"ချမ်း..သူက လင်းမြတ်..သူကထက်ပိုင်..ကိုယ့်ကိုခင်သလိုပဲသူတို့ကိုခင်လို့ရတယ်တယ်"
"ဟုတ်ကဲ့..တွေ့ရတာဝမ်းသာပါတယ်..ကျွန်တော်က ချမ်း ပါ"
ချမ်း ကနှုတ်ဆက်ရင်း စဉ်းစားသလို လင်းမြတ်တို့ကိုသေချာကြည့်လာသည်။ဒီနှစ်ယောက်ကို သူ မြင်ဖူးနေသလိုပဲ။
"ဟုတ်ကဲ့..ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်"
လင်းမြတ်က ပြာပြာသလဲပြန်နှုတ်ဆက်သည်။ဟိုနေ့ညနေက အမှောင်ထဲမှာမို့ ချမ်း သူတို့ကိုသေချာမမှတ်မိတာပဲကျေးဇူး တင်ရမည်။ထက်ပိုင်က ချမ်း ကိုလေ့လာသလိုစူးစမ်းကြည့်နေသည်။အနီးကပ်မြင်ရကာမှ ဒီကောင်လေး တော်တော်လှမှန်းသိသာသည်။လှတယ် ဆိုတာက သူနဲ့ပိုသင့်တော်မည်ထင်သည်။ဆံပင် ကေ ဖောင်းဖောင်းလေးက ရှေ့နဖူးတွင်ဝေ့ဝဲနေသည်။အသားအရည်က သူတို့နှင့်ယှဉ်လျှင်သိသိသာသာဖြူနုနေတာဖြစ်သည်။အရပ်က ထက်ပိုင်တို့နဲ့မတိမ်းမယိမ်း။မျက်နှာလေးက ခပ်တည်တည်ဖြစ်ကာ နည်းနည်းတော့ မာနကြီးပုံထင်ရသည်။သို့ပေမဲ့ နေ နဲ့ဆိုရင်တော့ ဒီကောင်လေး မျက်နှာက ပျော့ပျောင်းနေသည်။
တစ်ခါတစ်လေ နေတို့က ရပ်ကွက်အစွန်ဆုံးဒီ ထန်းရည်ဆိုင်ဘက်ရောက်လာတတ်ကြသည်။အရက်ကိုတော့ နေတို့ သူငယ်ချင်းသုံးယောက်လုံးမသောက်ကြပေမဲ့ ထန်းရည်တော့ တစ်ခါတစ်လေသောက်ဖြစ်ကြသည်။ထန်းပင်တွေ လေးငါးဆယ်ပင် ရှိသည့် ထန်းတောတည်းမှာမို့ ထန်းရည်စစ်စစ်ရသည်။ထန်းရည်ဆိုင်လေးကသပ်သပ်ရပ်ရပ်ဖြစ်ကာ ဆိုင်တွင်းရော ဆိုင်ပြင်ရော စားပွဲခုံတွေခုံပုလေးတွေချပေးထားသည်။အမြည်းလည်း အစုံရသည်မို့ ထန်းရည်ဆိုင်လေးက လူစည်သည်။နေ အလုပ်ကပြန်လာကာမှ ထန်းရည်ဆိုင်ဘက်ထွက်ခဲ့ကြသည်မို့ ညနေခင်းအချိန်ဖြစ်သည်။
"ချမ်း..ရော့ ဗျာ သောက် ခင်ဗျားတို့ မြို့မှာဆိုဒီလို ထန်းရည်စစ်စစ်သောက်ရမှာမဟုတ်ဘူး"
လင်းမြတ်က ထန်းရည်တစ်ခွက် ချမ်း ရှေ့ တိုးပေးလိုက်ရင်းပြောသည်။နေက ထန်းရည်ခွက်ကိုလှမ်းယူလိုက်ကာ...
" မင်း.သောက်နိုင်မှာမဟုတ်ဘူး ထန်းရည်ချိူပဲသောက်..."
ထန်းရည်ချိူတစ်ခွက်ငှဲ့ပေးသည်။ချမ်း နေငှဲ့ပေးသည့်ထန်းရည်ချိူခွက်လေးကိုကိုင်ရင်းနေ့ လက်ထဲရောက်သွားသည့်ထန်းရည်ခွက်လေးကို နှမြောတသစွာကြည့်သည်။သူ ထန်းရည်ချိူကြိုက်ပေမဲ့ ထန်းရည်စစ်စစ်ချဉ်ခါးခါးလေးကို ပိုသောက်ချင်သည်။
"ဟေ့ကောင် နေ မင်းအဲလောက်ကြီးမချူပ်ချယ်နဲ့လေကွာ သူလည်းသောက်ချင်မှာပေါ့"
ထက်ပိုင်က မနေနိုင်ဝင်ပြောသည်။ဒီကောင်သူတောင်းစား ငနေက ဒီကောင်လေးနဲ့ကျမှအဖြစ်သည်းနေသည်။အရင်ရည်းစားတွေတုန်းကတော့ နေမကောင်းဘူးသတင်းကြားတောင် သတင်းသွားမေးဖော်မရတဲ့ကောင်က
ဒီကောင်လေး ထန်းရည်မသောက်နိုင်မှာကျလိုက်စိုးရိမ်နေသည်။
"ရတယ်..ကျွန်တော် ထန်းရည်ခါးခါး သိပ်မကြိုက်ဘူး"
ထန်းရည်မကြိုက်တဲ့သူက ထန်းရည်ချိူခွက်ကိုတော့ တစ်ကျိူက်တည်းအကုန်မော့သောက်ပစ်သည်။
"သောက်လို့ကောင်းတယ်..နေ ကျွန့်တော်အတွက်အဲဒါပေး"
နေ့ ရှေ့ကထန်းရည်ချိူအိုးကိုဆွဲယူကာ ချမ်း တစ်ခွက်ပြီးတစ်ခွက် မော့သောက်တော့သည်။နေက မသောက်စေချင်မှတော့ သူ မသောက်ရုံပဲပေါ့။ဘာကြောင့်မှန်းမသိ နေ့စကားတွေဆို ချမ်း အလိုလိုနားထောင်ချင်သည်။နေကသူ့အတွက် အရေးကြီးတဲ့လူတစ်ယောက်လိုခံစားရသည်။ချမ်းကသီးသန့်နေရတာကြိုက်သူမို့ ပုံမှန်ဆိုလူတစ်ယာက်ကို အလွယ်တကူခင်မင်တတ်သူမဟုတ်။နေ့ကိုတော့ အချိန်တိုအတွင်း ခင်မင်မိကာ ရင်းနှီးသူတစ်ယောက်လို ခံစားရသည်။
"ချမ်း ကြွက်ကြော် စားကြည့်မလား"
နေ့ လက်ထဲကကြွက်ခြေထောက်ကြော်ကိုကြည့်ရင်း ချမ်း မျက်လုံးပြူးသည်။ကြွက်..ကြွက်ကိုဘယ်လိုကြော်စားကြသလဲ။
"ဒါက အိမ်ကြွက်မဟုတ်ဘူးလေ ၊လယ်ကွက်တွေထဲက တွင်းမှာနေတဲ့ မြေကြွက်ကိုကြော်ထားတာ..စားကြည့်"
နေ က အသားပိုင်းကိုဆွဲမွှာကာ ချမ်း ပါးစပ်ရှေ့တိုးပေးတော့ ချမ်းက ပါးစပ်လေးဟစားလာသည်။
"ကောင်းလား"
နေ က ချမ်းစားနေသည်ကို ချစ်စနိုးကြည့်ရင်းမေးတော့ ချမ်းက ခေါင်းလေးငြိမ့်သည်။
"အွန်း..ကောင်းတယ်"
"ရော့..စား အဲဒါဆို "
ကြွက်ကြော်ပန်းကန်လေးက ချမ်း ရှေ့ရောက်သွားသည်။
"အဟမ်း...ဟမ်း ငါတို့လည်းကြွက်ကြော်ကြိုက်တယ်နော်"
နှစ်ယောက်တည်းတစ်ကမ်ဘာ လုပ်နေကြသည့် နှစ်ယောက်အားကြည့်ရင်း လင်းမြတ်တို့ထံမှ တမင်ချောင်းဟန့်သံတွေထွက်ပေါ်လာသည်။
"ငနေတို့ကတော့ ရှယ်မိုက်တယ်နော့..ထန်းရည်လေးသောက်လိုက် အလှလေးမျက်နှာငေးလိုက် အမြည်းမလိုဘူး"
ချမ်း ဘက် ခဏခဏကြည့်နေသော နေ့ကို ထက်ပိုင်က စသည်။ချမ်း နည်းနည်းနေရခက်ပုံပေါ်သွားကာ မျက်နှာလေးနီရဲလာပေသည်။
"ခွေးကောင် သောက်စရာရှိတာသောက်"
နေကလည်း ထက်ပိုင်ကိုလှမ်းဆဲသည်။
"အဟမ်း..ဒါနဲ့ ချမ်းကရည်းစားတွေဘာတွေရှိလား"
လင်းမြတ်က ချမ်းဘက်လှည့်မေးသည်။ချမ်း ထန်းရည်ခွက်လေးကိုစားပွဲပေါ်ချထားလိုက်ရင်း....
"ကျွန်တော် ရည်းစားမထားဘူး"
ချမ်း အမှန်တကယ်ရည်းစားမထားဖူးတာဖြစ်သည်။တမင်မထားတာ မဟုတ်ပေမဲ့ ချမ်း ခုအရွယ်ထိ ရင်ခုန်ရသူတစ်ယောက်မှမတွေ့ဖူး။
"အော်..ကောင်းတာပေါ့"
လင်းမြတ်က နေ့ကို မျက်လုံးမှိတ်ပြသည်။
"ချမ်း...ဒီမှာဘယ်လောက်ကြာကြာနေမှာလဲ"
နေ့ အမေးကြောင့် ချမ်း ကနေ့ကိုလှည့်ကြည်လာသည်။ချမ်း မျက်ဝန်းလေးတွေ ထန်းရည်တန်ခိုးကြောင့် အနည်းငယ်ရီဝေလာပြီဖြစ်သည်။
"ပျော်သလောက်နေမှာပေါ့..ဒီမှာက ပျော်ဖို့ကောင်းတယ်လေ"
"နောက်ဆို ပြန်ရမယ်တောင် မထင်ဘူး"
ထက်ပိုင်က ဘေးဘက်လှည့် ခပ်တိုးတိုးပြောလိုက်သေးသည်။
"ဟင်.."
ချမ်း က မသဲမကွဲကြားကာ ခေါင်းလေးထောင်လာရင်း ထက်ပိုင်ကိုမေးသလိုကြည့်သည်။
"အော်..ကျွန်တော်ပြောတာက ချမ်း ဒီမှာပျော်လို့ နောက်ဆိုအိမ်တောင်ပြန်ချင်မှာ မဟုတ်ဘူးလို့"
"အော်..အင်း..ဟုတ်တယ်"
ချမ်း ရေချိန်ကိုက်လာပြီဖြစ်ကာ အသံလေးပါ လေးတေးတေးဖြစ်လာသည်။ပြောပြီး ထန်းရည်တစ်ခွက် မော့ သောက်သည်။
"ဟေ့ကောင်..မင်းဟာလေး သောက်တာများနေပြီနော်"
ထန်းရည်ချိူထည့်ထားသည့်မြူအိုး တစ်ဝက်ကျော်ကျော်ကို တစ်ယောက်တည်းအကြိုက်သောက်နေသည်မို့ လင်းမြတ်က နေ့ကိုလက်တို့သည်။
"အေ့..မများသေးပါဘူး"
ပြောနေပေမဲ့ ခေါင်းလေးငိုက်စိုက်ကျချင်လာသည်။
"ချမ်း..မင်း တော်သင့်ပြီထင်တယ်"
နောက် တစ်ခွက်မော့ရန်ကြံနေသည့် ချမ်း လက်ထဲကခွက်ကို နေကအသာဆွဲယူရင်း ပြောတော့....
"နေ ကျွန်တော့်ကိုအထင်သေးတာလား..ကျွန်တော်ကအများကြီးသောက်နိုင်တယ် သိလား... အေ့!"
ပုံမှန်ထက် စကားတွေပါသွက်လာပြီမို့ ဒီကောင်လေး မူးနေပြီဖြစ်သည်။နေ ချမ်းရှေ့ကထန်းရည်ခွက်ကိုဆွဲယူလိုက်သည်။ချမ်းက နေ ဆွဲယူသည်ခွက်ကိုပြန်ဆွဲယူကာ နေ့ကိုမူးနေဟန် မှေးတေးတေးမျက်လုံးလေးတွေနဲ့ကြည့်လာရင်း.....
"နေ ကျွန်တော့်ကိုမတိုက်ချင်တော့ဘူးလား...ကျွန်တော့်မှာပိုက်ဆံ ပါ ပါတယ်...နေ အကြိုက်သောက် အဝသောက်..ကျွန်တော်ရှင်းမယ် သိလား"
ခေါင်းငိုက်စိုက်လေးနဲ့သဘောကောင်းစွာပြောလာသေးသည်။
"ခွီ!!..မူးပြီဟ"
ချမ်း ပုံစံကိုကြည့်ရင်း လင်းမြတ်တို့ကခွီခနဲထရယ်သည်။ထန်းရည်ချိူသောက်ပြီး မူးတာ ဒီကောင်လေး ပဲ ရှိမည်ထင်သည်။
"ချမ်းကို မတိုက်ချင်လို့မဟုတ်ပါဘူး..ချမ်း မူးနေပြီလေ နောက်နေ့မှ ထပ်သောက်နော်..ဒီနေ့တော့ တော်သင့်ပြီ..အများကြီးသောက်ရင် မကောင်းဘူး"
နေ က ချမ်းကိုအသာချော့ပြောနေသည်။ချမ်းက လက်ချောင်းလေးတစ်ချောင်းထောင်ပြရင်း....
"တစ်ခွက် ပဲ...ဒီတစ်ခွက်လေးပဲ..."
ပြောပြီး ထန်းရည်ခွက်ကိုအမြန်မော့ချသည်။ပြီးနောက် ခွက်ကိုတောက်ခနဲပြန်ချရင်း ခေါင်းလေးငိုက်စိုက်နဲ့....
"ကျွန်တော် မကျေနပ်တာ တစ်ခုရှိတယ်သိလား....ကျွန်တော်က 2001born...နေက20003born..ကျွန်တော်က အေ့! နေ့ထက်အသက်ကြီးတယ်လေ ..ကျွန်တော့်ကို အငယ်လိုဆက်ဆံနေတာ လက်မခံနိုင်ဘူး..ကျွန်တော့်ကို အစ်ကို လို့ ခေါ်သင့်တာမဟုတ်ဘူးလား"
နေက သူ့ကို မင်း,ငါ ပြောဆိုနေသည်ကိုဘယ်ကတည်းကမကျေနပ်သည်မသိ။ရှေ့က ထက်ပိုင်တို့နှစ်ယောက်ကိုတိုင်တည်ပြောတော့သည်။
"ဟုတ်သားပဲဗျာ...ချမ်းကအကြီးပဲ...ဒီကောင် ရိုရိုသေသေဆက်ဆံသင့်တာပေါ့"
လင်းမြတ်က ချမ်း အလိုကျ ထောက်ခံသည်။
နေ ချမ်း စကားကြောင့်ဘာပြောရမှန်းမသိ။ ချမ်းက သူ့ထက်အသက်ကြီးမှန်းသိပေမဲ့လူကောင်လေးက သူ့ထက်သေးသည့်အပြင် ဒီအတိုင်း ချမ်း ကိုအငယ်လိုသဘောထားမိကာ ပြောဆိုဆက်ဆံမိသည်။ထန်းရည်မူးမှ ကျွဲခိုးပေါ်ဆိုသလို ချမ်း မူးတော့ မကျေမနပ်ချက်တွေ ထွက်ပေါ်လာသည်။
" ဟုတ်ပါပြီ...ချမ်း က ကိုယ့်ထက်အသက်ကြီးမှန်း သိပါတယ်..အခုတော့ ဆက်မသောက်တော့နဲ့ အိမ်ပြန်ကြမယ်.."
နေက ချမ်းကိုယ်လေးဆွဲထူကာ ပြန်ရန်ပြင်သည်။လင်းမြတ်တို့က နောက်က နေ့ကိုစနောက်ရယ်ရင်းလိုက်လာကြသည်။
"ချမ်း..ကိုယ့်ကို ဖက်ထားနော်"
"အင်း.."
ချမ်း မူး နေပေမဲ့ နေ့စကားကို နားထောင်စွာခေါင်းလေးငြိမ့်သည်။ချမ်းက နေ့ဆိုင်ကယ်နောက်လိုက်စီးသည်ဖြစ်ကာ နောက်က နေ ခါးကိုခပ်တင်းတင်းဖက်ရင်း နေ့ကျောပြင်ပေါ်ပါးလေးအပ် လိုက်လာသည်။လိမ်မာစွာ ခေါင်းလေးငြိမ့်စကားနားထောင်မှုက သိပ်မကြာပါ။
"ဟား...နေလို့ကောင်းလိုက်တာ"
လေနုအေးအေးတွေက ဖြတ်သန်းတိုက်ခတ်နေသည်မို့ ချမ်း နေ့ခါးကိုဖက်ထားရာကနေ လက်နှစ်ဖက်ဆန့်တန်းရင်း မျက်လုံးလေးမှိတ် ခေါင်းလေးမော့ ပြောလာသည်။
"ချမ်း..ပြုတ်ကျမယ်လေ..ကိုယ့်ကိုဖက်ထား"
နေ က လက်တစ်ဖက်နဲ့ဆိုင်ကယ်ထိန်းကိုင်ရင်း အခြားတစ်ဖက်က နောက်က ကောင်လေးကို လှမ်းထိန်းရသည်။ထိုအခါမှ နေ့ခါးကို ပြန်လည်တိုးဖက်လာရင်း ကျောပြင်ပါ်မျက်နှာလေး ပြန်အပ်လာသည်။
"နေ့ အနံ့ကမွှေးတယ်"
နေ့ ကျောပြင်ကို နမ်းရှိုက်ရင်းပြောလာသေးသည်။နေ သဘောကျစွာ ရယ်မောမိကာ...
"မွှေးလား"
"အင်း.."
ဒီလိုအချိန်လေးက တကယ်ကြည်နူးဖို့ကောင်းသည်။
<<<<<<>>>>>>
ကျယ်ကျယ်လောင်လောင်ဖုန်းမြည်သံကြောင့် ချမ်း မျက်ခုံးလေးရှုံ့နိုးလာရသည်။ခေါင်းကတစ်စစ်စစ်ထိုးကိုက်နေသည်။သူ မနေ့ညနေက တော်တော်များသွားသည်ထင်သည်။ချမ်း မျက်လုံးတောင်မဖွင့်နိုင်ဘဲ ဖုန်းကိုနား ကပ်လိုက်ရင်းဖြေသည်။
"Hello"
"Hello..ချမ်း အိပ်နေတုန်းလား"
ကြားလိုက်ရသည့် အသံကြောင့် ချမ်း ခေါင်းကိုက်နေတာတွေပါ ပျောက်ချင်သွားကာ မျက်လုံးလေးဖွင့်လာသည်။နေ..။နေ က သူ့ကိုဖုန်းခေါ်တယ်။
"နိုးနေပြီ..အခုပဲနိုးတာ"
"အင်း..ခေါင်းကိုက်နေလား"
"အာ..ဟုတ်တယ် ခေါင်းထိုးကိုက်နေတာ..မနေ့က ကျွန်တော်များသွားတယ်ထင်တယ်"
ချမ်း ကိုက်နေသည့်ခေါင်းကိုလက်တစ်ဖက်ဖြင့်ဖိနှိပ်ရင်း ဖြေလိုက်တော့ တစ်ဖက်ကရယ်သံတိုးတိုးထွက်ပေါ်လာသည်။
"မနေ့က ချမ်း အင်း..အစ်ကို သောက်တာများသွားတယ် သံပုရာရည်တစ်ခွက်လောက်သောက်လိုက် သက်သာလိမ့်မယ်"
အစ်ကို!!။နေ က သူ့ကိုအစ်ကိုလို့ခေါ်လိုက်တာလား။ချမ်း မျက်လုံးလေးပြူးသည်။ထူးထူးခြားခြား နေက ဘာလို့သူ့ကိုအစ်ကို လို့ခေါ်တာပါလိမ့်။နေက အမြဲသူ့ကိုအငယ်လိုဆက်ဆံတတ်သဖြင့် ချမ်း ကိုယ့်ကိုကိုတောင် နေ့ထက်ငယ်သည်လို့ ထင်မှတ်မိသည်။
"အစ်ကို!!"
ချမ်းက နားမလည်သလိုပြန်သံယောင်လိုက်မိတော့ နေ ရှက်သလိုနားထင်ကိုလက်ညှိူးနဲ့ကုပ်ခြစ်လိုက်ရင်း....
"ချမ်းက ကိုယ့်ထက်အသက်ကြီးတယ်လေ..အဲဒါကြောင့် အစ်ကိုလို့ ခေါ်တာပိုကောင်းမယ်ထင်လို့"
တစ်ဖက်က စကားကြောင့် ချမ်း သဘောကျကာ နှုတ်ခမ်းအစုံတို့ပြုံးပြုံးလေးဖြစ်လာသည်။ဟီး..။အစ်ကိုလို့ခေါ်တာကြိုက်တယ်လေ။
"ဟို နေ အဆင်ပြေသလိုခေါ်ပါ..ကျွန်တော်ကဘာမှမဖြစ်ဘူး"
"အင်း..ဒီနေ့ညနေ ရော အားလား..ကိုယ် လာခေါ်မလို့ ချမ်း..အဲ အစ်ကိုမရောက်ဖူးတဲ့နေရာတွေလိုက်ပို့မယ်လေ"
နေ တမင်မေးလိုက်သည်။ချမ်း မျက်နှာလေးကို နေ့တိုင်းမြင်ချင်မိတော့လည်း ကြံဖန်အကြောင်းရှာရသည်။
"ကျွန်တော်ကအမြဲအားတယ်...နေ အလုပ်ကအပြန်မှဆိုတော့ ပင်ပန်းနေမှာစိုးလို့..."
သူ့အတွက် စာနာတွေးပေးသည်မို့ နေ ပြုံးလိုက်မိသည်။
"ကိုယ်က အဆင်ပြေတယ်..အဲတာဆိုညနေလာခေါ်မယ်နော်"
"အင်း"
"အင်း..အဲဒါဆို ကိုယ်ဖုန်းချပြီ"
"ဟုတ်"
ပြောပြီး နေက ဖုန်းချသွားသည်။ချမ်း စောင်ပုံထဲ ပြန်တိုးဝင်ရင်းထပ်အိပ်ရန်ပြင်သည်။မနက် ခြောက်နာရီသာရှိသေးသည်မို့ ချမ်း အိပ်ချင်နေသေးသည်။ပုံမှန်ဆို ချမ်း အိပ်ရာထချိန်ကခုနစ်နာရီဖြစ်သည်။ဒီ အချိန်ဆို နေ ကအလုပ်သွားဖို့ပြင်ဆင်နေလောက်ပြီ။ချမ်း နေ့ကိုတကယ်လေးစားသဘောကျသည်။နေ က အသက်ငယ်ငယ်နဲ့အလုပ်လုပ်ကာ အိမ်ကိုထောက်ပံ့သည်။ချမ်း တွေ့ဖူးသမျှထဲမှာ နေ ကလိမ်မာသိတတ်သောကောင်လေးဖြစ်သည်။
နေ့အကြောင်း တွေ့မိရင်း ချမ်း ဖုန်းဖွင့်ကာ onlineခဏ တက်လိုက်သည်။တောင်ခနဲ တက်လာသော messageသံကြောင့် ချမ်း နှုတ်ခမ်းလေးတွေပြုံးသွားသည်။ဖွင့်ကြည့်လိုက်တော့ ထင်သည့်အတိုင်း နေ့ ဆီက morning ဆိုသောmessageလေး။ချမ်း morning ပြန်ပို့လိုက်သည်။နေ့ accက active now ဖြစ်နေသည်မို့ ချမ်း မျက်ခုံးလေးတွေကျုံ့သွားသည်။ဒီအချိန် နေ အလုပ်မှာ မဟုတ်ဘူးလား။ထိုစဉ် message သံကြောင့် ချမ်းကြည့်လိုက်သည်။နေ့ ထံမှ replyဖြစ်သည်။
📨.."omm..ခေါင်းကိုက်သက်သာအောင် သံပုရာရည်တစ်ခွက်လောက်သောက်လိုက်အုံး"
📨.."ဟုတ်...နေ အလုပ်မှာမဟုတ်ဘူးလား"
📨.."ဟုတယ်..ကိုယ် out ပြီနော်…ညနေတွေ့မယ်"
📨.."ဟုတ်"
နေ line outသွားပြီမို့ ချမ်း lineပြန်ဆင်းကာ စောင်ပုံထဲပြန်ခွေသည်။နေပါအုံး။ နေ နဲ့သူ့အခြေအနေကဘယ်လိုလဲ။သူငယ်ချင်း အချင်းချင်း မနက်တိုင်းမောနင်းညတိုင်း goodnightပို့လေ့ရှိလား။ အတူဆုံတိုင်းနေ့ ရဲ့နူးညံ့နွေးထွေးညံ့သက်သော အကြည့်တွေ။
ချမ်း မြင်ယောင်လာမိရင်း ပါးလေးနွေးလာသည်။နေ့ဘက်ကသူ့အပေါ်ဘယ်လိုသဘောထားရှိနေတာလဲ။သူကရော နေ့အပေါ်ဘယ်လိုသဘောထားနေတာလဲ။ချမ်း ကိုယ့်ကိုကို မေးခွန်းပြန်ထုတ်မိသည်။ရိုးရိုးသူငယ်ချင်းတွေထက် ချမ်း နေ့အပေါ် တွယ်တာမိတာတော့ ဝန်ခံသည်။
ကျောင်းမှာ ချမ်း ကိုစိတ်ဝင်စားကာ လာမိတ်ဆက်သောယောကျာ်းတချိူ့ ၊မိန်းကလေး တချိူ့ရှိသည်။ချမ်း တစ်ယောက်မှစိတ်မဝင်စားခဲ့တာဖြစ်သည်။ပညာရေးကို အာရုံစိုက်လို့ ချမ်း ရည်းစားမထားဖြစ်ခဲ့တာလည်းမဟုတ်။ချမ်းက ပညာရေးဘက်မှာလည်းသာမန်ပဲ ဖြစ်သည်။ချမ်းက တစ်ယောက်တည်းနေရတာ သဘောကျကာ မျက်နှာလေးကလည်း အမြဲ ခပ်တည်တည်မို့ မာနကြီးကာချောမောလှပသော သူဌေးသားလေးအဖြစ်ကျော်ကြားသည်။ကောင်လေး၊ကောင်မလေးတွေ ဝိုင်းဝိုင်းလည်ပေမဲ့ ချမ်း ဘယ်သူ့မှစိတ်ဝင်စားခဲ့သည်မရှိ။ကိုယ့်ကိုကို အဖြောင့်လို့ ခံယူထားပေမဲ့ ချမ်း နေ နဲ့တွေ့မှ ခံယူချက်ပြန်ပြောင်းရတော့မည်ထင်သည်။နေ့ အပေါ် သူ့ ခံစားချက်တွေ မရိုးသားဘူးလား။
<<<<<<>>>>>>
"ခ်မ္း..သူက လင္းျမတ္..သူကထက္ပိုင္..ကိုယ့္ကိုခင္သလိုပဲသူတို႔ကိုခင္လို႔ရတယ္တယ္"
"ဟုတ္ကဲ့..ေတြ႕ရတာဝမ္းသာပါတယ္..ကြၽန္ေတာ္က ခ်မ္း ပါ"
ခ်မ္း ကႏႈတ္ဆက္ရင္း စဥ္းစားသလို လင္းျမတ္တို႔ကိုေသခ်ာၾကည့္လာသည္။ဒီႏွစ္ေယာက္ကို သူ ျမင္ဖူးေနသလိုပဲ။
"ဟုတ္ကဲ့..ဟုတ္ကဲ့ ေတြ႕ရတာဝမ္းသာပါတယ္"
လင္းျမတ္က ျပာျပာသလဲျပန္ႏႈတ္ဆက္သည္။ဟိုေန႔ညေနက အေမွာင္ထဲမွာမို႔ ခ်မ္း သူတို႔ကိုေသခ်ာမမွတ္မိတာပဲေက်းဇူး တင္ရမည္။ထက္ပိုင္က ခ်မ္း ကိုေလ့လာသလိုစူးစမ္းၾကည့္ေနသည္။အနီးကပ္ျမင္ရကာမွ ဒီေကာင္ေလး ေတာ္ေတာ္လွမွန္းသိသာသည္။လွတယ္ ဆိုတာက သူနဲ႔ပိုသင့္ေတာ္မည္ထင္သည္။ဆံပင္ ေက ေဖာင္းေဖာင္းေလးက ေရွ႕နဖူးတြင္ေဝ့ဝဲေနသည္။အသားအရည္က သူတို႔ႏွင့္ယွဥ္လွ်င္သိသိသာသာျဖဴႏုေနတာျဖစ္သည္။အရပ္က ထက္ပိုင္တို႔နဲ႔မတိမ္းမယိမ္း။မ်က္ႏွာေလးက ခပ္တည္တည္ျဖစ္ကာ နည္းနည္းေတာ့ မာနႀကီးပုံထင္ရသည္။သို႔ေပမဲ့ ေန နဲ႔ဆိုရင္ေတာ့ ဒီေကာင္ေလး မ်က္ႏွာက ေပ်ာ့ေပ်ာင္းေနသည္။
တစ္ခါတစ္ေလ ေနတို႔က ရပ္ကြက္အစြန္ဆုံးဒီ ထန္းရည္ဆိုင္ဘက္ေရာက္လာတတ္ၾကသည္။အရက္ကိုေတာ့ ေနတို႔ သူငယ္ခ်င္းသုံးေယာက္လုံးမေသာက္ၾကေပမဲ့ ထန္းရည္ေတာ့ တစ္ခါတစ္ေလေသာက္ျဖစ္ၾကသည္။ထန္းပင္ေတြ ေလးငါးဆယ္ပင္ ရွိသည့္ ထန္းေတာတည္းမွာမို႔ ထန္းရည္စစ္စစ္ရသည္။ထန္းရည္ဆိုင္ေလးကသပ္သပ္ရပ္ရပ္ျဖစ္ကာ ဆိုင္တြင္းေရာ ဆိုင္ျပင္ေရာ စားပြဲခုံေတြခုံပုေလးေတြခ်ေပးထားသည္။အျမည္းလည္း အစုံရသည္မို႔ ထန္းရည္ဆိုင္ေလးက လူစည္သည္။ေန အလုပ္ကျပန္လာကာမွ ထန္းရည္ဆိုင္ဘက္ထြက္ခဲ့ၾကသည္မို႔ ညေနခင္းအခ်ိန္ျဖစ္သည္။
"ခ်မ္း..ေရာ့ ဗ်ာ ေသာက္ ခင္ဗ်ားတို႔ ၿမိဳ႕မွာဆိုဒီလို ထန္းရည္စစ္စစ္ေသာက္ရမွာမဟုတ္ဘူး"
လင္းျမတ္က ထန္းရည္တစ္ခြက္ ခ်မ္း ေရွ႕ တိုးေပးလိုက္ရင္းေျပာသည္။ေနက ထန္းရည္ခြက္ကိုလွမ္းယူလိုက္ကာ...
" မင္း.ေသာက္ႏိုင္မွာမဟုတ္ဘူး ထန္းရည္ခ်ိဴပဲေသာက္..."
ထန္းရည္ခ်ိဴတစ္ခြက္ငွဲ႔ေပးသည္။ခ်မ္း ေနငွဲ႔ေပးသည့္ထန္းရည္ခ်ိဴခြက္ေလးကိုကိုင္ရင္းေန႔ လက္ထဲေရာက္သြားသည့္ထန္းရည္ခြက္ေလးကို ႏွေျမာတသစြာၾကည့္သည္။သူ ထန္းရည္ခ်ိဴႀကိဳက္ေပမဲ့ ထန္းရည္စစ္စစ္ခ်ဥ္ခါးခါးေလးကို ပိုေသာက္ခ်င္သည္။
"ေဟ့ေကာင္ ေန မင္းအဲေလာက္ႀကီးမခ်ဴပ္ခ်ယ္နဲ႔ေလကြာ သူလည္းေသာက္ခ်င္မွာေပါ့"
ထက္ပိုင္က မေနႏိုင္ဝင္ေျပာသည္။ဒီေကာင္သူေတာင္းစား ငေနက ဒီေကာင္ေလးနဲ႔က်မွအျဖစ္သည္းေနသည္။အရင္ရည္းစားေတြတုန္းကေတာ့ ေနမေကာင္းဘူးသတင္းၾကားေတာင္ သတင္းသြားေမးေဖာ္မရတဲ့ေကာင္က
ဒီေကာင္ေလး ထန္းရည္မေသာက္ႏိုင္မွာက်လိုက္စိုးရိမ္ေနသည္။
"ရတယ္..ကြၽန္ေတာ္ ထန္းရည္ခါးခါး သိပ္မႀကိဳက္ဘူး"
ထန္းရည္မႀကိဳက္တဲ့သူက ထန္းရည္ခ်ိဴခြက္ကိုေတာ့ တစ္က်ိဴက္တည္းအကုန္ေမာ့ေသာက္ပစ္သည္။
"ေသာက္လို႔ေကာင္းတယ္..ေန ကြၽန႔္ေတာ္အတြက္အဲဒါေပး"
ေန႔ ေရွ႕ကထန္းရည္ခ်ိဴအိုးကိုဆြဲယူကာ ခ်မ္း တစ္ခြက္ၿပီးတစ္ခြက္ ေမာ့ေသာက္ေတာ့သည္။ေနက မေသာက္ေစခ်င္မွေတာ့ သူ မေသာက္႐ုံပဲေပါ့။ဘာေၾကာင့္မွန္းမသိ ေန႔စကားေတြဆို ခ်မ္း အလိုလိုနားေထာင္ခ်င္သည္။ေနကသူ႔အတြက္ အေရးႀကီးတဲ့လူတစ္ေယာက္လိုခံစားရသည္။ခ်မ္းကသီးသန႔္ေနရတာႀကိဳက္သူမို႔ ပုံမွန္ဆိုလူတစ္ယာက္ကို အလြယ္တကူခင္မင္တတ္သူမဟုတ္။ေန႔ကိုေတာ့ အခ်ိန္တိုအတြင္း ခင္မင္မိကာ ရင္းႏွီးသူတစ္ေယာက္လို ခံစားရသည္။
"ခ်မ္း ႂကြက္ေၾကာ္ စားၾကည့္မလား"
ေန႔ လက္ထဲကႂကြက္ေျခေထာက္ေၾကာ္ကိုၾကည့္ရင္း ခ်မ္း မ်က္လုံးျပဴးသည္။ႂကြက္..ႂကြက္ကိုဘယ္လိုေၾကာ္စားၾကသလဲ။
"ဒါက အိမ္ႂကြက္မဟုတ္ဘူးေလ ၊လယ္ကြက္ေတြထဲက တြင္းမွာေနတဲ့ ေျမႂကြက္ကိုေၾကာ္ထားတာ..စားၾကည့္"
ေန က အသားပိုင္းကိုဆြဲမႊာကာ ခ်မ္း ပါးစပ္ေရွ႕တိုးေပးေတာ့ ခ်မ္းက ပါးစပ္ေလးဟစားလာသည္။
"ေကာင္းလား"
ေန က ခ်မ္းစားေနသည္ကို ခ်စ္စႏိုးၾကည့္ရင္းေမးေတာ့ ခ်မ္းက ေခါင္းေလးၿငိမ့္သည္။
"အြန္း..ေကာင္းတယ္"
"ေရာ့..စား အဲဒါဆို "
ႂကြက္ေၾကာ္ပန္းကန္ေလးက ခ်မ္း ေရွ႕ေရာက္သြားသည္။
"အဟမ္း...ဟမ္း ငါတို႔လည္းႂကြက္ေၾကာ္ႀကိဳက္တယ္ေနာ္"
ႏွစ္ေယာက္တည္းတစ္ကမ္ဘာ လုပ္ေနၾကသည့္ ႏွစ္ေယာက္အားၾကည့္ရင္း လင္းျမတ္တို႔ထံမွ တမင္ေခ်ာင္းဟန႔္သံေတြထြက္ေပၚလာသည္။
"ငေနတို႔ကေတာ့ ရွယ္မိုက္တယ္ေနာ့..ထန္းရည္ေလးေသာက္လိုက္ အလွေလးမ်က္ႏွာေငးလိုက္ အျမည္းမလိုဘူး"
ခ်မ္း ဘက္ ခဏခဏၾကည့္ေနေသာ ေန႔ကို ထက္ပိုင္က စသည္။ခ်မ္း နည္းနည္းေနရခက္ပုံေပၚသြားကာ မ်က္ႏွာေလးနီရဲလာေပသည္။
"ေခြးေကာင္ ေသာက္စရာရွိတာေသာက္"
ေနကလည္း ထက္ပိုင္ကိုလွမ္းဆဲသည္။
"အဟမ္း..ဒါနဲ႔ ခ်မ္းကရည္းစားေတြဘာေတြရွိလား"
လင္းျမတ္က ခ်မ္းဘက္လွည့္ေမးသည္။ခ်မ္း ထန္းရည္ခြက္ေလးကိုစားပြဲေပၚခ်ထားလိုက္ရင္း....
"ကြၽန္ေတာ္ ရည္းစားမထားဘူး"
ခ်မ္း အမွန္တကယ္ရည္းစားမထားဖူးတာျဖစ္သည္။တမင္မထားတာ မဟုတ္ေပမဲ့ ခ်မ္း ခုအ႐ြယ္ထိ ရင္ခုန္ရသူတစ္ေယာက္မွမေတြ႕ဖူး။
"ေအာ္..ေကာင္းတာေပါ့"
လင္းျမတ္က ေန႔ကို မ်က္လုံးမွိတ္ျပသည္။
"ခ်မ္း...ဒီမွာဘယ္ေလာက္ၾကာၾကာေနမွာလဲ"
ေန႔ အေမးေၾကာင့္ ခ်မ္း ကေန႔ကိုလွည့္ၾကည္လာသည္။ခ်မ္း မ်က္ဝန္းေလးေတြ ထန္းရည္တန္ခိုးေၾကာင့္ အနည္းငယ္ရီေဝလာၿပီျဖစ္သည္။
"ေပ်ာ္သေလာက္ေနမွာေပါ့..ဒီမွာက ေပ်ာ္ဖို႔ေကာင္းတယ္ေလ"
"ေနာက္ဆို ျပန္ရမယ္ေတာင္ မထင္ဘူး"
ထက္ပိုင္က ေဘးဘက္လွည့္ ခပ္တိုးတိုးေျပာလိုက္ေသးသည္။
"ဟင္.."
ခ်မ္း က မသဲမကြဲၾကားကာ ေခါင္းေလးေထာင္လာရင္း ထက္ပိုင္ကိုေမးသလိုၾကည့္သည္။
"ေအာ္..ကြၽန္ေတာ္ေျပာတာက ခ်မ္း ဒီမွာေပ်ာ္လို႔ ေနာက္ဆိုအိမ္ေတာင္ျပန္ခ်င္မွာ မဟုတ္ဘူးလို႔"
"ေအာ္..အင္း..ဟုတ္တယ္"
ခ်မ္း ေရခ်ိန္ကိုက္လာၿပီျဖစ္ကာ အသံေလးပါ ေလးေတးေတးျဖစ္လာသည္။ေျပာၿပီး ထန္းရည္တစ္ခြက္ ေမာ့ ေသာက္သည္။
"ေဟ့ေကာင္..မင္းဟာေလး ေသာက္တာမ်ားေနၿပီေနာ္"
ထန္းရည္ခ်ိဴထည့္ထားသည့္ျမဴအိုး တစ္ဝက္ေက်ာ္ေက်ာ္ကို တစ္ေယာက္တည္းအႀကိဳက္ေသာက္ေနသည္မို႔ လင္းျမတ္က ေန႔ကိုလက္တို႔သည္။
"ေအ့..မမ်ားေသးပါဘူး"
ေျပာေနေပမဲ့ ေခါင္းေလးငိုက္စိုက္က်ခ်င္လာသည္။
"ခ်မ္း..မင္း ေတာ္သင့္ၿပီထင္တယ္"
ေနာက္ တစ္ခြက္ေမာ့ရန္ႀကံေနသည့္ ခ်မ္း လက္ထဲကခြက္ကို ေနကအသာဆြဲယူရင္း ေျပာေတာ့....
"ေန ကြၽန္ေတာ့္ကိုအထင္ေသးတာလား..ကြၽန္ေတာ္ကအမ်ားႀကီးေသာက္ႏိုင္တယ္ သိလား... ေအ့!"
ပုံမွန္ထက္ စကားေတြပါသြက္လာၿပီမို႔ ဒီေကာင္ေလး မူးေနၿပီျဖစ္သည္။ေန ခ်မ္းေရွ႕ကထန္းရည္ခြက္ကိုဆြဲယူလိုက္သည္။ခ်မ္းက ေန ဆြဲယူသည္ခြက္ကိုျပန္ဆြဲယူကာ ေန႔ကိုမူးေနဟန္ ေမွးေတးေတးမ်က္လုံးေလးေတြနဲ႔ၾကည့္လာရင္း.....
"ေန ကြၽန္ေတာ့္ကိုမတိုက္ခ်င္ေတာ့ဘူးလား...ကြၽန္ေတာ့္မွာပိုက္ဆံ ပါ ပါတယ္...ေန အႀကိဳက္ေသာက္ အဝေသာက္..ကြၽန္ေတာ္ရွင္းမယ္ သိလား"
ေခါင္းငိုက္စိုက္ေလးနဲ႔သေဘာေကာင္းစြာေျပာလာေသးသည္။
"ခြီ!!..မူးၿပီဟ"
ခ်မ္း ပုံစံကိုၾကည့္ရင္း လင္းျမတ္တို႔ကခြီခနဲထရယ္သည္။ထန္းရည္ခ်ိဴေသာက္ၿပီး မူးတာ ဒီေကာင္ေလး ပဲ ရွိမည္ထင္သည္။
"ခ်မ္းကို မတိုက္ခ်င္လို႔မဟုတ္ပါဘူး..ခ်မ္း မူးေနၿပီေလ ေနာက္ေန႔မွ ထပ္ေသာက္ေနာ္..ဒီေန႔ေတာ့ ေတာ္သင့္ၿပီ..အမ်ားႀကီးေသာက္ရင္ မေကာင္းဘူး"
ေန က ခ်မ္းကိုအသာေခ်ာ့ေျပာေနသည္။ခ်မ္းက လက္ေခ်ာင္းေလးတစ္ေခ်ာင္းေထာင္ျပရင္း....
"တစ္ခြက္ ပဲ...ဒီတစ္ခြက္ေလးပဲ..."
ေျပာၿပီး ထန္းရည္ခြက္ကိုအျမန္ေမာ့ခ်သည္။ၿပီးေနာက္ ခြက္ကိုေတာက္ခနဲျပန္ခ်ရင္း ေခါင္းေလးငိုက္စိုက္နဲ႔....
"ကြၽန္ေတာ္ မေက်နပ္တာ တစ္ခုရွိတယ္သိလား....ကြၽန္ေတာ္က 2001born...ေနက20003born..ကြၽန္ေတာ္က ေအ့! ေန႔ထက္အသက္ႀကီးတယ္ေလ ..ကြၽန္ေတာ့္ကို အငယ္လိုဆက္ဆံေနတာ လက္မခံႏိုင္ဘူး..ကြၽန္ေတာ့္ကို အစ္ကို လို႔ ေခၚသင့္တာမဟုတ္ဘူးလား"
ေနက သူ႔ကို မင္း,ငါ ေျပာဆိုေနသည္ကိုဘယ္ကတည္းကမေက်နပ္သည္မသိ။ေရွ႕က ထက္ပိုင္တို႔ႏွစ္ေယာက္ကိုတိုင္တည္ေျပာေတာ့သည္။
"ဟုတ္သားပဲဗ်ာ...ခ်မ္းကအႀကီးပဲ...ဒီေကာင္ ႐ို႐ိုေသေသဆက္ဆံသင့္တာေပါ့"
လင္းျမတ္က ခ်မ္း အလိုက် ေထာက္ခံသည္။
ေန ခ်မ္း စကားေၾကာင့္ဘာေျပာရမွန္းမသိ။ ခ်မ္းက သူ႔ထက္အသက္ႀကီးမွန္းသိေပမဲ့လူေကာင္ေလးက သူ႔ထက္ေသးသည့္အျပင္ ဒီအတိုင္း ခ်မ္း ကိုအငယ္လိုသေဘာထားမိကာ ေျပာဆိုဆက္ဆံမိသည္။ထန္းရည္မူးမွ ကြၽဲခိုးေပၚဆိုသလို ခ်မ္း မူးေတာ့ မေက်မနပ္ခ်က္ေတြ ထြက္ေပၚလာသည္။
" ဟုတ္ပါၿပီ...ခ်မ္း က ကိုယ့္ထက္အသက္ႀကီးမွန္း သိပါတယ္..အခုေတာ့ ဆက္မေသာက္ေတာ့နဲ႔ အိမ္ျပန္ၾကမယ္.."
ေနက ခ်မ္းကိုယ္ေလးဆြဲထူကာ ျပန္ရန္ျပင္သည္။လင္းျမတ္တို႔က ေနာက္က ေန႔ကိုစေနာက္ရယ္ရင္းလိုက္လာၾကသည္။
"ခ်မ္း..ကိုယ့္ကို ဖက္ထားေနာ္"
"အင္း.."
ခ်မ္း မူး ေနေပမဲ့ ေန႔စကားကို နားေထာင္စြာေခါင္းေလးၿငိမ့္သည္။ခ်မ္းက ေန႔ဆိုင္ကယ္ေနာက္လိုက္စီးသည္ျဖစ္ကာ ေနာက္က ေန ခါးကိုခပ္တင္းတင္းဖက္ရင္း ေန႔ေက်ာျပင္ေပၚပါးေလးအပ္ လိုက္လာသည္။လိမ္မာစြာ ေခါင္းေလးၿငိမ့္စကားနားေထာင္မႈက သိပ္မၾကာပါ။
"ဟား...ေနလို႔ေကာင္းလိုက္တာ"
ေလႏုေအးေအးေတြက ျဖတ္သန္းတိုက္ခတ္ေနသည္မို႔ ခ်မ္း ေန႔ခါးကိုဖက္ထားရာကေန လက္ႏွစ္ဖက္ဆန႔္တန္းရင္း မ်က္လုံးေလးမွိတ္ ေခါင္းေလးေမာ့ ေျပာလာသည္။
"ခ်မ္း..ျပဳတ္က်မယ္ေလ..ကိုယ့္ကိုဖက္ထား"
ေန က လက္တစ္ဖက္နဲ႔ဆိုင္ကယ္ထိန္းကိုင္ရင္း အျခားတစ္ဖက္က ေနာက္က ေကာင္ေလးကို လွမ္းထိန္းရသည္။ထိုအခါမွ ေန႔ခါးကို ျပန္လည္တိုးဖက္လာရင္း ေက်ာျပင္ပၚမ်က္ႏွာေလး ျပန္အပ္လာသည္။
"ေန႔ အနံ႔ကေမႊးတယ္"
ေန႔ ေက်ာျပင္ကို နမ္းရႈိက္ရင္းေျပာလာေသးသည္။ေန သေဘာက်စြာ ရယ္ေမာမိကာ...
"ေမႊးလား"
"အင္း.."
ဒီလိုအခ်ိန္ေလးက တကယ္ၾကည္ႏူးဖို႔ေကာင္းသည္။
<<<<<<>>>>>>
က်ယ္က်ယ္ေလာင္ေလာင္ဖုန္းျမည္သံေၾကာင့္ ခ်မ္း မ်က္ခုံးေလးရႈံ႕ႏိုးလာရသည္။ေခါင္းကတစ္စစ္စစ္ထိုးကိုက္ေနသည္။သူ မေန႔ညေနက ေတာ္ေတာ္မ်ားသြားသည္ထင္သည္။ခ်မ္း မ်က္လုံးေတာင္မဖြင့္ႏိုင္ဘဲ ဖုန္းကိုနား ကပ္လိုက္ရင္းေျဖသည္။
"Hello"
"Hello..ခ်မ္း အိပ္ေနတုန္းလား"
ၾကားလိုက္ရသည့္ အသံေၾကာင့္ ခ်မ္း ေခါင္းကိုက္ေနတာေတြပါ ေပ်ာက္ခ်င္သြားကာ မ်က္လုံးေလးဖြင့္လာသည္။ေန..။ေန က သူ႔ကိုဖုန္းေခၚတယ္။
"ႏိုးေနၿပီ..အခုပဲႏိုးတာ"
"အင္း..ေခါင္းကိုက္ေနလား"
"အာ..ဟုတ္တယ္ ေခါင္းထိုးကိုက္ေနတာ..မေန႔က ကြၽန္ေတာ္မ်ားသြားတယ္ထင္တယ္"
ခ်မ္း ကိုက္ေနသည့္ေခါင္းကိုလက္တစ္ဖက္ျဖင့္ဖိႏွိပ္ရင္း ေျဖလိုက္ေတာ့ တစ္ဖက္ကရယ္သံတိုးတိုးထြက္ေပၚလာသည္။
"မေန႔က ခ်မ္း အင္း..အစ္ကို ေသာက္တာမ်ားသြားတယ္ သံပုရာရည္တစ္ခြက္ေလာက္ေသာက္လိုက္ သက္သာလိမ့္မယ္"
အစ္ကို!!။ေန က သူ႔ကိုအစ္ကိုလို႔ေခၚလိုက္တာလား။ခ်မ္း မ်က္လုံးေလးျပဴးသည္။ထူးထူးျခားျခား ေနက ဘာလို႔သူ႔ကိုအစ္ကို လို႔ေခၚတာပါလိမ့္။ေနက အၿမဲသူ႔ကိုအငယ္လိုဆက္ဆံတတ္သျဖင့္ ခ်မ္း ကိုယ့္ကိုကိုေတာင္ ေန႔ထက္ငယ္သည္လို႔ ထင္မွတ္မိသည္။
"အစ္ကို!!"
ခ်မ္းက နားမလည္သလိုျပန္သံေယာင္လိုက္မိေတာ့ ေန ရွက္သလိုနားထင္ကိုလက္ညႇိဴးနဲ႔ကုပ္ျခစ္လိုက္ရင္း....
"ခ်မ္းက ကိုယ့္ထက္အသက္ႀကီးတယ္ေလ..အဲဒါေၾကာင့္ အစ္ကိုလို႔ ေခၚတာပိုေကာင္းမယ္ထင္လို႔"
တစ္ဖက္က စကားေၾကာင့္ ခ်မ္း သေဘာက်ကာ ႏႈတ္ခမ္းအစုံတို႔ၿပဳံးၿပဳံးေလးျဖစ္လာသည္။ဟီး..။အစ္ကိုလို႔ေခၚတာႀကိဳက္တယ္ေလ။
"ဟို ေန အဆင္ေျပသလိုေခၚပါ..ကြၽန္ေတာ္ကဘာမွမျဖစ္ဘူး"
"အင္း..ဒီေန႔ညေန ေရာ အားလား..ကိုယ္ လာေခၚမလို႔ ခ်မ္း..အဲ အစ္ကိုမေရာက္ဖူးတဲ့ေနရာေတြလိုက္ပို႔မယ္ေလ"
ေန တမင္ေမးလိုက္သည္။ခ်မ္း မ်က္ႏွာေလးကို ေန႔တိုင္းျမင္ခ်င္မိေတာ့လည္း ႀကံဖန္အေၾကာင္းရွာရသည္။
"ကြၽန္ေတာ္ကအၿမဲအားတယ္...ေန အလုပ္ကအျပန္မွဆိုေတာ့ ပင္ပန္းေနမွာစိုးလို႔..."
သူ႔အတြက္ စာနာေတြးေပးသည္မို႔ ေန ၿပဳံးလိုက္မိသည္။
"ကိုယ္က အဆင္ေျပတယ္..အဲတာဆိုညေနလာေခၚမယ္ေနာ္"
"အင္း"
"အင္း..အဲဒါဆို ကိုယ္ဖုန္းခ်ၿပီ"
"ဟုတ္"
ေျပာၿပီး ေနက ဖုန္းခ်သြားသည္။ခ်မ္း ေစာင္ပုံထဲ ျပန္တိုးဝင္ရင္းထပ္အိပ္ရန္ျပင္သည္။မနက္ ေျခာက္နာရီသာရွိေသးသည္မို႔ ခ်မ္း အိပ္ခ်င္ေနေသးသည္။ပုံမွန္ဆို ခ်မ္း အိပ္ရာထခ်ိန္ကခုနစ္နာရီျဖစ္သည္။ဒီ အခ်ိန္ဆို ေန ကအလုပ္သြားဖို႔ျပင္ဆင္ေနေလာက္ၿပီ။ခ်မ္း ေန႔ကိုတကယ္ေလးစားသေဘာက်သည္။ေန က အသက္ငယ္ငယ္နဲ႔အလုပ္လုပ္ကာ အိမ္ကိုေထာက္ပံ့သည္။ခ်မ္း ေတြ႕ဖူးသမွ်ထဲမွာ ေန ကလိမ္မာသိတတ္ေသာေကာင္ေလးျဖစ္သည္။
ေန႔အေၾကာင္း ေတြ႕မိရင္း ခ်မ္း ဖုန္းဖြင့္ကာ onlineခဏ တက္လိုက္သည္။ေတာင္ခနဲ တက္လာေသာ messageသံေၾကာင့္ ခ်မ္း ႏႈတ္ခမ္းေလးေတြၿပဳံးသြားသည္။ဖြင့္ၾကည့္လိုက္ေတာ့ ထင္သည့္အတိုင္း ေန႔ ဆီက morning ဆိုေသာmessageေလး။ခ်မ္း morning ျပန္ပို႔လိုက္သည္။ေန႔ accက active now ျဖစ္ေနသည္မို႔ ခ်မ္း မ်က္ခုံးေလးေတြက်ဳံ႕သြားသည္။ဒီအခ်ိန္ ေန အလုပ္မွာ မဟုတ္ဘူးလား။ထိုစဥ္ message သံေၾကာင့္ ခ်မ္းၾကည့္လိုက္သည္။ေန႔ ထံမွ replyျဖစ္သည္။
📨.."omm..ေခါင္းကိုက္သက္သာေအာင္ သံပုရာရည္တစ္ခြက္ေလာက္ေသာက္လိုက္အုံး"
📨.."ဟုတ္...ေန အလုပ္မွာမဟုတ္ဘူးလား"
📨.."ဟုတယ္..ကိုယ္ out ၿပီေနာ္…ညေနေတြ႕မယ္"
📨.."ဟုတ္"
ေန line outသြားၿပီမို႔ ခ်မ္း lineျပန္ဆင္းကာ ေစာင္ပုံထဲျပန္ေခြသည္။ေနပါအုံး။ ေန နဲ႔သူ႔အေျခအေနကဘယ္လိုလဲ။သူငယ္ခ်င္း အခ်င္းခ်င္း မနက္တိုင္းေမာနင္းညတိုင္း goodnightပို႔ေလ့ရွိလား။ အတူဆုံတိုင္းေန႔ ရဲ႕ႏူးညံ့ေႏြးေထြးညံ့သက္ေသာ အၾကည့္ေတြ။
ခ်မ္း ျမင္ေယာင္လာမိရင္း ပါးေလးေႏြးလာသည္။ေန႔ဘက္ကသူ႔အေပၚဘယ္လိုသေဘာထားရွိေနတာလဲ။သူကေရာ ေန႔အေပၚဘယ္လိုသေဘာထားေနတာလဲ။ခ်မ္း ကိုယ့္ကိုကို ေမးခြန္းျပန္ထုတ္မိသည္။႐ိုး႐ိုးသူငယ္ခ်င္းေတြထက္ ခ်မ္း ေန႔အေပၚ တြယ္တာမိတာေတာ့ ဝန္ခံသည္။
ေက်ာင္းမွာ ခ်မ္း ကိုစိတ္ဝင္စားကာ လာမိတ္ဆက္ေသာေယာက်ာ္းတခ်ိဴ႕ ၊မိန္းကေလး တခ်ိဴ႕ရွိသည္။ခ်မ္း တစ္ေယာက္မွစိတ္မဝင္စားခဲ့တာျဖစ္သည္။ပညာေရးကို အာ႐ုံစိုက္လို႔ ခ်မ္း ရည္းစားမထားျဖစ္ခဲ့တာလည္းမဟုတ္။ခ်မ္းက ပညာေရးဘက္မွာလည္းသာမန္ပဲ ျဖစ္သည္။ခ်မ္းက တစ္ေယာက္တည္းေနရတာ သေဘာက်ကာ မ်က္ႏွာေလးကလည္း အၿမဲ ခပ္တည္တည္မို႔ မာနႀကီးကာေခ်ာေမာလွပေသာ သူေဌးသားေလးအျဖစ္ေက်ာ္ၾကားသည္။ေကာင္ေလး၊ေကာင္မေလးေတြ ဝိုင္းဝိုင္းလည္ေပမဲ့ ခ်မ္း ဘယ္သူ႔မွစိတ္ဝင္စားခဲ့သည္မရွိ။ကိုယ့္ကိုကို အေျဖာင့္လို႔ ခံယူထားေပမဲ့ ခ်မ္း ေန နဲ႔ေတြ႕မွ ခံယူခ်က္ျပန္ေျပာင္းရေတာ့မည္ထင္သည္။ေန႔ အေပၚ သူ႔ ခံစားခ်က္ေတြ မ႐ိုးသားဘူးလား။
<<<<<<>>>>>>