ချစ်မိပြန်ပြီ မမမြိုင် ( Comp...
By morA_nyein
256K 22.6K 1.5K
‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.20... More
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
..
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇ ( ဇာတ်သိမ်းခန်း )
.. 100K ..
မမမြိုင် character
ညိုလေး character
Attention plz‼️
မမမြိုင်ဆီသို့
3.2K 307 14
By morA_nyein
" မိမိုရာ ။ "
" ရှင် မမမြိုင် ။ "
" ဘာတွေသဘောကျနေတာလဲ ။ "
" ပြောပါလို့ ။ "
" ဟင် ။ ဘယ်လို ။ ဘယ်လိုပြောလိုက်တယ် ။ "
" ဟို မမမြိုင် ။ ငိုနေတာလားဟင် ။ "
" မသိဘူး မမမြိုင် ။ "
" မဟုတ်ဘူး ။ မဟုတ်ဘူး မမမြိုင် ။ "
" မဟုတ်ဘူး မဟုတ်ဘူး ။ မမမြိုင် မဟုတ်ရပါဘူး ။ "
" ငါ့ကို မကြောက်ပါနဲ့ ။ မကြောက်စမ်းပါနဲ့ ။ "
* * * * *
morA_nyein
သီရိမြိုင်စံအိမ်တော်ရှိ ဧည့်ခန်းထဲ၌ မမမြိုင်နှင့်အတူတူ မိုရာညိမ်းလည်း ထိုင်နေကြသည် ။ မိုရာညိမ်းကတော့ ကြမ်းပြင်ပေါ်မှာသာ အားရပါးရထိုင်ရင်း ခုံပေါ်တင်စာရေးနေချိန် မမမြိုင်ကတော့ သတင်းစာရှိ သတင်းများကို စိတ်ဝင်တစားဖတ်နေလေတော့သည် ။
" အင်းအင်း ။ ဒီနေရာမှာ ဒီဇာတ်ကွက်သာ ထည့်လိုက်ရင် မမမြိုင်နဲ့ညိုလေးတို့ နီးစပ်ဖို့ 70% လောက် ကျိန်းသေပြီ ။ ဟေဟေး ။ အကြံကြီးလိုက်ကြီးလား မိုရာညိမ်းရဲ့ ။ ဦးနှောက်လေးကို ရွှေသုတ်ထားရမှာပဲ ။ "
မမမြိုင်ဟာ မိုရာညိမ်းရဲ့စကားသံများကို တစ်စွန်းတစ်ဖျားကြားရပေမယ့် ဘာအကြောင်းအရာကို ပြောနေမှန်းဆိုတာ သူမ မသိပါ ။ ဒါ့ကြောင့် ခန္ဓာကိုယ်အားအသာမတ်လို့ မိုရာညိမ်းကို လှမ်းမေးရှာသည် ။
" မိမိုရာ ။ "
" ရှင် မမမြိုင် ။ "
" ဘာတွေသဘောကျနေတာလဲ ။ "
" သြော်ဟော် ။ ဒီမှာလေ မမမြိုင်ရဲ့ ။ မမမြိုင်နဲ့ ညိုလေးတို့ မြန်မြန်နီးစပ်ဖို့အရေးအတွက် ကျွန်မ ဇာတ်ကွက်ထုတ်ပြီး စဉ်းစားနေတာ ။ ဦးနှောက်ကို ရွှေသုတ်ထားသင့်တယ် မမမြိုင် ။ "
" ညည်းနှယ့် ။ သိပ်ရှည်တာပဲ ။ ပြောတဲ့အတိုင်းသာ ရေးစမ်းပါ ။ "
" ဟာ ။ မမမြိုင် ပြောတဲ့အတိုင်းသာ ရေးနေရင်း မမမြိုင်နဲ့ညိုလေးတို့ ဘယ်တော့ညားမှာလဲ ။ ကျွန်မမှာ ' ညိုလေးမြိုင် ' ဆိုတဲ့ ship name လေးတောင် ပေးထားတာကို ။ ကျွန်မတင် မဟုတ်ဘူး ။ စာဖတ်သူတွေပါ ညိုလေးမြိုင်ကို ညားစေချင်နေပြီ ။ အဲ့တာကို သိရဲ့လား ။ "
" ညည်းက ဇာတ်လမ်းကိုဖတ်ချင်တာလား ။ ဇာတ်ကောင်ကို ကြူးချင်တာလား ။ "
" နှစ်ခုလုံးလေ မမမြိုင်ကလည်း ။ "
" ဇာတ်လမ်းကောင်းမှ ဇာတ်ကောင်ကို နှာထလို့ကောင်းမှာပေါ့ ။ ဒီမှာ မိမိုရာ ။ "
" ပြောပါလို့ ။ "
" ဇာတ်ကောင်က ဘယ်လောက်ပဲ နှာထလို့ကောင်းနေပါစေ ။ ဇာတ်လမ်းမကောင်းရင် ငပေါပဲ ။ ငါပြောတဲ့အတိုင်း ရေးတာဟာ ညည်းအတွက် ဇာတ်လမ်းခိုင်ရုံသာမက အကောင်းချည်းပဲ ဖြစ်လာမှာ ။ အချိန်တန်ရင် လာမှာပေါ့ ။ ညည်းက ဘာဖြစ်ချင်နေတာလဲ ။ တဏှာစိတ်ငယ်ထိပ် ရောက်နေပလား ။ "
" အမြဲတမ်း အဲ့လိုပဲ ။ စာရေးမယ်ဆိုပြီး စဉ်းစားထားတာ ရက်ပေါင်းမနည်း ။ တကယ်ရေးရင် ကျွန်မစိတ်ကြိုက်မရေးရဘူး ။ ဒီနားကို ဘယ်လိုရေး ။ ဟိုနားကို ဘယ်လိုရေးနဲ့ ။ ဒီဇာတ်လမ်းကို မမမြိုင်ပဲ ရေးလိုက်တော့ ။ "
" ဒီဇာတ်လမ်းကို ငါပဲ ရေးနေတာလေ ။ ညည်းက ငါ့အကြောင်းကို တစ်လောကလုံးသိအောင် ရေးချပြနေတဲ့ သူ ။ ငါပြောတာ မှားသလား ။ "
" ဟုတ်ပါတယ် ။ ဟုတ်ပါတယ် ။ မမမြိုင်ပဲ အရမ်းမှန်တာ သိလား ။ အမလေး ။ "
" ပြောစကားကိုသာ နားထောင် ။ "
" တကယ်ကြောက်ဖို့ကောင်းတဲ့ မိန်းမကြီးပဲ ။ ကျွန်မလေ မမမြိုင်ကို အပြင်လောကမှာတကယ်ရှိခဲ့ဖူးတဲ့ ကျိန်စာလို့ထင်ခဲ့တာ မမှားဘူး သိရဲ့လား ။ "
" ဟင် ။ ဘယ်လို ။ ဘယ်လိုပြောလိုက်တယ် ။ "
" ဟုတ်တယ်လေ ။ ဒီလောက်ထိ ဇာတ်နာနေတာကို ကျိန်စာမဟုတ်လို့ ဘာကြီးလဲ ။ မမမြိုင်က တကယ်ကြောက်စရာကြီး သိရဲ့လား ။ "
" ကြောက်စရာကြီး ဟုတ်လား ။ "
" ဟုတ်တယ် ။ မမမြိုင်ကို ကျွန်မ တကယ်ကြောက်တယ် ။ "
" ဘာလို့ အဲ့သလို ပြောရက်ရတာလဲ ။ ချစ်ခြင်းမေတ္တာတွေ လိုအပ်နေတဲ့ ငါ့ကိုမှ ဘာကြောင့် ဒီလိုပြောရက်ရတာလဲ ။ "
" ဟို မမမြိုင် ။ ငိုနေတာလားဟင် ။ "
" ငိုတယ်ဆိုတာ မျက်ရည်ပဲထွက်တာ ။ ငါ့နှလုံးသားကပါ နာရတယ် ။ "
" မရည်ရွယ်ပါဘူး မမမြိုင်ရယ် ။ တကယ် အတည် ပြောတာပါ ။ "
" ညည်း ငါ့ကို ဘာလို့ကြောက်တာလဲ ။ ငါ့ကိုပြော ။ ငါ့ကိုသေချာရှင်းပြ ။ ဘာလို့ကြောက်တာလဲ ။ "
" ဟို ။ မမမြိုင်ရဲ့အငွေ့အသက်တွေက ကျွန်မအနားမှာ တဝဲလည်လည်လေ ။ ပြီးတော့ မမမြိုင်က အပြင်လောကမှာ တကယ်ရှိနေသလိုကြီး ။ "
" အပြင်လောကမှာ ငါတကယ်ရှိနေတော့ နင်မပျော်ဘူးလား ။ ဟင် ။ မပျော်ဘူးလားလို့ ။ "
" မသိဘူး မမမြိုင် ။ "
" နင်ဟာ စာရေးဆရာတစ်ယောက်ဖြစ်ပြီး နင်ဖန်တီးထားတဲ့ ဇာတ်ကောင်တွေကို နင်မချစ်ဘူး ။ အားလုံးထဲမှာ ငါက နင်မချစ်တာ အခံရဆုံးပဲ ။ "
" မဟုတ်ဘူး မမမြိုင် ။ အဲ့လိုလုံးဝ မဟုတ်ရပါဘူး ။ "
" ဘာမဟုတ်ရမှာလဲ ။ နင် နန်းရွှန်းအိမ်ကို ချစ်လား ။ နင် မချစ်ဘူး ။ ခြူးမြတ်မောင်ကို ချစ်လား ။ နင် မချစ်ပြန်ဘူး ။ လွမ်းသက်ထားခင် ၊ မေရူပါသော် နင် ချစ်လို့လား ။ နင် မချစ်ပြန်ဘူး ။ အခု ။ အခု ငါ့ကို ကြောက်ရတဲ့အထိ နင်မချစ်ဘူး ။ "
" မဟုတ်ဘူး ။ မဟုတ်ဘူး မမမြိုင် ။ "
" ပထမအမှားကို ငါခွင့်လွှတ်ပေးနိုင်တယ် ။ ကံမကောင်းလို့ ဖြစ်သွားရတာကို ငါနားလည်တယ် ။ ဒီအမှားက ။ ဒီအမှားက ငါ့အသည်းကိုပါ ထိတယ် ။ အားလုံးထဲမှာ ငါက အချစ်မခံရဆုံးသူပဲ ။ ဒီလောက် မေတ္တာတွေ ငတ်မွတ်နေတဲ့သူကိုမှ ရွေးပြီး ။ "
မမမြိုင်ရဲ့ ခြေထောက်တစ်ဖက်အား အလျှင်အမြန် ဖက်တွယ်လိုက်မိသည် ။ မျက်ရည်တွေ ရွှဲလို့ ရင်တွေနာနေပါပြီ မမမြိုင် ။
" တောင်းပန်ပါတယ် မမမြိုင် ။ ကျွန်မ တောင်းပန်ပါတယ် ။ မမမြိုင်ကို အများကြီး ချစ်တာပါ ။ မမမြိုင်ရဲ့ အငွေ့အသက်တွေက ကျွန်မအနားမှာ ရစ်လည်နေတာကို ကျွန်မ လန့်မိသွားလို့ ကြောက်မိသွားတာပါ မမမြိုင်ရယ် ။ ကျွန်မကို ခွင့်လွှတ်ပေးပါနော် ။ မမမြိုင် ။ "
" ငါက နင့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုဆို နင်သိသင့်တယ် ။ နင်ဟာ ငါ့အတွက် ငါ့ရဲ့အသည်းပဲ ။ ဒါပေမယ့် နင့်အတွက် ငါဟာ ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတစ်ကောင်လား မိုရာညိမ်း ။ "
" မဟုတ်ဘူး မဟုတ်ဘူး ။ မမမြိုင် မဟုတ်ရပါဘူး ။ "
" ငါ နင့်ကို တကယ်စိတ်ပျက်မိတယ် ။ "
" ဟင့်အင်း ။ မပျက်ရဘူး ။ လုံးဝမပျက်ရဘူး ။ ကျွန်မ မမမြိုင်ကို ချစ်တယ် ။ ကျွန်မ အဲ့လိုမကောင်းတာကို မတွေးတော့ပါဘူး ။ မမမြိုင် အပြင်မှာ တကယ်ရှိနေမလားဆိုတာကို ဒီအငွေ့အသက်တွေနဲ့ ရောထွေးသွားခဲ့တာပါ မမမြိုင် ။ မမမြိုင် မငိုနဲ့တော့နော် ။ မျက်ရည်တွေ သုတ်လိုက်ပါ မမမြိုင်ရယ် ။ "
" ငါ့ကို မကြောက်ပါနဲ့ ။ မကြောက်စမ်းပါနဲ့ ။ "
" မကြောက်တော့ဘူး ။ မမမြိုင်ကို အများကြီး ချစ်ပေးမှာ ။ မမမြိုင် စိတ်ကျေနပ်အောက် ဘာလုပ်ပေးရမလဲ ဟင် ။ "
" ငါ ပြောတဲ့အတိုင်းသာ ဇာတ်လမ်းကို ဖန်တီးပေးပါ မိမိုရာ ။ ဒါဟာ ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေးတာနဲ့ အတူတူပဲ ။ "
" ဟုတ် ။ ဟုတ်ကဲ့ ။ မမမြိုင် စိတ်တိုင်းကျ ဖြစ်စေရမယ်နော် ။ ကျွန်မ ကတိပေးပါတယ် မမမြိုင် ။ "
" ဒီစံအိမ်တော်ထဲက ရာဇဝင်ဇာတ်လမ်းဟာ သခင်မမြိုင် ဖန်တီးထားတာပဲ ဖြစ်ပါစေ ။ တကယ်ဖြစ်ရပ်လေးလို ဖြစ်ပါစေ ။ မင်းဟာ ငါ့ရဲ့ အမည်ခံ ကလောင်ပိုင်ရှင်လေးပဲ ။ တစ်လောကလုံးကို သိစေနိုင်တဲ့ အမည်ခံ ကလောင်ပိုင်ရှင်လေး ဖြစ်ရုံပဲ ။ ဒီဇာတ်လမ်းက မမမြိုင် ရေးတယ်ဆိုတာ သိပါစေ ။ "
" ဟုတ်ကဲ့ ။ သိပါတယ် မမမြိုင် ။ ခွင့်လွှတ်ပေးမယ် မဟုတ်လား ဟင် ။ "
" အင်း ။ ခွင့်လွှတ်တယ် ။ ချစ်တော့လည်း ခွင့်လွှတ်ပေးပြီးသားပဲ ။ ငါ့ကို မကြောက်ပါနဲ့ ။ ချစ်ပေးပါ ။ "
" ချစ်ပါတယ် မမမြိုင်ရယ် ။ "
* * * * *
ကျွန်မ မမမြိုင်အပေါ်မှာ ကြောက်ရွံမိခဲ့တာကြောင့် မမမြိုင်ဆီသို့ တောင်းပန်သောဇာတ်လမ်းတိုလေး ဖြစ်ပါတယ် ။ ကျွန်မ တကယ်ထိတ်လန့်ခဲ့မိပါတယ် ။ မမမြိုင်ဟာ ကျိန်စာလို့လည်း သတ်မှတ်ခဲ့ဖူးတယ် ။ မကောုးဆိုးဝါးလို့လည်း သတ်မှတ်မိခဲ့တယ် ။ ခွင့်လွှတ်ပေးကြပါ ။
မိုရာညိမ်း နဲ့ fri ဖြစ်ထားတဲ့ သူတွေဆို မိုရာဘာဖြစ်နေသလဲ သိသင့်သလောက် သိကြပါလိမ့်မယ် ။
morA_nyein
Continue Reading
You'll Also Like
253K 9.3K 45
မိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး.. အစ်ကိုက သတ်ရဲတယ်၊သေရဲတယ် ဒါပေမယ့်မူနွဲ့မျက်ရည်ကျတာကိုတော့မကြည့်ရဲဘူး..... ကြက်သမား၊ဖဲသမား..လူမိုက်လေးတေဇဘုန်း‌ကျော်...
225K 14.2K 33
မချစ်ရင်နေပါ... မုန်းတော့မမုန်းလိုက်နဲ့....
360K 32.7K 49
မည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ခြင်းမရှိ ကျွန်တော်၏ စိတ်ကူးသက်သက်ပင်ဖြစ်သည်။
2.5K 341 19
အနက်ရောင်ကောင်းကင်က ကြယ်တစ်ပွင့် ကျွန်မနှလုံးသားထဲ တည့်တည့် ကြွေကျလာတယ်။ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒတွေဆီ လွင့်မျောပါရင်း ကျွန်မအိမ်မက်ဟာ ယိုင်နဲ့လာတယ်။ အ...