Calling

By Jjaiumy

10K 945 116

𝗉𝖺𝗋𝗄 π—ƒπ—ˆπ—‡π—€π—Œπ–Ύπ—ˆπ—‡π—€+𝗉𝖺𝗋𝗄 π—Œπ—Žπ—‡π—€π—π—ˆπ—ˆπ—‡ 𝖢𝗋𝗂𝗍𝗍𝖾𝗇 𝗂𝗇 π–»π—Žπ—‹π—†π–Ύπ—Œπ–Ύ More

1%
10%
20%
35%
50%
60%
70%
80%
90%
100%

25%

652 77 0
By Jjaiumy

"ဆောင်ဟွန်း~~~" လေသံတိုးတိုးလေးကိုမှဆွဲလို့ခေါ်လာတဲ့အသံ။

"ဗျာ"

မှောင်မည်းပိတ်သိတ်နေတဲ့ လေဟာပြင်ကျယ်ကြီးထဲမှာမြင်နေရတဲ့အလင်းရောင်ဆိုလို့ သူ့ရှေ့ကလူရဲ့ မျက်ဝန်းတွေသာ။

ပြုံးလို့အကြာကြီးစိုက်ကြည့်နေတဲ့မျက်ဝန်းတွေကတနုတယွ။အနားတိုးလို့ လက်ဖောင်းဖောင်းလေးတွေက ဆောင်ဟွန်းဆံပင်တွေကြားတိုးဝင်လာတယ်။ဖွဖွလေးပွတ်သပ်ပီးနောက်မှာ မျက်ခုံးအစုံဆီကိုဦးတည်လာတဲ့ လက်မကလေး။အသာလေးဖိလို့ ကိုင်တွယ်လေပုံများ အားထည့်လိုက်ရင်နာကျင်သွားမည်ကိုစိုးရိမ်နေသည့်အလား။လက်ဖျားလေးကမျက်ခုံးကနေ နှာရိုးတစ်လျောက်လျှောဆင်းသွားအပီးမှာ ဆောင်ဟွန်းရဲ့မျက်ဝန်းတွေဆီကို တဖန်ပြန်ငေးမောလာပြန်တယ်။သေချာပေါက်ဆောင်ဟွန်းပြုံးပြမိလိုက်ပါတယ်။တဖြေးဖြေးပိုလို့နီးကပ်လာတဲ့ကိုယ်လုံးလေး။နှာဖျားဆီက ဝင်လေထွက်လေကဆောင်ဟွန်းမျက်နှာဆီ လာရိုက်ခတ်တယ်။နီးကပ်လာသမျှ ရှင်းလင်းလာတဲ့ နှုတ်ခမ်းဖူးဖူးတစုံက ထိကပ်သွားဖို့ ၅စက္ကန့်မျှသာလိုတော့သည်ထင်။

၅စက္ကန့်...
၄စက္ကန့်...
၃စက္ကန့်...
၂စက္ကန့်...
၁စက "ပတ်ဆောင်ဟွန်းနဲ့ နီခီရေ ထတော့ဟေ့ နောက်နှစ်နာရီဆိုလေယာဉ်ထွက်ပီ" တံခါးထက်ဆီတဒုန်းဒုန်းထုရိုက်လို့ လာနှိုးတဲ့ဟီဆွန်းအသံကြားမှ ဆောင်ဟွန်း ကမူးရှူးထိုးအိပ်ယာပေါ်ကပြေးဆင်းပါသည်။နီခီလဲထိုနည်းအတိုင်း။

ခြေဆန့်လက်ဆန့်ပင်မလုပ်နိုင်ပဲ အိပ်ယာပေါ်ကပြေးဆင်းလာတာကြောင့် လူကအိပ်မှုန်စုံမွှား။ဆံပင်များကရှုပ်ပွလို့။သို့ရာတွင် မျက်လုံးများမှာတော့မှေးစင်းမနေပါပဲ ပြူးကျယ်လို့နေတယ်။ဆောင်ဟွန်း ရှုပ်ပွနေတဲ့ဆံပင်တွေကို လက်နှစ်ဖက်လုံးနဲ့ကိုင်ဆွဲကာ "sh*t sh*t sh*t sh*t sh*t sh*t"

အိပ်ယာထနောက်ကျလို့တော့မဟုတ်။အိမ်မက်ထဲက နမ်းမိခါနီးလေး မျက်နှာနားအတင်းတိုးကပ်နေတဲ့ ပတ်ဂျုံဆောင်းမျက်နှာကြီးကိုပြန်မြင်ယောင်မိတာကြောင့်။

အိမ်မက်လှလှမက်ချင်တာမှန်ပေမယ့် အဲ့လိုမျိုးကြီးတော့မဟုတ်ဘူးလေ။ဘာကြီးလဲ?ဘယ်လိုကြီးလဲ?ပတ်ဂျုံဆောင်းကြီးကသူ့အိမ်မက်ထဲကိုဘာလို့?အခြေအနေကြီးကလဲပုံမှန်မဟုတ်? ဟီဆွန်းဟျောင်းလာကယ်လို့သာတော်တော့မည်။မဟုတ်ရင် သူနဲ့ဂျုံဆောင်းနဲ့....အားးးးးးးးး

တဖက်မှာတော့ နီခီကယောက်ယက်ခတ် သွားပွတ်တံကြီးပါးစပ်ထဲကိုက်ပီး luggageကြီးဆွဲယူလာကာ အဝတ်အစားတွေကိုလုံးထွေးပီးပစ်ထည့်နေပီ။ဆံပင်တွေဆောင့်ဆွဲလို့ကြောင်တောင်တောင်ကြီးရပ်နေတဲ့ဆောင်ဟွန်းနောက်ကျောကို ဖြန်းခနဲရိုက်လို့ ဝူးဝူးဝါးဝါးအော်တော့သည်။

"ဆောင်ဟွန်းဟျောင်း ဘာကြောင်နေတာတုန်း မြန်မြန်ဗျ နောက်ကျနေပီ လင်ပျောက်သွားတဲ့ဆပ်ပြာသည်ကြီးလိုလုပ်မနေပဲ မြန်မြန်မြန်မြန်လို့။မနက်စောစောကိုဘာဖြစ်နေမှန်းမသိပါဘူး မြန်မြန်!!!"

သူ့ကိုအော်ငေါက်နေသည့် နီခီကို မင်းအကြီးကိုဘာညာနဲ့ ရန်ပြန်တွေ့ချင်သော်လဲ အခြေအနေက ရန်ထောင်နေရမဲ့အခြေအနေမဟုတ်။နောက်ပီးသူ့မှာရန်ပြန်တွေ့နိုင်မဲ့အားအင်လဲရှိမနေပါ။မနက်စောစောကိုလန်းဆန်းနေရမဲ့စိတ်တို့က အနှောင့်အယှက်လိုလူပတ်ဂျုံဆောင်းကြောင့် ကပေါက်တိကပေါက်ချာဖြစ်နေပီမို့ မြန်မြန်ဆန်ဆန်ပဲခေါင်းငြိမ့်ကာ ရေချိုးခန်းသို့ဦးတည်ပြေးလျက်။

မိနစ်၄၀ကွက်တိကြာအပီးမှာတော့ ဆောင်ဟွန်းနဲ့နီခီတို့ အခန်းထဲမှ အထုတ်များကိုယ်စီဆွဲလို့ထွက်လာကြတာဒရောမျောပါး။မနက်စာပင်စားဖို့အချိန်မမှီတော့ပါပဲ ကားငှားလို့လေဆိပ်ဆီသာဒုန်းစိုင်းပြေးရတော့သည်။သေချာပေါက် ဟီဆွန်းကလဲဆူပူဖို့မမေ့။

နီခီ-"တကယ်တော့alarmမပေးထားတာမဟုတ်ဘူး ဟျောင်းရ။ပိတ်ပီးပြန်အိပ်မိသွားတာ။ဆောင်ဟွန်းဟျောင်းကလဲအိပ်နေတာနွားသိုးကြီးလိုဆိုတော့ ကျနော်လဲအချိန်လောက်အုန်းမယ်ထင်လို့ပေါ့"

ဟ။ဒါတော့ နီခီများသွားပီ။တမနက်လုံးသူ့ကို ဆပ်ပြာသည်လင်ပျောက်ခိုင်းလိုက် နွားသိုးကြီးလုပ်ခိုင်းလိုက်နဲ့။မကျေမနပ်နီခီကိုလှမ်းရိုက်ဖို့ပြင်လိုက်ပေမယ့် နီခီကရှေ့ခုံတန်းမှာထိုင်နေတာမို့ မမှီပါ။

ဟီဆွန်း-"ဆောင်ဟွန်းကအဲ့လောက်အအိပ်ကြီးတဲ့သူမဟုတ်ပါဘူး။အမြဲကိစ္စရှိရင်ရှေ့ဆုံးကနိုးတတ်တဲ့လူကဘယ်လိုဖြစ်တာတုန်း"

ဂျိတ်-"အိမ်မက်တွေဘာတွေမက်နေသလားမှမသိတာ။အိမ်မက်ထဲကောင်မလေးနဲ့ချိန်းတွေ့နေလို့ဈာန်ဝင်သွားပီးမနိုးတာနေမှာပေါ့"

မင်းမေကြီးတော်ကြီးကောင်မလေးနဲ့ဈာန်ဝင်ပါ့လား။အိမ်မက်ထဲမှာ ပတ်ဂျုံဆောင်းကြီးနဲ့နမ်းမလိုကြီးဖြစ်နေတာကွ။သေချာပေါက်ထိုစကားများကိုအပြင်ဘက်တွင်တော့ထုတ်မပြောရဲပါ။

"မနေ့ညကတော်တော်လေးပင်ပန်းသွားလို့ပါ" ရယ်ကျဲကျဲနှင့်သာဖြစ်သလိုပြန်ဖြေလိုက်တော့သည်။

~~~~~~
လေယာဉ်ကအထူးတလည်မရှိပါပဲ အဆင်ပြေပြေနှင့် အင်ချွန်းသို့ဆိုက်ရောက်သည်။ဆောင်ဟွန်းတို့ကချက်ချင်း ဆိုးလ်ကိုပြန်ဖို့ပြင်သည်။သူတို့အဖွဲ့က စိတ်လှုပ်ရှားစရာကောင်းတဲ့ကိစ္စတချို့လုပ်ရန်ရှိသည်လေ။

ဆောင်ဟွန်းတို့က အရင်studioသေးသေးလေးမှာ ပစ္စည်းတွေပြည့်ညပ်လို့ အလုပ်လုပ်လာတာ ၇လလောက်ရှိပီ။သေးလွန်းတာမို့ အလုပ်များသည့်နေ့တွေဆိုရင် ညအတော်နက်တာတောင် ကိုယ့်တိုက်ခန်းဆီပြန်မသွားမဖြစ်သွားနေရသည်က အတော်လေးအဆင်မပြေ။အဆင်ပြေသလို ကပ်သပ်အိပ်ရအောင်လဲ တကယ်ကိုနေရာမရှိသည်ဖြစ်ရာ အိပ်ယာချဖို့မပြောနှင့် ဖျာခင်းပီးကွေးအိပ်ရင်တောင် တယောက်စာအိပ်ရန်နေရာမရှိ။

သူတို့အပတ်တကုတ်ကြိုးစားထားတဲ့ brandပိစိလေးက ဖြေးဖြေးချင်းအလုပ်လည်ပတ်ဖို့အရင်းပြန်ထည့်ရုံမက သုံးလောက်စွဲလောက်သည်ထိပါ ငွေနည်းနည်းစုမိထားတာဖြစ်လို့ အခုstudioခန်းကြီးကြီးဆီပြောင်းဖို့ ဆုံးဖြတ်လိုက်ကြခြင်း။အခန်းကတော့ ဟီဆွန်းဟျောင်းရဲ့သူငယ်ချင်းတစ်ယောက်ချိတ်ဆက်လို့ရှာပေးပီးသားဖြစ်ပီး အဆင်ပြေသည်။သူတို့ကတော့ကိုယ်တိုင်မတွေ့ရသေးသော်လည်း ဟီဆွန်းကမြင်ဖူးပီးသားဖြစ်ရာ အတော်လေးအဆင်ပြေသည်ဟုဆိုသည်။ဟီဆွန်းစကားဆိုလျှင်မှားနိုင်စရာအကြောင်းမရှိသည်လေ။

ဒီနေ့ဆိုးလ်ကိုပြန်ရောက်တာနဲ့ ခနတဖြုတ်နားလို့ သူတို့အလုပ်ခန်းကပစ္စည်းတွေရွေ့ဖို့ပြောင်းဖို့လုပ်ကြရမည်။အလုပ်တွေကဆက်တိုက်မို့ ပင်ပန်းသော်လည်း အဖွဲ့ဝင်တွေကတော့ တစ်ယောက်မှအပြုံးမပျက်။ပိုလို့တက်ကြွတောင်နေကြသေးသည်။

အခန်းကသူတို့အတွက်ရည်ရွယ်ပီးများဆောက်ထားသလားအောက်မေ့ရအောင် ပြည့်စုံလွန်းသည်။ဟီဆွန်းဟျောင်းသူငယ်ချင်းကလဲ နည်းနည်းပါးပါးပြန်ပြင်ဆင်ပေးထားသေးသည်။ဝင်ဝင်ချင်းအလုပ်ခန်းမှာ ဒီဇိုင်းဆွဲဖို့,ပစ္စည်းများထားဖို့ အသေအချာသူ့နေရာနှင့်သူရှိနေသည်။အလည်ခေါင်တည့်တည့်မှာ စားပွဲအကြီးကြီးရှိနေသည်ကိုပင် အတော်လေးကျယ်ဝန်းသေးသည်။ထို့အပြင် ကိုယ်ပိုင်အလုပ်ခန်းငယ်ခပ်သေးသေးလေးများက ၃ခန်းတိတိနှင့် အိပ်ခန်းကပါ၂ခန်းပါသေးသည်။အိပ်ခန်းများဘေးတွင်ရေချိုးခန်းအိမ်သာတွဲလျှက်။ထိုမျှမကသေး အိပ်ခန်းနဲ့မျက်စောင်းထိုးတွင် အလယ်အလတ်ခန့်အခန်းသေးတခုလဲရှိနေသေးရာ ထိုအခန်းမှာမူ မီးဖိုခန်းဖြစ်သည်။

ဆောနူ-"မီးဖိုခန်းလဲပါသေးတာလား?မိုက်တာဗျာ"

ဂျိတ်-"အရင်studioနဲ့ဆယ်ဆလောက်ကွာတယ်။ဖြစ်နိုင်ရင်အိမ်မှာတောင်မနေချင်တော့ဘူး အလုပ်ခန်းမှာပဲနေချင်တော့တယ်"

အောက်ခံ ဖြူဖြူနှင့်မီးခိုးရောင်လိုင်းများဖောက်ထားသောကြွေပြားများ တခန်းလုံးခင်းထားသည့် အလုပ်ခန်းမှာတကယ်ကို ဂျိတ်ပြောသည့်အတိုင်းနေချင်စရာအတိပါလေ။

ပစ္စည်းတွေထုတ်ပိုးရွှေ့ပြောင်းပီးတဲ့အချိန်ရောက်တော့ ညနေတောင်တော်တော်စောင်းနေပီ။အဝတ်အစားအပိုတွေ studioမှာထားလေ့မရှိတာကြောင့် သူတို့တတွေထိုညကတော့ မဖြစ်မနေကိုယ့်အိမ်ကိုပြန်ရတယ်။

နောက်နေ့တွေမှာလဲ နေ့ရက်တွေကပုံမှန်အတိုင်းပါပဲ။အလုပ်လုပ်လိုက် ideaထုတ်လိုက်။ဖက်ရှင်ပြပွပြရောဂျက်အတွက် စာတမ်းရေးလိုက်နှင့်သာ။ကျောင်းကိုတော့ မသွားဖြစ်ကြ။

ဒီအတိုင်းလည်ပတ်နေတာ တစ်ပတ်တိတိကြာသွားတယ်။တစ်ပတ်အတွင်း ဆောင်ဟွန်းတစ်ယောက် ဂျုံဆောင်းကိုမတွေ့ဖြစ်ပါ။သူကတွေ့ဖို့မျှော်နေတာတော့မဟုတ်ပေမယ့် ၃ခေါက်တိတိတိုက်တိုက်ဆိုင်ဆိုင်ဆုံခဲ့ဖူးတဲ့လူဆိုတော့လဲ နောက်တစ်ခေါက်များထပ်တိုက်ဆိုင်မလားဆိုတဲ့စိတ်နဲ့။ထပ်ပီးတွေ့ဖို့ကံမပါတော့တာများလား?ဂျုံဆောင်းကလဲ လွန်ခဲ့တဲ့တစ်ပတ် "ကောင်းကောင်းအိပ် ချာတိတ်" ဆိုတဲ့စာကလွဲလို့ ထပ်ပို့လာတဲ့မက်ဆေ့ချ်လဲမရှိ။သူ့ဘက်ကလဲစာမပို့မိပါ။ပို့ရအောင်လဲ ဘယ်ကစလို့ဘာပြောရမှန်းမသိဘူးလေ။"ကျနော်ခင်ဗျားကိုအိမ်မက်မက်တယ် အိမ်မက်ထဲမှာ ခင်ဗျားကကျနော့်ကိုနမ်းတော့မလို့" အဲ့လိုသွားပြောရမှာလား။အဲ့လိုသွားပြောလို့ အခန့်မသင့်ရင် သူ့ကိုနှာဗူးကောင်လို့တောင်ထင်သွားနိုင်သေးတယ်။

ဟူး~~~သက်ပြင်းတချက်ချလို့ ဟာတာတာဖြစ်နေတဲ့စိတ်ကိုပြန်အားပေးရတယ်။လွမ်းနေတာတော့မဟုတ်ဘူး မဟုတ်ပေမယ့် ပြောရရင် ဆောင်ဟွန်း နာနတ်သီးချိုချဉ်စားချင်ပါတယ်။

~~~

"ဆောင်ဟွန်း ငါတို့ကျောင်းသွားရမယ်တဲ့။မင်းemailတွေ့ပီးပီလား"

ဂျိတ်ရဲ့အမေးစကားကို ခေါင်းခါလို့တုံ့ပြန်လိုက်ပီး emailတချက်စစ်ကြည့်တော့ အမှန်ပင် ကျောင်းကလှမ်းပို့ထားသည့်စာ။ဂျိတ်နဲ့သူက ကျောင်းမှာလဲအခန်းတူတူဆိုတော့ သူemailတွေဘာတွေလွတ်သွားရင်တောင် ဂျိတ်ရှိနေတာမို့ အဆင်ပြေသေးသည်။

"သွားဆိုတော့လဲ သွားရတာပေါ့"

~~~

ကျောင်းခန်းထဲမှာ ကျောက်ရုပ်ကြီးလိုထိုင်နေကြတဲ့ ဆောင်ဟွန်းနဲ့ဂျိတ်။နှစ်ယောက်စလုံးက ကျောင်းခန်းနဲ့တရင်းတနှီးရှိမနေချေ။ကျောင်းခန်းထဲရှိ လူတချို့ကသူတို့ကိုလေးစားတဲ့အကြည့်နဲ့ကွက်ကြည့်ကွက်ကြည့် တချို့ကတော့စိမ်းသက်သက်အကြည့်နဲ့ကွက်ကြည့်ကွက်ကြည့်။အခြေအနေကြီးက နေရခက်လိုက်တာကွာ။

"နောက်အပတ်ထဲမှာ ဆရာတို့အဖွဲ့Dနဲ့ စီနီယာကျောင်းသားတချို့က Designerတယောက်studioမှာ tourသွားလုပ်ကြဖို့ရှိတယ်"

အခန်းထဲကလူအားလုံးက လှုပ်ရွရွဖြစ်လာကြသည်။သူတို့မေဂျာမှာ အဖွဲ့A,B,C,D ဆိုပီးလေးဖွဲ့ခွဲထားရာ သူတို့ကအဖွဲ့D။

ဟိုနားဒီနားက အသံကြွစိကြွစိထွက်လာတော့ ဆရာက နှုတ်ခမ်းကိုလက်ညိုးနဲ့ဖိပီး ရှူးခနဲအချက်ပြတယ်။

"အားလုံး အားလုံး။စိတ်လှုပ်ရှားနေကြပီမလား။သိတယ်လေ။ဒါပေမယ့် တခုရှိတာက ဒီtourပီးတာနဲ့အားလုံးက စာတမ်းထပ်ရမယ်။အဖွဲ့လိုက်projectမဟုတ်ဘူး တစ်ယောက်ချင်းစီ" အခန်းတစ်ခန်းလုံးကိုလက်ညှိုးတစ်ချက်ဝှေ့လို့ ဆရာကဆိုတယ်။

သေချာတာပေါ့။ဒီလိုအခွင့်အရေးကောင်းကောင်းပေးလာတာ ကျောင်းအတွက်အမြတ်မတင်လို့ရမလား။

"Gradeအတွက် 20%ယူမဲ့ပရောဂျက်ဖြစ်လို့ ကျောင်းသားကျောင်းသူအားလုံး အာရုံစိုက်လို့ဂရုထားကြပါ။ပီးစလွယ်လုပ်လာရင် အမှတ်မရဘူး။ပီးတော့ ဆောင်ဟွန်းနဲ့ဂျိတ်"

စကားပြောနေတုန်းတန်းလန်းသူတို့နှစ်ယောက်နာမည်ကြီးတပ်ခေါ်လာတာမို့ နှစ်ယောက်သား မတ်ခနဲ။

"မင်းတို့က freelanceသမားတွေဆိုတော့ အဖွဲ့လိုက်လာလို့ဖြစ်တယ်။သူတို့လဲပရောဂျက်ထပ်မယ်ဆိုရင်ပေါ့"

ခေါင်းကိုတဆတ်ဆတ်အလျင်အမြန်ငြိမ့်ပြလိုက်တယ်။လူအများအာရုံကတော့သူတို့ဆီမှာ။

"အိုကေ ဒီလောက်ပဲ။အတန်းချိန်ဆက်တက်ကြ။ဒီအပတ်ပိတ်ရက်ကိုသေချာအနားယူပြင်ဆင်ထားကြပီး နောက်အပတ်ကျဆရာတို့ မနက်၉နာရီစုပေါင်းဆောင်ထဲမှာတွေ့ကြမယ်"

~~~

"ဟီဆွန်းဟျောင်း tourလိုက်မဲ့စီနီယာအဖွဲ့ထဲမှာ ဟျောင်းလဲပါတယ်မလား"

ဂျိတ်ရဲ့အမေးကိုဟီဆွန်းက အင်းတချက်အသံပြုလို့ပြန်ဖြေတယ်။

ဆောနူ-"ကောင်းလိုက်တာ။Designer studio tourဆိုတော့ လူနဲ့လဲတွေ့ရမယ်။လက်ရာတွေလဲရှယ်မြင်ရမယ်။နောက်ပီးကံကောင်းရင် အကြံညဏ်တချို့ပါရနိုင်သေးတယ်"

ဆောဟွန်း-"လိုက်လို့ရတယ်တဲ့ မင်းတို့လဲ။ဆရာက ငါတို့အဖွဲ့ကိုခွင့်ပေးလိုက်တယ်။ဒါပေမယ့်ပရောဂျက်တော့ထပ်ရမယ်တဲ့"

ဆောနူ-"တကယ်လား တကယ်လား။ဟုတ်ပီကွ။စာတမ်းရေးတာလောက်ကဖြင့် လိုက်ရတာတန်တယ်"

ဂျိတ်-"နီခီကတော့ လိုက်လို့အဆင်ပြေပါ့မလား။marketing ပိုင်းကျောင်းသားဆိုတော့။လိုက်လာရင်တောင် စာတမ်းထပ်ဖို့အတွက်က စိန်ခေါ်စရာဖြစ်မယ်ထင်တယ်"

နီခီ-"ကျနော်တော့မလိုက်တော့ဘူး။နောက်တပတ်တနင်္လာ ဂျောင်ဝန်းနဲ့တွေ့ဖို့ချိန်းထားတာလဲရှိသေးတယ်ဆိုတော့ ဟျောင်းတို့ပဲသွားလိုက်ကြတော့"

ဆောနူ-"ဘာ?ဂျောင်ဝန်းနဲ့ချိန်းထားတယ်။မင်းငါ့ကိုတောင်မပြောဘူး။အတူတူလည်မှာလို့ပြောထားတယ်လေ"

ပြောပြောဆိုဆိုနဲ့ ဆောနူတစ်ယောက် လက်တရမ်းရမ်းလိုက်ရိုက်တာမို့ နီခီ့ခမျာ စားနေတဲ့ပေါင်မုန့်တောင်လက်ကမချနိုင်ပဲ studioထဲပတ်ပြေးလို့။ဆောနူနဲ့နီခီကအဲ့လိုပဲ အမြဲတကျက်ကျက်။

ဂျောင်ဝန်းဆိုမှ ဂျောင်ဝန်းနဲ့သွားတွေ့ရင် နီခီ ဂျုံဆောင်းကိုရော အမှတ်မဲ့တွေ့မိနိုင်လောက်လား?ဆောင်ဟွန်းနည်းနည်းလေးတော့သိချင်ပါသည်။ဂျုံဆောင်းတစ်ယောက်ဘာတွေလုပ်နေသလဲဆိုတာ။

~~~

ပိတ်ရက်တွေအပီး တနင်္လာနေ့ရောက်လာပီမို့ ဆောင်ဟွန်း,ဂျိတ်,ဟီဆွန်းနဲ့ ဆောနူက အခုကျောင်းထဲကစုပေါင်းဆောင်မှာ။ဘက်စ်ကားအကြီးကြီးနဲ့သွားကြမှာဖြစ်ပီး လူကလဲ၃၂ယောက်ရှိသည်မို့ အနည်းငယ်တော့ပျော်စရာကောင်းသည်။

"ဆရာကလဲ ဘယ်designerလဲဆိုတာတော့ပြောပြပါ။ကျနော်တို့ညက သိချင်လွန်းလို့အိပ်တောင်မပျော်ဘူး" ကျောင်းသားအချို့က ဆရာ့ကိုဂျစ်တိုက်နေလေသည်။ "ဟိုရောက်ရင် သိရမယ်ကွာ။နာမည်ကြီးdesignerတစ်ယောက်ပဲ။မင်းတို့သိကိုသိတယ်။ကဲကဲ ကားလဲလာပီ တက်တက် တက်ကြတော့"

ကားကတရိပ်ရိပ်နဲ့မောင်းလာတာ မိနစ်၂၀လောက်ကြာတော့ ဆောင်ဟွန်းရင်းနှီးတဲ့ရပ်ကွက်ထဲဝင်လာတယ်။တိတိကျကျပြောရရင် ဆောင်ဟွန်းရဲ့တိုက်ခန်းရှိတဲ့ ရပ်ကွက်။ဒါဆို သူတို့ရပ်ကွက်ထဲမှာ  နာမည်ကြီးdesignerတစ်ယောက်နေတာပေါ့။

မိနစ်အနည်းငယ်ကြာတော့ ကားက မှန်တွေကာရံထားတဲ့ နှစ်ထပ်တိုက်ရှေ့မှာရပ်တယ်။ဆောင်ဟွန်းတို့အပါအဝင် အကုန်လုံးကစိတ်လှုပ်ရှားနေကြတာ မျက်နှာတွင်အတိုင်းသား။ဆရာက သူတို့ကိုဦးဆောင်လို့ studioထဲခေါ်သွားသည်။၄ယောက်တစ်တန်းဆီတန်းစီလို့ အစီအရင်ဝင်သွားသည်မှာ မသိရင် မူကြိုကျောင်းသားလေးတွေ တွဲထားတဲ့ရထားတန်းလေးအလား။

"အထဲရောက်ရင်တော့မင်းတို့စိတ်ကြိုက်လှည့်ပတ်ကြည့်လို့ရပါပီ။designerနဲ့နှုတ်ဆက်ပီးတဲ့အချိန်ထိတော့ တန်းစီထားကြအုန်း"

တက္ကသိုလ်ကျောင်းသားတွေကို ဆရာက ကလေးတွေလိုမျိုးဆက်ဆံနေတာပဲ။တမျိုးတော့ချစ်ဖို့ကောင်းတယ်။

Studioထဲရောက်တော့ ဆရာကထိုdesignerနဲ့လက်ဆွဲနှုတ်ဆက်သည်။ရှေ့တန်းကလူတွေကတော့ မျက်နှာမြင်ပီးသည်နှင့် တဝိုးဝိုးတဝါးဝါး အံ့ဩသံပေါင်းစုံထွက်လို့။ဆောင်ဟွန်းတို့ကတော့နောက်အတန်းနား နည်းနည်းရောက်တာမို့ မျက်နှာကိုမမြင်ရသလို ဆရာပြောနေတဲ့အသံတွေကိုလဲ ဝိုးတဝါးသာကြားရသည်။

"အားလုံးပဲ။မင်္ဂလာပါ" အသံခပ်ဩဩတခုက လူစုကြားထဲကထိုးထွက်လာတယ်။နေပါအုန်း နည်းနည်းရင်းနှီးနေသလိုပဲ။"အားလုံးသိလားမသိလား မသေချာပေမယ့် မိတ်ဆက်ရရင် ကျနော်က Designer Jayလို့ခေါ်ပါတယ်" Hell no!!!!Designer Jay?ပတ်ဂျုံဆောင်း? "ကျောင်းကအကူအညီတောင်းလာတာကို ကျနော့်ဘက်ကဂုဏ်ယူရပါတယ်။ကျောင်းသားတို့လဲ စိတ်တိုင်းကျလေ့လာကြပီး အကြံညဏ်လိုတာရှိရင် ကျနော့်ဘက်ကတတ်နိုင်သလောက်ကူညီပေးပါ့မယ်"

ဆရာအပါအဝင် လူအားလုံးလက်ခုပ်တီးနေကြပေမယ့် ဆောင်ဟွန်းကတော့ နေရာမှာမလှုပ်မယှက်။သူအခု ဂျုံဆောင်းရဲ့အလုပ်နေရာထဲရောက်နေတယ်ဆိုတာကို လက်ခံယူဖို့အချိန်တော်တော်လိုအုန်းမယ်။ခန္ဓာကိုယ်ကလဲအလုပ်မလုပ်တော့။ဦးနှောက်ကလဲအလုပ်မလုပ်တော့။နှလုံးသားထဲတွင်သာ ပြိုင်ကားအစီးတစ်ရာလောက်က ဟိုဘက်ဒီဘက်အပြိုင်မောင်းနှင်နေကြသည်။

ကျောင်းသားတချို့အလျှိုလျှိုနေရာကထွက်သွားသည့်တိုင်အောင် ဆောင်ဟွန်းကကြောင်ရပ်နေဆဲ။

"ဆောင်ဟွန်း ဆောင်ဟွန်း"ဘေးနားကနေဂျိတ်ကသူ့ပုခုံးကို နှစ်ကြိမ်ပုတ်လာခါမှ အသိစိတ်က ကိုယ်ထဲပြန်ကပ်တော့သည်။

"ဟင် ဘာလဲ"

"ခေါ်နေတာ တော်တော်ကြာပီ။ဟီဆွန်းတို့က အပေါ်ထပ်ကိုသွားကြည့်တယ်။ငါလဲလိုက်သွားတော့မလို့။ဒီမှာနေရခက်တယ်။မင်းလဲလိုက်မလား"

"ဒီမှာဘာလို့နေရခက်တာလဲ"

ဆောင်ဟွန်းအမေးကို ဂျိတ်ကအံကြိတ်လို့ အရှေ့ဘက်ကိုမသိမသာမေးထိုးပြတယ်။ဂျိတ်မေးထိုးပြတဲ့ဘက်ကြည့်မိတော့ sh*t ပတ်ဂျုံဆောင်းကြီးက သူတို့ကိုစိုက်ကြည့်နေတာဟ။ဆောင်ဟွန်းနဲ့အကြည့်ချင်းဆုံသွားပီးတဲ့ စက္ကန့်ပိုင်းမှာသူတို့ဆီတန်းတန်းမတ်မတ်လျှောက်လာနေတဲ့ ဂျုံဆောင်း။ဂျိတ်ကတော့ မနေတတ်တော့သည်ထင်။"ဆောရီးကွာ ကြည့်ဖြေရှင်းလိုက်တော့"ဟုဆိုပီး အပေါ်ထပ်ပြေးတက်သွားသည်။ဆိုတော့ နေရာမှာကျန်ခဲ့တာ ဆောင်ဟွန်းနဲ့ဂျုံဆောင်းနှစ်ယောက်ထဲ။သေချာပေါက် လူတချို့ရှိသေးပေမယ့်လဲ ခပ်လှမ်းလှမ်းမှာမို့ ဆောင်ဟွန်းအနီးတဝိုက်မှာရှိတာက ဂျုံဆောင်းနဲ့ ဘေးနားစားပွဲပေါ်က ပန်းအိုးကြီးသာ။မထူးပါဘူး ဘေးနားကပန်းအိုးကြီးကိုပဲ ကောက်နှုတ်ဆက်လိုက်ရမလား?

"လေးကြိမ်မြောက်နော် ချာတိတ်"

သူအတွေးမှမဆုံးသေး သူ့အနားရောက်လာပီး စလာတဲ့စကားသံ။ဂျုံဆောင်းရဲ့ အဆက်အစပ်မရှိတဲ့စကားလုံးတွေက သူ့ရင်ကိုအမြဲကဆုန်ပေါက်စေတာပဲ။

"ဟမ် အင်း..အင်း ဟုတ်တယ်" တုန်ချိချိနဲ့ထွက်လာတဲ့စကားအဆုံးမှာ ပျာယာခတ်သွားတဲ့ဂျုံဆောင်း။ဂျုံဆောင်းကဘာတွေပျာယာခတ်နေတာတုန်း?

"နေမကောင်းဘူးလား ချာတိတ်။ပါးတွေနီရဲနေတာပဲ။လက်တွေလဲတုန်လို့ ဘာဖြစ်လို့လဲ"

ဂျုံဆောင်းရဲ့ လက်ဖောင်းဖောင်းလေးက သူ့နှဖူးပေါ်ထိကပ်လာပါသည်။သူတွေးထားတာထက် အဆပေါင်းများစွာနူးညံ့တာပဲ။အနံ့မွှေးမွှေးလေးလဲရသေးတယ်။နာနတ်သီးအနံ့ပျော့ပျော့လေးလိုမျိုး။အခုသူ့နှဖူးပေါ်ကလက်ကလေးတွေက အကျဉ်းချုပ်ရရင် နာနတ်သီးခရင်မ်ကိတ်ချိုချိုလေးလို ခံစားချက်ကလေး။ခက်တာကသူနေမကောင်းဖြစ်နေတာမဟုတ်ပါ။ရင်ခုန်လွန်းလို့ နီရဲနေတာပါဆိုတာကို ဘယ်လိုရှင်းပြရပါ့မလဲ။

"ကိုယ်လဲမပူပါဘူး။အချိုဓာတ်နည်းလို့ဖြစ်တာလား။ကိုယ့်ဆီချောကလတ်တော့မရှိဘူး။ချိုချဉ်စားမလား ချာတိတ်"

ဆောင်ဟွန်းနှဖူးပေါ်ကလက်ဖယ်ပီး အိတ်ကပ်ထဲက ချိုချဉ်ဝါဝါလုံးလေးထုတ်ပေးလာပြန်တဲ့ ဂျုံဆောင်းမျက်ဝန်းလေးတွေက တလက်လက်။သူဘယ်လောက်တောင်လွမ်းနေရလဲ။အဟမ်း..သူဘယ်လောက်တောင် အဲ့ဒီနာနတ်သီးချိုချဉ်လေးကိုလွမ်းနေရသလဲ။

"ကျေးဇူးပဲ"

ဂျုံဆောင်းက ပြုံးပြုံးလေးခေါင်းငြိမ့်လို့ ဆောင်ဟွန်း ချိုချဉ်စက္ကူခွာတာကို စိုက်ကြည့်နေတယ်။ချိုချဉ်လုံးလေး ဆောင်ဟွန်းပါးစပ်ထဲရောက်သည်ထိ စိုက်ကြည့်နေတုန်းပဲ။

"ကိုယ့်ကိုဘာလို့အဆက်သွယ်မလုပ်တာလဲ"

ဆောင်ဟွန်းချိုချဉ်ပါနင်တော့မလိုဖြစ်သွားရသည်။ခင်ဗျားကရော ဘာလို့စာမပို့တာလဲလို့မေးလိုက်ချင်ပေမယ့် ဂျစ်တက်တက်စိတ်ကလေးကရှိနေသေးတော့...

"ပြောစရာမှမရှိတာ"

"ဒါမှမဟုတ် စာပို့ရမှာရှက်လို့လား"

ဒီလူကသူ့ကိုစိတ်တိုအောင်ပြောရတာကို မဖြစ်မနေလုပ်ငန်းစဉ်လိုများသတ်မှတ်ထားသလား။

ဆောင်ဟွန်း မျက်ခုံးများကိုထိလုမတတ် တွန့်ချိုးလိုက်ပီး "အရူးစကားတွေ" ။ဆိုတော့ ဂျုံဆောင်းက ဟက်ခနဲရယ်ပါသည်။

သူ့စိတ်ကြိုက်ရယ်ပီးခါမှ ဆောင်ဟွန်းအနားကိုဖြေးဖြေးချင်းတိုးလာပီး ကျိုးကြေနေတဲ့မျက်ခုံးများကို လက်မလေးနှင့် ခပ်ဖွဖွဖြေလျော့ပေးလာသည်။

"မျက်ခုံးတွေဒီလောက်တွန့်ချိုးနေရင် မျက်နှာလှလှလေးမှာအရေးအကြောင်းတွေပေါ်လာလိမ့်မယ်"

မျက်ခုံးတွေကိုပွတ်သပ်ပေးနေရင်း ဂျုံဆောင်းကဆောင်ဟွန်းမျက်ဝန်းတွေဆီက တည့်တိုးစိုက်ကြည့်လာတယ်။ပြုံးယောင်သန်းနေပေမယ့် ဂျုံဆောင်းအကြည့်တွေက စိန်ခေါ်နေသလိုပဲ။ဆောင်ဟွန်းကတော့ တနေ့ညအိမ်မက်ထဲက အခြေအနေကြီးကိုပြန်မြင်ယောင်မိပီး မျက်နှာတခုလုံး ဒုတိယအကြိမ်မြောက်ရဲခနဲ။ဒါကိုအလိုက်မသိတဲ့ ရှေ့ကလူကအခုချိန်ထိ ခန္ဓာကိုယ်ကိုနောက်မဆုတ်သေးပဲ ဆောင်ဟွန်းရင်ခွင်ထဲဝင်လုမတတ် တိုးကပ်နေပီး မျက်ခုံးတွေကိုပွတ်သပ်ပေးနေတုန်း။

တစ်ဆိတ် သူကဒီကိုစာတမ်းရေးဖို့ရည်ရွယ်ချက်နဲ့လာတာပါနော်။ဂျုံဆောင်းကျီစယ်တာခံဖို့ လာတာမဟုတ်ပါဘူး။

"ဆောင်ဟွန်း ဒီကိုမလာသေးဘူးလား~~~"

ဂျုံဆောင်းရဲ့အလုပ်ခန်းကနှစ်ထပ်ဆိုပေမယ့် အပေါ်တစ်ထပ်က လှေကားကိုငုံပီးဆောက်ထားတဲ့ပုံစံမျိုး။အပေါ်ထပ်အလည်တည့်တည့် လှေကားဆုံးတဲ့နေရာမှာ လေးထောင့်ပေါက်အပေါက်ကြီးတစ်ပေါက်ကို လက်ရန်းတွေနဲ့ဝန်းရံလို့ ဆောက်ထားသည်။ဂျိတ်က ထိုလက်ရန်းများကိုကိုင်ပီး အခုထိအောက်ထပ်မှာရှိနေသေးတဲ့ ဆောင်ဟွန်းကိုလှမ်းခေါ်နေခြင်း။

ဂျိတ်အသံကြောင့် အလန့်တကြားဖြစ်သွားတဲ့ဆောင်ဟွန်းက ဂျုံဆောင်းလက်ထဲကရုန်းထွက်လို့ နောက်နှစ်လှမ်းလောက်အမြန်ဆုတ်လိုက်ပီး အသံတိုးတိုးနဲ့လှမ်းအော်လိုက်တယ်။

"လာပီ အခုပဲ"

ပီးတာနဲ့ ဂျုံဆောင်းကိုလှည့်တောင်မကြည့်ပဲ ဂျိတ်ဆီအမြန်ပြေးသွားတော့တယ်။တကိုယ်လုံးရှက်စိတ်ကြောင့်ပူထူနေသည်မှာ လောလောလတ်လတ်မှovenထဲကအထုတ်ခံထားရတဲ့ ပေါင်မုန့်လုံးလေးလို။

"မင်းနဲ့ designer jayကသိတာလား။အရမ်းရင်းနှီးနေတဲ့ပုံပေါ်တယ်။ငါတို့ကိုတောင်မပြောဘူး။မဟုတ်မှ~~~~"

သူ့ကိုလက်ညှိုးထိုးလို့ ပြောင်စပ်စပ်ပြောနေတဲ့ ဂျိတ်ကိုတချက်ပိတ်ဟောက်ပစ်လိုက်တယ်။သူနဲ့ဂျုံဆောင်းကဘာဖြစ်ရမှာလဲ ဘာမှမဖြစ်ဘူး။ဒီတိုင်းချိုချဉ်ပေးကြတဲ့ဆက်ဆံရေးပဲ။

လူကသာညာနေပေမယ့် နှလုံးသားလေးကတော့ညာလို့မရပါ။ထိုနေ့ကတနေကုန် ဂျုံဆောင်းလောင်းရိပ်အောက်ရောက်နေရရှာတဲ့ဆောင်ဟွန်းနှလုံးသားနုနုလေးခမျာ သနားစရာကောင်းလောက်အောင် နားချိန်ပင်မရပဲ တဒုန်းဒုန်း။

"ချိုချဉ်ကဘယ်ကရလာတာလဲ။ရှိသေးလား ငါ့လဲကျွေး"

"မရှိဘူး ကောက်ရတာ"

ဆူပုတ်ပုတ်ဖြစ်နေတဲ့ဂျိတ်ကိုဆောင်ဟွန်းရယ်လို့ကြည့်လိုက်တယ်။ဆောင်ဟွန်းကိုရော တနေရာရာကနေပြုံးရင်းကြည့်နေတဲ့ တစ်ယောက်ယောက်များရှိလေမလား?

~~~~~~~~~~~~~~~~~~~~

အချစ်ဓာတ်ကလေးကတိုးတိုးလေးလှမ်းခေါ်နေတယ်။နီးကပ်လာမှုpercent ကတော့ 25%


Zawgyi

"ေဆာင္ဟြန္း~~~" ေလသံတိုးတိုးေလးကိုမွဆြဲလို႔ေခၚလာတဲ့အသံ။

"ဗ်ာ"

ေမွာင္မည္းပိတ္သိတ္ေနတဲ့ ေလဟာျပင္က်ယ္ႀကီးထဲမွာျမင္ေနရတဲ့အလင္းေရာင္ဆိုလို႔ သူ႔ေရွ႕ကလူရဲ႕ မ်က္ဝန္းေတြသာ။

ၿပဳံးလို႔အၾကာႀကီးစိုက္ၾကည့္ေနတဲ့မ်က္ဝန္းေတြကတႏုတယြ။အနားတိုးလို႔ လက္ေဖာင္းေဖာင္းေလးေတြက ေဆာင္ဟြန္းဆံပင္ေတြၾကားတိုးဝင္လာတယ္။ဖြဖြေလးပြတ္သပ္ပီးေနာက္မွာ မ်က္ခုံးအစုံဆီကိုဦးတည္လာတဲ့ လက္မကေလး။အသာေလးဖိလို႔ ကိုင္တြယ္ေလပုံမ်ား အားထည့္လိုက္ရင္နာက်င္သြားမည္ကိုစိုးရိမ္ေနသည့္အလား။လက္ဖ်ားေလးကမ်က္ခုံးကေန ႏွာ႐ိုးတစ္ေလ်ာက္ေလွ်ာဆင္းသြားအပီးမွာ ေဆာင္ဟြန္းရဲ႕မ်က္ဝန္းေတြဆီကို တဖန္ျပန္ေငးေမာလာျပန္တယ္။ေသခ်ာေပါက္ေဆာင္ဟြန္းၿပဳံးျပမိလိုက္ပါတယ္။တေျဖးေျဖးပိုလို႔နီးကပ္လာတဲ့ကိုယ္လုံးေလး။ႏွာဖ်ားဆီက ဝင္ေလထြက္ေလကေဆာင္ဟြန္းမ်က္ႏွာဆီ လာ႐ိုက္ခတ္တယ္။နီးကပ္လာသမွ် ရွင္းလင္းလာတဲ့ ႏႈတ္ခမ္းဖူးဖူးတစုံက ထိကပ္သြားဖို႔ ၅စကၠန႔္မွ်သာလိုေတာ့သည္ထင္။

၅စကၠန႔္...
၄စကၠန႔္...
၃စကၠန႔္...
၂စကၠန႔္...
၁စက "ပတ္ေဆာင္ဟြန္းနဲ႔ နီခီေရ ထေတာ့ေဟ့ ေနာက္ႏွစ္နာရီဆိုေလယာဥ္ထြက္ပီ" တံခါးထက္ဆီတဒုန္းဒုန္းထု႐ိုက္လို႔ လာႏႈိးတဲ့ဟီဆြန္းအသံၾကားမွ ေဆာင္ဟြန္း ကမူးရွဴးထိုးအိပ္ယာေပၚကေျပးဆင္းပါသည္။နီခီလဲထိုနည္းအတိုင္း။

ေျခဆန႔္လက္ဆန႔္ပင္မလုပ္ႏိုင္ပဲ အိပ္ယာေပၚကေျပးဆင္းလာတာေၾကာင့္ လူကအိပ္မႈန္စုံမႊား။ဆံပင္မ်ားကရႈပ္ပြလို႔။သို႔ရာတြင္ မ်က္လုံးမ်ားမွာေတာ့ေမွးစင္းမေနပါပဲ ျပဴးက်ယ္လို႔ေနတယ္။ေဆာင္ဟြန္း ရႈပ္ပြေနတဲ့ဆံပင္ေတြကို လက္ႏွစ္ဖက္လုံးနဲ႔ကိုင္ဆြဲကာ "sh*t sh*t sh*t sh*t sh*t sh*t"

အိပ္ယာထေနာက္က်လို႔ေတာ့မဟုတ္။အိမ္မက္ထဲက နမ္းမိခါနီးေလး မ်က္ႏွာနားအတင္းတိုးကပ္ေနတဲ့ ပတ္ဂ်ဳံေဆာင္းမ်က္ႏွာႀကီးကိုျပန္ျမင္ေယာင္မိတာေၾကာင့္။

အိမ္မက္လွလွမက္ခ်င္တာမွန္ေပမယ့္ အဲ့လိုမ်ိဳးႀကီးေတာ့မဟုတ္ဘူးေလ။ဘာႀကီးလဲ?ဘယ္လိုႀကီးလဲ?ပတ္ဂ်ဳံေဆာင္းႀကီးကသူ႔အိမ္မက္ထဲကိုဘာလို႔?အေျခအေနႀကီးကလဲပုံမွန္မဟုတ္? ဟီဆြန္းေဟ်ာင္းလာကယ္လို႔သာေတာ္ေတာ့မည္။မဟုတ္ရင္ သူနဲ႔ဂ်ဳံေဆာင္းနဲ႔....အားးးးးးးးး

တဖက္မွာေတာ့ နီခီကေယာက္ယက္ခတ္ သြားပြတ္တံႀကီးပါးစပ္ထဲကိုက္ပီး luggageႀကီးဆြဲယူလာကာ အဝတ္အစားေတြကိုလုံးေထြးပီးပစ္ထည့္ေနပီ။ဆံပင္ေတြေဆာင့္ဆြဲလို႔ေၾကာင္ေတာင္ေတာင္ႀကီးရပ္ေနတဲ့ေဆာင္ဟြန္းေနာက္ေက်ာကို ျဖန္းခနဲ႐ိုက္လို႔ ဝူးဝူးဝါးဝါးေအာ္ေတာ့သည္။

"ေဆာင္ဟြန္းေဟ်ာင္း ဘာေၾကာင္ေနတာတုန္း ျမန္ျမန္ဗ် ေနာက္က်ေနပီ လင္ေပ်ာက္သြားတဲ့ဆပ္ျပာသည္ႀကီးလိုလုပ္မေနပဲ ျမန္ျမန္ျမန္ျမန္လို႔။မနက္ေစာေစာကိုဘာျဖစ္ေနမွန္းမသိပါဘူး ျမန္ျမန္!!!"

သူ႔ကိုေအာ္ေငါက္ေနသည့္ နီခီကို မင္းအႀကီးကိုဘာညာနဲ႔ ရန္ျပန္ေတြ႕ခ်င္ေသာ္လဲ အေျခအေနက ရန္ေထာင္ေနရမဲ့အေျခအေနမဟုတ္။ေနာက္ပီးသူ႔မွာရန္ျပန္ေတြ႕ႏိုင္မဲ့အားအင္လဲရွိမေနပါ။မနက္ေစာေစာကိုလန္းဆန္းေနရမဲ့စိတ္တို႔က အေႏွာင့္အယွက္လိုလူပတ္ဂ်ဳံေဆာင္းေၾကာင့္ ကေပါက္တိကေပါက္ခ်ာျဖစ္ေနပီမို႔ ျမန္ျမန္ဆန္ဆန္ပဲေခါင္းၿငိမ့္ကာ ေရခ်ိဳးခန္းသို႔ဦးတည္ေျပးလ်က္။

မိနစ္၄၀ကြက္တိၾကာအပီးမွာေတာ့ ေဆာင္ဟြန္းနဲ႔နီခီတို႔ အခန္းထဲမွ အထုတ္မ်ားကိုယ္စီဆြဲလို႔ထြက္လာၾကတာဒေရာေမ်ာပါး။မနက္စာပင္စားဖို႔အခ်ိန္မမွီေတာ့ပါပဲ ကားငွားလို႔ေလဆိပ္ဆီသာဒုန္းစိုင္းေျပးရေတာ့သည္။ေသခ်ာေပါက္ ဟီဆြန္းကလဲဆူပူဖို႔မေမ့။

နီခီ-"တကယ္ေတာ့alarmမေပးထားတာမဟုတ္ဘူး ေဟ်ာင္းရ။ပိတ္ပီးျပန္အိပ္မိသြားတာ။ေဆာင္ဟြန္းေဟ်ာင္းကလဲအိပ္ေနတာႏြားသိုးႀကီးလိုဆိုေတာ့ က်ေနာ္လဲအခ်ိန္ေလာက္အုန္းမယ္ထင္လို႔ေပါ့"

ဟ။ဒါေတာ့ နီခီမ်ားသြားပီ။တမနက္လုံးသူ႔ကို ဆပ္ျပာသည္လင္ေပ်ာက္ခိုင္းလိုက္ ႏြားသိုးႀကီးလုပ္ခိုင္းလိုက္နဲ႔။မေက်မနပ္နီခီကိုလွမ္း႐ိုက္ဖို႔ျပင္လိုက္ေပမယ့္ နီခီကေရွ႕ခုံတန္းမွာထိုင္ေနတာမို႔ မမွီပါ။

ဟီဆြန္း-"ေဆာင္ဟြန္းကအဲ့ေလာက္အအိပ္ႀကီးတဲ့သူမဟုတ္ပါဘူး။အၿမဲကိစၥရွိရင္ေရွ႕ဆုံးကႏိုးတတ္တဲ့လူကဘယ္လိုျဖစ္တာတုန္း"

ဂ်ိတ္-"အိမ္မက္ေတြဘာေတြမက္ေနသလားမွမသိတာ။အိမ္မက္ထဲေကာင္မေလးနဲ႔ခ်ိန္းေတြ႕ေနလို႔ဈာန္ဝင္သြားပီးမႏိုးတာေနမွာေပါ့"

မင္းေမႀကီးေတာ္ႀကီးေကာင္မေလးနဲ႔ဈာန္ဝင္ပါ့လား။အိမ္မက္ထဲမွာ ပတ္ဂ်ဳံေဆာင္းႀကီးနဲ႔နမ္းမလိုႀကီးျဖစ္ေနတာကြ။ေသခ်ာေပါက္ထိုစကားမ်ားကိုအျပင္ဘက္တြင္ေတာ့ထုတ္မေျပာရဲပါ။

"မေန႔ညကေတာ္ေတာ္ေလးပင္ပန္းသြားလို႔ပါ" ရယ္က်ဲက်ဲႏွင့္သာျဖစ္သလိုျပန္ေျဖလိုက္ေတာ့သည္။

~~~~~~
ေလယာဥ္ကအထူးတလည္မရွိပါပဲ အဆင္ေျပေျပႏွင့္ အင္ခြၽန္းသို႔ဆိုက္ေရာက္သည္။ေဆာင္ဟြန္းတို႔ကခ်က္ခ်င္း ဆိုးလ္ကိုျပန္ဖို႔ျပင္သည္။သူတို႔အဖြဲ႕က စိတ္လႈပ္ရွားစရာေကာင္းတဲ့ကိစၥတခ်ိဳ႕လုပ္ရန္ရွိသည္ေလ။

ေဆာင္ဟြန္းတို႔က အရင္studioေသးေသးေလးမွာ ပစၥည္းေတြျပည့္ညပ္လို႔ အလုပ္လုပ္လာတာ ၇လေလာက္ရွိပီ။ေသးလြန္းတာမို႔ အလုပ္မ်ားသည့္ေန႔ေတြဆိုရင္ ညအေတာ္နက္တာေတာင္ ကိုယ့္တိုက္ခန္းဆီျပန္မသြားမျဖစ္သြားေနရသည္က အေတာ္ေလးအဆင္မေျပ။အဆင္ေျပသလို ကပ္သပ္အိပ္ရေအာင္လဲ တကယ္ကိုေနရာမရွိသည္ျဖစ္ရာ အိပ္ယာခ်ဖို႔မေျပာႏွင့္ ဖ်ာခင္းပီးေကြးအိပ္ရင္ေတာင္ တေယာက္စာအိပ္ရန္ေနရာမရွိ။

သူတို႔အပတ္တကုတ္ႀကိဳးစားထားတဲ့ brandပိစိေလးက ေျဖးေျဖးခ်င္းအလုပ္လည္ပတ္ဖို႔အရင္းျပန္ထည့္႐ုံမက သုံးေလာက္စြဲေလာက္သည္ထိပါ ေငြနည္းနည္းစုမိထားတာျဖစ္လို႔ အခုstudioခန္းႀကီးႀကီးဆီေျပာင္းဖို႔ ဆုံးျဖတ္လိုက္ၾကျခင္း။အခန္းကေတာ့ ဟီဆြန္းေဟ်ာင္းရဲ႕သူငယ္ခ်င္းတစ္ေယာက္ခ်ိတ္ဆက္လို႔ရွာေပးပီးသားျဖစ္ပီး အဆင္ေျပသည္။သူတို႔ကေတာ့ကိုယ္တိုင္မေတြ႕ရေသးေသာ္လည္း ဟီဆြန္းကျမင္ဖူးပီးသားျဖစ္ရာ အေတာ္ေလးအဆင္ေျပသည္ဟုဆိုသည္။ဟီဆြန္းစကားဆိုလွ်င္မွားႏိုင္စရာအေၾကာင္းမရွိသည္ေလ။

ဒီေန႔ဆိုးလ္ကိုျပန္ေရာက္တာနဲ႔ ခနတျဖဳတ္နားလို႔ သူတို႔အလုပ္ခန္းကပစၥည္းေတြေ႐ြ႕ဖို႔ေျပာင္းဖို႔လုပ္ၾကရမည္။အလုပ္ေတြကဆက္တိုက္မို႔ ပင္ပန္းေသာ္လည္း အဖြဲ႕ဝင္ေတြကေတာ့ တစ္ေယာက္မွအၿပဳံးမပ်က္။ပိုလို႔တက္ႂကြေတာင္ေနၾကေသးသည္။

အခန္းကသူတို႔အတြက္ရည္႐ြယ္ပီးမ်ားေဆာက္ထားသလားေအာက္ေမ့ရေအာင္ ျပည့္စုံလြန္းသည္။ဟီဆြန္းေဟ်ာင္းသူငယ္ခ်င္းကလဲ နည္းနည္းပါးပါးျပန္ျပင္ဆင္ေပးထားေသးသည္။ဝင္ဝင္ခ်င္းအလုပ္ခန္းမွာ ဒီဇိုင္းဆြဲဖို႔,ပစၥည္းမ်ားထားဖို႔ အေသအခ်ာသူ႔ေနရာႏွင့္သူရွိေနသည္။အလည္ေခါင္တည့္တည့္မွာ စားပြဲအႀကီးႀကီးရွိေနသည္ကိုပင္ အေတာ္ေလးက်ယ္ဝန္းေသးသည္။ထို႔အျပင္ ကိုယ္ပိုင္အလုပ္ခန္းငယ္ခပ္ေသးေသးေလးမ်ားက ၃ခန္းတိတိႏွင့္ အိပ္ခန္းကပါ၂ခန္းပါေသးသည္။အိပ္ခန္းမ်ားေဘးတြင္ေရခ်ိဳးခန္းအိမ္သာတြဲလွ်က္။ထိုမွ်မကေသး အိပ္ခန္းနဲ႔မ်က္ေစာင္းထိုးတြင္ အလယ္အလတ္ခန႔္အခန္းေသးတခုလဲရွိေနေသးရာ ထိုအခန္းမွာမူ မီးဖိုခန္းျဖစ္သည္။

ေဆာႏူ-"မီးဖိုခန္းလဲပါေသးတာလား?မိုက္တာဗ်ာ"

ဂ်ိတ္-"အရင္studioနဲ႔ဆယ္ဆေလာက္ကြာတယ္။ျဖစ္ႏိုင္ရင္အိမ္မွာေတာင္မေနခ်င္ေတာ့ဘူး အလုပ္ခန္းမွာပဲေနခ်င္ေတာ့တယ္"

ေအာက္ခံ ျဖဴျဖဴႏွင့္မီးခိုးေရာင္လိုင္းမ်ားေဖာက္ထားေသာေႂကြျပားမ်ား တခန္းလုံးခင္းထားသည့္ အလုပ္ခန္းမွာတကယ္ကို ဂ်ိတ္ေျပာသည့္အတိုင္းေနခ်င္စရာအတိပါေလ။

ပစၥည္းေတြထုတ္ပိုးေ႐ႊ႕ေျပာင္းပီးတဲ့အခ်ိန္ေရာက္ေတာ့ ညေနေတာင္ေတာ္ေတာ္ေစာင္းေနပီ။အဝတ္အစားအပိုေတြ studioမွာထားေလ့မရွိတာေၾကာင့္ သူတို႔တေတြထိုညကေတာ့ မျဖစ္မေနကိုယ့္အိမ္ကိုျပန္ရတယ္။

ေနာက္ေန႔ေတြမွာလဲ ေန႔ရက္ေတြကပုံမွန္အတိုင္းပါပဲ။အလုပ္လုပ္လိုက္ ideaထုတ္လိုက္။ဖက္ရွင္ျပပြျပေရာဂ်က္အတြက္ စာတမ္းေရးလိုက္ႏွင့္သာ။ေက်ာင္းကိုေတာ့ မသြားျဖစ္ၾက။

ဒီအတိုင္းလည္ပတ္ေနတာ တစ္ပတ္တိတိၾကာသြားတယ္။တစ္ပတ္အတြင္း ေဆာင္ဟြန္းတစ္ေယာက္ ဂ်ဳံေဆာင္းကိုမေတြ႕ျဖစ္ပါ။သူကေတြ႕ဖို႔ေမွ်ာ္ေနတာေတာ့မဟုတ္ေပမယ့္ ၃ေခါက္တိတိတိုက္တိုက္ဆိုင္ဆိုင္ဆုံခဲ့ဖူးတဲ့လူဆိုေတာ့လဲ ေနာက္တစ္ေခါက္မ်ားထပ္တိုက္ဆိုင္မလားဆိုတဲ့စိတ္နဲ႔။ထပ္ပီးေတြ႕ဖို႔ကံမပါေတာ့တာမ်ားလား?ဂ်ဳံေဆာင္းကလဲ လြန္ခဲ့တဲ့တစ္ပတ္ "ေကာင္းေကာင္းအိပ္ ခ်ာတိတ္" ဆိုတဲ့စာကလြဲလို႔ ထပ္ပို႔လာတဲ့မက္ေဆ့ခ်္လဲမရွိ။သူ႔ဘက္ကလဲစာမပို႔မိပါ။ပို႔ရေအာင္လဲ ဘယ္ကစလို႔ဘာေျပာရမွန္းမသိဘူးေလ။"က်ေနာ္ခင္ဗ်ားကိုအိမ္မက္မက္တယ္ အိမ္မက္ထဲမွာ ခင္ဗ်ားကက်ေနာ့္ကိုနမ္းေတာ့မလို႔" အဲ့လိုသြားေျပာရမွာလား။အဲ့လိုသြားေျပာလို႔ အခန႔္မသင့္ရင္ သူ႔ကိုႏွာဗူးေကာင္လို႔ေတာင္ထင္သြားႏိုင္ေသးတယ္။

ဟူး~~~သက္ျပင္းတခ်က္ခ်လို႔ ဟာတာတာျဖစ္ေနတဲ့စိတ္ကိုျပန္အားေပးရတယ္။လြမ္းေနတာေတာ့မဟုတ္ဘူး မဟုတ္ေပမယ့္ ေျပာရရင္ ေဆာင္ဟြန္း နာနတ္သီးခ်ိဳခ်ဥ္စားခ်င္ပါတယ္။

~~~

"ေဆာင္ဟြန္း ငါတို႔ေက်ာင္းသြားရမယ္တဲ့။မင္းemailေတြ႕ပီးပီလား"

ဂ်ိတ္ရဲ႕အေမးစကားကို ေခါင္းခါလို႔တုံ႔ျပန္လိုက္ပီး emailတခ်က္စစ္ၾကည့္ေတာ့ အမွန္ပင္ ေက်ာင္းကလွမ္းပို႔ထားသည့္စာ။ဂ်ိတ္နဲ႔သူက ေက်ာင္းမွာလဲအခန္းတူတူဆိုေတာ့ သူemailေတြဘာေတြလြတ္သြားရင္ေတာင္ ဂ်ိတ္ရွိေနတာမို႔ အဆင္ေျပေသးသည္။

"သြားဆိုေတာ့လဲ သြားရတာေပါ့"

~~~

ေက်ာင္းခန္းထဲမွာ ေက်ာက္႐ုပ္ႀကီးလိုထိုင္ေနၾကတဲ့ ေဆာင္ဟြန္းနဲ႔ဂ်ိတ္။ႏွစ္ေယာက္စလုံးက ေက်ာင္းခန္းနဲ႔တရင္းတႏွီးရွိမေနေခ်။ေက်ာင္းခန္းထဲရွိ လူတခ်ိဳ႕ကသူတို႔ကိုေလးစားတဲ့အၾကည့္နဲ႔ကြက္ၾကည့္ကြက္ၾကည့္ တခ်ိဳ႕ကေတာ့စိမ္းသက္သက္အၾကည့္နဲ႔ကြက္ၾကည့္ကြက္ၾကည့္။အေျခအေနႀကီးက ေနရခက္လိုက္တာကြာ။

"ေနာက္အပတ္ထဲမွာ ဆရာတို႔အဖြဲ႕Dနဲ႔ စီနီယာေက်ာင္းသားတခ်ိဳ႕က Designerတေယာက္studioမွာ tourသြားလုပ္ၾကဖို႔ရွိတယ္"

အခန္းထဲကလူအားလုံးက လႈပ္႐ြ႐ြျဖစ္လာၾကသည္။သူတို႔ေမဂ်ာမွာ အဖြဲ႕A,B,C,D ဆိုပီးေလးဖြဲ႕ခြဲထားရာ သူတို႔ကအဖြဲ႕D။

ဟိုနားဒီနားက အသံႂကြစိႂကြစိထြက္လာေတာ့ ဆရာက ႏႈတ္ခမ္းကိုလက္ညိဳးနဲ႔ဖိပီး ရွဴးခနဲအခ်က္ျပတယ္။

"အားလုံး အားလုံး။စိတ္လႈပ္ရွားေနၾကပီမလား။သိတယ္ေလ။ဒါေပမယ့္ တခုရွိတာက ဒီtourပီးတာနဲ႔အားလုံးက စာတမ္းထပ္ရမယ္။အဖြဲ႕လိုက္projectမဟုတ္ဘူး တစ္ေယာက္ခ်င္းစီ" အခန္းတစ္ခန္းလုံးကိုလက္ညႇိဳးတစ္ခ်က္ေဝွ႔လို႔ ဆရာကဆိုတယ္။

ေသခ်ာတာေပါ့။ဒီလိုအခြင့္အေရးေကာင္းေကာင္းေပးလာတာ ေက်ာင္းအတြက္အျမတ္မတင္လို႔ရမလား။

"Gradeအတြက္ 20%ယူမဲ့ပေရာဂ်က္ျဖစ္လို႔ ေက်ာင္းသားေက်ာင္းသူအားလုံး အာ႐ုံစိုက္လို႔ဂ႐ုထားၾကပါ။ပီးစလြယ္လုပ္လာရင္ အမွတ္မရဘူး။ပီးေတာ့ ေဆာင္ဟြန္းနဲ႔ဂ်ိတ္"

စကားေျပာေနတုန္းတန္းလန္းသူတို႔ႏွစ္ေယာက္နာမည္ႀကီးတပ္ေခၚလာတာမို႔ ႏွစ္ေယာက္သား မတ္ခနဲ။

"မင္းတို႔က freelanceသမားေတြဆိုေတာ့ အဖြဲ႕လိုက္လာလို႔ျဖစ္တယ္။သူတို႔လဲပေရာဂ်က္ထပ္မယ္ဆိုရင္ေပါ့"

ေခါင္းကိုတဆတ္ဆတ္အလ်င္အျမန္ၿငိမ့္ျပလိုက္တယ္။လူအမ်ားအာ႐ုံကေတာ့သူတို႔ဆီမွာ။

"အိုေက ဒီေလာက္ပဲ။အတန္းခ်ိန္ဆက္တက္ၾက။ဒီအပတ္ပိတ္ရက္ကိုေသခ်ာအနားယူျပင္ဆင္ထားၾကပီး ေနာက္အပတ္က်ဆရာတို႔ မနက္၉နာရီစုေပါင္းေဆာင္ထဲမွာေတြ႕ၾကမယ္"

~~~

"ဟီဆြန္းေဟ်ာင္း tourလိုက္မဲ့စီနီယာအဖြဲ႕ထဲမွာ ေဟ်ာင္းလဲပါတယ္မလား"

ဂ်ိတ္ရဲ႕အေမးကိုဟီဆြန္းက အင္းတခ်က္အသံျပဳလို႔ျပန္ေျဖတယ္။

ေဆာႏူ-"ေကာင္းလိုက္တာ။Designer studio tourဆိုေတာ့ လူနဲ႔လဲေတြ႕ရမယ္။လက္ရာေတြလဲရွယ္ျမင္ရမယ္။ေနာက္ပီးကံေကာင္းရင္ အႀကံညဏ္တခ်ိဳ႕ပါရႏိုင္ေသးတယ္"

ေဆာဟြန္း-"လိုက္လို႔ရတယ္တဲ့ မင္းတို႔လဲ။ဆရာက ငါတို႔အဖြဲ႕ကိုခြင့္ေပးလိုက္တယ္။ဒါေပမယ့္ပေရာဂ်က္ေတာ့ထပ္ရမယ္တဲ့"

ေဆာႏူ-"တကယ္လား တကယ္လား။ဟုတ္ပီကြ။စာတမ္းေရးတာေလာက္ကျဖင့္ လိုက္ရတာတန္တယ္"

ဂ်ိတ္-"နီခီကေတာ့ လိုက္လို႔အဆင္ေျပပါ့မလား။marketing ပိုင္းေက်ာင္းသားဆိုေတာ့။လိုက္လာရင္ေတာင္ စာတမ္းထပ္ဖို႔အတြက္က စိန္ေခၚစရာျဖစ္မယ္ထင္တယ္"

နီခီ-"က်ေနာ္ေတာ့မလိုက္ေတာ့ဘူး။ေနာက္တပတ္တနလၤာ ေဂ်ာင္ဝန္းနဲ႔ေတြ႕ဖို႔ခ်ိန္းထားတာလဲရွိေသးတယ္ဆိုေတာ့ ေဟ်ာင္းတို႔ပဲသြားလိုက္ၾကေတာ့"

ေဆာႏူ-"ဘာ?ေဂ်ာင္ဝန္းနဲ႔ခ်ိန္းထားတယ္။မင္းငါ့ကိုေတာင္မေျပာဘူး။အတူတူလည္မွာလို႔ေျပာထားတယ္ေလ"

ေျပာေျပာဆိုဆိုနဲ႔ ေဆာႏူတစ္ေယာက္ လက္တရမ္းရမ္းလိုက္႐ိုက္တာမို႔ နီခီ့ခမ်ာ စားေနတဲ့ေပါင္မုန႔္ေတာင္လက္ကမခ်ႏိုင္ပဲ studioထဲပတ္ေျပးလို႔။ေဆာႏူနဲ႔နီခီကအဲ့လိုပဲ အၿမဲတက်က္က်က္။

ေဂ်ာင္ဝန္းဆိုမွ ေဂ်ာင္ဝန္းနဲ႔သြားေတြ႕ရင္ နီခီ ဂ်ဳံေဆာင္းကိုေရာ အမွတ္မဲ့ေတြ႕မိႏိုင္ေလာက္လား?ေဆာင္ဟြန္းနည္းနည္းေလးေတာ့သိခ်င္ပါသည္။ဂ်ဳံေဆာင္းတစ္ေယာက္ဘာေတြလုပ္ေနသလဲဆိုတာ။

~~~

ပိတ္ရက္ေတြအပီး တနလၤာေန႔ေရာက္လာပီမို႔ ေဆာင္ဟြန္း,ဂ်ိတ္,ဟီဆြန္းနဲ႔ ေဆာႏူက အခုေက်ာင္းထဲကစုေပါင္းေဆာင္မွာ။ဘက္စ္ကားအႀကီးႀကီးနဲ႔သြားၾကမွာျဖစ္ပီး လူကလဲ၃၂ေယာက္ရွိသည္မို႔ အနည္းငယ္ေတာ့ေပ်ာ္စရာေကာင္းသည္။

"ဆရာကလဲ ဘယ္designerလဲဆိုတာေတာ့ေျပာျပပါ။က်ေနာ္တို႔ညက သိခ်င္လြန္းလို႔အိပ္ေတာင္မေပ်ာ္ဘူး" ေက်ာင္းသားအခ်ိဳ႕က ဆရာ့ကိုဂ်စ္တိုက္ေနေလသည္။ "ဟိုေရာက္ရင္ သိရမယ္ကြာ။နာမည္ႀကီးdesignerတစ္ေယာက္ပဲ။မင္းတို႔သိကိုသိတယ္။ကဲကဲ ကားလဲလာပီ တက္တက္ တက္ၾကေတာ့"

ကားကတရိပ္ရိပ္နဲ႔ေမာင္းလာတာ မိနစ္၂၀ေလာက္ၾကာေတာ့ ေဆာင္ဟြန္းရင္းႏွီးတဲ့ရပ္ကြက္ထဲဝင္လာတယ္။တိတိက်က်ေျပာရရင္ ေဆာင္ဟြန္းရဲ႕တိုက္ခန္းရွိတဲ့ ရပ္ကြက္။ဒါဆို သူတို႔ရပ္ကြက္ထဲမွာ  နာမည္ႀကီးdesignerတစ္ေယာက္ေနတာေပါ့။

မိနစ္အနည္းငယ္ၾကာေတာ့ ကားက မွန္ေတြကာရံထားတဲ့ ႏွစ္ထပ္တိုက္ေရွ႕မွာရပ္တယ္။ေဆာင္ဟြန္းတို႔အပါအဝင္ အကုန္လုံးကစိတ္လႈပ္ရွားေနၾကတာ မ်က္ႏွာတြင္အတိုင္းသား။ဆရာက သူတို႔ကိုဦးေဆာင္လို႔ studioထဲေခၚသြားသည္။၄ေယာက္တစ္တန္းဆီတန္းစီလို႔ အစီအရင္ဝင္သြားသည္မွာ မသိရင္ မူႀကိဳေက်ာင္းသားေလးေတြ တြဲထားတဲ့ရထားတန္းေလးအလား။

"အထဲေရာက္ရင္ေတာ့မင္းတို႔စိတ္ႀကိဳက္လွည့္ပတ္ၾကည့္လို႔ရပါပီ။designerနဲ႔ႏႈတ္ဆက္ပီးတဲ့အခ်ိန္ထိေတာ့ တန္းစီထားၾကအုန္း"

တကၠသိုလ္ေက်ာင္းသားေတြကို ဆရာက ကေလးေတြလိုမ်ိဳးဆက္ဆံေနတာပဲ။တမ်ိဳးေတာ့ခ်စ္ဖို႔ေကာင္းတယ္။

Studioထဲေရာက္ေတာ့ ဆရာကထိုdesignerနဲ႔လက္ဆြဲႏႈတ္ဆက္သည္။ေရွ႕တန္းကလူေတြကေတာ့ မ်က္ႏွာျမင္ပီးသည္ႏွင့္ တဝိုးဝိုးတဝါးဝါး အံ့ဩသံေပါင္းစုံထြက္လို႔။ေဆာင္ဟြန္းတို႔ကေတာ့ေနာက္အတန္းနား နည္းနည္းေရာက္တာမို႔ မ်က္ႏွာကိုမျမင္ရသလို ဆရာေျပာေနတဲ့အသံေတြကိုလဲ ဝိုးတဝါးသာၾကားရသည္။

"အားလုံးပဲ။မဂၤလာပါ" အသံခပ္ဩဩတခုက လူစုၾကားထဲကထိုးထြက္လာတယ္။ေနပါအုန္း နည္းနည္းရင္းႏွီးေနသလိုပဲ။"အားလုံးသိလားမသိလား မေသခ်ာေပမယ့္ မိတ္ဆက္ရရင္ က်ေနာ္က Designer Jayလို႔ေခၚပါတယ္" Hell no!!!!Designer Jay?ပတ္ဂ်ဳံေဆာင္း? "ေက်ာင္းကအကူအညီေတာင္းလာတာကို က်ေနာ့္ဘက္ကဂုဏ္ယူရပါတယ္။ေက်ာင္းသားတို႔လဲ စိတ္တိုင္းက်ေလ့လာၾကပီး အႀကံညဏ္လိုတာရွိရင္ က်ေနာ့္ဘက္ကတတ္ႏိုင္သေလာက္ကူညီေပးပါ့မယ္"

ဆရာအပါအဝင္ လူအားလုံးလက္ခုပ္တီးေနၾကေပမယ့္ ေဆာင္ဟြန္းကေတာ့ ေနရာမွာမလႈပ္မယွက္။သူအခု ဂ်ဳံေဆာင္းရဲ႕အလုပ္ေနရာထဲေရာက္ေနတယ္ဆိုတာကို လက္ခံယူဖို႔အခ်ိန္ေတာ္ေတာ္လိုအုန္းမယ္။ခႏၶာကိုယ္ကလဲအလုပ္မလုပ္ေတာ့။ဦးေႏွာက္ကလဲအလုပ္မလုပ္ေတာ့။ႏွလုံးသားထဲတြင္သာ ၿပိဳင္ကားအစီးတစ္ရာေလာက္က ဟိုဘက္ဒီဘက္အၿပိဳင္ေမာင္းႏွင္ေနၾကသည္။

ေက်ာင္းသားတခ်ိဳ႕အလွ်ိဳလွ်ိဳေနရာကထြက္သြားသည့္တိုင္ေအာင္ ေဆာင္ဟြန္းကေၾကာင္ရပ္ေနဆဲ။

"ေဆာင္ဟြန္း ေဆာင္ဟြန္း"ေဘးနားကေနဂ်ိတ္ကသူ႔ပုခုံးကို ႏွစ္ႀကိမ္ပုတ္လာခါမွ အသိစိတ္က ကိုယ္ထဲျပန္ကပ္ေတာ့သည္။

"ဟင္ ဘာလဲ"

"ေခၚေနတာ ေတာ္ေတာ္ၾကာပီ။ဟီဆြန္းတို႔က အေပၚထပ္ကိုသြားၾကည့္တယ္။ငါလဲလိုက္သြားေတာ့မလို႔။ဒီမွာေနရခက္တယ္။မင္းလဲလိုက္မလား"

"ဒီမွာဘာလို႔ေနရခက္တာလဲ"

ေဆာင္ဟြန္းအေမးကို ဂ်ိတ္ကအံႀကိတ္လို႔ အေရွ႕ဘက္ကိုမသိမသာေမးထိုးျပတယ္။ဂ်ိတ္ေမးထိုးျပတဲ့ဘက္ၾကည့္မိေတာ့ sh*t ပတ္ဂ်ဳံေဆာင္းႀကီးက သူတို႔ကိုစိုက္ၾကည့္ေနတာဟ။ေဆာင္ဟြန္းနဲ႔အၾကည့္ခ်င္းဆုံသြားပီးတဲ့ စကၠန႔္ပိုင္းမွာသူတို႔ဆီတန္းတန္းမတ္မတ္ေလွ်ာက္လာေနတဲ့ ဂ်ဳံေဆာင္း။ဂ်ိတ္ကေတာ့ မေနတတ္ေတာ့သည္ထင္။"ေဆာရီးကြာ ၾကည့္ေျဖရွင္းလိုက္ေတာ့"ဟုဆိုပီး အေပၚထပ္ေျပးတက္သြားသည္။ဆိုေတာ့ ေနရာမွာက်န္ခဲ့တာ ေဆာင္ဟြန္းနဲ႔ဂ်ဳံေဆာင္းႏွစ္ေယာက္ထဲ။ေသခ်ာေပါက္ လူတခ်ိဳ႕ရွိေသးေပမယ့္လဲ ခပ္လွမ္းလွမ္းမွာမို႔ ေဆာင္ဟြန္းအနီးတဝိုက္မွာရွိတာက ဂ်ဳံေဆာင္းနဲ႔ ေဘးနားစားပြဲေပၚက ပန္းအိုးႀကီးသာ။မထူးပါဘူး ေဘးနားကပန္းအိုးႀကီးကိုပဲ ေကာက္ႏႈတ္ဆက္လိုက္ရမလား?

"ေလးႀကိမ္ေျမာက္ေနာ္ ခ်ာတိတ္"

သူအေတြးမွမဆုံးေသး သူ႔အနားေရာက္လာပီး စလာတဲ့စကားသံ။ဂ်ဳံေဆာင္းရဲ႕ အဆက္အစပ္မရွိတဲ့စကားလုံးေတြက သူ႔ရင္ကိုအၿမဲကဆုန္ေပါက္ေစတာပဲ။

"ဟမ္ အင္း..အင္း ဟုတ္တယ္" တုန္ခ်ိခ်ိနဲ႔ထြက္လာတဲ့စကားအဆုံးမွာ ပ်ာယာခတ္သြားတဲ့ဂ်ဳံေဆာင္း။ဂ်ဳံေဆာင္းကဘာေတြပ်ာယာခတ္ေနတာတုန္း?

"ေနမေကာင္းဘူးလား ခ်ာတိတ္။ပါးေတြနီရဲေနတာပဲ။လက္ေတြလဲတုန္လို႔ ဘာျဖစ္လို႔လဲ"

ဂ်ဳံေဆာင္းရဲ႕ လက္ေဖာင္းေဖာင္းေလးက သူ႔ႏွဖူးေပၚထိကပ္လာပါသည္။သူေတြးထားတာထက္ အဆေပါင္းမ်ားစြာႏူးညံ့တာပဲ။အနံ႔ေမႊးေမႊးေလးလဲရေသးတယ္။နာနတ္သီးအနံ႔ေပ်ာ့ေပ်ာ့ေလးလိုမ်ိဳး။အခုသူ႔ႏွဖူးေပၚကလက္ကေလးေတြက အက်ဥ္းခ်ဳပ္ရရင္ နာနတ္သီးခရင္မ္ကိတ္ခ်ိဳခ်ိဳေလးလို ခံစားခ်က္ကေလး။ခက္တာကသူေနမေကာင္းျဖစ္ေနတာမဟုတ္ပါ။ရင္ခုန္လြန္းလို႔ နီရဲေနတာပါဆိုတာကို ဘယ္လိုရွင္းျပရပါ့မလဲ။

"ကိုယ္လဲမပူပါဘူး။အခ်ိဳဓာတ္နည္းလို႔ျဖစ္တာလား။ကိုယ့္ဆီေခ်ာကလတ္ေတာ့မရွိဘူး။ခ်ိဳခ်ဥ္စားမလား ခ်ာတိတ္"

ေဆာင္ဟြန္းႏွဖူးေပၚကလက္ဖယ္ပီး အိတ္ကပ္ထဲက ခ်ိဳခ်ဥ္ဝါဝါလုံးေလးထုတ္ေပးလာျပန္တဲ့ ဂ်ဳံေဆာင္းမ်က္ဝန္းေလးေတြက တလက္လက္။သူဘယ္ေလာက္ေတာင္လြမ္းေနရလဲ။အဟမ္း..သူဘယ္ေလာက္ေတာင္ အဲ့ဒီနာနတ္သီးခ်ိဳခ်ဥ္ေလးကိုလြမ္းေနရသလဲ။

"ေက်းဇူးပဲ"

ဂ်ဳံေဆာင္းက ၿပဳံးၿပဳံးေလးေခါင္းၿငိမ့္လို႔ ေဆာင္ဟြန္း ခ်ိဳခ်ဥ္စကၠဴခြာတာကို စိုက္ၾကည့္ေနတယ္။ခ်ိဳခ်ဥ္လုံးေလး ေဆာင္ဟြန္းပါးစပ္ထဲေရာက္သည္ထိ စိုက္ၾကည့္ေနတုန္းပဲ။

"ကိုယ့္ကိုဘာလို႔အဆက္သြယ္မလုပ္တာလဲ"

ေဆာင္ဟြန္းခ်ိဳခ်ဥ္ပါနင္ေတာ့မလိုျဖစ္သြားရသည္။ခင္ဗ်ားကေရာ ဘာလို႔စာမပို႔တာလဲလို႔ေမးလိုက္ခ်င္ေပမယ့္ ဂ်စ္တက္တက္စိတ္ကေလးကရွိေနေသးေတာ့...

"ေျပာစရာမွမရွိတာ"

"ဒါမွမဟုတ္ စာပို႔ရမွာရွက္လို႔လား"

ဒီလူကသူ႔ကိုစိတ္တိုေအာင္ေျပာရတာကို မျဖစ္မေနလုပ္ငန္းစဥ္လိုမ်ားသတ္မွတ္ထားသလား။

ေဆာင္ဟြန္း မ်က္ခုံးမ်ားကိုထိလုမတတ္ တြန႔္ခ်ိဳးလိုက္ပီး "အ႐ူးစကားေတြ" ။ဆိုေတာ့ ဂ်ဳံေဆာင္းက ဟက္ခနဲရယ္ပါသည္။

သူ႔စိတ္ႀကိဳက္ရယ္ပီးခါမွ ေဆာင္ဟြန္းအနားကိုေျဖးေျဖးခ်င္းတိုးလာပီး က်ိဳးေၾကေနတဲ့မ်က္ခုံးမ်ားကို လက္မေလးႏွင့္ ခပ္ဖြဖြေျဖေလ်ာ့ေပးလာသည္။

"မ်က္ခုံးေတြဒီေလာက္တြန႔္ခ်ိဳးေနရင္ မ်က္ႏွာလွလွေလးမွာအေရးအေၾကာင္းေတြေပၚလာလိမ့္မယ္"

မ်က္ခုံးေတြကိုပြတ္သပ္ေပးေနရင္း ဂ်ဳံေဆာင္းကေဆာင္ဟြန္းမ်က္ဝန္းေတြဆီက တည့္တိုးစိုက္ၾကည့္လာတယ္။ၿပဳံးေယာင္သန္းေနေပမယ့္ ဂ်ဳံေဆာင္းအၾကည့္ေတြက စိန္ေခၚေနသလိုပဲ။ေဆာင္ဟြန္းကေတာ့ တေန႔ညအိမ္မက္ထဲက အေျခအေနႀကီးကိုျပန္ျမင္ေယာင္မိပီး မ်က္ႏွာတခုလုံး ဒုတိယအႀကိမ္ေျမာက္ရဲခနဲ။ဒါကိုအလိုက္မသိတဲ့ ေရွ႕ကလူကအခုခ်ိန္ထိ ခႏၶာကိုယ္ကိုေနာက္မဆုတ္ေသးပဲ ေဆာင္ဟြန္းရင္ခြင္ထဲဝင္လုမတတ္ တိုးကပ္ေနပီး မ်က္ခုံးေတြကိုပြတ္သပ္ေပးေနတုန္း။

တစ္ဆိတ္ သူကဒီကိုစာတမ္းေရးဖို႔ရည္႐ြယ္ခ်က္နဲ႔လာတာပါေနာ္။ဂ်ဳံေဆာင္းက်ီစယ္တာခံဖို႔ လာတာမဟုတ္ပါဘူး။

"ေဆာင္ဟြန္း ဒီကိုမလာေသးဘူးလား~~~"

ဂ်ဳံေဆာင္းရဲ႕အလုပ္ခန္းကႏွစ္ထပ္ဆိုေပမယ့္ အေပၚတစ္ထပ္က ေလွကားကိုငုံပီးေဆာက္ထားတဲ့ပုံစံမ်ိဳး။အေပၚထပ္အလည္တည့္တည့္ ေလွကားဆုံးတဲ့ေနရာမွာ ေလးေထာင့္ေပါက္အေပါက္ႀကီးတစ္ေပါက္ကို လက္ရန္းေတြနဲ႔ဝန္းရံလို႔ ေဆာက္ထားသည္။ဂ်ိတ္က ထိုလက္ရန္းမ်ားကိုကိုင္ပီး အခုထိေအာက္ထပ္မွာရွိေနေသးတဲ့ ေဆာင္ဟြန္းကိုလွမ္းေခၚေနျခင္း။

ဂ်ိတ္အသံေၾကာင့္ အလန႔္တၾကားျဖစ္သြားတဲ့ေဆာင္ဟြန္းက ဂ်ဳံေဆာင္းလက္ထဲက႐ုန္းထြက္လို႔ ေနာက္ႏွစ္လွမ္းေလာက္အျမန္ဆုတ္လိုက္ပီး အသံတိုးတိုးနဲ႔လွမ္းေအာ္လိုက္တယ္။

"လာပီ အခုပဲ"

ပီးတာနဲ႔ ဂ်ဳံေဆာင္းကိုလွည့္ေတာင္မၾကည့္ပဲ ဂ်ိတ္ဆီအျမန္ေျပးသြားေတာ့တယ္။တကိုယ္လုံးရွက္စိတ္ေၾကာင့္ပူထူေနသည္မွာ ေလာေလာလတ္လတ္မွovenထဲကအထုတ္ခံထားရတဲ့ ေပါင္မုန႔္လုံးေလးလို။

"မင္းနဲ႔ designer jayကသိတာလား။အရမ္းရင္းႏွီးေနတဲ့ပုံေပၚတယ္။ငါတို႔ကိုေတာင္မေျပာဘူး။မဟုတ္မွ~~~~"

သူ႔ကိုလက္ညႇိဳးထိုးလို႔ ေျပာင္စပ္စပ္ေျပာေနတဲ့ ဂ်ိတ္ကိုတခ်က္ပိတ္ေဟာက္ပစ္လိုက္တယ္။သူနဲ႔ဂ်ဳံေဆာင္းကဘာျဖစ္ရမွာလဲ ဘာမွမျဖစ္ဘူး။ဒီတိုင္းခ်ိဳခ်ဥ္ေပးၾကတဲ့ဆက္ဆံေရးပဲ။

လူကသာညာေနေပမယ့္ ႏွလုံးသားေလးကေတာ့ညာလို႔မရပါ။ထိုေန႔ကတေနကုန္ ဂ်ဳံေဆာင္းေလာင္းရိပ္ေအာက္ေရာက္ေနရရွာတဲ့ေဆာင္ဟြန္းႏွလုံးသားႏုႏုေလးခမ်ာ သနားစရာေကာင္းေလာက္ေအာင္ နားခ်ိန္ပင္မရပဲ တဒုန္းဒုန္း။

"ခ်ိဳခ်ဥ္ကဘယ္ကရလာတာလဲ။ရွိေသးလား ငါ့လဲေကြၽး"

"မရွိဘူး ေကာက္ရတာ"

ဆူပုတ္ပုတ္ျဖစ္ေနတဲ့ဂ်ိတ္ကိုေဆာင္ဟြန္းရယ္လို႔ၾကည့္လိုက္တယ္။ေဆာင္ဟြန္းကိုေရာ တေနရာရာကေနၿပဳံးရင္းၾကည့္ေနတဲ့ တစ္ေယာက္ေယာက္မ်ားရွိေလမလား?

~~~~~~~~~~~~~~~~~~~~

အခ်စ္ဓာတ္ကေလးကတိုးတိုးေလးလွမ္းေခၚေနတယ္။နီးကပ္လာမႈpercent ကေတာ့ 25%

Continue Reading

You'll Also Like

7.6K 493 5
α€œα€―α€Άα€Έα€α€™α€α€Šα€·α€Ία€α€²α€·α€žα€°α‚α€šα€±α€¬α€€α€Ί α€α€…α€Ία€‘α€­α€™α€Ία€α€Šα€Ία€Έα€α€°α€α€°α€”α€±α€–α€­α€―α€· α€–α€Όα€…α€Ία€œα€¬α€α€²α€·α€‘α€α€«........
665K 24.3K 99
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! πŸ˜‚πŸ’œ my first fanfic...
5.2K 522 5
genre - romance theme - fluffy , first love Ethan Lee & SungHoon Park short one 28/5/23
168K 3.5K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...