Thaw Thaw's

By thaw_thaw_bhone

15 3 0

ရင်ထဲကခံစားချက်တစ်ချို့ ၊ မြင်တွေ့ခဲ့ရတဲ့အကြောင်းအရာတစ်ချို့ ၊ ကြားခဲ့ရတဲ့စကားသံအချို့ ကို ပါးစပ်ကထုတ်ပြောဖို... More

2
3

1

9 1 0
By thaw_thaw_bhone

မင်းရွေးချယ်တဲ့ရင်ခွင်က
မှားယွင်းသွားခဲ့တဲ့အခါ ဘာကြောင့်နဲ့မှ နောင်တမရလိုက်ပါနဲ့
လွဲချော်မှုဆိုတာရှိတတ်တာပဲလေ

အဲ့လွဲချော်မှုတွေအတွက် မင်းကိုယ်မင်းအပြစ်မတင်ပါနဲ့
ရေစက်မပါလို့ ဝေးကွာရတယ်သာသတ်မှတ်ပါ

ကံတရားကဆုံတွေ့ပေးလိုက်ပေမယ့်
နီးစပ်ဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် အဆုံးသတ်က မလှပခဲ့ဘူးမလား

နာကျင်စရာတွေရှိတဲ့အခါ အပြစ်အ၀ငိုလိုက်ပါ
ပြီးရင်တော့ ခေါင်းထဲကနေထုတ်ပစ်လိုက်

သူဟာမင်းကိုထားပစ်ခဲ့တယ်ဆို
ဒါက မင်းအချစ်နဲ့မထိုက်တန်လို့ပဲ မှတ်ယူပါ

မင်းရဲ့ဖြစ်တည်မှုကို သိပ်သဘောကျတဲ့တစ်စုံတစ်ယောက်
မင်းဆီသေချာပေါက်ရောက်လာမှာပါကွယ်

အခုတော့ ငိုနေတာကိုရပ်ပြီး
အိပ်စက်အနားယူလိုက်ပါတော့

ငါကခေါင်း‌လေးကို နူးညံ့စွာ ပွတ်သတ်ရင်းထွေးပွေ့ထားမှာမို့
ခနလောက်ဖြစ်ဖြစ် မျက်လုံးလေး‌ကို မှိတ်လိုက်ပြီး
၀မ်းနည်းဖို့ကောင်းတဲ့ အရာရာကိုမေ့ထားလိုက်ပါ

မင်းသိပ်ကိုပင်ပန်းနေပြီမဟုတ်လား...

#ThawThawBhone

Motiပေးတဲ့စာတိုလေးတွေပါနော်ဗျာ့။
ကျွန်တော်လည်းစိတ်အခြေအနေမကောင်းတဲ့အခါ လာရေးမလို့ပါ။

Continue Reading

You'll Also Like

69.6K 3.2K 74
❤️
269K 7.8K 133
"𝑻𝒉𝒆𝒓𝒆'𝒔 𝒓𝒆𝒂𝒍𝒍𝒚 𝒏𝒐 𝒘𝒂𝒚 𝒐𝒇 𝒘𝒊𝒏𝒏𝒊𝒏𝒈 𝒊𝒇 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒆𝒚𝒆𝒔 𝒚𝒐𝒖'𝒍𝒍 𝒂𝒍𝒘𝒂𝒚𝒔 𝒃𝒆 𝒂 𝒅𝒖𝒎𝒃 𝒃𝒍𝒐𝒏𝒅𝒆."
224K 34.9K 91
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
26.2K 668 84
Continuation of Modesto story who happens to intercourse with friends,mature,classmates,strangers and even family...