Part 7
"မောင်~ဘာလုပ်နေတာလဲ"
နောက်မှအသံကြားတာကြောင့် ဇုဏ်းလှည့်ကြည့်တော့ သူ့ရဲ့ဆူးလေးပင်...
အိပ်မှုန်မပြယ်သေးလို့ ထင်ပါရဲ့ မပွင့်တပွင့်ဖြစ်နေတဲ့ မျက်လုံးလေးတွေကို လက်ဖြင့်ပွတ်လို့
"တအား ပွတ်မနေနဲ့ ဆူး မျက်ဆံတွေထိမယ် "
ပြောကာမှ လက်လေးနှစ်ဖက်ကိုပြန်ချပြီး ဇုဏ်းထံလျှောက်လာလေသည်
"မောင်~မင်းညကြီးဘာထလုပ်နေတာလဲ အခုကရော ဘယ်အချိန်ရှိပြီလဲ"
ဆူးရဲ့အမေးကြောင့် လက်ကောက်ဝတ်မှနာရီအားတစ်ချက်ကြည့်လိုက်ပြီး
"မနက်တစ်နာရီကျော်နေပြီ မောင်အာခေါင်ခြောက်လို့ ကော်ဖီသောက်နေတာ"
"ညကြီး ကော်ဖီသောက်တာမကောင်းဘူး "
"မောင်သိပါတယ် ဆူးပြန်သွားအိပ်တော့လေ မောင်လိုက်လာခဲ့မယ်"
"မောင်~ "
"အင်းးး"
ညုတုတုသံရှည်ကြီးဆွဲပြီး မောင့်အားနောက်ကျောမှဖက်တွယ်ထားလိုက်သည်
"ငါမင်းကို အကြာကြီးဖက်ထားချင်တယ်
တကယ်အကြာကြီး "
ငါပြောင်းလဲသွားတာ အမှန်လားသိချင်တယ်မောင် ငါမောင့်ကိုချစ်နေသေးတယ် ထင်ပါတယ် တစ်ခါတလေစိတ်ပျက်မိတာလေးကလွဲလို့ပေါ့
မောင့်ဆီက ပြန်ဖြေသံမကြားရဘဲ သက်ပြင်းချသံကိုသာကြားရသည် ဆူးမောင့်ကို ဖက်ထားတဲ့ လက်တွေကိုရုတ်သိမ်းလိုက်ပြီး ကော်ဖီခွက်ကိုင်ထားတဲ့ဘက် မောင့်ရဲ့လက်ကောက်ဝတ်လေးရှိ လက်ပတ်လေးကို ညင်ညင်သာသာလေးထိတွေ့ကြည့်လိုက်သည်
"မောင် ဒါက ငါတို့ ပထမဆုံးတွဲခဲ့တဲ့နေ့တုန်းက အမှတ်တရနေ နဲ့ ငါပေးခဲ့တာမလား ဒါကပျက်စီးနေပြီ အရောင်တောင်မမြင်ရတော့ဘူး နာရီကလည်း အတော့်ကိုဟောင်းနေပြီ"
ဆူး အဲတုန်းကမောင့်ကိုပေးခဲ့တာ တန်ဖိုးကြီးအရာများမဟုတ်ခဲ့ပါ ရိုးရိုးရှင်းရှင်း ချည်လက်ပတ်လေးတစ်ခုနှင့် နာရီတစ်ခုပါပဲ...
ဒါကိုမောင်က အခုထိဆင်ထားတုန်းပင် ဆူးကတော့မောင်ပေးခဲ့တဲ့ ထီးလေးကို တစ်ပါတ်ပင်မကြာ ပျောက်သွားသည် ..
ဘယ်ဘက်လက်ရှိ ဆွေးမြေ့နေပြီဖြစ်လို့ချည်မျှင် ပြတ်စလေးတွေထွက်နေပြီး အနီရောင်ကိုမှ အရောင်ကျွတ်ကာ ပန်းနုရောင်ပြောင်းနေသည့် လက်ပတ်လေးနှင့် ညာဘက်လက်ရှိ မှန်ပြင်မှာ ခြစ်ရာလေးတွေ ဗရပွနဲ့ နာရီလေးတစ်ခုကမောင့်လက်လေး ပေါ် မှာ အသီးသီးနေရာယူခဲ့ကြတာ နှစ်နှစ်ပင်ကျော်ခဲ့ပေါ့..မောင်ရယ်အစွဲအလမ်းကြီးလိုက်တာ..
"ဆူးနဲ့ပါတ်သက်တဲ့ အမှတ်တရတွေအကုန်လုံးကိုမောင်သိမ်းထားမှာဆူးနဲ့ပါတ်သက်လာရင် ဟောင်းသွားတယ် ဆိုတာမျိုး မရှိဘူး"
"ဟင်းးငါ တကယ်ကောင်းတဲ့လူကိုရထားတာပဲ"
"အဲဒီလူက စိတ်ပျက်စရာ ကောင်းအောင်လည်းနေတတ်တယ် ဆူးကသည်းခံပေး"
ဆူးရဲ့မောင်ကလေ အဲဒီလို မထိတထိပြောရတာကိုလည်းအတော့သဘောခွေ့ပုံပါပဲ ဒါပေမယ့် မလုံမလဲဖြစ်ရသူ ဆူးကပဲ စကားလွှဲရသည်
"အင်းးးအခုသောက်ပြီးပြီမလား ပြန်သွားအိပ်ရအောင်"
"အင်း မောင်ပြောစရာ ရှိတာပဲ မနက်မှပြောတော့မယ်"
ဆူးလည်းခေါင်းငြိမ့်ပြလိုက်ပြီး အပေါ်သို့်တက်လာလိုက်သည် မောင်ကလည်းဆူးနောက် မလှမ်းမကမ်းမှလိုက်လာသည် အခန်းထဲရောက်တော့ နှစ်ယောက်သား ဘာစကားမှ မပြောကြတော့ပါဘဲ အိပ်ယာဝင်လိုက်ကြသည်..
အတော်အတန်ကြာသည်အထိ ဆူးအိပ်မပျော်ပါ အိပ်ချင်နေပေမယ့်အိပ်မရတာပါ ဘာလို့ဆို ဘေးက လူက တလှုပ်လှုပ်နဲ့ သက်ပြင်းရှည်တွေချလိုက် ဟိုလှည့်ဒီလှည့်လုပ်နေတာကို.. ကြည့်ရတာ မောင်အိပ်လို့မပျော်ဘူးထင်ပါရဲ့ အမြဲတမ်းဆူးကို *လူတစ်ယောက်ရဲ့အိပ်ချိန်က အနည်းဆုံး8နာရီရှိရတယ် ဒါမှကျန်းမာရေးကောင်းပြီး cellsတွေပုံမှန်လည်ပတ်လိမ့်မယ် ဒါကြောင့်မောင့်ဆူးက 8နာရီကျော်ချင်ကျော်ပလေ့စေ 8နာရီပြည့်အောင်တော့အိပ်ရမယ် " ဆိုပြီး ဆူးအိပ်ယာဝင် နောက်ကျတိုင်းပြောပြောတတ်တဲ့မောင်က သူကိုယ်တိုင်ရော အိပ်ရေးတွေပျက်နေတာ ဘာအကြောင်းကြောင့်ပါလိမ့်
ဆူးအိပ်မရဘူးပြောတိုင်း 'တစ် " ကနေစလို့ ဆူးမအိပ်ပျော်မချင်း ရေတွက်ကူခဲ့တဲ့မောင့်ကို ဆူးကရော ပြန်ပြီးအိပ်ပျော်အောင်ကူညီပေးရမှာလား
မင်းပြောခဲ့သလိုပဲမောင် အိပ်မပျော်ဘူးဆိုတာ မရှိတာမို့အိပ်ပျော်အောင်အိပ်ပါ မင်းကြောင့်နဲ့ငါပါ အတွေးများပြီး အိပ်မရဖြစ်နေပြီ အိပ်မပျော်လို့မနက်ကျမျက်တွင်းဟောက်ပက်ဖြစ်နေရင် ငါ့အတွက်တကယ်အဆင်မပြေဘူးမောင် ငါ့ကို စိတ်ပျက်အောင်မလုပ်ပါနဲ့လားကွာ..
ဆူးစိတ်ထဲမှ ထိုစကားများအား ရေရွတ်ကာ လက်တွေ့တွင်တော့ဖြင့် မောင့်ရဲ့ရင်ဘတ်နားကို ဖက်ကာ လက်ဖြင့် မောင့်ရဲ့ဆံပင်လေးတွေကို နူးနူးညံ့ညံ့လေးထိတွေ့ပေးနေလိုက်သည် ဆံပင်ကိုင်ရင် အိပ်ချင်ပါတယ်ဆိုတဲ့မောင် အိပ်ပျော်သွားစေရန်အလို့ငှာ.....
//////
မနက်မိုးလင်းတော့ ဆူးဘေးနားကို ရမ်းကြည့်လိုက်သည် သို့သော်ငြား မျှော်လင့်ထားသည့် ထိတွေ့မှုအားမရရှိပါဘဲ ကွက်လပ်ဖြစ်နေသည့် နေရာလေးကိုသာရမ်းမိသည်
အစောကြီးထသွားပြန်ပြီထင်ပါရဲ့ ညကလည်းသေချာမအိပ်ပဲ အခုလိုတွေလုပ်နေပြန်ပြီ
ဆူးလည်းဆက်မတွေးတော့ဘဲ ရေချိုးခန်းဝင် မျက်နှာသစ် သန့်ရှင်းရေး လုပ်ပြီး အောက်ထပ်ဆင်းလာခဲ့သည် ခြေလှမ်းတို့် စိတ်၏ ခိုင်းစေရာအတိုင်း လူတစ်ယောက်ရှိသည့် နေရာသို့ ဦးတည်နေသည်
"ဆူး နိုးလာပြီလား "
သို့သော် မျှော်လင့်ထားသည့် နေရာမှမဟုတ်ဘဲ အခြားနေရာမှထွက်လာသည့်အသံကြောင့် ဆူးလှည့်ကြည့်လိုက်သည် မောင်က ဝတ်စုံပြည့်နဲ့ အလုပ်တောင်သွားတော့မှာ ဆူးထင်ခဲ့တာ အရင်နေ့တွေကလို မနက်စာပြင်ထားနှင့်ပြီး ဆူးနဲ့အတူစားဖို့စောင့်နေမယ်ပေါ့ အခုတော့
"အင်းးမောင်အလုပ်သွားတော့မလို့လား"
"အင်း".
"မင်း မနက်စာစားပြီးပြီလား "
"ဟင့်အင်း မောင်မဆာလို့ ဆူးအတွက်ပြင်ထားပေးခဲ့တာ် ကုန်အောင်စားနော် မောင် Dutyရှိလို့ သွားတော့မယ်"
ပြောပြီး မောင်ကထွက်သွားရန် ဟန်ပြင်နေသည်
"မောင်"..
ဘာလဲ ဆိုသည့်အကြည့်ဖြင့်မောင်က ကြည့်နေသည်မို့ ဆူး မောင့်မျက်နှာအရိပ်ကဲလေးအားတစ်ချက်ကြည့်ကာ
"မင်း စိတ်ညစ်စရာတွေများ ရှိနေလို့လား"
ထိုအခါ တံခါးပေါက်ဝနားရောက်ပြီးသား မောင်က ဆူးဘက်ကို ခြေလှမ်းပြန်လှမ်းလာခဲ့ပြီး ဆူးနားရောက်တော့ ဆူးဆံပင်လေးတွေကို သပ်ကာ
"ဆူးအတွေးလွန်နေပါပြီ မောင်ကပုံမှန်ပဲတကယ်အလုပ်ရှိလို့ "
အေးချမ်းလှသည့်အပြုံးလေးအားပြုံးပြကာ ထွက်သွားတော့မည့်သူ၏ coat အားလက်သွယ်သွယ်တို့ဖြင့်ဆွဲထားမိပြန်၏
"ဘာဖြစ်ပြန်ပြီတုန်းမောင့်ဆူးရဲ့".
"မနေ့ညက မင်းပြောတာ ဒီနေ့မနက် မင်းပြောစရာရှိတယ်ဆို"..
ထိုအခါမှမောင်က မှတ်မိသွားဟန်လေးပြုကာ
"ဟုတ်သားပဲ မောင်ဒီနေ့ ညနေနယ်ဘက်ဆင်းရမယ် ပြောမလို့်ပါ "
"ဘယ်ဘက်လဲ ကြာမှာလား"
"မဝေးပါဘူး ဒီနားလေးတင် နှစ်ရက်လောက်ပဲကြာမှာ သန်ဘက်ခါ ပြန်ရောက်မှာပါ"
"အော် အင်း သွားတော့ရပြီ မင်းနောက်ကျနေမယ်"
အင်းအဲ မလုပ်ဘဲ ထွက်သွားသူ၏ ကျောပြင်လေးကိုကြည့်ကာ ဆူးစိတ်ထဲမှ တွေးလိုက်သည် (24.11.2022) သန်ဘက်ခါမှာ ကျရောက်မယ့် ငါ့ရဲ့ အသက်၂၉နှစ်ပြည့်မွေးနေ့ကိုတော့မင်းမမေ့ဘူးမလား ..
ဆူးလည်း ပြင်ဆင်မှုတွေသာ ပြုလုပ်လိုက်တော့သည် တကယ်တော့ သူလည်းတစ်ယောက်တည်း စားသောက်ရတာကိုငြီးငွေ့ပါသည်
"Why you always ina mood 🎶
Fu*kin round actin brand new🎶🎶
ဖုန်းမြည်သံကြောင့် ဖုန်းကောက်ကိုင်လိုက် တစ်ဖက်မှပြောစကားကြောင့် အမြန်ပြင်ဆင်ပြီး ဖုန်းခေါ်ဆိုသူရှိရာ Studio ဆီသို့ ခရီးနှင်လိုက်သည်
"ကိုတည် စောရောက်နေတာလား"
"ဆူးက နောက်ကျနေတာပါ"
ရယ်သွမ်းသွေးရင်းပြောလာသည့် ကိုတည်ကြောင့် သူပါဝင်ရောကာ ရယ်လိုက်သည်
"ကိုတည်ကတော့ ဆူးကအိမ်မှာလည်း အလုပ်လုပ်နေရတာ"
ဟန်မူလေးပိုကာ ပြောလိုက်တော့ကိုတည်က မျက်လုံးလေးမှေးစင်းကာ လှောင်ကြည့်ကြည့်လာသည်
"စားတဲ့အိပ်တဲ့အလုပ်လား တကယ်ပင်ပန်းနေရှာတော့မှာ နားချေအုံး သွားသွား"
"အဲ့ဒီ ကိုတည်ကတော့ ဆူးကိုဆို လှောင်မယ်ဆိုတာချည်း"
စိတ်ကောက်သည့်ပုံစံလေးလုပ်ကာ ဆောင့်အောင့်ထွက်သွားသူကြောင့် နောက်မှလိုက်ရပြန်သည် အ့တာပြောတာ ကောက်ချင်ပြီဆို မရှိတာ ရှာကြံကောက်တာ
"ဆူး ကိုယ်ကစတာလေ အော်"
"စတယ်ဆိုတာမရှိဘူး ဟွင့်"
ဟွင့်ခနဲလုပ်ပြကာ နောက်ပြန်သွားနေသူက ရှေ့မှ တိုင်ကိုကျောပေးထား၍ မြင်ရမည်မဟုတ်
"ဆူးး ရပ်အုန်း"
"မရပ်ဘူး အာ့"
ပြောရင်းတန်းလန်းပင် ဆူးရဲ့နောက်စေ့နှင့် တိုင်မှာမိတ်ဆက်သွား၏
"ဟာ ရပ်ပါပြောနေတာကို ဘယ်မလဲနာသွားပြီလား"
"မနာပါဘူး နည်းနည်းလေးထုံနေတာ"
သွားလေးဖြီးပြကာ ပြောနေသူသည် မည်မျှပင်ချစ်စရာကောင်းနေမည်ဆိုတာ သူ့ကိုယ်သူ မသိလေရော့သလား အမူရာတစ်ခုနဲ့တင် ဖမ်းစားနိုင်လွန်းသူ ကလေးငယ်ရယ်
"လာ ကိုယ် အုံဖွလုပ်ပေးမယ်"
"ဟမ်..."
ပြန်မဖြေဘဲ ကြောင်အအလုပ်နေသူလေးကို ဆွဲကာ ထိသွားသောနောက်စေ့နားလေးကိုရမ်းကြည့်လိုက်သည်
"ရောင်တော့မရောင်သွားဘူး အုံဖွ နာသေးလား"
"အာ....နည်းနည်း"
နည်းနည်းဆိုသည်ကြောင့် ရသမျှအခွင့်အရေးကို အရယူကာ မိုးမြေတည် မျက်ရှာရှေ့ရှိ ခေါင်းလုံးလုံးလေးက နှုတ်ခမ်းတို့ဖြင့် ဖိကပ်နမ်းလိုက်သည်
"အာ..ရတယ် ကိုတည် ဆူးသက်သာနေပြီ"
တစ်ဖက်မှ ပြန်လည်တွန်းထုတ်မှုကြောင့် မိုးမြေ နှုတ်ခမ်းတို့အား ဆံကေသာနုနုလေးဆီမှဖယ်လိုက်ပြီး
"ဆောရီး"
"ရပါတယ် ဒါနဲ့ ကိုတည် ပြောစရာရှိတယ်ဆိုတာက "
"အာ.ကိုယ်မှတ်မိသလောက်ဆို သန်ဘက်ခါ ဆူးမွေးနေ့မလား ကိုယ်တို့တွေတစ်ခုခုပြင်ဆင်ကြမလား"
"ဟမ် ဝေးသေးတာကို အခုကတည်းကလား ''
မျက်လုံးလေးပြူးကာပြန်ပြောလာသည့်ဆူးကြောင့် မိုးမြေအလိုလိုပြုံးမိသွားသည် ချစ်စရာအပြုအမူတွေက မကုန်ခမ်းနိုင်သေးပါလား ကလေးငယ်ရယ်
"ဆူး Birthdayလုပ်ချင်တယ်မလား ဆူးလုပ်ချင်တဲ့ပုံစံအရ စီစဥ်ထားဖို့လိုတယ်လေ "
"ဒါပေမယ့်.ဆူး"
"ဘာဖြစ်လို့လဲ"
မောင်နဲ့အတူလည်း နှစ်ယောက်သား ရိုးရှင်းတဲ့ မွေးနေ့ပွဲလေးကိုလည်းလုပ်ချင်သေးတယ် ဒါပေမယ့် မောင်က ဆူးမွေးနေ့ကိုမေ့နေရင်ကော အရင်နှစ်ကဆို ၂၈ပြည့်ဖို့ တစ်ပါတ်လောက်အလိုကတည်းက နေ့တိုင်း Birthday အကြောင်းပြောနေတာ အခုကျ မောင်က
"ဆူး တစ်ခုခုဖြစ်လို့လား "
"အာ ဘာမှမဖြစ်ဘူး မွေးနေ့ကမလုပ်ရင်ပဲကောင်းမယ် ထင်တယ် ဆူး ပျင်းတယ်"
"အာ..ဒါဆိုလည်းကိုယ်နဲ့အတူ အဲနေ့ကျရင် Dateကြမလား အတူတူ Birthdayလုပ်ကြမယ်လေ"
"ဆူးစဥ်းစားလိုက်အုန်းမယ် ဆူးရဲ့မောင်က သဘောတူမလားမေးရမှာ"
ကိုတည်ရဲ့ မျှော်လင့်ချက်ကြီးကြီးအကြည့်တွေကြောင့် ဆူး ယတိပြတ်မငြင်းရက်ခဲ့ပေ ဆူး ကိုတည်ကိုလည်းအခွင့်ရေးပေးချင်နေပေမယ့် မောင့်ကိုလည်း မျှော်လင့်ကြည့်ချင်သေးတယ်
"အင်းပါ အကယ်၍ သူသဘောတူရင် မဟုတ်ဘူး သူမေ့နေခဲ့ရင် ကိုယ်ကဆူးဘေးမှာရှိနေပေးမယ်"
"နားလည်ပေးလို့ ကျေးဇူးပါ ကိုတည်"
"အင်း.."
Part7 end....
ပေါ့သွားတယ်ဆိုတာသိပါတယ်
Zawgyi
Part 7
"မောင်~ဘာလုပ်နေတာလဲ"
"မောင်~ "
"အင်းးး"
တကယ်အကြာကြီး "
ငါပြောင်းလဲသွားတာ အမှန်လားသိချင်တယ်မောင် ငါမောင့်ကိုချစ်နေသေးတယ် ထင်ပါတယ် တစ်ခါတစ်လေစိတ်ပျက်မိတာလေးကလွဲလို့ပေါ့
ဘယ်ဘက်လက်လေးမှာ ဆွေးမြေ့နေပြီဖြစ်လို့ချည်မျှင် ပြတ်စလေးတွေထွက်နေပြီး အနီရောင်ကိုမှ အရောင်ကျွတ်ကာ ပန်းနုရောင်ပြောင်းနေသည့် လက်ပတ်လေးနှင့် ညာဘက်လက်မှာတော့ မှန်ပြင်မှာ ခြစ်ရာလေးတွေ ဗရပွနဲ့ နာရီလေးတစ်ခုကမောင့်လက်လေး ပေါ် မှာ အသီးသီးနေရာယူခဲ့ကြတာ နှစ်နှစ်ပင်ကျော်ခဲ့ပေါ့..မောင်ရယ်အစွဲအလမ်းကြီးလိုက်တာ..
ဆူးရဲ့မောင်ကလေ အဲဒီလို မထိတထိပြောရတာကိုလည်းအတော့သဘောခွေ့ပုံပါပဲ ဒါပေမယ့် မလုံမလဲဖြသ်ရသူ ဆူးကပဲ စကားလွှဲရသည်
အတော်အတန်ကြာသည်အထိ ဆူးအိပ်မပျော်ပါ အိပ်ချင်နေပေမယ့်အိပ်မရတာပါ ဘာလို့ဆို ဘေးက လူက တလှုပ်လှုပ်နဲ့ သက်ပြင်းရှည်တွေချလိုက် ဟိုလှည့်ဒီလှည့်လုပ်နေတာကို.. ကြည့်ရတာ မောင်အိပ်လို့မပျော်ဘူးထင်ပါရဲ့ အမြဲတမ်းဆူးကို *လူတစ်ယောက်ရဲ့အိပ်ချိန်က အနည်းဆုံး8နာရီရှိရတယ် ဒါမှကျန်းမာရေးကောင်းပြီး internal organelles တွေ cellsတွေပုံမှန်လည်ပတ်လိမ့်မယ် ဒါကြောင့်မောင့်ဆူးက 8နာရီကျော်ချင်ကျော်ပလေ့စေ 8နာရီပြည့်အောင်တော့အိပ်ရမယ် ဒါကမောင့်ရဲ့ စေတနာအမိန့်မို့ ဆူးမလွန်ဆန်ရဘူး" ဆိုပြီး ဆူးအိပ်ယာဝင် နောက်ကျတိုင်းပြောပြောတတ်တဲ့မောင်က သူကိုယ်တိုင်ရော အိပ်ရေးတွေပျက်နေတာ ဘာအကြောင်းကြောင့်ပါလိမ့်
ဆူးအိပ်မရဘူးပြောတိုင်း 'သိုးကလေး တစ်ကောင် သိုးကလေး နှစ်ကောင်" ကနေစလို့ ဆူးမအိပ်ပျော်မချင်း ရေတွက်ကူခဲ့တဲ့မောင့်ကို ဆူးကရော ပြန်ပြီးအိပ်ပျော်အောင်ကူညီပေးရမှာလား
//////
ဆူးလည်းဆက်မတွေးတော့ဘဲ Bathroom ဝင် မျက်နှာသစ် သန့်ရှင်းရေး လုပ်ပြီး အောက်ထပ်ဆင်းလာခဲ့သည် ခြေလှမ်းတို့် စိတ်၏ ခိုင်းစေရာအတိုင်း လူတစ်ယောက်ရှိသည့် နေရာသို့ ဦးတည်နေသည်
"ဆူး နိုးလာပြီလား "
"အင်း".
"မောင်"..
"ဘယ်ဘက်လဲ ကြာမှာလား"
အင်းအဲ မလုပ်ဘဲ ထွက်သွားသူ၏ ကျောပြင်လေးကိုကြည့်ကာ ဆူးစိတ်ထဲမှ တွေးလိုက်သည် (31.12.2022) သန်ဘက်ခါမှာ ကျရောက်မယ့် ငါ့ရဲ့ အသက်၂၉နှစ်ပြည့်မွေးနေ့ကိုတော့မင်းမမေ့ဘူးမလား ..
"Why you always ina mood 🎶
"ဆူးက နောက်ကျနေတာပါ"
"ဆူး ကိုယ်ကစတာလေ အော်"
ဟွင့်ခနဲလုပ်ပြကာ နောက်ပြန်သွားနေသူမှ ရှေ့မှ တိုင်ကိုကျောပေးထား၍ မြင်ရမည်မဟုတ်
"ဆူးး ရပ်အုန်း"
"မရပ်ဘူး အာ့"
သွားလေးဖြီးပြကာ ပြောနေသူသည် မည်မျှပင်ချစ်စရာကောင်းနေမည် သူ့ကိုယ်သူ မသိလေရော့သလား အမူရာတစ်ခုနဲ့တင် ဖမ်းစားနိုင်လွန်းသူ ကလေးငယ်ရယ်
"ဟမ်..."
"အာ....နည်းနည်း"
"ဆောရီး"
"ဒါပေမယ့်.ဆူး"
"ဘာဖြစ်လို့လဲ"
"အင်း.."
Part 6 End....