Unicode ✅
Episode 1 ✓
HOW TO DATE WITH SINGLE FATHER-
မျက်စိရှေ့၌ မြင်နေရသည့် ရန်ပွဲအား စုပ်လုံးတစ်လုံးဖြင့် စိတ်ဝင်တစား ကြည့်ရှု့နေသည်မှာ အသက် ငါးနှစ်သားအရွယ်သာ ရှိသေးသည့် ကလေးငယ်တစ်ယောက်သာဖြစ်လေ၏။
ထိုကလေးငယ်သည် သူ၏ရှေ့၌ရှိသည့် ရန်ပွဲအားကြည့်ရင်း စုပ်လုံးတစ်လုံးဖြင့် ဇိမ်ကျနေလေရဲ့။ ထိုကလေးငယ်၏ ရှေ့၌ ရန်ပွဲတွင် တစ်ဖက်က အမျိုးသားသုံးယောက် ပါဝင်နေပြီး ကျန်သည့်တစ်ဖက်ကတော့ အမျိုးသား တစ်ယောက်ပါဝင်နေသည်။
သုံးယောက်တစ်ယောက် ပွဲကြမ်းနေကြသည့် ရန်ပွဲဟာ တစ်ယောက်ထဲသမားဘက်ကသာ သာလွန်နေပြီး ကျန်သည့်တစ်ဖက်ရှိ သုံးယောက်တစ်ဖွဲ့ဟာ အကွဲကွဲအပြဲပြဲဖြင့် မြေပြင်ထက် လဲကျနေလေ၏။
“ဆောင်းတွင်းမှာ ချွေးထွက်အောင် ကူညီပေးလို့ ငါ့ကောင်တွေကို ကျေးဇူးတင်တယ်”
“ကိုးလ်! မင်းနဲ့နောက်တစ်ကြိမ် ထပ်တွေ့ကြတာပေါ့”
ကြမ်းပြင်မှာ သွေးအလိပ်လိပ်နဲ့ မြင်စရာမကောင်းတဲ့ အနေအထားရောက်နေတာတောင် လေလုံးအား မလျှော့ချင်တဲ့ ထိုကောင်ကြောင့် ကိုးလ်က သူသွားစွယ်လေးတွေ ပေါ်သည်အထိ ခပ်ဟဟရယ်လေရဲ့။
“နောက်တစ်ကြိမ် ဆိုတော့လည်း နောက်တစ်ကြိမ်ပေါ့ အဲ့ဒီအစား အရင် မင်းတို့ဆေးရုံမှာ ဆေးကုသမှုခံယူလိုက်ပါဦး မဟုတ်ရင် ငါနဲ့နောက်တစ်ကြိမ် ထပ်မတွေ့ရသေးပဲ နောက်ဘဝကူးသွားဦးမယ်”
“တောက်ခ်!!”
ကိုးလ်အပြောကြောင့် ကြမ်းပြင်ထက်ကလူဆီ၌ တောက်ခ်ခေါက်သံကျယ်ကျယ် ထွက်ပေါ်လာကာ သူ့အား သူ့တပည့်လုပ်သူ နှစ်ယောက်မှာ လာတွဲပေးသွားပြီး ကားပေါ်တက်သွားလေ၏။
ကျန်ခဲ့သည့်ကိုးလ်မှာတော့ သူ၏ဆံနွယ်ရှည်ရှည်တွေအား နဖူးပေါ်ကနေ လှမ်းတင်လိုက်ပြီး စုချည်လိုက်ကာ အင်္ကျီမှာချိတ်ထားသည့် ကလစ်ဖြင့် ဆွဲညှပ်လေရဲ့။ ပြီးသည်နှင့် ဆိုင်ကယ်ပေါ် အေးအေးလူလူထိုင်နေသည့် ငါးနှစ်သား ကလေးငယ်ဆီ လှမ်းသွားလေ၏။
“ဘယ်လိုလဲ ပွဲကလှရဲ့လား”
ကလေးငယ်လက်ထဲက စုပ်လုံးအား လှမ်းယူလိုက်ပြီး ပါးစပ်ထဲကောက်ထည့်ရင်းမေးလာတော့ ကလေးငယ်မျက်နှာမှာမဲ့ခနဲ။
“ယူကို စုပ်လုံးကိုပြန်ပေးလိုက် အဲ့ဒီအစား စီးကရက်သောက်”
ကလေးငယ်စကားကြောင့် ကိုးလ်ကခပ်ဟဟရယ်ကာ စုပ်လုံးအား ကလေးငယ်ဆီ ပြန်ပေးလေရဲ့။
“မင်းကဒယ်ဒီကို စောစောသေစေချင်နေတာပဲ”
“ဒါကစွပ်စွဲလိုက်တာပဲ”
“စီးကရက်သောက်ရင် အသက်တိုတယ်လေကွာ မင်းမသိတာကျလို့”
“ဒါပေမယ့် ယူကိုဒယ်ဒီက စီးကရက်သောက်နေတဲ့ အချိန်တွေဆို အရမ်းမိုက်နေလို့လေ”
“ဟားဟား ဒါတော့ ဒယ်ဒီကမင်းအဖေပဲကိုး”
ဟုတ်ပါတယ်။ ကိုးလ်နဲ့ယူကိုတို့ဟာ သားအဖအရင်းတွေဖြစ်ကြပြီး ဆိုးဖော်ဆိုးဖက် သားအဖဆိုလည်း မမှားချေ။ ဂျပန်နိုင်ငံရဲ့ ကိုးလ်တို့နေသည့်နေရာ၌ “ဆူဇူကီ ကိုးလ် နဲ့ ဆူဇူကီ ယူကို” ဆိုသည့် ရုပ်ချောရေလျှံ ဆိုးချင်တိုင်းဆိုးနေသည့် သူတို့သားအဖအား မသိတဲ့သူဆိုသည်မှာ ခပ်ရှားရှားပင်။
ကိုးလ် အသက် 16နှစ်မှာ သူ့ထက် အသက်ကြီးသည့် အမျိုးသမီး တစ်ယောက်နှင့် အိမ်ထောင်ကျခဲ့လေသည်။ ထို့နောက် သိပ်မကြာခင်မှာ ယူကိုအား မွေးဖွားခဲ့ဖြစ်ကြပြီး ကိုးလ် အမျိုးသမီးကတော့ ယူကို ကို မွေးပြီးသိပ်မကြာခင်မှာပင် ဆုံးပါးသွားခဲ့လေ၏။
ကိုးလ်နဲ့ယူကိုအမေတို့၏ ဇာတ်လမ်းဟာ ထင်ထားသလောက် မရိုးရှင်းခဲ့သလို ကိုးလ်ဘက်ကချစ်လို့ ကြိုက်လို့ ယူခဲ့တာမဟုတ်ပေမယ့် ကိုးလ်ဟာသူ့သားယူကိုအား အတော်လေးချစ်ရှာပြီး သားမျက်နှာတကမ္ဘာတည်ထားသူပင်။
ကိုးလ်အသက်ဟာ အခုမှ 22နှစ်သာ ရှိသေးသော်လည်း ကိုးလ်ကသူနှင့် သူ့သားယူကို အတွက် နောက်ထပ် အိမ်ထောင်အား ဆက်မပြုခဲ့ပဲ လူပျိုဘဝကသူမရလိုက်သည့် လွတ်လပ်မှုတွေအား သားလုပ်သူနှင့် မျှဝေရင်း အချိန်ကုန်ဆုံးလေ၏။
“ဒယ်ဒီ ဟိုမှာကြည့်လိုက် ဂစ်တာရှိတ်လေးတွေ”
ယူကိုလှမ်းပြသည့် နေရာအား လှမ်းကြည့်လိုက်တော့ ဂစ်တာရှိတ် Body လေးတွေဖြင့် လှချင်တိုင်းလှနေသည့် မဒီလေးတွေပင်။ ယူကိုကတော့ သူ့ဒယ်ဒီအတွက် မဒီလေးတွေအား အကဲခတ်ရင်း သဘောတွေ့နေပေမယ့် ကိုးလ်ကတော့ ထိုမဒီလေးတွေအားကြည့်ပြီး အလိုမကျသလို ဖြစ်သွားလေ၏။
“My Daddy မျက်နှာကြီးက အနေအထားမဟန်လိုက်တာ ဘာလဲ မကြိုက်ဘူးလား လှတယ်လေ”
မျက်ခုံးအားတစ်ဖက်ပင့်ပြလို့ လက်ပုတိုလက်မသေးသေးလေးဖြင့် မဒီလေးတွေဆီ ထိုးပြပြီးမေးသည့် ယူကိုပုံစံဟာ ဖြစ်ညှစ်ချင်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းလို့နေသည်။
“နေပါကွာ အဲ့ဒါမျိုးတွေက မင်းဒယ်ဒီ အကြိုက်မဟုတ်ဘူး”
“ယူကိုဒယ်ဒီအကြိုက်က ဘယ်လိုမျိုးလဲ”
မေးစေ့အား လက်သေးသေးလေးတွေဖြင့် ပွတ်သတ်ကာ စဉ်းစားဟန်လေးနဲ့ ပြောလာတဲ့ ယူကိုအားကြည့်ပြီး ကိုးလ်သူ့သားအား အသည်းတယားယားဖြစ်နေလေ၏။
“မင်းဒယ်ဒီက မိန်းမတွေကိုမကြိုက်ဘူး”
“OMG! Daddy အဲ့ဒါက လူတွေပြောနေကြတဲ့ Gay?”
အံ့ဩသလို မျက်ဝန်းဝိုင်းလေးတွေနဲ့ မေးလာတဲ့ ယူကို ပုံစံကိုကြည့်ပြီး ကိုးလ်တစ်ယောက် သဘောတကျ ရယ်လေရဲ့။
“မင်းဒယ်ဒီကဂေးမဟုတ်ပါဘူးကွ ဒီတိုင်း မိန်းမတွေကိုမကြိုက်တာ”
“Anyway ဒယ်ဒီကဂေးဆိုရင်လည်း ယူကိုအတွက် အေးဆေးပဲ ဒယ်ဒီလုပ်သမျှ ယူကိုလက်ခံတယ်”
ဟောဗျာ။ သူ့သားကအခုလိုကျတော့ လူကြီးပေါက်စလေးကျနေတာပဲ။ သူ့မှာဖြင့် ဒီသားလေးကို ချစ်လွန်းလို့ နောက်ထပ်အိမ်ထောင်တောင် မပြုရဲတဲ့အထိပဲ။ မတော်လို့ နောက်အိမ်ထောင်က သားလေးအပေါ် ကြည်ကြည်ဖြူဖြူမရှိရင် သူနဲ့သတ်ပွဲတွေဖြစ်ကုန်မှာ။
သူ့ဘဝမှာ အရေးကြီးဆုံးက သူ့သားပဲ။ သူ့ကမ္ဘာကြီးမှာ မရှိမဖြစ်လိုအပ်တဲ့ ဖြစ်တည်မှုလေးကလည်း သူ့သားယူကိုလေးပဲ။
“အိမ်ပြန်ကြမယ် ဒယ်ဒီ”
“မင်းပြောတော့ အကင်စားချင်သေးတာဆို”
“ယူကိုချမ်းနေပြီ ဒယ်ဒီ အိမ်မှာပဲမုန့်စားတော့မယ်”
“ဒယ်ဒီသားလေးက ချမ်းနေပြီပေါ့ ဒါဆို ဒယ်ဒီတို့ အိမ်မှာပဲ ဂိမ်းအတူတူဆော့ကြပြီး မုန့်လုပ်စားကြတာပေါ့ ဟုတ်ပြီလား”
“Ok Daddy Let's Go”
ထို့နောက် သားအဖနှစ်ယောက်လုံး အိမ်အပြန်ခရီး စတင်တော့၏။ အိမ်ပြန်ရောက်တော့ ရယ်မောရင်း အိမ်ထဲဝင်လာသည့် သူတို့သားအဖအား အိမ်ကြီးသခင်မ ယူကိုအဖွားလုပ်သူမှာ ဧည့်ခန်းထက် ထိုင်စောင့်နေလေရဲ့။
တလောကလုံးမှာ ကိုးလ်တို့သားအဖ ကြောက်ရသူမှာ အိမ်ကြီးသခင်မကြီးသာ ရှိလေသည်။ သူ့တို့သားအဖအား ထိန်းချုပ်ကိုင်တွယ်နိုင်သူမှာလည်း အိမ်ကြီးသခင်မကြီး တစ်ယောက်ထဲသာဖြစ်လေ၏။
“ထိုင်ကြပါဦး ဟိုသားအဖေ”
အိမ်ကြီးသခင်မကြီးက ဆိုဖာထက်လက်ပြရင်း ဆိုလေတော့ ကိုးလ်တို့ သားအဖမှာ မျက်နှာကျောအား တည်တံ့သွားပြီး အဖွားလုပ်သူ၏ဘေး၌ ခပ်ကုပ်ကုပ်လေးတွေဖြင့် ဝင်ထိုင်ကြလေ၏။
“ကိုးလ် ယူကို မင်းတို့နှစ်ယောက် အခုဘယ်ကပြန်လာတာလဲ”
“အပြင်ကပြန်လာတာပါ Grandma”
“အပြင်မှာ ဘာလုပ်ခဲ့လဲ”
ဒီတစ်ခါတော့ ယူကိုကမဖြေတော့ သူ့အဖေလုပ်သူ ကိုးလ်အားတစ်ချက်မော့ကြည့်ပြီး အချက်ပြလေရဲ့။
“ကျွန်တော်တို့ မုန့်စားပြီးတော့ ပြန်လာတာပါ Mommy”
“ငါ့ကိုလာလိမ်နေတာလား ကိုးလ်!”
အိမ်ထဲ၌ ဟိန်းခနဲ ထွက်ပေါ်လာသည့် သခင်မကြီးအသံကြောင့် အလုပ်သမားတွေပါမကျန် ကိုးလ်တို့သားအဖတွေပါ လန့်ဖြန့်လို့နေလေပြီ။
“ကိုးလ် ယူကို မနက်ဖြန်ကစပြီး မင်းတို့ဂျပန်မှာ မနေရတော့ဘူး”
“Mommy”
“Grandma”
“နှစ်ယောက်လုံးငါ့ကိုလာပြီး အထွန့်တက်ဖို့ မစဉ်းစားနဲ့ မင်းတို့သားအဖ နှစ်ယောက်ကို မခွဲပဲ အတူတူလွှတ်လိုက်တာကိုပဲ ကျေးဇူးတင်”
“ကျွန်တော်တို့က ဘယ်ကိုသွားရမှာလဲ Mommy”
“ငါ့မိတ်ဆွေရှိတဲ့ ပြင်သစ်ကို မင်းတို့သားအဖ သွားနေရမယ် ယူကိုလည်း အဲ့ဒီမှာကျောင်းဆက်တက်ဖို့ ငါအကုန်စီစဉ်ထားပြီးပြီ မင်းတို့သားအဖ မလိမ်မာသ၍ ဒီနိုင်ငံကိုပြန်လာဖို့ စိတ်မကူးနဲ့”
သခင်မကြီး၏ တစ်ချက်လွတ်အမိန့်အား သားအဖနှစ်ယောက်လုံး မလွန်ဆန်ရဲ။ ဒါကြောင့် လက်ခံဖို့သာ ပြင်ရတော့၏။
ထိုသို့မှ မဟုတ်ရင် အမွေးဖျက်စွန့်လွှတ်မည့်အရေး ကြိုသိထားသည်မို့ ပြောရင်ပြောတဲ့အတိုင်း လုပ်တက်သည့် သခင်မကြီးအား သူတို့မလွန်ဆန်ရဲတာ အမှန်ပင်။
ဤသည်နှင့် လူဆိုးသားအဖကိုးလ်တို့ဟာ ပြင်သစ်တို့ ပြောင်းရွှေ့နေထိုင်ဖို့ အကြောင်းဖန်လာတော့၏။
ဂျပန်မှာ ဆိုးချင်တိုင်းဆိုးခဲ့တဲ့ ဂျပန်သားလေးတွေဟာ ပြင်သစ်မှာ ဘယ်လိုစခန်းသွားမလဲ စိတ်ဝင်စားစရာကောင်းသည့် ကိစ္စရပ်ပင်။
နောက်တစ်နေ့မနက်ရောက်တော့ ပြင်သစ်အားသွားဖို့ အဖွားလုပ်သူက အစစအရာရာ အားလုံး စီစဉ်ပေးလေသည်။ ဒီခရီးစဉ်အား မသွားချင်သည့် ကိုးလ်တို့သားအဖကတော့ မျက်နှာတွေဟာ မသာမယာပဲ ဆူပုတ်ပုတ်လေးတွေ ဖြစ်လို့နေ၏။
မကြာခင် လေယာဉ်ပေါ်သို့ တက်ရမည့် အချိန်နီးကပ်လာတိုင်း ဇီးရွက်လောက်သာ ရှိတော့သည့် မြေးနဲ့သားလုပ်သူ မျက်နှာအားကြည့်ပြီး သခင်မကြီးမှာ ကြိတ်ပြုံးသည်။
သူသည်လည်း သူ့ချစ်ရတဲ့ သားနဲ့မြေးလေးအား လွှတ်ချင်လို့ လွှတ်လိုက်သည် မဟုတ်ပါပဲ ဆိုးသွမ်းပြီး ရန်တွေခဏခဏဖြစ်လို့သာ လွှတ်လိုက်ရခြင်းပင်။
သို့ပေမယ့် မျက်စိအောက်ကနေတောင် အပျောက်မခံနိုင်သည့် သူ့အသက်လေးတွေဖြစ်တဲ့ သားနဲ့မြေးလုပ်သူအား တခြားနိုင်ငံသို့ ပို့ရတော့မှာမို့ အနည်းနှင့်အများ စိတ်မကောင်းဖြစ်မိတာတော့အမှန်ပင်။
“ဟိုရောက်ရင် ဘာသံညာသံတွေ မကြားချင်ဘူးနော် ဒီအဖွားကြီး အသက်လည်းကြီးပြီ မင်းတို့သားအဖ လိမ်လိမ်မာမာနေတာလေးကို မသေခင် မြင်သွားချင်သေးတယ် သိရဲ့လား”
“ဟင့်! ယူကိုတို့မဆိုးဘူး!”
သူတို့သားအဖကို ဆိုးတယ်ပြောမိလို့တဲ့။ ကြည့်ပါဦး။ မျက်ရည်စမ်းတမ်းနဲ့ ဂျစ်တိုက်နေတဲ့ ဂျစ်တူးလေး။
“ဟင့်! ယူကိုတို့သားအဖ Grandma ဆီ ပြန်မလာတော့ဘူး ဟင့်! ဟိုရောက်ရင် ယူကိုဒယ်ဒီကို သူဌေးကြီးတစ်ယောက်နဲ့ ပေးစားပြစ်မယ် ဟင့်! ပြီးရင် အဲ့မှာပဲနေတော့မှာ!”
ငိုရင်းပြောလာတဲ့ ယူကိုစကားကြောင့် သခင်မကြီးရော ကိုးလ်ရော သဘောတကျရယ်ကြလေရဲ့။ သူတို့မှာ ဒီကောက်တေးလေးကို ဝိုင်းချစ်နေတာလည်း မပြောနဲ့လေ။ ဒီကလေးစုတ်လေးက သူ့ဒယ်ဒီနဲ့သာ လူဆိုးလေးလုပ်နေတာ။ ချစ်ဖို့ကောင်းချက်ကတော့ မြင်သူတိုင်းမချစ်ပဲမနေနိုင်တဲ့အထိပဲ။
အခုလည်းကြည့်။ ဖွားအေကို မကျေနပ်ချက်တွေ ထုတ်ပြောသွားပြီး သူ့ဒယ်ဒီကိုတောင် သူဌေးကြီးနဲ့ ပေးစားပြစ်ဦးမှာတဲ့လေ။ တကယ် ဂျစ်တူးပေါက်စလေး။
“ကဲကဲ သွားကြတော့ ကိုးလ် သားလေး စိတ်ချမယ်နော် ဟိုရောက်ရင် လိမ်လိမ်မာမာနေ မာမီမြေးလေးကိုလည်း သေချာဂရုစိုက် ကြားလား ကောင်ဆိုးလေး”
“ကျန်းမာရေး ဂရုစိုက်ပါ မာမီ အိမ်ရောက်ရင်လည်း ခိုးငိုမနေနဲ့ဦး”
“ဒီကောင်လေးကတော့ ငါလုပ်လိုက်ရ ကဲကဲ သွားကြတော့”
မျက်ရည်တွေကြားထဲက ပြုံးပြီး နှုတ်ဆက်နေတဲ့ သခင်မကြီးအား ကိုးလ်တို့သားအဖလည်း နှုတ်ဆက်ကာ လေယာဉ်ပေါ် တက်သွားလေသည်။ ကျန်နေခဲ့သည့် သခင်မကြီးကတော့ မျက်ရည်တွေကြားထဲ ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးရင်းကျန်ခဲ့ရှာ၏။
-HOW TO DATE WITH SINGLE FATHER-
“Good Morning CEO Griffin”
ဂရီဖင်လ် ကုမ္ပဏီထဲ ဝင်လာသည့်နှင့် ဝန်ထမ်းတွေအားလုံးဆီက ကြိုဆိုသံအား ကြားလိုက်ရလေသည်။ ဒါကြောင့် ဂရီဖင်လ်သည့် သူ့မူပိုင်အပြုံးချိုချိုဖြင့် ဝန်ထမ်းတွေအား ခပ်ယေးယေးပြုံးပြပြီး ရုံးခန်းထဲဝင်သွားလေ၏။
ဂရီဖင်လ်ဆိုတာ ပြင်သစ်နိုင်ငံမှာသာမက နိုင်ငံတကာ၌ အောင်မြင်ကျော်ကြားနေသည့် သူဌေးကြီးတစ်ယောက်ဖြစ်လေသည်။ အမျိုးသား/သမီး မကျန် အားလုံး ပိုင်ဆိုင်ချင်လောက်သည်အထိ ဂရီဖင်လ်ဟာ ရုပ်ရည်ချောမောခန့်ညားသလို စိတ်သဘောထားဟာလည်း အလွန်အမင် ပြည့်ဝသူပင်။
ထို့အပြင် သဘောမနောကလည်း ကောင်းသူမို့ ဂရီဖင်လ် လူပျိုကြီးဟာ အားလုံးအတွက်တော့ အချစ်ခံ အလေးအစားထိုက်ခံ အားလုံးရဲ့ Role Model တစ်ယောက်ဖြစ်လေ၏။
“CEO Griffin ဒီညနေပွဲတစ်ခု တက်စရာရှိတယ်နော် အဲ့ဒါလိုအပ်တာတွေ ကျွန်တော်အကုန်လုံး ပြင်ဆင်ထားပြီးပါပြီ”
“ကောင်းပြီ Dante ဒါနဲ့ နောက်အပတ်ကျရင် ငါမင်းကိုတစ်ပတ် ခွင့်ပေးမယ်”
“ဗျာ”
“မင်းအမေ အတော်လေး ဖျားနေတယ်ဆို မင်းသူ့ဆီကိုသွားပြီးတော့ တစ်ပတ်လောက် ပြုစုပေးလိုက်ပေါ့ ပြီးတော့ မင်းအမေအတွက် ဆေးရုံစရိတ်တွေလည်း မပူနဲ့ ငါအကုန်စီစဉ်ပေးမယ်”
ဂရီဖင်လ် စကားတွေကြောင့် လက်ထောက်ဒန်တီဟာ မျက်ရည်တွေဝဲလာသည်။
“CEO Griffin ကျွန်တော်တကယ်ကို ရင်ထဲကနေ အလေးအနက်ထားပြီး ကျေးဇူးတင်ပါတယ်”
လက်ထောက်ဒန်တီရဲ့ ပြုံးပျော်သွားသည့် အပြုမှုကြောင့် ဂရီဖင်လ် တစ်ယောက် ခပ်ယေးယေး ပြုံးလေရဲ့။
“မင်းကငါ့အတွက် သွေးသားမတော်စပ်တဲ့ ညီအစ်ကိုလို ချစ်ခင်ရတဲ့သူပါ ဒါကြောင့် မင်းအမေကလည်း ငါ့အမေပါပဲ”
“CEO Griffin ကဗျာ ကျွန်တော်ကို ငိုအောင်လို့ လုပ်နေသလိုပဲ”
မျက်ရည်တွေအား အကြမ်းပတမ်းသုတ်ပြစ်ပြီး ဆိုလာတဲ့ ဒန်တီရဲ့စကားကြောင့် နှစ်ယောက်သား စိတ်လွတ်ကိုယ်လွတ် ရယ်မောကြလေရဲ့။ ဂရီဖင်လ်အတွက် ဒန်တီဆိုတာ မျက်စိမှိတ်ယုံကြည်လို့ရသည့် ညီအရင်းတစ်ယောက်လိုပင်။
ထို့နောက် ဂရီဖင်လ်၏ တနေ့တာဟာ အလုပ်တွေကြားထဲ၌ စတင်လေသည်။ ဂရီဖင်လ်ဟာ အလုပ်လည်းကြိုးစားသလို မိဘနှစ်ပါးအား လိုလေသေးမရှိအောင် ထားထားတာမို့ မိသားစုအတွက်လည်း အဖိုးတန်ရတနာပင်ဖြစ်သည်။
တစ်မနက်လုံး အလုပ်တွေကြားထဲ စိတ်နစ်ရင်းဖြင့် အလုပ်ရှုပ်နေသည့် ဂရီဖင်လ်တစ်ယောက် ထမင်းစားဆင်းချိန်ရောက်သည်အထိ အလုပ်တွေကြားထဲက မထွက်နိုင်သေးပေ။
ဒါကိုသိသည့် ဒန်တီတစ်ယောက် ဂရီဖင်လ် ရုံးခန်းထဲဝင်လာပြီး နေ့လည်စာ သွားစာဖို့ လာခေါ်လေရဲ့။ ဒါကြောင့် နှစ်ယောက်သား နေ့လည်စာအတူတူစားရန်အတွက် ထိုင်နေကြဆိုင်လေဆီးသို့ ထွက်လာလိုက်ကြလေသည်။
“CEO Griffin ကျွန်တော်လာမခေါ်ရင် အလုပ်တွေဆက်လုပ်ပြီး ထမင်းစားဖို့ မေ့နေဦးမှာပဲ မဟုတ်လားဗျ”
ဒန်တီအမေးကြောင့် အနောက်ခန်းက ဂရီဖင်လ်တစ်ယောက် “မင်းပြောသလိုပါပဲကွာ” ဆိုပြီး ခပ်ဟဟရယ်ကာ နက်ကတိုင်အား အသာအယာ ဖြေလျော့လေရဲ့။
“ရောက်ပြီ CEO ဆိုင်ထဲသွားနှင့်ပါ ကျွန်တော် မာမီဆီ ဖုန်းဆက်ပြီးတာနဲ့ လိုက်ခဲ့ပါ့မယ်”
“ကောင်းပြီ Dante”
ဂရီဖင်လ်လည်း ဒန်တီအား ထားခဲ့လိုက်ပြီး ဆိုင်ထဲသို့ ဝင်လာလိုက်သည်။ အမြဲတမ်းလာနေကြ ဂရီဖင်လ်အားမြင်တော့ ဆိုင်ထဲကဝန်ထမ်းတွေမှာ လှိုက်လှိုက်လှဲလှဲဖြင့် ကြိုဆိုကြပြီး အားလုံးရဲ့အကြည့်ဟာ ဂရီဖင်လ်ဆီ စုပြုံလို့နေလေ၏။
“ပုံမှန်အတိုင်းပဲလား CEO Griffin”
“ဒါပေါ့ဗျာ”
ထို့နောက် ဂရီဖင်လ်တစ်ယောက် ဒန်တီအားစောင့်ရင်း တစ်ယောက်ထဲ ငြိမ်နေလေ၏။ ဆိုင်ထဲကလူတွေရဲ့ ကွက်ကြည့် ကွက်ကြည့် လုပ်တာအား ခံနေရသည့် ကိစ္စရပ်ကလည်း ဂရီဖင်လ်အတွက် မထူးဆန်းတော့တာမို့ ပတ်ဝန်းကျင်အား အာရုံမထားဖြစ်ပေ။
ခဏကြာတော့ ဒန်တီ တစ်ယောက် ပြန်ရောက်လာလေရဲ့။
“မာမီကပြောခိုင်းလိုက်တယ် စီအီအိုကို ရင်ထဲကနေ အလေးအနက်ထားပြီး ကျေးဇူးတင်ပါတယ်တဲ့ အလုပ်တွေ အားတဲ့အခါကျရင်လည်း သူ့ဆီလာလည်ပါဦးတဲ့”
“ရပါတယ်ကွာ ငါတို့ကသူစိမ်းတွေမှ မဟုတ်တာပဲ ပြီးတော့ မင်းပြန်သွားတဲ့ အခါကျရင်လည်း အန်တီအတွက် လက်ဆောင်တွေ ယူသွားပေးပါဦး”
“နေပါစေဗျာ ဆေးရုံစရိတ်တွေနဲ့တင် ကျွန်တော် စီအီအိုကို အားနာလှပါပြီ ထပ်ပြီး လက်ဆောင်တွေ မစီစဉ်ပါနဲ့တော့ဗျာ”
“မင်းထပ်ငြင်းနေမယ်ဆို မင်းကိုအလုပ်ကထုတ်ရလိမ့်မယ်”
ရုပ်တည်ကြီးနှင့် ပြောလာသည့် ဂရီဖင်လ်ကြောင့် ဒန်တီတစ်ယောက် ခပ်ဟဟရယ်လေရဲ့။
“သဘောဗျာ သဘော ကျွန်တော် ထပ်ပြီးမငြင်းဆန်တော့ပါဘူး”
ဒီတော့မှ လိုချင်တာရသွားသလို ပြုံးသွားသည့် သူ့၏စီအီအိုဟာ အမြဲတမ်း တည်တည်ကြည်ကြည် နေတက်သည့် လူကြီးလူကောင်းဆိုပေမယ့် တစ်ခါတစ်လေကျတော့လည်း အခုလို ကလေးဆန်ဆန် ချစ်ဖို့ကောင်းပြန်ပါသည်။
“Hey Brother Can you help me?”
သူတို့စကားကောင်းနေတုံး ဘေးကနေကြားလိုက်ရသည့် ကလေးငယ်၏ အသံလေးကြောင့် ဂရီဖင်လ်ရော ဒန်တီရော သူ့တို့ဘေးဘက်အား ငုံ့ကြည့်လိုက်ကြလေသည်။
ထိုအချိန်၌ တွေ့လိုက်ရသည်မှာ လက်ဖောင်းဖောင်းပိစိလေး နှစ်ဖက်၌ တစ်ဖက်တွင် ရေခဲမုန့်ကိုင်ထားပြီး ကျန်သည့်တစ်ဖက်တွင် ဘာဂါတစ်လုံးအားကိုင်ထားသည့် ငါးနှစ်သားအရွယ် ကလေးငယ် တစ်ယောက်ပင် ဖြစ်လေ၏။
ထိုကလေးမှာ တခြားသူမဟုတ်။ ကိုးလ်၏ တစ်ဦးတည်းသောသားလေး ယူကိုပင်။
“Hey Brother Can you help me?”
သူဖိနပ်အား မေးငေါ့ပြပြီး ထပ်မံတောင်းဆိုလာတဲ့ ယူကိုကြောင့် ဂရီဖင်လ်ရော ဒန်တီရော ယူကိုဖိနပ်ဆီ အကြည့်ရောက်သွားလေသည်။ ထို့နောက် မြင်လိုက်ရသည်မှာ ပြုတ်ထွက်နေတဲ့ ဖိနပ်ကြိုးလေးတွေကြောင့် ယူကိုတစ်ယောက် လမ်းလျှောက်ဖို့ အခက်တွေ့နေမှန်း ဂရီဖင်လ်တို့ ရိပ်မိလိုက်လေ၏။
“Okay”
ဒန်တီတစ်ယောက် ယူကို ဖိနပ်ကြိုးအား ချည်ပေးဖို့ပြင်ကာမှ ဟန့်တားလိုက်တဲ့ ဂရီဖင်လ်။
“ငါလုပ်ပေးလိုက်မယ် ဒန်တီ”
“ဗျာ ဖြစ်ပါ့မလား အဆင်မပြေရင် ကျွန်တော်ပဲ-”
“အဆင်ပြေတယ် သူကချစ်စရာလေး”
ဂရီဖင်လ်ထိုသို့ဆိုကာ ကြမ်းပြင်ထက် ဒူးတစ်ဖက်ထောက်လိုက်ပြီး ယူကိုဖိနပ်ကြိုးအား စိတ်ရှည်လက်ရှည်ဖြင့် သေချာပြန်ချည်ပေးလေသည်။ ပြီးသည်နှင့် ယူကိုအားမော့ကြည့်ပြီး မြင်နေရသည့် ယူကိုပါးဖောင်းဖောင်းလေးတွေအား ဂရီဖင်လ်အသည်းယားစွာနှင့် အသာအယာတို့ထိလေ၏။
“Baby မင်းကချစ်စရာလေးပဲ”
“Brother ကလည်း လုံးဝ Handsome ပဲ”
“Wow”
ယူကိုမျက်နှာအားကြည့်ပြီး ပြင်သစ်နိုင်ငံသား မဟုတ်မှန်း ဂရီဖင်လ်ရော ဒန်တီရော အတက်သိသည်။ ဒါကြောင့် ဂရီဖင်လ်က ယူကိုနားမလည်လောက်ဘူးထင်ပြီး ပြင်သစ်ဘာသာစကားဖြင့် ပြောလိုက်သော်လည်း ယူကိုဘက်ကပြန်ပြီး ပြင်သစ်လို ပြန်ပြောလာတာမို့ ဂရီဖင်လ်ရော ဒန်တီရော ဝိုးခနဲဖြစ်ကုန်လေ၏။
“Hey Baby မင်းကကိုယ်တို့ဘာသာစကား ပြောတက်တယ်ပေါ့ ဒါဆိုမင်းက ဒီနိုင်ငံသားလား”
“No ယူကိုကဂျပန်ကလာတာ ပြင်သစ်ဘာသာစကား ပြောတက်တယ်ဆိုတာက ယူကိုဒယ်ဒီ သင်ပေးထားတာ”
“ဘေဘီလေးနာမည်က ယူကိုလား”
ဂရီဖင်လ်အမေးအား ခေါင်းတစ်ချက်ညိတ်ပြပြီး မေးတစ်ချက်ပြန်ငေါ့ပြတာမို့ အကြောင်းကတော့ သူ့နာမည်ကယူကိုဖြစ်ကြောင်းနဲ့ ခင်ဗျားနာမည်ကရောလို့ ပြန်မေးတဲ့ဒဇိုင်း။
တကယ်ဘာလေးလဲကွာ။
“ကိုယ့်နာမည်က ဂရီဖင်လ် သူက ဒန်တီ”
“Brother ffin Nice to meet you”
ရေခဲမုန့်က ခရင်တွေပေပွနေသည့် လက်ဖောင်းဖောင်းပိစိလေးအား ရှေ့ထုတ်ပြီး နှုတ်ဆက်လာသည့် ထိုကလေးငယ်အားကြည့်ပြီး သူ့မှာအသည်းယားလွန်းလို့ ဖြစ်ညှစ်ချင်စိတ်က တဖွားဖွား။
ဒီကလေးငယ်က သူမြင်ဖူးသမျှ ကလေးတွေထဲ တခြားသူတွေနဲ့မတူပဲ အတော်ကိုချစ်မွှေးပါတဲ့ အသေးလေး။
“ယူကို!!”
ဆိုင်ထဲဟိန်းခနဲ ထွက်ပေါ်လာသည့် ဒေါသသံစွတ်နေသည့် ကိုးလ်အသံကြောင့် ယူကိုခန္ဓာသေးသေးလေးဟာ တုန်တက်သွားပြီး သူ့ရှေ့က ဂရီဖင်လ် ရင်ခွင်ထဲသို့ အားကိုးတကြီး ပြေးဝင်လေသည်။
“ဒယ်ဒီ ယူကို ကို မဆူပါနဲ့”
“မင်းကများ! အယ်~”
ကိုးလ်ဒေါသထွက်ထွက်နှင့် ဆက်ဆူဖို့အရေး ကလေးအား ကျောပြင်ကနေ ဆွဲယူပြီး ရင်ခွင်ထဲဆွဲထည့်လိုက်သည့် ဂရီဖင်လ်နှင့် အကြည့်ချင်းဆုံးမိသွားတော့ ကိုးလ်ဆက်ပြောမည့် စကားတွေပျောက်သွားသည်။ ထွက်နေသည့် ဒေါသတွေဟာလည်း အခိုးအငွေ့ဖြင့် ပျောက်ကွယ်သွားချေပြီ။
မီးဝင်းဝင်းတောက်နေသည့် သူ့အမြင်အာရုံတွေဟာ ရှေ့ကလူကြီးမျက်နှာအား မြင်လိုက်ရချိန်မှာတော့ ပန်းခင်ကြီးထဲ ရောက်သွားသလို ပူလောင်နေသည့် စိတ်အဆုံဟာ ချက်ချင်းဆိုသလို အေးမြသွားလေသည်။
မျက်ခုံးကောင်းကောင်း။ နှုတ်ခမ်းပါးပါးနှင့် တည်တည်တံ့တံ့ဖြစ်နေသည့် ထိုလူကြီး၏ မျက်နှာအစိတ်အပိုင်းဟာ သူမြင်ဖူး တွေ့ဖူးသမျှ ယောင်္ကျားသားတွေထဲ အကြည့်ကောင်ဆုံး ချောမောခန့်ညားဆုံး ယောင်္ကျားသားတစ်ယောက် ဖြစ်သည်။
“ဘေဘီလေးက မင်းသားလေးလား ကလေးကမင်းကိုကြောက်နေပြီ သူ့ကိုမဆူပါနဲ့ ကိုယ်တောင်းဆိုတာပါ”
တည်တည်ကြည်ကြည် ထွက်ကျလာသည့် ဂရီဖင်လ်၏ ခပ်ဩဩအသံနောက်မှာတော့ ကိုးလ်ကမ္ဘာကြီးဟာ တကယ်ကို ပြာကျသွားချေပြီ။
“OMG I'm totally gay for you”
TBC ✓
ဘယ်သူကသိမှာလဲ။ သူ့ဖိနပ်ကြိုးချည်ပေးဖို့ အကူညီတောင်းလိုက်တဲ့လူကြီးက သူ့ဒယ်ဒီရဲ့ Crush ကြီး ဖြစ်လာလိမ့်မယ်လို့။ 🤣🫵
စီစဉ်သူ ချယ်ချယ်မဟုတ်တော့ဘူး။ ယူကိုဖြစ်သွားပြီ။ သူ့ဒယ်ဒီကလည်း မကြိုက်ရှာပါဘူး။ လူပျိုကြီးကို စတွေ့ကတည်းက “I'm totally gay for you” ပါတဲ့နော် ပရိတ်သတ်တို့။
အပိုင်း၁မှာ ဖတ်ရတာ အဆင်ပြေရဲ့လား ကိုယ့်ကလေးတွေ။ ပြောပြပေးသွားဦးနော်။
ပြန်တွေ့ကြမယ်။
____________________________
Zawgyi ✅
Episode 1 ✓
HOW TO DATE WITH SINGLE FATHER-
မ်က္စိေရွ႕၌ ျမင္ေနရသည့္ ရန္ပြဲအား စုပ္လုံးတစ္လုံးျဖင့္ စိတ္ဝင္တစား ၾကည့္ရႈ႕ေနသည္မွာ အသက္ ငါးႏွစ္သားအ႐ြယ္သာ ရွိေသးသည့္ ကေလးငယ္တစ္ေယာက္သာျဖစ္ေလ၏။
ထိုကေလးငယ္သည္ သူ၏ေရွ႕၌ရွိသည့္ ရန္ပြဲအားၾကည့္ရင္း စုပ္လုံးတစ္လုံးျဖင့္ ဇိမ္က်ေနေလရဲ႕။ ထိုကေလးငယ္၏ ေရွ႕၌ ရန္ပြဲတြင္ တစ္ဖက္က အမ်ိဳးသားသုံးေယာက္ ပါဝင္ေနၿပီး က်န္သည့္တစ္ဖက္ကေတာ့ အမ်ိဳးသား တစ္ေယာက္ပါဝင္ေနသည္။
သုံးေယာက္တစ္ေယာက္ ပြဲၾကမ္းေနၾကသည့္ ရန္ပြဲဟာ တစ္ေယာက္ထဲသမားဘက္ကသာ သာလြန္ေနၿပီး က်န္သည့္တစ္ဖက္ရွိ သုံးေယာက္တစ္ဖြဲ႕ဟာ အကြဲကြဲအၿပဲၿပဲျဖင့္ ေျမျပင္ထက္ လဲက်ေနေလ၏။
“ေဆာင္းတြင္းမွာ ေခြၽးထြက္ေအာင္ ကူညီေပးလို႔ ငါ့ေကာင္ေတြကို ေက်းဇူးတင္တယ္”
“ကိုးလ္! မင္းနဲ႔ေနာက္တစ္ႀကိမ္ ထပ္ေတြ႕ၾကတာေပါ့”
ၾကမ္းျပင္မွာ ေသြးအလိပ္လိပ္နဲ႔ ျမင္စရာမေကာင္းတဲ့ အေနအထားေရာက္ေနတာေတာင္ ေလလုံးအား မေလွ်ာ့ခ်င္တဲ့ ထိုေကာင္ေၾကာင့္ ကိုးလ္က သူသြားစြယ္ေလးေတြ ေပၚသည္အထိ ခပ္ဟဟရယ္ေလရဲ႕။
“ေနာက္တစ္ႀကိမ္ ဆိုေတာ့လည္း ေနာက္တစ္ႀကိမ္ေပါ့ အဲ့ဒီအစား အရင္ မင္းတို႔ေဆး႐ုံမွာ ေဆးကုသမႈခံယူလိုက္ပါဦး မဟုတ္ရင္ ငါနဲ႔ေနာက္တစ္ႀကိမ္ ထပ္မေတြ႕ရေသးပဲ ေနာက္ဘဝကူးသြားဦးမယ္”
“ေတာက္ခ္!!”
ကိုးလ္အေျပာေၾကာင့္ ၾကမ္းျပင္ထက္ကလူဆီ၌ ေတာက္ခ္ေခါက္သံက်ယ္က်ယ္ ထြက္ေပၚလာကာ သူ႔အား သူ႔တပည့္လုပ္သူ ႏွစ္ေယာက္မွာ လာတြဲေပးသြားၿပီး ကားေပၚတက္သြားေလ၏။
က်န္ခဲ့သည့္ကိုးလ္မွာေတာ့ သူ၏ဆံႏြယ္ရွည္ရွည္ေတြအား နဖူးေပၚကေန လွမ္းတင္လိုက္ၿပီး စုခ်ည္လိုက္ကာ အက်ႌမွာခ်ိတ္ထားသည့္ ကလစ္ျဖင့္ ဆြဲညႇပ္ေလရဲ႕။ ၿပီးသည္ႏွင့္ ဆိုင္ကယ္ေပၚ ေအးေအးလူလူထိုင္ေနသည့္ ငါးႏွစ္သား ကေလးငယ္ဆီ လွမ္းသြားေလ၏။
“ဘယ္လိုလဲ ပြဲကလွရဲ႕လား”
ကေလးငယ္လက္ထဲက စုပ္လုံးအား လွမ္းယူလိုက္ၿပီး ပါးစပ္ထဲေကာက္ထည့္ရင္းေမးလာေတာ့ ကေလးငယ္မ်က္ႏွာမွာမဲ့ခနဲ။
“ယူကို စုပ္လုံးကိုျပန္ေပးလိုက္ အဲ့ဒီအစား စီးကရက္ေသာက္”
ကေလးငယ္စကားေၾကာင့္ ကိုးလ္ကခပ္ဟဟရယ္ကာ စုပ္လုံးအား ကေလးငယ္ဆီ ျပန္ေပးေလရဲ႕။
“မင္းကဒယ္ဒီကို ေစာေစာေသေစခ်င္ေနတာပဲ”
“ဒါကစြပ္စြဲလိုက္တာပဲ”
“စီးကရက္ေသာက္ရင္ အသက္တိုတယ္ေလကြာ မင္းမသိတာက်လို႔”
“ဒါေပမယ့္ ယူကိုဒယ္ဒီက စီးကရက္ေသာက္ေနတဲ့ အခ်ိန္ေတြဆို အရမ္းမိုက္ေနလို႔ေလ”
“ဟားဟား ဒါေတာ့ ဒယ္ဒီကမင္းအေဖပဲကိုး”
ဟုတ္ပါတယ္။ ကိုးလ္နဲ႔ယူကိုတို႔ဟာ သားအဖအရင္းေတြျဖစ္ၾကၿပီး ဆိုးေဖာ္ဆိုးဖက္ သားအဖဆိုလည္း မမွားေခ်။ ဂ်ပန္ႏိုင္ငံရဲ႕ ကိုးလ္တို႔ေနသည့္ေနရာ၌ “ဆူဇူကီ ကိုးလ္ နဲ႔ ဆူဇူကီ ယူကို” ဆိုသည့္ ႐ုပ္ေခ်ာေရလွ်ံ ဆိုးခ်င္တိုင္းဆိုးေနသည့္ သူတို႔သားအဖအား မသိတဲ့သူဆိုသည္မွာ ခပ္ရွားရွားပင္။
ကိုးလ္ အသက္ 16ႏွစ္မွာ သူ႔ထက္ အသက္ႀကီးသည့္ အမ်ိဳးသမီး တစ္ေယာက္ႏွင့္ အိမ္ေထာင္က်ခဲ့ေလသည္။ ထို႔ေနာက္ သိပ္မၾကာခင္မွာ ယူကိုအား ေမြးဖြားခဲ့ျဖစ္ၾကၿပီး ကိုးလ္ အမ်ိဳးသမီးကေတာ့ ယူကို ကို ေမြးၿပီးသိပ္မၾကာခင္မွာပင္ ဆုံးပါးသြားခဲ့ေလ၏။
ကိုးလ္နဲ႔ယူကိုအေမတို႔၏ ဇာတ္လမ္းဟာ ထင္ထားသေလာက္ မ႐ိုးရွင္းခဲ့သလို ကိုးလ္ဘက္ကခ်စ္လို႔ ႀကိဳက္လို႔ ယူခဲ့တာမဟုတ္ေပမယ့္ ကိုးလ္ဟာသူ႔သားယူကိုအား အေတာ္ေလးခ်စ္ရွာၿပီး သားမ်က္ႏွာတကမာၻတည္ထားသူပင္။
ကိုးလ္အသက္ဟာ အခုမွ 22ႏွစ္သာ ရွိေသးေသာ္လည္း ကိုးလ္ကသူႏွင့္ သူ႔သားယူကို အတြက္ ေနာက္ထပ္ အိမ္ေထာင္အား ဆက္မျပဳခဲ့ပဲ လူပ်ိဳဘဝကသူမရလိုက္သည့္ လြတ္လပ္မႈေတြအား သားလုပ္သူႏွင့္ မွ်ေဝရင္း အခ်ိန္ကုန္ဆုံးေလ၏။
“ဒယ္ဒီ ဟိုမွာၾကည့္လိုက္ ဂစ္တာရွိတ္ေလးေတြ”
ယူကိုလွမ္းျပသည့္ ေနရာအား လွမ္းၾကည့္လိုက္ေတာ့ ဂစ္တာရွိတ္ Body ေလးေတြျဖင့္ လွခ်င္တိုင္းလွေနသည့္ မဒီေလးေတြပင္။ ယူကိုကေတာ့ သူ႔ဒယ္ဒီအတြက္ မဒီေလးေတြအား အကဲခတ္ရင္း သေဘာေတြ႕ေနေပမယ့္ ကိုးလ္ကေတာ့ ထိုမဒီေလးေတြအားၾကည့္ၿပီး အလိုမက်သလို ျဖစ္သြားေလ၏။
“My Daddy မ်က္ႏွာႀကီးက အေနအထားမဟန္လိုက္တာ ဘာလဲ မႀကိဳက္ဘူးလား လွတယ္ေလ”
မ်က္ခုံးအားတစ္ဖက္ပင့္ျပလို႔ လက္ပုတိုလက္မေသးေသးေလးျဖင့္ မဒီေလးေတြဆီ ထိုးျပၿပီးေမးသည့္ ယူကိုပုံစံဟာ ျဖစ္ညႇစ္ခ်င္စရာေကာင္းေလာက္ေအာင္ ခ်စ္ဖို႔ေကာင္းလို႔ေနသည္။
“ေနပါကြာ အဲ့ဒါမ်ိဳးေတြက မင္းဒယ္ဒီ အႀကိဳက္မဟုတ္ဘူး”
“ယူကိုဒယ္ဒီအႀကိဳက္က ဘယ္လိုမ်ိဳးလဲ”
ေမးေစ့အား လက္ေသးေသးေလးေတြျဖင့္ ပြတ္သတ္ကာ စဥ္းစားဟန္ေလးနဲ႔ ေျပာလာတဲ့ ယူကိုအားၾကည့္ၿပီး ကိုးလ္သူ႔သားအား အသည္းတယားယားျဖစ္ေနေလ၏။
“မင္းဒယ္ဒီက မိန္းမေတြကိုမႀကိဳက္ဘူး”
“OMG! Daddy အဲ့ဒါက လူေတြေျပာေနၾကတဲ့ Gay?”
အံ့ဩသလို မ်က္ဝန္းဝိုင္းေလးေတြနဲ႔ ေမးလာတဲ့ ယူကို ပုံစံကိုၾကည့္ၿပီး ကိုးလ္တစ္ေယာက္ သေဘာတက် ရယ္ေလရဲ႕။
“မင္းဒယ္ဒီကေဂးမဟုတ္ပါဘူးကြ ဒီတိုင္း မိန္းမေတြကိုမႀကိဳက္တာ”
“Anyway ဒယ္ဒီကေဂးဆိုရင္လည္း ယူကိုအတြက္ ေအးေဆးပဲ ဒယ္ဒီလုပ္သမွ် ယူကိုလက္ခံတယ္”
ေဟာဗ်ာ။ သူ႔သားကအခုလိုက်ေတာ့ လူႀကီးေပါက္စေလးက်ေနတာပဲ။ သူ႔မွာျဖင့္ ဒီသားေလးကို ခ်စ္လြန္းလို႔ ေနာက္ထပ္အိမ္ေထာင္ေတာင္ မျပဳရဲတဲ့အထိပဲ။ မေတာ္လို႔ ေနာက္အိမ္ေထာင္က သားေလးအေပၚ ၾကည္ၾကည္ျဖဴျဖဴမရွိရင္ သူနဲ႔သတ္ပြဲေတြျဖစ္ကုန္မွာ။
သူ႔ဘဝမွာ အေရးႀကီးဆုံးက သူ႔သားပဲ။ သူ႔ကမာၻႀကီးမွာ မရွိမျဖစ္လိုအပ္တဲ့ ျဖစ္တည္မႈေလးကလည္း သူ႔သားယူကိုေလးပဲ။
“အိမ္ျပန္ၾကမယ္ ဒယ္ဒီ”
“မင္းေျပာေတာ့ အကင္စားခ်င္ေသးတာဆို”
“ယူကိုခ်မ္းေနၿပီ ဒယ္ဒီ အိမ္မွာပဲမုန႔္စားေတာ့မယ္”
“ဒယ္ဒီသားေလးက ခ်မ္းေနၿပီေပါ့ ဒါဆို ဒယ္ဒီတို႔ အိမ္မွာပဲ ဂိမ္းအတူတူေဆာ့ၾကၿပီး မုန႔္လုပ္စားၾကတာေပါ့ ဟုတ္ၿပီလား”
“Ok Daddy Let's Go”
ထို႔ေနာက္ သားအဖႏွစ္ေယာက္လုံး အိမ္အျပန္ခရီး စတင္ေတာ့၏။ အိမ္ျပန္ေရာက္ေတာ့ ရယ္ေမာရင္း အိမ္ထဲဝင္လာသည့္ သူတို႔သားအဖအား အိမ္ႀကီးသခင္မ ယူကိုအဖြားလုပ္သူမွာ ဧည့္ခန္းထက္ ထိုင္ေစာင့္ေနေလရဲ႕။
တေလာကလုံးမွာ ကိုးလ္တို႔သားအဖ ေၾကာက္ရသူမွာ အိမ္ႀကီးသခင္မႀကီးသာ ရွိေလသည္။ သူ႔တို႔သားအဖအား ထိန္းခ်ဳပ္ကိုင္တြယ္ႏိုင္သူမွာလည္း အိမ္ႀကီးသခင္မႀကီး တစ္ေယာက္ထဲသာျဖစ္ေလ၏။
“ထိုင္ၾကပါဦး ဟိုသားအေဖ”
အိမ္ႀကီးသခင္မႀကီးက ဆိုဖာထက္လက္ျပရင္း ဆိုေလေတာ့ ကိုးလ္တို႔ သားအဖမွာ မ်က္ႏွာေက်ာအား တည္တံ့သြားၿပီး အဖြားလုပ္သူ၏ေဘး၌ ခပ္ကုပ္ကုပ္ေလးေတြျဖင့္ ဝင္ထိုင္ၾကေလ၏။
“ကိုးလ္ ယူကို မင္းတို႔ႏွစ္ေယာက္ အခုဘယ္ကျပန္လာတာလဲ”
“အျပင္ကျပန္လာတာပါ Grandma”
“အျပင္မွာ ဘာလုပ္ခဲ့လဲ”
ဒီတစ္ခါေတာ့ ယူကိုကမေျဖေတာ့ သူ႔အေဖလုပ္သူ ကိုးလ္အားတစ္ခ်က္ေမာ့ၾကည့္ၿပီး အခ်က္ျပေလရဲ႕။
“ကြၽန္ေတာ္တို႔ မုန႔္စားၿပီးေတာ့ ျပန္လာတာပါ Mommy”
“ငါ့ကိုလာလိမ္ေနတာလား ကိုးလ္!”
အိမ္ထဲ၌ ဟိန္းခနဲ ထြက္ေပၚလာသည့္ သခင္မႀကီးအသံေၾကာင့္ အလုပ္သမားေတြပါမက်န္ ကိုးလ္တို႔သားအဖေတြပါ လန႔္ျဖန႔္လို႔ေနေလၿပီ။
“ကိုးလ္ ယူကို မနက္ျဖန္ကစၿပီး မင္းတို႔ဂ်ပန္မွာ မေနရေတာ့ဘူး”
“Mommy”
“Grandma”
“ႏွစ္ေယာက္လုံးငါ့ကိုလာၿပီး အထြန႔္တက္ဖို႔ မစဥ္းစားနဲ႔ မင္းတို႔သားအဖ ႏွစ္ေယာက္ကို မခြဲပဲ အတူတူလႊတ္လိုက္တာကိုပဲ ေက်းဇူးတင္”
“ကြၽန္ေတာ္တို႔က ဘယ္ကိုသြားရမွာလဲ Mommy”
“ငါ့မိတ္ေဆြရွိတဲ့ ျပင္သစ္ကို မင္းတို႔သားအဖ သြားေနရမယ္ ယူကိုလည္း အဲ့ဒီမွာေက်ာင္းဆက္တက္ဖို႔ ငါအကုန္စီစဥ္ထားၿပီးၿပီ မင္းတို႔သားအဖ မလိမ္မာသ၍ ဒီႏိုင္ငံကိုျပန္လာဖို႔ စိတ္မကူးနဲ႔”
သခင္မႀကီး၏ တစ္ခ်က္လြတ္အမိန႔္အား သားအဖႏွစ္ေယာက္လုံး မလြန္ဆန္ရဲ။ ဒါေၾကာင့္ လက္ခံဖို႔သာ ျပင္ရေတာ့၏။
ထိုသို႔မွ မဟုတ္ရင္ အေမြးဖ်က္စြန႔္လႊတ္မည့္အေရး ႀကိဳသိထားသည္မို႔ ေျပာရင္ေျပာတဲ့အတိုင္း လုပ္တက္သည့္ သခင္မႀကီးအား သူတို႔မလြန္ဆန္ရဲတာ အမွန္ပင္။
ဤသည္ႏွင့္ လူဆိုးသားအဖကိုးလ္တို႔ဟာ ျပင္သစ္တို႔ ေျပာင္းေ႐ႊ႕ေနထိုင္ဖို႔ အေၾကာင္းဖန္လာေတာ့၏။
ဂ်ပန္မွာ ဆိုးခ်င္တိုင္းဆိုးခဲ့တဲ့ ဂ်ပန္သားေလးေတြဟာ ျပင္သစ္မွာ ဘယ္လိုစခန္းသြားမလဲ စိတ္ဝင္စားစရာေကာင္းသည့္ ကိစၥရပ္ပင္။
ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ ျပင္သစ္အားသြားဖို႔ အဖြားလုပ္သူက အစစအရာရာ အားလုံး စီစဥ္ေပးေလသည္။ ဒီခရီးစဥ္အား မသြားခ်င္သည့္ ကိုးလ္တို႔သားအဖကေတာ့ မ်က္ႏွာေတြဟာ မသာမယာပဲ ဆူပုတ္ပုတ္ေလးေတြ ျဖစ္လို႔ေန၏။
မၾကာခင္ ေလယာဥ္ေပၚသို႔ တက္ရမည့္ အခ်ိန္နီးကပ္လာတိုင္း ဇီး႐ြက္ေလာက္သာ ရွိေတာ့သည့္ ေျမးနဲ႔သားလုပ္သူ မ်က္ႏွာအားၾကည့္ၿပီး သခင္မႀကီးမွာ ႀကိတ္ၿပဳံးသည္။
သူသည္လည္း သူ႔ခ်စ္ရတဲ့ သားနဲ႔ေျမးေလးအား လႊတ္ခ်င္လို႔ လႊတ္လိုက္သည္ မဟုတ္ပါပဲ ဆိုးသြမ္းၿပီး ရန္ေတြခဏခဏျဖစ္လို႔သာ လႊတ္လိုက္ရျခင္းပင္။
သို႔ေပမယ့္ မ်က္စိေအာက္ကေနေတာင္ အေပ်ာက္မခံႏိုင္သည့္ သူ႔အသက္ေလးေတြျဖစ္တဲ့ သားနဲ႔ေျမးလုပ္သူအား တျခားႏိုင္ငံသို႔ ပို႔ရေတာ့မွာမို႔ အနည္းႏွင့္အမ်ား စိတ္မေကာင္းျဖစ္မိတာေတာ့အမွန္ပင္။
“ဟိုေရာက္ရင္ ဘာသံညာသံေတြ မၾကားခ်င္ဘူးေနာ္ ဒီအဖြားႀကီး အသက္လည္းႀကီးၿပီ မင္းတို႔သားအဖ လိမ္လိမ္မာမာေနတာေလးကို မေသခင္ ျမင္သြားခ်င္ေသးတယ္ သိရဲ႕လား”
“ဟင့္! ယူကိုတို႔မဆိုးဘူး!”
သူတို႔သားအဖကို ဆိုးတယ္ေျပာမိလို႔တဲ့။ ၾကည့္ပါဦး။ မ်က္ရည္စမ္းတမ္းနဲ႔ ဂ်စ္တိုက္ေနတဲ့ ဂ်စ္တူးေလး။
“ဟင့္! ယူကိုတို႔သားအဖ Grandma ဆီ ျပန္မလာေတာ့ဘူး ဟင့္! ဟိုေရာက္ရင္ ယူကိုဒယ္ဒီကို သူေဌးႀကီးတစ္ေယာက္နဲ႔ ေပးစားျပစ္မယ္ ဟင့္! ၿပီးရင္ အဲ့မွာပဲေနေတာ့မွာ!”
ငိုရင္းေျပာလာတဲ့ ယူကိုစကားေၾကာင့္ သခင္မႀကီးေရာ ကိုးလ္ေရာ သေဘာတက်ရယ္ၾကေလရဲ႕။ သူတို႔မွာ ဒီေကာက္ေတးေလးကို ဝိုင္းခ်စ္ေနတာလည္း မေျပာနဲ႔ေလ။ ဒီကေလးစုတ္ေလးက သူ႔ဒယ္ဒီနဲ႔သာ လူဆိုးေလးလုပ္ေနတာ။ ခ်စ္ဖို႔ေကာင္းခ်က္ကေတာ့ ျမင္သူတိုင္းမခ်စ္ပဲမေနႏိုင္တဲ့အထိပဲ။
အခုလည္းၾကည့္။ ဖြားေအကို မေက်နပ္ခ်က္ေတြ ထုတ္ေျပာသြားၿပီး သူ႔ဒယ္ဒီကိုေတာင္ သူေဌးႀကီးနဲ႔ ေပးစားျပစ္ဦးမွာတဲ့ေလ။ တကယ္ ဂ်စ္တူးေပါက္စေလး။
“ကဲကဲ သြားၾကေတာ့ ကိုးလ္ သားေလး စိတ္ခ်မယ္ေနာ္ ဟိုေရာက္ရင္ လိမ္လိမ္မာမာေန မာမီေျမးေလးကိုလည္း ေသခ်ာဂ႐ုစိုက္ ၾကားလား ေကာင္ဆိုးေလး”
“က်န္းမာေရး ဂ႐ုစိုက္ပါ မာမီ အိမ္ေရာက္ရင္လည္း ခိုးငိုမေနနဲ႔ဦး”
“ဒီေကာင္ေလးကေတာ့ ငါလုပ္လိုက္ရ ကဲကဲ သြားၾကေတာ့”
မ်က္ရည္ေတြၾကားထဲက ၿပဳံးၿပီး ႏႈတ္ဆက္ေနတဲ့ သခင္မႀကီးအား ကိုးလ္တို႔သားအဖလည္း ႏႈတ္ဆက္ကာ ေလယာဥ္ေပၚ တက္သြားေလသည္။ က်န္ေနခဲ့သည့္ သခင္မႀကီးကေတာ့ မ်က္ရည္ေတြၾကားထဲ ေခါင္းတညိတ္ညိတ္ျဖင့္ ၿပဳံးရင္းက်န္ခဲ့ရွာ၏။
-HOW TO DATE WITH SINGLE FATHER-
“Good Morning CEO Griffin”
ဂရီဖင္လ္ ကုမၸဏီထဲ ဝင္လာသည့္ႏွင့္ ဝန္ထမ္းေတြအားလုံးဆီက ႀကိဳဆိုသံအား ၾကားလိုက္ရေလသည္။ ဒါေၾကာင့္ ဂရီဖင္လ္သည့္ သူ႔မူပိုင္အၿပဳံးခ်ိဳခ်ိဳျဖင့္ ဝန္ထမ္းေတြအား ခပ္ေယးေယးၿပဳံးျပၿပီး ႐ုံးခန္းထဲဝင္သြားေလ၏။
ဂရီဖင္လ္ဆိုတာ ျပင္သစ္ႏိုင္ငံမွာသာမက ႏိုင္ငံတကာ၌ ေအာင္ျမင္ေက်ာ္ၾကားေနသည့္ သူေဌးႀကီးတစ္ေယာက္ျဖစ္ေလသည္။ အမ်ိဳးသား/သမီး မက်န္ အားလုံး ပိုင္ဆိုင္ခ်င္ေလာက္သည္အထိ ဂရီဖင္လ္ဟာ ႐ုပ္ရည္ေခ်ာေမာခန႔္ညားသလို စိတ္သေဘာထားဟာလည္း အလြန္အမင္ ျပည့္ဝသူပင္။
ထို႔အျပင္ သေဘာမေနာကလည္း ေကာင္းသူမို႔ ဂရီဖင္လ္ လူပ်ိဳႀကီးဟာ အားလုံးအတြက္ေတာ့ အခ်စ္ခံ အေလးအစားထိုက္ခံ အားလုံးရဲ႕ Role Model တစ္ေယာက္ျဖစ္ေလ၏။
“CEO Griffin ဒီညေနပြဲတစ္ခု တက္စရာရွိတယ္ေနာ္ အဲ့ဒါလိုအပ္တာေတြ ကြၽန္ေတာ္အကုန္လုံး ျပင္ဆင္ထားၿပီးပါၿပီ”
“ေကာင္းၿပီ Dante ဒါနဲ႔ ေနာက္အပတ္က်ရင္ ငါမင္းကိုတစ္ပတ္ ခြင့္ေပးမယ္”
“ဗ်ာ”
“မင္းအေမ အေတာ္ေလး ဖ်ားေနတယ္ဆို မင္းသူ႔ဆီကိုသြားၿပီးေတာ့ တစ္ပတ္ေလာက္ ျပဳစုေပးလိုက္ေပါ့ ၿပီးေတာ့ မင္းအေမအတြက္ ေဆး႐ုံစရိတ္ေတြလည္း မပူနဲ႔ ငါအကုန္စီစဥ္ေပးမယ္”
ဂရီဖင္လ္ စကားေတြေၾကာင့္ လက္ေထာက္ဒန္တီဟာ မ်က္ရည္ေတြဝဲလာသည္။
“CEO Griffin ကြၽန္ေတာ္တကယ္ကို ရင္ထဲကေန အေလးအနက္ထားၿပီး ေက်းဇူးတင္ပါတယ္”
လက္ေထာက္ဒန္တီရဲ႕ ၿပဳံးေပ်ာ္သြားသည့္ အျပဳမႈေၾကာင့္ ဂရီဖင္လ္ တစ္ေယာက္ ခပ္ေယးေယး ၿပဳံးေလရဲ႕။
“မင္းကငါ့အတြက္ ေသြးသားမေတာ္စပ္တဲ့ ညီအစ္ကိုလို ခ်စ္ခင္ရတဲ့သူပါ ဒါေၾကာင့္ မင္းအေမကလည္း ငါ့အေမပါပဲ”
“CEO Griffin ကဗ်ာ ကြၽန္ေတာ္ကို ငိုေအာင္လို႔ လုပ္ေနသလိုပဲ”
မ်က္ရည္ေတြအား အၾကမ္းပတမ္းသုတ္ျပစ္ၿပီး ဆိုလာတဲ့ ဒန္တီရဲ႕စကားေၾကာင့္ ႏွစ္ေယာက္သား စိတ္လြတ္ကိုယ္လြတ္ ရယ္ေမာၾကေလရဲ႕။ ဂရီဖင္လ္အတြက္ ဒန္တီဆိုတာ မ်က္စိမွိတ္ယုံၾကည္လို႔ရသည့္ ညီအရင္းတစ္ေယာက္လိုပင္။
ထို႔ေနာက္ ဂရီဖင္လ္၏ တေန႔တာဟာ အလုပ္ေတြၾကားထဲ၌ စတင္ေလသည္။ ဂရီဖင္လ္ဟာ အလုပ္လည္းႀကိဳးစားသလို မိဘႏွစ္ပါးအား လိုေလေသးမရွိေအာင္ ထားထားတာမို႔ မိသားစုအတြက္လည္း အဖိုးတန္ရတနာပင္ျဖစ္သည္။
တစ္မနက္လုံး အလုပ္ေတြၾကားထဲ စိတ္နစ္ရင္းျဖင့္ အလုပ္ရႈပ္ေနသည့္ ဂရီဖင္လ္တစ္ေယာက္ ထမင္းစားဆင္းခ်ိန္ေရာက္သည္အထိ အလုပ္ေတြၾကားထဲက မထြက္ႏိုင္ေသးေပ။
ဒါကိုသိသည့္ ဒန္တီတစ္ေယာက္ ဂရီဖင္လ္ ႐ုံးခန္းထဲဝင္လာၿပီး ေန႔လည္စာ သြားစာဖို႔ လာေခၚေလရဲ႕။ ဒါေၾကာင့္ ႏွစ္ေယာက္သား ေန႔လည္စာအတူတူစားရန္အတြက္ ထိုင္ေနၾကဆိုင္ေလဆီးသို႔ ထြက္လာလိုက္ၾကေလသည္။
“CEO Griffin ကြၽန္ေတာ္လာမေခၚရင္ အလုပ္ေတြဆက္လုပ္ၿပီး ထမင္းစားဖို႔ ေမ့ေနဦးမွာပဲ မဟုတ္လားဗ်”
ဒန္တီအေမးေၾကာင့္ အေနာက္ခန္းက ဂရီဖင္လ္တစ္ေယာက္ “မင္းေျပာသလိုပါပဲကြာ” ဆိုၿပီး ခပ္ဟဟရယ္ကာ နက္ကတိုင္အား အသာအယာ ေျဖေလ်ာ့ေလရဲ႕။
“ေရာက္ၿပီ CEO ဆိုင္ထဲသြားႏွင့္ပါ ကြၽန္ေတာ္ မာမီဆီ ဖုန္းဆက္ၿပီးတာနဲ႔ လိုက္ခဲ့ပါ့မယ္”
“ေကာင္းၿပီ Dante”
ဂရီဖင္လ္လည္း ဒန္တီအား ထားခဲ့လိုက္ၿပီး ဆိုင္ထဲသို႔ ဝင္လာလိုက္သည္။ အၿမဲတမ္းလာေနၾက ဂရီဖင္လ္အားျမင္ေတာ့ ဆိုင္ထဲကဝန္ထမ္းေတြမွာ လႈိက္လႈိက္လွဲလွဲျဖင့္ ႀကိဳဆိုၾကၿပီး အားလုံးရဲ႕အၾကည့္ဟာ ဂရီဖင္လ္ဆီ စုၿပဳံလို႔ေနေလ၏။
“ပုံမွန္အတိုင္းပဲလား CEO Griffin”
“ဒါေပါ့ဗ်ာ”
ထို႔ေနာက္ ဂရီဖင္လ္တစ္ေယာက္ ဒန္တီအားေစာင့္ရင္း တစ္ေယာက္ထဲ ၿငိမ္ေနေလ၏။ ဆိုင္ထဲကလူေတြရဲ႕ ကြက္ၾကည့္ ကြက္ၾကည့္ လုပ္တာအား ခံေနရသည့္ ကိစၥရပ္ကလည္း ဂရီဖင္လ္အတြက္ မထူးဆန္းေတာ့တာမို႔ ပတ္ဝန္းက်င္အား အာ႐ုံမထားျဖစ္ေပ။
ခဏၾကာေတာ့ ဒန္တီ တစ္ေယာက္ ျပန္ေရာက္လာေလရဲ႕။
“မာမီကေျပာခိုင္းလိုက္တယ္ စီအီအိုကို ရင္ထဲကေန အေလးအနက္ထားၿပီး ေက်းဇူးတင္ပါတယ္တဲ့ အလုပ္ေတြ အားတဲ့အခါက်ရင္လည္း သူ႔ဆီလာလည္ပါဦးတဲ့”
“ရပါတယ္ကြာ ငါတို႔ကသူစိမ္းေတြမွ မဟုတ္တာပဲ ၿပီးေတာ့ မင္းျပန္သြားတဲ့ အခါက်ရင္လည္း အန္တီအတြက္ လက္ေဆာင္ေတြ ယူသြားေပးပါဦး”
“ေနပါေစဗ်ာ ေဆး႐ုံစရိတ္ေတြနဲ႔တင္ ကြၽန္ေတာ္ စီအီအိုကို အားနာလွပါၿပီ ထပ္ၿပီး လက္ေဆာင္ေတြ မစီစဥ္ပါနဲ႔ေတာ့ဗ်ာ”
“မင္းထပ္ျငင္းေနမယ္ဆို မင္းကိုအလုပ္ကထုတ္ရလိမ့္မယ္”
႐ုပ္တည္ႀကီးႏွင့္ ေျပာလာသည့္ ဂရီဖင္လ္ေၾကာင့္ ဒန္တီတစ္ေယာက္ ခပ္ဟဟရယ္ေလရဲ႕။
“သေဘာဗ်ာ သေဘာ ကြၽန္ေတာ္ ထပ္ၿပီးမျငင္းဆန္ေတာ့ပါဘူး”
ဒီေတာ့မွ လိုခ်င္တာရသြားသလို ၿပဳံးသြားသည့္ သူ႔၏စီအီအိုဟာ အၿမဲတမ္း တည္တည္ၾကည္ၾကည္ ေနတက္သည့္ လူႀကီးလူေကာင္းဆိုေပမယ့္ တစ္ခါတစ္ေလက်ေတာ့လည္း အခုလို ကေလးဆန္ဆန္ ခ်စ္ဖို႔ေကာင္းျပန္ပါသည္။
“Hey Brother Can you help me?”
သူတို႔စကားေကာင္းေနတုံး ေဘးကေနၾကားလိုက္ရသည့္ ကေလးငယ္၏ အသံေလးေၾကာင့္ ဂရီဖင္လ္ေရာ ဒန္တီေရာ သူ႔တို႔ေဘးဘက္အား ငုံ႔ၾကည့္လိုက္ၾကေလသည္။
ထိုအခ်ိန္၌ ေတြ႕လိုက္ရသည္မွာ လက္ေဖာင္းေဖာင္းပိစိေလး ႏွစ္ဖက္၌ တစ္ဖက္တြင္ ေရခဲမုန႔္ကိုင္ထားၿပီး က်န္သည့္တစ္ဖက္တြင္ ဘာဂါတစ္လုံးအားကိုင္ထားသည့္ ငါးႏွစ္သားအ႐ြယ္ ကေလးငယ္ တစ္ေယာက္ပင္ ျဖစ္ေလ၏။
ထိုကေလးမွာ တျခားသူမဟုတ္။ ကိုးလ္၏ တစ္ဦးတည္းေသာသားေလး ယူကိုပင္။
“Hey Brother Can you help me?”
သူဖိနပ္အား ေမးေငါ့ျပၿပီး ထပ္မံေတာင္းဆိုလာတဲ့ ယူကိုေၾကာင့္ ဂရီဖင္လ္ေရာ ဒန္တီေရာ ယူကိုဖိနပ္ဆီ အၾကည့္ေရာက္သြားေလသည္။ ထို႔ေနာက္ ျမင္လိုက္ရသည္မွာ ျပဳတ္ထြက္ေနတဲ့ ဖိနပ္ႀကိဳးေလးေတြေၾကာင့္ ယူကိုတစ္ေယာက္ လမ္းေလွ်ာက္ဖို႔ အခက္ေတြ႕ေနမွန္း ဂရီဖင္လ္တို႔ ရိပ္မိလိုက္ေလ၏။
“Okay”
ဒန္တီတစ္ေယာက္ ယူကို ဖိနပ္ႀကိဳးအား ခ်ည္ေပးဖို႔ျပင္ကာမွ ဟန႔္တားလိုက္တဲ့ ဂရီဖင္လ္။
“ငါလုပ္ေပးလိုက္မယ္ ဒန္တီ”
“ဗ်ာ ျဖစ္ပါ့မလား အဆင္မေျပရင္ ကြၽန္ေတာ္ပဲ-”
“အဆင္ေျပတယ္ သူကခ်စ္စရာေလး”
ဂရီဖင္လ္ထိုသို႔ဆိုကာ ၾကမ္းျပင္ထက္ ဒူးတစ္ဖက္ေထာက္လိုက္ၿပီး ယူကိုဖိနပ္ႀကိဳးအား စိတ္ရွည္လက္ရွည္ျဖင့္ ေသခ်ာျပန္ခ်ည္ေပးေလသည္။ ၿပီးသည္ႏွင့္ ယူကိုအားေမာ့ၾကည့္ၿပီး ျမင္ေနရသည့္ ယူကိုပါးေဖာင္းေဖာင္းေလးေတြအား ဂရီဖင္လ္အသည္းယားစြာႏွင့္ အသာအယာတို႔ထိေလ၏။
“Baby မင္းကခ်စ္စရာေလးပဲ”
“Brother ကလည္း လုံးဝ Handsome ပဲ”
“Wow”
ယူကိုမ်က္ႏွာအားၾကည့္ၿပီး ျပင္သစ္ႏိုင္ငံသား မဟုတ္မွန္း ဂရီဖင္လ္ေရာ ဒန္တီေရာ အတက္သိသည္။ ဒါေၾကာင့္ ဂရီဖင္လ္က ယူကိုနားမလည္ေလာက္ဘူးထင္ၿပီး ျပင္သစ္ဘာသာစကားျဖင့္ ေျပာလိုက္ေသာ္လည္း ယူကိုဘက္ကျပန္ၿပီး ျပင္သစ္လို ျပန္ေျပာလာတာမို႔ ဂရီဖင္လ္ေရာ ဒန္တီေရာ ဝိုးခနဲျဖစ္ကုန္ေလ၏။
“Hey Baby မင္းကကိုယ္တို႔ဘာသာစကား ေျပာတက္တယ္ေပါ့ ဒါဆိုမင္းက ဒီႏိုင္ငံသားလား”
“No ယူကိုကဂ်ပန္ကလာတာ ျပင္သစ္ဘာသာစကား ေျပာတက္တယ္ဆိုတာက ယူကိုဒယ္ဒီ သင္ေပးထားတာ”
“ေဘဘီေလးနာမည္က ယူကိုလား”
ဂရီဖင္လ္အေမးအား ေခါင္းတစ္ခ်က္ညိတ္ျပၿပီး ေမးတစ္ခ်က္ျပန္ေငါ့ျပတာမို႔ အေၾကာင္းကေတာ့ သူ႔နာမည္ကယူကိုျဖစ္ေၾကာင္းနဲ႔ ခင္ဗ်ားနာမည္ကေရာလို႔ ျပန္ေမးတဲ့ဒဇိုင္း။
တကယ္ဘာေလးလဲကြာ။
“ကိုယ့္နာမည္က ဂရီဖင္လ္ သူက ဒန္တီ”
“Brother ffin Nice to meet you”
ေရခဲမုန႔္က ခရင္ေတြေပပြေနသည့္ လက္ေဖာင္းေဖာင္းပိစိေလးအား ေရွ႕ထုတ္ၿပီး ႏႈတ္ဆက္လာသည့္ ထိုကေလးငယ္အားၾကည့္ၿပီး သူ႔မွာအသည္းယားလြန္းလို႔ ျဖစ္ညႇစ္ခ်င္စိတ္က တဖြားဖြား။
ဒီကေလးငယ္က သူျမင္ဖူးသမွ် ကေလးေတြထဲ တျခားသူေတြနဲ႔မတူပဲ အေတာ္ကိုခ်စ္ေမႊးပါတဲ့ အေသးေလး။
“ယူကို!!”
ဆိုင္ထဲဟိန္းခနဲ ထြက္ေပၚလာသည့္ ေဒါသသံစြတ္ေနသည့္ ကိုးလ္အသံေၾကာင့္ ယူကိုခႏၶာေသးေသးေလးဟာ တုန္တက္သြားၿပီး သူ႔ေရွ႕က ဂရီဖင္လ္ ရင္ခြင္ထဲသို႔ အားကိုးတႀကီး ေျပးဝင္ေလသည္။
“ဒယ္ဒီ ယူကို ကို မဆူပါနဲ႔”
“မင္းကမ်ား! အယ္~”
ကိုးလ္ေဒါသထြက္ထြက္ႏွင့္ ဆက္ဆူဖို႔အေရး ကေလးအား ေက်ာျပင္ကေန ဆြဲယူၿပီး ရင္ခြင္ထဲဆြဲထည့္လိုက္သည့္ ဂရီဖင္လ္ႏွင့္ အၾကည့္ခ်င္းဆုံးမိသြားေတာ့ ကိုးလ္ဆက္ေျပာမည့္ စကားေတြေပ်ာက္သြားသည္။ ထြက္ေနသည့္ ေဒါသေတြဟာလည္း အခိုးအေငြ႕ျဖင့္ ေပ်ာက္ကြယ္သြားေခ်ၿပီ။
မီးဝင္းဝင္းေတာက္ေနသည့္ သူ႔အျမင္အာ႐ုံေတြဟာ ေရွ႕ကလူႀကီးမ်က္ႏွာအား ျမင္လိုက္ရခ်ိန္မွာေတာ့ ပန္းခင္ႀကီးထဲ ေရာက္သြားသလို ပူေလာင္ေနသည့္ စိတ္အဆုံဟာ ခ်က္ခ်င္းဆိုသလို ေအးျမသြားေလသည္။
မ်က္ခုံးေကာင္းေကာင္း။ ႏႈတ္ခမ္းပါးပါးႏွင့္ တည္တည္တံ့တံ့ျဖစ္ေနသည့္ ထိုလူႀကီး၏ မ်က္ႏွာအစိတ္အပိုင္းဟာ သူျမင္ဖူး ေတြ႕ဖူးသမွ် ေယာက်ၤားသားေတြထဲ အၾကည့္ေကာင္ဆုံး ေခ်ာေမာခန႔္ညားဆုံး ေယာက်ၤားသားတစ္ေယာက္ ျဖစ္သည္။
“ေဘဘီေလးက မင္းသားေလးလား ကေလးကမင္းကိုေၾကာက္ေနၿပီ သူ႔ကိုမဆူပါနဲ႔ ကိုယ္ေတာင္းဆိုတာပါ”
တည္တည္ၾကည္ၾကည္ ထြက္က်လာသည့္ ဂရီဖင္လ္၏ ခပ္ဩဩအသံေနာက္မွာေတာ့ ကိုးလ္ကမာၻႀကီးဟာ တကယ္ကို ျပာက်သြားေခ်ၿပီ။
“OMG I'm totally gay for you”
TBC ✓
ဘယ္သူကသိမွာလဲ။ သူ႔ဖိနပ္ႀကိဳးခ်ည္ေပးဖို႔ အကူညီေတာင္းလိုက္တဲ့လူႀကီးက သူ႔ဒယ္ဒီရဲ႕ Crush ႀကီး ျဖစ္လာလိမ့္မယ္လို႔။ 🤣🫵
စီစဥ္သူ ခ်ယ္ခ်ယ္မဟုတ္ေတာ့ဘူး။ ယူကိုျဖစ္သြားၿပီ။ သူ႔ဒယ္ဒီကလည္း မႀကိဳက္ရွာပါဘူး။ လူပ်ိဳႀကီးကို စေတြ႕ကတည္းက “I'm totally gay for you” ပါတဲ့ေနာ္ ပရိတ္သတ္တို႔။
အပိုင္း၁မွာ ဖတ္ရတာ အဆင္ေျပရဲ႕လား ကိုယ့္ကေလးေတြ။ ေျပာျပေပးသြားဦးေနာ္။
ျပန္ေတြ႕ၾကမယ္။