ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် န...

By Ahlaly

610K 22.6K 1.7K

အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။ More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
👰
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၇ ၊အဝန်းရဲ့ရုပ်ရှင်ကြည့်ချိန်)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
Ending
နီနီ
👤❤👤
Extra starting
Extra (1)
Extra (2)
Extra (3)
Extra Ending
📕📕📕
Logo

Candy or Originary

2.4K 181 38
By Ahlaly

ဟိုတယ်အခန်းထဲတွင် ပြင်ဆင်နေကြရင်းမှ ကျွန်တော့်အနားကိုလျှောက်လာသော အကွေးသည်...

"ကောင်း ငါ့ကိုကြည့်ပါဦး။" ဆိုပြီး မျက်နှာကိုသူမလေးဘက်သို့ လှည့်စေသည်။

ကျွန်တော့်မျက်နှာက သူမနှင့်မျက်နှာချင်းဆိုင် အကြည့်ချင်းစုံပြီးဆိုခါမှ...
"ငါလှရဲ့လားဟင်.." ဆိုပြီးမေးလာသည်။

ထိုအခါမှာ အကွေးရဲ့အကျင့်လေးအတိုင်း ကျွန်တော့်ကိုမော့ကြည့်နေရင်းက မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်လုပ်ပြီး နှုတ်ခမ်းလေးကိုလည်း မသိမသာလေး စူထားသေးသည်။

မျက်နှာမှာလိမ်းခြယ်ထားတဲ့ ပန်းနုရောင် ယှက်ပြေးနေမှုတို့နှင့်အညီ လင်းလက်နေသော မျက်ခွံလေးများဖြင့် အကွေးဟာအရမ်းကိုလှပါသည်။ ဆံပင်ကိုလည်း အလယ်ခွဲ ခွဲပြီး ဒီအတိုင်းလေးချထားတာဖြစ်သည်။

ဒီလိုဆိုတော့ ရိုးရိုးရှင်းရှင်းနဲ့တကယ်အူယားပြီး ဖက်နမ်းပစ်ချင်စရာလေးပါ။

"မလှဘူးလား.....။ ဟမ်...ဘယ်နေရာ ဘယ်နေရာက မလှတာလဲဟင်"

ကျွန်တော်က ချက်ချင်းပြန်မဖြေပေးသေးပဲ သူမလေးရဲ့မျက်နှာလေးကို သေသေချာချာကြည့်နေတာကြောင့်နဲ့ အဆုံးမှာသူမတွေးချင်ရာကို တွေးချလိုက်ပြီဖြစ်တဲ့အကွေးဟာ...
"ငါ တကယ်မလှတာလား..." လို့ ထပ်ပြောပြီး ကျွန်တော့်နားကနေ ထွက်သွားကာ မှန်ရှေ့မှာသွားရပ်လေသည်။

ဒီလိုရွှေစိတ်တော်ညိုသွားတော့လည်း ကျွန်တော့်မှာ သူမလေးမေးတာကို ချက်ချင်းပြန်မဖြေပေးလိုက်တာကို နောင်တရမိပြီး တပ်လက်စဖြစ်သော ကြယ်သီးကိုပင်ဆုံးအောင်မတပ်တော့ပဲ မှန်ရှေ့က ချစ်စရာလေးဆီကိုသွားမိတော့သည်။

"လှတယ် အကွေးကအရမ်းလှတယ်...။ကျွန်တော့်အကွေးကလေ တကယ့်အလှတရားလေးပါဗျာ...။"

သူမလေးရဲ့ ကျောပြင်သေးသေးလေးကို ကျွန်တော့်ရင်ခွင်ထဲထည့်ပစ်လိုက်ပြီး နောက်ကနေသိုင်းဖက်ထားကာ သူမလေးရဲ့ဗိုက်လေးကိုအသာအယာပွတ်သပ်မိရင်း ထိုသို့ဆိုလိုက်တော့ သူမလေးရဲ့မျက်လုံးတွေပြူးကျယ်လာတာကို မှန်ကနေတဆင့်မြင်လိုက်ရသည်။

"ကျွန်တော့်ကို မယုံလို့လား အကွေးရ။ ကျွန်တော်က လိမ်ပြောပါ့မလားဗျာ။"

အတွေးနယ်ချဲ့နေပြီဖြစ်သည့် သူမလေးဘက်က စကားလေးတွေမလာခင်မှာပဲ ကျွန်တော့်ကစကားပြောဖို့လမ်းကြောင်းလေးချပေးမိသည်။ မဟုတ်ရင် ကျွန်တော့်အကွေးက တလွဲတချော်တွေ တွေးနေဦးမှာ။

"ယုံပါတယ်....ဒါမယ့် နည်းနည်းလေးပိုမနေဘူးလား ကောင်းရယ်။"

"ဟော...နည်းနည်းလေးပဲ ပိုတာလား အကွေးရ။"

ရယ်သံနှောတဲ့ ကျွန်တော့်အပြောကို အကွေးကနှာခေါင်းလေးချုံ့ပြီး....
"အများကြီး အပိုပြောနေတာ သိပါတယ်။" လို့ပြောလာသည်။

ကျွန်တော့်မှာဒီချစ်စရာလေးကို ချစ်လွန်လွန်း၍ ရင်ထဲအသည်းထဲက ယားကျိကျိဖြစ်လာသည်ကြောင့် ရယ်မောလိုက်တုန်းမှာ သူမလေးကထပ်ပြောလာပြန်သည်။

"ငါတကယ် မလှဘူးနော် ကောင်း။ ကြည့်ပါဦး နဖူးက ပြောင်တယ်။ မျက်လုံး မျက်လုံးကလည်းပြူးသေးတယ်....ပြီးတော့"

"မွ....."

မလှဘူးပြောနေသည့် အချိန်မှာတောင်မှ အကွေးကချစ်စရာလေးဖြစ်နေသည့်မို့ ကျွန်တော့်မှာမထိန်းနိုင်စွာနဲ့ပဲ မှန်ရှေ့မျက်နှာမူနေသည့်အကွေးလေးကို ကျွန်တော့်ဘက်ကို ဆွဲလှည့်လိုက်ပြီး သူမလေးပြောတဲ့ နဖူးကျယ်ကျယ်လေးကို အသံထွက်သည်အထိ အနမ်းတွေ ခြွေပေးလိုက်သည်။

"နမ်း တယ်"

တစ်လုံးစီခွဲပြီး ပြောလာသည့် ဒီစကားကြောင့်လည်း ကျွန်တော့်မှာကြည့်နေရင်းကပဲ ဒီချစ်စရာလေးကို အသည်းယားရရပြန်သည်။

"အင်း...ချစ်လို့လေ။" လို့ ကျွန်တော်ကပြန်ပြောတော့ အံ့သြသွားသည်ကြောင့် ပွင့်ဟလာသည့် သူမလေးရဲ့နှုတ်ခမ်းနှစ်လွှာကို ကျွန်တော်နှုတ်ခမ်းနဲ့ဖိကပ်လိုက်ပြီး ထိကပ်သွားသည့်အခါမှ တစ်လွှာခြင်းကို စုတ်ယူနမ်းရှိုက်လိုက်သည်။

ထိုသည်အထိ ကျွန်တော့်ရဲ့အပြုအမူတွေအပေါ် အံ့သြလို့မပြီးနိုင်သေးတဲ့ အကွေးလေးက ကျွန်တော့်အနမ်းတွေကိုလည်းမတုန့်ပြန်သလို၊ နှုတ်ခမ်းကိုလည်း မစေ့ထားသေးပေ။ ဒီလိုအနေအထားလေးမှာ နှုတ်ခမ်းလေးတွေကို တစ်လွှာချင်းစုတ်ယူစားသောက်နေသည်ကို အားမရဖြစ်လာပြီး အနည်းလောက်ဖွင့်ဟ ထားတဲ့သူမလေးရဲ့နှုတ်ခမ်းလေးထဲကို လျှာဖျားလေးတိုးဝင်မိသည်။

ထိုအခါမှပဲ ချက်ချင်းတုန့်ပြန်လာတဲ့ တုန့်ပြန်မှုက ကြောက်ကြောက်လန့်လန့်နဲ့ ကျွန်တော့်ရင်ဘက်တွေကို လက်ဖဝါးသေးသေးလေးတွေနဲ့ တွန်းထုတ်တာပင်။

"အကွေး...."
အခုထိနမ်းလို့မဝသေးတဲ့ ကျွန်တော်က မျက်နှာငယ်လေးလုပ်ပြီး သူမလေးရဲ့နာမကိုတမ်းတမိတော့ သူမလေးက ခေါင်းရှုပ်လာပုံရသည်။

အခုထိ ကျွန်တော့်ရင်ဘက်မှာ ထိတွေ့ထားဆဲဖြစ်တဲ့ လက်ဖဝါးသေးသေးလေးတွေနဲ့ပဲ ထပ်လို့တွန်းထုတ်ပြီး ကျွန်တော်နဲ့သူမအကြား အကွာအဝေးကို ပိုတိုးစေပြန်သည်။

"ကျွန်တော်နမ်းလို့ မရဘူးလားဗျာ...."

ရုတ်ချည်းပဲ အရည်လဲ့လာတဲ့ ကောင်းရဲ့မျက်လုံးလေးတွေကြောင့် တွန်းထုတ်နေတဲ့ သူမရဲ့လက်တွေကိုရပ်တန့်ပစ်လိုက်ပြီး ကောင်းထံသို့ခေါင်းယမ်းပြလိုက်သည်။

ဒါကို ကောင်းက အဓိပ္ပါယ်တခြားတွေးပြီး...

"မနမ်းရဘူးပေါ့လေ...။ ဟူးး.. အကွေးသဘောပါ။
ဒါဆို ကျွန်တော်အပြင်ကစောင့်မယ်နော်။ နှစ်ယောက်တည်းဆိုတော့ အကွေးကိုထပ်နမ်းမိမှာစိုးလို့...."

ခေါင်းလေးကို အနည်းငယ်ငုံ့ချပြီး သူမကိုကျောခိုင်းသွားတဲ့ ကောင်းကိုကြည့်နေရင်းကပဲ ခါတိုင်းလို ထောင်မတ်နေတဲ့ကောင်းရဲ့ကျောပြင်ဟာ အခုအခါမှာ တော်တော်လေးကိုဖျော့တော့နေပုံပေါက်သည်။

ပြီးတော့လည်း အစောကဖြစ်သွားတဲ့ ညှိုးငယ်သွားတဲ့ ကောင်းရဲ့မျက်နှာကို ပြန်မြင်ယောင်မိပြီး သူမ မှားသွားပြီလားဟု တွေးမိသည်။

တကယ်တော့ သူမက ကောင်းကိုမနမ်းစေချင်တာမဟုတ်ပေ။ နမ်းတဲ့သူက ကောင်းသာဆိုရင် သူမဘက်က အဆင်ပြေသည်။ သို့သော်လည်း အခုလို သွားခါနီးလာခါနီးမှာ နမ်းတာကျတော့ ပြင်ဆင်ထားတာတွေ ပျက်စီးကုန်မှာဖြစ်သည်။

ဒီကနေ့မှာ မိုးလင်းပြီဆိုကတည်းက မင်္ဂလာဆောင်သွားဖို့ရန်အတွက် သူမမှာ မျက်နှာသစ်၊ Maskကဒ်၊ ဆံပင်လိပ် ဘာညာနဲ့တော်တော်လေးကို အပင်ပန်းခံထားရတာဖြစ်သည်။

ကောင်းတို့ ထရိန်နင်ဘဝတုန်းက ကွင်းမှာရှိခဲ့သည့် ရှမ်းမလေးက သူ့မင်္ဂလာဆောင်ကိုဖိတ်သည်မို့ အကွေးရော ကောင်းပါရောက်လာခဲ့ခြင်းဖြစ်သည်။ ကိုယ့်အိမ်ကိုယ့်ရာမဟုတ်တာကြောင့်နဲ့ ပြင်တာဆင်တာက သိပ်ပြီးအဆင်မပြေရသည့်အထဲမှာ ကောင်းကနမ်းသေးသည်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုးကောင်းမျက်နှာလေး ညှိုးသွားတော့လည်း သူမစိတ်ထဲမကောင်းပေ။ ထို့ကြောင့် တွေးမနေတော့ပဲ အခန်းအပြင်မှာရှိနေမည့် ကောင်းဆီကိုအပြေးသွားပြီး ကောင်းရင်ခွင်ထဲဝင်ကာ ခါးတွေဆီမှာကျစ်ကျစ်လစ်လစ်ဖက်တွယ်ထားလိုက်သည်။

သူမကဖက်တွယ်ထားလို့ ခန္ဓာကိုယ်နှစ်ခုက ပူးကပ်နေသော်လည်း သူမဘက်ကရော၊ ကောင်းဘက်ကပါစကားတွေ စပြီးမပြောကြသေးပေ။ ဖက်ထားရင်းကနေ ၅မိနစ်လောက်ကြာသည်အထိ သူမဘက်ကစောင့်လိုက်သေးသည်။

အချိန်ကြာလာသည်အထိ ကောင်းဘက်ကဘာမှပြောမလာသည်မို့.....
"ငါ့ကိုလည်း ပြန်ဖက်ထားပါလား ကောင်း" ဆိုပြီး ပြောကာ ကောင်းရဲ့မေးဖျားလေးကို ဖျက်ခနဲမော့နမ်းမိသည်။

"ကောင်း.... ကောင်း ငါ့ကိုစိတ်ဆိုးနေလားဟင်။"

သူမကဖက်ထားပါလားလို့ ပြော၍သာ ကောင်းကဖက်ထားသော်လည်း ငြိမ်သက်နေသည်ပဲမို့ သူမဘက်ကပဲထပ်ပြီး စကားပြောရသည်။ ကောင်းကပဲ သူမကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်နေကြမိုလို့ အခုလိုငြိမ်သက်နေတာမျိုးကို သူမ မနေတတ်ပဲဖြစ်ရသည်။

"ကျွန်တော် စိတ်မဆိုးပါဘူး။"

သူမက ပြောမှပဲ သူမရဲ့ဦးခေါင်းပေါ်ကိုမေးစေ့လေးနဲ့ တိုးဝှေ့ကစကားပြန်ပြောတာဖြစ်သည်။

"ရော့လေ ငါ့ကိုနမ်း....နမ်းလေ။"

တစ်ယောက်မျက်နှာတစ်ယောက်မမြင်ရပဲ ငြိမ်သက်နေရတာထက်ဆိုင်ရင် လိမ်းခြယ်ထားတာတွေပျက်သွားတာကမှ ပိုကောင်းလိမ့်ဦးမည်လို့ တွေးမိပြီး ကောင်းနဲ့လူချင်းခွာကာ မျက်နှာကိုအပေါ်မော့ပြီး နှုတ်ခမ်းကိုရက်ရက်ရောရောနဲ့ ထော်ပေးထားမိသည်။

"ကျွန်တော့်ကို စိတ်ပျက်နေပြီလား အကွေး။ အကွေးမလုပ်ချင်တာကို အတင်းလုပ်ခိုင်းတယ်ဆိုပြီး ကျွန်တော့်ကိုစိတ်နာနေမလား။ မဟုတ်ရင်လည်း ကျွန်တော်နမ်းတာက အကွေးအတွက်စိတ်အနှောက်အယှက်ဖြစ်စေပြီလား...။ ကျွန်တော်....."

"မဖြစ်ပါဘူး...နမ်းလေ နမ်းပါ။"

"အကွေးမှစိတ်မပါတာ...."

"ဟင်..ပါ,ပါတယ် ကောင်းရဲ့။ ဒီမှာကြည့်လေ ငါခြေဖျားလည်းထောက်ထားတယ်။ နှုတ်ခမ်းလည်းထော်ပေးထားတယ်။ ကောင်းဆီကနေအနမ်းခံချင်လို့ပါ ဆိုမှပဲ....."

"မဟုတ်ပါဘူး...ကျွန်တော်သိတယ်။"

အဖြူထည်လေးရဲ့ အတွေးတွေကို အခုထိတိုင်လိုက်မမှီနိုင်တာကြောင့်နဲ့ သူမလေးစိတ်ထဲမှာဘာတွေဖြစ်နေမလဲဆိုတာကို ခန့်မှန်းကြည့်နေရရင်း ကြာတော့ ကောင်းရင်တွေမောလာသည်။ ဒီအဖြူထည်လေး...ဒီအဖြူထည်လေးရဲ့ သူ့အပေါ်ထားတဲ့ အချစ်တွေသာကွယ်ပျောက်သွားခဲ့ရင်ဆိုပြီး သူ့မှာပူလောင်နေရသည်။

ကိစ္စရပ်တော်တော်များများကို လက်ခံနိုင်စွမ်းကြီးမားသော အကွေးလိုအဖြူထည်လေးအတွက် သူနဲ့ပက်သတ်ပြီးစိမ်းကားသွားနိုင်မှာကို သူတကယ်ပဲကြောက်နေတာဖြစ်သည်။ အကွေးသာသူနဲ့အတူ ရှိရတာကိုမကြိုက်တော့ရင် ကလေးတွေဆိုတာလည်း သူမလေးအတွက်တွယ်နှောင်ထားမယ့်ကြိုးတွေဖြစ်နိုင်မယ်မထင်ပေ။

"ကောင်း...ကောင်း...ကောင်း ငါ့ကိုကြည့်။ ငါ့ကိုကြည့်လေ..."

သူမလေးရဲ့ခေါ်သံကြောင့်နဲ့ လက်ရှိအခြေအနေကိုပြန်လည်ရောက်လာသော်လည်း သူမကိုများဆုံးရှုံးလိုက်ရရင်ဆိုပြီး မျက်စိရှေ့ကဒီအဖြူထည်လေးရဲ့ ရင်ခွင်သေးသေးလေးထဲကို အတင်းတိုးဝင်ပြီး ကိုယ်သေးသေးလေးကိုဖက်တွယ်ထားမိသည်။

"မငိုပါနဲ့လား ကောင်းရယ်....."

မျက်ရည်တွေနဲ့ကောင်းကို မြင်လိုက်ရတော့ သူမမှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ပဲ ကောင်းနဲ့အတူလိုက်ပြီးငိုကြွေးချင်လာသည်။

"ကျွန်တော့်ကို မထားခဲ့ပါနဲ့ အကွေး။
ကျွန်တော့်ကိုမထားခဲ့ပါနဲ့နော် အကွေး...။
အကွေးသာ ထွက်သွားရင် ကျွန်တော်သေသွားမှာ။"

"ငါ့မှာလည်း ကောင်းမရှိလို့မဖြစ်ဘူးလေ။ ကောင်းမရှိရင် ငါအဆင်ပြေမှာမဟုတ်ဘူး။"

သူမလည်တိုင်ထဲကိုနစ်ဝင်နေတဲ့ ကောင်းရဲ့မျက်နှာမှာ မျက်ရည်တို့ဖြင့်ချွဲနစ်နေသည်ကို သူမခံစားလို့ရနေသည်။ ကောင်းတော်တော်လေးကို ဝမ်းနည်းနေတာပဲလို့ တွေးမိပြီး ကောင်းရဲ့ကျောပြင်လေးကို ခပ်ဖွဖွလေးပွတ်သပ်ပေးမိသည်။

"မင်္ဂလာဆောင် သွားကြတော့မလား ကောင်း"

သူမကို ဖက်တွယ်တိုးဝင်ထားသည့် ကောင်းကြောင့်နဲ့ကြာလာတော့ အကွေးမှာတော်တော်လေး ညောင်းညာလာတာကြောင့် မင်္ဂလာပွဲသွားရမည်ကိုအကြောင်းပြလိုက်ရသည်။

"ကျွန်တော် မသွားချင်တော့ဘူး အကွေးရာ။ အကွေးကို သူများတွေ မြင်သွားမှာစိုးတယ်။"

"ငါ့ကို ဘယ်သူမှမမြင်ရင် ဘယ်ကောင်းမလဲ။ ငါလှလှလေးပြင်ထားတာကို ကောင်းကလည်း။ ဒီမှာလေ မိတ်ကပ်ပျက်မှာကြောက်လို့ မျက်နှာကိုတောင် မနည်းအပေါ်မော့ပြီးနေထားရတာ။ ကောင်းဆံပင်တွေနဲ့ထိရင် ပျက်ကုန်မှာစိုးလို့။"

"အကွေးက လှချင်နေတာလား။"

"အေးလေ လှချင်တာပေါ့။"

"ဘယ်သူ့အတွက်လှချင်တာလဲ ကျွန်တော့်အကွေးက....။"

"ဟင်...."

"ဟုတ်တယ်လေ...." လို့အရင်ပြောပြီး သူမလေးရဲ့လည်တိုင်ဆီကနေဖယ်ခွာကာ သူမလေးရဲ့ခန္ဓာကိုယ်သေးသေးလေးကို မင်းသမီးလေးလိုပဲတယုတယနဲ့ချီပွေ့ထားလိုက်သည်။ ပြီးနောက်မှပဲ စကားကိုပြန်ဆက်သည်။

"ဘယ်သူ့အမြင်မှာ အကွေးကလှချင်တာလဲဆိုတာ အရေးကြီးတယ်လေ။ "

"ငါလား...ငါက အားလုံးအမြင်မှာလှချင်တာလေ။ လှလိုက်တာလို့ပြောရင် ငါတအားပျော်တာ။"

"တခြားသူတွေက အကွေးကိုလှတယ်လို့ပြောရင် ကျွန်တော်ကတအားနဲ့သဝန်တိုတာ။ "

"အရင်က အဲ့လိုမဟုတ်ပါဘူး။ မှန်းစမ်း...ကိုယ်များပူနေလား"

ခဏချင်းမှာပဲ ကျွန်တော်နဖူးပေါ်ကို လက်သေးသေးလေးတွေရောက်လာပြီး ကိုယ်ပူစမ်းသည်တဲ့။ ဒီလိုအကွေးရဲ့လှုပ်ရှားမှုလေးကိုက ချစ်ဖို့ကောင်းနေတော့ မနာလိုဖြစ်တာ ကျွန်တော့်လွန်တော့မဟုတ်ပါလေ။

"ကိုယ်လည်း မပူပါဘူး။ "

"ကျွန်တော် မဖျားပါဘူးဗျာ။"

"မသိဘူးလေ။ ဖျားပြီး လျှောက်ပြောနေတယ်ထင်လို့။"

"အကွေးမှ မသိတာ။ ကျွန်တော်ကလေ အကွေးအနားမှာအချိန်တိုင်းရှိနေခွင့်ရတဲ့ လေထုကိုကအစ သဝန်တိုတဲ့ကောင်။"

"အမလေး ကောင်းသဝန်တိုတာကြီးကလည်း ကြောက်စရာကြီး။ မသိရင် ငါ့ကိုသေခိုင်းနေသလိုပဲနော်....."

"မဟုတ်တာဗျာ။"

"ဟုတ်ပါတယ်။ ကောင်းက လေထုကိုသဝန်တိုတယ်ဆို။ အဲ့တော့လေမရှိရင် ငါအသက်ရှူရပ်ပြီးသေမှာပေါ့။"

သူမလေးပြောမှပဲ ကောင်းမှာ တွေးမိသွားရပြီး ဘာဆက်ပြောလိုက်ရမှန်းမသိဖြစ်ရသည်။ နောက်မှပဲ ဒီနေရာတော့ သူတစ်ထစ်လျော့လိုက်မည်လို့တွေးပြီး...။
"ဒါဆို ကျွန်တော် အကွေးအနားမှာရှိနေတဲ့ လေကိုသဝန်မတိုတော့ဘူး။ သူက အကွေးကိုအသက်ရှင်စေတာမိုလို့ ခွင့်ပြုပေးလိုက်မယ်။"

"အင်း....သဝန်မတိုတာကောင်းတယ်။ မဟုတ်ရင် ကောင်းသဝန်တိုနေရမယ်ဆိုပြီး ငါအသက်မရှူပဲနေလိုက်တော့မို့။"

"ဗျာ....."
ဒီတစ်ခါ အူတူတူအကွေးလေးရဲ့စကားမှာ အူကြောင်ကြောင်ဖြစ်သွားရတာက ကျွန်တော်ပါ။

အကွေးရဲ့စကားကို နာမလည်နိုင်တာကြောင့်နဲ့ မျက်လုံးလေးပြူးပြီး သူမလိုအူကြောင်ကြောင်လေးကြည့်ပြလိုက်သည်။

"ကောင်းငိုရင် ငါမနေတတ်ဘူး။ ကောင်းကလည်း ငါ့ကိုသဝန်တိုပြီးငိုတာမလား...အဲ့တော့ ကောင်းသဝန်မတိုအောင် ငါနေရမှာပေါ့။ အဲ့တာဘာဖြစ်လို့လဲ သိလား။"

"ဟင့်အင်း...ကျွန်တော်မသိဘူး အကွေး။"

"ကောင်းမရှိရင် မဖြစ်လို့ပေါ့။ လေမရှူလို့ အသက်ရှူရပ်တာထက် ကောင်းငိုနေလို့ ငါ့ရင်ထဲမှာပြည့်ကျပ်နေရတာက ပိုပြီးနာကျင်ရလို့လေ။"

"အကွေးရာ......"

သူမရဲ့စကားလှလှလေးတွေကြောင့် ပျော်ရွှင်မှုတွေကိုမထိန်းနိုင်တော့ပဲ ကျွန်တော့်လက်ပေါ်ကသူမလေးရဲ့ ခန္ဓာကိုယ်သေးသေးလေးကို ဝေ့ယမ်းမိသည်။

ချစ်ရတဲ့ ဒီအဖြူထည်လေးဆီက ဒီလိုစကားလုံးလေးတွေဟာ ကောင်းအတွက်တော့ ကျောက်သံပတ္တမြားတွေထက် ပိုလို့ပင်အဖိုးတန်လွန်းသည်။

(* တစ်နေနေရာမှာတော့ တင်ပေးခဲ့ဖူးတယ်။
အကြာကြီး ဥထားဖြစ်တဲ့အပိုင်းအစလေးကို ဒီနေ့မှာတော့ open upလုပ်ချင်လာတယ်။

ဒီရက်ပိုင်း စိတ်ပင်ပန်းစရာတွေတကယ်များတယ်။ ကြိုတွေးကြည့်လိုက်ရင် အားလုံးက ရင်မောစရာတွေကြည့်မို့။ ကံဆိုတဲ့ အရာကိုပဲပုံအောနေဖြစ်တယ်။

စာအုပ်ကိစ္စနဲ့ပက်သတ်ပြီးက အကြိမ်ပေါင်းများစွာအသိပေးခဲ့ဖူးပါတယ်။ ထုတ်မပြောဖြစ်ခဲ့ပေမယ့် တို့တကယ်ရင်ဆိုင်ခဲ့ရတာက' ဒီလောကကလည်း ဒီလိုလူတွေရှိနှင့်တယ်' ဆိုတဲ့အသိနဲ့ ရပ်တန့်ဖြစ်ခဲ့တယ်။

အခုတစ်ခါကိုတော့ ကံတစ်ခုလို့ ထင်မှတ်ပြီး ပုံအောချလိုက်မှာက တို့လူတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ပါ။

Wp မှာ Announceလုပ်ထားတဲ့အတိုင်း ကြီးမားတဲ့စိန်ခေါ်မှုပါပဲ။
10ks ပြည့်သွားခဲ့ရင်တကယ်လက်ခံလိုက်မှာ။
ဒါဆို physical bookလေးဆိုပြီး ကောင်းကဖြစ်တည်လာဖို့ နီးကပ်သွားပြီး။
မပြည့်ခဲ့ရင်တော့ တို့ငြင်းမှာပါ။
ယောရောဘွန်းတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ တို့ရဲ့ကံ ဒီနှစ်ရက်အတွင်းမှာ ခမ်းနားမလား၊ ရပ်တန့်ဖြစ်ပြန်မလား စိတ်လှုပ်ရှားစရာပါပဲ။

__________________

Zawgyi......

ဟိုတယ္အခန္းထဲတြင္ ျပင္ဆင္ေနၾကရင္းမွ ကြၽန္ေတာ့္အနားကိုေလွ်ာက္လာေသာ အေကြးသည္...

"ေကာင္း ငါ့ကိုၾကည့္ပါဦး။" ဆိုၿပီး မ်က္ႏွာကိုသူမေလးဘက္သို႔ လွည့္ေစသည္။

ကြၽန္ေတာ့္မ်က္ႏွာက သူမႏွင့္မ်က္ႏွာခ်င္းဆိုင္ အၾကည့္ခ်င္းစုံၿပီးဆိုခါမွ...
"ငါလွရဲ႕လားဟင္.." ဆိုၿပီးေမးလာသည္။

ထိုအခါမွာ အေကြးရဲ႕အက်င့္ေလးအတိုင္း ကြၽန္ေတာ့္ကိုေမာ့ၾကည့္ေနရင္းက မ်က္ေတာင္ေလးေတြပုတ္ခတ္ပုတ္ခတ္လုပ္ၿပီး ႏႈတ္ခမ္းေလးကိုလည္း မသိမသာေလး စူထားေသးသည္။

မ်က္ႏွာမွာလိမ္းျခယ္ထားတဲ့ ပန္းႏုေရာင္ ယွက္ေျပးေနမႈတို႔ႏွင့္အညီ လင္းလက္ေနေသာ မ်က္ခြံေလးမ်ားျဖင့္ အေကြးဟာအရမ္းကိုလွပါသည္။ ဆံပင္ကိုလည္း အလယ္ခြဲ ခြဲၿပီး ဒီအတိုင္းေလးခ်ထားတာျဖစ္သည္။

ဒီလိုဆိုေတာ့ ႐ိုး႐ိုးရွင္းရွင္းနဲ႔တကယ္အူယားၿပီး ဖက္နမ္းပစ္ခ်င္စရာေလးပါ။

"မလွဘူးလား.....။ ဟမ္...ဘယ္ေနရာ ဘယ္ေနရာက မလွတာလဲဟင္"

ကြၽန္ေတာ္က ခ်က္ခ်င္းျပန္မေျဖေပးေသးပဲ သူမေလးရဲ႕မ်က္ႏွာေလးကို ေသေသခ်ာခ်ာၾကည့္ေနတာေၾကာင့္နဲ႔ အဆုံးမွာသူမေတြးခ်င္ရာကို ေတြးခ်လိုက္ၿပီျဖစ္တဲ့အေကြးဟာ...
"ငါ တကယ္မလွတာလား..." လို႔ ထပ္ေျပာၿပီး ကြၽန္ေတာ့္နားကေန ထြက္သြားကာ မွန္ေရွ႕မွာသြားရပ္ေလသည္။

ဒီလိုေ႐ႊစိတ္ေတာ္ညိဳသြားေတာ့လည္း ကြၽန္ေတာ့္မွာ သူမေလးေမးတာကို ခ်က္ခ်င္းျပန္မေျဖေပးလိုက္တာကို ေနာင္တရမိၿပီး တပ္လက္စျဖစ္ေသာ ၾကယ္သီးကိုပင္ဆုံးေအာင္မတပ္ေတာ့ပဲ မွန္ေရွ႕က ခ်စ္စရာေလးဆီကိုသြားမိေတာ့သည္။

"လွတယ္ အေကြးကအရမ္းလွတယ္...။ကြၽန္ေတာ့္အေကြးကေလ တကယ့္အလွတရားေလးပါဗ်ာ...။"

သူမေလးရဲ႕ ေက်ာျပင္ေသးေသးေလးကို ကြၽန္ေတာ့္ရင္ခြင္ထဲထည့္ပစ္လိုက္ၿပီး ေနာက္ကေနသိုင္းဖက္ထားကာ သူမေလးရဲ႕ဗိုက္ေလးကိုအသာအယာပြတ္သပ္မိရင္း ထိုသို႔ဆိုလိုက္ေတာ့ သူမေလးရဲ႕မ်က္လုံးေတြျပဴးက်ယ္လာတာကို မွန္ကေနတဆင့္ျမင္လိုက္ရသည္။

"ကြၽန္ေတာ့္ကို မယုံလို႔လား အေကြးရ။ ကြၽန္ေတာ္က လိမ္ေျပာပါ့မလားဗ်ာ။"

အေတြးနယ္ခ်ဲ႕ေနၿပီျဖစ္သည့္ သူမေလးဘက္က စကားေလးေတြမလာခင္မွာပဲ ကြၽန္ေတာ့္ကစကားေျပာဖို႔လမ္းေၾကာင္းေလးခ်ေပးမိသည္။ မဟုတ္ရင္ ကြၽန္ေတာ့္အေကြးက တလြဲတေခ်ာ္ေတြ ေတြးေနဦးမွာ။

"ယုံပါတယ္....ဒါမယ့္ နည္းနည္းေလးပိုမေနဘူးလား ေကာင္းရယ္။"

"ေဟာ...နည္းနည္းေလးပဲ ပိုတာလား အေကြးရ။"

ရယ္သံေႏွာတဲ့ ကြၽန္ေတာ့္အေျပာကို အေကြးကႏွာေခါင္းေလးခ်ဳံ႕ၿပီး....
"အမ်ားႀကီး အပိုေျပာေနတာ သိပါတယ္။" လို႔ေျပာလာသည္။

ကြၽန္ေတာ့္မွာဒီခ်စ္စရာေလးကို ခ်စ္လြန္လြန္း၍ ရင္ထဲအသည္းထဲက ယားက်ိက်ိျဖစ္လာသည္ေၾကာင့္ ရယ္ေမာလိုက္တုန္းမွာ သူမေလးကထပ္ေျပာလာျပန္သည္။

"ငါတကယ္ မလွဘူးေနာ္ ေကာင္း။ ၾကည့္ပါဦး နဖူးက ေျပာင္တယ္။ မ်က္လုံး မ်က္လုံးကလည္းျပဴးေသးတယ္....ၿပီးေတာ့"

"မြ....."

မလွဘူးေျပာေနသည့္ အခ်ိန္မွာေတာင္မွ အေကြးကခ်စ္စရာေလးျဖစ္ေနသည့္မို႔ ကြၽန္ေတာ့္မွာမထိန္းႏိုင္စြာနဲ႔ပဲ မွန္ေရွ႕မ်က္ႏွာမူေနသည့္အေကြးေလးကို ကြၽန္ေတာ့္ဘက္ကို ဆြဲလွည့္လိုက္ၿပီး သူမေလးေျပာတဲ့ နဖူးက်ယ္က်ယ္ေလးကို အသံထြက္သည္အထိ အနမ္းေတြ ေႁခြေပးလိုက္သည္။

"နမ္း တယ္"

တစ္လုံးစီခြဲၿပီး ေျပာလာသည့္ ဒီစကားေၾကာင့္လည္း ကြၽန္ေတာ့္မွာၾကည့္ေနရင္းကပဲ ဒီခ်စ္စရာေလးကို အသည္းယားရရျပန္သည္။

"အင္း...ခ်စ္လို႔ေလ။" လို႔ ကြၽန္ေတာ္ကျပန္ေျပာေတာ့ အံ့ၾသသြားသည္ေၾကာင့္ ပြင့္ဟလာသည့္ သူမေလးရဲ႕ႏႈတ္ခမ္းႏွစ္လႊာကို ကြၽန္ေတာ္ႏႈတ္ခမ္းနဲ႔ဖိကပ္လိုက္ၿပီး ထိကပ္သြားသည့္အခါမွ တစ္လႊာျခင္းကို စုတ္ယူနမ္းရႈိက္လိုက္သည္။

ထိုသည္အထိ ကြၽန္ေတာ့္ရဲ႕အျပဳအမူေတြအေပၚ အံ့ၾသလို႔မၿပီးႏိုင္ေသးတဲ့ အေကြးေလးက ကြၽန္ေတာ့္အနမ္းေတြကိုလည္းမတုန္႔ျပန္သလို၊ ႏႈတ္ခမ္းကိုလည္း မေစ့ထားေသးေပ။ ဒီလိုအေနအထားေလးမွာ ႏႈတ္ခမ္းေလးေတြကို တစ္လႊာခ်င္းစုတ္ယူစားေသာက္ေနသည္ကို အားမရျဖစ္လာၿပီး အနည္းေလာက္ဖြင့္ဟ ထားတဲ့သူမေလးရဲ႕ႏႈတ္ခမ္းေလးထဲကို လွ်ာဖ်ားေလးတိုးဝင္မိသည္။

ထိုအခါမွပဲ ခ်က္ခ်င္းတုန္႔ျပန္လာတဲ့ တုန္႔ျပန္မႈက ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ကြၽန္ေတာ့္ရင္ဘက္ေတြကို လက္ဖဝါးေသးေသးေလးေတြနဲ႔ တြန္းထုတ္တာပင္။

"အေကြး...."
အခုထိနမ္းလို႔မဝေသးတဲ့ ကြၽန္ေတာ္က မ်က္ႏွာငယ္ေလးလုပ္ၿပီး သူမေလးရဲ႕နာမကိုတမ္းတမိေတာ့ သူမေလးက ေခါင္းရႈပ္လာပုံရသည္။

အခုထိ ကြၽန္ေတာ့္ရင္ဘက္မွာ ထိေတြ႕ထားဆဲျဖစ္တဲ့ လက္ဖဝါးေသးေသးေလးေတြနဲ႔ပဲ ထပ္လို႔တြန္းထုတ္ၿပီး ကြၽန္ေတာ္နဲ႔သူမအၾကား အကြာအေဝးကို ပိုတိုးေစျပန္သည္။

"ကြၽန္ေတာ္နမ္းလို႔ မရဘူးလားဗ်ာ...."

႐ုတ္ခ်ည္းပဲ အရည္လဲ့လာတဲ့ ေကာင္းရဲ႕မ်က္လုံးေလးေတြေၾကာင့္ တြန္းထုတ္ေနတဲ့ သူမရဲ႕လက္ေတြကိုရပ္တန္႔ပစ္လိုက္ၿပီး ေကာင္းထံသို႔ေခါင္းယမ္းျပလိုက္သည္။

ဒါကို ေကာင္းက အဓိပၸါယ္တျခားေတြးၿပီး...

"မနမ္းရဘူးေပါ့ေလ...။ ဟူးး.. အေကြးသေဘာပါ။
ဒါဆို ကြၽန္ေတာ္အျပင္ကေစာင့္မယ္ေနာ္။ ႏွစ္ေယာက္တည္းဆိုေတာ့ အေကြးကိုထပ္နမ္းမိမွာစိုးလို႔...."

ေခါင္းေလးကို အနည္းငယ္ငုံ႔ခ်ၿပီး သူမကိုေက်ာခိုင္းသြားတဲ့ ေကာင္းကိုၾကည့္ေနရင္းကပဲ ခါတိုင္းလို ေထာင္မတ္ေနတဲ့ေကာင္းရဲ႕ေက်ာျပင္ဟာ အခုအခါမွာ ေတာ္ေတာ္ေလးကိုေဖ်ာ့ေတာ့ေနပုံေပါက္သည္။

ၿပီးေတာ့လည္း အေစာကျဖစ္သြားတဲ့ ညႇိဳးငယ္သြားတဲ့ ေကာင္းရဲ႕မ်က္ႏွာကို ျပန္ျမင္ေယာင္မိၿပီး သူမ မွားသြားၿပီလားဟု ေတြးမိသည္။

တကယ္ေတာ့ သူမက ေကာင္းကိုမနမ္းေစခ်င္တာမဟုတ္ေပ။ နမ္းတဲ့သူက ေကာင္းသာဆိုရင္ သူမဘက္က အဆင္ေျပသည္။ သို႔ေသာ္လည္း အခုလို သြားခါနီးလာခါနီးမွာ နမ္းတာက်ေတာ့ ျပင္ဆင္ထားတာေတြ ပ်က္စီးကုန္မွာျဖစ္သည္။

ဒီကေန႔မွာ မိုးလင္းၿပီဆိုကတည္းက မဂၤလာေဆာင္သြားဖို႔ရန္အတြက္ သူမမွာ မ်က္ႏွာသစ္၊ Maskကဒ္၊ ဆံပင္လိပ္ ဘာညာနဲ႔ေတာ္ေတာ္ေလးကို အပင္ပန္းခံထားရတာျဖစ္သည္။

ေကာင္းတို႔ ထရိန္နင္ဘဝတုန္းက ကြင္းမွာရွိခဲ့သည့္ ရွမ္းမေလးက သူ႔မဂၤလာေဆာင္ကိုဖိတ္သည္မို႔ အေကြးေရာ ေကာင္းပါေရာက္လာခဲ့ျခင္းျဖစ္သည္။ ကိုယ့္အိမ္ကိုယ့္ရာမဟုတ္တာေၾကာင့္နဲ႔ ျပင္တာဆင္တာက သိပ္ၿပီးအဆင္မေျပရသည့္အထဲမွာ ေကာင္းကနမ္းေသးသည္။

ဘာပဲျဖစ္ျဖစ္ ဒီလိုမ်ိဳးေကာင္းမ်က္ႏွာေလး ညႇိဳးသြားေတာ့လည္း သူမစိတ္ထဲမေကာင္းေပ။ ထို႔ေၾကာင့္ ေတြးမေနေတာ့ပဲ အခန္းအျပင္မွာရွိေနမည့္ ေကာင္းဆီကိုအေျပးသြားၿပီး ေကာင္းရင္ခြင္ထဲဝင္ကာ ခါးေတြဆီမွာက်စ္က်စ္လစ္လစ္ဖက္တြယ္ထားလိုက္သည္။

သူမကဖက္တြယ္ထားလို႔ ခႏၶာကိုယ္ႏွစ္ခုက ပူးကပ္ေနေသာ္လည္း သူမဘက္ကေရာ၊ ေကာင္းဘက္ကပါစကားေတြ စၿပီးမေျပာၾကေသးေပ။ ဖက္ထားရင္းကေန ၅မိနစ္ေလာက္ၾကာသည္အထိ သူမဘက္ကေစာင့္လိုက္ေသးသည္။

အခ်ိန္ၾကာလာသည္အထိ ေကာင္းဘက္ကဘာမွေျပာမလာသည္မို႔.....
"ငါ့ကိုလည္း ျပန္ဖက္ထားပါလား ေကာင္း" ဆိုၿပီး ေျပာကာ ေကာင္းရဲ႕ေမးဖ်ားေလးကို ဖ်က္ခနဲေမာ့နမ္းမိသည္။

"ေကာင္း.... ေကာင္း ငါ့ကိုစိတ္ဆိုးေနလားဟင္။"

သူမကဖက္ထားပါလားလို႔ ေျပာ၍သာ ေကာင္းကဖက္ထားေသာ္လည္း ၿငိမ္သက္ေနသည္ပဲမို႔ သူမဘက္ကပဲထပ္ၿပီး စကားေျပာရသည္။ ေကာင္းကပဲ သူမကိုအရိပ္တၾကည့္ၾကည့္နဲ႔ဂ႐ုစိုက္ေနၾကမိုလို႔ အခုလိုၿငိမ္သက္ေနတာမ်ိဳးကို သူမ မေနတတ္ပဲျဖစ္ရသည္။

"ကြၽန္ေတာ္ စိတ္မဆိုးပါဘူး။"

သူမက ေျပာမွပဲ သူမရဲ႕ဦးေခါင္းေပၚကိုေမးေစ့ေလးနဲ႔ တိုးေဝွ႔ကစကားျပန္ေျပာတာျဖစ္သည္။

"ေရာ့ေလ ငါ့ကိုနမ္း....နမ္းေလ။"

တစ္ေယာက္မ်က္ႏွာတစ္ေယာက္မျမင္ရပဲ ၿငိမ္သက္ေနရတာထက္ဆိုင္ရင္ လိမ္းျခယ္ထားတာေတြပ်က္သြားတာကမွ ပိုေကာင္းလိမ့္ဦးမည္လို႔ ေတြးမိၿပီး ေကာင္းနဲ႔လူခ်င္းခြာကာ မ်က္ႏွာကိုအေပၚေမာ့ၿပီး ႏႈတ္ခမ္းကိုရက္ရက္ေရာေရာနဲ႔ ေထာ္ေပးထားမိသည္။

"ကြၽန္ေတာ့္ကို စိတ္ပ်က္ေနၿပီလား အေကြး။ အေကြးမလုပ္ခ်င္တာကို အတင္းလုပ္ခိုင္းတယ္ဆိုၿပီး ကြၽန္ေတာ့္ကိုစိတ္နာေနမလား။ မဟုတ္ရင္လည္း ကြၽန္ေတာ္နမ္းတာက အေကြးအတြက္စိတ္အေႏွာက္အယွက္ျဖစ္ေစၿပီလား...။ ကြၽန္ေတာ္....."

"မျဖစ္ပါဘူး...နမ္းေလ နမ္းပါ။"

"အေကြးမွစိတ္မပါတာ...."

"ဟင္..ပါ,ပါတယ္ ေကာင္းရဲ႕။ ဒီမွာၾကည့္ေလ ငါေျခဖ်ားလည္းေထာက္ထားတယ္။ ႏႈတ္ခမ္းလည္းေထာ္ေပးထားတယ္။ ေကာင္းဆီကေနအနမ္းခံခ်င္လို႔ပါ ဆိုမွပဲ....."

"မဟုတ္ပါဘူး...ကြၽန္ေတာ္သိတယ္။"

အျဖဴထည္ေလးရဲ႕ အေတြးေတြကို အခုထိတိုင္လိုက္မမွီႏိုင္တာေၾကာင့္နဲ႔ သူမေလးစိတ္ထဲမွာဘာေတြျဖစ္ေနမလဲဆိုတာကို ခန္႔မွန္းၾကည့္ေနရရင္း ၾကာေတာ့ ေကာင္းရင္ေတြေမာလာသည္။ ဒီအျဖဴထည္ေလး...ဒီအျဖဴထည္ေလးရဲ႕ သူ႔အေပၚထားတဲ့ အခ်စ္ေတြသာကြယ္ေပ်ာက္သြားခဲ့ရင္ဆိုၿပီး သူ႔မွာပူေလာင္ေနရသည္။

ကိစၥရပ္ေတာ္ေတာ္မ်ားမ်ားကို လက္ခံႏိုင္စြမ္းႀကီးမားေသာ အေကြးလိုအျဖဴထည္ေလးအတြက္ သူနဲ႔ပက္သတ္ၿပီးစိမ္းကားသြားႏိုင္မွာကို သူတကယ္ပဲေၾကာက္ေနတာျဖစ္သည္။ အေကြးသာသူနဲ႔အတူ ရွိရတာကိုမႀကိဳက္ေတာ့ရင္ ကေလးေတြဆိုတာလည္း သူမေလးအတြက္တြယ္ေႏွာင္ထားမယ့္ႀကိဳးေတြျဖစ္ႏိုင္မယ္မထင္ေပ။

"ေကာင္း...ေကာင္း...ေကာင္း ငါ့ကိုၾကည့္။ ငါ့ကိုၾကည့္ေလ..."

သူမေလးရဲ႕ေခၚသံေၾကာင့္နဲ႔ လက္ရွိအေျခအေနကိုျပန္လည္ေရာက္လာေသာ္လည္း သူမကိုမ်ားဆုံးရႈံးလိုက္ရရင္ဆိုၿပီး မ်က္စိေရွ႕ကဒီအျဖဴထည္ေလးရဲ႕ ရင္ခြင္ေသးေသးေလးထဲကို အတင္းတိုးဝင္ၿပီး ကိုယ္ေသးေသးေလးကိုဖက္တြယ္ထားမိသည္။

"မငိုပါနဲ႔လား ေကာင္းရယ္....."

မ်က္ရည္ေတြနဲ႔ေကာင္းကို ျမင္လိုက္ရေတာ့ သူမမွာဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေတာ့ပဲ ေကာင္းနဲ႔အတူလိုက္ၿပီးငိုေႂကြးခ်င္လာသည္။

"ကြၽန္ေတာ့္ကို မထားခဲ့ပါနဲ႔ အေကြး။
ကြၽန္ေတာ့္ကိုမထားခဲ့ပါနဲ႔ေနာ္ အေကြး...။
အေကြးသာ ထြက္သြားရင္ ကြၽန္ေတာ္ေသသြားမွာ။"

"ငါ့မွာလည္း ေကာင္းမရွိလို႔မျဖစ္ဘူးေလ။ ေကာင္းမရွိရင္ ငါအဆင္ေျပမွာမဟုတ္ဘူး။"

သူမလည္တိုင္ထဲကိုနစ္ဝင္ေနတဲ့ ေကာင္းရဲ႕မ်က္ႏွာမွာ မ်က္ရည္တို႔ျဖင့္ခြၽဲနစ္ေနသည္ကို သူမခံစားလို႔ရေနသည္။ ေကာင္းေတာ္ေတာ္ေလးကို ဝမ္းနည္းေနတာပဲလို႔ ေတြးမိၿပီး ေကာင္းရဲ႕ေက်ာျပင္ေလးကို ခပ္ဖြဖြေလးပြတ္သပ္ေပးမိသည္။

"မဂၤလာေဆာင္ သြားၾကေတာ့မလား ေကာင္း"

သူမကို ဖက္တြယ္တိုးဝင္ထားသည့္ ေကာင္းေၾကာင့္နဲ႔ၾကာလာေတာ့ အေကြးမွာေတာ္ေတာ္ေလး ေညာင္းညာလာတာေၾကာင့္ မဂၤလာပြဲသြားရမည္ကိုအေၾကာင္းျပလိုက္ရသည္။

"ကြၽန္ေတာ္ မသြားခ်င္ေတာ့ဘူး အေကြးရာ။ အေကြးကို သူမ်ားေတြ ျမင္သြားမွာစိုးတယ္။"

"ငါ့ကို ဘယ္သူမွမျမင္ရင္ ဘယ္ေကာင္းမလဲ။ ငါလွလွေလးျပင္ထားတာကို ေကာင္းကလည္း။ ဒီမွာေလ မိတ္ကပ္ပ်က္မွာေၾကာက္လို႔ မ်က္ႏွာကိုေတာင္ မနည္းအေပၚေမာ့ၿပီးေနထားရတာ။ ေကာင္းဆံပင္ေတြနဲ႔ထိရင္ ပ်က္ကုန္မွာစိုးလို႔။"

"အေကြးက လွခ်င္ေနတာလား။"

"ေအးေလ လွခ်င္တာေပါ့။"

"ဘယ္သူ႔အတြက္လွခ်င္တာလဲ ကြၽန္ေတာ့္အေကြးက....။"

"ဟင္...."

"ဟုတ္တယ္ေလ...." လို႔အရင္ေျပာၿပီး သူမေလးရဲ႕လည္တိုင္ဆီကေနဖယ္ခြာကာ သူမေလးရဲ႕ခႏၶာကိုယ္ေသးေသးေလးကို မင္းသမီးေလးလိုပဲတယုတယနဲ႔ခ်ီေပြ႕ထားလိုက္သည္။ ၿပီးေနာက္မွပဲ စကားကိုျပန္ဆက္သည္။

"ဘယ္သူ႔အျမင္မွာ အေကြးကလွခ်င္တာလဲဆိုတာ အေရးႀကီးတယ္ေလ။ "

"ငါလား...ငါက အားလုံးအျမင္မွာလွခ်င္တာေလ။ လွလိုက္တာလို႔ေျပာရင္ ငါတအားေပ်ာ္တာ။"

"တျခားသူေတြက အေကြးကိုလွတယ္လို႔ေျပာရင္ ကြၽန္ေတာ္ကတအားနဲ႔သဝန္တိုတာ။ "

"အရင္က အဲ့လိုမဟုတ္ပါဘူး။ မွန္းစမ္း...ကိုယ္မ်ားပူေနလား"

ခဏခ်င္းမွာပဲ ကြၽန္ေတာ္နဖူးေပၚကို လက္ေသးေသးေလးေတြေရာက္လာၿပီး ကိုယ္ပူစမ္းသည္တဲ့။ ဒီလိုအေကြးရဲ႕လႈပ္ရွားမႈေလးကိုက ခ်စ္ဖို႔ေကာင္းေနေတာ့ မနာလိုျဖစ္တာ ကြၽန္ေတာ့္လြန္ေတာ့မဟုတ္ပါေလ။

"ကိုယ္လည္း မပူပါဘူး။ "

"ကြၽန္ေတာ္ မဖ်ားပါဘူးဗ်ာ။"

"မသိဘူးေလ။ ဖ်ားၿပီး ေလွ်ာက္ေျပာေနတယ္ထင္လို႔။"

"အေကြးမွ မသိတာ။ ကြၽန္ေတာ္ကေလ အေကြးအနားမွာအခ်ိန္တိုင္းရွိေနခြင့္ရတဲ့ ေလထုကိုကအစ သဝန္တိုတဲ့ေကာင္။"

"အမေလး ေကာင္းသဝန္တိုတာႀကီးကလည္း ေၾကာက္စရာႀကီး။ မသိရင္ ငါ့ကိုေသခိုင္းေနသလိုပဲေနာ္....."

"မဟုတ္တာဗ်ာ။"

"ဟုတ္ပါတယ္။ ေကာင္းက ေလထုကိုသဝန္တိုတယ္ဆို။ အဲ့ေတာ့ေလမရွိရင္ ငါအသက္ရႉရပ္ၿပီးေသမွာေပါ့။"

သူမေလးေျပာမွပဲ ေကာင္းမွာ ေတြးမိသြားရၿပီး ဘာဆက္ေျပာလိုက္ရမွန္းမသိျဖစ္ရသည္။ ေနာက္မွပဲ ဒီေနရာေတာ့ သူတစ္ထစ္ေလ်ာ့လိုက္မည္လို႔ေတြးၿပီး...။
"ဒါဆို ကြၽန္ေတာ္ အေကြးအနားမွာရွိေနတဲ့ ေလကိုသဝန္မတိုေတာ့ဘူး။ သူက အေကြးကိုအသက္ရွင္ေစတာမိုလို႔ ခြင့္ျပဳေပးလိုက္မယ္။"

"အင္း....သဝန္မတိုတာေကာင္းတယ္။ မဟုတ္ရင္ ေကာင္းသဝန္တိုေနရမယ္ဆိုၿပီး ငါအသက္မရႉပဲေနလိုက္ေတာ့မို႔။"

"ဗ်ာ....."
ဒီတစ္ခါ အူတူတူအေကြးေလးရဲ႕စကားမွာ အူေၾကာင္ေၾကာင္ျဖစ္သြားရတာက ကြၽန္ေတာ္ပါ။

အေကြးရဲ႕စကားကို နာမလည္ႏိုင္တာေၾကာင့္နဲ႔ မ်က္လုံးေလးျပဴးၿပီး သူမလိုအူေၾကာင္ေၾကာင္ေလးၾကည့္ျပလိုက္သည္။

"ေကာင္းငိုရင္ ငါမေနတတ္ဘူး။ ေကာင္းကလည္း ငါ့ကိုသဝန္တိုၿပီးငိုတာမလား...အဲ့ေတာ့ ေကာင္းသဝန္မတိုေအာင္ ငါေနရမွာေပါ့။ အဲ့တာဘာျဖစ္လို႔လဲ သိလား။"

"ဟင့္အင္း...ကြၽန္ေတာ္မသိဘူး အေကြး။"

"ေကာင္းမရွိရင္ မျဖစ္လို႔ေပါ့။ ေလမရႉလို႔ အသက္ရႉရပ္တာထက္ ေကာင္းငိုေနလို႔ ငါ့ရင္ထဲမွာျပည့္က်ပ္ေနရတာက ပိုၿပီးနာက်င္ရလို႔ေလ။"

"အေကြးရာ......"

သူမရဲ႕စကားလွလွေလးေတြေၾကာင့္ ေပ်ာ္႐ႊင္မႈေတြကိုမထိန္းႏိုင္ေတာ့ပဲ ကြၽန္ေတာ့္လက္ေပၚကသူမေလးရဲ႕ ခႏၶာကိုယ္ေသးေသးေလးကို ေဝ့ယမ္းမိသည္။

ခ်စ္ရတဲ့ ဒီအျဖဴထည္ေလးဆီက ဒီလိုစကားလုံးေလးေတြဟာ ေကာင္းအတြက္ေတာ့ ေက်ာက္သံပတၱျမားေတြထက္ ပိုလို႔ပင္အဖိုးတန္လြန္းသည္။

(* တစ္ေနေနရာမွာေတာ့ တင္ေပးခဲ့ဖူးတယ္။
အၾကာႀကီး ဥထားျဖစ္တဲ့အပိုင္းအစေလးကို ဒီေန႔မွာေတာ့ open upလုပ္ခ်င္လာတယ္။

ဒီရက္ပိုင္း စိတ္ပင္ပန္းစရာေတြတကယ္မ်ားတယ္။ ႀကိဳေတြးၾကည့္လိုက္ရင္ အားလုံးက ရင္ေမာစရာေတြၾကည့္မို႔။ ကံဆိုတဲ့ အရာကိုပဲပုံေအာေနျဖစ္တယ္။

စာအုပ္ကိစၥနဲ႔ပက္သတ္ၿပီးက အႀကိမ္ေပါင္းမ်ားစြာအသိေပးခဲ့ဖူးပါတယ္။ ထုတ္မေျပာျဖစ္ခဲ့ေပမယ့္ တို႔တကယ္ရင္ဆိုင္ခဲ့ရတာက' ဒီေလာကကလည္း ဒီလိုလူေတြရွိႏွင့္တယ္' ဆိုတဲ့အသိနဲ႔ ရပ္တန္႔ျဖစ္ခဲ့တယ္။

အခုတစ္ခါကိုေတာ့ ကံတစ္ခုလို႔ ထင္မွတ္ၿပီး ပုံေအာခ်လိုက္မွာက တို႔လူေတြရဲ႕ဆုံးျဖတ္ခ်က္ေတြနဲ႔ပါ။


Wp မွာ Announceလုပ္ထားတဲ့အတိုင္း ႀကီးမားတဲ့စိန္ေခၚမႈပါပဲ။
10ks ျပည့္သြားခဲ့ရင္တကယ္လက္ခံလိုက္မွာ။
ဒါဆို physical bookေလးဆိုၿပီး ေကာင္းကျဖစ္တည္လာဖို႔ နီးကပ္သြားၿပီး။
မျပည့္ခဲ့ရင္ေတာ့ တို႔ျငင္းမွာပါ။
ေယာေရာဘြန္းတို႔ရဲ႕ စိတ္အားထက္သန္မႈနဲ႔ တို႔ရဲ႕ကံ ဒီႏွစ္ရက္အတြင္းမွာ ခမ္းနားမလား၊ ရပ္တန္႔ျဖစ္ျပန္မလား စိတ္လႈပ္ရွားစရာပါပဲ။

Continue Reading

You'll Also Like

8.4K 406 13
ဒီကမ္ဘာတွင် မြတ်နိုး၍ တန်ဖိုးထားသင့်သည်ဟု အစဥ်တွေးတောနေဖြစ်သည့် လူတစ်ယောက်သာရှိသည်။ ရောင်ဝါ+ဒရယ်ဂွန်
464K 32.9K 39
ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပိုင်
610K 22.6K 51
အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။