ကျတော့်ရဲ့ နဂါးကောင်လေး(MM tr...

By mizzle69

218K 39.2K 1.1K

ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး More

ဇာတ်လမ်း အကျဥ်း
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 ( Uni)
Chapter 28 (Zawgyi)
Chapter 29 (part 1)
Chapter 29 (Part 2)
Chapter 30 (Part 1)
Chapter 30 ( Part 2)
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Request !! Please..🫶
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72

Chapter 51

2.5K 543 9
By mizzle69

ပေကျင်းကနေ လေယာဥ်ပေါ်တက်တုန်းက ရာသီဥတုက သာသာယာယာရှိပေမယ့် လင်ချမ်းကို လေယာဥ်ဆိုက်ရောက်တော့ ရာသီဥတုက လေထန်ပြီး မိုးသည်းနေတယ်

ကားထဲမှာထိုင်ကာ မုန်တိုင်းကြားထဲက မရင်းနှီးတဲ့မြို့လေးကို ငေးကြည့်နေမိရင်း ရုတ်တရက် Hengdianမှာ သူနှင့်ဖေ့ချန် မိုးရွာထဲ ထီးတစ်လက်ကို အတူတူဆောင်းရင်း လမ်းလျှောက်ခဲ့ကြတဲ့အချိန်လေးကို ပြန်လည်အမှတ်ရလာမိတယ်..အဲ့တုန်းက ဖေ့ချန်က ထီးကိုသူ့ဘက်ဘဲ အတင်းစောင်းထားတာကြောင့် သူက မိုးလုံးဝစိုမသွားဘဲ ဖေ့ချန်ကပဲ ရွှဲစိုကုန်တာ

သူ ဖေ့ချန်ကို လွမ်းဆွတ်မှုက ထုထည်အများကြီးရှိတာမို့ ဘယ်နားကိုပဲကြည့်ကြည့် အဲ့အတွေးတွေဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းကို နန်ဟွိုင်လင် ရှာနိုင်တယ်

" ယူနန်ကိုရောက်ဖူးတာ ဒါ ပထမဆုံးပဲ " မိန်ထျန်းကျူးက ဖုန်းနဲ့ဓာတ်ပုံရိုက်ရင်း ပြောနေသည်။ " ပြီးတော့ ဒီနေရာလေးက အရမ်းလှတာပဲ "

" အင်း..လှတယ် " နန်ဟွိုင်လင် စိတ်လွတ်နေတာကြောင့် သတိမထားမိဘဲ ပါးစပ်ကနေ သူ့ဘာသာပဲ ပြန်ဖြေမိလိုက်သည်။

မိန်ထျန်းကျူ ဓာတ်ပုံတွေရိုက်ပြီး ထိုပုံတွေကို သူ့မအကောင့်မှာ တင်ကာ ဖုန်းကိုပြန်ချလိုက်ပြီးနောက် သူမမျက်လုံးက နန်ဟွိုင်လင့်ဘယ်ဖက်လက်က ဝတ်ထားတဲ့ လက်စွပ်လေးဆီကို အကြည့်ရောက်သွားမိသည်။

" လက်စွပ်က တော်တော်လေး ထူးခြားတာပဲ..ဘာနဲ့လုပ်ထားတာလဲ? "

ရုတ်တရက် နန်ဟွိုင်လင့်ရင်ဘတ်တွေတင်းကျပ်သွားရကာ သူ ပြန်မဖြေခင် ခနလောက်ထိ တုံ့ဆိုင်းနေမိသည်။

" သာမန်ကျောက်လေးပါ "

" ဘယ်သူ့ဆီက (ဝယ်တာ)လဲ? "

" အမ်...." နန်ဟွိုင်လင် ရင်ထဲမှာ အချိုတွေရောအခါးတွေရော ရောပြွန်းသလိုဖြစ်နေတာမို့ ထိုအသံ တိုးဖျဖျသာ ထွက်ပေါ်သွားရသည်။

ထိုအခါ မိန်ထျန်းကျူက ဆက်ပြောလာ၏။

" ဒါနဲ့...အဲ့လက်စွပ်ကို မင်းလက်သကြွယ်မှာ စွပ်ရအောင်လောက်ထိ မင်း အသိမရှိတာတော့ မဟုတ်ဘူးမလား? တခြားသူတွေ တွေ့သွားရင် သူတို့အတွက် တွေးစရာဖြစ်နေလိမ့်မယ် "

သူ ထိုအကြောင်းကို သေချာတွေးကာ ပြန်ဖြေလိုက်သည်။ " အဲ့တာဆို Taotaoကနေ ကျတော့အတွက် ငွေဆွဲကြိုးဝယ်ထားပေး...လည်ပင်းမှာပဲ ဝတ်ထားတော့မယ် "

" ဟုတ်ပြီ "

တစ်နာရီကြာပြီးနောက် သူတို့နေရမဲ့ နေရာကို ရောက်ရှိလာခဲ့သည်..လင်ချမ်းမြို့နယ်ရဲ့ ကျင်းမမြို့တစ်နေရာက လူနေအဆောက်အအုံတစ်ခုက 'ဖေဖေ'ရုပ်ရှင်ကားမှာ ချန်ပုနှင့် ချန်ချီနေမဲ့ နေရာလေးပဲ..

ဇာတ်လမ်းထဲမှာ လမ်းလျှောက်တာကအစ သဘာဝအကျဆုံးဖြစ်အောင်၊ နေရာဒေသနဲ့ရင်းနှီးမှုရှိအောင် ရုပ်ရှင်မစခင် လဝတ်လောက်ထဲက ဒီနေရာမှာ သူက ချီကူးနဲ့ အတူတူနေရတော့မယ်

အိမ်က အပြင်ကနေကြည့်ရသလောက် အရမ်းကို ဟောင်းနွမ်းနေပြီး သူ အထဲကိုဝင်သွားလိုက်တဲ့အချိန်မှာလည်း အပြင်ကနဲ့ ဘာမှပိုပြီး ထူးခြားမှုမရှိပေ။ သို့ပေမယ့် သူ ဒီအိမ်ကြီးထဲကို ရောက်လာတာနဲ့အတူ စိတ်အားငယ်မှုတွေ ခံစားလာရပြီး ဇာတ်ညွှန်းထဲက ပုံရိပ်တွေက သူ့အတွေးထဲကို အတင်းဝင်ရောက်လာကာ သူ့အတွက် ပိုပြီးကြီးလေးတဲ့ စိတ်ဖိအားတွေကို ဖြစ်ပေါ်လာစေ၏။

" နန်ဟွိုင်လင်လား? " ထိုအချိန် သူ့အနောက်မှ တစ်စုံတစ်ယောက်၏ခေါ်သံကို ကြားလိုက်ရသည်။

နန်ဟွိုင်လင် အမြန်လှည့်ကြည့်လိုက်တော့ တံခါးဝမှာရပ်နေတဲ့ သူကိုတွေ့လိုက်ရပြီး အံ့သြပျော်ရွှင်သွားရကာ အထိတ်တလန့်နဲ့ ဦးညွှတ်နှုတ်ဆက်လိုက်သည်။

" ဟယ်လို..ဆရာကူး "

ချီကူးက သူ့ဆီလှမ်းလျှောက်လာကာ ပြုံးရင်းဆိုလာသည်။ " ဆရာလို့ မခေါ်တော့နဲ့လေ..အခုကစပြီး ကိုယ်က မင်းရဲ့အဖေဖြစ်နေပြီ..ကိုယ့်ကို ဒယ်ဒီလို့ခေါ်.."

သူ့အိုင်ဒေါနဲ့ ပထမဆုံးအကြိမ် ဆုံတဲ့အချိန်မှာ ထိုသူက ဒယ်ဒီလို့ခေါ်ဖို့ သူ့ကိုပြောလာတယ်...နန်ဟွိုင်လင်ကတော့ လုံးဝကို ထိုသို့ ပြောမထွက်နိုင်ပေ...

" ကိုယ်က စနေတာ..ဒါပေမယ့် မင်းက အတည်ယူသွားတာလား " ချီကူးက တောက်တောက်ပပရယ်ကာ ပြောနေပြီး နောက်မှသာ မူလအခြေအနေကိုပြန်ရောက်သွား၏။ " ဇာတ်ညွှန်း ရသွားပြီလား? "

" ရ..ရပါတယ် " နန်ဟွိုင်လင် ရင်တွေတုန်နေလွန်းလို့ လျှာတွေပါ မကြွနိုင်တော့ဘူး။

" တစ်ခန်းလောက် သရုပ်ဆောင်ကြည့်ပါလား? " ချီကူးက ဆိုလာခဲ့သည်။

" အ..အခု လား? " နန်ဟွိုင်လင် နည်းနည်းတော့ အံ့သြသွားမိသည်။

" အခု " ချီကူးက သူ့ကို မလွတ်တမ်းကြည့်ကာ ဆိုလာသည်။

ထိုအခါမှ သူတဖြေးဖြေး နားလည်လာတယ်...ချီကူးက သူနဲ့အတူသရုပ်ဆောင်ဖို့ နန်ဟွိုင်လင်က ဘယ်လောက်ထိ အရည်အချင်းပြည့်မီလဲ၊ ဘယ်လောက်ထိ လုပ်ပြနိုင်လဲဆိုတာကို စမ်းသပ်ချင်တာဖြစ်တယ်

" အိုကေ " သူ ရင်တုန်နေတာကို ကြိုးစားပြီး ထိန်းရင်း " ခင်ဗျား ဘယ်အပိုင်းကို သရုပ်ဆောင်ချင်လဲ? "

ချီကူး၏ နှုတ်ခမ်းစွန်းများက တဖြည်းဖြည်း ကွေးတက်လာခဲ့သည်။

" ကိုယ် ရွေးချင်တဲ့အပိုင်း ရွေးလို့ရလား? "

" အင်း.."

ထို့နောက် ချီကူးက ပြတင်းပေါက်အပြင်ဘက်က တစ်ချက်ကြည့်ကာ ဆိုလာသည်

" ဒီနေ့ မိုးအရမ်းထန်တယ်...အဲ့တော့...ချန်ချီ လူသတ်ပြီး ပြန်လာတဲ့အပိုင်းဆိုရင်ရော? "

" အဆင်ပြေပါတယ် " နန်ဟွိုင်လင် တုံ့ဆိုင်းဖြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

( TN / နောက်လာမဲ့ "ဖေဖေ"ဇာတ်ကားရဲ့ သရုပ်ဆောင်ပြမှုမှာ ရိုင်းတဲ့ စကားလုံးအနည်းငယ်ပါပါတယ်...ဇာတ်လမ်းအရ မဖြစ်မနေသုံးလိုက်ရတာပါ..နားလည်ပေးကြပါ )

အရင်ဆုံး သူ့ကိုယ်သူ ဒီအိမ်ရဲ့ အတွင်းအခန်းတွေအကုန်လုံးနဲ့ ရင်းနှီးသွားအောင် ပတ်ကြည့်ပြီးမှ ချီကူးဆီ ခေါင်းလှည့်ရင်း ခေါင်းငြိမ့်ကာ အချက်ပြလိုက်သည်။

နန်ဟွိုင်လင် အောက်ထပ်ကိုပြန်ဆင်းပြီး အပြင်မှာ သည်းထန်စွာ ရွာနေတဲ့မိုးစက်တွေထဲကို တိုးဝင်လိုက်သည်။

ယူနန်မှာ အောက်တိုဘာလကုန်ထဲက အေးနေပြီဖြစ်တာကြောင့် မိုးရေထဲ နှစ်မိနစ်လောက်နေပြီးနောက်မှာ သူ့ကိုယ်က လုံးဝစိုရွှဲသွားပြီး အနည်းငယ်တုန်ယင်လာသည်။

နန်ဟွိုင်လင် အိမ်ပေါ်ထပ်ကို အလောတကြီးတက်ကာ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ တီဗွီထိုင်ကြည့်နေတဲ့ ချီပုကိုတောင် တစ်စက်ကလေးမှ လှည့်ကြည့်မသွားဘဲ လျှို့ဝှက်တံခါးကို တွန်းဖွင့်လိုက်သည်..ထို့နောက် ရေချိုးခန်းထဲကို သုန်မှုန်စွာဝင်လာပြီး တံခါးကို လက်နောက်ပြန်ပိတ်ကာ ရေပိုက်ခေါင်းကိုဖွင့်ပြီး အတွင်းခံတစ်ခုပဲကျန်တော့တဲ့ထိ အဝတ်တွေကို အလျင်စလိုချွတ်နေမိတယ်..နောက်တော့ အခန်းထောင့်လေးမှာ ကွေးကွေးလေးထိုင်ရင်း တဆက်ဆက် တုန်ယင်နေတဲ့သူ့ကိုယ်ပေါ်ကို ပူနွေးလွန်းတဲ့ရေတွေ စီးဆင်းခွင့် ပြုလိုက်မိသည်

ရေချိုးခန်းတံခါးက ချန်ပု၏ ခြေထောက်နဲ့ကန်ကာ တွန်းဖွင့်ခံရခြင်းကြောင့် တုန်ခါသွားသည်

ချန်ပု အခန်းထောင့်မှာ ကုပ်ကုပ်လေးထိုင်နေတဲ့ လူဆီ တစ်ချက်လှည့်ကြည့်ကာ ရေပိုက်ခေါင်းကို ချက်ချင်းဆွဲပိတ်ပစ်လိုက်သည်...ထို့နောက် သူ့ရှေ့က လူဆီသွားကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ချန်ချီမျက်နှာလေးကို သူ့လက်နှစ်ဖက်နဲ့ အကြမ်းပတမ်းဆွဲညှစ်ကာ ခေါင်းမော့စေဖို့ လုပ်လိုက်တာကြောင့် နူးညံ့နေတဲ့မျက်နှာလေးက အနီရောင်အမှတ်တွေနဲ့ ပြည့်နက်လာတော့သည်။

နန်ဟွိုင်လင်က သူ့ကို အသိစိတ်လွတ်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်လာပြီး မျက်ဝန်းထောင့်မျက်ရည်တွေကလည်း တိတ်ဆိတ်စွာ ကျဆင်းနေသေးသည်။

ချီကူး ထိုလက်တစ်ဆုပ်စာမျက်ရည်တွေအများကြီးကို ကြမ်းတမ်းစွာ ဆွဲသုတ်ပစ်ပြီး သူ့ရှေ့က လူကို လက်မောင်းကြားထဲဆွဲသွင်းကာ ဖက်ထားလိုက်သည်။

" ငါ့လီးလို့ ငိုနေတာလား စောက်သုံးမကျတဲ့ခွေးပဲ "

နန်ဟွိုင်လင်က သူ့ခါးကို တင်းကျပ်စွာဖက်ကာ သူ့လည်ပင်းကြားထဲ မျက်နှာအပ်ထားပြီး အသံတစ်သံမှ ထွက်မလာပေမယ့် ခန္ဓာကိုယ်ကတော့ ပြင်းထန်စွာ တုန်ယင်လို့နေသည်။

ချီကူး မနေနိုင်တော့ဘဲ ကြမ်းတမ်းစွာ ဆိုပစ်လိုက်သည်။

" မင်း ဆက်ငိုနေရင် ငါမင်းကို သေတဲ့အထိ လိုးပစ်မယ်! "

ထိုအခါ သူ့လက်ထဲက နန်ဟွိုင်လင်က အထိတ်တလန့်ဖြစ်သွားကာ နှာသံပါတဲ့အသံနဲ့ ပြန်ဖြေလာသည်။

" ခင်ဗျား ကျတော့်ကို သေတဲ့ထိ လုပ်လို့မရဘူး...ကျတော်က ခင်ဗျားရဲ့ သား "

" ကဒ်! "

နန်ဟွိုင်လင် သရုပ်ဆောင်နေတာကို ရပ်ပြီး ခေါင်းမော့ကြည့်လိုက်တော့ ရေချိုးခန်းတံခါးဝမှာ မတ်တပ်ရပ်နေတဲ့ ခန္ဓာကိုယ် ခပ်ပြည့်ပြည့်နဲ့ လူကိုတွေ့လိုက်ရကာ ထိုသူက ဒါရိုက်တာဝူရှင်းဟိုင်မှန်း ချက်ချင်း သဘောပေါက်လိုက်သည်။

" ဒါရိုက်တာဝူ " ချီကူးက မတ်တပ်ထရပ်ပြီး သူ၏အပေါ်အင်္ကျီလက်ရှည်ကိုချွတ်ကာ နန်ဟွိုင်လင့်ဆီ ကမ်းပေးလာသည်။ " ခင်ဗျား ဒီရတနာလေးကို ဘယ်ကနေ တူးလာတာလဲ? "

နန်ဟွိုင်လင် ချီကူးပေးတဲ့အင်္ကျီကို ယူဝတ်လိုက်ကာ ဝူရှင်းဟိုင်ဆီ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ " ဟယ်လို ဒါရိုက်တာဝူ "

ဝူရှင်းဟိုင်က နန်ဟွိုင်လင့်ဆီတစ်ချက်ကြည့်ကာ ချီကူးဘက်ပြန်လှည့်သွား၏။ " ငါတို့ကို အမှတ်ပေးကြည့်ပါဦး "

ချီကူးလည်း နန်ဟွိုင်လင်ကို ပြန်ကြည့်လိုက်ပြီး ပြုံးကာဆိုလိုက်သည်။

" ကျတော် အမှတ် မပေးတော့ပါဘူး...တစ်ခုပဲပြောချင်တယ် ခင်ဗျားရဲ့ လူရွေးချယ်တဲ့မျက်လုံးက တကယ်ကိုစူးရှလွန်းတယ် "

သူ့အိုင်ဒေါဆီက ချီးကျူးတာခံရတာကြောင့် နန်ဟွိုင်လင် အရမ်းပျော်ရွှင်နေမိပေမယ့် သူ့မျက်နှာပေါ်မှာတော့ တည်ငြိမ်မှုကိုသာ ဖော်ပြထားသည်။

ထို့နောက် ဝူရှင်းဟိုင်က သူ့ပခုံးကိုပုတ်ရင်း ပြုံးရွှင်စွာ ပြောလာသည်။

" မင်းအဝတ်တွေ မြန်မြန်သွားလဲတော့..ငါ ညစာစားရအောင် ခေါ်သွားပေးမယ် "

---

နန်ဟွိုင်လင်နှင့် ချီကူးက ရုပ်ရှင်မစခင် လဝက်တစ်လျှောက်လုံး တစ်ပူးတွဲတွဲဖြစ်နေသည်။ သူတို့က ကျင်းမလမ်းတွေပေါ်မှာလည်း အတူတူလျှောက်သွားကြတယ်..ဒေသဝတ်စုံတွေနဲ့လည်း အကျွမ်းတဝင်ရှိအောင် လုပ်ကြတယ်..စိမ်းစိုနေတဲ့တောင်ကြီးကို ကွေ့ပတ်စီးဆင်းနေတဲ့ အံ့သြစရာကောင်းလွန်းတဲ့အဝါရောင်မြစ်ဖြစ်တဲ့ လင်ချမ်းမြစ်ကိုလည်း သွားကြည့်ကြတယ်

သူ လေးစားရတဲ့ချီကူးဆီကနေ လင်ချမ်းမြစ်ရေစီးတာကစလို့ ပညာတွေအများကြီးကို လေ့လာခဲ့ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ "ဖေဖေ"ရုပ်ရှင်ကားက သတ်မှတ်ထားတဲ့အစီအစဥ်အတိုင်း နိုဝင်ဘာလတွင် စတင်ရိုက်ကူးခဲ့သည်။

ကြိုတင်လေ့ကျင့်မှုတွေကြောင့် ရှုတင်တွေက ထင်ထားတာထက် ပိုပြီးချောချောမွေ့မွေ့ပြီးဆုံးကာ နန်ဟွိုင်လင်နှင့်ချီကူးက ဇာတ်ကွတ်တွေအားလုံးကို တစ်ခါတည်းနဲ့ပဲ ရိုက်ပြီးသွားတာများပြီး နှစ်ယောက်အတူ သေသပ်စွာတွဲလုပ်ရင်း သရုပ်ဆောင်သွားကြသည်။

သုံးလကြာပြီးနောက် " ဖေဖေ "ရုပ်ရှင်ကားက အောင်မြင်စွာ ရိုက်ကူးပြီးဆုံးခဲ့သည်။

ထို့နောက် နန်ဟွိုင်လင် ပေကျင်းကိုပြန်လာကာ ချက်ချင်းဆိုသလိုပဲ နောက်ထပ် ဇာတ်လမ်းအသစ်တစ်ခုကို ရိုက်ကူးဖို့ စတင်ခဲ့ရသည်။

ဇာတ်လမ်းအသစ်က The Shining Youလို့ခေါ်ပြီး ဂျင်ဂျိုင်းရဲ့နာမည်တူဝတ္ထုကို အခြေခံထားတာဖြစ်တယ်။ လူငယ်တွေရဲ့ ကျောင်းတွင်းအချစ်ဇာတ်လမ်းလေးဖြစ်ကာ နန်ဟွိုင်လင်က ဒုတိယမင်းသားနေရာပဲ သရုပ်ဆောင်ရ၏။

သူ့အသက် 23နှစ်မှာ အထက်တန်းကျောင်းသားနေရာက သရုပ်ဆောင်ရပေမယ့် မလိုက်ဖက်မှုဆိုတဲ့နေရာကို ဘယ်မှာမှ ရှာမတွေ့ပေ..ဘာလို့လဲဆိုတော့ သူ့မျက်နှာက အရမ်းကိုနုတာကြောင့် လက်နဲ့ညှစ်ရင် ရေထွက်လာမယ်လို့တောင် ထင်ရကာ သူက တကယ့်အထက်တန်းကျောင်းသားထက်တောင် ပိုငယ်ပုံပေါက်နေသေးသည်။

ဆက်တိုက်ဖြစ်နေတဲ့ရိုက်ကူးရေးတွေကြောင့် နန်ဟွိုင်လင် ဖေ့ချန်ကိုတွေ့ဖို့ ဖေ့ကျန်းနဲ့ မလိုက်သွားနိုင်ခဲ့ပေ။

ဖေ့ကျန်းက သူUSက ပြန်လာတိုင်း နန်ဟွိုင်လင်ကို တိုတိုနဲ့လိုရင်းဖြစ်တဲ့ စာတစ်ကြောင်းသာ ပြောလေ့ရှိသည်။

" အကုန် အဆင်ပြေတယ်..မစိုးရိမ်နဲ့ "

မအားလပ်တဲ့ရှုတင်ရိုက်ကွင်းတွေနဲ့ နှစ်သစ်ကူးကလည်း မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့သည်။

ထိုနှစ်ဟောင်းကုန်ဆုံးသွားပြီးနောက် 'ကြယ်နိုင်ငံ'ကို အဓိက တီဗွီချန်နယ်လေးခုမှာ တစ်ပြိုင်တည်း ထုတ်လွင့်ပြသခဲ့သည်။

ရှေးခတ်အမတ အိုင်ဒေါဇာတ်ကားက စတင်ပြသတည်းက အင်တာနက်ပေါ်မှာ မျှော်လင့်ထားတဲ့အတိုင်း တကယ်ကို ဟော့ဖြစ်နေခဲ့သည်။

ထုတ်လွင့်ပြသမှု တစ်ဝတ်ကျိုးတော့ နောက်ဆုံးမှာ လုကျင့်ချင်းရဲ့ ပုဝါချွတ်ပြီး သူ့အမျက်နှာအစစ်ကို ထုတ်ပြတဲ့အပိုင်းရောက်လာရာ ရှုတင်မှာ ဒါရိုက်တာလော့ခဲ့ မျှော်မှန်းထားတဲ့အတိုင်း နန်ဟွိုင်လင်က လူတိုင်းကို ရပ်တန့်သွားတဲ့ထိ အံ့အားသင့်စေခဲ့သည်။

ဖော်လိုဝါတစ်သိန်းအောက်ရှိတဲ့ ဘလော့ကာတစ်ယောက်က လုကျင့်ချင်းပုဝါချွတ်တဲ့ ငါးစက္ကန့်စာပုံရိပ်လေးကို gifလုပ်ပြီး ခေါင်းစဥ်တစ်ခုနဲ့အတူ ပို့စ်တင်လာသည် : [ ငါ သေပြီ! နှစ်မိနစ်အတွင်းမှာ ဒီအချောလေးရဲ့ အချက်အလက်တွေ အကုန်လုံးကို လိုချင်တယ်!]

ထိုပို့စ်ကို ပြန်ပြီးတင်တဲ့သူက အကြိမ်သုံးသောင်းရှိသွားကာ နှစ်ရာရီအတွင်းမှာကွန်မန့်ပေါင်း 5သောင်းရှိသွားပြီး " ကြယ်နိုင်ငံ,လုကျင့်ချင်း "က ရှာဖွေမှု ထိပ်ဆုံးမှာ ရောက်ရှိသွားပြီး " နန်ဟွိုင်လင် "ဆိုတဲ့နာမည်ကလည်း ကပ်ပါလာခဲ့သည်။

နန်ဟွိုင်လင်က ရိုက်ကူးရေးတွေနဲ့ ရှုပ်နေတာကြောင့် ဒီအကြောင်းတွေမသိပေမယ့် မိန်ထျန်းကျူကတော့ သူ့Webioမှာ ဖော်လိုဝါ 5,000ကနေ 500,000ထိ တစ်ညတည်းတက်သွားတာကို တွေ့လိုက်ရပြီး အရေအတွက်က ဆက်ပြီး မြင့်တက်နေဆဲဖြစ်သည်။ နောက်ညတီဗွီစီးရီးက အပိုင်းနှစ်ခု ထပ်ပြီးသွားချိန်မှာ နန်ဟွိုင်လင်ရဲ့ Webioက 1မီလီယံကို ကျော်လွန်သွားခဲ့သည်။

နန်ဟွိုင်လင်က တစ်ညတည်းနဲ့ အောင်မြင်သွားကာ ဇာတ်ပို့နေရာကနေ ကျော်ကြားတဲ့စတားတစ်ယောက်အဖြစ်သို့ ခုန်ကျော်သွားပြီး ဇာတ်ဆောင်မင်းသားနှင့် မင်းသမီးဖြစ်တဲ့ ရှန်ချုန်းနှင့် မာရှောင်ဟွမ်းတို့ရဲ့ ရေပန်းစားမှုကို လုယူသွားခဲ့သည်။

နန်ဟွိုင်လင်အတွက် စိတ်အနှောက်အယှက်ဖြစ်တဲ့အရာတစ်ခုကတော့ ဖန်တွေက သူ ဘယ်သွားသွားလိုက်နေတာကြောင့် သူ၏လွတ်လပ်မှုတွေက လုံးဝကိုပျောက်ဆုံးသွားရလေသည်။

The Shining Youဇာတ်ကား ရိုက်ကူး၍ပြီးသွားတော့ ကြယ်နိုင်ငံကလည်း ထုတ်လွင့်ပြသ၍ ပြီးဆုံးသွားခဲ့သည်။

ထိုအချိန်တွင် နန်ဟွိုင်လင်၏ဖန်ထုကြီးက 8မီလီယံထိ ရောက်ရှိသွားပြီး သူ၏ကျော်ကြားမှုက အတုမရှိ ပြိုင်ဘက်ကင်းနေခဲ့သည်။

Swimming Beyond My Life ပထမပိုင်းထုတ်လွင့်ပြသမှုအပြီး 24နာရီအတွင်းမှာပဲ 100မီလီယံကို လွယ်ကူစွာ ချိုးဖောက်သွားကာ နှစ်ခါပြန်ပြီးသေလို့ရတဲ့ သူ့၏မျက်နှာနှင့် ခန္ဓာကိုယ်အောက်မှာ ဖန်တွေက အတုံးအရုန်းကျဆုံးကုန်ပြီး နန်ဟွိုင်လင့်Webioမှာ 'ယောက်ျား'လို့ ခေါ်သံတွေ တစ်တန်းကြီး စီတန်းနေတော့သည်။

တစ်ချိန်တည်းမှာပဲ နန်ဟွိုင်လင်ကို အပုပ်ချပြောနေတဲ့သူတွေလည်း ရှိနေသေး၏..သူကျော်ကြားဖို့အတွက် ခန္ဓာကိုယ်ကို ရောင်းစားတယ်လို့ စွပ်စွဲရတဲ့သူနဲ့၊ သူများဇာတ်ကောင်ကို ခိုးသွားတယ်လို့ ပြောရတဲ့သူနဲ့၊ မျက်နှာပြုပြင်ထားပါတယ်လို့ပြောရတဲ့သူနဲ့....မဟုတ်တာတွေလျှောက်ပြောကာ နန်ဟွိုင်လင် အလုပ်တွေပြေးလုပ်နေရတုန်းက ဓာတ်ပုံအဟောင်းတွေပါ ရှာဖွေလာသေးတယ်

သို့ပေမယ့်လည်း ဒီမမှန်မကန်သတင်းတွေက ဘာမှတောင် မလုပ်လိုက်ရဘဲ ချက်ချင်း ဖယ်ကျဥ်ခံလိုက်ရသည်။ Webioမှာ နန်ဟွိုင်လင်နှင့် ဟယ်သွမ့်ယန်တို့ အတွဲဆိုတဲ့သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ Swimming Beyond My Lifeထဲက သူတို့ရဲ့ဇာတ်ကောင်တွေက အတွဲမဟုတ်ပေမယ့်လို့ သန့်ရှင်းတဲ့သူငယ်ချင်းချစ်ခြင်း သံယောဇဥ်က အတွဲဆိုတဲ့ ပုံရိပ်လေး ဖြစ်ပေါ်လာစေ၏။ ဟယ်သွမ့်ယန်ကလည်း အောင်မြင်မှုတွေ အများကြီးကို ရရှိခဲ့ပြီး နန်ဟွိုင်လင်ကို မကျော်နိုင်ပေမယ့် သူ၏ကျော်ကြားမှုကလည်း ကျယ်ပြန့်လာခဲ့သည်။

သူ နာမည်ကြီးလာပြီးနောက် ကြော်ငြာတွေရော ဇာတ်ညွှန်းတွေ အများကြီးပါ လက်ခံရရှိလာတာကြောင့် နန်ဟွိုင်လင် နောက်ဆုံးတော့ သူနဲ့လိုက်တဲ့ဇာတ်ကောင်ကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီမို့ အရမ်းပျော်ရွှင်နေခဲ့သည်။ သို့သော် သူ အကြောင်းအရာတစ်ခုကို ဖုန်းဆက်ပြီး အတည်ပြုပြီးနောက် ကြော်ငြာတွေ ဇာတ်ညွှန်းတွေအားလုံးကို ပယ်ဖျတ်ပစ်လိုက်တယ်..ဘာလို့လဲဆိုတော့ အခု ဧပြီလရောက်ပြီ..ဖေ့ချန် ပြန်လာဖို့ နီးနေပြီလေ

နောက်ဆုံးမှာတော့ ခြောက်လဆိုတဲ့အချိန်က အလုပ်တွေကပျာကယာလုပ်ရင်းနဲ့ပဲ ကုန်ဆုံးသွားခဲ့သည်။

ပြန်လာဖို့ နီးကပ်လာတာကို စောင့်ရတဲ့အချိန်က နန်ဟွိုင်လင်ကို ပိုပြီး ညှဥ်းပန်းနေသလိုပဲ...သူ့မှာ စားလို့မရ..အိပ်လို့မရနဲ့..ဖေ့ချန်တို့ဆီ လိုက်သွားချင်ပေမယ့် ဖေ့ကျန်းက သူ့ကို သွားခွင့်မပေးဘဲ စောင့်နေဖို့သာ ပြောလာခဲ့တယ်

သူ တစ်ပတ်ကြာအောင် စောင့်နေခဲ့ပေမယ့် ဘာသတင်းမှ ရောက်မလာခဲ့ပေ

ဖေ့ချန်နဲ့နဂါးဥလေးတွေ တစ်ခုခုဖြစ်သွားရင်ဆိုတဲ့စိတ်နဲ့ သူ စပြီး ကြောက်ရွံစိုးထိတ်လာခဲ့သည်။ သူ့မှာနေ့တိုင်း ခြေမကိုင်မိ လက်မကိုင်မိနဲ့ အိပ်ရင်တောင် ဖုန်းကိုကိုင်ပြီးအိပ်ကာ ဖုန်းမြည်သံကို မသိလိုက်မှာ စိုးရိမ်နေခဲ့သည်။

ထိုည ညကြီးမိုးချုပ်တွင် နန်ဟွိုင်လင် ဖုန်းမြည်သံကြောင့် နိုးလာခဲ့ပြီး အတင်းငေါက်ငမ်းထထိုင်ရင်း ချက်ချင်း ဖုန်းဖြေလိုက်သည်။

" ဟယ်လို! "

တစ်ဖက်မှ ဖေ့ချန်၏ ရယ်သံဖွဖွ ထွက်ပေါ်လာရင်း လွမ်းဆွတ်နေရတဲ့အသံလေး ထွက်ပေါ်လာ၏။

" ဘေဘီ...ကိုယ်ပြန်လာပြီ "

တစ်ချိန်တည်းမှာပဲ နန်ဟွိုင်လင်၏ မျက်တောင်ဖျားလေးတွေ လှုပ်ခက်သွားတာနဲ့အတူ မျက်ရည်ဥများ တစ်လိမ့်ချင်းကျဆင်းလာခဲ့သည်။

_________

29. 11. 22 ( TUE )

TN/

" နောင်တရတယ်..နောင်တရတယ်..နောင်တရတယ်...ငါ့မိန်းမကို ဘာလို့ "ဖေဖေ"ရုပ်ရှင်ကား ရိုက်ခွင့်ပေးလိုက်မိတာလဲ? "

ပုံ/ ဖေ့ချန်

09 972996738 K pay noလေးပါ...Mizzleကို မုန့်ဖိုးတွေ ပေးသွားရင် Updateမြန်မှာနော်...ဟီးဟီး..

----------

Zawgyi

ေပက်င္းကေန ေလယာဥ္ေပၚတက္တုန္းက ရာသီဥတုက သာသာယာယာရိွေပမယ့္ လင္ခ်မ္းကို ေလယာဥ္ဆိုက္ေရာက္ေတာ့ ရာသီဥတုက ေလထန္ၿပီး မိုးသည္းေနတယ္

ကားထဲမွာထိုင္ကာ မုန္တိုင္းၾကားထဲက မရင္းႏွီးတဲ့ၿမိဳ႔ေလးကို ေငးၾကည့္ေနမိရင္း ရုတ္တရက္ Hengdianမွာ သူႏွင့္ေဖ့ခ်န္ မိုးရြာထဲ ထီးတစ္လက္ကို အတူတူေဆာင္းရင္း လမ္းေလ်ွာက္ခဲ့ၾကတဲ့အခ်ိန္ေလးကို ျပန္လည္အမွတ္ရလာမိတယ္..အဲ့တုန္းက ေဖ့ခ်န္က ထီးကိုသူ႔ဘက္ဘဲ အတင္းေစာင္းထားတာေၾကာင့္ သူက မိုးလံုးဝစိုမသြားဘဲ ေဖ့ခ်န္ကပဲ ရႊဲစိုကုန္တာ

သူ ေဖ့ခ်န္ကို လြမ္းဆြတ္မႈက ထုထည္အမ်ားႀကီးရိွတာမို႔ ဘယ္နားကိုပဲၾကည့္ၾကည့္ အဲ့အေတြးေတျြဖစ္ေပၚလာရတဲ့ အေၾကာင္းအရင္းကို နန္ဟြိုင္လင္ ရွာႏိုင္တယ္

" ယူနန္ကိုေရာက္ဖူးတာ ဒါ ပထမဆံုးပဲ " မိန္ထ်န္းက်ူးက ဖုန္းနဲ႔ဓာတ္ပံုရိုက္ရင္း ေျပာေနသည္။ " ၿပီးေတာ့ ဒီေနရာေလးက အရမ္းလွတာပဲ "

" အင္း..လွတယ္ " နန္ဟြိုင္လင္ စိတ္လြတ္ေနတာေၾကာင့္ သတိမထားမိဘဲ ပါးစပ္ကေန သူ႔ဘာသာပဲ ျပန္ေျဖမိလိုက္သည္။

မိန္ထ်န္းက်ူ ဓာတ္ပံုေတြရိုက္ၿပီး ထိုပံုေတြကို သူ႔မအေကာင့္မွာ တင္ကာ ဖုန္းကိုျပန္ခ်လိုက္ၿပီးေနာက္ သူမမ်က္လံုးက နန္ဟြိုင္လင့္ဘယ္ဖက္လက္က ဝတ္ထားတဲ့ လက္စြပ္ေလးဆီကို အၾကည့္ေရာက္သြားမိသည္။

" လက္စြပ္က ေတာ္ေတာ္ေလး ထူးျခားတာပဲ..ဘာနဲ႔လုပ္ထားတာလဲ? "

ရုတ္တရက္ နန္ဟြိုင္လင့္ရင္ဘတ္ေတြတင္းက်ပ္သြားရကာ သူ ျပန္မေျဖခင္ ခနေလာက္ထိ တံု႔ဆိုင္းေနမိသည္။

" သာမန္ေက်ာက္ေလးပါ "

" ဘယ္သူ႔ဆီက (ဝယ္တာ)လဲ? "

" အမ္...." နန္ဟြိုင္လင္ ရင္ထဲမွာ အခ်ိဳေတြေရာအခါးေတြေရာ ေရာႁပြန္းသလိုျဖစ္ေနတာမို႔ ထိုအသံ တိုးဖ်ဖ်သာ ထြက္ေပၚသြားရသည္။

ထိုအခါ မိန္ထ်န္းက်ူက ဆက္ေျပာလာ၏။

" ဒါနဲ႔...အဲ့လက္စြပ္ကို မင္းလက္သႂကြယ္မွာ စြပ္ရေအာင္ေလာက္ထိ မင္း အသိမရိွတာေတာ့ မဟုတ္ဘူးမလား? တျခားသူေတြ ေတြ့သြားရင္ သူတို႔အတြက္ ေတြးစရာျဖစ္ေနလိမ့္မယ္ "

သူ ထိုအေၾကာင္းကို ေသခ်ာေတြးကာ ျပန္ေျဖလိုက္သည္။ " အဲ့တာဆို Taotaoကေန က်ေတာ့အတြက္ ေငြဆြဲႀကိဳးဝယ္ထားေပး...လည္ပင္းမွာပဲ ဝတ္ထားေတာ့မယ္ "

" ဟုတ္ၿပီ "

တစ္နာရီၾကာၿပီးေနာက္ သူတို႔ေနရမဲ့ ေနရာကို ေရာက္ရိွလာခဲ့သည္..လင္ခ်မ္းၿမိဳ႔နယ္ရဲ့ က်င္းမၿမိဳ႔တစ္ေနရာက လူေနအေဆာက္အအံုတစ္ခုက 'ေဖေဖ'ရုပ္ရွင္ကားမွာ ခ်န္ပုႏွင့္ ခ်န္ခ်ီေနမဲ့ ေနရာေလးပဲ..

ဇာတ္လမ္းထဲမွာ လမ္းေလ်ွာက္တာကအစ သဘာဝအက်ဆံုးျဖစ္ေအာင္၊ ေနရာေဒသနဲ႔ရင္းႏွီးမႈရိွေအာင္ ရုပ္ရွင္မစခင္ လဝတ္ေလာက္ထဲက ဒီေနရာမွာ သူက ခ်ီကူးနဲ႔ အတူတူေနရေတာ့မယ္

အိမ္က အျပင္ကေနၾကည့္ရသေလာက္ အရမ္းကို ေဟာင္းႏြမ္းေနၿပီး သူ အထဲကိုဝင္သြားလိုက္တဲ့အခ်ိန္မွာလည္း အျပင္ကနဲ႔ ဘာမွပိုၿပီး ထူးျခားမႈမရိွေပ။ သို႔ေပမယ့္ သူ ဒီအိမ္ႀကီးထဲကို ေရာက္လာတာနဲ႔အတူ စိတ္အားငယ္မႈေတြ ခံစားလာရၿပီး ဇာတ္ၫႊန္းထဲက ပံုရိပ္ေတြက သူ႔အေတြးထဲကို အတင္းဝင္ေရာက္လာကာ သူ႔အတြက္ ပိုၿပီးႀကီးေလးတဲ့ စိတ္ဖိအားေတြကို ျဖစ္ေပၚလာေစ၏။

" နန္ဟြိုင္လင္လား? " ထိုအခ်ိန္ သူ႔အေနာက္မွ တစ္စံုတစ္ေယာက္၏ေခၚသံကို ၾကားလိုက္ရသည္။

နန္ဟြိုင္လင္ အျမန္လွည့္ၾကည့္လိုက္ေတာ့ တံခါးဝမွာရပ္ေနတဲ့ သူကိုေတြ့လိုက္ရၿပီး အံ့ၾသေပ်ာ္ရႊင္သြားရကာ အထိတ္တလန္႔နဲ႔ ၪီးၫႊတ္ႏႈတ္ဆက္လိုက္သည္။

" ဟယ္လို..ဆရာကူး "

ခ်ီကူးက သူ႔ဆီလွမ္းေလ်ွာက္လာကာ ၿပံဳးရင္းဆိုလာသည္။ " ဆရာလို႔ မေခၚေတာ့နဲ႔ေလ..အခုကစၿပီး ကိုယ္က မင္းရဲ့အေဖျဖစ္ေနၿပီ..ကိုယ့္ကို ဒယ္ဒီလို႔ေခၚ.."

သူ႔အိုင္ေဒါနဲ႔ ပထမဆံုးအႀကိမ္ ဆံုတဲ့အခ်ိန္မွာ ထိုသူက ဒယ္ဒီလို႔ေခၚဖို႔ သူ႔ကိုေျပာလာတယ္...နန္ဟြိုင္လင္ကေတာ့ လံုးဝကို ထိုသို႔ ေျပာမထြက္ႏိုင္ေပ...

" ကိုယ္က စေနတာ..ဒါေပမယ့္ မင္းက အတည္ယူသြားတာလား " ခ်ီကူးက ေတာက္ေတာက္ပပရယ္ကာ ေျပာေနၿပီး ေနာက္မွသာ မူလအေျခအေနကိုျပန္ေရာက္သြား၏။ " ဇာတ္ၫႊန္း ရသြားၿပီလား? "

" ရ..ရပါတယ္ " နန္ဟြိုင္လင္ ရင္ေတြတုန္ေနလြန္းလို႔ လ်ွာေတြပါ မႂကြႏိုင္ေတာ့ဘူး။

" တစ္ခန္းေလာက္ သရုပ္ေဆာင္ၾကည့္ပါလား? " ခ်ီကူးက ဆိုလာခဲ့သည္။

" အ..အခု လား? " နန္ဟြိုင္လင္ နည္းနည္းေတာ့ အံ့ၾသသြားမိသည္။

" အခု " ခ်ီကူးက သူ႔ကို မလြတ္တမ္းၾကည့္ကာ ဆိုလာသည္။

ထိုအခါမွ သူတေျဖးေျဖး နားလည္လာတယ္...ခ်ီကူးက သူနဲ႔အတူသရုပ္ေဆာင္ဖို႔ နန္ဟြိုင္လင္က ဘယ္ေလာက္ထိ အရည္အခ်င္းျပည့္မီလဲ၊ ဘယ္ေလာက္ထိ လုပ္ျပႏိုင္လဲဆိုတာကို စမ္းသပ္ခ်င္တာျဖစ္တယ္

" အိုေက " သူ ရင္တုန္ေနတာကို ႀကိဳးစားၿပီး ထိန္းရင္း " ခင္ဗ်ား ဘယ္အပိုင္းကို သရုပ္ေဆာင္ခ်င္လဲ? "

ခ်ီကူး၏ ႏႈတ္ခမ္းစြန္းမ်ားက တျဖည္းျဖည္း ေကြးတက္လာခဲ့သည္။

" ကိုယ္ ေရြးခ်င္တဲ့အပိုင္း ေရြးလို႔ရလား? "

" အင္း.."

ထို႔ေနာက္ ခ်ီကူးက ျပတင္းေပါက္အျပင္ဘက္က တစ္ခ်က္ၾကည့္ကာ ဆိုလာသည္

" ဒီေန့ မိုးအရမ္းထန္တယ္...အဲ့ေတာ့...ခ်န္ခ်ီ လူသတ္ၿပီး ျပန္လာတဲ့အပိုင္းဆိုရင္ေရာ? "

" အဆင္ေျပပါတယ္ " နန္ဟြိုင္လင္ တံု႔ဆိုင္းျဖင္းမရိွဘဲ ျပန္ေျဖလိုက္သည္။

( TN / ေနာက္လာမဲ့ "ေဖေဖ"ဇာတ္ကားရဲ့ သရုပ္ေဆာင္ျပမႈမွာ ရိုင္းတဲ့ စကားလံုးအနည္းငယ္ပါပါတယ္...ဇာတ္လမ္းအရ မျဖစ္မေနသံုးလိုက္ရတာပါ..နားလည္ေပးၾကပါ )

အရင္ဆံုး သူ႔ကိုယ္သူ ဒီအိမ္ရဲ့ အတြင္းအခန္းေတြအကုန္လံုးနဲ႔ ရင္းႏွီးသြားေအာင္ ပတ္ၾကည့္ၿပီးမွ ခ်ီကူးဆီ ေခါင္းလွည့္ရင္း ေခါင္းၿငိမ့္ကာ အခ်က္ျပလိုက္သည္။

နန္ဟြိုင္လင္ ေအာက္ထပ္ကိုျပန္ဆင္းၿပီး အျပင္မွာ သည္းထန္စြာ ရြာေနတဲ့မိုးစက္ေတြထဲကို တိုးဝင္လိုက္သည္။

ယူနန္မွာ ေအာက္တိုဘာလကုန္ထဲက ေအးေနၿပီျဖစ္တာေၾကာင့္ မိုးေရထဲ ႏွစ္မိနစ္ေလာက္ေနၿပီးေနာက္မွာ သူ႔ကိုယ္က လံုးဝစိုရႊဲသြားၿပီး အနည္းငယ္တုန္ယင္လာသည္။

နန္ဟြိုင္လင္ အိမ္ေပၚထပ္ကို အေလာတႀကီးတက္ကာ ဧည့္ခန္းထဲက ဆိုဖာေပၚမွာ တီဗြီထိုင္ၾကည့္ေနတဲ့ ခ်ီပုကိုေတာင္ တစ္စက္ကေလးမွ လွည့္ၾကည့္မသြားဘဲ လ်ိႈ႔ဝွက္တံခါးကို တြန္းဖြင့္လိုက္သည္..ထို႔ေနာက္ ေရခ်ိဳးခန္းထဲကို သုန္မႈန္စြာဝင္လာၿပီး တံခါးကို လက္ေနာက္ျပန္ပိတ္ကာ ေရပိုက္ေခါင္းကိုဖြင့္ၿပီး အတြင္းခံတစ္ခုပဲက်န္ေတာ့တဲ့ထိ အဝတ္ေတြကို အလ်င္စလိုခြၽတ္ေနမိတယ္..ေနာက္ေတာ့ အခန္းေထာင့္ေလးမွာ ေကြးေကြးေလးထိုင္ရင္း တဆက္ဆက္ တုန္ယင္ေနတဲ့သူ႔ကိုယ္ေပၚကို ပူေနြးလြန္းတဲ့ေရေတြ စီးဆင္းခြင့္ ျပဳလိုက္မိသည္

ေရခ်ိဳးခန္းတံခါးက ခ်န္ပု၏ ေျခေထာက္နဲ႔ကန္ကာ တြန္းဖြင့္ခံရျခင္းေၾကာင့္ တုန္ခါသြားသည္

ခ်န္ပု အခန္းေထာင့္မွာ ကုပ္ကုပ္ေလးထိုင္ေနတဲ့ လူဆီ တစ္ခ်က္လွည့္ၾကည့္ကာ ေရပိုက္ေခါင္းကို ခ်က္ခ်င္းဆြဲပိတ္ပစ္လိုက္သည္...ထို႔ေနာက္ သူ႔ေရ႔ွက လူဆီသြားကာ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ၿပီး ခ်န္ခ်ီမ်က္ႏွာေလးကို သူ႔လက္ႏွစ္ဖက္နဲ႔ အၾကမ္းပတမ္းဆြဲၫွစ္ကာ ေခါင္းေမာ့ေစဖို႔ လုပ္လိုက္တာေၾကာင့္ ႏူးညံ့ေနတဲ့မ်က္ႏွာေလးက အနီေရာင္အမွတ္ေတြနဲ႔ ျပည့္နက္လာေတာ့သည္။

နန္ဟြိုင္လင္က သူ႔ကို အသိစိတ္လြတ္ေနတဲ့မ်က္ဝန္းေတြနဲ႔ၾကည့္လာၿပီး မ်က္ဝန္းေထာင့္မ်က္ရည္ေတြကလည္း တိတ္ဆိတ္စြာ က်ဆင္းေနေသးသည္။

ခ်ီကူး ထိုလက္တစ္ဆုပ္စာမ်က္ရည္ေတြအမ်ားႀကီးကို ၾကမ္းတမ္းစြာ ဆြဲသုတ္ပစ္ၿပီး သူ႔ေရ႔ွက လူကို လက္ေမာင္းၾကားထဲဆြဲသြင္းကာ ဖက္ထားလိုက္သည္။

" ငါ့လီးလို႔ ငိုေနတာလား ေစာက္သံုးမက်တဲ့ေခြးပဲ "

နန္ဟြိုင္လင္က သူ႔ခါးကို တင္းက်ပ္စြာဖက္ကာ သူ႔လည္ပင္းၾကားထဲ မ်က္ႏွာအပ္ထားၿပီး အသံတစ္သံမွ ထြက္မလာေပမယ့္ ခႏၶာကိုယ္ကေတာ့ ျပင္းထန္စြာ တုန္ယင္လို႔ေနသည္။

ခ်ီကူး မေနႏိုင္ေတာ့ဘဲ ၾကမ္းတမ္းစြာ ဆိုပစ္လိုက္သည္။

" မင္း ဆက္ငိုေနရင္ ငါမင္းကို ေသတဲ့အထိ လိုးပစ္မယ္! "

ထိုအခါ သူ႔လက္ထဲက နန္ဟြိုင္လင္က အထိတ္တလန္႔ျဖစ္သြားကာ ႏွာသံပါတဲ့အသံနဲ႔ ျပန္ေျဖလာသည္။

" ခင္ဗ်ား က်ေတာ့္ကို ေသတဲ့ထိ လုပ္လို႔မရဘူး...က်ေတာ္က ခင္ဗ်ားရဲ့ သား "

" ကဒ္! "

နန္ဟြိုင္လင္ သရုပ္ေဆာင္ေနတာကို ရပ္ၿပီး ေခါင္းေမာ့ၾကည့္လိုက္ေတာ့ ေရခ်ိဳးခန္းတံခါးဝမွာ မတ္တပ္ရပ္ေနတဲ့ ခႏၶာကိုယ္ ခပ္ျပည့္ျပည့္နဲ႔ လူကိုေတြ့လိုက္ရကာ ထိုသူက ဒါရိုက္တာဝူရွင္းဟိုင္မွန္း ခ်က္ခ်င္း သေဘာေပါက္လိုက္သည္။

" ဒါရိုက္တာဝူ " ခ်ီကူးက မတ္တပ္ထရပ္ၿပီး သူ၏အေပၚအက်ႌလက္ရွည္ကိုခြၽတ္ကာ နန္ဟြိုင္လင့္ဆီ ကမ္းေပးလာသည္။ " ခင္ဗ်ား ဒီရတနာေလးကို ဘယ္ကေန တူးလာတာလဲ? "

နန္ဟြိုင္လင္ ခ်ီကူးေပးတဲ့အက်ႌကို ယူဝတ္လိုက္ကာ ဝူရွင္းဟိုင္ဆီ ၪီးၫႊတ္ႏႈတ္ဆက္လိုက္သည္။ " ဟယ္လို ဒါရိုက္တာဝူ "

ဝူရွင္းဟိုင္က နန္ဟြိုင္လင့္ဆီတစ္ခ်က္ၾကည့္ကာ ခ်ီကူးဘက္ျပန္လွည့္သြား၏။ " ငါတို႔ကို အမွတ္ေပးၾကည့္ပါၪီး "

ခ်ီကူးလည္း နန္ဟြိုင္လင္ကို ျပန္ၾကည့္လိုက္ၿပီး ၿပံဳးကာဆိုလိုက္သည္။

" က်ေတာ္ အမွတ္ မေပးေတာ့ပါဘူး...တစ္ခုပဲေျပာခ်င္တယ္ ခင္ဗ်ားရဲ့ လူေရြးခ်ယ္တဲ့မ်က္လံုးက တကယ္ကိုစူးရွလြန္းတယ္ "

သူ႔အိုင္ေဒါဆီက ခ်ီးက်ူးတာခံရတာေၾကာင့္ နန္ဟြိုင္လင္ အရမ္းေပ်ာ္ရႊင္ေနမိေပမယ့္ သူ႔မ်က္ႏွာေပၚမွာေတာ့ တည္ၿငိမ္မႈကိုသာ ေဖာ္ျပထားသည္။

ထို႔ေနာက္ ဝူရွင္းဟိုင္က သူ႔ပခံုးကိုပုတ္ရင္း ၿပံဳးရႊင္စြာ ေျပာလာသည္။

" မင္းအဝတ္ေတြ ျမန္ျမန္သြားလဲေတာ့..ငါ ညစာစားရေအာင္ ေခၚသြားေပးမယ္ "

---

နန္ဟြိုင္လင္ႏွင့္ ခ်ီကူးက ရုပ္ရွင္မစခင္ လဝက္တစ္ေလ်ွာက္လံုး တစ္ပူးတြဲတြဲျဖစ္ေနသည္။ သူတို႔က က်င္းမလမ္းေတြေပၚမွာလည္း အတူတူေလ်ွာက္သြားၾကတယ္..ေဒသဝတ္စံုေတြနဲ႔လည္း အကြၽမ္းတဝင္ရိွေအာင္ လုပ္ၾကတယ္..စိမ္းစိုေနတဲ့ေတာင္ႀကီးကို ေကြ့ပတ္စီးဆင္းေနတဲ့ အံ့ၾသစရာေကာင္းလြန္းတဲ့အဝါေရာင္ျမစ္ျဖစ္တဲ့ လင္ခ်မ္းျမစ္ကိုလည္း သြားၾကည့္ၾကတယ္

သူ ေလးစားရတဲ့ခ်ီကူးဆီကေန လင္ခ်မ္းျမစ္ေရစီးတာကစလို႔ ပညာေတြအမ်ားႀကီးကို ေလ့လာခဲ့ရသည္။

မ်က္စိတစ္မိွတ္အတြင္းမွာပဲ "ေဖေဖ"ရုပ္ရွင္ကားက သတ္မွတ္ထားတဲ့အစီအစဥ္အတိုင္း ႏိုဝင္ဘာလတြင္ စတင္ရိုက္ကူးခဲ့သည္။

ႀကိဳတင္ေလ့က်င့္မႈေတြေၾကာင့္ ရႈတင္ေတြက ထင္ထားတာထက္ ပိုၿပီးေခ်ာေခ်ာေမြ့ေမြ့ၿပီးဆံုးကာ နန္ဟြိုင္လင္ႏွင့္ခ်ီကူးက ဇာတ္ကြတ္ေတြအားလံုးကို တစ္ခါတည္းနဲ႔ပဲ ရိုက္ၿပီးသြားတာမ်ားၿပီး ႏွစ္ေယာက္အတူ ေသသပ္စြာတြဲလုပ္ရင္း သရုပ္ေဆာင္သြားၾကသည္။

သံုးလၾကာၿပီးေနာက္ " ေဖေဖ "ရုပ္ရွင္ကားက ေအာင္ျမင္စြာ ရိုက္ကူးၿပီးဆံုးခဲ့သည္။

ထို႔ေနာက္ နန္ဟြိုင္လင္ ေပက်င္းကိုျပန္လာကာ ခ်က္ခ်င္းဆိုသလိုပဲ ေနာက္ထပ္ ဇာတ္လမ္းအသစ္တစ္ခုကို ရိုက္ကူးဖို႔ စတင္ခဲ့ရသည္။

ဇာတ္လမ္းအသစ္က The Shining Youလို႔ေခၚၿပီး ဂ်င္ဂ်ိဳင္းရဲ့နာမည္တူဝတၴုကို အေျခခံထားတာျဖစ္တယ္။ လူငယ္ေတြရဲ့ ေက်ာင္းတြင္းအခ်စ္ဇာတ္လမ္းေလးျဖစ္ကာ နန္ဟြိုင္လင္က ဒုတိယမင္းသားေနရာပဲ သရုပ္ေဆာင္ရ၏။

သူ႔အသက္ 23ႏွစ္မွာ အထက္တန္းေက်ာင္းသားေနရာက သရုပ္ေဆာင္ရေပမယ့္ မလိုက္ဖက္မႈဆိုတဲ့ေနရာကို ဘယ္မွာမွ ရွာမေတြ့ေပ..ဘာလို႔လဲဆိုေတာ့ သူ႔မ်က္ႏွာက အရမ္းကိုႏုတာေၾကာင့္ လက္နဲ႔ၫွစ္ရင္ ေရထြက္လာမယ္လို႔ေတာင္ ထင္ရကာ သူက တကယ့္အထက္တန္းေက်ာင္းသားထက္ေတာင္ ပိုငယ္ပံုေပါက္ေနေသးသည္။

ဆက္တိုက္ျဖစ္ေနတဲ့ရိုက္ကူးေရးေတြေၾကာင့္ နန္ဟြိုင္လင္ ေဖ့ခ်န္ကိုေတြ့ဖို႔ ေဖ့က်န္းနဲ႔ မလိုက္သြားႏိုင္ခဲ့ေပ။

ေဖ့က်န္းက သူUSက ျပန္လာတိုင္း နန္ဟြိုင္လင္ကို တိုတိုနဲ႔လိုရင္းျဖစ္တဲ့ စာတစ္ေၾကာင္းသာ ေျပာေလ့ရိွသည္။

" အကုန္ အဆင္ေျပတယ္..မစိုးရိမ္နဲ႔ "

မအားလပ္တဲ့ရႈတင္ရိုက္ကြင္းေတြနဲ႔ ႏွစ္သစ္ကူးကလည္း ျမန္ျမန္ပဲ ကုန္ဆံုးသြားခဲ့သည္။

ထိုႏွစ္ေဟာင္းကုန္ဆံုးသြားၿပီးေနာက္ 'ၾကယ္ႏိုင္ငံ'ကို အဓိက တီဗြီခ်န္နယ္ေလးခုမွာ တစ္ၿပိဳင္တည္း ထုတ္လြင့္ျပသခဲ့သည္။

ေရွးခတ္အမတ အိုင္ေဒါဇာတ္ကားက စတင္ျပသတည္းက အင္တာနက္ေပၚမွာ ေမ်ွာ္လင့္ထားတဲ့အတိုင္း တကယ္ကို ေဟာ့ျဖစ္ေနခဲ့သည္။

ထုတ္လြင့္ျပသမႈ တစ္ဝတ္က်ိဳးေတာ့ ေနာက္ဆံုးမွာ လုက်င့္ခ်င္းရဲ့ ပုဝါခြၽတ္ၿပီး သူ႔အမ်က္ႏွာအစစ္ကို ထုတ္ျပတဲ့အပိုင္းေရာက္လာရာ ရႈတင္မွာ ဒါရိုက္တာေလာ့ခဲ့ ေမ်ွာ္မွန္းထားတဲ့အတိုင္း နန္ဟြိုင္လင္က လူတိုင္းကို ရပ္တန္႔သြားတဲ့ထိ အံ့အားသင့္ေစခဲ့သည္။

ေဖာ္လိုဝါတစ္သိန္းေအာက္ရိွတဲ့ ဘေလာ့ကာတစ္ေယာက္က လုက်င့္ခ်င္းပုဝါခြၽတ္တဲ့ ငါးစကၠန္႔စာပံုရိပ္ေလးကို gifလုပ္ၿပီး ေခါင္းစဥ္တစ္ခုနဲ႔အတူ ပို႔စ္တင္လာသည္ : [ ငါ ေသၿပီ! ႏွစ္မိနစ္အတြင္းမွာ ဒီအေခ်ာေလးရဲ့ အခ်က္အလက္ေတြ အကုန္လံုးကို လိုခ်င္တယ္!]

ထိုပို႔စ္ကို ျပန္ၿပီးတင္တဲ့သူက အႀကိမ္သံုးေသာင္းရိွသြားကာ ႏွစ္ရာရီအတြင္းမွာကြန္မန္႔ေပါင္း 5ေသာင္းရိွသြားၿပီး " ၾကယ္ႏိုင္ငံ,လုက်င့္ခ်င္း "က ရွာေဖြမႈ ထိပ္ဆံုးမွာ ေရာက္ရိွသြားၿပီး " နန္ဟြိုင္လင္ "ဆိုတဲ့နာမည္ကလည္း ကပ္ပါလာခဲ့သည္။

နန္ဟြိုင္လင္က ရိုက္ကူးေရးေတြနဲ႔ ရႈပ္ေနတာေၾကာင့္ ဒီအေၾကာင္းေတြမသိေပမယ့္ မိန္ထ်န္းက်ူကေတာ့ သူ႔Webioမွာ ေဖာ္လိုဝါ 5,000ကေန 500,000ထိ တစ္ညတည္းတက္သြားတာကို ေတြ့လိုက္ရၿပီး အေရအတြက္က ဆက္ၿပီး ျမင့္တက္ေနဆဲျဖစ္သည္။ ေနာက္ညတီဗြီစီးရီးက အပိုင္းႏွစ္ခု ထပ္ၿပီးသြားခ်ိန္မွာ နန္ဟြိုင္လင္ရဲ့ Webioက 1မီလီယံကို ေက်ာ္လြန္သြားခဲ့သည္။

နန္ဟြိုင္လင္က တစ္ညတည္းနဲ႔ ေအာင္ျမင္သြားကာ ဇာတ္ပို႔ေနရာကေန ေက်ာ္ၾကားတဲ့စတားတစ္ေယာက္အျဖစ္သို႔ ခုန္ေက်ာ္သြားၿပီး ဇာတ္ေဆာင္မင္းသားႏွင့္ မင္းသမီးျဖစ္တဲ့ ရွန္ခ်ဳန္းႏွင့္ မာေရွာင္ဟြမ္းတို႔ရဲ့ ေရပန္းစားမႈကို လုယူသြားခဲ့သည္။

နန္ဟြိုင္လင္အတြက္ စိတ္အေနွာက္အယွက္ျဖစ္တဲ့အရာတစ္ခုကေတာ့ ဖန္ေတြက သူ ဘယ္သြားသြားလိုက္ေနတာေၾကာင့္ သူ၏လြတ္လပ္မႈေတြက လံုးဝကိုေပ်ာက္ဆံုးသြားရေလသည္။

The Shining Youဇာတ္ကား ရိုက္ကူး၍ၿပီးသြားေတာ့ ၾကယ္ႏိုင္ငံကလည္း ထုတ္လြင့္ျပသ၍ ၿပီးဆံုးသြားခဲ့သည္။

ထိုအခ်ိန္တြင္ နန္ဟြိုင္လင္၏ဖန္ထုႀကီးက 8မီလီယံထိ ေရာက္ရိွသြားၿပီး သူ၏ေက်ာ္ၾကားမႈက အတုမရိွ ၿပိဳင္ဘက္ကင္းေနခဲ့သည္။

Swimming Beyond My Life ပထမပိုင္းထုတ္လြင့္ျပသမႈအၿပီး 24နာရီအတြင္းမွာပဲ 100မီလီယံကို လြယ္ကူစြာ ခ်ိဳးေဖာက္သြားကာ ႏွစ္ခါျပန္ၿပီးေသလို႔ရတဲ့ သူ႔၏မ်က္ႏွာႏွင့္ ခႏၶာကိုယ္ေအာက္မွာ ဖန္ေတြက အတံုးအရုန္းက်ဆံုးကုန္ၿပီး နန္ဟြိုင္လင့္Webioမွာ 'ေယာက္်ား'လို႔ ေခၚသံေတြ တစ္တန္းႀကီး စီတန္းေနေတာ့သည္။

တစ္ခ်ိန္တည္းမွာပဲ နန္ဟြိုင္လင္ကို အပုပ္ခ်ေျပာေနတဲ့သူေတြလည္း ရိွေနေသး၏..သူေက်ာ္ၾကားဖို႔အတြက္ ခႏၶာကိုယ္ကို ေရာင္းစားတယ္လို႔ စြပ္စြဲရတဲ့သူနဲ႔၊ သူမ်ားဇာတ္ေကာင္ကို ခိုးသြားတယ္လို႔ ေျပာရတဲ့သူနဲ႔၊ မ်က္ႏွာျပဳျပင္ထားပါတယ္လို႔ေျပာရတဲ့သူနဲ႔....မဟုတ္တာေတြေလ်ွာက္ေျပာကာ နန္ဟြိုင္လင္ အလုပ္ေတြေျပးလုပ္ေနရတုန္းက ဓာတ္ပံုအေဟာင္းေတြပါ ရွာေဖြလာေသးတယ္

သို႔ေပမယ့္လည္း ဒီမမွန္မကန္သတင္းေတြက ဘာမွေတာင္ မလုပ္လိုက္ရဘဲ ခ်က္ခ်င္း ဖယ္က်ဥ္ခံလိုက္ရသည္။ Webioမွာ နန္ဟြိုင္လင္ႏွင့္ ဟယ္သြမ့္ယန္တို႔ အတြဲဆိုတဲ့သတင္းတစ္ခု ထြက္ေပၚလာခဲ့သည္။ Swimming Beyond My Lifeထဲက သူတို႔ရဲ့ဇာတ္ေကာင္ေတြက အတြဲမဟုတ္ေပမယ့္လို႔ သန္႔ရွင္းတဲ့သူငယ္ခ်င္းခ်စ္ျခင္း သံေယာဇဥ္က အတြဲဆိုတဲ့ ပံုရိပ္ေလး ျဖစ္ေပၚလာေစ၏။ ဟယ္သြမ့္ယန္ကလည္း ေအာင္ျမင္မႈေတြ အမ်ားႀကီးကို ရရိွခဲ့ၿပီး နန္ဟြိုင္လင္ကို မေက်ာ္ႏိုင္ေပမယ့္ သူ၏ေက်ာ္ၾကားမႈကလည္း က်ယ္ျပန္႔လာခဲ့သည္။

သူ နာမည္ႀကီးလာၿပီးေနာက္ ေၾကာ္ျငာေတြေရာ ဇာတ္ၫႊန္းေတြ အမ်ားႀကီးပါ လက္ခံရရိွလာတာေၾကာင့္ နန္ဟြိုင္လင္ ေနာက္ဆံုးေတာ့ သူနဲ႔လိုက္တဲ့ဇာတ္ေကာင္ကို စိတ္ႀကိဳက္ေရြးခ်ယ္ႏိုင္ၿပီမို႔ အရမ္းေပ်ာ္ရႊင္ေနခဲ့သည္။ သို႔ေသာ္ သူ အေၾကာင္းအရာတစ္ခုကို ဖုန္းဆက္ၿပီး အတည္ျပဳျပီးေနာက္ ေၾကာ္ျငာေတြ ဇာတ္ၫႊန္းေတြအားလံုးကို ပယ္ဖ်တ္ပစ္လိုက္တယ္..ဘာလို႔လဲဆိုေတာ့ အခု ဧၿပီလေရာက္ၿပီ..ေဖ့ခ်န္ ျပန္လာဖို႔ နီးေနၿပီေလ

ေနာက္ဆံုးမွာေတာ့ ေျခာက္လဆိုတဲ့အခ်ိန္က အလုပ္ေတြကပ်ာကယာလုပ္ရင္းနဲ႔ပဲ ကုန္ဆံုးသြားခဲ့သည္။

ျပန္လာဖို႔ နီးကပ္လာတာကို ေစာင့္ရတဲ့အခ်ိန္က နန္ဟြိုင္လင္ကို ပိုၿပီး ၫွဥ္းပန္းေနသလိုပဲ...သူ႔မွာ စားလို႔မရ..အိပ္လို႔မရနဲ႔..ေဖ့ခ်န္တို႔ဆီ လိုက္သြားခ်င္ေပမယ့္ ေဖ့က်န္းက သူ႔ကို သြားခြင့္မေပးဘဲ ေစာင့္ေနဖို႔သာ ေျပာလာခဲ့တယ္

သူ တစ္ပတ္ၾကာေအာင္ ေစာင့္ေနခဲ့ေပမယ့္ ဘာသတင္းမွ ေရာက္မလာခဲ့ေပ

ေဖ့ခ်န္နဲ႔နဂါးဥေလးေတြ တစ္ခုခုျဖစ္သြားရင္ဆိုတဲ့စိတ္နဲ႔ သူ စၿပီး ေၾကာက္ရြံစိုးထိတ္လာခဲ့သည္။ သူ႔မွာေန့တိုင္း ေျခမကိုင္မိ လက္မကိုင္မိနဲ႔ အိပ္ရင္ေတာင္ ဖုန္းကိုကိုင္ၿပီးအိပ္ကာ ဖုန္းျမည္သံကို မသိလိုက္မွာ စိုးရိမ္ေနခဲ့သည္။

ထိုည ညႀကီးမိုးခ်ဳပ္တြင္ နန္ဟြိုင္လင္ ဖုန္းျမည္သံေၾကာင့္ ႏိုးလာခဲ့ၿပီး အတင္းေငါက္ငမ္းထထိုင္ရင္း ခ်က္ခ်င္း ဖုန္းေျဖလိုက္သည္။

" ဟယ္လို! "

တစ္ဖက္မွ ေဖ့ခ်န္၏ ရယ္သံဖြဖြ ထြက္ေပၚလာရင္း လြမ္းဆြတ္ေနရတဲ့အသံေလး ထြက္ေပၚလာ၏။

" ေဘဘီ...ကိုယ္ျပန္လာၿပီ "

တစ္ခ်ိန္တည္းမွာပဲ နန္ဟြိုင္လင္၏ မ်က္ေတာင္ဖ်ားေလးေတြ လႈပ္ခက္သြားတာနဲ႔အတူ မ်က္ရည္ဥမ်ား တစ္လိမ့္ခ်င္းက်ဆင္းလာခဲ့သည္။

_________

29. 11. 22 ( TUE )

TN/

" ေနာင္တရတယ္..ေနာင္တရတယ္..ေနာင္တရတယ္...ငါ့မိန္းမကို ဘာလို႔ "ေဖေဖ"ရုပ္ရွင္ကား ရိုက္ခြင့္ေပးလိုက္မိတာလဲ? "

ပံု/ ေဖ့ခ်န္

09 972996738 K pay noေလးပါ...Mizzleကို မုန္႔ဖိုးေတြ ေပးသြားရင္ Updateျမန္မွာေနာ္...ဟီးဟီး..

Continue Reading

You'll Also Like

991K 51.9K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
94.8K 16K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
217K 5.3K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...