အိုဗါလင်းဂျစ်ကားလေးသည် ပူနွေးခြောက်သွေ့သော မြေပြန့်ဒေသကို ကျောခိုင်းကာ ရှမ်းရိုးမ၏ အခြံအရံ ဖြစ်ပြီးရှမ်းတောင်တန်းကြီးများနှင့်ဆက်နေသော တောင်ဆွယ် တောင်ကုန်းများပေါ်သို့ ဦးတည်၍ သာ တရွှေ့ရွှေ့ ခရီးနှင်နေလေသည်။
အပြန်ခရီးသည် အသွားခရီးနှင့်မတူစွာ တိတ်ဆိတ်နေသည်။ မွန်းတည့်ချိန်ဖြစ်သောကြောင့် အချမ်းမပိုပေမဲ့ တောင်ပေါ်ရောက်လေ သိသိသာသာ ပင် အေးမြလာလေဖြစ်လေသည်။
'' အဟမ်း ! ''
သစ်ဦး ကားကို ဂရုတစိုက်မောင်းနှင်ရင်း နေရခက်အေခြေအနေကြောင့် ချောင်းတစ်ချက် ဟန့်လိုက်လေသည်။ လရောင်ကိုကြည့်လိုက်တော့ လက်ကလေးနှစ်ဖက်ကို ဆုတ်ကာ ပြတင်းပေါက်ဆီသို့သာ အတင်း မျက်နှာမူထားသည်။
'' ကျွိ!''
ရုတ်တရက် ထိုးရပ်သွားသည့် မော်တော်ကားကြောင့် လရောင် နားမလည်သလို မျက်လုံးကလေး များပြူးကာ သစ်ဦးကို လှည့်ကြည့်မိသည်။ လရောင် တစ်လမ်းလုံး မျက်နှာပူစွာဖြင့် ဘာစကားမျှမပြောဘဲ တိတ်တဆိတ်သာလိုက်ပါလာခဲ့သည်။ လရောင်ရင်ထဲတွင်တော့ ဒစ်စကို သံစုံတီးဝိုင်း တီးနေသကဲ့သို့သာ ဖြစ်နေလေသည်။
'' ဒီနားက သိပ်ရှူခင်းကောင်းတာ။ ကားမောင်းရတာလဲ ကြာနေပြီ ဆိုတော့ ခဏ နားရအောင်လို့ပါ ''
လရောင်ကို ထိုသို့ပြောပြီး ကားပေါ်မှဆင်းသွားသည့် ကိုသစ်ဦးကြောင့် လရောင် လိုက်ဆင်းရနိုး၊ ကျန်ခဲ့ရနိုးဖြင့် အတွေးများနေလေသည်။
''ဆင်းပါလရောင် ရဲ့ ''
'' ဟုတ် ''
လရောင်ဆီတစ်ဖန်ပြန်လာခေါ်ကာ ကားတံခါးဖွင့်ပေးလာသည့် သစ်ဦးကြောင့် လရောင် ခေါင်းကလေးညိတ်ပြပြီး ရှက်ကိုရှက်ကန်းဖြင့်ကားပေါ်မှ ဆင်းလိုက်လေသည်။
'' အမယ်လေး အနိစ္စ! ''
လရောင် ကားပေါ်မှ ရှက်ကိုးရှက်ကန်းဖြင့် အလျှင်အမြန်ဆင်းလိုက်တာကြောင့် ခဲလုံးအားမမြင်ဘဲ ခြေချော်ကျလေတော့သည်။
လရောင် မျက်လုံးများပြာသွားပြီး အတင်းမှိတ်ချလိုက်တော့ ရင်ခွင်ကျယ်ကြီးဆီသို့သာ တိုးဝှေ့ပြီးသားဖြစ်နေလေသည်။
'' အို ...ကိုသစ်ဦး .. လွှတ်..လွှတ်ပါ ''
သစ်ဦး သည် ရင်ခွင်ထဲမှ လရောင်အား တစ်မေ့တမောနှင့် ငေးကြည့်နေပြီးမှ အတင်းရုန်းလာသော လရောင်ကြောင့် လွှတ်ပေးဖို့သတိရလေတော့သည်။
'' so sorry ပါ လရောင် ''
သစ်ဦး ရှက် ကိုးရှက်ကန်းဖြင့် လည်ဂုတ်ကလေးအားပွတ်ကာ လရောင်အားပြောလိုက်လေသည်။
လရောင် မျက်နှာကလေးလွှဲကာ တစ်ဖက်သို့လှည့်လိုက်လေသည်။ အိုလှလိုက်ပါဘိ။ တစ်ဖက်သို့လွှဲကာမှ တောင် ပေါ်မှ အတိုင်းသားမြင်နေရသည့် ရင်သပ်ဖွယ် ရူခင်းများကြောင့် မျက်လုံးကလေး များပြူးပြီးသာ မျက်တောင်မခက် ကြည့်နေမိလေသည်။
'' သိပ်လှတာပဲနော် လရောင် ''
ဘေးဘက်မှ ကိုသစ်ဦး၏ အသံကို့ကြားသော်လည်း လရောင်လှည့်မကြည့်မိ ။ မြင်နေရသော ရူခင်းများ ပျောက်သွားမည့်အလား အကြည့်မလွှဲနိုင်။ ဘာမှ လည်းပြန်မဆိုနိုင်ဘဲ ခေါင်းကလေးသာ တသွင်သွင် ညိတ်ပြနေမိသည်။
'' ကျွန်တော့် ဘဝ ရဲ့ မြင်ဖူးသမျှ ရူခင်းတွေထဲမှာ ဒီရူခင်းက အလှဆုံးပဲ။ ''
'' လရောင် ကဒီလို ကျွန်တော်လို့ ဆိုပြန်တော့လဲ မန်းမြို့သူတွေအလားပဲ ''
လရောင် ရင်ထဲ လှပ်ခနဲ ဖြစ်သွားသည်။ သူဘာကိုဆိုမိလိုက်တာလဲ။ သူ့ ယောင်ရမ်း၍ သူ့ကိုယ်သူ ကျွန်တော် ဟုဆိုမိသွားတာလား။
'' ဟို ..ဟို လရောင်က ဒီအတိုင်းဆိုမိသွားတာပါ။ ရူခင်းတွေကသိပ်လှတာပဲနော်။''
လရောင် အလျင်အမြန်စကားလမ်းကြောင်း လွှဲလိုက်လေသည်။
'' ဒါနဲ့ လရောင် ကျုပ်ကိုစိတ်ဆိုးသွားသလားဟင်။''
'' ဟင်''
'' နေ့လည်ခင်းက ကိစ္စကြောင့် ကျုပ်ကိုများ စိတ်ဆိုးသွားသလားဟင်။ ''
'' အို...''
'' ကျုပ် စိတ်မထိန်းနိုင်တော့လို့ ဆိုမိသွားတာပါ။ နို့ပေမဲ့ စကားတွေကတော့ စင်စစ် ရင်ထဲ၊ အသည်းထဲက စကားလုံးတွေပါ။''
'' ဟို ..လရောင် ကလေ...''
'' ခုချက်ချင်းကြီး ကျုပ်ကို ပြန်ငြင်းမယ်ဆိုရင် မဖြေပါနဲ့ လရောင်။ ကျုပ်စောင့်မှာပါ။မောင် လရောင်ကို တကယ်မေတ္တာရှိတာပါလေ။ ''
''မောင် '' ထိုနာမ်စားလေးကြောင့် လရောင်ရင်ထဲ ဒိန်းကနဲ ဖြစ်သွားလေသည်။ ဒီနာမည်စားလေးကို ကိုသစ်ဦးဆီမှလရောင်ကြားရတာ ၃ခါမြောက်ဖြစ်သည်။ လရောင် လက်များပင် အေးစက်လာလေသည်။ သူရင်တွေ ခုန်နေတာလား။ အမည်မသိ ခံစားချက်ကြီးကြောင့် လရောင်ရင်ထဲ တစ်ဆို့လျှက်။ ဝမ်းနည်းလို့လေလား။ ဝမ်းသာလို့လေလား။ လရောင်မသိပါ။ လရောင်ခင် ဆိုတဲ့ သူ့ဘဝမှာ မိဘ အရင်းတွေ ဆီကတောင် မရဘူးတဲ့ ချစ်ခြင်းမေတ္တာကို ခုမှရလို့လား။ ရမည့်ရတော့လည်း အမ ဖြစ်သူနဲ့ ကြောင်းလှမ်းထားတဲ့ သူဆီမှ ။ လရောင်ဟာ အစားထိုးခံပဲ မဟုတ်လား။ တစ်ချိန်လရောင်ဟာ ယောကျ်ားပျိုတစ်ယောက် ဖြစ်မှန်း ခင်ဗျားသိခဲ့ရင် မုန်းသွားအုံးမှာပဲ မဟုတ်လား။ လရောင် ရင်ထဲ ခံစားချက်များ ဖြတ်ပြေးကာ အတွေးများစွာကလည်း နေရာယူပြီး မျက်ရည်စို့လာလေသည်။
'' ဒီစကား ဒီမှာရပ်ကြတာပေါ့။ လရောင်တို့ ပြန်ကြစို့။ တော်တော်ကြာ ဒီ့ထက်မှောင်လာရင် မကောင်းပေဘူး။''
လရောင် ရင်ထဲမှ ခံစားချက်များကိုချုပ်တည်းကာ ထိုသို့ဆိုလိုက်ပြီး သစ်ဦးအားကျောခိုင်းကာ မော်တော်ကားဆီသို့သာဦးတည်လိုက်လေသည်။
>>>>>
<<<<<
'' အို ဆရာ ပြန်လာပြီလား ဟို.. ဟိုလေ ''
သစ်ဦးတို့ မော်တော်ကားလေး ခြံ ထဲအရောက် အိမ်ထဲ မှ ပြေးထွက်လာသော ထွန်းတောက်ကြောင့် လရောင် ရော သစ်ဦး ပါ ကားပေါ်မှ မဆင်းသေးဘဲ ထွန်းတောက် ကိုကြည့်ကာ နားထောင် နေလေသည်။
'' ဘာဖြစ်သလဲ ထွန်းတောက် အလန့်တကြား ''
''ဟို မေမေကြီး များတစ်ခုခု..''
'' ဒုန်း !''
လရောင် စကားပင်မဆုံး ကားတံခါးအား အလျှင်အမြန် ပိတ်ကာ အိမ်ထဲ ပြေးဝင်ရန် ပြင်နေသော သစ်ဦးကြောင့် လရောင် ပါ အမြန်ကားပေါ်မှ ဆင်းလိုက်လေသည်။
'' မဟုတ်ဘူး ဆရာ မေမေကြီး ဘာမှ မဖြစ်ဘူး ဖြစ်တာက ဟိုကိစ္စ ''
ထွန်းတောက်၏ စကားကြောင့် သစ်ဦး နောက်ပြန်လှည့်ကာ ထွန်းတောက်အားစောင့်ကြည့်လေသည်။
'' သူရောက်နေတယ်ဆရာ ''
'' ရပြီ သဘောပေါက်ပြီ ကဲ ထွန်းတောက် လရောင် ကို ခေါ်ပြီး ခြံ ထဲ ခဏ နေခဲ့ပေအုံး ''
သစ်ဦး ပြောပြောဆိုဆိုနှင့် အိမ်ထဲ သို့ ဝင်သွားလေသည်။ လရောင်မှာတော့ ဘာမှန်းမသိဘဲ ထွန်းတောက်နှင့်သာ ခြံ ထဲ ကျန်ခဲ့လေတော့သည်။
ထွန်းတောက်လည်း လရောင်အား အသာခေါ်ကာ ခြံ ထဲသို့သာ ဦးတည်လိုက်သည်။ ဒီလို အခြေအနေအား ကြိုတွေးထားပေမဲ့ တကယ် ထိပ်တိုက် တွေ့တော့ ထွန်းတောက်လည်း ဘာလုပ်ရမှန်း မသိပေ။ တော်သေးတာပေါ့ အစ်မလေး အိမ်ထဲက သူ့အဖေ ကို မမြင်သွားလို့ ။ သစ်ဦး တို့ ပြန်မလာခင် အချိန်အတွင်း သူဌေး ကြီး ဦး ကိုကိုကျော်သည် မြို့အုပ်မင်းနှင့် တွေ့ချင်လို့ဆိုကာ အိမ်သို့ရောက်လာလေသည်။ တွေ့ချင်လျှင် ရုံးကို လာခဲ့ပါဆိုပေမဲ့ ရုံးမှာ မတွေ့ချင်၍ အိမ်သို့ လာသည် ဖြစ်ကြောင်းသာ ပြောပြီး နှင်၍ မရ ။ ထွန်းတောက်လည်း ဘာပြောရမှန်းမသိတာကြောင့် အိမ်ထဲ မှာသာ ဝင်စောင့်ခိုင်း လိုက်လေသည်။
>>>>>
<<<<<
'' သြော် ဘယ်သူများလဲ လို့ သူဌေး ကြီး ဦးကိုကိုကျော်ပါ့လား။ ကျုပ်ကို အိမ်ထိတောင် လာတွေ့ပုံထောက်ရင် အရေးကိစ္စ တစ်ခုခု များ ရှိလို့လေလား ''
သစ်ဦး တည်တည် ငြိမ်ငြိမ်နှင့်သာ အသက်မပါသော အပြုံးတစ်ခု ဖြင့် ဧည့်ခန်းထဲ တွင် ထိုင်နေသော ဦးကိုကိုကျော်အား မေးလိုက်ကာ ထိုသူ၏ နံဘေး ထိုင်ခုံ သို့ဝင်ကာ ထိုင်လိုက်သည်။
'' ဆိုပါတော့။ ကိစ္စ ဆိုတာ ထက် မောင်ရင်နဲ့ တွေ့ချင်လို့ကို လာခဲ့တာပါ။ လက်ဆောင်ပစ္စည်းလေးတွေ ပေးချင်လို့ပါလေ။ ကျုပ်တို့ကြားမှာ အရေးရှိမှ လာရမှာမှ မဟုတ်ပါပဲ ဟမ်း ဟမ်း ''
ဦးကိုကိုကျော်မှ ထိုသို့ဆိုလာပြီး လက်ဆောင်ပစ္စည်းဟု သဘောဆောင်သော သေတ္တာ တစ်လုံးအား စားပွဲ ပေါ်သို့ ချကာ သစ်ဦးအား မျက်ခုံးပင့်ပြလေသည်။
'' အဟမ်း အားတော့ နာပါတယ် ။ ကျုပ်တို့ကြားမှာ အဲ့လောက်မရင်းနှီးဘူး ထင်တာပဲ တွေ့ဖူးတာမှ အရင်နှစ် အရေးပိုင်မင်း အိမ်မှာ မဟုတ်ပါလား ။ ''
'' အို ကျုပ်ကတော့ တစ်ခါ တွေ့ဖူးကတည်းက မောင့်ရင့် ကို ကိုယ့်တူလို ၊ သား လို သဘောထားတာပါပဲ ''
ထိုစကားကြောင့် သစ်ဦး မဲ့ပြုံး လေးတစ်ခု ပြုံးလိုက်လေသည်။ ဒါဟာ အကျိုးလိုလို့ညောင်ရေ သွန်းတာ မဟုတ်ပါလား ။
'' အဟွန်း ... ကဲပါလေ ဒါတွေထားပါ။ လာရင်းကိစ္စကိုသာ အရင် ပြောပါလေ။ ''
သစ်ဦး ၏ စကားကြောင့် ဦးကိုကိုကျော် ကွက်ခနဲ့ မျက်နှာ ပျက်သွားလေသည်။ ဦးကိုကို ကျော် ဆိုတဲ့ အသံကြားတာနဲ့ အရေးပိုင်မင်း ကအစ ၊ ဝန်ထောက်မင်း ၊ အဆုံး ခခရရ အကူအညီ ပေးချင်ကြတဲ့ လူတွေ ဒီလောက်ပြာယာခက်နေတဲ့ ကြားက ဒီ သူငယ်ကတော့ ခုထိ မာန်မလျော့သေးတာကြောင့် စိတ်ထဲ တော့တင်းသွားလေသည်။ အရင်တစ်ခေါက် ကိစ္စ တွေ မိသွားထဲ က ဒီ မြို့အုပ်မင်းကို မကျေနပ်ပေမဲ့ ခုချိန်မှာတော့ အရေးပိုင်မင်းကတောင် ဘာမှမပြောနိုင်ဘဲ လွှတ်ထားတာကြောင့် အရေးမသာတော့ မာန်လျော့နေရလေသည်။
'' လာရင်း ကိစ္စကတော့ မောင်ရင်လည်း ရိပ်မိမယ် ထင်ပါတယ်။ ကျုပ်တို့နဲ့ ပူးပေါင်းရင် မောင်ရင့် အကျိုးခံစားခွင်က မနည်းစေရပါဘူး။ မောင်ရင် ဘာမှ လုပ်ပေးစရာမလိုပါဘူး။ အလိုက်သင့်လေး မမြင်ချင်ယောင်ဆောင်ပေး ယုံပါပဲ။ မောင်ရင် လည်း အဲ့လောက်တော့ မတုံးပါဘူး။ ကျုပ်ဆိုလို ချင်တာကို သဘောပေါက်မယ်ထင်ပါတယ်။ ''
'' အန်ကယ် လူမှားသွားပြီ။ ကျုပ် မှာက အမေမွေး ကတည်းက မျက်လုံးနှစ်လုံးကပါလာပြီသား။ အမြင်ကလည်း ရှင်းပြီးသား မြင်နေပါရက်နဲ့ မမြင်ချင်ယောင် ဆောင်ရတာက
အဟင်း ဆင်သေကို ဆိတ်သရေနဲ့ ဖုံးနေသလိုပဲပေါ့ ဘယ်လုံဖုံးဖုံး ဆင်မှန်း သိနေတာပဲလေ။ ''
သစ်ဦးသည် အရှေ့စားပွဲကို ခြေချိတ်ထိုင်ရင်း လက်ညှိုးနှင့်တတောက်တောက်ခေါက်ကာ ဦးကိုကိုကျော်အား ပြန်ကြည့်ရင်းပြောလိုက်လေသည်။
'' မောင်ရင် အတွေး မမှားနဲ့နော် ။ ဒါက အပါးလေး ရှိသေးတာ။ ''
ဦး ကိုကိုကျော် လက်မလျော့ဘဲ နောက်ထပ် သေတ္တာ တစ်လုံးအား စားပွဲပေါ်တင်လိုက်လေသည်။
'' ထွန်းတောက်! ထွန်းတောက် တယ် ဒီကောင်ကတော့ ဧည့်သည်ကို ဘာမှ ဧည့်မခံဘဲ ဒီတိုင်းပဲ နေနေရသလား ''
သစ်ဦး ၏ စကားကြောင့် ဦးကိုကိုကျော် အသာပြုံးလိုက်လေသည်။ ဘယ်လောက်ပဲ ဖြောင့်မတ်ပါစေ ငွေ နဲ့သာဆိုရင် ဘယ်သူမှ မခံနိုင်ဘူးမဟုတ်ပါလား။ ငွေးများငွေနိုင် ခေတ်ကြီးမှာ ငွေ ကိုင်နိုင်တဲ့သူသာလျှင် ဘုရင်ပါပဲ။
'' ဟာ ဆရာ ကျုပ်ကို ခေါ်သလား ''
'' ဧည့် သည်ကို ဘာမှ ဧည့်မခံဘဲ မင်းဘာလုပ်နေသလဲ ထွန်းတောက် ''
'' ဗျာ။ သြော် ဟုတ်ကဲ့ဆရာ ။ ''
'' နေအုံး ထွန်းတောက် ရေခဲ များများထည့်ခဲ့ ။အပြင်မှာ အေးနေပေမဲ့ ရင်ထဲက လောဘ မီးတောက် ကြီးကြောင့် သိပ်ပူနေမှာ။ နို့ ပြီးရင် အိမ်အပြင်က ဆိုင်းဘုတ်ကို သေချာ မြင်အောင် ချိတ်ဆိုင်းပါ ။ ''
သစ်ဦး ၏ စကားကြောင့် ဦးကိုကိုကျော် ၏ ရင်ထဲမှ အပျော်များရုတ်ချည်း ပျောက်ကွယ်သွားလေသည်။
'' ဘာဆိုင်းဘုတ်များလဲ ဆရာ ''
'' လာဘ်ပေး လာဘ်ယူ တို့ရန်သူ''
'' ခွီး ! ဟုတ်ကဲ့ဆရာ ''
'' သြော်နေအုံး ဒီစာသားလေးပါထပ်ထည့်အကျိုးလို၍ အကြိုက်ဆောင်သူများ လာရာလမ်းအတိုင်းပြန်ကာမြန်းလိုက်ပါ ''
သစ်ဦး ထိုသို့ ဆိုကာ ဦး ကိုကိုကျော်အား ကြည့်၍ မဲ့ပြုံးတစ်ခုပြုံးပြလိုက်လေသည်။
'' တောက် !''
ဦး ကိုကို ကျော် ရူးရူး ရှဲ ရှဲ ဖြင့် ကောက်ထကာ သစ်ဦးအားကြည့်၍ တောက်ခေါက်လေတော့သည်။
'' အို ပြန်တော့မလို့လား အန်ကယ် နေပါအုံး ခုမှ အအေးလေးဖျော်နေတုန်းကို ''
'' ကျုပ်ပြန်မယ် ''
'' ကောင်းပါပြီ အန်ကယ် ။ နောက် မှဆုံကြတာပေါ့ ''
သစ်ဦး ထိုသို့ ဆိုကာ ဦးကျော်ကျော်အားနှုတ်ဆက်လိုက်လေသည်။ ဦးကိုကိုကျော် ရူးရူးရှဲရှဲ ဖြင့် အိမ်ထဲမှ ထွက်ရန် ပြင်လိုက်သည်။
'' ဒီ မသန့်စင်တဲ့ ပစ္စည်းတွေပါ တစ်ပါးတည်း ပြန်ယူသွားပါ အန်ကယ်။ ကျုပ်အိမ်မှာက ဒီလို ပစ္စည်းတွေ ထားဖို့ နေရာမပေးနိုင်လို့ပါ ''
သစ်ဦး ၏ စကားကြောင့် ဦးကိုကို ကျော် အပြန်လှည့်လာကာ သစ်ဦးကို ထသတ်မတတ် ကြည့်ပြီး သေတ္တာ နှစ်လုံးအား ဆွဲကာ ထွက်သွားလေတော့သည်။
'' ဟင် ဖေဖေ ! ''
ဦးကိုကိုကျော် ဒေါသတကြီး ထွက်လာပြီး အိမ်ပေါက်ဝတွင် တွေ့လိုက်ရသော သူကြောင့် ခြေလှမ်းတို့ ရပ်တန့်သွားလေသည်။
'' ဟင် ..လရောင် ''
အိမ်ရှေ့ကအသံများကြောင့် သစ်ဦး ထွက်ကြည့်မိတော့ အိမ်ရှေ့က လူနှစ်ယောက်ကြောင့်သစ်ဦး လန့်သွားပေမဲ့ မသိသာအောင်ထိန်းလိုက်လေသည်။
'' ဖေဖေ လရောင်ဆီ လာတာလားဟင် ''
'' ဘယ်လိုလုပ် မြို့အုပ်မင်း အိမ်ကို ရောက်နေရတာလဲ ''
'' မြို့အုပ်မင်း ''
ဖခင်ဖြစ်သူ၏ စကားကြောင့် လရောင် နားမလည်နိုင်ဘဲ ဖေဖေ့၏ အနောက်တွင်ရပ်နေသော ကိုသစ်ဦး ဆီသို့သာ အကြည့်ပို့မိလေတော့သည်။
>>>>>>>
<<<<<<<
5.12.2022
TBC __
Zawgyi
အိုဗါလင္းဂ်စ္ကားေလးသည္ ပူေႏြးေျခာက္ေသြ႕ေသာ ေျမျပန္႔ေဒသကို ေက်ာခိုင္းကာ ရွမ္း႐ိုးမ၏ အၿခံအရံ ျဖစ္ၿပီးရွမ္းေတာင္တန္းႀကီးမ်ားႏွင့္ဆက္ေနေသာ ေတာင္ဆြယ္ ေတာင္ကုန္းမ်ားေပၚသို႔ ဦးတည္၍ သာ တေရႊ႕ေရႊ႕ ခရီးႏွင္ေနေလသည္။
အျပန္ခရီးသည္ အသြားခရီးႏွင့္မတူစြာ တိတ္ဆိတ္ေနသည္။ မြန္းတည့္ခ်ိန္ျဖစ္ေသာေၾကာင့္ အခ်မ္းမပိုေပမဲ့ ေတာင္ေပၚေရာက္ေလ သိသိသာသာ ပင္ ေအးျမလာေလျဖစ္ေလသည္။
'' အဟမ္း ! ''
သစ္ဦး ကားကို ဂ႐ုတစိုက္ေမာင္းႏွင္ရင္း ေနရခက္ေအေျခအေနေၾကာင့္ ေခ်ာင္းတစ္ခ်က္ ဟန္႔လိုက္ေလသည္။ လေရာင္ကိုၾကည့္လိုက္ေတာ့ လက္ကေလးႏွစ္ဖက္ကို ဆုတ္ကာ ျပတင္းေပါက္ဆီသို႔သာ အတင္း မ်က္ႏွာမူထားသည္။
'' ကြၽိ!''
႐ုတ္တရက္ ထိုးရပ္သြားသည့္ ေမာ္ေတာ္ကားေၾကာင့္ လေရာင္ နားမလည္သလို မ်က္လုံးကေလး မ်ားျပဴးကာ သစ္ဦးကို လွည့္ၾကည့္မိသည္။ လေရာင္ တစ္လမ္းလုံး မ်က္ႏွာပူစြာျဖင့္ ဘာစကားမွ်မေျပာဘဲ တိတ္တဆိတ္သာလိုက္ပါလာခဲ့သည္။ လေရာင္ရင္ထဲတြင္ေတာ့ ဒစ္စကို သံစုံတီးဝိုင္း တီးေနသကဲ့သို႔သာ ျဖစ္ေနေလသည္။
'' ဒီနားက သိပ္႐ွဴခင္းေကာင္းတာ။ ကားေမာင္းရတာလဲ ၾကာေနၿပီ ဆိုေတာ့ ခဏ နားရေအာင္လို႔ပါ ''
လေရာင္ကို ထိုသို႔ေျပာၿပီး ကားေပၚမွဆင္းသြားသည့္ ကိုသစ္ဦးေၾကာင့္ လေရာင္ လိုက္ဆင္းရႏိုး၊ က်န္ခဲ့ရႏိုးျဖင့္ အေတြးမ်ားေနေလသည္။
''ဆင္းပါလေရာင္ ရဲ႕ ''
'' ဟုတ္ ''
လေရာင္ဆီတစ္ဖန္ျပန္လာေခၚကာ ကားတံခါးဖြင့္ေပးလာသည့္ သစ္ဦးေၾကာင့္ လေရာင္ ေခါင္းကေလးညိတ္ျပၿပီး ရွက္ကိုရွက္ကန္းျဖင့္ကားေပၚမွ ဆင္းလိုက္ေလသည္။
'' အမယ္ေလး အနိစၥ! ''
လေရာင္ ကားေပၚမွ ရွက္ကိုးရွက္ကန္းျဖင့္ အလွ်င္အျမန္ဆင္းလိုက္တာေၾကာင့္ ခဲလုံးအားမျမင္ဘဲ ေျခေခ်ာ္က်ေလေတာ့သည္။
လေရာင္ မ်က္လုံးမ်ားျပာသြားၿပီး အတင္းမွိတ္ခ်လိုက္ေတာ့ ရင္ခြင္က်ယ္ႀကီးဆီသို႔သာ တိုးေဝွ႔ၿပီးသားျဖစ္ေနေလသည္။
'' အို ...ကိုသစ္ဦး .. လႊတ္..လႊတ္ပါ ''
သစ္ဦး သည္ ရင္ခြင္ထဲမွ လေရာင္အား တစ္ေမ့တေမာႏွင့္ ေငးၾကည့္ေနၿပီးမွ အတင္း႐ုန္းလာေသာ လေရာင္ေၾကာင့္ လႊတ္ေပးဖို႔သတိရေလေတာ့သည္။
'' so sorry ပါ လေရာင္ ''
သစ္ဦး ရွက္ ကိုးရွက္ကန္းျဖင့္ လည္ဂုတ္ကေလးအားပြတ္ကာ လေရာင္အားေျပာလိုက္ေလသည္။
လေရာင္ မ်က္ႏွာကေလးလႊဲကာ တစ္ဖက္သို႔လွည့္လိုက္ေလသည္။ အိုလွလိုက္ပါဘိ။ တစ္ဖက္သို႔လႊဲကာမွ ေတာင္ ေပၚမွ အတိုင္းသားျမင္ေနရသည့္ ရင္သပ္ဖြယ္ ႐ူခင္းမ်ားေၾကာင့္ မ်က္လုံးကေလး မ်ားျပဴးၿပီးသာ မ်က္ေတာင္မခက္ ၾကည့္ေနမိေလသည္။
'' သိပ္လွတာပဲေနာ္ လေရာင္ ''
ေဘးဘက္မွ ကိုသစ္ဦး၏ အသံကို႔ၾကားေသာ္လည္း လေရာင္လွည့္မၾကည့္မိ ။ ျမင္ေနရေသာ ႐ူခင္းမ်ား ေပ်ာက္သြားမည့္အလား အၾကည့္မလႊဲႏိုင္။ ဘာမွ လည္းျပန္မဆိုႏိုင္ဘဲ ေခါင္းကေလးသာ တသြင္သြင္ ညိတ္ျပေနမိသည္။
'' ကြၽန္ေတာ့္ ဘဝ ရဲ႕ ျမင္ဖူးသမွ် ႐ူခင္းေတြထဲမွာ ဒီ႐ူခင္းက အလွဆုံးပဲ။ ''
'' လေရာင္ ကဒီလို ကြၽန္ေတာ္လို႔ ဆိုျပန္ေတာ့လဲ မန္းၿမိဳ႕သူေတြအလားပဲ ''
လေရာင္ ရင္ထဲ လွပ္ခနဲ ျဖစ္သြားသည္။ သူဘာကိုဆိုမိလိုက္တာလဲ။ သူ့ ေယာင္ရမ္း၍ သူ့ကိုယ္သူ ကြၽန္ေတာ္ ဟုဆိုမိသြားတာလား။
'' ဟို ..ဟို လေရာင္က ဒီအတိုင္းဆိုမိသြားတာပါ။ ႐ူခင္းေတြကသိပ္လွတာပဲေနာ္။´´
လေရာင္ အလ်င္အျမန္စကားလမ္းေၾကာင္း လႊဲလိုက္ေလသည္။
'' ဒါနဲ႔ လေရာင္ က်ဳပ္ကိုစိတ္ဆိုးသြားသလားဟင္။´´
'' ဟင္´´
'' ေန႔လည္ခင္းက ကိစၥေၾကာင့္ က်ဳပ္ကိုမ်ား စိတ္ဆိုးသြားသလားဟင္။ ´´
'' အို...´´
'' က်ဳပ္ စိတ္မထိန္းႏိုင္ေတာ့လို႔ ဆိုမိသြားတာပါ။ ႏို႔ေပမဲ့ စကားေတြကေတာ့ စင္စစ္ ရင္ထဲ၊ အသည္းထဲက စကားလုံးေတြပါ။´´
'' ဟို ..လေရာင္ ကေလ...´´
'' ခုခ်က္ခ်င္းႀကီး က်ဳပ္ကို ျပန္ျငင္းမယ္ဆိုရင္ မေျဖပါနဲ႔ လေရာင္။ က်ဳပ္ေစာင့္မွာပါ။ေမာင္ လေရာင္ကို တကယ္ေမတၱာရွိတာပါေလ။ ´´
''ေမာင္ ´´ ထိုနာမ္စားေလးေၾကာင့္ လေရာင္ရင္ထဲ ဒိန္းကနဲ ျဖစ္သြားေလသည္။ ဒီနာမည္စားေလးကို ကိုသစ္ဦးဆီမွလေရာင္ၾကားရတာ ၃ခါေျမာက္ျဖစ္သည္။ လေရာင္ လက္မ်ားပင္ ေအးစက္လာေလသည္။ သူရင္ေတြ ခုန္ေနတာလား။ အမည္မသိ ခံစားခ်က္ႀကီးေၾကာင့္ လေရာင္ရင္ထဲ တစ္ဆို႔လွ်က္။ ဝမ္းနည္းလို႔ေလလား။ ဝမ္းသာလို႔ေလလား။ လေရာင္မသိပါ။ လေရာင္ခင္ ဆိုတဲ့ သူ့ဘဝမွာ မိဘ အရင္းေတြ ဆီကေတာင္ မရဘူးတဲ့ ခ်စ္ျခင္းေမတၱာကို ခုမွရလို႔လား။ ရမည့္ရေတာ့လည္း အမ ျဖစ္သူနဲ႔ ေၾကာင္းလွမ္းထားတဲ့ သူဆီမွ ။ လေရာင္ဟာ အစားထိုးခံပဲ မဟုတ္လား။ တစ္ခ်ိန္လေရာင္ဟာ ေယာက်္ားပ်ိဳတစ္ေယာက္ ျဖစ္မွန္း ခင္ဗ်ားသိခဲ့ရင္ မုန္းသြားအုံးမွာပဲ မဟုတ္လား။ လေရာင္ ရင္ထဲ ခံစားခ်က္မ်ား ျဖတ္ေျပးကာ အေတြးမ်ားစြာကလည္း ေနရာယူၿပီး မ်က္ရည္စို႔လာေလသည္။
'' ဒီစကား ဒီမွာရပ္ၾကတာေပါ႔။ လေရာင္တို႔ ျပန္ၾကစို႔။ ေတာ္ေတာ္ၾကာ ဒီ့ထက္ေမွာင္လာရင္ မေကာင္းေပဘူး။´´
လေရာင္ ရင္ထဲမွ ခံစားခ်က္မ်ားကိုခ်ဳပ္တည္းကာ ထိုသို႔ဆိုလိုက္ၿပီး သစ္ဦးအားေက်ာခိုင္းကာ ေမာ္ေတာ္ကားဆီသို႔သာဦးတည္လိုက္ေလသည္။
>>>>>
<<<<<
'' အို ဆရာ ျပန္လာၿပီလား ဟို.. ဟိုေလ ´´
သစ္ဦးတို႔ ေမာ္ေတာ္ကားေလး ၿခံ ထဲအေရာက္ အိမ္ထဲ မွ ေျပးထြက္လာေသာ ထြန္းေတာက္ေၾကာင့္ လေရာင္ ေရာ သစ္ဦး ပါ ကားေပၚမွ မဆင္းေသးဘဲ ထြန္းေတာက္ ကိုၾကည့္ကာ နားေထာင္ ေနေလသည္။
'' ဘာျဖစ္သလဲ ထြန္းေတာက္ အလန္႔တၾကား ´´
''ဟို ေမေမႀကီး မ်ားတစ္ခုခု..´´
'' ဒုန္း !´´
လေရာင္ စကားပင္မဆုံး ကားတံခါးအား အလွ်င္အျမန္ ပိတ္ကာ အိမ္ထဲ ေျပးဝင္ရန္ ျပင္ေနေသာ သစ္ဦးေၾကာင့္ လေရာင္ ပါ အျမန္ကားေပၚမွ ဆင္းလိုက္ေလသည္။
'' မဟုတ္ဘူး ဆရာ ေမေမႀကီး ဘာမွ မျဖစ္ဘူး ျဖစ္တာက ဟိုကိစၥ ´´
ထြန္းေတာက္၏ စကားေၾကာင့္ သစ္ဦး ေနာက္ျပန္လွည့္ကာ ထြန္းေတာက္အားေစာင့္ၾကည့္ေလသည္။
'' သူေရာက္ေနတယ္ဆရာ ´´
'' ရၿပီ သေဘာေပါက္ၿပီ ကဲ ထြန္းေတာက္ လေရာင္ ကို ေခၚၿပီး ၿခံ ထဲ ခဏ ေနခဲ့ေပအုံး ´´
သစ္ဦး ေျပာေျပာဆိုဆိုႏွင့္ အိမ္ထဲ သို႔ ဝင္သြားေလသည္။ လေရာင္မွာေတာ့ ဘာမွန္းမသိဘဲ ထြန္းေတာက္ႏွင့္သာ ၿခံ ထဲ က်န္ခဲ့ေလေတာ့သည္။
ထြန္းေတာက္လည္း လေရာင္အား အသာေခၚကာ ၿခံ ထဲသို႔သာ ဦးတည္လိုက္သည္။ ဒီလို အေျခအေနအား ႀကိဳေတြးထားေပမဲ့ တကယ္ ထိပ္တိုက္ ေတြ႕ေတာ့ ထြန္းေတာက္လည္း ဘာလုပ္ရမွန္း မသိေပ။ ေတာ္ေသးတာေပါ႔ အစ္မေလး အိမ္ထဲက သူ့အေဖ ကို မျမင္သြားလို႔ ။ သစ္ဦး တို႔ ျပန္မလာခင္ အခ်ိန္အတြင္း သူေဌး ႀကီး ဦး ကိုကိုေက်ာ္သည္ ၿမိဳ႕အုပ္မင္းႏွင့္ ေတြ႕ခ်င္လို႔ဆိုကာ အိမ္သို႔ေရာက္လာေလသည္။ ေတြ႕ခ်င္လွ်င္ ႐ုံးကို လာခဲ့ပါဆိုေပမဲ့ ႐ုံးမွာ မေတြ႕ခ်င္၍ အိမ္သို႔ လာသည္ ျဖစ္ေၾကာင္းသာ ေျပာၿပီး ႏွင္၍ မရ ။ ထြန္းေတာက္လည္း ဘာေျပာရမွန္းမသိတာေၾကာင့္ အိမ္ထဲ မွာသာ ဝင္ေစာင့္ခိုင္း လိုက္ေလသည္။
>>>>>
<<<<<
'' ေၾသာ္ ဘယ္သူမ်ားလဲ လို႔ သူေဌး ႀကီး ဦးကိုကိုေက်ာ္ပါ႔လား။ က်ဳပ္ကို အိမ္ထိေတာင္ လာေတြ႕ပုံေထာက္ရင္ အေရးကိစၥ တစ္ခုခု မ်ား ရွိလို႔ေလလား ´´
သစ္ဦး တည္တည္ ၿငိမ္ၿငိမ္ႏွင့္သာ အသက္မပါေသာ အၿပဳံးတစ္ခု ျဖင့္ ဧည့္ခန္းထဲ တြင္ ထိုင္ေနေသာ ဦးကိုကိုေက်ာ္အား ေမးလိုက္ကာ ထိုသူ၏ နံေဘး ထိုင္ခုံ သို႔ဝင္ကာ ထိုင္လိုက္သည္။
'' ဆိုပါေတာ့။ ကိစၥ ဆိုတာ ထက္ ေမာင္ရင္နဲ႔ ေတြ႕ခ်င္လို႔ကို လာခဲ့တာပါ။ လက္ေဆာင္ပစၥည္းေလးေတြ ေပးခ်င္လို႔ပါေလ။ က်ဳပ္တို႔ၾကားမွာ အေရးရွိမွ လာရမွာမွ မဟုတ္ပါပဲ ဟမ္း ဟမ္း ´´
ဦးကိုကိုေက်ာ္မွ ထိုသို႔ဆိုလာၿပီး လက္ေဆာင္ပစၥည္းဟု သေဘာေဆာင္ေသာ ေသတၱာ တစ္လုံးအား စားပြဲ ေပၚသို႔ ခ်ကာ သစ္ဦးအား မ်က္ခုံးပင့္ျပေလသည္။
'' အဟမ္း အားေတာ့ နာပါတယ္ ။ က်ဳပ္တို႔ၾကားမွာ အဲ့ေလာက္မရင္းႏွီးဘူး ထင္တာပဲ ေတြ႕ဖူးတာမွ အရင္ႏွစ္ အေရးပိုင္မင္း အိမ္မွာ မဟုတ္ပါလား ။ ´´
'' အို က်ဳပ္ကေတာ့ တစ္ခါ ေတြ႕ဖူးကတည္းက ေမာင့္ရင့္ ကို ကိုယ့္တူလို ၊ သား လို သေဘာထားတာပါပဲ ´´
ထိုစကားေၾကာင့္ သစ္ဦး မဲ့ၿပဳံး ေလးတစ္ခု ၿပဳံးလိုက္ေလသည္။ ဒါဟာ အက်ိဳးလိုလို႔ေညာင္ေရ သြန္းတာ မဟုတ္ပါလား ။
'' အဟြန္း ... ကဲပါေလ ဒါေတြထားပါ။ လာရင္းကိစၥကိုသာ အရင္ ေျပာပါေလ။ ´´
သစ္ဦး ၏ စကားေၾကာင့္ ဦးကိုကိုေက်ာ္ ကြက္ခနဲ႔ မ်က္ႏွာ ပ်က္သြားေလသည္။ ဦးကိုကို ေက်ာ္ ဆိုတဲ့ အသံၾကားတာနဲ႔ အေရးပိုင္မင္း ကအစ ၊ ဝန္ေထာက္မင္း ၊ အဆုံး ခခရရ အကူအညီ ေပးခ်င္ၾကတဲ့ လူေတြ ဒီေလာက္ျပာယာခက္ေနတဲ့ ၾကားက ဒီ သူငယ္ကေတာ့ ခုထိ မာန္မေလ်ာ့ေသးတာေၾကာင့္ စိတ္ထဲ ေတာ့တင္းသြားေလသည္။ အရင္တစ္ေခါက္ ကိစၥ ေတြ မိသြားထဲ က ဒီ ၿမိဳ႕အုပ္မင္းကို မေက်နပ္ေပမဲ့ ခုခ်ိန္မွာေတာ့ အေရးပိုင္မင္းကေတာင္ ဘာမွမေျပာႏိုင္ဘဲ လႊတ္ထားတာေၾကာင့္ အေရးမသာေတာ့ မာန္ေလ်ာ့ေနရေလသည္။
'' လာရင္း ကိစၥကေတာ့ ေမာင္ရင္လည္း ရိပ္မိမယ္ ထင္ပါတယ္။ က်ဳပ္တို႔နဲ႔ ပူးေပါင္းရင္ ေမာင္ရင့္ အက်ိဳးခံစားခြင္က မနည္းေစရပါဘူး။ ေမာင္ရင္ ဘာမွ လုပ္ေပးစရာမလိုပါဘူး။ အလိုက္သင့္ေလး မျမင္ခ်င္ေယာင္ေဆာင္ေပး ယုံပါပဲ။ ေမာင္ရင္ လည္း အဲ့ေလာက္ေတာ့ မတုံးပါဘူး။ က်ဳပ္ဆိုလို ခ်င္တာကို သေဘာေပါက္မယ္ထင္ပါတယ္။ ´´
'' အန္ကယ္ လူမွားသြားၿပီ။ က်ဳပ္ မွာက အေမေမြး ကတည္းက မ်က္လုံးႏွစ္လုံးကပါလာၿပီသား။ အျမင္ကလည္း ရွင္းၿပီးသား ျမင္ေနပါရက္နဲ႔ မျမင္ခ်င္ေယာင္ ေဆာင္ရတာက
အဟင္း ဆင္ေသကို ဆိတ္သေရနဲ႔ ဖုံးေနသလိုပဲေပါ႔ ဘယ္လုံဖုံးဖုံး ဆင္မွန္း သိေနတာပဲေလ။ ´´
သစ္ဦးသည္ အေရွ႕စားပြဲကို ေျခခ်ိတ္ထိုင္ရင္း လက္ညႇိဳးႏွင့္တေတာက္ေတာက္ေခါက္ကာ ဦးကိုကိုေက်ာ္အား ျပန္ၾကည့္ရင္းေျပာလိုက္ေလသည္။
'' ေမာင္ရင္ အေတြး မမွားနဲ႔ေနာ္ ။ ဒါက အပါးေလး ရွိေသးတာ။ ´´
ဦး ကိုကိုေက်ာ္ လက္မေလ်ာ့ဘဲ ေနာက္ထပ္ ေသတၱာ တစ္လုံးအား စားပြဲေပၚတင္လိုက္ေလသည္။
'' ထြန္းေတာက္! ထြန္းေတာက္ တယ္ ဒီေကာင္ကေတာ့ ဧည့္သည္ကို ဘာမွ ဧည့္မခံဘဲ ဒီတိုင္းပဲ ေနေနရသလား ´´
သစ္ဦး ၏ စကားေၾကာင့္ ဦးကိုကိုေက်ာ္ အသာၿပဳံးလိုက္ေလသည္။ ဘယ္ေလာက္ပဲ ေျဖာင့္မတ္ပါေစ ေငြ နဲ႔သာဆိုရင္ ဘယ္သူမွ မခံႏိုင္ဘူးမဟုတ္ပါလား။ ေငြးမ်ားေငြႏိုင္ ေခတ္ႀကီးမွာ ေငြ ကိုင္ႏိုင္တဲ့သူသာလွ်င္ ဘုရင္ပါပဲ။
'' ဟာ ဆရာ က်ဳပ္ကို ေခၚသလား ´´
'' ဧည့္ သည္ကို ဘာမွ ဧည့္မခံဘဲ မင္းဘာလုပ္ေနသလဲ ထြန္းေတာက္ ´´
'' ဗ်ာ။ ေၾသာ္ ဟုတ္ကဲ့ဆရာ ။ ´´
'' ေနအုံး ထြန္းေတာက္ ေရခဲ မ်ားမ်ားထည့္ခဲ့ ။အျပင္မွာ ေအးေနေပမဲ့ ရင္ထဲက ေလာဘ မီးေတာက္ ႀကီးေၾကာင့္ သိပ္ပူေနမွာ။ ႏို႔ ၿပီးရင္ အိမ္အျပင္က ဆိုင္းဘုတ္ကို ေသခ်ာ ျမင္ေအာင္ ခ်ိတ္ဆိုင္းပါ ။ ´´
သစ္ဦး ၏ စကားေၾကာင့္ ဦးကိုကိုေက်ာ္ ၏ ရင္ထဲမွ အေပ်ာ္မ်ား႐ုတ္ခ်ည္း ေပ်ာက္ကြယ္သြားေလသည္။
'' ဘာဆိုင္းဘုတ္မ်ားလဲ ဆရာ ´´
'' လာဘ္ေပး လာဘ္ယူ တို႔ရန္သူ´´
'' ခြီး ! ဟုတ္ကဲ့ဆရာ ´´
'' ေၾသာ္ေနအုံး ဒီစာသားေလးပါထပ္ထည့္အက်ိဳးလို၍ အႀကိဳက္ေဆာင္သူမ်ား လာရာလမ္းအတိုင္းျပန္ကာျမန္းလိုက္ပါ ´´
သစ္ဦး ထိုသို႔ ဆိုကာ ဦး ကိုကိုေက်ာ္အား ၾကည့္၍ မဲ့ၿပဳံးတစ္ခုၿပဳံးျပလိုက္ေလသည္။
'' ေတာက္ !´´
ဦး ကိုကို ေက်ာ္ ႐ူး႐ူး ရွဲ ရွဲ ျဖင့္ ေကာက္ထကာ သစ္ဦးအားၾကည့္၍ ေတာက္ေခါက္ေလေတာ့သည္။
'' အို ျပန္ေတာ့မလို႔လား အန္ကယ္ ေနပါအုံး ခုမွ အေအးေလးေဖ်ာ္ေနတုန္းကို ´´
'' က်ဳပ္ျပန္မယ္ ´´
'' ေကာင္းပါၿပီ အန္ကယ္ ။ ေနာက္ မွဆုံၾကတာေပါ႔ ´´
သစ္ဦး ထိုသို႔ ဆိုကာ ဦးေက်ာ္ေက်ာ္အားႏႈတ္ဆက္လိုက္ေလသည္။ ဦးကိုကိုေက်ာ္ ႐ူး႐ူးရွဲရွဲ ျဖင့္ အိမ္ထဲမွ ထြက္ရန္ ျပင္လိုက္သည္။
'' ဒီ မသန္႔စင္တဲ့ ပစၥည္းေတြပါ တစ္ပါးတည္း ျပန္ယူသြားပါ အန္ကယ္။ က်ဳပ္အိမ္မွာက ဒီလို ပစၥည္းေတြ ထားဖို႔ ေနရာမေပးႏိုင္လို႔ပါ ´´
သစ္ဦး ၏ စကားေၾကာင့္ ဦးကိုကို ေက်ာ္ အျပန္လွည့္လာကာ သစ္ဦးကို ထသတ္မတတ္ ၾကည့္ၿပီး ေသတၱာ ႏွစ္လုံးအား ဆြဲကာ ထြက္သြားေလေတာ့သည္။
'' ဟင္ ေဖေဖ ! ´´
ဦးကိုကိုေက်ာ္ ေဒါသတႀကီး ထြက္လာၿပီး အိမ္ေပါက္ဝတြင္ ေတြ႕လိုက္ရေသာ သူေၾကာင့္ ေျခလွမ္းတို႔ ရပ္တန္႔သြားေလသည္။
'' ဟင္ ..လေရာင္ ´´
အိမ္ေရွ႕ကအသံမ်ားေၾကာင့္ သစ္ဦး ထြက္ၾကည့္မိေတာ့ အိမ္ေရွ႕က လူႏွစ္ေယာက္ေၾကာင့္သစ္ဦး လန္႔သြားေပမဲ့ မသိသာေအာင္ထိန္းလိုက္ေလသည္။
'' ေဖေဖ လေရာင္ဆီ လာတာလားဟင္ ´´
'' ဘယ္လိုလုပ္ ၿမိဳ႕အုပ္မင္း အိမ္ကို ေရာက္ေနရတာလဲ ´´
'' ၿမိဳ႕အုပ္မင္း ´´
ဖခင္ျဖစ္သူ၏ စကားေၾကာင့္ လေရာင္ နားမလည္ႏိုင္ဘဲ ေဖေဖ့၏ အေနာက္တြင္ရပ္ေနေသာ ကိုသစ္ဦး ဆီသို႔သာ အၾကည့္ပို႔မိေလေတာ့သည္။
>>>>>>>
<<<<<<<
5.12.2022
TBC __