𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔�...
By choyee6
285K 26.2K 1.9K
13 Century နဲ့ လက်ရှိ Modern World အကြားက Time Travel အမျိုးအစားလေးပါ။ မှော်အတတ်ပညာတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေ... More
Intro
Isaac Harold Kendrick
Minn Thit Kaung Yan (Kingsley)
🦋 1 🦋
🦋 2 🦋
🦋 3 🦋
🦋 4 🦋
🦋 5 🦋
🦋 6 🦋
🦋 7 🦋
🦋 8 🦋
🦋 9 🦋
🦋 10 🦋
🦋 11 🦋
🦋 12 🦋
Character Intro
🦋 13 🦋
🦋 14 🦋
🦋 16 🦋
🦋 17 🦋
🦋 18 🦋
ေခတၱရပ္နား (ခေတ္တရပ်နား)
နှစ်သစ်ဆုမွန်ကောင်း (နှစ်သစ်ဆုမွန်ကောင်း)
🦋 19 🦋
🦋 20 🦋
🦋 21 🦋
🦋 22 🦋
🦋 23 🦋
New Fic Announcement
🦋 24 🦋
သိစေချင်သည့်အကြောင်းအရာ
Return
🦋 25 🦋
🦋 26 🦋
သေချာပေါက်ဖတ်ပေးပါ
🦋 27 🦋
🦋 28 🦋
🦋 29 🦋
🦋 30 🦋
🦋 Isaac Harold Kendrick🦋
🦋 31 🦋
🦋 32 🦋
🦋 33 🦋
Announcement
🦋 34 🦋
🦋 35 🦋
🦋 36 🦋
🦋 37 🦋 (Final)
S2 & Explanation
ခဏတာ နှုတ်ဆက်စာ
S2 Announcement
Book Announcements
🦋 15 🦋
4.6K 596 67
By choyee6
"Aldous"
"မင်းသား အိုင်းဆက်"
"လက်ဖက်ခြောက်..."
"ဟင် ဒါဆို သူတို့က..."
"အင်း...."
"Kingsley..."
"ပြောပါ အရှင့်သား"
"လက်ဆောင်..."
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
"အရှင့်သား ဒဂါင်္းမရှိပဲ ဘာနဲ့ဝယ်လာပါသလဲ"
"Aldous ဆီက ဒဂါင်္းတွေခဏယူခဲ့တာ"
"ဘာဖြစ်လို့်လဲ"
"............."
".............."
".............."
"ရေကန်..."
4950 words
Unicode
"Aldous"
နာမကျန်းလူနာများ ရှင်းလင်းစပြုချိန် အသံပြုလိုက်သည့်အခါ Aldous ကမော်ကြည့်လာခဲ့ပြီး အိုင်းဆက်ကိုမြင်သည့်အခါ ထိုင်နေရာမှထ၍ အနားသို့လျှောက်လာခဲ့သည်။
"မင်းသား အိုင်းဆက်"
"မင်းနဲ့ငါက အသက်လဲတူညီနေတယ် ။ အခုလို ရဲတိုက်တွေရဲ့ပြင်ပဆီမှာတော့ အဆောင်အယောင်တွေမထည့်ပဲ ပြောဆိုကြမယ်ဆို ပိုမကောင်းပေဘူးလား "
"မင်းသားရဲ့သဘောအတိုင်းပါ။ ဘယ်နေ့ကရောက်နေတာလဲ ။ ဘာမှလဲမပြောပဲ ဘယ်မှာနေနေခဲ့သလဲ"
"သာမာန်ပြည်သူတစ်ဦးအနေနဲ့ လည်ပတ်ချင်လို့ရောက်လာခြင်းပါ။ ယမန်နေ့ကရောက်ခဲ့ပြီး အရာအားလုံးအဆင်ပြေပေတယ်"
"ရေနွေးကြမ်းသောက်မလား အိုင်းဆက်။ စစ်သူကြီးလဲထိုင်ပါ။ ငါတို့ဆီက ရေနွေးကြမ်းက အရသာသိပ်ရှိလှတာနော်"
Aldous ခေါ်ဆောင်ရာစားပွဲလေးထံ အိုင်းဆက်တို့ဝင်ထိုင်၍ ကမ်းပေးလာသည့် ရေနွေးကြမ်းခွက်လေးမှ အရည်များသည် နီညိုရောင်အရည်ကြည်တစ်ဝက်၊ အပြာရောင်အရည်ကြည် တစ်ဝက်ဖြစ်နေခြင်းကို Kingsley မှာ အံ့သြတကြီးဖြစ်နေကာ ခွက်ကိုမြှောက်ကြည့်သည့်အခါ Aldous ကရယ်သည်။
"စစ်သူကြီး အံ့သြနေတာပါလား။ ငါတို့ ကီရာတို့ရဲ့နယ်မြေက ရေတွေနဲ့ ဆေးမြစ်ဆေးပင်တွေက ထူးဆန်းအံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတာကို သိရဲ့သားနဲ့"
"ငါ့ရဲ့ Kingsley က မြားဒဏ်ရာကနေ ပြန်သတိရလာပြီးနောက်ပိုင်း အဆိပ်ရဲ့ဆိုးကျိုးတွေကို ခံစားနေရတဲ့အတွက် အကြောင်းအရာတွေ၊ လူပုဂ္ဂိုလ်တွေကို မေ့လျော့နေတယ် Aldous"
"အို စိတ်မကောင်းလိုက်တာ။ ဆေးတစ်ဖုံလောက်စပ်ပြီးရင် မိုခီတာကိုပို့ပေးလိုက်ပါမယ် "
"မင်းသား Aldous ကျွန်တော်မျိုးတခုလောက် မေးခွင့်ရှိမလား"
"စစ်သူကြီးမေးချင်သမျှ တခုမက မေးမြန်းနိုင်ပါတယ်"
"ရေနွေးကြမ်းထဲမှာ ဘယ်လက်ဖက်ခြောက် ခပ်ထားတာလဲ"
"လက်ဖက်ခြောက်..."
"အရွက်တမျိုးမျိုးလားလို့ မေးတာပါမင်းသား"
"ဒါက သစ်ဥနှစ်မျိုးကိုနေလှန်းပြီး အမှုန့်ကြိတ်ရောစပ်ထားတာပါ။ ဒါလေးကိုခပ်လိုက်တဲ့ ရေနွေးကြမ်းရဲ့အရောင်က ယခုလိုနှစ်မျိုးပေါ်ပါတယ်။ ဘယ်လိုမှရောစပ်သွားခြင်းမရှိတဲ့...."
Aldous ဧ။်စကားမဆုံးခင်မှာပင် Kingsley မှာ ကြေးဇွန်းတခုကို လှမ်းယူ၍ပြောင်းပြန်ကိုင်ကာ သူဧ။်ရေနွေးခွက်ထဲမှ အရည်တို့ကိုရောမွှေလိုက်သည်။ မွှေပြီးသည်နှင့် ချက်ချင်းဆိုသလို အရောင်ပြန်ကွဲသွားသည်အခါ အလိုမကျသေးဟန်ဖြင့် နောက်တစ်ခေါက်ထပ်မွှေပြန်ပြီးနောက် ရလဒ်ကတူညီနေသည့်အခါ ပြုံးပြလာခဲ့သည်။
"တကယ်ပဲ ရောမသွားနော် မင်းသား အဟဲ"
"စစ်သူကြီးကမယုံပဲကိုး။ ရောမသွားတဲ့အပြင် နီညိုရောင်အရည်ကို သောက်သုံးတဲ့အခါ ချိုရှရှအရသာရပြီး အပြာရောင်နဲ့ထိတွေ့တဲ့အခါ ဖန်တဲ့အရသာကို ရရှိမှာပါ။ အဲ့ဒါအပြင် ဒီရေနွေးကြမ်းက အဖိုးအခကြီးတဲ့အတွက် လူတိုင်းသောက်ခွင့်မရပါဘူး။ ငါ့ရဲ့မိတ်ဆွေတွေကိုတော့ ဧည့်ခံလေ့ရှိတာပေါ့။ ဒါကိုသောက်ပြီးရင် နွမ်းနယ်နေတာတွေ ပင်ပန်းနေတာတွေဟာ ခဏလေးအတွင်းမှာကို လုံးဝပျောက်သွားမှာပါ"
ယခင်ကနှင့်အတူ ပြောင်းလဲလာကာ မေးခွန်းအရမ်းမေးတတ်လာသူ Kingsley နှင့် နတ်ဆေးဆရာဖြစ်သည့်အတွက် ဆေးအကြောင်းဆိုလျှင် နေ့မအိပ်ညမအိပ် ပြောပြနိုင်သည့် Aldous အကြား အိုင်းဆက်ဝင်ပြောခြင်းမပြု နားထောင်ရုံသာနေနေခဲ့သည်။ တကယ်ပင် ကီရာတိုဧ။် ဆေးပညာနှင့် သစ်ဥသစ်ဖုများဧ။် စွမ်းပကားသည် ယုံမှာသံယယရှိဖို့ မလိုအပ်ပေမှန်းလဲ ယခင်ကတည်းက သိနှင့်နေသလို ရေနွေးကြမ်းသောက်သုံးပြီးနောက် လန်းဆန်းလာခဲ့သည့် မိမိဧ။်ကိုယ်ခန္ဓာကလဲ သက်သေပြနှင့်ပြီးဖြစ်သည်။
"ကီရာတိုက ထူးဆန်းတာတွေနဲ့ပြည့်နှက်နေပြီး ဆေးပင်တွေ သိပ်ကိုအစွမ်းထက်တယ်ဆိုတာ အရှင့်သားပြောလို့သိပါတယ်။ အရင်ကကျွန်တော်မျိုးနဲ့ ကြုံဖူးမှာပေမယ့် အခုရော တခုခုလောက်လုပ်ပြလို့ မရဘူးလားမင်းသား"
"Kingsley မင်း လုပ်နေတာတွေ ရပ်သင့်နေရော့ပြီ"
"နေပါစေ အိုင်းဆက်။ စစ်သူကြီးကကြည့်ချင်နေတာကို ပြသပေးရမှာပေါ့။ ဒီမှာကြည့်လှည့်ပါ စစ်သူကြီး။ ဒါဆေးရည်က အပင်တွေကြီးထွားဖို့မြန်ဖို့ရာ အထောက်အပံ့ပေးပါတယ်။ ဒါကို သစ်စေ့ပေါ် လောင်းချလိုက်မယ်ဆိုရင်.."
မင်းသား Aldorus က ပြောပြရင်းဖြင့် သစ်စေ့လေးပေါ် လောင်းချလိုက်ပြီး ခဏခြင်းမှာပင် Discovery Channel တွေမှာ ပြသဖူးသလို အညှောင့်လေးများထွက်လာပြီး အရွက်၊အမြစ်စသည့် အရာများပါထွက်ရှိလာကာ အပင်ငယ်အဖြစ်သို့ ရောက်ရှိသွားခြင်းကြောင့် ကောင်းယံမှာ 2022 မပြန်ခင် တစ်ဘူးလောက်သယ်သွားချင်မိသည့်အထိ။ တောင်းချင်သော်လည်း မင်းသားအိုင်းဆက်က စိုက်ကြည့်နေပြီမို့ ဘာမှထပ်မပြောသင့်ဟုယူဆကာ နှုတ်ဆိတ်လိုက်ပြီး သူတို့အချင်းချင်းပြောသည့် စကားများကိုသာ နားစွင့်နေလိုက်သည်။
"အနက်ရောင်မြင်းတပ်အနောက် လိုက်နေတုန်းလား အိုင်းဆက်"
"အဖြေမှတိတိပပမရသေးတာ လိုက်နေရပေဦးမှာပေါ့"
"မပေါ်လာတာ နည်းနည်းကြာပြီဆိုတော့ မရှိလောက်တော့ဘူးများလား"
"မှားတယ် ငါ အန်ချီကိုသွားတဲ့ လမ်းခုလတ်မှာကို ထိပ်တိုက်တွေ့ခဲ့ရော့တယ် Aldorus ။ အန်ချီနဲ့သိပ်ကိုနီးလွန်းနေတဲ့ တောအုပ်ထဲမှာ"
"ဟင် ဒါဆို သူတို့က..."
"ရှိနေသေးတုန်းပဲ။ Elroy ကို မင်းဘယ်လိုထင်မြင်သလဲ"
"Elroy နဲ့ပတ်သတ်ပြီး ငါလဲတစ်ရင်းတနှီးမရှိလှဘူး။ ဒါပေမဲ့ အနက်ရောင်မြင်းတပ်ကြောင့် သေဆုံးရတဲ့ပြည်သူပြည်သားတွေထဲ ကီရာတိုလဲအပါအဝင်ပါ။ ထူးခြားချက်က..."
"အင်း...."
"ကီရာတိုက တစ်ယောက်သေတိုင်း နောက်ရက်တွေမှာ မြို့ထဲမှာ Elroy ကိုတွေ့ရတယ်။ အဆောင်အယောင်နဲ့ လာတာမျိုးမဟုတ်ပဲ သူနဲ့ သူ့ရဲမက်နှစ်ယောက်လောက်နဲ့သာ လာလေ့ရှိတာ။ သူက အနက်ရောင်မြင်းတပ်နဲ့ ပတ်သတ်တယ်လို့ မင်းထင်မြင်နေသလား အိုင်းဆက်"
"သေချာတဲ့အကြောင်းအရာ မရှိတဲ့အတွက် ငါမစွပ်စွဲလိုဘူး"
"Elroy ကို ကီရာတိုမှာ တနေ့ကမှ တွေ့လိုက်ရသေးတယ်။ မြို့ပြင်ကိုထွက်သွားချိန်က ညနေအချိန်ဖြစ်လို့ အနက်ရောင်မြင်းတပ်နဲ့ မင်းဆုံခဲ့တဲ့နေရာဟာ တွက်ချက်မယ်ဆိုရင် Elory ရောက်နေလောက်တဲ့ အကွာအဝေးမှာရှိနေတယ်"
ထို့နောက်တွင်တော့ မင်းသားအိုင်းဆက်က Aldous ထံ ဘာမှထပ်မပြောတော့။ အခြားအကြောင်းအရာများသာ ပြောနေခဲ့ပြီး ပြန်ရန်နီးကပ်လာသည့်အခါ မိမိကိုတော့ စေခိုင်းလာခဲ့သည်။
"မြင်းတွေကို ရေနဲ့အစာကျွေးထားလှည့်ပါ Kingsley ။ ပြီးရင် အဲ့ဒီကနေ စောင့်နေပါ ငါလာခဲ့မယ်။"
"ကောင်းပါပြီအရှင့်သား"
"ပြန်တော့မှာလား အိုင်းဆက်"
"ညနေစောင်းနေပြီ ဒီအချိန်ပြန်မှ မိုးသောက်ယံလောက် မိုခီတာကို ရောက်ပေမယ်"
မြင်းသွားခေါ်ကာ ဆေးကုသပေးသည့်နေရာဧ။် အပြင်ဘက်တွင် မြင်းစာကျွေးရင်း လမ်းမပေါ်မှ ကလေးတစ်ယောက်နှင့် ရယ်မောစကားပြောနေသည့် Kingsley ကိုကြည့်နေရင်းက အိုင်းဆက်အကြည့်တွေကို Aldous ထံပို့လိုက်သည်။
"လက်ဆက်တော့မယ်ဆို Aldous"
"အင်း...အချိန်ကတော့ မရောက်သေးပါဘူး အနည်းငယ်ကြာပေဦးမယ်"
"မင်း သူ့ကိုချစ်မြတ်နိုးသလား၊ ချစ်မြတ်နိုးတယ်ဆိုတာကရော ဘယ်လိုများ ဖြစ်နေရော့မလဲ "
"ချစ်ခင်နှစ်သက်တယ်ဆိုတာကို ဘယ်လိုအဓိပ္ပယ်ဖွင့်ဆိုပြရလေမလဲ။ မင်းမှာ နှစ်ခြိုက်မိသူတွေ့နေပြီထင်တယ်"
"ငါ့ကိုယ်ငါ ပြန်လည်သုံးသပ်နေလှည့်တုန်းပါ။ ငါသူ့ကိုတကယ်နှစ်ခြိုက်တာလား ၊ ပြောင်းလဲနေတဲ့ သူ့ပုံစံကိုပဲ အသစ်အဆန်းဖြစ်လို့ နှစ်သက်နေတာမျိုးလားဆိုတာ"
"သူ့အနားမှာ မင်းနေချင်တယ် သူ ပျော်ရွှင်နေတာလိုချင်တယ်။ သူ့ရဲ့အပြုအမူလေးတွေကို မင်းမျက်လုံးထဲ သဘောကျနေပြီး အနားမှာထားချင်တယ်၊ဘယ်အရာကိုမဆို ဖြည့်ဆည်းပေးချင်တယ် သူ့အတွက်ဆို အကုန်ရင်ဆိုင်စွန့်လွှတ်ရဲတယ်ဆိုရင် သူ့ကိုမင်းတကယ်ပဲ နှစ်ခြိုက်နေလှည့်ပါပြီ"
"လောကထဲမှာ မသင့်လျော်တဲ့ ချစ်ခြင်းမျိုးရော ရှိရော့သလား Aldous"
"မရှိပေဘူး ချစ်ခြင်းမှန်သမျှ သင့်လျော်ပြီး တန်ဖိုးရှိလှပပေတယ် အိုင်းဆက်။ နှစ်ဖက်စစ်မှန်ရင် အဲ့ဒီချစ်ခြင်းဟာ လှပခိုင်မာလာတယ် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ပေါ့"
ချစ်ခြင်းမှန်သမျှ သင့်လျော်ပြီး တန်ဖိုးရှိတယ်တဲ့။ Kingsley ကရော ဒီလိုအတွေးမျိုးရှိမှ ရှိလေပါ့မလား။ နေလုံးကြီးပျောက်ကွယ်သွားပြီးနောက် ကီရာတိုမှစတင်ခွာလာခဲ့ကြပြီး ပင်ပန်း၍လားမသိပေ၊ Kingsley က စကားပင်မပြောတော့ပဲ အသံတိတ်သာ လိုက်လာနေသည်။ တောအုပ်ကြီးဧ။်အလယ်ကို ဖြတ်သန်းချိန်တွင်တော့ ဘူးလေးတစ်ဘူးကို အိုင်းဆက်ထုတ်ယူလိုက်သည်။ ထို့နောက်...
"Kingsley..."
"ပြောပါ အရှင့်သား"
"လက်ဆောင်..."
ဘူးလေးကိုအသာလှမ်းယူ၍ ဖွင့်ကြည့်ပြီးသည့်နောက် ဆွဲကြိုးလေးကိုမြင်သည့်အခါ Kingsley မှာ ပါးစပ်ပင်ဟောင်းလောင်းပွင့်သွားလေသည်။ ကိစ္စအကြောင်းအရာများကို မေ့လျော့နေသည့် Kingsley အပေါ်အခွင့်ကောင်းယူကာ မိုခီတာတိုင်းပြည်ဧ။်တော်ဝင်မိသားစု အလေ့အထဖြစ်သည့် ဆွဲကြိုးလက်ဆောင်ပေးပါက လက်ခံရယူသူသည် ပေးသူဧ။် ကြင်ယာတော်အဖြစ် သတ်မှတ်လိုက်ခြင်း ခံလိုက်ရသူသာ ဖြစ်ကြောင်းကိုတော့ အိုင်းဆက် ထည့်မပြောလိုက်တော့ပေ။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ဆွဲသီးမှ ရောင်စုံအရောင်လေးများက လင်းနေခြင်းက တောအုပ်အမှောင်ထုထဲ မှော်ဆန်နေသကဲ့သို့၊ သိပ်လိုချင်ခဲ့သည့် ဆွဲကြိုးလေးဖြစ်ခြင်းကြောင့် ပါးစပ်ပင်မစိနိုင်လောက်အောင် ကောင်းယံပျော်သွားရသည်။ ခပ်မြန်မြန်ပင် လည်ပင်း၌ ဆွဲလိုက်ကာ....
"အရှင့်သား ဒဂါၤးမရှိပဲ ဘာနဲ့ဝယ်လာပါသလဲ"
"Aldous ဆီက ဒဂါၤးတွေခဏယူခဲ့တာ"
"ဘာဖြစ်လို့်လဲ"
"မင်း နှစ်ခြိုက်တဲ့အရာလေးဖြစ်နေလို့ ဆက်ဆက်ဝယ်ပေးချင်တာ။ မကြိုက်ရော့သလား Kingsley"
"ကျွန်တော်မျိုးက အရှင့်သားကိုသာ စောင့်ရှောက်ပြုစုရမှာကို အရှင့်သားကချည်း ကျွန်တော်မျိုးအတွက် လုပ်ပေးနေသလို ခံစားရလို့ပါ"
"ငါ့အတွက်က မင်းပျော်တယ်ဆိုရပေပြီ ။ ဘယ်လို အဖိုးအခ၊ ဘယ်လိုအရာကို ဘယ်လိုပုံစံနဲ့ ရယူရသည့်တိုင်အောင် မင်းပျော်နေမယ်ဆို ငါလုပ်ပေးမယ်။ "
"............."
"မင်း ပြောဖူးတယ်လေ Kingsley ။ မိန်းမ ယောက်ကျားဆိုတဲ့ သတ်မှတ်ချက်ကို မေ့ပစ်လိုက်ပြီး ချစ်ခြင်းမေတ္တာကိုပဲ မြင်အောင်ကြည်လှည့်ပါ ဆိုတဲ့စကား၊ အဲ့ဒီစကားအတိုင်း ငါမြင်အောင်ကြည့်လိုက်တော့ ငါ လူတစ်ဦးကို တွေ့ခဲ့ပေတယ်။ နံဘေးနားရှိနေတတ်သူပေါ့"
".............."
"အဲ့ဒီလူက တူညီတဲ့ လူသားခြင်းနှစ်ခြိုက်မှုကို လက်ခံနိုင်သူ ဟုတ်ပေလား မဟုတ်ပေဘူးလား ငါမသိပေဘူး။ ဟုတ်ပေသည့်တိုင်အောင် ငါ့အပေါ်ကိုရော မေတ္တာရှိနိုင်လာရဲ့လား ဆိုတာလဲ ငါမသိပေဘူး။ ဒါပေမဲ့ Aldous က ပြောလိုက်ပေတယ်။ ချစ်ခြင်းမှန်သမျှက သင့်လျော်ပြီး တန်ဖိုးရှိပါတယ်။ နှစ်ဦးနှစ်ဖက် စစ်မှန်ရင် လှပခိုင်မာပါတယ်တဲ့။ "
".............."
"အဲ့ဒီအတွက်ကြောင့် သိပ်သိချင်နေပါတယ် Kingsley ၊  မင်းရဲ့သဘောထားကရော ဘယ်လိုများ ဖြစ်နေရော့မလဲဆိုတာ"
မိမိထံသေချာစူးစိုက်စွာကြည့်ရင်း အက်ရှရှဖြင့်ပြောသွားသည့် မင်းသားအိုင်းဆက်ဧ။် စကားလုံးများက ဘယ်အရာကို ဦးတည်နေမှန်း အရွယ်ရောက်သူပေမို့ ကောင်းယံ ကောင်းစွာနားလည်နေသည်။ တဆက်တည်းမှာပင် ဝမ်းနည်းမှုကပါ တိုးဝင်လာခဲ့ပြီး ပြန်ဖြေဖို့ရာ စကားလုံးတို့ကမဲ့ဧ။်။
တစ်ကြိမ်မှမကြုံဖူးသည့် မိမိထံသို့ လိင်တူတစ်ယောက်ဧ။် ချစ်ခြင်းဝန်ခံချက်၊ တစ်ကြိမ်မှ မစဉ်းစားဖူးသေးသည့် ထိုဝန်ခံချက်အပေါ် ပြန်ဖြေရမည့်အဖြေ၊ ပွင့်လင်းစွာဝန်ခံရမည်ဆိုလျှင် လိင်တူချစ်ခြင်းအပေါ် လက်ခံနိုင်ခြင်း၊မခံနိုင်ခြင်းထက် မင်းသားအိုင်းဆက် ချစ်ရေးဆိုခြင်းခံနေရသူသည် မိမိဖြစ်နေဧ။်လော သို့တည်းမဟုတ် သူဧ။်သက်တော်စောင့် Kingsley ကိုသာ ရည်ရွယ်နေခြင်းလော စသည်ကိုသာ တွေးမိနေခြင်းပင်ဖြစ်သည်။
မိမိဧ။် ID အစစ်အမှန်သည် မင်းသစ်ကောင်းယံဆိုသူသာ ဖြစ်ပြီး မင်းသားအိုင်းဆက်ဧ။် သက်တော်စောင့် Kingsley နှင့် အမည်နှင့်ရုပ်တူခြင်းသာရှိခြင်းကြောင့် မင်းသစ်ကောင်းယံဆိုသည့် မိမိကိုမသိရှိထားသော မင်းသားအိုင်းဆက် ရည်ရွယ်သူမှာ သူဧ။် Kingsley သာ ဖြစ်လိမ့်မည်ဆိုသည်မှာ 99% မက သေချာနေခြင်းကြောင့် ဝမ်းနည်းသွားရခြင်းကို မငြင်းလိုပေ။ ထိုသို့ဆိုလျှင် မိမိဘာကြောင့်ဝမ်းနည်းသွားရသလဲ၊ ကိုယ်တိုင်ဧ။်မသိစိတ်က မင်းသားအိုင်းဆက်အပေါ် စိတ်တိမ်းညွှတ်နေခဲ့ပြီးသား ဖြစ်လေခဲ့သည်လား။
"ရုတ်တရက်ဆန်ပြီး သိပ်ကိုလက်ခံရ ခက်ခဲလိမ့်မယ်ဆိုတာ ငါသိနေရော့တယ်။ ချက်ချင်းဖြေပေးဖို့ မလိုပေဘူး"
မင်းသားအိုင်းဆက်မှာလဲ ယခုတော့ မျက်နှာပူနေဟန်ရှိကာ မိမိကိုတည့်တည့်ပင်မကြည့် ရှေ့ဆက်သွားရန်ပြင်သည်။ ခရီးစဉ်တစ်လျှောက် ဘေးချင်းယှဉ်ရက် သွားခဲ့သော်ငြား အခုတော့ကိုယ်တိုင်လဲ ထူပူနေခြင်းကြောင့် ယှဉ်မသွားတော့ပဲ မင်းသားအိုင်းဆက်ဧ။် အနောက်ဘက်မှသာ ပြောင်းလဲလိုက်ခဲ့သည်။ ရုတ်ချည်းဆိုသလို ကြောက်ခမန်းလိလိ တိတ်ဆိတ်သွားပြီး ပတ်ဝန်းကျင်ကို အားပြုကြည့်လာသည့် ကောင်းယံမှာ ထူးခြားမှုတစ်ခုကို စတင်သတိပြုမိလာသည်။
ထိုအရာက မျက်လုံးထဲမြင်ဖူးနေသည့်ဟန်၊ ရင်းနှီးနေဟန်ရှိသည့် ပတ်ဝန်းကျင်အနေအထားပင်ဖြစ်ပြီး တစ်ခါမှမရောက်ဖူးသည်မှာလဲ သေချာနေပြန်သည်။ ဒါဆို ဒီနေရာကို ဘာကြောင့်များ ရင်းနှီးနေသလဲ...။
"ရေကန်..."
ဟုတ်သည်။ Land ပြောခဲ့ဖူးသည့် မမြင်နိုင်သည့် တစ်ဖက်ခြမ်းသို့သွားသည့်ရေကန်၊ မိမ်နေထိုင်ခဲ့ရာ 2022 ခုနှစ်ကိုပြန်လို့ရမည်ဟု မှတ်ယူထားသော ရေကန်တည်ရှိရာ မြေပုံပင်ဖြစ်ပြီး ကိုယ်တိုင်ရေးဆွဲ သိမ်းထားခဲ့ခြင်းကြောင့် လမ်းတွေကိုသိနေခြင်း။
ရှေ့ခပ်လှမ်းလှမ်းတွင် ရေကန်ရှိရာချိုးရမည့် လမ်းတစ်ခုရှိနေသည်ဖြစ်လို့ သွားမည်လား၊ လက်လွှတ်ခံလိုက်မည်လား ရွေးချယ်ရတော့မည့် အချိန်သို့ရောက်ရှိလာပြီဖြစ်သည်။ ရှေ့မှသွားနေသည့် မင်းသားအိုင်းဆက်ဧ။် ကျောပြင်ကို ငေးကြည့်နေမိသည့် မိမိမှာတော့ ဝေခွဲမရမှုတွေ၊ တုံ့ဆိုင်းမှုတွေကြား ချွေးတွင်ပင်ပြန်လာရပြီး ဘာလုပ်ရမည်မှန်း မသိတော့ပေ။
"မဟုတ်ဘူး ငါပြန်ရမယ်။ ငါကဒီမှာ ဝင်ကစွပ်ကောင်သပ်သပ်ပဲ။ Kingsley ရဲ့ခန္ဓာကိုယ်ထဲ ခဏရောက်လာတဲ့ ကပ်ပါးကောင်၊ ငါက မိုခီတာရဲ့ Kingsley မဟုတ်ဘူး၊ ငါက မင်းသစ်ကောင်းယံ၊ ငါတည်ရှိရမယ့်နေရာက 2022 ခုနှစ်ရဲ့ UK နိုင်ငံပဲ မိုခီတာမဟုတ်ဘူး။ ပြီးတော့ ငါက မင်းသားအိုင်းဆက် ချစ်နှစ်သက်တဲ့ Kingsley မဟုတ်ဘူး။"
တစ်ဦးတည်း ခပ်တိုးတိုးရေရွတ်ကာ မြင်းကိုရပ်ထားခဲ့ခြင်းကြောင့် မင်းသားအိုင်းဆက်နှင့် အနည်းငယ်မျှ ဝေးသွားပြီဖြစ်သည်။ ဆုံးဖြတ်ချက်ချလိုက်ကာ မြင်းဇတ်ကြိုးကိုလှည့်၍ ရေကန်ရှိရာသွားသည့်လမ်းသို့ ချိုးဝင်လိုက်ကာ ဒုန်းဆိုင်းစီးခဲ့တော့သည်။ ရေကန်ရှိရာမရောက်မီမှာပင် မင်းသားအိုင်းဆက်နှင့် အတူရှိခဲ့သမျှ ပုံရိပ်များအား တစ်ကွက်စီမြင်ယောင်လာပြီး ရင်တခုလုံးက တင်းကြပ်လို့လာခဲ့သည်။ ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ ခွဲရတော့မှာလား။
ရေကန်ကြီးမှာ အတော်ကျယ်ပြန့်ပြီး တချိန်ကခံ့ညားသည့်တိုင်အောင် ယခုတော့ လူအရောက်အပေါက်မရှိတော့ခြင်းကြောင့် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ အလေ့ကျအပင်များ အုံ့ဆိုင်းနေကာ ကန်တစ်ဝက်ခန့်ရေများသည်လည်း ညစ်ထေးကာသန့်စင်မှုမရှိ၊ ကိုင်ဆောင်လာသည့် ဓားနှင့်ဦးထုပ်ကို ရေကန်ဘောင်တွင် ချထားလိုက်ကာ စီးလာခဲ့သည့်မြင်းဧ။် လည်ဆံမွှေးများအား ပွတ်သပ်၍ တစ်ချက်နမ်းရှံ့လိုက်သည်။
"ကျေးဇူးတင်ပါတယ် ငါ့ကိုလက်ခံပေးခဲ့လို့"
လည်ပင်းဆီမှကြိုးလေးကိုတော့ ဖြုတ်ရန်ပြင်လိုက်ပြီးမှ မဖြုတ်ရက်စွာ ခပ်တင်းတင်းဆုပ်ထားလိုက်၍ ရေကန်ကြီးဧ။်အစပ်သို့ လျှောက်လာခဲ့သည်။ ကြိုတင်အသိပေးမထားပဲ ရောက်လာရသည့် မိမိဧ။်ရောက်ရှိမှုနှင့် နှုတ်ဆက်ချိန်မရပဲ ပြန်ရတော့မည့် မိမိဧ။်ထွက်ခွာမှု၊ အရာအားလုံးက ကံကြမ္မာဧ။်အလိုအတိုင်းသာ။
"နှုတ်ဆက်ပါတယ် အရှင့်သား။ ကျွန်တော်မျိုး အမြဲတမ်း သတိတရရှိနေမှာပါ"
ခန္ဓာကိုယ်က လေဟာနယ်ထဲရောက်သွားခဲ့ပြီး ရေပြင်ကြီးဧ။်အေးစက်မှုနှင့် အရင်ထိတွေ့လာသည်။ အသက်ဝအောင်ရှုသွင်းခဲ့ကာ ဖြည်းဖြည်းခြင်းစီမှုတ်ထုတ်ရင်း ကန်ဧ။်အောက်ခြေထဲ နစ်ဝင်လာသည့်အတိုင်း စီးမျောလိုက်ပါခဲ့သည်။ ခြေထောက်တစ်စုံက တစုံတခုထဲ စတင်နစ်ဝင်သွားခဲ့ပြီး ထိုသို့နစ်ဝင်နေခြင်းက တစတစနက်ရှိုင်းလာသည့်အခါ ထူးခြားချက်ကိုသတိပြုမိကာ ကောင်းယံဧ။်မျက်လုံးအစုံမှာ ပြူးကျယ်လာရချေသည်။
နစ်ဝင်နေခြင်းမဟုတ် တစုံတခုက ဖမ်းစုတ်ယူနေသည့်နှယ်ဖြစ်ပြီး ထိုတစုံတခုကပင် မိမိဧ။်ခြေကျင်းဝတ်ကို ကိုက်ခဲလို့ထားသည်။ ရုန်းကန်လေလေ ပိုမိုကိုက်ခဲလေလေဖြစ်ပြီး ရေပြင်ကြီးမှာလှုပ်ရှားနေသည်ကို ရေအောက်ထဲမှ မိမိသည်ပင် ခံစားသိရှိနေသည့်တိုင် ကူကယ်ရာမဲ့စွာ အရာအားလုံးက နောက်ကျသွားခဲ့ပြီဖြစ်သည်။
(A/N ဒီအပိုင်း 15 ရဲ့ရှေ့မှာ 14 ရှိပါတယ်။ Double update ပါရှင်။ နောက်ထပ် update ကတော့ ဗုဒ္ဓဟူးနေ့ပါ။ )
4950 words
Continue Reading
You'll Also Like
97.9K 2.8K 27
"𝐜𝐚𝐮𝐬𝐞 𝐢'𝐯𝐞 𝐡𝐚𝐝 𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠, 𝐛𝐮𝐭 𝐧𝐨 𝐨𝐧𝐞'𝐬 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐚𝐧𝐝...
229K 9.1K 31
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
37.2K 569 15
DELULU & GUILT PLEASURE