Unicode
"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."
အပိုင်း(၁)
ညနေပိုင်း ရာသီဥတုကာ အုံ့အုံ့မှိုင်းမှိုင်းရှိလှပါသည်။ ပါရမီလမ်းသွယ်တစ်ခုအတွင်းရှိ အမေမိုး၏မုန့်ဟင်းခါးဆိုင်လေးသည်လည်း တိတ်တိတ်ဆိတ်ဆိတ်နှင့်ရှိနေတော့၏။
အိမ်ခြံဝန်းထဲ၌အဖီလေးဆွဲလျက် သွပ်ကယ်မိုးမိုးထားသော အမေမိုး၏မုန့်ဟင်းခါးဆိုင်က ဒီရပ်ကွက်မှာတော့ အတော်လေး နာမည်ကြီးသည်ဟုဆိုရမည်။ လက်ရာကောင်း၊ စျေးလည်းသင့်၊ စေတနာလည်းပါတော့ မုန့်ဟင်းခါးဆို အမေမိုးအမေးမိုးဟုပင် ပြောစမတ်တွင်ကြသည်။ အခြားရပ်ကွက်ကပင် တကူးတကားလာစားရသည်အထိ အမေမိုး၏မုန့်ဟင်းခါးကာ နာမည်ကြီးသည်။
မနက်ခင်းဆို ဆိုင်ကျဉ်းကျဉ်းလေးက မုန့်ဟင်းခါးစားသူများနှင့် ပြည့်နေတတ်ပြီး ညနေစောင်းမှာတော့ လူမရှိသလောက်နည်းပါးတတ်၏။ ဒါကလည်း မုန့်ဟင်းခါးဆို လူတွေကမနက်ခင်းမှပူပူနွေးနွေးသုံးဆောင်ချင်ကြတာကို။
ဒီညနေလည်း ထုံးစံအတိုင်း ဆိုင်လေးက လူခြေတိတ်နေသည်။ ဆိုင်ကလူသာမရှိပါ။ အမေမိုးတစ်ယောက်ကတော့ နားပင်မနားရဘဲ တကုပ်ကုပ်နှင့်အလုပ်ရူပ်နေတော့၏။ လူမရှိသော်လည်း ညနေပိုင်းဆိုဖုန်းဆက်ပြီး orderမှာသူတွေကရှိတတ်သည်လေ။ အခုလည်း အမေမိုးရေ မုန့်ဟင်းခါးစားချင်လို့ တစ်ပွဲလောက်ပို့ပေးပါဟု ဖုန်းဆက်လာသဖြင့် အမေမိုးမှာ မုန့်ဟင်းခါးပွဲအတွက်ပြင်ဆင်နေရခြင်း ဖြစ်သည်။
မုန့်ဟင်းခါးရည်အိုးကို ပူပူနွေးနွေးဖြစ်အောင် နွေးပြီးနောက် ချိုင့်တစ်ခုထဲထည့်လိုက်သည်။ မုန့်ဖတ်တစ်ခွက်၊ မုန့်ဟင်းခါးရည်တစ်ခွက်၊ နံနံပင်၊ ပဲသီး၊ ငရုပ်သီးမှုန့်နှင့်သံပရာသီးစိတ်များကို တစ်ခွက်ခွဲထည့်ပြီး ချိုင့်ကိုဆင့်လိုက်သည်။ အားလုံးပြီးတော့..
"ပန်ပန်ရေ..."
သမီးဖြစ်သူကိုလှမ်းလိုက်ခေါ်သော်လည်း ဘာတုန့်ပြန်သံမှမကြားရသဖြင့်
"ပန်ပန်သမီးရေ.. လာဦး.."
"ပန်ပန်...."
အသံမြှင့်ပြီးထပ်ခေါ်သည့်တိုင် ဘာသံမှမကြားတော့ အမေမိုးမျက်မှောင်ကုပ်လိုက်သည်။ အိမ်မှာမရှိလို့လားများဟုတွေးပြီး အိမ်ထဲလှမ်းကြည့်လိုက်တော့မှ
"ဟင်.. ကြည့်စမ်း ဒီကလေးမ.."
အမေမိုးဒေါသထွက်သွားတော့သည်။ မထွက်ဘဲနေမည်လား။ အမေဖြစ်သူက ဒီလောက်အော်ခေါ်နေတာကိုမကြားရအောင် သင်းကအလုပ်ကြီးအကိုင်ကြီးလုပ်နေသည်။
ကြည့်လေ.. ထိုင်ခုံမှာခြေကားယားလက်ကားယားထိုင်ပြီး ဂိမ်းဆော့နေလိုက်တာများ အော်မကြားခေါ်မကြား။
"ဟဲ့ မုဒိတာပန်.."
"အမလေး.. လန့်လိုက်တာ.."
တံခါးပေါက်ဝကနေခါးထောက်ပြီးအော်တော့မှ အလန့်တကြားပြူးတူးပြူးတဲဖြစ်လာပြီး
"အမေကလည်း ဘာလို့အသံပြဲကြီးနဲ့ ဒီလောက်အော်ရသလဲ အမေကြောင့် ဒီမှာဂိမ်းရူံးသွားပြီး warနေတာကို.."
"အောင်မား.. ညည်းကပဲ ပြောရတယ်ရှိသေး ငါဒီလောက်အော်ခေါ်နေတာကို ညည်းပဲမကြားတာ.. တစ်နေ့တစ်နေ့ ဒီအရည်မရအဖတ်မရ ဂိမ်းပဲဆော့နေ.."
"အမေကဘာကိစ္စခေါ်ရသလဲ.."
ကြည့်.. ဖုန်းနှိပ်မပျက်ဘဲ အမေ့ကိုပြန်ပြောနေပုံကပမာမခန့်နဲ့။
"သွား.. ဟိုဘက်လမ်းက အဘွားမြအိမ်ကို မုန့်ဟင်းခါးသွားပို့ချေ"
"ဟာ.. သွားချင်ပါဘူး ဂိမ်းဆော့နေတာကို.."
"ပန်ပန် ညည်းငါ့ကိုစိတ်တိုအောင်လုပ်နေသလား .. ငါကသွားဆို အခုသွားပို့စမ်း.."
"မသွားချင်ဘူး ပန်ပန်ဒီမှာမအားဘူး.."
"မအားရအောင် ညည်းက ဘာအလုပ်ကြီး အကိုင်ကြီး လုပ်နေသလဲ အားနေဒီဂိမ်းပဲဆော့နေတာများ ကြီးကြီးကျယ်ကျယ်နဲ့.."
အမေကဒီလောက်ပြောဆိုနေတာတောင် အင်းမလှုပ်အဲမလှုပ် ပေကပ်ကပ်နှင့်ဖုန်းဆက်သုံးနေသည့်ပန်ပန်ကြောင့် အမေမိုးစိတ်တိုသွားရကာ
"ပန်ပန်.. ညည်းငါပြောတာကြားလား .. ပေကပ်ကပ်လုပ်မနေနဲ့ သွား.. မုန့်ဟင်းခါးတွေမအေးခင် အမြန်သွားပို့လိုက်.."
"သွားချင်ပါဘူးဆို အဲ့ဒီ့အဘွားကြီးကသိပ်စကားများတာပဲ ပန်ပန်ကိုမြင်ရင်အမြဲပြောဆိုနေတာ နားညည်းတယ်.."
"ပန်ပန်...."
အမေဖြစ်သူလေသံမြင့်လာတော့ ပန်ပန်လည်း ဒေါသကိုမှန်းဆနိုင်ပုံရသည်။ ဖုန်းကို အသာချလိုက်သည်။ ဒါတောင်နှုတ်ခမ်းကြီးတစ်တောင်လောက်စူထွက်လာပြီး မကျေမနပ်ဆိုသေး၏။
"အမေတို့များ ဖုန်းဆော့ပြီဆိုခိုင်းဖို့ပဲသိတယ်.."
"ဟဲ့.. ငါမခိုင်းလည်းညည်းကတစ်နေကုန် ဖုန်းကိုင်နေတာကိုတော်.. အံ့ဩပါ့"
"ဘယ်ကတစ်နေကုန်ရမှာလဲ အခုမှကိုင်ရတာကိုနော်.. တစ်မနက်လုံးလည်း.. အမေ့မုန့်ဟင်းခါးပန်းကန်တွေပဲဆေးနေရတာများ ဟွန့်"
"စကားများမနေနဲ့ .. သွားတော့ မုန့်ဟင်းခါးတွေအေးကုန်လိမ့်မယ် အရှေ့ကစားပွဲပေါ်မှာ ငါချိုင့်ပြင်ထားပြီးပြီ သေချာယူသွားဦး အဖိတ်အစင် မဖြစ်စေနဲ့.."
"သွားဆိုလည်းသွားပါမယ် ဒါမဲ့ ပန်ပန့်ကို ဖုန်းဘေလ် တစ်ထောင်တော့ ထည့်ပေး.."
"ဘာဖုန်းဘေလ်တစ်ထောင်လဲ."
"မသိဘူး ထည့်ပေးရမယ် ဒါပဲ.."
ပြောပြီး ချိုင့်လေးဆွဲ စက်ဘီးလေးတွန်းလျက် ဆိုးဆိုးဆတ်ဆတ်ထွက်သွားသော သမီးအလိမ်တုံးလေးကိုကြည့်ရင်း အမေမိုးတစ်ယောက် ခေါင်းတခါခါ ကျန်ခဲ့ရသည်။ ဒီကြားထဲ စိတ်မချစွာ အော်ပြောရသေးသည်။
"သေချာကိုင်သွား.. မဖိတ်စေနဲ့နော် ချိုင့်လည်းမမေ့ခဲ့နဲ့ တစ်ခါတည်းယူခဲ့.."
"ဟုတ်...."
ဟုတ်ဟုပြန်ဖြေသွားသော်လည်း အမေမိုးကတော့ သိပ်စိတ်ချသည်မဟုတ်။ ကိုယ့်သမီးအကြောင်း ကိုယ်အသိဆုံးကို...။
................... ......................... .......................
"ဒီသမီးလေးတစ်ယောက်ပဲအနားရှိတာကို တစ်နေကုန်ခိုင်းနေတော့တာပဲ ဂိမ်းလေးတောင် ကောင်းကောင်းမဆော့ရဘူး.."
လက်တစ်ဖက်ကချိုင့်ဆွဲပြီး တစ်ဖက်ကစက်ဘီးလက်ကိုင်ကိုကိုင်လျက်နှင့် စက်ဘီးနင်းနေရင်းကို ပန်ပန်တစ်ယောက် ပါးစပ်ကပွစိပွစိ ဆိုနေတော့သည်။
အဘွားမြအိမ်က နှစ်လမ်းကျော်တွင်ရှိသဖြင့် ပန်ပန်စက်ဘီးကိုဖြတ်လမ်းကနေစီးလာလိုက်၏။ ဒီလမ်းကအိမ်ကြီးကြီးနှင့်ခြံကျယ်တွေသာများသဖြင့် လူရှင်းလင်းနေတော့ စက်ဘီးနင်းလို့ကောင်းသည်။ အားရပါးရနင်းလာခဲ့သည်မှာကုန်လျှောအဆင်းရောက်မှ သတိထားမိသည်က သူမစက်ဘီးဘရိတ်ကောင်းကောင်းမမိသည်ကိုပင်။
"ဒုက္ခပါပဲ.. ဘရိတ်ပြင်ဖို့မေ့နေတယ်.."
အသံထွက်ညည်းညူရင်းနှင့် ပန်ပန်ကုန်းလျှောအဆင်းကို စက်ဘီးအားထိန်းပြီးနင်းလာရသည်။ တော်သေးသည်။ လမ်းကလူတစ်ယောက်မှမရှိဘဲ ရှင်းလင်းနေပေလို့။ သို့သော်..
"ဟင်..."
ရုတ်တရက်လမ်းကိုဖြတ်ပြေးလိုက်သော ခွေးတစ်ကောင်ကြောင့် တိုက်မိမလိုဖြစ်သွားသဖြင့် ပန်ပန်လည်း လန့်ပြီး စက်ဘီးကိုလမ်းဘေးကွေ့ချလိုက်စဉ် အတင်းဘရိတ်ညှစ်လိုက်သလို ဖြစ်သွားတော့..
"ဖောက်.."
"ဟာ.. သွားပြီ.."
နဂိုကပြတ်ချင်ချင်ဖြစ်နေသည့်ဘရိတ်ကြိုးက တောက်ခနဲ့ပြတ်သွားတော့သည်။ ကုန်ဆင်းအတိုင်းမို့ စက်ဘီးကလည်း အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်ထားသောကားတစ်စီးရှိရာသို့ တရိပ်ရိပ်ပြေးဆင်းသွားသည့်အခါ၌
"ဒုက္ခပါပဲ.... စက်ဘီးရပ်လို့မရတော့ဘူး"
ပန်ပန်မျက်လုံးတွေပြာဝေပြီး ဘာလုပ်ရမှန်းမသိအောင် ထူပူသွားရသည်။ ကံကောင်းသည်က ကားနှင့် စက်ဘီးလမ်းကြောင်းက လွတ်ပုံရသဖြင့် သက်ပြင်းချရုံရှိသေးသည်။ ကားတံခါးက ဖျပ်ခနဲ့ပွင့်လာပြီး လူတစ်ယောက်ဆင်းလာရာ..
"ဟင်..."
ဒီတစ်ခါတော့ ပန်ပန်မျက်လုံးတကယ်ပြူးသွားရ၏။ တိုက်တိုက်ဆိုင်ဆိုင်ကားပေါ်မှဆင်းလာသည်က သူမစက်ဘီးလမ်းကြောင်းရှေ့တည့်တည့်ရပ်လိုက်သလိုဖြစ်နေတော့
"ဟေ့လူ... ဟေ့လူ ရှေ့ကဖယ် "
"စက်ဘီးက ဘရိတ်ကြိုးမရတော့ဘူး ရှေ့ကအမြန်ဖယ်..."
အသံပြာမတက်အော်ပြီးသတိပေးသော်လည်း ထိုလူကတော့ကြောင်ပြီးကြည့်နေ၏။ အင်းလေ.. ကားပေါ်မှဆင်းရုံရှိသေးသည်။ စက်ဘီးတစ်စီးက သူ့ဆီကိုအရှိန်နှင့်ပြေးလာနေသည်ကိုမြင်တော့ မကြောင်ဘဲနေမည်လား။ ဒီကြားထဲစက်ဘီးပေါ်ကကောင်မလေးက ဘာတွေအော်လို့အော်မှန်းမသိတော့သူလည်းကြောင်ပြီးသာကြည့်နေခိုက်..
"ဟိတ်လူ.. ဖယ်.. ဖယ်ပါဆို..."
အာခေါင်ခြစ်ပြီးအော်ပြောနေသော်လည်း ကြောင်ပြီးကြည့်နေသည့်လူကြောင့် ပန်ပန်မှာ မတတ်သာဘဲ လုပ်မိလုပ်ရာလုပ်လိုက်သည်က
"ဒုန်း..."
"ဟာ..."
လူနှင့်မတိုက်မိခင် ကြောက်ကြောက်နှင့်စက်ဘီးပေါ်ကခုန်ဆင်းလိုက်ရာ ထိုလူအပေါ် ခုန်အုပ်လိုက်သလိုဖြစ်သွားသည်။ စက်ဘီးက လမ်းဘေးကိုခုန်ပေါက်လဲကျသွားသလို ပန်ပန်သည်လည်း ထိုလူအပေါ်လုံးထွေးကျသွားတော့၏။ ထို့အတူ သူမလက်၌ဆွဲထားသော မုန့်ဟင်းခါးချိုင့်သည်လည်း ထိုအမည်မသိလူအပေါ်သို့ လောင်းချလိုက်သလိုဖြစ်သွားရာ..
"ဟေ့.. မင်းဘာလုပ်သလဲ တောက်.."
ထိုသူ၏ဒေါသတကြီးအော်ဟစ်သံကိုကြားသော်လည်း ပန်ပန်ပြန်မဖြေနိုင်သေး။ လူကသူ့အပေါ် ရောက်နေသဖြင့် ကပျာကယာအရင်ရုန်းထရသည်။ ပြီးမှမုန့်ဟင်းခါးရည်တွေနှင့် ပေကျံနေသော ထိုလူကိုကြည့်ကာ အားနာသွားရပြီး
"တောင်းပန်ပါတယ် ကျွန်တော်တမင်လုပ်တာ မဟုတ်ဘူး စက်ဘီးဘရိတ်ကြိုးမမိလို့ပါ.."
"တောက်..."
တစ်ဖက်မိန်းကလေး၏စကားကို ကောင်းခြင်းဘာမှမတုန့်ပြန်နိုင်သေး။ စိတ်တိုလွန်းသဖြင့် ဒေါသတကြီးသာ တက်ခေါက်မိသည်။ ဒေါသမထွက်ဘဲနေမည်လား။ နဂိုကလူက အင်မတန်မှ အသန့်ကြိုက်သူမို့ အင်္ကျီပေါ် ဖုန်တင်မတင်သေချာစစ်ဆေးပြီးမှ ကားပေါ်ဆင်းပါသည်ဆို ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိသောကောင်မလေးက လူအပေါ်ကိုခုန်အုပ်လာတော့ သူ့မှာမြေကြီးပေါ်ကို ဖင်ထိုင်လျက်သားလဲကျသွားရသည်။
ဒီကြားထဲ မုန့်ဟင်းခါးရည်တွေက သူ့အင်္ကျီပေါ် ရွဲနှစ်လို့။ တော်သေးသည်.. မုန့်ဟင်းခါးက သိပ်မပူလို့။ သို့သော် သူ့အပေါ်ပိုင်းတစ်ခုလုံး အရည်တွေရွဲနှစ်သွားသည်မှာ အတော်ရွံ့စရာကောင်းနေတော့ ကောင်းခြင်းမှာ ဒေါသထွက်လွန်းသဖြင့် လူပင်တုန်ချင်နေသည်။
မြေကြီးပေါ်လူးလဲထပြီးနောက် သူက သူ့ရှေ့ကကောင်မလေးကို လက်ညှိုးငေါက်ငေါက်ပင် ထိုးမိကာ..
"တောက်. မင်းဘယ်လိုလုပ်လိုက်သလဲ.."
"ကျွန်တော်တမင်လုပ်တာမဟုတ်ဘူး စက်ဘီးဘရိတ်ကြိုးပြတ်သွားလို့ တကယ်အရှိန်မထိန်းနိုင်လို့ပါနော်"
"တောက်.. မင်း မင်းကွာ.."
ဘယ်လောက်ပဲကိုယ့်အမှားဖြစ်ပါစေဦး။ တက်တခေါက်ခေါက်နှင့် သူမကိုလက်ညှိုး တထိုးထိုးလုပ်နေသည့်လူကိုကြည့်ပြီး ပန်ပန်လည်း စိတ်တိုသွားမိကာ..
"ခင်ဗျားကိုရှေ့ကဖယ်လို့ အော်ပြောတာပဲ ခင်ဗျားဘာသာမဖယ်တာ.."
"ဘာကွ..."
"ဟုတ်တယ်လေ ကျွန်တော်မအော်ပြောဘူးလာ"
သူ့ကိုပင်အပြစ်ပြန်တင်ချင်သည့်ကောင်မလေးကိုကြည့်ပြီး ကောင်းခြင်းပိုဒေါသထွက်သွားတော့သည်။ တက်တစ်ချက်ခေါက်လိုက်မိပြီး ချာတိတ်မကိုလည်း စူးစူးကြည့်မိလျက်..
"မင်းဘာတွေအော်နေမှန်းငါမသိဘူး ပြီးတော့ ငါမဖယ်မိတာကိုမင်းအပြစ်တင်စရာအကြောင်းမရှိဘူးနော် ငါကလမ်းဘေးမှာရပ်နေတာ လမ်းမကဟိုဘက်မှာ ဘယ်သူကနယ်ကျွံ့လာသလဲ"
"သိတယ်.. ကျွန်တော့်စက်ဘီးဘရိတ်ကြိုးပြတ်သွားလို့ပါဆို.."
"မင်းစက်ဘီးက ဘရိတ်ကြိုးပြတ်သွားတယ် ဆိုရင်တောင် ဒီဘက်ကိုရောက်လာဖို့လိုလို့လား မင်းတမင်လုပ်လိုက်တာမဟုတ်လား.."
သူကမျက်မှောင်ကျုံ့လျက် မသင်္ကာဟန်ဖြင့် မေးလာသည်။ သူမေးမယ်ဆိုလည်းမေးချင်စရာပင်။ ကားလမ်းမနှင့် သူ့ကားရပ်ထားသည်က အလှမ်းကွာဝေးသည်ကို။ လမ်းမအကျယ်ကြီးကိုလွန်ပြီး လမ်းဘေးမှာရှိနေသည့်သူ့ကိုဝင်တိုက်မိခြင်းက မသိလျှင်တမင်လုပ်နေသလိုလို..။
တကယ်တော့ ပန်ပန်လည်းစက်ဘီးကို သူ့ကားရပ်သည့်ဘက်ခြမ်း၌ စီးလာခဲ့ရာမှ ရုတ်တရက်ကြီး ခွေးဖြတ်ပြေးသွားတော့ လန့်ပြီး အတင်းချိုးကွေ့ပစ်မိသည်ကသူ့ကားရှိနေသည့်နေရာတည့်တည့်ဖြစ်နေသည်။ ပိုဆိုးသည်က ဘရိတ်ကြိုးက ပြတ်သွားခြင်းပင်။
ထို့ကြောင့် မတော်တဆဖြစ်သွားသည်ဆိုပေမဲ့ တစ်ဘက်အမြင်ကတော့ တမင်ရည်ရွယ်ပြီးလုပ်သလိုထင်ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကသူမအမှားကြောင့်ပဲမို့ ပန်ပန်ထပ်တောင်းလိုက်၏။
"ဟုတ်ပါတယ် ခင်ဗျားလမ်းမှန်မှာရပ်ထားတာ မှန်တယ် ကျွန်တော့်စက်ဘီးရှေ့ကို ခွေးဖြတ်ပြေးသွားတော့ ကျွန်တော်လန့်ပြီးရှောင်ရင်းနဲ့ အခုလိုဖြစ်သွားရတာပါ တောင်းပန်ပါတယ်.."
တောင်းပန်သည်ဟုသာ ဆိုနေသည်။ မျက်နှာကြောကတစ်ချက်မှမပြေသော ချာတိတ်မကိုကြည့်ပြီး ကောင်းခြင်းဒေါသထွက်နေရာမှ တစ်ခုခုကိုသဘောပေါက်သွားပုံရသည်။ ဖျပ်ခနဲ့ပြုံးလိုက်ရင်း
"မင်းတမင်ငါ့ကိုတိုက်လိုက်တာမဟုတ်လား ချာတိတ်မ"
"ဟင်.. မဟုတ်ပါဘူး.."
"အဟွန်း.. ငါဘယ်သူလဲဆိုတာသိနေလို့ မင်းတမင်ဇာတ်လမ်းဆင်နေတာပဲ.."
ခပ်ထေ့ထေ့အပြုံးနှင့်အခိုင်အမာကိုပြောလာသောသူ့စကားကြောင့် ပန်ပန်ဒေါသထွက်သွားရသည်။ သူ့ကို ဇာတ်လမ်းဆင်ရအောင် သူ့ကိုလည်းပန်ပန်မသိပါ။ အခုမှပဲ မျက်နှာကိုသေသေချာချာကြည့်မိသည်။
ရုပ်ကိုမချောဘူးဟုမငြင်းသာနိုင်သော်လည်း အခုလိုကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းဟန်ရှိသော အမူအရာကြောင့် အမြင်ကပ်စွာပင်
"ခင်ဗျားဘယ်သူလဲဆိုတာကျွန်တော်သိကို မသိဘူး. ခင်ဗျားကိုပြောပြီးပြီလေ ကျွန်တော့်စက်ဘီးရှေ့ခွေးဖြတ်ပြေးသွားလို့လန့်ပြီး ဒီဘက်ကိုရှောင်လိုက်တာကိုမှ ဘရိတ်ကြိုး ပြတ်သွားပါတယ်ဆို.."
"ဘယ်မှာလဲ မင်းပြောတဲ့ခွေး.."
"ဟိုမှာလေ.. ကန်းနေ.. ဟင်.."
အားပါးတရကိုလက်ညှိုးထိုးပြဖို့ပြင်ပြီးမှ လမ်းမတစ်လျှောက်လုံး လူသူကင်းရှင်းရုံမက ခွေးတစ်ကောင်၊ ကြောင်တစ်မြှီးမှပင် မတွေ့ရလေတော့ ပန်ပန်ကြောင်သွားကာ
"ခုနဒီမှာရှိပါတယ်.. ဘယ်ရောက်သွားပါလိမ့်"
"အဟွန်း..."
ဘာပြောရမှန်းမသိအောင်နင်ပြီး အင်တင်တင် ဖြစ်သွားသောသူမကိုကြည့်ပြီး ကောင်းခြင်းလှောင်ရယ်လိုက်သည်။
"ပြလေ.. မင်းရဲ့ခွေး.."
"ခုနကတကယ်ရှိတယ် ကျွန်တော်မညာဘူး.."
အတင်းပင်ဗြောင်လိမ်နေတော့ ကောင်းခြင်း နှုတ်ခမ်းတို့က အထင်သေးစွာမဲ့ကျသွားရသည်။ တကယ်က ဒီလိုအကွက်မျိုးတွေမသိရအောင် ကောင်းခြင်းတည်မြဲဆိုသည့်ကောင်က တုံးအနေတာမှမဟုတ်တာ။
သူ့ဘဝမှာမိန်းကလေးပေါင်းများစွာ၏ဇာတ်လမ်းဆင်ခြင်းကို ကြိမ်ဖန်ပေါင်းများစွာခံခဲ့ရပြီ ဖြစ်၍ ရီုးအီနေပြီဖြစ်သည်။ မိန်းကလေးတွေက သူနှင့်ဇာတ်လမ်းဖြစ်ဖို့မျိုးစုံကြံစည်နေရတဲ့အထိကို ကောင်းခြင်းတည်မြဲဆိုသည့်သူက နှယ်နှယ်ရရပုဂ္ဂိုလ်မဟုတ်ဘူးလေ။
အသက်(၂၃)အရွယ်သာရှိသေးသော်လည်း စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်အဖြစ် နိုင်ငံပိုင် သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကပါ ဖော်ပြရသည်အထိ ကျော်ကြားသူ။ အသက်(၂၀)အရွယ်ကတည်းက အမေရိကားကိုbusiness scholarship program တစ်ခုနှင့်ရောက်သွားပြီး ထိုprogramမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်အဆင့်(၂)ချိတ်ခဲ့သူ။
မြန်မာပြည်ပြန်ရောက်လာသည်မှာ မကြာသေးပါ။ သို့သော် Businessနှင့်သက်ဆိုင်သော နည်းပညာsoftwareတစ်ခုကို အောင်မြင်စွာပင် တီထွင်နိုင်ပြီးနောက် မြန်မာ့စီးပွါးရေးလောက၌ လူငယ်လုပ်ငန်းရှင်အဖြစ် လူသိများလာသည်။ သတင်းတွေ၊ media တွေကပါအကြိမ်ကြိမ် ဖော်ပြရသည်အထိ ထူးချွန်ထက်မြက်လွန်းသော ကောင်းခြင်းတည်မြဲ။
ကောင်းခြင်းတည်မြဲက ပညာရေးပိုင်းနှင့်စီးပွါးရေးပိုင်းပဲ တော်လွန်းသူမဟုတ်။ ရုပ်ရည်ချောမောပြီး မျိုးရိုးစဉ်ဆက်လည်းချမ်းသာကြွယ်ဝသူဖြစ်ရာ ချစ်သူရည်းစားမရှိသေးသောသူ့ကို မိန်းကလေးတွေက ရလို့ရဌား ဇာတ်လမ်းအမျိုးမျိုးကိုဖန်တီးကြသည်ပဲလေ။
သို့သော် ဒီတစ်ယောက်ကတော့ အနေအထားအဆိုးဆုံးဖြစ်မည်။ ကြည့်လေ.. သရီးကွာတာဘောင်းဘီနဲ့ တီးရှပ်အပွကြီးကိုဝတ်ထားသော ဘာမှဆွဲဆောင်မှုမရှိသည့်မိန်းကလေး။ တိုနံ့နံ့ဆံပင်ကုပ်ဝဲကြားမှမျက်နှာကလည်း ကလေးသာသာလေးသာရှိသေးသည်။ အသက်လည်းငယ်သေးပုံပင်။ ဒါတောင် ယောင်္ကျားတစ်ယောက်ကို အပိုင်ဖမ်းဖို့ဇာတ်လမ်းဆင်တတ်နေပြီပဲ။
အတွေးဖြင့် ကောင်းခြင်းနှုတ်လမ်းတွေက အထင်မြင်သေးလွန်းစွာ မဲ့ကျသွားရပြန်ပြီး
"ဒီမှာချာတိတ်.. မင်းဆင်တဲ့အကွက်မျိုးကလေ ကောင်းခြင်းတည်မြဲအတွက် ရိုးနေပြီ ဒီတော့သိအောင်တစ်ခါတည်းပြောမယ် မင်းပုံစံနဲ့ တစ်ဘဝလုံးကြိုးစားရင်တောင် ငါပြန်ကြိုက်မှာ မဟုတ်လို့ တစ်ခါတည်းနောက်ဆုတ်လိုက်.."
"ဘာရယ်..."
"မင်းကြည့်ရတာငယ်သေးပုံပဲ အလုပ်သေချာလုပ်ပါ ချမ်းသာပြီး ကျော်ကြားတဲ့ယောင်္ကျားတွေကိုအပိုင်ဖမ်းဖို့လောက်ပဲတွေးမနေနဲ့ ဘဝကိုဒီလိုဖြတ်လမ်းနည်းနဲ့လိုက်တာက အင်မတန်ရှက်စရာကောင်းတယ်ကွ နားလည်လား"
"ဘာပြောတယ်..."
လူကိုအသေအချာစိုက်ကြည့်ရင်းအထင်သေးစွာဆိုလိုက်သောစကားတို့ကြောင့် ပန်ပန်ဒေါသတွေ ထောင်းခနဲ့ထွက်သွားကာ..
"ခင်ဗျားဘာတွေပြောနေမှန်း ကျွန်တော်တစ်ခုမှနားမလည်ဘူး ကျွန်တော့်စက်ဘီးဘရိတ်မမိတော့လို့ ခင်ဗျားကိုဝင်တိုက်မိတာ.."
"တော်စမ်း.. မင်းအကွက်လောက်တော့ ငါကရိုးနေပြီ အခုမင်းလုပ်လိုက်လို့ငါ့အင်္ကျီပေသွားပြီ ဒီအင်္ကျီကဘယ်လောက်တန်လဲသိလား ဒါကlimited ထုတ်ထားတာနော်အနည်းဆုံး(၁၈)သိန်းအထက်ပဲ.."
"ဟင်...."
ထွက်နေသည့်ဒေါသတောင်နင်သွားသည်။ သူမကြောင့်ပေသွားသည့်အင်္ကျီက (၁၈)သိန်းကျော်ဆိုတော့ မျက်လုံးတွေပင်ပြူးသွားရ၏။ ဘယ်လိုလူကများ တီးရှပ်အင်္ကျီလေးကို(၁၈)သိန်းကျော် ပေးဝတ်သလဲ။ အံ့ဩပါ့..။
"မင်းကြောင့် ငါ့အင်္ကျီစွန်းသွားပြီး မင်းဘာလုပ်ပေးမှာလဲပြော.."
"ဟို..."
"မင်းလျော်နိုင်လို့လား.."
မေးပုံကရင့်လှသော်လည်းပန်ပန်အသံမထွက်ရဲ။ ဟုတ်တယ်လေ.. ကိုယ်မှမလျော်နိုင်တာ။ လူကဘေလ်တစ်ထောင်ဖိုးတောင် သုံးရက်လောက်ချွေတာသုံးနေရတာကို။ (၁၈)သိန်းကျော်အင်္ကျီကိုအလျော်ပေးဖို့ဆိုလျှင် ဟိုအတန်းသွားမှရတော့မည်။
ဟိုအတန်းသွားမယ်ဆိုရင်တောင် ဒီရုပ်ဒီရည်နဲ့ (၁၈)သိန်းရဖို့မလွယ်သည့်ဘဝ။ ဒီတော့ ဒေါသကိုသည်းခံပါလေ မိပန်ပန်။
"မင်းအနေအထားနဲ့မလျော်နိုင်ဘူးဆိုတာ ငါသိတယ် ငါလည်းမလျော်ခိုင်းပါဘူး ဒါကို အကြောင်းပြပြီး မင်းငါ့ကိုဇာတ်လမ်းဆင်မယ်ဆိုတာငါသိပြီးသားပါ မင်းအကွက်ထဲတော့ အဝင်မခံနိုင်ဘူး ဒီတော့ဒီလောက်နဲ့ပဲဇာတ်လမ်းဖြတ်လိုက်.. ထပ်ပြီးငါနဲ့ဆက်နွယ်ဖို့ မကြိုးစားနဲ့တော့.."
စကားတွေကခံပြင်းစရာကောင်းအောင် ရင့်သီးလှသော်လည်း ပန်ပန်သည်းခံလိုက်သည်။ ပြောချင်ရာပြောပါစေ..။ ပိုက်ဆံမလျော်ရပြီးရော..။
"မင်းရုပ်မင်းရည်က သိပ်အချောကြီးမဟုတ်ပေမဲ့ အသက်ငယ်သေးတော့ လင်ကောင်းသားကောင်းတော့ရနိုင်ပါတယ် နောက်ထပ် ဖြတ်လမ်းနည်းတွေမသုံးနဲ့တော့ ဒီလောက်နဲ့ပဲ ရှက်တတ်ပါစေချာတိတ်"
လူကိုအထင်မြင်သေးစွာနှင့် ရင့်ရင့်သီးသီး ပြောဆိုပြီးနောက် ထိုလူကသူ့ကိုသူအင်မတန် အထင်ကြီးသောအပြုံးတွေနှင့် ကားပေါ်တက်လျက်ထွက်သွားတော့သည်။
"တောက်.. ဘာကြီးလဲ.. ဘာတွေပြောမှန်းကိုမသိဘူး. ဘဝရူးလားပဲ မုန်းစရာကြီး"
ပန်ပန်ဒေါသတွေနှင့်တနုံ့နုံ့ကျန်ခဲ့စဉ်မှာပင်..
"ဟင်...."
ဘယ်ကနေဘယ်လိုထွက်လာမှန်းမသိသော ခုနကခွေးကိုမြင်တော့ ဒေါသတွေပိုထွက်သွားရကာ..
"ကြည့်စမ်း.. ခုနတုန်းကတော့ နင်မရှိဘူး ဘယ်ပျောက်နေသလဲ နင့်ကြောင့် ငါပိုးစိုးပက်စက်အပြောခံလိုက်ရတယ် အယုတ်တမာခွေး သောက်ကျင့်မကောင်းတဲ့ခွေးစုတ်ခွေးပဲ့.. ကဲဟာ.."
ဟိုဘဝရူးကြောင့်ထွက်သည့်ဒေါသတွေက ခွေးထံသို့စုပြုံသွားပြီး ကျောက်ခဲနှင့်ကောက်ပေါက်ပစ်လိုက်သည်။ ကံဆိုးချင်တော့ ခဲမှန်သွားသည့်ခွေးက ကိန်းခနဲ့အော်ပြီး ထွက်မပြေး။ သူမကို ဒေါသတကြီး ပြေးဆွဲရာ..
"ဟဲ့ခွေး.. သွား မလာနဲ့လေ.."
"အမေရေ... ကယ်ပါ.."
ပန်ပန်တစ်ယောက်စက်ဘီးတောင်မယူနိုင်တော့ဘဲ အိမ်ရောက်သည်အထိ အော်ဟစ်ပြေးလာလိုက်သည်မှာ ဖိနပ်တောင်ကျွတ်ကျန်လို့..။
အမေမိုးမှာတော့ မုန့်ဟင်းခါးorderလေးသွားပို့ခိုင်းပါတယ်။ ဟင်းရည်တွေပေကျံနေသည့်ချိုင့်အလွတ်ကြီးဆွဲလျက် စက်ဘီးလည်းပြန်မပါ။ ဖိနပ်လည်း တစ်ဖက်ကျွတ်ကျန်ပြီး ရောက်ချလာသော သမီးအလိမ်မာတုံးကိုကြည့်ပြီး စိတ်ပျက်လက်ပျက်သာ ခေါင်းခါယမ်းမိတော့၏။
ဘယ်သူမှမမှားဘူး။ ခိုင်းမိသည့်မိမိအမှား..။
ဆက်ရန်
ဆူးခတ်ပန်း
Zawgyi
"မုန္႔ဟင္းခါးတစ္ပြဲ၊ ေမတၱာျဖဴးပါ
အခ်စ္မေပါ့ေစနဲ႔...."
အပိုင္း(၁)
ညေနပိုင္း ရာသီဥတုကာ အုံ႔အုံ႔မႈိင္းမႈိင္းရွိလွပါသည္။ ပါရမီလမ္းသြယ္တစ္ခုအတြင္းရွိ အေမမိုး၏မုန္႔ဟင္းခါးဆိုင္ေလးသည္လည္း တိတ္တိတ္ဆိတ္ဆိတ္ႏွင့္ရွိေနေတာ့၏။
အိမ္ၿခံဝန္းထဲ၌အဖီေလးဆြဲလ်က္ သြပ္ကယ္မိုးမိုးထားေသာ အေမမိုး၏မုန္႔ဟင္းခါးဆိုင္က ဒီရပ္ကြက္မွာေတာ့ အေတာ္ေလး နာမည္ႀကီးသည္ဟုဆိုရမည္။ လက္ရာေကာင္း၊ ေစ်းလည္းသင့္၊ ေစတနာလည္းပါေတာ့ မုန္႔ဟင္းခါးဆို အေမမိုးအေမးမိုးဟုပင္ ေျပာစမတ္တြင္ၾကသည္။ အျခားရပ္ကြက္ကပင္ တကူးတကားလာစားရသည္အထိ အေမမိုး၏မုန္႔ဟင္းခါးကာ နာမည္ႀကီးသည္။
မနက္ခင္းဆို ဆိုင္က်ဥ္းက်ဥ္းေလးက မုန္႔ဟင္းခါးစားသူမ်ားႏွင့္ ျပည့္ေနတတ္ၿပီး ညေနေစာင္းမွာေတာ့ လူမရွိသေလာက္နည္းပါးတတ္၏။ ဒါကလည္း မုန္႔ဟင္းခါးဆို လူေတြကမနက္ခင္းမွပူပူေႏြးေႏြးသုံးေဆာင္ခ်င္ၾကတာကို။
ဒီညေနလည္း ထုံးစံအတိုင္း ဆိုင္ေလးက လူေျခတိတ္ေနသည္။ ဆိုင္ကလူသာမရွိပါ။ အေမမိုးတစ္ေယာက္ကေတာ့ နားပင္မနားရဘဲ တကုပ္ကုပ္ႏွင့္အလုပ္႐ူပ္ေနေတာ့၏။ လူမရွိေသာ္လည္း ညေနပိုင္းဆိုဖုန္းဆက္ၿပီး orderမွာသူေတြကရွိတတ္သည္ေလ။ အခုလည္း အေမမိုးေရ မုန္႔ဟင္းခါးစားခ်င္လို႔ တစ္ပြဲေလာက္ပို႔ေပးပါဟု ဖုန္းဆက္လာသျဖင့္ အေမမိုးမွာ မုန္႔ဟင္းခါးပြဲအတြက္ျပင္ဆင္ေနရျခင္း ျဖစ္သည္။
မုန္႔ဟင္းခါးရည္အိုးကို ပူပူေႏြးေႏြးျဖစ္ေအာင္ ေႏြးၿပီးေနာက္ ခ်ိဳင့္တစ္ခုထဲထည့္လိုက္သည္။ မုန္႔ဖတ္တစ္ခြက္၊ မုန္႔ဟင္းခါးရည္တစ္ခြက္၊ နံနံပင္၊ ပဲသီး၊ င႐ုပ္သီးမႈန္႔ႏွင့္သံပရာသီးစိတ္မ်ားကို တစ္ခြက္ခြဲထည့္ၿပီး ခ်ိဳင့္ကိုဆင့္လိုက္သည္။ အားလုံးၿပီးေတာ့..
"ပန္ပန္ေရ..."
သမီးျဖစ္သူကိုလွမ္းလိုက္ေခၚေသာ္လည္း ဘာတုန္႔ျပန္သံမွမၾကားရသျဖင့္
"ပန္ပန္သမီးေရ.. လာဦး.."
"ပန္ပန္...."
အသံျမႇင့္ၿပီးထပ္ေခၚသည့္တိုင္ ဘာသံမွမၾကားေတာ့ အေမမိုးမ်က္ေမွာင္ကုပ္လိုက္သည္။ အိမ္မွာမရွိလို႔လားမ်ားဟုေတြးၿပီး အိမ္ထဲလွမ္းၾကည့္လိုက္ေတာ့မွ
"ဟင္.. ၾကည့္စမ္း ဒီကေလးမ.."
အေမမိုးေဒါသထြက္သြားေတာ့သည္။ မထြက္ဘဲေနမည္လား။ အေမျဖစ္သူက ဒီေလာက္ေအာ္ေခၚေနတာကိုမၾကားရေအာင္ သင္းကအလုပ္ႀကီးအကိုင္ႀကီးလုပ္ေနသည္။
ၾကည့္ေလ.. ထိုင္ခုံမွာေျခကားယားလက္ကားယားထိုင္ၿပီး ဂိမ္းေဆာ့ေနလိုက္တာမ်ား ေအာ္မၾကားေခၚမၾကား။
"ဟဲ့ မုဒိတာပန္.."
"အမေလး.. လန္႔လိုက္တာ.."
တံခါးေပါက္ဝကေနခါးေထာက္ၿပီးေအာ္ေတာ့မွ အလန္႔တၾကားျပဴးတူးျပဴးတဲျဖစ္လာၿပီး
"အေမကလည္း ဘာလို႔အသံၿပဲႀကီးနဲ႔ ဒီေလာက္ေအာ္ရသလဲ အေမေၾကာင့္ ဒီမွာဂိမ္း႐ူံးသြားၿပီး warေနတာကို.."
"ေအာင္မား.. ညည္းကပဲ ေျပာရတယ္ရွိေသး ငါဒီေလာက္ေအာ္ေခၚေနတာကို ညည္းပဲမၾကားတာ.. တစ္ေန႔တစ္ေန႔ ဒီအရည္မရအဖတ္မရ ဂိမ္းပဲေဆာ့ေန.."
"အေမကဘာကိစၥေခၚရသလဲ.."
ၾကည့္.. ဖုန္းႏွိပ္မပ်က္ဘဲ အေမ့ကိုျပန္ေျပာေနပုံကပမာမခန္႔နဲ႔။
"သြား.. ဟိုဘက္လမ္းက အဘြားျမအိမ္ကို မုန္႔ဟင္းခါးသြားပို႔ေခ်"
"ဟာ.. သြားခ်င္ပါဘူး ဂိမ္းေဆာ့ေနတာကို.."
"ပန္ပန္ ညည္းငါ့ကိုစိတ္တိုေအာင္လုပ္ေနသလား .. ငါကသြားဆို အခုသြားပို႔စမ္း.."
"မသြားခ်င္ဘူး ပန္ပန္ဒီမွာမအားဘူး.."
"မအားရေအာင္ ညည္းက ဘာအလုပ္ႀကီး အကိုင္ႀကီး လုပ္ေနသလဲ အားေနဒီဂိမ္းပဲေဆာ့ေနတာမ်ား ႀကီးႀကီးက်ယ္က်ယ္နဲ႔.."
အေမကဒီေလာက္ေျပာဆိုေနတာေတာင္ အင္းမလႈပ္အဲမလႈပ္ ေပကပ္ကပ္ႏွင့္ဖုန္းဆက္သုံးေနသည့္ပန္ပန္ေၾကာင့္ အေမမိုးစိတ္တိုသြားရကာ
"ပန္ပန္.. ညည္းငါေျပာတာၾကားလား .. ေပကပ္ကပ္လုပ္မေနနဲ႔ သြား.. မုန္႔ဟင္းခါးေတြမေအးခင္ အျမန္သြားပို႔လိုက္.."
"သြားခ်င္ပါဘူးဆို အဲ့ဒီ့အဘြားႀကီးကသိပ္စကားမ်ားတာပဲ ပန္ပန္ကိုျမင္ရင္အၿမဲေျပာဆိုေနတာ နားညည္းတယ္.."
"ပန္ပန္...."
အေမျဖစ္သူေလသံျမင့္လာေတာ့ ပန္ပန္လည္း ေဒါသကိုမွန္းဆႏိုင္ပုံရသည္။ ဖုန္းကို အသာခ်လိုက္သည္။ ဒါေတာင္ႏႈတ္ခမ္းႀကီးတစ္ေတာင္ေလာက္စူထြက္လာၿပီး မေက်မနပ္ဆိုေသး၏။
"အေမတို႔မ်ား ဖုန္းေဆာ့ၿပီဆိုခိုင္းဖို႔ပဲသိတယ္.."
"ဟဲ့.. ငါမခိုင္းလည္းညည္းကတစ္ေနကုန္ ဖုန္းကိုင္ေနတာကိုေတာ္.. အံ့ဩပါ့"
"ဘယ္ကတစ္ေနကုန္ရမွာလဲ အခုမွကိုင္ရတာကိုေနာ္.. တစ္မနက္လုံးလည္း.. အေမ့မုန္႔ဟင္းခါးပန္းကန္ေတြပဲေဆးေနရတာမ်ား ဟြန္႔"
"စကားမ်ားမေနနဲ႔ .. သြားေတာ့ မုန္႔ဟင္းခါးေတြေအးကုန္လိမ့္မယ္ အေရွ႕ကစားပြဲေပၚမွာ ငါခ်ိဳင့္ျပင္ထားၿပီးၿပီ ေသခ်ာယူသြားဦး အဖိတ္အစင္ မျဖစ္ေစနဲ႔.."
"သြားဆိုလည္းသြားပါမယ္ ဒါမဲ့ ပန္ပန္႔ကို ဖုန္းေဘလ္ တစ္ေထာင္ေတာ့ ထည့္ေပး.."
"ဘာဖုန္းေဘလ္တစ္ေထာင္လဲ."
"မသိဘူး ထည့္ေပးရမယ္ ဒါပဲ.."
ေျပာၿပီး ခ်ိဳင့္ေလးဆြဲ စက္ဘီးေလးတြန္းလ်က္ ဆိုးဆိုးဆတ္ဆတ္ထြက္သြားေသာ သမီးအလိမ္တုံးေလးကိုၾကည့္ရင္း အေမမိုးတစ္ေယာက္ ေခါင္းတခါခါ က်န္ခဲ့ရသည္။ ဒီၾကားထဲ စိတ္မခ်စြာ ေအာ္ေျပာရေသးသည္။
"ေသခ်ာကိုင္သြား.. မဖိတ္ေစနဲ႔ေနာ္ ခ်ိဳင့္လည္းမေမ့ခဲ့နဲ႔ တစ္ခါတည္းယူခဲ့.."
"ဟုတ္...."
ဟုတ္ဟုျပန္ေျဖသြားေသာ္လည္း အေမမိုးကေတာ့ သိပ္စိတ္ခ်သည္မဟုတ္။ ကိုယ့္သမီးအေၾကာင္း ကိုယ္အသိဆုံးကို...။
................... ......................... .......................
"ဒီသမီးေလးတစ္ေယာက္ပဲအနားရွိတာကို တစ္ေနကုန္ခိုင္းေနေတာ့တာပဲ ဂိမ္းေလးေတာင္ ေကာင္းေကာင္းမေဆာ့ရဘူး.."
လက္တစ္ဖက္ကခ်ိဳင့္ဆြဲၿပီး တစ္ဖက္ကစက္ဘီးလက္ကိုင္ကိုကိုင္လ်က္ႏွင့္ စက္ဘီးနင္းေနရင္းကို ပန္ပန္တစ္ေယာက္ ပါးစပ္ကပြစိပြစိ ဆိုေနေတာ့သည္။
အဘြားျမအိမ္က ႏွစ္လမ္းေက်ာ္တြင္ရွိသျဖင့္ ပန္ပန္စက္ဘီးကိုျဖတ္လမ္းကေနစီးလာလိုက္၏။ ဒီလမ္းကအိမ္ႀကီးႀကီးႏွင့္ၿခံက်ယ္ေတြသာမ်ားသျဖင့္ လူရွင္းလင္းေနေတာ့ စက္ဘီးနင္းလို႔ေကာင္းသည္။ အားရပါးရနင္းလာခဲ့သည္မွာကုန္ေလွ်ာအဆင္းေရာက္မွ သတိထားမိသည္က သူမစက္ဘီးဘရိတ္ေကာင္းေကာင္းမမိသည္ကိုပင္။
"ဒုကၡပါပဲ.. ဘရိတ္ျပင္ဖို႔ေမ့ေနတယ္.."
အသံထြက္ညည္းညဴရင္းႏွင့္ ပန္ပန္ကုန္းေလွ်ာအဆင္းကို စက္ဘီးအားထိန္းၿပီးနင္းလာရသည္။ ေတာ္ေသးသည္။ လမ္းကလူတစ္ေယာက္မွမရွိဘဲ ရွင္းလင္းေနေပလို႔။ သို႔ေသာ္..
"ဟင္..."
႐ုတ္တရက္လမ္းကိုျဖတ္ေျပးလိုက္ေသာ ေခြးတစ္ေကာင္ေၾကာင့္ တိုက္မိမလိုျဖစ္သြားသျဖင့္ ပန္ပန္လည္း လန္႔ၿပီး စက္ဘီးကိုလမ္းေဘးေကြ႕ခ်လိုက္စဥ္ အတင္းဘရိတ္ညႇစ္လိုက္သလို ျဖစ္သြားေတာ့..
"ေဖာက္.."
"ဟာ.. သြားၿပီ.."
နဂိုကျပတ္ခ်င္ခ်င္ျဖစ္ေနသည့္ဘရိတ္ႀကိဳးက ေတာက္ခနဲ႔ျပတ္သြားေတာ့သည္။ ကုန္ဆင္းအတိုင္းမို႔ စက္ဘီးကလည္း အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးတြင္ရပ္ထားေသာကားတစ္စီးရွိရာသို႔ တရိပ္ရိပ္ေျပးဆင္းသြားသည့္အခါ၌
"ဒုကၡပါပဲ.... စက္ဘီးရပ္လို႔မရေတာ့ဘူး"
ပန္ပန္မ်က္လုံးေတြျပာေဝၿပီး ဘာလုပ္ရမွန္းမသိေအာင္ ထူပူသြားရသည္။ ကံေကာင္းသည္က ကားႏွင့္ စက္ဘီးလမ္းေၾကာင္းက လြတ္ပုံရသျဖင့္ သက္ျပင္းခ်႐ုံရွိေသးသည္။ ကားတံခါးက ဖ်ပ္ခနဲ႔ပြင့္လာၿပီး လူတစ္ေယာက္ဆင္းလာရာ..
"ဟင္..."
ဒီတစ္ခါေတာ့ ပန္ပန္မ်က္လုံးတကယ္ျပဴးသြားရ၏။ တိုက္တိုက္ဆိုင္ဆိုင္ကားေပၚမွဆင္းလာသည္က သူမစက္ဘီးလမ္းေၾကာင္းေရွ႕တည့္တည့္ရပ္လိုက္သလိုျဖစ္ေနေတာ့
"ေဟ့လူ... ေဟ့လူ ေရွ႕ကဖယ္ "
"စက္ဘီးက ဘရိတ္ႀကိဳးမရေတာ့ဘူး ေရွ႕ကအျမန္ဖယ္..."
အသံျပာမတက္ေအာ္ၿပီးသတိေပးေသာ္လည္း ထိုလူကေတာ့ေၾကာင္ၿပီးၾကည့္ေန၏။ အင္းေလ.. ကားေပၚမွဆင္း႐ုံရွိေသးသည္။ စက္ဘီးတစ္စီးက သူ႔ဆီကိုအရွိန္ႏွင့္ေျပးလာေနသည္ကိုျမင္ေတာ့ မေၾကာင္ဘဲေနမည္လား။ ဒီၾကားထဲစက္ဘီးေပၚကေကာင္မေလးက ဘာေတြေအာ္လို႔ေအာ္မွန္းမသိေတာ့သူလည္းေၾကာင္ၿပီးသာၾကည့္ေနခိုက္..
"ဟိတ္လူ.. ဖယ္.. ဖယ္ပါဆို..."
အာေခါင္ျခစ္ၿပီးေအာ္ေျပာေနေသာ္လည္း ေၾကာင္ၿပီးၾကည့္ေနသည့္လူေၾကာင့္ ပန္ပန္မွာ မတတ္သာဘဲ လုပ္မိလုပ္ရာလုပ္လိုက္သည္က
"ဒုန္း..."
"ဟာ..."
လူႏွင့္မတိုက္မိခင္ ေၾကာက္ေၾကာက္ႏွင့္စက္ဘီးေပၚကခုန္ဆင္းလိုက္ရာ ထိုလူအေပၚ ခုန္အုပ္လိုက္သလိုျဖစ္သြားသည္။ စက္ဘီးက လမ္းေဘးကိုခုန္ေပါက္လဲက်သြားသလို ပန္ပန္သည္လည္း ထိုလူအေပၚလုံးေထြးက်သြားေတာ့၏။ ထို႔အတူ သူမလက္၌ဆြဲထားေသာ မုန္႔ဟင္းခါးခ်ိဳင့္သည္လည္း ထိုအမည္မသိလူအေပၚသို႔ ေလာင္းခ်လိုက္သလိုျဖစ္သြားရာ..
"ေဟ့.. မင္းဘာလုပ္သလဲ ေတာက္.."
ထိုသူ၏ေဒါသတႀကီးေအာ္ဟစ္သံကိုၾကားေသာ္လည္း ပန္ပန္ျပန္မေျဖႏိုင္ေသး။ လူကသူ႔အေပၚ ေရာက္ေနသျဖင့္ ကပ်ာကယာအရင္႐ုန္းထရသည္။ ၿပီးမွမုန္႔ဟင္းခါးရည္ေတြႏွင့္ ေပက်ံေနေသာ ထိုလူကိုၾကည့္ကာ အားနာသြားရၿပီး
"ေတာင္းပန္ပါတယ္ ကြၽန္ေတာ္တမင္လုပ္တာ မဟုတ္ဘူး စက္ဘီးဘရိတ္ႀကိဳးမမိလို႔ပါ.."
"ေတာက္..."
တစ္ဖက္မိန္းကေလး၏စကားကို ေကာင္းျခင္းဘာမွမတုန္႔ျပန္ႏိုင္ေသး။ စိတ္တိုလြန္းသျဖင့္ ေဒါသတႀကီးသာ တက္ေခါက္မိသည္။ ေဒါသမထြက္ဘဲေနမည္လား။ နဂိုကလူက အင္မတန္မွ အသန္႔ႀကိဳက္သူမို႔ အက်ႌေပၚ ဖုန္တင္မတင္ေသခ်ာစစ္ေဆးၿပီးမွ ကားေပၚဆင္းပါသည္ဆို ဘယ္ကေနဘယ္လိုေရာက္လာမွန္းမသိေသာေကာင္မေလးက လူအေပၚကိုခုန္အုပ္လာေတာ့ သူ႔မွာေျမႀကီးေပၚကို ဖင္ထိုင္လ်က္သားလဲက်သြားရသည္။
ဒီၾကားထဲ မုန္႔ဟင္းခါးရည္ေတြက သူ႔အက်ႌေပၚ ႐ြဲႏွစ္လို႔။ ေတာ္ေသးသည္.. မုန္႔ဟင္းခါးက သိပ္မပူလို႔။ သို႔ေသာ္ သူ႔အေပၚပိုင္းတစ္ခုလုံး အရည္ေတြ႐ြဲႏွစ္သြားသည္မွာ အေတာ္႐ြံ႕စရာေကာင္းေနေတာ့ ေကာင္းျခင္းမွာ ေဒါသထြက္လြန္းသျဖင့္ လူပင္တုန္ခ်င္ေနသည္။
ေျမႀကီးေပၚလူးလဲထၿပီးေနာက္ သူက သူ႔ေရွ႕ကေကာင္မေလးကို လက္ညႇိဳးေငါက္ေငါက္ပင္ ထိုးမိကာ..
"ေတာက္. မင္းဘယ္လိုလုပ္လိုက္သလဲ.."
"ကြၽန္ေတာ္တမင္လုပ္တာမဟုတ္ဘူး စက္ဘီးဘရိတ္ႀကိဳးျပတ္သြားလို႔ တကယ္အရွိန္မထိန္းႏိုင္လို႔ပါေနာ္"
"ေတာက္.. မင္း မင္းကြာ.."
ဘယ္ေလာက္ပဲကိုယ့္အမွားျဖစ္ပါေစဦး။ တက္တေခါက္ေခါက္ႏွင့္ သူမကိုလက္ညႇိဳး တထိုးထိုးလုပ္ေနသည့္လူကိုၾကည့္ၿပီး ပန္ပန္လည္း စိတ္တိုသြားမိကာ..
"ခင္ဗ်ားကိုေရွ႕ကဖယ္လို႔ ေအာ္ေျပာတာပဲ ခင္ဗ်ားဘာသာမဖယ္တာ.."
"ဘာကြ..."
"ဟုတ္တယ္ေလ ကြၽန္ေတာ္မေအာ္ေျပာဘူးလာ"
သူ႔ကိုပင္အျပစ္ျပန္တင္ခ်င္သည့္ေကာင္မေလးကိုၾကည့္ၿပီး ေကာင္းျခင္းပိုေဒါသထြက္သြားေတာ့သည္။ တက္တစ္ခ်က္ေခါက္လိုက္မိၿပီး ခ်ာတိတ္မကိုလည္း စူးစူးၾကည့္မိလ်က္..
"မင္းဘာေတြေအာ္ေနမွန္းငါမသိဘူး ၿပီးေတာ့ ငါမဖယ္မိတာကိုမင္းအျပစ္တင္စရာအေၾကာင္းမရွိဘူးေနာ္ ငါကလမ္းေဘးမွာရပ္ေနတာ လမ္းမကဟိုဘက္မွာ ဘယ္သူကနယ္ကြၽံ႕လာသလဲ"
"သိတယ္.. ကြၽန္ေတာ့္စက္ဘီးဘရိတ္ႀကိဳးျပတ္သြားလို႔ပါဆို.."
"မင္းစက္ဘီးက ဘရိတ္ႀကိဳးျပတ္သြားတယ္ ဆိုရင္ေတာင္ ဒီဘက္ကိုေရာက္လာဖို႔လိုလို႔လား မင္းတမင္လုပ္လိုက္တာမဟုတ္လား.."
သူကမ်က္ေမွာင္က်ဳံ႕လ်က္ မသကၤာဟန္ျဖင့္ ေမးလာသည္။ သူေမးမယ္ဆိုလည္းေမးခ်င္စရာပင္။ ကားလမ္းမႏွင့္ သူ႔ကားရပ္ထားသည္က အလွမ္းကြာေဝးသည္ကို။ လမ္းမအက်ယ္ႀကီးကိုလြန္ၿပီး လမ္းေဘးမွာရွိေနသည့္သူ႔ကိုဝင္တိုက္မိျခင္းက မသိလွ်င္တမင္လုပ္ေနသလိုလို..။
တကယ္ေတာ့ ပန္ပန္လည္းစက္ဘီးကို သူ႔ကားရပ္သည့္ဘက္ျခမ္း၌ စီးလာခဲ့ရာမွ ႐ုတ္တရက္ႀကီး ေခြးျဖတ္ေျပးသြားေတာ့ လန္႔ၿပီး အတင္းခ်ိဳးေကြ႕ပစ္မိသည္ကသူ႔ကားရွိေနသည့္ေနရာတည့္တည့္ျဖစ္ေနသည္။ ပိုဆိုးသည္က ဘရိတ္ႀကိဳးက ျပတ္သြားျခင္းပင္။
ထို႔ေၾကာင့္ မေတာ္တဆျဖစ္သြားသည္ဆိုေပမဲ့ တစ္ဘက္အျမင္ကေတာ့ တမင္ရည္႐ြယ္ၿပီးလုပ္သလိုထင္ရသည္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒါကသူမအမွားေၾကာင့္ပဲမို႔ ပန္ပန္ထပ္ေတာင္းလိုက္၏။
"ဟုတ္ပါတယ္ ခင္ဗ်ားလမ္းမွန္မွာရပ္ထားတာ မွန္တယ္ ကြၽန္ေတာ့္စက္ဘီးေရွ႕ကို ေခြးျဖတ္ေျပးသြားေတာ့ ကြၽန္ေတာ္လန္႔ၿပီးေရွာင္ရင္းနဲ႔ အခုလိုျဖစ္သြားရတာပါ ေတာင္းပန္ပါတယ္.."
ေတာင္းပန္သည္ဟုသာ ဆိုေနသည္။ မ်က္ႏွာေၾကာကတစ္ခ်က္မွမေျပေသာ ခ်ာတိတ္မကိုၾကည့္ၿပီး ေကာင္းျခင္းေဒါသထြက္ေနရာမွ တစ္ခုခုကိုသေဘာေပါက္သြားပုံရသည္။ ဖ်ပ္ခနဲ႔ၿပဳံးလိုက္ရင္း
"မင္းတမင္ငါ့ကိုတိုက္လိုက္တာမဟုတ္လား ခ်ာတိတ္မ"
"ဟင္.. မဟုတ္ပါဘူး.."
"အဟြန္း.. ငါဘယ္သူလဲဆိုတာသိေနလို႔ မင္းတမင္ဇာတ္လမ္းဆင္ေနတာပဲ.."
ခပ္ေထ့ေထ့အၿပဳံးႏွင့္အခိုင္အမာကိုေျပာလာေသာသူ႔စကားေၾကာင့္ ပန္ပန္ေဒါသထြက္သြားရသည္။ သူ႔ကို ဇာတ္လမ္းဆင္ရေအာင္ သူ႔ကိုလည္းပန္ပန္မသိပါ။ အခုမွပဲ မ်က္ႏွာကိုေသေသခ်ာခ်ာၾကည့္မိသည္။
႐ုပ္ကိုမေခ်ာဘူးဟုမျငင္းသာႏိုင္ေသာ္လည္း အခုလိုကိုယ့္ကိုယ္ကိုယ္အထင္ႀကီးလြန္းဟန္ရွိေသာ အမူအရာေၾကာင့္ အျမင္ကပ္စြာပင္
"ခင္ဗ်ားဘယ္သူလဲဆိုတာကြၽန္ေတာ္သိကို မသိဘူး. ခင္ဗ်ားကိုေျပာၿပီးၿပီေလ ကြၽန္ေတာ့္စက္ဘီးေရွ႕ေခြးျဖတ္ေျပးသြားလို႔လန္႔ၿပီး ဒီဘက္ကိုေရွာင္လိုက္တာကိုမွ ဘရိတ္ႀကိဳး ျပတ္သြားပါတယ္ဆို.."
"ဘယ္မွာလဲ မင္းေျပာတဲ့ေခြး.."
"ဟိုမွာေလ.. ကန္းေန.. ဟင္.."
အားပါးတရကိုလက္ညႇိဳးထိုးျပဖို႔ျပင္ၿပီးမွ လမ္းမတစ္ေလွ်ာက္လုံး လူသူကင္းရွင္း႐ုံမက ေခြးတစ္ေကာင္၊ ေၾကာင္တစ္ျမႇီးမွပင္ မေတြ႕ရေလေတာ့ ပန္ပန္ေၾကာင္သြားကာ
"ခုနဒီမွာရွိပါတယ္.. ဘယ္ေရာက္သြားပါလိမ့္"
"အဟြန္း..."
ဘာေျပာရမွန္းမသိေအာင္နင္ၿပီး အင္တင္တင္ ျဖစ္သြားေသာသူမကိုၾကည့္ၿပီး ေကာင္းျခင္းေလွာင္ရယ္လိုက္သည္။
"ျပေလ.. မင္းရဲ႕ေခြး.."
"ခုနကတကယ္ရွိတယ္ ကြၽန္ေတာ္မညာဘူး.."
အတင္းပင္ေျဗာင္လိမ္ေနေတာ့ ေကာင္းျခင္း ႏႈတ္ခမ္းတို႔က အထင္ေသးစြာမဲ့က်သြားရသည္။ တကယ္က ဒီလိုအကြက္မ်ိဳးေတြမသိရေအာင္ ေကာင္းျခင္းတည္ၿမဲဆိုသည့္ေကာင္က တုံးအေနတာမွမဟုတ္တာ။
သူ႔ဘဝမွာမိန္းကေလးေပါင္းမ်ားစြာ၏ဇာတ္လမ္းဆင္ျခင္းကို ႀကိမ္ဖန္ေပါင္းမ်ားစြာခံခဲ့ရၿပီ ျဖစ္၍ ႐ီုးအီေနၿပီျဖစ္သည္။ မိန္းကေလးေတြက သူႏွင့္ဇာတ္လမ္းျဖစ္ဖို႔မ်ိဳးစုံႀကံစည္ေနရတဲ့အထိကို ေကာင္းျခင္းတည္ၿမဲဆိုသည့္သူက ႏွယ္ႏွယ္ရရပုဂၢိဳလ္မဟုတ္ဘူးေလ။
အသက္(၂၃)အ႐ြယ္သာရွိေသးေသာ္လည္း စြန္႔ဦးတီထြင္လူငယ္လုပ္ငန္းရွင္အျဖစ္ ႏိုင္ငံပိုင္ သတင္းစာေတြ၊ ႐ုပ္ျမင္သံၾကားေတြကပါ ေဖာ္ျပရသည္အထိ ေက်ာ္ၾကားသူ။ အသက္(၂၀)အ႐ြယ္ကတည္းက အေမရိကားကိုbusiness scholarship program တစ္ခုႏွင့္ေရာက္သြားၿပီး ထိုprogramမွာ တစ္ကမာၻလုံးအတိုင္းအတာႏွင့္အဆင့္(၂)ခ်ိတ္ခဲ့သူ။
ျမန္မာျပည္ျပန္ေရာက္လာသည္မွာ မၾကာေသးပါ။ သို႔ေသာ္ Businessႏွင့္သက္ဆိုင္ေသာ နည္းပညာsoftwareတစ္ခုကို ေအာင္ျမင္စြာပင္ တီထြင္ႏိုင္ၿပီးေနာက္ ျမန္မာ့စီးပြါးေရးေလာက၌ လူငယ္လုပ္ငန္းရွင္အျဖစ္ လူသိမ်ားလာသည္။ သတင္းေတြ၊ media ေတြကပါအႀကိမ္ႀကိမ္ ေဖာ္ျပရသည္အထိ ထူးခြၽန္ထက္ျမက္လြန္းေသာ ေကာင္းျခင္းတည္ၿမဲ။
ေကာင္းျခင္းတည္ၿမဲက ပညာေရးပိုင္းႏွင့္စီးပြါးေရးပိုင္းပဲ ေတာ္လြန္းသူမဟုတ္။ ႐ုပ္ရည္ေခ်ာေမာၿပီး မ်ိဳး႐ိုးစဥ္ဆက္လည္းခ်မ္းသာႂကြယ္ဝသူျဖစ္ရာ ခ်စ္သူရည္းစားမရွိေသးေသာသူ႔ကို မိန္းကေလးေတြက ရလို႔ရဌား ဇာတ္လမ္းအမ်ိဳးမ်ိဳးကိုဖန္တီးၾကသည္ပဲေလ။
သို႔ေသာ္ ဒီတစ္ေယာက္ကေတာ့ အေနအထားအဆိုးဆုံးျဖစ္မည္။ ၾကည့္ေလ.. သရီးကြာတာေဘာင္းဘီနဲ႔ တီးရွပ္အပြႀကီးကိုဝတ္ထားေသာ ဘာမွဆြဲေဆာင္မႈမရွိသည့္မိန္းကေလး။ တိုနံ႔နံ႔ဆံပင္ကုပ္ဝဲၾကားမွမ်က္ႏွာကလည္း ကေလးသာသာေလးသာရွိေသးသည္။ အသက္လည္းငယ္ေသးပုံပင္။ ဒါေတာင္ ေယာက်ၤားတစ္ေယာက္ကို အပိုင္ဖမ္းဖို႔ဇာတ္လမ္းဆင္တတ္ေနၿပီပဲ။
အေတြးျဖင့္ ေကာင္းျခင္းႏႈတ္လမ္းေတြက အထင္ျမင္ေသးလြန္းစြာ မဲ့က်သြားရျပန္ၿပီး
"ဒီမွာခ်ာတိတ္.. မင္းဆင္တဲ့အကြက္မ်ိဳးကေလ ေကာင္းျခင္းတည္ၿမဲအတြက္ ႐ိုးေနၿပီ ဒီေတာ့သိေအာင္တစ္ခါတည္းေျပာမယ္ မင္းပုံစံနဲ႔ တစ္ဘဝလုံးႀကိဳးစားရင္ေတာင္ ငါျပန္ႀကိဳက္မွာ မဟုတ္လို႔ တစ္ခါတည္းေနာက္ဆုတ္လိုက္.."
"ဘာရယ္..."
"မင္းၾကည့္ရတာငယ္ေသးပုံပဲ အလုပ္ေသခ်ာလုပ္ပါ ခ်မ္းသာၿပီး ေက်ာ္ၾကားတဲ့ေယာက်ၤားေတြကိုအပိုင္ဖမ္းဖို႔ေလာက္ပဲေတြးမေနနဲ႔ ဘဝကိုဒီလိုျဖတ္လမ္းနည္းနဲ႔လိုက္တာက အင္မတန္ရွက္စရာေကာင္းတယ္ကြ နားလည္လား"
"ဘာေျပာတယ္..."
လူကိုအေသအခ်ာစိုက္ၾကည့္ရင္းအထင္ေသးစြာဆိုလိုက္ေသာစကားတို႔ေၾကာင့္ ပန္ပန္ေဒါသေတြ ေထာင္းခနဲ႔ထြက္သြားကာ..
"ခင္ဗ်ားဘာေတြေျပာေနမွန္း ကြၽန္ေတာ္တစ္ခုမွနားမလည္ဘူး ကြၽန္ေတာ့္စက္ဘီးဘရိတ္မမိေတာ့လို႔ ခင္ဗ်ားကိုဝင္တိုက္မိတာ.."
"ေတာ္စမ္း.. မင္းအကြက္ေလာက္ေတာ့ ငါက႐ိုးေနၿပီ အခုမင္းလုပ္လိုက္လို႔ငါ့အက်ႌေပသြားၿပီ ဒီအက်ႌကဘယ္ေလာက္တန္လဲသိလား ဒါကlimited ထုတ္ထားတာေနာ္အနည္းဆုံး(၁၈)သိန္းအထက္ပဲ.."
"ဟင္...."
ထြက္ေနသည့္ေဒါသေတာင္နင္သြားသည္။ သူမေၾကာင့္ေပသြားသည့္အက်ႌက (၁၈)သိန္းေက်ာ္ဆိုေတာ့ မ်က္လုံးေတြပင္ျပဴးသြားရ၏။ ဘယ္လိုလူကမ်ား တီးရွပ္အက်ႌေလးကို(၁၈)သိန္းေက်ာ္ ေပးဝတ္သလဲ။ အံ့ဩပါ့..။
"မင္းေၾကာင့္ ငါ့အက်ႌစြန္းသြားၿပီး မင္းဘာလုပ္ေပးမွာလဲေျပာ.."
"ဟို..."
"မင္းေလ်ာ္ႏိုင္လို႔လား.."
ေမးပုံကရင့္လွေသာ္လည္းပန္ပန္အသံမထြက္ရဲ။ ဟုတ္တယ္ေလ.. ကိုယ္မွမေလ်ာ္ႏိုင္တာ။ လူကေဘလ္တစ္ေထာင္ဖိုးေတာင္ သုံးရက္ေလာက္ေခြၽတာသုံးေနရတာကို။ (၁၈)သိန္းေက်ာ္အက်ႌကိုအေလ်ာ္ေပးဖို႔ဆိုလွ်င္ ဟိုအတန္းသြားမွရေတာ့မည္။
ဟိုအတန္းသြားမယ္ဆိုရင္ေတာင္ ဒီ႐ုပ္ဒီရည္နဲ႔ (၁၈)သိန္းရဖို႔မလြယ္သည့္ဘဝ။ ဒီေတာ့ ေဒါသကိုသည္းခံပါေလ မိပန္ပန္။
"မင္းအေနအထားနဲ႔မေလ်ာ္ႏိုင္ဘူးဆိုတာ ငါသိတယ္ ငါလည္းမေလ်ာ္ခိုင္းပါဘူး ဒါကို အေၾကာင္းျပၿပီး မင္းငါ့ကိုဇာတ္လမ္းဆင္မယ္ဆိုတာငါသိၿပီးသားပါ မင္းအကြက္ထဲေတာ့ အဝင္မခံႏိုင္ဘူး ဒီေတာ့ဒီေလာက္နဲ႔ပဲဇာတ္လမ္းျဖတ္လိုက္.. ထပ္ၿပီးငါနဲ႔ဆက္ႏြယ္ဖို႔ မႀကိဳးစားနဲ႔ေတာ့.."
စကားေတြကခံျပင္းစရာေကာင္းေအာင္ ရင့္သီးလွေသာ္လည္း ပန္ပန္သည္းခံလိုက္သည္။ ေျပာခ်င္ရာေျပာပါေစ..။ ပိုက္ဆံမေလ်ာ္ရၿပီးေရာ..။
"မင္း႐ုပ္မင္းရည္က သိပ္အေခ်ာႀကီးမဟုတ္ေပမဲ့ အသက္ငယ္ေသးေတာ့ လင္ေကာင္းသားေကာင္းေတာ့ရႏိုင္ပါတယ္ ေနာက္ထပ္ ျဖတ္လမ္းနည္းေတြမသုံးနဲ႔ေတာ့ ဒီေလာက္နဲ႔ပဲ ရွက္တတ္ပါေစခ်ာတိတ္"
လူကိုအထင္ျမင္ေသးစြာႏွင့္ ရင့္ရင့္သီးသီး ေျပာဆိုၿပီးေနာက္ ထိုလူကသူ႔ကိုသူအင္မတန္ အထင္ႀကီးေသာအၿပဳံးေတြႏွင့္ ကားေပၚတက္လ်က္ထြက္သြားေတာ့သည္။
"ေတာက္.. ဘာႀကီးလဲ.. ဘာေတြေျပာမွန္းကိုမသိဘူး. ဘဝ႐ူးလားပဲ မုန္းစရာႀကီး"
ပန္ပန္ေဒါသေတြႏွင့္တႏုံ႔ႏုံ႔က်န္ခဲ့စဥ္မွာပင္..
"ဟင္...."
ဘယ္ကေနဘယ္လိုထြက္လာမွန္းမသိေသာ ခုနကေခြးကိုျမင္ေတာ့ ေဒါသေတြပိုထြက္သြားရကာ..
"ၾကည့္စမ္း.. ခုနတုန္းကေတာ့ နင္မရွိဘူး ဘယ္ေပ်ာက္ေနသလဲ နင့္ေၾကာင့္ ငါပိုးစိုးပက္စက္အေျပာခံလိုက္ရတယ္ အယုတ္တမာေခြး ေသာက္က်င့္မေကာင္းတဲ့ေခြးစုတ္ေခြးပဲ့.. ကဲဟာ.."
ဟိုဘဝ႐ူးေၾကာင့္ထြက္သည့္ေဒါသေတြက ေခြးထံသို႔စုၿပဳံသြားၿပီး ေက်ာက္ခဲႏွင့္ေကာက္ေပါက္ပစ္လိုက္သည္။ ကံဆိုးခ်င္ေတာ့ ခဲမွန္သြားသည့္ေခြးက ကိန္းခနဲ႔ေအာ္ၿပီး ထြက္မေျပး။ သူမကို ေဒါသတႀကီး ေျပးဆြဲရာ..
"ဟဲ့ေခြး.. သြား မလာနဲ႔ေလ.."
"အေမေရ... ကယ္ပါ.."
ပန္ပန္တစ္ေယာက္စက္ဘီးေတာင္မယူႏိုင္ေတာ့ဘဲ အိမ္ေရာက္သည္အထိ ေအာ္ဟစ္ေျပးလာလိုက္သည္မွာ ဖိနပ္ေတာင္ကြၽတ္က်န္လို႔..။
အေမမိုးမွာေတာ့ မုန္႔ဟင္းခါးorderေလးသြားပို႔ခိုင္းပါတယ္။ ဟင္းရည္ေတြေပက်ံေနသည့္ခ်ိဳင့္အလြတ္ႀကီးဆြဲလ်က္ စက္ဘီးလည္းျပန္မပါ။ ဖိနပ္လည္း တစ္ဖက္ကြၽတ္က်န္ၿပီး ေရာက္ခ်လာေသာ သမီးအလိမ္မာတုံးကိုၾကည့္ၿပီး စိတ္ပ်က္လက္ပ်က္သာ ေခါင္းခါယမ္းမိေတာ့၏။
ဘယ္သူမွမမွားဘူး။ ခိုင္းမိသည့္မိမိအမွား..။
ဆက္ရန္
ဆူးခတ္ပန္း