ချစ်မိပြန်ပြီ မမမြိုင် ( Comp...
By morA_nyein
255K 22.6K 1.5K
‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.20... More
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
..
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
မမမြိုင်ဆီသို့
အခန်း ၂၁
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇ ( ဇာတ်သိမ်းခန်း )
.. 100K ..
မမမြိုင် character
ညိုလေး character
Attention plz‼️
အခန်း ၂၂
4K 379 28
By morA_nyein
" အဲ့မိန်းမက ။ ဘယ်သူလဲ ။ "
" အဖြေပေးစမ်းပါ ။ အဲ့မိန်းမက ။ ဘယ်သူလဲ ။ "
" ဒါဖြင့် ရှင်ဖြေ ။ ဘယ်သူလဲ ။ "
" ဘာ ။ သဘင်သည် ။ သဘင်သည်ဟုတ်လား ။ "
" မြိုင်ရယ် ။ "
" မဖြစ်သင့်ဘူး ။ မဖြစ်သင့်ဘူး ။ "
" ဖြစ်ရမယ် ။ ဖြစ်ကို ဖြစ်ရမယ် ။ "
" အောက်တန်းစားမ ။ လင်ခိုးမ ။ "
" အား ..... "
" အား ။ "
" အပျက်မ ။ "
" အား ......... "
" မလုပ်ပါနဲ့ ။ မလုပ်ပါနဲ့ ။ ငါတောင်းပန်ပါတယ် ။ မလုပ်ပါနဲ့ ။ "
" မြိုင် ။ မလုပ်ပါနဲ့ ။ ငါ တောင်းဆိုတာပါ ။ မလုပ်ပါနဲ့ ။ "
" နင် ။ နင် မကြောက်ဘူးလား ။ "
" ကြောက်ရမယ် ။ ငါက ဘာကို ကြောက်ရမှလဲ ။ "
" မဟုတ်ဘူး ။ မဟုတ်ဘူး ။ "
" ငါ သတ်တာမဟုတ်ဘူး ။ မဟုတ်ဘူး ။ "
" ဟင့်အင်း ။ "
" မြိုင်ရယ် ။ "
X X X X X
morA_nyein
22.11.2022
သီရိမြိုင်စံအိမ်တော်ရှိ မြိုင်နှင့်ကိုမြင့်မောင်တို့၏ မင်္ဂလာအိပ်ခန်း ကုတင်ပေါ်၌ မြိုင်သည် လှဲလျောင်းကာ အိပ်စက်နေပေတော့သည် ။ မြိုင့်ရဲ့ ဘေးနား၌ ကိုမြင့်မောင်ဟာ ရှိနေသည် ။ မြိုင့်ရဲ့ လက်ဖဝါးနုနုလေးကိုကိုင်လို့ သူ၏ နှုတ်ခမ်းနှင့် ထိကပ်ထားပြီး အိပ်စက်နေသည့်မြိုင့်အား လေးလံသောမျက်ဝန်းများနှင့် ကြည့်နေတော့သည် ။
" မြိုင် ။ နေမကောင်းမဖြစ်ပါနဲ့ မြိုင်ရယ် ။ အစ်ကို့ရဲ့ကလေးကို မြိုင်လွယ်ထားရမှန်း အစ်ကိုတကယ်မသိခဲ့ဘူးကွာ ။ အစ်ကို့ကို ခွင့်လွှတ်ပါ မြိုင်ရယ် ။ "
ဟုပြောပြီး ကျလာသောမျက်ရည်များအား မသုတ်မိဘဲ စီးကျခွင့်ပေးကာဖြင့် ငိုနေတော့သည် ။ သူ့ရဲ့ပါးကိုရိုက်ထားသော မြိုင့်ရဲ့ လက်ဖဝါးကိုဖြန့်ကာဖြင့် ပါးပြင်ထက်၌ နေရာယူခိုင်းမိတော့သည် ။
ကိုမြင့်မောင်သည် မြိုင့်ကို သိပ်ချစ်ပါသည် ။ သူကိုယ်တိုင်သည်လည်း ဘယ်သို့ကြောင့် မိန်းမပွေရှုပ်မိမှန်းကို မသိခဲ့ပါ ။ မြိုင့်ရဲ့အချစ်တွေကို ထီဆုကြီးပေါက်သလို ရထားခဲ့ပေမယ့် သူဘာ့ကြောင့် မလုံမလောက်ဖြစ်နေသည်ကိုပါ သူကိုယ်တိုင်လည်း မသိခဲ့ပါ ။ လိုပင်ဆန္ဒတွေများ မပြည့်ဝလို့များသလား ။
မြိုင့်ရဲ့လက်ဖဝါးကို နှာခေါင်းထိပ်နင့်နှုတ်ခမ်းဆီသို့ ထိကပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်တော့သည် ။
အိပ်စက်နေရင်းမှ အိပ်မက်ဆိုးမက်သလို မျက်ရည်များကျဆင်းလာသည့် မြိုင့်အား ကိုမြင့်မောင်သည် နူးညံ့ထိတွေ့စွာဖြင့် မျက်ရည်သုတ်ပေးတော့သည် ။ မြိုင်သည် သူမရဲ့ပါးပြင်ထက်၌ ချစ်ရတဲ့အစ်ကို့ရဲ့ လက်ချောင်းသွယ်သွယ်များကို ခံစားရတော့သည်ကြောင့် မျက်ဝန်းညိုများကို ဖွင့်ဟခဲ့ပေတော့သည် ။
တလဲ့လဲ့တောက်ပနေသော မျက်ရည်ကြည်များကြားမှ ကိုမြင့်မောင်ကို စူးစိုက်ကြည့်မိတော့သည် ။ ရင်ထဲအသည်းထဲက နာသည် ။ သို့သော် အစ်ကို့ကို ချစ်သည် ။
" အဲ့မိန်းမက ။ ဘယ်သူလဲ ။ "
တစ်လုံးချင်းကို အားလျော့သည်တစ်ဖုံ အားပြည့်ကာတစ်ဖုံဖြင့် မေးခွန်းထုတ်လိုက်သော မြိုင့်ကြောင့် ကိုမြင့်မောင် အဘယ်သို့အဖြေကို ပေးရမှန်းမသိ ။ မြိုင် ကျေနပ်လောက်မည့်အဖြေကို ပေးရမလား ။ ဒီအတိုင်း အမှန်အတိုင်းလေးပဲ ပြောရမလား ဝေခွဲရခက်နေတော့သည် ။
မြိုင်ဟာ သူမ၏လက်ကိုကိုင်ထားသော ကိုမြင့်မောင်ရဲ့လက်အား အသာဖြုတ်လိုက်ပြီး ရှိသည့်အင်အားနှင့် ကုန်းရုန်းကာထထိုင်တော့သည် ။ ကိုမြင့်မောင်သည်လည်း ကုတင်ခြေရင်း၌ ထိုင်ကာဖြင့် မြိုင့်အား ငေးကြည့်နေမိတော့သည် ။
" အဖြေပေးစမ်းပါ ။ အဲ့မိန်းမက ။ ဘယ်သူလဲ ။ "
မြိုင် မသိအောင်သာ သက်ပြင်းတိုချမိတော့သည် ။ ယခုအချိန်ထိ သူ၏ခေါင်းထဲ၌ မည့်သည့်အဖြေကို ပေးရမှန်း သူမသိ ။
" ဘယ်သူလဲ ။ ဘယ်ကလဲ ။ အဲ့ဒီ့အောက်တန်းစားမက ဘယ်သူလဲ ။ ကျွန်မမေးတာကို ဖြေစမ်းပါ ။ "
" မြိုင် ။ ဒေါသကို ထိန်းပါ မြိုင်ရယ် ။ "
" ဒါဖြင့် ရှင်ဖြေ ။ ဘယ်သူလဲ ။ "
" အစ်ကိုနဲ့ မေတ္တာမျှနေတဲ့ သဘင်သည်ပါ မြိုင် ။ "
" ဘာ ။ သဘင်သည် ။ သဘင်သည်ဟုတ်လား ။ "
မြိုင်ဟာ ကိုမြင့်မောင်၏ အင်္ကျီစကို ညာဘက်လက်နှင့်ဆွဲရင်း မျက်ရည်များကျကာဖြင့် ကျန်လက်တစ်ဖက်နှင့် ထုရိုက်ပေတော့သည် ။
မြိုင်ဟာ သဘင်သည်ကို မုန်းတီးနေခဲ့သည် ။ ဖခင်ဖြစ်သူဟာလည်း သဘင်သည်နှင့်လက်ထပ်ယူပြီး မြိုင်တို့မိသားစုကို မြိုင် ကလေးဘဝကတည်းက ပစ်ထားခဲ့သည်ကြောင့် မြိုင်ဟာ မုန်းသည်ထက်ကို ပို၍ မုန်းတီးနေခဲ့သည် ။
သဘင်သည်ဟာ မြိုင်တို့လို မျိုးရိုးမြင့်ထဲသို့ မဝင်နိုင်သော လူတန်းစားဆိုလည်း မမှားပေ ။ သဘင်သည်များဟာ လှပသည်ကြောင့် ယောက်ျားတကာ၏ စိတ်ဝင်စားခြင်းများကို ခံရသည် ။ အထူးသဖြင့် အိမ်ထောင်သည်ယောက်ျားများ၏ စိတ်ဝင်စားခြင်းကို ခံရသည် ။ ဖောက်ပြန်မှုများ၏ နောက်ကွယ်မှာ သဘင်သည်ဟာ အများစု တည်ရှိနေခဲ့ကြသည် ။
ကိုမြင့်မောင်ဟာ မြိုင့်၏ ထိုနောက်ကြောင်းရာဇဝင်အား မသိခဲ့ပါ ။ မြိုင်ဟာ ထိုသဘင်သည်မိန်းမအား သေဆုံးသွားစေချင်သည် ။
" ရှင့်သဘင်သည်ကို ကျွန်မ သတ်ပစ်မယ် ။ "
" မြိုင် ။ မြိုင် ဒီလိုလုပ်လို့မဖြစ်ဘူးနော် ။ "
" ဘာ့ကြောင့်မဖြစ်ရမှာလဲ ။ ကျွန်မတို့အိမ်ထောင်ရေးကို ဖောက်ပြားအောင်လုပ်ခဲ့တဲ့ အောက်တန်းစားမကို ကျွန်မက အသက်ရှင်ခွင်ပေးရမှာတဲ့လား ။ "
" မြိုင် ။ စိတ်အေးအေးထားပါ မြိုင်ရယ် ။ မြိုင့်မှာ ကိုယ်ဝန်နုနုနဲ့လေ ။ ဒီလိုနဲ့ မြိုင် တစ်ခုခုဖြစ်သွားရင် အစ်ကို့ရင်တွေ ကွဲကြေတော့မှာပဲ မြိုင် ။ "
" ကျွန်မ ရင်တွေ ကွဲကြေပြီးသားပဲ ။ ထပ်ကွဲလည်း ဘာအကြောင်းလဲ ။ "
" မြိုင်ရယ် ။ "
" မိခင်ရဲ့စကားကိုတောင် နားမထောင်ဘဲ ရှင့်လိုယောက်ျားကို ရအောင်လက်ထပ်ယူခဲ့တဲ့ မိန်းမပါ ။ "
ထိုသို့ဖြင့် မြိုင်နှင့်သဘင်သည်အမျိုးသမီးတို့ဟာ အဆောက်အဦးပျက်ကြီးတစ်ခု၌ မြိုင့်ရဲ့ကမ်းလှမ်းချက်ဖြင့် တိတ်တဆိတ်တွေ့ကြတော့သည် ။
" ကျွန်မကို ဘာ့ကြောင့်ဒီနေရာကို ခေါ်လာရတာလဲ ။ "
" ငါ့ယောက်ျားနဲ့ဇာတ်လမ်းကို ရပ်တန်းက ရပ်ပေးဖို့ လာတောင်းဆိုတာပဲ ။ ရှင်က ကျွန်မထက် အသက်ကြီးတယ် ။ စဉ်းစားတတ်တဲ့ ဦးနှောက်ရှိတယ်ဆိုရင် ကျွန်မ ပြောချင်တာကို ရှင်နားလည်မှာပဲ ။ ကိုင်း ။ ရှင် ဘယ်လောက်လိုချင်လဲ ။ "
" ငွေကြေးနဲ့ဆုံးဖြတ်ရလောက်အထိ ကျွန်မ အောက်တန်းမကျဘူး ။ "
" အဟား ။ အရူးက တမူးသာနေသေးပါလား ။ ဒီမယ် ။ အောက်တန်းစားသဘင်သည်မက ဒီလိုစကားမျိုးပြောတော့ အတော့်ကို ရယ်ချင်တယ်ရှင့် ။ ခွေးပါးစပ်က လူစကား မထွက်စမ်းနဲ့ ။ "
မြိုင့်ရဲ့စကားလုံးများဟာ သဘင်သည်အား အရှက်ရသွားလောက်တဲ့အထိ ခံရခက်သွားစေခဲ့သည် ။ မြိုင်ဟာ စလင်းဘတ်အိတ်ထဲက စက္ကူပိုက်ဆံအထုတ်တစ်ထုတ်အား ထုတ်ပြီး သဘင်သည်အမျိုးသမီး၏ ရင်ဘက်အား ကောက်ပေါက်လိုက်ပါတော့သည် ။
" ဒီလောက်ဆို အသက်ရှင်ဖို့ လုံလောက်ပြီ မဟုတ်လား ။ "
မြိုင်ဟာ လှည့်ထွက်သွားဖို့ဟန်ပြင်တော့ သဘင်သည်အမျိုးသမီးဟာ
" ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး ။ ကျွန်မမှာ အစ်ကိုမြင့်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ ။ "
မြိုင့်ရဲ့ခန္ဓာကိုယ်ဟာ ရုတ်တရက်တုန်လှုပ်သွားခဲ့ပြီး အံ့သြမှင်သက်သွားရတော့သည် ။ မဖြစ်နိုင်ဘူး ။ လုံးဝ မဖြစ်နိုင်ဘူး ။ ဟင့်အင်း ။ မဖြစ်သင့်ဘူး ။ ဆိုသော စကားများကိုသာ မြိုင် ကြားနေရတော့သည် ။ သိပ်ချစ်ရတဲ့ အစ်ကို့ကို လက်လွှတ်ရတော့မည်အား မြိုင် ကြိုသိနေတော့သည် ။
မျက်ဝန်းညိုများဟာ နီရဲရဲမျက်ဝန်းတွေအဖြစ်ကို ပြောင်းလဲသွားပြီး မျက်ရည်များထွန်းအိုင်လို့ ခန္ဓာကိုယ်တစ်ခုလုံးဟာ တုန်လှုပ်ခြောက်ခြားနေရှာတော့သည် ။
" မဖြစ်သင့်ဘူး ။ မဖြစ်သင့်ဘူး ။ "
" မဖြစ်လို့မရတော့ဘူး မြိုင် ။ ဖြစ်ပြီးသွားပြီ ။ ငါ့မှာ နင့်လင်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ ။ အစ်ကိုမြင့် ငါ့ကို တာဝန်ယူမှ ဖြစ်တော့မှာ ။ "
" ဟာ မဖြစ်ရဘူး ။ နင်ပြောတိုင်း မဖြစ်ရဘူး ။ "
" ဖြစ်ရမယ် ။ ဖြစ်ကို ဖြစ်ရမယ် ။ "
" နင့်ပါးစပ်ကို ပိတ်ထား ။ "
အော်ဟစ်ကာပြောမိသည်နှင့် မြိုင်သည် သူမ၏ဒေါသကို သူမ မထိန်းနိုင်တော့ပါ ။ သဘင်သည်အမျိုးသမီး၏ ပါးကို ပြင်းထန်စွာ ရိုက်ချလိုက်ပေတော့သည် ။ သဘင်သည်ဟာ ဇက်လည်သွား၍ အငိုက်မိနေချိန်၌ မြိုင်ဟာစောင့်ကန်လိုက်တော့သည် ။ ဒေါသကြီးဒေါသထွက်နေသော မြိုင့်ရဲ့အင်အားဟာ ယောက်ျားတစ်ယောက်လိုပါပင် ။ သဘင်သည်အမျိုးလည်း မြေကြီးပေါ်သို့ လဲကျသွားတော့သည် ။ 
" အောက်တန်းစားမ ။ လင်ခိုးမ ။ "
အော်ဟစ်ကာ ပြောနေပေမယ့်လို့ အဆောက်အအုံအပျက်ကြီး ဖြစ်တာကြောင့် မည်သူမှ မရှိ ။ မည်သူမှ မကြားရပေ ။ မြိုင်ဟာ ထိုအမျိုးသမီးအပေါ်ကို တက်ခွပြီး ဆံပင်မွှေးစောင့်ဆွဲကာ ပါးချည်းလိမ့်ချပေတော့သည် ။ တဖြောင်းဖြောင်းမြည်နေသည်မှာ သူမရဲ့လက်ဖဝါး နီရဲ၍ နာနေသည်ကိုတောင် သတိမထားမိဘဲ မျက်ရည်များစီးကျကာ ပါးရိုက်နေပေတော့သည် ။
" သေသင့်တဲ့မိန်းမ ။ နင့်မိဘတွေက မသင်ပေးထားဘူးလား ။ ဘာ့ကြောင့် ငါ့လင်ကိုမှ လိုချင်နေရတာလဲ ။ ယောက်ျားရှားနေလို့လား ။ လင်ရှားနေလို့လား ။ ဟမ် ။ စောက်ကောင်မ  ။ ငါမေးတာကို ဖြေစမ်း ။ "
သဘင်သည်အမျိုးသမီးလည်း ငြိမ်ခံမနေနိုင်တော့ပါ ။ တန်ပြန်ခုခံမှုကိုလည်း မြိုင်ခံလိုက်ရသည်ကြောင့် မြိုင်ဟာ နောက်သို့လန်ကျသွားပေတော့သည် ။ အခွင့်ကောင်းကိုစောင့်နေသော ထိုသဘင်သည်အမျိူးသမီးဟာ မြိုင့်အပေါ်သို့ တန်ပြန်တက်ခွပြီး မြိုင့်ရဲ့ပါးကို ချပါလေတော့သည် ။
" ကိုယ့်ယောက်ျားကို နိုင်အောင်မထိန်းနိုင်ဘဲ ။ ငါ့ကို လာဆုံးမနေရသလား ။ ကိုယ်ဝန်မဆောင်နိုင်ဘဲ မြုံနေခဲ့တဲ့ နင့်အပြစ်ကို နင်ရော မြင်ရဲ့လား ။ "
လက်သွက်စွာဖြင့် မြိုင်ဟာ သဘင်သည်မရဲ့ ဆံပင်မွှေးကိုစောင့်ဆွဲလိုက်ပါတော့သည် ။
" အား ..... "
လုံးဝ အလွှတ်မခံစွာဖြင့် စောင့်ဆွဲထားသော ဆံပင်မွှေးဟာ မြိုင့်ရဲ့လက်ထဲ၌ အထွေးလိုက်ပါလာပေတော့သည် ။ မြိုင် အတော့်ကို ဒေါသထွက်နေသည် ။ ယောက်ျားတစ်ယောက်ကြောင့် သူမ၏ ဂုဏ်သိက္ခာကျဆင်းနေသည်ကိုတောင် သူမ သတိမထားမိ ။ မြိုင်သည် ထိုအမျိုးသမီး၏ အရှေ့၌ အတော့်ကိုဂုဏ်မဲ့နေခဲ့ပြီ ။
" နင့်သေလမ်းကို ငါဖန်တီးပေးမယ် ။ "
ဟု ပြောပြီး မြိုင်ဟာ သလင်သည်အမျိုးသမီး၏ ပါးပြင်အား သူ၏ လက်သည်းချွန်များနှင့် ကျားသစ်တစ်ကောင်ကဲ့သို့ ကုတ်ချလိုက်ပေတော့သည် ။
" အား ။ "
နာကျင်မှုကို ခံစားရသော အမျိုးသမီးဟာ မြိုင့်အပေါ်မှ ချက်ချင်းထကာဖြင့် သူမရဲ့မျက်နှာကို တုန်ရီစွာကိုင်ထားပေတော့သည် ။ အနီရောင်သွေးများ တစိမ့်စိမ့်နှင့် စိမ့်ထွက်လာတော့သည် ။ သို့ပေမယ့် မြိုင်ဟာ ထိုမိန်းမကို အလွတ်မပေးပါ ။ ဒေါသကိုသာ ရှေ့တန်းတင်မိ၍ ထိုမိန်းမကို အသေသတ်ချင်စိတ် နှင့် နာကျည်းစိတ်များသာ ဖြစ်နေတော့သည် ။
" အပျက်မ ။ "
နှုတ်ဖျားမှ စကားကြမ်းများ ထွက်လာသည်ကိုတောင် မြိုင် သတိမထားမိ ။ မြိုင့်ရဲ့ရင်ထဲမှာ အချစ်တစ်ခုအတွက် တိုက်ပွဲဝင်နေသည်ဟုသာ ထင်နေမိသည် ။ နာကျင်ရသည် ။
ဘေးပတ်ဝန်းကျင်အနားရှိ ကျောက်တုံးတစ်တုံးကိုယူကာဖြင့် အငိုက်မိနေသည့် ကိုယ်ဝန်ဆောင်ထားသော သဘင်သည်အမျိုးသမီး၏ ဝမ်းဗိုက်အားစောင့်ကန်မိတော့သည် ။ သူမဟာ သားရိုင်းတစ်ကောင်လို ကြမ်းတမ်းနေသည်ကို သူမ မသိ ။
ထိုမိန်းမကတော့ နာကျင်ရသည်မှာ များလာသည်ကြောင့် လဲကျသွားသောနေရာမှ ဗိုက်ကိုအသာဖိပြီး မြိုင့်အား စူးနစ်စွာ စိုက်ကြည့်တော့သည် ။
" ငါ့ကလေးကိုတော့ ဘာမှမလုပ်ပါနဲ့ ။ ဘာမှမလုပ်ပါနဲ့ မြိုင် ။ "
" သိပ်နောက်ကျသွားပြီ ။ ငါ ဘာမှမလုပ်ဘဲ မရတော့ဘူး ။ "
ဟု ပြောကာ မြိုင့်သည် ရက်စက်စွာဖြင့် ကိုယ်ဝန်သည်အမျိုးသမီး၏ ဝမ်းဗိုက်အား ခြေထောက်ဖြင့် ဖိချေနေပေတော့သည် ။
" အား ......... "
နာကျင်စွာ အော်ဟစ်နေသည်ကို မြိုင် ကြားရသော်လည်း အသိစိတ်မှာ မကပ်နိုင် ။ မြိုင်ဟာ သိပ်ရက်စက်နေပြီ ။
" မလုပ်ပါနဲ့ ။ မလုပ်ပါနဲ့ ။ ငါတောင်းပန်ပါတယ် ။ မလုပ်ပါနဲ့ ။ "
မြိုင်ဟာ ထိုဝမ်းဗိုက်အပေါ်သို့ ခြေတစ်ဖက်နင်းထားရင်းနဲ့မှ ထိုင်ချလာတော့သည် ။ ထိုမိန်းမမှာလည်း နာကျင်မှုကို အလူးအလဲ ခံစားနေရတော့သည် ။ မြိုင်ဟာ သူမကိုယ်တိုင်လည်း ကိုယ်ဝန်သည်ဖြစ်နေသည်ကို မေ့လျော့နေရှာသည် ။
တဆတ်ဆတ်တုန်ခါနေသော နှုတ်ခမ်းတို့ကို အားပြု၍ မြိုင် စကားပြောတော့သည် ။ မျက်ဝန်းနီတို့ဟာ သားရိုင်းတစ်ကောင်လို ရက်စက်လှသည် ။
" နင် အစကတည်းက မပတ်သက်ခဲ့သင့်ဘူး ။ နင် ။ နင် ဒီလုပ်ရပ်တွေကို မလုပ်ခဲ့သင့်ဘူး ။ "
" မြိုင် ။ မလုပ်ပါနဲ့ ။ ငါ တောင်းဆိုတာပါ ။ မလုပ်ပါနဲ့ ။ "
" အဟားဟားဟား ။ အဟားဟားဟား ။ ငါ တောင်းဆိုကတည်းက လိုက်လျောပေးခဲ့ပေါ့ ။ အခု နင်တောင်းဆိုတာကို ငါက လိုက်လျောစရာလား ။ ဟမ် ။ "
" နင် ။ နင် မကြောက်ဘူးလား ။ "
" ကြောက်ရမယ် ။ ငါက ဘာကို ကြောက်ရမှလဲ ။ "
" နင် ။ နင် ဘယ်တော့မှ အစ်ကို့ရဲ့ကလေးကို မမွေးနိုင်ရဘူး ။ "
မြိုင့်ရဲ့မေးခွန်းကို အဖြေမပေးဘဲ ကျိန်စာလိုစကားမျိုးကြောင့် မြိုင်ဟာ ထွက်နေသောဒေါသ ငြိမ်းသွားခြင်း မရှိတော့ ။ မျက်ခုံးများ ကျုံ့ကာဖြင့် မျက်ဝန်းနီများဟာ မီးဟုန်းဟုန်းတောက်လောင်နေတော့သည် ။
မြိုင်ဟာ အကြောက်အလန့်မရှိဘဲ လက်ထဲ၌ ကိုင်ထားသာ ကျောက်တုံးနှင့် ခေါင်းကိုထုရိုက်တော့သည် ။ အောက်ကအမျိုးသမီးမှာ ခြေ ၊ လက်များ တုန်ရီကာဖြင့် မြိုင့်အား မည်သို့သော အင်အားမျိုးနှင့်မှ မတုန့်ပြန်နိုင်ခဲ့ပါ ။ " သေစမ်း ။ သေစမ်း ။ " ဟုသာပြောရင်း မြိုင်သည် အဆက်မပြတ်စွာဖြင့် ထုရိုက်နေပေတော့သည် ။
မြိုင့်ရဲ့မျက်ဝန်းထဲမှာ မြင်ရသော ထိုအမျိူးသမီးရဲ့မျက်နှာမှာ အနီရောင်သွေးများပေလျက်သား ။ မြိုင့်ရဲ့လက် နှင့် ကျောက်တုံးမှာလည်း သွေးရည်များဟာ ပျံ့နှံ့လျက် ။ နာကျည်းခြင်းများဖုံးလွှမ်းနေသော မြိုင့်ရဲ့မျက်နှာသည် နီရဲရဲသွေးစက်များ စင်ကုန်နေတော့သည် ။
" ငါ့ယောက်ျားကိုများ ... အဆင့်မရှိတဲ့ မိန်းမ ... နင် ... နင် သေတာအေးမယ် ... "
မြိုင်ဟာ ကမ်းမမြင်လမ်းမမြင်စွာဖြင့် လူသားတစ်ယောက်ကို အချစ်တစ်ခုတည်းအတွက်ကြောင့် တိုက်ခိုက်ရင်း အမဲလိုက်သလို သတ်ဖြတ်နေပေတော့သည် ။
သူ၏လင်ယောက်ျား မှားယွင်းနေသည်ကို သူမ မမြင်မိ ။ စည်းဝိုင်းထဲဝင်လာတဲ့ ထိုအမျိုးသမီးရဲ့ ရွံစရာအမှားများဟုသာ ဆင်ခြင်တုံးတရားမဲ့စွာဖြင့် တွေးခေါ်နေရှာသည့် မြိုင်ဟာ သနားစရာကောင်းလွန်းလှသည် ။
နာကျည်းသောမျက်ဝန်းနီများ၏ အကြည့်များဟာ မျက်ရည်များစီးကျနေသည့်ကြားမှ ကြောက်လန့်ထိတ်လန့်စွာ မြင်နေရသည် ။
စိတ်ကျေနပ်လောက်သည့်အထိ မိုက်ရူးရဲစွာ ထုသတ်ပြီးကာမှ မြိုင့်ရဲ့လက်များမှာ ရပ်တန့်သွားတော့သည် ။ မျက်ဝန်းအကြည့်များဟာ ထိတ်လန့်ခြောက်ခြားသော အကြည့်များသို့ ပြောင်းလဲသွားတော့သည် ။
" မဟုတ်ဘူး ။ မဟုတ်ဘူး ။ "
အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသည် ။ ဘာ့ကြောင့် ထိုလုပ်ရပ်ကို လုပ်မိခဲ့သလဲဟု ထိတ်လန့်ကြောက်ရွံ့နေပြန်တော့သည် ။ မျက်ရည်များစီးကျနေပေမယ့် ထိုမျက်ရည်တွေကို သုတ်ဖို့မအားနိုင် ။ သေဆုံးသွားသော သဘင်သည်အမျိုးသမီးရဲ့ လက်မောင်းကိုကိုင်ကာ နိုးထလာဖို့ လှုပ်နှိုးသည် ။
" ဟဲ့ ။ ဟဲ့ ။ နင် ထစမ်း ။ အခု ချက်ချင်းထစမ်း ။ နင် သေသွားလို့ မဖြစ်ဘူး ။ ကျေးဇူးပြုပြီး ထစမ်းပါ ။ "
အကြောက်တရားဟာ မြိုင့်ရဲ့ဦးနှောက်ထဲသို့ ယခုအချိန်ခါမှ ဝင်ရောက်လာသည် ။ မြိုင်ဟာ လူသတ်မိပြီ ။ လူသတ်သမား ဖြစ်သွားခဲ့သည် ။ အဆောက်အအုံပျက်ကြီးထဲ ရောက်နေသော မြိုင်ဟာ သူကိုယ်တိုင် သူ့ရဲ့လက်နဲ့သတ်လိုက်သော အလောင်းကိုကြည့်ပြီး သွေးလန့်ခြောက်ခြားနေသည် ။
သွေးများပေကျံနေတဲ့ လက်ချောင်းများဟာ တဆတ်ဆတ်တုန်ခါနေသည် ။
" ငါ သတ်တာမဟုတ်ဘူး ။ မဟုတ်ဘူး ။ "
ကြိုးပျက်ကျသွားသော ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ထိုင်ချလိုက်တော့သည် ။ ကူသူမဲ့ဖြစ်နေသော မြိုင့်အနားမှာ ရုပ်အလောင်းကလွဲ၍ ဘယ်သူ့မှမရှိ ။
" ဟင့်အင်း ။ "
အရုပ်ကြိုးပျက်မြိုင့်အနားသို့ လျှင်မြန်စွာ ပြေးဝင်လာသော ကိုမြင့်မောင် ။ ကိုမြင့်မောင်သည် မြိုင့်ရဲ့ပုခုံးကိုကိုင်ရင် အသိစိတ်ပြန်ဝင်လာအောင် လုပ်တော့သည် ။
" မြိုင် ။ မြိုင် ။ မြိုင် အစ်ကို ရောက်ပြီလေ ။ "
" အ ။ အစ်ကို ။ အစ်ကို မြိုင် သတ်တာမဟုတ်ဘူး ။ မြိုင့်ကို ကယ်ပါဦး ။ "
" မြိုင်ရယ် ။ "
ဟု ပြောရင်း ကိုမြင့်မောင်သည် မြိုင့်အား ပွေ့ဖက်ထားရင်း သူနဲ့ မေတ္တာမျှခဲ့ကြသော သွေးများပေကာ သေဆုံးခဲ့သည့် သဘင်သည်အမျိုးသမီးဟာ မျက်ရည်လည်ကာ စူးစိုက်ကြည့်တော့သည် ။
" အစ်ကို မြိုင့်ကို ကာကွယ်ပေးမယ် ။ "
့မြိုင်သည်လည်း အစ်ကို့အား တင်းကြပ်စွာဖက်တွယ်ထားခဲ့တော့သည် ။
နေမဝင်မှီအချိန် မြိုင်နဲ့ကိုမြင့်မောင်တို့အတူတူ ထိုအဆောက်အအုံပျက်ကြီးထဲမှာ ထွက်လာခဲ့ကြသည် ။
X X X X X
morA_nyein
22.11.2022
Continue Reading
You'll Also Like
2.3M 201K 105
"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" 19.2.2022 "ခင်ဗျားက ဟီရိ...
36.1K 4.3K 14
တို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ
5.2M 710K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
2.5K 339 19
အနက်ရောင်ကောင်းကင်က ကြယ်တစ်ပွင့် ကျွန်မနှလုံးသားထဲ တည့်တည့် ကြွေကျလာတယ်။ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒတွေဆီ လွင့်မျောပါရင်း ကျွန်မအိမ်မက်ဟာ ယိုင်နဲ့လာတယ်။ အ...