ရန်ယွီရှန့်လော့ (ဘာသာပြန်)

By Meng_L

77.4K 10.6K 526

Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title... More

မိတ်ဆက်
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈ ပ
၂၈ ဒု
၂၉
၃၀ ပ
၃၀ ဒု
၃၁
၃၂
၃၃
၃၄
၃၅
၃၆ ပ
၃၆ ဒု
၃၇ ပ
၃၇ ဒု
၃၈
၃၉
၄၀
၄၁
၄၂
၄၃
၄၄
၄၅ ပ
၄၅ ဒု
၄၅ တ
၄၆
အတွဲ(၂) ကိုယ်ပျောက်နောက်ယောင်ခံလိုက်သူ ဇာတ်သိမ်း
၄၇
၄၈
၄၉
၅၀
၅၁ ပ
၅၁ ဒု
၅၂
၅၃ ပ
၅၃ ဒု
၅၄
၅၅
၅၆ ပ
၅၆ ဒု
၅၇
၅၈
၅၉ ပ
၅၉ ဒု
၆၀ ပ
၆၀ ဒု
၆၁
အတွဲ(၃) နာမကျန်းဆေးရုံ ဇာတ်သိမ်း
၆၂
၆၃

၁၇

913 159 9
By Meng_L

人鱼陷落
REN YU XIAN LUO



UNICODE



ငြိမ်သက်နေသည့်ရေစီးကြောင်းအတိုင်းပင်လမ်းမကြီးအောက်က ကျောက်ဆောင်တို့ပေါ်မျောပါလာခဲ့ကြသည့်လေးယောက်သား ကျောက်တုံးကျောက်ခဲတို့ပြည့်နေသည့်ကမ်းစပ်ပေါ် အနားယူနေလိုက်ကြသည်။ ကိုယ်ထက်ဝတ်ထားသည့်မီးခိုးရောင်ယူနီဖောင်းတစ်ခုလုံး စိုရွှဲကာ ရင်ဘက်ရှေ့က'သရဲရှာဖွေရေးအဖွဲ့'ဟူသည့်နာမည်ကတ်ပြားထက်လည်းရေစက်တို့တွဲလဲခိုနေ၏။ မီးခိုးရောင်ဝံပုလွေAlphaက AKကိုပိုက်၍သေနတ်ထဲရေဝင်သွားသည့်အခြေအနေကိုကြည့်ရှုရင်း တစ်ဆက်တည်းအဖွဲ့သားတွေရဲ့သွေးပမာဏကိုပါကြည့်မိရာ ကွဲပြားစွာသွေးတို့လျော့နေကြကြောင်းတွေ့လိုက်ရသည်။

"သွေးကိုအပြည့်ထိဖြည့်လိုက်။"

ဟယ်ဆော်ဝေ့က ဘေးနားကျည်ဆန်တို့ကိုဖြန့်ခင်းကာနေလှန်းထားလိုက်ရင်း သွေးဖြည့်အပ်သုံးချောင်းအားအဖွဲ့သားတွေထံပစ်ပေးလိုက်သည်။

"မလွယ်ကူတဲ့ပြိုင်ဘက်နဲ့ကြုံဆုံလိုက်ရတာပဲ ၊ အဲ့ခြင်္သေ့Alphaကတစ်ခုခုတော့တစ်ခုခုပဲ။ သူကားမောင်းတဲ့စကေးကိုမင်းကြည့် လုံးဝလေ့ကျင့်ထားဖူးတာအသေအချာကြီး ၊ ဘယ်အဖွဲ့အစည်းကလည်းတော့မသိဘူး ပြောမရဘူးအပြင်ရောက်ရင်လည်း တွေ့ရင်တွေ့ရလောက်ဦးမှာ။"

"ဘယ်Alphaသွားကြည့်နေတာတုန်း လိုက်ချင်စိတ်များရှိသွားတာလား? မင်းတို့တွေ ဟိုရေသူထီးOmegaရဲ့သေနတ်ပစ်စကေးက တိကျလွန်းတယ်လို့ မထင်ဘူးလား ၊ တစ်ချက်တည်းနဲ့ ငါတို့နောက်ဘီးကိုပစ်ထည့်လိုက်တာများ. . .  . . . ပြီးတော့ရုပ်လေးကလည်းလှချက် ၊ ပထမဆုံးမြင်ဖူးတာ ကိုယ်လုံးကိုယ်ပေါက်ကလည်းဟော့လွန်းချက်ပဲ။"

ကုဝူလွိက ယူနီဖောင်းကိုခြောက်အောင်ရေညှစ်လျက် ရေစက်လက်ကျနေသည့်ဆံပင်တို့ကိုသုတ်ရင်း ရေမျက်နှာပြင်ပေါ်ကကိုယ့်ပုံရိပ်ကိုယ်ကြည့်ကာ ဆံပင်ကေကိုတစ်ချက်ပြင်လိုက်၏။

"ခုနကငါရေထဲကျသွားတဲ့ပုံစံက ကြည့်ကောင်းရဲ့လား? သူ့အပေါ် ကောင်းတဲ့ထင်မြင်ချက်လေးတော့ချန်ရစ်ခဲ့နိုင်လောက်မလားပဲ. . .  . . . မင်းတို့ခုနက ဘယ်သူပစ်ထည့်လိုက်တာလဲ သူ့ကိုမှန်သွားတာရောသိရဲ့လား? သူသွေးတွေတောင်လျော့ကုန်တာကွ! ဟင်း. . .  . . . ငါလည်းသူတို့နဲ့အဖွဲ့ပေါင်းချင်လိုက်တာ အဲ့Oလေးကိုကာကွယ်ပေးချင်တယ်လို့။"

"မင်း သူ့အပေါ်ထင်မြင်ချက်ချန်ရစ်ခဲ့နိုင်ပါတယ်ကွ. ."

ဟယ့်ဝိန်ရှောင်းက ခြေအိတ်ကိုချွတ်ကာမြစ်ကမ်းနားရေညှစ်ချနေရင်းမှ ခေါင်းလှည့်လာပြီးသူ့ကိုစနောက်လိုက်သည်။

"သူနောက်ဆုံးပြောသွားတဲ့စကားတစ်ခွန်း ငါကြားလိုက်တယ် သောက်ပိန်းတဲ့။"

ကုဝူလွိတစ်ယောက်ကတော့ ကိုယ့်ဟာနဲ့ကိုယ်ခံစားချက်ကောင်းမွန်နေလေလျက်။

"ငါကမှ သောက်ပိန်းဆိုတဲ့စကားလေးရလိုက်သေး ၊ မင်းတို့ကိုဖြင့်သူကအရေးတောင်မစိုက်ဘူးလေ။"

ဟယ့်ဝိန်ရှောင်း ထိုခြေအိတ်တစ်ဖက်ကိုထပ်မံရေညှစ်ရင်း. .

"သာယာမနေစမ်းနဲ့ သူပြောတဲ့အဲ့သောက်ပိန်းဆိုတဲ့စကားက ခေါင်းဆောင်ကိုဆဲလိုက်တာမှန်းအသိသာကြီး။"

ဘေးနားက ဟယ့်ဝိန်ရှောင်းနှင့်ရုပ်ရည်တစ်ထေရာတည်းတူသည့် ဝံပုလွေAlphaကလည်း တစ်ဖက်၌ဆောင့်ကြောင့်ထိုင်လျက်မှ မြို့ထဲကဝယ်လာတဲ့မီးခြစ်ဖြင့် အနီးနားမှကောက်ထားသည့်သစ်ကိုင်းခြောက်အတိုအထွာတို့ကိုမီးရှို့နေ၏။ ကိုယ်ထက်ကရေစိုအဝတ်တို့ကို ခြောက်အောင်မီးကင်ရင်း ခေါင်းထောင်းလျက်မှစပ်ဖြဲဖြဲဖြင့်အမြွှာအစ်ကိုပြောတဲ့အတိုင်း သံယောင်လိုက်လိုက်သည်။

"ငါရောပဲ သူ ခေါင်းဆောင်းကိုဆဲလိုက်တာလို့ပဲထင်တယ်။"

ဟယ်ဆော်ဝေ့က ရေဝင်ကာသုံးစားမရတော့သည့်ကျည်ဆန်လက်တစ်ဆုပ်ဖြင့် ထိုAlphaသုံးယောက်စလုံး မြေပြင်ထက်ဝပ်တွားသွားအောင်ထိ ပစ်ပေါက်ထည့်လိုက်ပါ၏။

"အဲ့အရေးမပါတာတွေ ငါ့အပေါ်ထပ်လာပြောနေမယ်ဆို အိမ်ပြန်ရောက်တာနဲ့ အကုန်လုံးကိုခြေထောက်ရိုက်ချိုးပစ်ပြီသာမှတ်။"

Aရှိလားဆိုသည့်အဖွဲ့နှင့်လုံးဝဆန့်ကျင်ဘက်ကတော့ သရဲရှာဖွေရေးအဖွဲ့သည်ကား တစ်ဖွဲ့လုံးAlphaများအဖွဲ့ပင်ဖြစ်ပြီး စောစောပိုင်းက လေတဖြူးဖြူးဟူသည့် ခွေးသမင်လေးယောက်အဖွဲ့နှင့် အနည်းငယ်ကွာခြားလှသည်။ အဖွဲ့ထဲ၌ မြောက်အမေရိကမီးခိုးရောင်ဝံပုလွေAlphaသုံးယောက်နှင့် ထိုအထဲကုဝူလွိဆိုသည့် ပျော်ပျော်နေတတ်သည့်ဟက်စကီးတစ်ကောင်လည်းပါဝင်နေလေသည်။

ခေါင်းဆောင်ဖြစ်သူဒေါပွနေပြီဖြစ်၍ ဟယ့်ညီအစ်ကိုကလည်းနားလည်မှုရှိလှစွာဖြင့် အသာလေးသွားကာဟယ်ဆော်ဝေ့ရဲ့ အင်္ကျီလက်နှင့်ဘောင်းဘီအနားတို့အား ရေခြောက်အောင်ညှစ်ပေးလျက် သက်သောင့်သက်သာရှိမည့်နေရာတစ်ခုပြင်ဆင်ပေးကာ ခေါင်းဆောင်အားအဝတ်တို့ခြောက်အောင်မီးအပူပေးစေသည်။

ဟယ်ဆော်ဝေ့လည်း သေနတ်ကိုကောက်ယူကာ ခပ်လှမ်းလှမ်းမှာမီးအပူပေးရင်း စိတ်မရှည်စွာဖြင့်ဆက်အသုံးပြုလို့ရမရစစ်ဆေးနေလိုက်သည်။ သူတို့တွေအခု သဘောရှိချအဖွဲ့ရဲ့စွမ်းဆောင်ရည်ကို ရှင်းရှင်းလင်းလင်းမသိသေးပေမယ့် ထိုအဖွဲ့ကမလွယ်ကူဘူးဆိုတာကိုတော့ သေချာပေါက်သိလိုက်၏။ ခြင်္သေ့Alphaနှင့် ရေသူထီးOmegaတို့ရဲ့ ကားထဲကယုန်လေးကို ကာကွယ်ပေးနေပုံကိုကြည့်ရင် ဒါကတစ်ယောက်တည်းကိုသုံးယောက်လိုက်ကာကွယ်ပေးမှန်းဖြစ်နိုင်ခြေများ၏။ ဒါ့အပြင်Omegaအဖွဲ့တစ်ခုနှင့်ပါ ပူးပေါင်းထား၍ ယခုသူတို့တွေရဲ့ခေါင်းကိုလိုချင်နေလို့က သဘာဝမကျတော့ ၊ ရှောင်နေလိုက်တာကပဲအကောင်းဆုံးဖြစ်ပေမည်။

"ကော ကျွန်တော်တို့အခုကြယ်ဘယ်နှစ်လုံးရနေပြီလဲ?"

ကုဝူလွိ လက်ချိုးကာရေတွက်ကြည့်နေမိသည်။

"ကျွန်တော်သတ်တာတော့ နှစ်ဆယ့်တစ်ယောက်ရှိပြီ ၊ နောက်ဆုံးထိအသက်ရှင်ကျန်မယ်ဆိုရင်တောင် ကြယ်ငါးလုံးပဲရမှာ ၊ ဘာလို့ဒီလောက်တောင်မှကံဆိုးနေရတာလဲ တခြားသူတွေကြ ကြယ်တစ်ပွင့်စီရှိတဲ့မစ်ရှင်သုံးခု ၊ ကျွန်တော်တို့ကြမှ တစ်ယောက်ကိုကြယ်သုံးပွင့်ပါတဲ့မစ်ရှင်တစ်ခုစီပဲတဲ့ ဘယ်သူမှဒီလောက်ကံမဆိုးလောက်ဘူး။"

ဟယ့်ဝိန်ရှောင်း၏ မစ်ရှင်စာရွက်အရကနေပြီး 1513စမ်းသပ်ခံခန္ဓာ လူအကောင်လိုက်ရှိမည့်တည်နေရာက သုတေသနဌာနမှာဖြစ်ကြောင်းသိရ၏။ ယခုလက်ရှိတစ်ဖွဲ့လုံးထဲ ဟယ့်အိမ်ကညီငယ်ဖြစ်သူရဲ့မစ်ရှင်သာပြီးမြောက်ထားလျက် ACစိတ်ချောက်ချားဆေးတစ်ပုလင်းယူထားပြီးဖြစ်သည်။

ကုဝူလွိ၏ မစ်ရှင်စာရွက်ထက်မှာတော့ ရိုးရိုးရှင်းရှင်းစာတစ်ကြောင်းသာရှိပေသည် - 'စိတ်ချောက်ချားဆေးAccelerantအား နံပါတ်1513စမ်းသပ်ခံခန္ဓာ၏ဂုတ်ပိုးဂလင်းအတွင်းထည့်သွင်းပါ'ဟူ၏။

ဟယ်ဆော်ဝေ့၏မစ်ရှင်က သာလို့တောင်တဲ့တိုးဆန်လှသည် - 'နံပါတ်1513စမ်းသပ်ခံခန္ဓာအား ရှင်းပစ်ပါ။'

"ပြောရမယ်ဆို နံပါတ်1513စမ်းသပ်ခံခန္ဓာဆိုတာ သောက်ကျိုးနည်းဘာကောင်ကြီးလဲဟ?"

ကုဝူလွိတစ်ယောက် မေးထောက်လျက်အကြံအိုက်နေမိသည်။

"စောနကခြင်္သေ့Alphaပြောသွားတာကတော့ သုတေသနဌာနမှာဆုံမယ်တဲ့ သေချာပေါက်သူတော့တစ်ခုခုသိလောက်တယ်။"

ဟယ်ဆော်ဝေ့ သုံးလေးကြိမ်လောက်မီးညှိလည်း ရေစိုနေသည့်ဆေးပြင်းလိပ်ကမီးမစွဲ၍ စိတ်မပါစွာဖြင့်ပဲဆေးလိပ်အားရေထဲပစ်ချလိုက်ရာ ရေပွက်သေးသေးတစ်ခုထလာတော့၏။

"တခြားအဖွဲ့နဲ့ အဖွဲ့ပူးပေါင်းတာက စည်းကမ်းဖောက်ရာတော့မရောက်ဘူး ၊ ငါတို့တွေအခုသိထားတဲ့အချက်အလက်တွေက တော်တော်နည်းနေသေးတယ်။"

ဟယ်ဆော်ဝေ့ တိတ်တဆိတ်တွေးတောကြည့်မိ၏ ၊ အကယ်၍ သဘောရှိချအဖွဲ့ရဲ့မစ်ရှင်ကလည်း နံပါတ်1513စမ်းသပ်ခံခန္ဓာကိုရှင်းပစ်ရမယ် ဤသို့သာဖြစ်လျှင်တော့ တခြားနည်းလမ်းပဲစဉ်းစားရတော့မည်။






ထိုတစ်ချိန်တည်းမှာပဲ သဘောရှိချအဖွဲ့မှာဆို ရုတ်တရက်ကြီးလမ်းကြောင်းပြောင်းပစ်လိုက်၏။ ကနဦးကတော့ သုတေသနဌာနစီတန်းသွားဖို့စိတ်ကူးထားတာပေမယ့် ယခုအခါမှာတော့ အဝေးပြေးလမ်းပေါ်မှမောင်းထွက်လာပြီး ကျင်းတွေချိုင့်တွေနှင့်ညီညာမှုမရှိသည့် မြို့စွန်မြို့ဖျားရွာလမ်းထဲ တစ်လမ်းလုံးကားဆောင့်လျက်ဖြင့်မောင်းဝင်လာလိုက်ကြသည်။

ပိလန်ရှင်းလည်း ကျန်တဲ့တခြားOလေးသုံးယောက်ကိုတင်လျက် ကားကိုပြန်လှည့်လိုက်ပြီးအလာတုန်းက လူနေရပ်ကွက်အတွင်းမောင်းဝင်လိုက်တော့သည်။ လူနေရပ်ကွက်အတွင်း၌ လူနေအိမ်ခြေများသစ်ပင်များနှင့် လမ်းသွားလမ်းလာလူတွေပေါများလှ၍ အဖွဲ့တော်တော်များထိုနေရာမျိုးသို့လာဖို့ဆန္ဒမရှိကြ ၊ နေထိုင်သူများအား မတော်တဆထိခိုက်အောင်လုပ်မိပါက အမှတ်လျှော့ခံရမည်ဖြစ်သောကြောင့်ပင် ၊ ဤသို့ဖြင့်လူနေရပ်ကွက်လေးဟာဆိုလျှင် မြေပြင်အခြေအနေရောလူမှုရေးပိုင်းရောကောင်းမွန်လှသည့် ထိပ်တန်းနေရာတစ်ခုအဖြစ်တည်ရှိနေပေ၏။ ယခုသူတို့ကိုယ်ထက်လည်း ပေါက်ကွဲဟန့်တားကိရိယာတွေအလုံအလောက်ရှိနေ၍ ရပ်ကွက်ထဲရှိအဆောက်အအုံတွင်းပုန်းကာ အနားယူဖို့ပြည့်ပြည့်ဝဝကြီးကိုလုံလောက်ပေသည်။ စာမေးပွဲဖြေဆိုချိန်ကလည်း လေးပုံတစ်ပုံခန့်ကုန်လွန်သွားခဲ့ပြီဖြစ်၍ ပေါ်ပေါ်ထင်ထင်နေရာစုံသွားနေလို့လည်း အဓိပ္ပာယ်မရှိတော့။

စာမေးပွဲစစချင်းတုန်းက သူတို့တွေမြေအောက်ကားဂိုထောင်မှခိုးလာသည့်BMWကားရှေ့ဖုံးမှာဆို မီးခိုးတွေအူထွက်နေလျက် ဘေးနှစ်ဖက်ရှိမှန်များလည်းအကုန်ကွဲကြေအောင်ထိပစ်ခံထားရ၏။ ကားကိုယ်ထည်သည်လည်း ကျည်ပေါက်တွေအပြည့်ပြောက်ကျားထလျက်ဖြင့် သုံစားမရအောင်စုတ်ပြတ်နေလေပြီ။

စန်ဝါးကျေးရွာ၏အရှေ့ဂိတ်၌ ရွာထဲအသီးအရွက်တွေတင်ပို့သည့်  ဝူလင်ဟုန်ကွမ်း(china madeကား)တစ်စီးရပ်လို့ထားထား၏။ ပိုင်ချူနျန်ကားကိုစက်သတ်ကာ တံခါးဂျက်ကိုဖွင့်လိုက်သည်။

"ကားပြောင်းမယ်။"

တုမော့က မျှော်လင့်မထားအောင်ပင်စကားနားထောင်နေ၏။ အစောပိုင်း ကားချင်းစစ်ထိုးတုန်းက သူ ပိုင်ချူနျန်၏အစွမ်းအစကိုအသေအချာကိုမြင်တွေ့လိုက်ရသည်။ သို့အပြင်ထိုAlphaမှာ သူထင်ထားတာထက်ကိုပိုလို့ထက်မြက်လှရာ ပိုင်ချူနျန်တစ်ခွန်းဆိုလိုက်တာနှင့် တုမော့လည်းချက်ချင်းလိမ်လိမ်မာမာလေးဘေးမှလိုက်လာခဲ့လိုက်ပါသည်။ ထိုAlphaကိုကြည့်လိုက်လျှင် အလေးအနက်မရှိရွှတ်နောက်နောက်ဖြင့် လတ်လျားလတ်လျားပုံစံပေါက်နေပေမယ့် တကယ်တမ်းကြသူ့ဘေးနားရှိနေလျှင်ကို ပြောမပြတတ်သည့်လုံခြုံမှုရှိတဲ့ခံစားချက်မျိုးရ၏။

တုမော့တစ်ယောက် ပိုင်ချူနျန်ဘေးနားပိုလိုတိုးကပ်ချင်မိရပေမယ့် ရုတ်ခြည်းလည်တိုင်ထက် အေးစက်စက်ငါးအမြီးကြီးကရစ်ပတ်လို့လာ​ချေသည်။ လန်ပေါက ကားခေါင်မိုးပေါ်ထိုင်နေလျက်မှအမြီးဖျားဖြင့် ကျီးကန်းOmegaအားမိမိအနားဆွဲခေါ်လိုက်ပြီး မျက်လွှာချကာသိသိသာသာဗြောင်ပင် အကြည့်စူးစူးဖြင့်တုမော့မျက်နှာအားစိုက်ကြည့်ထည့်လိုက်၏။

သိပ်ပြီးရင်းနှီးဖော်ရွေပုံမရသည့်ရေသူထီးနှင့် မျက်နှာချင်းဆိုင်မိ၍ တုမော့လည်းမတတ်သာစွာသတိပိုတိုးလို့နေမိသည်။ ကြောင်တောင်တောင်ဖြင့်မျက်လွှာအသာပင့်ကာ လန်ပေါနှင့်အကြည့်ချင်းတစ်ချက်ဆုံမိပြီးတာနှင့် ချက်ချင်းတန်းအကြည့်လွှဲလိုက်လျက် လန်ပေါဆိုလိုချင်သည်အားနားလည်သလိုရှိ၍ ခပ်တိုးတိုးဆိုလိုက်ပါသည်။

"ကျွန်တော် ကောနောက်လိုက်ခဲ့ရမလား?"

လန်ပေါကငုံ့ကာ တည်ငြိမ်အေးစက်စွာပင် ခါးထက်ခပ်တင်းတင်းပတ်ထားသည့်ကျည်ခါးပတ်ပေါ်မှကျည်တို့ကိုဖြုတ်ယူကာ ရိုင်ဖယ်သေနတ်ကိုကျည်လဲရင်း အင်းတစ်လုံးသာဆိုလိုက်ပါ၏။





လုယန်တစ်ယောက် ညစ်ပတ်စုတ်ပြတ်နေသည့်ထိုပေါင်မုန့်ကားကိုတစ်ချက်ကြည့်ပြီး တက်ဖို့အင်တင်တင်ဖြစ်နေမိသည်။ ယုန်ပေါက်လေးမှာ ရာထူးကြီးကြီးစစ်တပ်ထဲကဒုတိယမျိုးဆက်ကိုမှ သူဌေးသားဆိုသည်ပါထပ်ပေါင်းလျက် မွေးလာသူဖြစ်၍ မွေးကတည်းကဂဏန်းခုနှစ်လုံးအောက်ကားကိုဖြင့် ဘယ်တုန်းကမှမစီးခဲ့စဖူး။

ပိုင်ချူနျန် ရွှံ့တွေတစ်ဝက်လောက်ပေကာ အချိုင့်အပိန့်တို့ရှိသည့်ကားတံခါးကိုပုတ်လိုက်ရင်း. .

"မင်းကို ကားချင်းစစ်ထိုးနည်းသင်ပေးမယ်လေ မသင်ချင်ဘူးလား?"

ထိုအပြောကိုကြားသည်နှင့် လုယန်နားရွက်တို့ကတစ်ချက်ထောင်လာလျက် ချက်ချင်းကားမောင်းသူနေရာခုန်တက်လိုက်တော့သည်။

"သင်ချင်တယ်. . .  . . . မင်းကားမောင်းတာမဆိုးဘူး တော်တယ်။"

ပိုင်ချူနျန် ထိုညစ်ပတ်စုတ်ပြတ်နေသည့်ပေါင်မုန့်ကားအား လုယန်ကိုသာတစ်ခါတည်းမောင်းခိုင်းလိုက်လျက် ပြင်ညီအလျားလိုက်ဦးတည်မောင်းဖို့သင်ပေးရင်း လမ်းကွေ့တစ်ခုအရောက်မှာတော့ကားထိုးရပ်ကာ အကုန်လုံးအားကားပေါ်မှဆင်းခိုင်းလိုက်ပါသည်။

လမ်းရဲ့အစွန်ဆုံးမှနေ ပြိုင်ကားတစ်စီး၏ကားအင်ဂျင်သံအား ဝိုးတဝါးကြားလိုက်ကြသည့်အခိုက် လုယန်နှင့် တုမော့တို့၏ပထမဆုံးတုန့်ပြန်ချက်သည်ကား သေနတ်ကိုနေရာချကာ ကားကိုပစ်ဖို့ပြင်ဆင်လိုက်ကြသည်။ ပိုင်ချူနျန်ကတော့ သစ်ပင်ကိုမှီထားရင်း ပျင်းရိငြီးငွေ့စွာဆိုမိ၏။

"ပြိုင်ကားအင်ဂျင်သံကွဲပြားပုံကို သေချာလေးခွဲခြားမှတ်ထားကြ ၊ အခုလာနေတာကKTM သူ့အရှိန်ကိုမင်းတို့မှန်အောင်မပစ်နိုင်ဘူး ၊ ကျောက်တုံးသွားမရွှေ့ပြီးသာ အဲ့ကောင်ကိုပိတ်ဆို့ထား။"

ထင်မှတ်ထားသည့်အတိုင်းပင် လမ်းလယ်ကောင်မှာပဲကျောက်တုံးနှင့်ငြိကာ ထိုတစ်ဖွဲ့လုံးရဲ့ကားကတန်းမှောက်သွားရှာ၏။ ပိုင်ချူနျန် လုယန်အားသွား၍ ခေါင်းတွေသိမ်းယူစေလိုက်ပြီး အမြန်ချောပို့နှင့်ထိုအဖွဲ့ဆက်သလာသည့်လက်နက်ပစ္စည်းတို့ကိုကောက်ယူကာ ကားပေါ်တက်မောင်းထွက်လာခဲ့လိုက်သည်။

"တယ်ချမ်းသာပါလားဒီအဖွဲ့ ၊ flamethrower(မီးမှုတ်ထုတ်ပစ်ထည့်တဲ့လက်နက်)တောင်ရှိတယ် ငလူး။"

"ဒီလိုစာမေးပွဲမျိုးကဒီပုံစံပဲလေ ၊ မင်းအရှက်မရှိဖို့ပဲလိုတာ ဘယ်လက်နက်မျိုးမဆိုသွားလုလာနိုင်တယ်လေ။"

ပိုင်ချူနျန် လေတစ်ချက်ချွန်လိုက်ရင်း ကားအဖွဲ့ကျန်ရစ်ခဲ့သည့်လုယက်ပစ္စည်းများကို အေးအေးလူလူကောက်ယူလာလိုက်၏။ စာမေးပွဲပြီးဆုံးဖို့ အချိန်တစ်ရက်ကျော်ကျန်သေးကာ မစ်ရှင်တွေလည်းပြီးသလောက်ရှိနေပြီဖြစ်၍ ယာယီမှာတော့ သေကျေဒဏ်ရာရခြင်းကိုလျော့ကျစေဖို့ အချက်အချာကျတဲ့နေရာတို့ကိုရှောင်ခြင်းက အကောင်းဆုံးရွေးချယ်ချက်ပါပင်။






မျက်နှာချင်းဆိုင်မှနေ ကံဆိုးသူမောင်ရှင်နောက်တစ်ဖွဲ့မှာ မဆင်မခြင်ဖြင့်တစ်ဟုန်ထိုးပြေးဝင်လာပြန်၏။ လုယန်ကကားစတီယာရင်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း စိတ်လှုပ်ရှားလျက်ဆိုမိသည်။

"မျက်နှာချင်းဆိုင်တိုက်မိတော့မယ် ဘယ်လိုချကြမလဲ?"

"ရှေ့ကလာနေတာVolkswagenကား အသားကပျက်လွယ်တယ်မခိုင်ဘူး။"

ပိုင်ချူနျန်က ဘေးခုံမှာလိုက်ပါရင်း တုန်လှုပ်ခြင်းအလျဉ်းမရှိ။

"တိုက်သာပစ်။"





ပိလန်ရှင်းမှာ Oလေးသုံးယောက်ကိုခေါ်ပြီး လူနေရပ်ကွက်ထဲတိတ်ဆိတ်စွာပဲပုန်းနေခိုက် ကောင်းကင်တစ်ခွင်မှနေ [သဘောရှိချ]အဖွဲ့လုယန်သုတ်သင်ပစ်လိုက်တဲ့စာရင်းအား အဆက်မပြတ်ထုတ်ပြန်လာကြောင်းကို ကြားလိုက်ရသည်။ ကြည့်ရတာမြို့ပြင်၌တစ်ဖွဲ့ပြီးတစ်ဖွဲ့ကိုဇီဝိန်ချုပ်ကာ စိတ်လွတ်ကိုယ်လွတ်ကိုသတ်နေပုံပင်။

ပိလန်ရှင်လည်း မနေနိုင်တော့သည့်အဆုံး ဆက်သွယ်ရေးစက်ကိုခေါက်လိုက်တော့သည်။

"ချူကော. . .  . . ."

ပိုင်ချူနျန်၏ အေးအေးလူလူသီချင်းညည်းနေသံက ဆက်သွယ်ရေးနားကြပ်မှထွက်ပေါ်လို့လာ၏။

"အင်း?"

ပိလန်ရှင်း : "ဟို ခင်ဗျားနည်းနည်းလောက်ထိန်းထိန်းသိမ်းသိမ်းလုပ်ပါလား? ဒီစာမေးပွဲထဲ စုစုပေါင်းဘယ်နှစ်ဖွဲ့ရှိလဲ ကျွန်တော်လည်းသေချာမသိဘူး ၊ မတော်ခင်ဗျားအကုန်လုံးကိုသတ်ပစ်မိလိုက်လို့ အဆင့်(၁)ရသွားရင် သိပ်များသိသာသွားမလားလို့?"

ဆက်သွယ်ရေးစက်အတွင်း စက္ကန့်ပိုင်းမျှတိိတ်ဆိတ်ကျသွားခဲ့၏။

ပိုင်ချူနျန် : "အယ် ငါမေ့သွားတာ။"







ZAWGYI


၁၇


ၿငိမ္သက္ေနသည့္ေရစီးေၾကာင္းအတိုင္းပင္လမ္းမႀကီးေအာက္က ေက်ာက္ေဆာင္တို႔ေပၚေမ်ာပါလာခဲ့ၾကသည့္ေလးေယာက္သား ေက်ာက္တုံးေက်ာက္ခဲတို႔ျပည့္ေနသည့္ကမ္းစပ္ေပၚ အနားယူေနလိုက္ၾကသည္။ ကိုယ္ထက္ဝတ္ထားသည့္မီးခိုးေရာင္ယူနီေဖာင္းတစ္ခုလုံး စိုရႊဲကာ ရင္ဘက္ေရွ႕က'သရဲရွာေဖြေရးအဖြဲ႕'ဟူသည့္နာမည္ကတ္ျပားထက္လည္းေရစက္တို႔တြဲလဲခိုေန၏။ မီးခိုးေရာင္ဝံပုေလြAlphaက AKကိုပိုက္၍ေသနတ္ထဲေရဝင္သြားသည့္အေျခအေနကိုၾကည့္ရွုရင္း တစ္ဆက္တည္းအဖြဲ႕သားေတြရဲ့ေသြးပမာဏကိုပါၾကည့္မိရာ ကြဲျပားစြာေသြးတို႔ေလ်ာ့ေနၾကေၾကာင္းေတြ႕လိုက္ရသည္။

"ေသြးကိုအျပည့္ထိျဖည့္လိုက္။"

ဟယ္ေဆာ္ေဝ့က ေဘးနားက်ည္ဆန္တို႔ကိုျဖန့္ခင္းကာေနလွန္းထားလိုက္ရင္း ေသြးျဖည့္အပ္သုံးေခ်ာင္းအားအဖြဲ႕သားေတြထံပစ္ေပးလိုက္သည္။

"မလြယ္ကူတဲ့ၿပိဳင္ဘက္နဲ႔ၾကဳံဆုံလိုက္ရတာပဲ ၊ အဲ့ျခေသၤ့Alphaကတစ္ခုခုေတာ့တစ္ခုခုပဲ။ သူကားေမာင္းတဲ့စေကးကိုမင္းၾကည့္ လုံးဝေလ့က်င့္ထားဖူးတာအေသအခ်ာႀကီး ၊ ဘယ္အဖြဲ႕အစည္းကလည္းေတာ့မသိဘူး ေျပာမရဘူးအျပင္ေရာက္ရင္လည္း ေတြ႕ရင္ေတြ႕ရေလာက္ဦးမွာ။"

"ဘယ္Alphaသြားၾကည့္ေနတာတုန္း လိုက္ခ်င္စိတ္မ်ားရွိသြားတာလား? မင္းတို႔ေတြ ဟိုေရသူထီးOmegaရဲ့ေသနတ္ပစ္စေကးက တိက်လြန္းတယ္လို႔ မထင္ဘူးလား ၊ တစ္ခ်က္တည္းနဲ႔ ငါတို႔ေနာက္ဘီးကိုပစ္ထည့္လိုက္တာမ်ား. . .  . . . ၿပီးေတာ့႐ုပ္ေလးကလည္းလွခ်က္ ၊ ပထမဆုံးျမင္ဖူးတာ ကိုယ္လုံးကိုယ္ေပါက္ကလည္းေဟာ့လြန္းခ်က္ပဲ။"

ကုဝူလြိက ယူနီေဖာင္းကိုေျခာက္ေအာင္ေရညႇစ္လ်က္ ေရစက္လက္က်ေနသည့္ဆံပင္တို႔ကိုသုတ္ရင္း ေရမ်က္ႏွာျပင္ေပၚကကိုယ့္ပုံရိပ္ကိုယ္ၾကည့္ကာ ဆံပင္ေကကိုတစ္ခ်က္ျပင္လိုက္၏။

"ခုနကငါေရထဲက်သြားတဲ့ပုံစံက ၾကည့္ေကာင္းရဲ့လား? သူ႔အေပၚ ေကာင္းတဲ့ထင္ျမင္ခ်က္ေလးေတာ့ခ်န္ရစ္ခဲ့နိုင္ေလာက္မလားပဲ. . .  . . . မင္းတို႔ခုနက ဘယ္သူပစ္ထည့္လိုက္တာလဲ သူ႔ကိုမွန္သြားတာေရာသိရဲ့လား? သူေသြးေတြေတာင္ေလ်ာ့ကုန္တာကြ! ဟင္း. . .  . . . ငါလည္းသူတို႔နဲ႔အဖြဲ႕ေပါင္းခ်င္လိုက္တာ အဲ့Oေလးကိုကာကြယ္ေပးခ်င္တယ္လို႔။"

"မင္း သူ႔အေပၚထင္ျမင္ခ်က္ခ်န္ရစ္ခဲ့နိုင္ပါတယ္ကြ. ."

ဟယ့္ဝိန္ေရွာင္းက ေျခအိတ္ကိုခၽြတ္ကာျမစ္ကမ္းနားေရညႇစ္ခ်ေနရင္းမွ ေခါင္းလွည့္လာၿပီးသူ႔ကိုစေနာက္လိုက္သည္။

"သူေနာက္ဆုံးေျပာသြားတဲ့စကားတစ္ခြန္း ငါၾကားလိုက္တယ္ ေသာက္ပိန္းတဲ့။"

ကုဝူလြိတစ္ေယာက္ကေတာ့ ကိုယ့္ဟာနဲ႔ကိုယ္ခံစားခ်က္ေကာင္းမြန္ေနေလလ်က္။

"ငါကမွ ေသာက္ပိန္းဆိုတဲ့စကားေလးရလိုက္ေသး ၊ မင္းတို႔ကိုျဖင့္သူကအေရးေတာင္မစိုက္ဘူးေလ။"

ဟယ့္ဝိန္ေရွာင္း ထိုေျခအိတ္တစ္ဖက္ကိုထပ္မံေရညႇစ္ရင္း. .

"သာယာမေနစမ္းနဲ႔ သူေျပာတဲ့အဲ့ေသာက္ပိန္းဆိုတဲ့စကားက ေခါင္းေဆာင္ကိုဆဲလိုက္တာမွန္းအသိသာႀကီး။"

ေဘးနားက ဟယ့္ဝိန္ေရွာင္းႏွင့္႐ုပ္ရည္တစ္ေထရာတည္းတူသည့္ ဝံပုေလြAlphaကလည္း တစ္ဖက္၌ေဆာင့္ေၾကာင့္ထိုင္လ်က္မွ ၿမိဳ႕ထဲကဝယ္လာတဲ့မီးျခစ္ျဖင့္ အနီးနားမွေကာက္ထားသည့္သစ္ကိုင္းေျခာက္အတိုအထြာတို႔ကိုမီးရွို႔ေန၏။ ကိုယ္ထက္ကေရစိုအဝတ္တို႔ကို ေျခာက္ေအာင္မီးကင္ရင္း ေခါင္းေထာင္းလ်က္မွစပ္ျဖဲျဖဲျဖင့္အႁမႊာအစ္ကိုေျပာတဲ့အတိုင္း သံေယာင္လိုက္လိုက္သည္။

"ငါေရာပဲ သူ ေခါင္းေဆာင္းကိုဆဲလိုက္တာလို႔ပဲထင္တယ္။"

ဟယ္ေဆာ္ေဝ့က ေရဝင္ကာသုံးစားမရေတာ့သည့္က်ည္ဆန္လက္တစ္ဆုပ္ျဖင့္ ထိုAlphaသုံးေယာက္စလုံး ေျမျပင္ထက္ဝပ္တြားသြားေအာင္ထိ ပစ္ေပါက္ထည့္လိုက္ပါ၏။

"အဲ့အေရးမပါတာေတြ ငါ့အေပၚထပ္လာေျပာေနမယ္ဆို အိမ္ျပန္ေရာက္တာနဲ႔ အကုန္လုံးကိုေျခေထာက္ရိုက္ခ်ိဳးပစ္ၿပီသာမွတ္။"

Aရွိလားဆိုသည့္အဖြဲ႕ႏွင့္လုံးဝဆန့္က်င္ဘက္ကေတာ့ သရဲရွာေဖြေရးအဖြဲ႕သည္ကား တစ္ဖြဲ႕လုံးAlphaမ်ားအဖြဲ႕ပင္ျဖစ္ၿပီး ေစာေစာပိုင္းက ေလတျဖဴးျဖဴးဟူသည့္ ေခြးသမင္ေလးေယာက္အဖြဲ႕ႏွင့္ အနည္းငယ္ကြာျခားလွသည္။ အဖြဲ႕ထဲ၌ ေျမာက္အေမရိကမီးခိုးေရာင္ဝံပုေလြAlphaသုံးေယာက္ႏွင့္ ထိုအထဲကုဝူလြိဆိုသည့္ ေပ်ာ္တတ္သည့္ဟက္စကီးတစ္ေကာင္လည္းပါဝင္ေနေလသည္။

ေခါင္းေဆာင္ျဖစ္သူေဒါပြေနၿပီျဖစ္၍ ဟယ့္ညီအစ္ကိုကလည္းနားလည္မွုရွိလွစြာျဖင့္ အသာေလးသြားကာဟယ္ေဆာ္ေဝ့ရဲ့ အကၤ်ီလက္ႏွင့္ေဘာင္းဘီအနားတို႔အား ေရေျခာက္ေအာင္ညႇစ္ေပးလ်က္ သက္ေသာင့္သက္သာရွိမည့္ေနရာတစ္ခုျပင္ဆင္ေပးကာ ေခါင္းေဆာင္အားအဝတ္တို႔ေျခာက္ေအာင္မီးအပူေပးေစသည္။

ဟယ္ေဆာ္ေဝ့လည္း ေသနတ္ကိုေကာက္ယူကာ ခပ္လွမ္းလွမ္းမွာမီးအပူေပးရင္း စိတ္မရွည္စြာျဖင့္ဆက္အသုံးျပဳလို႔ရမရစစ္ေဆးေနလိုက္သည္။ သူတို႔ေတြအခု သေဘာရွိခ်အဖြဲ႕ရဲ့စြမ္းေဆာင္ရည္ကို ရွင္းရွင္းလင္းလင္းမသိေသးေပမယ့္ ထိုအဖြဲ႕ကမလြယ္ကူဘူးဆိုတာကိုေတာ့ ေသခ်ာေပါက္သိလိုက္၏။ ျခေသၤ့Alphaႏွင့္ ေရသူထီးOmegaတို႔ရဲ့ ကားထဲကယုန္ေလးကို ကာကြယ္ေပးေနပုံကိုၾကည့္ရင္ ဒါကတစ္ေယာက္တည္းကိုသုံးေယာက္လိုက္ကာကြယ္ေပးမွန္းျဖစ္နိုင္ေျခမ်ား၏။ ဒါ့အျပင္Omegaအဖြဲ႕တစ္ခုႏွင့္ပါ ပူးေပါင္းထား၍ ယခုသူတို႔ေတြရဲ့ေခါင္းကိုလိုခ်င္ေနလို႔က သဘာဝမက်ေတာ့ ၊ ေရွာင္ေနလိုက္တာကပဲအေကာင္းဆုံးျဖစ္ေပမည္။

"ေကာ ကၽြန္ေတာ္တို႔အခုၾကယ္ဘယ္ႏွစ္လုံးရေနၿပီလဲ?"

ကုဝူလြိ လက္ခ်ိဳးကာေရတြက္ၾကည့္ေနမိသည္။

"ကၽြန္ေတာ္သတ္တာေတာ့ ႏွစ္ဆယ့္တစ္ေယာက္ရွိၿပီ ၊ ေနာက္ဆုံးထိအသက္ရွင္က်န္မယ္ဆိုရင္ေတာင္ ၾကယ္ငါးလုံးပဲရမွာ ၊ ဘာလို႔ဒီေလာက္ေတာင္မွကံဆိုးေနရတာလဲ တျခားသူေတြၾက ၾကယ္တစ္ပြင့္စီရွိတဲ့မစ္ရွင္သုံးခု ၊ ကၽြန္ေတာ္တို႔ၾကမွ တစ္ေယာက္ကိုၾကယ္သုံးပြင့္ပါတဲ့မစ္ရွင္တစ္ခုစီပဲတဲ့ ဘယ္သူမွဒီေလာက္ကံမဆိုးေလာက္ဘူး။"

ဟယ့္ဝိန္ေရွာင္း၏ မစ္ရွင္စာရြက္အရကေနၿပီး 1513စမ္းသပ္ခံခႏၶာ လူအေကာင္လိုက္ရွိမည့္တည္ေနရာက သုေတသနဌာနမွာျဖစ္ေၾကာင္းသိရ၏။ ယခုလက္ရွိတစ္ဖြဲ႕လုံးထဲ ဟယ့္အိမ္ကညီငယ္ျဖစ္သူရဲ့မစ္ရွင္သာၿပီးေျမာက္ထားလ်က္ ACစိတ္ေခ်ာက္ခ်ားေဆးတစ္ပုလင္းယူထားၿပီးျဖစ္သည္။

ကုဝူလြိ၏ မစ္ရွင္စာရြက္ထက္မွာေတာ့ ရိုးရိုးရွင္းရွင္းစာတစ္ေၾကာင္းသာရွိေပသည္ - 'စိတ္ေခ်ာက္ခ်ားေဆးAccelerantအား နံပါတ္1513စမ္းသပ္ခံခႏၶာ၏ဂုတ္ပိုးဂလင္းအတြင္းထည့္သြင္းပါ'ဟူ၏။

ဟယ္ေဆာ္ေဝ့၏မစ္ရွင္က သာလို႔ေတာင္တဲ့တိုးဆန္လွသည္ - 'နံပါတ္1513စမ္းသပ္ခံခႏၶာအား ရွင္းပစ္ပါ။'

"ေျပာရမယ္ဆို နံပါတ္1513စမ္းသပ္ခံခႏၶာဆိုတာ ေသာက္က်ိဳးနည္းဘာေကာင္ႀကီးလဲဟ?"

ကုဝူလြိတစ္ေယာက္ ေမးေထာက္လ်က္အႀကံအိုက္ေနမိသည္။

"ေစာနကျခေသၤ့Alphaေျပာသြားတာကေတာ့ သုေတသနဌာနမွာဆုံမယ္တဲ့ ေသခ်ာေပါက္သူေတာ့တစ္ခုခုသိေလာက္တယ္။"

ဟယ္ေဆာ္ေဝ့ သုံးေလးႀကိမ္ေလာက္မီးညႇိလည္း ေရစိုေနသည့္ေဆးျပင္းလိပ္ကမီးမစြဲ၍ စိတ္မပါစြာျဖင့္ပဲေဆးလိပ္အားေရထဲပစ္ခ်လိုက္ရာ ေရပြက္ေသးေသးတစ္ခုထလာေတာ့၏။

"တျခားအဖြဲ႕နဲ႔ အဖြဲ႕ပူးေပါင္းတာက စည္းကမ္းေဖာက္ရာေတာ့မေရာက္ဘူး ၊ ငါတို႔ေတြအခုသိထားတဲ့အခ်က္အလက္ေတြက ေတာ္ေတာ္နည္းေနေသးတယ္။"

ဟယ္ေဆာ္ေဝ့ တိတ္တဆိတ္ေတြးေတာၾကည့္မိ၏ ၊ အကယ္၍ သေဘာရွိခ်အဖြဲ႕ရဲ့မစ္ရွင္ကလည္း နံပါတ္1513စမ္းသပ္ခံခႏၶာကိုရွင္းပစ္ရမယ္ ဤသို႔သာျဖစ္လၽွင္ေတာ့ တျခားနည္းလမ္းပဲစဥ္းစားရေတာ့မည္။






ထိုတစ္ခ်ိန္တည္းမွာပဲ သေဘာရွိခ်အဖြဲ႕မွာဆို ႐ုတ္တရက္ႀကီးလမ္းေၾကာင္းေျပာင္းပစ္လိုက္၏။ ကနဦးကေတာ့ သုေတသနဌာနစီတန္းသြားဖို႔စိတ္ကူးထားတာေပမယ့္ ယခုအခါမွာေတာ့ အေဝးေျပးလမ္းေပၚမွေမာင္းထြက္လာၿပီး က်င္းေတြခ်ိဳင့္ေတြႏွင့္ညီညာမွုမရွိသည့္ ၿမိဳ႕စြန္ၿမိဳ႕ဖ်ားရြာလမ္းထဲ တစ္လမ္းလုံးကားေဆာင့္လ်က္ျဖင့္ေမာင္းဝင္လာလိုက္ၾကသည္။

ပိလန္ရွင္းလည္း က်န္တဲ့တျခားOေလးသုံးေယာက္ကိုတင္လ်က္ ကားကိုျပန္လွည့္လိုက္ၿပီးအလာတုန္းက လူေနရပ္ကြက္အတြင္းေမာင္းဝင္လိုက္ေတာ့သည္။ လူေနရပ္ကြက္အတြင္း၌ လူေနအိမ္ေျခမ်ားသစ္ပင္မ်ားႏွင့္ လမ္းသြားလမ္းလာလူေတြေပါမ်ားလွ၍ အဖြဲ႕ေတာ္ေတာ္မ်ားထိုေနရာမ်ိဳးသို႔လာဖို႔ဆႏၵမရွိၾက ၊ ေနထိုင္သူမ်ားအား မေတာ္တဆထိခိုက္ေအာင္လုပ္မိပါက အမွတ္ေလၽွာ့ခံရမည္ျဖစ္ေသာေၾကာင့္ပင္ ၊ ဤသို႔ျဖင့္လူေနရပ္ကြက္ေလးဟာဆိုလၽွင္ ေျမျပင္အေျခအေနေရာလူမွုေရးပိုင္းေရာေကာင္းမြန္လွသည့္ ထိပ္တန္းေနရာတစ္ခုအျဖစ္တည္ရွိေနေပ၏။ ယခုသူတို႔ကိုယ္ထက္လည္း ေပါက္ကြဲဟန့္တားကိရိယာေတြအလုံအေလာက္ရွိေန၍ ရပ္ကြက္ထဲရွိအေဆာက္အအုံတြင္းပုန္းကာ အနားယူဖို႔ျပည့္ျပည့္ဝဝႀကီးကိုလုံေလာက္ေပသည္။ စာေမးပြဲေျဖဆိုခ်ိန္ကလည္း ေလးပုံတစ္ပုံခန့္ကုန္လြန္သြားခဲ့ၿပီျဖစ္၍ ေပၚေပၚထင္ထင္ေနရာစုံသြားေနလို႔လည္း အဓိပၸာယ္မရွိေတာ့။

စာေမးပြဲစစခ်င္းတုန္းက သူတို႔ေတြေျမေအာက္ကားဂိုေထာင္မွခိုးလာသည့္BMWကားေရွ႕ဖုံးမွာဆို မီးခိုးေတြအူထြက္ေနလ်က္ ေဘးႏွစ္ဖက္ရွိမွန္မ်ားလည္းအကုန္ကြဲေၾကေအာင္ထိပစ္ခံထားရ၏။ ကားကိုယ္ထည္သည္လည္း က်ည္ေပါက္ေတြအျပည့္ေျပာက္က်ားထလ်က္ျဖင့္ သုံစားမရေအာင္စုတ္ျပတ္ေနေလၿပီ။

စန္ဝါးေက်းရြာ၏အေရွ႕ဂိတ္၌ ရြာထဲအသီးအရြက္ေတြတင္ပို႔သည့္  ဝူလင္ဟုန္ကြမ္း(china madeကား)တစ္စီးရပ္လို႔ထားထား၏။ ပိုင္ခ်ဴန်န္ကားကိုစက္သတ္ကာ တံခါးဂ်က္ကိုဖြင့္လိုက္သည္။

"ကားေျပာင္းမယ္။"

တုေမာ့က ေမၽွာ္လင့္မထားေအာင္ပင္စကားနားေထာင္ေန၏။ အေစာပိုင္း ကားခ်င္းစစ္ထိုးတုန္းက သူ ပိုင္ခ်ဴန်န္၏အစြမ္းအစကိုအေသအခ်ာကိုျမင္ေတြ႕လိုက္ရသည္။ သို႔အျပင္ထိုAlphaမွာ သူထင္ထားတာထက္ကိုပိုလို႔ထက္ျမက္လွရာ ပိုင္ခ်ဴန်န္တစ္ခြန္းဆိုလိုက္တာႏွင့္ တုေမာ့လည္းခ်က္ခ်င္းလိမ္လိမ္မာမာေလးေဘးမွလိုက္လာခဲ့လိုက္ပါသည္။ ထိုAlphaကိုၾကည့္လိုက္လၽွင္ အေလးအနက္မရွိရႊတ္ေနာက္ေနာက္ျဖင့္ လတ္လ်ားလတ္လ်ားပုံစံေပါက္ေနေပမယ့္ တကယ္တမ္းၾကသူ႔ေဘးနားရွိေနလၽွင္ကို ေျပာမျပတတ္သည့္လုံျခဳံမွုရွိတဲ့ခံစားခ်က္မ်ိဳးရ၏။

တုေမာ့တစ္ေယာက္ ပိုင္ခ်ဴန်န္ေဘးနားပိုလိုတိုးကပ္ခ်င္မိရေပမယ့္ ႐ုတ္ျခည္းလည္တိုင္ထက္ ေအးစက္စက္ငါးအၿမီးႀကီးကရစ္ပတ္လို႔လာ​ေခ်သည္။ လန္ေပါက ကားေခါင္မိုးေပၚထိုင္ေနလ်က္မွအၿမီးဖ်ားျဖင့္ က်ီးကန္းOmegaအားမိမိအနားဆြဲေခၚလိုက္ၿပီး မ်က္လႊာခ်ကာသိသိသာသာေျဗာင္ပင္ အၾကည့္စူးစူးျဖင့္တုေမာ့မ်က္ႏွာအားစိုက္ၾကည့္ထည့္လိုက္၏။

သိပ္ၿပီးရင္းႏွီးေဖာ္ေရြပုံမရသည့္ေရသူထီးႏွင့္ မ်က္ႏွာခ်င္းဆိုင္မိ၍ တုေမာ့လည္းမတတ္သာစြာသတိပိုတိုးလို႔ေနမိသည္။ ေၾကာင္ေတာင္ေတာင္ျဖင့္မ်က္လႊာအသာပင့္ကာ လန္ေပါႏွင့္အၾကည့္ခ်င္းတစ္ခ်က္ဆုံမိၿပီးတာႏွင့္ ခ်က္ခ်င္းတန္းအၾကည့္လႊဲလိုက္လ်က္ လန္ေပါဆိုလိုခ်င္သည္အားနားလည္သလိုရွိ၍ ခပ္တိုးတိုးဆိုလိုက္ပါသည္။

"ကၽြန္ေတာ္ ေကာေနာက္လိုက္ခဲ့ရမလား?"

လန္ေပါကငုံ႔ကာ တည္ၿငိမ္ေအးစက္စြာပင္ ခါးထက္ခပ္တင္းတင္းပတ္ထားသည့္က်ည္ခါးပတ္ေပၚမွက်ည္တို႔ကိုျဖဳတ္ယူကာ ရိုင္ဖယ္ေသနတ္ကိုက်ည္လဲရင္း အင္းတစ္လုံးသာဆိုလိုက္ပါ၏။





လုယန္တစ္ေယာက္ ညစ္ပတ္စုတ္ျပတ္ေနသည့္ထိုေပါင္မုန့္ကားကိုတစ္ခ်က္ၾကည့္ၿပီး တက္ဖို႔အင္တင္တင္ျဖစ္ေနမိသည္။ ယုန္ေပါက္ေလးမွာ ရာထူးႀကီးႀကီးစစ္တပ္ထဲကဒုတိယမ်ိဳးဆက္ကိုမွ သူေဌးသားဆိုသည္ပါထပ္ေပါင္းလ်က္ ေမြးလာသူျဖစ္၍ ေမြးကတည္းကဂဏန္းခုႏွစ္လုံးေအာက္ကားကိုျဖင့္ ဘယ္တုန္းကမွမစီးခဲ့စဖူး။

ပိုင္ခ်ဴန်န္ ရႊံ့ေတြတစ္ဝက္ေလာက္ေပကာ အခ်ိဳင့္အပိန့္တို႔ရွိသည့္ကားတံခါးကိုပုတ္လိုက္ရင္း. .

"မင္းကို ကားခ်င္းစစ္ထိုးနည္းသင္ေပးမယ္ေလ မသင္ခ်င္ဘူးလား?"

ထိုအေျပာကိုၾကားသည္ႏွင့္ လုယန္နားရြက္တို႔ကတစ္ခ်က္ေထာင္လာလ်က္ ခ်က္ခ်င္းကားေမာင္းသူေနရာခုန္တက္လိုက္ေတာ့သည္။

"သင္ခ်င္တယ္. . .  . . . မင္းကားေမာင္းတာမဆိုးဘူး ေတာ္တယ္။"

ပိုင္ခ်ဴန်န္ ထိုညစ္ပတ္စုတ္ျပတ္ေနသည့္ေပါင္မုန့္ကားအား လုယန္ကိုသာတစ္ခါတည္းေမာင္းခိုင္းလိုက္လ်က္ ျပင္ညီအလ်ားလိုက္ဦးတည္ေမာင္းဖို႔သင္ေပးရင္း လမ္းေကြ႕တစ္ခုအေရာက္မွာေတာ့ကားထိုးရပ္ကာ အကုန္လုံးအားကားေပၚမွဆင္းခိုင္းလိုက္ပါသည္။

လမ္းရဲ့အစြန္ဆုံးမွေန ၿပိဳင္ကားတစ္စီး၏ကားအင္ဂ်င္သံအား ဝိုးတဝါးၾကားလိုက္ၾကသည့္အခိုက္ လုယန္ႏွင့္ တုေမာ့တို႔၏ပထမဆုံးတုန့္ျပန္ခ်က္သည္ကား ေသနတ္ကိုေနရာခ်ကာ ကားကိုပစ္ဖို႔ျပင္ဆင္လိုက္ၾကသည္။ ပိုင္ခ်ဴန်န္ကေတာ့ သစ္ပင္ကိုမွီထားရင္း ပ်င္းရိၿငီးေငြ႕စြာဆိုမိ၏။

"ၿပိဳင္ကားအင္ဂ်င္သံကြဲျပားပုံကို ေသခ်ာေလးခြဲျခားမွတ္ထားၾက ၊ အခုလာေနတာကKTM သူ႔အရွိန္ကိုမင္းတို႔မွန္ေအာင္မပစ္နိုင္ဘူး ၊ ေက်ာက္တုံးသြားမေရႊ႕ၿပီးသာ အဲ့ေကာင္ကိုပိတ္ဆို႔ထား။"

ထင္မွတ္ထားသည့္အတိုင္းပင္ လမ္းလယ္ေကာင္မွာပဲေက်ာက္တုံးႏွင့္ၿငိကာ ထိုတစ္ဖြဲ႕လုံးရဲ့ကားကတန္းေမွာက္သြားရွာ၏။ ပိုင္ခ်ဴန်န္ လုယန္အားသြား၍ ေခါင္းေတြသိမ္းယူေစလိုက္ၿပီး အျမန္ေခ်ာပို႔ႏွင့္ထိုအဖြဲ႕ဆက္သလာသည့္လက္နက္ပစၥည္းတို႔ကိုေကာက္ယူကာ ကားေပၚတက္ေမာင္းထြက္လာခဲ့လိုက္သည္။

"တယ္ခ်မ္းသာပါလားဒီအဖြဲ႕ ၊ flamethrower(မီးမွုတ္ထုတ္ပစ္ထည့္တဲ့လက္နက္)ေတာင္ရွိတယ္ ငလူး။"

"ဒီလိုစာေမးပြဲမ်ိဳးကဒီပုံစံပဲေလ ၊ မင္းအရွက္မရွိဖို႔ပဲလိုတာ ဘယ္လက္နက္မ်ိဳးမဆိုသြားလုလာနိုင္တယ္ေလ။"

ပိုင္ခ်ဴန်န္ ေလတစ္ခ်က္ခၽြန္လိုက္ရင္း ကားအဖြဲ႕က်န္ရစ္ခဲ့သည့္လုယက္ပစၥည္းမ်ားကို ေအးေအးလူလူေကာက္ယူလာလိုက္၏။ စာေမးပြဲၿပီးဆုံးဖို႔ အခ်ိန္တစ္ရက္ေက်ာ္က်န္ေသးကာ မစ္ရွင္ေတြလည္းၿပီးသေလာက္ရွိေနၿပီျဖစ္၍ ယာယီမွာေတာ့ ေသေက်ဒဏ္ရာရျခင္းကိုေလ်ာ့က်ေစဖို႔ အခ်က္အခ်ာက်တဲ့ေနရာတို႔ကိုေရွာင္ျခင္းက အေကာင္းဆုံးေရြးခ်ယ္ခ်က္ပါပင္။






မ်က္ႏွာခ်င္းဆိုင္မွေန ကံဆိုးသူေမာင္ရွင္ေနာက္တစ္ဖြဲ႕မွာ မဆင္မျခင္ျဖင့္တစ္ဟုန္ထိုးေျပးဝင္လာျပန္၏။ လုယန္ကကားစတီယာရင္ကို ခပ္တင္းတင္းဆုပ္ကိုင္ရင္း စိတ္လွုပ္ရွားလ်က္ဆိုမိသည္။

"မ်က္ႏွာခ်င္းဆိုင္တိုက္မိေတာ့မယ္ ဘယ္လိုခ်ၾကမလဲ?"

"ေရွ႕ကလာေနတာVolkswagenကား အသားကပ်က္လြယ္တယ္မခိုင္ဘူး။"

ပိုင္ခ်ဴန်န္က ေဘးခုံမွာလိုက္ပါရင္း တုန္လွုပ္ျခင္းအလ်ဥ္းမရွိ။

"တိုက္သာပစ္။"





ပိလန္ရွင္းမွာ Oေလးသုံးေယာက္ကိုေခၚၿပီး လူေနရပ္ကြက္ထဲတိတ္ဆိတ္စြာပဲပုန္းေနခိုက္ ေကာင္းကင္တစ္ခြင္မွေန [သေဘာရွိခ်]အဖြဲ႕လုယန္သုတ္သင္ပစ္လိုက္တဲ့စာရင္းအား အဆက္မျပတ္ထုတ္ျပန္လာေၾကာင္းကို ၾကားလိုက္ရသည္။ ၾကည့္ရတာၿမိဳ႕ျပင္၌တစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ကိုဇီဝိန္ခ်ဳပ္ကာ စိတ္လြတ္ကိုယ္လြတ္ကိုသတ္ေနပုံပင္။

ပိလန္ရွင္လည္း မေနနိုင္ေတာ့သည့္အဆုံး ဆက္သြယ္ေရးစက္ကိုေခါက္လိုက္ေတာ့သည္။

"ခ်ဴေကာ. . .  . . ."

ပိုင္ခ်ဴန်န္၏ ေအးေအးလူလူသီခ်င္းညည္းေနသံက ဆက္သြယ္ေရးနားၾကပ္မွထြက္ေပၚလို႔လာ၏။

"အင္း?"

ပိလန္ရွင္း : "ဟို ခင္ဗ်ားနည္းနည္းေလာက္ထိန္းထိန္းသိမ္းသိမ္းလုပ္ပါလား? ဒီစာေမးပြဲထဲ စုစုေပါင္းဘယ္ႏွစ္ဖြဲ႕ရွိလဲ ကၽြန္ေတာ္လည္းေသခ်ာမသိဘူး ၊ မေတာ္ခင္ဗ်ားအကုန္လုံးကိုသတ္ပစ္မိလိုက္လို႔ အဆင့္(၁)ရသြားရင္ သိပ္မ်ားသိသာသြားမလားလို႔?"

ဆက္သြယ္ေရးစက္အတြင္း စကၠန့္ပိုင္းမၽွတိိတ္ဆိတ္က်သြားခဲ့၏။

ပိုင္ခ်ဴန်န္ : "အယ္ ငါေမ့သြားတာ။"

Continue Reading

You'll Also Like

42.5K 4.9K 72
Author _ Shuiqiancheng That's not my work.I am Just Translator
441K 54.2K 54
Xiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယ...
172K 5K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
134K 17.9K 113
(UniCode) 'ချစ်ခြင်းမေတ္တာလို့ ပြောရင်၊ ငါချစ်မိတဲ့သူက မင်းဆိုတဲ့ လူတစ်ယောက်တည်း အတွက်ပဲ' (Zawgyi Code) 'ခ်စ္ျခင္းေမတၱာလို႔ ေျပာရင္၊ ငါခ်စ္မိတဲ့သူက မ...