ချစ်မိပြန်ပြီ မမမြိုင် ( Comp...

By morA_nyein

258K 22.7K 1.5K

‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.20... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
..
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန္း ၁၅
အခန္း ၁၆
အခန္း ၁၇
အခန္း ၁၈
အခန္း ၁၉
အခန္း ၂၀
မမၿမိဳင္ဆီသို႔
အခန္း ၂၂
အခန္း ၂၃
အခန္း ၂၄
အခန္း ၂၅
အခန္း ၂၆
အခန္း ၂၇
အခန္း ၂၈
အခန္း ၂၉
အခန္း ၃၀
အခန္း ၃၁
အခန္း ၃၂
အခန္း ၃၃
အခန္း ၃၄
အခန္း ၃၅
အခန္း ၃၆
အခန္း ၃၇
အခန္း ၃၈
အခန္း ၃၉
အခန္း ၄၀
အခန္း ၄၁
အခန္း ၄၂
အခန္း ၄၃
အခန္း ၄၄
အခန္း ၄၅
အခန္း ၄၆
အခန္း ၄၇ ( ဇာတ္သိမ္းခန္း )
.. 100K ..
မမမြိုင် character
ညိုလေး character
Attention plz‼️

အခန္း ၂၁

4.1K 366 14
By morA_nyein

ေဆာင္းရာသီရဲ႕ေအးျမမႈဟာ စိမ့္ခနဲ ၊ တုန္ခနဲအတိ ။ ေမၿမိဳ႕ရဲ႕ အလွတရားဟာ ေမႊးပ်ံ႕ေသာပန္းပင္ေပါင္းမ်ားစြာနဲ႔ ရစ္ေထြေနလ်က္ ။ တစ္ခါတစ္ရံ နွင္းမ်ားဖံုးလႊမ္းေနသည့္အခ်ိန္ အရိုးအထိပါ ခ်မ္းစိမ့္တုန္ခိုက္ရသည္ ။ လက္ေခ်ာင္း ၊ ေျခေခ်ာင္းမ်ားသည္ ေရခဲတံုးကိုင္ထားသကဲ့သို႔ပါပင္ ။

ထိုသို႔ေသာ ခ်မ္းေအးမႈကို ခ်မ္းသာေသာလူမ်ားဟာ ေႏြးေထြးမႈေျပာင္းလဲနိုင္ေသာ္လည္း ဆင္းရဲေသာသူမ်ားမွာမူ ဖာေထးထားေသာ အေႏြးဝတ္တစ္ထည္နွင့္သာ ခ်မ္းခိုက္တုန္လႈပ္လ်က္ အနႈိင္းမဲ့ေအးစိမ့္လွေသာ ေဆာင္းရာသီအား ျဖတ္သန္းခဲ့ရေပသည္ ။

သီရိၿမိဳင္စံအိမ္ပတ္ဝန္းက်င္၌ ျမဴခိုးမ်ား ရစ္ေထြလ်က္ရိွေနေပမယ့္ စံအိမ္အတြင္းရိွ အမ်ိဳးသမီးနွစ္ဦးမွာေတာ့ ေႏြးေထြးစြာျဖင့္ ခ်ည္လံုးထိုးေနၾကေပေတာ့သည္ ။

ခ်ည္ထိုးျခင္းအတတ္သည္ လူဆင္းရဲမေ႐ြး လူခ်မ္းသာတိုင္းလည္း တတ္ေျမာက္သင့္သည့္ ပညာရပ္တြင္ ပါဝင္ေသာ္လည္း ညိဳေလးမွာမူ ခ်ည္ကို ဘယ္သို႔ဘယ္ပံုထိုးရမွန္း မသိခဲ့ေပ ။

သခင္မၿမိဳင္သည္ ညိဳေလးအား ခ်ည္ထိုးနည္းသင္ေပးေနေတာ့သည္ ။ စိတ္လက္တစ္စစ္ရိွေသာ ၿမိဳင့္ဆီမွာ ခ်ည္ထိုးနည္းသင္ယူေနသည့္ ညိဳေလးအဖို႔ အင္မတန္မွ ထိတ္လန္႔စရာပါပင္ ။

" ပထမႀကိဳး မဟုတ္ဘူး ။ ဒုတိယႀကိဳးကို ယူရမွာ ။ "

စံအိမ္ေတာ္ဧည့္ခန္းထဲရိွ ခံု၌ ၿမိဳင္ဟာထိုင္ေနရင္း ၾကမ္းျပင္ေအာက္တြင္ထိုင္ကာ ခ်ည္ထိုးနည္းသင္ယူေနေသာ ညိဳေလးအား သတိေပးလိုက္ျခင္းျဖစ္သည္ ။ တုတ္ေခ်ာင္းနွစ္ေခ်ာင္းနွင့္ ပထမခ်ည္ပဲ ယူရမလိုလို ဒုတိယခ်ည္ကိုပဲ ယူရမလိုလိုျဖစ္ေနသည့္ ညိဳေလးခင္ဗ်ာ ၿမိဳင့္ကိုပါ ေၾကာက္လန္႔ေနရသည္ ။

ၿမိဳင္ဟာ သူမရဲ႕ၾကမ္းျပင္ေအာက္တြင္ ထိုင္ေနေသာ ညိဳေလးအား စူးစိုက္ၾကည့္မိေတာ့သည္ ။ ခ်ည္လံုးမထိုးတတ္ခ်ိန္ မမႀကီးဆီမွာ သင္ယူခဲ့ေသာ သူမရဲ႕ပံုရိပ္ကို အမွန္ရသြားေစေတာ့သည္ ။

" ၿမိဳင္ ။ ပထမခ်ည္ႀကိဳးမဟုတ္ဘူးေလကြယ္ ။ ဒုတိယခ်ည္ႀကိဳးကို ယူရမွာ ။ ဒီမယ္ မမႀကီး ျပမယ္ ။ "

မမႀကီးဟာ ၾကမ္းျပင္ေအာက္တြင္ထိုင္ေနေသာ ၿမိဳင့္ဆီသို႔ ခါးကိုအနည္းငယ္မ်ွကုန္းလ်က္ ၿမိဳင့္အား စိတ္ရွည္စြာျဖင့္ အေသးစိတ္သင္ေပးေနေလသည္ ။

ၿမိဳင္ဟာ ခ်ည္ထိုးျခင္းအတတ္ကို စိတ္ဝင္စားျခင္းမရိွပါ ။ မ်ိဳးရိုးျမင့္ျဖစ္လာသည္နွင့္အမ်ွ ထိုအတတ္ပညာကို မျဖစ္မေန သင္ယူရမည္ဆိုေသာ စံအိမ္ေတာ္ရဲ႕စည္းကမ္းကို ၿမိဳင္ သေဘာမက်ပါ ။ ဆန္႔က်င္ခ်င္သည္ ။

ၿမိဳင္ဟာ ဖူးေဝဆာေနေသာ နႈတ္ခမ္းေလးကို အနည္းငယ္မ်ွစူလ်က္ ခ်ည္လံုးနွင့္တုတ္ေခ်ာင္းမ်ားကို ခံုေပၚသို႔ လွမ္းတင္လိုက္ေလေတာ့သည္ ။

" ခက္ရခ်ည္ရဲ႕ မမႀကီးရယ္ ။ ၿမိဳင္ ခ်ည္မထိုးခ်င္ပါဘူး ။ အင္မတန္မွ အလုပ္ရႈပ္တဲ့ အရာေတြ ၿမိဳင့္ကို လာမလုပ္ခိုင္းပါနဲ႔ေတာ့ ။ "

" ေဟာ ။ ၿမိဳင္ ။ ကိုယ္ဟာ ဒီစံအိမ္ေတာ္မွာ အရွင္သခင္ေလ ။ အရွင္သခင္က အားလံုးသိထားတတ္ထားမွ လက္ေအာက္ငယ္သားေတြကို ဘယ္လမ္းကိုဘယ္လိုခ်ိဳးေနသလဲဆိုတာ သိမွာေပါ့ကြယ္ ။ "

" ဟြန္႔ ။ မဆိုင္တာေတြ ။ လံုးလံုးကို မဆိုင္တာေတြပါ မမႀကီးေနာ္ ။ ဒီခ်ည္ထိုးတာ မတတ္လည္း ရသားကို ။ "

" ဟင္ ။ ေမၿမိဳ႕က ဥတုရာသီမေ႐ြး ခ်မ္းျမျမေလကြယ္ ။ အကယ္၍ ၿမိဳင္ဟာ ခ်စ္တဲ့သူကို ေတြ႕ၿပီပဲထားဆို႔ ။ ၿမိဳင္ခ်စ္တဲ့သူ ခ်မ္းေအးေနတာကို လက္ပိုက္ၾကည့္ေနေတာ့မလို႔လား ဟင္ ။ "

" ေဈးႀကီးထဲမွာ အေႏြးထည္ေတြ အမ်ားႀကီး သြားဝယ္လိုက္မွာေပါ့ မမႀကီးရဲ႕ ။ ခက္တာလည္း မဟုတ္ဘဲကို ။ "

" ဒါျဖင့္လည္း ၿမိဳင့္လက္ထဲမွာ အသျပာ မရိွဘူး ၊ ခ်ည္လံုးသာရိွတယ္ပဲ ဆိုပါဆို႔ ။ ဒါဆို ၿမိဳင္ ဘာလုပ္မလဲ ။ "

ၿမိဳင္ဟာ ခံုေပၚမွာ ထိုင္ေနေသာ မမႀကီးအား မ်က္ဝန္းညိဳမ်ားနွင့္ တည္ၿငိမ္စြာ ၾကည့္ေတာ့သည္ ။ ၿမိဳင့္ရဲ႕ မ်က္ဝန္းေတြဟာ စကားမ်ားနွင့္ ခံစားခ်က္ေတြ ျပည့္နွက္ေနၿပီ ။ ခ်စ္တဲ့သူေႏြးေထြးဖို႔ ခ်ည္ထိုးျခင္းအတတ္ကို သူမ ႀကိဳးစားသင္ယူခဲ့ေတာ့သည္ ။ ဒါသည္ အခ်ိန္ၾကာလာေတာ့မွ ကေလးစကားျဖစ္ေသာ စကားအမွန္ေတြ ျဖစ္ခဲ့သည္ ။

အစ္ကိုအတြက္လည္း အက်ႌအေရာင္စံုေလးေတြ ၿမိဳင္ကိုယ္တိုင္ ခ်ည္ထိုးေပးခဲ့တယ္ေလ ။

အတိတ္ရဲ႕ေနွာင္ဖြဲ႕မႈေတြဆီမွ ေခတၱမ်ွရုန္းထြက္ၿပီး ၿမိဳင္ဟာ ၿပံဳးရယ္မိခဲ့သည္ ။ သူမ၏ ေအာက္ၾကမ္းျပင္တြင္ထိုင္ေနေသာ ညိဳေလးသည္ ခ်ည္မ်ွင္မ်ားအား ဂရုတစိုက္နွင့္ ထိုးခ်ည္ေနေပမယ့္လို႔ တစ္တိုင္ နွစ္တိုင္မွားေနျပန္ေတာ့သည္ ။

ညိဳေလး၏အမွားကို ေတြ႕ျမင္သြားေသာ ၿမိဳင္ဟာ မ်က္ေမွာင္ေလးအနည္းငယ္က်ဳတ္ၿပီး ညိဳေလးရဲ႕ ဦးေခါင္းအား ခြက္ခနဲျမည္ေအာင္ ေခါက္ခ်လိုက္ေပေတာ့သည္ ။

" အ ။ ေသပါၿပီ ။ "

ထီေပါက္သြားသလိုလို ခံစားခ်က္မ်ိဳးနွင့္ ညိဳေလးဟာ သူမရဲ႕ဦးေခါင္းကို ဖိပြတ္ရင္း မမၿမိဳင္ကို လွည့္ၾကည့္ေတာ့သည္ ။ ၿမိဳင့္ရဲ႕မ်က္နွာေပးဟာ မၾကည္ျဖဴေသာ မ်က္နွာေပးမ်ိဳး ။ ညိဳေလးသည္ ဦးေခါင္းကိုသာ ဖိပြတ္ၿမဲဖိပြတ္ဆဲ ျဖစ္ေနေပသည္ ။

" ဘာလို႔ ။ ဘာလို႔ လူကို ေခါက္ရတာလဲလို႔ ။ "

" လူသာဆို ေခါက္မေနဘူး ။ ညည္းက လူမွ မဟုတ္တာ ။ "

" ဟြန္႔ ။ မမၿမိဳင္ေနာ္ ။ ကြၽန္မက လူ ။ လူစစ္စစ္ရွင့္ ။ "

" လူျဖစ္ရင္ ဦးေနွာက္ပါရမွာေပါ့ ။ ဘယ္မလဲ မင္းဦးေနွာက္ ။

ဘယ့္နွယ့္ ။ တိုင္ေတြမွားေနတာ အေခါက္ေပါင္းမနည္းဘူး ။ မင္းကိုတတ္ေအာင္ တို႔ဘယ္လိုသင္ေပးရမလဲ ။ "

" ေက်ာင္းဆရာမေတာင္ ကႀကီး ၊ ခေခြး မေရးတတ္တဲ့ကေလးကို စိတ္ရွည္ရွည္နဲ႔ သင္ေပးရတာပဲ ။ မမၿမိဳင္က ကႀကီး ၊ ခေခြး မေရးတတ္တဲ့ကေလးလိုမ်ိဳး ကြၽန္မကို စိတ္ရွည္ရွည္နဲ႔ သင္ေပးေပါ့လို႔ ။ "

" စိတ္မရွည္နိုင္ပါဘူး ။ ဘာအက်ိဳးေက်းဇူးမွလည္း မရဘဲနဲ႔ ။ "

" ဘာကိုမရရမွာလဲ ။ တစ္ေန႔ရနိုင္မွာပဲ ဟာကို ။ "

" မင္း တို႔ကို ေအာ္ေနတာလဲ ။ "

" မေအာ္ရဲပါဘူးေနာ္ ။ မမၿမိဳင္ကိုေအာ္ရင္ ကြၽန္မ ျပန္ေအာ္ခံရမွာေပါ့လို႔ ။ "

" ဒါျဖင့္ ဘာလို႔စကားကို ေအာ္ေျပာေနရတာလဲ ။ "

" မမၿမိဳင္ မၾကားမွာဆိုးလို႔ ေအာ္ေျပာတာေပါ့လို႔ ။ "

" ၾကည့္ ။ ေအာ္ျပန္ၿပီ ။ "

တစ္ေယာက္နဲ႔တစ္ေယာက္ ၾကားရံုမ်ွသာ မေျပာၾကဘဲ တစ္ေယာက္ကိုတစ္ေယာက္ ႐ြဲ႕တဲ့တဲ့လုပ္ရင္း စံအိမ္ေတာ္တစ္ခုလံုးၾကားသည္အထိ ေအာ္ေျပာေနၾကသည့္ သူမတို႔ၾကားမွာ တိတ္ဆိတ္မႈဆိုတာမ်ိဳးဟာ ေယာင္ရမ္းလို႔သာ ေရာက္မလာခဲ့ ။

မမၿမိဳင္နွင့္ညိဳေလးတို႔ဟာ ထမသတ္ရံုတမယ္ တႀကိတ္ႀကိတ္ ရန္ျဖစ္ေနၾကပါသည္ ။

" ျမင္ရတာ က်က္သေရကို မရိွဘူး ။ "

" က်က္သေရမရိွလည္း မၾကည့္နဲ႔ေပါ့ မမၿမိဳင္ ။ "

" မၾကည့္ဘူးဟယ္ ။ မၾကည့္ဘူး ။ "

ဆိုကာျဖင့္ ၿမိဳင္ဟာ ညိဳေလးအနားမွာ တေဆာင့္ေဆာင့္လုပ္ကာ ထြက္သြားေပသည္ ။ စိတ္ဆိုးသြားၿပီ ။ ၿမိဳင္ စိတ္ဆိုးသြားသည္ ။ ညိဳေလးဟာ ဒါကို သိလိုက္သည္ ။ သူမအနားက ထြက္ခြာသြားသည့္ ၿမိဳင့္ရဲ႕ ေနာက္ေက်ာျပင္ကိုၾကည့္ရင္း နွလံုးသားထဲ စူးနစ္သကဲ့သို႔ ခံစားခ်က္သည္ ညိဳေလး၏ ဦးေနွာက္ဆီသို႔ပါ ျပန္နွ႔ံလာသည္ ။

အဲ့သလို ထြက္သြားတာမ်ိဳး ကြၽန္မ မႀကိဳက္ဘူး မမၿမိဳင္ ။

X X X X X

ညေနေစာင္းေရာက္ေသာအခါ၌ ညိဳေလးသည္ သူမ၏ အိပ္ခန္းအတြင္း ထိုင္ျခင္းမရိွခဲ့ ၊ လဲေလ်ာင္းျခက္းမရိွခဲ့ဘဲ အိပ္ခန္းတစ္ေလ်ွာက္ ေျခရာထပ္ေနေပေတာ့သည္ ။ ဟိုဘက္ကိုေလ်ွာက္လိုက္ ဒီဘက္ကိုေလ်ွာက္လိုက္ ၊ တစ္ေနရာရပ္ရင္း လက္သည္းကိုက္လိုက္ ၊ လမ္းျပန္ေလ်ွာက္လိုက္ရင္း ၊ အေတြးေတြမ်ားလာရင္းနွင့္ ညိဳေလးမွာ ဂနာမၿငိမ္ ျဖစ္ေနေတာ့သည္ ။

မေနနိုင္မထိုင္ေတာ့သည့္အဆံုး နံရံအေပါက္ေလးနားသို႔သြားရင္း တစ္ဖက္အခန္းရိွ မမၿမိဳင္အား နားစြင့္ေနေတာ့သည္ ။ သို႔ေသာ္ တိတ္ဆိတ္ျခင္းကသာ ညိဳေလးအား နႈတ္ဆက္ေလ၏ ။ ၿမိဳင္ ဘာေတြျဖစ္ေနသလဲ ညိဳေလး သိခ်င္မိသည္ ။ သူမအား စိတ္ဆိုးၿပီးကတည္းက အခန္းထဲမွာ ေနထိုင္ေနသည္မွာ ညေနေစာင္းလုၿပီ ။

ညိဳေလး မသိေသာ တစ္ဖက္အခန္း၌ ၿမိဳင္သည္ ကုတင္ေပၚမွာ ကိုယ္ကိုလွဲၿပီး အေတြးကမာၻထဲ နစ္ေမ်ာေနျခင္းပင္ျဖစ္သည္ ။ မ်က္ခြံမ်ားမွာေလးလံ၍ အညိဳေရာင္မ်က္ဝန္းထဲ၌ အၾကည္ေရာင္မ်က္ရည္မ်ား တလဲ့လဲ့ေတာက္ပေနရွာေတာ့သည္ ။

" ငယ္႐ြယ္စဥ္အခါက အစ္ကို႔ကို ၿမိဳင္ သိပ္သတိရတာပဲ အစ္ကိုရယ္ ။ "

ၿမိဳင္ဟာ သူမရဲ႕ ဝမ္းဗိုက္ကိုအသာကိုင္ရင္း တီးတိုးစြာ ေျပာေနျခင္းပင္ျဖစ္သည္ ။ အတိတ္ရဲ႕ခ်ည္ေနွာင္မႈေတြကို တစ္ခါျပန္၍ ေျခဦးလွည့္မိေပေတာ့သည္ ။

လြန္ခဲ့ေသာ ၁၂ နွစ္ေက်ာ္ခန္႔ဟာ ၿမိဳင့္အသက္ဟာ ၂၅ နွစ္သာ ရိွေသးသည္ ။ စံပယ္ပန္းလွလွေလးအား ပန္ဆင္ထားေသာ ငယ္႐ြယ္လွပသည့္ ၿမိဳင့္အား အလွဆံုးနတ္သမီးေလးနွင့္ တင္စားလိုက္ခ်င္ေလ၏ ။

ေမၿမိဳ႕ရိွ အဂၤလိပ္ေဆးခန္းတစ္ခု၌ ၿမိဳင္နွင့္ဆရာဝန္ႀကီးတို႔ စကားေျပာေဆြးေႏြးခဲ့ၾကရာ ၿမိဳင့္မွာ ကိုယ္ဝန္ ၃ လ ခန္႔ ရိွေနၿပီျဖစ္သည္ ။ အစ္ကို႔ကို လက္ထပ္သည့္အခ်ိန္ကတည္းက ကေလးလိုခ်င္ေနသာ ၿမိဳင္ဟာ ေပ်ာ္႐ႊင္သြားသည္ ။

" တကယ္ ။ ဒါ တကယ္ပဲလားဟင္ ။ အိပ္မက္ မဟုတ္ပါဘူးေနာ္ ။ "

" အိပ္မက္မဟုတ္ပါဘူး ။ မိန္းကေလးမွာ ကိုယ္ဝန္ ၂ လ ရိွေနပါၿပီ ။ ခင္ပြန္းအတြက္ ဂုဏ္ယူပါတယ္ ခင္ဗ်ာ ။ "

ၿမိဳင္သည္ အင္မတန္မႈ ၿပံဳး႐ႊင္ေနသည္ ။ ထိုအၿပံဳးေတြဟာ အသက္ဝင္လွသည္ ။ ခ်စ္ရတဲ့ အစ္ကို႔ရဲ႕ကေလးကို ၿမိဳင္ ေမြးခြင့္ရေတာ့မည္ ဆိုေသာအသိဟာ ၿမိဳင့္ရဲ႕ဦးေနွာက္ထဲမွာသာမက ၿမိဳင့္ရဲ႕နွလံုးသားဆီသို႔ပါ စီးဆင္းလာေတာ့သည္ ။

ၿမိဳင္သည္ သူမရဲ႕ရင္ေသြးေလးရိွရာ ဗိုက္ကိုအသာကိုင္ပြတ္ရင္း ၿပံဳးရယ္ေနသည္ ။

အစ္ကိုနဲ႔ၿမိဳင့္ရဲ႕ ခ်စ္သက္ေသေလး ျဖစ္ထြန္းလာၿပီေပါ့ အစ္ကိုရယ္ ။
ၿမိဳင္ သိပ္ေပ်ာ္တာပဲသိရဲ႕လား ။
ၿမိဳင္ဟာ မိခင္ျဖစ္ေတာ့မယ္ ။
ၿမိဳင္နဲ႔အစ္ကို႔ၾကားမွာ သံေယာဇဥ္ေလးတစ္မ်ွင္ တိုးလာေတာ့မယ္ ။

ၿမိဳင္ဟာ ပီတိၿပံဳးေလးၿပံဳးရင္း မ်က္ရည္ေဝေနမိေတာ့သည္ ။ ယခုအခ်ိန္၌ သိပ္လွတဲ့ေကာင္းျခင္းေလးဟာ ၿမိဳင့္ဆီသို႔ က်ေရာက္လာခဲ့ၿပီ ။

ၿမိဳင္ဟာ အဂၤလိပ္ေဆးခန္းမွ ဆရာဝန္ေပးေသာ ေဆးစာ႐ြက္ကို ၿပံဳး႐ႊင္စြာကိုင္ၿပီး ေဆးခန္းအျပင္ဘက္သို႔ ထြက္လာခဲ့ရာ၌ ေဆးခန္းအျပင္ဘက္ လမ္းမႀကီးတစ္ဖက္၌ ကိုျမင့္ေမာင္ကို လွမ္းေတြ႕ေတာ့သည္ ။ သို႔ေသာ္ ။ သို႔ေသာ္ ၿမိဳင့္ရဲ႕မ်က္နွာမွာ ၿပံဳး႐ႊင္ျခင္းေတြ မရိွခဲ့ဘဲ အံ့ၾသထိတ္လန္႔မႈေတြသာ ရိွခဲ့ေပသည္ ။

ကံေကာင္းရာမွ ကံဆိုးသြားခဲ့ေသာ ၿမိဳင္ ။ ခ်စ္ရတဲ့အစ္ကို ကိုျမင့္ေမာင္ရဲ႕ရင္ခြင္ထဲသို႔ အမ်ိဳးသမီးတစ္ေယာက္ဟာ ေနရာယူထားခဲ့ၿပီ ။ အစ္ကို႔ရဲ႕ ေႏြးေထြးတဲ့လက္ေတြဟာ ထိုအမ်ိဳးသမီးရဲ႕ ခႏၶာကိုယ္ေပၚသို႔ ေရာက္ရိွေနခဲ့ၿပီ ။

ထိုျဖစ္စဥ္ျဖစ္ရပ္ကို အေမေမြးကတည္းကပါလာတဲ့ သူမရဲ႕မ်က္ဝန္းမ်ားနွင့္ ျမင္မိတာေတာင္ ယံုၾကည္ျခင္းမဲ့ေနခဲ့ ။ သို႔ေသာ္ သူမရဲ႕နွလံုးသားဟာ မြန္းၾကပ္ျခင္း ၊ ဝမ္းနည္းျခင္း ၊ သိမ္ငယ္ျခင္းတို႔ ျပည့္ေနခဲ့ၿပီ ။ အသက္ရွဴရၾကပ္လာသျဖင့္ သူမရဲ႕ရင္ဘက္တစ္စံုအား လက္သီးစုတ္ကာ ထုေခ်ေနခဲ့ၿပီ ။ မ်က္ရည္မ်ား က်ဆင္းေနသည္ကိုေတာင္ သတိမထားမိခဲ့ ။ ၿမိဳင္ ကံဆိုးမိုးေမွာင္က်ေနၿပီ ။

အစ္ကိုေပးခဲ့တဲ့ သစၥာနဲ႔ကတိဆိုေသာ စကားလံုးမ်ားဟာ ကိုယ္ဝန္ႏုနယ္စြာေသာ ၿမိဳင့္ရဲ႕ဦးေနွာက္ဆီသို႔ မဖတ္ေခၚဘဲ ေရာက္လာခဲ့ၿပီ ။ တုန္ရီေနေသာ နႈတ္ခမ္းေတြဟာ ကူရာမဲ့ေနခဲ့ၿပီ ။

လမ္းမႀကီးေပၚ၌ ျဖတ္ကာေမာင္းသြားေသာ ျမင္းရထားမ်ားဆီက ခ်ဴသံ ၊ ျမင္းခြာသံမ်ားကို ၿမိဳင္ မၾကားနိုင္ေတာ့ ။ လမ္းမထက္ရိွ လမ္းေလ်ွာက္သြားေသာသူမ်ား၏ စကားေျပာသံမ်ား ၊ ကေလးငယ္မ်ား၏ ရယ္သံမ်ား ၊ ေဈးသည္မ်ား၏ ေဈးေရာင္းသံမ်ားကို ၿမိဳင္ မၾကားနိုင္ေတာ့ ။ ၿမိဳင္ဟာကမာၻပ်က္ေနၿပီ ။

ကတိေတြေပးခဲ့ၿပီးမွ ဖ်က္သြားတဲ့ အစ္ကို ။ သစၥာစကားေတြကို ခ်ိဳးေဖာက္သြားတဲ့ အစ္ကို ။

" ရက္စက္လိုက္တာ အစ္ကိုရယ္ ။ "

တုန္ရီေနေသာ နႈတ္ခမ္းမ်ားနွင့္ တီးတိုးစြာေျပာမိေပမယ့္ သူမစကားသံကိုေတာင္ သူမ မၾကားခဲ့ပါ ။ အျမင္အာရံုေတြဟာ အသက္မဲ့ေနခဲ့ေတာ့သည္ ။

ထိုအခ်ိန္ လမ္းမေဘးတစ္ဖက္၌ တစ္ေယာက္တည္း ကမာၻပ်က္ေနသည့္ ၿမိဳင့္ကို ကိုျမင့္ေမာင္ ျမင္ေတြ႕သြားေတာ့သည္ ။ ရင္ခြင္ထဲက အမ်ိဳးသမီးကို အတင္းဖယ္ထုတ္လိုက္ၿပီး ၿမိဳင့္ဆီသြားဖို႔ ေျခလွမ္းျပင္ေတာ့ ထိုအမ်ိဳးသမီးဟာ ကိုျမင့္ေမာင္ လက္ကိုလွမ္းဆြဲၿပီး သူမအနားကထြက္သြားဖို႔ ၊ ၿမိဳင့္ဆီသို႔ မသြားဖို႔ ဆိုေသာ ဝမ္းနည္းစရာ မ်က္ဝန္းမ်ားနွင့္ ၾကည့္ေနခဲ့ေတာ့သည္ ။

သို႔ေပတည္း ကိုျမင့္ေမာင္မွာ ထိုသို႔ မလုပ္နိုင္ခဲ့ ။ ၿမိဳင့္ကို ခ်စ္သည္ ။ ၿမိဳင့္ကို မစြန္႔ပစ္နိုင္ ။ လက္ကိုဖယ္လိုက္ကာျဖင့္ လမ္းမႀကီးတစ္ဖက္က ၿမိဳင့္ဆီသို႔ ျမင္းရထားလံုးမ်ားကို ျဖတ္ရင္းအေျပးသြားေတာ့သည္ ။

" ၿမိဳင္ ။ "

ၿမိဳင္ဟာ နားပါလ်ွက္နဲ႔ေတာင္ သူမကိုေခၚေနသည္ကို မၾကားနိုင္ေတာ့ ။ အသက္ရွဴရၾကပ္ေနေသာ သူမရဲ႕ ရင္ဘက္ကိုသာ ထုေခ်ရင္းထုေခ်ေနေတာ့သည္ ။ အသံတိတ္ငိုေနရသည္ေၾကာင့္ ၿမိဳင့္ကို ပို၍မြန္းၾကပ္လာေစသည္ ။

" ၿမိဳင္ ။ "

ကိုျမင့္ေမာင္သည္ သူအား ေက်ာခိုင္းလွည့္ထားေသာ ၿမိဳင့္အား ဆြဲလွည့္လိုက္ေတာ့သည္ ။ ၿမိဳင့္ရဲ႕မ်က္ရည္ေတြကို အစ္ကိုျမင္လိုက္သည္ ။

ၿမိဳင္ဟာ အခ်စ္ကိုရူးသြပ္ေနတဲ့ မိန္းမတစ္ေယာက္ ။ အစ္ကို႔ကို ျမင္မိပါလ်ွက္နဲ႔ ၿမိဳင္ ဘာလုပ္လို႔ လုပ္ရမွန္းမသိ ၊ ၿမိဳင့္ရဲ႕ ဦးေနွာက္ဟာ အလုပ္မလုပ္ေတာ့ ။

အသိစိတ္လြတ္ေနေသာ ၿမိဳင့္ရဲ႕ခႏၶာကိုယ္ကို တစ္ခ်က္နွစ္ခ်က္မ်ွ ဆြဲခါလိုက္ကာမွ ၿမိဳင္ဟာ အသိစိတ္ျပန္ဝင္လာေတာ့သည္ ။

" အစ္ကို ။ အစ္ကို အစ္ကို ဘာ့ေၾကာင့္ အဲ့သလို လုပ္ရတာလဲ ။ "

" ၿမိဳင္ ။ "

" ဘာ့ေၾကာင့္ အဲ့သလို လုပ္ရတာလဲ ။ ၿမိဳင့္အေပၚမွာ ဘာလို႔ သစၥာေဖာက္ရတာလဲ ။ ဘာလို႔ ကတိေတြဖ်က္ရတာလဲ ။ "

" ၿမိဳင္ ။ "

" အစ္ကို သိပ္ရက္စက္တယ္ ။ ရွင္ ကြၽန္မကို သိပ္ရက္စက္တယ္ ။ "

လူအမ်ားဝိုင္းအံုၾကည့္ေနသည္ကိုေတာင္ ၿမိဳင္ သတိမထားမိ ။ ရင္ထဲနင့္ေနေလာက္ေအာင္ ခံစားရသည္ ။ အဆိပ္ေတြေရာက္ေနသလို ၿမိဳင့္ရဲ႕ရင္မွာ အသည္းကြဲေနၿပီ ။

ၿမိဳင္ဟာ ကုိျမင့္ေမာင္၏ ရင္ဘက္ကို လက္သီးစုတ္ၿပီး ထုရိုက္ေနေပမယ့္လို႔ ခ်စ္ရတဲ့အစ္ကို နာက်င္မွာကိုလည္း သူမ မလိုခ်င္ခဲ့ ။ ေအာ္ဟစ္ငိုရံုမ်ွသာ တတ္နိုင္ေသာေၾကာင့္ ထုရိုက္ေနသည္ကို ရပ္တန္႔၍ ငိုေႂကြးေနရွာေတာ့သည္ ။ 

" ၿမိဳင္ ။ အစ္ကို ေတာင္းပန္ပါတယ္ကြာ ။ "

" ေဖာက္ျပန္တတ္တဲ့ ေယာက္်ား ။ လူယူတ္မာ ။ သစၥာေဖာက္ေကာင္ ။ "

ဟု ေျပာၿပီး လူပံုအလယ္၌ ကိုျမင့္ေမာင္ရဲ႕ပါးအား ေျဖာင္းခနဲျမည္ေအာင္ ရိုက္လိုက္ေတာ့သည္ ။ သူမကိုယ္တိုင္ အစ္ကို႔ရဲ႕ပါးကိုရိုက္လိုက္ေပမယ့္လို႔ အစ္ကိုနာက်င္သြားမွာကိုလည္း စိုးရိမ္ေနသည္ ။ သို႔ေသာ္ ၿမိဳင့္ရဲ႕လက္ေတြဟာေတာ့ တုန္ရီေနသည္ ။

ေယာက္်ားတစ္ေယာက္ျဖစ္သည္ေၾကာင့္ ကိုျမင့္ေမာင္မွာ လူပံုအလယ္အရွက္ကြဲခံရေသာ္လည္း ၿမိဳင္ နားလည္ဖို႔က အေရးႀကီးသည္ေၾကာင့္ ၿမိဳင့္ကို စိုးရိမ္တႀကီးျဖစ္ေနေတာ့သည္ ။

" ၿမိဳင္ ။ "

" ႐ြံစရာေကာင္းတဲ့ လက္ေတြနဲ႔ ကြၽန္မ အသားကို လာမထိစမ္းနဲ႔ ။ "

" ၿမိဳင္ ။ အစ္ကိုရွင္းျပတာ နားေထာင္ဦး ။ "

" ရွင့္ပါးစပ္က အလိမ္အညာေတြပဲ ထြက္လာမွာ ။ ကြၽန္မ နွလံုးသားတစ္ခုလံုး ကြဲေၾကပ်က္ဆီးသြားတဲ့အထိ အလိမ္အညာေတြပဲ ေျပာခဲ့တယ္ မဟုတ္လား ။ ကိုျမင့္ေမာင္ ကြၽန္မအခ်စ္က အဲ့သေလာက္ေတာင္ ေဈးေပါသလား ။ ဒီမိန္းမပ်က္ေတြကို ခ်စ္ရေလာက္တဲ့အထိ ကြၽန္မအခ်စ္က တန္ဖိုးမဲ့ေနသလား ။ ဟင္ ။ "

" မဟုတ္ဘူး ။ မဟုတ္ဘူး ၿမိဳင္ ။ "

" ရွင့္ကို အရမ္းမုန္းတယ္ ။ "

ၿမိဳင္ဟာ သိပ္ခ်စ္တဲ့ရသူျဖစ္လို႔ ရႈံးနိမ့္သြားပါၿပီ ။ ကိုျမင့္ေမာင္ကို မမုန္းနိုင္ပါဘူး ။ ခက္ခက္ခဲခဲ ရင္ဆိုင္ၿပီး ခ်စ္တဲ့သူကိုလက္ထပ္ထားခဲ့တာေၾကာင့္ သူမ မမုန္းရက္နိုင္ပါဘူး ။

သူမတို႔အား လူမ်ားဝိုင္းအံုၾကည့္ေနသည္ကို ၿမိဳင္ သတိထားမိသြားေတာ့သည္ ။ ၿမိဳင့္ရဲ႕ အသိစိတ္ေတြဟာ ပတ္ဝန္းက်င္အေပၚသို႔ က်ေရာက္သြားေတာ့သည္ ။ သတ္ေသခ်င္စိတ္မ်ားျဖစ္ၿပီး အရွက္ရသြားၿပီ ။ သူမအား သီရိၿမိဳင္စံအိမ္ေတာ္ သခင္မၿမိဳင္ဟု သိေနၾကေသာသူမ်ားကအစ သူမတို႔ျဖစ္စဥ္ျဖစ္ရပ္ဟာ မတ္တပ္ရပ္ၾကည့္လို႔ တီးတိုးေျပာေနၾကေတာ့သည္ ။

ကိုျမင့္ေမာင္ကို လွည့္ၾကည့္ေတာ့ စိုးရိမ္ႀကီးေနတဲ့ မ်က္ဝန္းေတြနဲ႔ ၾကည့္ေနသည္ ။ ဒီမ်က္ဝန္းေတြကို ၿမိဳင္ မုန္းတီးလာခဲ့သည္ ။ ဒါေပမယ့္ ဒီမ်က္ဝန္းေတြကပဲ ၿမိဳင့္ကို ခ်စ္တတ္ေအာင္ သင္ေပးခဲ့တာေလ ။

လမ္းတစ္ဖက္ကမိန္းမကိုၾကည့္ရင္း ထိုမိန္းမကိုေတာ့ အမုန္းႀကီးကို မုန္းတီးေနေတာ့သည္ ။ ထိုမိန္းမရဲ႕မ်က္နွာကို ၿမိဳင္ဟာ ေသရာပါဒါဏ္ရာတစ္ခုလို ဦးေနွာက္ထဲမွာ အၿမဲမွတ္မိေနခဲ့ေတာ့သည္ ။

မ်က္နွာခ်င္းဆိုင္ဖို႔ အင္အားမရိွေတာ့သျဖင့္ ၿမိဳင္ဟာ သူတို႔အနားမွ ထြက္သြားဖို႔ ေက်ာခိုင္းမိေတာ့သည္ ။ တီးတိုးစြာေျပာေနၾကေသာ အတင္းစကားမ်ားကို ၿမိဳင္ မၾကားခ်င္ေတာ့ ။ ၿမိဳင့္ရဲ႕ ဂုဏ္သိကၡာမ်ားဟာ ပို၍ပို၍ မရိွေတာ့ၿပီ ။

ယိုင္နဲ႔ေနေသာ ေျခလွမ္းမ်ားကို အားျပဳ၍ လမ္းေလ်ွာက္ေနေသာၿမိဳင္ဟာ ေျမၿပိဳသလိုခံစားမ်ိဳးနွင့္အတူတူ လမ္းမေပၚသို႔ ေခြၫႊတ္က်ကာ ေမ့လဲသြားေပေတာ့သည္ ။

" ၿမိဳင္ ။ ၿမိဳင္ ။ "

ကိုျမင့္ေမာင္ဟာ ၿမိဳင့္ရဲ႕ခႏၶာကိုယ္အား အသာေပြ႕ယူၿပီး လႈပ္ခါနိုးေပမယ့္ ၿမိဳင္ဟာ နိုး၍မလာေပ ။ ၿမိဳင္ရဲ႕အသိကေတာ့ သူမ ေသသြားၿပီ ဆို၍သာ ႀကီးစိုးေနေတာ့သည္ ။ ၿမိဳင္ဟာ သူမရဲ႕ခႏၶာကိုယ္၌ သူမရဲ႕ဝိဉာဥ္ လႊင့္ထြက္သြားသည္ဆိုေသာ ခံစားခ်က္ဟာ မ်က္လႊာၾကားထဲက မ်က္ရည္မ်ားနွင့္အတူတူ ဆင္းက်လာခဲ့ေပေတာ့သည္ ။

လက္ထဲ၌ ျပဳတ္က်သြားေသာ ေဆးစာ႐ြက္ကေလးကေတာ့ ေလနွင္ရာဘက္သို႔ ယိမ္းယိုင္ဖို႔အတြက္ ၿမိဳင့္အနားမွ တီးတိုးစြာျဖင့္ တိတ္တိတ္ကေလး ထြက္ခြာသြားေပေတာ့သည္ ။

X  X  X  X  X

ဆက္ရန္ရိွသည္ ။

morA_nyein
19.11.2022







ဆောင်းရာသီရဲ့အေးမြမှုဟာ စိမ့်ခနဲ ၊ တုန်ခနဲအတိ ။ မေမြို့ရဲ့ အလှတရားဟာ မွှေးပျံ့သောပန်းပင်ပေါင်းများစွာနဲ့ ရစ်ထွေနေလျက် ။ တစ်ခါတစ်ရံ နှင်းများဖုံးလွှမ်းနေသည့်အချိန် အရိုးအထိပါ ချမ်းစိမ့်တုန်ခိုက်ရသည် ။ လက်ချောင်း ၊ ခြေချောင်းများသည် ရေခဲတုံးကိုင်ထားသကဲ့သို့ပါပင် ။

ထိုသို့သော ချမ်းအေးမှုကို ချမ်းသာသောလူများဟာ နွေးထွေးမှုပြောင်းလဲနိုင်သော်လည်း ဆင်းရဲသောသူများမှာမူ ဖာထေးထားသော အနွေးဝတ်တစ်ထည်နှင့်သာ ချမ်းခိုက်တုန်လှုပ်လျက် အနှိုင်းမဲ့အေးစိမ့်လှသော ဆောင်းရာသီအား ဖြတ်သန်းခဲ့ရပေသည် ။

သီရိမြိုင်စံအိမ်ပတ်ဝန်းကျင်၌ မြူခိုးများ ရစ်ထွေလျက်ရှိနေပေမယ့် စံအိမ်အတွင်းရှိ အမျိုးသမီးနှစ်ဦးမှာတော့ နွေးထွေးစွာဖြင့် ချည်လုံးထိုးနေကြပေတော့သည် ။

ချည်ထိုးခြင်းအတတ်သည် လူဆင်းရဲမရွေး လူချမ်းသာတိုင်းလည်း တတ်မြောက်သင့်သည့် ပညာရပ်တွင် ပါဝင်သော်လည်း ညိုလေးမှာမူ ချည်ကို ဘယ်သို့ဘယ်ပုံထိုးရမှန်း မသိခဲ့ပေ ။

သခင်မမြိုင်သည် ညိုလေးအား ချည်ထိုးနည်းသင်ပေးနေတော့သည် ။ စိတ်လက်တစ်စစ်ရှိသော မြိုင့်ဆီမှာ ချည်ထိုးနည်းသင်ယူနေသည့် ညိုလေးအဖို့ အင်မတန်မှ ထိတ်လန့်စရာပါပင် ။

" ပထမကြိုး မဟုတ်ဘူး ။ ဒုတိယကြိုးကို ယူရမှာ ။ "

စံအိမ်တော်ဧည့်ခန်းထဲရှိ ခုံ၌ မြိုင်ဟာထိုင်နေရင်း ကြမ်းပြင်အောက်တွင်ထိုင်ကာ ချည်ထိုးနည်းသင်ယူနေသော ညိုလေးအား သတိပေးလိုက်ခြင်းဖြစ်သည် ။ တုတ်ချောင်းနှစ်ချောင်းနှင့် ပထမချည်ပဲ ယူရမလိုလို ဒုတိယချည်ကိုပဲ ယူရမလိုလိုဖြစ်နေသည့် ညိုလေးခင်ဗျာ မြိုင့်ကိုပါ ကြောက်လန့်နေရသည် ။

မြိုင်ဟာ သူမရဲ့ကြမ်းပြင်အောက်တွင် ထိုင်နေသော ညိုလေးအား စူးစိုက်ကြည့်မိတော့သည် ။ ချည်လုံးမထိုးတတ်ချိန် မမကြီးဆီမှာ သင်ယူခဲ့သော သူမရဲ့ပုံရိပ်ကို အမှန်ရသွားစေတော့သည် ။

" မြိုင် ။ ပထမချည်ကြိုးမဟုတ်ဘူးလေကွယ် ။ ဒုတိယချည်ကြိုးကို ယူရမှာ ။ ဒီမယ် မမကြီး ပြမယ် ။ "

မမကြီးဟာ ကြမ်းပြင်အောက်တွင်ထိုင်နေသော မြိုင့်ဆီသို့ ခါးကိုအနည်းငယ်မျှကုန်းလျက် မြိုင့်အား စိတ်ရှည်စွာဖြင့် အသေးစိတ်သင်ပေးနေလေသည် ။

မြိုင်ဟာ ချည်ထိုးခြင်းအတတ်ကို စိတ်ဝင်စားခြင်းမရှိပါ ။ မျိုးရိုးမြင့်ဖြစ်လာသည်နှင့်အမျှ ထိုအတတ်ပညာကို မဖြစ်မနေ သင်ယူရမည်ဆိုသော စံအိမ်တော်ရဲ့စည်းကမ်းကို မြိုင် သဘောမကျပါ ။ ဆန့်ကျင်ချင်သည် ။

မြိုင်ဟာ ဖူးဝေဆာနေသော နှုတ်ခမ်းလေးကို အနည်းငယ်မျှစူလျက် ချည်လုံးနှင့်တုတ်ချောင်းများကို ခုံပေါ်သို့ လှမ်းတင်လိုက်လေတော့သည် ။

" ခက်ရချည်ရဲ့ မမကြီးရယ် ။ မြိုင် ချည်မထိုးချင်ပါဘူး ။ အင်မတန်မှ အလုပ်ရှုပ်တဲ့ အရာတွေ မြိုင့်ကို လာမလုပ်ခိုင်းပါနဲ့တော့ ။ "

" ဟော ။ မြိုင် ။ ကိုယ်ဟာ ဒီစံအိမ်တော်မှာ အရှင်သခင်လေ ။ အရှင်သခင်က အားလုံးသိထားတတ်ထားမှ လက်အောက်ငယ်သားတွေကို ဘယ်လမ်းကိုဘယ်လိုချိုးနေသလဲဆိုတာ သိမှာပေါ့ကွယ် ။ "

" ဟွန့် ။ မဆိုင်တာတွေ ။ လုံးလုံးကို မဆိုင်တာတွေပါ မမကြီးနော် ။ ဒီချည်ထိုးတာ မတတ်လည်း ရသားကို ။ "

" ဟင် ။ မေမြို့က ဥတုရာသီမရွေး ချမ်းမြမြလေကွယ် ။ အကယ်၍ မြိုင်ဟာ ချစ်တဲ့သူကို တွေ့ပြီပဲထားဆို့ ။ မြိုင်ချစ်တဲ့သူ ချမ်းအေးနေတာကို လက်ပိုက်ကြည့်နေတော့မလို့လား ဟင် ။ "

" ဈေးကြီးထဲမှာ အနွေးထည်တွေ အများကြီး သွားဝယ်လိုက်မှာပေါ့ မမကြီးရဲ့ ။ ခက်တာလည်း မဟုတ်ဘဲကို ။ "

" ဒါဖြင့်လည်း မြိုင့်လက်ထဲမှာ အသပြာ မရှိဘူး ၊ ချည်လုံးသာရှိတယ်ပဲ ဆိုပါဆို့ ။ ဒါဆို မြိုင် ဘာလုပ်မလဲ ။ "

မြိုင်ဟာ ခုံပေါ်မှာ ထိုင်နေသော မမကြီးအား မျက်ဝန်းညိုများနှင့် တည်ငြိမ်စွာ ကြည့်တော့သည် ။ မြိုင့်ရဲ့ မျက်ဝန်းတွေဟာ စကားများနှင့် ခံစားချက်တွေ ပြည့်နှက်နေပြီ ။ ချစ်တဲ့သူနွေးထွေးဖို့ ချည်ထိုးခြင်းအတတ်ကို သူမ ကြိုးစားသင်ယူခဲ့တော့သည် ။ ဒါသည် အချိန်ကြာလာတော့မှ ကလေးစကားဖြစ်သော စကားအမှန်တွေ ဖြစ်ခဲ့သည် ။

အစ်ကိုအတွက်လည်း အင်္ကျီအရောင်စုံလေးတွေ မြိုင်ကိုယ်တိုင် ချည်ထိုးပေးခဲ့တယ်လေ ။

အတိတ်ရဲ့နှောင်ဖွဲ့မှုတွေဆီမှ ခေတ္တမျှရုန်းထွက်ပြီး မြိုင်ဟာ ပြုံးရယ်မိခဲ့သည် ။ သူမ၏ အောက်ကြမ်းပြင်တွင်ထိုင်နေသော ညိုလေးသည် ချည်မျှင်များအား ဂရုတစိုက်နှင့် ထိုးချည်နေပေမယ့်လို့ တစ်တိုင် နှစ်တိုင်မှားနေပြန်တော့သည် ။

ညိုလေး၏အမှားကို တွေ့မြင်သွားသော မြိုင်ဟာ မျက်မှောင်လေးအနည်းငယ်ကျုတ်ပြီး ညိုလေးရဲ့ ဦးခေါင်းအား ခွက်ခနဲမြည်အောင် ခေါက်ချလိုက်ပေတော့သည် ။

" အ ။ သေပါပြီ ။ "

ထီပေါက်သွားသလိုလို ခံစားချက်မျိုးနှင့် ညိုလေးဟာ သူမရဲ့ဦးခေါင်းကို ဖိပွတ်ရင်း မမမြိုင်ကို လှည့်ကြည့်တော့သည် ။ မြိုင့်ရဲ့မျက်နှာပေးဟာ မကြည်ဖြူသော မျက်နှာပေးမျိုး ။ ညိုလေးသည် ဦးခေါင်းကိုသာ ဖိပွတ်မြဲဖိပွတ်ဆဲ ဖြစ်နေပေသည် ။

" ဘာလို့ ။ ဘာလို့ လူကို ခေါက်ရတာလဲလို့ ။ "

" လူသာဆို ခေါက်မနေဘူး ။ ညည်းက လူမှ မဟုတ်တာ ။ "

" ဟွန့် ။ မမမြိုင်နော် ။ ကျွန်မက လူ ။ လူစစ်စစ်ရှင့် ။ "

" လူဖြစ်ရင် ဦးနှောက်ပါရမှာပေါ့ ။ ဘယ်မလဲ မင်းဦးနှောက် ။

ဘယ့်နှယ့် ။ တိုင်တွေမှားနေတာ အခေါက်ပေါင်းမနည်းဘူး ။ မင်းကိုတတ်အောင် တို့ဘယ်လိုသင်ပေးရမလဲ ။ "

" ကျောင်းဆရာမတောင် ကကြီး ၊ ခခွေး မရေးတတ်တဲ့ကလေးကို စိတ်ရှည်ရှည်နဲ့ သင်ပေးရတာပဲ ။ မမမြိုင်က ကကြီး ၊ ခခွေး မရေးတတ်တဲ့ကလေးလိုမျိုး ကျွန်မကို စိတ်ရှည်ရှည်နဲ့ သင်ပေးပေါ့လို့ ။ "

" စိတ်မရှည်နိုင်ပါဘူး ။ ဘာအကျိုးကျေးဇူးမှလည်း မရဘဲနဲ့ ။ "

" ဘာကိုမရရမှာလဲ ။ တစ်နေ့ရနိုင်မှာပဲ ဟာကို ။ "

" မင်း တို့ကို အော်နေတာလဲ ။ "

" မအော်ရဲပါဘူးနော် ။ မမမြိုင်ကိုအော်ရင် ကျွန်မ ပြန်အော်ခံရမှာပေါ့လို့ ။ "

" ဒါဖြင့် ဘာလို့စကားကို အော်ပြောနေရတာလဲ ။ "

" မမမြိုင် မကြားမှာဆိုးလို့ အော်ပြောတာပေါ့လို့ ။ "

" ကြည့် ။ အော်ပြန်ပြီ ။ "

တစ်ယောက်နဲ့တစ်ယောက် ကြားရုံမျှသာ မပြောကြဘဲ တစ်ယောက်ကိုတစ်ယောက် ရွဲ့တဲ့တဲ့လုပ်ရင်း စံအိမ်တော်တစ်ခုလုံးကြားသည်အထိ အော်ပြောနေကြသည့် သူမတို့ကြားမှာ တိတ်ဆိတ်မှုဆိုတာမျိုးဟာ ယောင်ရမ်းလို့သာ ရောက်မလာခဲ့ ။

မမမြိုင်နှင့်ညိုလေးတို့ဟာ ထမသတ်ရုံတမယ် တကြိတ်ကြိတ် ရန်ဖြစ်နေကြပါသည် ။

" မြင်ရတာ ကျက်သရေကို မရှိဘူး ။ "

" ကျက်သရေမရှိလည်း မကြည့်နဲ့ပေါ့ မမမြိုင် ။ "

" မကြည့်ဘူးဟယ် ။ မကြည့်ဘူး ။ "

ဆိုကာဖြင့် မြိုင်ဟာ ညိုလေးအနားမှာ တဆောင့်ဆောင့်လုပ်ကာ ထွက်သွားပေသည် ။ စိတ်ဆိုးသွားပြီ ။ မြိုင် စိတ်ဆိုးသွားသည် ။ ညိုလေးဟာ ဒါကို သိလိုက်သည် ။ သူမအနားက ထွက်ခွာသွားသည့် မြိုင့်ရဲ့ နောက်ကျောပြင်ကိုကြည့်ရင်း နှလုံးသားထဲ စူးနစ်သကဲ့သို့ ခံစားချက်သည် ညိုလေး၏ ဦးနှောက်ဆီသို့ပါ ပြန်နှံ့လာသည် ။

အဲ့သလို ထွက်သွားတာမျိုး ကျွန်မ မကြိုက်ဘူး မမမြိုင် ။

X X X X X

ညနေစောင်းရောက်သောအခါ၌ ညိုလေးသည် သူမ၏ အိပ်ခန်းအတွင်း ထိုင်ခြင်းမရှိခဲ့ ၊ လဲလျောင်းခြက်းမရှိခဲ့ဘဲ အိပ်ခန်းတစ်လျှောက် ခြေရာထပ်နေပေတော့သည် ။ ဟိုဘက်ကိုလျှောက်လိုက် ဒီဘက်ကိုလျှောက်လိုက် ၊ တစ်နေရာရပ်ရင်း လက်သည်းကိုက်လိုက် ၊ လမ်းပြန်လျှောက်လိုက်ရင်း ၊ အတွေးတွေများလာရင်းနှင့် ညိုလေးမှာ ဂနာမငြိမ် ဖြစ်နေတော့သည် ။

မနေနိုင်မထိုင်တော့သည့်အဆုံး နံရံအပေါက်လေးနားသို့သွားရင်း တစ်ဖက်အခန်းရှိ မမမြိုင်အား နားစွင့်နေတော့သည် ။ သို့သော် တိတ်ဆိတ်ခြင်းကသာ ညိုလေးအား နှုတ်ဆက်လေ၏ ။ မြိုင် ဘာတွေဖြစ်နေသလဲ ညိုလေး သိချင်မိသည် ။ သူမအား စိတ်ဆိုးပြီးကတည်းက အခန်းထဲမှာ နေထိုင်နေသည်မှာ ညနေစောင်းလုပြီ ။

ညိုလေး မသိသော တစ်ဖက်အခန်း၌ မြိုင်သည် ကုတင်ပေါ်မှာ ကိုယ်ကိုလှဲပြီး အတွေးကမ္ဘာထဲ နစ်မျောနေခြင်းပင်ဖြစ်သည် ။ မျက်ခွံများမှာလေးလံ၍ အညိုရောင်မျက်ဝန်းထဲ၌ အကြည်ရောင်မျက်ရည်များ တလဲ့လဲ့တောက်ပနေရှာတော့သည် ။

" ငယ်ရွယ်စဉ်အခါက အစ်ကို့ကို မြိုင် သိပ်သတိရတာပဲ အစ်ကိုရယ် ။ "

မြိုင်ဟာ သူမရဲ့ ဝမ်းဗိုက်ကိုအသာကိုင်ရင်း တီးတိုးစွာ ပြောနေခြင်းပင်ဖြစ်သည် ။ အတိတ်ရဲ့ချည်နှောင်မှုတွေကို တစ်ခါပြန်၍ ခြေဦးလှည့်မိပေတော့သည် ။

လွန်ခဲ့သော ၁၂ နှစ်ကျော်ခန့်ဟာ မြိုင့်အသက်ဟာ ၂၅ နှစ်သာ ရှိသေးသည် ။ စံပယ်ပန်းလှလှလေးအား ပန်ဆင်ထားသော ငယ်ရွယ်လှပသည့် မြိုင့်အား အလှဆုံးနတ်သမီးလေးနှင့် တင်စားလိုက်ချင်လေ၏ ။

မေမြို့ရှိ အင်္ဂလိပ်ဆေးခန်းတစ်ခု၌ မြိုင်နှင့်ဆရာဝန်ကြီးတို့ စကားပြောဆွေးနွေးခဲ့ကြရာ မြိုင့်မှာ ကိုယ်ဝန် ၃ လ ခန့် ရှိနေပြီဖြစ်သည် ။ အစ်ကို့ကို လက်ထပ်သည့်အချိန်ကတည်းက ကလေးလိုချင်နေသာ မြိုင်ဟာ ပျော်ရွှင်သွားသည် ။

" တကယ် ။ ဒါ တကယ်ပဲလားဟင် ။ အိပ်မက် မဟုတ်ပါဘူးနော် ။ "

" အိပ်မက်မဟုတ်ပါဘူး ။ မိန်းကလေးမှာ ကိုယ်ဝန် ၂ လ ရှိနေပါပြီ ။ ခင်ပွန်းအတွက် ဂုဏ်ယူပါတယ် ခင်ဗျာ ။ "

မြိုင်သည် အင်မတန်မှု ပြုံးရွှင်နေသည် ။ ထိုအပြုံးတွေဟာ အသက်ဝင်လှသည် ။ ချစ်ရတဲ့ အစ်ကို့ရဲ့ကလေးကို မြိုင် မွေးခွင့်ရတော့မည် ဆိုသောအသိဟာ မြိုင့်ရဲ့ဦးနှောက်ထဲမှာသာမက မြိုင့်ရဲ့နှလုံးသားဆီသို့ပါ စီးဆင်းလာတော့သည် ။

မြိုင်သည် သူမရဲ့ရင်သွေးလေးရှိရာ ဗိုက်ကိုအသာကိုင်ပွတ်ရင်း ပြုံးရယ်နေသည် ။

အစ်ကိုနဲ့မြိုင့်ရဲ့ ချစ်သက်သေလေး ဖြစ်ထွန်းလာပြီပေါ့ အစ်ကိုရယ် ။
မြိုင် သိပ်ပျော်တာပဲသိရဲ့လား ။
မြိုင်ဟာ မိခင်ဖြစ်တော့မယ် ။
မြိုင်နဲ့အစ်ကို့ကြားမှာ သံယောဇဉ်လေးတစ်မျှင် တိုးလာတော့မယ် ။

မြိုင်ဟာ ပီတိပြုံးလေးပြုံးရင်း မျက်ရည်ဝေနေမိတော့သည် ။ ယခုအချိန်၌ သိပ်လှတဲ့ကောင်းခြင်းလေးဟာ မြိုင့်ဆီသို့ ကျရောက်လာခဲ့ပြီ ။

မြိုင်ဟာ အင်္ဂလိပ်ဆေးခန်းမှ ဆရာဝန်ပေးသော ဆေးစာရွက်ကို ပြုံးရွှင်စွာကိုင်ပြီး ဆေးခန်းအပြင်ဘက်သို့ ထွက်လာခဲ့ရာ၌ ဆေးခန်းအပြင်ဘက် လမ်းမကြီးတစ်ဖက်၌ ကိုမြင့်မောင်ကို လှမ်းတွေ့တော့သည် ။ သို့သော် ။ သို့သော် မြိုင့်ရဲ့မျက်နှာမှာ ပြုံးရွှင်ခြင်းတွေ မရှိခဲ့ဘဲ အံ့သြထိတ်လန့်မှုတွေသာ ရှိခဲ့ပေသည် ။

ကံကောင်းရာမှ ကံဆိုးသွားခဲ့သော မြိုင် ။ ချစ်ရတဲ့အစ်ကို ကိုမြင့်မောင်ရဲ့ရင်ခွင်ထဲသို့ အမျိုးသမီးတစ်ယောက်ဟာ နေရာယူထားခဲ့ပြီ ။ အစ်ကို့ရဲ့ နွေးထွေးတဲ့လက်တွေဟာ ထိုအမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိနေခဲ့ပြီ ။

ထိုဖြစ်စဉ်ဖြစ်ရပ်ကို အမေမွေးကတည်းကပါလာတဲ့ သူမရဲ့မျက်ဝန်းများနှင့် မြင်မိတာတောင် ယုံကြည်ခြင်းမဲ့နေခဲ့ ။ သို့သော် သူမရဲ့နှလုံးသားဟာ မွန်းကြပ်ခြင်း ၊ ဝမ်းနည်းခြင်း ၊ သိမ်ငယ်ခြင်းတို့ ပြည့်နေခဲ့ပြီ ။ အသက်ရှူရကြပ်လာသဖြင့် သူမရဲ့ရင်ဘက်တစ်စုံအား လက်သီးစုတ်ကာ ထုချေနေခဲ့ပြီ ။ မျက်ရည်များ ကျဆင်းနေသည်ကိုတောင် သတိမထားမိခဲ့ ။ မြိုင် ကံဆိုးမိုးမှောင်ကျနေပြီ ။

အစ်ကိုပေးခဲ့တဲ့ သစ္စာနဲ့ကတိဆိုသော စကားလုံးများဟာ ကိုယ်ဝန်နုနယ်စွာသော မြိုင့်ရဲ့ဦးနှောက်ဆီသို့ မဖတ်ခေါ်ဘဲ ရောက်လာခဲ့ပြီ ။ တုန်ရီနေသော နှုတ်ခမ်းတွေဟာ ကူရာမဲ့နေခဲ့ပြီ ။

လမ်းမကြီးပေါ်၌ ဖြတ်ကာမောင်းသွားသော မြင်းရထားများဆီက ချူသံ ၊ မြင်းခွာသံများကို မြိုင် မကြားနိုင်တော့ ။ လမ်းမထက်ရှိ လမ်းလျှောက်သွားသောသူများ၏ စကားပြောသံများ ၊ ကလေးငယ်များ၏ ရယ်သံများ ၊ ဈေးသည်များ၏ ဈေးရောင်းသံများကို မြိုင် မကြားနိုင်တော့ ။ မြိုင်ဟာကမ္ဘာပျက်နေပြီ ။

ကတိတွေပေးခဲ့ပြီးမှ ဖျက်သွားတဲ့ အစ်ကို ။ သစ္စာစကားတွေကို ချိုးဖောက်သွားတဲ့ အစ်ကို ။

" ရက်စက်လိုက်တာ အစ်ကိုရယ် ။ "

တုန်ရီနေသော နှုတ်ခမ်းများနှင့် တီးတိုးစွာပြောမိပေမယ့် သူမစကားသံကိုတောင် သူမ မကြားခဲ့ပါ ။ အမြင်အာရုံတွေဟာ အသက်မဲ့နေခဲ့တော့သည် ။

ထိုအချိန် လမ်းမဘေးတစ်ဖက်၌ တစ်ယောက်တည်း ကမ္ဘာပျက်နေသည့် မြိုင့်ကို ကိုမြင့်မောင် မြင်တွေ့သွားတော့သည် ။ ရင်ခွင်ထဲက အမျိုးသမီးကို အတင်းဖယ်ထုတ်လိုက်ပြီး မြိုင့်ဆီသွားဖို့ ခြေလှမ်းပြင်တော့ ထိုအမျိုးသမီးဟာ ကိုမြင့်မောင် လက်ကိုလှမ်းဆွဲပြီး သူမအနားကထွက်သွားဖို့ ၊ မြိုင့်ဆီသို့ မသွားဖို့ ဆိုသော ဝမ်းနည်းစရာ မျက်ဝန်းများနှင့် ကြည့်နေခဲ့တော့သည် ။

သို့ပေတည်း ကိုမြင့်မောင်မှာ ထိုသို့ မလုပ်နိုင်ခဲ့ ။ မြိုင့်ကို ချစ်သည် ။ မြိုင့်ကို မစွန့်ပစ်နိုင် ။ လက်ကိုဖယ်လိုက်ကာဖြင့် လမ်းမကြီးတစ်ဖက်က မြိုင့်ဆီသို့ မြင်းရထားလုံးများကို ဖြတ်ရင်းအပြေးသွားတော့သည် ။

" မြိုင် ။ "

မြိုင်ဟာ နားပါလျှက်နဲ့တောင် သူမကိုခေါ်နေသည်ကို မကြားနိုင်တော့ ။ အသက်ရှူရကြပ်နေသော သူမရဲ့ ရင်ဘက်ကိုသာ ထုချေရင်းထုချေနေတော့သည် ။ အသံတိတ်ငိုနေရသည်ကြောင့် မြိုင့်ကို ပို၍မွန်းကြပ်လာစေသည် ။

" မြိုင် ။ "

ကိုမြင့်မောင်သည် သူအား ကျောခိုင်းလှည့်ထားသော မြိုင့်အား ဆွဲလှည့်လိုက်တော့သည် ။ မြိုင့်ရဲ့မျက်ရည်တွေကို အစ်ကိုမြင်လိုက်သည် ။

မြိုင်ဟာ အချစ်ကိုရူးသွပ်နေတဲ့ မိန်းမတစ်ယောက် ။ အစ်ကို့ကို မြင်မိပါလျှက်နဲ့ မြိုင် ဘာလုပ်လို့ လုပ်ရမှန်းမသိ ၊ မြိုင့်ရဲ့ ဦးနှောက်ဟာ အလုပ်မလုပ်တော့ ။

အသိစိတ်လွတ်နေသော မြိုင့်ရဲ့ခန္ဓာကိုယ်ကို တစ်ချက်နှစ်ချက်မျှ ဆွဲခါလိုက်ကာမှ မြိုင်ဟာ အသိစိတ်ပြန်ဝင်လာတော့သည် ။

" အစ်ကို ။ အစ်ကို အစ်ကို ဘာ့ကြောင့် အဲ့သလို လုပ်ရတာလဲ ။ "

" မြိုင် ။ "

" ဘာ့ကြောင့် အဲ့သလို လုပ်ရတာလဲ ။ မြိုင့်အပေါ်မှာ ဘာလို့ သစ္စာဖောက်ရတာလဲ ။ ဘာလို့ ကတိတွေဖျက်ရတာလဲ ။ "

" မြိုင် ။ "

" အစ်ကို သိပ်ရက်စက်တယ် ။ ရှင် ကျွန်မကို သိပ်ရက်စက်တယ် ။ "

လူအများဝိုင်းအုံကြည့်နေသည်ကိုတောင် မြိုင် သတိမထားမိ ။ ရင်ထဲနင့်နေလောက်အောင် ခံစားရသည် ။ အဆိပ်တွေရောက်နေသလို မြိုင့်ရဲ့ရင်မှာ အသည်းကွဲနေပြီ ။

မြိုင်ဟာ ကိုမြင့်မောင်၏ ရင်ဘက်ကို လက်သီးစုတ်ပြီး ထုရိုက်နေပေမယ့်လို့ ချစ်ရတဲ့အစ်ကို နာကျင်မှာကိုလည်း သူမ မလိုချင်ခဲ့ ။ အော်ဟစ်ငိုရုံမျှသာ တတ်နိုင်သောကြောင့် ထုရိုက်နေသည်ကို ရပ်တန့်၍ ငိုကြွေးနေရှာတော့သည် ။ 

" မြိုင် ။ အစ်ကို တောင်းပန်ပါတယ်ကွာ ။ "

" ဖောက်ပြန်တတ်တဲ့ ယောက်ျား ။ လူယူတ်မာ ။ သစ္စာဖောက်ကောင် ။ "

ဟု ပြောပြီး လူပုံအလယ်၌ ကိုမြင့်မောင်ရဲ့ပါးအား ဖြောင်းခနဲမြည်အောင် ရိုက်လိုက်တော့သည် ။ သူမကိုယ်တိုင် အစ်ကို့ရဲ့ပါးကိုရိုက်လိုက်ပေမယ့်လို့ အစ်ကိုနာကျင်သွားမှာကိုလည်း စိုးရိမ်နေသည် ။ သို့သော် မြိုင့်ရဲ့လက်တွေဟာတော့ တုန်ရီနေသည် ။

ယောက်ျားတစ်ယောက်ဖြစ်သည်ကြောင့် ကိုမြင့်မောင်မှာ လူပုံအလယ်အရှက်ကွဲခံရသော်လည်း မြိုင် နားလည်ဖို့က အရေးကြီးသည်ကြောင့် မြိုင့်ကို စိုးရိမ်တကြီးဖြစ်နေတော့သည် ။

" မြိုင် ။ "

" ရွံစရာကောင်းတဲ့ လက်တွေနဲ့ ကျွန်မ အသားကို လာမထိစမ်းနဲ့ ။ "

" မြိုင် ။ အစ်ကိုရှင်းပြတာ နားထောင်ဦး ။ "

" ရှင့်ပါးစပ်က အလိမ်အညာတွေပဲ ထွက်လာမှာ ။ ကျွန်မ နှလုံးသားတစ်ခုလုံး ကွဲကြေပျက်ဆီးသွားတဲ့အထိ အလိမ်အညာတွေပဲ ပြောခဲ့တယ် မဟုတ်လား ။ ကိုမြင့်မောင် ကျွန်မအချစ်က အဲ့သလောက်တောင် ဈေးပေါသလား ။ ဒီမိန်းမပျက်တွေကို ချစ်ရလောက်တဲ့အထိ ကျွန်မအချစ်က တန်ဖိုးမဲ့နေသလား ။ ဟင် ။ "

" မဟုတ်ဘူး ။ မဟုတ်ဘူး မြိုင် ။ "

" ရှင့်ကို အရမ်းမုန်းတယ် ။ "

မြိုင်ဟာ သိပ်ချစ်တဲ့ရသူဖြစ်လို့ ရှုံးနိမ့်သွားပါပြီ ။ ကိုမြင့်မောင်ကို မမုန်းနိုင်ပါဘူး ။ ခက်ခက်ခဲခဲ ရင်ဆိုင်ပြီး ချစ်တဲ့သူကိုလက်ထပ်ထားခဲ့တာကြောင့် သူမ မမုန်းရက်နိုင်ပါဘူး ။

သူမတို့အား လူများဝိုင်းအုံကြည့်နေသည်ကို မြိုင် သတိထားမိသွားတော့သည် ။ မြိုင့်ရဲ့ အသိစိတ်တွေဟာ ပတ်ဝန်းကျင်အပေါ်သို့ ကျရောက်သွားတော့သည် ။ သတ်သေချင်စိတ်များဖြစ်ပြီး အရှက်ရသွားပြီ ။ သူမအား သီရိမြိုင်စံအိမ်တော် သခင်မမြိုင်ဟု သိနေကြသောသူများကအစ သူမတို့ဖြစ်စဉ်ဖြစ်ရပ်ဟာ မတ်တပ်ရပ်ကြည့်လို့ တီးတိုးပြောနေကြတော့သည် ။

ကိုမြင့်မောင်ကို လှည့်ကြည့်တော့ စိုးရိမ်ကြီးနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေသည် ။ ဒီမျက်ဝန်းတွေကို မြိုင် မုန်းတီးလာခဲ့သည် ။ ဒါပေမယ့် ဒီမျက်ဝန်းတွေကပဲ မြိုင့်ကို ချစ်တတ်အောင် သင်ပေးခဲ့တာလေ ။

လမ်းတစ်ဖက်ကမိန်းမကိုကြည့်ရင်း ထိုမိန်းမကိုတော့ အမုန်းကြီးကို မုန်းတီးနေတော့သည် ။ ထိုမိန်းမရဲ့မျက်နှာကို မြိုင်ဟာ သေရာပါဒါဏ်ရာတစ်ခုလို ဦးနှောက်ထဲမှာ အမြဲမှတ်မိနေခဲ့တော့သည် ။

မျက်နှာချင်းဆိုင်ဖို့ အင်အားမရှိတော့သဖြင့် မြိုင်ဟာ သူတို့အနားမှ ထွက်သွားဖို့ ကျောခိုင်းမိတော့သည် ။ တီးတိုးစွာပြောနေကြသော အတင်းစကားများကို မြိုင် မကြားချင်တော့ ။ မြိုင့်ရဲ့ ဂုဏ်သိက္ခာများဟာ ပို၍ပို၍ မရှိတော့ပြီ ။

ယိုင်နဲ့နေသော ခြေလှမ်းများကို အားပြု၍ လမ်းလျှောက်နေသောမြိုင်ဟာ မြေပြိုသလိုခံစားမျိုးနှင့်အတူတူ လမ်းမပေါ်သို့ ခွေညွှတ်ကျကာ မေ့လဲသွားပေတော့သည် ။

" မြိုင် ။ မြိုင် ။ "

ကိုမြင့်မောင်ဟာ မြိုင့်ရဲ့ခန္ဓာကိုယ်အား အသာပွေ့ယူပြီး လှုပ်ခါနိုးပေမယ့် မြိုင်ဟာ နိုး၍မလာပေ ။ မြိုင်ရဲ့အသိကတော့ သူမ သေသွားပြီ ဆို၍သာ ကြီးစိုးနေတော့သည် ။ မြိုင်ဟာ သူမရဲ့ခန္ဓာကိုယ်၌ သူမရဲ့ဝိဉာဉ် လွှင့်ထွက်သွားသည်ဆိုသော ခံစားချက်ဟာ မျက်လွှာကြားထဲက မျက်ရည်များနှင့်အတူတူ ဆင်းကျလာခဲ့ပေတော့သည် ။

လက်ထဲ၌ ပြုတ်ကျသွားသော ဆေးစာရွက်ကလေးကတော့ လေနှင်ရာဘက်သို့ ယိမ်းယိုင်ဖို့အတွက် မြိုင့်အနားမှ တီးတိုးစွာဖြင့် တိတ်တိတ်ကလေး ထွက်ခွာသွားပေတော့သည် ။

X  X  X  X  X

ဆက်ရန်ရှိသည် ။

morA_nyein
19.11.2022

Continue Reading

You'll Also Like

13.2K 686 5
မိန္​းက​ေလးႏွစ္​​ေယာက္​ၾကားက အခ်စ္​အ​ေၾကာင္​း ပံု​ေဖာ္​ထားတာပါGirl×Girl ႐ုပ္​႐ွင္​သ႐ုပ္​​ေဆာင္​ အဆို​ေတာ္​"ပိုးကု​ေဋမမ" ဘဝမွာ မၾကံဳဖူးတဲ့အခ်စ္​ဆိုတာဟ...
597K 41.1K 41
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
260K 9.3K 45
မိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး.. အစ်ကိုက သတ်ရဲတယ်၊သေရဲတယ် ဒါပေမယ့်မူနွဲ့မျက်ရည်ကျတာကိုတော့မကြည့်ရဲဘူး..... ကြက်သမား၊ဖဲသမား..လူမိုက်လေးတေဇဘုန်း‌ကျော်...
2.5M 189K 77
ျမတ္​ႏိုးစြာခ်စ္​ခ့ဲမိ​ေသာဤလူသားကို​"​ေမာင္​"ဟု႔​ေခၚသည္​ မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်