[Unicode]
"လင်းသစ် မင်းအုပ်စိုးပြန်သွားပြီလား"
"အေးပြန်သွားပြီဟ အိမ်ကခေါ်လို့တဲ့"
ခန့်သော်ကhotpotစားချင်လို့ဆိုပြီး ကျနော်တို့ကိုချက်ခိုင်းတယ် ခန့်သော်နဲ့မြတ်မင်းမောင်တို့ကတော့အိမ်ရှေ့မှာပန်းပင်ရေလောင်းနေလေရဲ့
လှိုင်းဝေနဲ့ဆောင်းကအသားလှီးနေပြီး
ကျနော်နဲ့မင်းသွန်းဆက်နဲ့ကကန်းစွန်းရွက်ချွေနေကြတယ်
"သူပြန်သွားတာငါလည်းမတွေ့ပါလားရော်"
"နင်မမြင်လိုက်လို့ဖြစ်မှာပါ ထွက်စရာအရှေ့ကတံခါးတစ်ပေါက်ပဲရှိတာကို"
ကျနော်ခေါင်းထဲမှာသူ့အကြောင်းတွေကြီးပဲစဉ်းစားနေမိတယ် 'သူကျနော်ကိုစိတ်ဆိုးသွားပြီလား' 'သူအိမ်ပြန်တာအဆင်မှပြေပါ့မလား' 'အိမ်ကရောဘာတွေပြောမှာလဲ' 'ကျောင်းပြန်တက်ရင်သူ့ကိုဘယ်လိုစကားပြောရမလဲ' 'ငါ့ကိုမုန်းများမုန်းသွားပြီလား'
"လင်းသစ် လင်းသစ်! နင်ဘာတွေစဉ်းစားနေတာလဲ"
"ဘာ..ဘာစဉ်းစားလို့လဲ မစဉ်းစားပါဘူး"
"အဲ့ဆိုဘာလို့ ကန်းစွန်းရွက်ကိုကြောင်ကြောင်ကြီးကြည့်နေတာလဲ"
"အော် ဒါချွေပြီးရင် ဘာဆက်လုပ်ရမလဲတွေးနေတာ"
"ဆောင်းဆီလာကူလေ"
ကျနော်အရှေ့မှာမတ်တပ်ရပ် အသားလှီးနေတဲ့ ဆောင်းသံစဉ်အသံပင်
"ညီမလေး အကိုကူပေးနေတာပဲ"
"လှိုင်းဝေကိုမပြောပါဘူး ဆောင်းကလင်းကိုပြောနေတာ
ပြီးတော့ဆောင်းကိုညီမလေးလို့လာမခေါ်နဲ့ အသက်အဲ့လောက်ငယ်တာလည်းမဟုတ်ပဲနဲ့"
"အဲ့ဆိုလင်းသစ်ကရောဘာလို့ခေါ်ခွင့်ရတာလဲ"
"လင်းကလင်း မတူပါဘူး"
မေသွန်းတစ်ယောက်ရယ်နေသည် ကျနော်မရယ်နိုင် ဆောင်းကကျနော်ကိုကြိုက်နေတယ်ဆိုတာသိအောင်တမင်လုပ်နေသလိုပဲ မင်းအုပ်စိုးစိတ်ဆိုးသွားတာလည်းမထားစမ်းပါ ကျနော်သာသူ့နေရာမှာဆိုရင်လည်းဒေါသထွက်မိမှာပဲ
'နေစမ်းပါဦး ငါဘာတွေတွေးနေမိတာလဲ'
ကျနော်သူ့အကြောင်းခေါင်းထဲကနေထွက်အောင်ဘာမှမစဉ်းစားတော့ပဲ ကန်းစွန်းရွက်ကိုသာဆက်ချွေနေလိုက်သည်
...............
"ငါဒီဘက်လောင်းလိုက်မယ်"
"မြတ် ငါအဲ့နေရာလောင်းပြီးပြီ အပင်တွေသေကုန်လိမ့်မယ်ဆက်မလောင်းနဲ့တော့"
"အေး
နေဦး ခုနကမင်းငါ့ကိုဘယ်လိုခေါ်လိုက်တာ?"
"ဘယ်လိုခေါ်လို့လဲ မြတ်မင်းမောင်လေ"
"မဟုတ်ပါဦး မြတ်လို့ခေါ်လိုက်တာမဟုတ်လား"
"မခေါ်ပါဘူး"
ကျနော်သူ့ကိုချစ်သူအဖြစ် ဖြစ်ခွင့်ရခဲ့ရင်'မြတ်'လို့တစ်လုံးထဲခေါ်မယ်ဆိုပြီးတွေးထားခဲ့တယ်
ဒါမယ့်အခု ဘာလို့ခေါ်လိုက်မိပါလိမ့်
"ခေါ်လိုက်ပါတယ်"
"အေးဟာ ငါခေါ်တယ် မင်းမကြိုက်ရင်မခေါ်.."
"ငါကြိုက်တယ် ငါ့ကိုဘယ်သူမှအဲ့လိုမခေါ်ဖူးဘူး"
စကားတောင်မဆုံးသေးပါ သူအဲ့လိုပြောလိုက်သည့်အတွက်ကျနော့်ရင်ထဲကြည်နူးမိလာတယ်
"နောက်ဆိုငါ့ကိုအဲ့လိုပဲခေါ်နော်"
"ဟာ...မခေါ်ချင်ဘူး မြတ်မင်းမောင်ပဲကောင်းတယ်"
"ခန့်သော်ကလဲ ခေါ်ပေးပါနော်နော်"
ကျနော့်လက်ကိုလာကိုင်လာသည် သူ့ရဲ့လက်တစ်စုံနဲ့ပေါ့ ပြီးတော့နှုတ်ခမ်းလေးစူကာ ကလေးမုန့်တောင်းနေသလိုပင်ဖြစ်နေသည်
"ပြီးရောဟာ ခေါ်ပေးမယ်"
"ပြီးရော"
ကျနော်မြတ်နိုးရတဲ့အပြုံးတစ်ချက်
အမြဲတန်းငေးကြည့်နေရတာဆိုတော့ အခုလိုအတူတူရှိခွင့်ရတာကျနော့်အတွက်ပျော်မဆုံးနိုင် ကမ္ဘာပေါ်မှာအပျော်ရဆုံးလူသားလို့တောက်ကိုယ့်ကိုကိုယ်တတ်မှတ်မိသည်
"ဟိုကောင်တွေချက်တာမပြီးသေးဘူးလားမသိဘူး ဗိုက်ဆာလာပြီ"
"သွားကူကြမယ်လေ ဗိုက်ဆာနေပြီဆို မြန်မြန်လုပ်မှမြန်မြန်ပြီးမှာ"
"မသွားချင်ဘူး ပျင်းတယ်"
"မင်းသဘောပါကွာ"
သွားမကူရခြင်းအကြောင်းအရင်းက ကျနော်တို့နှစ်ယောက်ထဲအတူရှိချင်မိလို့ ဟိုကောင်တွေနဲ့ဆိုရင် ဟိုမေးဒီမေးနဲ့မလွတ်လပ်
"ရေကုန်သွားပြီဟ"
"ပုံးထဲမှာရေမရှိတော့ဘူးလား"
"အင်း"
"နေဦးငါသွားယူပေးမယ်"
"အေး"
ကျနော်လက်ထဲကရေပုံးကိုချလိုက်ကာ ပန်းပင်နားမှာရှိတဲ့ခုံတန်းပေါ်ထိုင်စောင့်နေလိုက်သည်
ခနကြာတော့
"ရော့"
ကျနော်ရှေ့တည့်တည့်မှာ'မြတ်'ပင် သူ့လက်ထဲကမုန့်တစ်ထုပ်ကိုကျနော်ကိုလှမ်းပေးနေသည်
"ဒီမုန့်က"
"မင်းပဲဗိုက်ဆာတယ်ဆို ဟိုကောက်တွေက ကြာဦးမှာ အဲ့ကြောင့်အစာပြေဒီမုန့်အရင်စားထားလိုက်"
"ရပါတယ် မစားတော့ဘူး"
"ဘာလို့လဲ မင်းပဲဗိုက်ဆာတယ်ဆို"
"ဗိုက်ကဆာတယ် ဒါမယ့်ငါ.."
"စားပါ ငါကျွေးတာ"
"ပြီးရောဟာ"
ကျနော်ငြင်းမိတာက ရှက်လို့ တခြားသူဘယ်သူဖြစ်ဖြစ်လာပေးရင်ဘယ်တော့မှမငြင်းဘူး
မြတ်ကျနော့်ဘေးနားဝင်လိုက်လာသည် ကျနော်လည်းမုန့်မြင်ရင်မနေနိုင် ချက်ချင်းဖောက်စားတော့တာပဲ
စားရင်းမလုတ်မလောင်းဖြင့်..
"ဟိုကောင်တွေဟင်းချက်နေတာရောဟုတ်ရဲ့လား"
"ဖြေးဖြေးစားပါ နင်နေဦးမယ်"
"ဗိုက်ဆာနေတာကို"
"အင်းပါ အင်းပါ"
"အရှေ့မှာလာနှပ်နေတဲ့ဟိုမင်းသားတွေ အစားအသောက်များသုံးဆောင်လို့ရပါပြီ"
"လာပါပြီကွာ လာပြီ လာပြီ"
လှိုင်းဝေခေါ်သံကြောင့် ကျနော်တို့နှစ်ယောက်သားထကာ အိမ်ထဲဝင်လိုက်သည်
"ဟိုးး မွှေးလိုက်တာ အိမ်ထဲစဝင်လိုက်တာနဲ့အနံ့လေးသင်းနေတာပဲ"
"အေးအေး နင်ပဲကောင်းတယ် ငါတို့ကိုခိုင်းစားပြီးအိမ်ရှေ့မှာလင်နဲ့သာယာနေတာ"
"ဟဲ့မေသွန်းဆက်! ဘာတွေပြောနေတာလဲ"
"ငါကစလိုက်တာပါ နင့်မျက်နှာကြီးကဘာဖြစ်သွားတာလဲ"
"မစနဲ့ မကြိုက်ဘူး"
"အေးပါဟာ မစတော့ဘူး"
အမှန်တော့ကျနော်မကြိုက်တာမဟုတ် ဒါပေမယ့် မြတ်သဘောမကျမှာဆိုးလာသည် သူစိတ်ဆိုးသွားရင် ကျနော်ပဲရင်ကွဲရမှာ
ကျနော်တို့hot potအိုးရှေ့မှာထိုင်လိုက်ကာ အားလုံးနဲ့ရယ်ရယ်မောမောစကားပြော စားသောက်နေကြသည်
ဒါမယ့်အိမ်ပိုင်ရှင် လင်းသစ်တစ်ယောက် မှိုင်တွေနေလေရဲ့
"လင်းသစ် ဘာဖြစ်နေတာလဲ မျက်နှာလည်းမကောင်းပါလား"
"ငါသူ့ကိုစိတ်ပူတယ်"
"ဟမ်..ဘယ်သူ့ကိုလဲ"
"ငါသူ့အိမ်လိုက်သွားလိုက်ရမလား
မြတ်မင်းမောင် မင်း မင်းအုပ်စိုးအိမ်သိလား"
"အင်းသိတယ် ဘာလို့လဲ"
"ငါ့ကိုလိုက်ပို့ပေးပါလား"
"ရပါတယ်"
"ဟဲ့ ဟဲ့နေဦးလေ အခုမှစစားတာကို လင်းသစ်နင်ဘယ်ကိုသွားဦးမလို့လဲ"
"အေးလေအရင်စားစမ်းပါဦး လင်းရဲ့"
"စားချင်စိတ်မရှိသေးလို့ မစားတော့ဘူး မြတ်မင်းမောင်ထသွားမယ်"
"ငါလိုက်ခဲ့ရမလား"
"မင်းဘာသာမင်းဆက်စားစမ်းပါ ခန့်သော်ရာ
သွားမယ်လာ"
လင်းသစ် မြတ်ကိုဆွဲခေါ်သွားလေရဲ့ ဘာလို့ကျနော်ရဲ့အချိန်ကောင်းတွေကိုလာပျက်စီးနေတာလဲကွာ လင်းသစ်ကရော ဘာလို့အဲ့လောက်လောနေတာလဲ
.....................
ကျနော်သူ့ကိုစိတ်ပူတယ် မင်းအုပ်စိူးပြန်သွားပြီးထဲက စိုးရိမ်စိတ်တွေများလာတယ် အခုသူအိမ်မှာအဆူခံနေရပြီလား ကျနော်အတွေးပေါင်းများစွာနဲ့မနေနိုင်တော့
ကျနော်ကားပေါ်အမြန်ထိုက်လိုက်သည် မြတ်မင်းမောင်ကတော့ကားမောင်းလိုက်ပို့လေရဲ့
ကျနော်ကားပေါ်မှာ အတွေးပေါင်းစုံနဲ့ပြည့်နက်နေသည်
"ရောက်ပြီ"
"ရောက်ပြီလား"
မြန်လိုက်တာ ကျနော်ရောက်မှန်းမသိလိုက် တစ်ချိန်လုံး'သူအဆင်မှပြေပါ့မလား'ပဲစဉ်းစားနေမိတော့
"အိမ်ထဲဝင်ကြမလား"
"ရတယ်မဝင်တော့ဘူး"
ကျနော်တို့ကားကမင်းအုပ်စိုးအိမ်မှာပဲရပ်ထားတာ ကားပေါ်ကနေအိမ်ထဲကိုလှမ်းမြင်နေရတယ်
အိမ်ထဲမှာသူတစ်ယောက်ယောက်နဲ့စကားများနေပုံပေါ်ရသည်
'ငါထင်တဲ့အတိုင်းပါပဲလား သူဝမ်းနည်းနေပုံရတယ်'
ကျနော်ငိုချင်လာမိတယ် သူ့ကိုဒီလိုပုံစံမျိုးနဲ့တစ်ခါမှမတွေ့ဖူးပါ ဝမ်းနည်းခြင်း၊ဒေါသထွက်ခြင်း၊ကြောက်ရွံ့ခြင်း စိတ်သောကတွေပြားများနေသည်
ကျနော်ဆက်မကြည့်နိုင်တော့ပေ ကျနော့်ရင်ဘက်တစ်ခုလုံးဆူးခနဲ နာကျင်နေရသည်
"မြတ်မင်းမောင်ပြန်မယ်"
"အခုမှရောက်တာလေ မင်းအုပ်စိုးနဲ့မတွေ့တော့ဘူးလား"
"မတွေ့တော့ဘူး ပြန်ကြရအောင်"
"အေးအေး"
ကျနော့်ကြောင့်သူအခုလိုအဆူခံရတာ ဝမ်းနည်းနေရတာ 'ငါက သေသင့်ဖို့တစ်ကယ်ကောင်းတဲ့ကောင်ပဲ'
..................
ကျောင်းခန်းထဲလူတွေအားလုံးစုံနေကြပြီ ဒါပေမယ့်မင်းအုပ်စိုးတစ်ယောက်ရောက်မလာသေးပေ
မနေ့ကကိစ္စကြောင့်ရောက်မလာတာများလား
"ဒီနေ့လူစုံလား လင်းသစ်ခေတ်"
"ဟုတ်စုံပါတယ် ဒါမယ့်...."
"ဒါမယ့်ဘာဖြစ်လို့လဲ"
"မင်းအုပ်စိုးမရောက်သေးဘူး ဆရာမ"
"အော် ဟုတ်တယ် သူဒီနေ့ခွင့်ယူထားတယ် သူ့အကိုနိုင်ငံခြားက လာပြန်မှာမို့လို့တဲ့"
"အော်ဟုတ်"
ဟုတ်ရောဟုတ်ပါ့မလား မနေ့ကသူ့ပုံစံကိုကျနော့်ခေါင်းထဲကမထွက် ပြန်တွေးနေမိသည်
"မင်းအုပ်စိုးအကိုဆိုတော့ သူ့လိုပဲချောမလားမသိဘူး"
"အကိုကလည်းချော ညီကလည်းချော ဆိုရင်တော့မိုက်ပြီဟေး"
အနောက်မှာရှိနေကြတဲ့မိန်ကလေးအုပ်စုပြောနေကြခြင်းပင်
"ညီကိုမရရင် အကိုကိုရအောင်ယူရမယ်"
"အေးလေ ဒီလောက်ချောတဲ့မင်းအုပ်စိုးကို ယောင်္ကျားချင်းလာလုယူတဲ့သူကရှိသေး"
"နင်တို့ဘာစကားပြောလိုက်တာလဲ"
လှိုင်းဝေထရပ်ကာ သူတို့နားသွားလိုက်သည် ကျနော်ပြဿနာမဖြစ်ချင်သည့်အတွက် သူ့လက်ကိုဆွဲတားလိုက်သည်
"ငါတို့နင်တို့ကိုပြောနေလို့လား လာနာနေရအောင်"
"နင်တို့ကမိန်ကလေးဖြစ်ပြီးသူများအတင်းထိုင်တုတ်နေတာကရော"
"လှိုင်းဝေ တော်ပြီ တော်လိုက်တော့"
"အေးဟယ် ဘာလို့မိန်းကလေးတွေနဲ့ ရန်ထဖြစ်နေတာလဲ ထိုင်တော့"
"လှိုင်းဝေ ဆရာမမြင်သွားလိမ့်မယ်ထိုင်လိုက်တော့"
"ဟဲ့ မေသွန်း ကျောင်းပြန်ရင်ငါနဲ့ခနလိုက်ခဲ့ပါလား မင်းအုပ်စိုးအိမ်သွားမလို့"
"ဟာ မလိုက်ချင်ဘူး နင်မနေ့ကသွားပြီးပြီမှတ်လား ဘာလို့ထပ်သွားမှာလဲ"
"လုပ်ပါဟာ"
"မင်းတော်လိုက်တော့ အားနေမင်းအုပ်စိုး မင်းအုပ်စိုးနဲ့ ဘာဖြစ်နေတာလဲ ဘာလဲမင်းသူ့ကိုကြိုက်နေတာလား"
"ကြိုက်စရာလား ယောင်္ကျားချင်းကြီး"
"မကြိုက်ဘူးဆို တိတ်တိတ်နေ သူ့ဘာသာသူဘာဖြစ်ဖြစ်ပေါ့ မင်းအပူပါလို့လား"
"အေးပါကွာ"
လင်းသစ်မျက်နှာညိုးသွားသည် လှိုင်းဝေဒီလောက်တော့မပြောသင့်ဘူး လင်းသစ်လည်းသူ့အကြောင်းနဲ့သူရှိမှာပေါ့
ကျနော်လင်းသစ်လက်ကိုင်လိုက်ကာ တိုးတိုးလေးဖြင့်
"ငါလိုက်ခဲ့ပေးရမလား"
"ရပါတယ်ခန့်သော်ရာ မသွားတေ့ာပါဘူး"
"မင်းသွားချင်နေတာပဲမှတ်လား
ငါလိုက်ပေးမယ်နော်"
"အင်း ကျေးဇူးပဲ"
ကျနော်တို့နှစ်ယောက်သား ကျောင်းဆင်းမယ့်အချိန်ကိုသာစောင့်နေလိုက်သည် ထမင်းစားချိန်မှာလည်းအားလုံးကပျော်နေပေမယ့်ကျနော်မပျော်နိုင် တစ်ယောက်သောသူကိုသာစိတ်ပူနေမိသည်
"လင်းသစ်စားလေ ဘာလုပ်နေတာလဲ"
"စားမှာပါ"
"လင်းသစ်ဘာမှမဖြစ်ဘူးနော် ပြီးရင်ငါတို့နှစ်ယောက်သွားကြမယ်"
"ဘာသွားမှာလဲ"
"ဘယ်မှမဟုတ်ပါဘူး လင်းသစ်ကငါ့အိမ်လိုက်မယ်ဆိုလို့"
"အေးကောင်းသားပဲ ငါတို့ပါလိုက်မယ်လေ"
"ရ ရတယ် မလိုက်နဲ့ ငါတို့နှစ်ယောက်သားအဆင်ပြေတယ်"
"အဆင်ပြေတာသိတယ်လေ ဒါမယ့်ငါတို့လည်းပျင်းလို့လိုက်ခဲ့မယ်"
"မလိုက်ပါနဲ့ဆိုနေ!"
ကျနော်စာပွဲကိုလက်သီးဖြင့်ထုလိုက်ပြိးအကျယ်ကြီးအော်လိုက်သည် ဟိုနှစ်ကောင်ကြောင်ကြည့်နေလေရဲ့
"လင်း..လင်းသစ်ကလဲ အဲ့လောက်ထိအော်စရာမလိုပါဘူး မလိုက်နဲ့ဆိုလည်းမလိုက်တော့ဘူး"
"ခန့်သော် ခန့်သော်ထမင်းစားနေတာလား"
"မြတ်"
"ထမင်းစားနေတာမြင်ရဲ့သားနဲ့ ထမင်းစားနေတာလားဆိုတော့ ဘယ်လိုဖြေရမှာလဲ"
"မေသွန်းဆက်ကလဲ ငါကဒီတိုင်းမေးလိုက်တာပါ"
"မြတ်ဘာကိစ္စရှိလို့လဲဟင်"
"အော် ခန့်သော်ငါတို့နဲ့အတူတူလာစားမလားလို့ခေါ်တာ မစားချင်လည်းရပါတယ်"
"ရပါတယ်"
"ဟဲ့ ခန့်သော်! သူငယ်ချင်းတွေကိုပစ်ပြီးဘယ်သွားမလို့လဲ"
"ဟာ အပိုတွေလုပ်မနေနဲ့ မတွေ့ရတော့မှာကြနေတာပဲ
မြတ်သွားမယ်"
ခန့်သော်ကျနော်တို့ကိုထားခဲ့ပြီး မြတ်မင်းမောင်တို့ဝိုင်းကိုသွားထိုင်လေရဲ့
"ခန့်သော်တစ်ယောက် မြတ်မင်းမောင်ကိုကြိတ်ကြိုက်နေလားမသိဘူး အမြဲတစ်ပူးပူးတစ်တွဲတွဲနဲ့"
"မဖြစ်နိုင်တာ သူ့လိုအစားဘီလူးကလေ"
"မသိဘူးလေဟယ် ငါလည်းခက်မှန်းကြည့်တာ"
"ငါအခန်းထဲသွားတော့မယ်"
"ဟဲ့လင်းသစ် တော်ပြီလား နင်စားတာနည်းနည်းလေးပဲရှိသေးတယ်လေ"
"အင်းမစားချင်တော့ဘူး"
...................
နောက်ဆုံးတော့ကျောင်းဆင်းတဲ့အချိန်ရောက်လာပြီ
"ခန့်သော် ကျောင်းဆင်းပြီသွားမယ်လာ"
"ဟဲ့ငါတို့လည်းစောင့်ဦးလေ"
"ဘာလို့စောင့်ရမှာလဲ မလိုက်နဲ့လို့ပြောပြီးပြီပဲ
ခန့်သော်မြန်မြန်လာလို့"
"အေးပါ အေးပါ လာပါပြီ"
ကျနော်တို့နှစ်ယောက်ကားပေါ်အမြန်တက်ထိုင်လိုက်ကာ အမြန်မောင်းထွက်လိုက်တော့သည်
အနောက်မှာတော့မေသွန်းနဲ့လှိုင်းဝေတို့ကတော့ဒေါသကြီးစွာကျန်ခဲ့သည် ခါတိုင်းဆို ကျနော်ကအားလုံးကိုကိုယ့်အိမ်ကိုပြန်လိုက်ပို့ပေးပေမယ့် ဒါတစ်ခါဟိုနှစ်ယောက်ကိုချန်ခဲ့သည့်အတွက်စိတ်ဆိုးနေမှာသေချာသည်
"ဟိုနှစ်ကောင်တော့ မင်းကိုစိတ်ဆိုးမှာသေချာနေပြီ"
"ဆိုးရင်လည်း ဆိုးပါစေတော့ဟာ"
"လင်းသစ်နော် လင်းသစ် မင်းတော်တော်မွှန်နေပြီနော်"
"ငါကဘာမွှန်ရမှာလဲ"
"ဘာမှမဟုတ်တော့ပါဘူး"
"ခန့်သော်နော် ခန့်သော်ငါ့ကိုကျပြောပြီး သူကျတော့မမွှန်တာကျနေတာပဲ"
"လင်းသစ်"
"အေးပါ အေးပါ မစတော့ပါဘူး"
ခနလောက်မောင်းလာတော့ မင်းအုပ်စိုးအိမ်ရောက်ပြီ ကျနော်သက်ပြင်းတစ်ချက်ချလိုက်ကာ ကားပေါ်ကဆင်းလိုက်သည်
"ခန့်သော်ရောက်ပြီ"
"အော်အေး"
အိမ်ထဲမှာလူမရှိပုံရသည် ခြံတံခါးကြီးကလည်းသော့ခတ်ထားသည် ကျနော်ဘာဆက်လုပ်ရမလဲ
"အိမ်မှာဘယ်သူမှမရှိဘူးလားမသိဘူး"
"အေးနော် တိတ်ဆိတ်နေတာပဲ"
ခနကြာသော် အိမ်ထဲကနေ မိန်ကလတစ်ယောက်ထွက်လာသည်
"ညီမ ညီမ"
"အော်အကို ဘယ်သူနဲ့တွေ့ချင်လို့လဲမသိဘူး"
"ဟိုဟာလေ ဒီအိမ်မှာ မင်းအုပ်စိုးရှိလားမသိဘူး"
"အကိုစိုးလား ခနလေးနော်"
ထိုမိန်ကလေးအဲ့လိုပြောပြီး အိမ်ထဲပြန်ဝင်သွားသည် ကျနော်ဘာဆက်လုပ်ရမလဲ အိမ်ပဲပြန်ရမလား ထပ်စောင့်နေရမလား
"ဘာလဲဟ မပြောမဆိုနဲ့အိမ်ထဲဝင်သွားတယ်"
ခန့်သော်ပြောလာသည် ကျနော်ဘာပြန်ပြောရမှန်းမသိ
ခနကြာတော့ အိမ်ထဲကနေ ခုနကမိန်းကလေးပြန်ထွက်လာသည်
"ဟိုလေ အကို အကိုစိုးကလေ"
"ဘာ..ဘာဖြစ်လို့လဲ မင်းအုပ်စိုးအိမ်ထဲမှာရှိတယ်မှတ်လား"
"အကိုစိုးက သူအိမ်မှာမရှိဘူးတဲ့"
"အော် ဒါဆိုအကိုတို့ပြန်လိုက်ဦးမယ်နော်"
"ဟုတ်ကဲ့"
ကျနော်တို့နှစ်ယောက်ကားပေါ်ပြန်တက်ထိုင်လိုက်သည် မင်းအုပ်စိုးအိမ်မှာရှိနေရက်သားနဲ့ သူကျနော့်ကိုမတွေ့ချင်လို့ အဲ့လိုပြောခိုင်းမှန်းသိသားနေသည်
"မင်းအုပ်စိုးကဘာလဲကွာ အိမ်မှာရှိရက်နဲ့ထွက်မလာဘူး"
"ထားလိုက်ပါဟာ သူ့မှာလည်းသူ့အကြောင်းနဲ့သူရှိမှာပေါ့"
ကျနော်အိမ်ကိုသာမောင်းပြန်လာလိုက်သည် ဘာလိုပဲဖြစ်ဖြစ်သူအခုထွက်မလာရငါတောင်တစ်နေ့နေ့ထွက်တွေ့လာရမှာပဲ ကျနော်လက်မလျှော့ပါဘူး
.....................
ကျနော်ဘာဆက်လုပ်ရတော့မလဲ တစ်ပတ်ရှိပြီ သူကျနော်ကိုရှောင်နေတာ ကျောင်းလည်းလာမတက် အိမ်လိုက်သွားတော့လည်းထွက်မတွေ့
ရှိုင်းသုတတို့ဆီကနေ ဖုန်းနံပါတ်တောင်းပြီးဖုန်းဆက်တော့လည်းဖုန်းမကိုင်
'သေသာသေလိုက်ချင်တော့တယ်"
ဒီတေ့လည်းသူ့အိမ်ကိုထပ်သွားကြည့်ပေမယ့် ဟိုကောင်မလေးကိုပဲတွေ့နေရတယ်
သူပြောတာတော့ သူကမင်းအုပ်စိုးရဲ့ညီမဝမ်းကွဲတဲ့
အိမ်သွားကြည့်တိုင်းလည်း 'အကိုစိုးကမရှိဘူးတဲ့'ပဲပြန်ဖြေနေတယ် မင်းအုပ်စိုးရာအိမ်မှာရှိရင်လည်းထွက်တွေ့စမ်းပါ
ကျနော်စိန်ပျက်လက်ပြတ်အိမ်ကိုသာပြန်နေတာကြောင့် အစ်မတောင် ကျနော့်ကိုစိတ်ပူလာနေပြီ
"လင်းသစ် အခုသလောဘာဖြစ်နေတာလဲ မှိုင်တွေတွေနဲ့"
"ဘာမှမဖြစ်ပါဘူး"
"ကဲအစ်မကိုလိမ်နေပြန်ပြီ ဘယ်တုန်းကမှမလိမ်ဖူးပဲနဲ့"
"တကယ်ဘာမှမဖြစ်ပါဘူးမမရာ"
"အင်းပါ အင်းပါ ဒါဆိုအစ်မတို့ညစာအပြင်ထွက်စားကြမယ် အိမ်မှာဘာမှမချက်ထားဘူးဆိုတော့"
"ဟုတ်ကဲ့"
"သွား အဝတ်စားသွားလဲ"
ကျနော်အခန်းထဲဝင်ကာ ရေချိုးအဝတ်စားလဲလိုက်သည် ပြီးတာနဲ့အစ်မနဲ့အတူတူ အိမ်နားကဆိုင်လေးမှာပဲထိုင်စားကြသည်
ကျနော်စားနေရင်း ကျနော့်ရှေ့မှာရှိနေတဲ့hoodieအမဲဝတ်ထားတဲ့သူကိုမျက်စိကျမိသွားသည်
"ငါသူ့ကိုမြင်ဖူးသလိုလိုပဲ"
ကျနော်သူ့ကိုသေချာကြည့်နေလိုက်သည် ကြည့်နေရင်းသူ့မျက်နှာကိုမြင်လိုက်ရသည် သူက....
"မင်းအုပ်စိုး"
သူကျနော့်အသံကြားသွားပြီး ခုံပေါ်ပိုက်ဆံနင်ကာထွက်ပြေးသွားသည် ကျနော်လည်းမင်းအုပ်စိုးကိုမြင်လိုက်သည့်အတွက်ပြေးလိုက် လိုက်သည်
"မင်းအုပ်စိုး"
"လင်းသစ်ဘယ်သွားမလို့လဲ ဟဲ့"
အနောက်ကနေအစ်မလှမ်းသံကြားရပေမယ့် ကျနော့်အာရုံထဲမှာရှေ့ကပြေးနေတဲ့ မင်းအုပ်စိုးဆီသာ အာရုံရောက်နေသည်
ကျနော်သူ့နောက်ပြေးလိုက်နေရင်း သူကလမ်းကြားတစ်ခုကြားဝင်သွားသည် ကျနော်လည်းလိုက်ခဲ့သည်
လမ်းထဲဝင်လိုက်ရုံသာရှိသေး တစ်ယောက်ယောက်ကျနော့်လက်ကိုလှမ်းဆွဲလာသည် ထိုသူက မင်းအုပ်စိုးပင်သာ
"ဘာလို့လိုက်နေတာလဲ"
"လိုက်ရတာပေါ့ မင်းငါ့ကိုဘာလို့ရှောင်နေတာလဲ တစ်ပတ်လုဲးငါမင်းကိုစိတ်ပူနေတာအဲ့ဒါမင်းသိလား"
"ဘာလို့လဲ"
"မင်းဘာဖြစ်နေလဲ ငါ့ကိုစိတ်မဆိုးဘူးဆိုပြီး ဘာလို့ပျောက်သွားရတာလဲဟမ်"
"ငိုနေတာလား"
ကျနော်မသိတော့ပေ ကျနော်မျက်လုံးထဲကနေအလိုလိုမျက်ရေစတွေစီးကျလာသည် ဘာကြောင့်မှန်းလည်းကျနော်မသိ
သူကျနော့်ပါးကနေစီးကျလာတဲ့မျက်ရည်လေးတွေကို သူ့ရဲ့နူးညံ့လှတဲ့လက်လေးတွေနဲ့ပွတ်သပ်သုတ်ပေနေသည်
"မျက်လုံးလေးတွေနာနေပါဦးမယ် မငိုပါနဲ့"
"မင်းပဲငိုအောင်လုပ်ပြီတော့"
ကျနော်သူ့ရင်ဘက်ကိုကျနော့်လက်ဖြင့်ထုလိုက်သည် ကျနော့်ပါးနှစ်ဖက်ပေါ်မှာလည်းသူ့လက်လေးတွေစိုးမိုးနေသည်
"ဘာလို့ငါ့ကိုရှောင်နေတာလဲ ငါဘာအမှားလုပ်မိလို့လဲ"
"မင်းကိုစိတ်မဆင်းရဲစေချင်လို့ပါကွာ ငါရှောင်ချင်လို့ရှောင်တာမဟုတ်ပါဘူး"
"မင်းငါ့ကိုရှောင်တော့ရော ငါစိတ်ဆင်းမရဲရလို့လား"
"Sorryပါကွာ ငါ့အမှားပါငါ့ကိုခွင့်လွတ်ပါနော်"
သူ့မျက်နှာညိုးနေပြီး ကျနော့်ပါးကိုပွတ်နေရာကနေ ကျနော်နဲ့နဖူးချင်းထိကပ်လာသည် သူ့ကတော့မျက်လုံးမှိတ်ထားလျက်
"လင်းသစ် ငါ့ကိုမမုန်းပါနဲ့နော်"
"ငါမင်းကိုမုန်းတယ်လို့ အခုပြောမိလို့လား"
"မမုန်းပါနဲ့ ငါတောင်းဆိုတာပါ"
သူ့ရဲ့လေသံလေးက ကလေးလေးတစ်ယောက်လိုဖြစ်နေသည် ကျနော်သူ့ကိုနွေးနွေးထွေးဖက်ထားချင်မိတယ်
ခနအကြာတော့ သူမျက်လုံးဖြေးဖြေးချင်းပွင့်လာကာ ကျနော်နှုတ်ခမ်းကိုစိုက်ကြည့်နေသည်
သူဘာလိုချင်နေတာလဲ
ကျနော်ကြပ်သီးတွေထလာသည် သူစိုက်ကြည့်ရာကနေ ကျနော့်နားကပ်လာကာ သူ့နှုတ်ခမ်းနဲ့ကျနော့်နှုတ်ခမ်းချင်းထိတော့မယ်အလုပ်...
ကျနော့်လက်ဖြင့်တားလိုက်သည် သူဟန်ချက်ပြတ်သွားလေရဲ့
"မင်း...မင်းအုပ်စိုးဘာလုပ်တာလဲ ငါ့..ငါ့ကိုအခွင့်ကောင်းယူနေတာလား"
"ငါတောင်းပန်ပါတယ် ငါမရည်ရွယ်ပါဘူး"
"မရည်ရွယ်ပေလို့ပဲနော်"
ကျနော်တားသာ တားလိုက်တာကျနော်တစ်ခုခုကိုမလိုမကျသလိုဖြစ်နေသွားသည် ခုနကသူ့မျက်နှာနဲ့နီးနီးကပ်ကပ်ရှိနေတုန်းကအရာရာပြီးပြည့်စုံနေသလိုခံစားချက်ရသည်
အမှန်ဆို အခုလိုလုပ်ရင်ကျနော်သူ့ကိုစိတ်ဆိုးရမှာ ဒါမယ့်အခုစိတ်မဆိုးသည့်အပြင်သဘောတောင်ကျမိနေသည်
'ငါဘာဖြစ်နေတာလဲ'
"မင်းအုပ်စိုး ငါသွားတော့မယ် အစ်မစောင့်နေတယ် မင်းမနက်ဖြန်ကျောင်းတက်ရမယ်နော် သွားပြီတာ့တာ"
ကျနော်သူ့ကိုလက်ပြနှုတ်ဆက်လိုက်ပြီးထွက်လာလိုက်သည်
'ချီး အခုငါရင်တွေအရမ်းခုန်နေပါလား ဘာဖြစ်နေတာလဲကွာ'
"အစ်မ ပြန်ကြမယ်"
"လင်းသစ်ခုနကမပြောမဆိုနဲ့ ဘယ်ပြေးထွက်သွားတာလဲ မျက်နှာကရောငိုထားတာလား နီရဲနေတာပဲ"
"မငိုပါဘူးအစ်မရာ ပြန်မယ်လို့"
"အင်းပါ အင်းပါ ပြန်မယ်လာ"
အစ်မပြောတဲ့အထဲမှာ ငိုထားတာမှန်ပေမယ့် ငိုလို့နီတာမဟုတ်ပေ ရှက်လို့နီလာခြင်းပင်ဖြစ်သည်
'ကျနော်ဒီအချိန်ခနလေးအတွင်းမှာ ပျော်ရွင်မှုတွေအများကြီးရလိုက်ရသည် လင်းသစ်ကျနော့်ကိုစိတ်ပူတာရော စိတ်မဆိုးတဲ့အတွက်ရော ကျနော်ကျေးဇူးအများကြီးတင်မိသည် လင်းသစ်ကကျနော့်အတွက်ထာဝရပျော်ရွှင်မှုပါပဲ'
[Zawgyi]
"ဆောင်းဆီလာကူလေ"
"လင်းကလင်း မတူပါဘူး"
...............
"အေး
"မခေါ်ပါဘူး"
"ခေါ်လိုက်ပါတယ်"
"ပြီးရောဟာ ခေါ်ပေးမယ်"
"ပြီးရော"
"မင်းသဘောပါကွာ"
"ရေကုန်သွားပြီဟ"
"အင်း"
"နေဦးငါသွားယူပေးမယ်"
"အေး"
ခနကြာတော့
"ရော့"
"ဒီမုန့်က"
"ရပါတယ် မစားတော့ဘူး"
"ဗိုက်ကဆာတယ် ဒါမယ့်ငါ.."
"စားပါ ငါကျွေးတာ"
"ပြီးရောဟာ"
"ဗိုက်ဆာနေတာကို"
"အင်းပါ အင်းပါ"
"မစနဲ့ မကြိုက်ဘူး"
"အေးပါဟာ မစတော့ဘူး"
"ငါသူ့ကိုစိတ်ပူတယ်"
"ဟမ်..ဘယ်သူ့ကိုလဲ"
"အင်းသိတယ် ဘာလို့လဲ"
"ရပါတယ်"
"ငါလိုက်ခဲ့ရမလား"
သွားမယ်လာ"
.....................
ကျနော်သူ့ကိုစိတ်ပူတယ် မင်းအုပ်စိုးပြန်သွားပြီးထဲက စိုးရိမ်စိတ်တွေများလာတယ် အခုသူအိမ်မှာအဆူခံနေရပြီလား ကျနော်အတွေးပေါင်းများစွာနဲ့မနေနိုင်တော့
"ရောက်ပြီ"
"ရောက်ပြီလား"
"အိမ်ထဲဝင်ကြမလား"
"ရတယ်မဝင်တော့ဘူး"
"အေးအေး"
..................
"ဟုတ်စုံပါတယ် ဒါမယ့်...."
"ဒါမယ့်ဘာဖြစ်လို့လဲ"
"အော်ဟုတ်"
"လုပ်ပါဟာ"
"အေးပါကွာ"
"ငါလိုက်ခဲ့ပေးရမလား"
"ရပါတယ်ခန့်သော်ရာ မသွားတော့ပါဘူး"
ငါလိုက်ပေးမယ်နော်"
"အင်း ကျေးဇူးပဲ"
"စားမှာပါ"
"ဘာသွားမှာလဲ"
"မလိုက်ပါနဲ့ဆိုနေ!"
"မြတ်"
"ရပါတယ်"
မြတ်သွားမယ်"
"အင်းမစားချင်တော့ဘူး"
...................
"အေးပါ အေးပါ လာပါပြီ"
"ငါကဘာမွှန်ရမှာလဲ"
"ဘာမှမဟုတ်တော့ပါဘူး"
"လင်းသစ်"
"ခန့်သော်ရောက်ပြီ"
"အော်အေး"
"ညီမ ညီမ"
"ဟုတ်ကဲ့"
.....................
"ဘာမှမဖြစ်ပါဘူး"
"ဟုတ်ကဲ့"
"သွား အဝတ်စားသွားလဲ"
"မင်းအုပ်စိုး"
"မင်းအုပ်စိုး"
"ဘာလို့လိုက်နေတာလဲ"
"လိုက်ရတာပေါ့ မင်းငါ့ကိုဘာလို့ရှောင်နေတာလဲ တစ်ပတ်လဲုးငါမင်းကိုစိတ်ပူနေတာအဲ့ဒါမင်းသိလား"
"ဘာလို့လဲ"
"ငိုနေတာလား"
သူဘာလိုချင်နေတာလဲ
'ငါဘာဖြစ်နေတာလဲ'
"အစ်မ ပြန်ကြမယ်"