P I E C E S

By Orchid_luv

7.8K 715 18

ငါတို့ရဲ့အပိုင်းအစတွေကသိပ်ရယ်ချင်စရာကောင်းကြတာဘဲဟာ။ တိုးတိုးတိတ်တိတ်နဲ့ဘဲဖြစ်ပျက်သွားခဲ့ကြတာ။ Création by Orc... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30 Pièces ( The End)

0

1.3K 52 3
By Orchid_luv

Unicode

မင်းကငါ့အတွက် အချစ်ဦးမဟုတ်ခဲ့ပါဘူး။

...

စိတ်ရှုပ်စရာကောင်းလွန်းသည့်နေ့ရက်တွေကိုကျော်လွှားဖို့ရာ
အလွန်ခက်ခဲသည်။
ခက်ခဲတာထက်ကိုပိုနေသည်။
လွယ်အိတ်ထဲကနေ MP3 ကလေးကိုထုတ်ပြီး နားကြပ်တပ်ကာ
ဘတ်စ်ကား၏ပြတင်းဘောင်ပေါ်လက်လေးတင်ရင်း စိတ်မပါစွာအိမ်ပြန်ခဲ့ရသည်။

အိမ်ထမင်း၏ပူနွေးနွေးအနံ့ကြောင့်ဖိစီးခဲ့သမျှဟာ အနည်းငယ်ရုတ်လျော့သွားသလို။ရက်စွဲတွေကိုမှင်နဲ့အမှားခြစ်ခြစ်ပလိုက်သည်။

August လ။

အားလုံးဟာမှင်သေသေပါဘဲ။
ဘာတစ်ခုမှမထူးခြားမပြောင်းလဲ။
ဟင့်အင်း....ပြောင်းလဲသွားခဲ့သည်။
ကြီးကြီးမားမားအစိုင်အခဲကိုချေဖျက်နိုင်လိုက်သည်။

2 နှစ်တာတာတမ်းတမ်းစွဲခဲ့ရသည့်အချစ်ဦးကိုမေ့ပျောက်နိုင်လိုက်ခြင်းဖြစ်သည်။
လူငယ်ပီပီအချစ်ကိုဦးစားပေးပြီး
စိတ်အားထက်သန်စွာကိုသူရူးမိုက်ခဲ့ဖူးတာပေါ့။
ကင်မ်ထယ်ယောင်းဆိုတဲ့သာမန်ကျောင်းသားကျွန်တော့်ကိုများစွာသောခံစားချက်တွေပေးစွမ်းခဲ့သည်။
အချစ်ကိုပါတုန်လှုပ်သွားအောင်လုပ်ခဲ့သည်။

အချစ်ဦးတွေသည်သိပ်ကြောက်စရာကောင်းသည်ဆိုတာနားလည်လိုက်ရသည်။

နေပါအုံး...အချစ်ဦးတွေကဘယ်တုန်းကများကျက်သရေရှိဖူးလို့လည်း။

မာနခဲတစ်ယောက်ဖြစ်ပါတဲ့ကျွန်တော်လိုကောင်အတွက် ဘယ်လောက်ဘဲချစ်ခဲ့နေပါစေ။ခံစားချက်အစစ်အမှန်တွေကို
လာသရော်ရင်တော့ ဘယ်တော့မှထပ်လှည့်ကြည့်နေမည်မဟုတ်။

လမ်းမကြီးပေါ်မှာ ကားတွေအရှိန်မထိန်းနိုင်မောင်းသံတွေကိုကြားနေရသည်။
ကားဘရိတ်ရပ်သံ။ ဘတ်စ်ကိုစောင့်နေရင်း ပျင်းတိပျင်းရက် အချိန်တွေကို
အမြန်ကုန်ဆုံးချင်မိသည်။

ဖိနပ်လေးတစ်စုံချရပ်လိုက်တဲ့အရိပ်က
မျက်စိထဲလာအာရုံဝင်သည်။
မော့ကြည့်လိုက်တော့ အတန်းသားကောင်လေးတစ်‌ေယာက်။
နေ့တိုင်းဟုလားတော့မဆိုပေမယ့်မကြာမကြာတော့သူလည်း
မျက် မှန်းတပ်မိတာပေါ့။

သာမန်တွေ။
မသိခဲ့ကြဘူး။
အတန်းသူ အတန်းသား ။
မြင်ရုံလောက်ဘဲ။

ရယ်ချင်စရာကောင်းခဲ့ကြတဲ့ငါတို့။

September လ။

" ဂျောင် ... ငါခေါ်နေတယ်လေ "

" ဟင် အင်း အင်း ပြောပါဗျာ"

" ရွဲ့နေတာလား "

" ဟော...စ,တာပါဗျာ "

တံတားကြီးပေါ်မှာသူတို့ရောက်ရှိနေကြသည်။ကျောင်းပြန်တိုင်း
လာအနားယူကြတဲ့သူတို့နှစ်ဦး၏
လျိုဝှက်စကားပြောခန်းနေရာလေးလည်းဟုတ်သည်။

သစ်ရွက်စိမ်းဖတ်ရောင်စက်ဘီးကလေးကိူရပ်ထားသည်။
တိမ်ဖြူတွေသည် နေညိုရောင်၏ထိန်တောက်ပေးမှူကြောင့် အနီရောင်တွေရောသွမ်းနေသည်။

တိမ်ရောင်စုံတွေအောက်ကအခိုက်အတန့်ကလေးတွေ။

" အဲ့လိုကြီးတွေမနောက်နဲ့လို့ "

" အင်းပါ ကဲ ပြော "

ကျွန်တော့်ရဲ့စိတ်လိုလက်ရ စကားတွေကို
မငြီးမငြူနားထောင်ပေးတတ်သည်။
အမြဲတစေ ဂရုစိုက်ပေးသည်။
နှစ်သိမ့်ပေးတတ်သည်။
နွေးထွေး‌ေပးတတ်သည်။
ဂျောင် ဆိုတဲ့လူသားလေးကကျွန်တော့်ကိုသိပ်ပျော်စရာတွေပေးတာ။

October လ။

" ဘူဆန်ကိုဒါဝတ်သွားမလို့ မမိုက်ရင်ပြန်လဲလိုက် မယ် "

" မိုက်ပါတယ် အပေါ်ဝတ်အပါးလက်ရှည်လေးပါယူသွားလေ "

" အဲ့တာကပါတယ် "

" အင်းပါ ကောင်းကောင်းပျော်ခဲ့အုံး "

" အွန်း တာ့တာ "

"တာ့တာ "

အသေးစိတ်ကအစချည်ရယ်လို့
နှစ်ကိုယ့်တစ်စိတ်အဖြစ်ရင်းနှီးလာခဲ့ကြသည်။သံယောဇဉ်တွေရဲ့အရင်းအမြစ်‌လေးက ဒီလိုစတင်ခဲ့သတဲ့။

ဘယ်လိုဇာတ်လမ်းလေးဖြစ်မယ်လို့
ကောက်ချက်ချမိကြလည်း။
အရိုးရှင်းဆုံးနဲ့သူတို့‌ေလးနှစ်ဦးကို
တွေ့မြင်ကြရမှာတော့အမှန်ဘဲ။
‌ပေါ့"ပါး" လို့လည်းမပြောထားတာမို့
ဖြည်းဖြည်းချင်းသွားကြတာပေါ့🤍

Orchidluv

Zawgyi

မင္းကငါ့အတြက္ အခ်စ္ဦးမဟုတ္ခဲ့ပါဘူး။

...

စိတ္ရႈပ္စရာေကာင္းလြန္းသည့္ေန႕ရက္ေတြကိုေက်ာ္လႊားဖို႔ရာ
အလြန္ခက္ခဲသည္။
ခက္ခဲတာထက္ကိုပိုေနသည္။
လြယ္အိတ္ထဲကေန MP3 ကေလးကိုထုတ္ၿပီး နားၾကပ္တပ္ကာ
ဘတ္စ္ကား၏ျပတင္းေဘာင္ေပၚလက္ေလးတင္ရင္း စိတ္မပါစြာအိမ္ျပန္ခဲ့ရသည္။

အိမ္ထမင္း၏ပူႏြေးႏြေးအနံ႕ေၾကာင့္ဖိစီးခဲ့သမွ်ဟာ အနည္းငယ္႐ုတ္ေလ်ာ့သြားသလို။ရက္စြဲေတြကိုမွင္နဲ႕အမွားျခစ္ျခစ္ပလိုက္သည္။

August လ။

အားလုံးဟာမွင္ေသေသပါဘဲ။
ဘာတစ္ခုမွမထူးျခားမေျပာင္းလဲ။
ဟင့္အင္း....ေျပာင္းလဲသြားခဲ့သည္။
ႀကီးႀကီးမားမားအစိုင္အခဲကိုေခ်ဖ်က္နိုင္လိုက္သည္။

2 ႏွစ္တာတာတမ္းတမ္းစြဲခဲ့ရသည့္အခ်စ္ဦးကိုေမ့ေပ်ာက္နိုင္လိုက္ျခင္းျဖစ္သည္။
လူငယ္ပီပီအခ်စ္ကိုဦးစားေပးၿပီး
စိတ္အားထက္သန္စြာကိုသူ႐ူးမိုက္ခဲ့ဖူးတာေပါ့။
ကင္မ္ထယ္ေယာင္းဆိုတဲ့သာမန္ေက်ာင္းသားကြၽန္ေတာ့္ကိုမ်ားစြာေသာခံစားခ်က္ေတြေပးစြမ္းခဲ့သည္။
အခ်စ္ကိုပါတုန္လႈပ္သြားေအာင္လုပ္ခဲ့သည္။

အခ်စ္ဦးေတြသည္သိပ္ေၾကာက္စရာေကာင္းသည္ဆိုတာနားလည္လိုက္ရသည္။

ေနပါအုံး...အခ်စ္ဦးေတြကဘယ္တုန္းကမ်ားက်က္သေရရွိဖူးလို႔လည္း။

မာနခဲတစ္ေယာက္ျဖစ္ပါတဲ့ကြၽန္ေတာ္လိုေကာင္အတြက္ ဘယ္ေလာက္ဘဲခ်စ္ခဲ့ေနပါေစ။ခံစားခ်က္အစစ္အမွန္ေတြကို
လာသေရာ္ရင္ေတာ့ ဘယ္ေတာ့မွထပ္လွည့္ၾကည့္ေနမည္မဟုတ္။

လမ္းမႀကီးေပၚမွာ ကားေတြအရွိန္မထိန္းနိုင္ေမာင္းသံေတြကိုၾကားေနရသည္။
ကားဘရိတ္ရပ္သံ။ ဘတ္စ္ကိုေစာင့္ေနရင္း ပ်င္းတိပ်င္းရက္ အခ်ိန္ေတြကို
အျမန္ကုန္ဆုံးခ်င္မိသည္။

ဖိနပ္ေလးတစ္စုံခ်ရပ္လိုက္တဲ့အရိပ္က
မ်က္စိထဲလာအာ႐ုံဝင္သည္။
ေမာ့ၾကည့္လိုက္ေတာ့ အတန္းသားေကာင္ေလးတစ္‌ေယာက္။
ေန႕တိုင္းဟုလားေတာ့မဆိုေပမယ့္မၾကာမၾကာေတာ့သူလည္း
မ်က္ မွန္းတပ္မိတာေပါ့။

သာမန္ေတြ။
မသိခဲ့ၾကဘူး။
အတန္းသူ အတန္းသား ။
ျမင္႐ုံေလာက္ဘဲ။

ရယ္ခ်င္စရာေကာင္းခဲ့ၾကတဲ့ငါတို႔။

September လ။

" ေဂ်ာင္ ... ငါေခၚေနတယ္ေလ "

" ဟင္ အင္း အင္း ေျပာပါဗ်ာ"

" ႐ြဲ႕ေနတာလား "

" ေဟာ...စ,တာပါဗ်ာ "

တံတားႀကီးေပၚမွာသူတို႔ေရာက္ရွိေနၾကသည္။ေက်ာင္းျပန္တိုင္း
လာအနားယူၾကတဲ့သူတို႔ႏွစ္ဦး၏
လ်ိဳဝွက္စကားေျပာခန္းေနရာေလးလည္းဟုတ္သည္။

သစ္႐ြက္စိမ္းဖတ္ေရာင္စက္ဘီးကေလးကိူရပ္ထားသည္။
တိမ္ျဖဴေတြသည္ ေနညိုေရာင္၏ထိန္ေတာက္ေပးမႉေၾကာင့္ အနီေရာင္ေတြေရာသြမ္းေနသည္။

တိမ္ေရာင္စုံေတြေအာက္ကအခိုက္အတန႔္ကေလးေတြ။

" အဲ့လိုႀကီးေတြမေနာက္နဲ႕လို႔ "

" အင္းပါ ကဲ ေျပာ "

ကြၽန္ေတာ့္ရဲ႕စိတ္လိုလက္ရ စကားေတြကို
မၿငီးမျငဴနားေထာင္ေပးတတ္သည္။
အၿမဲတေစ ဂ႐ုစိုက္ေပးသည္။
ႏွစ္သိမ့္ေပးတတ္သည္။
ႏြေးေထြး‌ေပးတတ္သည္။
ေဂ်ာင္ ဆိုတဲ့လူသားေလးကကြၽန္ေတာ့္ကိုသိပ္ေပ်ာ္စရာေတြေပးတာ။

October လ။

" ဘူဆန္ကိုဒါဝတ္သြားမလို႔ မမိုက္ရင္ျပန္လဲလိုက္ မယ္ "

" မိုက္ပါတယ္ အေပၚဝတ္အပါးလက္ရွည္ေလးပါယူသြားေလ "

" အဲ့တာကပါတယ္ "

" အင္းပါ ေကာင္းေကာင္းေပ်ာ္ခဲ့အုံး "

" အြန္း တာ့တာ "

"တာ့တာ "

အေသးစိတ္ကအစခ်ည္ရယ္လို႔
ႏွစ္ကိုယ့္တစ္စိတ္အျဖစ္ရင္းႏွီးလာခဲ့ၾကသည္။သံေယာဇဥ္ေတြရဲ႕အရင္းအျမစ္‌ေလးက ဒီလိုစတင္ခဲ့သတဲ့။

ဘယ္လိုဇာတ္လမ္းေလးျဖစ္မယ္လို႔
ေကာက္ခ်က္ခ်မိၾကလည္း။
အရိုးရွင္းဆုံးနဲ႕သူတို႔‌ေလးႏွစ္ဦးကို
ေတြ႕ျမင္ၾကရမွာေတာ့အမွန္ဘဲ။
‌ေပါ့"ပါး" လို႔လည္းမေျပာထားတာမို႔
ျဖည္းျဖည္းခ်င္းသြားၾကတာေပါ့🤍

Orchidluv


Continue Reading

You'll Also Like

1.1M 29.9K 37
After the passing of Abigail Bentley's mother, she is now the only one responsible for her family's well-being. Her father, often too drunk to stand...
143K 5.1K 39
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
1M 25.5K 24
Yn a strong girl but gets nervous in-front of his arranged husband. Jungkook feared and arrogant mafia but is stuck with a girl. Will they make it t...
60.5K 1.2K 46
*Completed* "Fake it till you make it?" A PR relationship with a heartbroken singer in the midst of a world tour sounds like the last thing Lando Nor...