Zawgyi
ထို႔ေၾကာင့္ ကိုယ္ပိုင္ကားတစ္စီး ဝင္ေရာက္လာတာကို အေဆာင္မွဴးတစ္ေယာက္ ျမင္လိုက္ရေတာ့ ဘယ္သခင္ငယ္ေလးကမ်ား ေက်ာင္းစည္းကမ္းေတြကို လ်စ္လ်ဴ႐ွဳရဲၿပီးေတာ့ အရမ္း႐ူးမိုက္ရတာလဲ ဆိုတာကို သူသိခ်င္သြားမိတယ္။ သူ႔ကို သင္ခန္းစာေပးမွ ရေတာ့မယ္။
ရလဒ္အေနနဲ႔ကေတာ့ ကားထဲကေန က်န္းေမာ့႐ွန္းတစ္ေယာက္ ထြက္လာတဲ့အခ်ိန္မွာ အေဆာင္မွဴးတစ္ေယာက္ သူ႔မ်က္လံုးေတြ ကန္းသြားလို႔ ထင္ေယာင္ထင္မွားေတြ ျဖစ္ေနတာလားလို႔ ေတြးလိုက္မိတယ္။ အဲ့လိုမွမဟုတ္ရင္ သူဘယ္လိုလုပ္ ဗိုလ္ခ်ဳပ္က်န္းက သူတို႔အေဆာင္ရဲ႕ေအာက္ထပ္မွာ ေပၚလာတယ္ဆိုၿပီးေတာ့ ျမင္ေနရတာလဲ?
အေဆာင္မွဴးတစ္ေယာက္ ေၾကာင္အသြားၿပီးေတာ့ သူ႔မ်က္လံုးေတြကို ပြတ္သပ္လိုက္မိတယ္။ ရလဒ္အေနနဲ႔ သူ႔ရဲ႕အေ႐ွ႕က ဗိုလ္ခ်ဳပ္က်န္းရဲ႕ပံုရိပ္က ပိုၿပီးပိုၿပီး သိသာထင္႐ွားလာၿပီးေတာ့ သူ႐ွိရာဆီကို ေလွ်ာက္လွမ္းလာခဲ့တယ္။
"ငါတို႔ ၇၀၇ ဆီသြားမလို႔။" က်န္းေမာ့႐ွန္းက တိုက္႐ိုက္ေျပာလိုက္တယ္။
"Ah? ဟုတ္ကဲ့။ ဟုတ္ကဲ့။" အေဆာင္မွဴးက ၇၀၇ ရဲ႕ေသာ့ကို အလ်င္အျမန္႐ွာေဖြလိုက္ၿပီးေတာ့ စိတ္လႈပ္႐ွားေနတဲ့မ်က္ႏွာနဲ႔အတူ က်န္းေမာ့႐ွန္းဆီ ႐ို႐ိုေသေသ ကမ္းေပးလိုက္တယ္။
သူတကယ္ ျပည္ေထာင္စုဟီး႐ိုးႀကီးနဲ႔ စကားေျပာခဲ့ရတယ္။ သူဗိုလ္ခ်ဳပ္က်န္းအတြက္ ေသာ့ကိုေတာင္ ႐ွာေပးခဲ့ရေသးတယ္။ တိုက္႐ိုက္ထိေတြ႔မႈ မ႐ွိေသာ္ျငားလည္းပဲ ဒါက ေသာ့တစ္ေခ်ာင္းတည္းကို ႏွစ္ေယာက္သား အတူတူသြယ္ဝိုက္ထိေတြ႔လိုက္တယ္လို႔ ယူဆလို႔ရတယ္မဟုတ္လား? ဘယ္ေလာက္ေတာင္ ကံေကာင္းလိုက္သလဲ!
အေဆာင္မွဴးက က်န္းေမာ့႐ွန္းတစ္ေယာက္ အိတ္ႀကီးတစ္အိတ္နဲ႔ ခရီးေဆာင္ေသတၱာေလးတစ္လံုးကို ကားထဲကေန လူကိုယ္တိုင္ကိုယ္က် ထုတ္ယူလိုက္ၿပီးေတာ့ ေၾကာ့႐ွင္းလွပတဲ့ သက္လတ္ပိုင္းအရြယ္ အမ်ဳိးသမီးတစ္ေယာက္နဲ႔ ခ်စ္စရာ ဆယ္ေက်ာ္သက္ေကာင္ေလးတို႔ကို အေဆာက္အအံုအထဲကို ဦးေဆာင္ေခၚသြားတာကို စိတ္လႈပ္တ႐ွား ဆက္လက္စိုက္ၾကည့္ေနမိတယ္။
သူတို႔သံုးေယာက္စလံုး ေပ်ာက္ကြယ္ခါနီးက်မွပဲ အေဆာင္မွဴးတစ္ေယာက္ သတိျပန္လည္လာၿပီးေတာ့ အလ်င္အျမန္ ေျပာလိုက္တယ္။ "ဗိုလ္ခ်ဳပ္ ဒီပစၥည္းေတြကို ကြၽန္ေတာ္ကူသယ္ေပးပါ့မယ္။"
"မလိုဘူး။" က်န္းေမာ့႐ွန္းက ေအးစက္စက္ ေျပာလိုက္တယ္။
"ေက်းဇူးတင္ပါတယ္။ ဒါေပမဲ့ အပင္ပန္းခံမေနပါနဲ႔။ အမ်ားႀကီးမဟုတ္တာမို႔ သူ႔ကိုပဲ ဒီအတိုင္း သယ္ခိုင္းလိုက္ပါ။" ေ႐ွာင္မုလန္က အေဆာင္မွဴးကို အျပံဳးေလးနဲ႔ ေျပာလိုက္တယ္။
အနာဂတ္မွာ သူမက ဒီေနရာမွာ ႐ွိမွာမဟုတ္သလို ေ႐ွာင္လီေလးကိုလည္း ဂ႐ုစိုက္ေပးႏိုင္မွာ မဟုတ္ပါဘူး။ အဲ့အခ်ိန္က်ရင္ အေဆာင္မွဴးက ကူေစာင့္ေ႐ွာက္ေပးႏိုင္ဖို႔ သူမေမွ်ာ္လင့္မိတယ္။
အေဆာင္မွဴးတစ္ေယာက္ ေ႐ွာင္မုလန္ရဲ႕ေက်းဇူးတင္စကားေၾကာင့္ ခ်က္ခ်င္း မူးေမ့လဲေတာ့သလိုမ်ဳိး ျဖစ္သြားတယ္။ ျပန္မတံု႔ျပန္ႏိုင္ခင္မွာပဲ တစ္ဖက္လူက အေပၚထပ္ကို တက္သြားခဲ့ၿပီျဖစ္တယ္။
ဒီကတ္လက္မႈအတတ္ပညာရပ္ ေနရာထိုင္ခင္း အေဆာက္အအံုက မျမင့္မားေပ။ စုစုေပါင္း အထပ္ခုႏွစ္ထပ္သာ ႐ွိၿပီးေတာ့ ေဘးပတ္ပတ္လည္က အေဆာက္အအံုေတြဆိုရင္ အထပ္ဒါဇင္ေပါင္း ေျမာက္ျမားစြာ ျမင့္မားတာ ျဖစ္တယ္။ အႏိုင္က်င့္ခံထားရသလို ျဖစ္ေနတာက အနည္းငယ္ သနားစရာေကာင္းေနသလိုပင္။
ဒါေပမဲ့ ေနရာထိုင္ခင္း အေဆာက္အအံုေတြအၾကားမွာ သူ႔ရဲ႕အဆင့္အတန္းကေတာ့ အျမင့္မားဆံုး ျဖစ္တယ္။
ကတ္လက္မႈပညာသည္ေတြက ႐ွားပါးၿပီးေတာ့ ေက်ာင္းသားေတြကို အထူးအခြင့္အေရးနဲ႔ တစ္ေယာက္တစ္ခန္း ေနထိုင္ခြင့္ကို မေပးခ်င္တာေၾကာင့္ ေကာလိပ္က ဒီအေဆာက္အအံုကို အရမ္းနိမ့္နိမ့္ေလး ေဆာက္လုပ္ထားတာကကို ကတ္လက္မႈအတတ္ပညာရပ္ ေက်ာင္းသားေတြအတြက္ေတာ့ လံုေလာက္ေနၿပီ ျဖစ္တယ္။
အတန္း F ေက်ာင္းသားေတြအားလံုးကို အေပၚဆံုး ခုႏွစ္ထပ္ေျမာက္မွာ စီစဥ္ေနရာခ်ထားတာ ျဖစ္တယ္။
ေ႐ွာင္မုလန္တစ္ေယာက္ ခုႏွစ္ထပ္ေျမာက္ကို ေရာက္သြားတဲ့အခ်ိန္မွာ ဒီေနရာရဲ႕ပတ္ဝန္းက်င္အေနအထားကို ျမင္လိုက္ရေတာ့ သူမ မ်က္ေမွာင္ၾကဳပ္သြားမိတယ္။
"ဒီေနရာရဲ႕ပတ္ဝန္းက်င္အေနအထားက အရမ္းဆိုးရြားလြန္းေနတာ မဟုတ္ဘူးလား?" ေ႐ွာင္မုလန္တစ္ေယာက္ အေပၚဆံုးအထပ္မွာ ေနရျခင္းအေပၚ အရမ္းစိတ္မေက်မနပ္ ျဖစ္သြားမိတယ္။ အမႈိက္အနည္းငယ္ကေတာင္ ေလွ်ာက္လမ္းတစ္ေလွ်ာက္တြင္ ျပန္႔က်ဲေနၿပီးေတာ့ ဘယ္သူကမွလည္း မ႐ွင္းလင္းထားၾကေပ။
သံုးေယာက္သား အခန္းနံပါတ္ ၇၀၇ ကို ႐ွာေတြ႔သြားၾကၿပီးေတာ့ ေသာ့ထည့္ကာ တံခါးကိုဖြင့္လိုက္တယ္။ အခန္းအတြင္းက ပတ္ဝန္းက်င္အေနအထားက ေ႐ွာင္မုလန္ကို ပိုၿပီးေတာ့ေတာင္ စိတ္မေက်မနပ္ ျဖစ္သြားေစမိတယ္။
အဝတ္အစားနဲ႔ဖိနပ္ေတြကို ေနရာအႏွံ႔ လႊတ္ပစ္ထားၾကၿပီးေတာ့ အစြန္းအထင္း၊ အညစ္အပတ္ေတြကလည္း ေျမႀကီးေပၚမွာ ႐ွိေနဆဲျဖစ္တယ္။ ဒီမွာေနထိုင္ၾကတဲ့လူေတြက အေတာ္ေလးကို က်န္းမာေရးနဲ႔ မညီၫြတ္ဘူးဆိုတာကို သင္ျမင္ႏိုင္ပါတယ္။
ဒါ့အျပင္ ဒီေနရာက အမ်ားသူငွါဧရိယာထဲမွာ ႐ွိေနဆဲျဖစ္ၿပီးေတာ့ ဒါက အေတာ္ေလး ဆိုးရြားလြန္းတယ္။
ပထမစစ္တပ္အကယ္ဒမီရဲ႕ အိပ္ေဆာင္ပံုစံေတြက အတူတူေတြပဲျဖစ္တယ္။ အထဲတြင္ လူသံုးေယာက္ အတူတူအသံုးျပဳႏိုင္တဲ့ ဘံုဧည့္ခန္းတစ္ခု ပါဝင္ၿပီးေနာက္ တစ္ဖက္တစ္ခ်က္စီတြင္ ေက်ာင္းသားတစ္ဦးစီ အသံုးျပဳႏိုင္တဲ့ စုစုေပါင္း အိပ္ခန္းသံုးခန္း ပါ႐ွိတယ္။
ေ႐ွာင္မုလန္တစ္ေယာက္ ဒီေနရာရဲ႕ပတ္ဝန္းက်င္အေနအထားနဲ႔ ပတ္သက္ၿပီး မေက်မနပ္ျဖစ္မိေပမဲ့လည္း သူမကေလးကို ေနရာေျပာင္းေပးဖို႔အတြက္ ေက်ာင္းအုပ္ႀကီးကို သြား႐ွာဖို႔က မျဖစ္ႏိုင္ဘူးဆိုတာကို သူမသိပါတယ္။ အဆံုးမွာေတာ့ စစ္တပ္အကယ္ဒမီေက်ာင္းေတြမွာ ေက်ာင္းသားေတြက အထူးအခြင့္အေရးကို ခံစားခြင့္မ႐ွိၾကပါဘူး။
. . . ေ႐ွာင္မုလန္တစ္ေယာက္ သက္ျပင္းနက္နက္႐ွိဳင္း႐ွိဳင္းတစ္ခ်က္ ခ်လိုက္ၿပီးေတာ့ အခန္းသန္႔႐ွင္းေရးမွာ ကူညီေပးဖို႔ အေစခံတစ္ေယာက္ကို မေခၚေဆာင္လာမိတဲ့အတြက္ ေနာင္တရသြားမိတယ္ . . .
ေရာဂါကာကြယ္ဖို႔နဲ႔ တစ္ကိုယ္ေရသန္႔႐ွင္းေရး လုပ္ဖို႔အတြက္ အခ်ိန္က်ၿပီ။
အဆံုးမွာေတာ့ ယြီဂ်င္လီ ေရႊ႕ေျပာင္းေနထိုင္ေတာ့မဲ့အခန္းကို သန္႔႐ွင္းေရးလုပ္ဖို႔အတြက္ သူတို႔သံုးေယာက္တည္းသာ အတူတကြ အလုပ္လုပ္ခဲ့ၾကရၿပီးေနာက္ ေ႐ွာင္မုလန္က သူမယူေဆာင္လာခဲ့သမွ် အရာအားလံုးကို အစီအစဥ္တက်ထားဖို႔ က်န္းေမာ့႐ွန္းကို ၫႊန္ၾကားလိုက္တယ္။
အခုခ်ိန္မွာ ယြီဂ်င္လီရဲ႕အခန္းနံပါတ္ ၇၀၇ တစ္ခန္းလံုးက အသန္႔႐ွင္းဆံုးနဲ႔ အေတာက္ပဆံုးအခန္း ျဖစ္သြားပံုရတယ္။
"သစ္အယ္သီးေလး သားရဲ႕အခန္းေဖာ္ေတြ ျပန္လာတာကို ေစာင့္ၿပီးေတာ့ သူတို႔ေတြကို ဧည့္ခန္းကို ေနာက္တစ္ႀကိမ္ ထပ္သန္႔႐ွင္းေရးလုပ္ခိုင္းလိုက္။ တကယ္လို႔ သူတို႔ေတြ နားမေထာင္ဘူးဆိုရင္ အား႐ွန္းကို သားေျပာၿပီးေတာ့ အား႐ွန္းကို သင္ခန္းစာေပးခိုင္းလိုက္။" ေ႐ွာင္မုလန္က ယြီဂ်င္လီကို ေျပာလိုက္တယ္။ သူမက တစ္ျခားလူေတြ ဘာေတြပဲျဖစ္ျဖစ္ ဂ႐ုမစိုက္ေပမဲ့ သူမရဲ႕ကိုယ္ပိုင္ကေလးေလးကေတာ့ အႏိုင္က်င့္ခံရလို႔မျဖစ္ဘူး။
သူမရဲ႕ကေလးက ေက်ာင္းကိုလာတက္တာက ဒုကၡခံစားရဖို႔ မဟုတ္ဘူး။ အမ်ားသူငွါ တစ္ကိုယ္ေရသန္႔႐ွင္းေရးကိုေတာင္ ဂ႐ုမစိုက္၊ အာရံုမထားတဲ့လူေတြက သစ္အယ္သီးေလးအေပၚပါ သက္ေရာက္မႈ႐ွိၿပီး သစ္အယ္သီးေလး ပ်က္စီးသြားမလားဆိုတာက အမွန္တကယ္ကို စိုးရိမ္စရာေကာင္းလွတယ္။
"သစ္အယ္သီးေလး အေမတို႔ေတြက ဥပေဒကို လိုက္နာၿပီးေတာ့ ပတ္ဝန္းက်င္ကို ဂ႐ုစိုက္တဲ့ လူတစ္ေယာက္ ျဖစ္ခ်င္တယ္မလား? အေမတို႔ေတြ အမႈိက္ဘယ္လိုပစ္ရမလဲဆိုတာကို သင္လိုက္လို႔ရတယ္ေလ။ ဟုတ္တယ္မလား? သားကဒီမွာ စာေကာင္းေကာင္းသင္ယူၿပီးေတာ့ ပိတ္ရက္ေရာက္မွာကို ေစာင့္ေနေနာ္။ အေမသားကို လာႀကိဳမယ္။" ေ႐ွာင္မုလန္တစ္ေယာက္ စိတ္ေအးေအးတစ္ဖန္ ထားလိုက္ျပန္တယ္။
"ဟုတ္ကဲ့။ ကြၽန္ေတာ္သိပါၿပီ။ အေမ" ယြီဂ်င္လီက ေ႐ွာင္မုလန္ကို အျပံဳးေလးနဲ႔ ေျပာလိုက္တယ္။ ေဘးဘက္မွာမတ္တပ္ရပ္ေနတဲ့ က်န္းေမာ့႐ွန္းကို ၾကည့္လိုက္မိရင္း တစ္ခဏေလာက္ၾကာရင္ သူကထြက္သြားေတာ့မွာ ျဖစ္ၿပီးေတာ့ သူတို႔ေတြ ျပန္ေတြ႔ၾကဖို႔အတြက္ အခ်ိန္တစ္ပတ္ လိုေသးတယ္ဆိုတာကို ေတြးလိုက္မိေတာ့ ႐ုတ္တရက္ သူအနည္းငယ္ တြန္႔ဆုတ္သြားမိတယ္။
"အား႐ွန္းလည္း သြားေတာ့မွာလားဟင္?" ယြီဂ်င္လီတစ္ေယာက္ သူ႔မ်က္လံုးေလးေတြကို မ်က္ေတာင္ခတ္လိုက္ၿပီးေတာ့ သနားစရာေကာင္းစြာ ေမးလိုက္တယ္။ က်န္းေမာ့႐ွန္းက လက္ဆန္႔ထုတ္လိုက္ၿပီးေတာ့ ယြီဂ်င္လီရဲ႕ဆံပင္ေလးေတြကို ပြတ္သပ္ေပးလိုက္ၿပီး အျပံဳးတစ္ပြင့္နဲ႔ ေျပာလိုက္တယ္။ "မသြားပါဘူး။ ဒီမွာ သစ္အယ္သီးေလးနဲ႔အတူတူေနမွာ။" "တကယ္လား?" ယြီဂ်င္လီတစ္ေယာက္ အံ့အားသင့္စြာ ေမးလိုက္မိတယ္။
သူေက်ာင္းတက္ခ်င္တယ္လို႔ ေႂကြးေၾကာ္ေနေသာ္ျငားလည္းပဲ သူ႔မိသားစုကို အခ်ိန္တစ္ခဏမေတြ႔ရပဲ သူ႔ေဘးပတ္လည္မွာ လူစိမ္းေတြသာ ႐ွိေနမယ္ဆိုတဲ့အခ်က္က သူ႔ကို စိတ္အေႏွာင့္အယွက္ အနည္းငယ္ ေပးေနဆဲျဖစ္တယ္။
အခုေတာ့ ေရႊေရာင္ေပါင္လံုးႀကီးက မထြက္သြားေတာ့ပဲ သူနဲ႔အတူ ဒီေနရာမွာ အေဖာ္ျပဳေပးေနမွာျဖစ္တယ္။ ယြီဂ်င္လီက ေတာင္လား၊ ေျမာက္လားဆိုတာကို ဘာတစ္ခုကိုမွ ခြဲျခားသိႏိုင္တာ မဟုတ္ပါဘူး။
"အနာဂတ္မွာ ကိစၥတစ္ခုခုျဖစ္လာခဲ့လို႔႐ွိရင္ အား႐ွန္းကို ႐ွာလိုက္ေနာ္။ တစ္ေယာက္ေယာက္ကသားကို အႏိုင္က်င့္ရဲလို႔႐ွိရင္ သားအတြက္ အား႐ွန္းကို ျပန္အကူအညီေပးခိုင္းလိုက္။" ေ႐ွာင္မုလန္တစ္ေယာက္ သူမကေလးကို အလိုလိုက္ ဖ်က္ဆီးမိလိမ့္မယ္ဆိုတာကိုေတာင္ မခံစားမိပဲနဲ႔ ေျပာလိုက္တယ္။
သို႔ေသာ္လည္း လိမၼာေရးျခား႐ွိတဲ့ ကေလးေလးက ဆိုးသြမ္းမွာမဟုတ္ပါဘူး။ ေ႐ွာင္မုလန္တစ္ေယာက္ သူမရဲ႕မိသားစုက ကေလးေလးက ကမၻာေပၚမွာ လိမၼာေရးျခားအ႐ွိဆံုး ကေလးျဖစ္တယ္လို႔ အျမဲတမ္း အခိုင္အမာ ေတြးေတာေနမိတယ္။
Unicode
Chapter(86):ဆိုးရွားသော ပတ်ဝန်းကျင်-2
ထို့ကြောင့် ကိုယ်ပိုင်ကားတစ်စီး ဝင်ရောက်လာတာကို အဆောင်မှူးတစ်ယောက် မြင်လိုက်ရတော့ ဘယ်သခင်ငယ်လေးကများ ကျောင်းစည်းကမ်းတွေကို လျစ်လျူရှုရဲပြီးတော့ အရမ်းရူးမိုက်ရတာလဲ ဆိုတာကို သူသိချင်သွားမိတယ်။ သူ့ကို သင်ခန်းစာပေးမှ ရတော့မယ်။
ရလဒ်အနေနဲ့ကတော့ ကားထဲကနေ ကျန်းမော့ရှန်းတစ်ယောက် ထွက်လာတဲ့အချိန်မှာ အဆောင်မှူးတစ်ယောက် သူ့မျက်လုံးတွေ ကန်းသွားလို့ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလားလို့ တွေးလိုက်မိတယ်။ အဲ့လိုမှမဟုတ်ရင် သူဘယ်လိုလုပ် ဗိုလ်ချုပ်ကျန်းက သူတို့အဆောင်ရဲ့အောက်ထပ်မှာ ပေါ်လာတယ်ဆိုပြီးတော့ မြင်နေရတာလဲ?
အဆောင်မှူးတစ်ယောက် ကြောင်အသွားပြီးတော့ သူ့မျက်လုံးတွေကို ပွတ်သပ်လိုက်မိတယ်။ ရလဒ်အနေနဲ့ သူ့ရဲ့အရှေ့က ဗိုလ်ချုပ်ကျန်းရဲ့ပုံရိပ်က ပိုပြီးပိုပြီး သိသာထင်ရှားလာပြီးတော့ သူရှိရာဆီကို လျှောက်လှမ်းလာခဲ့တယ်။
"ငါတို့ ၇၀၇ ဆီသွားမလို့။" ကျန်းမော့ရှန်းက တိုက်ရိုက်ပြောလိုက်တယ်။
"Ah? ဟုတ်ကဲ့။ ဟုတ်ကဲ့။" အဆောင်မှူးက ၇၀၇ ရဲ့သော့ကို အလျင်အမြန်ရှာဖွေလိုက်ပြီးတော့ စိတ်လှုပ်ရှားနေတဲ့မျက်နှာနဲ့အတူ ကျန်းမော့ရှန်းဆီ ရိုရိုသေသေ ကမ်းပေးလိုက်တယ်။
သူတကယ် ပြည်ထောင်စုဟီးရိုးကြီးနဲ့ စကားပြောခဲ့ရတယ်။ သူဗိုလ်ချုပ်ကျန်းအတွက် သော့ကိုတောင် ရှာပေးခဲ့ရသေးတယ်။ တိုက်ရိုက်ထိတွေ့မှု မရှိသော်ငြားလည်းပဲ ဒါက သော့တစ်ချောင်းတည်းကို နှစ်ယောက်သား အတူတူသွယ်ဝိုက်ထိတွေ့လိုက်တယ်လို့ ယူဆလို့ရတယ်မဟုတ်လား? ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ!
အဆောင်မှူးက ကျန်းမော့ရှန်းတစ်ယောက် အိတ်ကြီးတစ်အိတ်နဲ့ ခရီးဆောင်သေတ္တာလေးတစ်လုံးကို ကားထဲကနေ လူကိုယ်တိုင်ကိုယ်ကျ ထုတ်ယူလိုက်ပြီးတော့ ကြော့ရှင်းလှပတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်နဲ့ ချစ်စရာ ဆယ်ကျော်သက်ကောင်လေးတို့ကို အဆောက်အအုံအထဲကို ဦးဆောင်ခေါ်သွားတာကို စိတ်လှုပ်တရှား ဆက်လက်စိုက်ကြည့်နေမိတယ်။
သူတို့သုံးယောက်စလုံး ပျောက်ကွယ်ခါနီးကျမှပဲ အဆောင်မှူးတစ်ယောက် သတိပြန်လည်လာပြီးတော့ အလျင်အမြန် ပြောလိုက်တယ်။ "ဗိုလ်ချုပ် ဒီပစ္စည်းတွေကို ကျွန်တော်ကူသယ်ပေးပါ့မယ်။"
"မလိုဘူး။" ကျန်းမော့ရှန်းက အေးစက်စက် ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အပင်ပန်းခံမနေပါနဲ့။ အများကြီးမဟုတ်တာမို့ သူ့ကိုပဲ ဒီအတိုင်း သယ်ခိုင်းလိုက်ပါ။" ရှောင်မုလန်က အဆောင်မှူးကို အပြုံးလေးနဲ့ ပြောလိုက်တယ်။
အနာဂတ်မှာ သူမက ဒီနေရာမှာ ရှိမှာမဟုတ်သလို ရှောင်လီလေးကိုလည်း ဂရုစိုက်ပေးနိုင်မှာ မဟုတ်ပါဘူး။ အဲ့အချိန်ကျရင် အဆောင်မှူးက ကူစောင့်ရှောက်ပေးနိုင်ဖို့ သူမမျှော်လင့်မိတယ်။
အဆောင်မှူးတစ်ယောက် ရှောင်မုလန်ရဲ့ကျေးဇူးတင်စကားကြောင့် ချက်ချင်း မူးမေ့လဲတော့သလိုမျိုး ဖြစ်သွားတယ်။ ပြန်မတုံ့ပြန်နိုင်ခင်မှာပဲ တစ်ဖက်လူက အပေါ်ထပ်ကို တက်သွားခဲ့ပြီဖြစ်တယ်။
ဒီကတ်လက်မှုအတတ်ပညာရပ် နေရာထိုင်ခင်း အဆောက်အအုံက မမြင့်မားပေ။ စုစုပေါင်း အထပ်ခုနှစ်ထပ်သာ ရှိပြီးတော့ ဘေးပတ်ပတ်လည်က အဆောက်အအုံတွေဆိုရင် အထပ်ဒါဇင်ပေါင်း မြောက်မြားစွာ မြင့်မားတာ ဖြစ်တယ်။ အနိုင်ကျင့်ခံထားရသလို ဖြစ်နေတာက အနည်းငယ် သနားစရာကောင်းနေသလိုပင်။
ဒါပေမဲ့ နေရာထိုင်ခင်း အဆောက်အအုံတွေအကြားမှာ သူ့ရဲ့အဆင့်အတန်းကတော့ အမြင့်မားဆုံး ဖြစ်တယ်။
ကတ်လက်မှုပညာသည်တွေက ရှားပါးပြီးတော့ ကျောင်းသားတွေကို အထူးအခွင့်အရေးနဲ့ တစ်ယောက်တစ်ခန်း နေထိုင်ခွင့်ကို မပေးချင်တာကြောင့် ကောလိပ်က ဒီအဆောက်အအုံကို အရမ်းနိမ့်နိမ့်လေး ဆောက်လုပ်ထားတာကကို ကတ်လက်မှုအတတ်ပညာရပ် ကျောင်းသားတွေအတွက်တော့ လုံလောက်နေပြီ ဖြစ်တယ်။
အတန်း F ကျောင်းသားတွေအားလုံးကို အပေါ်ဆုံး ခုနှစ်ထပ်မြောက်မှာ စီစဉ်နေရာချထားတာ ဖြစ်တယ်။
ရှောင်မုလန်တစ်ယောက် ခုနှစ်ထပ်မြောက်ကို ရောက်သွားတဲ့အချိန်မှာ ဒီနေရာရဲ့ပတ်ဝန်းကျင်အနေအထားကို မြင်လိုက်ရတော့ သူမ မျက်မှောင်ကြုပ်သွားမိတယ်။
"ဒီနေရာရဲ့ပတ်ဝန်းကျင်အနေအထားက အရမ်းဆိုးရွားလွန်းနေတာ မဟုတ်ဘူးလား?" ရှောင်မုလန်တစ်ယောက် အပေါ်ဆုံးအထပ်မှာ နေရခြင်းအပေါ် အရမ်းစိတ်မကျေမနပ် ဖြစ်သွားမိတယ်။ အမှိုက်အနည်းငယ်ကတောင် လျှောက်လမ်းတစ်လျှောက်တွင် ပြန့်ကျဲနေပြီးတော့ ဘယ်သူကမှလည်း မရှင်းလင်းထားကြပေ။
သုံးယောက်သား အခန်းနံပါတ် ၇၀၇ ကို ရှာတွေ့သွားကြပြီးတော့ သော့ထည့်ကာ တံခါးကိုဖွင့်လိုက်တယ်။ အခန်းအတွင်းက ပတ်ဝန်းကျင်အနေအထားက ရှောင်မုလန်ကို ပိုပြီးတော့တောင် စိတ်မကျေမနပ် ဖြစ်သွားစေမိတယ်။
အဝတ်အစားနဲ့ဖိနပ်တွေကို နေရာအနှံ့ လွှတ်ပစ်ထားကြပြီးတော့ အစွန်းအထင်း၊ အညစ်အပတ်တွေကလည်း မြေကြီးပေါ်မှာ ရှိနေဆဲဖြစ်တယ်။ ဒီမှာနေထိုင်ကြတဲ့လူတွေက အတော်လေးကို ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာကို သင်မြင်နိုင်ပါတယ်။
ဒါ့အပြင် ဒီနေရာက အများသူငှါဧရိယာထဲမှာ ရှိနေဆဲဖြစ်ပြီးတော့ ဒါက အတော်လေး ဆိုးရွားလွန်းတယ်။
ပထမစစ်တပ်အကယ်ဒမီရဲ့ အိပ်ဆောင်ပုံစံတွေက အတူတူတွေပဲဖြစ်တယ်။ အထဲတွင် လူသုံးယောက် အတူတူအသုံးပြုနိုင်တဲ့ ဘုံဧည့်ခန်းတစ်ခု ပါဝင်ပြီးနောက် တစ်ဖက်တစ်ချက်စီတွင် ကျောင်းသားတစ်ဦးစီ အသုံးပြုနိုင်တဲ့ စုစုပေါင်း အိပ်ခန်းသုံးခန်း ပါရှိတယ်။
ရှောင်မုလန်တစ်ယောက် ဒီနေရာရဲ့ပတ်ဝန်းကျင်အနေအထားနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်မိပေမဲ့လည်း သူမကလေးကို နေရာပြောင်းပေးဖို့အတွက် ကျောင်းအုပ်ကြီးကို သွားရှာဖို့က မဖြစ်နိုင်ဘူးဆိုတာကို သူမသိပါတယ်။ အဆုံးမှာတော့ စစ်တပ်အကယ်ဒမီကျောင်းတွေမှာ ကျောင်းသားတွေက အထူးအခွင့်အရေးကို ခံစားခွင့်မရှိကြပါဘူး။
. . . ရှောင်မုလန်တစ်ယောက် သက်ပြင်းနက်နက်ရှိုင်းရှိုင်းတစ်ချက် ချလိုက်ပြီးတော့ အခန်းသန့်ရှင်းရေးမှာ ကူညီပေးဖို့ အစေခံတစ်ယောက်ကို မခေါ်ဆောင်လာမိတဲ့အတွက် နောင်တရသွားမိတယ် . . .
ရောဂါကာကွယ်ဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ဖို့အတွက် အချိန်ကျပြီ။
အဆုံးမှာတော့ ယွီဂျင်လီ ရွှေ့ပြောင်းနေထိုင်တော့မဲ့အခန်းကို သန့်ရှင်းရေးလုပ်ဖို့အတွက် သူတို့သုံးယောက်တည်းသာ အတူတကွ အလုပ်လုပ်ခဲ့ကြရပြီးနောက် ရှောင်မုလန်က သူမယူဆောင်လာခဲ့သမျှ အရာအားလုံးကို အစီအစဉ်တကျထားဖို့ ကျန်းမော့ရှန်းကို ညွှန်ကြားလိုက်တယ်။
အခုချိန်မှာ ယွီဂျင်လီရဲ့အခန်းနံပါတ် ၇၀၇ တစ်ခန်းလုံးက အသန့်ရှင်းဆုံးနဲ့ အတောက်ပဆုံးအခန်း ဖြစ်သွားပုံရတယ်။
"သစ်အယ်သီးလေး သားရဲ့အခန်းဖော်တွေ ပြန်လာတာကို စောင့်ပြီးတော့ သူတို့တွေကို ဧည့်ခန်းကို နောက်တစ်ကြိမ် ထပ်သန့်ရှင်းရေးလုပ်ခိုင်းလိုက်။ တကယ်လို့ သူတို့တွေ နားမထောင်ဘူးဆိုရင် အားရှန်းကို သားပြောပြီးတော့ အားရှန်းကို သင်ခန်းစာပေးခိုင်းလိုက်။" ရှောင်မုလန်က ယွီဂျင်လီကို ပြောလိုက်တယ်။ သူမက တစ်ခြားလူတွေ ဘာတွေပဲဖြစ်ဖြစ် ဂရုမစိုက်ပေမဲ့ သူမရဲ့ကိုယ်ပိုင်ကလေးလေးကတော့ အနိုင်ကျင့်ခံရလို့မဖြစ်ဘူး။
သူမရဲ့ကလေးက ကျောင်းကိုလာတက်တာက ဒုက္ခခံစားရဖို့ မဟုတ်ဘူး။ အများသူငှါ တစ်ကိုယ်ရေသန့်ရှင်းရေးကိုတောင် ဂရုမစိုက်၊ အာရုံမထားတဲ့လူတွေက သစ်အယ်သီးလေးအပေါ်ပါ သက်ရောက်မှုရှိပြီး သစ်အယ်သီးလေး ပျက်စီးသွားမလားဆိုတာက အမှန်တကယ်ကို စိုးရိမ်စရာကောင်းလှတယ်။
"သစ်အယ်သီးလေး အမေတို့တွေက ဥပဒေကို လိုက်နာပြီးတော့ ပတ်ဝန်းကျင်ကို ဂရုစိုက်တဲ့ လူတစ်ယောက် ဖြစ်ချင်တယ်မလား? အမေတို့တွေ အမှိုက်ဘယ်လိုပစ်ရမလဲဆိုတာကို သင်လိုက်လို့ရတယ်လေ။ ဟုတ်တယ်မလား? သားကဒီမှာ စာကောင်းကောင်းသင်ယူပြီးတော့ ပိတ်ရက်ရောက်မှာကို စောင့်နေနော်။ အမေသားကို လာကြိုမယ်။" ရှောင်မုလန်တစ်ယောက် စိတ်အေးအေးတစ်ဖန် ထားလိုက်ပြန်တယ်။
"ဟုတ်ကဲ့။ ကျွန်တော်သိပါပြီ။ အမေ" ယွီဂျင်လီက ရှောင်မုလန်ကို အပြုံးလေးနဲ့ ပြောလိုက်တယ်။ ဘေးဘက်မှာမတ်တပ်ရပ်နေတဲ့ ကျန်းမော့ရှန်းကို ကြည့်လိုက်မိရင်း တစ်ခဏလောက်ကြာရင် သူကထွက်သွားတော့မှာ ဖြစ်ပြီးတော့ သူတို့တွေ ပြန်တွေ့ကြဖို့အတွက် အချိန်တစ်ပတ် လိုသေးတယ်ဆိုတာကို တွေးလိုက်မိတော့ ရုတ်တရက် သူအနည်းငယ် တွန့်ဆုတ်သွားမိတယ်။
"အားရှန်းလည်း သွားတော့မှာလားဟင်?" ယွီဂျင်လီတစ်ယောက် သူ့မျက်လုံးလေးတွေကို မျက်တောင်ခတ်လိုက်ပြီးတော့ သနားစရာကောင်းစွာ မေးလိုက်တယ်။ ကျန်းမော့ရှန်းက လက်ဆန့်ထုတ်လိုက်ပြီးတော့ ယွီဂျင်လီရဲ့ဆံပင်လေးတွေကို ပွတ်သပ်ပေးလိုက်ပြီး အပြုံးတစ်ပွင့်နဲ့ ပြောလိုက်တယ်။ "မသွားပါဘူး။ ဒီမှာ သစ်အယ်သီးလေးနဲ့အတူတူနေမှာ။" "တကယ်လား?" ယွီဂျင်လီတစ်ယောက် အံ့အားသင့်စွာ မေးလိုက်မိတယ်။
သူကျောင်းတက်ချင်တယ်လို့ ကြွေးကြော်နေသော်ငြားလည်းပဲ သူ့မိသားစုကို အချိန်တစ်ခဏမတွေ့ရပဲ သူ့ဘေးပတ်လည်မှာ လူစိမ်းတွေသာ ရှိနေမယ်ဆိုတဲ့အချက်က သူ့ကို စိတ်အနှောင့်အယှက် အနည်းငယ် ပေးနေဆဲဖြစ်တယ်။
အခုတော့ ရွှေရောင်ပေါင်လုံးကြီးက မထွက်သွားတော့ပဲ သူနဲ့အတူ ဒီနေရာမှာ အဖော်ပြုပေးနေမှာဖြစ်တယ်။ ယွီဂျင်လီက တောင်လား၊ မြောက်လားဆိုတာကို ဘာတစ်ခုကိုမှ ခွဲခြားသိနိုင်တာ မဟုတ်ပါဘူး။
"အနာဂတ်မှာ ကိစ္စတစ်ခုခုဖြစ်လာခဲ့လို့ရှိရင် အားရှန်းကို ရှာလိုက်နော်။ တစ်ယောက်ယောက်ကသားကို အနိုင်ကျင့်ရဲလို့ရှိရင် သားအတွက် အားရှန်းကို ပြန်အကူအညီပေးခိုင်းလိုက်။" ရှောင်မုလန်တစ်ယောက် သူမကလေးကို အလိုလိုက် ဖျက်ဆီးမိလိမ့်မယ်ဆိုတာကိုတောင် မခံစားမိပဲနဲ့ ပြောလိုက်တယ်။
သို့သော်လည်း လိမ္မာရေးခြားရှိတဲ့ ကလေးလေးက ဆိုးသွမ်းမှာမဟုတ်ပါဘူး။ ရှောင်မုလန်တစ်ယောက် သူမရဲ့မိသားစုက ကလေးလေးက ကမ်ဘာပေါ်မှာ လိမ္မာရေးခြားအရှိဆုံး ကလေးဖြစ်တယ်လို့ အမြဲတမ်း အခိုင်အမာ တွေးတောနေမိတယ်။