ညီရှိရာရပ်ဝန်း... (one sho...

By OuOunora

170 24 10

[Myanmar BL] 'ညီ ရှင်သန်ရာရပ်ဝန်းသာ ရှင်သန်ရာ ' 'ညီ ရွင္သန္ရာရပ္ဝန္းသာ ရွင္သန္ရာ ' #17.9.22 More

ညီရှိရာရပ်ဝန်း (Uni)

Zawgyi code

27 2 0
By OuOunora

' ညီ..... 'တဲ့ ကောင်လေးတစ်ယောက်ကို ကျွန်တော်တိတ်တခိုးခေါ်နေမိသည့်
နာမ်စားလေးပေါ့ ။

၂၀၁၇ ဒီဇင်ဘာတစ်ရက်နေ့
ကျွန်တော့်အိမ်ဘေးကိုပြောင်းလာသည့် ထိုကောင်လေးကိုမြင်လိုက်ရသည့်အချိန်မှာ တစ်ချိန်က ကျွန်တော့်ကိုယ်ကျွန်တော်ပြန်မြင်လိုက်ရသလိုပင်။
ထိုကောင်လေးဟာ ကျောင်းသားတစ်ယောက်
ဖြစ်ပြိိိီးအိမ်ပြောင်းလာသည့်နေ့မှစ
ကျောင်းနှင့်အိမ်
အိမ်နှင့်ကျောင်း သာသိပုံရသည်။
တစ်ခါတစ်လေ ဂျူတီကုပ်ဖြင့် မြင်ပုံထောက်လျှင် ဆေးကျောင်းသားဖြစ်မည်ဟု ကျွန်တော် ထင်မိ၏။
၃လကြာသည့်တိုင် ညီ ဆိုသည့်ထိုကောင်လေး ဟာ တစ်ခါမျှ
ပြုံးရယ်ခြင်းကျွန်တော်မမြင်ဖူးပေ။ မနက် ၇ နာရီထိုးလျှင် အိမ်မှကားဖြင့်
ကျောင်းသို့ပို့ခံရပြီး ညနေ ၄ နာရီထိုးလျှင် အိမ်သို့ပြန်လည်ရောက်ရှိလာပြန်သည်။

ပုံမှန်ပြန်ရောက်လျှင် ခြံရှေ့တွင်နာရိီဝက်ခန့် ခြင်းခတ်လေ့ရှိပြီး ည၇နာရီတွင်ပုံမှန် ကျွန်တော့်အခန်း၏မျက်နှာချင်းဆိုင်အခန်းအောက်ထပ်တွင် ညီ စာလုပ်လေ့ရှိသည်။ညီ့အခန်း၏ စာကျက်မီးအိမ်ဟာလည်း ညတိုင်း ညသန်းခေါင်ကျော်မှသာမီးမှိတ်လေ့ရှိသည်။
ထိုသို့ကျောင်းနှင့်အိမ် အိမ်နှင့်ကျောင်းကြားကညီဟာ အပြင်လာကကိုသိပ်သိပုံမရ။
ပျော်စရာလည်းသိပ်ရှိပုံမရ။ ထိုကြောင့် အရယ်အပြုံးနှင့်ကင်းဝေးကာ
လွန်ခဲ့သော ၄နှစ် ကျွန်တော်အဖေ့ကုမ္ပဏီမှာ
HR မဖြစ်ခင် ဖြတ်သန်းခဲ့ရတဲ့ကျောင်းသား
ဘဝကို ပြန်မြင်လိုက်ရသလိုပင် စာနှင့်သာငြီးငွေ့စရာကောင်းသည့်ဘဝတူအလျောက် ညိီ့ကိုကျွန်တော်ဂရုဏာသက်မိသည်။

ညီဟာကျွန်တော်နှင့်အတော်များများတူသည့်လူတစ်ယောက်ဖြစ်၏။ ။ ညီစာကျက်သည့်အခါ ပြတင်းပေါက်ဖွင့်ကျက်တတ်ပြီး လပြည့်ညတွေမှာ လကိုအတန်ကြာငေးနေတတ်သလို
လမိုက်ညတွေမှာလည်း ကြယ်တွေကိုငေးနေတတ်ပြန်၏။ ထိုအချက်တွေဟာ ကျွန်တော်နှင့်ထပ်တူကျသည့်အချက်တွေဖြစ်၏။ ထိုကြောင့်ပင် ညီ၏လှုပ်ရှားမှုများကို ကျွန်တော် လိုက်ကြည့်နေမိ၏။......... ဒီလိုနဲ့ပဲ ကျွန်တော်သူ့အပေါ် တစ်စတစ်စနဲ့ ခံစားချက်တွေရှိလာခဲ့မိသည်ထင်ပါရဲ့။

တစ်ခါတစ်လေ စာ လုပ်ရင်းငေးနေတတ်သည့် ညီ့ကို ကျွန်တော်ခိုးကြည့်
ရတာခုံမင်လာသည်။ ညီကမသိရှာပါဘူး ။
ညီ ကိုငေးကြည့်နေရင်းနှင့်ပင် အလှမ်းဝေးနေသည့် အော်သံတစ်ခုလိုလို ... သေချာနားထောင်ကြည့်မှ ကျွန်တော့နာမည်ခေါ်သံလေး ဖြစ်နေ သည်။ ထိုအချိန် ကျွန်တော်အသိဝင်လာသည် ။ ကျွန်တော်ရပ်ကြည့်နေသည့်ညီဟာ
ကျွန်တော့်အိပ်မက်ထဲရှိ ညီ ဖြစ်နေသည်။
လက်တွေ့ဘဝတွင်မဟုတ်ခဲ့။

" ဇေဖြိုး ...... ဇေဖြိုး သားရေ ထတော့ ....ဆေးသောက်ရမယ့် အချိန်ရောက်ပြီးလေ "

" အား ... ကျွတ် ... ကျွတ်...ငါ့ခေါင်းလေးနာလိုက်တာ "

ကိုက်ခဲနေသော ပတ်တီးစည်းထားသည့် ခေါင်းကိုဖိကိုင်ရင်း ကျွန်တော့်မျက်လုံးနှစ်လုံးကို
ဖွင့်ကြည့်လိုက်သည်။ အိပ်မက်ထဲရှိညီဟာ ဘယ်သူလည်းတော့ကျွန်တော်မသိ။
လက်ရှိမှာ ဆေးရုံတစ်ခုပေါ် ကျွန်တော်ရောက်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။
ညီ ဆိုသည့် ထိုကောင်လေးကို ညတိုင်းအိပ်မက်မက်သော်လည်း ကျွန်တော်ရင်နှီးသည့်
လူတစ်ယောက်တော့ မဟုတ်ပေ။

" သား သက်သာရဲ့လား ... ဘယ်လိုနေသေးလဲ "

" ခေါင်းကနာတယ်အမေ .... "

" သားဆေးသောက်ပြီးရင် အမေ ဆရာဝန် သွားခေါ်ပေးမယ်နော် "

ခေါင်းငြိမ့် လိုက်တဲ့ ကျွန်တော်ဟာ အမေကမ်းပေးသည့် ဆေးကိုသောက်ပြီး ထပ်မံလဲ လျောင်းလိုက်သည်။အိပ်မက်ထဲတွင်...

" ညီ ... ညီ... ခဏနေအုံး ... "

ညီဟာ ကျွန်တော်ခေါ်နေသည်ကို တစ်ချက်သာလှည့်ကြည့်ပြီး ခံစားချက်မရှိသော မျက်နှာဖြင့် တစ်ဖက်သို့ ပြန်လှည့်သွားသည်။ ဒါဟာ ညီကျွန်တော့်အိမ်ဘေး ပြောင်းလာပြီး ၃လကြာမှ ပထမဆုံး ညီနှင်လြမ်းထိပ်မှာ ညီ့အိမ်ကတစ်ယောက်ယောက်မပါပဲ လမ်းပေါ်ဆုံတွေ့ခြင်းဖြစ်၏။ ထိုကြောင့် ကျွန်တော် လိုက်ခေါ်မိသည်။သို့သော် ညီဟာ အဖက်လုပ်ဖော်မရှိခဲ့။

" ညီ... ခဏနေပါအုံးကွာ "

ညီ၏လက်မောင်းကို ကျွန်တော်အနောက်မှလှမ်းဆွဲရင်း တားလိုက်ရသည်။ထိုအခါမှသာ ညီဟာ ခြေစုံရပ်ကာ ကျွန်တော့်ကို လှည့်ကြည့်လိုက်၏။ထိုအကြည့် ..... ထိုအကြည့်ဟာ ခက်ထန်သောလည်းမဟုတ်သလို နူးညံ့သောလည်းမမည်သည့် ကျွန်တော့်ရင်ကို တိုးဝင်လာသည့် အကြည့် ၊ သာမန် အကြည့်တော့ မဟုတ်သာသေချာသည်။

" ဘာကိစ္စလဲ ဗျ "

အေးစက်စက်ပြန်ဖြေလိုက်တဲ့အသံဟာ အေးစက်ခြင်းလည်း မမည်ပြန် ။

" ဟို..... အကို့ကို သိတယ်မလား ... ညီ ပြောင်းလာတဲ့ ဘေးအိမ်ကလေ "

" ကျွန်တော် မသိဘူး "

ညီ့ဆီကကောင်းမွန်တဲ့ အဖြေလေးကိုမျှော်လင့် ထားပေမယ့် ဆရာဝန်လောင်းပီပီခပ်ချေချေ တုံးတိသည့် အဖြေလေးဖြင့် ခပ်တည်တည်ကျွန်တော့်ကို ကြည့်နေသည်။ထိုအကြည့်ကြောင့် ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေပြန်၏။ လေတစ်ချက်ဝှေ့တိုင်း နဖူးပေါ်တစ်စနှစ်စကျနေသည့် ဆံပင်လေးတွေ တစ်ချက်တစ်ချက်လှုပ်တက်သွားတာကစ မြတ်နိုးချင်စရာဖြင့် ပြည့်နေတော့သည်။

ညီ့ကိုအမြဲငေးကြည့်နေရာမှ တစ်ရက်တစ်ရက်ပိုပိုပြီးမြတ်နိုးလာရသည်။ ဒီအကြောင်းတွေကို တစ်နေ့ ညီ့မျက်နှာကိုတစ်စိမ့်စိမ့် ကြည့်ရင်း တမြတ်တနိုး ပြောပြပါချင်ပါသေးသည်။

" ဘာငေးနေတာလဲ ကိစ္စမရှိရင် ကျွန်တော်သွားတော့မယ်"

" ခဏလေးပါ ညီတစ်ယောက်ထဲအပြင်ထွက်တာမတွေ့ဖူးလို့ အကိုကခေါ်လိုက်တာ "

" အဲတာ ကျွန်တော့်ကိစ္စပါ ဒါနဲ့ကျွန်တော့်ကို stalk နေတာလား "

" ဟာမဟုတ်ပါဘူး .... ကိုက သတိမထားမိပဲ ခဏဏ မြင်နေကြမို့ သိမလားဆိုပြီး လှမ်းနှုတ်ဆက်တာပါ "

" အခုမသိဘူးဆိုတော့ သွားလို့ရပြီးမလား .... ဪ ဒါနဲ့ သတိမထားမိလို့ပဲနော် ကျွန်တော့်အကြောင်းကို ကျွန်တော့် ထက်ပိုသိနေသလို အဟက် "

ခနဲ့သဲ့သဲ့နဲ့ မဲ့ပြုံးလေးကအစ ဒီလူကိုရူးခါစေ၏။ဒီလိုချေနေပုံထောက်လျှင် ဆေးရုံမှာ လူနာတွေနဲ့ ဘယ်လိုများ ဆက်ဆံနေမလဲမသိ။ ဘယ်လိုနေနေပါလေ ချစ်ရသူကျွန်တော်ကတော့ချစ်နေမြဲပါ။

တဖြေးဖြေးမှုန်ဝါးလာသည့် အိပ်မက်မှတဆင့် ကျွန်တော် အိပ်မက်မဟုတ်သည့် အမေ၏အသံကို ကြားလာရပြန်သည်။ အိပ်မက်ထဲမှာ အရမ်းချေသည့် ညီဆိုသူကောင်လေးကို ကျွန်တော် သိပ်မြတ်နိုးပုံရသည်။ ကျွန်တော်ဘာကြောင့် ဒီအိပ်မက်ကို မက်နေရတာလဲမသိ အိပ်မက်ထဲရှိ နေရာတွေဟာ ကျွန်တော့်ပတ်ဝန်းကျင်နှင့်ကွက်တိကျသည်။ နေရာတွေ ရင်နှီးနေသော်လည်း ထိုကောင်လေးတော့ ကျွန်တော်မသိနေချေ။

" နိုးပြီးလား သား ... ခုနလေးတင် .... ဒေါက်တာလေး လာသွားသေးတယ် သားကအိပ်ပဲအိပ်နေတော့ လူနာသွားပြန်ကြည့် တယ်သား "

" ဟုတ် ... "

'ဆရာဝန်လာကြည့်တာများအဆန်းလုပ်ပြီးပြောနေသေးတယ်အမေရယ် ၊ ဆေးရုံတက်မှာတော့ ဆရာဝန်လာကြည့်တာဆန်းသလားလို့ဗျာ။ဒါကိုတော့အမေကြားအောင် မပြောတော့ပါဘူး'
ဒီလိုတွေးနေရင်း အခန်းပြင်ကိုကြည့်လိုက်မိစဉ်..

" ဟင် ... ညီ "

အိပ်မက်ထဲရှိညီ၏ကျောပြင်နှင့် သိပ်တူသည့် ဂျူတီကုပ်ဝတ်ထားသည့် ဆရာဝန် တစ်ယောက် အခန်းရှေ့ဖြတ်လျှောက်သွားသည်။ ဒါပေမဲ့ ကျွန်တော့်အခန်းထဲလှည့်ကြည့်လာသည့်အခါမှာ မြင်လိုက်ရသည့်မျက်နှာဟာ အိပ်မက်ထဲရှိ ညီ မဟုတ်နေခဲ့။

'အင်းလေ... အိပ်မက်ထဲကလူကဘယ်လိုလုပ် အပြင်မှာရှိနေနိုင်မှာလဲ
ဇေဖြိုးပိုင် တို့ သိပ်ကို စိတ်ကူးယဉ်တာပဲ'
ဟုသာ တွေးလိုက်မိတော့သည်။

ဒီလိုနှင့် ဆေးရုံတက်နေသည့်ရက်ဟာ ၁၀ ရက်ပြည့်တော့မည်။ car accident ကြောင့် အတိတ်မေ့တာမျိုးဖြစ်သေးလားလို့အမေ့ကို မေးသော်လည်း မရှိဟုသာအဖြေပြန်ရခဲ့သည်။ တကယ်လည်း ကျွန်တော် အကုန် မှတ်မိနေသည်။ သို့သော်
ဒီရက်ပိုင်း ညီဆိုသည့်ကောင်လေးကို အိပ်မက်ထဲမမြင်ရသည်ကြောင့် တစ်ခုခုလိုနေသလို ခံစားနေရသည်။အိပ်မက်ထဲကကောင်လေးကို ကျွန်တော် တကယ် ချစ်မြတ်နိုးမိသွားပြီလား ။

တစ်ရက်တစ်ရက် ညီဆိုသည့်ကောင်လေးကို လွမ်းဆွတ်သတိရနေမိသည်မှာ ကိုယ့်ကိုယ်လည်း မထိန်းချုပ်နိုင်တော့။ တကယ်ဆို ညီရှိသည့် ကမ္ဘာဆီသာ ပြေးသွားပြီး ညီ့ကိုလွမ်းကြောင်း စာဖွဲ့ပြီး ပြောပြချင်တော့သည်။
'ညီရေ ကျေးဇူးပြု၍ ဒီည ကိုယ့်အိပ်မက်ထဲ လာခဲ့ပေးပါ 'ကျွန်တော်ဟာ အရူးတစ်ယောက်လို စိတ်ကူးတွေယဉ်ရင်း လက်တွေ့မှာ တကယ်မရှိသညံ ညီကို တမ်းတနေလေရဲ့။
သြော်....အချစ် ချစ်မိတော့လည်း အိပ်မက်ထဲမှာရှိသည့်ကောင်လေးတစ်ယောက်ဖြစ်နေလေရဲ့ ။

အိပ်ရတာမကြိုက်သည့်ကျွန်တော်ဟာ ညီကိုအိပ်မက်မက်သည့်အချိန်မှစ အိပ်ရတာကိုခုံမင်လာသည်။တကယ်ဆိုဒီကမ္ဘာပေါ်တစ်ထောင့်တစ်နေရာမှာညီဆိုသည့်ကောင်လေးရှင်သန်တည်ရှိနေရင်သိပ်ကောင်းမှာပဲလို့ ကျွန်တော်မျှော်လင့်မိသည်။သက်ရှိထင်ရှားမတွေ့ဖူးသည့် ညီအကြောင်းစဉ်းစားရင်း.....သောက်ထားသည့်ဆေးတွေရဲ့အရှိန် ကြောင့် ငိုက်လာတော့သည်။
ဇေဖြိုးပိုင် အိပ်မောကျသည်နှင့် ဆုတောင်းထားသည့်အတိုင်း ညီ ကိုအိပ်မက်ထပ်မက်ပြန်သည်။

" ညီ..... ဘာဖြစ်တာလဲ ... ခြေထောက်မှာလည်းသွေးတွေနဲ့ "

" အာ့ ခင်ဗျား လိုက်မကိုင်နဲ့လေ "

" ဘာဖြစ်တာလဲ အရမ်းနာလို့လား လာ ကိုပြန်လိုက်ပို့ပေးမယ် "

ကျွန်တော် ညီ့ဒဏ်ရာကို ကိုင်ဖို့အလုပ်မှာ ညီဟာ စိတ်တိုသောအသံဖြင့် ကျွန်တော့်ကို ပြန်ပြောလာသော်လည်း ညီနာနေလို့သာဟုတွေးလိုက်သည်။

" နာလို့ မကိုင်ခိုင်းတာမဟုတ်ဘူး ... ဟိုမှာလမ်းမှာလျှောက်ပြေးနေတဲ့ခွေး ကိုက်ခံထားရလို့ ခင်ဗျားကိုပိုးကူးမှာဆိုးလို့ဗျ... ဘာမှလည်းမသိဘူး... အိမ်ပြန်လိုက်ပို့ပေး ဒီအတိုင်းဆို ညကျယောင်လာတော့မယ် "

" ဟင်...ဟာ... အော် လိုက်ပို့... "

" ဘာလဲ လိုက်မပို့ချင်လို့လား "

" ဟမ် ... မဟုတ်ဘူး ကိုမထင်ထားလို့ လာလာ ကိုတွဲပေးမယ် "

၅လကြာမှ ညီနဲ့ လမ်းထိပ်မှာ ပြန်ဆုံခြင်းအပြင် ညီဘက်က သိနေသည့်လူတစ်ယောက် လို အကူအညီတောင်းလာလို့ ကျွန်တော့်မှာ အံ့ဩဝမ်းသာသလို ညီ့ဒဏ်ရာ ကြောင့် စိတ်တွေလည်းထူပူလှသည်။

ညီ့ကိုကိုက်လိုက်သည့်ခွေးဟာမတော်လို့များခွေးရူးများဖြစ်နေရင်... အို တွေးလိုက်တာနဲ့တင် ကြက်သီးထမိသည်။
ညီ့အစား ကျွန်တော်သာ ကိုက်ခံလိုက်ချင်တော့သည်။

" ညီ ခွေးကဘာခွေးမှန်း မသိတော့ ကာကွယ်ဆေးတွေထိုးအုံးနော် "

" ကျွန်တော် ဆရာဝန်မဖြစ်သေးပေမယ့် final part - 1 တောင် ပြီးတော့မှာပါဗျ ခွေးကိုက်ရင်ဆေးထိုးရမှာလောက်တော့ သိပါတယ် "

ဘောက်ဆက်ဆက်နဲ့ ညီဟာ ဘယ်လိုပဲ ကျွန်တော့်ကို ဘောက်ဆက်ဆက်နိုင်ပါစေ ဒီတစ်ကြိမ်မှာ ကျွန်တော့်ကိုစကားတွေပြန်ပြောတာနဲ့တင် အရမ်းကိုစိတ်ပျော်နေပါပြီ။

" ဟုတ်ပါပြီး ကျွန်တော်မျိုးစိတ်ပူလို့ပါဗျာ "

" ဘာမှမဆိုင်တာကို "

" မဆိုင်ပေမယ့်လည်း .... ထားပါလေ... ဒါနဲ့ညီအရမ်းကြိုးစားတယ်နော် အနာဂတ်မှာ အရမ်းတော်တဲ့ဆရာဝန်တစ်ယောက် ဖြစ်မှာ အသေချာပဲ ဒါပေမယ့် ညီသိလား တစ်ခါတစ်လေ စာနဲ့ကြိုးစားနေရုံနဲ့မရဘူးသိလား လက်တွေ့ဘဝကိုလည်း လေ့လာသင့်တယ် "

" ကျွန်တော် လူတစ်ယောက်ကို ကာကွယ်ဖို့အတွက် အင်အားကြိးအောင်ကြိုးစားနေတာ
ဒါဟာ လက်တွေ့ဘဝကိုရင်ဆိုင်ဖို့်အတွက်ပဲ "

ခပ်အေးအေးညီ့အသံဖြင့် ဘယ်လိုမှန်းမသိ ထူးဆန်းနေသည့် ညီရဲ့အကြည့်အောက်မှာ ကျွန်တော်ခေတ္တခဏတော့ ငြိမ်သက်မိသွားသည်။ အရယ်အပြုံးမရှိသည့်ညီမှာ စိတ်ဒဏ်ရာရှိပုံရသည်ဟုလည်း ကျွန်တော်တွေးမိပြန်သည်။ ဘယ်လိုဖြစ်ဖြစ် ညီ့အနောက်မှာ ကျွန်တော်အမြဲရှိနေမှာ ညီ မသိရင်တောင်မှပေါ့ ။ အကယ်၍ ညီပြောသည့် လူဟာကျွန်တော်သာဆို သိပ်ကောင်းမှာပဲ ဟု ထပ်ပြီးတွေးမိပြန်သည်။

" ညီကာကွယ်တာခံရတဲ့သူတော့ သိပ်ကံကောင်းမှာပဲနော် "

ကျွန်တော့်စကားကြားကြားချင်း ညီဟာ လျှောက်နေရင်း ရပ်တန့်ပစ်ပြီး ကျွန်တော့်ကိုစိုက်ကြည့်လာသည်။ အဓိပ္ပာယ်ဖော်ရခက်ပြီး အတော်လေးကို ရင်ခုန်ဖို့ကောင်းသလို မျက်လုံးချင်းမဆုံရဲလောက်သည့်အထိခြေမကိုင်မိ လက်မကိုင်မိ ချက်ချင်းပင်အကြည့်လွှဲရသည်။ ညီ မရိပ်မိအောင်လည်း ကျွန်တော့်ရင်ခုန်သံကို ဖုံးကွယ်ထားရသေး၏။

" ကာကွယ်တာထက် ကျွန်တော် တို့နှစ်ယောက် ရဲ့ လေးနက်တဲ့ ချစ်ခြင်းကို ကြားလူဝင်နှောင့်ယှက်လို့ မရအောင် ကျွန်တော်လည်း အဲ့လူလောက်တော်ပြီး အင်အားကြီးဖို့ လိုလို့လေ "

'ညီမှာချစ်ရမယ့်သူရှိနေပြီးသားထင်တယ် ၊ အင်းလေ အစကတည်းက ညီ့ကို ကျွန်တော်တစ်ဖတ်သတ်ကြိုက်ခဲ့ရုံပဲလေ ။ ဘာမျှော်လင့်ချက်ထားရမှာလဲ စိတ်မကောင်းပေမယ့် ညီ့အတွက်ပျော်ပေးရမှာပေါ့ ' လို့ ကျွန်တော့်ကိုယ်ကျွန်တော်အတွေးထဲသတိပေးရပြန်သည်။

ချစ်ခြင်းတရားနှင့်ပတ်သတ်ပြီး တောက်ပနေ
သည့်ညီ့မျက်ဝန်းတွေဟာ ကျွန်တော့်ရင်ခွင်သို့တည့်တည့်ထိုးဝင်လာသည့် မြားတစ်စင်းလို ၊ ကျွန်တော့်ကို 'နောက်ဆုတ်လိုက်ပါတော့ 'လို့ အသိပေးလိုက်သလို နာကျင်ပြီးသိမ်ငယ် စေတဲ့ စိတ်က တရိပ်ရိပ် တိုးလာစေသည်။

ချက်ချင်းဆိုသလိုပင် လူကလည်း အသက်ရှူခက်လာသလိုဖြင့် 'ညီ့အနောက်မှာ အကိုရှိပေးမယ် 'ဆိုတာ အခုလိုအခြေအနေနဲ့ဆို တကယ်တော့မလွယ်ကြောင်း ကျွန်တော်လက်ခံလိုက်ရင်း ကျွန်တော့်စိတ်ကို ဘာမှမဖြစ်သလိုဟန်ဆောင်ရင်း .....

" ကောင်မလေးကတော့ ညီ့လို ကောင်လေးရထားတော့ ကမ္ဘာမှာ ကံအကောင်းဆုံးမိန်းကလေးပါပဲနော် "

ဟန်ဆောင်ပြုံးရင်းနဲ့သာ ညီ့ကို ပြန်ပြောလိုက်ရသည်။

" ကျွန်တော် မိန်းကလေးနဲ့ကြိုက်နေတယ်လို့ မပြောမိပါဘူး "

"ဟမ်.... ဒါဆိုညီက "

" ဟုတ်တယ် ကျွန်တော် ယောကျာ်းလေးတစ်ယောက်ကို ချစ်နေမိတာ
စာနဲ့ကျောင်း ကလွဲရင်အချစ်ဆိုတာ ဘာမှန်းမသိတဲ့ ကျွန်တော်က ပထမဆုံးရင်ခုန်မိတာ ယောကျာ်းတစ်ယောက်ဖြစ်ပြီး ... အဲ့လူတစ်ယောက်ကလွဲရင် ဘယ်သူ့ကိုမှလည်း စိတ်ထဲထည့်လို့မရဘူး အချိန်တိုင်း အဲ့လူကိုပဲတွေ့ချင်နေပြီး မျက်လုံးပိတ်တာကအစ မျက်လုံးဖွင့်တာအဆုံး အဲ့လူကပဲ အချိန်တိုင်း အရိပ်လိုစိုးမိုးနေတာ ဝတ္တရားနှောင့်ယှက်မှုနဲ့သာ တရားစွဲလို့ရရင် အဲ့လူကို နှလုံးးသားထောင်ထဲမှာ ထည့်ပစ်လိုက်တာကြာပြီး "

'ညီအကြည့်တွေက တောက်ပပြီး တလက်လက်ထနေတာများ မသိရင်ကျွန်တော့်ကိုဖွင့်ပြောနေသလို ... အို ဒါကတစ်ဖတ်သတ်ခိုးချစ်နေရသည့်လူတစ်ယောက်အဖို့ ၉၀ရာနှုန်း စိတ်ကူးယဉ်ပြီးအထင်မှားတတ်ကြတာပဲ။ အင်းလေ
ညီ့အပြောတွေကလည်း အထင်မှားချင်စရာကောင်းအောင် လူကိုတစ်စိမ့်စိမ့်ကြည့်ပြီးပြောနေတယ်။ ညီရည်ညွှန်းတဲ့သူဟာကျွန်တော်ဖြစ်ရင်သိပ်ကောင်းမှာပဲလို့ 'စိတ်ကူးယဉ်မိသေး ၏။

စိတ်ကူးယဉ်ခြင်းဟာ အခကြေးငွေပေးရတာမဟုတ်သလို ဘယ်သူမှလည်းကြားနိုင်ခြင်းမရှိ ။
ထို့ကြောင့် စိတ်ကူးယဉ်ခွင့်ဟာ လူတိုင်းမှာရှိခွင့်ရှိတယ်မလား။

" အဟမ်း ဘာကိုမျက်မှောင်ကျုံ့လိုက် ပြုံးလိုက်လုပ်နေတာလဲ ကို ဇေဖြိုးပိုင် "

" ဟင်.... အဲ မဟုတ်ပါဘူး ဒီအတိုင်း...ဟမ်...
ကို့နာမည်ဘယ်လိုသိတာလဲ "

" ကျွန်တော်နောက်တစ်ခုပြောပြရမလား "

" ဟမ်....အင်း ပြောလေ "

" အဲ့လူကလေ ကျွန်တော်ကြိုက်နေမှန်းလည်းမသိပဲ သူလည်း ကျွန်တော့ကို အရမ်းရမ်းကို သဘောကျနေတယ်ဗျ အဲ့လူကလေ ကို... "

ပြုံးပြုံးလေးဖြင့် ပြောနေသည့် ညီ၏အကြည့်တွေဟာ တကယ်ကိုလေးနက်နေချိန် တကယ်ကိုညီသဘောကျနေသည့် သူ၏နာမည်ကို သိရတော့မည့်အချိန်မှာ .....

" ခြေထောက်ကဘာဖြစ်တာလဲ "

အေးစက်စက်အကြည့်အေးစက်စက်အသံဖြင့် အသက် ၆၀ကျော် လူကြီး တစ်ယောက်မှ ညီ့ကိုလှမ်းပြောလိုက်ခြင်းပင်။

" ဘာမဖြစ်ဘူး ခွေး ကိုက်မိရုံလေးနဲ့ ကျွန်တော်မသေပါဘူး "

ပြုံးယောင်ယောင်ဖြစ်နေသည့် ညီဟာ ထို လူကြီးကို မြင်တာနှင်ြ ချက်ချင်းပင်မျက်နှာတည်သွားပြန်သည်။ဒါပထမဆုံးညီပြုံးတာမြင်ဖူးခြင်း ၊ ဒါကိုထိုလူက ဖျက်ဆီးလိုက်၏။ ကျွန်တော်တကယ်ညီရဲ့အပြုံးကို မြင်ဖို့ကံမပါလာရောလား။ ထိုမျက်မှန်အဝိုင်း၊မုတ်ဆိတ်မွေးတွေနှင့် လူကြီး၏အကြည့်ဟာလည်း ကြက်သီးထစရာကောင်းလောက်အောင်ပင် ကျွန်တော့်ကျောပါ
ချမ်းစိမ့်တက်လာသည်။

" ပြန်မယ် နောက်အခါ သူစိမ်းတွေနဲ့ စကားရပ်မပြောနဲ့ ခြံစောင့် ကိုဦးမပါပဲနဲ့လည်း အပြင်ထွက်တာထပ်မမြင်စေနဲ့ "

" လိုက်ပို့ပေးတဲ့ မောင်ရင် ကျေးဇူးပဲ နောက်အခါဦးသားကို လမ်းမှာတွေ့ရင်တောင် မနှုတ်ဆက်ပါနဲ့ "

ညီဟာဘာတစ်ခွန်းမှပြန်မပြောတော့ချေ။ ထိုလူကို မျက်နှာသေဖြင့်တစ်ချက်ကြည့်ကာ ကျွန်တော့်ကိုလည်း မနှုတ်ဆက်တော့ပဲ တန်းပြန်သွားသည်။ ထိုလူလည်းညီနောက်လိုက်ပါသွား၏။
ဒီအတိုင်းဆို ညီအိမ်မှာ ဘာဆက်ဖြစ်မလဲ။စိတ်မချခြင်းများစွာဖြင့် ကျွန်တော်ဟာ ရပ်ကြည့်ရင်းသာ လမ်းထဲ ကျန်နေခဲ့ရသည်။ညီခြံထဲဝင်သွားသည်ထိ ရပ်ကြည့်နေရင်း ညီ့ကိုလည်း စိတ်ပူရင်း မျက်စိတစ်ဆုံး ငေးမောနေမိ၏။
ရင်ထဲမှာလည်း ပြည့်ကြပ်ရင်းဖြင့် ညီလက်ကို ဆွဲပြေးပြီး ထိုလူကြီးဆီကနေ ခေါ်ထုတ်ချင်စိတ်လည်းတရိပ်ရိပ်ပေါ်လာပြန်သည် ။သို့သော် ....ကျွန်တော် မလှုပ်ရွေ့နိုင်ပေ။

လက်ထဲမှာ ဆူးအောင့်အောင့် ခံစားရသည်ကြောင့် ကျွန်တော်အသိစိတ်ဝင်ကာ လန့်နိုးလာ၏။ ဆူးနေသည့်လက်ကို လှမ်းကြည့်မှသာ သူနာပြုဆရာမတစ်ယောက်ကျွန်တော့်ကိုဆေးထိုးနေသည်။

" ပိုးသတ်ဆေးထိုးနေတာကြောင့် နည်းနည်းတော့ အောင့်မယ်နော် "

ကျွန်တော်နိုးလာသည်ကိုမြင်သော ဆရာမမှာ သူဆေးထိုးနေသည့်အကြောင်းကို ချက်ချင်းပင်ရှင်းပြပြီး ပြန်ထွက်သွားသည်။ ဆေးကြောင့် အောင့်တာကခဏရယ်ပါ။ အိပ်မက်ထဲကညီကြောင့် အောင့်နေသည့်ရင်ဘတ်က တစ်သက်တာများလား။

ညီတစ်ယောက်အဆင်ပြေရဲ့လား ။ အိပ်မက်မှန်းသိလျက်နဲ့လည်း ကျွန်တော်ညီ့ကို စိတ်ပူနေသည်။ ညီရှိနေသည့်ရပ်ဝန်းဟာ အိပ်မက်ရပ်ဝန်းဖြစ်နေပါစေ ကျွန်တော်ညီ့ဆီအရောက်သွားချင်နေတုန်းပင်။ ဘယ်ဘဝရေစက်ကြောင့်များ ညီနဲ့အိပ်မက်၌သာဆုံစည်းရနိုင်တာလဲ။

မိုးသာလေသာနေသည့် ကောင်းကင်ပြာပြာတိမ်စဖြူဖြူများကို ဆေးရုံပြတင်းပေါက်မှ ငေးကြည့်ရင်း ညီ့အကြောင်းစဉ်းစားနေမိပြန်သည်။
ညီအိမ်ထဲဝင်ပြီးနောက် ဘာတွေများဆက်ဖြစ်ခဲ့တာပါလိမ့်။
.
.
.

အပြာရောင်ကောင်းကင်အောက်မှာ အဖြူရောင်တိမ်စတွေရှိမှလှပသလို လွန်းတေဇနိုင် ဆိုသည့်ကျုပ်ဘဝမှာလည်း ဇေဖြိုးပိုင်ဆိုသည့် ကိုကို ရှိမှ ပြီးပြည့်စုံတာလေ။
ထူနက်နေသောမျက်ခုံးဟာဆေးရုံရှေ့မှ
ဒုတိယထပ်ဆေးရုံပြတင်းပေါက်ထိ မြင်နေရသည်။ ကိုကို၏မျက်ဝန်းနက်နက်တွေဟာလည်း စိုစွတ်နေသည်မှာ သိပ်ကိုလှပသည့်နတ်ဘုရားတစ်ပါးလို ၊ ဟုတ်သည် ....ကျုပ်က ညီ ကိုကိုခေါ်နေသည့်ညီ ဆိုသူဟာ ကျုပ် လွန်းတေဇနိုင် .... ။
ကောင်းကင်ကိုကြည့်ပြီးပြုံးနေသည့် ကိုကို ဟာ ကျုပ်ကို မမှတ်မိပေမယ့်လည်း ကျုပ်ကထာဝရကိုကို၏ ညီ ။ ကိုကိုချစ်ရသောတစ်ဉီးတည်းသောညီ။ ကို့ကို့အတွက်ဆို လူသတ်ဖို့တောင်ဝန်မလေးသည့် ညီ။ ကို့ကို့မူပိုင်ညီ။ ကိုကို ကျုပ်ကို သေချာပေါက်မှတ်မိပါ့မလား တွေးပူမိသည်။

ယခုလည်း ပထမဆုံးကို့ကို့ကို စတွေ့တုန်းကလိုပင်။ ပထမစစတွေ့တုန်းက ကျုပ်အိမ်ပြောင်း
သည့်နေ့ ကို့ကို့အိမ်ဘေးကိုပြောင်းလာသည့်နေ့ ထိုနေ့မှာ ကိုကိုဟာယခုလို ကောင်းကင်ကိုကြည့်နေတာမဟုတ်ပဲ ကျုပ်ကိုကြည့်နေခဲ့တာဖြစ်သည်။ ၊ ကျုပ်သိပေမယ့်လည်း ကို့ကို့ကိုရဲရဲပြန်မကြည့် ရဲခဲ့။ ဆွဲ ဆောင်မှုရှိသည့် ကိုကို၏အကြည့်အောက်မှာ ကျုပ်နှလုံးသား အရည်ပျော်ခဲ့ရုံမက ကိုကို့ဆီမှာ ကျုပ်နှလုံးသားတစ်စုံခစားဖို့အဆင်သင့်ဖြစ်နေခဲ့သည် ။ ကျုပ်မျက်စောင်းဖြင့်သာကို့ကို့ကိုခိုးကြည့်ခဲ့ရပြီး ကို့ကို့အိမ်ဘက်ကို မြင်နေရသည့်အခန်းကိုလည်း ကျုပ်အခန်းဖြစ်အသုံးပြုဖို့ရွေးချယ်ဖြစ်ခဲ့သည်။

ထိုနေ့ကစပြီး ကိုကို ကျုပ်ကိုကြည့်နေသည့်အချိန်တိုင်း ကျုပ်မှာတုံ့တုံ့တောင်မလှုပ်ရဲခဲ့။ တဒုတ်ဒုတ်နဲ့ပြန်ကြားနေရသည့်ကိုယ့်ရင်ခုန်သံကိုသာ ငြိမ်ငြိမ်လေးနားထောင်နေမိသည်။

လပြည့်ညမှာ လရောင်ကြောင့် ကိုကိုဟာတောက်ပနေသလို လမိုက်ညမှာလည်း
လမ်းပြကြယ်လေးအလား ကိုကိုဟာတောက်ပနေပြန်သည်။ ညတိုင်းညတိုင်း ကျွန်တော့်ကိုကြည့်နေသည့် ကို့ကို့ကို မှန်ကနေတဆင့်ခိုးကြည့်ရတာဟာလည်းကျုပ်၏အလုပ်တစ်ခု။
စာလုပ်တာခဏမျှသာ ကိုကိုကွန်ပျူတာပိတ်
အိပ်သည့်အထိ ထိုင်ကြည့်နေရတာက ကျုပ်၏
အလုပ်တစ်ခုလိုပင်။

ထိုသို့မျှ ကျုပ်မြတ်နိုးရသည့်ကိုကိုဟာ ယခုအခါမှာကျုပ်ကိုမေ့ရုံမျှမက ဖြစ်ပျက်ခဲ့သည့်အိပ်မက်ဆိုးအားလုံးကိုလည်း ကိုကိုသတိမရတော့ချေ။
အိပ်မက်ဆိုးဖြစ်သည့်အတွက် ကိုကိုသတိမရတာပဲကျေးဇူးတင်ရမလိုဖြစ်နေခဲ့သည်။

'ညီ 'လို့ နှုတ်ခမ်းပါးပေါ်ကနေ တတွတ်တွတ်ခေါ်နေတတ်သည့်ကိုကို ကျုပ်ရှေ့မှာ ကျုပ်ကိုသူစိမ်းတစ်ယောက်လိုကြည့်နေသည့်အကြည့်ဟာ ကွဲနေသည့်နှလုံးသားအပေါ်ဆားဖြူးခံရသလို နာမှန်းသိလည်းအနာကျက်လာနိုင်သည်ကြောင့်
နာကျင်နေမိပေမယ့်လည်း ကိုကိုခံစားခဲ့ရသမျှသာမေ့နိုင်မယ်ဆို ၊ အတိတ်အားလုံးကိုမမှတ်မိနေဘဲ' ညီ ' ဆိုသည့်နာမ်စားလေးကိုမှတ်မိနေရုံမျှနဲ့သာ ကျုပ်ကျေနပ်မိသည်။

မသေကောင်းမပျောက်ကောင်း ကျုပ်ရှေ့မှာ သက်ရှိထင်ရှားရှိနေရုံမျှတင် ကျုပ်ကျေနပ်ရပါပြီ။ ဘယ်သူ့ကိုမေးမေး ကိုကိုဟာ အတိတ်မေ့နေသည့်လူတစ်ယောက်လို့ မည်သူမျှမဖြေမိအောင်လည်း ကျုပ်သာစီစဉ်ညွှန်ကြားခဲ့သူဖြစ်သည်။ ကိုကိုသာ အတိတ်မေ့နေသည်ဟု သိသွားခဲ့မည်ဆိုလျှင် ကိုကိုအတိတ်ကိုသိချင်စိတ်ဖြင့် ပြန်တွေးမိသည့်အခါမှာ ကိုကိုနာကျင်ရမည်။ ပထမဆုံး ဝေဝေဝါးဝါးနဲ့ ကိုကိုခေါင်းတအားထိုးကိုက်လိမ့်မည်။ တဖြည်းဖြည်း မှတ်မိလာရင်းနဲ့ ကိုကိုဟာ ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တွေကိုစပြီးသတိရလာလိမ့်မည်။
နောက်ဆုံးမှသာ ကျုပ်နဲ့ပျော်ခဲ့သည့်အချိန်ကို
သတိရလိမ့်မည်။

နာကျင်မှုအဆင့်ဆင့်ကိုခံစားပြီးမှ သိရမယ့်အတိတ်ကအမှတ်တရတွေဟာ ကိုကိုမမှတ်မိတော့လည်း ကျုပ်နောင်တမရပါ။ ကိုကို မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ
လွန်းတေဇဆိုသည့်ကျုပ်ဟာ ကိုကို့အနား
သက်ဆုံးတိုင်ရှိနေသည့် ကိုကို၏ညီ ဖြစ်နေလိမ့်မည်။

ဒေါက်...ဒေါက်
အခန်းတံခါးခေါက်သံကြောင့် ကျွန်တော်တဲခါးဘက်ကိုလှည့်ကြည့်မိသည်။
ကျွန်တော်၏မေမေ တံခါးဖွင့်ပေးပြီးနောက်
ဂျူတီကုပ်နှင့် ဆရာဝန်တစ်ယောက် ကျွန်တော့်ကိုချိုချိုသာသာပြုံးပြကာ ကျွန်တော်ကြိုက်တတ်သည့် ချောကလက်ချိစ့် ကိတ်ဖြင့်အခန်းထဲသို့ ဝင်လာသည်။

" ကိုကို နေကောင်းလား "

ဒီဆရာဝန်ကောင်လေးဟာ ကျွန်တော့်ကိုနေ့တိုင်း
ကိုကိုလို့လည်းခေါ်သည်။ ပြီးနောက် ကျွန်တော်၏မေမေနှင့်လည်း တအားရင်းနှီးသည်။ ကျွန်တော်တော့ သူ၏ ကိုကိုလို့ခေါ်သည်ကိုမကြိုက်ပေ။

" မနေ့ကထက်တော့ သက်သာလာပါတယ် "

ကိုကိုကျုပ်ကိုဒီနေ့ထိရင်းနှီးပုံပေါ်မပေါ်သေး
သူစိမ်းတစ်ယောက်လိုသာပြန်ဖြေနေသည်။

" ဒါဆို ကိုကိုကြိုက်တဲ့ကိတ်လေး ဝယ်လာတယ်
ကိုကိုစားတော့မလား ညီ ခွံ့ကျွေးမယ်လေ "

' ညီ ' တဲ့သူ့ကိုသူ ညီလို့သုံးလိုက်ပေမယ့် ကျွန်တော်သဘောမကျပေ။ ကျွန်တော့်အိပ်မက်ထဲကညီမှသာ ကျွန်တော်၏ညီ။ ဒီဆရာဝန်ဟာ
ကျွန်တော့်အတွက်ဆေးကုပေးသည့်ဆရာဝန်သာသာပါ။

" ရတယ် မစားချင်နေလို့ အိပ်လိုက်အုံးမယ် "

" ဒါဆို လှဲချလိုက်နော် ကျွန်တော် စောင်ခြုံပေးမယ် "

အတင်းမျက်လုံးပိတ်သွားသည့်ကိုကိုဟာ
မျက်မှောင်ကျုံ့ဟန် ထူနက်နေသည့်မျက်ခုံးများ အနည်းငယ်ကျုံ့နေသည်။ ကျုပ်ကိုသဘောကျပုံမရ ၊ ကျုပ်လာတိုင်းအိပ်ပစ်လိုက်သည်နှင့် အိပ်မောကျနေသည်သာရှိသည်။
ကျုပ်မျက်လုံးကိုစေ့စေ့မျှမကြည့် ၊ အကယ်၍များ ကျုပ်ရဲ့လွမ်းဆွတ်တမ်းတဖွယ်ရာတွေဖြင့်ပြည့်စုံနေသည့်မျက်ဝန်းတစ်စုံကိုသာ ကိုကိုကြည့်ခဲ့မည်ဆိုလျှင် ကိုကို ကျုပ်ကိုများ ညီ လို့သတိရလေမလား။

" သားငယ်... ဂျူတီရှိတယ်မလား အန်တီပဲ သားကြီးသတိရလာရင် ဒီကိတ်ကိုကျွေးလိုက်မယ်နော် "

" ဟုတ်ကဲ့ခဗျ...လွန်း လူနာပတ်ကြည့်လိုက်ပါအုံးမယ် အကယ်၍..... အကယ်၍ ပေါ့နော် ကိုကိုကအိပ်မက်တွေထယောင်လာရင်
လွန်းကိုချက်ချင်းခေါ်ပေးနော်အန်တိီ ကိုကိုအိပ်မက်ဆိုးတွေမက်လာမှာ တွေးပူလို့ပါ "

"သားငယ်လေး ...သားငယ်လေးလည်းနားပါအုံး
သားငယ်ဖခင်ရက်လည်လည်း ပြီးတာမကြာသေးဘူးလေ သားငယ်စိတ်ထဲအရမ်းကြီးတင်းမထားပါနဲ့....သားငယ်ကြည့်ရတာအားမရှိတော့သလိုပဲ အန်တီတော့ သားကြီးထက် သားငယ်လေးကို ပိုပြီးစိတ်ပူနေမိတယ် သားကြီးကလည်းသားငယ်ကိုမမှတ်မိဘူး သားငယ်အများကြီးတောင့်ခံနေရတယ်ဆိုတာအန်တီသိပါတယ်
သားကြီးလည်းသေချာပေါက် သားငယ်လေးကိုသတိရလာမှာပါနော် "

" ဟုတ်ကဲ့ပါခဗျ..... လွန်းအားရှိအောင်နေပါ့မယ် ကိုကို့အခြေအနေစိတ်မချရသရွေ့ လွန်းအနားယူလို့မဖြစ်သေးဘူးအန်တီ လွန်းကိုနားလည်ပေးပါနော် "

" ဝဋ်ကြီးလိုက်တာသားငယ်ရယ် "

" ဝဋ်လို့ဘယ်ဟုတ်မလဲအန်တီရယ် ကိုကို့ကိုချစ်နေရတာဝဋ်မဟုတ်ဘူး လွန်းရဲ့ပျော်ရွှင်ရာပါ "

အန်တီ့ကိုပြုံးပြနှုတ်ဆက်ကာအလုပ်ဖိလုပ်ရန်
အပြင်သို့သာထွက်လာခဲ့ရသည်။
အန်တီပြောသလိုဝဋ်ကြီးခြင်းဆိုလျှင် ကိုကိုကြောင့်ဖြစ်တည်လာသည့်ဝဋ်မဟုတ်ဘဲ ကျုပ်၏အတိတ်ကံကြောင့်ကျုပ်ပြန်ခံစားရသည့်ဝဋ်သာဖြစ်မည်။ ကိုကို့ကိုချစ်မိသည်ကြောင့် ဝဋ်ကြွေးမဖြစ်လာနိုင်ပေ။ ကိုကို့ကိုချစ်မိသည်ကြောင့် ကျုပ်ကံကောင်းခြင်းသာဖြစ်တည်လာ၏။

ဆေးတွေ၏အရှိန်ကြောင့် ဇေဖြိုးပိုင်တစ်ယောက် ပြည့်ပြည့်ဝဝသာအိပ်မောကျနေတော့သည်။

ဝုန်း...ဒိုင်း.....

ဆူညံသံ ၊ ရန်ဖြစ်သံနှင့် ရိုက်ခွဲသံများဟာ
ကျွန်တော်၏ဘေးအိမ်ရှိ ညီတို့၏အိမ်မှ ထွက်ပေါ်လာသည့် အသံဖြစ်သည်။

" တောက်စ်...မင်းကွာ......မင်း.... မင်းအဖေနဲ့တူလို့များ.....မင်း...တောက်စ်...အာကွာ..."

ဒေါသတွေနဲ့မာန်ဖီနေသည့်သူဟာ ညီ၏ဖခင်ဖြစ်၏။ သို့သော်သူ၏ နှုတ်မှ... ' မင်းအဖေနဲ့တူလို့များ ' ဆိုသည့်စကားဟာ ကျွန်တော့်အတွက် စိတ်ဝင်တစားနားထောင်စေမိသည့်အချက်ဖြစ်သည်။ ထို့အပြင် ညီ့ကို ဆူပူနေသည်ဟုထင်ရသည့်အတွက်ကြောင့် ကျွန်တော် ညီ၏အခန်းသို့ချောင်းကြည့်ရန် တံတိုင်းမှ လှေကားဖြင့်ခိုးတွယ်လိုက်မိသည်။ ကျွန်တော် ညီ့ ကို စိတ်ပူမိသည်ကြောင့် အမြင့်ကြောက်သည့်ကျွန်တော်ဟာ
သံလှေကားကို တံတိုင်းတွင်ကပ်လျက် ကပ်တွယ်နေမိ၏။

" မင်း...မင်း ယောကျာ်းဖြစ်လျက်နဲ့ ဘာလို့များ...
မင်း ယောကျာ်းတွေကိုစိတ်ဝင်စားရတာလဲ..ဟမ် "

" ကျွန်တော် ယောကျာ်းတွေကိုစိတ်ဝင်စားတာမဟုတ်ဘူး ကျွန်တော်ယောကျားတစ်ယောက်ကိုပဲစိတ်ဝင်စားတာ အဲ့တာကျုပ်အဖေနဲ့ဘာဆိုင်လို့
ခင်ဗျားပါးစပ်ကနေ ကျုပ်အဖေကို စော်ကားရတာလဲ "

ကြားရတဲ့စကားတွေဟာ ထိတ်လန့်ချင်စရာ၊ ကျွန်တော် တံတိုင်းပေါ်ရှိသံကြိုးကွင်းတွေမှတစ်ဆင့် အသံလာရာကို လှမ်းကြည့်လိုက်သည်။

' ဘုရားရေ... ညီ... ညီ့ခေါင်းပေါ်ကသွေးတွေ နဲ့ '
ညီ၏ အရှေ့တည့်တည့်ရှိ ကျွန်တော်သိထားသည့်ညီ၏ဖခင် သူ၏စကားတွေအရ ညီ၏ဖခင်မဟုတ်သောသူသည်လည်း ဒေါသမျက်နှာဖြင့် ညီကိုရိုက်ထားသည့်ဟန် လက်ထဲတွင်လည်း တင်းနစ်တုတ်ကိုင်ထားလေ၏။

" မျိုးမစစ်ကောင်ကများ ငါ့ကိုအာခံနေတယ်
မင်းငါ့ကိုအာခံပိုင်ခွင့်မရှိဘူး ငါကမင်းလမ်းမှားမရောက်အောင်ဆုံးမနေတာ မင်းအုပ်ထိန်းသူအနေနဲ့ ဆုံးမနေတာ မင်းကဘာအဆင့်နဲ့များ ရာရာစစ
ရွံစရာအကြည့်နဲ့ငါ့ကိုကြည့်နေတာလဲ မျိုးမစစ်ကောင်ရဲ့ "

" ထွီ...ရွံစရာက ခင်ဗျားလေ ကျုပ်အဖေကိုသတ်ပြီး ကျုပ်အမေကိုမကောင်းကြံ ပြီးယူထားတဲ့ လူယုတ်မာ... ကျုပ်မသိဘူးမထင်နဲ့ ခင်ဗျားပြန်ပေးဆပ်ရမယ့်အချိန် ပြန်ရောက်လာတော့မှာ
ကျုပ်ကိုဘယ်လိုပဲထိန်းချုပ်ထိန်းချုပ် ခင်ဗျားရဲ့လူမဆန်တဲ့လုပ်ရက်နဲ့ ခင်ဗျားပြန်သေစေရမယ် "

ဘုတ်...

အာ့...

အာခံပြောနေသည့်လွန်းတေဇနိုင်ကို သူ၏ပထွေးမှတင်းနစ်တုတ်တံဖြင့်အားပြင်းစွာဗိုက်ကိုရိုက်ချလိုက်သည်။ လွန်းတေဇနိုင်မှာခွေခနဲ အောက်သို့လိမ့်ကျသွား၏။ ဤဖြစ်ရပ်ကိုအစအဆုံးမြင်နေသည့် ကျွန်တော်ဟာ ချက်ချင်းပင် ညီရှိရာ အိမ်ဆီသို့ပြေးဝင်မိသည်။ ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိခင် လဲကျနေသည့်ညီ၏အနားသို့
ရောက်နှင့်နေပြီးဖြစ်သည်။
" ညီ "

" ကိုကို "

" ညီ...ညီဘာမဖြစ်ရဘူး ကိုကိုရှိတယ်နော် "

" ဟား...ဟား.. မျိုးမစစ်ကောင်တွေ သေကြ သေကြ မင်းတို့တွေသေကြ ဒီအိမ်ကိုငါပဲပိုင်ရမယ်
ဒီစည်းစိမ်တွေအားလုံးကိုငါပဲ ပိုင်ရမယ်
ဟား...ဟား... ဒီမှာ လွန်းတေဇနိုင် မင်းအဖေကိုငါမသတ်ဘူး ဟားဟား မင်းအဖေကငါ့ကိုချစ်ခဲ့လို့ရူးခဲ့တာ ငါ့ကိုချစ်မိလို့ သေသွားတာ ဟားဟား
မင်းအမေက မင်းကိုချစ်လွန်းလို့...သေရတာ
အဆိပ်ပြင်းတဲ့မင်းကမသေလို့ ငါကမွေးထားရတာ မင်းသိလား ငါကမင်းကို မင်းအဖေပိုင်တဲ့ကုမ္ပဏီရဲ့ပြိုင်ဘက်ကုမ္ပဏီကသမီးနဲ့ပေးစားဖို့မွေးထားတာ မင်းသိလား မင်းကိုယောကျာ်းပေးစားဖို့မဟုတ်ဘူး "

ဒေါသမောဟလောဘတွေနဲ့ ပြည့်နှက်နေသည့်ထိုသူဟာ တင်းနစ်တုတ်ကိုလွှတ်ချကာ နံရံရှိဆွဲထားသည့် ဓားမြောင်အရှည်ကြီးကို ဆွဲချွတ်ယူနေသည်။ လွန်း၏ ပထွေးဖြစ်သူဓားဆွဲထုတ်နေချိန်မှာ... ဇေဖြိုးပိုင်ဟာ လွန်းတေဇနိုင် ကိုဆွဲထူ၍ အပြင်ရှိကားရှိရာဆီ အမြန်ပြေးထွက်လာခဲ့၏။ သွေးရူးသွေးတမ်းရူးချင်နေသည့်ထိုသူကို အားပြိုင်တိုက်ခိုက်နေလျှင် သူသူငါငါ ဒဏ်ရာရရုံမျှသာအဖတ်တင်မည်။ ထို့ကြောင့် ဘေးကင်းရာသာ ရွှေ့ရန် ဇေဖြိုးကြံမိ၏။

သို့ပေမယ့် ထိုသူကမြန်၏။ သူတို့နှစ်ဦးကားပေါ်ရောက်ရောက်ချင်းပင် ဓားတစ်လက်ဖြင့် ကားရှေ့ပိတ်ရပ်နေပြီး ဖြစ်သည်။

ဒဏ်ရာတွေပြည့်နှက်နေသည့်လွန်းကို ကားခါပတ်သေချာပတ်ပေးပြီး ဇေဖြိုးကားကိုမိုင်ကုန်မောင်းချပစ်လိုက်သည်။ ပါးနပ်သည့်ထိုလူဟာ.
အသေတော့မခံ ချက်ချင်းပင်ရှောင်လွှားနိုင်သွားသည်။

ထွက်သွားသည့် သူတို့နှစ်ဦး၏ ကားနောက်သို့
ပထွေးဖြစ်သူဟာ ကားတစ်စီးဖြင့်ထပ်မံ လိုက်ခဲ့ပြန်၏။ ကားနှစ်စီး၏အရှိန်ဟာ အဝေးပြေးလမ်းတွင် အထိန်းအကွပ်မဲ့စွာပြေးနှင်နေသည်။
လိုက်လေဝေးလေ ပြေးလေ လိုက်လေ ကြောင့် အနည်းငယ်ကြာသည့်အချိန်မှာ ပထွေးဖြစ်သူကားဟာ သူတို့၏ကားကိုကျော်၍ ရှေ့သို့ ပိတ်ရပ်လိုက်သည်။ ထိုအချိန်မှာ အရှိန်မထိန်းနိုင်သည့် ဇေဖြိုးဟာ ပထွေးဖြစ်သူ၏ကားကိုအရှိန်ဖြင့်တိုက်ထုတ်ရင်း ပက်လက်လန်ကာ ၂ပတ်ခန့်လိမ့်ထွက်သွား၏ ။ ပထွေး၏ကားဟာလည်းရစရာမရှိအောင် စုတ်ပြတ်လို့ ထိုလူဟာလည်းမောင်းသူနေရာညှပ်ရင်းကျန်နေခဲ့သည်။

လန်နေသည့်ကားထဲမှ ဇေဖြိုးကို လွန်းဆွဲထုတ်နိုင်ခဲ့၏။ ဇေဖြိုးခမျာသတိမေ့နေခဲ့ပြီး ဖြစ်သည်။ ပြီးနောက် နော်ထပ်လန်နေသည့်ကားတစ်စီးဆီသို့ လွန်းတေဇနိုင်ချဉ်းကပ်သွားခဲ့ပြန်သည်။ ထိုးကားထဲတွင် သွေးတရွှဲရွှဲနှင့် ပထွေးဖြစ်သူဟာ အသံမထွက်သော်ငြား ကယ်ကြပါဟု အကူအညီတောင်းနေသည့်အကြည့်ဖြစ် လွန်းကိုအားကိုးတကြီးကြည့်နေ၏။

လွန်းလည်းထိုကားနားသို့ကပ်ပြီး ပထွေးရှေ့ထိုင်ချကာ ကပ်တိုးလေးပြောလိုက်သည်။

" ခင်ဗျား....ငရဲသွားလိုက်တော့ လူမစစ်တဲ့အကောင် "

လွန်းဟာ သူ၏ဘောင်းဘီအိပ်ကပ်ထဲရှိ မီးခြစ်ကိုထုတ်ကာ အဖုံးဖွင့်၍ လက်မဖြင့်ခြစ်ချလိုက်သည်။ ပြီးနောက်မှာ.....

ဖောင်း....

ပေါက်ကွဲသံနှင့်အတူ...

" ညီ.... "

တောက်လောင်နေသည့်မီးတောက်ကြားမှာ သတိရလာသည့် ဇေဖြိုးဟာ လွန်းတေဇနိုင်ကို နောက်ဆုံးတွေ့ဆုံခဲ့ပြီး ထိုမီးတောက်ကြား လွန်း ပျောက်ကွယ်သွားခဲ့သည်။

" ညီ.... ညီ.... ညီ...မသေရဘူး... ညီ.....ညီ "

လူနာကုတင်ပေါ်အိပ်ပျော်နေသည့် ညီဟာ
ချွေးများစိုစွတ်လျက် ညီဟုအော်ကာ လက်တွေလည်း လှမ်းလာနေသည်။

" သား... သတိထားပါအုံး...သား မေမေရှိတယ်လေ "

" ကိုကို "

" သားငယ် ရေ လုပ်ပါအုံး.. သားကြီး ကယောင်ကတမ်းတွေဖြစ်နေတယ် "

" ကိုကို...ကိုကို... "

ကုတင်ပေါ်ရှိဂယောင်ချောက်ချားအိပ်မက်မက်နေသည့် ဇေဖြိုးပိုင်ကို လွန်းတေဇနိုင်မှ ဇေဖြိုး၏ပခုံးကိုလှုပ်ရမ်း၍ နှိုးနေမိသည်။ ချွေးတွေနှင့်ဇေဖြိုးဟာ
မျက်ရည်များစီးကျလျက် ' ညီ ' ဆိုသည့်နာမ်စားကိုသာ ထပ်ခါတလဲလဲ အော်ခေါ်နေ၏။

" ကိုကို...သတိထားပါအုံးကိုကိုရယ်...ဒီလိုအိပ်မက်ဆိုးတွေကိုမမက်ပါနဲ့တော့ ကိုကို...ကိုကို "

အရမ်းကိုလှုပ်နှိုးကာမှ ကိုကိုဟာ လန့်နိုးလာသည်။ ရုတ်တရက်ငြိမ်သက်သွားကာ မျက်ရည်များပြည့်နေသည့်မျက်လုံးတစ်စုံမှ ကျုပ်၏ပူပန်မှုတမ်းတမှုတွေနဲ့ပြည့်နေသည့်မျက်လုံးတစ်စုံကို
တည့်တည့်မတ်မတ်ကြည့်နေခဲ့၏။ ထို့နောက် ကိုကို၏နှုတ်ခမ်းပါးဆီမှ ချိုသာသောအသံနှင့်အတူ တုန်ခါနေသည့်အသံပါကပ်နေသည့်နာမ်စားတစ်ခု၏ခေါ်သံဟာ တိုးတိုးမျှင်မျှင်ထွက်လာခဲ့သည်။

" ညီ "

" ကိုကို "

" ညီ မသေဘူးနော် ညီတကယ်မသေဘူးနော်
အခု ကိုကိုက ညီရှိတဲ့ရပ်ဝန်းမှာရှိနေပြီးနော်
ညီမသေရဘူးနော် "

" ကိုကိုရယ် "

ကျုပ်ဘာဆိုဘာတစ်ခုမှထပ်ပြီးမဆိုမိတော့
ကိုကို့ကိုသာ တင်းတင်းကြပ်ကြပ်ဖက်ထားမိတော့သည်။
ကိုကို ကျုပ်ကို သတိရခဲ့ပြီး ၊ ကိုကိုကျုပ်ကိုတကယ်သတိရခဲ့ပြီး ပြောစရာအများကြီးရှိနေခဲ့သည်တောင်မှ စကားတစ်ခွန်းမှထွက်မလာသည်ထိ ကိုကို့ကိုသာ ကျုပ်တင်းတင်းကြပ်ကြပ်ဖက်ထားမိတော့သည်။
' ကိုကိုသည်သာ ကျုပ်၏စကား ၊ကိုကိုသည်သာကျုပ်၏အသံ ၊ကိုကိုသည်သာကျုပ်၏ဘဝပါ '

ကိုကိုနဲ့ကျုပ်စတွေ့သည့်အချိန်ကစပြီး
ဘေးအိမ်က ကိုကိုဟာ ကျုပ်၏နှလုံးသားကိုအပိုင်စားနဲ့သိမ်းသွားသည့်သူ။
ကိုကိုနှင့်ကျုပ်ဟာ လမ်းထိပ်မှာ မတော်တဆ ဆိုသလို ခဏခဏဆုံရတတ်ပြီး ကိုကိုနှင့်ရင်းနှီးအောင်အရမ်းကြိုးစားခဲ့ရသူဟာကျုပ်ပါ။
ကိုကိုနှင့်ဆုံလိုက်တိုင်း အကျင့်မကောင်းသည့်ပထွေးနှင့်အမြဲဆုံသည်။

အကျင့်မကောင်းသည့်ပထွေး၏ အကြံဆိုးဖြင့်ကျုပ်ဟာ ဘယ်သောအခါမျှမလွတ်လပ် ၊သူ၏စည်းဘောင်ထဲတွင်သာကျုပ်ကိုနေထိုင်စေသည်။ ကိုကိုနှင့်မတွေ့ခင်အချိန်ထိ သူ၏စည်းဘောင်ထဲ ကျုပ်နေပေးနိုင်ခဲ့ပေမယ့်လည်း ကိုကိုနှင့်သာနီးရမည်ဆို မလွတ်မြောက်နိုင်သည့်အချုပ်အနှောင်ကနေလည်းရုန်းထွက်ဖို့ဝန်မလေး။ အထူးသဖြင့် ထိုစည်းဘောင်ကိုကိုင်တွယ်နေသည့်သူကိုလည်းသတ်ဖို့ဝန်မလေး ။ ကိုကို့နှင့်သာဝေးရမည်ဟုတွေးမိရုံမျှတင်
ထိုပထွေး၏ကားကိုချက်ချင်းမီးရှို့ဖို့အတွေးဝင်လာတဲ့ကျုပ် ၊ ထိုလူကို ကျုပ်သတ်ပစ်လိုက်ခြင်းဖြစ်သည်။

ကျုပ်အဖေကိုသတ်ပစ်ခဲ့ပြီး ကျုပ်အမေကိုအဓမ္မလုပ်ခဲ့သည်ကို လက်စားပြန်ချေဖို့အတွက်
ကျုပ်ကအချိန်ကောင်းကိုစောင့်နေခဲ့ပေမယ့် ကိုကိုနှင့်ပတ်သက်လာလျှင် မည့်သည့်အချိန်ကောင်းကိုမှမစောင့်နိုင်သည်ကြောင့် ထိုနေ့တွင်စကားအချေအတင်ဖြစ်ရင်းနောက်ဆုံး အခွင့်အရေးဟာကျုပ်လက်ထဲ အဆင့်သင့်ရောက်ခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းတွေ
ကြောင့် သိပ်လန့်သွားသည့် ကိုကိုဟာ အတိတ်ပါမေ့ခဲ့ရသည်ထိ။

" ညီ... "

" ကိုကို "

" ညီ ချစ်တဲ့သူဟာ ဘယ်သူလဲဟင် "

" ဟင် ကိုကိုကညီချစ်တဲ့သူကိုအခုထိမသိသေးဘူးလား "

" ဟင့်အင်း...ကိုကိုကသာ ညီ့ကိုခိုးချစ်နေရတဲ့သူလေကွာ ကိုကိုညီ့ကိုအဲ့နေ့ကကယ်လာနိုင်ခဲ့တာနဲ့တင်ကျေနပ်ပါတယ် ညီ ဘယ်သူကြောင့်နဲ့ အဲ့လူဆီအရိုက်ခံနေရတာလဲ ကိုကိုတကယ်မသိဘူး "

" ကိုကိုရယ်.... ညီကလေ "

ဇေဖြိုး၏နဖူးပေါ်ရှိချွေးတွေကိုသုတ်ပေးရင်း လွန်း တယုတယနဲ့ ဇေဖြိုးကိုကြည့်နေ၏။

" ကိုကို့ကိုချစ်တာလေ ညီ့ဘဝမှာ သတ္တိတွေနဲ့
ပြည့်စေတဲ့သူက ကိုကို ညီ့ဘဝရဲ့ရေသောက်မြစ်ကလည်း ကိုကို ညီချစ်တာ ကိုကိုလေ ကိုကိုဆိုတဲ့ဒီလူသားကြောင့်သာ အကျင့် မကောင်းတဲ့သူဆီမှာအရိုက်ခံနေခဲ့ရတာလေ "

" ညီ...ညီတကယ်ပြောနေတာလား "

"ကိုကိုရယ် ညီ ငိုချင်လိုက်တာနော် "

ကျုပ်ပြောပါတယ် ကိုကိုက အိပ်မက်ဆိုးတွေမက်ပြီးမှ ကောင်းသောအမှတ်တရတွေသတိရလာမှာလို့ ၊ အခုလည်းကြည့်လေ ကျုပ်ကို့ကိုကို ဘယ်လို propose လုပ်ပြီး ကျုပ်နဲ့ကိုကို ဘယ်လောက်တောင် ချစ်ခဲ့ကြသလဲ ကိုကိုမေ့နေတုန်းပင်။ ဒါပေမဲ့ ကျုပ်ကျေနပ်ရပါသည်၊ ကိုကိုကျုပ်ကို သတိရနေပြီးလေ တဖြည်းဖြည်းချင်းပျော်စရာကောင်းခဲ့သည့် ကျုပ်တို့၏ ၃နှစ်တာအချစ်ရေးကို ကိုကိုပြန်လည်သတိရလာတော့မှာပါ။ ကိုကိုမကြာခင် ကျုပ်တို့ရဲ့အမှတ်တရကောင်းတွေပြည့်နှက်နေသည့် မန်မိုရီတွေကို ပြန်ရတော့မှာပါ။

ကျုပ်ကိုသတိမေ့နေခဲသည့်အချိန်တွေမှာ
ကျုပ်ကိုအိပ်မက်ထဲသွားခိုးတွေးနေခဲ့သည့်သူကို
ကျုပ်ဘယ်လိုတောင်အသည်းယားပြီးဘယ်လောက်တောင်ချစ်မဝဖြစ်နေခဲ့မလဲ ။

" ကျွန်တော်ရူးတော့မယ်ကိုကိုရယ် "

" ဘာဖြစ်လို့လဲ ညီ "

" ကျွန်တော်ပိုင်နေရတာတောင်မှ ကျွန်တော် ထပ်ပြီးထပ်ပြီးကို့ကို့ကိုထပ်ပိုင်ချင်နေတုန်းပဲ ရူးမတတ်ပဲကိုကိုရယ် ကျွန်တော်ကိုကို့ကိုရူးသွပ်နေမိတာရူးမတတ်ပဲ ဘယ်လိုလုပ်ရမလဲ ဟင် "

" မသိဘူးလေ ညီ ကိုကိုလည်းရူးမတတ်ညီ့ကိုချစ်နေမိတဲ့သူပဲလေ အရူးအရူးခြင်းထပ်တော့
မြတ်မယ်ထင်တယ် ညီ "

" ဟာ ကိုကိုက ကွာ "

ဒီစကားလည်းကိုကို ကျုပ်ကိုတစ်ချိန်ကပြောခဲ့ဖူးသည်။

' အရူးအရူးခြင်းထပ်ရင် မြတ်တယ်တဲ့ '

" ညီ "

" ဗျာ ကိုကို "

" ညီရှိရာအရပ်သာ ကို့ရဲ့ရှင်သန်ရာမလို့ ညီရှင်သန်ရာမှာသာ ကိုကိုရှိမှာနော် "

" ကိုကိုမက်ခဲ့တဲ့အိပ်မက်ဆိုးတွေမေ့ပစ်ပြီး ညီ နဲ့အတူ လှပတဲ့အနာဂတ်ကိုသွားကြရအောင်နော်
ကိုကိုရှင်သန်ရာအရပ်မှာသာ ညီ လည်းရှင်သန်နိုင်မှာမို့ပါ "

ဇေဖြိုးပိုင်၏ပါးနွေးနွေးလေးကို လွန်း၏လက်ချောင်းလေးများဖြင့်ညင်ညင်သာသာဆုတ်ကိုင်ရင်း.... အမှတ်တ်တရကောင်းတွေကိုလည်း အမြန်ဆုံးသတိပြန်လည်လာပါစေဆုတောင်းရင်း သူတို့နှစ်ဦး၏ ရှင်သန်ရာအနာဂတ်မှာ ဝဋ်ကြွေးမဟုတ်သည့်အချစ်တို့
မြည်သည့်ဘဝအသစ်ကိုထူထောာင်ဖို့ကြိုးစားရင်း.... ဇေဖြိုး၏နဖူးကျဉ်းကျဉ်းလေးနွေးခနဲဖြင့်
လွန်း မြတ်မြတ်နိုးနိုးနမ်းလိုက်မိ၏။.......

( A/N စာမရေးဖြစ်တာအတော်အတန်ကြာပြီးဖြစ်သည့်အတွကအရေးအသားများစွာလိုအပ်ခဲ့လျင်နားလည်ပေးကြပါနော်
တစ်စုံတစ်ခုမန့်ပေးခဲ့လျင်ပို၍ပျော်မိမှာပါ
ချစ်တဲ့ဥဥ)

Continue Reading

You'll Also Like

916K 9.7K 24
💢18+စာစဉ်ဖြစ်သည့်အတွက် မိမိဘာသာချင့်ချိန်စဉ်းစားပြီးမှသာဖတ်ကြပါရန်💢 Associate Name- 双性学生与生物老师 Author - [一只爪子] Not Mine,I'm just translated For fun...
2.8K 196 7
Medical Return Burmese Translation Webtoon Doctor Kim JinHyun lost everything in his life. But his life is helped by the maid of heaven who was saved...
11.9K 915 21
မြောက်အရပ်က အလင်းဆုံးကြယ်ဟာ ဘာလဲလို့ မေးရင် လူတိုင်းက ဓူဝံကြယ်လို့ ဖြေကြလိမ့်မယ်။ ဒါဆို တောင်အရပ်က ကြယ်ကိုရော ခင်ဗျားတို့ သိသလား ? Start Date - 4/ 11...
13K 840 20
"အရာရာဟာ အကိုနဲ့ပဲစတင်ခဲ့တာမို့အကိုနဲ့ပဲပြီးဆုံးချင်တယ် အကို" "ကြာညို"