"ကလေးလေး ကိုယ်ရှိတယ်နော်၊ကလေးကို ဘယ်သူကဘာလုပ်လိုက်လို့လဲ ကိုယ့်ကိုပြော"
"ဟင့်! ဘယ်သူကမှမလုပ်ဘူး၊ကျွန်တော်က လုပ်ခဲ့တာ အီးးဟီးးး"
သူကလည်း လုပ်လာသေးတယ်၊သူကပြန်ပြီးငိုနေသော ကလေးကြောင့် ခေတ်ဟန်တစ်ယောက် ချော့၍သာမေးမြန်းရပါတော့မည်။သူ့ကလေးက ဘယ်သူ့ကိုမှအကြောင်းအရင်းမရှိဘဲ ပြဿနာမရှာဘူးဆိုတာ သိနေ၍လည်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဤလူသားပေါက်စအား သူကအကြွင်းမဲ့ယုံကြည်သောကြောင့်ပင်။
"သူတို့က ကျွန်တော့်ကိုအရင်ရန်လာစတာ"
"ဟုတ်ပါပြီ၊ကိုယ်က ရာရာ့ကိုယုံတာမို့ ဘာဖြစ်ခဲ့တာလဲဆိုတာပြောပြမယ်မလား"
ရာရာသည် ခေါင်းလေးကိုခပ်ဖွဖွငြိမ့်လိုက်သည်။မျက်၀န်းများကိုကြည့်လိုက်ရုံနှင့် ထိုလူအားအရာရာပုံအပ်၍ယုံကြည်ပြီးဖြစ်ပါသည်။
"ကျွန်တော်က ပုံဆွဲနေတာကို သူတို့ကလာပြောတယ်၊မင်းရဲ့မောင်မောင်ကအခြောက်ကြီးတဲ့၊ပြီးတော့ သူနဲ့ပေါင်းပြီး မင်းပါခြောက်နေပြီတဲ့၊ယောက်ျားတစ်ယောက်ဖြစ်ပြီး ကိုယ်နဲ့မျိုးတူယောက်ျားတစ်ယောက်အောက်မှာသာယာနေတာ မရှက်ဘူးလားတဲ့"
အကြောင်းအရင်းမှန်ကိုသိလိုက်ရပြီမို့ ဤပြဿနာအား မကျယ်ပြန့်စေလို။
"အဲ့တော့ ကလေးကဘာပြန်ပြောလိုက်လဲ"
"မင်းတို့ကရော သူများရဲ့ဖြစ်တည်မှုကို လိုက်blameနေတာမရှက်ဘူးလား၊မင်းတို့ရဲ့မိဘတွေက မင်းတို့ကိုအဆင့်အတန်းမရှိအောင်သင်ပေးထားကြတာလားလို့ပြန်ပြောလိုက်တာ"
"အဲ့ဒါနဲ့....."
"ဆက်ပြီးတော့ဘာဖြစ်လဲ"ဟူသည့်သဘောဖြင့် သူမေးဆတ်ပြလိုက်တော့ ရာရာသည် ဖန်ခွက်အကြည်လေးထဲရှိ လက်ကျန်ရေကိုသောက်လိုက်ပြီး ပြန်ဖြေလာသည်။
"အဲ့ဒါနဲ့ သူတို့က ကျွန်တော့်ပုံဆွဲစာအုပ်ကို ဆွဲဖြဲပစ်တယ်၊ကျွန်တော်လည်း ဒေါသထွက်ပြီး ကျွန်တော့်ထမင်းချိုင့်နဲ့ သူတို့ခေါင်းကိုရိုက်လိုက်တာ ခေါင်းပေါက်သွားကြတယ်၊သွေးတွေထွက်လာတယ် သိလား၊ကျွန်တော်လည်းကြောက်ပြီး ပြန်လာခဲ့တာ"
"သူတို့ကဘယ်နှစ်ယောက်လဲ"
"သုံးယောက်"
လက်ကတော့တကယ်လျင်သည်။ဟိုဘက်က ဘာမှမလုပ်ရသေးဘဲ သူကအရင်လုပ်ပြီး ငိုပြေးလာသည်။ပြီးတော့လည်း သုံးယောက်တစ်ယောက်fightလာတယ်ဆိုပဲ။တကယ့်ဇိုးအစစ်။
ဟိုကလေးသုံးယောက်က ခေါင်းပေါက်သွားသည်မို့ သူ့ဆေးခန်းကိုရောက်လာမည်မှာမလွဲမသွေပင်။သူတို့ရောက်မလာခင် ခေတ်ဟန်တို့က ကျောင်းကိုအရင်ရောက်ဖို့လိုပါသည်။ဘာမှမစဉ်းစားနေတော့ဘဲ ဆေးအိတ်လေးကိုယူလာပြီး ရာရာ့လက်ကိုဆွဲကာ ကျောင်းဘက်သို့ထွက်လာခဲ့သည်။ရာရာကတော့ ငြိမ်၍လိုက်လာပါ၏။
ကျောင်းထဲသို့၀င်လာရုံရှိသေး သူတို့ဆီသို့ ပြေးလာသောကောင်လေးတစ်ယောက်ကိုတွေ့ရသည်။
"ရာရာ! မင်းကို ကျောင်းအုပ်ဆရာကြီးကခေါ်ခိုင်းလိုက်လို့..."
ထိုကလေးက ပြောပြီးပြီးချင်း အတန်းထဲသို့ပြန်သွားသည်။ဘေးနားရှိ သူ့လက်အားဆွဲထားသော ကောင်လေးက သူ့အား အားကိုးတကြီးမော့ကြည့်လာသည်။မျက်၀န်းညိုတို့သည် အရည်ကြည်များလဲ့နေသည်။
"ကိုယ် မင်းကိုအထိခိုက်မခံဘူး"
လက်သေးသေးလေးအား တစ်ချက်ဖျစ်ညှစ်ပြီးပြောတော့ ခေါင်းလေးညိမ့်ပြီးပြန်လှည့်သွားသည်။ရာရာသိလိုက်သည်က ဦးခေတ်သာရှိနေလျှင် သူဘာမဆိုရင်ဆိုင်နိုင်မည်ဟူ၍။
ရုံးခန်းထဲသို့ ၀င်သွားလိုက်သည့်အခါ ရောက်ရှိနေကြသော မိဘများနှင့် ငိုမဲ့မဲ့ဖြစ်နေကြသော ကျောင်းသားသုံးယောက်အားတွေ့ရသည်။ခေတ်ဟန်အားမြင်သည့်အခါ ကျောင်းအုပ်ဆရာကြီးအပါအ၀င် ကျောင်းသားမိဘများကပါ မတ်တပ်ထ၍နှုတ်ဆက်ကြသည်။
"ကလေးသုံးယောက်ကခေါင်းပေါက်သွားတယ်ဆိုလို့ ကျွန်တော်ဆေးအိတ်ပါယူလာလိုက်တာဗျ"
ကျောင်းအုပ်ဆရာကြီးက ခေတ်ဟန်စကားကိုခေါင်းညိမ့်ပြီး ရာရာ့အားကြည့်သည်။
"သက္ကရာဇ်ရာ သားရဲ့အမေရောခေါ်မလာဘူးလား"
"ကျွန်တော်က သူ့ရဲ့လက်ရှိအုပ်ထိန်းသူပါ၊ဒေါ်လေးက အနောက်သီရိကိုသွားပါတယ်"
ရာရာ့အားမေးသည့်မေးခွန်းကို သူကဖြေလိုက်ခြင်းကြောင့် ကျောင်းအုပ်ဆရာကြီးကအံ့ဩသွားပုံပင်။ထို့နောက် ကျောင်းအုပ်ဆရာကြီးက တည်ငြိမ်သောလေသံဖြင့်စကားစလာသည်။
"သက္ကရာဇ်ရာ သူငယ်ချင်းတွေကိုဘာလို့ ကိုယ်ထိလက်ရောက်လုပ်ရတာလဲ၊မတော်လို့ခြေလွန်လက်လွန်တွေဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ"
ကျောင်းအုပ်ဆရာကြီးက ဟိုကလေးသုံးယောက်ပြောပြသလောက်သာသိပုံပေါ်သည်။ယခုအချိန်တွင် သူသည်သာ ရာရာ၏အုပ်ထိန်းသူဖြစ်သည်မို့ ရာရာ၏ကောင်းခြင်းဆိုးခြင်းမှန်သမျှ သူနှင့်သာသက်ဆိုင်သည်။
"ရာရာ ဘာလို့ဒီလိုလုပ်ရသလဲဆိုတဲ့ အဖြေကို ဒီကလေးသုံးယောက်ကိုအရင်မေးကြည့်သင့်ပါတယ်၊တရားမျှတမှဖြစ်မှာပေါ့ မဟုတ်ဘူးလားဗျ"
သူက ခပ်ပြုံးပြုံးနှင့်ဆိုလေတော့ ကျောင်းအုပ်ဆရာကြီးကခေါင်းညိမ့်သည်။ခေါင်းပေါက်သွားသော ကျောင်းသားများ၏မိဘတစ်ယောက်က အထိတ်တလန့်ဖြင့်ပြောလာသည်။
"အို ဘာမှမေးနေစရာကိုမလိုတာ..ဒီကလေးမှားနေတာအသိသာကြီးကို၊အရင်ကတည်းက အဖေမရှိဘဲနေလာခဲ့ပြီး အမေကကျတော့လည်း သူ့အလုပ်သူလုပ်နေတော့ မိမဆုံးမဖမဆုံးမဖြစ်လာတာ ဘာဆန်းလို့လဲ!"
"ဪ ဒါဆိုဒီကအစ်မတွေက ကိုယ့်သားသမီးတွေကို သူများကိုလိုက်မကဲ့ရဲ့ဖို့သေချာသွန်သင်မဆုံးမထားတဲ့ပုံပဲ၊မိဘတွေကအစ ဒီလိုစိတ်ဓာတ်တွေရှိနေတော့ ကလေးတွေကပါ ဒီလိုဖြစ်လာတာမဆန်းပါဘူး၊ကိုယ်ပြောလိုက်တဲ့စကားတိုင်းက ကိုယ့်ရဲ့အဆင့်အတန်းပဲ၊အစ်မတို့စကားကိုနားထောင်လိုက်တော့ အစ်မတို့ရဲ့စိတ်ဓာတ်ကဒီလိုပါလားလို့တွေးမိပြီး အစ်မကလေးတွေကိုတောင်သနားမိတယ်"
ခေတ်ဟန်စကားကြောင့် အပြောခံလိုက်ရသည့်သူမှာ မျက်နှာသည် ချက်ချင်းရဲတက်သွားပြီး ဒေါသတကြီးဖြင့်ပြောတော့သည်။
"ဒါ ကျွန်မကိုသက်သက်အရှက်ခွဲတာ၊ရှင်တို့ကို အသရေဖျက်မှုနဲ့တရားစွဲမယ်"
လက်ညှိုးထိုး၍ဒေါသတကြီးပြောလာသောကြောင့် ခေတ်ဟန် ဟက်ခနဲရယ်လိုက်သည်။ယခုအချိန်တွင် သူသည် ကြင်နာနွေးထွေးတတ်သောဆရာ၀န်တစ်ယောက်မဟုတ်ပါ။သူ့ပိုင်ဆိုင်မှုလေး၏အုပ်ထိန်းသူသာဖြစ်သည်။
"ဘယ်သူကပြန်ပြီး တရားစွဲခံရမလဲ အစ်မသားကိုအရင်မေးကြည့်ပါဦး"
ခေတ်ဟန်စကားကြောင့် ဒေါသတကြီးဆိုနေသောမိန်းမသည် သူ့လက်အားဆွဲထားသော သူ့သားအားငုံ့ကြည့်လိုက်သည်။ထို့နောက် သူ့သားက ရာရာတို့ဘက်သို့လှည့်လာသည်။
"ငါတို့တောင်းပန်ပါတယ် ရာရာ၊တကယ်ဆိုငါတို့ဒီလိုမပြောသင့်ဘူး၊မင်းက ငါတို့ထက် အများကြီးအရေးပေးခံရတော့ မကျေနပ်တဲ့စိတ်နဲ့မင်းကိုရန်စမိတာပါကွာ၊ငါတို့နောက်တစ်ခါဒီလိုမဖြစ်စေရပါဘူး"
သူ့သားကိုယ်တိုင်ရော ကျန်သည့်ကလေးနှစ်ယောက်ကပါတောင်းပန်လာသည်မို့ ထိုမိန်းမသည်လည်း ကြောင်အမ်းကာကြည့်နေသည်။ထို့နောက် ကျောင်းအုပ်ဆရာကြီးကိုပါ သူတို့ရန်စမိခဲ့သည့်အကြောင်းပါပြောပြပြီး တောင်းပန်ခဲ့သည်မို့ ခွင့်လွှတ်ပေးရန်မှတစ်ပါး တခြားမရှိပေ။ခေတ်ဟန်အား ရန်တွေ့ခဲ့သောကလေးအမေများသည်လည်း အားနာတောင်းပန်သည့်မျက်လုံးများနှင့်ကြည့်နေကြသည်။
ခေတ်ဟန် တာ၀န်အရ ဆေးထည့်ပေးပြီးနောက် မတ်တပ်ရပ်ထကာ ကျောင်းအုပ်ကြီးအားနှုတ်ဆက်လိုက်သည်။
"နောက်တစ်ခါ ကျွန်တော့်ကလေးကိုစကားနဲ့တောင် လာမစော်ကားမိပါစေနဲ့၊ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ၊နောက်တစ်ကြိမ်ဆိုတာရှိလာခဲ့ရင် ဒီအတိုင်းငြိမ်နေမှာမဟုတ်ဘူးဆိုတာသိထားပါ၊ခွင့်ပြုပါဦး"
ခေတ်ဟန် ပြောပြီးပြီးချင်းလှည့်ထွက်လာလိုက်သည်။ရာရာ့လက်ကိုဆွဲလာဖို့လည်း သူမမေ့ခဲ့ပေ။
________________
"ဒီdesignဆိုရင်ဘယ်လိုလဲ၊အရမ်းလည်း ခေတ်ရှေ့ပြေးမနေသလို အရမ်းကြီးလည်း ancientမဖြစ်ဘူးလေ"
Hotelနှင့် officeအားတွဲဖွင့်ရန် designs များအား သူကိုယ်တိုင်စီစဉ်ပြီးဆွဲနေသော အဂ္ဂကြောင့် သုတလည်း မဟာ့အနားမကပ်ရတော့။သုတက လိုအပ်သည့်စာရင်းဇယားများပြုစုနေပြီး လွန်းကတော့ အဂ္ဂအနားကပ်၍ own adviserလေးအဖြစ်တာ၀န်ယူနေသည်။
"ကိုယ့်အခန်းအတွက် decorationလေးစဉ်းစားပေးပါဦး လွန်းရဲ့"
အဂ္ဂ၏မေးခွန်းအား ခေတ္တမျှငြိမ်သက်သာစဉ်းစားနေပြီးနောက်တွင် သူလိုချင်သောdecorationလေးထွက်လာသည်။
"ခန်းဆီးစလေးတွေကို အပြာလွင်လွင်လေး၊ပြီးတော့ indoor plantsကို Bonsaiပင်လေးတွေရယ် ပြီးတော့ ဝါးပင်အသေးလေးတွေရယ်စိုက်မယ် အပြာရောင်ကအအေးရောင်လေးဆိုတော့စိတ်ကြည်နေအောင်လို့လေ"
"ကိုယ့်လွန်းကအတော်ဆုံးပဲ"
ချီးကျူးလိုက်သောအခါ မုန့်ရသောကလေးငယ်ကဲ့သို့ ပါးဖောင်းဖောင်းလေးနှစ်ဖက်မှာ ဖောင်းတက်နေသည်မှာ မျက်လုံးပင်အုပ်မတတ်။
ကလေးမဟုတ်သော ကလေးပေါက်စကိုလည်း သူကအမြတ်တနိုးချစ်ရပါသည်။
#Hsu Lynn Nge
#အခုမှစရေးတာဖြစ်လို့မှားတာရှိရင်ထောက်ပြကြပါဗျ။အကောင်းဆုံးကြိုးစားထားပါတယ်ဗျ။
Zawgyi
"ကေလးေလး ကိုယ္ရွိတယ္ေနာ္၊ကေလးကို ဘယ္သူကဘာလုပ္လိုက္လို႔လဲ ကိုယ့္ကိုေျပာ"
"ဟင့္! ဘယ္သူကမွမလုပ္ဘူး၊ကြၽန္ေတာ္က လုပ္ခဲ့တာ အီးးဟီးးး"
သူကလည္း လုပ္လာေသးတယ္၊သူကျပန္ၿပီးငိုေနေသာ ကေလးေၾကာင့္ ေခတ္ဟန္တစ္ေယာက္ ေခ်ာ့၍သာေမးျမန္းရပါေတာ့မည္။သူ႔ကေလးက ဘယ္သူ႔ကိုမွအေၾကာင္းအရင္းမရွိဘဲ ျပႆနာမရွာဘူးဆိုတာ သိေန၍လည္းျဖစ္သည္။အဘယ္ေၾကာင့္ဆိုေသာ္ ဤလူသားေပါက္စအား သူကအႂကြင္းမဲ့ယုံၾကည္ေသာေၾကာင့္ပင္။
"သူတို႔က ကြၽန္ေတာ့္ကိုအရင္ရန္လာစတာ"
"ဟုတ္ပါၿပီ၊ကိုယ္က ရာရာ့ကိုယုံတာမို႔ ဘာျဖစ္ခဲ့တာလဲဆိုတာေျပာျပမယ္မလား"
ရာရာသည္ ေခါင္းေလးကိုခပ္ဖြဖြၿငိမ့္လိုက္သည္။မ်က္၀န္းမ်ားကိုၾကည့္လိုက္႐ုံႏွင့္ ထိုလူအားအရာရာပုံအပ္၍ယုံၾကည္ၿပီးျဖစ္ပါသည္။
"ကြၽန္ေတာ္က ပုံဆြဲေနတာကို သူတို႔ကလာေျပာတယ္၊မင္းရဲ႕ေမာင္ေမာင္ကအေျခာက္ႀကီးတဲ့၊ၿပီးေတာ့ သူနဲ႔ေပါင္းၿပီး မင္းပါေျခာက္ေနၿပီတဲ့၊ေယာက္်ားတစ္ေယာက္ျဖစ္ၿပီး ကိုယ္နဲ႔မ်ိဳးတူေယာက္်ားတစ္ေယာက္ေအာက္မွာသာယာေနတာ မရွက္ဘူးလားတဲ့"
အေၾကာင္းအရင္းမွန္ကိုသိလိုက္ရၿပီမို႔ ဤျပႆနာအား မက်ယ္ျပန႔္ေစလို။
"အဲ့ေတာ့ ကေလးကဘာျပန္ေျပာလိုက္လဲ"
"မင္းတို႔ကေရာ သူမ်ားရဲ႕ျဖစ္တည္မႈကို လိုက္blameေနတာမရွက္ဘူးလား၊မင္းတို႔ရဲ႕မိဘေတြက မင္းတို႔ကိုအဆင့္အတန္းမရွိေအာင္သင္ေပးထားၾကတာလားလို႔ျပန္ေျပာလိုက္တာ"
"အဲ့ဒါနဲ႔....."
"ဆက္ၿပီးေတာ့ဘာျဖစ္လဲ"ဟူသည့္သေဘာျဖင့္ သူေမးဆတ္ျပလိုက္ေတာ့ ရာရာသည္ ဖန္ခြက္အၾကည္ေလးထဲရွိ လက္က်န္ေရကိုေသာက္လိုက္ၿပီး ျပန္ေျဖလာသည္။
"အဲ့ဒါနဲ႔ သူတို႔က ကြၽန္ေတာ့္ပုံဆြဲစာအုပ္ကို ဆြဲၿဖဲပစ္တယ္၊ကြၽန္ေတာ္လည္း ေဒါသထြက္ၿပီး ကြၽန္ေတာ့္ထမင္းခ်ိဳင့္နဲ႔ သူတို႔ေခါင္းကို႐ိုက္လိုက္တာ ေခါင္းေပါက္သြားၾကတယ္၊ေသြးေတြထြက္လာတယ္ သိလား၊ကြၽန္ေတာ္လည္းေၾကာက္ၿပီး ျပန္လာခဲ့တာ"
"သူတို႔ကဘယ္ႏွစ္ေယာက္လဲ"
"သုံးေယာက္"
လက္ကေတာ့တကယ္လ်င္သည္။ဟိုဘက္က ဘာမွမလုပ္ရေသးဘဲ သူကအရင္လုပ္ၿပီး ငိုေျပးလာသည္။ၿပီးေတာ့လည္း သုံးေယာက္တစ္ေယာက္fightလာတယ္ဆိုပဲ။တကယ့္ဇိုးအစစ္။
ဟိုကေလးသုံးေယာက္က ေခါင္းေပါက္သြားသည္မို႔ သူ႔ေဆးခန္းကိုေရာက္လာမည္မွာမလြဲမေသြပင္။သူတို႔ေရာက္မလာခင္ ေခတ္ဟန္တို႔က ေက်ာင္းကိုအရင္ေရာက္ဖို႔လိုပါသည္။ဘာမွမစဥ္းစားေနေတာ့ဘဲ ေဆးအိတ္ေလးကိုယူလာၿပီး ရာရာ့လက္ကိုဆြဲကာ ေက်ာင္းဘက္သို႔ထြက္လာခဲ့သည္။ရာရာကေတာ့ ၿငိမ္၍လိုက္လာပါ၏။
ေက်ာင္းထဲသို႔၀င္လာ႐ုံရွိေသး သူတို႔ဆီသို႔ ေျပးလာေသာေကာင္ေလးတစ္ေယာက္ကိုေတြ႕ရသည္။
"ရာရာ! မင္းကို ေက်ာင္းအုပ္ဆရာႀကီးကေခၚခိုင္းလိုက္လို႔..."
ထိုကေလးက ေျပာၿပီးၿပီးခ်င္း အတန္းထဲသို႔ျပန္သြားသည္။ေဘးနားရွိ သူ႔လက္အားဆြဲထားေသာ ေကာင္ေလးက သူ႔အား အားကိုးတႀကီးေမာ့ၾကည့္လာသည္။မ်က္၀န္းညိဳတို႔သည္ အရည္ၾကည္မ်ားလဲ့ေနသည္။
"ကိုယ္ မင္းကိုအထိခိုက္မခံဘူး"
လက္ေသးေသးေလးအား တစ္ခ်က္ဖ်စ္ညႇစ္ၿပီးေျပာေတာ့ ေခါင္းေလးညိမ့္ၿပီးျပန္လွည့္သြားသည္။ရာရာသိလိုက္သည္က ဦးေခတ္သာရွိေနလွ်င္ သူဘာမဆိုရင္ဆိုင္ႏိုင္မည္ဟူ၍။
႐ုံးခန္းထဲသို႔ ၀င္သြားလိုက္သည့္အခါ ေရာက္ရွိေနၾကေသာ မိဘမ်ားႏွင့္ ငိုမဲ့မဲ့ျဖစ္ေနၾကေသာ ေက်ာင္းသားသုံးေယာက္အားေတြ႕ရသည္။ေခတ္ဟန္အားျမင္သည့္အခါ ေက်ာင္းအုပ္ဆရာႀကီးအပါအ၀င္ ေက်ာင္းသားမိဘမ်ားကပါ မတ္တပ္ထ၍ႏႈတ္ဆက္ၾကသည္။
"ကေလးသုံးေယာက္ကေခါင္းေပါက္သြားတယ္ဆိုလို႔ ကြၽန္ေတာ္ေဆးအိတ္ပါယူလာလိုက္တာဗ်"
ေက်ာင္းအုပ္ဆရာႀကီးက ေခတ္ဟန္စကားကိုေခါင္းညိမ့္ၿပီး ရာရာ့အားၾကည့္သည္။
"သကၠရာဇ္ရာ သားရဲ႕အေမေရာေခၚမလာဘူးလား"
"ကြၽန္ေတာ္က သူ႔ရဲ႕လက္ရွိအုပ္ထိန္းသူပါ၊ေဒၚေလးက အေနာက္သီရိကိုသြားပါတယ္"
ရာရာ့အားေမးသည့္ေမးခြန္းကို သူကေျဖလိုက္ျခင္းေၾကာင့္ ေက်ာင္းအုပ္ဆရာႀကီးကအံ့ဩသြားပုံပင္။ထို႔ေနာက္ ေက်ာင္းအုပ္ဆရာႀကီးက တည္ၿငိမ္ေသာေလသံျဖင့္စကားစလာသည္။
"သကၠရာဇ္ရာ သူငယ္ခ်င္းေတြကိုဘာလို႔ ကိုယ္ထိလက္ေရာက္လုပ္ရတာလဲ၊မေတာ္လို႔ေျခလြန္လက္လြန္ေတြျဖစ္ကုန္ရင္ ဘယ္လိုလုပ္မလဲ"
ေက်ာင္းအုပ္ဆရာႀကီးက ဟိုကေလးသုံးေယာက္ေျပာျပသေလာက္သာသိပုံေပၚသည္။ယခုအခ်ိန္တြင္ သူသည္သာ ရာရာ၏အုပ္ထိန္းသူျဖစ္သည္မို႔ ရာရာ၏ေကာင္းျခင္းဆိုးျခင္းမွန္သမွ် သူႏွင့္သာသက္ဆိုင္သည္။
"ရာရာ ဘာလို႔ဒီလိုလုပ္ရသလဲဆိုတဲ့ အေျဖကို ဒီကေလးသုံးေယာက္ကိုအရင္ေမးၾကည့္သင့္ပါတယ္၊တရားမွ်တမွျဖစ္မွာေပါ့ မဟုတ္ဘူးလားဗ်"
သူက ခပ္ၿပဳံးၿပဳံးႏွင့္ဆိုေလေတာ့ ေက်ာင္းအုပ္ဆရာႀကီးကေခါင္းညိမ့္သည္။ေခါင္းေပါက္သြားေသာ ေက်ာင္းသားမ်ား၏မိဘတစ္ေယာက္က အထိတ္တလန႔္ျဖင့္ေျပာလာသည္။
"အို ဘာမွေမးေနစရာကိုမလိုတာ..ဒီကေလးမွားေနတာအသိသာႀကီးကို၊အရင္ကတည္းက အေဖမရွိဘဲေနလာခဲ့ၿပီး အေမကက်ေတာ့လည္း သူ႔အလုပ္သူလုပ္ေနေတာ့ မိမဆုံးမဖမဆုံးမျဖစ္လာတာ ဘာဆန္းလို႔လဲ!"
"ဪ ဒါဆိုဒီကအစ္မေတြက ကိုယ့္သားသမီးေတြကို သူမ်ားကိုလိုက္မကဲ့ရဲ႕ဖို႔ေသခ်ာသြန္သင္မဆုံးမထားတဲ့ပုံပဲ၊မိဘေတြကအစ ဒီလိုစိတ္ဓာတ္ေတြရွိေနေတာ့ ကေလးေတြကပါ ဒီလိုျဖစ္လာတာမဆန္းပါဘူး၊ကိုယ္ေျပာလိုက္တဲ့စကားတိုင္းက ကိုယ့္ရဲ႕အဆင့္အတန္းပဲ၊အစ္မတို႔စကားကိုနားေထာင္လိုက္ေတာ့ အစ္မတို႔ရဲ႕စိတ္ဓာတ္ကဒီလိုပါလားလို႔ေတြးမိၿပီး အစ္မကေလးေတြကိုေတာင္သနားမိတယ္"
ေခတ္ဟန္စကားေၾကာင့္ အေျပာခံလိုက္ရသည့္သူမွာ မ်က္ႏွာသည္ ခ်က္ခ်င္းရဲတက္သြားၿပီး ေဒါသတႀကီးျဖင့္ေျပာေတာ့သည္။
"ဒါ ကြၽန္မကိုသက္သက္အရွက္ခြဲတာ၊ရွင္တို႔ကို အသေရဖ်က္မႈနဲ႔တရားစြဲမယ္"
လက္ညႇိဳးထိုး၍ေဒါသတႀကီးေျပာလာေသာေၾကာင့္ ေခတ္ဟန္ ဟက္ခနဲရယ္လိုက္သည္။ယခုအခ်ိန္တြင္ သူသည္ ၾကင္နာေႏြးေထြးတတ္ေသာဆရာ၀န္တစ္ေယာက္မဟုတ္ပါ။သူ႔ပိုင္ဆိုင္မႈေလး၏အုပ္ထိန္းသူသာျဖစ္သည္။
"ဘယ္သူကျပန္ၿပီး တရားစြဲခံရမလဲ အစ္မသားကိုအရင္ေမးၾကည့္ပါဦး"
ေခတ္ဟန္စကားေၾကာင့္ ေဒါသတႀကီးဆိုေနေသာမိန္းမသည္ သူ႔လက္အားဆြဲထားေသာ သူ႔သားအားငုံ႔ၾကည့္လိုက္သည္။ထို႔ေနာက္ သူ႔သားက ရာရာတို႔ဘက္သို႔လွည့္လာသည္။
"ငါတို႔ေတာင္းပန္ပါတယ္ ရာရာ၊တကယ္ဆိုငါတို႔ဒီလိုမေျပာသင့္ဘူး၊မင္းက ငါတို႔ထက္ အမ်ားႀကီးအေရးေပးခံရေတာ့ မေက်နပ္တဲ့စိတ္နဲ႔မင္းကိုရန္စမိတာပါကြာ၊ငါတို႔ေနာက္တစ္ခါဒီလိုမျဖစ္ေစရပါဘူး"
သူ႔သားကိုယ္တိုင္ေရာ က်န္သည့္ကေလးႏွစ္ေယာက္ကပါေတာင္းပန္လာသည္မို႔ ထိုမိန္းမသည္လည္း ေၾကာင္အမ္းကာၾကည့္ေနသည္။ထို႔ေနာက္ ေက်ာင္းအုပ္ဆရာႀကီးကိုပါ သူတို႔ရန္စမိခဲ့သည့္အေၾကာင္းပါေျပာျပၿပီး ေတာင္းပန္ခဲ့သည္မို႔ ခြင့္လႊတ္ေပးရန္မွတစ္ပါး တျခားမရွိေပ။ေခတ္ဟန္အား ရန္ေတြ႕ခဲ့ေသာကေလးအေမမ်ားသည္လည္း အားနာေတာင္းပန္သည့္မ်က္လုံးမ်ားႏွင့္ၾကည့္ေနၾကသည္။
ေခတ္ဟန္ တာ၀န္အရ ေဆးထည့္ေပးၿပီးေနာက္ မတ္တပ္ရပ္ထကာ ေက်ာင္းအုပ္ႀကီးအားႏႈတ္ဆက္လိုက္သည္။
"ေနာက္တစ္ခါ ကြၽန္ေတာ့္ကေလးကိုစကားနဲ႔ေတာင္ လာမေစာ္ကားမိပါေစနဲ႔၊ဒီတစ္ခါေနာက္ဆုံးျဖစ္ပါေစ၊ေနာက္တစ္ႀကိမ္ဆိုတာရွိလာခဲ့ရင္ ဒီအတိုင္းၿငိမ္ေနမွာမဟုတ္ဘူးဆိုတာသိထားပါ၊ခြင့္ျပဳပါဦး"
ေခတ္ဟန္ ေျပာၿပီးၿပီးခ်င္းလွည့္ထြက္လာလိုက္သည္။ရာရာ့လက္ကိုဆြဲလာဖို႔လည္း သူမေမ့ခဲ့ေပ။
________________
"ဒီdesignဆိုရင္ဘယ္လိုလဲ၊အရမ္းလည္း ေခတ္ေရွ႕ေျပးမေနသလို အရမ္းႀကီးလည္း ancientမျဖစ္ဘူးေလ"
Hotelႏွင့္ officeအားတြဲဖြင့္ရန္ designs မ်ားအား သူကိုယ္တိုင္စီစဥ္ၿပီးဆြဲေနေသာ အဂၢေၾကာင့္ သုတလည္း မဟာ့အနားမကပ္ရေတာ့။သုတက လိုအပ္သည့္စာရင္းဇယားမ်ားျပဳစုေနၿပီး လြန္းကေတာ့ အဂၢအနားကပ္၍ own adviserေလးအျဖစ္တာ၀န္ယူေနသည္။
"ကိုယ့္အခန္းအတြက္ decorationေလးစဥ္းစားေပးပါဦး လြန္းရဲ႕"
အဂၢ၏ေမးခြန္းအား ေခတၱမွ်ၿငိမ္သက္သာစဥ္းစားေနၿပီးေနာက္တြင္ သူလိုခ်င္ေသာdecorationေလးထြက္လာသည္။
"ခန္းဆီးစေလးေတြကို အျပာလြင္လြင္ေလး၊ၿပီးေတာ့ indoor plantsကို Bonsaiပင္ေလးေတြရယ္ ၿပီးေတာ့ ဝါးပင္အေသးေလးေတြရယ္စိုက္မယ္ အျပာေရာင္ကအေအးေရာင္ေလးဆိုေတာ့စိတ္ၾကည္ေနေအာင္လို႔ေလ"
"ကိုယ့္လြန္းကအေတာ္ဆုံးပဲ"
ခ်ီးက်ဴးလိုက္ေသာအခါ မုန႔္ရေသာကေလးငယ္ကဲ့သို႔ ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္မွာ ေဖာင္းတက္ေနသည္မွာ မ်က္လုံးပင္အုပ္မတတ္။
ကေလးမဟုတ္ေသာ ကေလးေပါက္စကိုလည္း သူကအျမတ္တႏိုးခ်စ္ရပါသည္။
#Hsu Lynn Nge
#အခုမွစေရးတာျဖစ္လို႔မွားတာရွိရင္ေထာက္ျပၾကပါဗ်။အေကာင္းဆုံးႀကိဳးစားထားပါတယ္ဗ်။