ကျတော့်ရဲ့ နဂါးကောင်လေး(MM tr...
By mizzle69
218K 39.2K 1.1K
ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး More
ဇာတ်လမ်း အကျဥ်း
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 ( Uni)
Chapter 28 (Zawgyi)
Chapter 29 (part 1)
Chapter 29 (Part 2)
Chapter 30 (Part 1)
Chapter 30 ( Part 2)
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Request !! Please..🫶
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 49
2.5K 514 27
By mizzle69
နောက်နေ့မနက် နန်ဟွိုင်လင် အိမ်ကထွက်မလာခင်မှာ အမယန်(ဖေ့ချန်ခေါ်ပေးထားသည့် အိမ်အကူ)ကို သတိပေးလိုက်သည်။
" အမယန်..ကျတော် အိပ်တဲ့အခန်းကို ကျတော့်ဘာသာပဲ သန့်ရှင်းရေးလုပ်မယ်နော်..အဲ့တာကြောင့် အဲ့အခန်းထဲ မဝင်တော့နဲ့ "
အမယန်က ခေါင်းညိမ့်ပြလာသည်။ " ဟုတ်ပါပြီ..အမ မှတ်ထားပါမယ် "
အိမ်ကထွက်လာပြီးနောက် သူ ရုံးကို လမ်းလျှောက်လာလိုက်တာ ဆယ်မိနစ်တောင် မကြာလိုက်ပေ။ ရှန်မင်အန်က လွန်ခဲ့တဲ့နာရီဝက်က ဖုန်းခေါ်ပြီး သူ့ကိုရုံးခန်းကိုလာဖို့ ခေါ်ထားတာကြောင့် သူမ,မပြောဘူးဆိုရင်တောင် သူ့အတွက် ဇာတ်ကောင်အသစ်တစ်ခုပေးဖို့ဆိုတာ နန်ဟွိုင်လင် ခန့်မှန်းမိပါ၏။
အလုပ်ရှုပ်နေရတာကို သူပိုပြီး ခုံမင်မိတယ်။ ဘာလို့လဲဆိုတော့ အလုပ်ရှုပ်နေရင် သိပ်မတွေးဖြစ်ဘူး။ အချိန်တွေကုန်တာလဲ ပိုမြန်သလိုပဲ။ ပြီးတော့ အခုဆို အိမ်ကိုလွမ်းတယ်ဆိုတဲ့ ခံစားချက်ကိုရော၊ တစ်ရက်ကိုဖြတ်သန်းရတာ နှစ်တွေအများကြီးကိုဖြတ်သန်းရသလိုပဲ အရမ်းကြာတယ်ဆိုတာကိုရော သူ ကောင်းကောင်းကြီးသိနေပြီဖြစ်သည်။
သူ ကုမ္ပဏီကိုရောက်တော့ မတွေ့ရတာ ခြောက်လကျော်လောက်ကြာပြီဖြစ်တဲ့ ရွမ်ရှင်းဆီကို အရင်ဆုံး အပြေးသွားတွေ့လိုက်တယ်။
ဖေ့ချန်ထွက်မသွားခင်က သူ အခက်အခဲရှိရင် ရွမ်ရှင်းကိုပြောလို့ရတယ်လို့ ပြောခဲ့ပေမယ့် ဒီနတ်ဘုရားကို အနှောက်အယှက်ပေးမိမှာ နန်ဟွိုင်လင် စိုးရိမ်၍ဖြစ်သည်။ ဖေ့ချန်က အဝေးရောက်နေတာဆိုတော့ ဒီနတ်ဘုရားက သေလောက်အောင်အလုပ်ရှုပ်နေမှာပဲလေ..အဲ့တာကို သူက ဘယ်လိုအရှုပ်တွေ ထပ်ပေးရဲမှာတဲ့လဲ?
" ရှောင်နန်? " ရွမ်ရှင်းက သူ့ကို အံ့သြစွာနဲ့ကြည့်လာတယ် " မင်း....ငါ မင်းကိုတောင် ဆက်ခနဲ မမှတ်မိဘူး "
နန်ဟွိုင်လင် ရှက်ရှက်နဲ့ ​ပြန်ဖြေလိုက်တယ် " လွန်ခဲ့တဲ့ခြောက်လက ကျတော် ကိုယ်ကိုကိုယ်ပိုကောင်းအောင် ဂရုစိုက်လို့ပါ..ပလက်စတစ်ဆာဂျရီမလုပ်ထားပါဘူး " သူပြောတာကို ရွမ်ရှင်းမယုံမှာကြောက်တာကြောင့် သူ့လက်နဲ့နှာခေါင်းကို ဆိတ်ပြလိုက်ပြီး မျက်နှာကိုရော ပွတ်သပ်ပြလိုက်သည်။ " တကယ်ပြောတာပါ "
ထိုအခါ ရွမ်ရှင်းက ပြုံးကာ ဆိုလာသည်။ " အခုဆို မင်းတစ်ကိုယ်လုံးက တောက်ပနေတာပဲ..မင်း တော်တော်ကို လှလာတယ် "
ရွမ်ရှင်း၏ ချီးကျူးစကားတွေကြောင့် သူပိုပိုပြီး ရှက်လာရသည်။ " ဒါနဲ့..လက်ထောက်ရွမ်..Mr.ဖေ့က မင်းကို ဆက်သွယ်လာသေးလားဟင်? "
ရွမ်ရှင်း ခေါင်းညိမ့်ပြကာ ပြောလိုက်သည်။ " ငါ အခုပဲ လေယာဥ်ကွင်းမှာ သူ့ကို သွားကြိုမလို့....မင်း အားရင် ငါနဲ့လိုက်ခဲ့လို့ရတယ်..သူကလည်း မင်းကိုတွေ့ချင်နေမှာပါ "
" ကျတော့်အေးဂျင့်က ခေါ်ထားလို့ ကျတော် သူမကို အခုသွားတွေ့ရမှာမို့ "
" အဲ့ဒါဆိုလည်း သွားလိုက်ပါ..ငါလည်း သွားရတော့မယ် "
နန်ဟွိုင်လင် ဓာတ်လှေကားထဲရောက်မှ တစ်ခုခုမှားနေတယ်ဆိုတာ သတိပြုလိုက်မိသည်။
ဖေ့ကျန်းက သူ့ကိုတွေ့ချင်နေတယ်ဆိုတာ ရွမ်ရှင်းက ဘယ်လိုသိနေတာလဲ? သူ သိနေတဲ့လျှို့ဝှက်ချက်ကို ရွမ်ရှင်းကလည်း သိနေတာလား?
ဒီလိုနဲ့ ရှန်မင်အန်ရဲ့ရုံးခန်းတံခါးဝကိုရောက်တော့ သူ့ရဲ့အတွေးတွေကို ခနဖယ်ထားလိုက်ကာ လက်မြောက်ပြီး တံခါးကိုခေါက်ရင်း အထဲက အဖြေပြန်ပေးသံကြားရမှ တံခါးကိုတွန်းဖွင့်ကာ ဝင်လာလိုက်၏။
ဇာတ်လမ်းနှစ်ခုကို တစ်ခုပြီးတစ်ခုရိုက်ပြီးနောက် နှစ်ဝက်ကျော်ကျော်ကြာအောင် သူဒီရုံးခန်းကို ခြေမချခဲ့တာကြောင့် အဲ့ကတည်းက ရှန်မင်အန်ကို သူမတွေ့ရတော့တာဖြစ်သည်။
ထင်ထားတဲ့အတိုင်းပဲ သူ့ကိုမြင်လိုက်တဲ့အချိန် ရှန်မင်အန်ကလည်း အံ့အားသင့်နေခဲ့သည်။ " ငါ ရှောင်ကျူဆီကနေ မင်းပိုကြည့်ကောင်းလာတယ်ဆိုတဲ့အကြောင်းကို ကြားထားခဲ့ပေမယ့် အခု ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်နေရတာတောင် ငါ မယုံနိုင်သေးဘူး! မင်း ဘယ်လိုများ အများကြီးပြောင်းလဲသွားတာလဲ? "
" ကျတော် ဆရာဝန်ဆီ သွားပြတော့ သူပြောတာက ဖွံ့ဖြိုးမှုနောက်ကျလို့တဲ့ "
" အခု မင်းမျက်နှာက တက်သစ်စပေါ်ပြူလာဖြစ်နေတဲ့သူအားကုန်လုံးကို သတ်နိုင်လောက်တဲ့ထိ ချောသွားပြီ..နောက်နှစ် ကြယ်နိုင်ငံထွက်လာရင် မင်းက သေချာပေါက် ဝက်ဝက်ကွဲအောင်မြင်ပြီး အွန်းလှိုင်းထိပ်တန်းရှာဖွေမှုအများဆုံးသူဖြစ်လာလိမ့်မယ် "
" အမကျူ..ကျတော်က ရှာဖွေမှုအများဆုံးသူ မဖြစ်ချင်ဘူး..သရုပ်ဆောင် တစ်ယောက်ပဲဖြစ်ချင်တာပါ "
ထိုအခါ ရှန်မင်အန်က ပြုံးလာပြီး သူ့ကို စာအုပ်အတွဲလိုက်ကြီးတစ်ခု ကမ်းပေးလာ၏။ " ဒီရုပ်ရှင်က မင်းကို စစ်မှန်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် လုပ်ပေးလိမ့်မယ် "
ရုပ်ရှင်တဲ့လား?
နန်ဟွိုင်လင့် နှလုံးသားက တလှပ်လှပ်နဲ့တုန်ယင်လာပြီး စာအုပ်တွဲကိုယူကာ အဖုံးကိုငုံ့ကြည့်လိုက်သည်။
[ ဖေဖေ ]
ဇာတ်ညွှန်း- ဝမ်ကွမ့်
ဒါရိုက်တာ- ဝူရှင်းဟိုင်
နန်ဟွိုင်လင် စိတ်တွေ အရမ်းလှုပ်ရှားသွားတာကြောင့် သူ့လက်တွေပါတုန်ယင်နေတော့သည်။
ဝမ်ကွမ့်နှင့် ဝူရှင်းဟိုင်က တစ်ယောက်က ထိပ်တန်းဇာတ်ညွှန်းရေးဆရာဖြစ်ပြီး နောက်တစ်ယောက်က စူပါဒါရိုက်တာတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့နာမည်က မိုးကြိုးသွားတွေလိုပဲ တရုတ်နိုင်ငံကအရေးပါတဲ့ဆုပေးပွဲတွေဆိုရင် သူတို့က ပုံမှန်ဧည့်သည့်တော်တွေဖြစ်တာကြောင့် သူတို့နာမည်ကို နန်ဟွိုင်လင် ဘယ်လိုလုပ်မသိဘဲနေမှာလဲ?
ဒါပေမယ့် သူလို ဘာမှဖြစ်မလာသေးတဲ့သရုပ်ဆောင်ပေါက်စလေးက ဒီလိုကျော်ကြားတဲ့လူနှစ်ယောက်နဲ့ အလုပ်လုပ်ရမဲ့အခွင့်အရေးကို သူ ဘယ်တုန်းကမှ စိတ်ကူးတောင် ယဥ်မထားခဲ့ဖူးတာကြောင့် နေ့ခင်းအိပ်မက်မက်နေသလို နတ်ပြည်ကိုသူရောက်သွားတယ်ဆိုတာ မသေချာတဲ့ထင်မြင်မှုတစ်ခုလိုပဲ ဖြစ်နေသည်။
" အမရှန် " နန်ဟွိုင်လင့်နှလုံးသားက ပြင်းထန်စွာခေါက်ပေါက်နေတာကြောင့် သူ့လည်ပင်းတွေကလည်း တင်းကျပ်နေသည်။ " အမရှန်ပြောတာက ဝူရှင်းဟိုင်ရိုက်မဲ့ရုပ်ရှင်ကားကို ကျတော် သရုပ်ဆောင်ဖို့ အခွင့်အရေးရတယ်လို့ ပြောချင်တာလား? "
" အခွင့်အရေးရတာမဟုတ်ဘူး..အဲ့တာက သေချာပေါက် မင်းအတွက်ပဲ "
နန်ဟွိုင်လင် စိတ်လှုပ်ရှားလွန်းလို့ ထတောင်အော်ချင်လာတယ်..ဒါပေမယ့် သူကိုယ့်သူပြန်ထိန်းလိုက်ပြီး စိတ်တည်ငြိမ်သွားအောင် အချိန်ခနလောက်ယူလိုက်ပြီးမှ ဆက်၍မေးလိုက်တယ်။
" ဒါပေမယ့် ကျတော် လူရွေးပွဲဝင်မပြိုင်ရသေးဘူးလေ..အဲ့တာကို ကျတော့်အတွက်ဆိုပြီး ဘယ်လိုများအတည်ယူလိုက်တာလဲ? "
" ဘယ်လိုဖြစ်သွားလဲဆိုတာ ငါလည်း အတိအကျတော့ မသိဘူး..ဒါပေမယ့် ငါ ဝူရှင်းဟိုင်နဲ့ စာချုပ်ချုပ်ပြီးသွားတော့ သူငါ့ကို ဇာတ်ညွှန်းပေးသွားတာ " ရှန်မင်အန်က ပြောလာသည်။ " သူတို့မင်းကို ဘယ်လိုရှာတွေ့သွားတယ်ဆိုတာ အရေးမကြီးပါဘူး..မင်း ဝူရှင်းဟိုင်ရဲ့လှေပေါ်ကိုရောက်သွားပြီဆိုမှတော့ အနုပညာလောကထဲက လှိုင်းလှုံးကြားထဲမှာ အောင်အောင်မြင်မြင် ကူးခက်နိုင်ပြီး တောက်ပတဲ့အနာဂတ်တွေ ရောက်ရှိလာတော့မှာ "
နန်ဟွိုင်လင် စိတ်တွေထိန်းချုပ်မရတော့ဘဲ လက်ထဲက ဇာတ်ညွှန်းစာအုပ်ကို လှန်လှောကြည့်ကာ ရှန်မင်အန်ကိုလည်း လှမ်းမေးလိုက်သည်။
" အမရှန် ဇာတ်ညွှန်းက ဘာအကြောင်းလဲဆိုတာ သိပြီးပြီလား? "
" ငါ သိတာကတော့ ဒါက မွေးစားသားနဲ့ သူ့အဖေတို့ရဲ့အကြောင်းပဲ..ဒါ​ပေမယ့်ဘယ်လိုအကြောင်းမျိုးလဲတော့ ငါလည်းသေချာမသိဘူး..မင်းက မွေးစားသားနေရာကနေ သရုပ်ဆောင်ရမှာ..မင်းရဲ့အဖေနေရာက သရုပ်ဆောင်မဲ့သူကို မှန်းကြည့်မလား? "
နန်ဟွိုင်လင် မစဥ်းစားနိုင်တော့ပဲ ခေါင်းရမ်းပြလိုက်တယ်။ " ကျတော် မသိဘူး "
ရှန်မင်အန်ပြုံးကာ ပြန်ပြောလိုက်တယ်။ " ချီကူး "
မာမား! ချီကူးတဲ့! သူ့အိုင်ဒေါ!
နန်ဟွိုင်လင် လေပေါ်တောင်ရောက်နေပြီလို့ခံစားနေရပြီး သူ့နှလုံးသားကလည်း လုံးဝကို အချိုတွေနဲ့ပြည့်နေတော့တယ်။
" မင်း ရှာဖွေမှုအခံရဆုံးသူ မဖြစ်ချင်ဘူး၊ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်လို့ ပြောခဲ့တယ်မလား? ဒီရုပ်ရှင်ရိုက်ပြီးရင် မင်းက စစ်မှန်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်လာတော့မှာ "
နန်ဟွိုင်လင် ရုတ်တရက် သံသယဝင်လာ၏။ ဒီလိုမျိုးဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်တွေက ထိပ်တန်းမှာရှိတဲ့ စီစဥ်ထားတဲ့ ရုပ်ရှင်ကားတစ်ခုပဲ..အဲ့တာကို သူ့လိုလူက ဘယ်လိုလုပ်ပါလာတာလဲ?
ရုတ်တရက် ဖုန်းမြည်သံကြောင့် သူငုံ့ကြည့်လိုက်တော့ ဖေ့ချန်ဆီက စာပို့လာခြင်းဖြစ်ပြီး နန်ဟွိုင်လင် ရင်တွေခုန်ကာ မြန်မြန်ဖွင့်ကြည့်လိုက်သည်။
[ Mr.ယုန်: ဒီအချိန်က ကမ္ဘာ့အချောဆုံးမင်းယောက်ျားဆီက မက်ဆေ့ပို့တဲ့အချိန်ပဲ~ ဘေဘီ..မင်းလုပ်ချင်တဲ့အရာတိုင်းကို ကိုယ်အချိန်တိုင်းခွင့်ပြုပေးမှာလို့ ပြောခဲ့တယ်နော်..ဖေဖေဆိုတဲ့ဇာတ်ကားမှာ မင်းက ဒုတိယမင်းသားနေရာကနေ သရုပ်ဆောင်ရလိမ့်မယ်..ဒါက မင်းကိုပေးတဲ့ ကိုယ်ရဲ့ ဒုတိယလက်ဆောင်...စပရိုက်ဖြစ်ရဲ့လား? မင်းယောက်ျားက ချစ်ဖို့ကောင်းတယ်မလား? ]
နန်ဟွိုင်လင် ပျော်လွန်းလို့ ထငိုမိတော့မယ်။
စိတ်ကိုပြန်ထိန်းရင်း ရှန်မင်အန်ကို မော့ကြည့်ကာ မေးလိုက်သည်။
" အမရှန်..ရုပ်ရှင်က ဘယ်တော့စမှာလဲ? "
" နိုဝင်ဘာအစောပိုင်း.. သွားဖို့ကတစ်လလောက်လိုသေးတာမို့..မင်း ကောင်းကောင်းပြင်ဆင်ထားသင့်တယ် "
" ဟုတ်ကဲ့ "နန်ဟွိုင်လင် ခေါင်းညိမ့်ပြလိုက်တယ်။
ရှန်မင်အန်ရဲ့ရုံးခန်းကနေ ထွက်လာတော့ နန်ဟွိုင်လင် ဓာတ်လှေကားဆီမသွားသေးဘဲ အရေးပေါ်လှေကားဘက်ကိုကွေ့လာခဲ့တယ်။ နောက်ဆုံးတော့ သူ့ရဲ့စိတ်လှုပ်ရှားနေတဲ့ ခံစားချက်တွေကို ဆက်ထိန်းထားနိုင်စွမ်းမရှိတော့ဘဲ စိတ်လွတ်ကိုယ်လွတ်နဲ့ ရင်ဘက်ထဲက ပေါ့သွားတဲ့ထိ အော်ပစ်လိုက်တယ်။
သူ အော်လို့ ဝသွားတော့မှ ဘာမှမဖြစ်ခဲ့သလိုနဲ့ အရေးပေါ်လှေကားဘက်ကနေ ပြန်ထွက်လာလိုက်၏။
ဓာတ်လှေကားစောင့်နေချိန်မှာ သူဖုန်းက ထပ်မြည်လာခဲ့သည်။
မရင်းနှီးတဲ့နံပါတ်တစ်ခုက ခေါ်ဆိုလာတာဖြစ်သည်။
" ဟယ်လို? "
" ငါပါ " တစ်ဖက်ကနေ အေးစက်လွန်းတဲ့ယောက်ျားသံတစ်ခုထွက်ပေါ်လာသည်။ " ဖေ့ကျန်း "
" ဟယ်လို..Mr.ဖေ့ " နန်ဟွိုင်လင် ယောင်နနဖြင့်ပြန်ဖြေလိုက်သည်။
" အရာအားလုံး ချောချောမွေ့မွေ့ပဲ မင်းစိုးရိမ်စရာ မလိုဘူး " ဖေ့ကျန်းက လိုရင်းတိုရှင်းသာ ပြောလာသည်။
" အမ်..." နန်ဟွိုင်လင် ဆက်မမေးဘဲ မနေနိုင်ပေ " သူတို့ ဘယ်ချိန် ပြန်လာမှာလဲဟင်? "
" ငါလည်း မပြောတက်ဘူး..အဲ့ဒီကို ငါ လတိုင်းသွားမှာ မင်းလိုက်ချင်ရင် ငါနဲ့လိုက်ခဲ့လို့ရတယ် "
" ကျတော် လိုက်ချင်ပါတယ် " နန်ဟွိုင်လင် စဥ်းစားစရာတောင်မလိုဘဲ တစ်ခါတည်း တန်းပြောလိုက်သည်။ " ကျေူဇူးပြုပြီး ဖေ့ချန်ကျတော့်ကို ခေါ်ရင် ပြောပေးပါဦး "
" တစ်ပတ်အတွင်း ရုံးကိုလာပြီး ငါ့ကိုလာတွေ့ဦး ငါ မင်းကိုပေးစရာရှိတယ် "
" ဟုတ်ကဲ့ "
ထို့နောက် ဖေ့ကျန်းက ဖုန်းချသွားတော့သည်။
ဓာတ်လှေကားရောက်လာတော့ နန်ဟွိုင်လင် ပထမထပ်ကိုသွားဖို့နှိပ်လိုက်သည်။
ဖေ့ကျန်းကတော့ သူ့ကိုပေးဖို့ ဘာမှရှိမှာမဟုတ်ဘူး။ ဖေ့ချန်ကပဲ သူ့ကိုပေးဖို့ သူ့အကိုနဲ့လူကြုံထည့်ပေးလိုက်တာဖြစ်မယ်။ အဲ့တာဘာများ ဖြစ်မလဲ?
ဖေ့ချန်ကို နောက်လသွားတွေ့ရမယ်ဆိုတဲ့အတွေးက နန်ဟွိုင်လင့်ရင်ကို အေးမြသွားစေသည်။ ဒါပေမယ့် နောက်လမှာ သူရိုက်မဲ့ရုပ်ရှင်က စတော့မှာဆိုတော့ အမေရိကကိုသွားဖို့ သူအချိန်ရချင်မှရတော့မှာ။
ရုတ်တရက် သူ မျှော်လင့်ချက်မဲ့သွားသလို ခံစားလာရပြန်သည်။
____________
17. 11. 22 ( Thu )
TN/ အစကတော့ ဒီအပိုင်းက နဲနဲတိုနေလို့ နောက်တစ်ပိုင်းရေးပြီးမှပဲပေါင်းupမလို့...ဒါပေမယ့် တစ်ချို့စာဖတ်တဲ့သူတွေက 2ပိုင်း upရင် 1ပိုင်းပဲဖတ်လို့ အဲ့လိုမတင်တော့ဘူး..hehe
ဒီနားမှာပြောလိုက်ရင် Spoilသလိုဖြစ်သွားမလားတော့မသိပေမယ့်...
ရေခဲတုံး ဖေ့ကျန်းကို ချိန်နေတဲ့သူတွေရှိရင် သတိပေးလိုက်မယ် အခုချက်ချင်းပဲလက်နက်ချလိုက်ပါညော်...ဘာလို့လဲသိချင်ရင် commentမှာလာဖတ်....
-------------
Zawgyi
ရုပ်ရှင်တဲ့လား?
[ ဖေဖေ ]
ဇာတ်ညွှန်း- ဝမ်ကွမ့်
ဒါပေမယ့် သူလို ဘာမြှဖစ်မလာသေးတဲ့သရုပ်ဆောင်ပေါက်စလေးက ဒီလိုကျော်ကြားတဲ့လူနှစ်ယောက်နဲ့ အလုပ်လုပ်ရမဲ့အခွင့်အရေးကို သူ ဘယ်တုန်းကမှ စိတ်ကူးတောင် ယဉ်မထားခဲ့ဖူးတာကြောင့် နေ့ခင်းအိပ်မက်မက်နေသလို နတ်ပြည်ကိုသူရောက်သွားတယ်ဆိုတာ မသေချာတဲ့ထင်မြင်မှုတစ်ခုလိုပဲ ဖြစ်နေသည်။
" ဟယ်လို? "
" တစ်ပတ်အတွင်း ရုံးကိုလာပြီး ငါ့ကိုလာတွေ့ဉီး ငါ မင်းကိုပေးစရာရှိတယ် "
" ဟုတ်ကဲ့ "
____________
17. 11. 22 ( Thu )
TN/ အစကတော့ ဒီအပိုင်းက နဲနဲတိုနေလို့ နောက်တစ်ပိုင်းရေးပြီးမှပဲပေါင်uးpမလို့...ဒါပေမယ့် တစ်ချို့စာဖတ်တဲ့သူတွေက 2ပိုင်း upရင် 1ပိုင်းပဲဖတ်လို့ အဲ့လိုမတင်တော့ဘူး..hehe
ရေခဲတုံး ဖေ့ကျန်းကို ချိန်နေတဲ့သူတွေရှိရင် သတိပေးလိုက်မယ် အခုပဲလက်နက်ချလိုက်ပါညော်...ဘာလို့လဲသိချင်ရင် commentမှာလာဖတ်....
Continue Reading
You'll Also Like
181K 29.1K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
49K 6.8K 90
မင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေးတွေပါ ဖတ်ပေးကြပါဦးနော် ... အားလုံးပဲ က...
48.6K 6K 11
||Completed|| Zawgyi: ကံအၿမဲဆိုးတဲ့ အျမႇောက္စာေလး Name: Cannon Fodder is Always Lucky E (炮灰总是幸运E) Original Author: Momo without Tea (陌陌不语茶) Total Ch...
1.2M 51.8K 63
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...