Sad But True ( Completed )

By Suu_KaNyar

2.7K 95 11

စချစ်တာမောင်ဆိုရင် ဆက်ချစ်တာ ကိုယ်ပေါ့ More

Hey!
Part - 1
Part - 3 (End)

Part - 2

332 22 0
By Suu_KaNyar

'' ကောင်လေး ရေစောစောချိူး မိုးအေးနေတယ် ''

'' မချိူးဘူး ''

'' နွေးနွေးထွေးထွေးနေ ''

'' မနေဘူး ''

မနက်ကတည်း က မိုးတဖွဲဖွဲက ညနေထိ မရပ်နိုင်သေး။ လေအေးတွေနဲ့ပါ ရာသီဥတုက ချမ်းစိမ့်နေသေးသည်။

အခန်းတွင်းပဲ အမြဲအောင်းလေ့ရှိသော ကောင်လေးကို ရေစောစောချိူးဖို့ရန် ကျွန်တော်မှာရပြန်သည်။

အခုနောက်ပိုင်း မောင်က တဖြည်းဖြည်း ဘုကလန့်တိုက်လာသည်။ '' ဘူး '' တစ်လုံး ကိုသာတွင်တွင်သုံးသည်။
မအိပ်ဘူး... မလုပ်ဘူး...မစားဘူး....မသွားဘူး....ကျွန်တော်ပြောလေသမျှကို ဘူးတစ်လုံးခံသာ ခပ်ပြတ်ပြတ်ပဲ စကားပြောတော့သည်။

မွေးနေ့အပြီးထွက်သွားဖို့ရာ စီစဥ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ကျွန်တော်ကိုယ်တိုင် တောင် မသိလိုက်ချိန်တွင် ကျွန်တော်ဟာ ဒီ artist ကောင်လေး ဆီ နစ်ဝင်နေပြီသားဖြစ်နေကာ ထွက်သွားဖို့ထက် အနားမှာနေချင်သည့်စိတ်က ပိုပြင်းပြနေခဲ့သည်။

စကားတွေအရင်ကထက်အများကြီး ပြောဖြစ်သည်။ သို့သော် မောင့်ဘက်က တော့ ကျွန်တော်နဲ့ စကားကို ဟက်ဟက်ပက်ပက် ပြောခြင်း သိပ်မရှိတော့။

တကယ်တမ်း မောင့်မွေးနေ့အပြီး အနေအထားပြောင်းသွားသူက ကျွန်တော်ဖြစ်နေရမည့်အစား မောင်ဖြစ်နေခဲ့သည်။

အရင်ကလို နွေးထွေးခြင်းသိပ်မရှိတော့ပဲ မောင်က ကျွန်တော်နဲ့တဖြည်းဖြည်းဝေးကွာ လာခဲ့သလို ခံစားရသည်။

ေမွးနေ့မတိုင်ခင် မောင်က '' ခင်ဗျားကို အရမ်းသဘောကျတယ် '' ဆိုသည့် စကားကို မကြာခဏပြောသလောက် အခုနောက်ပိုင်းတွင်တော့ မောင့်ဆီက ဒီစကားကို ကြားရဖို​့ ကျွန်တော့်အနေနဲ့ ကြိုးစားနေရသည်။

နေ့ည မပြတ် မောင့်အနားက ထွက်သွားဖို့ထက် မောင့်အနားမှာ တွယ်ကပ်နေမိသည်။ မနက်ခင်းတွေမှာ မောင်နဲ့အတူ စတင် ချင်ခဲ့သည်။ မျက်လုံးတွေ မှိတ် ပြီး အိပ်တော့မည့် အချိန်ထိ မောင်နဲ့သာ ကုန်ဆုံးချင်ခဲ့သည်။
သို့သော် မောင်က အရင်ကလို သိပ် မနွေးထွေးတော့.....

ဘာကမောင့်ကိုပြောင်းလဲစေသလဲ ကျွန်တော်မသိသော်လည်း ကျွန်တော်သိတာကတော့ မောင့်အနားမှာ
ကျွန်တော် နေလို့ရမယ့်အချိန်ထိ နေချင်ခဲ့သည်။

'' ဒီပို့စ်အောက်မှာ မိန်းကလေးတွေချည်းပဲနော် ''

မောင်တင်ထားတဲ့ပုံတစ်ပုံအောက်မှာ ပလူပြန်နေတဲ့ ကော်မန့်တွေက မိန်းကလေးတွေချည်းသာ။ reply တွေကလည်း ရင်းနှီးသည့်ပုံနှင့် ​လူတိုင်းနီးပါးကိုပြန်ထားသည်။

ကျွန်တော်မေးတော့

'' ဒီလိုပဲ ပုံလာအပ်ရင်းနဲ့ ခင်ကြတာ ''

'' ဒါဆို ကိုယ်ကရော.... ကိုယ်ကရော ပုံအပ်ရင်းခင်လာတဲ့ သူသက်သက်ပဲလား ''

'' ခင်ဗျားကတော့ သူတို့နဲ့ဘယ်တူမလဲဗျ ။ ကျွန်တော့်အကြောင်းတွေ ပွင့်ပွင့်လင်းလင်း နဲ့ပြောပြဖူးတာ ခင်ဗျားတစ်ယောက်တည်းကိုပဲ ''

ကျွန်တော်ပြုံးမိသွားသည်။ သဘောက ကျေနပ်သွားသည်ပေါ့....မောင့်ရဲ့ အရေးပါတဲ့သူဖြစ်ခွင့်ရတာနဲ့တင် ကျွန်တော့် သံသယတွေ ကျွန်တော့် သဝန်တိုစိတ်တွေက အစအနသေးသေးလေးတောင် ရှိမနေတော့။

တစ်ရက် မောင်အရမ်းလိုချင်နေတဲ့ စာအုပ်လေးကို ကျွန်တော် မြို့ထဲက ဆိုင်တော်တော်များများမှာပတ်ရှာခဲ့သည်။ ခေါတ်အသီးသီးက ကနုတ်လက်ရာများကို တစ်စုတစ်စည်းတည်း စာတမ်းပြုစုကာထုတ်ထားသည့် စာအုပ်ဖြစ်ကာ အုပ်ရေနည်းတာကြောင့် ရှာရခက်နေသည်။

ကျွန်တော့် တစ်ကိုယ်လုံး မောပန်းနွမ်းနယ်သွားချိန်မှာတော့
ကျွန်တော့်လက်ထဲတွင် မောင်လိုချင်သည့် စာအုပ်လေးကို ရခဲ့ပြီဖြစ်သည်။

ဒါကို ကျွန်တော် မောင့်အား မပြောပြထား။ မောင်က
ပြည့်စုံသူမဟုတ်ပေမယ့် သူတစ်ပါးဆီက လက်ဆောင်ပစ္စည်းဆိုတာမျိုးကို မောင်က လက်ခံလေ့မရှိ။

စာအုပ်ကိုဝယ်ပြီးကာမှ မောင်လက်ခံပါ့မလား စိုးရိမ်ရသေးသည်။ မောင့်ကို အထင်သေးသလိုဖြစ်သွားမှာလည်း ကြောက်ရသည်။ မောင့်ဖြစ်တည်မှုအတွက် မောင့်ကို သိမ်ငယ်စိတ်ဝင်စေမှာမျိူးကို ကျွန်တော် လုံးလုံး လက်မခံခဲ့။

ဒါ့ကြောင့် ဝယ်ပြီးသားဒီစာအုပ်အားမောင့်ကို ဘယ်လိုပေးရပါ့။

'' ကိုယ် မင်းကို မွေးနေ့လက်ဆောင်မပေးရသေးလို့ ေပးချင်တယ် ''

'' ဟာ မဟုတ်တာ ရပါတယ် ''

မောင်ကအဲ့လိုမျိူး ကျွန်တော့်ဆီကဆို တစ်ခုခုယူဖို့ အမြဲတွန့်ဆုတ်နေခဲ့တာ။

'' တန်ဖိုး ကြီးတာမဟုတ်ဘူး။ မင်း တကယ်လိုအပ်မယ်ထင်တာလေးပေးမှာ ''

'' အင်းလေ ဘာလဲ ပြကြည့် ''

ကျွန်တော် ဓာတ်ပုံရိုက်ပြီး စာအုပ်ပုံလေးပြလိုက်တော့.... မောင်အတော်လေး သဘောကျသွားကာ ပျော်နေခဲ့သည်။
စာအုပ်က ရှာရခက်နေတာမို့ ရဖို့ဆိုတာမလွယ်ပေ။ ဒါကိုသိသော မောင်က ဝမ်းသာအားရဖြစ်နေတော့သည်။

အဲ့တော့မှ ကျွန်တော်လည်း ရင်ထဲက အလုံးကြီး ကျသွားတော့သည်။ မောင်လက်မခံမှာ ကျွန်တော်ကြောက်နေခဲ့တာဖြစ်လိမ့်မည်။

မောင်က ဒလီဗာ နဲ့ စာအုပ်ကို အပ်ခိုင်းသည်။ ကျွန်တော် က မောင့်ကို ကိုယ်တိုင်ပေးချင်ခဲ့သည်။ မောင့်ကိုအပြင်မှာတွေ့ဖူးချင်တာလည်း ပါမှာပေါ့။ စာအုပ်ကို ကြည့်ပြီး သဘောကျနေမယ့် မောင့်မျက်နှာကိုလည်း ကျွန်တော်မြင်ချင်သေးသည်။

အစကတော့ သိပ်မဆိုးလှတဲ့ မောင့်ရုပ်ရည်ကို မောင်က ယုံကြည်ချက်မရှိတာမို့ ကျွန်တော်နဲ့မတွေ့ချင်ခဲ့။ နောက်ဆုံး ကျွန်တော် ့၏ အတင်းပူဆာမှုကြောင့် ကိုယ်တိုင်လာပေးဖို့ မောင့်ဆီက ခွင့်ပြုချက်ရခဲ့သည်။

မောင့်အိမ်နားက မှတ်တိုင်တစ်ခုမှာပဲ ကျွန်တော်တို့ ချိန်းဖြစ်ကြသည်။ အဲ့သည့်အချိန် မောင်တော့ ဘယ်လိုနေလ​ဲမသိ မောင့်ဆီလာနေတဲ့ လမ်းမှာ ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်ခုန်နေခဲ့သည်။ မောင့်ရုပ်က သိပ်အချောကြီး မဟုတ်မှန်း ကျွန်တော်သိနေနှင့်ပြီးသားဆိုပေမယ့် အဲ့ဒီ့ ဘဲရုပ်ဆိုးလေးကို ကျွန်တော်က ရင်ခုန်နေသတဲ့။

ရင်ခုန်တာက တစ်ကြောင်း လမ်းမကျွမ်းတာကတစ်ကြောင်းမို့ မောင်ပြောသည့် မှတ်တိုင်ထက် တစ်မှတ်တိုင်စောဆင်းမိခဲ့သည်။

ကားပေါ်ကဆင်းပြီးမှ သတိရသည်။ နေတွေ ဒီလောက်ပူတာ မောင်ထွက်လာတဲ့အခါ ထီးရောပါလာပါ့မလား။ အပူဒဏ်မခံနိုင်တဲ့မောင့်ကို မွန်းတည့်ချိန်ကြီး ကျွန်တော်ချိန်းလိုက်မိပြီလား.....

တွေးနေရင်း မြေကြီးကိုထိကာ လျှောက်နေသော ကျွန်တော့် ခြေထောက်တွေကို ငုံကြည့်နေမိသည်။

ဒါက ကျွန်တော့် ရင်ထဲက ချစ်သောဆီ လှမ်းနေတဲ့​​ခြေလှမ်းတွေလေ....

နေပူကျဲတဲထဲမှာ ကျွန်တော့်လက်ဖျားတွေအေးစက်နေခဲ့တာကိုတော့ ကျွန်တော်ပဲသိလိမ့်မည်။

မှတ်တိုင်နားနီးလေး ကျွန်တော့်ရင်တွေခုန်လေ ဖြစ်နေတော့သည်။ မောင့်ကိုအပြင်မှာ ပထမဆုံး မြင်ရတော့မှာမလား။...

ရင်တွေတုန်လာကာ ဖုန်းကိုကိုင်ထားသည့်လက်တွေက အေးစက်ကာ ချွေးတွေထွက်လာနေပြီ။ မောင်ရော ကျွန်တော့် လို ရင်ခုန်နေလောက်မလား။

ဖုန်းမှန်နဲ့ ဆံပင်အနည်းငယ်ပြင်လိုက်သေးသည်။ ခနရပ်လိုက်ပြီး အသက်ကိုမှန်မှန်ရှူကာ စိတ်ကိုလျော့လိုက်သည်။ မှတ်တိုင်က မြင်နေရပြီဖြစ်ကာ လူတွေလည်း အမြောက်အများရှိနေသည်။

အဲ့သည့်လူတွေထဲက ဘယ်သူက မောင်များလဲ....

အဝေးကနေမောင့်ကိုရှာနေခဲ့မိသည်။ တဖြည်းဖြည်း နီးကပ်လာခါမှ မှတ်တိုင်အနောက်ကွယ်ကနေ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးတစ်ခုထွက်လာသည်။ ကျွန်တော့်ကို စိုက်ကြည့်နေသည်မို့ ဒါကသေချာပေါက် မောင်ပဲပေါ့။

ကျွန်တော်လက်ပြလိုက်ပြီး မောင့်ဆီ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ အဲ့သည့်အချိန် ကျွန်တော်ရင်ထဲ ဘုရားပွဲလှည့်နေသလို ဆူညံပွတ်လောရိုက်နေပြီဖြစ်သည်။

အနားရောက်တော့ မောင့်ကို ကျွန်တော် ပြုံးပြလိုက်တော့ မောင်ကလည်း အသာပြန်ပြုံးပြသည်။ ကျွန်တော်က ကမ္ဘာပျက်သလောက်ရင်ခုန်ကာ တုန်လှုပ်နေပေမယ့် မောင်က တည်တည်ငြိမ်ငြိမ် ပင်။

အနက်ရောင်တီရှပ် နဲ့ ခဲရောင် အားကစားဘောင်းဘီ ရှည်က မောင် ဘယ်လောက် ပိန်သလဲဆိုတာကိုပိုပေါ်လွင်နေစေသလို လေတစ်ချက်အတိုက်မှာ မောင့်ရဲ့ လိမ်လိမ်ကောက်ကောက် ဆံပင်တွေက လွင့်သွားသည်။

မောင့်ကို အကြမ်းဖျင်းပဲကြည့်မိလိုက်သည်။ သေသေချာချာကြည့်ဖို့ မရဲသေး။

မှတ်တိုင်က ခုံတန်းလေးမှာ ကျွန်တော်အရင်ထိုင်လိုက်တော့ မောင်က နှစ်ထွာလောက်အကွာမှာ ကျွန်တော့်ဘေး ဝင်ထိုင်သည်။

အေးစက်တုန်ချိနေသော လက်တွေက လွယ်အိတ်ဇစ်ကို ဖွင့်ကာ မောင့်ဖို့စာအုပ်ကိုထုတ်ကာ ကမ်းပေးတော့ မောင့်က သူ့လက်လေးနှစ်ဖက်ဖြင့်တရိုတသေ ယူရှာသည်။

အို...မောင့်လက်တွေက ပုံထဲကအတိုင်း သွယ်ပြီးလှလိုက်ကာ။

စာအုပ်ကို မြင်၍ အရောင်တွေလက်သွားသော မောင့်မျက်လုံးကို ကျွန်တော် မျက်တောင်မခက်တမ်း ကြည့်မိသည်။ မောင်သေချာပေါက်ပျော်နေသည့်ပုံပင်။
ကျွန်တော့်ကြောင့်လား...ကျွန်တော့်စာအုပ်ကြောင့်လား....

'' စာအုပ်က မိုက်လိုက်တာ အထူကြီးပဲ ''

အားပါးတရပြောသံက မောင့်ဘယ်လောက်သဘောကျနေသည်ဆိုတာ တကူးတက ပြောပြစရာမလိုတော့။

စာအုပ် အတွင်းဘက်ကို ဟိုလှန်ဒီလှန်ကြည့်နေတော့မှ မောင့်မျက်နှာကို ကျွန်တော်သေချာကြည့်ဖို့ အခွင့်အရေးရတော့သည်။

သေချာကြည့်တော့ မောင်က တကယ်ကို ဘဲရုပ်ဆိုးလေး ဖြစ်နေခဲ့တာပင်။ အခန်းအောင်းနေတဲ့ လူသားပုံစံ တကယ်ကိုထွက်ပါသည်။ မသပ်မရပ်မောင့်ဆံပင်ကောက်တွေကလည်း ကျွန်တော့်အတွက် အသည်းယားစရာ။

အချောအလှကြိုက်ပါသည်ဆိုသည့် ကျွန်တော်ကလေ... အခုကျွန်တော့်အရှေ့မှာ ရုပ်ဆိုးဆိုးနဲ့ စာအုပ်ထိုင်လှန်နေတဲ့ကောင်ငယ်လေးကို ရင်ခုန်နေသတဲ့။

'' သဘောကျတယ်မလား ''

ရင်ခုန်လွန်း၍ အသံကိုထိန်းပြီး မေးလိုက်တော့ ခေါင်းလေးတဆတ်ဆတ် ငြိမ့်ကာ

'' အင်း အရမ်းမိုက်တယ်။ ''

'' ဟုတ်ပြီ ဒါဆို ကိုယ် ပြန်တော့မယ် ''

'' ဟင် ပြန်တော့မှာလား ''

'' အင်းလေ ''

တားစေချင်ခဲ့ပေမယ့် မောင်မတားခဲ့ပါဘူး ။ ကားကို နှစ်ယောက်အတူ ရပ်စောင့်နေမိသည်။

မသိမသာလေး ကျွန်တော် ေမာင့်နား တိုးရပ်မိတော့ မောင့် ဆီက ခပ်နွေးနွေး အငွေ့အသက်လေးက ကျွန်တော့်ကို တကယ်ကြည်နူးစေခဲ့သည်။ ဒီလို မောင်နဲ့ နီးနီးကပ်ကပ်ရှိနေရတာ တကယ်ကိုကောင်းသည်ဟု ထင်မိသည်။

စိတ်ထဲက ကား မြန်မြန် မလာပါစေနဲ့ဟု သာ ဆုတောင်းနေမိခဲ့သည်။

ဆုတောင်းပြီး စက္ကန့် ပိုင်းမှာတင် ကျွန်တော်စီးရမည့်ကားနံပါတ်က ရောက်လာခဲ့သည်။ သို့သော် မှတ်တိုင်ကို မရပ်ပဲ ကျော်ကာမောင်းသွားတော့ မောင်က...

'' ကျစ်.. ဒီပေါက်လို့ပဲစားကားသမား ရပ်မသွားဘူး ကြည့်စမ်း ''

စုတ်သပ်ကာ မောင်ပြောနေပေမယ့် ကျွန်တော့်စိတ်ထဲ ထိုကားသမားကိုတော့ ကျေးဇူး တင်နေမိသည်။

ကားနှစ်စီးလောက် ကျွန်တော်တို့မှတ်တိုင်မှာ မရပ်သွားပါ။ ကျွန်တော် ကြိတ်ပြုံးပြုံးနေခဲ့တာတော့ မောင်မြင်လိမ့်မည်မဟုတ် ။

သို့သော် ကံကြမ္မာ က မောင်နဲ့ အတူရှိတာ လုံလောက်ပြီဟုသတ်မှတ်လိုက်ပုံပင်။ နောက်ကားတစ်စီးရပ်လာ၍ မတက်ချင် တက်ချင်ဖြင့် လိုက်ပါလာခဲ့ရတော့သည်။

ညရောက်တော့ မောင်က သူ စာအုပ်ကို ဘယ်လောက် သဘောကျသည်ဆိုတဲ့ စာတွေ တစ်သီတစ်တန်းကြီးပို့ထားသည်။

အဲ့လိုဆို ကျွန်တော် ပင်ပင်ပန်းပန်း ရှာခဲ့ရကျိူးနပ်ပါဘိ။

အဲ့သည်လိုနဲ့ ဇွန်ညတွေမှာ ကျွန်တော်နဲ့မောင် ညတိုင်း Conservation လေးတစ်ခုမှာ ကျင်လည်ကျက်စားခဲ့ကြသည်။ မောင်တော့မသိပေမယ့် ကျွန်တော့်မှာတော့ မောင်တစ်ယောက်တည်းနဲ့လုံလောက်ခဲ့ကာ ကျွန်တော့်အချိန်တွေအကုန် မောင့်အား ပုံပေးခဲ့သည်။

ဇူလိုင်........

ရန်ကုန်မိုးရာသီက တစ်ခါတလေ နေ့စဥ်ရက်ဆက်ကို ပူပြင်းနေခဲ့သည်။ အပူဒဏ်ကိုကြောက်လွန်းတဲ့မောင် အဆင်မှပြေပါ့မလား။

'' Hello ဘာလုပ်နေလဲ ''

'' ပူလွန်းလို့ ဘာမှ မလုပ်ရသေးဘူးဗျာ....Commission deadline ကလည်း နီးနေပြီ။ စိတ်ညစ်လိုက်တာ။ ''

'' ဒါဆို ပုံဆွဲဖို့လိုတာတွေ အကုန်ထည့်ပြီး ကားဂိတ်ကိုထွက်လာလိုက် ကိုယ်စောင့်နေတယ် ''

'' ဗျာ ''

ကားဂိတ်မှာ ရပ်စောင့်နေခဲ့ ပြီး မောင့်ကိုထွက်လာခိုင်းလိုက်သည်။ ဒီရာသီဥတုနဲ့ဆို မောင် သေချင်နေမှာ မဟုတ်လား။

'' မ ဗျာ..နဲ့ ကိုယ်စောင့်နေတယ်နော် ''

သိပ်မကြာလိုက်ပါ နောက် ၁၅မိနစ်လောက်နေတော့ လွယ်အိတ်လေး တစ်လုံးပိုက်ပြီး နေပူထဲ ခပ်သုတ်သုတ် လမ်းလျှောက်နေသော မောင့်ကိုတွေ့လိုက်သည်။

'' ဒီကလေးကွာ ထီးမပါ ဘာမပါ ''

ကျွန်တော် မပြေးရုံတမယ် ပင် ခပ်သွက်သွက် လျှောက်သွားပြီး လက်ထဲက အိတ်ကိုဆွဲယူလိုက်ပြီး ထီးမိုးပေးလိုက်သည်။

'' နေပူနေတာကို ထီးမယူလာဘူး ''

'' ခင်ဗျားပဲ ပုံဆွဲဖို့လိုတာတွေပဲထည့်လာဆို ထီးယူလာဖို့မှ မပြောတာ ''

ဪ.... အေးအေး ဉာဏ် ကြီးရှင်ဆိုတာ ဒါမျိူး။

အဖြူရောင် တီရှပ် လက်ပြတ် နဲ့ ဒူးလောက်ရှိသည့် ချည်ဘောင်းဘီ အပြာရောင်နဲ့ကောင်လေးက သိပ်ကို မောပန်းနွမ်းနယ်နေတဲ့ပုံပေါက်နေသည်။

ခြောက်သွေ့နေသော နှုတ်ခမ်းတွေက သူဘယ်လောက် ပူနေကြောင်း ပြနေသလိုပင်။

ကားဂိတ်အရိပ်အောက်ရောက်တော့ အသင့်ယူလာ သောရေဘူးကို ထုတ်ပြီး ပေးလိုက်သည်။

ရေသောက်ရင်း မောင်က...

'' ဘယ်သွားမို့လဲ ''

'' အေးအေးလေးနဲ့ နေလို့ကောင်းမယ့်တစ်နေရာပေါ့ ''

မောင်က ဘာမှ ဆက်မမေးပဲ ကျွန်တော် ေခါ်ရာနောက်သာ လိုက်ခဲ့သည်။

ကျွန်တော်ခေါ်သွားသည်က အဲလ်ကွန်းအေးအေးလေးနဲ့ တိတ်ဆိတ် ငြိမ်သက်နေတဲ့ ကော်ဖီဆိုင်တစ်ဆိုင်။

ထောင့်ကျကျဝိုင်းမှာပဲနေရာချပေးလိုက်ပြီး မောင့်အတွက် သောက်စရာတစ်ခုခု သွားမှာလိုက်သည်။

ကော်ဖီမကြိုက်သော မောင့်အတွက် Matcha Green Tea ေအးအေး လေးကို မှာပေးခဲ့သည်။ Matcha က နှလုံးရောဂါသမားတွေအတွက် အထူးသင့်တော်သည်ဟု တစ်နေရာရာမှကျွန်တော် တစ်စွန်းတစ်စ ဖတ်ဖူးထားသည်။

​ေကာ်ဖီသမား ကျွန်တော့်အတွက်ကတော့ ကော်ဖီပဲ ပေါ့။

'' အေးအေး ဆေးဆေး ထိုင်ဆွဲနော်။ ကိုယ်ရှိတာ အနှောင့်အယှက်ဖြစ်ရင် တစ်ခြားဝိုင်း သွားထိုင်ပေးမယ် ''

'' ရတယ် ဒီနားမှာပဲနေ ကျွန်တော် လူကြောက်တတ်တယ် ''

'' ဒါဖြင့် ကိုယ့်ကိုရောမကြောက်ဘူးပေါ့ ''

ရိသဲ့သဲ့ ပြောလိုက်တော့ မျက်စောင်းလေးထိုးလာကာ

'' ငပေါ ''

ကျွန်တော်ခပ်အုပ်အုပ်ပဲ ရီမိသည်။ အကျယ်ကြီး ရီရင် အပြောကခံရဦးမည်ဟုတ်။ မောင်ကတကယ်ကို လူစိမ်းကြောက်တတ်သည်။ ကျွန်တော်တောင် လိုင်းပေါ်မှာ အတော်လေးရင်းနှီးနေပြီးသားလးမို့လို့သာပေါ့။

မောင်လည်း သူ့အလုပ်သူလုပ်နေချိန် ကျွန်တော်လည်း အိမ်ကထည့်လာသည့် စာအုပ်ကိုထုတ်ကာ စာဖတ်နေလိုက်တော့သည်။ ညနေ နေအေးသည့်အခါမှသာ အဲ့သည့်ဆိုင်ကနေ ပြန်ဖြစ်ခဲ့ကြသည်။

အဲ့သည့် မိုးရာသီရဲ့ နွေဆန်ဆန် တစ်ချိူ့ရက်တွေမှာ
မောင့်ကို ကျွန်တော် ခေါ်ခေါ်ထုတ်ပြီး သည်လို အေးအေးချမ်းချမ်းနေရာလေးမှာ ပုံဆွဲစေခဲ့သည်။

အပူဆိုကြောက်လွန်းသည့်မောင့်ကို မည်သည့်အပူမှ ကျွန်တော် မပေးချင်ခဲ့။ တစ်လျှောက်လုံးလည်း
ေမာင့်ဒဏ်ရာတွေသာ နားထောင်ပေးခဲ့ပြီး ကျွန်တော့်ဒဏ်ရာတွေကိုတော​့ မောင့်ကို မပြောပြဖြစ်ခဲ့။

ခါတိုင်းလိုပါပဲ ဇူလိုင်ညတွေရောက်ပြန်တော့လည်း သည်လိုပဲ ကျွန်တော် က မောင့်အနားမှာ။

ညဘက် ကျွန်တော့် မီးစိမ်းလေးက မောင့်အတွက်သီးသန့် လိုလိုကိုဖြစ်နေ ခဲ့တော့သည်။

part 3......



( Zawgyi)

'' ေကာင္ေလး ေရေစာေစာခ်ိဴး မိုးေအးေနတယ္ ''

'' မခ်ိဴးဘူး ''

'' ႏြေးႏြေးေထြးေထြးေန ''

'' မေနဘူး ''

မနက္ကတည္း က မိုးတဖြဲဖြဲက ညေနထိ မရပ္နိုင္ေသး။ ေလေအးေတြနဲ႕ပါ ရာသီဥတုက ခ်မ္းစိမ့္ေနေသးသည္။

အခန္းတြင္းပဲ အၿမဲေအာင္းေလ့ရွိေသာ ေကာင္ေလးကို ေရေစာေစာခ်ိဴးဖို႔ရန္ ကြၽန္ေတာ္မွာရျပန္သည္။

အခုေနာက္ပိုင္း ေမာင္က တျဖည္းျဖည္း ဘုကလန့္တိုက္လာသည္။ '' ဘူး '' တစ္လုံး ကိုသာတြင္တြင္သုံးသည္။
မအိပ္ဘူး... မလုပ္ဘူး...မစားဘူး....မသြားဘူး....ကြၽန္ေတာ္ေျပာေလသမွ်ကို ဘူးတစ္လုံးခံသာ ခပ္ျပတ္ျပတ္ပဲ စကားေျပာေတာ့သည္။

ေမြးေန႕အၿပီးထြက္သြားဖို႔ရာ စီစဥ္ခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေပ။ ကြၽန္ေတာ္ကိုယ္တိုင္ ေတာင္ မသိလိုက္ခ်ိန္တြင္ ကြၽန္ေတာ္ဟာ ဒီ artist ေကာင္ေလး ဆီ နစ္ဝင္ေနၿပီသားျဖစ္ေနကာ ထြက္သြားဖို႔ထက္ အနားမွာေနခ်င္သည့္စိတ္က ပိုျပင္းျပေနခဲ့သည္။

စကားေတြအရင္ကထက္အမ်ားႀကီး ေျပာျဖစ္သည္။ သို႔ေသာ္ ေမာင့္ဘက္က ေတာ့ ကြၽန္ေတာ္နဲ႕ စကားကို ဟက္ဟက္ပက္ပက္ ေျပာျခင္း သိပ္မရွိေတာ့။

တကယ္တမ္း ေမာင့္ေမြးေန႕အၿပီး အေနအထားေျပာင္းသြားသူက ကြၽန္ေတာ္ျဖစ္ေနရမည့္အစား ေမာင္ျဖစ္ေနခဲ့သည္။

အရင္ကလို ႏြေးေထြးျခင္းသိပ္မရွိေတာ့ပဲ ေမာင္က ကြၽန္ေတာ္နဲ႕တျဖည္းျဖည္းေဝးကြာ လာခဲ့သလို ခံစားရသည္။

ေမွးနေ့မတိုင်ခင် ေမာင္က '' ခင္ဗ်ားကို အရမ္းသေဘာက်တယ္ '' ဆိုသည့္ စကားကို မၾကာခဏေျပာသေလာက္ အခုေနာက္ပိုင္းတြင္ေတာ့ ေမာင့္ဆီက ဒီစကားကို ၾကားရဖို့ ကြၽန္ေတာ့္အေနနဲ႕ ႀကိဳးစားေနရသည္။

ေန႕ည မျပတ္ ေမာင့္အနားက ထြက္သြားဖို႔ထက္ ေမာင့္အနားမွာ တြယ္ကပ္ေနမိသည္။ မနက္ခင္းေတြမွာ ေမာင္နဲ႕အတူ စတင္ ခ်င္ခဲ့သည္။ မ်က္လုံးေတြ မွိတ္ ၿပီး အိပ္ေတာ့မည့္ အခ်ိန္ထိ ေမာင္နဲ႕သာ ကုန္ဆုံးခ်င္ခဲ့သည္။
သို႔ေသာ္ ေမာင္က အရင္ကလို သိပ္ မႏြေးေထြးေတာ့.....

ဘာကေမာင့္ကိုေျပာင္းလဲေစသလဲ ကြၽန္ေတာ္မသိေသာ္လည္း ကြၽန္ေတာ္သိတာကေတာ့ ေမာင့္အနားမွာ
ကြၽန္ေတာ္ ေနလို႔ရမယ့္အခ်ိန္ထိ ေနခ်င္ခဲ့သည္။

'' ဒီပို႔စ္ေအာက္မွာ မိန္းကေလးေတြခ်ည္းပဲေနာ္ ''

ေမာင္တင္ထားတဲ့ပုံတစ္ပုံေအာက္မွာ ပလူျပန္ေနတဲ့ ေကာ္မန့္ေတြက မိန္းကေလးေတြခ်ည္းသာ။ reply ေတြကလည္း ရင္းႏွီးသည့္ပုံႏွင့္ လူတိုင္းနီးပါးကိုျပန္ထားသည္။

ကြၽန္ေတာ္ေမးေတာ့

'' ဒီလိုပဲ ပုံလာအပ္ရင္းနဲ႕ ခင္ၾကတာ ''

'' ဒါဆို ကိုယ္ကေရာ.... ကိုယ္ကေရာ ပုံအပ္ရင္းခင္လာတဲ့ သူသက္သက္ပဲလား ''

'' ခင္ဗ်ားကေတာ့ သူတို႔နဲ႕ဘယ္တူမလဲဗ် ။ ကြၽန္ေတာ့္အေၾကာင္းေတြ ပြင့္ပြင့္လင္းလင္း နဲ႕ေျပာျပဖူးတာ ခင္ဗ်ားတစ္ေယာက္တည္းကိုပဲ ''

ကြၽန္ေတာ္ၿပဳံးမိသြားသည္။ သေဘာက ေက်နပ္သြားသည္ေပါ့....ေမာင့္ရဲ႕ အေရးပါတဲ့သူျဖစ္ခြင့္ရတာနဲ႕တင္ ကြၽန္ေတာ့္ သံသယေတြ ကြၽန္ေတာ့္ သဝန္တိုစိတ္ေတြက အစအနေသးေသးေလးေတာင္ ရွိမေနေတာ့။

တစ္ရက္ ေမာင္အရမ္းလိုခ်င္ေနတဲ့ စာအုပ္ေလးကို ကြၽန္ေတာ္ ၿမိဳ႕ထဲက ဆိုင္ေတာ္ေတာ္မ်ားမ်ားမွာပတ္ရွာခဲ့သည္။ ေခါတ္အသီးသီးက ကႏုတ္လက္ရာမ်ားကို တစ္စုတစ္စည္းတည္း စာတမ္းျပဳစုကာထုတ္ထားသည့္ စာအုပ္ျဖစ္ကာ အုပ္ေရနည္းတာေၾကာင့္ ရွာရခက္ေနသည္။

ကြၽန္ေတာ့္ တစ္ကိုယ္လုံး ေမာပန္းႏြမ္းနယ္သြားခ်ိန္မွာေတာ့
ကြၽန္ေတာ့္လက္ထဲတြင္ ေမာင္လိုခ်င္သည့္ စာအုပ္ေလးကို ရခဲ့ၿပီျဖစ္သည္။

ဒါကို ကြၽန္ေတာ္ ေမာင့္အား မေျပာျပထား။ ေမာင္က
ျပည့္စုံသူမဟုတ္ေပမယ့္ သူတစ္ပါးဆီက လက္ေဆာင္ပစၥည္းဆိုတာမ်ိဳးကို ေမာင္က လက္ခံေလ့မရွိ။

စာအုပ္ကိုဝယ္ၿပီးကာမွ ေမာင္လက္ခံပါ့မလား စိုးရိမ္ရေသးသည္။ ေမာင့္ကို အထင္ေသးသလိုျဖစ္သြားမွာလည္း ေၾကာက္ရသည္။ ေမာင့္ျဖစ္တည္မႈအတြက္ ေမာင့္ကို သိမ္ငယ္စိတ္ဝင္ေစမွာမ်ိဴးကို ကြၽန္ေတာ္ လုံးလုံး လက္မခံခဲ့။

ဒါ့ေၾကာင့္ ဝယ္ၿပီးသားဒီစာအုပ္အားေမာင့္ကို ဘယ္လိုေပးရပါ့။

'' ကိုယ္ မင္းကို ေမြးေန႕လက္ေဆာင္မေပးရေသးလို႔ ေပးချင်တယ် ''

'' ဟာ မဟုတ္တာ ရပါတယ္ ''

ေမာင္ကအဲ့လိုမ်ိဴး ကြၽန္ေတာ့္ဆီကဆို တစ္ခုခုယူဖို႔ အၿမဲတြန့္ဆုတ္ေနခဲ့တာ။

'' တန္ဖိုး ႀကီးတာမဟုတ္ဘူး။ မင္း တကယ္လိုအပ္မယ္ထင္တာေလးေပးမွာ ''

'' အင္းေလ ဘာလဲ ျပၾကည့္ ''

ကြၽန္ေတာ္ ဓာတ္ပုံရိုက္ၿပီး စာအုပ္ပုံေလးျပလိုက္ေတာ့.... ေမာင္အေတာ္ေလး သေဘာက်သြားကာ ေပ်ာ္ေနခဲ့သည္။
စာအုပ္က ရွာရခက္ေနတာမို႔ ရဖို႔ဆိုတာမလြယ္ေပ။ ဒါကိုသိေသာ ေမာင္က ဝမ္းသာအားရျဖစ္ေနေတာ့သည္။

အဲ့ေတာ့မွ ကြၽန္ေတာ္လည္း ရင္ထဲက အလုံးႀကီး က်သြားေတာ့သည္။ ေမာင္လက္မခံမွာ ကြၽန္ေတာ္ေၾကာက္ေနခဲ့တာျဖစ္လိမ့္မည္။

ေမာင္က ဒလီဗာ နဲ႕ စာအုပ္ကို အပ္ခိုင္းသည္။ ကြၽန္ေတာ္ က ေမာင့္ကို ကိုယ္တိုင္ေပးခ်င္ခဲ့သည္။ ေမာင့္ကိုအျပင္မွာေတြ႕ဖူးခ်င္တာလည္း ပါမွာေပါ့။ စာအုပ္ကို ၾကည့္ၿပီး သေဘာက်ေနမယ့္ ေမာင့္မ်က္ႏွာကိုလည္း ကြၽန္ေတာ္ျမင္ခ်င္ေသးသည္။

အစကေတာ့ သိပ္မဆိုးလွတဲ့ ေမာင့္႐ုပ္ရည္ကို ေမာင္က ယုံၾကည္ခ်က္မရွိတာမို႔ ကြၽန္ေတာ္နဲ႕မေတြ႕ခ်င္ခဲ့။ ေနာက္ဆုံး ကြၽန္ေတာ္ ့၏ အတင္းပူဆာမႈေၾကာင့္ ကိုယ္တိုင္လာေပးဖို႔ ေမာင့္ဆီက ခြင့္ျပဳခ်က္ရခဲ့သည္။

ေမာင့္အိမ္နားက မွတ္တိုင္တစ္ခုမွာပဲ ကြၽန္ေတာ္တို႔ ခ်ိန္းျဖစ္ၾကသည္။ အဲ့သည့္အခ်ိန္ ေမာင္ေတာ့ ဘယ္လိုေနလဲမသိ ေမာင့္ဆီလာေနတဲ့ လမ္းမွာ ကြၽန္ေတာ့္ရင္ေတြ တဒိတ္ဒိတ္ခုန္ေနခဲ့သည္။ ေမာင့္႐ုပ္က သိပ္အေခ်ာႀကီး မဟုတ္မွန္း ကြၽန္ေတာ္သိေနႏွင့္ၿပီးသားဆိုေပမယ့္ အဲ့ဒီ့ ဘဲ႐ုပ္ဆိုးေလးကို ကြၽန္ေတာ္က ရင္ခုန္ေနသတဲ့။

ရင္ခုန္တာက တစ္ေၾကာင္း လမ္းမကြၽမ္းတာကတစ္ေၾကာင္းမို႔ ေမာင္ေျပာသည့္ မွတ္တိုင္ထက္ တစ္မွတ္တိုင္ေစာဆင္းမိခဲ့သည္။

ကားေပၚကဆင္းၿပီးမွ သတိရသည္။ ေနေတြ ဒီေလာက္ပူတာ ေမာင္ထြက္လာတဲ့အခါ ထီးေရာပါလာပါ့မလား။ အပူဒဏ္မခံနိုင္တဲ့ေမာင့္ကို မြန္းတည့္ခ်ိန္ႀကီး ကြၽန္ေတာ္ခ်ိန္းလိုက္မိၿပီလား.....

ေတြးေနရင္း ေျမႀကီးကိုထိကာ ေလွ်ာက္ေနေသာ ကြၽန္ေတာ့္ ေျခေထာက္ေတြကို ငုံၾကည့္ေနမိသည္။

ဒါက ကြၽန္ေတာ့္ ရင္ထဲက ခ်စ္ေသာဆီ လွမ္းေနတဲ့ေျခလွမ္းေတြေလ....

ေနပူက်ဲတဲထဲမွာ ကြၽန္ေတာ့္လက္ဖ်ားေတြေအးစက္ေနခဲ့တာကိုေတာ့ ကြၽန္ေတာ္ပဲသိလိမ့္မည္။

မွတ္တိုင္နားနီးေလး ကြၽန္ေတာ့္ရင္ေတြခုန္ေလ ျဖစ္ေနေတာ့သည္။ ေမာင့္ကိုအျပင္မွာ ပထမဆုံး ျမင္ရေတာ့မွာမလား။...

ရင္ေတြတုန္လာကာ ဖုန္းကိုကိုင္ထားသည့္လက္ေတြက ေအးစက္ကာ ေခြၽးေတြထြက္လာေနၿပီ။ ေမာင္ေရာ ကြၽန္ေတာ့္ လို ရင္ခုန္ေနေလာက္မလား။

ဖုန္းမွန္နဲ႕ ဆံပင္အနည္းငယ္ျပင္လိုက္ေသးသည္။ ခနရပ္လိုက္ၿပီး အသက္ကိုမွန္မွန္ရႉကာ စိတ္ကိုေလ်ာ့လိုက္သည္။ မွတ္တိုင္က ျမင္ေနရၿပီျဖစ္ကာ လူေတြလည္း အေျမာက္အမ်ားရွိေနသည္။

အဲ့သည့္လူေတြထဲက ဘယ္သူက ေမာင္မ်ားလဲ....

အေဝးကေနေမာင့္ကိုရွာေနခဲ့မိသည္။ တျဖည္းျဖည္း နီးကပ္လာခါမွ မွတ္တိုင္အေနာက္ကြယ္ကေန ပိန္ပိန္ပါးပါး ခႏၶာကိုယ္ေလးတစ္ခုထြက္လာသည္။ ကြၽန္ေတာ့္ကို စိုက္ၾကည့္ေနသည္မို႔ ဒါကေသခ်ာေပါက္ ေမာင္ပဲေပါ့။

ကြၽန္ေတာ္လက္ျပလိုက္ၿပီး ေမာင့္ဆီ ခပ္သြက္သြက္ ေလွ်ာက္သြားလိုက္သည္။ အဲ့သည့္အခ်ိန္ ကြၽန္ေတာ္ရင္ထဲ ဘုရားပြဲလွည့္ေနသလို ဆူညံပြတ္ေလာရိုက္ေနၿပီျဖစ္သည္။

အနားေရာက္ေတာ့ ေမာင့္ကို ကြၽန္ေတာ္ ၿပဳံးျပလိုက္ေတာ့ ေမာင္ကလည္း အသာျပန္ၿပဳံးျပသည္။ ကြၽန္ေတာ္က ကမၻာပ်က္သေလာက္ရင္ခုန္ကာ တုန္လႈပ္ေနေပမယ့္ ေမာင္က တည္တည္ၿငိမ္ၿငိမ္ ပင္။

အနက္ေရာင္တီရွပ္ နဲ႕ ခဲေရာင္ အားကစားေဘာင္းဘီ ရွည္က ေမာင္ ဘယ္ေလာက္ ပိန္သလဲဆိုတာကိုပိုေပၚလြင္ေနေစသလို ေလတစ္ခ်က္အတိုက္မွာ ေမာင့္ရဲ႕ လိမ္လိမ္ေကာက္ေကာက္ ဆံပင္ေတြက လြင့္သြားသည္။

ေမာင့္ကို အၾကမ္းဖ်င္းပဲၾကည့္မိလိုက္သည္။ ေသေသခ်ာခ်ာၾကည့္ဖို႔ မရဲေသး။

မွတ္တိုင္က ခုံတန္းေလးမွာ ကြၽန္ေတာ္အရင္ထိုင္လိုက္ေတာ့ ေမာင္က ႏွစ္ထြာေလာက္အကြာမွာ ကြၽန္ေတာ့္ေဘး ဝင္ထိုင္သည္။

ေအးစက္တုန္ခ်ိေနေသာ လက္ေတြက လြယ္အိတ္ဇစ္ကို ဖြင့္ကာ ေမာင့္ဖို႔စာအုပ္ကိုထုတ္ကာ ကမ္းေပးေတာ့ ေမာင့္က သူ႕လက္ေလးႏွစ္ဖက္ျဖင့္တရိုတေသ ယူရွာသည္။

အို...ေမာင့္လက္ေတြက ပုံထဲကအတိုင္း သြယ္ၿပီးလွလိုက္ကာ။

စာအုပ္ကို ျမင္၍ အေရာင္ေတြလက္သြားေသာ ေမာင့္မ်က္လုံးကို ကြၽန္ေတာ္ မ်က္ေတာင္မခက္တမ္း ၾကည့္မိသည္။ ေမာင္ေသခ်ာေပါက္ေပ်ာ္ေနသည့္ပုံပင္။
ကြၽန္ေတာ့္ေၾကာင့္လား...ကြၽန္ေတာ့္စာအုပ္ေၾကာင့္လား....

'' စာအုပ္က မိုက္လိုက္တာ အထူႀကီးပဲ ''

အားပါးတရေျပာသံက ေမာင့္ဘယ္ေလာက္သေဘာက်ေနသည္ဆိုတာ တကူးတက ေျပာျပစရာမလိုေတာ့။

စာအုပ္ အတြင္းဘက္ကို ဟိုလွန္ဒီလွန္ၾကည့္ေနေတာ့မွ ေမာင့္မ်က္ႏွာကို ကြၽန္ေတာ္ေသခ်ာၾကည့္ဖို႔ အခြင့္အေရးရေတာ့သည္။

ေသခ်ာၾကည့္ေတာ့ ေမာင္က တကယ္ကို ဘဲ႐ုပ္ဆိုးေလး ျဖစ္ေနခဲ့တာပင္။ အခန္းေအာင္းေနတဲ့ လူသားပုံစံ တကယ္ကိုထြက္ပါသည္။ မသပ္မရပ္ေမာင့္ဆံပင္ေကာက္ေတြကလည္း ကြၽန္ေတာ့္အတြက္ အသည္းယားစရာ။

အေခ်ာအလွႀကိဳက္ပါသည္ဆိုသည့္ ကြၽန္ေတာ္ကေလ... အခုကြၽန္ေတာ့္အေရွ႕မွာ ႐ုပ္ဆိုးဆိုးနဲ႕ စာအုပ္ထိုင္လွန္ေနတဲ့ေကာင္ငယ္ေလးကို ရင္ခုန္ေနသတဲ့။

'' သေဘာက်တယ္မလား ''

ရင္ခုန္လြန္း၍ အသံကိုထိန္းၿပီး ေမးလိုက္ေတာ့ ေခါင္းေလးတဆတ္ဆတ္ ၿငိမ့္ကာ

'' အင္း အရမ္းမိုက္တယ္။ ''

'' ဟုတ္ၿပီ ဒါဆို ကိုယ္ ျပန္ေတာ့မယ္ ''

'' ဟင္ ျပန္ေတာ့မွာလား ''

'' အင္းေလ ''

တားေစခ်င္ခဲ့ေပမယ့္ ေမာင္မတားခဲ့ပါဘူး ။ ကားကို ႏွစ္ေယာက္အတူ ရပ္ေစာင့္ေနမိသည္။

မသိမသာေလး ကြၽန္ေတာ္ ေမာင့်နား တိုးရပ္မိေတာ့ ေမာင့္ ဆီက ခပ္ႏြေးႏြေး အေငြ႕အသက္ေလးက ကြၽန္ေတာ့္ကို တကယ္ၾကည္ႏူးေစခဲ့သည္။ ဒီလို ေမာင္နဲ႕ နီးနီးကပ္ကပ္ရွိေနရတာ တကယ္ကိုေကာင္းသည္ဟု ထင္မိသည္။

စိတ္ထဲက ကား ျမန္ျမန္ မလာပါေစနဲ႕ဟု သာ ဆုေတာင္းေနမိခဲ့သည္။

ဆုေတာင္းၿပီး စကၠန့္ ပိုင္းမွာတင္ ကြၽန္ေတာ္စီးရမည့္ကားနံပါတ္က ေရာက္လာခဲ့သည္။ သို႔ေသာ္ မွတ္တိုင္ကို မရပ္ပဲ ေက်ာ္ကာေမာင္းသြားေတာ့ ေမာင္က...

'' က်စ္.. ဒီေပါက္လို႔ပဲစားကားသမား ရပ္မသြားဘူး ၾကည့္စမ္း ''

စုတ္သပ္ကာ ေမာင္ေျပာေနေပမယ့္ ကြၽန္ေတာ့္စိတ္ထဲ ထိုကားသမားကိုေတာ့ ေက်းဇူး တင္ေနမိသည္။

ကားႏွစ္စီးေလာက္ ကြၽန္ေတာ္တို႔မွတ္တိုင္မွာ မရပ္သြားပါ။ ကြၽန္ေတာ္ ႀကိတ္ၿပဳံးၿပဳံးေနခဲ့တာေတာ့ ေမာင္ျမင္လိမ့္မည္မဟုတ္ ။

သို႔ေသာ္ ကံၾကမၼာ က ေမာင္နဲ႕ အတူရွိတာ လုံေလာက္ၿပီဟုသတ္မွတ္လိုက္ပုံပင္။ ေနာက္ကားတစ္စီးရပ္လာ၍ မတက္ခ်င္ တက္ခ်င္ျဖင့္ လိုက္ပါလာခဲ့ရေတာ့သည္။

ညေရာက္ေတာ့ ေမာင္က သူ စာအုပ္ကို ဘယ္ေလာက္ သေဘာက်သည္ဆိုတဲ့ စာေတြ တစ္သီတစ္တန္းႀကီးပို႔ထားသည္။

အဲ့လိုဆို ကြၽန္ေတာ္ ပင္ပင္ပန္းပန္း ရွာခဲ့ရက်ိဴးနပ္ပါဘိ။

အဲ့သည္လိုနဲ႕ ဇြန္ညေတြမွာ ကြၽန္ေတာ္နဲ႕ေမာင္ ညတိုင္း Conservation ေလးတစ္ခုမွာ က်င္လည္က်က္စားခဲ့ၾကသည္။ ေမာင္ေတာ့မသိေပမယ့္ ကြၽန္ေတာ့္မွာေတာ့ ေမာင္တစ္ေယာက္တည္းနဲ႕လုံေလာက္ခဲ့ကာ ကြၽန္ေတာ့္အခ်ိန္ေတြအကုန္ ေမာင့္အား ပုံေပးခဲ့သည္။

ဇူလိုင္........

ရန္ကုန္မိုးရာသီက တစ္ခါတေလ ေန႕စဥ္ရက္ဆက္ကို ပူျပင္းေနခဲ့သည္။ အပူဒဏ္ကိုေၾကာက္လြန္းတဲ့ေမာင္ အဆင္မွေျပပါ့မလား။

'' Hello ဘာလုပ္ေနလဲ ''

'' ပူလြန္းလို႔ ဘာမွ မလုပ္ရေသးဘူးဗ်ာ....Commission deadline ကလည္း နီးေနၿပီ။ စိတ္ညစ္လိုက္တာ။ ''

'' ဒါဆို ပုံဆြဲဖို႔လိုတာေတြ အကုန္ထည့္ၿပီး ကားဂိတ္ကိုထြက္လာလိုက္ ကိုယ္ေစာင့္ေနတယ္ ''

'' ဗ်ာ ''

ကားဂိတ္မွာ ရပ္ေစာင့္ေနခဲ့ ၿပီး ေမာင့္ကိုထြက္လာခိုင္းလိုက္သည္။ ဒီရာသီဥတုနဲ႕ဆို ေမာင္ ေသခ်င္ေနမွာ မဟုတ္လား။

'' မ ဗ်ာ..နဲ႕ ကိုယ္ေစာင့္ေနတယ္ေနာ္ ''

သိပ္မၾကာလိုက္ပါ ေနာက္ ၁၅မိနစ္ေလာက္ေနေတာ့ လြယ္အိတ္ေလး တစ္လုံးပိုက္ၿပီး ေနပူထဲ ခပ္သုတ္သုတ္ လမ္းေလွ်ာက္ေနေသာ ေမာင့္ကိုေတြ႕လိုက္သည္။

'' ဒီကေလးကြာ ထီးမပါ ဘာမပါ ''

ကြၽန္ေတာ္ မေျပး႐ုံတမယ္ ပင္ ခပ္သြက္သြက္ ေလွ်ာက္သြားၿပီး လက္ထဲက အိတ္ကိုဆြဲယူလိုက္ၿပီး ထီးမိုးေပးလိုက္သည္။

'' ေနပူေနတာကို ထီးမယူလာဘူး ''

'' ခင္ဗ်ားပဲ ပုံဆြဲဖို႔လိုတာေတြပဲထည့္လာဆို ထီးယူလာဖို႔မွ မေျပာတာ ''

ဪ.... ေအးေအး ဉာဏ္ ႀကီးရွင္ဆိုတာ ဒါမ်ိဴး။

အျဖဴေရာင္ တီရွပ္ လက္ျပတ္ နဲ႕ ဒူးေလာက္ရွိသည့္ ခ်ည္ေဘာင္းဘီ အျပာေရာင္နဲ႕ေကာင္ေလးက သိပ္ကို ေမာပန္းႏြမ္းနယ္ေနတဲ့ပုံေပါက္ေနသည္။

ေျခာက္ေသြ႕ေနေသာ ႏႈတ္ခမ္းေတြက သူဘယ္ေလာက္ ပူေနေၾကာင္း ျပေနသလိုပင္။

ကားဂိတ္အရိပ္ေအာက္ေရာက္ေတာ့ အသင့္ယူလာ ေသာေရဘူးကို ထုတ္ၿပီး ေပးလိုက္သည္။

ေရေသာက္ရင္း ေမာင္က...

'' ဘယ္သြားမို႔လဲ ''

'' ေအးေအးေလးနဲ႕ ေနလို႔ေကာင္းမယ့္တစ္ေနရာေပါ့ ''

ေမာင္က ဘာမွ ဆက္မေမးပဲ ကြၽန္ေတာ္ ေခါ်ရာနောက်သာ လိုက္ခဲ့သည္။

ကြၽန္ေတာ္ေခၚသြားသည္က အဲလ္ကြန္းေအးေအးေလးနဲ႕ တိတ္ဆိတ္ ၿငိမ္သက္ေနတဲ့ ေကာ္ဖီဆိုင္တစ္ဆိုင္။

ေထာင့္က်က်ဝိဳင္းမွာပဲေနရာခ်ေပးလိုက္ၿပီး ေမာင့္အတြက္ ေသာက္စရာတစ္ခုခု သြားမွာလိုက္သည္။

ေကာ္ဖီမႀကိဳက္ေသာ ေမာင့္အတြက္ Matcha Green Tea ေအးအေး ေလးကို မွာေပးခဲ့သည္။ Matcha က ႏွလုံးေရာဂါသမားေတြအတြက္ အထူးသင့္ေတာ္သည္ဟု တစ္ေနရာရာမွကြၽန္ေတာ္ တစ္စြန္းတစ္စ ဖတ္ဖူးထားသည္။

ေကာ်ဖီသမား ကြၽန္ေတာ့္အတြက္ကေတာ့ ေကာ္ဖီပဲ ေပါ့။

'' ေအးေအး ေဆးေဆး ထိုင္ဆြဲေနာ္။ ကိုယ္ရွိတာ အႏွောင့္အယွက္ျဖစ္ရင္ တစ္ျခားဝိုင္း သြားထိုင္ေပးမယ္ ''

'' ရတယ္ ဒီနားမွာပဲေန ကြၽန္ေတာ္ လူေၾကာက္တတ္တယ္ ''

'' ဒါျဖင့္ ကိုယ့္ကိုေရာမေၾကာက္ဘူးေပါ့ ''

ရိသဲ့သဲ့ ေျပာလိုက္ေတာ့ မ်က္ေစာင္းေလးထိုးလာကာ

'' ငေပါ ''

ကြၽန္ေတာ္ခပ္အုပ္အုပ္ပဲ ရီမိသည္။ အက်ယ္ႀကီး ရီရင္ အေျပာကခံရဦးမည္ဟုတ္။ ေမာင္ကတကယ္ကို လူစိမ္းေၾကာက္တတ္သည္။ ကြၽန္ေတာ္ေတာင္ လိုင္းေပၚမွာ အေတာ္ေလးရင္းႏွီးေနၿပီးသားလးမို႔လို႔သာေပါ့။

ေမာင္လည္း သူ႕အလုပ္သူလုပ္ေနခ်ိန္ ကြၽန္ေတာ္လည္း အိမ္ကထည့္လာသည့္ စာအုပ္ကိုထုတ္ကာ စာဖတ္ေနလိုက္ေတာ့သည္။ ညေန ေနေအးသည့္အခါမွသာ အဲ့သည့္ဆိုင္ကေန ျပန္ျဖစ္ခဲ့ၾကသည္။

အဲ့သည့္ မိုးရာသီရဲ႕ ႏြေဆန္ဆန္ တစ္ခ်ိဴ႕ရက္ေတြမွာ
ေမာင့္ကို ကြၽန္ေတာ္ ေခၚေခၚထုတ္ၿပီး သည္လို ေအးေအးခ်မ္းခ်မ္းေနရာေလးမွာ ပုံဆြဲေစခဲ့သည္။

အပူဆိုေၾကာက္လြန္းသည့္ေမာင့္ကို မည္သည့္အပူမွ ကြၽန္ေတာ္ မေပးခ်င္ခဲ့။ တစ္ေလွ်ာက္လုံးလည္း
ေမာင့်ဒဏ်ရာတွေသာ နားေထာင္ေပးခဲ့ၿပီး ကြၽန္ေတာ့္ဒဏ္ရာေတြကိုေတာ့ ေမာင့္ကို မေျပာျပျဖစ္ခဲ့။

ခါတိုင္းလိုပါပဲ ဇူလိုင္ညေတြေရာက္ျပန္ေတာ့လည္း သည္လိုပဲ ကြၽန္ေတာ္ က ေမာင့္အနားမွာ။

ညဘက္ ကြၽန္ေတာ့္ မီးစိမ္းေလးက ေမာင့္အတြက္သီးသန့္ လိုလိုကိုျဖစ္ေန ခဲ့ေတာ့သည္။

part 3......

Continue Reading

You'll Also Like

634K 1.2K 29
နာမည်ကြီး သဘောကျခဲ့သော စာအုပ်များကို ပြန်တင်ပေးထားချင်းသာဖြစ်ပါသည်
283K 474 19
အောစာအုပ်တွေ စုပြီးတင်ပေးပါမယ်
1M 48.5K 100
Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ္ခ်င္ေက်ာ္သြား❗️ Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ်ချင်ကျော်သွား❗️
500K 28.2K 41
"ဒီလူသားဟာနွယ့်ကိုချစ်ဖို့​မွေးဖွားလာတာပါနွယ်" "ဒီလိုဆို ​ဟောဒီကနွယ်ကလည်း ​သော်တာပြည့်ဖြိုးဆိုတဲ့လူသား​လေးဆီမှာအချစ်ခံဖို့​မွေးဖွားလာတာပါရှင့်"