Welcome to A.O.B World
Part7
"ဟုတ် အဖေ"
ကဲနောက်တပိုင်းနဲနဲ ဝါးနင်းပါနော်😁😁
#KIM Vantekook
Taekook is real
Welcome to A.O.B World
Part7
Mr.Kimမှာဂျောင်ကုမှန်းမသိလို့ထယ်ယောင်းကိုလက်ထပ်ဖို့အတင်းစီစဉ်ပေးလိုက်ရတာ။ဂျောင်ကုမှန်းသိပြီးတော့လဲသူဘာမှမပြောင်းလဲနိုင်။သူ့အတွက်လဲများများစားစားမစဉ်းစားနိုင်ရာ။သူ့မာနကြောင့်မပေးစားပြန်ရင်လဲသူတ်ု့မိသားစုလမ်းဘေးရောက်ရုံတင်မက သူပါထောင်ထဲဝင်ရမယ့်အဖြစ်။သားလေးထယ်ယောင်းနဲ့ သူ့မိန်းမကလဲအားနွဲ့တဲ့Omegaဖြစ်တာကြောင့်ဘာမှမလုပ်တတ်။နောက်ဆုံးတော့စိတ်ကိုဒုံးဒုံးချကာလက်ခံဖို့သာစီစဉ်လိုက်တော့သည်။
တခုပဲသားလေး ၁၈ပြည့်ဖို့ကတလလောက်လိုတေးတယ်။မင်္ဂလာဆောင်ပြီးရင်သားလေးလိုငယ်ငယ်ရွယ်ရွယ်နဲ့နုနုဖက်ဖကိလေးကို သူနဲ့တူတူမအိပ်ခိုင်းဖို့ပဲ။အဖေတတျောက်အနေနဲ့ဒါမျိုးပြောရမာရှက်မိသလိုတတ်လဲမတတ်နိုင်။သူကAlphaဆိုတော့ alphaတေအကြောင်းသူအသိဆုံး။
အထူးသဖြင့်Dominant alphaတေဖြစ်တဲ့ရှားပါးalphaတေအကြာင်း။သူတို့တေ Rutဝင်ပြီဆိုကြောက်ဖို့ကောင်းတယ်။ခံရတယ့် omegaလေးတေဖို့မသက်သာ။
'အင်းမတတ်နိုင်ဘူး ပြောကြည့်ရမာပဲ'
ဒီလိုနဲ့ဂျောင်ကုပေးထားတဲ့အချိန် တရက်ပြည့်တော့သူနဲ့တွေ့ဖို့ကိုဂျောင်ကုကသူ့ကုမ္မဏီကိုချိန်းသည်။ရှေ့မျက်နှာနောက်ထားရင်းသာသွားရတော့သည်။
"ဘယ်လိုလဲMr.Kimကျုပ်ပြောတာစဉ်းစားပြီးပြီလား ခင်ဗျားသဘောတူတူမတူတူကျုပ်ကဂရုမစိုက်ဘူးနော် ရအောင်ယူမာမို့"
"ငါသိပြီးသားပါ သဘောတူပါတယ်"
"အဟက်"ထိုအခါဂျောင်ကုက ခနဲ့တဲ့တဲ့ လေသံဖြင့်တချက်ရယ်သည်။
"ခင်ဗျားသဘောမတူလဲမရတော့ဘူးလေ ခွေးဖြစ်တော့မာကိုးဗျ မဟုတ်ဘုးလား"
ဂျောင်ကုပြောလိုက်တဲ့စကားကြောင့်Mr.Kimမှာလက်သီးကိုတင်းခနဲဆုပ်မိလျက်သား။
"တခုပဲငါ့သားက၁၈မပြည့်သေးဘူး ပြည့်ဖို့လိုသေးတာမို့ မင်းနဲ့အတူတခန်းထဲမအိပ်ဘူးဆိုတဲ့ကတိတော့ပေး"
"ဟားဟား ခင်ဗျားကဘယ်ကသတ္တိတေနဲ့ကျုပ်ကို လာတောင်းဆိုနေတာလဲ လုပ်ချင်လို့ယူပါတယ်ဆို မလုပ်ရဘုးဆိုတော့အလှထိုင်ကြည့်ရမာလား ဟင်"
"မင်း.....မမိုက်ရိုင်းနဲ့ ငါပြောတာကအချိန်တခုထိစောင့်ပေးလိုပြောတာ"
"ကဲထားပါလေ ကျပ်မင်္ဂလာပွဲကို တပတ်နေရင်လုပ်ချင်တယ်ခင်ဗျားဘယ်လိုသဘောရလဲ"
"မင်းက အလုပ်ရှင်ပဲမင်းပြောသမျှပေါ့ ကွာ"
"ဒါဆိုလဲကျုပ်မနက်ဖြန်ထယ်ယောင်းကို ဝတ်စုံရွေးဖို့လာခေါ်မယ်"
"ပြီးရောဒါဆိုငါသွားမယ်"
ဆိုကာဂျောင်ကုရှေ့မှ မကျေနပ်သလိုမျက်နှာမျိုးနဲ့ထွက်သွားသည်။Mr.Kimထွက်သွားမှဂျောင်ကုရဲ့မျက်နှာဟာလဲခုနကထက်ပိုခက်ထန်လာကာအံကြိတ်ထားသည်မှာမေးရိုးများကိုထင်းနေအောင်။ 'စိတ်ချ ခင်ဗျားသားကိုယူပြီးမှခင်ဗျားကိုထောင်ထဲထည့်ပစ်မာ '
Mr.Kimအိမ်ပြန်ရောက်တော့ထယ်ယောင်းနဲ့ Mrs.kimမှာဧည့်ခန်းတွင်Tvထိုင်ကြည့်နေကြသည်။သူပြန်လာတာကိုလဲမြင်ရောMrs.kimမှ
"ယောကျာ်းအဆင်ပြေလား ဘာတဲ့လဲဟင်"
"ပြေပါတယ်ကွာ မနက်ဖြန်ငါတို့သားလေးကို မင်္ဂလာဝတ်စုံရွေးဖို့ လာခေါ်မယ်တဲ့ သားလေးအဆင့်သင့်ပြင်ထားလိုကနော် သွား အိပ်တော့သွားသား"
"ဟုတ်အဖေ အာ့ဆိုသားသွားအိပ်ပြီနော် ...အမေသားအိပ်ပြီ"
"အေအေသားလေး gn နော်" "ဟုတ်"
ထယ်ယောင်းထသွားမှ Mr.kimတတျောက်တောက်တချက်ခေါက်ကာဖြစ်ကြောင်းကုန်စင် Mrs.kimအားပြောပြတော့သည်။
"အို သားလေးကိုစိတ်ချရပ့မလားဟင်ကို သားလေးကိုသူယူပြီးမှနှိတ်ဆက်ရင်ဘယ်လိုလုပ်မလဲ စိတ်လေးတယ်"
"အဲ့လိုတော့မလုပ်လောက်ပါဘူးမိန်းမရယ်ဒီကောင်ကငယ်ငယ်ထဲကထယ်ယောင်းနဲ့ပေါင်းလာတဲ့ကောင်ပါကွ သူ့မျက်လုံးထဲမှာသားလေးကိုချစ်မိနေတဲ့အရိပ်ယောင်တေမြင်နေရတယ်"
"ကို ပြောသလိုစိတ်ချရတယ်ဆိုရင်ပဲရပ့ပြီ ဒါဆိုမိန်းမတို့လဲအိပ်ကြရအောင်ညနက်နေပြီ"
ထို့သိုဖြင့်အသီးသီးအိပ်ယာဝင်ကာအတွေးကိုယ်စီဖြင့်အိပ်စက်ကြတော့သည်။
မနက်ရောက်သော် မိုးတောင်မလင်းသေးခြံရှေ့ရောက်နေပြီဖြစ်သောဂျောင်ကုကြောင့်ခြံစောင့်ကြီးမှာပြာပြာသလဲတံခါးသွားဖွင့်ပေးရတော့သည်။
တီ တီ.......ကားဟွန်းအားအဆက်မပြက်တီးနေသောကြောင့် အိပ်နေသော ထယ်ယောင်းတို့မိသားစုမှာအလန့်တကြားအိမ်အောက်သိုပြေးဆင်းလာကြသည်။ ထယ်ယောင်းခဗျာမှာလဲအိပ်ချင်မူးတူး ဖရိုဖရဲပုံစံလေးနဲ့ မျက်လုံးကိုအတင်းဖွင့်ကာ ဘာများဖြစ်တာလဲလို့ ပြေးဆင်းလာလေတော့ ဂျောင်ကုက ကားပေါ်ကနေမိန့်မိန့်ကြီးသူ့အားကြည့်နေသည်။
အဖေတို့ကိုကြည့်လိုက်တော့လဲဂျောင်ကုအားမကျေနပ်သလိုမျက်စောင်းကြီးတထိုးထိုးနှင့်။ထို့နောက်အဖေကထယ်ယောင်းအနာယကပ်ကာခပ်တိုးတိုးဖြင့်
"မင်းနဲ့လက်ထပ်ရမယ့်အကောင်ကို မင်းထိန်း"ဟူ၍သာပြောပြီးအိမ်ပေါ်ပြန်တက်သွားသည်။
ဂျောင်ကုကတော့ခပ်တည်တည်ဖြင့်ထယ်ယောင်းနားကပ်လာကာထယ်ယောင်းရဲ့ လာဗင်ဓါဖယ်ရိုမုန်းများ ထုတ်လွှတ်ပေးရာ glandလေးရှိသော ဂုတ်သားနားလေးအား ဘာမပြောညာမပြောနဲ့ငုံပြီး မွှေးလိုက်ကာ တစ်တိတိကိုက်နေသည်။ အိမ်ရှေ့ကြီးမှာဖြစ်တာကြောင့်ထယ်ယောင်းတစ်စုံတစ်ယောက်များမြင်သွားမလားဆိုသောစိတ်နှင့်ရုန်းနေခြင်း။သို့ပေမယ့်အရာမဝင်ဒီalphaတော်တော်အတင့်ရဲတာပဲ စောစောစီးစီးသူများအိမ်ကိုလာပြီး
"မွှေးနေတာပဲကွာမျက်နှာသစ်ပြီးပြီလား"
ထယ်ယောင်းနောက်နားနဲနဲဆုပ်ကာခေါင်းကိုအသာရမ်းပြလိုက်သည်။လူကလေနှင့်အတူဆွေ့ခနဲပါသွားသောကြောင့်ဂျောင်ကုလည်ပင်းအားအမြန်သိုင်းဖကိလိုက်ရသည်။
"ဂျောင်ကုမင်းဘယ်လိုဖြစ်နေတာလဲ ငါ့အဖေတို့ရှိသေးတယိနော် ငါ့ကိုချပေးစမ်း မင်း"
"ဘယ်လိုဖြစ်တာလဲဆိုတော့ ထယ့်ကိုအသဲယားလို့လေ ရှိတော့ဘာဖိလဲ ဂရုကိုမစိုက်တာ ချပေးမာပေါ့အခန်းထဲရောက်ရင်"
ထိုအခါထယ်ယောင်းမှာနားရွက်ဖျားလေးများရဲလာကာအံကြိတ်သံဖြင့်
"ငါပြောတာအောက်ကိုချပေးလို့ပြောတာ မင်းဘာတေတွေူနေတာလဲ"
"ဟောဗျာ ကိုယ်ပြောတာလဲ အခန်းထဲရောက်မှထယ့်ကို အောက်ချပေးမယ်လို့ ထယ်ကရောဘာတေတွေးနေတာလဲ မဟုတ်မှ "
"ဘာမှမတွေးဘူး မင်းလိုမှတ်နေလား"
ဂျောင်ကုသူ့ရှေ့ကအရှက်သဲနေသော omegaအလှလေးကိုတစစီဆွဲဆုတ်ချင်လာသည်အထိ အသဲယားလွန်းလို့ဘယ်လိုလုပ်ရပ့ သူ့ချီထားတာလဲခံရသေး သူ့ကိုပြန်ပြောနေတာ။ဒါကြောင့်ပြောကြတာပေါ့ ကိုယ့်အောက်လဲနေသေးမာန်မလျော့ဘူးဆိုတာ တွေးကာပြုံးစိစိဖြင့်ဂျောင်ကုမျက်နှာပိုးမသတ်နိုင်။ဒါကိုထယ်ယောင်းကတမျိုးထင်နေပုံရသည်။
ပြောရင်းတွေးရင်းနှင့်ထယ်ယောင်းအခန်းထဲရောက်မှထယ်ယောင်းကို အသာချပေးကာတံခါးအားlockချလိုက်သည်။
"ဂျောငိကုမင်းဘာလုပ်တာလဲ အပြင်မှာစောင့်နေလေ ငါပြီးရင်လာခဲ့"
စကားတောင်မဆုံးသေးဂျောင်ကုထံမှ နှင်းဆီဖယ်ရိုမုန်းအများပြားထုတ်လိုက်တော့ထယ်ယောင်းခြေထောက်ပင်မခိုင်ချင်တော့ ခွေကျလာကာ ဂျောင်ကုကအမြန်ပြေးထိန်းလိုက်သည်။ခါးသွယ်သွယ်လေးမှထိန်းကိုင်ကာခုတင်ပေါ်သို့ထိုင်ခိုင်းလိုက်သည်။
ထိုအခါထယ်ယောင်းမှာဂျောင်ကုအားပေးမလွှတ်မကျီင်္စလေးအားပြန်ဆွဲထားသည်။ဂျောင်ကုလဲအလိုက်သင့်ထယ်ယောင်းခေါင်းလေးကိုသူ့ရင်ခွင်ထဲသို့ထည့်ကာနူးညံ့သောဆံနွယ်လေးများလက်ဖြင့်ထိုးဖွပေးနေသည်။ရင်ခွင်ထဲကထယ်ယောင်းမှာတော့အသိစိတ်မရှိတော့သလိုဂျောင်ကုရဲ့ Pheromone အနံ့များကိုနှာခေါင်းလေးတရှုံရှုံဖြင့်အနံ့ခံလျက်။ကြာလာတော့မှထယ်ယောင်းသတိပြန်ကပ်ပုံ။
"ဂျောင် ဂျောင်ကုငါမျက်နှာသစ်မို့ဖယ်ပေးအုံး"
"Om..ပြီးရင်ဝတ်စုံသွားရွေးမယ်အမြန်လုပ်နော်"
"အင်း" တလုံးတည်းဆိုကာရေချိုးခန်းထဲသို့ပြေးဝင်သွားသည်။ ရေချိုးခန်းထဲသို့လုံးလုံးလုံးလုံးနဲ့ပြေးဝင်သွားသော ဝက်ဝံလေးအားကြည့်ကာဂျောင်ကုချစ်မဝ။ချစ်တာမှန်ပေမယ့်လဲကိုယ့်ကိုခွင့်လွှတ်ပါထယ် ကိုယ်မဖိမနေလုပ်ရမယ့်အလုပိတေရှိနေလို့။
အခန်းထဲကကောငိလေးကတော့မှန်ရှေ့တွင်သူ့ပုံသူကြည့်ကာခုန်နေသောနှလုံးသားနေရာအားလက်ဖြင့်ဖိကိုင်ထားလျက်။
"အထဲကကောင်မင်းဘယ်လိုဖိနေတာလဲမခုန်နဲ့ သူကဌာတ်လမ်းထဲကပဲ မင်းကိုလက်စားချေဖိုလုပ်နေတာ အသိစိတ်ကပ်စမ်း"
ပါးကိုတချက်ခပ်ဆက်ဆက်ရိုက်ကာအသိစိတ်အားပြန်ကပ်ခိုင်းပြန်တော့လဲ ခုန်နေဆဲပဲ။ မထူးတော့အပြင်မှာလဲဂျောင်ကုစောင့်နေသည်မို့ လုပ်စရာရှိတာကိုသာအမြန်လုပ်တော့သည်။
အပြင်ပြန်ထွက်လာတော့ဂျောင်ကုရှိမနေတော့။တော်သေးတာပေါ့ အဝတ်လဲရအောင်ရှောင်ပေးလို့။အိမ်အောက်ထပ်ဆင်းလာတော့ ဆိုဖာပေါ်တွင်သူ့အိမ်သူ့ယာလို သူ့အိမ်ပဲလေ ငါလဲဘာတေတွေးနေတာလဲဟူးးး။ ခြေတဖကိခြိတ်ထိုင်ကာ အဖေနဲ့အမေ့အား ဂရုမစိုက်သလိုမျက်နှာပေးနဲ့ဆေးလိပ်တောင်သောက်လို့။ 'အမ် ခနနေပါအုံး ညာဖက်လက်ကတက်တူးတေကဘယ်ကပေါ်လာတာလဲ အရင်ကမရှိပါဘူး အွန်း မဆိုးပါဘူး လက်လေးကဖွေးဥနေတော့ အကြောစိမ်းစိမ်းလေးတေပေါ်မှာ တက်တူးလေးနဲ့ဆိုတော့လိုက်သားပဲ ဘာတေတွေးနေတာလဲ ကင်မ်ထယ်ယောင်းမင်းရူးသွားပြီလားဟမ်'
"ထယ်ရယ်ကိုယ့်ကိုအဲ့လောက်ကြီးလဲကြည့်မနေပါနဲ့ ယူပြီးရင်လဲအဝကြည့်ရတော့မှာကိုး အဟင်းး"
"ဘယ်သူ ဘယ်သူကမင်းကိုကြည့်နေလို့လဲ ငါ့ဟာငါ ဒီ ဒီတိုင်းအပြင်ကိုငေးနေတာပါနော် "
"ဟုတ်ပါပြီ ဒါဆိုကိုယ်တို့သွားကြရအောင်နော် သွားလိုက်ပါအုံးမယ် အဖေနဲ့အမေ မင်္ဂလာရှိသောနေ့သစ်လေးဖြစ်ပါစေနော်"
မဲ့ရွဲ့ကာဖြင့်ရယ်ပြသွားကာ ကိုယ့်ရှေ့မှာတင်ကိုယ့်သားလက်ကို ဆွဲခေါ်သွားတာအကြမ်းပတမ်း။ဟင်းးးမိန်းမစိတ်ချမ်းသာအောင်လို့သာပြောတာငါဒီကောင့်ကိုဘယ်လိုစိတ်ချရပ့။
ကားထဲတွင်တော့ "မနက်စာဘာစားပြီးပြီလဲထယ်"
"မင်းပဲအစောကြီးလာခေါ်တာလေ ငါဘာစားရမာလဲကွ"
"အော် ဟုတ်သားပဲမေ့နေတာဒါဆိုအဝတ်သွားမရွေးခင်မနက်စာစားကြရအောင်"
ထယ်ယောင်းဘာမှမပြောတော့ပဲဂျောင်ကုခေါ်ရာနောက်သာလိုက်ခဲ့သည်။မနက်စာစားဝိုင်းတွင်လဲသူရောကိုယ်ပါဘာစကားမှမဆိုဖြစ်ပဲတိတ်ဆိတ်လျက်။ အတန်ကြာမှဂျောင်ကုကအဝတ်ရွေးဖိုဆိုင်ကို မောင်းလာခဲ့သည်။
"ဒီမှာ ကျုပ်လက်ထပ်ရမယ့်အမျိုးသားတွက်မင်္ဂလာဝတလစုံကိုအကောင်းစား limited ဒီဇိုင်းထဲကလိုချင်တယ် ဟိုပေါ်ဒီပေါ်တေမလိုချင်ဘူး ကြားလား"
ဆိုင်ထဲကဒီဇိုင်နာမလေးခဗျာ omegaလေးဖိကာ Alpha tone သုံးပြီးပြောလိုက်တာကြောင့် သူတင်မကထယ်ယောင်းပါမျက်ရည်ဝဲချင်လာသည်။နောက်မှဂျောင်ကုကသတိရသွားဟန်။
"အိုး sorry ကိုယ့်ထယ်လေးလန့်သွားပြီ ကျုပ်ပြောသလိုပဲလုပ်ပေးပါ သဖက်ခါလာရွေးမယ်နော်"
ကောင်မလေးမှာကြောက်ကြောက်နဲ့ဟုတ်ကဲ့ဟုသာခေါင်းတွင်တွင်ငုံလျက်။
လက်စွပ်ရွေး ပြီးကိစ္စအားလုံးပြီးသွားသောအခါထယ်ယောင်းကိုအိမ်ပြန်ပို့တော့မိုးတောင်မှောင်လေပြီ။ဂျောင်ကုအားနှုတ်ဆက်ပြီးအိမ်ထဲသို့ဝင်လာတော့အဖေကသူ့အား
"သားလေးအဆင်ပြေရဲ့လား ငါ့သားလေးလဲအဖေ့ကြောင့်ဒုက္ခခံနေရပြီကွယ်"
"မဟုတ်တာအဖေရယ်သားကအဆင်ပြေပါတယ် အမေ့ကိုပဲဂရုစိုက်ပါ အမေကစိတ်နုတော့ ဒါတေကြောင့်စိတ်ညစ်မှာဆိုးတယ်"
"အေးပါကွယ် အဖေဂရုစိုက်ပ့မယ် သားလဲနားတော့သွား"
"ဟုတ် အဖေ"
အိမ်ပေါ်တက်သွားသော သားကိုကြည့်ကာသူနောင်တရမိသည်။သားလေးကငယ်ငယ်ထဲကရုပ်လေးကလဲချောသလိုလူချစ်လူခင်ကလဲပေါသည်။သူကသာသားကိုမဟုတ်တဲ့စိတ်တေရိုက်သွင်းပေးခဲ့တာ။အင်းခုတော့လဲ သားကလိမ္မာနေပါပြီ။တွေးရင်းပင်Mr.kimပြုံးမိသည်။
ကဲနောက်တပိုင်းနဲနဲ ဝါးနင်းပါနေပါေနာ်
#KIM Vantekook
Taekook is real