်နာသွားမှာ။ဒါကြောင့်ပဲ စကားလုံးတွေကို မြိုသိပ်ထားရတာ။
"လွှတ်...အပေါ်တက်မလို့"
"မလွှတ်ဘူး"
"လွန်းဟယ်ရီ!"
"သွားမယ်...ဟောဒီလို"
အရှက်တွေသည်းနေသည့်အမျိုးသမီးအား ပွေ့ယူကာအခန်းသိူ့ပြန်လာမိတော့သည်။မျက်စောင်းမိုးတွေရွာနေသည်မှာ ဘယ်နှစ်ကြိမ်၊ဘယ်နှစ်ခါမှန်းမသိတော့ချေ။
----
"မမကြီးတို့ရောက်လာပြီလား ထိုင်နော် ကျွန်တော်မုန့်ပြင်လာခဲ့မယ်"
"ရတယ် မင်းမင်းရဲ့။ပြင်မနေနဲ့"
"မမကြီးကလည်း တစ်ခါတစ်လေလာတာကို"
"ဒါက သူ့အိမ်လား အန်တီ"
"အင်း ဆိုပါတော့။သူ့အမေတွေနဲ့ခွဲနေတာလေ မင်းမင်းက။ဒီတိုက်ခန်းကသူ့အပိုင်ပေါ့"
"သြော်"
"စားကြပါအုံး။ပြီးရင် ကျွန်တော်တို့ အလုပ်လုပ်ကြတာပေါ့"

"ဒါက အခင်း ဖြစ်တဲ့နေ့က အကြောင်းအရာတွေကို အသေးစိတ်ပြန်ရေးထားတာပါ။မလွန်းဟယ်ရီ တစ်ချက်ဖတ်ပေးပါလား"
ကမ်းလာသည့်စာအုပ်အားယူကာ ဟယ်ရီဖွင့်ဖတ်လိုက်မိသည်။အချိန်တွေကအစခန့်မှန်းရေးသားထားတာကြောင့် ဒီလူက အတော်ကိုစည်းစနစ်ရှိကာတိကျတာပဲဟု စိတ်ထဲမှမှတ်ချက်ပေးလိုက်မိသည်။
"တစ်ယောက်တည်းသွားခဲ့တာလို့ပြောခဲ့တာနော်"
"ဟုတ်တယ် မမကြီးကတစ်ယောက်တည်းထွက်သွားခဲ့တာ။အဲ့တုန်းက ဟယ်ရီတောင်မေးခဲ့သေးပါတယ်။မမကြီးကိုကားမယူသွားဘူးလားဆိုပြီးယအဲ့တုန်းကသူက လမ်းထိပ်မှာကားငှားသွားမယ်လို့ပြောခဲ့တာ"
"မလွန်းဟယ်ရီတို့အိမ်ကနေ လမ်းထိပ်ရောက်ဖို့ဘယ်လောက်လောက်လျှောက်ရလဲ"
"အင်း...ပုံမှန်လျှောက်မယ်ဆို ဆယ့်ငါးမိနစ်ပေါ့"
"မသွန်းချယ်ရီ အိမ်ကထွက်တာ ကိုးနာရီထိုးဖို့ဆယ်မိနစ်အလိုလောက်ဖြစ်မယ်ဆိုပြီး ကျွန်တော် ဖိုင်ထဲမှာဖတ်ခဲ့ရတယ်။နောက်ပြီးတစ်ယောက်တည်းထွက်သွားတယ်ပေါ့။အဲ့ကြားထဲမှာ ကျွန်တော်တော့ အချိတ်အဆက်ဟနေတာ တစ်ခုကို တွေ့ခဲ့တယ်။အဲ့တာကို မမကြီးကိုလည်း ပြောပြခဲ့ဖူးသေးတယ်။မလွန်းဟယ်ရီကိုရောပါပဲ။အခုအဲ့အချက်ကို ဒါတွေကြည့်ပြီး ဟုတ်မဟုတ် ပြန်စဥ်းစားကြည့်မလား"
ဟယ်ရီ ခေါင်းအားဆတ်ခနဲညိတ်လိုက်မိသည်။အရင်တစ်ခါ သူပြောခဲ့သည့်အကြောင်းအရာများကိုလည်း နားထဲတွင်ချက်ချင်းပြန်လည်ကြားယောင်မိခဲ့သည်။အဲ့အချိန်တုန်းကသာ ဟယ်ရီခေါင်းမမာခဲ့ရင်...။သက်ပြင်းရှည်တစ်ချက်အားချလိုက်ပြီးနောက် သူဆွဲထားသည့်မြေပုံဇယားများကို အသေးစိတ်ကြည့်ရှုမိသည်။ဒီလူကတကယ်ကိုတော်တာပဲဟုလည်း နောက်ထပ်တစ်ကြိမ် အသိအမှတ်ပြု ချီးကျူးလိုက်မိပြန်ပါသည်။
"မမကိုလာခေါ်ခဲ့တဲ့သူက ဘယ်သူဖြစ်မလဲ"
"အဲ့အတွက်အဖြေကို ဒီမှာကြည့်လိုက်ပါ"
ခန်းစီးစအဖြူအားဆွဲကျုံ့လိုက်တော့ ပေါ်လာသည့်သူများအားမြင်သည်နှင့်နေရာမှ ချက်ချင်းထရပ်လိုက်မိသည်။
"ဒါတွေက..."
"မလွန်းဟယ်ရီမထင်ထားတဲ့တရားခံဖြစ်နိုင်ချေသေချာတဲ့သူသုံးဦးပါ။တစ်ဦးကကျူးလွန်သူ၊တစ်ဦးကဒီကိစ္စကိုဖြစ်ပွားစေခဲ့တဲ့အဓိကလူ၊နောက်တစ်ယောက်ကတော့ ကြိုးကိုင်တဲ့သူ"
"ဟင့်အင်း..မဖြစ်နိုင်တာ။လုံးဝမဖြစ်နိုင်ဘူး။သူဘာတွေပြောနေတာလဲ အန်တီ သူထင်တာတွေမှားနေတာမလား"
"စိတ်အေးအေးထားနော်။အန်တီတို့အဖြေရှာလို့ရပါတယ်"
"ဘယ်လိုမျိုးလဲ..ဘယ်လိုမျိုးဟယ်ရီကစိတ်ကိုအေးအေးထားရမှာလဲ။အဲ့ဒီ..အဲ့ဒီလူက ဟယ်ရီအတွက် ဟယ်ရီ့အတွက် ဘယ်လိုလူမျိုးလဲ သိရဲ့နဲ့"
"ခဏလေး ထိုင်ရအောင်"
နံရံရှိလူသုံးဦးအား ကြည့်ကာ နန်းရိပ်လည်းသက်ပြင်းချနေမိတော့သည်။ဒီပုံတွေမြင်ရင် လွန်းဟယ်ရီ ဒီလိုတုန့်ပြန်မယ်ဆိုတာ နန်းရိပ်တို့ကြိုတွေးခဲ့မိပြီးသားပင်။ယုံကြည်မှုတွေ အကြိမ်ကြိမ်ရိုက်ချိုးခံနေရတာ ပင်ပန်းနေရောပေါ့လေ။
"ဘာ..ဘာလို့အဲ့လိုထင်ရတာလဲ"
စိတ့အစုံအားလျှော့ချကာ ဟယ်ရီမေးလိုက်မိသည်။အကြောင်းပြချက်သေသေချာချာတော့ရျိမယ်မလားလေ။ပထမတစ်ကြိမ်တုန်းကလိုဟယ်ရီထပ်ပြီးမဖြစ်ချင်တော့။ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာကို တွေးဖို့၊ကြည့်ဖို့ကိုပင် ဦးစားပေးရွေးလိုက်တော့သည်။
"ဒါကို တစ်ချက်ကြည့်လိုက်ရင် ဘာလို့ဒီလူကို ထည့်ထားရသလဲဆိုတာ မလွန်းဟယ်ရီ နားလည်မှာပါ။"
စားပွဲပေါ်ရောက်လာသည့်ဖိုင်တစ်ခုအား ယူကာကြည့်လိုက်မိသည်။
"ဒါ..ဒါဆို..ဒါဆိုရင်"
"ဟုတ်ပါတယ် ဦးနေရောင်လွင်လို့ခေါ်တဲ့ မလွန်းဟယ်ရီဦးလေးနဲ့မလွန်းဟယ်ရီတို့အဖေက ဘာတော်စပ်မှုမှမရှိပါဘူး။ဦးနေရောင်လွင် မွေးစားသားပါ။ဒါက မလွန်းဟယ်ရီတို့မသိတဲ့အမှန်တရားတစ်ခုပါ။"
"ဒါဆို..မေမေကရော ဒီကိစ္စကိုမသိခဲ့ဘူးပေါ့"
"မလွန်းဟယ်ရီရဲ့အမေက ဒီကိစ္စကိုသိပြီးသားဖြစ်ပါလိမ့်မယ်။ဒါကြောင့်ပဲ မလွန်းဟယ်ရီနဲ့အတူ နိုင်ငံခြားကိုထွက်သွားခဲ့တာ"

ဟယ်ရီကိုအတင်းအကျပ်နိုင်ငံခြားခေါ်သွားခဲ့တာက ဦးရဲထွဋ်ခေါင်ကြောင့်လို့ပဲထင်ခဲ့မိတာပဲ။အခုတော့ ကိုယ်အရမ်းယုံကြည်မိတဲ့ဦးလေးဖြစ်သူကြောင့်တဲ့လား။ဟယ်ရီ့အနားကလူတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ကွယ်နေခဲ့ပြီပဲ။နောက်ထပ်ဘယ်သူတွေထပ်ပြီးပျောက်ကွယ်လိမ့်အုံးမလဲ။အခုတော့ဟယ်ရီမှာ အန်တီရယ်၊သစ်လွင်ရယ်၊ဆူးရယ်။နောက်ပြီး ခက်ဆစ်ရယ် ဒီလူတွေပဲကျန်တော့တာပဲလေ။

"ဒီနှစ်ယောက်ကိုတော့ ကျွန်တော်မပြောလည်း သိမှာပါ"
"ဟုတ်ကဲ့ ဟယ်ရီသိပါတယ်။တစ်ခါမှကိုမတွေးခဲ့ဖူးတာပါပဲ"
"လွန်ခဲ့တဲ့တစ်ပတ်ကမှ ကျွန်တော်လည်းသိခဲ့တာပါ။ဒီမှာပါ "
"လေးလေးက ဒီရောက်နေတာလား အစ်ကို"
"သူဒီကိုရောက်တာ အတော်ကြာပါပြီ။ပြောရရင် ကျွန်တော်တို့ ဒီကိစ္စကိုစပြီးစုံစမ်းတည်းကရောက်နေတာပါပဲ"
"အဲ့လောက်တောင်ကြာပြီလား။ဟယ်ရီ့ဆီတစ်ခါလေးတောင်လာမတွေ့ခဲ့သလို သတင်းလည်းမကြားရအောင်ကိုတိတ်ဆိတ်နေခဲ့တာပဲ"
"သတင်းမကြားတာမဟုတ်ဘဲ နားမစွင့်ခဲ့တာကြောင့်ပါ။မထင်ခဲ့တာကြောင့်ရောပေါ့။ငါ့ညီမက ဦးရဲထွဋ်ခေါင် ကိုပဲ အလေးထားပြီးစုံစမ်းခဲ့တော့ တကယ့်လူကိုမမြင်နိုင်ခဲ့တာပဲ။"
"ဟယ်ရီ့ရဲ့ညံ့ဖျင်းမှုတွေကြောင့်ပါပဲ"
"မဟုတ်တာပဲ အဲ့လိုမတွေးနဲ့။ကိုကိုကြီးကို ဟယ်ရီအထင်လွဲခဲ့တယ်ဆိုတာ သူတို့ရဲ့လုပ်ကြံမှုကြောင့်လေ။ကလေးတစ်ယောက်အတွက်ဒါက ယုံကြည်စရာပဲကို"
ဟယ်ရီ့လက်နှစ်ဖက်အားဆုပ်ကိုင်ရင်း နူးညံ့ငြင်သာစွာဆိုလာသည့်အမျိုးသမီး။ဒီလိုစိတ်နဲ့အမျိုးသမီးအပေါ်ကိုမှ ဟယ်ရီအပြစ်တွေလွန်ကျူးခဲ့မိတာပဲ။
"ပြန်ကြရအောင် ဒီနေ့တော့လုံလောက်ပါပြီနော်"
"ဟုတ်မမကြီးပြန်ပါ။မလွန်းဟယ်ရီလည်းအနားယူပါ"
"ဟုတ်ကဲ့"
"လွန်းဟယ်ရီ..."
တံခါးဝအရောက် ခေါ်သံကြောင့် နှစ်ယောက်လုံးလှည့်ကြည့်လိုက်မိသည်။
"ကျွန်တော်မှန်းတာမမှားရင် ဦးနေရောင်လွင် ဒီနေ့ အိမ်ရောက်လာလိမ့်မယ်ထင်တယ်။ရောက်လာတဲ့အခါ ဟန်မပျက်နေပေးပါ"
"ဟုတ်ကဲ့ပါ"
----
"မမလေးတို့ကိုစောင့်နေတာ ဦးဦးရောက်နေတယ်"
"ဟင်..ဘယ်သူ"
ကားပေါ်မှဆင်းဆင်းချင်း ဟယ်ရီမှာအံ့သြသွားရသည်။ဆူးကဦးဦးဟုခေါ်သူမှာ တစ်ယောက်တည်းပဲရှိတာသိပေမဲ့မယုံနိုင်စွာထပ်မံမေးမိသည်။
"ဦးဦးလေ မမလေးရဲ့။နှစ်ကြာတာနဲ့မေ့တာလား မမလေးရဲ့ဦးလေး ဦးနေရောင်လွင်လေ"
နန်းဏိပ်နှင့်ဟယ်ရီတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်ကြသည်။
"အင်း လာခဲ့မယ် သွားနှင့် "
"ဟုတ် မမလေး"
ဆူးသွားသည်နှင့်အန်တီ့အားဘယ်လိုလုပ်မလဲဆိုသည့်ပံစြံဖြင့်ကြည့်မိတော့ ဟန်မပျက်နေဟုပြောကာ သူကတော့ အိမ်ပေါ်သို့တက်သွားလေသည်။

"လေးလေးတို့များ နေနိုင်လိုက်တာနော်"
"လေးလေးကနေနိုင်တာလား ငါ့တူမကနေနိုင်တာလား ပြန်ရောက်တာတောင်တစ်ချက်မဆက်သွယ်ဘူး။"
"လေးလေးကနေနိုင်တာပါ မမကြီးဆုံးပြီးတည်းက ဟယ်ရီတို့ဆီတစ်ချက်မဆက်သွယ်ဘဲ"
ဟယ်ရီပြော​တော့ လေးလေးမျက်နှာ ကွက်ခနဲပျက်သွားသည်။သို့ပေမဲ့ချက်ချင်းပင်ပြုံးကာ စကားလမ်းကြောင်းလွှဲပြီးဟယ်ရီ့အားစနောက်သည်။
"ဒါနဲ့ ငါ့တူမ ဘယ်တော့အိမ်ထောင်ပြုမှာလဲ"
"အာ လေးလေးကလည်း ဟယ်ရီကဖြင့်ရနေပြီ"
"ဟေ..ဟုတ်လား ဘယ်သူလဲ"
ဟန်ဆောင်ကောင်းသည့်လေးလေးအား ဟယ်ရီငိတ်ထဲမှအမှတ်တို့ပေးနေမိသည်။သူသိပြီးသားကိစ္စတွေကိုမသိသလိုဟန်ဆောင်နေလိုက်တာလေ။တကယ့်ကိုအကယ်ဒမီရသင့်တဲ့သူပဲ။
"ဒေါ်နန်းရိပ်လွှာဆိုတဲ့အမျိုးသမီးတစ်ယောက်ပါ။သူ့ကိုတော့ လေးလေးမသိဘူးလို့မငြင်းဘူး ဟုတ်"
ဟယ်ရီကပိတ်ကာမေးလိုက်သည်မလို့မငြင်းသာတော့။
"သူက ဟိုအကောင်ရဲ့ညီမ မလား။ငါ့တူမကတော်သားပဲ အစ်ကိုရဲ့အပြစ်ကြွေးကို ညီမကိုဆပ်ခိုင်းတာ။သတိတော့ထားနော် အဲ့မိန်းမက မာယာများတယ်"
"အို..ဘယ်လိုစကားတွေပြောနေတာလဲ ကျွန်မကပဲမာယာများသတဲ့လား။ဦးနေရောင်လွင်တို့ကတော့ အချိန်အကြာကြီးနေမှ ပြန်တွေ့ရတဲ့မိတ်ဆွေကိုဒီလိုစကားနဲ့နှုတ်ဆက်ရသလား"
အအေးခွက်အား တင်ပေးပြီးနောက် စကားဆိုရင်း ဟယ်ရီ့ဘေးဝင်ထိုင်သည့်အမျိုးသမီး။
"ဒါနဲ့နေပါအုံး ဘယ်သူ့အပြစ်ကြွေးကို ကျွန်မကဆပ်ရမှာလဲ"
တရစပ်ထိုးစစ်ဆင်သည့်အန်တီကြောင့် လေးလေးမျက်နှာမှာ ပိုရျ်ခက်ထန်လာသည်။
"လေးလေးပြန်တော့မယ် ဒီရောက်တုန်း ငါ့တူမရောက်နေတယ်ဆိုလို့ လာခဲ့တာ"
"ချက်ချင်းကြီးလေးလေးရယ်။ဒီမှာဘယ်လောက်နေမှာလဲ။မပြန်သေးရင်လာခဲ့နော်"
"အေး လာခဲ့မယ်"
ဦးလေးဖြစ်သူထွက်သွားတော့ ဟယ်ရီလည်း အိမ်ပေါ်သို့အန်တီ့နောက်မှလိုက်တက်ခဲ့မိတော့သည်။
"ဟူး...ပင်ပန်းလိုက်တာ"
ကုတင်ပေါ်ပစ်လှဲလိုက်ရင်း ဟယ်ရီဆိုလိုက်မိသည်။အန်တီကတော့ ကုတင်ပေါ်ထိုင်ပြီး ဖုန်းနှင့်ဘာတွေရှုပ်နေသလဲမသိ။ဟယ်ရီပြောတာကိုပင်ဂရုမစိုက်ပေ။လူငယ်ဖြစ်သည့်ဟယ်ရီကသာကုတင်ပေါ်လူးလှိမ့်နေတာ။အန်တီကတော့ ဘာမှပင်ပန်းဟန်မပြ။ဖုန်းထဲမှအလုပ်ပြီးသွားတော့ ရေချိုးသဘက်အားယူကာ ရေချိုးဖို့ပြင်ဆင်တာကြောင့် ဟယ်ရီလည်းထထိုင်လိုက်မိသည်။
"ဘာလုပ်တာလဲ.."
"ရေချိုးမလို့လေ..."
"တို့ချိုးမလို့လေ..ပြီးမှချိုး"
"မရဘူး အခုချိုးချင်တာ..."
ရေချိုးခန်းတံခါးအား ဂျက်ချလိုက်ကာ ရှပ်အင်္ကျီရှိ ကြယ်သီးတို့အားဖြုတ်လိုက်မိသည်။
"ဖယ်..မင်းချိုးမယ်ဆို တို့အောက်မှာသွားချိုးမယ်"
"မရပါဘူး အတူချိုးချင်လို့ပါဆို"
"လွန်းဟယ်ရီ!!ဘယ်လိုလုပ်နေတာလဲ"
အင်္ကျီလေးချွတ်တာကို ထအော်ပြီးတစ်ဖက်လှည့်နေသည့် အမျိုးသမီးကြောင့် ဟယ်ရီပြုံးလိုက်မိသည်။တကယ်အရှက်သည်းလိုက်တာလေ။
ရေချိုးတဘက်အားပတ်ပြီးသည့်နောက် ရေပန်းအားဖွင့်ချကာ ထိုအမျိုးသမီးအား ဆွဲခေါ်ပြီး ရေပန်းအောက်ရောက်စေလိုက်မိသည်။
"ဘာလုပ်တာလဲ...ဆံပင်တွေစိုကုန်ပြီ"
"ပြီးရင် ခြောက်အောင်သုတ်ပေးမှာ မပူနဲ့"
အဆက်မပြတ်ကျနေသည့်ရေပန်းအောက်တွင် နှစ်​ယောက်လုံးအတော်ကြာရပ်နေမိသည်။ရေစက်တို့ဖြင့် တစ်မျိုးအလှပိုသည့်အမျိုးသမီး၏ ဆေးပြယ်သွားသည့်တိုင် နီစွေးနေသည့်နှုတ်ခမ်းပါးအား ဟယ်ရီ မက်မောစွာ နမ်းရှိုက်လိုက်မိသည်။တုံ့ပြန်အနမ်းတို့မပေးသည့်တိုင် ရုန်းကန်ခြင်းမရှိ။ဟယ်ရီ့ကျောပြင်အား ဖက်ကာထားသည့်အမျိုးသမီး။

"ချစ်တယ် အန်တီ။အန်တီ့ကို မြတ်မြတ်နိုးနိုးနဲ့ချစ်တယ်ဆိုတာ ယုံပေးနော်"

နောက်တစ်ကြိမ်ထပ်မံထိခတ်လာသည့်နှုတ်ခမ်းတစ်စုံကြောင့် နန်းရိပ်မျက်ဝန်းတို့အား တစ်ဖန်မှိတ်ချထားလိုက်မိသည်။ဘယ်လောက်ထိရင်တွေခုန်နေရသလဲဆိုတာ ဒီကလေးမ မသိဘူးလားလေ။

"ဟက်ချိုး..."
"ဟက်ချိုး..."
"ဟယ် အန်တီရောမမလေးရော နှာတွေချေနေပါလား ဘယ်လိုဖြစ်တာလဲ"
"အင်း..ဟို..ခေါင်းလျှော်တာ ကြာသွားလို့"
"ခေါင်းလျှော်တာကြာတာ....ဟုတ်လို့လား။နှစ်ယောက်လုံးဆိုတော့ မသင်္ကါစရာပဲ"
"ဘာတွေလျှောက်ပြောနေတာလဲ"

တဟိဟိနဲ့လိုက်စနေသည့်ခက်ဆစ်ကြောင့် အန်တီမှာအတော်ပက်ရှက်နေချေပြီ။ဟယ်ရီထဟောက်မှ ငြိမ်သွားလေရဲ့။ဒါတောင် တစ်ချက်တစ်ချက် ထရီတတ်သေးတာ။
"မမလေးတော်ပြီလား..."
"အင်း တော်ပြီ..။ဆူးတို့ဆက်စားနော် အပေါ်သွားတော့မယ်"
"ဟုတ်ကဲ့မမလေး.."
"မမလေး နောက်ဆို အအေးမိအောင်ထိခေါင်းမလျှော်နဲ့နော်"
"ဟာ...ဒီတစ်ယောက်တော့"
ပြောပြီး ပြေးသည့်ခက်ဆစ်ကြောင့် ဟယ်ရီ ပြုံးလိုက်မိကာ အိမ်ပေါ်သို့တက်လာလိုက်တော့သည်။ကုတင်ပေါ်တွင်စာအုပ်ထိုင်ဖတ်နေသည့် အန်တီအား ခုံပေါ်ထိုင်ကာ ငေးကြည့်နေမိပြန်သည်။
"ချစ်တာကို ယုံအောင် ဘယ်လိုသက်သေပြရမလဲ အန်တီရယ်။ဆိုးမိုက်ခဲ့မိသမျှကို အခုမှနောင်တတွေရနေတယ်။အန်တီ့အချစ်ကိုရဖို့၊အန်တီ့ယုံကြည်မှုကိုရဖို့ ဟယ်ရီ ဘယ်လိုလုပ်ရမလဲ။တစ်နေ့နေ့မှာ ထွက်သွားမလားဆိုတဲ့အတွေးတွေကနေလွတ်အောင် ၊ဟယ်ရီ့အချစ်ကိုယုံကြည်အောင် ဘယ်ဘုရားမှာ ဆုတောင်းခြွေရမလဲ"

#Äster
11:12:2022 (3:04PM)

အမုန္းပင္မွပြင့္ေသာအခ်စ္ပန္း
အပိုင္း (၁၉)

"သူတို႔အဆင္ေျပသြားၾကၿပီမလို႔ပူးေပါင္းေနၾကၿပီ"
တစ္ဖက္မွမေက်မခ်မ္း ေတာက္ခ္ ခတ္သံက်ယ္က်ယ္အားၾကားလိုက္ရသည္။
"ဆက္ၿပီးေစာင့္ၾကည့္ထား တစ္ခုခုအေၾကာင္းထူးတာနဲ႕ ဖုန္းဆက္လိုက္ ၾကားလား"
"ဟုတ္ကဲ့"
"အထူးသျဖင့္ ေဒၚနန္းရိပ္လႊာဆိုတဲ့မိန္းမကိုေစာင့္ၾကည့္ထား။သူ႕ေၾကာင့္သာမဟုတ္ရင္ ဒီလိုအေျခအေနေရာက္လာစရာအေၾကာင္းမရွိဘူး"
"ဟုတ္ကဲ့..."
----------
"လြန္းဟယ္ရီ နိုးေနရင္လည္း လက္ကိုဖယ္။တို႔ေအာက္မွာလုပ္စရာေတြရွိေသးတယ္"
"အေစာႀကီးရွိေသးတာကို အန္တီကလည္း။ေအာက္မွာဆူးတို႔၊သစ္လြင္တို႔ရွိတယ္။သူတို႔လုပ္လိမ့္မယ္ အန္တီလုပ္ဖို႔မလိုဘူး"
"မလိုလည္း ဖယ္။အိပ္ေတာ့တာလည္းမဟုတ္ဘဲ"
နန္းရိပ္ မိမိအားအေနာက္မွသိုင္းဖက္ထားသည့္လက္အားဖယ္ေစကာ ထဖို႔ျပင္ေတာ့ ျပန္ဆြဲၿပီး ရင္ခြင္ထဲထည့္ဖက္ထားသည့္ကေလးမ။တစ္ညလုံးလည္း ဖက္ထားတာ တစ္ခ်က္ကေလးမလႊတ္။
"ေဆာင္းရာသီက ဒီေလာက္ေအးေနတာကို အန္တီကဘာလို႔အေစာႀကီးထခ်င္ရတာလဲ။ေဟာ့ဒီ ဟယ္ရီရင္ခြင္က်ယ္ထဲမွာ အႏြေးဓာတ္ယူစမ္းပါ"
"လြန္းဟယ္ရီ!!"
"ထမယ္ ထမယ္ တကယ္ပါပဲ။အႏြေးဓာတ္ေပးေနတာကိုမလိုခ်င္တဲ့အေဒၚႀကီး။ေစတနာကိုနားမလည္တဲ့အေဒၚႀကီး"

ပါးစပ္ကေန တတြတ္တြတ္ေရ႐ြတ္ၿပီး ေရခ်ိဳးခန္းထဲေျခေဆာင့္ကာဝင္သြားတာေၾကာင့္ နန္းရိပ္ရယ္လိုက္မိသည္။ဘယ္လိုေလးမွန္းမသိေလ ဒီကေလးမကေတာ့။

"ဆူး..."
"အေမ့..အန္..အန္တီ"
"ဟယ္ ဘယ္လိုျဖစ္တာလဲ အန္တီေခၚတာက အသံတိုးတိုးေလးပါ ဘာလို႔အဲ့ေလာက္လန့္ရတာလဲ။စိတ္ေတြဘယ္ေရာက္ေနသလဲ"
"႐ုတ္..႐ုတ္တရက္ဆိုေတာ့ ဆူးလန့္သြားလို႔ပါ"
ေအာက္ျပဳတ္က်သြားသည့္ ၾကက္သြန္မ်ားအားေကာက္ရင္း ေျပာေနသည့္ဆူးအား နန္းရိပ္စေနမိေတာ့သည္။
"ၾကက္သြန္ခြာေနေတာ့ ဘာခ်က္မလို႔လဲ "
"ခ်က္မလို႔မဟုတ္ပါဘူးအန္တီရဲ႕။ဆူးေန႕လည္စာက်ရင္အသုပ္သုပ္ဖို႔ေလ။ကိုင္းခရမ္းခ်ဥ္သီးအလုံးႀကီးေတြေပၚေနၿပီေလ။အဲ့တာမနက္ကအစိမ္းသုံးလုံးဝယ္လာတယ္။မမေလးက အဲ့တာသုပ္ရင္အရမ္းႀကိဳက္တာ"
"ဒါဆို မမေလးအတြက္ပဲေပါ့"
"အဲ့လိုမဟုတ္ပါဘူးအန္တီရဲ႕။အန္တီႀကိဳက္ရင္အန္တီလည္းစားလို႔ရတာေပါ့"
"အန္တီဘာကူရမလဲ"
"ရပါတယ္အန္တီ။မနက္စာစားေလ။သမီး ထမင္းေၾကာ္ထားတယ္"
"အင္း လြန္းဟယ္ရီဖို႔ပါ တစ္ခါတည္းယူသြားလိုက္မယ္"
ထမင္းေၾကာ္အားပန္းကန္ထဲသို႔ကုန္နိုင္႐ုံထည့္ကာ ထမင္းစားခန္းဆီယူလာလိုက္မိသည္။ၾကက္ဥေၾကာ္လည္းရွိေသးတာမလို႔ယူၿပီးျပန္လာေတာ့ ထိုကေလးမက ထိုင္ခုံတြင္ဝင္ထိုင္ၿပီးေနေလၿပီ။
"ဒီေန႕ မင္းမင္းနဲ႕ခ်ိန္းထားတယ္ေနာ္ ပိတ္ရက္ဆိုေတာ့ အားတယ္မလား"
"ဟုတ္ အားပါတယ္။အန္တီပါ လိုက္မွာမလား"
"အင္း လိုက္ရမွာေပါ့"
လိုက္ရမွာေပါ့။မလိုက္ရင္ သူကေျပမွာက်လိဳ႕။တစ္လြဲေတြပဲလုပ္မွာ နန္းရိပ္သိတာေပါ့။
"အန္တီ..."
"ဟင္..."
"ဘာလို႔ ဟယ္ရီႀကိဳအဲ့လိုၾကည့္ေနတာလဲ ဒီမွာရွက္ေနၿပီ"
"ဟင္...ဘယ္..ဘယ္မွာၾကည့္လို႔လဲ"
အထစ္ထစစ္အေငါ့ေငါ့ေျပာကာ မ်က္ႏွာတစ္ခုလုံးကလည္းရဲကာေနၿပီး ထမင္းဝမွထထြက္သြားေလသည္။
သူ႕ဘာသာအေတြးလြန္ေနတယ္ဆိုတာ ဟယ္ရီသိသားပဲ။စခ်င္လို႔ေျပာလိုက္တာ။
"ၾကည့္တုန္းကသူပဲၾကည့္ၿပီး ဘယ္ကိုေျပးတာလဲ"
ပန္းကန္အားယူကာ မီးဖိုခန္းဆီလိုက္လာရင္း အသံက်ယ္က်ယ္ျဖင့္ေမးလိုက္မိသည္။
"သစ္လြင္နဲ႕ဆူးေရ ဒီအခန္းထဲမွာ သူမ်ားကိုၾကည့္တုန္းကၾကည့္ၿပီး ေျပာေတာ့ရွက္ေျပးသြားတဲ့အေဒၚႀကီးတစ္ေယာက္ရွိတယ္"
"လြန္းဟယ္ရီ...မဟုတ္တာေလွ်ာက္မေျပာနဲ႕။ဖယ္ အခန္းဝကေန "
"ဟုတ္တာေျပာလို႔ရွင္ေနတာမလား အန္တီ့ပါးႏွစ္ဖက္ကို မွန္ထဲျပန္ၾကည့္ၾကည့္ပါအုံး"
"ဟာ!!မင္းေနာ္"
ေျပးဖို႔ႀကံေနသည့္သူအား ရင္ခြင္ထဲထည့္ဖက္လိုက္ရင္း
"သစ္လြင္ အဲ့တာဘာခ်က္မွာလဲ"
"ဆူးက အသုပ္သုပ္ဖို႔ဆိုတာေၾကာင့္ သစ္လြင္ကူျပင္ေပးတာပါ"
"ေနမေကာင္းဘူးလား သစ္လြင္ အသံေတြဘယ္လိုျဖစ္ေနတာလဲ"
"ေကာင္းပါတယ္ မမေလး"

ကိုယ္မပိုင္ဆိုင္တဲ့အရာကို သဝန္ေတြတို၊မနာလိုေတြျဖစ္ၿပီး ဝမ္းနည္းစိတ္ေၾကာင့္ ဒီလိုျဖစ္ေနတာလို႔ေျပာလိုက္ရင္ မမေလးစိတ္ဆိုးမွာမလား။မမေလးကစိတ္ဆိုး႐ုံဆိုးမွာပါ။အန္တီကေတာ့ သစ္လြင္ကိုစိတ္နာသြားမွာ။ဒါေၾကာင့္ပဲ စကားလုံးေတြကို ၿမိဳသိပ္ထားရတာ။
"လႊတ္...အေပၚတက္မလို႔"
"မလႊတ္ဘူး"
"လြန္းဟယ္ရီ!"
"သြားမယ္...ေဟာဒီလို"
အရွက္ေတြသည္းေနသည့္အမ်ိဳးသမီးအား ေပြ႕ယူကာအခန္းသိူ႕ျပန္လာမိေတာ့သည္။မ်က္ေစာင္းမိုးေတြ႐ြာေနသည္မွာ ဘယ္ႏွစ္ႀကိမ္၊ဘယ္ႏွစ္ခါမွန္းမသိေတာ့ေခ်။
----
"မမႀကီးတို႔ေရာက္လာၿပီလား ထိုင္ေနာ္ ကြၽန္ေတာ္မုန့္ျပင္လာခဲ့မယ္"
"ရတယ္ မင္းမင္းရဲ႕။ျပင္မေနနဲ႕"
"မမႀကီးကလည္း တစ္ခါတစ္ေလလာတာကို"
"ဒါက သူ႕အိမ္လား အန္တီ"
"အင္း ဆိုပါေတာ့။သူ႕အေမေတြနဲ႕ခြဲေနတာေလ မင္းမင္းက။ဒီတိုက္ခန္းကသူ႕အပိုင္ေပါ့"
"ေၾသာ္"
"စားၾကပါအုံး။ၿပီးရင္ ကြၽန္ေတာ္တို႔ အလုပ္လုပ္ၾကတာေပါ့"

"ဒါက အခင္း ျဖစ္တဲ့ေန႕က အေၾကာင္းအရာေတြကို အေသးစိတ္ျပန္ေရးထားတာပါ။မလြန္းဟယ္ရီ တစ္ခ်က္ဖတ္ေပးပါလား"
ကမ္းလာသည့္စာအုပ္အားယူကာ ဟယ္ရီဖြင့္ဖတ္လိုက္မိသည္။အခ်ိန္ေတြကအစခန့္မွန္းေရးသားထားတာေၾကာင့္ ဒီလူက အေတာ္ကိုစည္းစနစ္ရွိကာတိက်တာပဲဟု စိတ္ထဲမွမွတ္ခ်က္ေပးလိုက္မိသည္။
"တစ္ေယာက္တည္းသြားခဲ့တာလို႔ေျပာခဲ့တာေနာ္"
"ဟုတ္တယ္ မမႀကီးကတစ္ေယာက္တည္းထြက္သြားခဲ့တာ။အဲ့တုန္းက ဟယ္ရီေတာင္ေမးခဲ့ေသးပါတယ္။မမႀကီးကိုကားမယူသြားဘူးလားဆိုၿပီးယအဲ့တုန္းကသူက လမ္းထိပ္မွာကားငွားသြားမယ္လို႔ေျပာခဲ့တာ"
"မလြန္းဟယ္ရီတို႔အိမ္ကေန လမ္းထိပ္ေရာက္ဖို႔ဘယ္ေလာက္ေလာက္ေလွ်ာက္ရလဲ"
"အင္း...ပုံမွန္ေလွ်ာက္မယ္ဆို ဆယ့္ငါးမိနစ္ေပါ့"
"မသြန္းခ်ယ္ရီ အိမ္ကထြက္တာ ကိုးနာရီထိုးဖို႔ဆယ္မိနစ္အလိုေလာက္ျဖစ္မယ္ဆိုၿပီး ကြၽန္ေတာ္ ဖိုင္ထဲမွာဖတ္ခဲ့ရတယ္။ေနာက္ၿပီးတစ္ေယာက္တည္းထြက္သြားတယ္ေပါ့။အဲ့ၾကားထဲမွာ ကြၽန္ေတာ္ေတာ့ အခ်ိတ္အဆက္ဟေနတာ တစ္ခုကို ေတြ႕ခဲ့တယ္။အဲ့တာကို မမႀကီးကိုလည္း ေျပာျပခဲ့ဖူးေသးတယ္။မလြန္းဟယ္ရီကိုေရာပါပဲ။အခုအဲ့အခ်က္ကို ဒါေတြၾကည့္ၿပီး ဟုတ္မဟုတ္ ျပန္စဥ္းစားၾကည့္မလား"
ဟယ္ရီ ေခါင္းအားဆတ္ခနဲညိတ္လိုက္မိသည္။အရင္တစ္ခါ သူေျပာခဲ့သည့္အေၾကာင္းအရာမ်ားကိုလည္း နားထဲတြင္ခ်က္ခ်င္းျပန္လည္ၾကားေယာင္မိခဲ့သည္။အဲ့အခ်ိန္တုန္းကသာ ဟယ္ရီေခါင္းမမာခဲ့ရင္...။သက္ျပင္းရွည္တစ္ခ်က္အားခ်လိဳက္ၿပီးေနာက္ သူဆြဲထားသည့္ေျမပုံဇယားမ်ားကို အေသးစိတ္ၾကည့္ရႈမိသည္။ဒီလူကတကယ္ကိုေတာ္တာပဲဟုလည္း ေနာက္ထပ္တစ္ႀကိမ္ အသိအမွတ္ျပဳ ခ်ီးက်ဴးလိုက္မိျပန္ပါသည္။
"မမကိုလာေခၚခဲ့တဲ့သူက ဘယ္သူျဖစ္မလဲ"
"အဲ့အတြက္အေျဖကို ဒီမွာၾကည့္လိုက္ပါ"
ခန္းစီးစအျဖဴအားဆြဲက်ဳံ႕လိုက္ေတာ့ ေပၚလာသည့္သူမ်ားအားျမင္သည္ႏွင့္ေနရာမွ ခ်က္ခ်င္းထရပ္လိုက္မိသည္။
"ဒါေတြက..."
"မလြန္းဟယ္ရီမထင္ထားတဲ့တရားခံျဖစ္နိုင္ေခ်ေသခ်ာတဲ့သူသုံးဦးပါ။တစ္ဦးကက်ဴးလြန္သူ၊တစ္ဦးကဒီကိစၥကိုျဖစ္ပြားေစခဲ့တဲ့အဓိကလူ၊ေနာက္တစ္ေယာက္ကေတာ့ ႀကိဳးကိုင္တဲ့သူ"
"ဟင့္အင္း..မျဖစ္နိုင္တာ။လုံးဝမျဖစ္နိုင္ဘူး။သူဘာေတြေျပာေနတာလဲ အန္တီ သူထင္တာေတြမွားေနတာမလား"
"စိတ္ေအးေအးထားေနာ္။အန္တီတို႔အေျဖရွာလို႔ရပါတယ္"
"ဘယ္လိုမ်ိဳးလဲ..ဘယ္လိုမ်ိဳးဟယ္ရီကစိတ္ကိုေအးေအးထားရမွာလဲ။အဲ့ဒီ..အဲ့ဒီလူက ဟယ္ရီအတြက္ ဟယ္ရီ႕အတြက္ ဘယ္လိုလူမ်ိဳးလဲ သိရဲ႕နဲ႕"
"ခဏေလး ထိုင္ရေအာင္"
နံရံရွိလူသုံးဦးအား ၾကည့္ကာ နန္းရိပ္လည္းသက္ျပင္းခ်ေနမိေတာ့သည္။ဒီပုံေတြျမင္ရင္ လြန္းဟယ္ရီ ဒီလိုတုန့္ျပန္မယ္ဆိုတာ နန္းရိပ္တို႔ႀကိဳေတြးခဲ့မိၿပီးသားပင္။ယုံၾကည္မႈေတြ အႀကိမ္ႀကိမ္ရိုက္ခ်ိဳးခံေနရတာ ပင္ပန္းေနေရာေပါ့ေလ။
"ဘာ..ဘာလို႔အဲ့လိုထင္ရတာလဲ"
စိတ့အစုံအားေလွ်ာ့ခ်ကာ ဟယ္ရီေမးလိုက္မိသည္။အေၾကာင္းျပခ်က္ေသေသခ်ာခ်ာေတာ့ရ်ိမယ္မလားေလ။ပထမတစ္ႀကိမ္တုန္းကလိုဟယ္ရီထပ္ၿပီးမျဖစ္ခ်င္ေတာ့။ျဖစ္နိုင္လားမျဖစ္နိုင္လားဆိုတာကို ေတြးဖို႔၊ၾကည့္ဖို႔ကိုပင္ ဦးစားေပးေ႐ြးလိုက္ေတာ့သည္။
"ဒါကို တစ္ခ်က္ၾကည့္လိုက္ရင္ ဘာလို႔ဒီလူကို ထည့္ထားရသလဲဆိုတာ မလြန္းဟယ္ရီ နားလည္မွာပါ။"
စားပြဲေပၚေရာက္လာသည့္ဖိုင္တစ္ခုအား ယူကာၾကည့္လိုက္မိသည္။
"ဒါ..ဒါဆို..ဒါဆိုရင္"
"ဟုတ္ပါတယ္ ဦးေနေရာင္လြင္လို႔ေခၚတဲ့ မလြန္းဟယ္ရီဦးေလးနဲ႕မလြန္းဟယ္ရီတို႔အေဖက ဘာေတာ္စပ္မႈမွမရွိပါဘူး။ဦးေနေရာင္လြင္ ေမြးစားသားပါ။ဒါက မလြန္းဟယ္ရီတို႔မသိတဲ့အမွန္တရားတစ္ခုပါ။"
"ဒါဆို..ေမေမကေရာ ဒီကိစၥကိုမသိခဲ့ဘူးေပါ့"
"မလြန္းဟယ္ရီရဲ႕အေမက ဒီကိစၥကိုသိၿပီးသားျဖစ္ပါလိမ့္မယ္။ဒါေၾကာင့္ပဲ မလြန္းဟယ္ရီနဲ႕အတူ နိုင္ငံျခားကိုထြက္သြားခဲ့တာ"

ဟယ္ရီကိုအတင္းအက်ပ္နိုင္ငံျခားေခၚသြားခဲ့တာက ဦးရဲထြဋ္ေခါင္ေၾကာင့္လို႔ပဲထင္ခဲ့မိတာပဲ။အခုေတာ့ ကိုယ္အရမ္းယုံၾကည္မိတဲ့ဦးေလးျဖစ္သူေၾကာင့္တဲ့လား။ဟယ္ရီ႕အနားကလူေတြတစ္ေယာက္ၿပီးတစ္ေယာက္ေပ်ာက္ကြယ္ေနခဲ့ၿပီပဲ။ေနာက္ထပ္ဘယ္သူေတြထပ္ၿပီးေပ်ာက္ကြယ္လိမ့္အုံးမလဲ။အခုေတာ့ဟယ္ရီမွာ အန္တီရယ္၊သစ္လြင္ရယ္၊ဆူးရယ္။ေနာက္ၿပီး ခက္ဆစ္ရယ္ ဒီလူေတြပဲက်န္ေတာ့တာပဲေလ။

"ဒီႏွစ္ေယာက္ကိုေတာ့ ကြၽန္ေတာ္မေျပာလည္း သိမွာပါ"
"ဟုတ္ကဲ့ ဟယ္ရီသိပါတယ္။တစ္ခါမွကိုမေတြးခဲ့ဖူးတာပါပဲ"
"လြန္ခဲ့တဲ့တစ္ပတ္ကမွ ကြၽန္ေတာ္လည္းသိခဲ့တာပါ။ဒီမွာပါ "
"ေလးေလးက ဒီေရာက္ေနတာလား အစ္ကို"
"သူဒီကိုေရာက္တာ အေတာ္ၾကာပါၿပီ။ေျပာရရင္ ကြၽန္ေတာ္တို႔ ဒီကိစၥကိုစၿပီးစုံစမ္းတည္းကေရာက္ေနတာပါပဲ"
"အဲ့ေလာက္ေတာင္ၾကာၿပီလား။ဟယ္ရီ႕ဆီတစ္ခါေလးေတာင္လာမေတြ႕ခဲ့သလို သတင္းလည္းမၾကားရေအာင္ကိုတိတ္ဆိတ္ေနခဲ့တာပဲ"
"သတင္းမၾကားတာမဟုတ္ဘဲ နားမစြင့္ခဲ့တာေၾကာင့္ပါ။မထင္ခဲ့တာေၾကာင့္ေရာေပါ့။ငါ့ညီမက ဦးရဲထြဋ္ေခါင္ ကိုပဲ အေလးထားၿပီးစုံစမ္းခဲ့ေတာ့ တကယ့္လူကိုမျမင္နိုင္ခဲ့တာပဲ။"
"ဟယ္ရီ႕ရဲ႕ညံ့ဖ်င္းမႈေတြေၾကာင့္ပါပဲ"
"မဟုတ္တာပဲ အဲ့လိုမေတြးနဲ႕။ကိုကိုႀကီးကို ဟယ္ရီအထင္လြဲခဲ့တယ္ဆိုတာ သူတို႔ရဲ႕လုပ္ႀကံမႈေၾကာင့္ေလ။ကေလးတစ္ေယာက္အတြက္ဒါက ယုံၾကည္စရာပဲကို"
ဟယ္ရီ႕လက္ႏွစ္ဖက္အားဆုပ္ကိုင္ရင္း ႏူးညံ့ျငင္သာစြာဆိုလာသည့္အမ်ိဳးသမီး။ဒီလိုစိတ္နဲ႕အမ်ိဳးသမီးအေပၚကိုမွ ဟယ္ရီအျပစ္ေတြလြန္က်ဴးခဲ့မိတာပဲ။
"ျပန္ၾကရေအာင္ ဒီေန႕ေတာ့လုံေလာက္ပါၿပီေနာ္"
"ဟုတ္မမႀကီးျပန္ပါ။မလြန္းဟယ္ရီလည္းအနားယူပါ"
"ဟုတ္ကဲ့"
"လြန္းဟယ္ရီ..."
တံခါးဝအေရာက္ ေခၚသံေၾကာင့္ ႏွစ္ေယာက္လုံးလွည့္ၾကည့္လိုက္မိသည္။
"ကြၽန္ေတာ္မွန္းတာမမွားရင္ ဦးေနေရာင္လြင္ ဒီေန႕ အိမ္ေရာက္လာလိမ့္မယ္ထင္တယ္။ေရာက္လာတဲ့အခါ ဟန္မပ်က္ေနေပးပါ"
"ဟုတ္ကဲ့ပါ"
----
"မမေလးတို႔ကိုေစာင့္ေနတာ ဦးဦးေရာက္ေနတယ္"
"ဟင္..ဘယ္သူ"
ကားေပၚမွဆင္းဆင္းခ်င္း ဟယ္ရီမွာအံ့ၾသသြားရသည္။ဆူးကဦးဦးဟုေခၚသူမွာ တစ္ေယာက္တည္းပဲရွိတာသိေပမဲ့မယုံနိုင္စြာထပ္မံေမးမိသည္။
"ဦးဦးေလ မမေလးရဲ႕။ႏွစ္ၾကာတာနဲ႕ေမ့တာလား မမေလးရဲ႕ဦးေလး ဦးေနေရာင္လြင္ေလ"
နန္းဏိပ္ႏွင့္ဟယ္ရီတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိလိုက္ၾကသည္။
"အင္း လာခဲ့မယ္ သြားႏွင့္ "
"ဟုတ္ မမေလး"
ဆူးသြားသည္ႏွင့္အန္တီ့အားဘယ္လိုလုပ္မလဲဆိုသည့္ပံၿစံျဖင့္ၾကည့္မိေတာ့ ဟန္မပ်က္ေနဟုေျပာကာ သူကေတာ့ အိမ္ေပၚသို႔တက္သြားေလသည္။

"ေလးေလးတို႔မ်ား ေနနိုင္လိုက္တာေနာ္"
"ေလးေလးကေနနိုင္တာလား ငါ့တူမကေနနိုင္တာလား ျပန္ေရာက္တာေတာင္တစ္ခ်က္မဆက္သြယ္ဘူး။"
"ေလးေလးကေနနိုင္တာပါ မမႀကီးဆုံးၿပီးတည္းက ဟယ္ရီတို႔ဆီတစ္ခ်က္မဆက္သြယ္ဘဲ"
ဟယ္ရီေျပာေတာ့ ေလးေလးမ်က္ႏွာ ကြက္ခနဲပ်က္သြားသည္။သို႔ေပမဲ့ခ်က္ခ်င္းပင္ၿပဳံးကာ စကားလမ္းေၾကာင္းလႊဲၿပီးဟယ္ရီ႕အားစေနာက္သည္။
"ဒါနဲ႕ ငါ့တူမ ဘယ္ေတာ့အိမ္ေထာင္ျပဳမွာလဲ"
"အာ ေလးေလးကလည္း ဟယ္ရီကျဖင့္ရေနၿပီ"
"ေဟ..ဟုတ္လား ဘယ္သူလဲ"
ဟန္ေဆာင္ေကာင္းသည့္ေလးေလးအား ဟယ္ရီငိတ္ထဲမွအမွတ္တို႔ေပးေနမိသည္။သူသိၿပီးသားကိစၥေတြကိုမသိသလိုဟန္ေဆာင္ေနလိုက္တာေလ။တကယ့္ကိုအကယ္ဒမီရသင့္တဲ့သူပဲ။
"ေဒၚနန္းရိပ္လႊာဆိုတဲ့အမ်ိဳးသမီးတစ္ေယာက္ပါ။သူ႕ကိုေတာ့ ေလးေလးမသိဘူးလို႔မျငင္းဘူး ဟုတ္"
ဟယ္ရီကပိတ္ကာေမးလိုက္သည္မလို႔မျငင္းသာေတာ့။
"သူက ဟိုအေကာင္ရဲ႕ညီမ မလား။ငါ့တူမကေတာ္သားပဲ အစ္ကိုရဲ႕အျပစ္ေႂကြးကို ညီမကိုဆပ္ခိုင္းတာ။သတိေတာ့ထားေနာ္ အဲ့မိန္းမက မာယာမ်ားတယ္"
"အို..ဘယ္လိုစကားေတြေျပာေနတာလဲ ကြၽန္မကပဲမာယာမ်ားသတဲ့လား။ဦးေနေရာင္လြင္တို႔ကေတာ့ အခ်ိန္အၾကာႀကီးေနမွ ျပန္ေတြ႕ရတဲ့မိတ္ေဆြကိုဒီလိုစကားနဲ႕ႏႈတ္ဆက္ရသလား"
အေအးခြက္အား တင္ေပးၿပီးေနာက္ စကားဆိုရင္း ဟယ္ရီ႕ေဘးဝင္ထိုင္သည့္အမ်ိဳးသမီး။
"ဒါနဲ႕ေနပါအုံး ဘယ္သူ႕အျပစ္ေႂကြးကို ကြၽန္မကဆပ္ရမွာလဲ"
တရစပ္ထိုးစစ္ဆင္သည့္အန္တီေၾကာင့္ ေလးေလးမ်က္ႏွာမွာ ပိုရ်္ခက္ထန္လာသည္။
"ေလးေလးျပန္ေတာ့မယ္ ဒီေရာက္တုန္း ငါ့တူမေရာက္ေနတယ္ဆိုလို႔ လာခဲ့တာ"
"ခ်က္ခ်င္းႀကီးေလးေလးရယ္။ဒီမွာဘယ္ေလာက္ေနမွာလဲ။မျပန္ေသးရင္လာခဲ့ေနာ္"
"ေအး လာခဲ့မယ္"
ဦးေလးျဖစ္သူထြက္သြားေတာ့ ဟယ္ရီလည္း အိမ္ေပၚသို႔အန္တီ့ေနာက္မွလိုက္တက္ခဲ့မိေတာ့သည္။
"ဟူး...ပင္ပန္းလိုက္တာ"
ကုတင္ေပၚပစ္လွဲလိုက္ရင္း ဟယ္ရီဆိုလိုက္မိသည္။အန္တီကေတာ့ ကုတင္ေပၚထိုင္ၿပီး ဖုန္းႏွင့္ဘာေတြရႈပ္ေနသလဲမသိ။ဟယ္ရီေျပာတာကိုပင္ဂ႐ုမစိုက္ေပ။လူငယ္ျဖစ္သည့္ဟယ္ရီကသာကုတင္ေပၚလူးလွိမ့္ေနတာ။အန္တီကေတာ့ ဘာမွပင္ပန္းဟန္မျပ။ဖုန္းထဲမွအလုပ္ၿပီးသြားေတာ့ ေရခ်ိဳးသဘက္အားယူကာ ေရခ်ိဳးဖို႔ျပင္ဆင္တာေၾကာင့္ ဟယ္ရီလည္းထထိုင္လိုက္မိသည္။
"ဘာလုပ္တာလဲ.."
"ေရခ်ိဳးမလို႔ေလ..."
"တို႔ခ်ိဳးမလို႔ေလ..ၿပီးမွခ်ိဳး"
"မရဘူး အခုခ်ိဳးခ်င္တာ..."
ေရခ်ိဳးခန္းတံခါးအား ဂ်က္ခ်လိဳက္ကာ ရွပ္အကၤ်ီရွိ ၾကယ္သီးတို႔အားျဖဳတ္လိုက္မိသည္။
"ဖယ္..မင္းခ်ိဳးမယ္ဆို တို႔ေအာက္မွာသြားခ်ိဳးမယ္"
"မရပါဘူး အတူခ်ိဳးခ်င္လို႔ပါဆို"
"လြန္းဟယ္ရီ!!ဘယ္လိုလုပ္ေနတာလဲ"
အကၤ်ီေလးခြၽတ္တာကို ထေအာ္ၿပီးတစ္ဖက္လွည့္ေနသည့္ အမ်ိဳးသမီးေၾကာင့္ ဟယ္ရီၿပဳံးလိုက္မိသည္။တကယ္အရွက္သည္းလိုက္တာေလ။
ေရခ်ိဳးတဘက္အားပတ္ၿပီးသည့္ေနာက္ ေရပန္းအားဖြင့္ခ်ကာ ထိုအမ်ိဳးသမီးအား ဆြဲေခၚၿပီး ေရပန္းေအာက္ေရာက္ေစလိုက္မိသည္။
"ဘာလုပ္တာလဲ...ဆံပင္ေတြစိုကုန္ၿပီ"
"ၿပီးရင္ ေျခာက္ေအာင္သုတ္ေပးမွာ မပူနဲ႕"
အဆက္မျပတ္က်ေနသည့္ေရပန္းေအာက္တြင္ ႏွစ္ေယာက္လုံးအေတာ္ၾကာရပ္ေနမိသည္။ေရစက္တို႔ျဖင့္ တစ္မ်ိဳးအလွပိုသည့္အမ်ိဳးသမီး၏ ေဆးျပယ္သြားသည့္တိုင္ နီေစြးေနသည့္ႏႈတ္ခမ္းပါးအား ဟယ္ရီ မက္ေမာစြာ နမ္းရွိုက္လိုက္မိသည္။တုံ႕ျပန္အနမ္းတို႔မေပးသည့္တိုင္ ႐ုန္းကန္ျခင္းမရွိ။ဟယ္ရီ႕ေက်ာျပင္အား ဖက္ကာထားသည့္အမ်ိဳးသမီး။

"ခ်စ္တယ္ အန္တီ။အန္တီ့ကို ျမတ္ျမတ္နိုးနိုးနဲ႕ခ်စ္တယ္ဆိုတာ ယုံေပးေနာ္"

ေနာက္တစ္ႀကိမ္ထပ္မံထိခတ္လာသည့္ႏႈတ္ခမ္းတစ္စုံေၾကာင့္ နန္းရိပ္မ်က္ဝန္းတို႔အား တစ္ဖန္မွိတ္ခ်ထားလိုက္မိသည္။ဘယ္ေလာက္ထိရင္ေတြခုန္ေနရသလဲဆိုတာ ဒီကေလးမ မသိဘူးလားေလ။

"ဟက္ခ်ိဳး..."
"ဟက္ခ်ိဳး..."
"ဟယ္ အန္တီေရာမမေလးေရာ ႏွာေတြေခ်ေနပါလား ဘယ္လိုျဖစ္တာလဲ"
"အင္း..ဟို..ေခါင္းေလွ်ာ္တာ ၾကာသြားလို႔"
"ေခါင္းေလွ်ာ္တာၾကာတာ....ဟုတ္လို႔လား။ႏွစ္ေယာက္လုံးဆိုေတာ့ မသကၤါစရာပဲ"
"ဘာေတြေလွ်ာက္ေျပာေနတာလဲ"

တဟိဟိနဲ႕လိုက္စေနသည့္ခက္ဆစ္ေၾကာင့္ အန္တီမွာအေတာ္ပက္ရွက္ေနေခ်ၿပီ။ဟယ္ရီထေဟာက္မွ ၿငိမ္သြားေလရဲ႕။ဒါေတာင္ တစ္ခ်က္တစ္ခ်က္ ထရီတတ္ေသးတာ။
"မမေလးေတာ္ၿပီလား..."
"အင္း ေတာ္ၿပီ..။ဆူးတို႔ဆက္စားေနာ္ အေပၚသြားေတာ့မယ္"
"ဟုတ္ကဲ့မမေလး.."
"မမေလး ေနာက္ဆို အေအးမိေအာင္ထိေခါင္းမေလွ်ာ္နဲ႕ေနာ္"
"ဟာ...ဒီတစ္ေယာက္ေတာ့"
ေျပာၿပီး ေျပးသည့္ခက္ဆစ္ေၾကာင့္ ဟယ္ရီ ၿပဳံးလိုက္မိကာ အိမ္ေပၚသို႔တက္လာလိုက္ေတာ့သည္။ကုတင္ေပၚတြင္စာအုပ္ထိုင္ဖတ္ေနသည့္ အန္တီအား ခုံေပၚထိုင္ကာ ေငးၾကည့္ေနမိျပန္သည္။
"ခ်စ္တာကို ယုံေအာင္ ဘယ္လိုသက္ေသျပရမလဲ အန္တီရယ္။ဆိုးမိုက္ခဲ့မိသမွ်ကို အခုမွေနာင္တေတြရေနတယ္။အန္တီ့အခ်စ္ကိုရဖို႔၊အန္တီ့ယုံၾကည္မႈကိုရဖို႔ ဟယ္ရီ ဘယ္လိုလုပ္ရမလဲ။တစ္ေန႕ေန႕မွာ ထြက္သြားမလားဆိုတဲ့အေတြးေတြကေနလြတ္ေအာင္ ၊ဟယ္ရီ႕အခ်စ္ကိုယုံၾကည္ေအာင္ ဘယ္ဘုရားမွာ ဆုေတာင္းေႁခြရမလဲ"

#Äster
11:12:2022 (3:04PM)

Continue Reading

You'll Also Like

263K 9.2K 61
ဒယ်ဒီဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်သည်းညှာဆိုတာ ယုံထားပါ..။ START DATE -28,9,2023 END DATE -14,11,2023
1.6M 291K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
590K 67.9K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
709K 109K 161
This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှိဘူးထင်လို့ပါ၊ ပြန်ထားတဲ့လူရှိတယ်ဆိုရင်...