Welcome to A.O.B World
Part12
ကုန်တိုက်ကပြန်လာတော့ တော်တော်ပင်မှောင်နေသည်။သူလဲ အိမ်ပြန်သလိုနှင့် မှောင်ရိပ်သန်းသောလမ်းကြားထဲသို့အမြန်ဝင်ကာသူ့နောက်လိုက်နေတဲ့ကောင်ရဲ့ လကိကိုဆွဲခေါ်လိုက်ပြီးနံရံနဲ့မျက်နှာကိုကပ်ပစ်လိုက်သည်။
"ဟေ့ကောင်မင်းကိုဘယ်သူငါ့နောက်လွှတ်လိုက်တာလဲပြောစမ်း !မဟုတ်ရင် ဒီနေရာမာတင်မင်းအသက်ပျောက်သွားမယ်"
ဒီကောင့်ဆီကဘာအနံ့မှရမနေတော့betaမှန်းသိလိုက်ပါသည်။alphaတတျောက်ကိုလုပိကြံခိုငိးတာကိုဒိလိုဘာမှမဟုတ်တဲ့ betaကိုခိုင်းရလားတဲ့။လုပ်ကြံခိုင်းတဲ့ကောင်ရဲ့ ဦးနှောက်ကလဲ ဘာမှလုံးစားလို့မရ။
"သတ် သတ်တော့မသတ်ပါနဲ့ဗျာ ကျွန်တော်ပိုက်ဆံလိုလို့လုပ်မိတာပါ"
"အပိုတေမပြောနဲ့ မင်းက်ုဘယ်သူခိုင်းတာလဲပဲပြော"
"ကင်မ်ဗြောင်ဝန်း ခိုင်းတာပါဗျာ ခင်ဗျားနောက်ကိုလိုက်ကြည့်ခိုင်းဖို့ရယ် အခြေနေကောင်ရန်ဖမ်းခေါ်လာဖို့ရယ်"
"အဟက် အဖိုးရီး ထင်တော့ထင်သားဒီလိုတေကြံမယ်ဆိုတာ "
"ကျွန်တော့်ကိုလွှတ်ပေးပ့ဗျာ ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး "
စကားများနေတဲ့ကောင်ကို ဂျောင်မင်းတတျောက်မေ့ကြောအား လက်ပြန်ဖြတ်ရိုက်ပစ်တော့ခွေကနဲလဲကာ မေ့သွားလေသည်။
"ကျုပ် ကမကြမ်းချင်လို့ကြည့်နေတာ ခင်ဗျားကအကြမ်းနည်းကြိုက်တော့လဲ ကြမ်းပြရသေးတာပေါ့ကွာ"
ထယ်ယောင်းတတျောက်ကိုယ်ဝန်ရလာမှမငြိမ်မနေတတ်တော့။တအိမ်လုံးသူ့ခြေသူ့လက်အလုပ်များကို လိုက်လုပ်ကူနေလေသည်။အိမ်တော်ထိန်းကြီးကလဲသူတို့သူဋ္ဌေးလေးရဲ့ဒေါသကိုသိတာကြောင့်မလုပ်ဖို့တားလဲမရ။ဟင်းချက်ပြန်ရင်လဲဂျောင်ကုကိုသူ့လက်ရာလေးကျွေးချင်လို့ပ့ဆိုလုပ်ကူ။ဟော မနက်ပိုင်းကျပြန်တော့လဲ ကော်ဖီဖျော်တိုက်ချင်လို့ဆို အစောကြီးထမနက်ပြင်ကော်ဖီဖျော်နဲ့။ညနေစောင်းပြန်ရင်လဲခြံထဲကပန်းပင်လေးတေရေလောင်းပေါင်းသင်နဲ့။
အခုလဲကြည့်ခြံထဲတွင် ပန်းပင်လေးများကိုရေပိုက်ကလေးဖြင့်ရေလိုက်လောင်းနေသောထယ်ယောင်းရယ်ပါလေ။ခနနေတော့ခြံရှေ့ကားနက်တစီးမှာကျီကနဲထိုးရပ်သွားသည်။ကားပေါ်မှဆင်းသောသူမှာ နက်မှောင်ပြောင်လက်နေသော ရှုးစ် ဖိနပ်ကိုစီးထားပြီးအနောက်တိုင်းဝတ်စုံsuitsအပြည့်နှင့်။ စူးရှသောအကြည့် ထင်းနေသောမေးရိုးများမှာ တခုခုကိုအလိုမကျဟန်မျက်ခုံးများကိုစုကျုံ့ထားသည်။
"ထယ်ကကွာ ကိုဘယ်လောက်ပြောပြောနားမထောင်ဘူး ဒီအလုပ်တေလုပ်ဖို့လူရှိတယ်လို မပေါ့မပါးကြီးနဲ့ နားနေပါကွာ"
ပါးစပ်ကသာပြောနေတာလူကထယ်ယောင်းနားရောက်လာပြီးလက်ထဲကရေပိုက်ကိုချ ထယ်ယောင်းကိုအိမ်ထဲထိပွေ့ခေါ်လာသော ဂျောင်ကုရယ်ပါလေ။
"ကိုကိုကလဲ အိမ်မာလဲဒီတိုင်းကြီးနေရတာပျင်းလို့ပ့ဆို တနေ့တနေ့ဘာမလုပ်မှရှိတာမဟုဘုး"
ထယ်ယောင်းကို ကလေးလေးလိုပေါင်ပေါ်တွင်ထိုင်ခိုင်းထားပြီးထယ်ယောင်းပြောသမျှကို သေချာနားထောင်နေသည်။
"ဘယ်လိုပဲဖိဖိလေ ထယ်တခုခုဖိရင်ကိုရင်ကျိုးရမာ အလုပ်တေလိုက်မလုပ်ပါနဲ့ကွာနော်"
"အင်းပါ ကိုကိုရယ် ထယ်လိုက်မလုပ်တော့ဘုးနော် ဒါနဲ့ကိုကိုရောအလုပ်မှာအဆင်ပြေလားဟင်"
"ပြေပါတယ်ဗျာ ကိုရဲ့အားဆေးလေးရှိလို့လေ ပြောရင်းနဲ့အားလိုလာပြီ အာဘွားပေးအုံး"
ဆိုကာ အမာရွတ်သေးသေးလေးရှိတဲ့ ပါးတဖကိကိုဖောငိးပြပြီး ထယ်ယောင်းရှေ့ကို ပါးတဖက်ထိုးပေးလာသည်။
ပါးပေါ်ကအမာရွတ်လေးကိုကြည့်ပြီးထယ်ယောင်းအသဲယားရပါ၏။ ဒါလေးကိုသူ့ချစ်ရသူသိရင်တမျိုးမသိရင်တမျိုး အနမ်းခိုးခိုးပေးနေကြမလား။ဘာမှ မပြောတော့ခပ်ပြုံးပြုံးဂျောင်ကုပါးလေးအားလက်တဖက်ဖြင့်ထိန်းကိုင်ကာ ရွတ် ခနဲနေအောင် နမ်းလိုက်သည်။ဂျောင်ကုကလဲသဘောကျသည့် အတိုင်းပါးချိုင့်ရေးရေးလေးပေါ်အောင်ပြုံးနေတော့တာ။
"အော် ထယ် အလုပ်ဆိုလို့ ကိုမနက်ဖြန် ထယ့်အဖေဆီအလုပ်အကြောင်းသွားပြောစရာရှိသေးတယ် ထယ်ဘာမှာ အုံးမလဲ "
အဖေဆိုတဲ့အသံကြားတာနဲ့ထယ်ယောင်းဟိုတခါကြားလိုက်ရတဲ့စကားတေပြန်ကြားလာပြီးသိသိသာသာမျက်နှာပြက်သွားသည်။ဒါကိုသိတဲ့ဂျောင်ကုကလဲ ထယ်ယောင်းနဖူးလေးအားလက်ဖြင့်အသာစမ်းကာ
"ထယ်ဘာဖိသွားတာလဲ ဟင် နေမကောင်းဘုးလား အဖေတို့ကိုလွမ်းလို့လား"
ထယ်ယောင်းခေါင်းသာအသာရမ်းပြလိုက်သည်။ဂျောင်ကုဆိုသည်မှာ အပြင်ပန်းသာမာကြောချင်ယောင်ဆောင်တာ။ကိုမငိတဲ့ဖက်ပိုင်းမှာ တကယ့်ကို ကလေးလေးအဖြူရောင်လေး။ဒါကိုအဖေက ဘယ်လိုစိတ်နဲ့များ ဂျောင်ကုကို လုပ်ကြံဖို့ကြိုးစားခဲ့လဲထယ်ယောင်းမတွေးတတ်။လောဘတွေပေါ့ လူဘဝကြီးမှာ ငွေရဖို့ဆိုဘာမဆိုလုပ်ကြတယ်မလား။
"ထယ်တွေးနေတာက ကို့အပေါ်ကို အဖေအရင်ကလုပ်ခဲ့တဲ့ဝါတေအတွက်ပါ ထယ်လဲ ပြန်တွေးကြည့်တိုင်းစိတ်ထဲမကောင်းဘူး ကို"
ဂျောင်ကု သက်ပြင်းတချက်ချမိသည်။သူ့ အလှလေးကဖိပြီးတဲ့ဟာတေပြန်တွေးပြီးစိတ်မကောင်းဖြစ်နေတာပဲ။အခုလက်ရှိမှာတော့ သူရှေ့မှာထိုင်နေတဲ့ ထယ်ယောင်း ဆိုတဲ့ စိတ်ထားလှတဲ့ နတ်ဘုရားလေးကလွဲသူဘာမှမလိုချင်တော့။
"ကိုပြောမယ်ထယ် ပြီးခဲ့တာတေလဲပြီးပြီပဲ ထယ်ဘာမှတွေးပြီးစိတ်မကောင်းဖိနေစရာမလိုဘုး ဟုတ်ပြီလား အခုကထယ်က ကျန်းမာရေး ဂရုစိုက်ပြီး ကို့ရဲ့သွေးသားလေးကို ကောင်းကောင်းမွန်မွန်နဲ့မွေးလာရဖို့ပဲနော် ကျန်တာစိတ်မကောင်းမဖိနဲ့ တွေးပူမနေနက်"
ပြောလိုက်မှမျက်နှာလေးကပြန်လန်းလာကာ ဟုတ် ဆိုပြီး ခေါင်းငြိမ့်လေသည်။တကယ်ပါ ဂျောင်ကု ဒီအလှလေးကိုပြုံးပျော်နေတာပဲမြင်ချင်ပါတယ်။ရယ်လိုက်တိုင်းပေါ်လာတတ်တဲ့ box smileလေးကိုဂျောင်ကုအလွန်သဘောကျပါသည်။
"ကဲ ဒါဆိုထ ကိုတို့ညစားစားကြရအောင် ပင်ပန်းလာတယ် ဒီနေ့တော့စောစောအိပ်ရမယ် ထယ်လဲ ကိုအိပ်တဲ့ချိန်လိုက်အိပ်ရမယ်နော် TVမကြည့်ရဘူး ဖုန်းမဆော့ရဘုး"
ဂျောင်ကုဆိုတဲ့ Alphaကြီးဟာ ထယ်ယောင်းစောစောမအိပ်ရင်အားမရှိဘူးဆိုပြီး သူစောစောအိပ်အောင်သူပါအိပ်မယ်ပြောသည်။ ထယ်ယောင်းအိပ်ပျော်သွားခါမှ ထပြီးအလုပ်လုပ်တတ်တဲ့အကျင့်ရှိတာကြောင့်ထယ်ယောင်းမကြိုက်။ကြာရင်ဂျောင်ကု မျက်တွင်းလေးများမဲပြီး အားပြတ်သွညးမှာကြောက်ပါသည်။
"ကိုကိုနော် ထယ့်ကိုကျစောစောအိပ်တဲ့ကို ကျတော့ ထယ်အိပ်မှကုမ္မဏီကအလုပ်တေထလုပ်တာထယ်မသိဘုးမျာယထင်နေလား"
သူပြောလိုက်မှ သိနေတာလားဟူသောမျက်နှာပေးဖြင့် မျက်လုံးဝိုင်းဝိုင်းလေးများက ထယ်ယောင်းကို တအံ့တသြစိုက်ကြည့်လာသည်။ပြီးမှ ချောင်းတချက်ဟန့်ကာ
"အဟမ်း......ထယ်ကစောစောအိပ်မှရမယ်လေ ဒါမှ ထယ်လေးရောပြည့်ပြည့်လေးဖိလာပြိး ထယ့်ဗိုက်ထဲက ကို့ရင်သွေးလေးရော ဝဝလေးမွေးလာမှာ ကိုပြောတာနားထောင်နော်"
နောက်ဆုံးတော့လဲ လျော့လိုက်ရသူကထယ်ယောင်းသာ။ဂျောင်ကုစကားအတိုင်းညစာစားပြီးစောစောသာအိပ်ယာဝင်လိုက်ရ၏။
ကျေးငှက်ကလေးများ တကျီကျီမြည်လျက်နေရောင်ခြည်ရဲ့အလင်းရောင်ဟာလဲထယ်ယောင်းတို့အိပ်နေတဲ့ အခန်းအားဖြန့်ကျက်ပေးလျက်ရှိသည်။အလင်းရောင်တို့ဟာချစ်ရသူရဲ့ မျက်နှာနုနုပေါ်ကျရောက်လာတော့ အလိုမကျဟန်မျက်ခုံးလေးတွန့်ချိုးသွားသည်။ဂျောင်ကုကြည့်ပြီးချစ်မဝ။စချက်လာတာကြောင့်သူ့ရင်ခွင်ထဲအိပ်နေသော ထယ်ယောင်း၏မျက်နှာ အနံ့ တရွတ်ရွတ်မြည်အောင်လိုက်နမ်းတော့သည်။
ထယ်ယောင်းဟာလဲဂျောင်ကုရင်ခွင်ကျယ်ကြီးကို လက်သွယ်သွယ်လေးတို့တွန်းကာမလုပ်ရန်ပြောသည်။
"ဟာ ကိုကိုကွာ အစောကြီးရှိသေးတာကို ဘယိလိုဖိနေတာလဲ "
မစောတော့ဘူး ထယ်ရဲ့ ၆နာရီတောင်ခွဲနေပြီ ကိုအလုပ်သွားရအုံးမာလေ ထယ်ဖျော်ပေးတဲ့ကော်ဖီသောက်ချင်သေးတယ်"
ပြောလိုက်မှပြူးပြူးပြာပြာလေးနဲ့
"အယ် ဟုတ်သားပဲ ကိုကို့ဖို့မနက်စာပြင်ပေးရအုံးမာလေ"ဆိုကာရေချိုးခန်းထဲပြေးဝင်သွားသည်။ဂျောငိကုမှာနောက်ကကြည့်ရင်း မပြေးနဲ့ လို့ပြောဖို့မမှီလိုက်။ခုထိကလေးစိတ်လေးကမပျောက်။ဟိုဖကိကမ္ဘာမှာရော ထယ်ဘယ်လိုများနေခဲ့ရလဲ။
ဂျောင်ကုမှာထယ်ယောင်းရဲ့ ဟိုဖက်ကမ္ဘာပြန်မယ့်အကြောင်းကိုတွေးလိုက်တိုင်း ရင်ထဲတွင် ခဲလုံးကြီး တရာလောက်ဖိထားသလောက်ကို လေးပင်လျက်။ဘာပဲဖိဖိပါ အချိန်ရတုန်း ထယ်ယောင်းနဲ့နှစ်ယောက်တူတူပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ပဲသူတွေးထားသညိ။ထယ်ယောင်းကိုယ်လက်သနိ့စင်တာပြီးအောင်ထိဂျောင်ကုကအခန်းတံခါးရှေ့ရပ်ကာသဘက်တထည်ကိုင်၍စောင့်နေသည်။ထွကိလာတော့ရေစိုနေတဲ့ထယ်ယောင်းရဲ့မျက်နှာလေးက်ု တယုတယနှင့်ကြွေကျတော့မယ့်ပန်းလေးနှယ် ဂျောင်ကု ကသုတ်ပေးလေသည်။
ထယ်ယောင်းကတော့ဇိမ်ပေါ့။သူ့အလှည့်ပြီးတော့ဂျောင်ကုရေချိန်းခန်းထဲဝင်သွားချိန်ထယ်ယောင်းကဂျောင်ကုရုံးတက်ဝတ်စုံလေးအား ဗီရိုထဲမှထုတ်ကာ ကုတင်ပေါ်တင်ပေးထားသည်။ပြီးနောက်သူကတော့ဂျောင်ကုသောက်ဖို့ကော်ဖီဖျော်ရန်အောက်ထပ်သို့ဆင်းလာသည်။သူ့မြင်တာနဧ့အိမ်တော်ထိန်းကြီးယူမှာ
"ကိုကိုလေး ကော်ဖီဖျော်ဖို့ရေနွေးရပါပြီနော် မနက်စာကတော့သူဋ္ဌေးလေးဖို့ပေါင်မုန့်ကြက်ဥကြော်နဲ့ ကိုကိုလေးဖို့"
"ဂင်မ်ချီ ထမင်းကြော်မလား ငရုပ်သီးရောပါလား အခုတလောစပ်တာလေးတေစားချင်နေတာ အိမ်ထော်ထိန်းကြီးရဲ့"
ကော်ဖီဖျော်နေရင်းသူစားချင်နေတဲ့အကြောင်းပြောနေတဲ့ထယ်ယောင်းကိုကြည့်ကာအိမ်တော်ထိန်းကြီးမှာချစ်မဝ။အေးလေ သူတောင်ကလေးလေးလိုဖြူစင်တဲ့ကောင်လေးကိုကြည့်ပြီးချစ်မဝဖြစ်နေတာသူဋ္ဌေးလေးဆိုပိုဆိုးပေါ့။ ပြောနေရင်းနှင့်ပင် မနက်စာစားပွဲဝိုင်းတွင်ထိုင်ကာ ထမင်းကြော်များကို ဂင်မ်ချီဖက်များထပိထည့်ကာအားရပါးရစားနေသောထယ်ယောင်းရယ်ပါလေ။ဂျောင်ကုဆင်းလာတော့ထယ်ယောင်းစားနေတဲ့ဟာတေကြည့်ပြီးမျက်လုံးပြူးသွားသည်။
အိမ်တော်ထိန်းကြီးကိုကြည့်လိုက်တော့လဲ ထယ်ယောင်းစားနေတာကိုပြုံးပြီးကြည့်လို့။ဂျောင်ကုမပြောချင်တော့ကိုယ်ဝန်းသည်တေကဒီလိုအစပ်တေမစားရဘူးမလား မတော်လို့ဗိုက်အောင့်ရင် ဘယ်လိုလုပ်မလဲ။အိမ်တော်ထိန်းကိုလဲသူမဆူချင်ငယ်ငယ်ထဲကဂျောင်ကုအိမ်မှာ ဆိုးဆိုးကောင်းကောင်းသီးခံပြီးလုပ်လာတာ။သူ့ရဲ့ဒုတိယအမေဆိုရင်တောင်ဟုတ်သည်။တရားခံကိုပဲဆူရတော့မာပေါ့။
"ထယ်ရယ် ဘာလို့အစပ်တေစားနေရတာလဲကွာ နဂိုထဲကလဲအစပ်သားနိုင်တာမဟုတ်ပဲနဲ့ မတော်လို့ကလေးလေးတခုခုဖိသွားရင်ဘယ်လိုလုပ်မလဲ"
ဂျောင်ကုပြောလိုက်တော့ လာပြန်ပြီဒီဓာတ်ပြားဟောင်းကြီးပဲဆိုတဲ့စတိုင်စ်နဲ့ မျက်ခုံးတဖကိကိုပင့်၍ဂျောင်ကုအားပြန်လည်ကြည့်လာသည်။အိမ်တော်ထိန်းကြီးခဗျာ ဒီပတ်ဝန်းကျင်ကြားထဲနေရင်အခြေနေမကောင်းတဲ့ အငွေ့သက်တေရနေပြီမို့ သူလုပ်စရာရှိတဲ့ အလုပ်ကိုသာပြန်လုပ်ဖို့မီးဖိုချောင်ထဲပြန်ဝင်သွားပြီ။ ပြီးရင်နှစ်ယောက်ကဘာမှဟုတ်တာလဲမဟုတ်။ကြားထဲကဝင်ဖြေရှင်းတဲ့သူသာ နောက်ဆုံးတော့အရူးကြီးလိုဖြစ်ရတာ။ဘယ်လိုသိလဲဆိုတော့သူခံရတာများပြီလေ။
#KIM Vantekook
Taekook is real