[Unicode]
ကျနော် ဒီနေ့ကျောင်းသွားဖို့လုပ်တော့အ၀တ်စင်ပေါ်ကမင်းအုပ်စိုးရဲ့ကြေမွနေသောအကျီလေးအားကြည့်မိသည် လျှော်ပြီးပေးလိုက်ရင်တောင်အကောင်း မတိုက်တတ်ပဲမီးပူတိုက်လိုက်တာ ပိုကြေသွားပီ
"ဟူး....မတွေ့ချင်တဲ့မျက်နှာကြီးကိုတွေ့ရဦးမယ်"
"လင်းသစ်ရေ ဆင်းလာတော့နင့်သူငယ်ချင်းတွေရောက်နေပီ"
"ဟုတ်ကဲ့မမ လာပီ"
"ဟျောင့် လင်းသစ်ဖြေးဖြေးဆင်းပါကွာ ငါတို့စောင့်နေပါတယ်ထွက်မပြေးပါဘူး"
"သိပါတယ်ကွာ ကဲ သွားကြမလား"
"နေဦး လက်ထဲကအင်္ကျီကြီးကဘာလုပ်မလို့တုန်း"
"အေ့လေ ၀တ်ထားတာတစ်ထည် လက်ထဲကတစ်ထည် ဘာလဲ ကျောင်းမှာရောင်းစားဖို့လား"
"အာ ဘယ်ကသာ"
"လင်းသစ် အဲ့ဒါလှိုင်းဝေဟာဆို ပြန်ပေးလိုက်လေ"
"ဟမ် ကျနော့်ဟာ ဒီအင်္ကျီကကျနော်ဟာမဟုတ်...."
လှိုင်းဝေကြောင်တောင်တောင်နဲ့အင်္ကျီကိုလက်ညိုးထိုးပြီး သူ့ဟာမဟုတ်ကြောင်းပြောမလို့လုပ်သည့်အတွက် ကျနော်သူ့ရဲ့ဗိုက်ခေါက်ကိုလိမ်ဆွဲလိုက်သည်
"ယီးးးး ဘာလုပ်တာလဲ"
ကျနော်လိမ်ဆွဲလိုက်သည့်အတွက်နာလို့အော်ပါလေရော ကျနော်သူ့ကိုမျက်စပြစ်ပြီး မြန်မြန်စကားစလိုက်သည်
"မင်းဟာပါ လှိုင်းဝေရဲ့"
"အား...ဟုတ် ဟုတ်ပါတယ်မမ"
လှိုင်ဝေလည်း သဘောပေါက်ပြီးအစ်မကို ကူလိမ်ပေးရသည်
"ဟုတ်ပါပြီ နောက်ကျနေတော့မယ်သွားတော့"
"ဟုတ်ကဲ့ သွားပီနော်အစ်မ"
"အေး ကောင်းကောင်းသွား"
........................
"လင်းသစ် မင်းအိမ်မှာတုန်းကငါ့ကိုဘာလို့ဗိုက်ခေါက်လိမ်ဆွဲတာတုန်း"
"Sorryပါကွာ ငါမရည်ရွယ်ပါဘူး"
"မရည်ရွယ်ပေလို့ပဲ နေစမ်းပါဦး အဲ့အင်္ကျီကိစ္စအရင်ရှင်း ကဲပြောအဲ့ဒါဘယ်သူဟာမို့လို့ မင်းအစ်မကိုလိမ်တာလဲ"
"အမှန်တိုင်းဖြေ"
"ရှင် မလိမ်နဲ့"
"အမ်း ငါ၀ယ်ထားတာ"
"လင်းသစ် လာလိမ်မနေနဲ့ ဒါနင့်အကြိုက်ပုံစံမဟုတ်ဘူး"
"အေး နင်တခုခုတော့ တခုခုပဲ ငါတို့မသိတာများလုပ်ထားသေးလား မှန်မှန်ပြော လင်းသစ်"
"အာ....ငါ့ဟာပါဆို"
"မယုံပါဘူး နင်ကောင်မလေးရနေတာများလား"
"ဟဲ့ မေသွန်း ဒါမိန်းကလေးအင်္ကျီမှမဟုတ်တာ"
"ဟယ် ဒါဆိုနင်ကောင်လေးရနေတာလား အား ဒါဆိုငါအပြည့်၀ထောက်ပံ့ပေးမယ် ကဲဘယ်သူလဲ အတန်းထဲကပဲလား"
'ခွပ်'
"အာ့"
သူ့ခေါင်းကိုကျနော်အားနဲ့ခေါက်ချလိုက်တာပါ သူ့ခေါင်းက လူခေါင်းရောဟုတ်ရဲ့လား မာချက်..
"ဒီfujoshiမကတစ်မျိုး ငါကအဖြောင့်စစ်စစ်ဟဲ့ ရေတောင်မရောဘူး"
"မယုံပါဘူး နင့်ရုပ်ကလင်ရမဲ့ရုပ် ukeရုပ်လေး"
"ပြောလေကဲလေပါလား လာစမ်းနင်သေဖို့သာပြင်"
ကျနော်သူ့ကိုထရိုက်မလို့လုပ်တဲ့အတွက် မေသွန်းဆက်ထပြေးပါလေရော
"အား ဒီမှာဗျို့ ukeလေးလိုက်လုပ်နေပါတယ်ဗျို့"
"မေသွန်း!!!!!!"
ကျနော်တို့နှစ်ယောက်သား အခန်းထဲမှာဝိုင်းကြီးပတ်ပတ် ဖြစ်လို့
တော်သေးတယ် အခန်းထဲမှာ ကျနော်တို့လေးယောက်ကလွဲ ဘယ်သူမှမရှိပေလို့
"လင်းသစ်အတန်းပြီးရင်ဘယ်သွားမှာလဲ
ဟဲ့ လင်းသစ်ငါခေါ်နေတယ်လေ နားကန်းနေတာလား"
လင်းသစ်ခုံကထသွားပြီးအခန်းတံခါးဝရှေ့သွားရပ်နေလိုက်သည်
"ဘာလားဟ ငါ့ကိုစိတ်ဆိုးသွားတာလား"
အမှန်တော့လင်းသစ် မေသွန်းကိုစိတ်မဆိုးပါ သူ့နောက်လိုက်လာပြီး လိုက်စမှာဆိုး သည့်အတွက်အခုလိုလုပ်လိုက်ရခြင်းဖြစ်သည်
"အဟမ်း
ရောက်လာပီလား ဘယ်လိုလဲသက်သာရဲ့လား"
ပြောရင်းလင်းသစ်နဖူးပေါ်ရောက်လာ
သည့်လက်နွေးနွေးလေး....
"မင်းဘာလုပ်တာလဲ"
လင်းသစ်အခန်းရှေ့မှာကြောင်တောင်တောင်နဲ့ရပ်နေရာကနေ နဖူးပေါ်လက်နွေးနွေးတစ်စုံ ရောက်လာသည့်အတွက် ကြောက်လန့်တရားရုန်းမိလိုက်သည်
"နေမကောင်းပျောက်ပီလားစမ်းကြည့်တာလေ"
"ပျောက်ပီ ငါအဲ့လောက်မနုပါဘူး ရော့ဒီမှာမင်းအင်္ကျီယူပြီးပြန်တော့"
သူ့လက်ကနေ ဘယ်တော့မှမချရသေးတဲ့ အနွေးထည်လေးကို ပိုင်ရှင်ဖြစ်သူထံပေးလိုက်သည်
"ဟာ....မောင်းထုတ်နေတယ်ကြည့်စမ်း ဒါနဲ့အင်္ကျီကဘယ်လိုဖြစ်ပြီးအဲ့လောက်ကြေမွနေရတာလဲ"
"sorryငါမီးပူတိုက်ထားလို့"
"ဟမ်....မီးပူတိုက်ထားရင်ပြန့်နေရမှာမဟုတ်ဘူးလား"
"လျှာမရှည်ပါနဲ့ မကြိုက်ရင်အိမ်မှာပြန်တိုက်လိုက်
ငါသွားပီ"
ရှက်ကိုးရှက်ကန်းနဲ့ အခန်းထဲပြန်ဝင်မည်အလုပ်...
"နေပါဦး ငါမင်းကိုအနွေးထည်ပေးတဲ့နေ့ကငါဖျားသွားသေးတယ်သိလား"
"အဲ့ဒါမင်းအကြောင်းလေး ဖယ်ငါ့လက်ကိုလွှတ်"
"အာ...အင်းပါ"
ကျနော်သူ့မျက်နှာလေးအား မသိမသာ
ကြည့်မိသည်
ထိုသူ၏မျက်နှာလေးကသိသာစွာညိုးသွားသည်
'ဒီလိုကြ ကျနော်သနားမိသားဗျ'
....................
"ဟဲ့ လင်းသစ်ငါ့ကိုစိတ်ဆိုးနေတုန်းလား"
"မဆိုးပါဘူး"
"မဆိုးဘူးတာပြောတာ အဲ့ဒါဆိုငါခေါ်နေတာဘယ်ထွက်သွားတာလဲ"
"ငါ...ငါအပေါ့သွားချင်လို့ပါ"
"အော် အေးအေး အိမ်သာကအခန်းပေါက်ဝမှာရှိတယ်နော် လိမ်မှာဖြင့်ကောင်းကောင်းလိမ်စမ်းပါ"
"ငါတွေးစရာ နည်းနည်းရှိလို့ဟာရပြီလား"
"အေးပါအေးပါ ဟုတ်ပါပီ အဲ့ဒါဆိုလဲ မုန့်သွားစားကြအောင် ငါဟိုကောင်တွေသွားခေါ်လိုက်ဦးမယ်"
"အေး သွား သွား"
ကျနော်မေသွန်းကိုတောင်စကားသေချာမပြောနိုင် ကျနော့်ကြောင့်ဖျားသွားရပြီးမျက်နှာညိုးသွားရသောထိုလူသားကို ကျနော်တွေးနေမိသည် သူအခုရောဖျားနေသေးလား ဆိုပြီးပေါ့
'အာ...ငါဘာတွေတွေးနေတာလဲ အဲ့ကောင်ကငါ့ရန်ဖက် ငါ့စော်ကြည်မှုရော ဂုဏ်ပုဒ်ကိုပါ လုယူသွားတဲ့ကောင် ဟုတ်တယ်အဲ့ကောင်ကငါသနားစရာမလိုဘူး'
"လင်းသစ်ရေ မင်းကျွေးမှာလား"
လှိုင်းဝေထအော်လိုက်တာကြောင့်..
"မင်းပထွေး လန့်လိုက်တာ ငှက်ဆိုးအော်သံနဲ့လှိုင်းဝေရယ်"
"ဘာ ငါ့ရဲ့ ဒီလောက်သာယာတဲ့အသံကိုများ "
"အမလေး ဒီကောင့်ကိုဘယ်သူအသံကောင်းတယ်လို့မြှောက်လိုက်လဲမသိဘူး တခါအော်ရင်ငှက်ဆိုးသံနဲ့"
"ဘာဖြစ်လဲ သူများအသံကောင်းတာကိုလာမနာလိုနေတယ်"
"ဖြစ်ရတယ် မင်းကိုအသံကောင်းတယ်ပြောတဲ့ကောင်ကနားကန်းနေတာပဲနေမယ်"
"ဘာကွ!!!!"
"ဟီး စတာပါကွာ မင်းအသံလေးကချိုနေရော"
"ဟင်း မင်းနော်"
"ဟဲဟဲ"
"ခန့်သော် ဘာစားမှာလဲ မင်းကအစားတလိုင်းဆိုတော့မင်းရွေး"
ခန့်သော်က စကားနည်းတဲ့သူဆိုပေမယ့် အစားနဲ့ပတ်သက်လာရင်တော့ ရှေ့ဆုံးက
"KFCသွားစားကြမယ်လေ မစားရတာကြာပြီ"
"ကောင်းသားပဲ သွားစားကြမယ်"
.................
ဆိုင်ထဲမှာထိုင်ကာ ခန့်သော်မှာလာသည့်ကြက်ကြော်တွေကို ဟိုနှစ်ကောင်ကအားရပါးရစား နေကြသည် မသိရင်ဖုတ်ဝင်နေသလားတောင်ထင်ရတယ်
"ဟျောင့်တွေ ဖြေးဖြေးစားကြစမ်းပါ ဘယ်သူမှလုမစားဘူး"
"လင်းသစ်ကလဲ မစားရတာကြာလှပြီကို နင်လည်းမစားလို့လား"
"ငါမင်းတို့မစားနဲ့လို့ပြောတာမဟူတ်ဘူး ဖြေးဖြေးစားလို့ပြောတာ ဖြေးဖြေးစား"
"ဟုတ်ပါပြီ ဆရာကြီးရယ်"
ကျနော်အအေးဘူးကိုယူပြီးသောက်နေတဲ့အချိန် ဟိုဘက်ဝိုင်းမှာ လှမ်းမြင်လိုက်ရတာက.....
မင်းအုပ်စိုး!!!!😳
အအေးသောက်နေရာကနေ သူ့ကိုလှမ်းမြင်လိုက်ရတာကြောင့် သီးသွားပါလေရော
"အဟွတ့်..အဟွတ့်..ဟွတ့်"
"ဟဲ့ လင်းသစ်အဆင်ပြေရဲ့လား နင်ငါတို့ကိုကြပြောပြီး သူကိုယ်တိုင်ကြတော့ဖြေးဖြေးမသောက်ဘူး"
'ပြောတော့နေမကောင်းဘူးတဲ့အခု
ရှိုင်းသုတတို့နဲ့အားရပါးရရယ်မောနေကြပါလား
ဒီလိုမှန်းသိ သူ့ကိုစိတ်မပူပါဘူး😒'
"ကြက်ကြော်တွေကုန်နေပြီ ငါသွားဝယ်လိုက်ဦးမယ်"
"အေး ခန့်သော်များများဝယ်လာခဲ့နော်"
ခန့်သော်ထွက်သွားလေရဲ့ ကျနော်ခန့်သော်သွားဝယ်တာကိုဂရုမစိုက်အား ဟိုဘက်ဝိုင်းက ဟိုသူကိုသာစိုက်ကြည့်နေမိသည်
'ချီး ငါ့မြင်သွားပြီ'
ကျနော်သူ့ကိုစိုက်ကြည့်နေလို့လားမသိဘူး သူသတိထားမိသွားပြီ အခုဒီကနေလှစ်မှဖြစ်မယ်
"ဟျောင့်တွေ ငါအိမ်သာသွားလိုက်ဦးမယ်"
ကျနော့်မျက်နှာမှာ ကြောက်လန့်နေတဲ့ပုံပေါ်နေသည် ဟိုနှစ်ကောင်ပြန်ဖြေတာကိုစောင့်မနေတော့ မြန်မြန်ထကာ အိမ်သာဆီပြေးပါလေရဲ့
............................
"ကြက်ကြော် ဒါလေးပေးပါနော်"
"ဒီ 11500တန်လားမသိဘူးရှင့်"
"ဟုတ်"
"ဟုတ်ကဲ့ ခနနေရပါမယ်နော် တခြား ဘာမှာဦးမလဲမသိဘူးရှင့်"
"ဒါပါ...."
"Chicken buckets လေးပါ ပေးပါ"
ဒါကျနော်ပြောတာမဟုတ်ပါ ကျနော်ဘေးနားက..
"ဟျောင့်! မြတ်မင်းမောင် မင်းလည်းလာစားတာလား"
"အေး တိုက်ဆိုင်လိုက်တာနော်"
"အေးနော်"
ကျနော်တို့နှစ်ယောက်မှာပြီးတော့ ကောင်တာရှေ့မှာပဲထိုင်စောင့်နေလိုက်ကြသည်
မိနစ်အနည်းငယ်လောက်ကြာတော့...
"မင်းနဲ့ငါနဲ့ ကျောင်းမှာစကားသိပ်မပြောဖြစ်ကြဘူးနော်"
"အင်း...ဟုတ်တယ် ငါလည်းမင်းကိုဘာပြောရမယ်မှန်းမသိလို့"
အမှန်တော့ကျနော် မြတ်မင်းမောင်ကိုသိပ်တခိုးcrushနေခဲ့တာကြာပါပြီ
ကျနော်သူနဲ့စကားမပြောဖြစ်ရတဲ့အကြောင်းရင်းကသူ့ကိုမျက်နှာချင်းဆိုင်မြင်တိုင်း ကျနော်ရင်ဘက်ကပေါက်ကွဲတော့မယ့်ဗုံးလိုခုန်နေပြီး ရှက်မိနေတာကြောင့်ပါ
"မင်းပါးဘာလို့နီရဲနေတာလဲ ပြစမ်းပါဦး"
သူ့ရဲ့လက်ကကျနော်ပါးပေါ်လာထိနေပါသည် ကျနော်ဘာဆက်လုပ်ရမလဲမသိတော့ဘူး
ကျနော်ရှက်နေတာသူသိသွားမှာဆိုးလို့ ကျနော်ရုန်းလိုက်တယ်
"နံပါတ်၁၇အော်တာရပါပြီရှင့် နံပါတ်၁၇"
ထိုင်ရာကနေထကာ မှာထားတာသွားယူလိုက်တယ်
"ငါသယ်ပေးရမလား"
သူ့လက်ကကျနော်လက်ပေါ်လာထိမိနေပြန်ပြီ ကျနော် ကိုင်ထားတဲ့ဘမ်းကိုခုံပေါ်ချကာ
"မင်းမှာထားတဲ့ ဟာယူလိုက် ငါဟိုကောင်တွေဆီသွားမလို့"
"ဘာဖြစ်နေတာလဲ မင်းကြည့်ရတာရှက်နေသလိုကြီး"
"ရှက်စရာလား ဘာတွေပြောနေတာလဲ ငါကဘာကိစ္စရှက်ရမှာလဲ"
"အေးနော် ငါအတွေးမှားတာနေမှာ
ယောင်္ကျားရင့်မာကြီးနှစ်ယောက်ပဲရှိတာ မင်းကဘာကိစ္စရှက်ရမှာလဲနော်"
"အင်း အင်း"
ကျနော်စိတ်မပါသလိုပြောပြီး သူ့အစားစာပေးလိုက်ကာ လှည့်ထွက်လာလိုက်သည် အဲ့လိုတုံးနေတာကြောင့်ကျနော်သူ့ကိုဖွင့်မပြောရဲတာ
သူကလည်းကျနော်အနောက်ကနေ လိုက်လာသည် ကြည့်ရတာဝိုင်းချင်းနီးတဲ့ပုံရတယ်
သူနဲ့အတူရှိတိုင်းရင်တွေအမြဲခုန်နေတာကြောင့် ခက်မြန်မြန်လျှောက်နေရာကနေ..
"အားးး"
"ခန့်သော်!!"
ကြမ်းပြင်ကချော်နေသည့်အတွက် ကျနော်နောက်ပြန်လဲကျသွားသည် ဒါမယ့် နောက်မှာမြတ်မင်းမောင်ရှိနေတဲ့အတွက် သူဖမ်းထိန်းပေးလိုက်နိုင်သည်
'ချီး! ကျနော့်ခေါင်းက သူ့ရင်ခွင်ထဲမှာနစ်မြုပ်နေပါလား'
"ခံစားလို့ကောင်းနေတာလား"
ကျနော်သူ့အပေါ်မှီထားရာကနေ မတ်တပ်ရပ်လိုက်သည်
'ရှက်နေပြီလို့ ကယ်ကြပါ'
"ဘာကိုခံစားရမှာလဲ မာမာတောက်တောက်ကြီးကို"
ကျနော့်မျက်နှာတွေနီရဲနေပြီဆိုတာ သိနေတယ် ဒါကြောင့်ခက်မြန်မြန် ဝိုင်းဆီကိုလျှောက်လိုက်တော့သည်
"ဟဲ့ လင်းသစ်ရော"
"အိမ်သာသွာတယ် ဒါနဲ့နင့်မျက်နှာဘာဖြစ်နေတာလဲ နီရဲနေတာပဲ"
"အေးဟ ဟိုတစ်ခါလင်းသစ်နီသလို နီနေတာနော်"
"အေးဆို"
"ဘာမှမဖြစ်ဘူး! ဒီတိုင်းဗိုက်ဆာလာလို့"
ဟိုဘက်ဝိုင်းကနေ မြတ်မင်းမောင်ကိုလှမ်းတွေ့လိုက်သည်
'ငါတို့နဲ့ဝိုင်းနီးနီးလေးဟ'
"ခန့်သော် ဗိုက်ဆာနေပြီဆိုလဲ လင်းသစ်ကိုစောင့်မနေနဲ့တော့ စား
သူလာလို့ကုန်ရင် ထပ်မှာလိုက်"
.........................
"သူမြင်များမြင်သွားပြီလား"
"ခုနက ဘာလို့စိုက်ကြည့်နေတာလဲဟင်"
"ချီး!!!"
"အာ့..လာလားး! ထပ်ရိုက်ပြန်ပြီနော် ဂျပန်သိုင်းများတက်ထားတာလား လက်သံကလည်းပြင်းချက်"
"မင်းကရော ဘာလို့ငါ့နားတည့်တည့်ပဲတိုးတိုးလေး လာလာပြောနေတာလဲ လန့်လို့ရိုက်မိသွာတာပေါ့ကွ"
"ထားလိုက်ပါ ခုနကငါမေးတာကိုဖြေဦး"
"ဘာမေးလို့လဲ"
"ဘာလို့ငါ့ကိုစိုက်ကြည့်နေတာလဲလို့"
"မင်း...မင်းကို...မင်းငါ့ကိုလိမ်လို့ မုန်းလို့ စိုက်ကြည့်တာ"
"ဟမ် တကယ်မုန်းသွားတာလား..ငါမင်းကိုမလိမ်ရပါဘူး"
သူကျနော့်လက်ကိုဖွဖွလေးလာကိုင်နေသည် သူ့လက်လေးတွေကနွေးနေရောလား
"မုန်းတယ်! ငါမင်းကိုသေလောက်အောင်မုန်းတယ်"
သူ့လက်ကိုကျနော်ရုန်းလိုက်သည်
သူ့မျက်နှာလေးကျောင်းတုန်းကညိုးတာထက်ကို ပိုညိုးကျသွားတာတွေ့လိုက်ရသည်
ကျနော်သူ့ကိုထားခဲ့ကာ ထွက်သွားတော့မယ်အလုပ်....
တစ်ယောက်ယောက်လဲကျသွားတယ်..
"မင်းအုပ်စိုး!!"
ကျနော်သူ့ဆီပြေးဖက်ထားကာ ဖြေးဖြေးချင်းမတ်တပ်ရပ်စေလိုက်သည်
"ငါကိုမမုန်းလိုက်ပါနဲ့နော်"
သူ့မျက်နှာလေးကဖြူဖက်ဖြူရောဖြစ်နေကာ ညိုးနွမ်းနေသည်
"ဟျောင့်! ငါ့ကိုစိတ်ပူအောင်မလုပ်စမ်းပါနဲ့"
ဘာကြောင့်မှန်းမသိ သူဒီလိုဖြစ်နေတာ ကိုယ့်ကိုကိုယ်အပြစ်ရှိသလိုခံစားနေပြီး ငိုချင်လာတယ်
ကျနော်သူ့ကိုတွဲထားပြီးအိမ်သာထဲကနေ အပြင်ထွက်လာလိုက်သည်
ထိုချိန် ဟိုသုံးကောင်ကကျနော်ကိုမြင်ပြီး..
"လင်းသစ် အဲ့ဒါမင်းအုပ်စိုးကြီးလား"
"ငါ့ကို ကားသော့ပေး"
ဟိုဘက်ဝိုင်းက မြတ်မင်းမောင်တို့ကလည်းရောက်လာပြီး
"သူဘာဖြစ်သွားတာလဲ သူမူးရအောင်လည်းငါတို့အရက်မှမသောက်ကြတာ"
"ဖျားပြီး မူးလဲသွားတာ ငါသူ့ကိုအိမ်ပြန်ပို့ပေးမလို့"
"ဆိုတော့ သူအိမ်သာထဲမှာမူးလဲနေတာတွေ့လို့ပေါ့"
"အေးဟုတ်တယ် ခန့်သော် ကားသော့ပေးလို့"
"အော်အေး ရော့ရော့ကားသော့ သေချာပြန်ပို့လိုက်ဦး"
ကျနော့်သူငယ်ချင်းတွေကိုလက်ပြကာ ကားဆီရာကို ထွက်လာလိုက်သည်
သူ့ကိုကားပေါ်တင်ကာ ကျနော်လည်းကားမောင်းထွက်လာလိုက်သည်
ဒါမယ့်.....
'ဟာ..ဟုတ်သား ငါသူ့အိမ်မှမသိတာ ချီးပဲကွာ'
"မင်းအုပ်စိုး မင်းအိမ်ဘယ်မှာရှိလဲ ငါ့ကိုပြောလို့ရမလား"
'အိပ်နေတဲ့သူကိုမေးနေတယ် ရူးများသွားပြီလား'
'ငါဘာလုပ်ရမလဲ ငါ့အိမ်ပဲခေါ်သွားလိုက်ရမလား မဖြစ်သေးပါဘူး တော်ကြာအစ်မကမေးနေဦးမယ်'
..............................
"အစ်မ ကျနော်ပြန်ရောက်ပြီ"
"လင်းသစ် သူက?"
ဘယ်ကိုပို့ရမလဲ ဘယ်ကိုသွားရမလဲမသိတာကြောင့်...
နောက်ဆုံးကျနော်ဆုံးဖြတ်လိုက်တာက ကျနော်အိမ်ခေါ်လာလိုက်တာပဲ
"အော် ကျနော်သူငယ်ချင်းပါ သူနေမကောင်းနေလို့ အဲ့ဒါသူ့အိမ်မသိတာနဲ့ ဒီပဲခေါ်လာလိုက်တာ"
သူ့လဲမကျအောင် ကျနော်တွဲပေးထားရတယ်
"အဲ့ဆိုလဲ သူငယ်ချင်းကိုကောင်းကောင်းပြုစုလိုက်ဦး သွား"
"ဟုတ်မမ"
အိမ်မှာအခန်းဆိုလို့ ကျနော့်အခန်းရယ် အစ်မအခန်းပဲရှိတာ အဲ့ဒီအတွက်ကြောင့် သူ့ကိုကျနော်အခန်းထဲပဲခေါ်ထားလိုက်ရတာပေါ့
ကျနော့်ခုတင်ပေါ်မှာ သူ့ကိုတင်ထားကာ ရေဘက်တိုက်ပေးနေတယ် သူကတော့နိုးတစ်ဝက် မနိုးတစ်ဝက်ဖြစ်နေတယ်
သူ့ရဲ့ခန္ဓာကိုယ်က အနွေးဓာတ်လေးက ရင်ကိုနွေးထွေးစေတယ် ကျနော်နေရာအနှံ့ရေဘက်တိုက်ပေးနေပါတယ်
သူ့ရဲ့လက်ကလေးကကျနော့်ရဲ့လက်ကိုလာကိုင်ကာ တင်းတင်းကြပ်ကြပ်စုပ်ကိုင်ထားနေသည်
"ငါ့ကိုထားမသွားပါနဲ့နော် ငါ့ကိုမမုန်းပါနဲ့"
သူ...သူယောင်နေတာပဲ ဒါဆိုသူအိပ်ပျော်နေတာပေါ့
ကျနော့်လက်ကိုင်ထားရာကနေ အားနဲ့ဆွဲကာဖက်ထားသည်
'သူ ငါ့ကိုအခုဖက်နေတာလား'
"ငါတောင်းဆိုတာပါ ငါ့ကိုမထားခဲ့ပါနဲ့"
သူယောင်နေမှန်းသိပေမယ့် ကျနော့်စိတ်ထဲမှာ သူတကယ်ပြောနေတာလို့တောင်ထင်မိတယ်
'ကျနော်သူ့ကိုပြောခဲ့လိုက်မိတာ မှားများမှားသွားပြီးလား'
သူ့မျက်နှာပြင်ပေါ်မှာမျက်ရေစက်လေးတွေတွေ့လိုက်ရတယ် ကျနော်မျက်ရေလေးတွေကိုဖွဖွလေးသုတ်ပေးလိုက်သည်
သူကတော့မလွှတ်တန်းဖက်နေစဲ
ကျနော်သူ့ရင်ခွင်ထဲမှာအဖက်ခံနေရတာကြောင့် ရုန်းလို့လည်းမရဘူး
ဒါကြောင့်ဒီတိုင်းပဲနေနေလိုက်ရသည် သူ
ခနနေရင်ဖြုတ်မှာပါ
မိနစ်အနည်းလောက်ကြာတာတောင် မဖြုတ်သေး
သူ့ရဲ့ရင်ဖက်ပေါ်မှာကျနော်ရှိနေတုန်း မသိရင်ကျနော်ပဲအခွင့်ကောင်းယူနေသလိုလို
အခုချိန်ထိသူကျနော်ကိုတင်းတင်းကျပ်ကျပ်ဖက်ထားတုန်း သူ့ရဲ့ရင်ဖက်ကအနွေးဓာတ်လေးက ကျနော့်မျက်နှာပေါ်စိုက်ရောက်နေတာကြောင့် နေလို့ကောင်းနေတယ်
တော်တော်ကြာပြီးတော့...
ကျနော်အိပ်ချင်နေပြီ ဒါမယ့်သူအခုထိဖက်ထားတုန်း ရင်ဘက်ပေါ်မှာအိပ်ပျော်သွားမှာဆိုးတာကြောင့် မအိပ်မိအောင်နေနေရသည်
ဒါမယ့်ဘယ်လိုပဲအိပ်မပျော်အောက်လုပ်နေပါစေ မခံနိုင်တော့ဘူးထင်ပါရဲ့ ကျတော်မျက်လုံးတွေမှေးခနဲဖြစ်သွားသည်
"ငါ့ရင်ကမင်းကိုနွေးထွေးစေလားဟင်"
ခေါင်းပေါ်ကနေအသံတိုးတိုးလေးကြားရတာကြောင့် ကျနော်နိုးသွားသည်
'အခုထိသူ့အပေါ်ကနေမဆင်းရသေးပါလား'
"ဘာကိုနွေးတာလဲ လွှတ်ငါ့ကိုလွှတ် တစ်ညလုံးဖက်ထားပြီးတော့များ ငါ့လာပြောနေသေးတယ်"
သူကျနော့်ကိုနောက်ဆုံးလွှတ်ပေးလိုက်သည်
'တော်ပါသေးရဲ့ သူ့အပေါ်မှာသက်သက်လုံးလုံးနေရတော့မလို့'
ကျနော်တို့နှစ်ယောက်စလုံးထထိုင်လိုက်ကာ
"တစ်ညလုံးလား"
'ဘာဖြစ်တာ သူ့မျက်နှာကပြုံးဖြီးဖြီးနဲ့ မှိုရတဲ့မျက်နှာကြီး'
"မင်းမျက်နှာဘာဖြစ်နေတာလဲ ငါမင်းရင်ဘက်ထဲနေချင်တယ်လို့များထင်နေလား"
"မသိဘူးလေ တစ်ညလုံးဆိုတော့မင်းများ ငါ့ကိုမတော်မတရားကြံချင်နေလားလို့"
"ဘာတွေလာပြောနေတာလဲ ငါကမင်းကိုဘာလုပ်ချင်ရမှာလဲ ပေါက်ကရပြောမနေနဲ့"
ခုတင်ပေါ်ကနေဆင်းလိုက်ကာ အခန်းထဲကနေထွက်လာလိုက်သည် ဒီနေ့တစ်နေ့လုံးငါ အချိုးမပြေတဲ့သူနဲ့ ဘယ်လိုရှေ့ဆက်ရမှာလဲ
.......................
[Zawgyi]
က်ေနာ္ ဒီေန႔ေက်ာင္းသြားဖို႔လုပ္ေတာ့အ၀တ္စင္ေပၚကမင္းအုပ္စိုးရဲ႕ေၾကမြေနေသာအက်ီေလးအားၾကည့္မိသည္ ေလွ်ာ္ၿပီးေပးလိုက္ရင္ေတာင္အေကာင္း မတိုက္တတ္ပဲမီးပူတိုက္လိုက္တာ ပိုေၾကသြားပီ
"ဟူး....မေတြ႕ခ်င္တဲ့မ်က္ႏွာႀကီးကိုေတြ႕ရဦးမယ္"
"လင္းသစ္ေရ ဆင္းလာေတာ့နင့္သူငယ္ခ်င္းေတြေရာက္ေနပီ"
"ဟုတ္ကဲ့မမ လာပီ"
"ေဟ်ာင့္ လင္းသစ္ေျဖးေျဖးဆင္းပါကြာ ငါတို႔ေစာင့္ေနပါတယ္ထြက္မေျပးပါဘူး"
"သိပါတယ္ကြာ ကဲ သြားၾကမလား"
"ေနဦး လက္ထဲကအက်ႌႀကီးကဘာလုပ္မလို႔တုန္း"
"ေအ့ေလ ၀တ္ထားတာတစ္ထည္ လက္ထဲကတစ္ထည္ ဘာလဲ ေက်ာင္းမွာေရာင္းစားဖို႔လား"
"အာ ဘယ္ကသာ"
"လင္းသစ္ အဲ့ဒါလိႈင္းေဝဟာဆို ျပန္ေပးလိုက္ေလ"
"ဟမ္ က်ေနာ့္ဟာ ဒီအက်ႌကက်ေနာ္ဟာမဟုတ္...."
လိႈင္းေဝေၾကာင္ေတာင္ေတာင္နဲ႔အက်ႌကိုလက္ညိဳးထိုးၿပီး သူ႕ဟာမဟုတ္ေၾကာင္းေျပာမလို႔လုပ္သည့္အတြက္ က်ေနာ္သူ႕ရဲ႕ဗိုက္ေခါက္ကိုလိမ္ဆြဲလိုက္သည္
"ယီးးးး ဘာလုပ္တာလဲ"
က်ေနာ္လိမ္ဆြဲလိုက္သည့္အတြက္နာလို႔ေအာ္ပါေလေရာ က်ေနာ္သူ႕ကိုမ်က္စျပစ္ၿပီး ျမန္ျမန္စကားစလိုက္သည္
"မင္းဟာပါ လိႈင္းေဝရဲ႕"
"အား...ဟုတ္ ဟုတ္ပါတယ္မမ"
လိႈင္ေဝလည္း သေဘာေပါက္ၿပီးအစ္မကို ကူလိမ္ေပးရသည္
"ဟုတ္ပါၿပီ ေနာက္က်ေနေတာ့မယ္သြားေတာ့"
"ဟုတ္ကဲ့ သြားပီေနာ္အစ္မ"
"ေအး ေကာင္းေကာင္းသြား"
........................
"လင္းသစ္ မင္းအိမ္မွာတုန္းကငါ့ကိုဘာလို႔ဗိုက္ေခါက္လိမ္ဆြဲတာတုန္း"
"Sorryပါကြာ ငါမရည္႐ြယ္ပါဘူး"
"မရည္႐ြယ္ေပလို႔ပဲ ေနစမ္းပါဦး အဲ့အက်ႌကိစၥအရင္႐ွင္း ကဲေျပာအဲ့ဒါဘယ္သူဟာမို႔လို႔ မင္းအစ္မကိုလိမ္တာလဲ"
"အမွန္တိုင္းေျဖ"
"႐ွင္ မလိမ္နဲ႔"
"အမ္း ငါ၀ယ္ထားတာ"
"လင္းသစ္ လာလိမ္မေနနဲ႔ ဒါနင့္အႀကိဳက္ပုံစံမဟုတ္ဘူး"
"ေအး နင္တခုခုေတာ့ တခုခုပဲ ငါတို႔မသိတာမ်ားလုပ္ထားေသးလား မွန္မွန္ေျပာ လင္းသစ္"
"အာ....ငါ့ဟာပါဆို"
"မယုံပါဘူး နင္ေကာင္မေလးရေနတာမ်ားလား"
"ဟဲ့ ေမသြန္း ဒါမိန္းကေလးအက်ႌမွမဟုတ္တာ"
"ဟယ္ ဒါဆိုနင္ေကာင္ေလးရေနတာလား အား ဒါဆိုငါအျပည့္၀ေထာက္ပံ့ေပးမယ္ ကဲဘယ္သူလဲ အတန္းထဲကပဲလား"
'ခြပ္'
"အာ့"
သူ႕ေခါင္းကိုက်ေနာ္အားနဲ႔ေခါက္ခ်လိုက္တာပါ သူ႕ေခါင္းက လူေခါင္းေရာဟုတ္ရဲ႕လား မာခ်က္..
"ဒီfujoshiမကတစ္မ်ိဳး ငါကအေျဖာင့္စစ္စစ္ဟဲ့ ေရေတာင္မေရာဘူး"
"မယုံပါဘူး နင့္႐ုပ္ကလင္ရမဲ့႐ုပ္ uke႐ုပ္ေလး"
"ေျပာေလကဲေလပါလား လာစမ္းနင္ေသဖို႔သာျပင္"
က်ေနာ္သူ႕ကိုထ႐ိုက္မလို႔လုပ္တဲ့အတြက္ ေမသြန္းဆက္ထေျပးပါေလေရာ
"အား ဒီမွာဗ်ိဳ႕ ukeေလးလိုက္လုပ္ေနပါတယ္ဗ်ိဳ႕"
"ေမသြန္း!!!!!!"
က်ေနာ္တို႔ႏွစ္ေယာက္သား အခန္းထဲမွာဝိုင္းႀကီးပတ္ပတ္ ျဖစ္လို႔
ေတာ္ေသးတယ္ အခန္းထဲမွာ က်ေနာ္တို႔ေလးေယာက္ကလြဲ ဘယ္သူမွမ႐ွိေပလို႔
"လင္းသစ္အတန္းၿပီးရင္ဘယ္သြားမွာလဲ
ဟဲ့ လင္းသစ္ငါေခၚေနတယ္ေလ နားကန္းေနတာလား"
လင္းသစ္ခုံကထသြားၿပီးအခန္းတံခါးဝေ႐ွ႕သြားရပ္ေနလိုက္သည္
"ဘာလားဟ ငါ့ကိုစိတ္ဆိုးသြားတာလား"
အမွန္ေတာ့လင္းသစ္ ေမသြန္းကိုစိတ္မဆိုးပါ သူ႕ေနာက္လိုက္လာၿပီး လိုက္စမွာဆိုး သည့္အတြက္အခုလိုလုပ္လိုက္ရျခင္းျဖစ္သည္
"အဟမ္း
ေရာက္လာပီလား ဘယ္လိုလဲသက္သာရဲ႕လား"
ေျပာရင္းလင္းသစ္နဖူးေပၚေရာက္လာ
သည့္လက္ေႏြးေႏြးေလး....
"မင္းဘာလုပ္တာလဲ"
လင္းသစ္အခန္းေ႐ွ႕မွာေၾကာင္ေတာင္ေတာင္နဲ႔ရပ္ေနရာကေန နဖူးေပၚလက္ေႏြးေႏြးတစ္စုံ ေရာက္လာသည့္အတြက္ ေၾကာက္လန္႔တရား႐ုန္းမိလိုက္သည္
"ေနမေကာင္းေပ်ာက္ပီလားစမ္းၾကည့္တာေလ"
"ေပ်ာက္ပီ ငါအဲ့ေလာက္မႏုပါဘူး ေရာ့ဒီမွာမင္းအက်ႌယူၿပီးျပန္ေတာ့"
သူ႕လက္ကေန ဘယ္ေတာ့မွမခ်ရေသးတဲ့ အေႏြးထည္ေလးကို ပိုင္႐ွင္ျဖစ္သူထံေပးလိုက္သည္
"ဟာ....ေမာင္းထုတ္ေနတယ္ၾကည့္စမ္း ဒါနဲ႔အက်ႌကဘယ္လိုျဖစ္ၿပီးအဲ့ေလာက္ေၾကမြေနရတာလဲ"
"sorryငါမီးပူတိုက္ထားလို႔"
"ဟမ္....မီးပူတိုက္ထားရင္ျပန္႔ေနရမွာမဟုတ္ဘူးလား"
"လွ်ာမ႐ွည္ပါနဲ႔ မႀကိဳက္ရင္အိမ္မွာျပန္တိုက္လိုက္
ငါသြားပီ"
႐ွက္ကိုး႐ွက္ကန္းနဲ႔ အခန္းထဲျပန္ဝင္မည္အလုပ္...
"ေနပါဦး ငါမင္းကိုအေႏြးထည္ေပးတဲ့ေန႔ကငါဖ်ားသြားေသးတယ္သိလား"
"အဲ့ဒါမင္းအေၾကာင္းေလး ဖယ္ငါ့လက္ကိုလႊတ္"
"အာ...အင္းပါ"
က်ေနာ္သူ႕မ်က္ႏွာေလးအား မသိမသာ
ၾကည့္မိသည္
ထိုသူ၏မ်က္ႏွာေလးကသိသာစြာညိဳးသြားသည္
'ဒီလိုၾက က်ေနာ္သနားမိသားဗ်'
....................
"ဟဲ့ လင္းသစ္ငါ့ကိုစိတ္ဆိုးေနတုန္းလား"
"မဆိုးပါဘူး"
"မဆိုးဘူးတာေျပာတာ အဲ့ဒါဆိုငါေခၚေနတာဘယ္ထြက္သြားတာလဲ"
"ငါ...ငါအေပါ့သြားခ်င္လို႔ပါ"
"ေအာ္ ေအးေအး အိမ္သာကအခန္းေပါက္ဝမွာ႐ွိတယ္ေနာ္ လိမ္မွာျဖင့္ေကာင္းေကာင္းလိမ္စမ္းပါ"
"ငါေတြးစရာ နည္းနည္း႐ွိလို႔ဟာရၿပီလား"
"ေအးပါေအးပါ ဟုတ္ပါပီ အဲ့ဒါဆိုလဲ မုန္႔သြားစားၾကေအာင္ ငါဟိုေကာင္ေတြသြားေခၚလိုက္ဦးမယ္"
"ေအး သြား သြား"
က်ေနာ္ေမသြန္းကိုေတာင္စကားေသခ်ာမေျပာႏိုင္ က်ေနာ့္ေၾကာင့္ဖ်ားသြားရၿပီးမ်က္ႏွာညိဳးသြားရေသာထိုလူသားကို က်ေနာ္ေတြးေနမိသည္ သူအခုေရာဖ်ားေနေသးလား ဆိုၿပီးေပါ့
'အာ...ငါဘာေတြေတြးေနတာလဲ အဲ့ေကာင္ကငါ့ရန္ဖက္ ငါ့ေစာ္ၾကည္မႈေရာ ဂုဏ္ပုဒ္ကိုပါ လုယူသြားတဲ့ေကာင္ ဟုတ္တယ္အဲ့ေကာင္ကငါသနားစရာမလိုဘူး'
"လင္းသစ္ေရ မင္းေကြၽးမွာလား"
လိႈင္းေဝထေအာ္လိုက္တာေၾကာင့္..
"မင္းပေထြး လန္႔လိုက္တာ ငွက္ဆိုးေအာ္သံနဲ႔လိႈင္းေဝရယ္"
"ဘာ ငါ့ရဲ႕ ဒီေလာက္သာယာတဲ့အသံကိုမ်ား "
"အမေလး ဒီေကာင့္ကိုဘယ္သူအသံေကာင္းတယ္လို႔ေျမႇာက္လိုက္လဲမသိဘူး တခါေအာ္ရင္ငွက္ဆိုးသံနဲ႔"
"ဘာျဖစ္လဲ သူမ်ားအသံေကာင္းတာကိုလာမနာလိုေနတယ္"
"ျဖစ္ရတယ္ မင္းကိုအသံေကာင္းတယ္ေျပာတဲ့ေကာင္ကနားကန္းေနတာပဲေနမယ္"
"ဘာကြ!!!!"
"ဟီး စတာပါကြာ မင္းအသံေလးကခ်ိဳေနေရာ"
"ဟင္း မင္းေနာ္"
"ဟဲဟဲ"
"ခန္႔ေသာ္ ဘာစားမွာလဲ မင္းကအစားတလိုင္းဆိုေတာ့မင္းေ႐ြး"
ခန္႔ေသာ္က စကားနည္းတဲ့သူဆိုေပမယ့္ အစားနဲ႔ပတ္သက္လာရင္ေတာ့ ေ႐ွ႕ဆုံးက
"KFCသြားစားၾကမယ္ေလ မစားရတာၾကာၿပီ"
"ေကာင္းသားပဲ သြားစားၾကမယ္"
.................
ဆိုင္ထဲမွာထိုင္ကာ ခန္႔ေသာ္မွာလာသည့္ၾကက္ေၾကာ္ေတြကို ဟိုႏွစ္ေကာင္ကအားရပါးရစား ေနၾကသည္ မသိရင္ဖုတ္ဝင္ေနသလားေတာင္ထင္ရတယ္
"ေဟ်ာင့္ေတြ ေျဖးေျဖးစားၾကစမ္းပါ ဘယ္သူမွလုမစားဘူး"
"လင္းသစ္ကလဲ မစားရတာၾကာလွၿပီကို နင္လည္းမစားလို႔လား"
"ငါမင္းတို႔မစားနဲ႔လို႔ေျပာတာမဟူတ္ဘူး ေျဖးေျဖးစားလို႔ေျပာတာ ေျဖးေျဖးစား"
"ဟုတ္ပါၿပီ ဆရာႀကီးရယ္"
က်ေနာ္အေအးဘူးကိုယူၿပီးေသာက္ေနတဲ့အခ်ိန္ ဟိုဘက္ဝိုင္းမွာ လွမ္းျမင္လိုက္ရတာက.....
မင္းအုပ္စိုး!!!!😳
အေအးေသာက္ေနရာကေန သူ႕ကိုလွမ္းျမင္လိုက္ရတာေၾကာင့္ သီးသြားပါေလေရာ
"အဟြတ့္..အဟြတ့္..ဟြတ့္"
"ဟဲ့ လင္းသစ္အဆင္ေျပရဲ႕လား နင္ငါတို႔ကိုၾကေျပာၿပီး သူကိုယ္တိုင္ၾကေတာ့ေျဖးေျဖးမေသာက္ဘူး"
'ေျပာေတာ့ေနမေကာင္းဘူးတဲ့အခု
႐ိႈင္းသုတတို႔နဲ႔အားရပါးရရယ္ေမာေနၾကပါလား
ဒီလိုမွန္းသိ သူ႕ကိုစိတ္မပူပါဘူး😒'
"ၾကက္ေၾကာ္ေတြကုန္ေနၿပီ ငါသြားဝယ္လိုက္ဦးမယ္"
"ေအး ခန္႔ေသာ္မ်ားမ်ားဝယ္လာခဲ့ေနာ္"
ခန္႔ေသာ္ထြက္သြားေလရဲ႕ က်ေနာ္ခန္႔ေသာ္သြားဝယ္တာကိုဂ႐ုမစိုက္အား ဟိုဘက္ဝိုင္းက ဟိုသူကိုသာစိုက္ၾကည့္ေနမိသည္
'ခ်ီး ငါ့ျမင္သြားၿပီ'
က်ေနာ္သူ႕ကိုစိုက္ၾကည့္ေနလို႔လားမသိဘူး သူသတိထားမိသြားၿပီ အခုဒီကေနလွစ္မွျဖစ္မယ္
"ေဟ်ာင့္ေတြ ငါအိမ္သာသြားလိုက္ဦးမယ္"
က်ေနာ္႕မ်က္ႏွာမွာ ေၾကာက္လန္႔ေနတဲ့ပုံေပၚေနသည္ ဟိုႏွစ္ေကာင္ျပန္ေျဖတာကိုေစာင့္မေနေတာ့ ျမန္ျမန္ထကာ အိမ္သာဆီေျပးပါေလရဲ႕
............................
"ၾကက္ေၾကာ္ ဒါေလးေပးပါေနာ္"
"ဒီ 11500တန္လားမသိဘူး႐ွင့္"
"ဟုတ္"
"ဟုတ္ကဲ့ ခနေနရပါမယ္ေနာ္ တျခား ဘာမွာဦးမလဲမသိဘူး႐ွင့္"
"ဒါပါ...."
"Chicken buckets ေလးပါ ေပးပါ"
ဒါက်ေနာ္ေျပာတာမဟုတ္ပါ က်ေနာ္ေဘးနားက..
"ေဟ်ာင့္! ျမတ္မင္းေမာင္ မင္းလည္းလာစားတာလား"
"ေအး တိုက္ဆိုင္လိုက္တာေနာ္"
"ေအးေနာ္"
က်ေနာ္တို႔ႏွစ္ေယာက္မွာၿပီးေတာ့ ေကာင္တာေ႐ွ႕မွာပဲထိုင္ေစာင့္ေနလိုက္ၾကသည္
မိနစ္အနည္းငယ္ေလာက္ၾကာေတာ့...
"မင္းနဲ႔ငါနဲ႔ ေက်ာင္းမွာစကားသိပ္မေျပာျဖစ္ၾကဘူးေနာ္"
"အင္း...ဟုတ္တယ္ ငါလည္းမင္းကိုဘာေျပာရမယ္မွန္းမသိလို႔"
အမွန္ေတာ့က်ေနာ္ ျမတ္မင္းေမာင္ကိုသိပ္တခိုးcrushေနခဲ့တာၾကာပါၿပီ
က်ေနာ္သူနဲ႔စကားမေျပာျဖစ္ရတဲ့အေၾကာင္းရင္းကသူ႕ကိုမ်က္ႏွာခ်င္းဆိုင္ျမင္တိုင္း က်ေနာ္ရင္ဘက္ကေပါက္ကြဲေတာ့မယ့္ဗုံးလိုခုန္ေနၿပီး ႐ွက္မိေနတာေၾကာင့္ပါ
"မင္းပါးဘာလို႔နီရဲေနတာလဲ ျပစမ္းပါဦး"
သူ႕ရဲ႕လက္ကက်ေနာ္ပါးေပၚလာထိေနပါသည္ က်ေနာ္ဘာဆက္လုပ္ရမလဲမသိေတာ့ဘူး
က်ေနာ္႐ွက္ေနတာသူသိသြားမွာဆိုးလို႔ က်ေနာ္႐ုန္းလိုက္တယ္
"နံပါတ္၁၇ေအာ္တာရပါၿပီ႐ွင့္ နံပါတ္၁၇"
ထိုင္ရာကေနထကာ မွာထားတာသြားယူလိုက္တယ္
"ငါသယ္ေပးရမလား"
သူ႕လက္ကက်ေနာ္လက္ေပၚလာထိမိေနျပန္ၿပီ က်ေနာ္ ကိုင္ထားတဲ့ဘမ္းကိုခုံေပၚခ်ကာ
"မင္းမွာထားတဲ့ ဟာယူလိုက္ ငါဟိုေကာင္ေတြဆီသြားမလို႔"
"ဘာျဖစ္ေနတာလဲ မင္းၾကည့္ရတာ႐ွက္ေနသလိုႀကီး"
"႐ွက္စရာလား ဘာေတြေျပာေနတာလဲ ငါကဘာကိစၥ႐ွက္ရမွာလဲ"
"ေအးေနာ္ ငါအေတြးမွားတာေနမွာ
ေယာက်ၤားရင့္မာႀကီးႏွစ္ေယာက္ပဲ႐ွိတာ မင္းကဘာကိစၥ႐ွက္ရမွာလဲေနာ္"
"အင္း အင္း"
က်ေနာ္စိတ္မပါသလိုေျပာၿပီး သူ႕အစားစာေပးလိုက္ကာ လွည့္ထြက္လာလိုက္သည္ အဲ့လိုတုံးေနတာေၾကာင့္က်ေနာ္သူ႕ကိုဖြင့္မေျပာရဲတာ
သူကလည္းက်ေနာ္အေနာက္ကေန လိုက္လာသည္ ၾကည့္ရတာဝိုင္းခ်င္းနီးတဲ့ပုံရတယ္
သူနဲ႔အတူ႐ွိတိုင္းရင္ေတြအၿမဲခုန္ေနတာေၾကာင့္ ခက္ျမန္ျမန္ေလွ်ာက္ေနရာကေန..
"အားးး"
"ခန္႔ေသာ္!!"
ၾကမ္းျပင္ကေခ်ာ္ေနသည့္အတြက္ က်ေနာ္ေနာက္ျပန္လဲက်သြားသည္ ဒါမယ့္ ေနာက္မွာျမတ္မင္းေမာင္႐ွိေနတဲ့အတြက္ သူဖမ္းထိန္းေပးလိုက္ႏိုင္သည္
'ခ်ီး! က်ေနာ္႕ေခါင္းက သူ႕ရင္ခြင္ထဲမွာနစ္ျမဳပ္ေနပါလား'
"ခံစားလို႔ေကာင္းေနတာလား"
က်ေနာ္သူ႕အေပၚမွီထားရာကေန မတ္တပ္ရပ္လိုက္သည္
'႐ွက္ေနၿပီလို႔ ကယ္ၾကပါ'
"ဘာကိုခံစားရမွာလဲ မာမာေတာက္ေတာက္ႀကီးကို"
က်ေနာ့္မ်က္ႏွာေတြနီရဲေနၿပီဆိုတာ သိေနတယ္ ဒါေၾကာင့္ခက္ျမန္ျမန္ ဝိုင္းဆီကိုေလွ်ာက္လိုက္ေတာ့သည္
"ဟဲ့ လင္းသစ္ေရာ"
"အိမ္သာသြာတယ္ ဒါနဲ႔နင့္မ်က္ႏွာဘာျဖစ္ေနတာလဲ နီရဲေနတာပဲ"
"ေအးဟ ဟိုတစ္ခါလင္းသစ္နီသလို နီေနတာေနာ္"
"ေအးဆို"
"ဘာမွမျဖစ္ဘူး! ဒီတိုင္းဗိုက္ဆာလာလို႔"
ဟိုဘက္ဝိုင္းကေန ျမတ္မင္းေမာင္ကိုလွမ္းေတြ႕လိုက္သည္
'ငါတို႔နဲ႔ဝိုင္းနီးနီးေလးဟ'
"ခန္႔ေသာ္ ဗိုက္ဆာေနၿပီဆိုလဲ လင္းသစ္ကိုေစာင့္မေနနဲ႔ေတာ့ စား
သူလာလို႔ကုန္ရင္ ထပ္မွာလိုက္"
.........................
"သူျမင္မ်ားျမင္သြားၿပီလား"
"ခုနက ဘာလို႔စိုက္ၾကည့္ေနတာလဲဟင္"
"ခ်ီး!!!"
"အာ့..လာလားး! ထပ္႐ိုက္ျပန္ၿပီေနာ္ ဂ်ပန္သိုင္းမ်ားတက္ထားတာလား လက္သံကလည္းျပင္းခ်က္"
"မင္းကေရာ ဘာလို႔ငါ့နားတည့္တည့္ပဲတိုးတိုးေလး လာလာေျပာေနတာလဲ လန္႔လို႔႐ိုက္မိသြာတာေပါ့ကြ"
"ထားလိုက္ပါ ခုနကငါေမးတာကိုေျဖဦး"
"ဘာေမးလို႔လဲ"
"ဘာလို႔ငါ့ကိုစိုက္ၾကည့္ေနတာလဲလို႔"
"မင္း...မင္းကို...မင္းငါ့ကိုလိမ္လို႔ မုန္းလို႔ စိုက္ၾကည့္တာ"
"ဟမ္ တကယ္မုန္းသြားတာလား..ငါမင္းကိုမလိမ္ရပါဘူး"
သူက်ေနာ့္လက္ကိုဖြဖြေလးလာကိုင္ေနသည္ သူ႕လက္ေလးေတြကေႏြးေနေရာလား
"မုန္းတယ္! ငါမင္းကိုေသေလာက္ေအာင္မုန္းတယ္"
သူ႕လက္ကိုက်ေနာ္႐ုန္းလိုက္သည္
သူ႕မ်က္ႏွာေလးေက်ာင္းတုန္းကညိဳးတာထက္ကို ပိုညိဳးက်သြားတာေတြ႕လိုက္ရသည္
က်ေနာ္သူ႕ကိုထားခဲ့ကာ ထြက္သြားေတာ့မယ္အလုပ္....
တစ္ေယာက္ေယာက္လဲက်သြားတယ္..
"မင္းအုပ္စိုး!!"
က်ေနာ္သူ႕ဆီေျပးဖက္ထားကာ ေျဖးေျဖးခ်င္းမတ္တပ္ရပ္ေစလိုက္သည္
"ငါကိုမမုန္းလိုက္ပါနဲ႔ေနာ္"
သူ႕မ်က္ႏွာေလးကျဖဴဖက္ျဖဴေရာျဖစ္ေနကာ ညိဳးႏြမ္းေနသည္
"ေဟ်ာင့္! ငါ့ကိုစိတ္ပူေအာင္မလုပ္စမ္းပါနဲ႔"
ဘာေၾကာင့္မွန္းမသိ သူဒီလိုျဖစ္ေနတာ ကိုယ့္ကိုကိုယ္အျပစ္႐ွိသလိုခံစားေနၿပီး ငိုခ်င္လာတယ္
က်ေနာ္သူ႕ကိုတြဲထားၿပီးအိမ္သာထဲကေန အျပင္ထြက္လာလိုက္သည္
ထိုခ်ိန္ ဟိုသုံးေကာင္ကက်ေနာ္ကိုျမင္ၿပီး..
"လင္းသစ္ အဲ့ဒါမင္းအုပ္စိုးႀကီးလား"
"ငါ့ကို ကားေသာ့ေပး"
ဟိုဘက္ဝိုင္းက ျမတ္မင္းေမာင္တို႔ကလည္းေရာက္လာၿပီး
"သူဘာျဖစ္သြားတာလဲ သူမူးရေအာင္လည္းငါတို႔အရက္မွမေသာက္ၾကတာ"
"ဖ်ားၿပီး မူးလဲသြားတာ ငါသူ႕ကိုအိမ္ျပန္ပို႔ေပးမလို႔"
"ဆိုေတာ့ သူအိမ္သာထဲမွာမူးလဲေနတာေတြ႕လို႔ေပါ့"
"ေအးဟုတ္တယ္ ခန္႔ေသာ္ ကားေသာ့ေပးလို႔"
"ေအာ္ေအး ေရာ့ေရာ့ကားေသာ့ ေသခ်ာျပန္ပို႔လိုက္ဦး"
က်ေနာ့္သူငယ္ခ်င္းေတြကိုလက္ျပကာ ကားဆီရာကို ထြက္လာလိုက္သည္
သူ႕ကိုကားေပၚတင္ကာ က်ေနာ္လည္းကားေမာင္းထြက္လာလိုက္သည္
ဒါမယ့္.....
'ဟာ..ဟုတ္သား ငါသူ႕အိမ္မွမသိတာ ခ်ီးပဲကြာ'
"မင္းအုပ္စိုး မင္းအိမ္ဘယ္မွာ႐ွိလဲ ငါ့ကိုေျပာလို႔ရမလား"
'အိပ္ေနတဲ့သူကိုေမးေနတယ္ ႐ူးမ်ားသြားၿပီလား'
'ငါဘာလုပ္ရမလဲ ငါ့အိမ္ပဲေခၚသြားလိုက္ရမလား မျဖစ္ေသးပါဘူး ေတာ္ၾကာအစ္မကေမးေနဦးမယ္'
..............................
"အစ္မ က်ေနာ္ျပန္ေရာက္ၿပီ"
"လင္းသစ္ သူက?"
ဘယ္ကိုပို႔ရမလဲ ဘယ္ကိုသြားရမလဲမသိတာေၾကာင့္...
ေနာက္ဆုံးက်ေနာ္ဆုံးျဖတ္လိုက္တာက က်ေနာ္အိမ္ေခၚလာလိုက္တာပဲ
"ေအာ္ က်ေနာ္သူငယ္ခ်င္းပါ သူေနမေကာင္းေနလို႔ အဲ့ဒါသူ႕အိမ္မသိတာနဲ႔ ဒီပဲေခၚလာလိုက္တာ"
သူ႕လဲမက်ေအာင္ က်ေနာ္တြဲေပးထားရတယ္
"အဲ့ဆိုလဲ သူငယ္ခ်င္းကိုေကာင္းေကာင္းျပဳစုလိုက္ဦး သြား"
"ဟုတ္မမ"
အိမ္မွာအခန္းဆိုလို႔ က်ေနာ္႕အခန္းရယ္ အစ္မအခန္းပဲ႐ွိတာ အဲ့ဒီအတြက္ေၾကာင့္ သူ႕ကိုက်ေနာ္အခန္းထဲပဲေခၚထားလိုက္ရတာေပါ့
က်ေနာ့္ခုတင္ေပၚမွာ သူ႕ကိုတင္ထားကာ ေရဘက္တိုက္ေပးေနတယ္ သူကေတာ့ႏိုးတစ္ဝက္ မႏိုးတစ္ဝက္ျဖစ္ေနတယ္
သူ႕ရဲ႕ခႏၶာကိုယ္က အေႏြးဓာတ္ေလးက ရင္ကိုေႏြးေထြးေစတယ္ က်ေနာ္ေနရာအႏွံ႔ေရဘက္တိုက္ေပးေနပါတယ္
သူ႕ရဲ႕လက္ကေလးကက်ေနာ့္ရဲ႕လက္ကိုလာကိုင္ကာ တင္းတင္းၾကပ္ၾကပ္စုပ္ကိုင္ထားေနသည္
"ငါ့ကိုထားမသြားပါနဲ႔ေနာ္ ငါ့ကိုမမုန္းပါနဲ႔"
သူ...သူေယာင္ေနတာပဲ ဒါဆိုသူအိပ္ေပ်ာ္ေနတာေပါ့
က်ေနာ့္လက္ကိုင္ထားရာကေန အားနဲ႔ဆြဲကာဖက္ထားသည္
'သူ ငါ့ကိုအခုဖက္ေနတာလား'
"ငါေတာင္းဆိုတာပါ ငါ့ကိုမထားခဲ့ပါနဲ႔"
သူေယာင္ေနမွန္းသိေပမယ့္ က်ေနာ့္စိတ္ထဲမွာ သူတကယ္ေျပာေနတာလို႔ေတာင္ထင္မိတယ္
'က်ေနာ္သူ႕ကိုေျပာခဲ့လိုက္မိတာ မွားမ်ားမွားသြားၿပီးလား'
သူ႕မ်က္ႏွာျပင္ေပၚမွာမ်က္ေရစက္ေလးေတြေတြ႕လိုက္ရတယ္ က်ေနာ္မ်က္ေရေလးေတြကိုဖြဖြေလးသုတ္ေပးလိုက္သည္
သူကေတာ့မလႊတ္တန္းဖက္ေနစဲ
က်ေနာ္သူ႕ရင္ခြင္ထဲမွာအဖက္ခံေနရတာေၾကာင့္ ႐ုန္းလို႔လည္းမရဘူး
ဒါေၾကာင့္ဒီတိုင္းပဲေနေနလိုက္ရသည္ သူ
ခနေနရင္ျဖဳတ္မွာပါ
မိနစ္အနည္းေလာက္ၾကာတာေတာင္ မျဖဳတ္ေသး
သူ႕ရဲ႕ရင္ဖက္ေပၚမွာက်ေနာ္႐ွိေနတုန္း မသိရင္က်ေနာ္ပဲအခြင့္ေကာင္းယူေနသလိုလို
အခုခ်ိန္ထိသူက်ေနာ္ကိုတင္းတင္းက်ပ္က်ပ္ဖက္ထားတုန္း သူ႕ရဲ႕ရင္ဖက္ကအေႏြးဓာတ္ေလးက က်ေနာ္႕မ်က္ႏွာေပၚစိုက္ေရာက္ေနတာေၾကာင့္ ေနလို႔ေကာင္းေနတယ္
ေတာ္ေတာ္ၾကာၿပီးေတာ့...
က်ေနာ္အိပ္ခ်င္ေနၿပီ ဒါမယ့္သူအခုထိဖက္ထားတုန္း ရင္ဘက္ေပၚမွာအိပ္ေပ်ာ္သြားမွာဆိုးတာေၾကာင့္ မအိပ္မိေအာင္ေနေနရသည္
ဒါမယ့္ဘယ္လိုပဲအိပ္မေပ်ာ္ေအာက္လုပ္ေနပါေစ မခံႏိုင္ေတာ့ဘူးထင္ပါရဲ႕ က်ေတာ္မ်က္လုံးေတြေမွးခနဲျဖစ္သြားသည္
"ငါ့ရင္ကမင္းကိုေႏြးေထြးေစလားဟင္"
ေခါင္းေပၚကေနအသံတိုးတိုးေလးၾကားရတာေၾကာင့္ က်ေနာ္ႏိုးသြားသည္
'အခုထိသူ႕အေပၚကေနမဆင္းရေသးပါလား'
"ဘာကိုေႏြးတာလဲ လႊတ္ငါ့ကိုလႊတ္ တစ္ညလုံးဖက္ထားၿပီးေတာ့မ်ား ငါ့လာေျပာေနေသးတယ္"
သူက်ေနာ့္ကိုေနာက္ဆုံးလႊတ္ေပးလိုက္သည္
'ေတာ္ပါေသးရဲ႕ သူ႕အေပၚမွာသက္သက္လုံးလုံးေနရေတာ့မလို႔'
က်ေနာ္တို႔ႏွစ္ေယာက္စလုံးထထိုင္လိုက္ကာ
"တစ္ညလုံးလား"
'ဘာျဖစ္တာ သူ႕မ်က္ႏွာကျပဳံးၿဖီးၿဖီးနဲ႔ မိႈရတဲ့မ်က္ႏွာႀကီး'
"မင္းမ်က္ႏွာဘာျဖစ္ေနတာလဲ ငါမင္းရင္ဘက္ထဲေနခ်င္တယ္လို႔မ်ားထင္ေနလား"
"မသိဘူးေလ တစ္ညလုံးဆိုေတာ့မင္းမ်ား ငါ့ကိုမေတာ္မတရားၾကံခ်င္ေနလားလို႔"
"ဘာေတြလာေျပာေနတာလဲ ငါကမင္းကိုဘာလုပ္ခ်င္ရမွာလဲ ေပါက္ကရေျပာမေနနဲ႔"
ခုတင္ေပၚကေနဆင္းလိုက္ကာ အခန္းထဲကေနထြက္လာလိုက္သည္ ဒီေန႔တစ္ေန႔လုံးငါ အခ်ိဳးမေျပတဲ့သူနဲ႔ ဘယ္လိုေ႐ွ႕ဆက္ရမွာလဲ
.......................