24/7 COOL KID

yuppie_wang

10.8K 1.4K 566

This story is from my imagination. This is just a fan fiction that has nothing to do with reality.Please don'... Еще

Ep - 1
Ep - 2
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8

Ep - 3

1.2K 169 98
yuppie_wang

(Unicode)

ကျောင်းပိတ်ရက်ဆိုတော့ ရိပေါ်လည်း အိမ်မှာမနေချင်တာနဲ့ လျှောက်သွားမယ်စိတ်ကူးထားသည်။ သူငယ်ချင်းတွေက မုန့်ဝယ်ကျွေးဆိုလို့ ရှော့ပင်းမောတစ်ခုဆီသွားလိုက်၏။

သူငယ်ချင်းတွေနဲ့ xxx စားသောက်ဆိုင်မှာ ချိန်းထားသည်။ သီချင်းဖွင့်ကာ headphone တပ်ပြီး ဘောင်းဘီအိပ်ကပ်ထဲလက်ထည့်ကာ စတိုင်နဲ့ မလိုင်နဲ့ လမ်းလျှောက်လာခဲ့သည်။

ဦးကသာမကြိုက်တာ ရိပေါ်ကို သဘောကျတဲ့သူတွေများ ဝိုင်းဝိုင်းကိုလည်လို့။ ခုလည်းကြည့် ရိုးရိုးလေးပဲ လမ်းလျှောက်နေတာတောင် လှမ်းလှမ်းရှိုးနေတဲ့သူတွေက အများကြီး။ မသိရင် ကိုယ်က မင်းသားလိုလို idol လိုလို cele လိုလိုနဲ့။

သူများတွေပြောကြတာ ဝမ်ရိပေါ်က အရမ်းချစ်ဖို့ကောင်းတယ်တဲ့။  ဒီလောက်ချစ်ဖို့ကောင်းတဲ့ သူ့ကို ဦးက ဘာလို့ပြန်မကြိုက်လည်း ရိပေါ်ဖြင့် စဥ်းစားလို့တောင်မရပါဘူး။

ဦးက အနီးမှုန်ရုံတင်မကဘူး ရိပေါ်ရဲ့ ချစ်စရာကောင်းမှု တစ်သိန်းတစ်သောင်းကိုရော ဘာမှကို မမြင်တာပဲ။

ခက်တယ် ။ သွားပြီး ပါဝါတိုးပေးလိုက်ရမလားပဲ။

ပါးစောင်မှာ ချိုချဥ်လုံးငုံထားပြီး စမတ်ကျကျလမ်းလျှောက်နေတဲ့ ရိပေါ်ကို ဖြတ်သွားဖြတ်လာတစ်ချို့ကလည်း စူးစမ်းသလိုကြည့်နေကြ၏။

လူမျိုးချင်းအတူတူ  အသားဖြူတာချင်း အတူတူ အဝတ်အစားလည်း ဆန်းဆန်းပြားပြားဝတ်မထားပဲ ရိုးရိုးလေးဝတ်ထားတာတောင် ရိပေါ်က ထင်းထွက်နေသည်။ သူ့ကိုကြည့်နေတဲ့သူတွေကို ရိပေါ်က ပေစောင်းစောင်းနဲ့ ကြည့်လိုက်သေးသည်။

နေပါဦး ! ဒီနေ့မှ လူအရမ်းကြည့်ခံနေရသလိုပဲ ။ အရမ်းများချောနေလို့များလား။

ရိပေါ်က ကိုယ့်ကိုယ်ကိုတောင် အထင်ကြီးသွားမိသည်။

" ရှောင်ကောကော အိတ်က ပွင့်နေတယ် ။ ပစ္စည်းတွေပြုတ်ကျတော့မယ် "

ကောင်မလေး တစ်ယောက်ရဲ့ သတိပေးသံကြောင့် ရိပေါ်က သူ့နောက်ကျောမှာ သိုင်းလွယ်ထားတဲ့ အိတ်ကို အမြန်ကြည့်လိုက်ရသည်။

ဟုတ်သားအိတ် ဇစ်က ပွင့်ပြီး အထဲက ပစ္စည်းတွေပြုတ်ကျမတတ်ဖြစ်နေတာကို။

ဒါကြောင့် လူတွေက ကြည့်နေတာကိုး။ အဲတာကို မသိလို့ ရိပေါ်က မော်ဒယ်လိုလျှောက်နေတာ ။ သူ့ကိုယ့်သူ အရမ်းချောနေလို့ဆိုပြီးတောင် အထင်ကြီးလိုက်သေးသည်။

ဒါက ဘယ်လို အရှက်ကွဲမှုကြီးလဲ။

ရိပေါ်က သတိပေးတဲ့ ရှောင်ကျဲကျဲကို ကျေးဇူးတင်စကားဆိုပြီးနောက် အိတ်ကိုသေချာပြန်ပိတ်ပြီး ရင်ဘတ်ရှေ့ပဲထားထားလိုက်တော့သည်။

ကိုယ့်ကိုယ်ကို အထင်ကြီးနေတာလေးတွေလည်း ရေစုန်မျောသွားရပါပြီ။

ရိပေါ်လည်း ရှက်တာကြောင့်သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့နေရာကို ခပ်သွက်သွက်သာ လျှောက်သွားလိုက်တော့သည်။

ရှောပင်းမောရဲ့ အထပ်တစ်ထပ်အရောက် ရှောင်းကျန့်ကို တွေ့လိုက်ရ၏။ မိန်းကလေး အဝတ်အစားဆိုင်တစ်ခုရှေ့မှာ ရှောင်းကျန့်က မိန်းကလေးတစ်ယောက်နဲ့ ရယ်ရယ်မောမော စကားပြောနေသည်။

ရိပေါ်က ရှောင်းကျန့်ဆိုတာ သေချာအောင် မျက်လုံးကို မှေးပြီးကြည့်လိုက်သေး၏။

ဦးပဲ ကျိိန်းသေပေါက် ဦးပဲ။ တစ်ရေးနိုးထမေးရင်တောင် လူမှားစရာအကြောင်းမရှိဘူး။

အင်္ဂါဂြိုလ်ကနေ လှမ်းကြည့်ရင်တောင် ဦးဆိုတာ ကျိန်ပြောရဲသည်။

ရယ်လိုက်ရင်မှိတ်သွားတဲ့ အဲ့ဒီမျက်လုံးတွေ ၊ ရှေ့သွားခပ်ကြီးကြီးနှစ်ချောင်းရယ် ၊ ခပ်ညိုညို အသားအရေနဲ့ ထောင်ထောင်မောင်းမောင်း အရပ်အမြင့်က သေချာပေါက် ဦး ပဲဖြစ်သည်။

ကြည့်စမ်းပါဦး။ ရိပေါ်မဟုတ်တဲ့ တခြားမိန်းကလေးကိုပြုံးပြနေလိုက်တာများ မျက်လုံးတွေပိတ်ပြီး ရှေ့သွားတွေ အကုန်ပေါ်နေတဲ့အထိပဲ။

ရိပေါ်က ရှောင်းကျန့်ရဲ့ သွားကြီးကြီးတွေကို ရိုက်ချ်ိုးချင်စိတ်တွေဖြစ်ပေါ်လာသည်။

ရယ်ဦးဟာ ရယ်ဦးဟာ ဆိုပြီးတော့လေ။

ရိပေါ်ကျ ငယ်သေးလို့ စာကြိုးစားဦးတဲ့ ။ သူနဲ့ စကားပြောနေတဲ့ ကောင်မလေးကျ ခုမှ တက္ကသိုလ်ကျောင်းသူအရွယ်လောက်ရှိဦးမည်။

ဒါ ဦးက သက်သက် ညစ်တာ !

ဒါနဲ့ ဦးနဲ့ စကားပြောနေတဲ့အစ်မကြီးနဲ့က ရည်းစားများလား??

ဟာ ဦးမှာရည်းစားရှိတယ်လို့လည်းမကြားမိပါဘူး။

ဒါဆို အီစီကလီ ???

အင်း အဲ့လိုပဲဖြစ်လောက်တယ်။

ရိပေါ်က ကိုယ့်ဘာသာအဖြေရှာပြီးနောက် စိတ်ထဲမှာ အကြံဆိုးလေးတစ်ခုဖြစ်ပေါ်လာရသည်။ ဦးက သူ့ကို အမြင်ကတ်ချင်လည်းကတ်ပါစေ  အဖြေပြန်မပေးမယ့် အတူတူတော့ ရိပေါ်လည်း လုပ်ချင်ရာလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

- 24/7 -

ခေါင်းမှာတပ်ထားတဲ့ headphoneကိုဖြုတ်ပြီးလည်ပင်းမှာစွပ်လိုက်သည်။ လေကို တဝကြီးရှုသွင်းပြီးနောက် ရှောင်းကျန့်ကို အနှောက်အယှက်ပေးဖို့ရာ အတွင်းအားတွေ စုစည်းလိုက်သည်။ မကုန်သေးတဲ့ ချိုချဥ်လုံးကိုလည်း အမှိုက်ပုံးထဲလွှင့်ပစ်လိုက်၏။

ဝမ်ရိပေါ်လာပြီကွ ယား !

ပြီးတော့ ရှောင်းကျန့်ရှိတဲ့နေရာကို တဟုန်ထိုးပြေးသွားလိုက်တော့၏။ ရှောင်းကျန့်ရဲ့အနားကိုရောက်တော့ ရင်ခွင်ထဲကိုပစ်ဝင်ပစ်လိုက်သည်။

" ကိုကို ဟင့် ! "

ဦးကို ကိုကိုလို့ခေါ်လိုက်ရတော့ စိတ်ထဲကယားနေသေးသည် ။ ဒါပေမယ့် ဒရမ်မာခင်းချင်တော့လည်း ဘယ်တတ်နိုင်မတုန်း။

ရိပေါ်က ရှောင်းကျန့်လို့ ယူဆထားတဲ့လူမှာ  ကောင်လေးတစ်ယောက်က ရင်ခွင်ထဲပစ်ဝင်လာသည့်အတွက် အရှေ့ကကောင်မလေးနဲ့ စကားစပြတ်သွားရသည်။

တကယ်တမ်း သူလည်း ထိုကောင်မလေးကို အားနာပါးနာနဲ့သာ ပြုံးပြရယ်ပြနေရပြီး စကားစဖြတ်ချင်နေတာဖြစ်သည်။သူ့ကို တစ်ယောက်ယောက်က လာကူညီရင်ကောင်းမယ်လို့တောင် မိုးနတ်မင်းဆီ အကူအညီတောင်းလိုက်သေးသည်။

မိုးနတ်မင်းက သူ့ဆန္ဒကို တကယ်ပဲဖြည့်ဆည်းပေးတယ်ထင်သည်။ ကောင်လေးတစ်ယောက်က သူ့ရင်ခွင်ထဲတန်းတန်းမတ်မတ်ရောက်လာခဲ့လေသည်။

ရေကန်အသင့်ကြာအသင့် ကူညီမယ့်သူပေါ်တုန်းမှာ ထိုလူလည်း ချော်လဲရောထိုင်လုပ်ရတော့သည်။

လူကြီးတွေ စီစဥ်ပေးလို့သာ ရှေ့ကကလေးမနဲ့ ရှော့ပင်းထွက်လာတာ ။ သူ့အကြိုက်မဟုတ်တော့ စိတ်ညစ်နေရသည်လေ။ ကလေးမလည်းသူ့ကို အတင်းတွယ်ကပ်နေသည်က်ိုး။ မုန့်ကျွေးဆိုလို့ မုန့်ကျွေးရ ၊  အဝတ်အစားဆိုလို့ အဝတ်အစားလိုက်ဝယ်ပေးရနဲ့ အာရုံတွေနောက်လှပြီ။

ရင်ခွင်ထဲကကောင်လေးကလည်း သူ့ကိုဖက်ထားတာ မလွှတ်မစမ်း။

" ကိုကိုနော် ဘေဘီ့ကွယ်ရာမှာ ဘယ်သူနဲ့တွေ့နေတာလဲ။ သူက ဘယ်သူလဲ "

ရိပေါ်က ဦးလို့ ယူဆထားတဲ့သူကို ခပ်တင်းတင်းဖက်ထားရင်း သူ့အပိုင်ဆိုတဲ့ သဘောနဲ့ ကောင်မလေးကို ကြည့်ကာ မေးလိုက်သည်။

အသံကလည်း ချွဲပစ်လျက် ကိုယ့်အသံကို ပြန်ကြားလိုက်ရတာတောင် စိတ်ညစ်စရာကြီး။

ထိုလူကလည်း ရိပေါ်ရဲ့ ခါးတွေကို ပိုင်စိုးပိုင်နင်းပြန်ဖက်လာသည်။

" ကျင့်ကော သူက ??? "

ကောင်မလေးက အံ့သြဟန်နဲ့ ကျင့်ကောဟု နမ်စားတပ်ပြီးပြန်မေးလာသည်။

ကျင့်ကော???

ရိပေါ်က နားကြားမှားသွားသလားလို့တောင်ထင်မိသည်။

ရှောင်းကျန့်ဆို ကျန့်ကောဖြစ်ရမှာလေ ။ဘယ့်နှယ့် ကျင့်ကောတုန်း ??

လူများမှားလားလို့ ဖက်ထားတဲ့ လူကိုမော့ကြည့်မိတော့ ရှောင်းကျန့်မှ ရှောင်းကျန့်အစစ်။ ဒီရုပ် ဒီရည်နဲ့လူက ကမ္ဘာပေါ်မှာ နှစ်ယောက်မရှိနိုင်ဘူး ။ ပြီးတော့ ရိပေါ်လပေါင်းများစွာ ချစ်ရေးဆိုခဲ့တဲ့လူလေ။

ပြီးတော့ အသံရောပဲ။ နားထောင်ကြည့်လေ ရှောင်းကျန့်နဲ့ ဆင်လေပါပဲ။

ရိပေါ်က တွေဝေသွားရသည်။

မဟုတ်မှ လွဲရော ဦးက နာမည်ပြောင်တွေနဲ့ လုပ်စားနေတာလား ???

" မိတ်ဆက်ပေးရဦးမယ်။ ဒါက ကိုယ့်ဘေဘီ ၊ ကိုယ့်ကောင်လေးလေ "

" ဒါဆို ကျင့်ကောက ရည်းစားရှိတာပေါ့ "

ကောင်မလေးက မယုံနိုင်တဲ့အကြည့်နဲ့ ကြည့်လာခဲ့သည်။ ပိုတိုးပြီးဖက်ခံလိုက်ရတာကြောင့် ရိပေါ်လည်း ဦးကို မော့ကြည့်လိုက်သည်။

နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။

အဖြေမပေးပဲ စာပဲကြိုးစားခိုင်းတဲ့ ဦးက သူ့ကောင်လေးပါဆိုပြီး သူများကို လိုလိုလားလားကြီး မိတ်ဆက်ပေးနေတာ တစ်မျိုးတော့တစ်မျ်ိုးပဲ!

ရိပေါ်က ဦးကို ပြသနာရှာချင်တာ အခုကျ ဦးက ရိပေါ်ကိုလည်း ဘေဘီတဲ့!

ဟန်ဆောင်ကောင်းတဲ့ဦး ၊ လိမ်ပြောနေတာ လျှာမယားဘူးလားပဲ!

ကောင်လေးဆိုပဲ အဟက် အဟက် !

" ဒါပေါ့ ... ဒါနဲ့ ဘေဘီ့ကို အချိန်ပေးရမှာဆိုတော့ ညီမကိုလိုက်မပို့နိုင်လောက်တော့ဘူး။  ဒရိုင်ဘာနဲ့ပဲလိုက်ပို့ခိုင်းလိုက်တော့မယ်နော် "

ရင်ခွင်ထဲက မော့ကြည့်နေတဲ့ကောင်လေးရဲ့ နှဖူးကို ခပ်ဖွဖွနမ်းလိုက်သည်။ ဟန်ဆောင်နမ်းလိုက်ပေမယ့် နှဖူးက ခပ်သင်းသင်းအနံ့လေးရသည်။

မျက်လုံးလေးတွေက  အလန့်တကြားပိတ်ကျသွားပြီးနောက် ပါးစပ်လေးဟပြီး မော့ကြည့်လာပြန်၏။

ဦးက နမ်းပြန်ပြီ အား !

အခုဦးက လူရှေ့သူရှေ့ကို နှဖူးကို နမ်းလိုက်ပြန်ပြီ !

ကောင်မလေးကလည်း ကြောင်အမ်းအမ်းနဲ့ ခေါင်းငြိမ့်လေတော့ ဦးက ရိပေါ်ရဲ့ခါးကိုဖက်ပြီး ကောင်မလေးရဲ့ရှေ့ကနေ ချာကနဲလှည့်ထွက်လာခဲ့သည်။

ဘာလား ငါ့ကို ဘာလို့နမ်းပြန်တာလဲ !

အဲ့ကောင်မလေးနဲ့ ပြသနာဖြစ်ဦးလေ ဦးရဲ့ !

ရိပေါ်က စိတ်ထဲကနေပဲအော်ပြောနေမိ၏။

အနောက်က ကောင်မလေးက ရိပေါ်တို့နှစ်ယောက်ရဲ့ ကျောပြင်ကို ငေးကြည့်လျက် ကျန်ခဲ့လေသည်။

- 24/7 -

ရိပေါ်က လူပြတ်တဲ့နေရာတစ်ခုဆီ ဆွဲခေါ်သွားခံလိုက်ရပြီးနောက် နံရံမှာ အကပ်ခံလိုက်ရပြန်သည်။

ဦးက နံရံမှာ ကပ်ပြီး စကားပြောရတာ တော်တော်ကြိုက်တာပဲ !

နှစ်ခေါက်မြောက် နံရံနဲ့ကျောနဲ့ အကပ်ခံလိုက်ရသည့်အတွက် ရိပေါ်က ထိုသို့တွေးလိုက်ခြင်းဖြစ်သည်။

" မင်းက ဘယ်သူလဲ။ ဘာရည်ရွယ်ချက်နဲ့ ငါ့ဆီချဥ်းကပ်လာတာလဲ "

ဦးက ရိပေါ်ရဲ့မေးကို လက်ဖျားနဲ့ ပင့်တင်ပြီး မော့စေသည်။

ဦးက ထိုသို့မေးလိုက်သည်ကြောင့် ရိပေါ်က ကြောင်သွားရသည်။

အရူးကွက်တွေလာနင်းနေပြန်ပြီ ဒီ သောက်ဦးလေးကြီးကတော့!

ငါ့ကိုများ ဘယ်သူလဲတဲ့ နှစ်ရက်သုံးရက်နဲ့ အတိတ်မေ့သွားတာတော့ မဟုတ်ပါဘူးနော် !

လောလောလတ်လတ်မှ နမ်းခံထားရတဲ့ နှဖူးကတောင် နွေးနေတုန်းနော်။

အဲ့ပြီတီတီမျက်နှာကြီးနဲ့  ဆံပင်တွေဆောင့်ဆွဲလိုက်ရ !

ရိပေါ်က မကျေမချမ်းနဲ့ နှုတ်ခမ်းလေးတွေ မဲ့ရွဲ့နေလိုက်၏။

မျက်နှာချင်းဆိုင်က လူမှာတော့ ဆူထော်ထော်ရုပ်လေးကို ကြည့်ပြီး အသည်းယားနေလေသည်။

ကိုကိုလို့ခေါ်ပြီး ရင်ခွင်ထဲ ပစ်ဝင်လာသည့်တစ်ခဏတာ အခိုက်အတန့်လေးက လူတစ်ယောက်ကို ချက်ချင်းသဘောကျသွားဖို့ လုံလောက်သည်။

ဒီကောင်လေးကို သူ စိတ်ဝင်စားသည်။

" ပြောလေ နာမည်ဘယ်လိုခေါ်လဲ "

" ဝမ်ရိပေါ်တဲ့။ ဦးက ဦးနှောက် မကောင်းတော့ဘူးထင်တယ်။ ဆေးခန်းပြလိုက်ဦး ။ ဒါနဲ့ ကိုယ့်နာမည်ကိုယ်ရော မှတ်မိလား။ တော်ကြာ အတ်ိတ်မေ့နေမှာစိုးလို့ "

ရိပေါ်က ခပ်ရွဲ့ရွဲ့ပြောလိုက်တော့ ရှေ့ကလူက ရယ်သည်။

" ကိုယ့်နာမည်လား ? ရှောင်းကျင့်လေ "

" ဘာ "

" အမလေးဗျာ လန့်လိုက်တာ အရမ်းမအော်ရဘူးလေ "

ရှေ့ကလူက ရင်ဘတ်ကိုဖိပြီး လန့်သယောင်ဖြင့်။

ရိပေါ်ဖြင့် ဘာမှကိုနားမလည်တော့ပါ။ ဦးက သူ့ကိုယ်သူ ရှောင်းကျင့်တဲ့။

လိမ်နေတဲ့ပုံစံပေါက်လားဆ်ိုရင်တော့ ခေါင်းယမ်းလို့ရပေမယ့် သေချာကြည့်လိုက်ရင် ဦးရဲ့ မျက်ခွက်ကြီးလေ။

ရိပေါ်က ရှောင်းကျင့်ရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကိုလ်ိုက်စစ်ဆေးနေမိသည်။

ရုတ်တရက် သတိရသွားသည်က နှုတ်ခမ်းအောက်က မှဲ့ ။

ဟင် ! နှုတ်ခမ်းအောက်မှာ မှည့်လည်းမရှိဘူး ။

မှည့်ကပါတော့ပါသည်။ ဒါပေမယ့် နှာခေါင်းမှာကြီး ။

ဦးရဲ့ မှဲ့က မှဲ့ရှင်လား ?????

" ချစ်စရာလေး ။ ကိုယ့်ကို အရမ်းစိုက်ကြည့်နေတာ မျက်နှာကြီးပေါက်ထွက်သွားတော့မှာပဲ။ ကိုယ်က အရမ်းချောနေတာလား ဘေဘီ "

သိလိုက်ပါပြီ ဒီလောက်ဆို ရိပေါ်လည်းနားလည်လိုက်ပါပြီ။

ဘေဘီလို့ ဖောဖောသီသီ စိတ်လိုလက်ရခေါ်နေပုံအရ ဒီလူက ဦး မဟုတ်တော့ဘူး။

ဦးက သူ့ကို စနောက်ပြီးတောင် ဘေဘီလို့ ခဏခဏခေါ်မှာမဟုတ်ဘူး ။ ဟိုနေ့ကတောင် အရှုပ်ထုပ်လေးပါတဲ့လေ။

ဒါဆို ဒီလူက ဦးအတုပဲ! !

" တောင်းပန်ပါတယ်။ ကျွန်တော် လူမှားသွားတယ် "

ရိပေါ်က ရှောင်းကျင့်ရဲ့ခန္ဓာကိုယ်ကြီးကို တွန်းဖယ်ပြီး ထွက်ပြေးဖို့ လုပ်သည်။ ရှောင်းကျင့်က ရိပေါ်ရဲ့လက်ကောက်ဝတ်ကို လှမ်းဆွဲထားသည်။

ကောင်လေးနဲ့တောင် မရင်းနှီးသေးတာ လွှတ်ပေးစရာလား ??

ပြီးတော့ အလိုလိုနေရင်း ရင်ခွင်ထဲ ပစ်ဝင်လာတာ ဒီကောင်လေးက အရင်လေ။ သူ့ဘက်ကနေ ဒီကောင်လေးကို လာပါဆိုပြီး ခေါ်ခဲ့တာမဟုတ်ဘူး။

မိုးနတ်မင်းကြီးကို အကူအညီတောင်းခဲ့ရုံသက်သက်ပဲ ။ ဒီကောင်လေးကို သူ့ရှေ့မှောက် အရောက်ပို့ပေးခဲ့တာကတော့ မိုးနတ်မင်းရဲ့ ကောင်းချီးပေးမှုပေါ့။

ပြီးတော့ ဒီကောင်လေးက သူ့ကို အကြံနဲ့ ချဥ်းကပ်လာတာမှမဟုတ်ရင် ဘာဖြစ်ရမှာလဲ။

သူ့ကို အပိုင်ဖမ်းချင်နေတဲ့သူတွေမှ အများကြီးထဲမှာမှ ဒီကောင်လေးက သူ့ကို စိတ်ဝင်စားအောင်ဆွဲဆောင်နိုင်တာက ခြွင်းချက်ပင်။

" ရည်းစားရှိလား ဘေဘီ "

ရှောင်းကျင့်က ရိပေါ်ကို ဆွဲထားပြီး မေးလိုက်သည်။ အဆွဲခံထားရတဲ့ ကောင်လေးက အသည်းအသန် ထွက်ပြေးချင်နေဟန်ဖြင့်။

" ဟင့်အင်း ။ ကျွန်တော့်လက်ကိုလွှတ် "

ဒါဆို ကောင်လေးက ရည်းစားမရှိဘူးပေါ့!

" မလွှတ်ဘူး ကိုယ်နဲ့ အေးဆေး စကားပြောရအောင်။ လာ လိုက်ခဲ့ "

" ဟင့်အင်း မလိုက်ဘူး "

ရိပေါ်ကငြင်းပေမယ့်  ရှောင်းကျင့်ရဲ့ ဆွဲခေါ်မှုနဲ့အတူ ရိပေါ်က မရုန်းနိုင်ပဲ ယက်ကန်ယက်ကန်နဲ့ လိုက်သွားခဲ့ရလေ၏။ ရှောင်းကျင့်ကို အချိန်ပေးလိုက်ရတာကြောင့် သူငယ်ချင်းတွေနဲ့ ချိန်းထားတာလည်း ပျက်သွားခဲ့သည် ။

ဝမ်ရိပေါ်တို့တော့ ပညာပြချင်ဇောနဲ့ လူမှားပြီး ဆွဲစိခံလ်ိုက်ရလေပြီ။

TBC.......

(Zawgyi)

ေက်ာင္းပိတ္ရက္ဆိုေတာ့ ရိေပၚလည္း အိမ္မွာမေနခ်င္တာနဲ႕ ေလွ်ာက္သြားမယ္စိတ္ကူးထားသည္။ သူငယ္ခ်င္းေတြက မုန့္ဝယ္ေကြၽးဆိုလို႔ ေရွာ့ပင္းေမာတစ္ခုဆီသြားလိုက္၏။

သူငယ္ခ်င္းေတြနဲ႕ xxx စားေသာက္ဆိုင္မွာ ခ်ိန္းထားသည္။ သီခ်င္းဖြင့္ကာ headphone တပ္ၿပီး ေဘာင္းဘီအိပ္ကပ္ထဲလက္ထည့္ကာ စတိုင္နဲ႕ မလိုင္နဲ႕ လမ္းေလွ်ာက္လာခဲ့သည္။

ဦးကသာမႀကိဳက္တာ ရိေပၚကို သေဘာက်တဲ့သူေတြမ်ား ဝိုင္းဝိုင္းကိုလည္လို႔။ ခုလည္းၾကည့္ ရိုးရိုးေလးပဲ လမ္းေလွ်ာက္ေနတာေတာင္ လွမ္းလွမ္းရွိုးေနတဲ့သူေတြက အမ်ားႀကီး။ မသိရင္ ကိုယ္က မင္းသားလိုလို idol လိုလို cele လိုလိုနဲ႕။

သူမ်ားေတြေျပာၾကတာ ဝမ္ရိေပၚက အရမ္းခ်စ္ဖို႔ေကာင္းတယ္တဲ့။  ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့ သူ႕ကို ဦးက ဘာလို႔ျပန္မႀကိဳက္လည္း ရိေပၚျဖင့္ စဥ္းစားလို႔ေတာင္မရပါဘူး။

ဦးက အနီးမႈန္႐ုံတင္မကဘူး ရိေပၚရဲ႕ ခ်စ္စရာေကာင္းမႈ တစ္သိန္းတစ္ေသာင္းကိုေရာ ဘာမွကို မျမင္တာပဲ။

ခက္တယ္ ။ သြားၿပီး ပါဝါတိုးေပးလိုက္ရမလားပဲ။

ပါးေစာင္မွာ ခ်ိဳခ်ဥ္လုံးငုံထားၿပီး စမတ္က်က်လမ္းေလွ်ာက္ေနတဲ့ ရိေပၚကို ျဖတ္သြားျဖတ္လာတစ္ခ်ိဳ႕ကလည္း စူးစမ္းသလိုၾကည့္ေနၾက၏။

လူမ်ိဳးခ်င္းအတူတူ  အသားျဖဴတာခ်င္း အတူတူ အဝတ္အစားလည္း ဆန္းဆန္းျပားျပားဝတ္မထားပဲ ရိုးရိုးေလးဝတ္ထားတာေတာင္ ရိေပၚက ထင္းထြက္ေနသည္။ သူ႕ကိုၾကည့္ေနတဲ့သူေတြကို ရိေပၚက ေပေစာင္းေစာင္းနဲ႕ ၾကည့္လိုက္ေသးသည္။

ေနပါဦး ! ဒီေန႕မွ လူအရမ္းၾကည့္ခံေနရသလိုပဲ ။ အရမ္းမ်ားေခ်ာေနလို႔မ်ားလား။

ရိေပၚက ကိုယ့္ကိုယ္ကိုေတာင္ အထင္ႀကီးသြားမိသည္။

" ေရွာင္ေကာေကာ အိတ္က ပြင့္ေနတယ္ ။ ပစၥည္းေတြျပဳတ္က်ေတာ့မယ္ "

ေကာင္မေလး တစ္ေယာက္ရဲ႕ သတိေပးသံေၾကာင့္ ရိေပၚက သူ႕ေနာက္ေက်ာမွာ သိုင္းလြယ္ထားတဲ့ အိတ္ကို အျမန္ၾကည့္လိုက္ရသည္။

ဟုတ္သားအိတ္ ဇစ္က ပြင့္ၿပီး အထဲက ပစၥည္းေတြျပဳတ္က်မတတ္ျဖစ္ေနတာကို။

ဒါေၾကာင့္ လူေတြက ၾကည့္ေနတာကိုး။ အဲတာကို မသိလို႔ ရိေပၚက ေမာ္ဒယ္လိုေလွ်ာက္ေနတာ ။ သူ႕ကိုယ့္သူ အရမ္းေခ်ာေနလို႔ဆိုၿပီးေတာင္ အထင္ႀကီးလိုက္ေသးသည္။

ဒါက ဘယ္လို အရွက္ကြဲမႈႀကီးလဲ။

ရိေပၚက သတိေပးတဲ့ ေရွာင္က်ဲက်ဲကို ေက်းဇူးတင္စကားဆိုၿပီးေနာက္ အိတ္ကိုေသခ်ာျပန္ပိတ္ၿပီး ရင္ဘတ္ေရွ႕ပဲထားထားလိုက္ေတာ့သည္။

ကိုယ့္ကိုယ္ကို အထင္ႀကီးေနတာေလးေတြလည္း ေရစုန္ေမ်ာသြားရပါၿပီ။

ရိေပၚလည္း ရွက္တာေၾကာင့္သူငယ္ခ်င္းေတြနဲ႕ ခ်ိန္းထားတဲ့ေနရာကို ခပ္သြက္သြက္သာ ေလွ်ာက္သြားလိုက္ေတာ့သည္။

ေရွာပင္းေမာရဲ႕ အထပ္တစ္ထပ္အေရာက္ ေရွာင္းက်န့္ကို ေတြ႕လိုက္ရ၏။ မိန္းကေလး အဝတ္အစားဆိုင္တစ္ခုေရွ႕မွာ ေရွာင္းက်န့္က မိန္းကေလးတစ္ေယာက္နဲ႕ ရယ္ရယ္ေမာေမာ စကားေျပာေနသည္။

ရိေပၚက ေရွာင္းက်န့္ဆိုတာ ေသခ်ာေအာင္ မ်က္လုံးကို ေမွးၿပီးၾကည့္လိုက္ေသး၏။

ဦးပဲ က်ိိန္းေသေပါက္ ဦးပဲ။ တစ္ေရးနိုးထေမးရင္ေတာင္ လူမွားစရာအေၾကာင္းမရွိဘူး။

အဂၤါၿဂိဳလ္ကေန လွမ္းၾကည့္ရင္ေတာင္ ဦးဆိုတာ က်ိန္ေျပာရဲသည္။

ရယ္လိုက္ရင္မွိတ္သြားတဲ့ အဲ့ဒီမ်က္လုံးေတြ ၊ ေရွ႕သြားခပ္ႀကီးႀကီးႏွစ္ေခ်ာင္းရယ္ ၊ ခပ္ညိုညို အသားအေရနဲ႕ ေထာင္ေထာင္ေမာင္းေမာင္း အရပ္အျမင့္က ေသခ်ာေပါက္ ဦး ပဲျဖစ္သည္။

ၾကည့္စမ္းပါဦး။ ရိေပၚမဟုတ္တဲ့ တျခားမိန္းကေလးကိုၿပဳံးျပေနလိုက္တာမ်ား မ်က္လုံးေတြပိတ္ၿပီး ေရွ႕သြားေတြ အကုန္ေပၚေနတဲ့အထိပဲ။

ရိေပၚက ေရွာင္းက်န့္ရဲ႕ သြားႀကီးႀကီးေတြကို ရိုက္ခ်္ိုးခ်င္စိတ္ေတြျဖစ္ေပၚလာသည္။

ရယ္ဦးဟာ ရယ္ဦးဟာ ဆိုၿပီးေတာ့ေလ။

ရိေပၚက် ငယ္ေသးလို႔ စာႀကိဳးစားဦးတဲ့ ။ သူနဲ႕ စကားေျပာေနတဲ့ ေကာင္မေလးက် ခုမွ တကၠသိုလ္ေက်ာင္းသူအ႐ြယ္ေလာက္ရွိဦးမည္။

ဒါ ဦးက သက္သက္ ညစ္တာ !

ဒါနဲ႕ ဦးနဲ႕ စကားေျပာေနတဲ့အစ္မႀကီးနဲ႕က ရည္းစားမ်ားလား??

ဟာ ဦးမွာရည္းစားရွိတယ္လို႔လည္းမၾကားမိပါဘူး။

ဒါဆို အီစီကလီ ???

အင္း အဲ့လိုပဲျဖစ္ေလာက္တယ္။

ရိေပၚက ကိုယ့္ဘာသာအေျဖရွာၿပီးေနာက္ စိတ္ထဲမွာ အႀကံဆိုးေလးတစ္ခုျဖစ္ေပၚလာရသည္။ ဦးက သူ႕ကို အျမင္ကတ္ခ်င္လည္းကတ္ပါေစ  အေျဖျပန္မေပးမယ့္ အတူတူေတာ့ ရိေပၚလည္း လုပ္ခ်င္ရာလုပ္ဖို႔ ဆုံးျဖတ္လိုက္သည္။

- 24/7 -

ေခါင္းမွာတပ္ထားတဲ့ headphoneကိုျဖဳတ္ၿပီးလည္ပင္းမွာစြပ္လိုက္သည္။ ေလကို တဝႀကီးရႈသြင္းၿပီးေနာက္ ေရွာင္းက်န့္ကို အေႏွာက္အယွက္ေပးဖို႔ရာ အတြင္းအားေတြ စုစည္းလိုက္သည္။ မကုန္ေသးတဲ့ ခ်ိဳခ်ဥ္လုံးကိုလည္း အမွိုက္ပုံးထဲလႊင့္ပစ္လိုက္၏။

ဝမ္ရိေပၚလာၿပီကြ ယား !

ၿပီးေတာ့ ေရွာင္းက်န့္ရွိတဲ့ေနရာကို တဟုန္ထိုးေျပးသြားလိုက္ေတာ့၏။ ေရွာင္းက်န့္ရဲ႕အနားကိုေရာက္ေတာ့ ရင္ခြင္ထဲကိုပစ္ဝင္ပစ္လိုက္သည္။

" ကိုကို ဟင့္ ! "

ဦးကို ကိုကိုလို႔ေခၚလိုက္ရေတာ့ စိတ္ထဲကယားေနေသးသည္ ။ ဒါေပမယ့္ ဒရမ္မာခင္းခ်င္ေတာ့လည္း ဘယ္တတ္နိုင္မတုန္း။

ရိေပၚက ေရွာင္းက်န့္လို႔ ယူဆထားတဲ့လူမွာ  ေကာင္ေလးတစ္ေယာက္က ရင္ခြင္ထဲပစ္ဝင္လာသည့္အတြက္ အေရွ႕ကေကာင္မေလးနဲ႕ စကားစျပတ္သြားရသည္။

တကယ္တမ္း သူလည္း ထိုေကာင္မေလးကို အားနာပါးနာနဲ႕သာ ၿပဳံးျပရယ္ျပေနရၿပီး စကားစျဖတ္ခ်င္ေနတာျဖစ္သည္။သူ႕ကို တစ္ေယာက္ေယာက္က လာကူညီရင္ေကာင္းမယ္လို႔ေတာင္ မိုးနတ္မင္းဆီ အကူအညီေတာင္းလိုက္ေသးသည္။

မိုးနတ္မင္းက သူ႕ဆႏၵကို တကယ္ပဲျဖည့္ဆည္းေပးတယ္ထင္သည္။ ေကာင္ေလးတစ္ေယာက္က သူ႕ရင္ခြင္ထဲတန္းတန္းမတ္မတ္ေရာက္လာခဲ့ေလသည္။

ေရကန္အသင့္ၾကာအသင့္ ကူညီမယ့္သူေပၚတုန္းမွာ ထိုလူလည္း ေခ်ာ္လဲေရာထိုင္လုပ္ရေတာ့သည္။

လူႀကီးေတြ စီစဥ္ေပးလို႔သာ ေရွ႕ကကေလးမနဲ႕ ေရွာ့ပင္းထြက္လာတာ ။ သူ႕အႀကိဳက္မဟုတ္ေတာ့ စိတ္ညစ္ေနရသည္ေလ။ ကေလးမလည္းသူ႕ကို အတင္းတြယ္ကပ္ေနသည္က္ိုး။ မုန့္ေကြၽးဆိုလို႔ မုန့္ေကြၽးရ ၊  အဝတ္အစားဆိုလို႔ အဝတ္အစားလိုက္ဝယ္ေပးရနဲ႕ အာ႐ုံေတြေနာက္လွၿပီ။

ရင္ခြင္ထဲကေကာင္ေလးကလည္း သူ႕ကိုဖက္ထားတာ မလႊတ္မစမ္း။

" ကိုကိုေနာ္ ေဘဘီ့ကြယ္ရာမွာ ဘယ္သူနဲ႕ေတြ႕ေနတာလဲ။ သူက ဘယ္သူလဲ "

ရိေပၚက ဦးလို႔ ယူဆထားတဲ့သူကို ခပ္တင္းတင္းဖက္ထားရင္း သူ႕အပိုင္ဆိုတဲ့ သေဘာနဲ႕ ေကာင္မေလးကို ၾကည့္ကာ ေမးလိုက္သည္။

အသံကလည္း ခြၽဲပစ္လ်က္ ကိုယ့္အသံကို ျပန္ၾကားလိုက္ရတာေတာင္ စိတ္ညစ္စရာႀကီး။

ထိုလူကလည္း ရိေပၚရဲ႕ ခါးေတြကို ပိုင္စိုးပိုင္နင္းျပန္ဖက္လာသည္။

" က်င့္ေကာ သူက ??? "

ေကာင္မေလးက အံ့ၾသဟန္နဲ႕ က်င့္ေကာဟု နမ္စားတပ္ၿပီးျပန္ေမးလာသည္။

က်င့္ေကာ???

ရိေပၚက နားၾကားမွားသြားသလားလို႔ေတာင္ထင္မိသည္။

ေရွာင္းက်န့္ဆို က်န့္ေကာျဖစ္ရမွာေလ ။ဘယ့္ႏွယ့္ က်င့္ေကာတုန္း ??

လူမ်ားမွားလားလို႔ ဖက္ထားတဲ့ လူကိုေမာ့ၾကည့္မိေတာ့ ေရွာင္းက်န့္မွ ေရွာင္းက်န့္အစစ္။ ဒီ႐ုပ္ ဒီရည္နဲ႕လူက ကမာၻေပၚမွာ ႏွစ္ေယာက္မရွိနိုင္ဘူး ။ ၿပီးေတာ့ ရိေပၚလေပါင္းမ်ားစြာ ခ်စ္ေရးဆိုခဲ့တဲ့လူေလ။

ၿပီးေတာ့ အသံေရာပဲ။ နားေထာင္ၾကည့္ေလ ေရွာင္းက်န့္နဲ႕ ဆင္ေလပါပဲ။

ရိေပၚက ေတြေဝသြားရသည္။

မဟုတ္မွ လြဲေရာ ဦးက နာမည္ေျပာင္ေတြနဲ႕ လုပ္စားေနတာလား ???

" မိတ္ဆက္ေပးရဦးမယ္။ ဒါက ကိုယ့္ေကာင္ေလးေလ "

" ဒါဆို က်င့္ေကာက ရည္းစားရွိတာေပါ့ "

ေကာင္မေလးက မယုံနိုင္တဲ့အၾကည့္နဲ႕ ၾကည့္လာခဲ့သည္။ ပိုတိုးၿပီးဖက္ခံလိုက္ရတာေၾကာင့္ ရိေပၚလည္း ဦးကို ေမာ့ၾကည့္လိုက္သည္။

နည္းနည္းေတာ့ ထူးဆန္းေနသလိုပဲ။

အေျဖမေပးပဲ စာပဲႀကိဳးစားခိုင္းတဲ့ ဦးက သူ႕ေကာင္ေလးပါဆိုၿပီး သူမ်ားကို လိုလိုလားလားႀကီး မိတ္ဆက္ေပးေနတာ တစ္မ်ိဳးေတာ့တစ္မ်္ိုးပဲ!

ရိေပၚက ဦးကို ျပသနာရွာခ်င္တာ အခုက် ဦးက ရိေပၚကိုလည္း ေဘဘီ့တဲ့!

ဟန္ေဆာင္ေကာင္းတဲ့ဦး ၊ လိမ္ေျပာေနတာ လွ်ာမယားဘူးလားပဲ!

ေကာင္ေလးဆိုပဲ အဟက္ အဟက္ !

" ဒါေပါ့ ... ဒါနဲ႕ ေဘဘီ့ကို အခ်ိန္ေပးရမွာဆိုေတာ့ ညီမကိုလိုက္မပို႔နိုင္ေလာက္ေတာ့ဘူး။  ဒရိုင္ဘာနဲ႕ပဲလိုက္ပို႔ခိုင္းလိုက္ေတာ့မယ္ေနာ္ "

ရင္ခြင္ထဲက ေမာ့ၾကည့္ေနတဲ့ေကာင္ေလးရဲ႕ ႏွဖူးကို ခပ္ဖြဖြနမ္းလိုက္သည္။ ဟန္ေဆာင္နမ္းလိုက္ေပမယ့္ ႏွဖူးက ခပ္သင္းသင္းအနံ႕ေလးရသည္။

မ်က္လုံးေလးေတြက  အလန့္တၾကားပိတ္က်သြားၿပီးေနာက္ ပါးစပ္ေလးဟၿပီး ေမာ့ၾကည့္လာျပန္၏။

ဦးက နမ္းျပန္ၿပီ အား !

အခုဦးက လူေရွ႕သူေရွ႕ကို ႏွဖူးကို နမ္းလိုက္ျပန္ၿပီ !

ေကာင္မေလးကလည္း ေၾကာင္အမ္းအမ္းနဲ႕ ေခါင္းၿငိမ့္ေလေတာ့ ဦးက ရိေပၚရဲ႕ခါးကိုဖက္ၿပီး ေကာင္မေလးရဲ႕ေရွ႕ကေန ခ်ာကနဲလွည့္ထြက္လာခဲ့သည္။

ဘာလား ငါ့ကို ဘာလို႔နမ္းျပန္တာလဲ !

အဲ့ေကာင္မေလးနဲ႕ ျပသနာျဖစ္ဦးေလ ဦးရဲ႕ !

ရိေပၚက စိတ္ထဲကေနပဲေအာ္ေျပာေနမိ၏။

အေနာက္က ေကာင္မေလးက ရိေပၚတို႔ႏွစ္ေယာက္ရဲ႕ ေက်ာျပင္ကို ေငးၾကည့္လ်က္ က်န္ခဲ့ေလသည္။

- 24/7 -

ရိေပၚက လူျပတ္တဲ့ေနရာတစ္ခုဆီ ဆြဲေခၚသြားခံလိုက္ရၿပီးေနာက္ နံရံမွာ အကပ္ခံလိုက္ရျပန္သည္။

ဦးက နံရံမွာ ကပ္ၿပီး စကားေျပာရတာ ေတာ္ေတာ္ႀကိဳက္တာပဲ !

ႏွစ္ေခါက္ေျမာက္ နံရံနဲ႕ေက်ာနဲ႕ အကပ္ခံလိုက္ရသည့္အတြက္ ရိေပၚက ထိုသို႔ေတြးလိုက္ျခင္းျဖစ္သည္။

" မင္းက ဘယ္သူလဲ။ ဘာရည္႐ြယ္ခ်က္နဲ႕ ငါ့ဆီခ်ဥ္းကပ္လာတာလဲ "

ဦးက ရိေပၚရဲ႕ေမးကို လက္ဖ်ားနဲ႕ ပင့္တင္ၿပီး ေမာ့ေစသည္။

ဦးက ထိုသို႔ေမးလိုက္သည္ေၾကာင့္ ရိေပၚက ေၾကာင္သြားရသည္။

အ႐ူးကြက္ေတြလာနင္းေနျပန္ၿပီ ဒီ ေသာက္ဦးေလးႀကီးကေတာ့!

ငါ့ကိုမ်ား ဘယ္သူလဲတဲ့ ႏွစ္ရက္သုံးရက္နဲ႕ အတိတ္ေမ့သြားတာေတာ့ မဟုတ္ပါဘူးေနာ္ !

ေလာေလာလတ္လတ္မွ နမ္းခံထားရတဲ့ ႏွဖူးကေတာင္ ေႏြးေနတုန္းေနာ္။

အဲ့ၿပီတီတီမ်က္ႏွာႀကီးနဲ႕  ဆံပင္ေတြေဆာင့္ဆြဲလိုက္ရ !

ရိေပၚက မေက်မခ်မ္းနဲ႕ ႏႈတ္ခမ္းေလးေတြ မဲ့႐ြဲ႕ေနလိုက္၏။

မ်က္ႏွာခ်င္းဆိုင္က လူမွာေတာ့ ဆူေထာ္ေထာ္႐ုပ္ေလးကို ၾကည့္ၿပီး အသည္းယားေနေလသည္။

ကိုကိုလို႔ေခၚၿပီး ရင္ခြင္ထဲ ပစ္ဝင္လာသည့္တစ္ခဏတာ အခိုက္အတန႔္ေလးက လူတစ္ေယာက္ကို ခ်က္ခ်င္းသေဘာက်သြားဖို႔ လုံေလာက္သည္။

ဒီေကာင္ေလးကို သူ စိတ္ဝင္စားသည္။

" ေျပာေလ နာမည္ဘယ္လိုေခၚလဲ "

" ဝမ္ရိေပၚတဲ့။ ဦးက ဦးေႏွာက္ မေကာင္းေတာ့ဘူးထင္တယ္။ ေဆးခန္းျပလိုက္ဦး ။ ဒါနဲ႕ ကိုယ့္နာမည္ကိုယ္ေရာ မွတ္မိလား။ ေတာ္ၾကာ အတ္ိတ္ေမ့ေနမွာစိုးလို႔ "

ရိေပၚက ခပ္႐ြဲ႕႐ြဲ႕ေျပာလိုက္ေတာ့ ေရွ႕ကလူက ရယ္သည္။

" ကိုယ့္နာမည္လား ? ေရွာင္းက်င့္ေလ "

" ဘာ "

" အမေလးဗ်ာ လန့္လိုက္တာ အရမ္းမေအာ္ရဘူးေလ "

ေရွ႕ကလူက ရင္ဘတ္ကိုဖိၿပီး လန့္သေယာင္ျဖင့္။

ရိေပၚျဖင့္ ဘာမွကိုနားမလည္ေတာ့ပါ။ ဦးက သူ႕ကိုယ္သူ ေရွာင္းက်င့္တဲ့။

လိမ္ေနတဲ့ပုံစံေပါက္လားဆ္ိုရင္ေတာ့ ေခါင္းယမ္းလို႔ရေပမယ့္ ေသခ်ာၾကည့္လိုက္ရင္ ဦးရဲ႕ မ်က္ခြက္ႀကီးေလ။

ရိေပၚက ေရွာင္းက်င့္ရဲ႕ မ်က္ႏွာအစိတ္အပိုင္းတစ္ခုခ်င္းစီကိုလ္ိုက္စစ္ေဆးေနမိသည္။

႐ုတ္တရက္ သတိရသြားသည္က ႏႈတ္ခမ္းေအာက္က မွဲ႕ ။

ဟင္ ! ႏႈတ္ခမ္းေအာက္မွာ မွည့္လည္းမရွိဘူး ။

မွည့္ကပါေတာ့ပါသည္။ ဒါေပမယ့္ ႏွာေခါင္းမွာႀကီး ။

ဦးရဲ႕ မွဲ႕က မွဲ႕ရွင္လား ?????

" ခ်စ္စရာေလး ။ ကိုယ့္ကို အရမ္းစိုက္ၾကည့္ေနတာ မ်က္ႏွာႀကီးေပါက္ထြက္သြားေတာ့မွာပဲ။ ကိုယ္က အရမ္းေခ်ာေနတာလား ေဘဘီ "

သိလိုက္ပါၿပီ ဒီေလာက္ဆို ရိေပၚလည္းနားလည္လိုက္ပါၿပီ။

ေဘဘီလို႔ ေဖာေဖာသီသီ စိတ္လိုလက္ရေခၚေနပုံအရ ဒီလူက ဦး မဟုတ္ေတာ့ဘူး။

ဦးက သူ႕ကို စေနာက္ၿပီးေတာင္ ေဘဘီလို႔ ခဏခဏေခၚမွာမဟုတ္ဘူး ။ ဟိုေန႕ကေတာင္ အရႈပ္ထုပ္ေလးပါတဲ့ေလ။

ဒါဆို ဒီလူက ဦးအတုပဲ! !

" ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္ လူမွားသြားတယ္ "

ရိေပၚက ေရွာင္းက်င့္ရဲ႕ခႏၶာကိုယ္ႀကီးကို တြန္းဖယ္ၿပီး ထြက္ေျပးဖို႔ လုပ္သည္။ ေရွာင္းက်င့္က ရိေပၚရဲ႕လက္ေကာက္ဝတ္ကို လွမ္းဆြဲထားသည္။

ေကာင္ေလးနဲ႕ေတာင္ မရင္းႏွီးေသးတာ လႊတ္ေပးစရာလား ??

ၿပီးေတာ့ အလိုလိုေနရင္း ရင္ခြင္ထဲ ပစ္ဝင္လာတာ ဒီေကာင္ေလးက အရင္ေလ။ သူ႕ဘက္ကေန ဒီေကာင္ေလးကို လာပါဆိုၿပီး ေခၚခဲ့တာမဟုတ္ဘူး။

မိုးနတ္မင္းႀကီးကို အကူအညီေတာင္းခဲ့႐ုံသက္သက္ပဲ ။ ဒီေကာင္ေလးကို သူ႕ေရွ႕ေမွာက္ အေရာက္ပို႔ေပးခဲ့တာကေတာ့ မိုးနတ္မင္းရဲ႕ ေကာင္းခ်ီးေပးမႈေပါ့။

ၿပီးေတာ့ ဒီေကာင္ေလးက သူ႕ကို အႀကံနဲ႕ ခ်ဥ္းကပ္လာတာမွမဟုတ္ရင္ ဘာျဖစ္ရမွာလဲ။

သူ႕ကို အပိုင္ဖမ္းခ်င္ေနတဲ့သူေတြမွ အမ်ားႀကီးထဲမွာမွ ဒီေကာင္ေလးက သူ႕ကို စိတ္ဝင္စားေအာင္ဆြဲေဆာင္နိုင္တာက ႁခြင္းခ်က္ပင္။

" ရည္းစားရွိလား ေဘဘီ "

ေရွာင္းက်င့္က ရိေပၚကို ဆြဲထားၿပီး ေမးလိုက္သည္။ အဆြဲခံထားရတဲ့ ေကာင္ေလးက အသည္းအသန္ ထြက္ေျပးခ်င္ေနဟန္ျဖင့္။

" ဟင့္အင္း ။ ကြၽန္ေတာ့္လက္ကိုလႊတ္ "

ဒါဆို ေကာင္ေလးက ရည္းစားမရွိဘူးေပါ့!

" မလႊတ္ဘူး ကိုယ္နဲ႕ ေအးေဆး စကားေျပာရေအာင္။ လာ လိုက္ခဲ့ "

" ဟင့္အင္း မလိုက္ဘူး "

ရိေပၚကျငင္းေပမယ့္  ေရွာင္းက်င့္ရဲ႕ ဆြဲေခၚမႈနဲ႕အတူ ရိေပၚက မ႐ုန္းနိုင္ပဲ ယက္ကန္ယက္ကန္နဲ႕ လိုက္သြားခဲ့ရေလ၏။ ေရွာင္းက်င့္ကို အခ်ိန္ေပးလိုက္ရတာေၾကာင့္ သူငယ္ခ်င္းေတြနဲ႕ ခ်ိန္းထားတာလည္း ပ်က္သြားခဲ့သည္ ။

ဝမ္ရိေပၚတို႔ေတာ့ ပညာျပခ်င္ေဇာနဲ႕ လူမွားၿပီး ဆြဲစိခံလ္ိုက္ရေလၿပီ။

TBC.......





Продолжить чтение

Вам также понравится

931K 21.4K 49
In wich a one night stand turns out to be a lot more than that.
120K 5.1K 52
❥❥❥ [BNHA x Fem!Reader] ❛❛𝔸𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙𝕖𝕤 𝕓𝕒𝕓𝕪, 𝕎𝕠𝕟'𝕥 𝕞𝕖𝕒𝕟 𝕒𝕟𝕪𝕥𝕙𝕚𝕟𝕘, 𝔸𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙𝕖𝕤 𝕓𝕒𝕓𝕪...
1.9M 86.3K 194
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.
416K 25K 84
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...