စစ်သူကြီးဒီနေ့ပိုးပန်းနေပြန်ပ...

By Meowisonline

2.2K 236 49

စစ်သူကြီးဒီနေ့လယ်သမားလေးကိုပိုးပန်းနေသည်မနှောင့်ယှက်ရ။ More

၁၀
၁၁
၁၂
13

121 18 4
By Meowisonline

စစ်သူကြီး စစ်မြေပြင်ရောက်နေသည် ဒါပေမယ့်မပိုးပန်းဘူးလို့တော့မဆိုလိုပါ။

စစ်သူကြီးဂျွန်မှာယာယီတဲအတွင်းစုတ်တံထိပ်ကိုကိုက်ကာစဉ်းစားလိုက်ချရေးလိုက်နဲ့အလုပ်များနေသည်။

"ချစ်ရပါသော လယ်သမားလေးဂင် ဒီစစ်သူကြီးဟာအသက်ကိုစွန့်၍အမိမြေအတွက်တိုက်ပွဲဝင်နေပါတယ် ဒါပေမယ့်စိတ်မပူဖို့သတိပေးလိုက်ပါရစေ ဒီစစ်သူကြီးဟာပွဲအလီလီနွှဲခဲ့ဖူးသမျှရှုံးပွဲမရှိခဲ့ပါ ဒီစစ်သူကြီးရဲ့သတ္တိဟာပြောင်မြောက်လှသည့်အပြင်ဗျူဟာလည်းကြွယ်လွန်းလှပါတယ် ...."

စစ်သူကြီးရဲ့စာတွေကိုခိုးဖတ်နေသည့်ကိုယ်ရံတော်ပတ်မှာမနေနိုင်တော့ပေ။စစ်သူကြီးအိမ်တော်တစ်ခုလုံးတော့အရှက်ကွဲတော့မှာပဲဟ။

"စစ်သူကြီးခင်ဗျာ့ ဒီစာကချစ်ခွင့်ပန်ဖို့သိပ်မသင့်တင့်ဘူးထင်တယ်"

"ငါလည်းဒီလိုပဲထင်တယ် ငါ့ရဲ့ဂုဏ်ပုဒ်တွေကြောင့်ငါ့ကိုလက်မခံတော့ရင်ဘယ်လိုလုပ်မလဲ"

ကိုယ်ရံတော်ပတ်မှာနှာခေါင်းရှုံ့မတတ်ပင်ဖြစ်သွားရသည်။

"ဒီစစ်သူကြီးအစား မင်းလာရေးပေးစမ်းပါနူးနူးညံ့ညံ့လေးနဲ့"

"ဗျာ"

"လာစမ်းပါ"

ကိုယ်ရံတော်ပတ်မှာမျက်ရည်စက်လက်နဲ့ပင်ချစ်ကဗျာတွေဖွဲ့ဆိုနေရတော့သည်။

လယ်သမားလေးဂင်ဆီသို့စစ်သူကြီးဂျွန်မှာစာကမ်းလိုက်သည်။လယ်သမားလေးဂင်မှာ စာလိပ်ကိုဖွင့်ကြည့်တော့ စစ်ရေးဗျူဟာများသာဖြစ်သည်။

လယ်သမားလေးဂင်: :???

ကိုယ်ရံတော်ပတ်အားစစ်သူကြီးဂျွန်ကိုယ်တိုင်ကြီးကြပ်ထားသောချစ်ရေးဆိုစာမှာစစ်ရေးဗျူဟာအစားစစ်သူကြီးလက်ထဲသို့ရောက်နေလေတော့သည်။

စစ်သူကြီးဂျွန်မှာမူးလဲမတတ်။

....................
မနေ့မီးပျက်သွားလို့မတင်လိုက်ရဘူးXD

Continue Reading

You'll Also Like

161K 275 25
Compilation of the Best Stories on Literotica
126K 5.2K 45
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...
11.7K 730 13
Rude. Dirty. S3x , bad words only in wattpad not public on social media, ⚠️ not for young ⚠️ Writer by : SIE
11.2K 920 21
YUH EX MAN BRUK YUH HEART ND YUH NUH SEE HIM FI YEARS! JUS LEAN PON ME SHOULDER, MI EASE YUH TEARS🥹. NEW TO THIS WRITING THING SO BARE WITH ME🙏🏽�...