*ဖြန်း...*!!!!
"အား..."
"မအားနဲ့ဘယ်အချိန်ရှိနေပြီလည်းဟမ်.."
"ဟိုမှာတိုင်ကပ်နာရီရှိတယ်လေမေကြီးရာ၊မဟုတ်လည်းဖုန်းတွေရှိနေတာကိုကြည့်ပါလား"
"အိပ်စုံမှုံဝါးနဲ့နင့်ဖင်နောက်ထပ်ဗျောတင်မခံချင်ရင်ထတော့နော်"
"ဗေျာတင်မဲ့အစားရှားလက်ဝါးသာတင်ပေးပါမေကြီးရာ.."
ရွာသားငယ်စကားအဆုံးတွင်..
"ဖြန်း...ဖြန်း..တော်တော်ဖြစ်နေတဲ့ကောင်..ဖြန်း.."
"အား..မေကြီး.နာတယ်လို့"
အိပ်ရာပေါ်ငုတ်တုတ်လေးထိုင်ကာလက်နှစ်ဖက်ဖြင့်တင်ပါးကိုပွတ်ကာငိုမဲ့မဲ့ပြောနေတဲ့သားလေးကြောင့်ဒေါ်ငွေသားချယ်သနားရပြန်သည်။
သားနာမည်ကရွာသားငယ်၊အသက်ကတော့နှစ်ဆယ့်သုံးနှစ်ရှိပြီ၊ပြောရရင်လင်လည်းလိုချင်တတ်နေပြီ။
အသားအရေကအဖြူကြီးလည်းမဟုတ်ပေ၊အညိုထဲလည်းမပါပြန်ဘူး၊ဝင်းအိအိလေးထဲကပင်အညိုသာသာအဖြူမရောက်လေးပေါ့၊အရပ်အမောင်းလည်းငါးပေကိုးလက်မရှိတာကြောင့်ရှည်တဲ့အထဲပါသည်၊နှုတ်ဖူးပြင်မကျဥ်းမကျယ်လေးရယ်၊ထူထဲတဲ့မျက်ခုံးနဲ့သွယ်လျကာလှပတဲ့မေးရိုးချွန်ချွန်လေးရယ်၊နှာတံစင်းစင်းနဲ့မထူမပါးအသည်းပုံနှုတ်ခမ်းလေးကတစ်ကယ်ကိုချောလည်းချောလှလည်းလှပါသည်၊အလှဆုံးကမျက်လုံးတွေပင်၊သမင်လိုမျက်လုံးတွေနဲ့နှစ်ထပ်ရှိတဲ့မျက်ရစ်ကျယ်လေးတွေကတစ်ခါမြင်ပြီးနောက်ထပ်မြင်ချင်လောက်အောင်ပင်၊ညာဘက်မျက်ရစ်အစွန်ကမှဲ့်စိမ်းသေးသေးလေးကြောင့်အူယားစရာတစ်မျိုးကောင်းသေးသည်။
ဒီလိုအချောအလှလေးကသူကြီးသားတုထက်ရှားမှမဟုတ်ရင်ဘယ်သူ့မှအိမ်ထောင်ဖက်မရွေးချယ်ဘူးလို့ကကြွေးကြော်ထားသေးတာ။
မနက်ဆိုဖင်ထဲနေဝင်အောင်အိပ်၊နေ့လည်ဆိုဖင်ထဲနေရောင်ခြည်ဝင်အောင်အိပ်၊ညဆိုဇီးကွက်သိုင်းကျင့်တော့တာပဲ၊မနက်ဆိုနှိုးမရတော့ဘူး၊ဖတ်လိုက်တဲ့wp၊ကြည့်လိုက်တဲ့bl၊သူ့မှာအားတယ်လို့ကိုမရှိဘူး၊၊
အခုလည်းတန်ဆောင်မုန်းလပြည့်နေ့မို့သူ့ဦးလေးကရွာလည်ကျောင်းမှာကြာဇံဟင်းခါးကုသိုလ်လုပ်မှာ၊လုပ်ကူဖို့ခေါ်ထားတာကိုနေလာရာဖင်ပေးကောင်းတုန်း၊လုံးဝန်းနေတဲ့ဖင်လုံးလုံးလေးကိုဝါးခြမ်းပြားနဲ့မိတ်ဆက်ပေးလိုက်တော့ငိုမဲ့မဲ့။
"မေကြီး"
ငိုမဲ့မဲ့နဲ့ကုတင်ဘေးမတ်တပ်ရပ်နေတဲ့ကိုယ့်ရင်ခွင်ထဲဝင်လာတဲ့အချွဲလုံးကြောင့်ထွက်နေတဲ့ဒေါသတွေကြက်ပြောက်ငှက်ပြောက်။
"မဆိုးစမ်းပါနဲ့မေ့သားရယ်"
"အဟင့်.တားအိပ်ချင်ရယ်"
မပီကလာနဲ့ပြောလာတဲ့အသံအချိုချိုလေးကအရာအားလုံးလိုက်လျောဖို့လုံလောက်သည်ထက်ပိုသည်၊သို့သော်....
"မရဘူး..သားဦးလေးကစောင့်နေမှာပေါ့"
"သားယောကျ်ားရောစောင့်နေမှာလား"
"ရွာသားငယ်"
"ခင်ဂျာ..ထပြီမေကြီး..ဟီး"
"ဟင်း..ဟင်း..,ကြပ်ကြပ်သတိထား"
"ဟီး.."
စကားပြောရင်သူ့လင်အကြောင်းမပါရင်မပြီးဘူး၊တုထက်ရှားဆိုတာသူ့ဆိုရင်ချေလိုက်တာညက်ညက်ကိုကြေလို့၊ငယ်ထဲကလူကြီးချင်းသဘောတူလို့စေ့စပ်ထားကြပေမဲ့တုထက်ရှားကသားငယ်ကိုသူငယ်ချင်းထက်ပိုတယ်မထင်ပေ၊အင်း...သားငယ်ဘက်ကတစ်ဖက်သတ်ထင်ပါရဲ့။
.........
"ထက်ထက်.."
"ရော့..ဘတ်.ဘတ်"
"ဟီး.."
ဦးမြင့်တို့အလှူကုသိုလ်အတွက်ထင်းခွဲနေတုန်းရောက်လာတဲ့အဝင်းလုံး၊လူကိုမြင်တာနဲ့မထော်မနှမ်းတွေသိပ်လုပ်ပါသည်၊မကြိုက်ပါဘူးပြောထားလည်းမရ၊ထက်ထက်လို့ခေါ်တာကြောင့်ပေါင်နှစ်ဖက်ပုတ်ပြလိုက်သည်၊တစ်ကယ့်ဆိုလိုရင်းကဘာဆိုတာသိတဲ့အဝင်းလုံးကဟီးကနဲရယ်လို့မသိယောင်ဆောင်ကာတမာတုံးပေါ်တက်ထိုင်နေသည်။
"ဒီညခိုးရအောင်"
"အမ်"
"ငာပြောတာကလည်ခိုးရအောင်လို့"
"ကြာသလားလို့"
"အဲ့လိုကြီးမငြင်းပါနဲ့လား"
"လဥ..ပုစိန်နဲ့ကောက်ပေါက်လိုက်မယ်..ဘယ်မှာငြင်းလို့တုန်း"
ယောကျ်ားမျက်စောင်းတစ်ချက်ကျွေးပြီးထင်ပြန်ခွဲနေတဲ့မောင်ကရွာသားကမ္ဘာကြီး၊အညိုဆင်ကြီးကသူ့အပိုင်လို့တွေးလိုက်တာနဲ့အခုန်မြန်လာတဲ့ရင်ဘတ်ကြောင့်ပြုံးလိုက်မိသည်။
မောင်ဆိုတဲ့နာမ်စားကတည့်တုန်းပဲခေါ်ပါသည်၊လပိုင်းပဲငယ်တဲ့ငယ်သူငယ်ချင်းတွေမို့အနုအယွသိပ်မထားပေ။
မောင့်အရပ်ကခြောက်ပေနှစ်လက်မလောက်ရှိသည်၊ယောကျ်ားဆန်တဲ့မဟာနဖူး၊ထူထဲတဲ့မျက်ခုံး၊စူးရှတဲ့မျက်ဝန်း၊ဖြောင့်စင်းတဲ့နှာတံအပြင်တင်းတင်းစေ့ထားတတ်တဲ့အညိုရောင်နှုတ်ခမ်းလေးတွေလည်းရှိသေးသည်၊လေးထောင့်ဆန်တဲ့မေးရိုးတွေပါအဆစ်ထည့်လိုက်တော့..အင်း.ငါ့လင်အချောဆုံး။
မောင်နဲ့ရွာငယ်ကမတည့်တဲ့အချိန်ကများပါသည်၊ရွာငယ်ကမောင်မကြိုက်တာခဏခဏစသည်မောင်ကဆဲသည်၊တည့်တဲ့အချိန်လည်းရှိပါသေးသည်၊အဲ့ဒါကတော့ထန်းရေခိုးသောက်တဲ့အချိန်ရယ်၊ရွာထဲပေါင်းမွှေတဲ့အချိန်ရယ်၊ပွဲတော်ရက်တွေမှာသူများကိုကြပ်တဲ့အချိန်တွေမှာတော့သူမတူအောင်တည့်ပါသည်၊တစ်ခုရှိသေးတာကမောင်ကိုရွာငယ်တစ်ယောက်ပဲစမည်၊သူများစတာမကြိုက်ပါ၊မောင်သည်လည်းရွာငယ်ကိုသူသာဆဲမည်၊သူများဆဲရင်မကြိုက်ပါ။
"မောင်ကချောလိုက်တာငါ့လင်အညိုဆင်ကြီး "
ရွားသားအပြောကိုမောင်ကထင်းခွဲရင်လျစ်ခနဲပြုံးသည်။
"အခုမှသိတာလားအဝင်းလုံးက"
"ဟင့်အင်း..သိတာကြာပေါ့. ဟီး"
"ဟား..ဟား.."
"ဘာတွေရယ်နေတာတုန်း..ရွာငယ်မင်းကအလုပ်လာကူတာလား.လင်လာငမ်းတာလား"
အဝင်းလုံးနဲ့စနောက်ကာရယ်နေတုန်းဇရပ်နောက်ဘက်ရောက်လာတဲ့ဦးမြင့်ကအဝင်းလုံးကိုဆူနေတာကြောင့်ရှားစိတ်မကောင်းဖြစ်မိသည်၊မကြိုက်ပါအဲ့လိုဆူတာ၊ဒါပေမဲ့အဝင်းလုံးကဘယ်သူမို့လည်း...
"လင်လာငမ်းတာ၊အိမ်မှာထဲကလင်ငမ်းမဲ့စိတ်ကူးနဲ့လာတာဦးလေး"
"ဟေ့..မိနန်း..အဲ့ရှေ့ကဦးမြင့်မိန်းမဒေါ်လှကိုဒီနားလွှတ်လိုက်စမ်းပါဦးမြင့်ကပြောစရာရှိလို့တဲ့"
"ဟာ..ဟေ့ကောင်"
သွားပြီ..နောက်ကျသွားပြီ၊ကိုယ့်နေရာကိုယ်မနေပဲဒီနှစ်ကောင်ကြားဝင်ပြောတဲ့ကိုယ့်ပါးစပ်ကိုယ်သာပိတ်ရိုက်လိုက်ချင်သည်၊ကိုယ့်မိန်းမကိုလှမ်းခေါ်လိုက်တဲ့တုထက်ရှားကြောင့်ငိုချင်သွားသည်၊မင်းတို့ဘာသိလို့နှစ်ကောင်ပေါင်းချွန်တော့မှာ..
သိပ်မကြာဦးမြင့်မိန်းမဒေါ်လှရောက်လာသည်။
"မိန်း..အွန်း"
ခေါ်သံမဆုံးခင်ရွာသားငယ်သည်ဦးမြင့်ပါးစပ်အားလှမ်းပိတ်လိုက်တာကြောင့်စကားသံကတစ်ဝက်တစ်ပြက်။
"ဘာလဲမောင်ရှား..အယ်...ရွာငယ်လည်းရောက်နေတာပဲ..မင်းဦးလေးပါးစပ်ကိုဘာလို့ပိတ်ထားတာလဲ"
ဒေါ်လှစကားအဆုံးရွာသားငယ်နဲ့တုထက်ရှားမျက်နှာတွေသည်တမဟုတ်ချင်းငယ်သွားကာအလွင်အမင်းဝမ်းနည်းတဲ့ပုံဖြစ်သွားတော့သည်၊ပြီးမှတုထက်ရှားမှစလို့...
"ကျွန်တော်မပြောချင်တော့ပါဘူးဗျာ..အရီးအတွက်စိတ်မကောင်းဖြစ်ရလွန်းလို့ပါဗျာ...ဟင့်"
2022,11,7
.........
"
"အား..."
"မအားနဲ႕ဘယ္အခ်ိန္ရွိေနၿပီလည္းဟမ္.."
"ဟိုမွာတိုင္ကပ္နာရီရွိတယ္ေလေမႀကီးရာ၊မဟုတ္လည္းဖုန္းေတြရွိေနတာကိုၾကည့္ပါလား"
"အိပ္စုံမႈံဝါးနဲ႕နင့္ဖင္ေနာက္ထပ္ေဗ်ာတင္မခံခ်င္ရင္ထေတာ့ေနာ္"
"ေဗ်ာတင္မဲ့အစားရွားလက္ဝါးသာတင္ေပးပါေမႀကီးရာ.."
႐ြာသားငယ္စကားအဆုံးတြင္..
"ျဖန္း...ျဖန္း..ေတာ္ေတာ္ျဖစ္ေနတဲ့ေကာင္..ျဖန္း.."
"အား..ေမႀကီး.နာတယ္လို႔"
အိပ္ရာေပၚငုတ္တုတ္ေလးထိုင္ကာလက္ႏွစ္ဖက္ျဖင့္တင္ပါးကိုပြတ္ကာငိုမဲ့မဲ့ေျပာေနတဲ့သားေလးေၾကာင့္ေဒၚေငြသားခ်ယ္သနားရျပန္သည္။
သားနာမည္က႐ြာသားငယ္၊အသက္ကေတာ့ႏွစ္ဆယ့္သုံးႏွစ္ရွိၿပီ၊ေျပာရရင္လင္လည္းလိုခ်င္တတ္ေနၿပီ။
အသားအေရကအျဖဴႀကီးလည္းမဟုတ္ေပ၊အညိုထဲလည္းမပါျပန္ဘူး၊ဝင္းအိအိေလးထဲကပင္အညိုသာသာအျဖဴမေရာက္ေလးေပါ့၊အရပ္အေမာင္းလည္းငါးေပကိုးလက္မရွိတာေၾကာင့္ရွည္တဲ့အထဲပါသည္၊ႏႈတ္ဖူးျပင္မက်ဥ္းမက်ယ္ေလးရယ္၊ထူထဲတဲ့မ်က္ခုံးနဲ႕သြယ္လ်ကာလွပတဲ့ေမးရိုးခြၽန္ခြၽန္ေလးရယ္၊ႏွာတံစင္းစင္းနဲ႕မထူမပါးအသည္းပုံႏႈတ္ခမ္းေလးကတစ္ကယ္ကိုေခ်ာလည္းေခ်ာလွလည္းလွပါသည္၊အလွဆုံးကမ်က္လုံးေတြပင္၊သမင္လိုမ်က္လုံးေတြနဲ႕ႏွစ္ထပ္ရွိတဲ့မ်က္ရစ္က်ယ္ေလးေတြကတစ္ခါျမင္ၿပီးေနာက္ထပ္ျမင္ခ်င္ေလာက္ေအာင္ပင္၊ညာဘက္မ်က္ရစ္အစြန္ကမွဲ႔္စိမ္းေသးေသးေလးေၾကာင့္အူယားစရာတစ္မ်ိဳးေကာင္းေသးသည္။
ဒီလိုအေခ်ာအလွေလးကသူႀကီးသားတုထက္ရွားမွမဟုတ္ရင္ဘယ္သူ႕မွအိမ္ေထာင္ဖက္မေ႐ြးခ်ယ္ဘူးလို႔ကေႂကြးေၾကာ္ထားေသးတာ။
မနက္ဆိုဖင္ထဲေနဝင္ေအာင္အိပ္၊ေန႕လည္ဆိုဖင္ထဲေနေရာင္ျခည္ဝင္ေအာင္အိပ္၊ညဆိုဇီးကြက္သိုင္းက်င့္ေတာ့တာပဲ၊မနက္ဆိုႏွိုးမရေတာ့ဘူး၊ဖတ္လိုက္တဲ့wp၊ၾကည့္လိုက္တဲ့bl၊သူ႕မွာအားတယ္လို႔ကိုမရွိဘူး၊၊
အခုလည္းတန္ေဆာင္မုန္းလျပည့္ေန႕မို႔သူ႕ဦးေလးက႐ြာလည္ေက်ာင္းမွာၾကာဇံဟင္းခါးကုသိုလ္လုပ္မွာ၊လုပ္ကူဖို႔ေခၚထားတာကိုေနလာရာဖင္ေပးေကာင္းတုန္း၊လုံးဝန္းေနတဲ့ဖင္လုံးလုံးေလးကိုဝါးျခမ္းျပားနဲ႕မိတ္ဆက္ေပးလိုက္ေတာ့ငိုမဲ့မဲ့။
"ေမႀကီး"
ငိုမဲ့မဲ့နဲ႕ကုတင္ေဘးမတ္တပ္ရပ္ေနတဲ့ကိုယ့္ရင္ခြင္ထဲဝင္လာတဲ့အခြၽဲလုံးေၾကာင့္ထြက္ေနတဲ့ေဒါသေတြၾကက္ေျပာက္ငွက္ေျပာက္။
"မဆိုးစမ္းပါနဲ႕ေမ့သားရယ္"
"အဟင့္.တားအိပ္ခ်င္ရယ္"
မပီကလာနဲ႕ေျပာလာတဲ့အသံအခ်ိဳခ်ိဳေလးကအရာအားလုံးလိုက္ေလ်ာဖို႔လုံေလာက္သည္ထက္ပိုသည္၊သို႔ေသာ္....
"မရဘူး..သားဦးေလးကေစာင့္ေနမွာေပါ့"
"သားေယာက်္ားေရာေစာင့္ေနမွာလား"
"႐ြာသားငယ္"
"ခင္ဂ်ာ..ထၿပီေမႀကီး..ဟီး"
"ဟင္း..ဟင္း..,ၾကပ္ၾကပ္သတိထား"
"ဟီး.."
စကားေျပာရင္သူ႕လင္အေၾကာင္းမပါရင္မၿပီးဘူး၊တုထက္ရွားဆိုတာသူ႕ဆိုရင္ေခ်လိဳက္တာညက္ညက္ကိုေၾကလို႔၊ငယ္ထဲကလူႀကီးခ်င္းသေဘာတူလို႔ေစ့စပ္ထားၾကေပမဲ့တုထက္ရွားကသားငယ္ကိုသူငယ္ခ်င္းထက္ပိုတယ္မထင္ေပ၊အင္း...သားငယ္ဘက္ကတစ္ဖက္သတ္ထင္ပါရဲ႕။
.........
"ထက္ထက္.."
"ေရာ့..ဘတ္.ဘတ္"
"ဟီး.."
ဦးျမင့္တို႔အလႉကုသိုလ္အတြက္ထင္းခြဲေနတုန္းေရာက္လာတဲ့အဝင္းလုံး၊လူကိုျမင္တာနဲ႕မေထာ္မႏွမ္းေတြသိပ္လုပ္ပါသည္၊မႀကိဳက္ပါဘူးေျပာထားလည္းမရ၊ထက္ထက္လို႔ေခၚတာေၾကာင့္ေပါင္ႏွစ္ဖက္ပုတ္ျပလိုက္သည္၊တစ္ကယ့္ဆိုလိုရင္းကဘာဆိုတာသိတဲ့အဝင္းလုံးကဟီးကနဲရယ္လို႔မသိေယာင္ေဆာင္ကာတမာတုံးေပၚတက္ထိုင္ေနသည္။
"ဒီညခိုးရေအာင္"
"အမ္"
"ငာေျပာတာကလည္ခိုးရေအာင္လို႔"
"ၾကာသလားလို႔"
"အဲ့လိုႀကီးမျငင္းပါနဲ႕လား"
"လဥ..ပုစိန္နဲ႕ေကာက္ေပါက္လိုက္မယ္..ဘယ္မွာျငင္းလို႔တုန္း"
ေယာက်္ားမ်က္ေစာင္းတစ္ခ်က္ေကြၽးၿပီးထင္ျပန္ခြဲေနတဲ့ေမာင္က႐ြာသားကမၻာႀကီး၊အညိုဆင္ႀကီးကသူ႕အပိုင္လို႔ေတြးလိုက္တာနဲ႕အခုန္ျမန္လာတဲ့ရင္ဘတ္ေၾကာင့္ၿပဳံးလိုက္မိသည္။
ေမာင္ဆိုတဲ့နာမ္စားကတည့္တုန္းပဲေခၚပါသည္၊လပိုင္းပဲငယ္တဲ့ငယ္သူငယ္ခ်င္းေတြမို႔အႏုအယြသိပ္မထားေပ။
ေမာင့္အရပ္ကေျခာက္ေပႏွစ္လက္မေလာက္ရွိသည္၊ေယာက်္ားဆန္တဲ့မဟာနဖူး၊ထူထဲတဲ့မ်က္ခုံး၊စူးရွတဲ့မ်က္ဝန္း၊ေျဖာင့္စင္းတဲ့ႏွာတံအျပင္တင္းတင္းေစ့ထားတတ္တဲ့အညိုေရာင္ႏႈတ္ခမ္းေလးေတြလည္းရွိေသးသည္၊ေလးေထာင့္ဆန္တဲ့ေမးရိုးေတြပါအဆစ္ထည့္လိုက္ေတာ့..အင္း.ငါ့လင္အေခ်ာဆုံး။
ေမာင္နဲ႕႐ြာငယ္ကမတည့္တဲ့အခ်ိန္ကမ်ားပါသည္၊႐ြာငယ္ကေမာင္မႀကိဳက္တာခဏခဏစသည္ေမာင္ကဆဲသည္၊တည့္တဲ့အခ်ိန္လည္းရွိပါေသးသည္၊အဲ့ဒါကေတာ့ထန္းေရခိုးေသာက္တဲ့အခ်ိန္ရယ္၊႐ြာထဲေပါင္းေမႊတဲ့အခ်ိန္ရယ္၊ပြဲေတာ္ရက္ေတြမွာသူမ်ားကိုၾကပ္တဲ့အခ်ိန္ေတြမွာေတာ့သူမတူေအာင္တည့္ပါသည္၊တစ္ခုရွိေသးတာကေမာင္ကို႐ြာငယ္တစ္ေယာက္ပဲစမည္၊သူမ်ားစတာမႀကိဳက္ပါ၊ေမာင္သည္လည္း႐ြာငယ္ကိုသူသာဆဲမည္၊သူမ်ားဆဲရင္မႀကိဳက္ပါ။
"ေမာင္ကေခ်ာလိုက္တာငါ့လင္အညိုဆင္ႀကီး "
႐ြားသားအေျပာကိုေမာင္ကထင္းခြဲရင္လ်စ္ခနဲၿပဳံးသည္။
"အခုမွသိတာလားအဝင္းလုံးက"
"ဟင့္အင္း..သိတာၾကာေပါ့. ဟီး"
"ဟား..ဟား.."
"ဘာေတြရယ္ေနတာတုန္း..႐ြာငယ္မင္းကအလုပ္လာကူတာလား.လင္လာငမ္းတာလား"
အဝင္းလုံးနဲ႕စေနာက္ကာရယ္ေနတုန္းဇရပ္ေနာက္ဘက္ေရာက္လာတဲ့ဦးျမင့္ကအဝင္းလုံးကိုဆူေနတာေၾကာင့္ရွားစိတ္မေကာင္းျဖစ္မိသည္၊မႀကိဳက္ပါအဲ့လိုဆူတာ၊ဒါေပမဲ့အဝင္းလုံးကဘယ္သူမို႔လည္း...
"လင္လာငမ္းတာ၊အိမ္မွာထဲကလင္ငမ္းမဲ့စိတ္ကူးနဲ႕လာတာဦးေလး"
"ေဟ့..မိနန္း..အဲ့ေရွ႕ကဦးျမင့္မိန္းမေဒၚလွကိုဒီနားလႊတ္လိုက္စမ္းပါဦးျမင့္ကေျပာစရာရွိလို႔တဲ့"
"ဟာ..ေဟ့ေကာင္"
သြားၿပီ..ေနာက္က်သြားၿပီ၊ကိုယ့္ေနရာကိုယ္မေနပဲဒီႏွစ္ေကာင္ၾကားဝင္ေျပာတဲ့ကိုယ့္ပါးစပ္ကိုယ္သာပိတ္ရိုက္လိုက္ခ်င္သည္၊ကိုယ့္မိန္းမကိုလွမ္းေခၚလိုက္တဲ့တုထက္ရွားေၾကာင့္ငိုခ်င္သြားသည္၊မင္းတို႔ဘာသိလို႔ႏွစ္ေကာင္ေပါင္းခြၽန္ေတာ့မွာ..
သိပ္မၾကာဦးျမင့္မိန္းမေဒၚလွေရာက္လာသည္။
"မိန္း..အြန္း"
ေခၚသံမဆုံးခင္႐ြာသားငယ္သည္ဦးျမင့္ပါးစပ္အားလွမ္းပိတ္လိုက္တာေၾကာင့္စကားသံကတစ္ဝက္တစ္ျပက္။
"ဘာလဲေမာင္ရွား..အယ္...႐ြာငယ္လည္းေရာက္ေနတာပဲ..မင္းဦးေလးပါးစပ္ကိုဘာလို႔ပိတ္ထားတာလဲ"
ေဒၚလွစကားအဆုံး႐ြာသားငယ္နဲ႕တုထက္ရွားမ်က္ႏွာေတြသည္တမဟုတ္ခ်င္းငယ္သြားကာအလြင္အမင္းဝမ္းနည္းတဲ့ပုံျဖစ္သြားေတာ့သည္၊ၿပီးမွတုထက္ရွားမွစလို႔...
"ကြၽန္ေတာ္မေျပာခ်င္ေတာ့ပါဘူးဗ်ာ..အရီးအတြက္စိတ္မေကာင္းျဖစ္ရလြန္းလို႔ပါဗ်ာ...ဟင့္"
2022,11,7